Saturday, June 30, 2018

Huawei P20 Pro Review (The Triple H)



2018 ဟာ တရုတ်ဖုန်း Company တွေ ဇောင်းကြွတဲ့နှစ် လို့ဆိုရမယ်။ In Display Fingerprint, Motorised Camera, 3D facial Unlock (for Android) စသည်ဖြင့် နည်းပညာအသစ်သစ်တွေကို ဦးဆုံးချပြနိုင်ခဲ့တယ်။ ဒါပေမယ့် ထူးခြားပြောင်မြောက်တဲ့ Camera Quality နဲ့ ပြိုင်ဘက်ကြီးတွေကို အလဲထိုး၊ DXO Mark ထိပ်ဆုံးနေရာကိုယူပြီး Fan တွေရဲ့ Attention ကို အပြည့်အဝရခဲ့သူကတော့ Huawei ရဲ့ P20Pro လို့ ဆိုရမှာပါ။ ဒီတော့ Huawei ရဲ့ ဒီ Flagship ဖုန်းမှာ Camera အပါအဝင် Flagship လို့ အသိအမှတ်ပြုရလောက်တဲ့ ဘယ်လိုအချက်တွေပါနေမလဲဆိုတာ Review နဲ့ ဆက်လိုက်ရအောင်။

ဈေးနှုန်းသက်သက်သိချင်သူတွေအတွက် Huawei P20  Pro 128GB, 6GB RAM ကို မြန်မာငွေ ၁၀၉၉၀၀၀ (ဆယ်သိန်း ကိုးသောင်း ကိုးထောင်)ကျပ်နဲ့ ဝယ်ယူနိုင်ပါတယ်။

Design & Build Quality

ကျွန်တော်တို့ ရထားတဲ့ Unit က Midnight Blue Color ပါ။ သူ့ ဒီဇိုင်းကာလာ အနေအထားကတော့ဖြင့် ခပ်လုံးလုံး၊ ခပ်ချောချော (Round & Smooth) ပါ။ Blue Color ဆိုပေမယ့် ဘေးဘောင်ကတော့ Silver Color ပေါ့။ Reflective Color မို့ အလင်းရောင်အောက်မှာမှ အပြာရောင်က ပိုပေါ်တယ်။

နောက်ဘက် ဘယ်ထောင့်မှာ Camera ၃လုံးကို ဒေါင်လိုက်တွေ့နိုင်မယ်။ Camera အောက်မှာ Leica ဆိုတဲ့စာတန်းကို ရေးထိုးထားတာက Huawei ရဲ့ Design ပိုင်း Approach တစ်ခုဖြစ်မှာပါ။ Camera ၃လုံးမှာ ၂လုံးက အတော် ဖုထွက်နေတာက အသည်းယားစရာပါ။ Silicon Cover အထူတပ်လိုက်မှပဲ Back Cover နဲ့ တစ်သားတည်းဖြစ်လေးတော့ သိပ်သဘောမတွေ့မိ။

Build Quality အားဖြင့် Glass Back နဲ့ Aluminium Frame ကို သုံးထားတယ်။ Smooth ဖြစ်တဲ့အထိအတွေ့နဲ့ Shiny Color စတာတွေက Premium Quality မှ ကြိုက်တတ်သူတွေအတွက် မက်လောက်စရာဆိုပေမယ့် အပွန်းအစင်းနဲ့ Slippery ဖြစ်လွယ်တာကြောင့် Cover ကတော့ မဖြစ်မနေတပ်သင့်တယ်လို့ထင်မိ။ 180g လေးတဲ့ဖုန်းတစ်လုံးအနေနဲ့ ကိုင်ရတာတော့ နည်းနည်းလေးတဲ့ဘက်မှာရှိတယ်။

Volume & Power Button တွေက ဖုန်းရဲ့ညာဘက်မှာရှိပြီး Vol (-) နဲ့ မှားမနှိပ်မိအောင် Power Button မှာ ကွဲပြားတဲ့အထိအတွေ့နဲ့ အနီရောင်တန်းလေး ပါတယ်။ Button တွေနှိပ်တဲ့အခါရတဲ့ Tactile Sensation က တင်းတင်းရင်းရင်းရှိတယ်။ Dual Sim Tray ကတော့ ဖုန်းဘယ်ဘက် အပေါ်နားမှာရှိတယ်။ No SD Slot ပါ။

ရှေ့မျက်နှာစာမှာတော့ 2018 ရဲ့ Trend ဖြစ်တဲ့ Notch ပါတယ်။ Notch ခပ်သေးသေးထဲမှာ Selfie Camera, Sensor, Noti Light နဲ့ Earpiece Speaker ကို အဝိုင်းပုံစံလေးလုပ်ပြီး ထည့်ထားတာလေးကို အတော်သဘောကျမိတယ်။ နောက်တစ်ချက်ချီးကျူးစရာက အောက်ဘောင် (Chin) နေရာမှာ Fingerprint Sensor ထည့်ပြီး အကျိုးရှိအောင် သုံးတတ်တာလေးပါ။ အပေါ်နဲ့ ဘေးဘောင်လေးတွေတော့ မဆိုစလောက်ထူတယ်။

ခြုံပြောရင်တော့ Premium Design နဲ့ Flagship တန်းဝင် Build Quality ကို P20 Pro မှာ အပြည့်အဝတွေ့ရတယ်။

Display & Security

P20 Pro မှာသုံးထားတာက 6.1" 18:7.9 Ratio နဲ့ 1080p+ Resolution ရှိတဲ့ AMOLED Display (with Notch) ပါ။ Notch မကြိုက်သူတွေအတွက် ဖျောက်ထားလို့ရပြီး Ture Black ဖြစ်လို့ ဖျောက်ထားမှန်းမသိသာဘူး။ Standard, Default Mode မှာ Color Accuracy အတော်မှန်တယ်ပြောကြပေမယ့် မွဲခြောက်ခြောက်နိုင်တဲ့ အရောင်နဲ့တော့ သုံးချင်ကြလိမ့်မယ်မထင်။ Vivid, Default Mode ကတော့ Color စိုရွှန်းပြီး ကြည့်ကောင်းတယ်ထင်မိ။ Brightness လည်း အတော်ကောင်းတယ်။ Sunlight အောက်မှာ ကြည့်ရအဆင်ပြေတယ်။ 720p ကို Change ခွင့်ပေးထားတယ်ဆိုဘေမဲ့ ပြောင်းချင်ကြမယ်တော့မထင် 😅

သူ့ရဲ့ Fingerprint Button က Physical မဟုတ်ပဲ Capacitive Button ပါ။ ဆိုလိုတာက Screen ပိတ်ထားလဲ လက်တင်ရုံနဲ့တန်းပွင့်တယ်ပေါ့။ Unlock Speed မြန်တယ်၊ တိကျတယ်။ အရွယ်အစားသေးလို့ Fingerprint ထည့်တဲ့အခါ သေချာလေးလုပ်စေချင်။

Face Unlock ကတော့ အတော်လေးမြန်တယ်။ ဒါပေမယ့် Secure သိပ်ဖြစ်မယ်မထင်။ (မျက်လုံးစုံမှိတ်ထားရင်တော့ မပွင့်) iPhone တွေမှာလို Raise to Wake Function လေးပါတော့ Face Unlock သုံးရတာ ပိုအဆင်ပြေတယ်။ အလင်းအားနည်းတဲ့နေရာမှာလည်းအလုပ်လုပ်တယ်ဆိုပေမယ့် Screen Brightness ကိုသုံးပြီး Scan ဖတ်တာဆိုတော့ Brightness မြှင့်ထားတာ၊ ဒါမှမဟုတ် Lock Screen Wallpaper လင်းလင်းလေး သုံးရင် ပိုအဆင်ပြေလိမ့်မယ်။

Speaker & Audio Quality

P20 Pro ရဲ့ Dual Stereo Speaker ဟာ အကောင်းဆုံးမဟုတ်တောင် ထိပ်တန်းအဆင့်မှာရှိပါတယ်။ အထူးသဖြင့် Mono Speaker တွေလို Sound Quality မှာ Flat မဖြစ်နေပဲ ကြွကြွရွရွ ရှိတယ်။ အသံကျယ်လောင်မှု နဲ့ပြတ်သားမှုကလည်း ရှယ်ပါပဲ။

Audio Quality ဘက်လှည့်ရရင်တော့ P20 Pro မှာ 3.5mm Headphone Jack မပါတော့ပါ။ သို့ပေမယ့် Type C Earphone လေး ဘူးထဲမှာတစ်ခါထဲပါလာတကတော့ Big Thumbs Up ပါ။ 👍👍👍👍

မကြိုက်တဲ့အချက် စပြောပါ့မယ်။ အသံ အတော်လေးတိုးပါတယ်။ Volume ကို 60% လောက်ထားမှ အဆင်ပြေတယ်။ ပြီးတော့ Treble Sound တွေက Shallow ဖြစ်တယ်။ (အသံတိုးခြင်းရဲ့ အကျိုးဆက်ဖြစ်ပါလိမ့်မယ်။) နောက်ဆုံးတစ်ချက် ကြံဖန်ပြောရင်တော့ Beat တွေက Loudness ကောင်းသလောက် Artificial ဆန်နေသလိုခံစားရ။ (Band နဲ့တီးထားတာမျိုးတွေဆို အရသာအပြည့်မရသလိုလို)

သူ့ရဲ့အဓိကအားသာချက်ကတော့ Bass နဲ့ Vocal ပါ။ Huawei ရဲ့ Dream it Possible ကို flac နဲ့နားထောင်ရတဲ့ Feel က စွန်းမိုက်ပဲ။ Bass ကောင်းကောင်းကြိုက်တတ်သူတွေတွက်လည်း ကွက်တိပါ။ သူ့မှာ Dolby Atmos System ပါပေမယ့် နားကြပ်ရွေးတယ်။ စမ်းဖြစ်တဲ့ကာလ တွင်းမှာ Earphone ၃မျိုးနဲ့စမ်းဖြစ်ခဲ့တယ်။

Mi Colorful Edition ကို Type C Dongle နဲ့ချိတ်စမ်းတော့ Intelligent Equalizer ကို On ရင် အသံတွေ နည်းနည်းလုံးချင်တယ်။ Huawei Type C ကတော့ အတော်လေးကောင်းပေမယ့် Ear Bud နဲ့မဟုတ်လို့လားမသိ၊ သိပ်အားမရ။ အကြိုက်ဆုံးကတော့ SkullCandy Xtfree Bluetooth Earphone ပါ၊ တကယ်နတ်ပြည်ရောက်သွားသလိုပဲ။ ပြောချင်တာက နားကြပ်ကောင်းကောင်းသုံးရင် အသံထွက်ကောင်းပါလိမ့်မယ်။

Performance & Battery Life

P20 Pro မှာသုံးထားတဲ့ Kirin 970 က Mate 10 Pro က Chispet နဲ့အတူတူမို့ သိပ်အထွေအထူးမရှိ။ Snapdragon 835 နဲ့ Level တန်းလောက် သွားကျလိမ့်မယ်လို့ထင်တယ်။ ဒီတော့ Performance ဘယ်လိုနေလဲ? သာမန် Daily Usage, Multitasking ဘာညာလောက်တော့ အေးဆေး။ Gaming ပိုင်းမှာလည်း ဂိမ်းအကြီးတွေနိုင်တယ်။ Game အတွက် PUBG ကိုပဲ အဒိကထားစမ်းဖြစ်ခဲ့တယ်။ သူ့ရဲ့ HD Graphic, High Setting မှာ မထစ်မပြုနဲ့ အေးဆေးဆော့နိုင်တယ်။ HDR, Auto Setting တင်မိရင်တော့ ထစ်လည်းထစ်၊ ပူလည်းပိုပူပြီး အဆင်မပြေလှ။

Temperature အနေနဲ့စမ်းကြည့်သလောက် အမြင့်ဆုံးတက်တဲ့အချိန် ၂ချိန်ပဲရှိဖူးတယ်။ Antutu Benchmark စစ်ချိန်နဲ့ PUBG HDR setting ဆော့ချိန်ပါ။ 44°C ထိ တက်ဖူးတယ်။ HD Setting မှာတော့ 41°C ထိပဲတက်တယ်။ Camera သုံးတာကြာရင် နည်းနည်းနွေးတယ်၊ ဒီလောက်ပါပဲ။

P20 Pro မှာ 4000 mAh သုံးထားတယ်။ 0.31"အထူ မှာ 4000 mAh ပါတာ Impressive ပါ။
Usage အနေနဲ့
1 hr Social Media သုံး (Youtube အကြည့်များ) တာ 12% ကုန်တယ်။
360p Video ကို 20-25% Brightness နဲ့ 1 hr ကြည့်တာ 7% လောက် ကုန်တယ်။
PUBG 45 min ကို 15% ကုန်တယ်။
သီချင်းတစ်နာရီနားထောင်တာ 2% ပဲကုန်တယ်ဗျား 👍

Huawei ရဲ့ 22.5W Super Charge ရဲ့အစွမ်းကလည်း အတော်ထက်တယ်။ 4000 mAh Battery ကို 10-100% အားသွင်းတာ 1hr 27min ပဲကြာတယ်။ ဒါပေမယ့် အဲဒီနှုန်းက သူ့ကြိုး၊ သူ့ Adaptor နဲ့မှရမှာပါ။ တစ်ခုခုများ လဲသုံးလိုက်ရင် နာရီဝက်ကို နဂို 38min ကနေ 25min ထိ ထိုးကျသွားတယ်။ အားသွင်းတုန်းမှာတော့ ဖုန်းပူလာတာမျိုးမတွေ့ရသလို Adaptor ကလည်း အရမ်းကြီးမပူတာ စိတ်ချမ်းသာမိတယ်။

Camera &Video Quality


Huawei ရဲ့ အားအသာဆုံးအပိုင်းရောက်ပြီ။ P20 Pro ကြော်ငြာခါစက ဟိုစပ်စပ်ဒီစပ်စပ်ဖတ်ပြီး Post တင်ခဲ့ဖူးပေမယ့် ကိုယ်တိုင်စမ်းဖြစ်တဲ့အခါ Camera Quality အပေါ် အတော် အားရမိတယ်။ စိတ်ဝင်စားဖို့ကောင်းတာက သူ့ရဲ့ Camera Combo တွေပါ။ ဓာတ်ပုံတစ်ပုံရိုက်ရင် သူ့ရဲ့ Camera ၂လုံး တွဲပြီးအလုပ်လုပ်တာတွေ့တော့ အံ့သြမိတယ်။ 3x နဲ့ 5x Zoom တွေမှာဆို Camera တစ်လုံးကို လက်နဲ့ကာထားမိရင်တောင် ဖုန်းက Complain တက်ပါတယ်။

သူ့ရဲ့ Main Camera ကို 40 MP သုံးရခြင်းအဓိကရည်ရွယ်ချက်က Pixel Binning ကြောင့်ပါ (အသေးစိတ်ကို Post အဟောင်းမှာဖတ်ရန်) တကယ်က Function အတော်များများကို 10MP ပဲ အဓိကသုံးစေချင်ပုံရတယ်။ 40MP နဲ့လည်းရိုက်လို့ရတယ်ဆိုပေမယ့် Detail နဲ့ Sharpness တွေကျလို့ သိပ်မသုံးဖြစ်ခဲ့။ သူ့ရဲ့ 7MP mode တွေက အဆန်းပါ။ 1:1 နဲ့ 18:9 Ratio Photo တွေကို ရိုက်ကူးနိုင်တယ်။ Normal Mode ကလွဲရင် ကျန်တဲ့ Function တွေကို 10 MP နဲ့ပဲ Default ရိုက်ရမှာပါ။ ဒီတော့ Image Quality ဘယ်လိုရှိ?

အရမ်းမိုက်တယ်။ Dynamic Range အတော်ကြီးကောင်းတယ်။ Sharpness နဲ့ Detail ကလည်း လန်း၊ Color တွေကလည်း Accurate ဖြစ်တယ်။ တစ်ချက်တစ်ချက် Focus သိပ်မမိတာလေးရှိတတ်ပေမယ့် ဖြစ်တောင့်ဖြစ်ခဲပါပဲ။ မကြိုက်တာလေးတစ်ချက်က Daytime မှာ Manual Focus လုပ်လိုက်ရင် တစ်ခါတစ်လေ Overexpose ဖြစ်ဖြစ်သွားတတ်တာလေးပါပဲ။ ကျန်တာက Top Class ပါပဲ။

့Huawei Camera မှာ အကြိုက်ဆုံး Mode ကိုရွေးပါဆိုရင် Night Mode ကိုပဲရွေးမိမှာပါ။ Night Mode ကို Daytime မှာလည်း သုံးနိုင်ပေမယ့် Sharpness တွေအရမ်းတက်ပြီး Color တွေလည်း Overasaturate ဖြစ်လို့ မသုံးတာအကောင်းဆုံးပါ။ ဘာကြောင့်ကြိုက်ရလဲဆိုရင် 4sec Exposure Photo တွေကို Tripod မသုံးပဲရိုက်နိုင်လို့ပါ။ အဲဒီအတွက်လည်း AI Stabilization အပြင် Background Software တွေနဲ့ထောက်ပံ့ထားတယ်။ Tripod မလိုဘူးဆိုပေမယ့် အတိုင်းအတာတစ်ခုထိတော့ လက်ငြိမ်သင့်ပါတယ်။ လှုပ်တာများရင် ပုံတွေဝါးတာ၊ နှစ်ထပ်သုံးထပ်ဖြစ်ကုန်တာတွေ ဖြစ်တတ်တယ်။ 4 sec ဆိုပေမယ့် တကယ်ရိုက်တဲ့အချိန်က 2 sec, Software ပြင်တာ၊ Noise လျှော့တာက 2 sec လို့မြင်မိတယ်။ Night Mode နဲ့ Light Trail တော့ ရိုက်လို့ရမှာမဟုတ်ပါ။

ဒီတော့ Low Light Image Quality အနေနဲ့ပြောရင် Normal Mode မှာ Noise နည်းနည်းပိုများပြီး Detail, Color Accuracy ကောင်းတယ်။ Night Mode နဲ့ရိုက်ရင်တော့ ညဘက်မှာရိုက်တဲ့ပုံဟာ ညနေ၊ ဒါမှမဟုတ် မနက်အစောကြီးမှာ ရိုက်တဲ့ပုံလို့ထင်ရလောက်အောင် အလင်းအားကောင်းတယ်။ Exposure သိသိသာသာတိုးလာပြီး ည ၇နာရီလောက် မီးပျက်တုန်း စမ်းရိုက်ခဲ့တဲ့ပုံတွေမှာတောင် အတော်ပြတ်သားတဲ့ Image Quality မျိုးရတာ ကျေနပ်မိတယ်။ ဒါပေမယ့် Noise နည်းအောင်ဖန်တီးရင်း Detail နဲ့ Sharpness နည်းနည်းကျသွားတာမျိုးတွေရှိပေမယ့် သာမန်မျက်စိနဲ့ မျက်နိုင်တဲ့ပမာဏထက် ပိုကောင်းတဲ့ပုံတွေရနိုင်တာတော့ သဘောကျစရာ။ ပြီးတော့ Artificial ဆန်လွန်းတဲ့ ဒီ Mode ကို Pro Camera သမားတွေတော့ သိပ်သဘောတွေ့မယ်မထင်။

သူ့မှာ Zoom အနေနဲ့ 3x နဲ့ 5x ၂မျိုးပါပြီး Camera ၃လုံးစလုံးအကူအညီနဲ့ ရိုက်ကူးတယ်။ အလင်းအားနည်းတဲ့နေရာမှာဆိုရင် Telephoto အစား 40MP Camera က Main Camera အနေနဲ့အလုပ်လုပ်တယ်။ 10 MP နဲ့ 7MP ကိုသုံးနိုင်တယ်။ 7MP ရဲ့ Zoom Photo တွေဟာ 10MP ထက် Zoom ပိုဖြစ်ပြီး Macro Shot သမားတွေအတွက် Lens မလိုပဲရိုက်ကူးဖို့အဆင်ပြေမှာပါ။

Portrait Mode အနေနဲ့တော့ Daylight, Low Light မရွေးအလုပ်လုပ်ပြီး Edge Detection လည်းမဆိုးလှ။ iPhone မှာလို 3D Portrait Lighting Feature ပါပေမယ့် Quality ကိုတော့ သဘောမတွေ့လှ (iPhone X မှာကို သဘောမတွေ့တာ 😅) အားသာတာ တစ်ခုက သူ့မှာ Monochrome နဲ့ Faux Boketh ရိုက်လို့ရတာပါ။ တစ်ခြား Camera Function တွေလည်း အတော့်ကိုစုံစုံလင်လင်ပါတယ်။

Selfie Camera အနေနဲ့ 24MP f/2.0 ပါပြီး Beauty Mode မဖွင့်ထားရင်တောင် အသားအတော်ဖြူ သွားသဗျ။ Day Light မှာတော့ Detail မှာပြောစရာမရှိပေမယ့် Overexposed တော့ ဖြစ်တယ်။ Selfie Portrait လည်း ရိုက်လို့ရတယ်။ Low Light မှာတော့ Screen ရဲ့ အလင်းအားနဲ့ ပုံကောင်းကောင်းရိုက်ကူးနိုင်မယ်။

Video ပိုင်းမှာတော့ 1080p 60fps Mode တစ်ခုကလွဲရင် တခြား 720p နဲ့ 1080p Mode တွေက OIS ရော EIS ပါတွဲလုပ်လို့ အတော့်ကိုငြိမ်တယ်။ 60fps ကတော့ EIS Only ပါ။ 4K 30fps Mode မှာတော့ No Stabilization ပါ။ Video Quality က တစ်ချက်တစ်ချက်မှာ Overexpose ဖြစ်တတ်ပေမယ့် ကျန်တာ အဆင်ပြေတယ်။ 720p 960fps ကတော့ တကယ့် Gimmick ပါ။ အပျော်သုံးလောက်ကလွဲရင် Quality အတော်ညံ့တယ်။

System & Others

P20 Pro မှာ Android Oreo အခြေခံထားတဲ့ EMUI 8.1 ကိုသုံးထားတယ်။ EMUI ဟာ ဟိုအရင်ကထက် တိုးတက်မှုတွေရှိလာတယ်၊ Interface, Smoothness ပိုင်းတွေတိုးတက်လာပေမယ့် Minor Lag, Hiccup လေးတွေ ရှိနေတုန်းပါပဲ။ ပြီးတော့ သူ့မြန်ဆန်မှုက Pure Android လို သွက်တာမျိုးလည်းမဟုတ်သလို တစ်ချို့UI တွေလို Smoothness မျိုးကိုလည်း မမှီသလိုခံစားရ။ Bug ကြီးကြီးမားမားတော့မတွေ့ရ။

သဘောကျတဲ့ ပထမတစ်ချက်က App Drawer ကို User ဆန္ဒအတိုင်း Setting မှာ ထည့်လို့ရသလို ဖြုတ်ထားလို့လည်းရတယ်။ Google Package တစ်ခုလုံး Original ပါတယ်။ Zawgyi Font Built-in ပါတယ်။ International Version မို့လားမသိ၊ Call Recorder တော့ ပါမလာ။

ပြီးတော့ Navigation ကို Android P Style Gesture နဲ့သုံးနိုင်သလို Fingerprint တစ်ခုထဲနဲ့သုံးနိုင်တာလည်း သဘောကျမိ။ နောက်ဆုံးတစ်ချက်ကတော့ သူ့ရဲ့ Smart Assistance ပါ။ Knuckle Gesture လို့ခေါ်တဲ့ လက်ဆစ်ရိုးကိုသုံးပြီး Screenshot ရိုက်တာ၊ Gesture ဆွဲတာ၊ Split Screen လုပ်တာ စတဲ့ Function တွေလုပ်နိုင်တာလေးက မိုက်တယ်။ (အားနည်းနည်းစိုက်ရလို့ Screen ကို တဂွပ်ဂွပ်ခေါက်မိနေတာတော့ အသည်းယားစရာ 😁)


ကဲ...ရေးတာလည်းအတော်များသွားပြီ။ ဒီတော့ ဒီဖုန်းရဲ့ကောင်းကွက်ဆိုးကွက်ကိုလည်း ချင့်ချိန်မိလောက်ပြီလို့ထင်ရဲ့။ တန်၊ မတန်၊ ကြိုက်၊ မကြိုက်ဆိုတာကလည်း ကိုယ့်စိတ်နဲ့ပဲအဓိကဆိုင်ပါလိမ့်မယ်။ ကိုယ့်အနေနဲ့ဆိုရင်တော့ ဓာတ်ပုံဝါသနာပါပြီး ခရီးများများထွက်တတ်သူတွေ၊ Quality ကောင်းကောင်းနဲ့ Music နားထောင်ချင်သူတွေ၊ Flagship Quality Smartphone တစ်လုံးကို Premium Design နဲ့မှ ကိုင်ချင်သူတွေ အတွက် Huawei ရဲ့ P20 Pro ဟာ ကောင်းမွန်တဲ့ရွေးချယ်မှုတစ်ခုဖြစ်လာမှာ အသေချာပါပဲ။

*** (Planet X နည်းပညာ Page မှ ကူးယူဖော်ပြခြင်း)

#planetx #huawei #P20Pro #review

Friday, June 29, 2018

လှေကွတ်တီယို - ကွေတီယိုကြော် - Soba Noodle Soup - ရှမ်းတိုဟူးနွေး - မျှစ်ချဉ်ခေါက်ဆွဲ

လှေကွတ်တီယို



        လှေကွတ်တီယိုကတော့ ကျွန်တော်အကြိုက်ဆုံးအစားအစာတွေထဲက တစ်မျိုးပါ။ သူ့ရဲ့မူလဒေသကတော့ အယုဒ္ဓယမြို့ကပါ။ ဝက်သား၊ အမဲသားများနဲ့ အဓိကထားချက်ပြုတ်ပါတယ်။ ပါးပါးလှီးထားတဲ့အသား၊ အသားလုံးလေးတွေအပြင် ကြိုက်တတ်သူတွေအတွက် သွေး (သွေးရည်) ကိုလည်း အပြုတ်ရည်ထဲမှာ ထည့်ပေးပါတယ်။ လှေကွတ်တီယိုကို အများကြီးထည့်ရောင်းတာမျိုးမဟုတ်ဘဲ တစ်ပွဲစာမှာ ကွတ်တီယိုဖတ်လေး နည်းနည်း၊ အသားလေးနည်းနည်း၊ အသားလုံးလေးလည်းနည်းနည်းစီသာ ထည့်ပြင်ပေးပါတယ်။ ဈေးကလည်း ပုံမှန်ကွတ်တီယိုတွေထက် ဈေးချိုပါတယ်။ ထိုင်းလူမျိုး တွေကလည်းစားရင် ပန်းကန်တွေ တစ်တောင်လောက်ပုံနေအောင်ကို စားကြပါတယ်။ ပဲပင်ပေါက်လေးနဲ့ ဝိုလဖာ ပင်စိမ်းကတော့ မပါမဖြစ်ပါရပါလိမ့်မယ်။ ဒီခေါက်ဆွဲလေးကလည်း ဝက်ခေါက်ကြော်နဲ့ဆို အလွန်လိုက်ဖက်ပါတယ်။

►   ပါဝင်ပစ္စည်းများ (၄ ပွဲစာ)

♦   ကွတ်တီယိုဖတ်   –   ၁ဝ သားခန့် (၁၆ဝ ဂရမ်)

♦   ပါးပါးလှီးပြီးဝက်သားလိုင်းသား   –   ၅ ကျပ်သား

♦   ပါးပါးလှီးပြီးဝက်အသည်း   –   ၅ ကျပ်သား

♦   ဝက်သားလုံး   –   ၁၂ လုံး (တစ်ပွဲ ၃ လုံး)

♦   ပဲပင်ပေါက်   –   တစ်ပွဲစာအနည်းငယ်စီ

♦   ဝိုလဖာပင်စိမ်း   –   (အရွက်ခြွေပြီး) ၄ ခက်

♦   ဝက်ပြုတ်ရည်   –   ၄ ခွက်

♦   ပဲငံပြာရည်   –   အနည်းငယ်

♦   ဝက်သွေးရည်   –   ၁၅ဝ မီလီ (မထည့်လည်းရ)

  တွဲဖက်စားရန်

♦   ဝက်ခေါက်ကြော်

♦   ကြက်သွန်ဖြူကြော်

♦   ငရုတ်ချဉ်

♦   ငံပြာရည်

♦   ငရုတ်သီးအကျက်မှုန့်


►   ပြုလုပ်နည်း

၁။    ကွတ်တီယိုခေါက်ဆွဲများကို နွေးဆူဆူမှာ ၂ မိနစ်ခန့်ပြုတ်ပြီး ရေစစ်ထားပါ။

၂။    ခေါက်ဆွဲများကို ၄ ပွဲစာ အညီအမျှခွဲထည့် ပဲငံပြာရည်ဆမ်းပြီး ပြင်ထားပါ။

၃။    ဝက်ပြုတ်ရည်မှာအသားနဲ့ အသားလုံးများထည့်ကျက်အောင်ပြုတ်ပြီး ခေါက်ဆွဲပန်းကန်မှာ အညီအမျှထည့်ပါ။

၎။    အပေါ်မှပဲပင်ပေါက်နှင့်ပင်စိမ်းများနှင့်ပြင်ဆင်ပြီး အရသာစိတ်ကြိုက်ပြင်ဆင် သုံးဆောင်နိုင်ပါပြီ။

www.facebook.com/MY FOODIES (mm)

ကွေတီယိုကြော်


          ထိုင်းမှာစားလေ့ရှိကြတဲ့ ကွေတီယိုဆန်ပြားကို ဝက်သား၊ ကြက်သား၊ အမဲသား စသည်ဖြင့်နှစ်သက်ရာ အသားများနဲ့ကြော်တဲ့ ပုံစံလေးကို တင်ပြပေးလိုက်ပါတယ်။ ကွေတီယိုဆန်ပြားနေရာမှာနှစ်သက်ရာခေါက်ဆွဲ၊ ကြာဆံတို့ကိုလည်း စိတ်ကြိုက်အစား ထိုးအသုံးပြုနိုင်ပါတယ်။

►   ပါဝင်ပစ္စည်းများ

►   ဆီသတ်ရန်

♦   ဆီ   –   လက်ဖက်ရည်ဇွန်းတစ်ဇွန်း

♦   ချင်း   –   အနည်းငယ်

    (အချောင်းရှည်လေးများလှီးထားပါ)

♦   ကြက်သွန်ဖြူ (စဉ်းပြီး)   –   အနည်းငယ်

►   အသားအရသာသွင်းရန်

♦   ဝက်သား   –   ၁ဝဝ ဂရမ်

♦   ချင်းထောင်းပြီးအနှစ်   –   လက်ဖက်ရည်ဇွန်းတစ်ဇွန်း

♦   ကြက်သွန်ဖြူထောင်းပြီးအနှစ်    –   လက်ဖက်ရည်ဇွန်း တစ်ဇွန်း

♦   ပဲငံပြာရည်   –   ထမင်းစားဇွန်း တစ်ဇွန်း

♦   ဆား   –   အနည်းငယ်

♦   ငရုတ်ကောင်းအဖြူမှုန့်   –   အနည်းငယ်

    (အသားကိုပါးပါးလှီးပြီး ကျန်ပါဝင်ပစ္စည်းများနှင့်ရောနယ်ပြီး ရေခဲသေတ္တာထဲမှာ ၁နာရီခန့်နှပ်ထားပါ)

►   အရသာအတွက်

♦   ဆား   –   အနည်းငယ်

♦   ခရုဆီ   –   အနည်းငယ်

♦   ပဲငံပြာရည်အကြည်   –   အနည်းငယ်

♦   ပဲငံပြာရည်အနောက် –         အနည်းငယ်

    (ပန်းကန်လုံးတစ်လုံးတည်းမှာရောမွှေထားပါ)

  ကြော်ရန်

♦   ပန်းငရုတ်ပွ   –    တစ်ခြမ်း (ပါးပါးလှီးထားပါ)

♦   ဂေါ်ဖီ   –   အနည်းငယ်  (ပါးပါးလှီးထားပါ)

♦   မုန်လာဥနီ   –   အနည်းငယ်

    (အချောင်းရှည်လေးများလှီးထားပါ)

♦   ကွေတီယိုအဖတ်   –    ၂ဝဝ ဂရမ် (ရေစိမ်ထားပါ)

►   ရနံ့အတွက်သုံးရန်

♦   ကြက်သွန်မြိတ်   –   ၂ ပင်

          (အချောင်းရှည်လေးများလှီးထားပါ)


  ပြုလုပ်နည်းအဆင့်ဆင့်

၁။      ဆီအိုးကိုအပူပေးပြီးချင်း ကြက်သွန်ဖြူများထည့်ပြီး ဆီသတ်ပါ။

၂။      အရသာနယ်ထားသောအသားများထည့်ပြီး ၃ မိနစ်ခန့်မွှေကြော်ပေးပါ။

၃။      ကြော်ရန်အစာများကို အစဉ်အတိုင်းထည့်ပြီး ကြော်ပေးပါ။

၎။      အရသာအတွက် ရောနှောထားသော ပါဝင်ပစ္စည်းများ ထည့်မွှေပေးပါ။ ဟင်းအိုးခြောက်လွန်းလျှင် ရေနွေးအနည်းငယ်သုံးနိုင်ပါသည်။

၅။      နောက်ဆုံးမှရနံ့အတွက် ကြက်သွန်မြိတ်များထည့်မွှေပြီး အဆုံးသတ်နိုင်ပါသည်။

www.facebook.com/MY FOODIES (mm)


ဂျပန်ခေါက်ဆွဲ (Soba Noodle Soup)



by May’s Healthy Food 

        ဒီလတော့ ဂျပန်ခေါက်ဆွဲလုပ်နည်းလေးကို ပြောပြချင်ပါတယ်။ လုပ်ရတာလည်းလွယ်ပြီး ကလေးတွေအတွက်လည်း အာဟာရ ပြည့်စေမှာပါ။ လတ်ဆတ်တဲ့ခေါက်ဆွဲကို အသုံးပြုမယ်ဆို ပိုကောင်းပေမယ့် အလွယ်တကူရနိုင်တဲ့ ပန်းဂျုံနဲ့ ရိုးရိုးဂျုံကို အသုံးပြုပြီး ထုတ်လုပ်ထားတဲ့ Dried Soba Noodle ကို အသုံးပြုထားပါတယ်။ ခေါက်ဆွဲနဲ့အတူစားမယ့် Soup ကိုတော့ Dashi အမှုန့်ကို အသုံးမပြုဘဲ Home Made Dashi ကို အသုံးပြုထားပါတယ်။ အလွယ်တကူ ဝယ်ယူရရှိနိုင်တဲ့ Dashi အမှုန့်မှာ Sodium Glutamate ပါဝင်လို့ ကလေးတွေအတွက် အသုံးပြုဖို့ မသင့်လျော်တာမို့ အိမ်လုပ်နည်းလေးပါ ရေးပေးထားပါတယ်။ Dashi အတွက်အသုံးပြုတဲ့ ပစ္စည်းတွေကိုတော့ ဂျပန်ပစ္စည်းအရောင်းဆိုင် (City Mart) မှာ ရရှိနို်င်ပါတယ်။

Dashi အရည်အတွက်

          Dashi ပြုလုပ်ပုံတွေထဲကမှ Kombu Dashi ပြုလုပ်နည်းကို ရေးပေးမယ်နော်။

ပါဝင်ပစ္စည်းများ

Kombu  –  ၂၀ ဂရမ်

Dried Bonito Flakes (Katsuobushi)  –  ၃၀ ဂရမ်

Water  –  ၁၀ဝ မီလီမီတာ


ပြုလုပ်ပုံ

၁။       Kombu တွေကို ရေစိုအဝတ်သန့်လေးဖြင့်သုတ်ပြီး သန့်စင်ပေးပါ။

၂။       သန့်စင်ပြီး Kombu ကို ရေ 100 ml မှာ တစ်ညစိမ်ထားပါ။

၃။       တစ်ညစိမ်ထားပြီးသား အရည်ကို မီးအလယ်အလတ်ဖြင့် ဆူပွက်လာအောင်တည်ပါ။

၎။       ဆူပွက်လာလျှင် Kombu ကိုထုတ်ပြီး မီးပိတ်ကာ Dried Bonito Flakes ၃၀ ဂရမ်ကို ထည့်ပြီး ဆူပွက်လာအောင် နောက်တစ်ကြိမ် ထပ်တည်ပါ။

၅။       ဆူပွက်လာလျှင် အရည်ကို ဆန်ခါဖြင့်စစ်ပြီး အအေးခံပါ။ အဲဒီ Dashi အရည်ကို ရေခဲသေတ္တာထဲထည့်ပြီး လိုသလိုအသုံးပြုပါ။

Dried Noodle ချက်ပြုတ်နည်း

          ခေါက်ဆွဲ ၂၀ဝ ဂရမ်ကို ရေနွေးဆူဆူမှာ ၁၀ မိနစ်ခန့် ပြုတ်ပြီး  ရေအေးမှာပြန်ဆေးကာ ရေစစ်ထားပါ။

Noodle Soup ပြုလုပ်နည်း

ပါဝင်ပစ္စည်းများ

Dashi  –  ၂၀ဝ မီလီမီတာ

Sugar  –  စားပွဲဇွန်း ၂ ဇွန်း

Japanese Light Soy Sauce  –  စားပွဲဇွန်း ၂ ဇွန်း

ပါဝင်ပစ္စည်းများကို မီးအေးအေးဖြင့် ဆူပွက်လာအောင် တည်ပါ။

ပြုလုပ်ပုံ

          ရေစစ်ထားတဲ့ ခေါက်ဆွဲထည့်ပါ။ ရေညှိအခြောက်၊ တန်ပူရာအကြော် အနည်းငယ်ထည့်ပြီး သုံးဆောင်ပါ။


ရှမ်းတိုဟူးနွေး

       
တိုဟူးကျိုနည်းက ကုလားပဲကို ရေစိမ်ကြိတ်ပြီး စစ်ပြီး ရေများများနဲ့ ရေစိမ်အနယ်ထိုင်ပြီး လုပ်တာရှိ တယ်။ ပဲမှုန့်ကိုရေဖျော်ပြီး တန်းကျိုတာရှိတယ်။ ပဲမှုန့်ကိုပဲ ရေဖျော်စစ်ပြီး ရေများများနဲ့ အနယ်ထိုင်ပြီး လုပ်တာရှိတယ်။ လုပ်နည်းမတူတဲ့အပေါ်မှာ တိုဟူးပုံစံ အနည်းငယ် ကွဲပြားပါတယ်။

►   ရှမ်းတိုဟူးကျိုရန်

၁။      ပဲမှုန့်အစိမ်းတစ်ထုပ်၂ဝဝ ဂရမ်ကို ရေထည့်ပြီးဖျော်ပါ။ ပြီးလျှင် အဝတ်ပါးဖြင့်စစ်ပြီး ရေ ၈ လီတာလောက် ထည့်ပြီး အေးတဲ့နေရာမှာ အနည်ထိုင်ထားပါ။ ပူနွေးသောနေရာထားမိလျှင် ပဲချဉ်သွားတတ်ပါတယ်။ မနက်ကျိုမယ်ဆို ညကတည်းက စိမ်ထားပါ။

၂။      အနယ်ထိုင်သွားပါက အပေါ်ယံမှ အရည်ကြည်များကို သွန်ထုတ်ပြီး အောက်ဆုံးမှ ပဲအနှစ်များကိုသာ ချန်ထားပါ။ 400 ml ခန့် ရှိပါတယ်။

►   တိုဖူးကျိုနည်း

၁။      ရေတစ်လီတာကို ထန်းလျက်၂ လုံး၊ ဆား လက်ဖက် ရည်ဇွန်း တစ်ဇွန်း၊ နနွင်းအနည်း ငယ်ထည့်ပြီး မီးဖို တွင်တည်ပါ။

၂။      ဆူပွက်လာပါက ပဲနှစ်ရည်ကို တစ်ဖက်မှထည့်ပြီး တစ်ဖက်က အဆက်မပြတ်မွှေပေးပါ။ မီးကိုအနေတော် ဖြင့် မွှေပေးပါ။ တဖြည်းဖြည်း ပျစ်လာသည်ထိမွှေပါ။

၃။      ပျစ်လာပြီး ကြွက်မြီးတန်း အနေထားရပါက ပဲစိမ်းနှံ့ ပျောက်မပျောက်နှင့် အရသာအပေါ့အငန် မြည်းကာ မီးကိုအသေးဆုံးအနေထိ လျော့ထားပြီး အပူပေးထားပါ။ အေးသွားလျှင် တိုဟူးနွေးပျစ်ခဲခဲနဲ့မို့ မလှတော့ပါဘူး။

***    ပဲမှုန့်ကို ရေမစိမ်ဘဲပြုလုပ်လိုပါက ရေဖျော်ပြီး တန်းကျိုပါ။ ပါဝင်တဲ့အချိုး အတူတူပဲဖြစ်ပါတယ်။


►     တိုဟူးနွေးပြင်ဆင်နည်း

♦   ဆန်စီးခေါက်ဆွဲသို့ ရေစိမ်ခေါက်ဆွဲ   –   တစ်ပွဲစာ

♦   ကြက်သွန်ဖြူ ဆီချက်   –   စားပွဲဇွန်းတစ်ဇွန်း

♦   နှမ်းဆီချက် (သို့) နှမ်းထောင်း   –   လက်ဖက်ရည်ဇွန်း တစ်ဇွန်း

♦   မြေပဲထောင်း   –   တစ်ဇွန်း

♦   ငရုတ်ဆီချက်   –   တစ်ဇွန်း

♦     ကြာညို့ အချို   –   တစ်ဇွန်း

♦     ပဲငံပြာရည်   –   တစ်ဇွန်း

♦     နံနံပင်   –   အနည်းငယ်

၁။      ဦးစွာ ဆန်စီးခေါက်ဆွဲ တစ်ပွဲစာကို တိုဟူးနွေးအိုးထဲ ထည့်ပြီး ပျော့အောင်ခဏထားပြီး ပန်းကန်တွင် ထည့်ပါ။ တိုဟူးနွေးလည်း ခတ်ထည့်ပါ။

၂။      အပေါ်မှ ကြက်သွန်ဖြူဆီချက်၊ မြေပဲထောင်း၊ နှမ်းဆီချက် (သို့) နှမ်းထောင်း၊ ကြာညို့အချို၊ အငန်၊ ငရုတ်သီး ဆီချက်၊ ကြက်သွန်မြိတ်၊ နံနံပင်ထည့်ပြီး ရှမ်းချဉ်နှင့် တွဲဖက်သုံးဆောင်နိုင်ပါပြီ။ အီကြာကွေးနှင့်လည်း လိုက်ဖက်ပါတယ်။ အရသာလေးပင်စေရန် ခရမ်းချဉ်သီးချက် ထည့်နိုင်ပါတယ်။ သက်သတ်လွတ်လည်း စားကောင်းသလို ကြက်သားထည့်လိုက ထည့်ပါ။ ရေစိမ်ခေါက်ဆွဲသုံးပါက ခေါက်ဆွဲကို သီးသန့်ပြုတ်ပြီးမှ ပွဲပြင်ပါ။

မျှစ်ချဉ်ခေါက်ဆွဲ



            ရှမ်းခေါက်ဆွဲကို နေရာဒေသအလိုက် မတူညီတဲ့ပုံစံအမျိုးမျိုးနဲ့ လုပ်စားကြတဲ့အထဲ အမဲသားမျှစ်ချဉ်ခေါက်ဆွဲလေးက အရသာထူးခြားလှတဲ့ ရှမ်းခေါက်ဆွဲလေးဖြစ်ပါတယ်။ မြေပဲဆံ၊ ပဲပြင်းစေ့နှင့် အသားမျှစ်ချဉ်တွဲဖက်ထားသော တမူထူးတဲ့ရှမ်း ခေါက်ဆွဲဆိမ့်ဆိမ့်လေး လုပ်နည်း၊ ချက်နည်းလေးကို စိတ်ရှည်စွာသင်ပြပေးတဲ့ မမကြီးကိုလည်း အထူးကျေးဇူးတင်ပါတယ်။ ရှမ်းခေါက်ဆွဲချစ်သူများတွက် ချက်နည်းလေး မျှဝေပေးလိုက်ပါတယ်။ ချက်စားကြည့်ရအောင်နော်။

►   ပါဝင်ပစ္စည်းများ

♦   အမဲသား (သို့) ဆိတ်သား   –   ၂၅ ကျပ်သား

♦   ပဲပြင်းစေ့   –   ၃ ဘူး (နို့ဆီဘူး)

♦   ခရမ်းချဉ်သီး   –   ၃ လုံး

♦   ကြက်သွန်နီ   –   ၃ လုံး

♦   မြေပဲဆံ –   တစ်ပန်းကန်

♦   ချင်း၊ ကြက်သွန်ဖြူ   –   စားပွဲဇွန်း တစ်ဇွန်း

♦   ဆီ   –   အနည်းငယ်

♦   အရောင်တင်   –   နည်းနည်း

♦   ဆား   –   လိုသလောက်

►   တွဲဖက်စားရန်

♦   ဆန်ခေါက်ဆွဲ

♦   နှမ်းထောင်း

♦   သံပရာသီး

♦   နံနံပင်

♦   ငရုတ်သီးဆီချက်


  ပြင်ဆင်ပြုလုပ်ပုံ

၁။        အသားကိုရေဆေးသန့်စင်ပြီး အနေတော်အတုံးလေးများ တုံးထားပါ။ မျှစ်ချဉ်ကိုလည်း အနေတော်လှီးဖြတ်ထားပါ။

၂။        ချက်မည့်အိုးတွင် အသား၊ ပဲပြင်းစေ့၊ မျှစ်ချဉ်၊ ခရမ်းချဉ်သီး၊ ကြက်သွန်သေးသေးစိတ်၊ ချင်းကြက်သွန်ဖြူထောင်း၊ အရောင်တင်၊ ဆားနှင့် ဆီအနည်းငယ်ထည့်ပြီး လုံးချက်ပါ။

၃။        မြေပဲဆန်ကို ရေစိမ်ထားပြီး ကြေညက်အောင်ကြိတ်ထားပါ။

၎။        ဟင်းအိုးလုံးရည်ခန်းပါက ရေအနည်းငယ်ဆီထည့်ပေးပြီး အသားနှင့် ပဲပြင်းစေ့တို့ကို နူးအိသည်ထိတည်ပေးပါ။

၅။        အသားနူးအိပါက လိုအပ်သလို ဟင်းရည်အပျစ်အကြဲရအောင် လုပ်ပြီး မြေပဲကြိတ်ထားသည်ကို ထည့်ပါ။

၆။        ဆူပွက်လာပါက အရသာအပေါ့အငန်မြည်းပြီး ခေါက်ဆွဲနှင့်တွဲဖက်စားရန် ဟင်းအသင့်ရပါပြီ။

၇။        ခေါက်ဆွဲပွဲပြင်ရန် ရှမ်းခေါက်ဆွဲကို ရေနွေးဖျောပြီး ချက်ထားသောအသားမျှစ်ချဉ်ဟင်းရည်ထည့်ပါ။ နံနံပင်၊ နှမ်းထောင်း၊ သံပရာသီး၊ ငရုတ်သီးတို့ဖြင့် တွဲဖက်သုံးဆောင်နိုင်ပါပြီ။

♦   Sofia   ♦

Thursday, June 28, 2018

💣အလုပ်ထုတ်မလို့လား?



✅လုပ်ငန်းခွင်တိုင်းမှာ ၀န်ထမ်းအ၀င်အထွက်တွေရှိသလို ၀န်ထမ်းတချို့ကို အလုပ်ထုတ်ဖို့ အခြေအနေတွေနဲ့ ကြုံရတာတွေလည်းရှိပါတယ်။ စီမံခန့်ခွဲသူတွေ အနေနဲ့ အလုပ်ထုတ်ရတော့မယ်ဆိုရင် အတော်များများကမလုပ်ချင်ကြပါဘူး။ ဘယ်လိုပဲ မလုပ်ချင်ချင် လိုအပ်လာတဲ့အခါမှာ မလုပ်ချင်ပေမဲ့ ၀န်ထမ်းတချို့ကို အလုပ်က ထုတ်ရတာတွေရှိပါတယ်။ အလုပ်ထုတ်ဖို့လိုအပ်လာတဲ့အခါမှာ အသုံးပြု နိုင်မယ့် နည်းလမ်းတချို့ကိုဖေါ်ပြလိုပါတယ်။

✅Make sure of your facts beforehand. အလုပ်ထုတ်ဖို့လိုအပ်လာရင် ထုတ်ဖို့ လိုအပ်တဲ့အကြောင်းအရာတွေ၊ အကြောင်းပြချက်တွေ၊ သက်သေ အထောက်အထားတွေ စီမံခန့်ခွဲသူတွေရဲ့ လက်ထဲမှာ အသင့်ရှိနေဖို့ လိုအပ်ပါတယ်။ အကြောင်းပြချက်မခိုင်လုံဘဲ ၀န်ထမ်းတစ်ယောက်ကို အလုပ်က ထုတ်ပယ်လိုက်ရင် ၀န်ထမ်းအနေနဲ့ မကျေနပ်ရင် အလုပ်သမားဥပဒေ စစ်ဆေးရေးရုံးတွေမှာ သွားတိုင်တာတွေခံရနိုင်ပါတယ်။ အဲလိုအတိုင်ခံရရင် လုပ်ငန်းအနေနဲ့ အနည်းနဲ့အများတော့ လုပ်ငန်းရဲ့ပုံရိပ်ကို ထိခိုက်စေပါတယ်။ မလိုအပ်ဘဲ အလုပ်ပိုရှုပ်တာတွေရှိသလို အခန့်မသင့်ရင် စီမံခန့်ခွဲသူတွေပါ ထောင်ဒဏ်အထိကျနိုင်ပါတယ်။

✅Ensure procedural fairness. အလုပ်ထုတ်ခြင်းနဲ့ပတ်သက်တဲ့ မူဝါဒတွေ၊ စည်းမျဉ်းစည်းကမ်း အရေးယူမှုတွေမှာ မျှမျှတတရှိဖို့ လိုအပ်ပါတယ်။ တခါတလေမှာ ရှိတတ်တာက ဟိုလူဆို မထုတ်ဘူး ဒီလူဆိုမထုတ်ဘူး၊ အဆင်ပြေရင်တမျိုး အဆင်မပြေရင် တမျိုးဆိုတာတွေ လုပ်ငန်းခွင်အတွင်းမှာ ဖြစ်တတ်ပါတယ်။ ဒီလိုမျိုးတွေဖြစ်ခဲ့ရင် လုပ်ငန်းခွင်အတွင်းမှာ စီမံခန့်ခွဲရတာလည်း အနည်းနဲ့အများ အခက်အခဲတွေ့စေမှာပါ။ စီမံခန့်ခွဲသူတွေအနေနဲ့ ဘာကြောင့်အလုပ်ကနေထုတ်ပယ်ဖို့ လိုအပ်တယ် ဆိုတဲ့အကြောင်းကို သက်ဆိုင်ရာဝန်ထမ်းကို ပြောပြဖို့လိုအပ်သလို အဲဒီအကြောင်းအရာနဲ့ပတ်သက်ပြီး ၀န်ထမ်းအတွက် ထိုက်သင့်တဲ့ ဖြေရှင်းမှုတွေ ရှိရင် ပြန်လည်ပြောဆိုခွင့်ပေးထားရမှာဖြစ်ပါတယ်။

✅Use a Progressive Discipline Approach.
တဆင့်ပြီး တဆင့်မြှင့်တင်အရေးယူမှုနည်းလမ်းကို အသုံးပြုပါ။
အခြေအနေ အချိန်အခါအပေါ်မူတည်ပြီး စည်းမျဉ်းစည်းကမ်းဆိုင်ရာအရေးယူဆောင်ရွက်မှုတွေကိုပြောင်းလဲနိုင်ပေမဲ့ တဆင့်ပြီးတဆင့် မြှင့်တင်ဆောင်ရွက်မှုတွေ လုပ်ရတဲ့အခါမျိုးလည်းရှိပါတယ်။ ဒါပေမဲ့သာမာန်ထက်ပိုပြီး ပြင်းထန်တဲ့ စည်းကမ်းချိုးဖောက်မှုမျိုးကို ပထမဦးဆုံးကြူးလွန်ချိုးဖောက်ခဲ့ရင် အလုပ်ကနေ တခါတည်းထုပ်ပယ်ရတာမျိုးရှိတတ်ပါတယ်။

✅Progressive Discipline Approach မှာအဓိကပါဝင်တဲ့
အဆင့် (၅)ဆင့်ကတော့

1.  Verbal Warning လို့ခေါ်တဲ့ နှုတ်နဲ့သတိပေးတာနဲ့ စတင်ပါတယ်။
Verbal Warning က ပုံစံတကျ Formal မဖြစ်ပေမဲ့ သက်ရောက်မှု
Effect နည်းတဲ့ တချို့ ကိစ္စရပ်တွေမှာ သုံးရပါတယ်။

2. Written Verbal Warning  ကတော့ နှုတ်နဲ့သတိပေးတာ ဖြစ်ပြီး
သတိပေးတဲ့အကြောင်းအရာတွေကို မှတ်တမ်းတင်ထားရပါမယ်။ လိုအပ်လာရင် အထောက်အထားတခုအနေနဲ့ သုံးလို့ရအောင် မှတ်တမ်းထားတာဖြစ်ပါတယ်။

3. Written Warning လို့ခေါ်တဲ့ စာနဲ့သတိပေးတာကတော့ ပိုမိုပုံစံကျန Formal ဖြစ်ပါတယ်။ Written Warning က သက်ဆိုင်ရာ ၀န်ထမ်းကို သတိပေးရုံမဟုတ်ဘဲ ၀န်ထမ်းရဲ့ ကိုယ်ရေးမှတ်တမ်းဖိုင်မှာလဲ ထည့်သွင်းမှတ်တမ်းတင်ထားရတာကြောင့် အခြားလုပ်ဆောင်ချက်တွေအတွက် လိုအပ်လာရင် အလွယ်တကူ
ပြန်လည် ကြည့်လို့ရပါတယ်။

4. Suspension ကာလတခု အထိ လုပ်ငန်းတာဝန်မှ ရပ်စဲတာ (သို့) ရာထူးတဆင့်နိမ့်ချတာတွေဖြစ်တဲ့ Suspension ကိုလည်း သုံးတတ်ကြပါတယ်။ ဒါပေမဲ့ Suspension က တချို့အခြေအနေတွေမှာ အပျက်သဘောဆောင်တဲ့ အကျိုးသက်ရောက်မှုတွေ ဖြစ်ပေါ်နိုင်ပါတယ်။ ရာထူးလျှော့ခံလိုက်ရတဲ့အတွက် စိတ်ဓါကျတာတွေ၊ လုပ်ဖေါ်ကိုင်ဘက် တွေအကြားမှာ အရှက်ရတာမျိုးတွေ ၀န်ထမ်းအနေနဲ့ ခံစားသွားရပြီး အလုပ်ကနေ မထွက်သင့်ဘဲ ထွက်သွားတာမျိုးလည်းရှိပါတယ်။

5. Dismissal ကတော့ အဆင့်ဆင့် အရေးယူဆောင်ရွက်ခဲ့ပေမဲ့ပြင်ဆင်လိုက်နာမှုမရှိတဲ့ ၀န်ထမ်းတွေကို လုပ်ငန်းတာဝန်မှ
ရပ်စဲ ထုတ်ပယ်လိုက်တာပဲဖြစ်ပါတယ်။ တကယ်တော့ ၀န်ထမ်းတစ်ယောက်ကို အလုပ်ထုတ်တယ်ဆိုတာ တကယ်မလွယ်ကူတဲ့ ကိစ္စဖြစ်ပါတယ်။ ဒီလိုအဆင့်ဆင့်လုပ်လို့ရတဲ့ အခြေအနေမျိုးရှိခဲ့လို့ အလုပ်ကနေထုတ်ပယ်ရတော့မယ်ဆိုရင်လည်း အရင်သတိပေးခဲ့တဲ့ အထောက်အထား စာရွက်စာတမ်းတွေ ရှိနေဖို့လိုအပ်ပါတယ်။ အဆင့်ဆင့်မဟုတ်ဘဲ အလုပ်ကနေချက်ချင်းထုတ်ပယ်ဖို့လိုအပ်တဲ့ အကြောင်းအရာတွေရှိခဲ့ရင်လည်း စာရွက်စာတမ်း၊ အထောက်အထားတွေ ခိုင်ခိုင်လုံလုံရှိဖို့လိုအပ်ပါတယ်။ အလုပ်သမားရေးရာ ဥပဒေသတ်မှတ်ချက်တွေကို ကျွမ်းကျင် ပိုင်နိုင်နေအောင် ဖတ်မှတ်လေ့လာထားပါ။

✅၀န်ထမ်းတွေဟာ ဟိုးအရင် ကထက် အသိပညာပိုမိုတတ်လာတယ်။ ဗဟုသုတပိုရှိလာကြတယ်။ အဲဒီနေရာမှာ မကျေနပ်လို့ အလုပ်ထုတ်ခံရလို့ အလုပ်သမားဥပဒေ စစ်ဆေးရုံးတွေတိုင်ခဲ့ရင် စီမံခန့်ခွဲသူတွေအနေနဲ့လည်း အလုပ်သမား ဥပဒေရေးရာတွေမှာ ကျွမ်းကျင်ခဲ့ရင် အဆင်ပြေပြေပြီးဆုံးနိုင်ပါတယ်။ မဟုတ်ရင်တော့ အလုပ်သမားသောင်းနဲ့ သိန်းနဲ့ချီပြီးဖွဲ့စည်းထားတဲ့ အလုပ်သမားသမဂ္ဂတွေကို ၀န်ထမ်းကအကူအညီတောင်း ဖြေရှင်းခဲ့ရင် လုပ်ငန်းဘက်က ဥပဒေအရ မညီညွတ်ခဲ့ရင် ထောင်ကျတဲ့အထိ ဖြစ်သွားနိုင်ပါတယ်။

• Arrange termination payment. အလုပ်ထုတ်ပြီးသွားရင် ပေးရမယ့် ၀န်ထမ်းရဲ့ လစာနဲ့ခံစားခွင့်တွေအတွက် ပြင်ဆင်ထားဖို့လိုအပ်ပါတယ်။ မိမိကမကြိုက်လို့ အလုပ်ကထုတ်လိုက်ပီး ပေးထိုက်တဲ့ လစာနဲ့ ခံစားခွင့်တွေ ၀န်ထမ်းတွေကိုမပေးနိုင်ရင်လည်း ပြဿနာရှိနိုင်ပါတယ်။ အလုပ်သမားဥပဒေ အနေနဲ့လည်း ၂၀၁၆ ခုနှစ် အခကြေးငွေပေးချေရေး ဥပဒေတွေရှိ နေပြန်ပါတယ်။

• Meet with the employee. ၀န်ထမ်းကို ခေါ်ယူတွေ့ဆုံပါ။ ဘယ်လိုအကြောင်း ကြောင့်အလုပ်ကနေထုတ်ပယ်လိုတယ်ဆိုတာတွေကို ပြောဖို့အတွက် ၀န်ထမ်းနဲ့ ခေါ်ယူတွေ့ဆုံရပါမယ်။ နေရာအသေအချာရွေးဖို့လိုအပ်ပါတယ်။ ပြောဆိုနေချိန်တွေမှာ အနှောက်အယှက်မရှိအောင် ဖုန်းတွေ ဖြစ်နိုင်ရင် Silent Mode ပြောင်းထားဖို့လိုအပ်ပြီး အခန်းထဲကို လူတွေ ခဏခဏ၀င်လာပြီး မပြီးပြတ်သေးတဲ့လုပ်ငန်းကိစ္စပြောပြတာမျိုးတို့ကို တတ်နိုင်သမျှမရှိအောင် စီစဉ်ထားပါ။

• Document the event. အလုပ်ထုတ်ပြီးတဲ့အခါမှာလည်း ဘယ်နေ့မှာ အလုပ်ထုတ်တယ်။ ဘာအကြောင်းကြောင်းနဲ့ဆိုတာတွေ အလုပ်ထုတ်တာနဲ့ ပတ်သက်တဲ့ စာရွက်စာတမ်းတွေ စနစ်တကျပြုစုထိန်းသိမ်းဖို့လိုအပ်ပါတယ်။

အကြံပြုချက်များ

• ၀န်ထမ်းတိုင်းဟာ သူတို့အပေါ်မှာ မျှမျှတတဆက်ဆံတာကို လိုချင်ကြတဲ့အတွက် မမျှတတဲ့ အလုပ်ထုတ်တာတွေကိုရှောင်ကျဉ်သင့်ပါတယ်။

• မဖြစ်မနေထုတ်ဖို့လိုအပ်လို့ ၀န်ထမ်းတဦးဦးကို အလုပ်ကနေထုတ်မယ်ဆိုရင် တောင် အသေအချာစနစ်တကျ စီမံခန့်ခွဲဖို့လိုအပ်ပါတယ်။ အကြောင်းကတော့ ၀န်ထမ်းတွေထုတ်ရင် ဘယ်လိုထုတ်တယ်ဆိုတဲ့ စီမံခန့်ခွဲသူတွေရဲ့ အပြုအမူနဲ့ ဆုံးဖြတ်ချက်တွေဟာ လက်ရှိအလုပ်ထဲမှာရှိနေတဲ့ ၀န်ထမ်းတွေအပေါ်မှာ သက်ရောက်မှုတွေရှိနေလို့ပါ။

• ၀န်ထမ်းအသစ်တွေရှာဖွေရွေးချယ်ရတာ အရေးကြီးသလို အလုပ်ထုတ်ပယ်တာ ဟာလည်း အရေးကြီကြောင်း သတိရှိပါ။

• ဥပဒေရေးရာ ပြဿနာတွေရဲ့ အကျိုးဆက်တွေမဖြစ်အောင် တတ်နိုင်သမျှ လိမ်လိမ်မာမာကိုင်တွယ်ဖြေရှင်းပါ။ ဥပဒေရေးရာ ပြဿနာတွေရှိခဲ့ရင်လည်း မိမိရဲ့ Communication Skills က အရေးကြီးကြောင်းနားလည်ပါ။

လေးစားစွာဖြင့်

ပိုင်စိုး (Management)

Ref; The Management Bible by Neil Flanagan & Jarvis Finger, Fundamentals of HRM by David A. Decenzo and Stephen P. Robbins

Wednesday, June 27, 2018

ဘဝဆိုတာ ဘာလဲကွယ်



                                                ရဝေနွယ်(အင်းမ)

           တစ်ခါတုန်းက ခရီးသွားယောက်ျားတစ်ယောက်ဟာ ကွင်းပြင်တစ်ခုကို ဖြတ်သန်းနေတုန်း ကျားတစ်ကောင်နဲ့ ပက်ပင်းတွေ့လိုက်ရပါတယ်။ ခရီးသွားယောက်ျားက ထွက်ပြေးရင်း ချောက်ကမ်းပါးတစ်ခုရောက်တော့ နွယ်ရိုင်းပင်တစ်ခုကို လှမ်းဆွဲပြီး သူ့ခန္ဓာကိုယ်ကို ချောက်ကမ်းပါး အောက်ကို လွှဲချလိုက်ပါတယ်။
ကျားက ချောက်ကမ်းပါးပေါ်ကနေ အနံ့ခံနေပါတယ်။ ခရီးသွားယောက်ျားက တုန်လှုပ် ချောက်ချားနေပြီး အောက်ငုံ့ကြည့်လိုက်တော့ အောက်မှာ နောက်ကျားတစ်ကောင်က သူ့ကို စားဖို့ အသင့်စောင့်နေပါတယ်။ ကိုင်ထားတဲ့နွယ်ရိုင်းပင်ကြီးကသာ သူ့အတွက် အားထားရာဖြစ်နေပါတယ်။ အဲဒီအချိန်မှာ ကြွက်ဖြူ ကြွက်မဲနှစ်ကောင်ကလည်း နွယ်ရိုင်းပင်ကို နည်းနည်းချင်း ကိုက်ဖြတ်နေပါတယ်။

          အန္တရာယ်နဲ့ ဒုက္ခမျိုးစုံ တွေ့ကြုံနေတုန်း လက်အနီးမှာ စားချင်စဖွယ် စတော်ဘယ်ရီသီးကို တွေ့လိုက်ရပါတယ်။ ဒီတော့လက်တစ်ဖက်က နွယ်ရိုင်းပင်ကိုမြဲအောင်ကိုင်ပြီး ကျန်လက်တစ်ဖက်က စတော်ဘယ်ရီသီးကို လှမ်းခူးပြီး စားလိုက်ပါတယ်။ ပြီးတော့ စကားတစ်ခွန်း ပြောလိုက်ပါတယ်။ ''အလွန်အရသာရှိတဲ့ စတော်ဘယ်ရီသီးလေးရယ်''။
                                          (101 ZEN STORIES )

          ဘဝဆိုတာ ဘာလဲဆိုတာလေးကို ဖွင့်ပြထားတဲ့ ဂျပန်ဇင်ပုံပြင်လေးပါ။ ဒုက္ခမျိုးစုံဝန်းရံထားတဲ့ ဘဝတိုတိုလေးမှာ ပျော်အောင်နေတတ်ဖို့ သာဓကပြပုံပြင်လေးပါ။ ဒီထက်ကျယ်ပြန့်တဲ့ အတွေးတွေလည်း ရှိနိုင်ပါတယ်။ ကိုယ်တွေးတတ်သလို ဆက်တွေးရုံပါပဲ။ ပုံပြင်ဇာတ်ဆောင် အမျိုးသားကတော့ အန္တရာယ်ဒုက္ခမျိုးစုံကြားထဲက စတော်ဘယ်ရီသီးလေးကို ပျော်ပျော်ကြီး စားသွားခဲ့ပါတယ်။

       ဒီတော့ ဒုက္ခတောထဲက ဘဝတစ်ခုအတွက် ပျော်အောင် ဘယ်လိုနေမလဲ။

      အဖြေကတော့ အမျိုးမျိုးထွက်လာနိုင်ပါတယ်။ အဖြေထုတ်တဲ့အခါ သူတစ်ပါးကို မထိခိုက်တဲ့မူဘောင်ထဲက ထုတ်ရမှာပါ။ စိတ်ခံစားမှုမျိုးစုံ ရှိနေကြတဲ့အတွက် အဖြေမျိုးစုံ ထွက်လာနိုင်ပါတယ်။ ကိုယ့်ဘဝနဲ့ ကိုက်ညီတဲ့ အဖြေကို စဉ်းစားရမှာပါ။ ကိုယ်ရထားတဲ့ဘဝနဲ့ ယှဉ်ပြီး စဉ်းစားရမှာပါ။ တစ်ခါတလေကျတော့လည်း ဘဝတွေက ဘယ်လိုပြောရမှန်းတောင် မသိတော့ပါဘူး။ စဉ်းစားရင်း စဉ်းစားရင်းနဲ့ပဲဘဝတွေကပြီးသွားခဲ့ပါတယ်။ မနက်စောစောအိပ်ရာနိုးစနဲ့ တရားထိုင်ပြီးစအချိန်လေးတွေမှာ စဉ်းစားရင် မှန်တဲ့အဖြေလေးတွေ တွေးမိတတ်ပါတယ်။

        တရားသဘောအရ တစ်သက်လုံး ကုသိုလ်တွေနဲ့ ပျော်အောင်နေသွားနိုင်ရင်တော့ အကောင်းဆုံးပါပဲ။ ဒါပေမဲ့ ပုထုဇဉ် လူသားတစ်ယောက်အနေနဲ့ စားဝတ်နေရေးဆိုတာကြီးက နေ့စဉ် ရှိနေတဲ့အတွက် မိသားစုစားဝတ်နေရေးအတွက် ရုန်းကန်ရပါဦးမယ်။ ဒီတော့ တစ်သက်လုံး အကြားမရှိ ကုသိုလ်တွေနဲ့ နေသွားဖို့ကျတော့လည်း မလွယ်လှပြန်ပါဘူး။

        လူ့ဘဝသက်တမ်း ယေဘုယျ(၇၅)နှစ်ဆိုပေမယ့် ရောက်နေတဲ့အသက်နဲ့တွက်ရင် လက်ကျန်က ဘာမှမကျန်တော့သလို ဒီကြားထဲမှာလည်း ငေါက်ခနဲ သေသွားနိုင်ပါတယ်။ မနက်ဖြန်တောင် သေချင်သေသွားနိုင်ပါတယ်။

        မခိုင်မြဲတဲ့ဘဝတိုတို ခဏလေးမှာ စိတ်ညစ်စရာတွေတွေး စိတ်ညစ်စရာတွေ ပြောပြောနေမယ်ဆိုရင်တော့ ပုံပြင်ထဲကအတိုင်းဆို ဘဝက အဓိပ္ပါယ်မဲ့နေပါတယ်။ ပိုက်ဆံတွေ၊ ကျော်ကြားမှုတွေ၊ ရာထူးဋ္ဌာနန္တရတွေတော့ အများကြီး ရှိနေပါရဲ့။ ဒါပေမဲ့ နေ့စဉ် စိတ်ဆင်းရဲစရာစကားတွေ ကြားနေရမယ်။ နေ့စဉ် စိတ်ညစ်စရာ အာရုံတွေပဲ မြင်တွေ့နေရမယ်ဆိုရင် ကျားလိုက်ခံရရင်း စတော်ဘယ်ရီသီးကို ပျော်ပျော်ကြီးစားခဲ့တဲ့ ဇင်ပုံပြင်လေးကဘဝအတွက်အဖြေတစ်ခုပါ။ ဘဝမှာ လူတွေ အထင်ကြီးတဲ့အရာတွေ မရှိပေမယ့် ပျော်တဲ့အတွေးတွေ ပျော်တဲ့အပြောတွေ ပျော်တဲ့အလုပ်တွေ ရှိနေရရင် ဘဝက တကယ့်ကျေနပ်စရာပါပဲ။

       တည်တောဆရာတော်ဘုရားကြီးရဲ့ ''ကာမဟူသည်'' စာအုပ်ထဲမှာ ပုံပြင်လေးတစ်ပုဒ် ဖတ်ဖူးပါတယ်။ တစ်ခါတုန်းက သူဌေးကြီးတစ်ယောက်ရဲ့ တိုက်အနီးမှာ ဆင်းရဲသားလင်မယားနှစ်ယောက် နေထိုင်ကြပါတယ်။ ဆင်းရဲသား လင်မယား နှစ်ယောက်ဟာ တစ်နေ့လုံး ပင်ပင်ပန်းပန်း အလုပ်လုပ် ကြရပေမယ့်လည်း ညအချိန်ရောက်တဲ့အခါမှာတော့ လင်က ဗုံတီး မယားက သီချင်းဆိုနဲ့ အလွန် ပျော်မွေ့နေကြပါတယ်။

       တစ်နေ့မှာတော့ သူဌေးကြီးက ဆင်းရဲသားလင်မယားနှစ်ယောက်ကို ခေါ်ပြီး ''မင်းတို့ လင်မယားနှစ်ယောက် အလုပ်လုပ်ကြရတာ အင်မတန် ပင်ပန်းတယ်။ မင်းတို့ကို သနားတဲ့အတွက် ငွေတစ်ထောင်ပေးမယ်။ ငွေတစ်ထောင်ကို အရင်းတည်ပြီး ကြီးပွားအောင် လုပ်ကိုင်စားသောက် ကြ''လို့ပြောပြီး ငွေတစ်ထောင် ပေးလိုက်ပါတယ်။

        ဆင်းရဲသား လင်မယားနှစ်ယောက်ဟာ ငွေတစ်ထောင်ကိုယူပြီး မိမိတို့ တဲကုပ်ဆီကို ပြန်ခဲ့ကြပါတယ်။
ဒါပေမဲ့ အဲဒီငွေတစ်ထောင်ရတဲ့နေ့ကစပြီး ဗုံတီးသံနဲ့ သီချင်းဆိုသံကို မကြားရတော့ပါဘူးတဲ့။ ရက်နည်းနည်းကြာတော့ ဆင်းရဲသားနှစ်ယောက်ဟာ ငွေထုပ်ကိုင်ပြီး သူဌေးကြီးဆီ ပြန်လာပါတယ်။ သူဌေးကြီးကိုတွေ့တာနဲ့ ''သူဌေးကြီးခင်ဗျား၊ ကျွန်တော်တို့ ဆင်းရဲနွမ်းပါးတဲ့အတွက် ငွေတစ်ထောင် ပေးတာကို ကျေးဇူးအထူးပဲတင်ပါတယ်။ ဒါပေမဲ့လည်း ကျွန်တော်တို့ကို သနားသောအားဖြင့် ဒီငွေတစ်ထောင်ကို ပြန်ယူပြီး ကျွန်တော်တို့ရဲ့ စိတ်ချမ်းသာတဲ့ဘဝလေးကို ပြန်ပေးပါ။ ဘာကြောင့်လဲ ဆိုတော့ ကျွန်တော်တို့ လင်မယားနှစ်ယောက်ဟာ ငွေတစ်ထောင်ရတဲ့နေ့ကစပြီး ဒီငွေအတွက်နဲ့ တစ်ရက်မှ စိတ်မချမ်းသာကြတော့ပါဘူး။ ဒီငွေကို သူခိုးပဲ ခိုးမလား၊ ဒီငွေကို ဘာပဲလုပ်ရမလဲ တွေး တွေးပြီး စိတ်မချမ်းသာကြတော့ပါဘူး''လို့ ပြောပြီး ငွေတစ်ထောင်ကို သူဌေးကြီးကို ပြန်ပေးလိုက်ပါသတဲ့။

        တည်တောဆရာတော်ဘုရားကြီးရဲ့စာကို ဖတ်ခဲ့ဖူးတာ နှစ်တွေကြာခဲ့ပြီဖြစ်ပေမယ့် ဒီနေ့အထိ မှတ်မှတ်ရရ ရှိနေခဲ့ပါတယ်။ ငွေတစ်ထောင်ကို အရင်းတည် အလုပ်လုပ်ရင်း ကြီးပွား၊ ပြီးတော့ သူဌေးဖြစ်သွားဆိုတဲ့ နောက်ဆက်တွဲစိတ်ကူးအတွေးကို တွေးကို မတွေးမိပါဘူး။ သူတို့ရဲ့ စိတ်ချမ်းသာမှုလေး ပျောက်ဆုံးသွားခဲ့တယ်ဆိုတာလေးပဲ ထပ်ခါထပ်ခါ တွေးတွေးနေမိပါတယ်။ တွေးမိတိုင်းလည်း ဘဝတစ်ခုအတွက် အဖြေတစ်ခုကို ပေးပေးနေသလို ခံစားရပါတယ်။ ပိုက်ဆံအားနည်းပေမယ့် ကိုယ့်ဘဝကိုယ် ကျေနပ်နေဖို့ပါပဲ။ နေရာတကာ ပိုက်ဆံကစိတ်ချမ်းသာမှုကိုမဖန်တီးနိုင်ပါဘူး။

       တိပိဋကယောဆရာတော်ဘုရားက ဒုတိယနာယကဘဝမှာ နွေရာသီရောက်ရင် မင်းကွန်းနဲ့ ကလေးတောင်ဖီလာတောရမှာ အချိန်တစ်ခု သွားသွားသီတင်းသုံးလေ့ရှိပါတယ်။ ပဓာနနာယကဖြစ်ပြီး နောက်ပိုင်းမှာတော့ များပြားလွန်းတဲ့ တာဝန်တွေကြောင့် မကြွဖြစ်တော့ပါဘူး။

       ကိုယ်က လူဖြစ်လို့ တောရဆိုတဲ့ စကားလုံးနဲ့ မသင့်ပေမယ့် သံယောဇဉ်တွေ၊ အတွယ် အတာတွေ၊ ဖိအားတွေ၊ စိုးရိမ်မှုတွေရဲ့ တဒင်္ဂလွတ်မြောက်ရာ နယ်မြေတစ်ခုမှာ တစ်နာရီ၊ တစ်ရက်၊ တစ်ပတ်၊ ဆယ်ရက်၊ တစ်လလောက်လေး ဖုန်းတွေပိတ်၊ အင်တာနက်တွေပိတ်၊ ဖေ့စ်ဘွတ်တွေပိတ်၊ သူတစ်ပါးကို မထိခိုက်ဖို့ ငါးပါးသီလ နေ့စဉ်စောင့်ထိန်းမယ်။ စိတ်အေးချမ်းဖို့ မနက် နာရီဝက်၊ ညနာရီဝက် တရားထိုင်မယ်။ မနက်စာအတွက် ပဲပြုတ်ထမင်းကြော်ရယ်၊ ကော်ဖီခါးခါးတစ်ခွက်ရယ်၊ စာအုပ်တွေရယ်၊ သစ်ပင်လေးတွေရယ်၊ ငှက်သံလေးတွေရယ် ရှိနေရင် ကိုယ့်ကိုယ်ကိုကျေနပ်နေတဲ့ အေးချမ်းတဲ့ ဘဝလေးတစ်ခုဖြစ်နေပါပြီ။ ဘဝအဓိပ္ပါယ်လေးတစ်ခုဖြစ်နေတာပါ။ အဲဒီအချိန်မှာ ပိုက်ဆံလည်း မတွေးဘူး။ ရာထူးတွေလည်း မတွေးဘူး။ လူတွေအကြောင်းလည်း မတွေးဘူး။ ဘာဆိုဘာမှ မတွေးဘူး။ လက်ရှိ ပစ္စုပ္ပန် ဘဝအချိန်လေးမှာပဲစိတ်ကိုထားပြီး ကိုယ့်ကိုယ်ကိုယ် အေးချမ်းအောင် နေသွားရင် ဒါလည်း ဘဝတစ်ခုထဲကစတော်ဘယ်ရီသီးလေးကိုစားနေတာပါပဲ။
     
          ကြီးမားတဲ့သံယောဇဉ်တွေ၊ ကြီးမားတဲ့ကျေးဇူးတွေက ဘဝခရီးမှာအဆင်ပြေမှုတွေရပါတယ်။ တစ်ခါတလေ အဲဒီကြီးမားတဲ့သံယောဇဉ်တွေ ကြီးမားတဲ့ကျေးဇူးတွေကပဲ ငဲ့ကွက်မှုတွေကိုအခြေခံပြီး ကိုယ့်စိတ်ကိုလောင်တော့တာပါ။ တချို့စိတ်ကိုလောင်တဲ့အလောင်က ငြှိမ်းသတ်ဖို့ခက်ပြီး လောင်ကျွမ်းမှုရက်ကြာနေတတ်ပါတယ်။ ဒါကြောင့် ကြီးမားတဲ့သံယောဇဉ်တွေ ကြီးမားတဲ့ ကျေးဇူးတွေ တဒင်္ဂလွတ်မြောက်ရာ နေရာတစ်ခုရှိရှိနေဖို့ပါ။ မကင်းနိုင်တဲ့ဘဝတစ်ခုမှာ ခဏလေးပဲဖြစ်ဖြစ်ပါ။

       လောကသဘာဝအရ ထင်ရှားချင်ကြပါတယ်။ ထင်ရှားရင် ကောင်းကျိုးတွေနဲ့အတူ ဆိုးကျိုး အန္တရာယ်တွေကလည်း ဒွန်တွဲပါနေပါတယ်။ ထင်ရှားတဲ့အတွက် ဘက်နှစ်ဘက်ကို ရလိုက်တာပါ။ ကိုယ့်ကို ကြိုက်တဲ့သူရယ်၊ မကြိုက်တဲ့သူရယ်ပါ။ ကြိုက်တဲ့သူက ကြိုက်တဲ့စကားပြောမယ်၊ မကြိုက်တဲ့သူက မကြိုက်တဲ့စကားပြောမယ်။ ခြေလှမ်းတစ်ချက်မှားတာနဲ့ ဘဝက မြောင်းထဲ ရောက်သွားနိုင်ပါတယ်။ ဒါ ထင်ရှားခြင်းရဲ့ အန္တရာယ်တွေပါပဲ။ မထင်ရှားရင် အဲဒီအန္တရာယ်တွေ မရှိပါဘူး။

           ဘဝမှာ low profile နဲ့ နေတာလေးက ကိုယ့်အတွက် အန္တရာယ်ကင်းပါတယ်။ စိတ်အေးချမ်းမှုကိုလည်း ရပါတယ်။ ကြိုက်သူ၊ မကြိုက်သူတွေမရှိရာ low profile နဲ့ နေတာလေးကလည်း အန္တရာယ်ကင်းတဲ့ အေးချမ်းတဲ့ ဘဝလေးတစ်ခုပါပဲ။

       မုံရွာမြို့၊ ဆရာတော် ဦးကုဏ္ဍလရဲ့ မဟာသုတဒီပနီကျမ်း ဒုတိယတွဲမှာ ပညာရှိတွေဟာ မိမိကိုယ်ကို မေးခွန်း (၃)ခုနဲ့ သုံးသပ်ပြီး ကျင့်သုံးနေထိုင်လေ့ရှိတဲ့အကြောင်းကို ပဋိဘာန်ဂါထာအဖြစ် ဖော်ပြထားပါတယ်။

ကီဒိသော ဟံ ကတံ ကိံမေ၊
ကတံ နုယုတ္တကံ သိယာ။
ဣစ္စေတံ သမ္မသိတွာန၊
ယုတ္တာယုတ္တံ ကရေဇဟေ။

၁။ ငါ ဘယ်လို လူစားလဲ။
၂။ ငါ ဘာကို လုပ်မိလဲ။
၃။ ငါ လုပ်တာ မှန်ရဲ့လား။

     ဒီလို မေးခွန်း သုံးချက်ကို သုံးသပ်ဆင်ခြင်ပြီး အဖြေရှာ၊ သင့်တာဆို ဆက်လုပ်၊ မသင့်တာဆို စွန့်ပစ်လိုက်ရပါမယ်တဲ့။

      ဒါ ဂါထာရဲ့ လိုရင်း အဓိပ္ပာယ်ပါပဲ။

     ရဟန်း၊ လူ၊ အုပ်ချုပ်သူ၊ သူဌေး၊ ဝန်ထမ်း၊ ဆရာဝန်၊ အင်ဂျင်နီယာ၊ စစ်သား၊ ကျောင်းသား၊ ဆရာ စသည်ဖြင့် ကိုယ့်ကိုယ်ကိုယ် မေးခွန်းသုံးခု မေးပြီး လုပ်သင့်တာဆို ဆက်လုပ်ပြီး မလုပ် သင့်တာဆို စွန့်ပစ်လိုက်ရမှာပါတဲ့။

      ဥပမာ-မိသားစုအတွက် ပင်ပင်ပန်းပန်းနဲ့ ရှာဖွေလုပ်ကိုင်ကျွေးမွေးနေရတယ်။ တစ်ဖက်ဆီက မနှစ်သက်ရာ ဆန့်ကျင်ဘက်အပြော အပြုအမူကို ကြုံလိုက်ရလို့ စိတ်လိုက်မာန်ပါ ပြန်ပြီး တုန့်ပြန်လိုက်ခါနီးမှာ ''ငါ့အိမ်မှာ ကျန်ခဲ့တဲ့ မိသားစုရှိတယ်လေ''လို့ တွေးပြီး ကိုယ့်ရဲ့ ကိုယ်နဲ့နှူတ်ကို စောင့်ထိန်းလိုက်တာဟာ ပညာရှိတွေရဲ့ မေးခွန်းသုံးခုနဲ့ ကျင့်သုံးပုံလေးကို လက်တွေ့ဘဝထဲမှာ ယူပြီးကျင့်သုံးပစ်လိုက်တာပါ။ ဒီလိုပါပဲ ချမ်းသာသူ၊ ရာထူးရှိသူ၊ ထင်ရှားသူ စသည်တွေလည်း မေးခွန်းသုံးခုနဲ့မေးပြီး ကျင့်သုံးကြရမှာပါ။ ဂါထာလေးက တွေးတတ်ရင် တွေးတတ်သလို ချဲ့ပြီး တွေးလို့ရတဲ့ဂါထာလေးပါ။ သက်တမ်းတိုတို ဘဝခရီးတစ်လျှောက်မှာ အမြဲလက်ကိုင်ထားရမယ့် လောကကျင့်စဉ်ဂါထာလေးပါ။ ဘာသာစုံ အလွှာစုံ ကျင့်သုံးလို့ရတဲ့ ဂါထာလေးပါပဲ။

       ဘဝတွေက တိုတောင်းလွန်းလှပါတယ်။ ဟိုလူ့မုန်း၊ ဒီလူ့မုန်းနဲ့ မုန်းရတဲ့အချိန်တွေများနေရင် ဘဝတိုတိုအတွင်းမှာ အေးချမ်းတဲ့အချိန်လေးတွေ နည်းသွားပါလိမ့်မယ်။ တကယ်တမ်းကျတော့ အချစ်၊ အမုန်းတွေ တဒင်္ဂ ကင်းလွတ်ရာ အချိန်လေးတစ်ခု နေရာလေးတစ်ခုတော့ ကိုယ်စီ ရှိရှိနေဖို့ပါ။

      ဘာပဲပြောပြောလေ။ လူ့ဘဝတိုတိုလေးမှာ စိတ်အေးချမ်းမယ်။ ကုသိုလ်ဖြစ်မယ်။ ဒီနှစ်ခုရှိရင် ကိုယ့်ဘဝကိုယ် ကျေနပ်စရာဘဝတစ်ခုပါပဲလေ။
                                                   ရဝေနွယ် (အင်းမ)

News Watch စောင့်ကြည့်ဂျာနယ်
၂၆-၅-၂၀၁၈။

Tuesday, June 26, 2018

ခန္ဓာကိုယ်ချွေးနံ့က ဖော်ပြနေတဲ့ သင့်ကျန်းမာရေး



ရေးသားသူ Yun Sandi Nan Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar.

ခန္ဓာကိုယ်ချွေးနံ့က ဖော်ပြနေတဲ့ သင့်ကျန်းမာရေး
နေ့စဉ်ဘဝမှာ သွားလာလှုပ်ရှားရင်း ခန္ဓာကိုယ်မှာချွေးနံ့ထွက်လို့ စိတ်ညစ်ရတတ်ပါတယ်။ ကိုယ်လက်လှုပ်ရှားမှုများတာ၊ တကိုယ်ရည်သန့်ရှင်းမှုမရှိခြင်း၊ ဒါမှမဟုတ် စားသုံးနေတဲ့အစားအစာတချို့ကြောင့်ချွေးထွက်များတတ်တဲ့အတွက်လည်း ခန္ဓာကိုယ်အနံ့ဆိုးတွေ ထွက်တတ်ပါတယ်။

အများစုက ခန္ဓာကိုယ်ချွေးနံ့ကို ဖုံးအုပ်နိုင်ဖို့ ချွေးနံ့ပျောက်ဆေးတွေ၊ ရေမွှေးတွေ သုံးကြပါတယ်။ ချွေးနံ့ပြင်းသူ အများစုဟာ တကိုယ်ရည်သန့်ရှင်းမှုနည်းပါးတာဒါမှမဟုတ် ကြက်သွန်ဖြူနဲ့ တခြားအနံ့ပြင်းတဲ့အမွှေးအကြိုင်တွေလို အစားအစာတွေစားသုံးမှုကြောင့်လည်း ဖြစ်ပါတယ်။

လူတစ်ယောက်ဆီကနေထွက်ရှိလာတဲ့ ချွေးနံ့ဟာ ရောဂါတချို့အတွက် အဓိကသဲလွန်စတွေဖြစ်နေနိုင်တယ်ဆိုတာ သင်သိပါသလား။ လွန်ခဲ့တဲ့ရာစုနှစ်ပေါင်းများစွာက ဆေးပညာလောကမှာ ရောဂါရှာဖွေရေးအဖြစ် အနံ့ခံအာရုံကို အသုံးပြုခဲ့ဖူးပါတယ်။ ဘီစီ၂၀၀၀ လောက်က ရှေးခေတ်ဂရိလူမျိုးနဲ့ တရုတ်လူမျိုးတွေက တီဘီရောဂါလိုမျိုး ကူးစက်နိုင်တဲ့ရောဂါတွေကို စစ်ဆေးသိရှိနိုင်ဖို့ အနံ့ခံအာရုံကို အသုံးပြခဲ့ကြပါတယ်။

လူတစ်ယောက်ရဲ့ ကိုယ်နံ့ဟာ (အရေပြားကထွက်တဲ့ချွေးတင်မကဘဲ ခံတွင်းနံ့၊သွေး၊ ဆီးနဲ့တခြားခန္ဓာကိုယ်အရည်တွေဆီက အနံ့အပါအဝင်) အဲဒီလူရဲ့ကျန်းမာရေးအခြေအနေကိုဖော်ပြနိုင်တာကြောင့် ရောဂါအကြောင်းအရာကိုအတိုင်းအတာတစ်ခုအထိ ရှာဖွေပေးနိုင်ပါတယ်။

ချွေးနံ့က ရောဂါအခြေအနေတွေနဲ့ ဘယ်လိုဆက်နွှယ်နေသလဲ

ရောဂါတစ်ခုဖြစ်ပြီဆိုရင် ခန္ဓာကိုယ်ထဲမှာဓာတုပြောင်းလဲမှုတွေ၊ ဇီဝဖြစ်စဉ်အတွင်းပြောင်းလဲမှုတွေဖြစ်စေတဲ့အပြင် metabolic compounds အမျိုးမျိုးထွက်ရှိလာစေပါတယ်။ ခန္ဓာကိုယ်ရဲ့ဓာတ်သဘောတွေ ပြောင်းလဲလာခြင်းက နောက်ဆုံးမှာ ကိုယ်နံ့အမျိုးမျိုး ထွက်ပေါ်လာစေတာဖြစ်ပါတယ်။ အနံ့နဲ့ကိုယ်ခံအားလှုပ်ရှားမှုကြားဆက်နွှယ်မှုဟာ cytokine ပမာဏများနေတာနဲ့ အတိုင်းအတာတစ်ခုလောက်အထိဆက်နွှယ်နေတယ်လို့ ဆွီဒင်သုတေသနတစ်ခုကပြောပါတယ်။ ဒါ့ကြောင့် လူတစ်ယောက်မှာ ကိုယ်ခံအားတုံ့ပြန်မှုကပိုများလေ ခန္ဓာကိုယ်အနံ့ကပြင်းလေ ဖြစ်ပါတယ်။

ဘာရောဂါတွေရှိနေနိုင်သလဲ

ချွေးနံ့က ရောဂါအခံတွေရဲ့လက္ခဏာရပ်တစ်ခုဖြစ်နေနိုင်သလို တချို့သောရောဂါတွေမှာဆို သိသာထင်ရှားတဲ့ ကိုယ်နံ့တမျိုးစီတောင်ရှိနေတတ်ပါတယ်။ ဥပမာ – Scrofula ဆိုတဲ့ တီဘီရောဂါတစ်မျိုးက အောက်သိုးသိုး ဘီယာနံ့လို ချွေးနံ့ရှိတတ်ပါတယ်။ Yellow fever ရောဂါ ကြောင့်ဆိုရင် အသားဆိုင်မှာလိုမျိုး အသားညှီနံ့ဆန်ဆန် ကိုယ်နံ့ထွက်စေပါတယ်။

ချွေးနံ့ဆိုးထွက်ရတဲ့ နောက်ခံအကြောင်းရင်းတချို့ကတော့

စိတ်ဖိစီးမှုများနေခြင်း

စိတ်ဖိစီးမှုက ချွေးပိုထွက်စေပြီး ခန္ဓာကိုယ်အနံ့ပိုထွက်စေနိုင်တာဘာ့ကြောင့်လဲဆိုတာ Mayo Clinic ကရှင်းပြထားပါတယ်။ ချွေးဂလင်းက ecrrine နဲ့ apocrine ဆိုပြီး နှစ်မျိုးရှိပါတယ်။ Eccrine ဂလင်းက ခန္ဓာကိုယ်ကို အေးစေဖို့ ချွေးထွက်စေတဲ့ဂလင်းဖြစ်ပြီး Apocrine ကတော့ စိတ်ဖိစီးတဲ့အခါ၊ စိတ်ညစ်ညူးတဲ့အခါ ချွေးထွက်စေတာဖြစ်ပါတယ်။ ဒီလိုချွေးထွက်လာရင် ဘက်တီးရီးယားတွေကပ်တွယ်ဖို့ လည်းအရမ်းလွယ်ပါတယ်။ ကိုယ့်မှာ ချွေးနံ့က ပုံမှန်နဲ့မတူ ထူးဆန်းနေပြီဆိုရင် သင့်ခန္ဓာကိုယ်က စိတ်ဖိစီးမှုဒဏ်ကို တုံ့ပြန်နေရပြီလို့ သိထားပါ။

ကျောက်ကပ်နဲ့အသည်းလုပ်ဆောင်ချက်ပျက်ယွင်းခြင်း

သင့်မှာကျောက်ကပ်နဲ့အသည်း လုပ်ဆောင်ချက်မကောင်းတော့ရင်လည်း ချွေးနံ့ပြင်းစေနိုင်ပါတယ်။ကျောက်ကပ်နဲ့အသည်းဟာ ခန္ဓာကိုယ်စနစ်ထဲကနေ အဆိပ်အတောက်တွေကို ဖယ်ရှားပေးတဲ့တာဝန်ကိုယူထားတာဖြစ်ပါတယ်။ သူတို့ကသာ ဒီတာဝန်ကို မလုပ်ဆောင်တော့ရင် အစာချေလမ်းကြောင်းနဲ့ သွေးထဲမှာ အဆိပ်ဓာတ်တွေများလာပြီး အနံ့ဆိုးတွေထွက်စေနိုင်ပါတယ်။ချွေးနံ့ဆိုးက အသည်း သို့မဟုတ် ကျောက်ကပ်ရောဂါကို ဖော်ပြနေတာဖြစ်နိုင်ပါတယ်။

သိုင်းရွိုက်ရောဂါ

သိုင်းရွိုက်ဂလင်းလုပ်ဆောင်ချက်လွန်ကဲခြင်းကလည်း ကိုယ်နံ့ဆိုးခြင်းရဲ့အကြောင်းရင်းတစ်ခုဖြစ်နေနိုင်ပါတယ်။ သိုင်းရွိုက်ဂလင်းက ချွေးထွက်စေပါတယ်။ ဒီလုပ်ဆောင်ချက်ကလွန်ကဲလာရင် ခန္ဓာကိုယ်က ချွေးပိုထုတ်ပေးရပါတယ်။ သိုင်းရွိုက်အခြေအနေကို တစ်နှစ်တစ်ကြိမ် သို့မဟုတ် နှစ်နှစ်တစ်ကြိမ် လုပ်ဆောင်ချက်ပုံမှန်ဟုတ်မဟုတ် စစ်ဆေးသင့်ပါတယ်။ Hyperthyroidism ကို ကုသလို့ရပါတယ်။ ကိုယ့်မှာ ပုံမှန်မဟုတ်ဘဲ ချွေးထွက်များနေပြီး ကိုယ်နံ့ပြင်းလာတာ သတိထားမိရင် ဆရာဝန်ပြသင့်ပါတယ်။

သိုင်းရွိုက်ကြောင့် ချွေးထွက်ခြင်းက ညဘက်မှာဖြစ်လေ့ရှိတာကြောင့် နှလုံးအဆို့ ဒါမှမဟုတ် အရိုးမှာဖြစ်တတ်တဲ့ ပြင်းထန်တဲ့ရောဂါတွေ ဝင်ရောက်လာနိုင်ပါတယ်။

ဆီးချိုရောဂါ

ဆီးချိုရောဂါဟာ ချွေးနံ့ပြင်းခြင်းရဲ့ အဖြစ်များတဲ့အကြောင်းရင်းတစ်ခုဖြစ်ပါတယ်။ ဆီးချိုရောဂါရှိသူတစ်ယောက်က သွေးတွင်းသကြားဓာတ်ကို ဂရုတစိုက်မထိန်းသိမ်းဘူးဆိုရင် ketoacidosis လို့ခေါ်တဲ့ အခြေအနေဖြစ်လာစေနိုင်ပါတယ်။ ketoacidosis ဖြစ်လာသူဟာ ချဉ်စူးစူးအနံ့မျိုး ကိုယ်နံ့ရှိလာနိုင်ပါတယ်။ ketoacidosis ဟာဆိုးရွားတဲ့ဆီးချိုအဆိပ်တက်ရောဂါတစ်မျိုးဖြစ်ပြီး ချက်ချင်းဆရာဝန်နဲ့ပြသင့်ပါတယ်။

ချွေးနံ့မထွက်အောင် ဘယ်လိုလုပ်ရမလဲ

ခန္ဓာကိုယ်မှာ ဟော်မုန်းပြောင်းလဲတတ်တဲ့အချိန်ဖြစ်တဲ့ ဆယ်ကျော်သက် မြီးကောင်ပေါက်အရွယ်မှာ ချွေးနံ့က အဆိုးဆုံးဖြစ်တတ်ပါတယ်။ ဒါပေမယ့် လူကြီးတွေမှာလည်း အကြောင်းအမျိုးမျိုးကြောင့် ချွေးနံ့ဆိုးလာတဲ့အခါ အနံ့အုပ်အောင် ချွေးနံ့ပျောက်ဆေး၊ဘော်ဒီစပရေးနဲ့ ရေမွှေးတွေသုံးကြပါတယ်။

သန့်ရှင်းအောင်နေပါ

ချွေးထွက်များပြီး  ဘက်တီးရီးယားတွေရှိနေနိုင်တဲ့သူတွေမှာ တစ်နေ့နှစ်ကြိမ်ရေချိုးသင့်ပါတယ်။ သန့်ရှင်းတဲ့ ချည်သားအဝတ်အစားနဲ့ အတွင်းခံတွေကိုဝတ်ရင်ပိုကောင်းပါတယ်။

မုန့်ဖုတ်ဆိုဒါ

အလွန်အကျွံချွေးထွက်များခြင်းကို လျော့စေဖို့ မုန့်ဖုတ်ဆိုဒါကို အသုံးပြုနိုင်ပါတယ်။ မုန့်ဖုတ်ဆိုဒါကို သံပရာရည်နဲ့ရောပြီး တစ်နေ့နှစ်ကြိမ် ချိုင်းမှာ သုတ်လိမ်းပေးပါ။ အနံ့ပျောက်စေတဲ့ အာနိသင်ရှိတဲ့ မုန့်ဖုတ်ဆိုဒါကို ချွေးနံ့ပျောက်ဆေးလိုအသုံးပြုနိုင်ပါတယ်။ ဘက်တီးရီးယားကိုသေစေပါတယ်။

ဗီနီဂါ

ဗီနီဂါက အရေပြားရဲ့ PH အဆင့်ကိုလျော့စေပြီး ကိုယ်နံ့ဆိုးတွေကို ဖယ်ရှားပေးပါတယ်။ ဗီနီဂါအနည်းငယ်ကို ရေရောပြီး ချိုင်းမှာ သုတ်လိမ်းပါ။

ကျောက်ချဉ်

ကျောက်ချဉ်ကိုသွေးပြီး ချိုင်းမှာလိမ်းပေးပါ။ ချွေးနံ့ပျောက်စေပါတယ်။

ပန်းသီးရှာလကာရည်

Apple cider vinegar က အရေပြား PH အဆင့်ကိုလျော့စေတာကြောင့် ချွေးနံ့ပျောက်ဆေးလိုပဲသုံးလို့ရတဲ့ ဆေးဖက်ဝင်ပစ္စည်းဖြစ်ပါတယ်။

ကလေးပေါင်ဒါ

ချွေးထွက်များတဲ့နေရာတဝိုက်ကို ကလေးပေါင်ဒါ လိမ်းထားတာလည်း သက်သာစေနိုင်ပါတယ်။

ရေနဲ့သံပရာရည်

ရေများများသောက်ပါ။ သံပရာက ခန္ဓာကိုယ်မှာအဆိပ်အတောက်ဓာတ်တွေဖယ်ရှားပေးတာကြောင့် သံပရာရည်သောက်ပေးပါ။

အသီးအနှံနဲ့ အရွက်

ပန်းဂေါ်ဖီစိမ်း၊ ကိုက်လန်တို့လို အစိမ်းရင့်ရောင် အသီးအရွက်တွေကိုစားပေးပါ။ သစ်သီးတွေနဲ့ အသီးအရွက်တွေကို ဖျော်ရည်လုပ်သောက်တာလည်း ကောင်းပါတယ်။

ရှောင်ရှားသင့်တဲ့အရာများ

အသား၊ အဆီ၊နို့ထွက်ပစ္စည်း၊ ချောကလက်၊သကြားတို့အပြင် အရက်၊ ကော်ဖီနဲ့ လက်ဖက်ရည်ခါးခါး တို့ကိုရှောင်သင့်ပါတယ်။

ချိုင်းကြားဆိုတာက ချွေးထွက်တဲ့နေရာဖြစ်ပေမယ့်လည်း လူတွေက အဆိပ်ဓာတုတွေပါဝင်နေတဲ့ ချွေးနံ့ပျောက်ဆေးတွေကို သုံးပြီး အနံ့ဆိုးကာကွယ်နေကြပါတယ်။ ချိုင်းကြားဟာ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကိုဖယ်ထုတ်ပေးတာကြောင့် ချွေးပါက်တွေ ပိတ်ဆို့မနေသင့်ပါဘူး။ထိုက်သင့်သလောက် ချွေးထွက်တာကပဲ ကျန်းမာရေးအတွက်ကောင်းပါတယ်။

အနံ့ဆိုးပျောက်ဖို့ အကောင်းဆုံးနည်းလမ်းက ကျန်းမာရေးအတွက်မကောင်းတဲ့ ချွေးနံ့ပျောက်ဆေးတွေနဲ့ ဖုံးကွယ်ထားဖို့မဟုတ်ပါဘူး။ အထက်ပါနည်းလမ်းတွေကို စဉ်းစားပြီး ခန္ဓာကိုယ်ရဲ့အတွင်းရောအပြင်မှာပါ သန့်စင်အောင်လုပ်ပါ။ ဆိုရရင် သင့်ချွေးနံ့က ဆိုးရွားလှတဲ့ အခြေအနေဖြစ်နေပြီဆို ကိုယ်စားတဲ့အစားအသောက် အနေအထိုင်ကို ပြန်ထိန်းညှိဖို့လိုနေပြီဆိုတာ ပြနေတဲ့သဘောဖြစ်ပါတယ်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

Monday, June 25, 2018

ဘာလို့ အမေရိကန်မှာ ကိုယ့်ကိုယ်ကို သတ်သေမှုတွေ များလာတာလဲ ヅ



ဒီနေ့ မနက် Kirsten Powers ရေးတဲ့ “Americans are 
depressed and suicidal because something is 
wrong with our culture” ဆိုတဲ့ ဆောင်းပါးလေး
ဖတ်လိုက်ရတော့ သူရဲ့ သုံးသပ်ချက်လေးကို သဘော
ကျမိတယ်။  ပြီးတော့ သူရဲ့ဆောင်းပါးထဲမှာ လူ့အဖွဲ့အစည်း

ကို  ကူညီပေးလိုစိတ်တွေတွေ့ခဲ့ရတယ်။ အဲ့ဒါကြောင့်အခု
သူ့ဆောင်းပါးလေးကို ဘာသာပြန်ပေးလိုက်ပါတယ်။
ဒီဆောင်းပါးဟာ ကျွန်တော်ရေးတဲ့ဆောင်းပါး မဟုတ်
ပါ။  Kirsten Powers ရေးတဲ့ဆောင်းပါးသာ ဖြစ်ကြောင်း
ကြိုတင်အသိပေးအပ်ပါတယ်။

“အမေရိကန်နိုင်ငံမှာ နေ့စဉ်နေ့တိုင်း ပျမ်းမျှ ကိုယ့်ကိုယ်
ကိုယ် 
သတ်သေမှု ၁၂၃ ခုခန့်ရှိနေပါတယ်။ ငွေရေးကြေးရေးနဲ့ 
ပုဂ္ဂလိကအောင်မြင်မှုကိုပဲ တန်ဖိုးထားတတ်လာတဲ့ ဒီလို
လူ့အဖွဲ့အစည်းကို စိတ်ကုန်နေကြတာကို စိတ်ရောဂါဖြစ်
တယ်လို့လာမပြောပါနဲ့” - Kirsten Powers

၂၀၀၄ခုနှစ် စက်တင်ဘာလတုန်းကပေါ့..လူတိုင်း မကြား
ချင်တဲ့ သတင်းစကား တစ်ခုကို ကျွန်မကြားခဲ့ရတယ်။

ကျွန်မအဖေ အသက် ၆၁နှစ်အရွယ်မှာ Heart Attack
ဖြစ်ပြီး ဆုံးပြီတဲ့…အဲ့ဒီအချိန်က ကျွန်မဘဝမှာ အခြား
ပြဿနာတွေ အများကြီးရှိနေခဲ့တဲ့ အချိန်ပါ။ ကျွန်မ
အမေက ရင်သားကင်ဆာရောဂါ ခံစားနေရတာ ၆လ
လောက်ရှိနေခဲ့တဲ့ အချိန်ပါ။ ကျွန်မကောင်လေးနဲ့လည်း
လမ်းခွဲခဲ့တဲ့ အချိန်ပါ။ ကျွန်မဘဝရဲ့ ရပ်တည်မှုလေး
 ပြိုကွဲနေတဲ့ အချိန်ဖြစ်ခဲ့ပါတယ်။ ကျွန်မရဲ့ အသက်
မွေးဝမ်းကြောင်းမှာ နောက်ထပ်ဘာလုပ်ရမှန်း မသိဖြစ်
နေလို့ ကျွန်မ Freelance Consultant တစ်ဦး
အဖြစ် ခေတ္တ အသက်မွေးနေခဲ့ပါတယ်။

ကျွန်မ အဲ့ဒီအချိန်က စိတ်ပိုင်းဆိုင်ရာ ချုံးချုံးကျချိန်ပေါ့။
ဒါ့ကြောင့် စိတ်ဆရာဝန်တစ်ဦးဆီကို ကျွန်မ သွားပြခဲ့ပါ
တယ်။ ကျွန်မရဲ့ အရင် GP ဆရာဝန်ပေးထားတဲ့ စိတ်ကျ
ရောဂါဆေးတွေက ကျွန်မသောက်ရမယ့်ဆေးတွေ
မဟုတ်ဘူးလို့ သူက ဆိုခဲ့ပါတယ်။ ပြီးတော့သူက ကျွန်မ
သောက်ရမယ့် ဆေးအသစ်တွေကို ညွှန်းပေးခဲ့ပါတယ်။
ဒါပေမယ့် အဲ့ဒီဆေးတွေက ကျွန်မကို ပိုဆိုးစေခဲ့ပါတယ်။
ရက်အနည်းငယ်အတွင်း ကျွန်မ မတွေးသင့်တာတွေ
တွေးလာပါတယ်။ ကျွန်မ သေချင်လာခဲ့ပါတယ်။

ကျွန်မ အဖေမရှိတဲ့ဘဝကို ကျွန်မ ဆက်လက် မဖြတ်သန်း
ချင်တော့ပါဘူး။ ကျွန်မအဖေနဲ့ အကြာကြီး စကားပြောခဲ့တဲ့
ညတွေကို သတိရနေမိပါတယ်။ ကျွန်မရဲ့ စိတ်ပိုင်းဆိုင်ရာ
နာကျင်မှုက တစ်ဖြည်းဖြည်း ဆိုးလာခဲ့ပါတယ်။ မနက်ပိုင်း
အိပ်ရာထဲက ထရတာ တော်တော်ခက်ခဲတဲ့ အလုပ်ပါ။
ကျွန်မ အစားအသောက်တွေလည်း မစားတော့ပါဘူး။
တစ်လအတွင်း ၁၅ ပေါင် ကျသွားခဲ့ပါတယ်။ ကျွန်မ

အသက်ရှင်စရာ ဘာအကြောင်းမှ မရှိဘူးလို့လည်း 

ထင်လာခဲ့ပါတယ်။

အခုရက်အတွင်း ကိုယ့်ကိုယ်ကိုယ်သတ်သေသွားတဲ့ 

နာမည်ကျော်တွေ ဖြစ်တဲ့ Kate Spade နဲ့ Anthony
Bourdain တို့အကြောင်း ကြားမိတော့ ကျွန်မ Suicide
အကြောင်းကို ပိုမိုတွေးမိလာပါတယ်။ လူအများအမြင်
မှာ အောင်မြင်ပြီးပြည့်စုံတဲ့ဘဝကို နေထိုင်နေကြတဲ့
ဒီလူ၂ယောက် ဘာလို့ သတ်သေသွားတာပါလဲ..
ကျွန်မတို့နိုင်ငံမှာ ကိုယ့်ကိုယ်ကိုယ်သတ်သေတဲ့ နှုန်းဟာ
၂၅%အထိ တက်လာပါပြီ။

ကျွန်မ National Suicide Prevention Lifeline က
ဒါရိုက်တာဖြစ်တဲ့ John Draper နဲ့ အင်တာဗျူးလုပ်ပြီး
ချိန်မှာ ကျွန်မရဲ့အမှောင်ကျခဲ့တဲ့ အချိန်တွေကို သူများ
တွေကို ပြောပြဖို့ဆုံးဖြတ်ခဲ့တာပါ။ “လူတွေ သိပ်ပြီး
နားမလည်တဲ့အချက်တစ်ခုက မီဒီယာဟာ Suicide
 နှုန်းကျအောင် လုပ်ဆောင်ပေးလို့ရတယ်”ဆိုတဲ့
အချက်ပါပဲ။ မီဒီယာတွေက Suicide ကိစ္စနဲ့ ဘယ်လို
သတ်သေသွားတယ်ဆိုတဲ့ ကိစ္စကိုပဲ ဦးစားပေး
တင်နေတဲ့အခါ Suicideကိစ္စကို ပိုပြန့်နှံ့လာပါတယ်။
အကယ်၍ မီဒီယာတွေက Suicideလုပ်ခါနီးသူတစ်
ယောက် ဘယ်လိုမျိုး အဲ့ဒီအနေအထားကနေ ရုန်းထွက်
ခဲ့တယ်ဆိုတဲ့ ဆောင်းပါးမျိုးတွေကိုသာ ဦးစားပေးမယ်
ဆိုရင် လူတွေ ကိုယ့်ကိုယ်ကိုယ် သတ်သေမှုနည်းသွား
မှာ ဖြစ်ပါတယ်။ ဒါဟာ ကျွန်မာကို John Draper
 ပြောပြခဲ့တဲ့ အချက်ပါ။

အဲ့လိုဆောင်းပါးကို Suicide လုပ်ဖို့ စဉ်းစားနေသူက
ဖတ်မိပြီးသူ့အတွက် အားပေးဖော်ရသလို ဖြစ်သွားနိုင်
ပါတယ်။ ဒါမှမဟုတ်ဟယ်လီဘယ်ရီ၊ အယ်လ်တန်ဂျွန်၊
ဒရူးဘယ်ရီမိုးတို့လည်း တစ်ချိန်က Suicide လုပ်ခဲ့ပေ
မယ့် Suicide ကနေ ပြန်လည် ရုန်းထွက်နိုင်ခဲ့တဲ့
အကြောင်း သို့မဟုတ် အော်ပရာဝင်းဖေး၊ မိုက်ကယ်
ဖဲလ်၊ ဒမ်မီလိုဗာတိုး တို့လည်း Suicide လုပ်ဖို့ စဉ်းစား
ခဲ့ဖူးပေမယ့် မလုပ်ဖြစ်ခဲ့တဲ့အကြောင်း...အဲ့ဒါမျိုးတွေ
ကို မီဒီယာတွေက Focus လုပ်သင့်ပါတယ်။

Suicide လုပ်ရတဲ့အကြောင်းရင်းများ

လူတွေက Suicide လုပ်တဲ့သူတွေကို စိတ်ရောဂါ
ခံစားနေရတဲ့သူတွေလို့ ထင်လေ့ရှိကြပါတယ်။
ဒါပေမယ့် အဲ့ဒါ အမြဲတမ်းတော့ မမှန်ပါဘူး။
စိတ်ရောဂါဖြစ်တာ မဟုတ်ပဲ Suicide လုပ်မိစေတဲ့
အချက်တွေ အများကြီးရှိပါတယ်။ Relationship
မှာ အဆင်မပြေတာ၊ အထီးကျန်တာ၊ ဘဏ္ဍာရေး

ပြဿနာ ဖြစ်တာ၊ ဒါမှ မဟုတ် ကာယပိုင်းဆိုင်ရာ၊
စိတ်ပိုင်းဆိုင်ရာ အစော်ကားခံခဲ့ဖူးတာ စတာတွေ
ကြောင့်လည်း ဖြစ်နိုင်ပါတယ်။တစ်ခါတစ်လေ
အဲ့ဒီလိုခံစားနေရတဲ့သူတွေက ပတ်ဝန်းကျင်ကို
အကူအညီတောင်းရင်တောင် ပတ်ဝန်းကျင်က
“အောင်မြင်တဲ့သူက သတ်သေစရာအကြောင်းမရှိ
ဘူး”ဆိုတဲ့ ပေတံကြီးနဲ့တိုင်းပြီး မယုံကြည်ချင်ကြ
ပါဘူး။ ကျွန်မတုန်းက ဆိုရင်လည်း ကျွန်မရဲ့
မိသားစုနဲ့သူငယ်ချင်းတွေက ကျွန်မဘဝဟာ
 အောင်မြင်နေတာပဲ၊ကျွန်မဟာ Suicide လုပ်ရ
လောက်တဲ့အထိ မပျော့ညံ့ဘူးလို့ ဝိုင်းပြောခဲ့ကြတယ်။
ကျွန်မရဲ့ စိတ်ဆရာဝန်ကိုယ်တိုင်က ကျွန်မပြောတာ
တွေကို သေချာနားမထောင်ခဲ့ပါဘူး။ သူက ကျွန်မ
ဟာ ကိုယ့်ကိုယ်ကိုယ်သတ်သေမယ့်သူမျိုး မဟုတ်ဘူး
လို့ဆိုခဲ့ပါတယ်။ အဲ့ဒါတွေကို ထားလိုက်ပါတော့။ ကျွန်မ
Freelance Consultant အဖြစ်လုပ်ကိုင်နေတဲ့ Company
ရှိတဲ့ အဆောက်အဦးကို သွားရင်း အလွှာ(၂၀)က ပြတင်း
ပေါက်နားမှာ ကျွန်မရပ်နေမိပါတယ်။ ကျွန်မ ငိုနေခဲ့ပြီး
အဲ့ဒီပြတင်းပေါက်ကနေ ခုန်ချချင်ခဲ့ပါတယ်။

အဲ့ဒီနေ့ မတိုင်ခင်တုန်းကလည်း ကျွန်မ အိမ်က Oven
ကိုဖွင့်ပြီး ခေါင်းထည့်ထားခဲ့ပါတယ်။ ကျွန်မ မောင်လေး
တွေရဲ့ပုံရိပ်တွေ ခေါင်းထဲဝင်လာမှ ကျွန်မ သတိပြန်ဝင်
လာခဲ့တယ်။ သူတို့လည်း အဖေဆုံးတာကို ကျွန်မ
ဝမ်းနည်းနေသလို ဝမ်းနည်းနေမှာပဲလေ။ ကျွန်မမှာ
ဘာပြဿနာမှမရှိဘူးလို့ ကျွန်မ ဆရာဝန်က ထင်ပေ
မယ့် သူပြောင်းပေးခဲ့တဲ့ဆေးတွေ သောက်ပြီးမှ
ကျွန်မ ပိုဆိုးလာခဲ့တယ်။ အဲ့ဒီဆေးတွေကြောင့်
ကျွန်မသတ်သေဖို့ စဉ်းစားခဲ့တာလားဆိုတာတော့
ကျွန်မ မသိပါဘူး။ ဒါပေမယ့် ကျွန်မသိတာ တစ်ခု
တော့ရှိပါတယ်။ အဲ့ဒါကတော့ ကျွန်မSuicide
မလုပ်မိတာကို နေ့တိုင်း အောင်မြင်မှုကြီးတစ်ခု
လို့ ဂုဏ်ယူနေမိတာပါပဲ။

အဲ့ဒီနှစ်က ကျွန်မ Suicide မလုပ်မိပေမယ့် စိတ်ဓာတ်
တွေတော့ ကျနေခဲ့ပါတယ်။ Kate Spadeဟာ ၅နှစ်
လုံးလုံး စိတ်ကျရောဂါကို ကြံ့ကြံ့ခံနေခဲ့တာကို ကျွန်မ
ကြားတော့ သူဟာ တတ်နိုင်သလောက် အသက်ရှင်ဖို့
ကြိုးစားခဲ့သူပါလားလို့ ကျွန်မတွေးမိခဲ့ပါတယ်။

ကျွန်မတို့ ဘာလို့ မျှော်လင့်ချက်တွေ ပျောက်ဆုံးသွားခဲ့
တာလဲ..

လူတွေ နားမလည်တဲ့အရာတစ်ခုရှိပါတယ်။ Suicide
လုပ်ဖို့ ကြံစည်နေသူရဲ့ ဦးနှောက်ဟာ ခံစားမှု အစိုးရ
သွားပြီး ပုံမှန် Logic ကျကျ မတွေးနိုင်တော့ဘူးဆိုတဲ့
အချက်ပါ။  အဲ့ဒါကို Congnitive Constriction လို့
ခေါ်ပါတယ်။ ဦးနှောက်ရဲ့ Pre-fontal Cortex လို့ခေါ်
တဲ့အပိုင်း အလုပ်မလုပ်တော့တာပါ။ (စာကြွင်း -
Pre-fontal Cortex ဆိုတာ လူတစ်ယောက်ရဲ့
အသက်ရှင် နေထိုင်လိုမှု၊ လူတစ်ယောက်ရဲ့ အကျင့်
စရိုက်၊ ဆုံးဖြတ်ချက်ချမှု စတာတွေနဲ့ ပတ်သက်နေတဲ့
ဦးနှောက် အစိတ်အပိုင်း ဖြစ်ပါတယ်။ အတွေးတွေနဲ့
လုပ်ရပ်တွေကို ချိန်ညှိပေးတဲ့ အဓိကနေရာဖြစ်ပါတယ်။)
အဲ့ဒီအပိုင်း အလုပ်မလုပ်တော့တဲ့အခါ Suicide ဟာ
အကောင်းဆုံး ထွက်ပေါက် ဖြစ်လာပါတယ်။ နောက်
ဘဝဟာ ပိုများ ကောင်းလာမလားဆိုတဲ့ အတွေးတွေ
ပေါ်လာပါတယ်။

ဒါပေမယ့် ဘာကြောင့်များ အမေရိကန်တွေဟာ အဲ့ဒီလို
စိတ်ပိုင်းဆိုင်ရာ အခြေအနေကို ရောက်လာခဲ့တာပါလဲ။
ဂျာနယ်လစ်တစ်ယောက်ဖြစ်တဲ့ Johannn Hari ရေး
တဲ့ Lost Connections: Uncovering the Real Cause
Of Depression and the Unexpected Solutions
ဆိုတဲ့စာအုပ်ထဲမှာတော့ အနောက်နိုင်ငံတွေမှာ အဖြစ်
များလာတဲ့ Suicide ရဲ့ အကြောင်းရင်းဟာ ဦးနှောက်
ကြောင့် ဖြစ်တာ မဟုတ်ပဲ ကျွန်မတို့ နေထိုင်တဲ့ နေထိုင်

မှုပုံစံ၊ တွေးခေါ်မှုပုံစံ၊ ကျွန်မတို့ဘဝမှာ ဖြစ်နေတဲ့ ပြဿနာ
စတာတွေက မြစ်ဖျားခံတယ်လို့ ဆိုပါတယ်။ ကျွန်မတို့
ဟာ တစ်ဖြည်းဖြည်းနဲ့ မိသားစုဝင်တွေ၊ သူငယ်ချင်းတွေ
နဲ့ ဝေးကွာလာပါတယ်။ လူမှုကွန်ယက်ပေါ်က အပေါ်ယံ
ဂရုစိုက်မှုတွေက လွဲလို့ပေါ့။ နောက်တစ်ချက်က ကျွန်မ
တို့ဟာ ပန်းတိုင်တွေ တစ်ခုပြီးတစ်ခုရောက်အောင်သာ
ကြိုးစားနေပြီး ဘယ်တော့မှ ကျေနပ်ရောင့်ရဲခြင်း မရှိ
ကြတာပါပဲ။

ဒီနှစ်အတွင်းမှာ ကြည့်ခဲ့ရတဲ့ အင်တာဗျူးတစ်ခုမှာ
သရုပ်ဆောင် Jim Carrey ပြောခဲ့တာလေးတစ်ခုရှိပါ
တယ်။ “လိုချင်ခဲ့တာတွေအားလုံးရရှိခဲ့ပြီး အမြဲရောက်
ချင်ခဲ့တဲ့ ပန်းတိုင်ကို ရောက်တဲ့အချိန်မှာ ငါမပျော်သေး
ပါလား” ဆိုတာကို သူတွေးမိတဲ့အကြောင်းပါ။ ကိုယ်
လို
ချင်ခဲ့တာတွေ အကုန်ရပြီးချိန်မှာတောင် မပျော်နိုင်

သေးဘူးဆိုတော့ သူ့အတွက် အံ့သြစရာတစ်ခုလို ဖြစ်
နေမှာပါ။ လူတွေက ပြောကြတယ်..အိမ်အသစ်လေးရမှ..
လစာတိုးမှ..ကလေးတွေရမှ..ပျော်မယ်ဆိုပြီးတော့ပေါ့။
ဒါပေမယ့် ကျွန်မတို့ အဲ့ဒီအချိန်တွေရောက်သွားရင်လည်း
မပျော်ကြပါဘူး။ တကယ်တော့ Jim Carrery ပြောသွား
တဲ့စကားက မှန်ပါတယ်။ နှစ်ပေါင်းများစွာ ကိုယ်လိုချင်
တာတွေနောက်လိုက်နေတာက စိတ်ဆန္ဒပြည့်ဝစွာ
ပျော်ရွှင်ခြင်းရဲ့ ဆန့်ကျင်ဘက် လုပ်ရပ်ဖြစ်နေပါတယ်။

တကယ်တော့ သင့်ကို ရေရှည်စိတ်ချမ်းသာစေမယ့်
အရာတွေကို ပိုက်ဆံနဲ့ ဝယ်လို့မရပါဘူး။  ငွေရေးကြေးရေး
နဲ့ပုဂ္ဂလိကအောင်မြင်မှုကိုပဲ တန်ဖိုးထား
တတ်
လာတဲ့ ဒီလိုလူ့အဖွဲ့အစည်းကို စိတ်ကုန်နေကြ
တာကို
စိတ်ရောဂါဖြစ်တယ်လို့လာမပြောပါနဲ့။ အဲ့ဒီ
အစား
ယနေ့ခတ် လူ့အဖွဲ့အစည်းရဲ့ တွေးခေါ်ပုံ၊ နေထိုင်
ပုံမှာ
တစ်ခုခုမှားနေပြီဆိုတာကို ကျွန်မတို့အရင်လက်ခံ
ရ
ပါမယ်။ ဘဝမှာ အဓိပ္ပါယ် ကင်းမဲ့နေလို့ ပိုမို အဓိပ္ပါယ်ရှိ
တဲ့ ဘဝလေးကို လိုချင်နေမိသူတွေကို စိတ်ရောဂါဖြစ်
တယ်လို့ ခေါ်တာ ရပ်သင့်ပါပြီ။ အဲ့ဒီအစား လူတွေ
အတွက် အဓိပ္ပါယ်ရှိတဲ့ ဘဝလေးကို ဝိုင်းဝန်းပြီး ဖန်တီး
ပေးသင့်ပါတယ်။ ပုဂ္ဂလိကအောင်မြင်မှုတွေထက်
အဓိပ္ပါယ်ရှိတဲ့ ဘဝကို အလေးပေးတဲ့ အဖွဲ့အစည်း
တစ်ခု ဖြစ်အောင် ကျွန်မတို့ လုပ်ရပါမယ်။

ခန္ဓာကိုယ်အတွင်းက ဓာတ်တွေမညီမျှလို့ ဆေးကုသမှု
ခံယူရမယ့်သူတွေလည်း ရှိပါတယ်။ မရှိဘူးလို့တော့ 

မပြောလိုပါဘူး။ ဒါပေမယ့် စိတ်ဓာတ်ကျနေတဲ့

အမေရိကန် အများစုက ကျွန်မတို့နိုင်ငံရဲ့ မှားယွင်း
နေတဲ့ 
လူနေမှုစတိုင်၊ အတွေးအခေါ်၊ ယဉ်ကျေးမှု
ကြောင့်ပါ။ 
သူတို့ကိုယ်တိုင် စိတ်ပိုင်းဆိုင်ရာ ချို့ယွင်း
နေလို့ မဟုတ်
ပါဘူး။

ကျွန်မတို့ရဲ့ ယဉ်ကျေးမှုအလေ့အထနဲ့ တွေးခေါ်ပုံတွေကို
ပြောင်းဖို့က အရေးကြီးပါတယ်။ ကိုယ်တိုင်ခံစားခဲ့ရတဲ့
အမှောင်ဆုံးနေ့ရက်တွေကို တစ်ပါးသူကို ရိုးရိုးသားသား
ဖော်ပြရမှာ ဖြစ်ပြီး အဲ့ဒါဟာ ပထမခြေလှမ်း ဖြစ်ပါတယ်။
ဘဝကို အဆုံးသတ်ဖို့ စဉ်းစားနေသူတွေဟာ ဒီလို အဖြစ်
အပျက်မျိုးတွေကို ကြားသိဖို့လိုပါတယ်။ ဒါမှ ဒီလို Suicide
လုပ်ချင်တဲ့ အနေအထားကနေ လွတ်မြောက်နိုင်တယ်
ဆို
တာကိုသူတို့သဘောပေါက်မှာပါ။ ကျွန်မကတော့ 
ကျွန်မရဲ့
အမှောင်ဆုံးနေ့ရက်တွေ အကြောင်းရှင်တို့ကို
 ပြောပြီးပါပြီ။
အခုတော့ရှင်တို့အလှည့်ပေါ့...

Kirsten Powers ရေးတဲ့ဆောင်းပါးကတော့ ဒီနေရာမှာပဲ
အဆုံးသတ်သွားခဲ့ပါပြီ။ ကျွန်တော်သူရဲ့ ဆောင်းပါးလေး

ကိုဘာသာပြန်တာ အကြောင်းရှိပါတယ်။ အခုနောက်ပိုင်း

Suicideလုပ်ပြီးဆုံးခဲ့တဲ့ နာမည်ကျော်တွေ အများကြီး 

ရှိလာပါတယ်။Linking Parkက အဆိုတော် Chester,
နောက်ပြီး Avicii၊ နာမည်ကျော် အဝတ်အစားနဲ့လက်ကိုင်

အိတ်ထုတ်လုပ်သူKate Spade, နာမည်ကျော်
Celebrity 
Chef ဖြစ်သူ Anthony Bourdain စတဲ့
နာမည်ကျော်တွေ 
အားလုံး Suicide လုပ်ခဲ့ကြတယ်။

ကျွန်တော်ရဲ့ 
သူစိတ်ဓာတ်ကျတိုင်းဖတ်ဖို့ စာအုပ်နဲ့
လက်ဆောင်စာအုပ်
မှာ ကျွန်တော်ပြောခဲ့တဲ့စကား
တစ်ခွန်းရှိတယ်..အဲ့ဒါက 
Success is Lifestyle
ဆိုတဲ့စကားပါ။ အောင်မြင်ခြင်းဆို
တာ ဘဝကို
ဘယ်လိုဖြတ်သန်းလဲဆိုတာပါပဲ။ ရုပ်ဝတ္တု
ပစ္စည်း
တစ်ခုခုပိုင်တဲ့အခါ စိတ်ချမ်းသာသွားမယ်လို့ မထင်
ပါနဲ့။
အောင်မြင်မှု တစ်ခုခုရမှစိတ်ချမ်းသာမယ်လို့ မထင်
ပါနဲ့။
လူတွေရဲ့ လိုချင်တပ်မက်မှုဟာ ဘယ်တော့မှ ရပ်တန့်

လေ့မရှိပါဘူး။ အောင်မြင်မှုဆိုတာသင်ဘယ်လို ဘဝ
ကို
 ဖြတ်သန်းလဲဆိုတာနဲ့ပဲ တိုင်းတာသင့်ပါတယ်။
ရုပ်ဝတ္ထု
ပစ္စည်းတွေနဲ့ အကာတွေ ခေတ်စားလာတဲ့
ခတ်ကြီးထဲမှာ 
သင့်ရဲ့ စဉ်းစားတွေခေါ်ပုံဟာ အရေးကြီး
လာပါပြီ။

အလုပ်မကြိုးစားရဘူး..အောင်မြင်အောင် မလုပ်ရဘူးလို့
မဆိုလိုပါဘူး။ ဘာပဲလုပ်နေလုပ်နေ..ဘယ်လိုပဲ မျှော်လင့်
ချက်ရှိရှိ..ကြိုးစားရင်း ဘဝကို ပျော်အောင်နေဖို့ ဆိုလိုတာပါ။
Happiness is not a destination ပါ။ ပျော်ရွှင်မှုဆိုတာကို
ပန်းတိုင်လို့မသတ်မှတ်ပါနဲ့။ ပျော်ရွှင်မှုဆိုတာ နေ့တိုင်း
ရရှိအောင် ကြိုးစားသင့်တဲ့အရာပါ။ နေ့တိုင်း အတတ်နိုင်ဆုံး
ပျော်အောင်နေပါ။ အောင်မြင်ရင်...ပျော်ရွှင်မယ်ဆိုတဲ့

Mindsetကို ဖျောက်လိုက်ပါ။ ပျော်အောင်နေတတ်မှ
ပျော်မှာဖြစ်ပါတယ်။


#မိုးရှင်း (I.M.T) ဘာသာပြန်သည်။

Sunday, June 24, 2018

ဆေးခြောက်နှင့် စိတ်ကျန်းမာရေး (Does Marijuana Affect Mental Illness?)



ရေးသားသူ - ပါမောက္ခ ဒေါက်တာခင်မောင်ကြီး (စိတ်ကျန်းမာ၊ မူးယစ်)

ဆေးခြောက်ဆိုတာ ဘာလဲ

မြန်မာလို ဆေးခြောက်ဟုဆိုလျှင် နားလည်လွယ်၍ ရုက္ခဗေဒဘာသာအားဖြင့် cannabis sativa and cannabis indica ဟု ခေါ်ဆိုပါသည်။ ကမ္ဘာတစ်ဝန်း ရာစုနှစ်များစွာကပင် ကျယ်ပြန့်စွာ ပေါက်ရောက် သိရှိပြီး ဖြစ်ပါသည်။ ပင်စည် အမျှင်များကို ကြိုးနှင့် အဝတ်အထည် ရက်လုပ်ခြင်းအပြင် ဆေးဝါး အနေဖြင့် အသုံးပြုသကဲ့သို့ ဆေးခြောက်ရှူခြင်းမှာ နားနေပျော်ရွှင်မှုအတွက် ရှေးယခင် ကပင် ခေတ်စား ၍  ပေါ်ပြူလာ  ဖြစ်လာပါသည်။ ဆေးခြောက်အဆီကို Bhang၊ ganja၊ hashish၊ Resin ဟု  ခေါ်ကြပါသည်။  ထို့အပြင်  အပွင့်၊  အညွန့်နှင့်  ရွက်ခြောက်တို့ကို  grass၊ marijuana၊ spliff ၊ weed ဟု ခေါ်ကြပါသည်။

“Skunk” ဆိုသည်မှာ ပြင်းသောဆေးခြောက်အမျိုးအစားဖြစ်ပြီး ယင်းတွင်ပါဝင်သော အဓိက ဓာတုပစ္စည်း THC (tetrahydrocannabinol) ပါဝင်မှုနှုန်းမှာ သာမန်ဆေးခြောက်ထက် နှစ်ဆ၊ သုံးဆမျှ မြင့်မားပေသည်။ ဆေးခြောက်အမျိုးပေါင်းမှာ ရာချီ၍ များစွာရှိပြီး ဗန်းစကားအဖြစ် AK-47၊ Knock Out၊ Destroyer ဟု ပြင်းထန်မှုကိုညွှန်း၍ အမည်များ ပေးထားကြသည်။

ဆေးခြောက်ကို ဘယ်လိုသုံးစွဲကြသလဲ

ဆေးခြောက်ကို ဆေးလိပ်တွင် ဆေးရွက်ကြီးများနှင့်ရော၍ သောက်ရှူ သကဲ့သို့  မီးရှို့၍  အငွေ့ကို  နည်းမျိုးစုံဖြင့်  ရှူရှိုက်တတ်ကြသည်။  ထို့ပြင် လက်ဖက်ခြောက် အကြမ်းခြောက်ကဲ့သို့ အသုံးပြုခြင်း၊ မုန့်မျိုးစုံနှင့် ဟင်းလျာ များတွင် ထည့်သွင်းချက်လုပ် စားသောက်တတ်ကြသည်။ ဆေးခြောက်တွင်  ပါဝင်သော စိတ်ကိုပြောင်းလဲစေသည့် ဓာတုပစ္စည်းမျိုးစုံတို့သည် သွေးအတွင်းသို့ ရောက်ရှိသွားပါက တစ်ကိုယ်လုံးရှိ  အဆီတစ်သျှူးများတွင်  ကြာရှည်စွာခိုကပ်နေပြီး  ဆီးမှတစ်ဆင့်  စစ်ထုတ်ပေးသည်။  သို့ဖြစ်၍ နောက်ဆုံးဆေးခြောက်ရှူပြီး ရက်များစွာ ကြာမြင့်သည်အထိ ဆီးတွင်  တွေ့ရှိနိုင်ပေသည်။

မြန်မာနိုင်ငံမူးယစ်ဥပဒေနှင့် ဆေးခြောက်

မြန်မာနိုင်ငံတွင် ပြဋ္ဌာန်းထားသော ၁၉၉၃ ခုနှစ် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဥပဒေ (1993 Narcotics andPsychotropic Substances Law )  အရ ဆေးခြောက်ကို မူးယစ်ဆေးဝါးအဖြစ် ပြဋ္ဌာန်းထား၍ သုံးစွဲမှု၊ စိုက်ပျိုးမှု၊ သိုလှောင်မှု၊ သယ်ယူရောင်းဝယ်ဖောက်ကားမှု၊  ပြည်တွင်း ပြည်ပသွင်းမှု၊ ထုတ်မှု စသည်များကို ဤဥပဒေပါ အခြားဆေးဝါးများ အတိုင်း ပြဋ္ဌာန်းထားပါသည်။ လက်ဝယ်တွေ့ရှိမှုနှင့် ရောင်းဝယ်ဖောက်ကားမှုကို ပမာဏအလေးချိန် ၁၀၀ ဂရမ်ဖြင့် ကန့်သတ်ထားပါသည်။

ဆေးခြောက်တွင် မည်သည့်ဓာတုဗေဒပစ္စည်းများပါသလဲ၊  ဦးနှောက်တွင် ဘယ်လိုလုပ် ဆောင်ကြသလဲ

ဆေးခြောက်ပင်တစ်ပင်တွင် ဓာတုဗေဒပစ္စည်းအမျိုးပေါင်း ၄၀၀ ကျော်ပါရှိပေသည်။ အဓိက ဓာတုပစ္စည်း လေးမျိုးပါဝင်ပြီး ၎င်းတို့မှာ delta 9-THC၊ CBD၊ delta 8-THC နှင့် cannabinol တို့ဖြစ်ကြသည်။ CBD မှလွဲ၍ ကျန်ဓာတုပစ္စည်းများမှာ စိတ်အာရုံကို လှုံ့ဆော်သော အာနိသင်ရှိ၍ Delta 9-THC မှာ အပြင်းဆုံးဖြစ်သည်။

ဆေးခြောက်ကိုရှူလိုက်ပါက ဓာတုပစ္စည်းများသည် သွေးကြောများ အတွင်းသို့ ဝင်ရောက်ပြီး ဦးနှောက်နှင့် အခြားအင်္ဂါများသို့ ပျံ့နှံ့သွားပေသည်။ ဆေးခြောက်ရှူ၍  ထုံသွားခြင်း၊  ငြိမ်သွားခြင်းတို့မှာ  ဦးနှောက်ရှိ delta9-THC  ဓာတ်ပူးဝင်နိုင်သော စုပ်ခွက်လေးတွင် ဝင်ရောက်ပူး ကပ်သောကြောင့် ဖြစ်ပေသည်။ ယင်းစုပ်ခွက်များကို စိတ်လှုပ်ရှားမှု၊ စိတ်သာယာမှု၊ မှတ်ဉာဏ်၊ အတွေးအမြင်၊ စိတ်အာရုံစုစည်းမှု၊ အာရုံငါးပါးနှင့် အချိန်သိမှုကိုလွှမ်းမိုးသော  ဦးနှောက်၏ ဧရိယာများတွင် အများဆုံးတွေ့ရပေသည်။

ဓာတုပစ္စည်းများဟာ ဘယ်လိုအာနိသင်ရှိသလဲ

ချောက်ချားမှု
ယင်းတို့မှာ   စိုးရိမ်ပူပန်စိတ်လွန်ကဲခြင်းနှင့်အတူ    သိမှုအာရုံများ ရှုပ်ထွေးခြင်း၊ အာရုံငါးပါးတွင် လှုံ့ဆော်မဲ့အာရုံ (မရှိသောအသံကြားခြင်း၊ မရှိသောအရာမြင်တွေ့ခြင်း၊ မရှိသောအရာထိတွေ့ခြင်း) စသည်များ  ခံစား ရခြင်း၊ ပတ်ဝန်းကျင်အပေါ် မယုံသင်္ကာစိတ်များဖြစ်ပေါ်ခြင်းတို့ ဖြစ်တတ် ပေသည်။ ဆေးခြောက်ကြောင်သည်ဟု ခေါ်ကြသည်။ ဤသို့ ဆေးခြောက် ကြောင်သော လက္ခဏာများကို  ရက်သတ္တပတ်အတန်ကြာ ခံစားရတတ်ပေသည်။ ကြာရှည်သုံးစွဲပါက စိတ်ဓာတ်ကျ၍ အားကြိုး မာန်တက်စိတ်များ လျော့နည်းလာရုံမက အချို့သုတေသနများတွင် မှတ်ဉာဏ် အစဉ်အမြဲထိခိုက်မှု ကို တွေ့ရှိရပေသည်။ ဆေးခြောက်စိတ္တဇဟုလည်း ခေါ်ကြသည်။

ပညာရေး သင်ယူမှုနှင့် ဆေးခြောက်သုံးစွဲမှု

ဆေးခြောက်ရှူခြင်းကြောင့် အာရုံစုစည်းမှု၊ အချက်အလက်များ သိုလှောင် စုစည်းမှုနှင့် ပြန်လည်အသုံးချခြင်း(မှတ်ဉာဏ်)များကို  ထိခိုက်ခြင်း ဖြစ်နိုင် ပေသည်။ ဤအချက်ကို ပညာသင် ယူမှုပြုသော ကျောင်းသားများတွင် တွေ့ရ ပေသည်။
နယူးဇီလန်နိုင်ငံ၏ သုတေသနကြီးတစ်ခုတွင် ကျောင်းသား ၁၂၆၅ ယောက်ကို ၂၅ နှစ်တိုင်အောင်   စဉ်ဆက်မပြတ်   လေ့လာမှုများပြုရာ ဆေးခြောက်သုံးစွဲမှုသည် ကျောင်းပညာရေးစွမ်းဆောင်မှု လျော့နည်း ကျဆင်း ခြင်းနှင့် ဆက်စပ်မှုရှိကြောင်း တွေ့ရပေသည်။

လုပ်ငန်းခွင်စွမ်းဆောင်မှုနှင့်ဆေးခြောက်သုံးစွဲမှု 

လုပ်ငန်းခွင်စွမ်းဆောင်မှုမှာလည်း ထိုနည်းလည်းကောင်းပင်။ ဆေးခြောက် သုံးစွဲသူများတွင် ခွင့်မဲ့ပျက်ကွက်မှု များပြားခြင်း၊  အလုပ်ချိန်တွင် ကိုယ်ရေး ကိုယ်တာများဖြင့် ဖြုန်းပစ်ခြင်း (သို့မဟုတ်) စိတ်ကူးယဉ်နေတတ်ခြင်းများ တွေ့ရပေသည်။ ဆေးခြောက်သုံးစွဲသူ ကာယကံရှင်များ ကိုယ်တိုင်ကလည်း ဆေးခြောက်သုံးစွဲမှုကြောင့် လုပ်ငန်းခွင်နှင့် လူမှုဘ၀များတွင် ထိခိုက်မှုများ ကြုံတွေ့ရကြောင်း  ဝန်ခံကြပေသည်။
 မှန်ပါသည်။ အချို့လုပ်ငန်းတာဝန်များတွင် ပိုမိုတွေ့ရပေသည်။

လေယာဉ်မောင်းသူ ပိုင်းလော့များအား ဆေးခြောက်ရှူစေပြီး လေယာဉ် မောင်းခိုင်း၍ သုတေသနပြုရာ (ဝေဟင်သို့ တကယ်တက်ရောက်မောင်းခြင်း မဟုတ်ဘဲ သင်တန်းလေယာဉ်ဖြင့် မောင်းစေခြင်း)တွင် အမှားအယွင်းများစွာ (ဆေးခြောက်မရှူထားသူထက်) ပိုမိုလုပ်ဆောင်ကြောင်း တွေ့ရပေသည်။ ပထမ လေးနာရီတွင် မှားယွင်းမှု အပြင်းထန်ဆုံးဖြစ်ပြီး အနည်းဆုံး  ၂၄ နာရီ အထိရှိနေကြောင်း လေ့လာတွေ့ရှိရပေသည်။

မော်တော်ယာဉ်မောင်းနှင်မှုနှင့် ဆေးခြောက်သုံးစွဲမှု
နယူးဇီလန်နိုင်ငံ၏ သုတေသနတစ်ခုတွင် ဆေးခြောက်မှန်မှန်ရှူသူများနှင့်ယာဉ်မမောင်းနှင်မီ ရှူထားသူများသည် ယာဉ်မတော်တဆမှုဖြင့် ဒဏ်ရာရမှု ပိုမိုကြုံတွေ့ရကြောင်း တွေ့ရှိရပေသည်။ ထို့အပြင် မကြာခင်က ပြင်သစ်နိုင်ငံတွင် ပြင်းထန်သေကျေလောက်သည့်  ယာဉ်တိုက်မှုများတွင် ပါဝင်သည့် ယာဉ်မောင်း ၁၀၀၀ ကျော်အား လေ့လာမှု ပြုခဲ့ကြပေသည်။ ယင်းလေ့လာမှုတွင် အရက်သောက်သုံးမှုကြောင့် ဖြစ်နိုင်ခြေ ရှိသည့်အချက်ကို ထည့်သွင်းတွက်ချက်ထားသည့်တိုင်  ဆေးခြောက်သုံးစွဲသူများ သည် သေကျေလောက်သည့် ပြင်းထန်သောယာဉ်တိုက်မှုကို ဖြစ်နိုင်ခြေမှာ နှစ်ဆရှိကြောင်း တွေ့ရှိရပေသည်။


စိတ်ကျန်းမာရေးပြဿနာနှင့် ဆေးခြောက်သုံးစွဲမှု

စိတ်ကျရောဂါနှင့် စိတ်ဖောက်ပြန်ရောဂါအပါအဝင်  ပြင်းထန်သော စိတ်ရောဂါခံစားရသူတို့တွင်  ဆေးခြောက်သုံးစွဲမှုပိုများခြင်း  (သို့မဟုတ်) ကြာရှည်စွာ ဆေးခြောက်သုံးစွဲခဲ့ကြောင်း တွေ့ရပေသည်။   ဆေးခြောက်ကို ပုံမှန်သုံးစွဲသူများတွင် စိတ်ဖောက်ပြန်ခြင်း (သို့မဟုတ်) နာတာရှည် စိတ်ကစဥ့် ကလျားရောဂါဖြစ်နိုင်ခြေ နှစ်ဆရှိကြောင်း တွေ့ရပေသည်။

လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း မျိုးရိုးဗီဇအခံရှိသူများတွင် မူးယစ်ဆေး စောစီးစွာ သုံးစွဲခြင်း နှင့်နောက်ပိုင်း စိတ်ကျန်းမာရေးပြဿနာ ဖြစ်ပွားခြင်းတို့မှာ ထင်ရှားစွာ ဆက်စပ်မှု ရှိ ကြောင်း တွေ့ရပေသည်။

 စိတ်ကျရောဂါ

 အသက် ၁၄ နှစ်နှင့် ၁၅ နှစ်အရွယ်ရှိ   ဩစတြေးလျကျောင်းသား ၁၆၀၀ တို့အား ခုနစ်နှစ်တိုင်အောင် လေ့လာကြည့်ရာ ဆေးခြောက်မှန်မှန် သုံးစွဲသူများတွင် စိတ်ကျရောဂါမှာ သိသာစွာပိုမိုဖြစ်ပွားကြောင်း တွေ့ရပေ သည်။ ထို့ပြင် ဆေးခြောက် နေ့စဉ်သုံးစွဲသူလူငယ်များမှာ နောက်ပိုင်းတွင် စိတ်ကျရောဂါနှင့် စိုးရိမ်စိတ်လွန်ရောဂါများ ဖြစ်နိုင်ခြေ (ငါးဆ) ရှိကြောင်း တွေ့ရပေသည်။

စိတ်ဖောက်ပြန်ရောဂါ (စိတ်ကစဥ့်ကလျားနှင့် စိတ်ကြွ၊ စိတ်ကျရောဂါ)

 ဆေးခြောက်ရှူသော လူငယ်များ၊ အထူးအဖြင့် အသက်  ၁၅  နှစ်  ဝန်းကျင်အရွယ်ရှိ ဆေးခြောက်ရှူ သောလူငယ်များတွင် စိတ်ကစဥ့်ကလျား  ရောဂါနှင့် စိတ်ကြွ၊ စိတ်ကျရောဂါကဲ့သို့ စိတ်ဖောက်ပြန် ရောဂါများ ဖြစ်နိုင်ခြေ မှာ သာမန်အခြေအနေထက် များစွာကြီးမားကြောင်း လုံလောက်သော အထောက်အထားများရှိနေပြီ ဖြစ်ပါသည်။ များများရှူလေ ဖြစ်နိုင်ခြေမှာလည်း ပိုမိုကြီးမားလေ ဖြစ်ပေသည်။ အကြောင်းမှာ လူငယ်များ၏ ဦးနှောက်မှာ ဖွံ့ဖြိုးနေဆဲအချိန်ဖြစ်၍  ဖြစ်ပါသည်။ လူတိုင်း မဖြစ်နိုင်ပါဟု ငြင်းချက် ထုတ်နိုင်သော်လည်း မျိုးရိုးတွင် စိတ်ရောဂါရှိခြင်း၊ စိတ်ရောဂါဖြစ်လွယ်သော ကိုယ်ရည်ကိုယ်သွေးရှိခြင်း (သို့မဟုတ်) ဗီဇရှိသူများတွင် စိတ်ဖောက်ပြန်ရောဂါ ဖြစ်နိုင်ခြေ ပိုများပြား စေပါသည်။

ခန္ဓာကိုယ်ပိုင်းဆိုင်ရာဆိုးကျိုး

နောက်ဆုံးပေါ်သုတေသနများအရ ဆေးခြောက်တွင် အဆုတ်ကင်ဆာ  ဖြစ်နိုင်သောဓာတ်များ ပါရှိကြောင်းလည်း တွေ့ရှိလာပြီ ဖြစ်သည်။

ဆေးခြောက်စိတ္တဇရှိသလား 

ရှိပါသည်။    အချို့တွင်  ဆေးခြောက်ရှူပြီး  ခဏတာကြောင်၍ကောင်းသွားသော်လည်း အချို့မှာ အမြဲသုံးစွဲခြင်းဖြင့် နာတာရှည်လက္ခဏာများ ကျန်ရစ်နေတတ်ပေသည်။


ဆေးခြောက်ရှူပါက စွဲတတ်ပါသလား

စွဲတတ်ပါသည်။   ယခင်က မစွဲဟု  ထင်ကြပါသည်။   ယခုအခါ ဆေးခြောက်မှန်မှန်ရှူခြင်းဖြင့် အခြားစွဲစေသော မူးယစ်ဆေးများ  သုံးသကဲ့ သို့ပင် စွဲတတ်သည့် လက္ခဏာများကို တွေ့ရှိလာရပြီ ဖြစ်ပါသည်။ သို့ဖြစ်၍ ဆေးခြောက်သည် စွဲစေတတ်သောမူးယစ်ဆေး ဖြစ်ပါသည်။

ဆေးခြောက်ကို တရားဝင်ဖြစ်မှု ပြဋ္ဌာန်းခြင်း၊ မပြဋ္ဌာန်းခြင်းကို လေ့လာခြင်း

ဆေးခြောက်သုံးစွဲမှုကို ဥပဒေကြောင်းအရ တားမြစ်မှုများမှာ တစ်နိုင်ငံ နှင့်တစ်နိုင်ငံ မတူကြဘဲ အမျိုးမျိုးဝိဝါဒ ကွဲပြားလျက်ရှိပေသည်။ သို့သော် လည်း ဆေးခြောက်လက်ဝယ်ထားရှိမှု၊ ရောင်းဝယ်ဖောက်ကားမှုကို နိုင်ငံ အားလုံးနီးပါးတွင် တရားဝင်ခွင့်မပြုပေ။

၂၀၁၈ ခုနှစ်အထိ  ဆေးခြောက်သုံးစွဲမှုကို    တရားဝင်ပျော့ပျောင်းစွာ ကိုင်တွယ်ပြဋ္ဌာန်းသော နိုင်ငံများမှာ ဩစတြေးလျ၊ ကနေဒါ၊ ချီလီ၊ ကိုလံ ဘီယာ၊ ကော့စတာရီကာ၊ ချက်ပြည်သူ့သမ္မတနိုင်ငံ၊ အိန္ဒိယ၊ အစ္စရေး၊  ဂျမေကာ၊ မက္ကဆီကို၊ နယ်သာလန်၊ ပေါ်တူဂီ၊ တောင်အာဖရိက၊ စပိန်နှင့် ဥရုဂွေး နိုင်ငံတို့ ဖြစ်ကြသည်။

ဆေးခြောက်သုံးစွဲမှုကို ခွင့်ပြုခြင်းဆိုရာတွင်  အပျော်အပါးအနေဖြင့် သုံးစွဲခြင်းနှင့်  ဆေးဖြစ်ဝါးဖြစ်  သုံးစွဲခြင်းဟုလည်း ခွဲခြားသတ်မှတ်ကြသည်။ သုံးစွဲမှုခွင့်ပြုသောနိုင်ငံများတွင် များသောအားဖြင့် အနည်းငယ် လက်ဝယ် တွေ့ရှိမှုကို ပြစ်မှုဟု မသတ်မှတ်ပေ။ တရားဝင်ခွင့်ပြုခြင်း၊ မပြုခြင်းနှင့်  ရာဇဝတ်ပြစ်မှုမြောက်ခြင်း၊ မမြောက်ခြင်းမှာလည်း မတူညီကြပေ။ သုံးစွဲမှု တရားဝင် ခွင့်ပြုခြင်းဆိုရာတွင်ပင် နိုင်ငံတစ်ခုအတွင်းရှိ ပြည်နယ်ချင်း မတူကြသေးပေ။ ဥပမာ - အမေရိကန် နိုင်ငံ၊ ဩစတြေးလျပြည်နယ်။
သို့သော် စိုက်ပျိုးထုတ်လုပ်ခြင်း၊  လက်ဝယ်များပြားစွာ  ထားရှိခြင်း၊ သယ်ယူပို့ဆောင် ရောင်း ချခြင်းကိုမူ  နိုင်ငံတိုင်းလိုလိုတွင်  ခွင့်ပြုခြင်းမရှိ။ဥပဒေဖြင့် ပြင်းထန်စွာသတ်မှတ်ထားပေသည်။
ဆေးခြောက်နှင့်ပတ်သက်၍   ပြင်းထန်သောဥပဒေ   ပြဋ္ဌာန်းသော နိုင်ငံများမှာ မြန်မာနိုင်ငံအပါအဝင် အင်ဒိုနီးရှား၊ ဂျပန်၊ မလေးရှား၊ ပြင်သစ်၊ ပိုလန်၊ ဆော်ဒီအာရေဗျ၊ စင်ကာပူ၊ တောင်ကိုရီးယား၊ ထိုင်ဝမ်၊ ထိုင်း၊ တူရကီ၊ ယူကရိန်း၊ ပြည်ထောင်စုအာရပ် အမ်းမရိတ်နိုင်ငံနှင့် အင်္ဂလန်နိုင်ငံတို့ ဖြစ်ကြသည်။

ဆေးခြောက်ကို  တရားဝင်သုံးစွဲမှု  တောင်းဆိုနေခြင်းကိစ္စနှင့် ပတ်သက်၍ ထင်မြင်ယူဆချက်

ဆေးခြောက်တွင် ပါရှိသည့် ဓာတ်အချို့သည် ပြင်းထန်စွာနာနေသော ကင်ဆာရောဂါ၊ ကင်ဆာကုဆေးနှင့် အဏုမြူရောင်ခြည်ကြောင့် ပျို့ခြင်း၊ အန်ခြင်း အခြေအနေများတွင် ဆေးဖြစ်ဝါးဖြစ်သုံးနိုင်ကြောင်း တွေ့ရသည်ကို အကြောင်းပြု၍ နိုင်ငံအတော်များများတွင် ဆေးခြောက်ကို တရားဝင် သုံးစွဲ၊ ရောင်းဝယ်ဖောက်ကားခွင့်များ တောင်းဆိုလျက်ရှိပါသည်။

အမှန်မှာ ဆေးခြောက်၏ ဆေးဖြစ်ဝါးဖြစ် အသုံးဝင်မှုထက် စီးပွားရေး လုပ်ငန်းရှင်ကြီးများမှာ ရောင်းဝယ်ဖောက်ကားမှု တရားဝင်ဖြစ်ပါက အမြတ် အစွန်းကြီးမားစွာ ရနိုင်ခြင်းလောဘစိတ်ဖြင့် ပြုလုပ်နေခြင်းဟုလည်း သုံးသပ် ကြပါသည်။ မြန်မာနိုင်ငံအနေဖြင့် အဘက်ဘက်က ဖွံ့ဖြိုးတိုးတက်အောင် ပြန်လည် ပြုပြင်ကြိုးစားနေချိန်လည်းဖြစ်၊ အနီးတွင်လည်း သဘာဝအရ ကြောက်မက် ဖွယ် နိုင်ငံ့ပုံရိပ်ကိုထိခိုက်စေသည့် ဘိန်းထွက်ကောင်းသည့် ရွှေတြိဂံနယ်မြေ ကလည်း ရှိနေ၊ ဓာတုပစ္စည်းများ စီးပွားဖြစ်ထုတ်လုပ်သော နိုင်ငံကြီးများ ကြားတွင်ရှိနေ၍ ကုန်ကြမ်း လွယ်ကူမှုများကြောင့် မူးယစ်ဆေးဝါး၊ ဆေးပြား မျိုးစုံတို့မှာ ကြောက်မက်ဖွယ် ကောင်းလောက်အောင် ပျံ့နှံ့လျက်ရှိနေချိန်တွင် ကောင်းကျိုးထက်  ဆိုးချက်များလှသည့်  ဆေးခြောက်အတွက်  မြွေပူရာ ကင်းမှောင့် နောက်တစ်ခါ လာပြန်ချည့်သေးဟု ဆိုရအောင် ဆေးခြောက်ကို တရားဝင်လုပ်ပေးပါတဲ့။

မူးယစ်ဆေးစွဲလူငယ်များ၊ ၎င်းတို့၏ မိဘဆွေမျိုးအုပ်ထိန်းသူများစွာ တို့နှင့် နှစ်ပေါင်းများစွာ ထိတွေ့ဆက်ဆံခဲ့ဖူးသော  မူးယစ်ဆရာဝန်ကြီး တစ်ယောက်အနေဖြင့်   ၎င်းတို့  ကြုံတွေ့ရသော ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ အိမ်ထောင်ရေး၊ လူမှုရေးအဖြာဖြာတို့တွင် ဒုက္ခမျိုးစုံ တွေ့ကြုံ ခံစားကြရမှုကို မြင်တွေ့ ကြားသိခဲ့ရသည်မှာ ပြောမဆုံးပေါင် တောသုံးထောင်၊ ပုံပြင် တစ်ထောင့် တစ်ညမကပါ။

ထို့ကြောင့် ကျွန်တော့်ကို ဆေးခြောက်တရားဝင်သုံးစွဲမှု တောင်းဆိုခြင်း ကိစ္စမေးလာပါက “စိုက်ချင်တယ်၊ ရောင်းချင်တယ်၊ ဝယ်ချင်တယ်၊ ချမ်းသာ ချင်တယ်၊ လူငယ်တွေကို ဖျက်ဆီးချင်တယ်၊ တိုင်းပြည်ကိုဖျက်ဆီးချင်တယ်” ဆိုတာကိုတော့ ခွင့်မပြုနိုင်ပါ၊ လုံးဝခွင့်မပြုနိုင်ပါ။ ဒါကြောင့်   ယခုအခါ  ရေပန်းစားနေသော စကားလေးကို အငှားပြု၍ ပြောရလျှင် ဆရာကတော့ နိုး (No) ပါပဲ၊ လုံးဝ လုံးဝ နိုးပါပဲဟူ၍ ...


(ဆောင်းပါပါ ထင်မြင်ယူဆချက်များမှာ စာရေးသူ၏ ပုဂ္ဂလိကထင်မြင် ယူဆချက်သာ ဖြစ်ပါသည်။)

Credit: MOI

Saturday, June 23, 2018

SOYA BEAN သို့မဟုတ် ပဲပုပ်



ပဲပုပ်၏အမည်ကို အောက်ပါအတိုင်း ခေါ်ဝေါ်ကြောင်းသိရပါသည်။
(က) သီးနှံအမည်  -    ပဲပုပ်
(ခ)   ဒေသအခေါ်အဝေါ် -    ပဲပုပ်၊ ပဲပုပ်စေ့၊ ပဲပုပ်ပဲ
(ဂ)  အင်္ဂလိပ်အမည်      -    SOYA BEAN, SOY BEAN,MYANMAR SOYA BEAN
(ဃ) ရုက္ခဗေဒအမည် -    GLYCINE MAXL.SOJAMAX
(င)  အမျိုးအနွယ်အမည် -    LEGUMINOSAE


ပဲ၏ပုံသဏ္ဍာန်၊ အရွယ်အစားနှင့် အရောင်အဆင်း
ပဲပုပ်အစေ့၏ပုံသဏ္ဍာန်မှာ အလုံးအဝိုင်းဖြစ်ပါသည်။ အလုံးအရွယ်အစားအကြီးအသေးရှိသည်။ မြန်မာပဲပုပ်စေ့၏ အတိုင်းအတာမှာ ပျှမ်းမျှအားဖြင့် အလျား ၆.၅ မှ ၇.၈ မီလီမီတာ အထိရှိတတ် ပါသည်။ အထူမှာ ၃.၉၇ မှ ၅.၃ဝ မီလီမီတာအထိ ရှိတတ်ပါသည်။ ပဲပုပ်စေ့ ၁ဝဝ ၏အလေးချိန်မှာ ပျှမ်းမျှ ၁၂.ဝ၇ ဂရမ်ဝန်းကျင်ရှိပါသည်။
ပဲပုပ်စေ့အရောင်သည် အဝါ၊ အစိမ်း၊ အညို၊ အနက်စသည်ဖြင့် အရောင်သန့်၊ နှစ်ရောင်ရော၊ အရောင်စုံရော စသည်ဖြင့် တွေ့ရပါသည်။

အသီး၏ ပုံသဏ္ဍာန်နှင့်အရွယ်အစား
ပဲပုပ်သီးတောင့်တွင် အစေ့ (၂) စေ့မှ (၆) စေ့အထိ ပါရှိတတ်ပြီး၊ သီးတောင့်အရှည်သည် (၂) မှ (၇) စင်တီမီတာအတွင်းရှိတတ်သည်။ သီးတောင့်များအပေါ်တွင် အဖြူရောင်အမွှေးနုလေးများ ထူထပ် စွာဖုံးအုပ်လျှက်ရှိသည်ကိုတွေ့ရသည်။ အမွှေးမရှိသောမျိုးများလည်းရှိသည်။


ပဲပုပ်တွင်ပါဝင်သော အဟာရဓါတ်များ
ပဲပုပ်တွင်ပါဝင်သော အာဟာရဓါတ်များမှာ အောက်ပါအတိုင်းဖြစ်ကြောင်း သိရှိရပါသည်။
(၁) ရေငွေ့ဓါတ် အစိုဓါတ် ၅.ဝ – ၉.၄  %
(၂) အသားဓါတ်     ၃ဝ   - ၄၆   %
(၃)   အဆီဓါတ်                   ၁၂  - ၂၄   %
(၄)   အမျှင်ဓါတ်       ၂.၈  - ၆.၃  %
(၅)    ပြာဓါတ် ၃.၃  - ၆.၄  %

ပဲပုပ်၏မူရင်းဒေသ (ORIGIN)
ပဲပုပ်၏မူရင်းကို အမျိုးမျိုးဆန်းစစ်ပြောဆိုခဲ့ကြသည်။ တရုတ်ပြည်မှ အပင်များမှတ်တမ်းစာအုပ်တွင် တရုတ်ပြည်ယဉ်ကျေးမှု၏ အဓိကသီးနှံ (၅) မျိုးတွင် ပဲပုပ်ပါဝင်နေသည်ကို သိရှိခဲ့ကြသည်။ တရုတ် ပြည်တွင်ရှေးက ပဲပုပ်ကို အခမ်းအနားဖြင့် လယ်ထွန်မင်္ဂလာပြုလုပ်သကဲ့သို့ စိုက်ပျိုးခဲ့ကြသည်ဟု ဆိုသည်။

စိုက်ပျိုးဒေသပျံ့နှံ့ခြင်း (DISTRIBUTION)
ပဲပုပ်သည် တရုတ်ပြည်မြောက်ပိုင်းမှ ကိုးရီးယားသို့လည်းကောင်း၊ ထိုမှတဆင့် ဂျပန်သို့ ဘီစီ ၂ ရာစုနှင့် အေဒီ ၁ ရာစုအကြားတွင် ရောက်ရှိပျံ့နှံခဲ့သည်ဟု ဆိုကြသည်။ ရုရှဂျပန် စစ်ဖြစ်သောအခါ ပဲပုပ်သည် ဥရောပသို့ပျံ့နှံပြီး ယင်းသီးနှံကို အကြီးအကျယ် စိတ်ဝင်စားခြင်းခံရသည်ဟု ဆိုကြသည်။ မြန်မာနိုင်ငံ တွင်လည်း ရှေးမဆွကပင် ရှမ်းပြည်နယ်၏ စားသုံးကုန်ဖြစ်ခဲ့သဖြင့် ရှမ်းပဲပုပ် ဟုပင် ယခုတိုင် ပြောစမှတ်ပြုကြသည်။ ရှမ်းများနှင့် အထက်အညာနေသူများသည် ပဲပုပ်ကိုအလွန် ကြိုက်နှစ်သက်ကြသည်။ ဒေသပျံ့နှံ့ရာတွင် ယခုအခါကျယ်ပြန့်လာပြီး အမေရိကန်ပြည်ထောင်စု၊ ကနေဒါ စသည်တို့ပင်လျှင် အများအပြား စိုက်ပျိုးထုတ်လုပ်လျှက်ရှိသည်။

ကြိုက်နှစ်သက်သည့် ရာသီဥတု၊ စိုက်ပျိုးသည့်ကာလနှင့် (၁)    အပူချိန် ၂ဝ – ၄ဝ ဒီဂရီ (စင်တီဂရိတ်) အကြား၊ (၂)    မိုးရွာသွန်းမှု- မိုးရေချန်လက်မ - ၃ဝ နှင့် ၄ဝ ကြား၊ စိုက်ပျိုးသည့်ကာလ

-    မေလ၊ ဇွန်လ (ကုန်းမြင့်ပိုင်း) တောင်ပေါ်ဒေသများ
-    သြဂုတ်လ၊ စက်တင်ဘာလ၊ (မြေပြန့်ပိုင်း)
-    စက်တင်ဘာ၊ အောက်တိုဘာ၊ (မြေနုကျွန်းများ)

ရိတ်သိမ်းသည့်ကာလ
-    စက်တင်ဘာလမှ အောက်တိုဘာလ (ကုန်းမြင့်ပိုင်း)
-    ဒီဇင်ဘာလမှ ဇန်နဝါရီလ (မြေပြန့်ပိုင်း)

#ပဲပုပ် အထွက်တိုးရန် အပင် ကြီးထွားမှုအဆင့်အလိုက် ပြုစုထိန်းသိမ်းခြင်း

#ပဲပုပ်သည် အာဟာရ ရှုဒေါင့်၊ စီးပွားရေး ရှုဒေါင့်အရ
ကမ္ဘာ့ ဈေးကွက် မျက်နှာစာတွင် အလွန်အရေး ပါသည့် သီးနှံ တစ်ခု ဖြစ်သည်။

အသားဓာတ် ပရိုတိန်း ၄၀ ရာခိုင် နှုန်းမှ ၄၅ ရာခိုင်နှုန်း ပါဝင်မှုနှင့် ဟင်းသီး ဟင်းရွက် အဆီ ၁၉ ရာခိုင် နှုန်းမှ ၂၀ ရာခိုင်နှုန်း အထိပါဝင်မှု တို့သည် အရေးပါခြင်း၏ သော့ချက်များ ဖြစ်နေသည်။
သို့အတွက် ယနေ့ ကမ္ဘာ့ ဈေးကွက်တွင် ပဲပုပ်သည် မပါ မဖြစ်သောသီးနှံတစ်ခု အဖြစ် နေရာယူ ထားသည်။

ပဲပုပ်၏ တစ်ဧက အထွက်နှုန်း အလားအလာသည် တင်း ၂၀ ကျော်ခန့် ထွက်နိုင်သည်။ သို့သော်အကြောင်း ကြောင့်သော လိုအပ်ချက် များကြောင့် မြေပြင် ပကတိ အခြေအနေတွင် အမြင့်ဆုံး အထွက် ကို မရရှိ နိုင်သေးပေ။

ပဲပုပ်၏ ပင်ပိုင်း ကြီးထွားမှုနှင့် အထွက်နှုန်းတို့သည် မျိုးတစ်မျိုး၏ ဗီဇ စွမ်းရည်နှင့် ပတ်ဝန်းကျင် ထု၏ တုန့်ပြန်မှုရလဒ် ဖြစ်သည်။
ပဲပုပ် ပင်သည် တွေ့ကြုံ ရသည့် ပတ်ဝန်းကျင်အခြေအနေနှင့် ကိုက်ညီ အောင်ပြန်လည်တုံ့ပြန်ရသဖြင့် ပတ်ဝန်း ကျင်အခြေအနေပြောင်းပါက အပင်ကြီး ထွားဖွံ့ဖြိုးမှုပုံစံလည်း အလိုက်သင့်ပြောင်း လဲလေ့ရှိပါသည်။ ပဲပုပ်မျိုးကွဲတိုင်းတွင် ဗီဇ၏ သတ်မှတ်ပေးသည့် အမြင့်ဆုံး အထွက်စွမ်းရည်တစ်ခုစီ ရှိကြသည်။

ပဲပုပ် စိုက်တောင်သူ များသည် အထွက်ကောင်း ရန် သေချာပြီးဖြစ်သည့် အပင်ပြုစု နည်းများကို အသုံးပြုပြီး ရရှိသည့် ပတ်ဝန်းကျင် အခြေ အနေတွင် ပဲပုပ် အထွက်ကောင်း ရရှိနိုင်ရန် ပြုစု ထိန်းသိမ်း စောင့်ရှောက်နိုင် ပါသည်။

ဤသို့ ပြုစု ထိန်းသိမ်း စောင့်ရှောက်ရာတွင် ပဲပုပ်ပင်၏ ဇီဝကမ္မဖြစ်စဉ်အပြင် ကြီးထွားပုံအဆင့်အလိုက် ပြုစုစောင့်ရှောက် ထိန်းသိမ်းခြင်းသည် ထိရောက်သော နည်းလမ်း တစ်ခုဖြစ်သည်။

#ပဲပုပ်ပင် ကြီးထွားမှု အဆင့်ကို အဆင့်နှစ်ဆင့် ခွဲခြားထားသည်။

(က) ပင်ပိုင်းကြီးထွားမှုအဆင့်

(၂) မျိုးပွားပိုင်းကြီးထွားမှုအဆင့် ဖြစ်ပါသည်။

#ပင်ကြီးကြီးထွားမှုအဆင့်တွင်အဆင့်ရှစ်ဆင့်ရှိပါသည်။

(၁) မျိုးညှောက် ပေါက်အဆင့်

(၂) အစေ့ရွက်မြေပေါ်ရောက် အဆင့်

(၃) ပထမသုံးမွှာ ရွက်ပေါင်းထွက် သည့်အဆင့်

(၄) ဒုတိယ သုံးမွှာရွက်ပေါင်း ထွက်သည့်အဆင့်

(၅) တတိယ သုံးမွှာရွက် ပေါင်းထွက်သည့်အဆင့်

(၆) စတုတ္ထ သုံးမွှာ ရွက်ပေါင်းထွက်သည့်အဆင့်

(၇) ပဉ္စမ သုံးမွှာ ရွက်ပေါင်းထွက် သည့်အဆင့်

(၈) ဆဌမ သုံးမွှာရွက် ပေါင်းထွက်သည့် အဆင့်
(မကြာမီ ပန်းစတင်ပွင့်မည့်အဆင့်) တို့ဖြစ်ပါသည်။

အစေ့ရွက် မြေပေါ် ရောက်သည့် အဆင့်မှ ပဉ္စမ သုံးမွှာရွက်ပေါင်းထွက်သည့် အဆင့်ထိ တစ်ဆင့်နှင့်တစ်ဆင့်အကြား သုံးရက်မှ ငါးရက်ခန့် ကြာပါသည်။
နောက်ပိုင်း အဆင့် များတွင် တစ်ဆင့်နှင့် တစ်ဆင့် အကြား နှစ်ရက်မှ သုံးရက် ခန့်ကြာ ပါသည်။
ပဲပုပ် မျိုးညှောက် ပေါက်အဆင့်နှင့် အစေ့ရွက် မြေပေါ်ရောက်အဆင့်တို့တွင် အစေ့ရွက်အတွင်း သိုလှောင်ထားသော အစာများကို ခုနစ်ရက်မှ ၁၀ ရက်အထိ အပင်ငယ်၏ လိုအပ်သော နေရာများသို့ ပို့ပေး ရသည်။ ဤအဆင့် တွင် အစေ့ရွက် အကြောင်း အမျိုးမျိုးကြောင့် ထိခိုက် ပျက်စီးခံရ ပါက အပင်ကြီးထွား ဖွံ့ဖြိုးမှုရော အထွက်နှုန်းကို ပါ ထိခိုက် စေနိုင်သည်။
 အစေ့ရွက် တစ်ရွက်သာ ထိခိုက် ပျက်စီးပါက အထွက်နှုန်း ရှစ် ရာခိုင်နှုန်းမှ ကိုးရာခိုင်နှုန်း အထိ လျော့နိုင် ပါသည်။

စိုက်ပြီး ငါးရက် ကြာလျှင် မြစ် မွှေးများ ကောင်းစွာ ထွက်နေပြီ ဖြစ်သည်။ စိုက်ပြီး ငါးပတ်မှ ခြောက်ပတ် ကြာလျှင် ဘေးမြစ်များဘေးသို့ ၁၅ လက်မခန့် အထိ ထွက်လာ ပါသည်။
ပဲပုပ် မြစ်သည် မြေတွင်း အနက် ၁၆ လက်မမှ ၁၂ လက်မထိ
ရောက် ရှိနိုင်ပါသည်။
ဤအဆင့် တွင် ပဲပုပ်အထွက် တိုးစေရန် အတွက် အပင်ပေါက် ကောင်းရန် မျိုးစေ့ အနက် တစ်လက်မမှ ငါးလက်မသာမြေ တွင်းအနက်ချပေးရန် လိုသည်။
မျိုးစေ့ နက်ပါက ပင်ပေါက်နှုန်းညံ့စေ၍ အပင်ကြီးထွား မှုကိုပါ ထိခိုက်စေပါသည်။
အစာစုပ်  ယူနိုင်မှုလည်း အားနည်းသွား စေပါသည်။ မြေဩဇာကို ကြဲပက်ခြင်းမပြုဘဲ စိုက်ကြောင်းကြား အမြစ်နှင့် သုံးလက်မခန့်ခွာ ၍ချပေးရန် လိုပါသည်။

ပဲပုပ် ပထမသုံးမွှာ ရွက်ပေါင်းထွက်သည့် အဆင့်နှင့် ဒုတိယ သုံးမွှာရွက်ပေါင်း ထွက်သည့် အဆင့်တွင် ပင်စည်ပေါ်တွင် အဆစ်နှစ်ဆစ် ထွက်ပြီး ဖြစ်ပါသည်။

 ပဲပုပ်ပင် အမြင့် ခြောက်လက်မမှ ရှစ်လက်မခန့် ရရှိလာသည်။
ဤအဆင့်တွင် ပဲပုပ်ပင် အမြစ်သို့ ဘက်တီးရီးယား ပဲမြစ်ဖုများ စတင် ဝင်ရောက် ပါသည်။

ဒုတိယ သုံးမွှာရွက် ပေါင်းနှင့် တတိယ သုံးမွှာရွက် ပေါင်းထွက် ချိန်တွင်လေထုမှ နိုက်ထရိုဂျင်ကို စတင် စုပ်ယူ ပါသည်။ ဤအဆင့် တွင် ပဲပုပ်ကို နိုက်ထရိုဂျင် ထည့်ပေး ခြင်းဖြင့် အထွက်တိုးမှု မသိသာပါ။
မြေညံ့လွန်း လျှင်သာ မြေဩဇာ ထည့်ပေးရန် လိုပါသည်။
ပဲမြစ်ဖုများက လေထုထဲမှနိုက်ထရိုဂျင်ကိုစုပ်ယူပါသည်။

သို့အတွက် နိုက်ထရိုဂျင် ဓာတ်မြေဩဇာကို မလိုအပ်ဘဲ အသုံးမပြု သင့်ပါ။
ဤအဆင့်တွင် ဘေးမြစ်များ မြေတွင်း အနက်လေးလက်မအထိ
ဖြန့်ဆင်းလာ သဖြင့် ပေါင်းလိုက်ခြင်းလုပ်ငန်းလုပ်ပါက အမြစ်များ မထိခိုက်စေရန် အထူးသတိပြု ရန် လိုပါသည်။

ပဲပုပ် တတိယသုံးမွှာရွက်ပေါင်း ထွက်သည့်အဆင့်နှင့် ပဉ္စမ သုံးမွှာရွက် ပေါင်းထွက်သည့်အဆင့်တွင် အပင်အမြင့် ခုနစ်လက်မမှ ကိုးလက်မခန့် မြင့်လာပါ သည်။

ပင်မပင်စည်၏ အဆစ်နံပါတ် လေး တွင်ရှိသော သုံးမွှာရွက်ပေါင်းများ ကောင်း စွာပြန့်ကားလာပြီးဖြစ်သည်။

ပဉ္စမသုံးမွှာ ရွက်ပေါင်းထွက်သည့်အဆင့်တွင် အပင် ၁၀ လက်မမှ ၁၂ လက်မခန့် မြင့်လာပါ သည်။ ပင်မပင်စည်၏ အဆစ်နံပါတ် ခြောက်ရှိသုံးမွှာရွက်ပေါင်းလည်း ကောင်းစွာပြန့် ကားလာပြီဖြစ်သည်။



ဘေးကိုင်းများ စတင် ထွက်ရှိ၍ ပန်းဖူး၊ ပန်းခိုင်များ ပါလာ ပါသည်။
ဤအဆင့်တွင် ဘေးကိုင်းများ ပျက်စီး ဆုံးရှုံးမှု မရှိစေရန်
အထူး ဂရုပြုရမည် ဖြစ်သည်။
ပန်းဖူးပန်းခိုင်များ ပါလာသဖြင့် အသီးအပွင့်ကို အားပေးသော ရွက်ဖျန်းမြေဩဇာကို နှစ်ကြိမ်မှသုံးကြိမ် ဖျန်းပေးသင့် ပါသည်။
ဆဌမရွက်မွှာရွက်ပေါင်း ထွက် သည့်အဆင့်တွင် အပင်အမြင့် ၁၂ လက်မ မှ ၁၄ လက်မခန့်ထိ တက်လာပါသည်။
ပင်မပင်စည်ပေါ်ရှိ နံပါတ် (၇) အဆစ်အထိ သုံးမွှာရွက်ပေါင်းများ ကောင်းစွာပြန့်ကား လာပြီးဖြစ်ပါသည်။

ဤအဆင့်တွင် တစ်မွှာရွက်ပေါင်းနှင့် အစေ့ရွက်များ ကြွေကျသွား ပြီဖြစ်သည်။
ဤအဆင့်နောက်ပိုင်း ပင်ပိုင်း ကြီးထွားမှု အဆင့် တစ်ဆင့်နှင့်တစ်ဆင့် ကြား သုံးရက်ခန့်ကြာတတ်ပါသည်။
ဘေးမြစ်များစိုက်တန်းကြားအပြည့်ထွက်လာပြီးဖြစ်သည်။
ဤအဆင့်တွင် ပိုးမွှားကျရောက်မှု အထူးသတိပြု ကာကွယ်နှိမ်နင်းရန် လိုပါ သည်။
အသီး၊ အပွင့် ရွက်ဖျန်းအားဆေး နှစ်ကြိမ်ခန့် ဖျန်းပေးရန် လိုအပ်ပါသည်။

ပထမဆုံး ပန်းစတင်ပွင့်သည့်အဆင့်တွင် ပင်မပင်စည်ရှိ မည်သည့်အဆင့်မှမဆို ပန်းစတင်ပွင့်သည်။
ဤအဆင့်တွင် အပင် အမြင့် ၁၅ လက်မမှ ၁၈ လက်မခန့်ရှိလာသည်။

ပဲပုတ်တွင် ပင်စည်အဆစ် သုံးဆစ်မှ ခြောက်ဆစ်တွင် ပန်းစပွင့်လေ့ရှိပြီး၊ အထက်ဖက်နှင့်အောက်ဖက်သို့ဆက်လက်ပွင့်သွားသည်။ ပင်မပင်စည်တွင် ပန်းစပွင့် ပြီးမှ ဘေးကိုင်းများ ပန်းစပွင့်ပါသည်။

အမြစ်များ မြေထဲသို့ ထိုးဝင်မှု မြန်ဆန်လာပြီး၊
မြေတွင်းအနက် ကိုးလက်မ အတွင်းတွင် ဒုတိယဘေးမြစ်နှင့် မြစ်ပွားများ အများဆုံး ဖြစ်ပေါ်ပြီးနောက်ပိုင်း တဖြည်းဖြည်းကျ ဆင်းသွားသည်။

ပင်စည် ထိပ်ပိုင်း အဆစ်နှစ်ဆစ်တွင် ပန်းပွင့်သည့် အဆင့်သည် ပဲပုပ်ပင်၏ အမြင့် ၁၇ လက်မှ ၂၂ လက်မခန့် မြင်လာ ပါသည်။
ရင့်မှည့်ချိန်တွင် ရှိရမည့် အခြောက် အလေးချိန်နှင့် အာဟာရဓာတ်၏ ၂၅ ရာခိုင် နှုန်းကို ဤအဆင့်တွင် စုဆောင်းထားပြီး ဖြစ်သည်။

ဤအဆင့်တွင် ရင့်မှည့်ချိန်ရှိ အပင်မြင့်၏ ၅၀ ရာခိုင်နှုန်းရှိသည်။
ဤ အဆင့်တွင် အရွက် ၅၀ ရာခိုင်နှုန်း ထိခိုက် ပျက်စီးပါက
အထွက်နှုန်း ခြောက်ရာခိုင်နှုန်း ထိ လျော့နိုင်ပါသည်။ ဤအဆင့်တွင် ပဲမြစ် ဖုလေးများ များပြားလာပြီး၊ နိုက်ထရိုဂျင် စုပ်ယူမှုလည်း လျင်မြန်တိုးတက်လာပါ သည်။

ဘေးမြစ်များ ရေသောက်မြစ်နှင့် အတူ မြေတွင်းအနက်သို့ ရှည်ထွက်မှုပြီး ပြည့်စုံပါ က ရပ်တန့်သွားသည်။

ထိပ်ပိုင်းအဆစ် လေးဆစ်ရှိ အတောင့် ၁/၈ လက်မ အရွယ်အစား ရှိသော အစေ့ဖြစ်ထွန်းသည့် အဆင့်တွင် အပင်အမြင့်၃၀ လက်မမှ ၄၃ လက်မထိမြင့်လာပါသည်။ အစေ့ဖွံ့ဖြိုး နေသည့် အဆင့်ဖြစ်၍ ရေနှင့် အာဟာရလိုအပ်မှု အများဆုံးအချိန် ဖြစ်ပါသည်။ အပင်က စုဆောင်းထးသော အစာ များကို သီးတောင့်နှင့် အစေ့များကို ပို့ပေး နေသည့်အဆင့်ဖြစ်ပါသည်။

သီးတောင့် နှင့် အစေ့အတွက် လိုအပ်သည့် N, P, K  တစ်ဝက်နှင့် ပင်ပိုင်းမှ ရယူပြီး၊ ကျန် K တစ်ဝက်ကို ပဲမြစ်ဖု မြေဩဇာမှ ရယူသည်။ ကျန် P နှင့် K တစ်ဝက်ကိုမူ မြေကြီးမှ စုပ်ယူသည်။
ဤ အဆင့်တွင် အရွက်များ အကြောင်း အမျိုးမျိုးကြောင့် ထိခိုက်ပျက်စီး၊ သို့မဟုတ် ကြွေပါက အထွက်သိသိသာသာကျဆင်း သွားသည်။

ဤအဆင့် တွင် ပိုးမွှား ရောဂါ ဂရုစိုက် ကာကွယ်ရန် လိုအပ် ပါသည်။

ရေကို တစ်ကြိမ်သွင်းပေးနိုင်လျှင် ပို၍အထွက်ကောင်းစေပါသည်။ သို့ပါ၍ ပဲပုပ်အထွက်တိုးရေး အတွက် အပင်ကြီးထွားမှု အဆင့်ဆင့် အလိုက် ပြုစုထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ် ပါကြောင်း တင်ပြလိုက်ရ ပါသည်။


- အောင်ဆန်း (စိုက်ပျိုးရေး)

#Source : The Farmer Journal

Friday, June 22, 2018

ဒေါ်မာမာ​အေးရဲ့ ​တေးသီချင်းများထဲက အချို့သော သီချင်းများ

ဒေါ်မာမာ​အေးရဲ့ ​တေးသီချင်းများ
=====================



စိန်စီတဲ့တေးတပုဒ်

 – မာမာအေး
၀၁။ စိန်စီတဲ့တေးတပုဒ် – မာမာအေး http://www.mediafire.com/?7qjwx96chj7xjrv
၀၂။ ပဉ္စသိင်္ခ – မာမာအေး http://www.mediafire.com/?dklj2e3xj1mwmpm
၀၃။ လက်စွမ်းပြချိန် – မာမာအေး http://www.mediafire.com/?g8i5mvr5ymkv1ea ၀၄။ ဝမ်းစာ – မာမာအေး http://www.mediafire.com/?q8yi8vljhb1kao2
၀၅။ င ရေးချ ငါ – မာမာအေး http://www.mediafire.com/?kk17jb2ja1so4hw
၀၆။ နီးအောင်ပင်လှမ်း – မာမာအေး http://www.mediafire.com/?jmwyjh3rmh8b1hh ၀၇။ နတ်လူသာဓုခေါ်စေသော် http://www.mediafire.com/?k7qxb6qfrxzkrs3
၀၈။ သူ့အကြောင်းကိုယ့်အကြောင်း – မာမာအေး http://www.mediafire.com/?m0obrxtm6yfzzfu

Album တစ်ခုလုံးဒေါင်းလိုလျှင် http://www.mediafire.com/?85lvce52a24vqa6

Cover By အဆိုတော်ပန်းအိဖြူ Credit – Ko Win

ရွှေဘုံနိဒါန်း – မာမာအေး

ရွှေဘုံနိဒါန်း – မာမာအေး တေးရေး – နိုင်မြန်မာ 

၀၁။ မေတ္တာပို့ – မာမာအေး http://min.us/lXDcnof14ts7Y
၀၂။ ဤနှင့်ကျွဲ – မာမာအေး http://min.us/lvu9ZI0Rkp4S5
၀၃။ မန္တလေးကကိုကို – မာမာအေး http://min.us/lbbs14C396Kx1P
၀၄။ အဆိုတော်ရူး – မာမာအေး http://min.us/lYWxB9AYkdOnD
၀၅။ ကမ္ဘာကိုကိုင်လှုပ်မည့်လက်သံ – မာမာအေး http://min.us/l08E6kFYvkzwk
၀၆။ လွမ်းဖျား – မာမာအေး http://min.us/l9R7lzQG1CJRY
၀၇။ သီချင်းကြိုက်တဲ့သခင် – မာမာအေး http://min.us/loSVeBmfDl88d
၀၈။ ချစ်သူယဉ်ကျေးမှု – မာမာအေး http://min.us/lfdvr0cCFI5vZ
၀၉။ မြန်မာ့တန်ဆောင် – မာမာအေး http://min.us/lux5gnepRbHan

ချစ်ပါရမီ – မာမာအေး

ချစ်ပါရမီ – မာမာအေး တေးရေး – နန်းတော်ရှေ့ဆရာတင် လေပါတီမမြရင်၏ရှားပါးသောအငြိမ့် သီချင်းများကိုပြန်လည်ဖော်ထုတ်ခြင်း

၀၁။ မန်းသဘင်မြရင် – မာမာအေး http://min.us/liu0ol6hz5TMk
၀၂။ ကိုသြဇာ – မာမာအေး http://min.us/lmjBZ6kKx5Dlv
၀၃။ ချစ်ပါရမီ – မာမာအေး http://min.us/l5U72SHhJRdk0
၀၄။ မေမြို့ ကချစ်သူ – မာမာအေး http://min.us/lbwVPE1zjlHY52
၀၅။ မြန်မာ့ဓလေ့ – မာမာအေး http://min.us/lbkQwUrMseeBTZ
၀၆။ ပြန်ပေါင်းထုပ် – မာမာအေး http://min.us/lI7S3mAaavb8y
၀၇။ ပုဏ္ဏမီမြမေတ္တာရှင် – မာမာအေး http://min.us/lgnkHbtKbDYjF
၀၈။ ယမုန်နာ – မာမာအေး http://min.us/lWpwjrWz43hM7

Album တစ်ခုလုံးဒေါင်းလိုလျှင် http://www.mediafire.com/?e571oe1t1ehwq74

မာမာအေးသီချင်းများဒေါင်းလိုလျှင် http://goo.gl/W9Aii http://goo.gl/Cfz09

ချစ်တာပဓာန – မာမာအေး

ချစ်တာပဓာန – မာမာအေး

၀၁။ ချစ်တာပဓာန – မာမာအေး http://min.us/lbvYxuRF4XGwdH
၀၂။ ခေတ်သစ်ပန်းမြိုင်လယ် – မာမာအေး http://min.us/lhyxnfLHqVAas
၀၃။ ငယ်ချစ် – မာမာအေး http://min.us/lElIDoEyHiU08 ၀၄။ ဆုထူးရှင် – မာမာအေး http://min.us/lZRWfnAb2GIac
၀၅။ ရွှေအင်းတောင်သမန် – မာမာအေး http://min.us/lnS3quJu0XUn3
၀၆။ မြတ်ကထိန် – မာမာအေး http://min.us/lzIGynZrGPa22
၀၇။ မဲဇာကဗျာ – မာမာအေး http://min.us/l7zOUJfFJOLZ5
၀၈။ မြတ်သောအလှူ – မာမာအေး http://min.us/lcphxjjw2ENju

Album တစ်ခုလုံးဒေါင်းလိုလျှင် http://www.mediafire.com/?9bvu988lacbke61

မာမာအေးသီချင်းများဒေါင်းလိုလျှင် http://goo.gl/W9Aii http://goo.gl/Cfz09

ပခန်းစံ – မာမာအေး

ပခန်းစံ – မာမာအေး လင်းခေးလုလင်ရေးသားတင်ဆက်သော ပခန်းစံနတ်ချင်းများ

၀၁။ ပခန်းပွဲတော် – မာမာအေး http://min.us/l27JwydI8FDZ
၀၂။ ကူနီနန်းကပခန်းကျော် – မာမာအေး http://min.us/lmVjsMCpJlL2z
၀၃။ ပခန်းစံရုံးရာနတ်ချင်းများ – မာမာအေး http://min.us/lbeBxLcVPAGQNX
၀၄။ အင်းဝသား – မာမာအေး http://min.us/lM3frakIQ1fai
၀၅။ အင်းဝသူရဲကောင်း http://min.us/lbuG5mst4jvZ6t ၀၆။ ကိုးခမ်းကျောင်းဒကာ – မာမာအေး http://min.us/lXBoSr880S0Yr
၀၇။ လူကိုဖျက်တော့အရက် – မာမာအေး http://min.us/l1ahwI6LD725I
၀၈။ ကျော်လေးကျော် – မာမာအေး http://min.us/lLNeKgnmdzr7O
၀၉။ ဘိုးညို – မာမာအေး http://min.us/lScjoRnHkwN1j

Album တစ်ခုလုံးဒေါင်းလိုလျှင် http://www.mediafire.com/?bnt7mlhe5vandcj

မာမာအေးသီချင်းများဒေါင်းလိုလျှင် http://goo.gl/W9Aii http://goo.gl/Cfz09

ကည်ကြည်ဌေး၏မာမာအေး

၀၁။ သက်ဆိုင်သူသို့ – မာမာအေး https://www.sugarsync.com/pf/D0415933_63941533_651508
၀၂။ ရပ်ဝေးကချစ်သူမောင် – မာမာအေး https://www.sugarsync.com/pf/D0415933_63941533_651506
၀၃။ မျှော်တလင့်လင့် – မာမာအေး https://www.sugarsync.com/pf/D0415933_63941533_651500
၀၄။ သြော်အချစ် အချစ် – မာမာအေး https://www.sugarsync.com/pf/D0415933_63941533_651502
၀၅။ အောင်ဆုပန် – မာမာအေး https://www.sugarsync.com/pf/D0415933_63941533_651504
၀၆။ မြတ်ဆုပန် – မာမာအေး https://www.sugarsync.com/pf/D0415933_63941533_651516
၀၇။ လွမ်းမေယုတောင် – မာမာအေး https://www.sugarsync.com/pf/D0415933_63941533_651518
၀၈။ ပိတောက်ရွှေဝါ – မာမာအေး https://www.sugarsync.com/pf/D0415933_63941533_651510
၀၉။ မယ်မတွေ့ဘူးတဲ့ချစ်ဦးသခင် – မာမာအေး https://www.sugarsync.com/pf/D0415933_63941533_651512
၁၀။ ရှစ်တိုင်းအမ္ဗုန် – မာမာအေး https://www.sugarsync.com/pf/D0415933_63941533_651514

မုန့်စား – မာမာအေး

၀၁။ မုန့်စား – မာမာအေး http://min.us/lbuEFHZAVINzoF
၀၂။ ဘုရားဈေး – မာမာအေး http://min.us/lblc0rNOVqT6MU
၀၃။ အကတစ်ရာ – မာမာအေး http://min.us/lJA6wImq1vBJl
၀၄။ နဂါးနီ – မာမာအေး http://min.us/loXHC4c5XlKpU
၀၅။ လောကဓံပန်းချီ – မာမာအေး http://min.us/lbchcwBDXTahmJ
၀၆။ ပုဗ္ဗမင်္ဂလာ – မာမာအေး http://min.us/lbbCI1wrIwDA74
၀၇။ ညို့ ညို့ ဆိုင်းဆိုင်း – မာမာအေး http://min.us/lbk1uNXlwyEy9x
၀၈။ ဇာတိမာန် – မာမာအေး http://min.us/lzllU3Eq5aW3E
၀၉။ သုံးရာသီ – မာမာအေး http://min.us/lbels8GLqqmdeO
၁၀။ မေတ္တာဂုဏ် – မာမာအေး http://min.us/lb1EPXgpIIJmQR

Album တစ်ခုလုံးဒေါင်းလိုလျှင် http://www.mediafire.com/?xo8uqb5dimy5oeu


သုတိမင်္ဂလာ – မာမာအေး

၀၁။ သုတိမင်္ဂလာ – မာမာအေး http://min.us/l4kVH9OvvHoWk
၀၂။ အလှူတော်ကြီး – မာမာအေး http://min.us/lbiAud5BCI2C3z
၀၃။ မန္တလာပွဲတော်အမီ – မာမာအေး http://min.us/l9ktDq34rbBsR
၀၄။ မောင့်ဝတ္တရား – မာမာအေး http://min.us/lbq0Pt7DPDZn6X
၀၅။ မေ့စေတနာ – မာမာအေး http://min.us/lPDDasN7cJsHb
၀၆။ မြနန်းစံကျော့ – မာမာအေး http://min.us/lbtrAtFAi1ywIA
၀၇။ မွန်မြတ်သောအချစ် – မာမာအေး http://min.us/lsQjJQHZIugv4
၀၈။ ချစ်သောသူသို့ – မာမာအေး http://min.us/lbp5lm5ve2WyiO
၀၉။ ဘုရားသွားအတူတူ – မာမာအေး http://min.us/lbaUnYV6XMIadC
၁၀။ ချစ်သူဘဝ – မာမာအေး http://min.us/l9m6LbiZPxwyL


အရုဏ်ဦးလင်းရောင်ခြည်တေးများ – မာမာအေး

၀၁။ ဣဒ္ဓိဝိလာသာ – မာမာအေး ၀၂။ အဘတို့ရွာ – မာမာအေး ၀၃။ ဓမ္မစကြာ – မာမာအေး ၀၄။ မြတ်ရွှေတိဂုံ – မာမာအေး ၀၅။ ဗုဒ္ဓဝါဒီ – မာမာအေး ၀၆။ ဥဒေါင်းမင်း – မာမာအေး ၀၇။ သုံးဆယ့်ရှစ်ဖြာမင်္ဂလာ – မာမာအေး Album တစ်ခုလုံးဒေါင်းလိုလျှင် http://www.mediafire.com/?od89iazvvg5te42 Cover By Ko KyawLwin San Credit – Den

နှစ်ကျိပ်ရှစ်ဆူ – မာမာအေး

၀၁။ နှစ်ကျိပ်ရှစ်ဆူ ၀၂။ နှစ်ကျိပ်ရှစ်ဆူအဖွင့် ၀၃။ တဏှင်္ကရာမြတ်စွာဘုရား ၀၄။ မေဓင်္ကရာမြတ်စွာဘုရား ၀၅။ သရဏင်္ကမြတ်စွာဘုရား ၀၆။ ဒီပင်္ကရာမြတ်စွာဘုရား ၀၇။ ကောဏ္ဍညမြတ်စွာဘုရား ၀၈။ မင်္ဂလမြတ်စွာဘုရား ၀၉။ သုမနမြတ်စွာဘုရား ၁၀။ ရေဝတမြတ်စွာဘုရား Album တစ်ခုလုံးဒေါင်းလိုလျှင် http://www.mediafire.com/?io4tu4v7rbcaaf0 

Cover By Ko KyawLwin San Credit – Deno Shane

#crd

S.M.T