•• ဝက်သားနဲ့သရက်သီးချဉ်စပ်သုပ် ••
ပါဝင်ပစ္စည်းတွေက
ဝက်သားသုံးထပ်သား.....၃၀၀ဂရမ်
သရက်သီးစိမ်း...............၁လုံး
ကြက်သွန်နီ ..................၁လုံး
ငရုပ်သီးစိမ်း...................၇တောင့်ခန့်
နံနံပင် ..........................အနည်းငယ်
ခရမ်းချဉ်သီး...................၁ လုံး
မြေပဲဆံ(ထောင်းပြီး)........၂ tbsp
ကြက်သွန်ဖြူကြော်..........၁ tbsp
ကြက်သွန်ဖြူဆီချက်........၂tbsp
ဆား............................အနည်းငယ်
သကြားရည်...................အနည်းငယ်
ငံပြာရည်......................လိုအပ်သလို
သံပုရာသီး.....................တစ်လုံး
ပြုလုပ်ပုံအဆင့်ဆင့်
-ဝက်သားကို ရေ,ကြက်သွန်ဖြူ ,ဂျင်း ,နံနံပင်(အမြစ်),ဆား,ပဲငံပြာရည်(အကြည်),ငရုပ်ကောင်းမှုန့်တို့ဖြင့် နူးအိလာအောင် ပြုတ်ပေးပါ...။
-ဝက်သားနူးအီသွားပြီိဆိုရင် အအေးခံပြီး ပါးပါးလှီးထားပါ...။
-ဇလုံတစ်ခုထဲမှာ ပါးပါးလှီးထားတဲ့ ဝက်သား,သရက်သီးတခြမ်း(အခွံခွာ ပါးပါးလှီး သို့ အမျှင်ခြစ်),ကြက်သွန်နီ(ပါးပါးလှီး), ခရမ်းချဉ်သီး(ပါးပါးလှီး),ငရုပ်သီး(ပါးပါးလှီး),နံနံပင်(ပါးပါးလှီး),သံပုရာတစ်လုံးအရည်ညှစ်ပြီး အခွံပါထည့်,အရသာများနဲ့ ကျန်တဲ့ပါဝင်ပစ္စည်းများအားလုံးထည့်ပြီး နယ်ပြီးသုပ်ပေးပါ...။
-အရသာမှာ ချဉ်,စပ်,စိမ့်ပြီးချိုတဲ့အရသာရပြီဆိုရင်တော့ ထမင်းနဲ့ပဲဖြစ်ဖြစ် ဒီအတိုင်းပဲဖြစ်ဖြစ် စားလို့ရပါပြီ..။
ဒီအသုပ်လေးက ဝက်သားရဲ့ အီတဲ့အရသာရယ် သရက်သီးရဲ့ချဉ်တဲ့အရသာနှစ်ခုကို မျှတအောင် ဖန်တီးထားတာဖြစ်တဲ့အတွက် တကယ်ကိုထူးခြားပြီး အရသာတကယ်ရှိတယ်ဗျာ..။
သရက်သီးက အရမ်းချဉ်နေမယ်ဆိုရင် သံပုရာရည်မထည့်ပါနဲ့..သကြားရည်နဲနဲပိုထည့်ပေးပါ..။
အချဉ်အရသာကြိုက်တယ်ဆိုရင်တော့ သကြားရည်မထည့်ပဲသုပ်လဲ ရပါတယ်။
နောက်တစ်ခုက ဝက်သား..အရမ်းနူးပြဲသွားအောင်မပြုတ်ပါနဲ့..နူးပြီး အခေါက်လေးက နဲနဲလေး အိပြီးမာစပ်စပ်လေးဖြစ်နေတဲ့အနေအထားဆို ပိုကောင်းပါတယ်..။
သုပ်တဲ့အခါမှာလဲ..ဝက်သားပြုတ်ရည်လေး နဲနဲလေးထည့်ပြီးသုပ်ကြည့်ပါ..ပိုစားကောင်းတယ်ဗျ😁
ငရုပ်သီးအပြင် ငရုပ်သီးမှုန့်ထည့်ပြီးသုပ်လဲ ရပါတယ်ဗျ..
ဝက်သားပြုတ်ထားတဲ့အရည်ကိုလဲ အရသာပြင်..ကြက်သွန်မြိန် သို့ နံနံပင်ထည့်ပြီး ဟင်းချိုလုပ်သောက်လို့ရသေးတယ်..။
အိုကေ..ဒါဆိုရင် ဒီတပါတ် ပိတ်ရက်လေးမှာ ဝက်သားနှင့်သရက်သီးသုပ်လေး သုပ်စားလို့ရပြီပေါ့ဗျာ...😁
ဝက်နံရိုးဟင်းချို
ပါဝင်ပစ္စည်းများ
• ဝက်နံရိုး - ၃၀ဝ ဂရမ်
• မှိုမည်း - ၄ ပွင့်ခန့်
• မုန်လာဥဖြူ - ၁ လုံး
• ကြက်သွန်ဖြူ - ၄ မြွှာ
• ချင်း - အနည်းငယ်
• ကြက်သွန်မြိတ် - အနည်းငယ်
• တရုတ်နံနံပင် - အနည်းငယ်
• ပဲငံပြာရည် (အကြည်) - စားပွဲဇွန်း ၂ ဇွန်း
• ကြက်သားမှုန့် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
• ငရုတ်ကောင်းမှုန့် - အနည်းငယ်
ပြုလုပ်ပုံအဆင့်ဆင့်
၁။ ဝက်နံရိုးကို အနေတော်အတုံးများတုံးပြီး ကြက်သွန်ဖြူ၊ ချင်း၊ အရသာများ၊ ရေ ထည့်ပြီး ပြုတ်ပါ။
၂။ မှိုမည်းကို ပျော့လာအောင် ရေစိမ်ထားပါ။
၃။ ဝက်နံရိုး နူးလာပြီဆိုလျှင် မုန်လာဥဖြူကို အခွံနွှာပြီး အနေတော်အတုံးများတုံးကာ ထည့်ပါ။ မှိုမည်းထည့်ပါ။
၎။ ပါဝင်ပစ္စည်းများအားလုံးစုံပြီ၊ နူး၍ အရသာလည်း ချိုဆိမ့်အရသာ ရလာပြီဆိုလျှင် ကြက်သွန်မြိတ်နှင့် တရုတ်နံနံဖြူးပြီး သုံးဆောင်နိုင်ပါပြီ။
..........................
အံ့ဝင့်ထွဋ် (MRTV-4)
မွန်ဝက်သားချဉ်စပ်ဟင်း
မွန်ဟင်းလို့ပြောတာနဲ့ မရန်းပြားနဲ့ချက်မှန်း တန်းပြီးသိကြမှာပါ။ လုံးဝဆီသုံးစရာ မလိုဘဲ ချက်နိုင်တဲ့ဟင်းလေးပါ။ ဝက်လက်၊ ဝက်ရိုး၊ ဝက်သုံးထပ်သားနဲ့ ချက်နိုင်ပါတယ်။ကျွန်တော်ကတော့ ဝက်ကုပ်သားကိုသုံးပြီး ချက်မှာပါ။ ချဉ်ချဉ်စပ်စပ်လေးမို့ အကြိုက် တွေ့မယ်လို့ ထင်ပါတယ်။
ပါဝင်ပစ္စည်းများ
• ဝက်သားကုပ်သား - ၄၅၀ ဂရမ်
• ကြက်သွန်ဖြူ - ၁၅ ဂရမ်
• ချင်း - ၁၀ ဂရမ်
• ရေ - ၁.၈ လီတာ
• စပါးလင် - ၂ ချောင်း
• ငံပြာရည် - စားပွဲဇွန်း ၁ ဇွန်း+စားပွဲဇွန်း ၁ ဇွန်း
• အသားမှုန့် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း+
လက်ဖက်ရည်ဇွန်း တစ်ဝက်
• ငရုတ်သီးစိမ်း - ၄၀ ဂရမ်
• မရန်းပြား - ၃ ပြား
ပြုလုပ်နည်းအဆင့်ဆင့်
၁။ ဝက်သားပြုတ်ရန်အတွက် အိုးထဲကို ရေထည့်ပါ။ ဆူအောင် တည်ထားပါ။
၂။ ဆူသည်နှင့် သန့်ရှင်းအောင်ဆေးထားတဲ့ ဝက်သားထည့်ပါ။ ချင်းနဲ့ ကြက်သွန်ဖြူကို ဓားပြားရိုက်ပြီး ထည့်ပါ။
၃။ ငံပြာရည် ၁ ဇွန်းနဲ့ အသားမှုန့် လက်ဖက်ရည်ဇွန်းထည့်ပြီး ပြုတ်ပါ။
၎။ ငရုတ်သီးစိမ်းကို မညက်တညက်ထောင်းပြီး ထားပါ။
၅။ ဝက်သားနူးသည်နှင့် စပါးလင်ကို ဓားပြားရိုက်ထည့်ပါ။ မရန်းပြားကို ရေစိမ်ပြီး ထည့်ပါ။
၆။ ပြီးလျှင် ထောင်းထားတဲ့ ငရုတ်သီးစိမ်းထည့်ပါ။
၇။ ဒါဆိုလျှင် ချဉ်စပ်အရသာရှိတဲ့ မွန်ဟင်း အဆင်သင့်ဖြစ်ပါပြီ။
.....................................
MyintOoTha
စီချွမ်ဝက်နားရွက်သုပ်
••••••••••••••••••••••
ဝက်နားရွက်..........၁ခု
ချင်းသေးသေး.......၁တက်
ကြက်သွန်ဖြူ.........၃တက်
သံပုရာသီး............၁လုံး
နံနံပင်.. ..............အနည်းငယ်။
စီချွမ်ငရုတ်နှစ်........၁ဇွန်း
စီချွမ်ငရုတ်နှစ်ဆိုတာ..တရုတ်ပြည်ကတင်သွင်းတဲ့ဆီတိုဟူး၊မှိုကြော်စတာတွေကိုပုလင်းနဲ့စည်သွပ်ထားတဲ့ပုံစံလေးတွေပါ။အဖုံးအနီ၊တံဆိပ်ပတ်အနီရောင်မှာမျက်မှန်နဲ့လူတစ်ဦးပုံပါတတ်တဲ့တံဆိပ်မျိုးပါ။
တခြားအရသာကောင်းမယ့်စီချွမ်ငရုတ်အနှစ်များလဲသုံးနိုင်ပါတယ်။
စီချွမ်ငရုတ်သီးအနှစ်ဟာတခြားဟင်းခတ်အမွှေးအကြိုင်တွေနှင့်အတူရောပြီးဆီသတ်ထားတာကြောင့်ထမင်းဖြူနဲ့ဒီတိုင်းနယ်စားလဲအရသာရှိလှပါတယ်။
ဝက်နားရွက်ကိုရေဆေးပြီးအရသာနယ်ကာ..ချင်းတစ်တက်လောက်ဓားပြားရိုက်ထည့်ပြီးပြုတ်ပါ။
အရမ်းနှုးအောင်ပြုတ်ဖို့မလိုအပ်ပဲခပ်ကြွပ်ကြွပ်လေးဖြစ်နေဖို့သတိထားပြီးပြုတ်ပါ။
ချင်းနှင့်ကြက်သွန်ဖြူကိုရောပြီးညှက်နေအောင်ထောင်းပြီးရေလေးအနည်းငယ်နှင့်ဖျော်ထားပေးပါ။
ဝက်နားရွက်နှုးတဲ့အခါပါးပါးလေးလှီးပါ။
စီချွမ်ငရုတ်အနှစ်၊သကြား၊ပဲငံပြာရည်အကြည်၊ဟင်းခတ်မှုန့်၊သံပုရာရည်လေးညှစ်ပြီးချင်းနှင့်ကြက်သွန်ဖြူရောထောင်းထားသောအရည်လေးဆမ်းကာခပ်ဖွဖွနယ်ပေးပါ။
နှမ်းလှော် နှင့်နံနံပင်လေးအလှဆင်လိုက်ရင်လွယ်ကူရိုးရှင်းပြီးမွှေးရနံ့သင်းပျံ့တဲ့စီချွမ်ဝက်နားရွက်သုပ်လေးအဆင်သင့်ဖြစ်ပြန်ပါပြီ။
ဝက်နံရိုးအချိုပေါင်း
*****************
နံရိုးညှပ်သား......၃၀ကျပ်သား
ချင်း....................၂တက်
ကြက်သွန်ဖြူ.......၅တက်
နာနတ်ပွင့်.........၂ပွင့်
ငရုတ်ကောင်းစေ့..၁၀စေ့ခန့်
နံနံပင်အမြစ်......အနည်းငယ်
ဟင်းချက်ဝိုင်......၂ဇွန်း
သကြား............၃ ဇွန်း
ဟင်းခတ်မှုန့်.....အနည်းငယ်
ဆား................လိုအပ်သလိ
နံရိုးညှပ်သားတွေကိုမိမိနှစ်သက်တဲ့အရွယ်တုံးပြီးရေစစ်ထားပါ။
နာနတ်ပွင့် ကိုမီးကင်ပြီးဓားပြားရိုက်ထားပါ။
ချင်းတစ်တက်ကိုညှက်နေအောင်ထောင်းပြီး
ဝက်နံရိုးထဲညှစ်ထည့်ပြီးသကြား၁ဇွန်း၊ဆား၊
ဟင်းခတ်မှုန့်၊ဟင်းချက်ဝိုင်တို့နှင့်နယ်ပြီး(၁၅)
နှစ်ခန့်နှပ်ထားပါ။
ထိုစဉ်အတွင်း..နောက်ထပ်ချင်း၁တက်၊ကြက်သွန်ဖြူ ၊နံနံပင်အမြစ်၊ငရုတ်ကောင်းစေ့တို့ကို
မညှက်တညှက်ထောင်းပါ။
အသားနယ်ထားချိန်ပြည့်ပြီဆိုပါကဒယ်အိုးတစ်လုံးမှာဆီအနည်းငယ်နှင့်အတူသကြားကိုအပူပေးပါ။
မကြာခင်သကြားကပျော်ပြီးအညိုရောင်ပြောင်းသွားပြီဆိုရင်မီးကင်ထားတဲ့နာနတ်ပွင့်ထည်ပြီ့းထောင်းထားသောအရောကိုဆီ
သတ်ပါ။
အနည်းငယ်မွှေးလာလျှင်..နယ်ပြီးနှပ်ထားတဲ့ဝက်နံရိုးတွေထည့်ပေါင်းပြီးမွှေပါ။
ဝက်နံရိုးတွေဆီသတ်တာအရောင်ရပြီဆိုရင်ရေအနည်းငယ်ထည့်ပြီးတစ်ပွက်ဆူအောင်တည်ပါ။
ဝက်နံရိုးတွေကိုဖယ်ထုတ်ပြီး..ဟင်းခတ်အမွှေးအကြိုင်တွေကိုစစ်ထုတ်ဖယ်ပစ်ပါ။
နောက်ထပ်အိုးတစ်လုံးမှာပြောင်းထည့်ပြီးအဖုံးပိတ်ကာမီးအေးအေးမှာနှုးသည်အထိပေါင်းပေးပါ (သို့) Pressure အိုးထဲပြောင်းထည့်ပြီးနှုးသည်အထိပေါင်းပါ။
ချက်ပြုတ်ပြသူ - Win Naing Thein

No comments:
Post a Comment