Thursday, June 16, 2011

အရေပြား ဘာကြောင့်ယားနေရသလဲ

အရေပြားယားယံရခြင်း အကြောင်းရင်းနဲ့ အကောင်းဆုံး ကုသနိုင်ပုံများကို ဖော်ပြလိုက်ပါတယ်။

ဝဲနှင်းခူ

 

အကြောင်းရင်းများ

ယားခြင်း၊ ရောင်ရမ်း နီရဲခြင်း၊ တစ်ခါတစ်ရံ အရည်ကြည်ဖုထွက်ခြင်းများ တွေ့နိုင်သည်။ တံတောင်ဆစ်နှင့် ဒူးဆစ်အရေပြား အတွန့် အခေါက်များတွင် ရောင်ရမ်းနေတတ်သည်။ ဓာတ်မတည်းခြင်းနှင့် တွဲ၍လည်း ဖြစ်တတ်သည်။ ဥပမာ - ပန်းနာရင်ကျပ်ရှိသူ၊ haj foor ခေါ် ကောက်ရိုးပေါ်ချိန် ဓာတ်မတည့်ဖြစ်တတ်သူ။

လက္ခဏာများ

ဓာတ်တုံ့ပြန်မှု ဖြစ်စေနိုင်သည့် အရာဝတ္ထုများနှင့် ထိတွေ့ခြင်း၊ သို့သော် ကပ်ရောဂါအသွင် ဖြစ်နေပါက အကြောင်းရင်းမသိဘဲ ဖြစ်တတ်သည်။ မိသားစုထဲတွင် ရောဂါရာဇ၀င်ရှိလျှင် ပို၍(နှင်းခူ၊ ပန်းနာ) ဖြစ်လွယ်နိုင်သည်။ နွားနို့ကို စတင်သောက်ချိန် (သို့) ဂျုံပါသောအခါ နာခါ ပဋိဇီဝဆေးများ စသောက်ချိန်တွင်လည်း ဖြစ်တတ်သည်။ ဖုန်မှုန့်များ၊ ပိုးဟပ်နှင့် ထိတွေ့ခြင်း၊ မိဘများ သောက်သည့် ဆေးလိပ်ငွေ့ရှူရခြင်း။

ကြိုတင်ကာကွယ်ခြင်း

မိခင်နို့တိုက်ကျွေးရန် အားပေးတိုက်တွန်းပါ။ ကိုယ်ဝန်ဆောင်မိခင်များအနေဖြင့် အကြိုဇီဝပိုးပါသောဆေး (Probiotic) နှင့် ဒိန်ချဉ် ကဲ့သို့သော အစာ များကို စားပေးပါ။ ကျန်းမာရေးနှင့် ညီညွတ်သော အခါးဓာတ်ကို စားသောက်ခြင်းဖြင့် (ဓာတ်မတည့်မှု) အဖြစ် များစေသော အစား အစာ များကို ရှောင်ကြဉ်ပါ။ ဆက်ကာဆက်ကာ မဖြစ်ပေါ်စေရန်နှင့် ပြင်းထန်စွာ မဖြစ်ရန် ရှောင်ကြဉ်ပါ။

ကုသခြင်း

ငါးအဆီ(သို့မဟုတ်) မိကျောင်းလျှော်စေ့အဆီနှင့် အရေဇီဝမျိုး(Probiotic)သောက်ပါ။ လတ်ဆတ်သော သစ်သီးဝလံနှင့် ဟင်းသီး ဟင်းရွက်များ စား ပါ။ ရေစိုဓာတ်ရအောင် လုပ်ပါ။ အရေပြား လိမ်းဆေးများ (calendula, cortise-nos, Nine crolimus) စသည်တို့ကို ဆရာဝန်၏ ညွှန်ကြားချက်အောက်တွင် လိမ်းပါ။ အသက် (၅) နှစ်လောက်တွင် ကလေးတစ်ဝက်လောက် ၀ဲနှင်းခူရပ်သွားလေ့ရှိပါသည်။ အချို့မှာ ပန်းနာရင်ကျပ်ရောဂါအဆင့်ရောက်သွားပါသည်။

 

အစာ (သို့မဟုတ်) ဆေးဝါးနှင့် ဓာတ်မတည့်ခြင်း

အကြောင်းရင်းများ

ဆေး(သို့) ယားယံသောအခါတွင် ပေါ်တတ်သည်။ ဆေးသောက်ပြီးနောက် အနီကွက်၊ မထဘဲလည်း ယားတတ်သည်။ အချို့သော ဆေးဝါးများ၏ ဘေးထွက်ဆိုးကျိုးလည်း ဖြစ်တတ်သည်။ နှုတ်ခမ်းများ ရောင်ရမ်းခြင်း၊ လျှာ၊ မျက်နှာအသက်ရှူလျှင် တရွှီရွှီမြည်ခြင်း တွေ့ရတတ်သည်။

လက္ခဏာများ

ဆေး(သို့) ဖြည့်စွက် အားဆေးသောက်လိုက်သောအခါ ခုခံအားစနစ်က ဓာတ်တုံ့ပြန်မှု ဖြစ်ပေါ်ကာ ဓာတုပစ္စည်းအချို့ကို အရေပြား ထဲသို့ ထုတ်လွှတ်ပေးသည်။ ၄င်းတို့က အာရုံကြောများကို လှုံ့ဆော်ခြင်းကြောင့် ယားယံခြင်းဝေဒနာဖြစ်ပေါ်လာသည်။

ကြိုတင်ကာကွယ်ခြင်း

ဆေးဝါးများနှင့် ဖြည့်စွက် အားဆေးများကို စမ်းသောက်ကြည့်ပြီး အရေပြား ဓာတ်မတည့်မှု ဖြစ်ပေါ်က ရှောင်ကြဉ်ပါ။

ကုသခြင်း

ဓာတ်မတည့်မှု ဖြစ်စေသည့် ဆေး(သို့) အစာကို ရှာဖွေဖော်ထုတ်ရပါသည်။ ထို့နောက် ထိုပစ္စည်းများကို လုံးဝရှောင်ကြဉ်ရပါသည်။ ntihistamines ဟုခေါ်သော ဆေးများက ယားယံမှုကို သက်သာစေပါသည်။ တရွှီရွှီမြည်ပြီး ပန်းနာထပါက ရှူဆေးငွေ့များရှူရပါမည်။ စတီးရွိုက်ဆေးများလည်း (steoids) လိုအပ်ပါသည်။ အသက်ရှူကျပ်နေပါက ဆေးရုံတက်ကုသသင့်သည်။

ဝဲ

အကြောင်းရင်းများ

တစ်ကိုယ်လုံးတွင် မျက်နှာနှင့် ဦးရေပြားမှလွဲ၍ အလွန်ယားယံလေ့ရှိသည်။ ရေနွေးဖြင့်ရေချိုးပြီးချိန်နှင့် ညအိပ်ယာဝင်ချိန်တွင် ပို၍ယားယံ လေ့ရှိသည်။ တစ်အိမ်တည်းနေ မိသားစုဝင်များပါ ယားယံနေတတ်သည်။

လက္ခဏာများ

ဝဲရောဂါသည် ၀ဲဖြစ်စေသော ပိုးတစ်မျိုးကြောင့်ဖြစ်ပေါ်လာခြင်းဖြစ်၏။ ၀ဲအမက အရေပြား၏အရေးအကြောင်းများအတွင်းတွင် ဥများ ဥချ ကာသေသွားသည်။ ဥများပေါက်လာသောအခါ များစွာသောဝဲပိုးလေးများက လှုပ်ရှားတက်ကြွလာပြီး ၄င်းတို့၏ စွန့်ထုတ်ပစ္စည်းများ ကြောင့် အလွန်ယားယံသော ၀ဲယားမှုရရှိခြင်းဖြစ်သည်။

ကြိုတင်ကာကွယ်ခြင်း

ဝဲရောဂါရှိသူနှင့် တိုက်ရိုက်ထိတွေ့ခြင်း အ၀တ်အစားနှင့် အိပ်ရာခင်း စောင် အတူတကွမျှဝေသုံးစွဲခြင်း ရှောင်ကြဉ်ပါ။ ၀ဲရောဂါဖြစ်မှန်း အတည်ပြုပြီးသူ လူနာရှိနေပါက ကျန်သည့် မိသားစုဝင်များကို ယားယံမှုမခံစားရသော်လည်း ကုသမှု ခံယူပါ။

ကုသခြင်း

တစ်ကိုယ်လုံးကို perme-thrin ဆေးလိမ်းရပါသည်။ တစ်ညထားပြီး နောက်နေ့တွင် ဆေးကြောနိုင်သည်။ တစ်ပတ်အတွင်း ထပ်မံပြု လုပ်နိုင်သည်။ အ၀တ်အစားအားလုံးနှင့် အိပ်ရာခင်းစောင်များအားလုံး ရေနွေးနှင့် လျှော်ပြီး ဓာတ်ဖြင့်အခြောက်ခံရပါမည်။

ရောဂါတစ်ခုခုရှိနေခြင်း

အကြောင်းရင်းများ

နာတာရှည် ယားယံမှုဝေဒနာခံစားနေရသူများသည် ဆရာဝန်နှင့် သေချာစွာ ပြသစမ်းသပ်စစ်ဆေးမှု ခံယူသင့်သည်။ ရောဂါ ရာဇ၀င် ယူခြင်း၊ စမ်းသပ်စစ်ဆေးခြင်းတို့ ပြုလုပ်ကာ နောက်ခံအကြောင်းရင်းရောဂါ တစ်ခုခု ရှိနေမည်လားဟု ဆုံးဖြတ်ရမှာ ဖြစ်သည်။

 

လက္ခဏာများ

နာတာရှည် ကျောက်ကပ်ရောဂါ၊ သည်းခြေအိတ်ကျောက်တည်ရောဂါ၊ အသည်းရောဂါတို့ကြောင့် ယားယံတတ်သည်။ သံဓာတ်ချို့ယွင်း သည့် သွေးအားနည်းရောဂါ၊ လင်ဖိုမား၊ ကင်ဆာရောဂါ သိုင်းရွိုက်အကျိတ်ရောဂါနှင့် ဆီးချို သွေးချိုရောဂါတို့ကြောင့်လည်း ယားယံတတ် ပါသည်။

ကြိုတင်ကာကွယ်ခြင်း

ကျန်းမာရေးနှင့် ညီညွတ်သော လူနေမှုစရိုက်ကို ထိန်းသိမ်းကျင့်သုံးပါ။ ဆေးလိပ်မသောက်ပါနှင့်။ အဆီနည်းသော အစားအစာစားပါ။ ကာယလေ့ကျင့်ခန်းပုံမှန်ပြုလုပ်ပါ။ ပုံမှန် ကျန်းမာရေးစစ်ဆေးမှု ပြုလုပ်ခြင်းအားဖြင့် နာတာရှည်ရောဂါများ၏ လက္ခဏာများကို စောစီးစွာ ဖော်ထုတ်ပါ။ ဝေဒနာများ ခံစားရပါက ဆရာဝန်နှင့် စောစီးစွာပြသပါ။

ကုသခြင်း

နောက်ခံဖြစ်ပွားနေသော ရောဂါကိုပါ ကုသမှုခံယူခြင်းဖြင့် ယားယံမှုကို ကုသရပါသည်။

စိုးရိမ်စိတ်ကြောင့်

အကြောင်းရင်းများ

စိတ်ကြောင့် ယားယံခြင်းသည် စိတ်ပိုင်းဆိုင်ရာမူမမှန်ဖြစ်ခြင်းများ၊ ဥပမာ ယုံမှားသံသယဖြစ်သည့်ရောဂါ၊စိတ်ကျရောဂါ၊စွဲလမ်းလွန်ရောဂါ၊ ကပ်ပါးပိုး စွဲကပ်ခြင်းမှတစ်ဆင့် ဖြစ်သည့်စိတ်စွဲလမ်းရောဂါ စသည်တို့ကြောင့် ဖြစ်သည်။ စိတ်ဖိစီးမှုဖြစ်လျှင် ပို၍ယားယံတတ်ပြီး အိပ်ပျော်နေချိန်တွင် ပျောက်ကင်းနေတတ်သည်။

 

လက္ခဏာများ

ထပ်ခါ ထပ်ခါကုတ်ခြင်းကြောင့် လှုံ့ဆော်မှုထိန်းချုပ်ခြင်း၊ ယုံမှားသံသယဖြစ်ခြင်းကို တန်ပြန်သက်ရောက်စေကာ ကုတ်နေခြင်းဖြစ်သည်။ ကုတ်ခြင်းက စိတ်ဖိစီးမှုကို လျော့ပါးစေသည်ဟု ခံစားရသည်။ ရောဂါတစ်ခုခုရှိနေခြင်းကြောင့် သော်လည်းကောင်း၊ အရေပြားရေဂါတစ်ခုခုကြောင့်သော်လည်းကောင်း မဟုတ်ပါ။

ကြိုတင်ကာကွယ်ခြင်း

 

စိတ်ကျန်းမာရေးကို ထိန်းသိမ်းပါ။ စိတ်ဖိစီးမှုထိန်းချုပ်ခြင်း၊ စိတ်ပိုင်းဆိုင်ရာ ပုံမမှန်ဝေဒနာများ ခံစားရပါက စောစီးစွာ ကုသမှုခံယူပါ။ မိသားစုနှင့် မိတ်ဆွေသင်္ဂဟများ၏ ကူညီပံ့ပိုးမှု ခံယူခြင်း စိတ်ကျန်းမာရေး အထူးကုဆရာဝန်များနှင့် ပြသခြင်းများပြလုပ်ပါ။

 

ကုသခြင်း

လက်သည်းများ တိုတိုညှပ်ပါ။ စိတ်ကျန်းမာရေးအခြေအနေကို ဆန်းစစ်ပါ။ စိတ်ပြေလျော့စေသောနည်းများ၊ စိတ်ဖိစီးမှုကို ရင်ဆိုင်နည်းများ နှစ်သိမ့်ဆွေးနွေး အကြံပေးခြင်းများ ပြုလုပ်ပါ။ စိတ်ကျန်းမာရေးရောဂါများအတွက် ဆေးဝါးဖြင့် ကုသမှု ခံယူရပါသည်။ (ဥပမာ - အရေပြားအောက်တွင် တစ်ခုခုရှိနေခြင်းကြောင့် ယားယံသည်ဟု စိတ်စွဲလမ်းနေခြင်း)

မောင် (ဆေးတက္ကသိုလ်)

No comments: