Thursday, June 23, 2011

Oils for cooking

အစေ့အဆန်များမှ ထုတ်ယူထားတဲ့ ဆီအမျိုးမျိုးကို အစားအစာများ ချက်ပြုတ်ရာမှာနဲ့ ဟင်းရွက်သုပ်များ ပြုလုပ်ရာမှာ ထည့်သွင်းအသုံးပြုလေ့ရှိကြပါတယ်။

CANOLA OIL - Canolaစေ့မှ ထုတ်ယူထားတဲ့ ဒီဆီအမျိုးအစားဟာ ကိုလက်စထရော ပါဝင်မှုမရှိဘဲ ပြည့်ဝဆီလျော့နည်းပါတယ်။ ဒီဆီအမျိုးအစားဟာ အစားအစာများကိုကြော်ဖို့ အကောင်းဆုံးပါပဲ။

CHILLI Oil - ဂျပန်အခေါ် la-yu လို့ခေါ်ဆိုတဲ့ ဒီဆီအမျိုးအစားဟာ နှမ်းဆီ၊ ငရုတ်သီးအနှစ်နဲ့ Paprika တို့ကိုရောနှောပေါင်းစပ်ထား တာဖြစ်ပါတယ်။ ဒီဆီအနည်းငယ်အသုံးပြုရုံနဲ့ ဟင်းလျာတွေကို ပူစပ်စေပါတယ်။

EXTRA VIRGIN OLIVE OIL - သံလွင်သီးများမှ ထုတ်ယူထားတဲ့ သံလွင်ဆီဟာ Salad များနဲ့ပါစတာများပေါ်မှာဆမ်းဖို့အတွက် အကောင်းဆုံးပါ။ ပေါင့်မုန့်မာများကို ဒီဆီနဲ့တို့ပြီး စားသုံးလေ့ရှိကြပါတယ်။ အစားအစာများကို ချက်ပြုတ်ဖို့အသင့်တော်ဆုံး ဆီအမျိုး အစားဖြစ်ပါတယ်။

SESAME OIL - လှော်ထားတဲ့ နှမ်းစေ့များမှ ထုတ်ယူထားတဲ့ နှမ်းဆီမွှေးဖြစ်ပါတယ်။ အနံ့မွှေးတဲ့ဒီဆီအမျိုးအစားကို အစားအစာ အမျိုး မျိုး ပြင်ဆင်ချက်ပြုတ်ရာမှာ ထည့်သွင်းအသုံးပြုကြပါတယ်။ အစားအစာများကို ကြော်ဖို့အတွက်တော့ ဒီဆီက သိပ်အဆင်မပြေပါဘူး။

AVOCADO OIL - ထောပတ်သီးမှ ထုတ်ယူထားတဲ့ ဒီဆီအမျိုးအစားဟာ ကိုလက်စထရော ပါဝင်မှုမရှိဘဲ ဗီတာမင်အီး ကြွယ်ဝပါတယ်။ Salad များပြင်ဆင်ရာမှာနဲ့ သနပ်များပြုလုပ်ရာမှာ ထည့်သွင်းအသုံးပြုနိုင်ပါတယ်။ အသားဟင်း၊ ငါးဟင်းများ ချက်ပြုတ်ဖို့အတွက်လည်း သင့်တော်ပါတယ်။

PURE OLIVE OIL - သန့်စင်ပြီးဖြစ်တဲ့ ဒီသံလွင်ဆီဟာ ကျန်းမာရေးနဲ့သင့်တော်တဲ့ ဆီအမျိုးအစားဖြစ်ပါတယ်။ ချက်ပြုတ်ရာမှာ အသုံး ပြုဖို့သင့်တော်ပါတယ်။

TEMPURA OIL - နေကြာစေ့၊ ပဲပိစပ်နဲ့ နှမ်းဆီတို့ကို ရောနှောထားတဲ့ ဒီဆီအမျိုးအစားဟာ မွှေးမြတဲ့အနံ့အရသာကို ပေးစွမ်းပါတယ်။ အချိန်ကြာကြာ ကြော်လှော်ရမယ့် အစားအစာများအတွက်တော့ ကြော်ဖို့ အကောင်းဆုံး ဆီအမျိုးအစားပါပဲ။

GRAPESEED OIL - ပေါ့ပါးကြည်လင်သော ပုံစံရှိတဲ့ ဒီဆီအမျိုးအစားဟာ အသားများကို ဆီစိမ်ပြီးနှပ်ဖို့အတွက် အကောင်းဆုံးပါပဲ။ အပူချိန်ပြင်းပြင်းနဲ့ ချက်ပြုတ်ရမည့် အစားအစာများအတွက်လည်း အသုံးပြုဖို့ အကောင်းဆုံး ဆီအမျိုးအစားပါ။

No comments: