Wednesday, June 6, 2018
Mi 8 & Mi 8 Explorer Review
 Mi 8 & Mi 8 Explorer Preview
======================
Xiaomi က တော့ ယနေ့  ( ၃၁.၅.၂၀၁၈ )  နေ့ မှာ MIUI 10 , Mi 8 နှင့်  Mi Band 3 တို့ ကို တရုတ် နိုင်ငံမှာ
စတင်မိတ်ဆက်ပေးလိုက်ပြီပဲဖြစ်ပါတယ်။
ကြိုတင်မျှော်လင့်ထားခဲ့ကြသလို ကြိုတင်သတင်းတွေထွက်ပေါ်ခဲ့သလိုပဲ Mi 8 မှာတော့ Notch ပါဝင်လာခဲ့ပြီး
ကင်မရာပိုင်းမှာလည်းတော်တော်လေးကိုအဆင့်မြှင့်တင်ထားတာကိုတွေ့ ခဲ့ရပါတယ်။ in display Finger Print
ကိုတော့ Mi 8 မှာထည့်သွင်းပေးထားခြင်းမရှိပဲ ဈေးပိုကြီးတဲ့ Mi8 Explorer Edition မှာသာထည့်သွင်းပေးလိုက်
တာကိုလည်းတွေ့ ရပါတယ်။
Display & Design
**************
Mi 8 နှင့် Mi 8 Explorer Edition မှာတော့  Display ကို  6.21 အရွယ် FHD+ ကို Samsung ရဲ့ AMOLED
Display ကိုအသုံးပြုထားသလို Display Ratio ကတော့ Notch ပါဝင်လာတဲ့အတွက် 18.7:9 Ratio ဖြစ်ကာ
Brightness အနေနဲ့ တော့ up to 600nit ထိရှိမှာဖြစ်သလို Contrast ratio ကတော့60000:1 ရှိမှာဖြစ်ပါတယ်။
ဒါ့အပြင် DCI-P3 Support ပြုလုပ်ပေးမှာပါ ။ Mi 8 နှင့် Mi 8 Explorer တို့ မှာ Notch ပါဝင်တာခြင်းတူပေမဲ့ 
Notch ထဲမှာပါဝင်တဲ့အရာတွေကတော့တူညီမှာမဟုတ်ပါဖူး ။
Finger Print Sensor ပိုင်းမှာဆိုရင်လည်းအထက်မှာပြောထားသလို Mi 8 မှာတော့ ကျောဘက်မှာသာမာန်
Finger Print Sensor သာပါဝင်မှာဖြစ်ပြီး Mi 8 Explorer မှာတော့ Display မျက်နာပြင်ပေါ်မှာ unlock
ပြုလုပ်နိုင်မည့် In Display Finger Print Sensor ပါဝင်လာမှာဖြစ်ပါတယ်။ Anamoji လည်း Mi 8 Explore
မှာပါဝင်လာမှာဖြစ်ပြီး 3D Face Unlock အသုံးပြုနိုင်တဲ့ ပထမဆုံး Android ဖုန်းဖြစ်သွားပြီပဲဖြစ်ပါတယ်။
Transparent Glass Back ကိုတော့တစ်ခြားဖုန်းအချို့ မှာအရင်ကအသုံးပြုခဲ့ဖူးပေမဲ့ လူသိသိပ်မများခဲ့ဖူး
လို့ ဆိုရမှာပါ။ Mi8 နှင့် Mi 8 Explore မှာ Dual GPS စနစ်ပါဝင်တဲ့အတွက်အဆောက်အအုံအောက်ရောက်
နေတဲ့အချိန်တွေမှာတောင် Location ကိုတိကျစွာပြသပေးနိုင်မှာဖြစ်သလို Location Delay ဖြစ်နေတဲ့ကိစ္စ
တွေကိုလည်းဖြေရှင်းပေးလိုက်နိုင်ပြီဖြစ်ပါတယ်။ ဒါကတော့ ကမ္ဘာပထမဆုံး Dual GPS စနစ်ကိုအသုံးပြုထား
တဲ့ဖုန်းအဖြစ်မှတ်တမ်းဝင်သွားခဲ့ပါတယ်။
Performance
***********
Mi 8 & Mi 8 Explorer တို့ မှာ Processor ကိုတော့ Qualcomm ရဲ့ Snapdragon 845 SoC ကိုအသုံးပြုထား
ပြီး Mi 8 မှာတော့ RAM 6GB တစ်မျိုးထဲကိုသာ ROM 64GB/128GB/256GB စိတ်ကြိုက်ရွေးချယ်နိုင်မှာဖြစ်ပြီး
Mi 8 Explorer မှာတော့ RAM 8GB/ROM 256 GB တစ်မျိုးထည်းသာရရှိမှာဖြစ်ပါတယ်။
Camera
*******
12MP ( Aperture f/1.8 ) wide angle lens with 4 axis OIS + 12MP ( Aperture f/2.4)
Telephoto Lens ( Portrait Lens ) ကိုတပ်ဆင်ပေးထားပါတယ်။ Portrait / Bokeh Mode ,
Dual Core Focus , Mono Chrome Temperature Flash , Dark Light Enhancement နည်းပညာ
Panorama အစရှိတာတွေအပြင် Studio Lighting အတိုင်းရိုက်ကူးနိုင်မဲ့ AI နည်းပညာများလည်းပါဝင်လာ
မှာဖြစ်ပါတယ်။ DxO ရမှတ်ကတော့ ၁၀၅ မှတ်ပါတဲ့ .ဒါ့အပြင် AI နည်းပညာအသုံးပြုထားတဲ့
25 kinds of labels, up to 206 kinds of scene recognition
AI dynamic spot
AI studio lighting effect
AI smart effects
AI super resolution camera
AI smart stuff
AI business card recognition
AI intelligent translation
AI smart currency conversion
AI racket
 အစရှိတာတွေလည်းပါဝင်လာမှာပါ။
Video ရိုက်ကူးခြင်းအတွက်ကိုတော့ 
4K Video အတွက် 30fps , 1080p အတွက် 30fps , 720p အတွက် 30fps ရိုက်ကူးနိုင်မှာဖြစ်သလို
Slow Motion အတွက်ကိုတော့ 720p ကို 240fps နဲ့ ရိုက်ကူးနိုင်မှာပါ။
Front Camera အတွက်ကိုတော့ 20MP ( Aperture f/2.0)ကိုတပ်ဆင်ပေးထားပါတယ်။
Battery 
*******
Mi8 အတွက်ကိုတော့ 3400 mAh နှင့် Mi 8 Explorer အတွက်ကိုတော့ 3000 mAh ကိုတပ်ဆင်ပေး
ထားပြီး Quick Charge 4.0 ပါဝင်မှာဖြစ်ပါတယ်။
Mi 8 နှင့် Mi 8 Explorer တို့ ဟာ 7.6mm အထူရှိမှာဖြစ်ပြီး Mi 8 ကတော့ 175g ရှိမှာဖြစ်ကာ Mi 8 Explorer
ကတော့ 177g ရှိမှာဖြစ်ပါတယ်။ အရောင်တွေအနေနဲ့ တော့ Black , Blue White & Gold ကို Mi 8 အတွက်
ထုတ်လုပ်သွားမှာပဲဖြစ်ပါတယ်။
ဈေးနှုန်းတွေအနေနဲ့ တော့ 
Mi 8 RAM 6GB / 64GB အတွက်ကို ၅သိန်း၈သောင်းဝန်းကျင်
Mi 8 RAM 6GB / 128GB အတွက်ကို ၆သိန်း၎သောင်းဝန်းကျင်
Mi 8 RAM 6GB / 256GB အတွက်ကို ၇သိန်းဝန်းကျင် ခန့် ရှိမှာဖြစ်ပြီး
Mi 8 Explorer အတွက်ကိုတော့ ၇သိန်း၉သောင်းဝန်းကျင်ခန့် ရှိမှာပဲဖြစ်ပါတယ်။
(Reviewed by MMPR)
Infinity(8)
ဒီ Article မှာ Smartphone Preview ဆိုတာထက် Xiaomi ရဲ့ကြေငြာသွားသမျှတွေကို အကျဉ်းချုံးပြီး ပြောပြသွားပါ့မယ်။ သေချာတာကတော့ Xiaomi ရဲ့ 8th Year Product Launch Event ဟာ စိတ်ကျေနပ်မှုအပြည့်အဝပေးစွမ်းနိုင်ခဲ့တာပါပဲ။
MIUI
Mi Smartphone တွေရဲ့အဓိကမောင်းနှင်အားလို့ဆိုနိုင်တဲ့ MIUI ဟာ Version 10 အရောက်မှာ ပြောင်းလဲမှုတစ်ချို့နဲ့ပွဲထွက်လာခဲ့ပါပြီ။ Status Bar နဲ့ Recents Style တွေပြောင်းလဲသွားတယ်။ Build-in AI ကြောင့် User ရဲ့အကျင့်ကိုလေ့လာပြီး သုံးလေ့ရှိတဲ့ App တွေရဲ့ Loading Time ကို Zero နီးနီးလျှော့ချပေးပါလိမ့်မယ်။
နောက်ပြီး Mi ဟာသူတို့ရဲ့ကိုယ်ပိုင် Ecosystem ကိုပိုပြီးအလေးပေးတည်ဆောက်လာပါပြီ။ Mi Home Product တွေကို ဖုန်းကနေ Voice Command နဲ့ဖြစ်ဖြစ်၊ Touch နဲ့ဖြစ်ဖြစ် အလွယ်တကူထိန်းချူ ပ်နိုင်လာပြီ။ Xiaomi ရဲ့ Xiao AI ဟာလည်း ပိုပြီး Intelligent ဖြစ်လာပြီ (Voice Cmd အတွက်တော့ တရုတ်စာတတ်ဖို့လိုပါဦးမယ် 😅) သဘောအကျဆုံးအချက်က MIUI 10 မှာ အရင်က Camera တစ်လုံးတည်းနဲ့ဖုန်းတွေကို Portrait ရိုက်နိုင်အောင် AI နဲ့အထောက်အပံ့ပေးတာပါပဲ။ ဆိုတော့ကာ Mi 5, Mi 5s တို့လိုဖုန်းတွေ မျက်နှာငယ်စရာမလိုတော့ပါ။
Mi TV 4 (75")
4K HDR Display နဲ့ 11mm စွန်းစွန်းပဲထူတဲ့ Mi TV 4 မှာ Voice Assistance ပါဝင်လာပါတယ်။ ARM A53 Quad-core Processor သုံးထားပြီး 32GB Storage, 2GB RAM ပါတယ်။ Dolby Audio အထောက်အပံ့ပေးပြီး ဈေးနှုန်းကတော့ မြန်မာငွေ သိန်း ၂၀ ဝန်းကျင်လောက် သွားဖို့ရှိနေပါတယ်။ 😅
Mi VR Standalone
Facebook ရဲ့ Oculus နဲ့ပူးပေါင်းထုတ်ထားတဲ့ ဒီ VR မှာ 2600 mAh Battery နဲ့ Wireless Controller ပါဝင်ပါတယ်။ ဈေးနှုန်းကတော့ 32GB Version ကို မြန်မာငွေ ၃သိန်း၃သောင်း ဝန်းကျင်၊ 64GB Version ကို မြန်မာငွေ ၄သိန်း ဝန်းကျင်ပါ။
Mi Band 3
0.78" OLED Display နဲ့ Mi Band 3 မှာ Touch Function ပါသုံးနိုင်ပါပြီ။ App Noti တွေ၊ Phone Call တွေလက်ခံတာကို Mi Band ပေါ်မှာ လုပ်ဆောင်နိုင်မှာပါ။ Bluetooth 4.2 နဲ့ 110 mAh Battery သုံးထားပြီး Stand By Time ရက် ၂၀ ကျော်အသုံးခံမယ်လို့ ဆိုထားပါတယ်။ Water Resistance အနေနဲ့လည်း 50m အနက် (5 atm) ထိ ရေစိုဒဏ်ခံနိုင်လာပြီ။ အလန်းဆုံးကတော့ NFC ပါအသုံးပြုနိုင်တာပါ။ ဈေးနှုန်းအနေနဲ့ မြန်မာငွေ ၄သောင်းအောက်ကနေ စနိုင်ပြီး NFC Version ကတော့ ၄သောင်းခွဲ ဝန်းကျင်ရှိနိုင်ပါလိမ့်မယ်။
Mi 8 SE, Mi 8, Mi 8 Explorer Edition
မင်းသားတွေအလှည့်ရောက်ပြီ။ 8 SE မှာ 5.88" နဲ့ Mi 8 မှာတော့ 6.21" Full HD+ Notch Display ကိုသုံးထားတယ်။ ထူးခြားတာက ဒီဖုန်းတွေအားလုံးမှာ AMOLED Display တွေသုံးထားတာပါ။ 600 nits Brightness 60000:1 Contrast ပေးစွမ်းနိုင်မယ်လို့ဆိုပါတယ်။ Mi 8 ရဲ့ Screen-to-body Ratio ဟာ 88.5% အထိရှိပါသတဲ့။
Performance အနေနဲ့ Mi 8 SE မှာ AI Build-in ပါဝင်တဲ့ Snapdragon 710 Chipset သစ်နဲ့ပွဲထွက်လာပြီး Mi 8 မှာတော့ Snapdragon 845 ကိုသုံးထားပါတယ်။ Antutu Benchmark မှာ Mi 8 ဟာ 301,472 မှတ်ရရှိပြီး ဒါဟာ လက်ရှိ Android ဖုန်းတွေထဲမှာ အမြင့်ဆုံးလို့တောင် ပြောလို့ရတယ်။
Camera ပိုင်းကိုသွားကြရအောင်။ Mi 8 SE မှာ (12+5) MP Dual Camera ပါဝင်ပြီး Mi 8 မှာတော့ 12MP f/1.8 Aperture, 1.4µm Pixel Size + 12MP f 2.4, 1µm Pixel Size နဲ့ Telephoto Camera ကိုသုံးထားတယ်။ Dual Pixel Autofocus နဲ့ 4 Axis OIS ပါပြီး Low Light အတွက် အထောက်အပံ့ပေးတယ်။ Mi 8 မှာ 2x Optical Zoom နဲ့ AI Portrait ရိုက်ကူးနိုင်တယ်။ ပိုပြီးပါဝင်လာတာက Studio Lighting Effect ပါ။ DXO Mark မှာတော့ Mi 8 ဟာ Photo Score 105 မှတ်နဲ့ Overall 99 မှတ် ရရှိထားပါတယ်။
Selfie Camera မှာ 20MP f/2.0 ကိုသုံးပေးထားတယ်။ Pixel Binning Support ပေးပြီး Pixel Size ကို 1.8µm ထိ ရနိုင်တယ်။ Infrared Lighting ကိုသုံးပြီး မျက်လုံး၊ မျက်ခုံး၊ မေးရိုး၊ နှာတံ စတာတွေကို Detect လုပ်နိုင်ပြီး AI Beauty အကူအညီနဲ့ 3D ဆန်ဆန် ပိုပြီးရုပ်လုံးကြွတဲ့ Selfie Photo တွေရိုက်ကူးနိုင်ပါလိမ့်မယ်။ Selfie Portrait Mode လည်းပါဝင်ပါတယ်။
Mi 8 မှာ Dual Frequency GPS ပါလာတဲ့အတွက် GPS Location တွေကို တခြားဖုန်းတွေထက်ပိုပြီး တိတိကျကျ ပြသပေးနိုင်ပါလိမ့်မယ်။ (ပွဲမှာတော့ ကားမောင်းကွင်းမှာ GPS Map ကိုပဲကြည့်ပြီး ကားမောင်းတာ၊ ပါကင်ထိုးတာတွေလုပ်ပြတဲ့ Video ကိုတော့ ပြသွားလေရဲ့) ပြီးတော့ NFC Support ပိုပြီးတွင်ကျယ်လာပါပြီ။ Battery အနေနဲ့ 8 SE မှာ 3120 mAh နဲ့ Mi 8 မှာတော့ 3400 mAh ပါဝင်မှာပါ။ Quick Charge အကြောင်း ထည့်မပြောသွားပေမယ့် သေချာပေါက် Support ပေးပါလိမ့်မယ်။ (3 or 4+ တော့မပြောတတ်ပါ)
Mi 8 Explorer Edition ကတော့ တကယ်အံ့သြစရာပါပဲ။ ကျွန်တော်တို့ အမျှော်လင့်ကြီးမျှော်လင့်ခဲ့ရတဲ့ In-Display Fingerprint အပြင် 3D Facial Unlock နဲ့ Transparent Back Cover ပါသုံးပေးထားတယ်။ (ဘာလိုသေးလဲဦးကြီးရေ) Fingerprint Speed က Vivo X21 ထက်ပိုမြန်ပြီး 3D Face Unlock ကလည်း အမှောင်ထဲမှာအလုပ်လုပ်တဲ့အပြင် ဓာတ်ပုံ၊ Video နဲ့နောက်ဆုံး မျက်နှာပေါ်မှာ ပိုင်ရှင်ဓာတ်ပုံကပ်ပြီးကြည့်ရင်တောင် မပွင့်ကြောင်း Video နဲ့ပြသသွားပါတယ်။ သူ့ရဲ့ RAM Type က LPDDR 4X ဖြစ်ပြီး Storage Type ကတော့ UFS 2.1 ပါ။
ကဲ... ပြောတာစုံလောက်ပြီဆိုတော့ ဈေးဘက်လှည့်ရအောင်။ Mi 8 SE အနေနဲ့ 64/4 GB နဲ့ 64/6 GB နှစ်မျိုးကြေငြာသွားပြီး ဈေးအနေနဲ့ခန့်မှန်းငွေ ၄သိန်း နဲ့ ၄သိန်းခွဲ ဝန်းကျင်လောက် ကိုယ်စီကျသင့်ပါလိမ့်မယ်။
Mi 8 မှာတော့ 64/6 GB ကို ခန့်မှန်းငွေ ၆သိန်းဝန်းကျင်၊ 128/6 GB ကို ၆သိန်းခွဲ ဝန်းကျင် နဲ့ 256/6GB ကိုတော့ ၇သိန်းကျော် လောက် ကျသင့်ပါလိမ့်မယ်။
Mi 8 Explorer Edition ကတော့ 128/8 GB ကို ခန့်မှန်းငွေ ၈သိန်းကျော် ကျသင့်ပါလိမ့်မယ်။
Mi 8 ကို June 5 မှာ စတင်ရောင်းချသွားမယ်လို့ဆိုထားပါတယ်။ Fan တွေအနေနဲ့ရော Mi 8 Trio အပေါ် စိတ်ကျေနပ်မှုရှိကြရဲ့လား??? Design ပိုင်းနဲ့ လျောက်နေတဲ့လမ်းက မပြောလဲသိနေပြီမို့မပြောတော့ဘူး...
(Reviewed by Planet X)
#planetx #mi8 #explorer #edition #mi8 #mi8se #udp
No comments: