Saturday, June 11, 2011

မွှေးရနံ့အမျိုးမျိုးရဲ့ မတူညီတဲ့ ဂုဏ်သတ္တိများ - ၂

ရေမွှေးအမျိုးမျိုး

Fragrance

Spray away

ရေမွှေး ၀ယ်ယူသုံးစွဲတော့မယ်ဆိုရင် မှန်ကန်တဲ့ အမျိုးအစား၊ မှန်ကန်တဲ့ အရည်အသွေးဖြစ်ဖို့ အရေးကြီးပါတယ်။ ရေမွှေးအမျိုးအစား အများအပြားရှိတဲ့အထဲက

Perfume ရေမွှေးအရည် - ရေမွှေးအရည် အမျိုးအစားကတော့ တခြားအမျိုးအစားတွေထက် အများရဲ့ အာရုံစူးစိုက်မှု ပိုမိုရရှိစေပြီး သုံးစွဲထားရင် တစ်နေကုန်ကြာရှည် စွဲမြဲစေပါတယ်။ ဒါပေမဲ့ တခြားအမျိုးအစားတွေထက် ဈေးပိုကြီးပါတယ်။

Eau-de Toilette ရေမွှေးအမျိုးအစားကတော့ ဈေးကွက်ထဲမှာ လူကြိုက်အများဆုံး ရေမွှေးတစ်ခုပါ။ တခြားရေမွှေးထက်ပိုပြီး ဈေးသက်သာတာကြောင့်လည်း ပါပါတယ်။ ဒါပေမဲ့ အာရုံစူးစိုက်ခံရမှုကတော့ နည်းပါတယ်။

Cologne အ်ာဒီကလုန်း ရေမွှေးကိုတော့ အထူးသဖြင့် အမျိုးသားတွေအတွက် ရည်ရွယ်ပြီးထုတ်လုပ်ကြတာ များပါတယ်။ အော်ဒီကလုန်းကို ရှောက်သံပရာရနံ့များ အခြေခံပြီး ထုတ်လေ့ရှိပါတယ်။ ဒီအမျိုးအစားကတော့ Perfume နဲ့ Eau-de toilette ရေမွှေးအမျိုးအစားများထက် ယေဘုယျအားဖြင့် ပျော့ပျောင်းပါတယ်။

နေချင်စဖွယ်အိမ်အဖြစ် ဖန်တီးပါ

Home Sweet Home

မိမိနေထိုင်တဲ့ အိမ်ခန်း၊ အိပ်ခန်းလေးကို အမြဲသန့်ရှင်းစင်ကြယ်အောင် ထားပါ။ မိမိနှစ်သက်တဲ့ အမွှေးရနံ့ဆီ တစ်မျိုးမျိုးကို အိမ်ခန်းတွေ သန့်ရှင်းစေမယ့် ဖုန်စုပ်စက်မှာ အနည်းငယ် အစက်ချပေးပါ။ သံပရာနဲ့ ထင်းရှူးရနံ့က အခန်းအတွင်းမှာ မွှေးပျံ့နေစေပြီး စိတ်ကို လန်း ဆန်းစေပါတယ်။ အကယ်၍ အ၀တ်အထည်တွေမှာ ဆွတ်ဖို့ ကြိုက်နှစ်သက်ရင် အစက် ငါးစက်လောက် ထည့်ပေးနိုင်ပါတယ်။ ဒီအနံ့ အသက်တွေကြောင့် မိမိရဲ့ အိမ်ခန်း၊ အိပ်ခန်းလေးတွေဟာ နေချင်စဖွယ်အတိ ဖြစ်နေပြီး တစ်နေ့တာလုံး စိတ်ကိုလည်း ကြည်လင် လန်းဆန်းစေမှာပါ။

တစ်မှေး အိပ်စက်အနားယူပါ

40 winks

စိတ်ရော ကိုယ်ပါ အနားယူအပန်းဖြေနိုင်ဖို့နဲ့ အကောင်းဆုံး အိပ်စက်စေနိုင်ဖို့ရာ လာဗင်ဒါရနံ့ဟာ လူကြိုက်အများဆုံး ရနံ့တစ်မျိုး ထဲမှာ ပါဝင်ပါတယ်။ ခေါင်းအုံးနဲ့ အိပ်ရာတွေမှာ အစက်အနည်းငယ်ချထားရုံနဲ့ အိပ်တဲ့အခါမှာ ကောင်းမွန်နှစ်ခြိုက်စွာ အိပ်ပျော်စေမှာပါ။

ပူဒီနာရဲ့ အစွမ်း Mint Condition

အလုပ်ဒဏ်ကြောင့် ရရှိလာတဲ့ စိတ်ဖိစီးမှုတွေ၊ ပင်ပန်းမှုဒဏ်တွေကို အကောင်းဆုံးဖြေဖျောက် ပေးနိုင်တာကတော့ ပူဒီနာရနံ့ပဲ ဖြစ်ပါ တယ်။ ပူဒီနာအရွက်ကို ပေါင်းပြီး အဲဒီက ရလာတဲ့ရနံ့တွေက ဒီပင်ပန်းမှုဒဏ်တွေကို ပြေလျော့စေပါတယ်။ ဒါမှမဟုတ် နေအိမ်မှာ ပူဒီနာ အရွက်ကိုပဲ ရွေးပြီး ပန်းအိုးထဲထိုးပြီးထားနိုင်ပါတယ်။ ပူဒီနာ ပန်းပွင့်ကိုတော့ ဖယ်ရှားပေးပါ။ အပွင့်က ရနံ့ပြင်းလွန်းတာကြောင့် ဖြစ်ပါ တယ်။

ကတ်ပေါ်မှာ စမ်းသပ်ပြီးမှ ၀ယ်ပါ Play your cards right

ရေမွှေးအသစ် ၀ယ်ယူတော့မယ်ဆိုရင် ရေမွှေးကောင်တာမှာရှိတဲ့ ကတ်ပြားလေးပေါ်မှာ အရင်ဆုံး စမ်းသပ်ကြည့်ပါ။ အိမ်ပြန်ရောက်တဲ့ အခါ နာရီအနည်းငယ်ခန့် စောင့်ကြည့်ပေးပါ။ အကယ်၍ မိမိနှစ်သက်တဲ့ ရနံ့အနေအထားအတိုင်း ရှိနေမှသာ ၀ယ်ယူပေးပါ။ တချို့ ရေမွှေးတွေဟာ စမ်းသပ်စမှာ ရနံ့က နှစ်သက်စရာကောင်းနေပေမယ့် နာရီကြာလာတာနဲ့အမျှ ရနံ့ပြောင်းလဲသွားတတ်လို့ပါ။

ချွေးထွက်လွန်ခြင်း So Sweat

လူတိုင်း ချွေးထွက်တယ်ဆိုတာ သဘာဝတရားပါပဲ။ ခန္ဓာကိုယ်ရဲ့အပူချိန်ကို ပြုပြင်ထိန်းသိမ်းရင်းနဲ့ ထွက်လာတဲ့ သာမန်ဖြစ်စဉ်တစ်ခုပါ။ အမှန်ကတော့ နဂိုချွေးမှာ အနံ့ဆိုးဆိုတာ မရှိပါဘူး။ ဘက်တီးရီးယားပိုးမွှားများကြောင့်သာ တစ်ချက် တစ်ချက် အနံ့ဆိုးတွေ ထွက်ပေါ် လာတာဖြစ်ပါတယ်။ ဒါကြောင့် အနံ့ဆိုးတွေ မရှိရအောင်၊ ပိုးမွှားတွေ ကင်းစင်အောင် မိမိရဲ့အ၀တ်အစားများကို အမြဲတမ်း လျှော်ဖွတ် သန့်စင်ပေးပါ။ ချည်ထည်တွေကိုသာ ရွေးချယ်ဝတ်ဆင်ပါ။ အကယ်၍ ချွေးအနံ့ဆိုးတွေ ထွက်ခဲ့ရင်လည်း ချွေးနံ့ပျောက်ဆေးတောင့် တွေကို ပုံမှန် သုံးစွဲပေးသင့်ပါတယ်။

မွှေးရနံ့များ သင်းပျံ့နေအောင် ပြုလုပ်ထားပါ Aroma Zone

အမွှေးရနံ့ဆီတွေ ထည့်သွင်းပေါင်းစပ်ထားတဲ့ ဖယောင်းတိုင်တွေ ထွန်းထားရင်ပဲဖြစ်ဖြစ်၊ လေထု သန့်စင်စက်တွေကြောင့် ရှူရှိုက်ရတဲ့ လေထုဟာ သန့်ရှင်းနေပြီး စိတ်ကိုကြည်လင် လန်းဆန်းစေမှာပါ။ ဒါကြောင့် ရေမွှေးရနံ့ထက် ဒီအမွှေးရနံ့ဆီတွေက ပိုပြီး အကျိုးသက် ရောက်မှု ရှိစေပါတယ်။

အမွှေးရနံ့ဆီများနဲ့ ရောစပ် ရေချိုးပါ Bath blend

နေ့စဉ်ရေချိုးတဲ့အခါမှာ စန္ဒကူးနံ့သာ အစက်ငါးစက်လောက် ထည့်ပြီး ရေချိုး သန့်စင်ပေးနိုင်သလို လိမ္မော်အမွှေးနံ့ဆီ သုံးစက်၊ ချင်း အမွှေးနံ့ဆီ တစ်စက်တို့ကိုပါ ရေနဲ့ရောစပ်ပေးပြီး ချိုးပေးနိုင်ပါတယ်။ ပင်ပန်းနွမ်းနယ်သမျှကို ပြေလျော့စေလိုတယ်ဆိုရင်တော့ လာဗင် ဒါ အမွှေးရနံ့ဆီ ငါးစက်၊ ချာမိုမိုင်း ပန်းရနံ့ နှစ်စက်ထည့်ပြီး ရေချိုးလိုက်တဲ့အခါမှာ ပင်ပန်းနွမ်းနယ်မှု မှန်သမျှပြေလျော့စေပါတယ်။

ချစ်ခြင်းတရားအတွက် ရနံ့များ Love potion

ဆန့်ကျင်ဘက်လိင်ကို ဆွဲဆောင်နိုင်စွမ်းရှိတဲ့ ရေမွှေးတွေထဲမှာ စန္ဒကူးရနံ့၊ သစ်ကတိုးရနံ့၊ Cardamon လို့ခေါ်တဲ့ ဖာလာစေ့ရနံ့ တွေပါဝင်ရမှာ ဖြစ်ပါတယ်။ လေနဲ့အတူ ပါလာမယ့် ဒီရနံ့တွေဟာ ချစ်ခြင်းမေတ္တာတရားကို တိုးပွားစေမှာပါ။

နေ့စဉ် ရှူးဖိနပ်စီးသူများ Fancy Footwork

ရှူးဖိနပ် နေ့စဉ်စီးနေတဲ့သူတွေ သတိထားပြီး ဖိနပ်ကိုပြောင်းပြောင်း စီးပေးပါ။ အထူးသဖြင့် ချည်သားပါဝင်တဲ့ ခြေအိတ်တွေ ၀တ်ပေးပါ။ ဒါမှသာ ခြေဖ၀ါးအသားအရေအတွက် လေ၀င် လေထွက်ကောင်းမွန်စေပြီး အနံ့အသက်ကောင်းမွန်စေပါတယ်။ ကြိုက်နှစ်သက်ရင် ခြေ ဖ၀ါးအတွက် သီးသန့်ထုတ်ထားတဲ့ စပရေးတွေ ဆွတ်ဖျန်းပေးပါ။ ဒါမှသာ ရာသီမရွေး အနံ့သက်ဆိုး ကင်းစင်စေမှာပါ။

No comments: