Friday, June 17, 2011

ပဲပြားအုန်းနို့ နှင့် ငါးအိုးကပ်

ပဲပြားအုန်းနို့
ပဲပြား - ၂တုံး
အုန်းသီး - ၁လုံး
ဆီ - အနည်းငယ်
ကြက်သွန်ဖြူ - အနည်းငယ်
ကြက်သွန်နီ - အနည်းငယ်
နနွင်းမှုန့် - အနည်းငယ်
အရောင်တင်မှုန့် - အနည်းငယ်
ဆား - အနည်းငယ်
သကြား - အနည်းငယ်
ချင်း(ဂျင်း) - အနည်းငယ်
ငရုတ်သီးအခြောက်တောင့် - အနည်းငယ်
ပဲငံပြာရည် - အနည်းငယ်
ပဲပြား ၂တုံးကို အရွယ်တော်လေး များများရအောင်လှီးပြီး ပဲငံပြာရည်နှင့်နယ်ကာ ခဏနှပ်ထားပါ။ အိုးထဲသို့ ဆီအနည်းငယ်ထည့်ပါ။ ဆီ ဆူလာလျှင် ပဲပြားတုံးလေးများထည့်၍ ကြော်ပါ။ ငရုတ်သီး အနည်းငယ်နှင့် ကြက်သွန်ဖြူ ရောထောင်းထားပါ။ ပါးပါးလှီးထားသော ကြက်သွန်နီအနည်းငယ်နှင့် အရောင်တင်မှုန့် ရော၍ဆီသတ်ပါ။ ထောင်းထားသော ငရုတ်သီးနှင့် ကြက်သွန်ဖြူဆက်ထည့်ပါ။ အရောင်ရဲ လာလျှင် ကြော်ထားသော ပဲပြားတုံးလေးများ ထည့်ချက်ပါ။ ပြီးနောက် အုန်းနို့ရည်ထည့်၍ ပွက်လာသည်အထိအုပ်ထားလိုက်ပါ။ အပေါ့ အငန်အတွက် ဆားနှင့်သကြား ထည့်ပါ။ အနံ့မွှေးရန် ချင်းအနည်းငယ်ထည့်ပါ။ ချက်ထားသော ပဲပြားအုန်းနို့ဟင်း ပွက်လာလျှင် ပန်းကန်ထဲသို့ထည့်၍ အသင့်သုံးဆောင်နိုင်ပါပြီ။
ငါးအိုးကပ်
ငါးသစ်တုံး (ငါးပျက်) - ၅ကျပ်သား
ကြက်သွန်ဖြူ/နီ - အနည်းငယ်
ဆီ - အနည်းငယ်
ဆား/သကြား - အနည်းငယ်
ငရုတ်သီးအခြောက်တောင့် - အနည်းငယ်
ပုစွန်ငါးပိ - အနည်းငယ်
မန်ကျည်းမှည့် - အနည်းငယ်
နံနံပင် - အနည်းငယ်
အိုးထဲသို့ ဆီအနည်းငယ်ထည့်၍ တည်ပါ။ ကြက်သွန်ဖြူနှင့် ငရုတ်သီးတောင့် အနည်းငယ်ကိုရောထောင်းထားပါ။ ကြက်သွန်နီအနည်း ငယ်ကို ပါးပါးလှီးထားပါ။  ဆီဆူလာလျှင် ရောထောင်းထားသော ကြက်သွန်ဖြူနှင့် ငရုတ်သီးထည့်ပါ။ ပြီးလျှင် ပါးပါးလှီးထားသော ကြက်သွန်နီများပါ ထည့်၍ဆီသတ်ပါ။ ဆီကျက်နေအောင် သတ်ပြီးလျှင် အိုးထဲသို့ ငါးသစ်တုံးလေးများထည့်၍ မွှေပါ။ မန်ကျည်းရည် အနည်းငယ် ထည့်၍မွှေပါ။ အပေါ့အငန်အတွက် ဆားနှင့်သကြား ထည့်ပါ။ ခေတ္တကြာလျှင် ချက်ထားသော ငါးအိုးကပ်လေးများပေါ်သို့ နံနံပင် အနည်းငယ်အုပ်၍ ပန်းကန်ပြားထဲသို့ထည့်ကာ အသင့်သုံးဆောင်နိုင်ပါပြီ။

No comments: