Friday, June 24, 2011

အလှအပရေးရော အယူအဆအမှားများ

(၁) အေးစိမ့်တဲ့ရေက ချွေးပေါက်တွေကို ကျုံ့စေတယ်။

လူအများစုမှာ ချွေးပေါက်များဟာ မွေးရာပါအရွယ်အစားအတိုင်းသာ တည်ရှိနေပြီး ကြီးကြီးမားမား ပြောင်းလဲသွားတာမျိုး မရှိတတ်ပါ ဘူး။ရေအေးအေးဟာ သွေးကြောတွေကို ကျုံ့စေနိုင်တာမို့ အသားအရေကို ယာယီတင်းသွားစေရုံအပြင် မစွမ်းဆောင်နိုင်ပါဘူး။ သွေးကြောတွေ ကျုံ့သွားတဲ့အတွက် ချွေးပေါက်တွေကို ခါတိုင်းထက် အနည်းငယ်ကျဉ်းသွားတယ်လို့ ထင်မြင်လာစေခြင်းမျိုးသာ ဖြစ် နိုင်ပါတယ်။ ချွေးပေါက်မှာ အဆီတွေနဲ့ ဆဲလ်သေတွေပိတ်နေတဲ့အခါမျိုးမှာလည်း ချွေးပေါက်တွေ ပိုပြီးကျယ်နေတယ်လို့ ထင်ရပါတယ်။ ဒါကြောင့် ဆယ်လီစလစ်အက်စစ်ပါဝင်တဲ့ Product မျိုးကိုသုံးပြီး သန့်စင်ပေးသင့်ပါတယ်။ ချွေးပေါက်ထဲက အညစ်အကြေးတွေ သန့်စင် သွားမယ်ဆိုရင် ကျယ်နေတဲ့ချွေးပေါက်တွေလည်း မူလအရွယ်အတိုင်း ပြန်ဖြစ်သွားပါလိမ့်မယ်။ Collagen တွေ လျော့တွဲ လာရင်လည်း ချွေးပေါက်တွေ ကျယ်တတ်ပါတယ်။ နေရောင်ခြည်က Collagen တင်းရင်းမှုကို ပျက်ပြားစေတာမို့  Sunscreen ကို  ပုံမှန်သုံးပေးခြင်း အားဖြင့် သင့်ရဲ့ချွေးပေါက်ကျယ်ခြင်းကို ရေအေးအေးထက် ကောင်းကျိုးဖြစ်စေပါလိမ့်မယ်။
 

(၂) ခြောက်သွေ့တဲ့အသားအရေက အရေးအကြောင်းများကို ဖြစ်စေတယ်။

အရေးအကြောင်းများရဲ့ အခြေခံအကြောင်းအရင်းက အရေပြားမျက်နှာပြင်အောက်မှာ Collagen များပျက်စီးရာမှ ဖြစ်ပေါ်လာခြင်းပါ။ ဒီလို Collagen အပျက်အစီးတွေ ရှိနေတဲ့နေရာမှာ အသားအရေဟာ ပိုမိုခြောက်သွေ့နေတတ်ပါတယ်။ နေရောင်နဲ့ တိုက်ရိုက်အထိ အတွေ့ များလွန်းခြင်းဟာလည်း Collagen များကို ပြိုကွဲပျက်စီးစေပြီး အရေးအကြောင်းများကို ဖြစ်ပေါ်စေတဲ့အချက်တစ်ချက်ပါပဲ။ Moisturizer ဟာ အရေးအကြောင်းများကို ကုသပေးနိုင်တဲ့အစွမ်းမရှိဘဲ အရေးအကြောင်းတစ်ဝိုက်က ခြောက်သွေ့နေတဲ့ အသား အရေကို ယာယီတင်းရင်းစိုပြည်စေနိုင်ရုံပဲ စွမ်းဆောင်နိုင်ပါတယ်။ ဒါကြောင့် အရေးအကြောင်းဖြစ်ပေါ်ခြင်းကို ကာကွယ်နိုင်တဲ့ Moisturizer ကို လိုချင်ရင်တော့ Sunscreen အာနိသင်ပါပြီး ဗီတာမင်စီလိုမျိုး  Antioxidant လည်းပါဝင်တဲ့ Product အမျိုးအစားကို ရွေးချယ်သုံးစွဲပါ။
 

(၃) ချောကလက်နဲ့ အဆီများလွန်းတဲ့ အစားအစာတွေက အသားအရေမှာ အဖုအပိမ့်တွေ ထွက်စေတယ်။

သကြားလုံး၊ ချောကလက်နဲ့ အဆီများတဲ့ ပီဇာလိုအစားအစာများမှာ အဖုအပိမ့်ထွက်စေတဲ့ အကြောင်းရင်းမျိုးတွေ မရှိပါဘူး။ နယူးယောက်ခ်က အသားအရေပညာရှင်တစ်ဦးကတော့ ပီဇာနဲ့ မျက်နှာကိုမပွတ်တိုက်သရွေ့ အဖုအပိမ့် ထွက်စရာမရှိပါဘူးလို့ ရယ်သွမ်းသွေးပါတယ်။ ၀က်ခြံနဲ့အဖုအပိမ့်တွေကို ဆိုးဝါးစေတဲ့ တကယ့်အစားအစာများကတော့ ဆူရှီ၊ အခွံမာရေသတ္တ၀ါများနဲ့ ပဲငံပြာရည်တို့လောက်သာ ဖြစ်ပါတယ်။ အထက်ပါအစားအစာများကသာ အိုင်အိုဒင်း ပါဝင်မှုနှုန်းမြင့်မားပြီး အဖုအပိမ့်ထွက်ခြင်းနဲ့ အမှန်တကယ်ဆက်စပ်နေပါတယ်။
 

(၄) အမွှေးနုတ်ပေးခြင်းဖြင့် ပိုမိုထူထဲတဲ့ အမွှေးအမှင် ပြန်ပေါက်နိုင်တယ်။

သင့်အတွက်မလိုလားအပ် အမွေးအမှင်ကလွဲလို့ ကျန်တာတွေကို ခဏခဏ နုတ်ဆွနေခြင်းမျိုး မပြုလုပ်သင့်ပါဘူး။ ခဏခဏ အမွှေး နုတ်ခြင်းက မွှေးညင်းအိတ်တွေကို အနာတရဖြစ်စေနိုင်ပါတယ်။ Wax အသုံးပြုပြီး အမွှေးအမှင်ဖယ်ရှားခြင်းမျိုးကတော့ အကြိမ်ရေများ များ မပြုလုပ်ရင် အမွှေးပြန်ပေါက်လာနိုင်တယ်ဆိုတာကတော့ မဟုတ်ပါဘူး။ လေဆာနဲ့ အမွေးအမှင် ဖယ်ရှားခြင်းကတော့ မွှေးညင်း အိတ် တွေကို ပျက်စီးသွားစေနိုင်တာမို့ အမွှေးအများစုက ပြန်မပေါက်တော့ပါဘူး။ ခဏခဏ နုတ်ပေးမယ်ဆိုရင်တော့ အပြီးအပိုင် အမွေးပြန် မပေါက်တော့ပါဘူး။
 

(၅) ချွေးတစိုစိုဖြစ်နေခြင်းက ၀က်ခြံတွေကို ပိုမိုဆိုးရွားစေတယ်။

ဟားဗတ်နဲ့ စတန်းဖို့ရဲ့ လေ့လာချက်များအရ ဒီအချက်အလက် မှန်ကန်ခြင်းမရှိကြောင်း သက်သေပြခဲ့ပါတယ်။ ဆယ်ကျော်သက်လူငယ် အုပ်စု (၃)စုကို နှစ်ပတ်ကြာစမ်းသပ်ပြီးမှ ဒီရလဒ်အဖြေကို ရရှိခဲ့ခြင်းဖြစ်ပါတယ်။ အုပ်စု(၁)က လူငယ်တွေကို လေ့ကျင့်ခန်းလုံးဝမလုပ်စေ ဘဲ ထားရှိပြီး အုပ်စု(၂)ကို လေ့ကျင့်ခန်းလုပ်စေပြီး သေချာစွာ ရေချိုးသန့်စင်စေပါတယ်။ အုပ်စု(၃)ကိုတော့ လေ့ကျင့်ခန်းလုပ်စေပြီး ရေ မချိုးသေးဘဲ လေးနာရီကြာ စောင့်ဆိုင်းစေခဲ့ပါတယ်။ ဒါပေမဲ့ ဒီအုပ်စု(၃)စုမှာ ၀က်ခြံပြဿနာနဲ့ပတ်သက်ပြီး ထူးခြားတဲ့ ကွဲလွဲသက် ရောက်မှုမျိုး မရှိခဲ့ပါဘူး။ ဒါကြောင့် ချွေးက ၀က်ခြံတွေကို ပိုမိုဆိုးရွားသွားစေနိုင်တယ်ဆိုတာက အယူအမှားတစ်ခုပဲဖြစ်ပါတယ်။ ချွေးနဲ့အ တူ ဖုန်နဲ့ဂျီးတွေ မပေါင်းစပ်သရွေ့ အသားအရေကို ပြဿနာမဖြစ်စေနိုင်ပါဘူး။
 

(၆) တကယ်လို့ သင်က SPF 15 ပါတဲ့ Moisturizer ၊ SPF ပါတဲ့ Sunscreen နဲ့ SPF 15ပါတဲ့ Make-up တို့ကိုလိမ်းခြယ်ထားမယ် ဆိုပါစို့။ သင် စုစုပေါင်း SPF ဘယ်နှဆများရရှိမလဲ။

အဖြေကတော့ SPF 30 သာဖြစ်ပါတယ်။ သင်သုံးသမျှ Product တစ်ခုချင်းစီရဲ့ SPFများကိုပေါင်းပြီး SPF အဆ (၆၀) အထိ သင်မရရှိနိုင် ပါဘူး။ သင့်အနေနဲ့ SPF 15 ပါတဲ့ Sunscreen နှစ်ခုကို တစ်ပြိုင်နက်လိမ်းမယ်ဆိုရင်တောင် သင်ရမှာက SPF 15 ပဲဖြစ်ပါတယ်။ SPF 30 မဟုတ်ပါဘူး။ သင်အသုံးပြုသမျှထဲက Product တစ်ခုခုရဲ့ အမြင့်ဆုံး SPFပမာဏကပဲ သင့်ရဲ့ နေရောင်ဒဏ်ကာကွယ်မှု အဆုံးသတ်ဖြစ် တယ်ဆိုတာ သတိပြုသင့်ပါတယ်။

No comments: