Thursday, June 9, 2011

အိမ်ရှင်မလက်ရာမှ

ဝက်နားရွက်ပြာရောဂါပြန့်နှံ့နေတဲ့အတွက် မန္တလေးဘက်မှာ ၀က်သားကိုသိပ်ပြီးချက်ပြုတ် မစားကြပါဘူး။ ဒါပေမဲ့ ကျွန်တော်ကတော့ ၀က်သားကိုသိပ်မရှောင်နိုင်တဲ့အထဲမှာပါပါတယ်။
ဒီတစ်လတော့ ဆရာမလမင်းမိုမိုက ၀က်သားကို ခရမ်းချဉ်သီးနဲ့ ဆီပြန်လေးချက်...ကညွတ်နဲ့ရောကြော်မယ်....အရည်သောက်ကို အအီပြေ ချဉ်ပေါင် ခရမ်းသီးချည်ရည်ပျစ်ပျစ်ကလေးချက်ပါမယ်တဲ့။
ဝက်သားသုံးထပ်သား ခရမ်းချဉ်သီးဆီပြန်ဟင်း
လိုအပ်သောပစ္စည်းများ
- ၀က်သုံးထပ်သား ၃၀ကျပ်သား၊ ဆီနှစ်ကျပ်သားခန့်
- ခရမ်းချဉ်သီးမှည့် သုံးလုံး၊ ငရုတ်သီးအနီပွ ငါးတောင့်၊ ခြောက်တောင့်
- ကြက်သွန်နီ သုံးဥ၊ ကြက်သွန်ဖြူ လေးမြွှာ
- ငရုတ်ခြောက်အပွ သုံးတောင့်၊ ချင်း လက်တစ်ဆစ်ခန့်
- သကြား မန်ကျည်းစေ့နှစ်စေ့ခန့်
- ဆား၊ နနွင်း၊ ဟင်းချိုမှုန့် အနည်းငယ်စီ
ချက်ရန်ကြာမြင့်ချိန် မိနစ် ၃၀-၄၀ခန့်
- ၀က်သားသုံးထပ်သားကို အနေတော်အတုံးလေးများတုံးပြီး ဆား၊ သကြား၊ ဟင်းချိုမှုန့်တို့နဲ့နယ်ထားပါ။
- ခရမ်းချဉ်သီးကို အပေါ်ခွံတင်းရုံ မီးဖုတ်ပါ။ ခရမ်းချဉ်သီးအပေါ်ခွံကိုခွာပြီး ထက်ခြမ်းခွဲအစေ့ထုတ်၊ ဇွန်းဖြင့်ခြေထားပါ။
- ငရုတ်ခြောက်အပွကို ရေနွေးစိမ်ပြီး အစေ့ထုတ်ကာ ကြက်သွန်ဖြူ၊နီတို့နဲ့ ညက်ညက်ထောင်းထားပါ။ချင်းကိုပါးပါးလှီးထားပါ။
- ၀က်သား၊ ခရမ်းချဉ်သီးနှစ်၊ ကြက်သွန်နှစ်၊ ချင်း၊နနွင်းတို့ကိုအားလုံးရောပြီး အရသာရောနှော စိမ့်ဝင်အောင် လက်နှင့်ဆုပ်ညှစ်နယ်ပြီး ၁၀မိနစ်ခန့်နှပ်ထားပါ။ သုံးထပ်သားဖြစ်တဲ့အတွက် ဆီသိပ်ထည့်ရန်မလိုပါဘူး။
- ဆီအနည်းငယ်ကို ဒယ်အိုးမှာဆူအောင် အပူပေးပါ။ နယ်ထားတဲ့ဝက်သားနှင့် အနှစ်များကိုလောင်းထည့်မွှေပါ။ ခပ်ကြာကြာလုံးမွှေပြီး ရေခြောက်ကာ အသံတဖျစ်ဖျစ်မြည်လာသည်အထိလုံးပါ။
- အဲဒီနောက် ရေကိုနည်းနည်းခြင်းထည့်ကာ အဖုံးအုပ်ပြီး နူးသည်အထိချက်သွားပါ။ နူးရင်အရသာအပေါ့အငန်မြည်းကာ ငရုတ်သီး တောင့်လေးများအုပ်ပြီး အိုးချနိုင်ပါပြီ။
ဝက်သား ကညွတ်ကြော်
လိုအပ်သောပစ္စည်းများ
- ၀က်သား ၅ကျပ်သားခန့်၊ ကညွတ် ၂၀ကျပ်သားခန့်၊ီ နှစ်ကျပ်သားခန့်၊ ပဲငံပြာရည်အနောက် တစ်စက်ခန့်၊
- ကြက်သွန်ဖြူ ငါးမြွှာ၊ ဆား၊ ဟင်းချိုမှုန့် အနည်းငယ်စီ
ကြော်ရန်ကြာမြင့်ချိန် ငါးမိနစ်
- ၀က်သားကို ရေမြုပ်အောင်ထည့်ပြီး ဆားအနည်းငယ်နှင့်ပြုတ်ပါ။ အချပ်ပြားမှားလှီးပြီး ခပ်သေးသေးပြန်စိတ်လှီးပေးထားပါ။
- ကညွတ်ကို ရင့်တဲ့အပိုင်းဖယ်ပြီး လက်နှစ်ဆစ် အပိုင်းလေးများပိုင်းကာ ဆားအနည်းငယ်ပါသောရေတွင် ငါးမိနစ်ခန့်စိမ်ထားပါ။
- ဆီကို အပူပေးပြီး ကြက်သွန်ဖြူကို ဖွဖွထုကာဆီသတ်ပါ။ ကြက်သွန်ဖြူ ၀ါရောင်သန်းလျှင် ၀က်သားတုံးလေးများထည့်ကြော်ပါ။
- ဆားဟင်းချိုမှုန့် အနည်းငယ်မျှစီထည့်ပါ။
- ကညွတ်နူးရန် ရေအနည်းငယ်တောက်ပြီး အဖုံးခဏအုပ်ကြော်ပါ။ ကညွတ်ခပ်စိမ်းစိမ်းလေးမှာပဲ ချပြီးပူပူနွေးနွေးသုံးဆောင်ပါ။
ချဉ်ပေါင် ခရမ်းသီးချဉ်ရည်ဟင်း
လိုအပ်သောပစ္စည်းများ
- ချဉ်ပေါင် သုံးစည်း၊ ခရမ်းသီးရှည် နှစ်လုံး၊ ပုစွန်ခြောက် သို့မဟုတ် ပုစွန်စို အနည်းငယ်၊ ဆီ နှစ်ကျပ်သားခန့်၊ ကြက်သွန်နီ နှစ်ဥ
- ကြက်သွန်ဖြူ လေးမြွှာ၊ ငရုတ်သီးစိမ်း ၁၀တောင့်၊ ငါးပိစိမ်းစား လက်နှစ်ဆစ်၊ ပုစွန်ငံပြာရည်၊ ဟင်းချိုမှုန့် အနည်းငယ်
ချက်ရန်ကြာမြင့်ချိန် ဆယ်မိနစ်
- ချဉ်ပေါင်ရွက်ကိုသင်ပြီး ရေစင်စင်ဆေးထားပါ။ ခရမ်းသီးရှည်ကို အကွင်းများလှီးထားပါ။ ကြက်သွန်ဖြူ-နီကို မညက်တညက် ထောင်း ထားပါ။
- ဟင်းအိုးထဲမှာ ချဉ်ပေါင်၊ ဆီ၊ ခရမ်းသီး၊ ကြက်သွန်နှစ်၊ ပုစွန်၊ ငါးပိစိမ်းစား၊ ဟင်းချိုမှုန့်၊ ငရုတ်သီးစိမ်းအားလုံးရောမွှေပြီး ချဉ်ပေါင်ရွက် နွမ်းတဲ့အထိ ဖိဆုပ်ပြီးနယ်ပေးပါ။
- အဲဒီနောက် မီးဖိုပေါ်တင်ပြီး လုံးချက်ပါ။ အားလုံးရောနှော ကြေမွနူးအိပြီး အနှစ်ပျစ်ပျစ်လေးဖြစ်ပြီဆိုရင် ရေလိုချင်သလောက် ထည့်ပါ။
- အရည်ကျဲမဟုတ်ဘဲ ပျစ်ပျစ်လေးဆိုရင် ပိုအရသာရှိပါတယ်။ ဆူရင် အပေါ့အငန်မြည်းပြီး ချနိုင်ပါပြီ။

No comments: