Sunday, June 5, 2011

G-Mail (Google Mail) ကိုအကောင်းဆုံးအသုံးချင်ချင်သူများအတွက်

G-mail ထဲမှာ ဖတ်နေရင်း စာကိုဖျက်လိုက်တာနဲ့  ပုံမှန်အားဖြင့် inbox ထဲကို ပြန်ရောက်သွားတာမျိုးကို ကြုံဖူး ကြမယ် ထင်ပါတယ်။ အခုဒီလို အခက်အခဲတွေ မဖြစ်စေပဲ  inbox ထဲကို ပြန်မသွားပဲ mail အသစ်ကို ရောက် သွားအောင် လုပ်လို့ ရတဲ့ နည်းလမ်းရှိပါတယ်။

အဆင့်(၁)
G-mail setting ထဲက Labs tab ကို သွားပါ။ ပြီးရင် Auto-advanced ကို ရှာပြီး Enable လုပ်ပေးလိုက်ပါ။ ပြီးရင် Save Changes နဲ့  ထွက်ရပါမယ်။

အဆင့်(၂)
General tab ထဲမှာ Auto-advanced ဆိုတာ ပေါ်လာပါလိမ့်မယ်။ အဲဒီမှာ mail ကို ဖျက်လိုက်တာနဲ့  ဘယ်ကို ရောက်ချင်လဲ mail အဟောင်း/အသစ် ကို ရောက်ချင်တာလား။ inbox ထဲကို ပြန်ရောက်ချင် တာလား။ အဲဒီမှာ စိတ်ကြိုက် ရွေးလို့ ရပါတယ်။ ပြီးရင် Save changes နဲ့  ထွက်လိုက်ပါ။

အဆင့်(၃)
Mail တစ်စောင်ကို ဖတ်နေတုံး Delete လုပ်ကြည့်ပါ။

အဆင့်(၄)
မြင်တွေ့ နေရတဲ့ ပုံစံအတိုင်း ကိုယ်ရောက်စေချင်တဲ့ Mail ကို ရောက်သွားပါလိမ့်မယ်။ တကယ်လို့  သင်က အသစ် Mail ကို ရောက်ဖို့  ရွေးခဲ့တယ်ဆိုရင် Mail အသစ်ကို ရောက်ပါလိမ့်မယ်။

G-Mail ရဲ့ Attach Alerter

G-mail နဲ့  mail ပို့ တဲ့အခါမှာ အလျင်စလို လုပ်ရင်းနဲ့  Attachment တွေ ပို့ ဖို့  မေ့ကျန်နေနိုင်ပါတယ်။ အလွန်အရေးကြီးတဲ့ လုပ်ငန်းဆိုင်ရာ E-mail တွေ ပို့ ရတဲ့အခါမှာ Attach File မေ့ကျန်ခဲ့မယ်ဆိုရင်တော့ သင့်ရဲ့ အလုပ်ရှင်က သင့်အပေါ် ငြိုငြင်မှုကို ရရှိသွားစေနိုင်ပါတယ်။ 

G-mail ရဲ့ Feature အသစ်တွေထဲမှာ Attachment File ပို့ ဖို့  ကျန်ခဲ့ရင် သတိပေးဖို့  Attach Alerter ဆိုတာ ရှိပါတယ်။ မိမိရဲ့ mail account ထဲကို ဒီ Feature မရှိသေးဘူးဆိုရင်
(၁) Setting Link ထဲကို ၀င်လိုက်ပါ။
(၂) Lab Tab ကို ကလစ်နှိပ်ပါ။
(၃) Forgotten Attachment Detector မှာ Enable ကို ရွေးပါ။
(၄) အောက်ခြေမှာရှိတဲ့ Save Changes button ကို ကလစ်နှိပ်ပါ။

ဒီလိုလုပ်ခြင်းဟာ mail လက်ခံသူဆီကို Attachment နဲ့  နောက်တစ်စောင် ထပ်မံပေးပို့ ရခြင်းမှ ကင်းဝေးစေပါတယ်။ mail ပို့ တော့မယ်ဆိုရင်လည်း လက်ခံမဲ့သူဆီ စာမရေးခင်မှာ ပို့ ရမယ့် ဖိုင်တွေကို အရင်ဦးဆုံး Attach လုပ်ထားသင့်ပါတယ်။ အဲဒီမှ မိမိစာရေးလို့ ပြီးတဲ့အခါ mail ပို့ ဖို့  Attach ဖိုင်လည်း upload လုပ်ပြီးသား ဖြစ်နေမှာပါ။
မပို့ ချင်တော့တဲ့ ဖိုင်တွေရှိရင် Attach ဖိုင်နာမည်တွေမှာ အမှန်ခြစ် ပြန်ဖြုတ်ပြီး ချက်ချင်းပဲ mail ပို့ နိုင်ပါပြီ။

၅စက္ကန့် အတွင်း ပို့ ပြီးသား E-mail ပြန်ပြင်မယ်

သူငယ်ချင်း အပေါင်းအသင်းတွေဆီကို အရေးပေါ် mail တွေ ပေးပို့ တဲ့အခါ မှားယွင်းမှုလေးတွေ ဖြစ်ပေါ် တာကို ပြန်လည် ပြင်ဆင်လိုသူများအတွက် နည်းလမ်းကောင်းလေးတစ်ခုနဲ့  မိတ်ဆက်ပေးချင်ပါတယ်။ တစ်စုံတစ်ရာ မှားယွင်းသွားတဲ့ သင့် E-mail ကို ပြန်ခေါ်ပြီး ပြင်ဆင်နိုင်မဲ့ လုပ်ဆောင်ချက် တစ်ခုပါ။

ဒါကတော့ G-mail ကနေ သင်ပို့ လိုက်တဲ့ E-mail ကို ၅စက္ကန့် အတွင်းမှာ Undo လုပ်ပြီး ပြန်ပြင်နိင်မဲ့ လုပ်ဆောင်ချက်ပါ။ ဒီလုပ်ဆောင်ချက်ကို အသုံးပြုနိုင်ဖို့ အတွက်

အဆင့်(၁) သင့် G-mail လိပ်စာရဲ့ ညာဘက်အခြမ်း အပေါ်ဘက်မှာရှိတဲ့ Setting ထဲက Lab ဆိုတာကို ကလစ်နှိပ်ပြီး ရွေးလိုက်ပါ။

အဆင့်(၂) Lab ထဲကမှ Undo Send Option ဆိုတာကို ရွေးပြီး Enable ရွေးလိုက်ပါ။ ပြီးရင် ကိုယ်ပြောင်း ထားတဲ့ Setting ကို Save လုပ်ပြီးတာနဲ့  ဒီလုပ်ဆောင်ချက်လေးကို စတင် အသုံးပြုလို့  ရပါပြီ။

ဒီနည်းလမ်းက ရိုးရှင်းပါတယ်။ သူ့ ပုံစံလေးက သင် E-mail တစ်စောင် ပို့ လိုက်ပြီဆိုတာနဲ့  သင့်ကို အသိ ပေးတဲ့ You message has been sent ဆိုတဲ့ စာသားလေး ပေါ်လာပါတယ်။ ဒီစာသားလေးရဲ့ ဘေး မှာ Undo ဆိုတဲ့ Link လေးတစ်ခုပါ ပါတယ်။

ပို့ ပြီးသား E-mail ကို ပြန်ခေါ်ချင်တယ်ဆိုရင် အဲဒီ Undo Link ကို နှိပ်လိုက်ရုံပါပဲ။ တစ်ခုရှိတာက ပို့ လိုက် တဲ့ E-mail ကို ပြန်ပြင်၊ မပြင် ဆုံးဖြတ်ဖို့ အတွက် ၅စက္ကန့် ပဲ အချိန်ရတယ် ဆိုတာပါပဲ။ တကယ်လို့ ကိုယ့်မှာ ပြန်ပြင် စရာတွေ ရှိတယ်ဆိုရင် E-mail ပို့ ပြီး ၅စက္ကန့် အတွင်း Undo ပြန်နှိပ်လို့ ပြန်ပြင်လိုက်ပါ။


မေဇူး
Net Guide Journal

Credit: http://multiplygroups.multiply.com/journal/item/1054

No comments: