Thursday, June 16, 2011

ဆပ်ပြာခဲအသုံးပြုနည်းအသွယ်သွယ်

ဆပ်ပြာဆိုရင် ကိုယ်တိုက်ဖို့၊ အ၀တ်လျှော်ဖို့အတွက်လောက်ပဲ အသုံးများကြတာ
မဟုတ်ပါလား။ အများစုထင်သလို ဆပ်ပြာခဲကို အ၀တ်လျှော်ဖို့၊
ကိုယ်တိုက်ဖို့လောက်တင် မဟုတ်ဘဲ အခြားနေရာတွေမှာပါ
သုံးနိုင်တဲ့အကြောင်းလေး ပြောပြချင်ပါတယ်။ အဲဒီအတွက်
ဘယ်ဆပ်ပြာခဲအမျိုးအစားမဆို အသုံးပြုလို့ရပါတယ်။

၁။ လှပသော ပင်အပ်ထိုးကူရှင်
ဆပ်ပြာတုံးကို အ၀တ်စတစ်ခုနှင့်ပတ်ပြီး ၄င်းပေါ်အပ်များ ပင်အပ်များထိုးသည့်
ကူရှင်အဖြစ် အသုံးပြုနိုင်ပါတယ်။ ဆပ်ပြာမှာရှိတဲ့ အဆီ ကြောင့်
ပင်အပ်ထိပ်ဖျားများကို ပိတ်စထဲထိုးသွင်းချုပ်ရာမှာ
ချောမွေ့လွယ်ကူစေပါတယ်။

၂။ အစားထိုး ချွေးနံ့ပျောက်ဆေး
ခြောက်သွေ့တဲ့ဆပ်ပြာခဲဖြင့် ချိုင်းအောက် ပွတ်ပေးပါက လတ်ဆတ်သင်းပျံ့တဲ့
ချွေးနံ့ပျောက်ဆေးအဖြစ် အစားထိုးသုံးနိုင်ပါတယ်။

၃။ ကားအမွှေးခဲ
ကားတံခါးရှိ ခွက်လေးအတွင်းမှာ မိမိနှစ်သက်ရာ
ဆပ်ပြာအမွှေးခဲတုံးတစ်ခုလောက်ထည့်ပြီး Car Freshener အဖြစ်
အသုံးပြုနိုင်ပါတယ်။

၎။ Insect Repellent ပိုးမွှားနှင်ဆေး
Rosemary, Lemongrass သို့မဟုတ် Citronella ဆပ်ပြာခဲကို စက္ကူခွာပြီး
Picnic စားပွဲပေါ်တင်ထားမယ်ဆိုရင် မလိုလားအပ်တဲ့ ယင်နဲ့ အခြားပိုးမွှားတွေ
မလာအောင် ကာကွယ်ပေးထားနိုင်ပါတယ်။

၅။ မှန်မှာရေးမှတ်ဖို့
အချို့က အပြင်သွားခါနီး မှန်မှာ မိမိချင်ခင်ရသူအတွက် စာတိုလေးတွေ
နှုတ်ခမ်းနီရဲ့ ရေးခြစ် ချန်ထားတာမျိုး လုပ်တတ်ပါတယ်။ အဲဒီ စာလေးတွေကို
နှုတ်ခမ်းနီနဲ့ ရေးမယ့်အစား ဆပ်ပြာခဲလေးနဲ့လည်း ရေးနိုင်ပါတယ်။
နှုတ်ခမ်းနီထက် ဈေးသက်သာပြီး အလွယ်တကူ လည်း ပြန်ဖျက်နိုင်ပါတယ်။

၆။ ယားယံခြင်းကို သက်သာစေသည်
ခြင်ကိုက်ခံရပြီး ယားတာ ဘယ်လောက် ကုတ်ကုတ် အယားမပြေဖြစ်နေရင် oatmeal
(သို့မဟုတ်) aloe ပေါင်းစပ်ပါဝင်ထုတ်လုပ်ထား တဲ့ ဆပ်ပြာခဲ
တစ်မျိုးမျိုးနဲ့ ယားတဲ့နေရာကို ပွတ်တိုက်ပေးပါ။

၇။ ပိတ်စတွင် အမှတ်အသားပြုလုပ်ရန်
အ၀တ်အစား ပိတ်စပေါ်မှာ အမှတ်အသား လုပ်ဖို့ မြေဖြူခဲ ကုန်သွားတဲ့
အခါမျိုးမှာ ဆပ်ပြာခဲကို လတ်တလော အစားထိုးသုံးနိုင်ပါတယ်။

No comments: