Sunday, June 17, 2018

မျက်ကပ် မှန်များအကြောင်း (contact lens)

👀👀👀👀 Beautybynaychi: မျက်ကပ် မှန်များအကြောင်း သိကောင်းစရာ 👀👀👀👀



အမြဲအမေးခံနေရတဲ့ blog လေးတစ်ခုပါ 🧠။ မိန်းကလေးတွေကော ယောက်ျားလေးတွေကောအတွက် အသုံးဝင်မယ်လို့ နေခြည်ထင်ပါတယ်။
အဲ့ဒါကတော့ နေခြည်တပ်တဲ့ ကာလာမျက်ကပ်မှန်လေးတွေ ကို
သဘောကျလို့ဆိုပြီး contact lens လေးတွေအကြောင်း ပြောပြပေးဖို့ အမြဲ မေးထားတဲ့သူတွေအတွက် ဒီတစ်ခေါက် Contact Lensတွေအကြောင်း သိကောင်းစရာ ဆိုတဲ့ blog လေးကို နေခြည်တင်ပေးလိုက်ပါတယ်✌🏻။

လွန်ခဲ့တဲ့ လေးငါးနှစ်လောက်ကစပြီး  အခုအချိန်အထိ TV တွေ Magazines တွေ Celebrities တွေ Social Media တွေမှာ
တော်တော်များများက colored contact lens တွေအသုံးပြုလာတယ်။

ဈေးကွက်ထဲမှာလည်း brands မျိုးစုံ ကို ဈေးနှုန်းအမျိုးမျိုးနဲ့ တော်တော်များများ တွင်တွင်ကျယ်ကျယ်ဝင်လာတာကို တွေ့ရပါတယ် 👩🏻‍⚕️👨🏻‍⚕️။

Contact Lens ကကိုယ်နဲ့သင့်တော်တဲ့ brand နဲ့ instructions တွေကို သေချာနားလည်ဂရုစိုက်ပြီး လိုက်လုပ်ရင် တကယ်အဆင်ပြေပေမယ့် ဒီအတိုင်း ဖြစ်သလိုဘဲ တပ်မယ်ဆိုရင်တော့ ကိုယ့်ရဲ့ မျက်စိအတွက် အရမ်း အန္တရာယ်များပြီး မျက်စိကွယ်တဲ့အထိ အသက်အန္တရာယ်စိုးရိမ်ရတယ်ဆိုတာကိုလည်း နေခြည်က လူတိုင်းကို သိစေချင်ပါတယ်။❌❌

အဲ့ဒါကြောင့် နေခြည်က နေခြည်ဒီ colour contact lens တွေတက်ခဲ့ဖူးတဲ့ ဆယ်ကျော်သက်အရွယ်ကစပြီး အခုအထိ တွေ့ခဲ့ရတဲ့ အတွေ့အကြုံတွေနဲ့ အမှားတွေ ဗဟုသုတတွေကို beautybynaychi ပရိသတ်တွေအတွက် Contact Lens တပ်တဲ့အခါ ဆောင်ရန် ရှောင်ရန်လေးတွေနဲ့ သိကောင်းစရာတွေကို သေချာလေး ရှင်းပြပေးလိုက်ပါတယ် 👩🏻👱🏼‍♀️👩🏻။

👩🏻နေခြည့် contact lens အတွေ့အကြုံ👩🏻
ရွှေဂုံတိုင်က American Vision မျက်မှန်ဆိုင်မှာ ရောင်းခဲ့တဲ့ မဇင်ဇင်ဇော်မြင့်တပ်ခဲ့တဲ့ မျက်ကပ်မှန် အပြာရောင်ထဲက စတပ်ခဲ့တာပါဆိုရင် တော်တော်ကြာသွားပါပြီတကားလို့ အကုန်လုံးရိပ်မိမယ်လို့ ထင်ပါတယ်😂။
အဲ့အချိန် အဲ့အခါက စာလုံးတွေပါတဲ့ မျက်ကပ်မှန်တွေကို ဈေးကြီးကြီးနဲ့ ပေးပြီး လှချင်လွန်းလို့ မတပ်တက် တပ်တက်နဲ့ မျက်မှန်ဆိုင်က အရောင်းစာရေးမလေးတွေ ဘာhygiene precautions မှမပေးဘဲ တပ်ပေးသမျှခံခဲ့ရပါတယ်။ ဘယ်လိုသန့်ရှင်းအောင်ထားရမယ်ဆိုတာလည်း မသိ သေချာလဲ မချွတ်တတ်နဲ့ တော်တော် ဒုက္ခရောက်ခဲ့ရတဲ့ မမ,လှချင်လေးတစ်ယောက်ပေါ့။ 🙇🏻‍♀️

အဲ့ဒါပြီးတော့ များမကြာမှီ shopping mall တွေမှာ ရောင်စုံမျက်ကပ်မှန်တွေ ပလုံစီအောင် brand အမျိုးမျိုးနဲ့ ယိုးဒယားကနေ
ဝင်လာတာတွေကော ၊ Kawaii ဖြစ်အောင် Big Eyes တွေတပ် ၊ မျက်တောင်တုတွေ အထူကြီးတွေ တပ်တဲ့ ခေတ်ကနေ အခု တစ်ခါသုံး တစ်လလုံး water content percentage ဘယ်လောက် ဘယ်လောက် အတိအကျပါတဲ့ quality contact lens တွေအထိ နေခြည်တစ်ယောက်တော်တော်များများကို တပ်ခဲ့ဖူးပါပြီ 😎😎။

မျက်ကပ်မှန်ကို ဘာကြောင့် တပ်သင့်လဲ? 🤔ဘယ်လိုရွေးချယ်မလဲ? 😦😧

Contact lens တွေက အမျိုးအစားအများကြီးရှိပြီး ရည်ရွယ်ချက်အမျိုးမျိုးနဲ့ တစ်ဦးချင်းဆီရဲ့ လိုအပ်ချက်အပေါ်မူတည်ပြီး ရောင်းချနေကြပါတယ်။ အမြင်ကြည်ဖို့ အတွက် prescription နဲ့
တပ်ရတဲ့ power မျက်ကပ်မှန်ပဲဖြစ်ဖြစ်၊ လှဖို့အတွက် အလှတပ်တပ်တဲ့ ရိုးရိုး colored contact lens ပဲဖြစ်ဖြစ်၊
Therapeutics reasons တွေအတွက်ပဲဖြစ်ဖြစ်
ကိုယ်သုံးမယ့် အပေါ်မူတည်ပြီး အဆင့်ဆင့် ရွေးချယ်ရပါတယ် 👩🏻‍⚕️👨🏻‍⚕️။

ဘယ် brand ကို ရွေးချယ်ရမလဲ ? 👛👜
ဘယ် brand ကအကောင်းဆုံးလဲ? 🌞

ဒါကို နေခြည်ဆုံးဖြတ်ပေးလို့ မရပါဘူး။ တစ်ယောက်နဲ့ တစ်ယောက်ရဲ့ မျက်စိလိုအပ်ချက်တွေကမတူပါဘူး။
skincare ရွေးချယ်သလိုပါဘဲ။ ကိုယ်ရဲ့ မျက်လုံးsensitive ဖြစ်မဖြစ် ၊power  ရှိမရှိ ၊ cylinder ရှိမရှိ ၊dry ဖြစ်မဖြစ် စသည်ဖြင့် လိုက်သုံးသပ်ရမယ့် အချက်အလက်တွေ များစွာရှိပါတယ်။
အဲ့အတွက် နေခြည်သိသလောက် contact lens တစ်ခုမှာ generally သိသင့်တဲ့ အချက်အလက် တွေကိုဘဲ ရှင်းပြပေးလိုက်ပါတယ်။ 🤓🤓

Contact Lens Brands တော်တော်များများက အရင်က hydrogel နဲ့လုပ်ထားပြီး အခုနောက်ပိုင်း ခေတ်မှီပြီး quality နောက်လိုက်လာတဲ့ အခါမှာတော့ silicone hydrogel နဲ့ပြုလုပ်လာကြပါတယ်။
အဲ့ထဲမှာမှ အရေးအကြီးဆုံး ingredient က water content ဘဲဖြစ်ပါတယ်။
အခုနောက်ပိုင်း ထွက်ရှိလာတဲ့ soft gel type silicone hydrogel တွေက သာမန် hydrogel တွေထက် ငါးဆပိုပြီးမျက်ကြည်လွှာကို oxygen ပိုမိုသယ်ဆောင်ပေးနိုင်ပါတယ်။
နေခြည်တို့ မျက်ကြည်လွှာသည်ပြင်ပလေထုရဲ့ oxygen ကို မှီခိုနေတဲ့ တစ်ခုတည်းသောခန္ဓာကိုယ် အစိတ်အပိုင်းဖြစ်ပါတယ်။

contact lens မှာ water content များတဲ့ အခါ
moisturize ပိုပေးမှုကြောင့် မျက်လုံးကို ပိုပြီး
သက်တောင့်သက်သာဖြစ်စေပါတယ်။ 👀

ဒါကြောင့် soft gel type silicone hydrogelတွေကို နောက်ပိုင်း ဆရာဝန်တွေက ပိုပြီး ညွှန်းပေးလာကြပါတယ်။
ကယ် ရှုပ်သွားပြီလား?? 😖😖

မပူပါနဲ့ 🤓🤓
ဒါဆရာဝန်တွေ ပူပေးရမယ့် အလုပ်ပါ။ 😎
နေခြည့်လို အလှတပ်ဖို့ မဟုတ်ဘဲ
နေ့စဉ်ပုံမှန် တပ်ဖို့ လိုအပ်တဲ့သူတွေအတွက်
အထူးသတိထားနားလည်ရမယ့်
အချက်တစ်ချက်သာဖြစ်ပါတယ်။
အသေးစိတ်ဖတ်ရှုလိုပါက
အောက်ပါ link မှာ ဖတ်ရှုနိုင်ပါတယ်။
https://www.lentiamo.co.uk/blog/does-the-following-apply.html

မျက်ကပ်မှန် brand တွေပေါင်းစုံဟာ ဆေးရုံဆေးဆိုင်တွေမှာကောshopping mall တွေ ၊ မိတ်ကပ် store တွေမှာ
ကော များစွာရှိပါတယ်။

တစ်ရက်တစ်ခါ လဲရမှာလား ?
တစ်လတစ်ခါလား ?
water content ဘယ်လောက်ပါလဲ ?
diameter ဘယ်လောက်ကြီးသလဲ ?
ပါဝါလားရိုးရိုးလား စသဖြင့်
အတိအကျရှင်းပြပေးနိုင်တဲ့ နေရာမှာ ဝယ်တာ
အကောင်းဆုံးဘဲလို့ နေခြည်ထင်ပါတယ်။


power contact lenses 👀👀

အမြင်ကြည်ဖို့ အတွက် power မျက်မှန်အစား power မျက်ကပ်မှန်တပ်မယ်ဆိုရင်တော့ အထူးသတိပြုစရာ အချက်တွေနဲ့ လိုက်နာစရာအချက်တွေ အများကြီးရှိပါတယ်။

ပထမဦးဆုံး အနေနဲ့ ကိုယ့်မှာ မျက်စိ power  ရှိတယ်ဆိုရင်တော့ ရိုးရိုး မျက်စိပါဝါတော့ ငါစမ်းထားတယ်၊ အဲ့ပါဝါအတိုင်း ရှာဝယ်တပ်မယ်ဆိုတာမျိုးက အကြီးကြီးစမှားတာပါဘဲ။
မျက်ကပ်မှန်တပ်ဖို့ အတွက်လိုအပ်တဲ့ ပါဝါနဲ့ ရိုးရိုး မျက်မှန်အတွက် ပါဝါ မတူပါဘူးဆိုတာ အကုန်လုံးကို သိစေချင်ပါတယ်။☝🏻☝🏻☝🏻

ဘယ်လို ကွာခြားလဲဆိုတာ နေခြည်က မျက်စိဆရာဝန်မဟုတ်တဲ့အတွက် အဲ့လောက်တော့ မရှင်းပြနိုင်ပါဘူး။
ဒါပေမယ့် အံ့သြစရာကောင်းတဲ့ အတွေ့အကြုံတစ်ခုပြောပြချင်တာကတော့ နေခြည် ဒီ blog ရေးတဲ့အခါ ဒီအကြောင်းအရာလေးကိုထည့်ပြီး ရှင်းပြချင်လို့ ရန်ကုန်မြို့က နာမည်ကြီး မျက်စိ အထူးကုဆေးခန်းကို သွားပြီး မျက်ကပ်မှန်အတွက် ပါဝါစမ်းချင်လို့ပါမေးတဲ့ အခါ နေခြည့်ကို power မျက်ကပ်မှန်နဲ့ power မျက်မှန်စမ်းတာ အတူတူပါဘဲလို့ ဖြေပေးတာခံခဲ့ရပါတယ်။ 🤦🏻‍♀️🤦🏻‍♀️🤦🏻‍♀️🤦🏻‍♀️

ဒီနှစ်ခုက ကွာခြားပါတယ်လို့ နေခြည်ဘာလို့ အတပ်ပြောနိုင်လဲဆိုတော့ နေခြည် တက္ကသိုလ်ကျောင်းသူဘဝတုန်းက နေခြည်တို့ တက္ကသိုလ် ရဲ့ ophthalmology department က medical students တွေက ကျောင်းသားအချင်းချင်းအတွက် အခမဲ့ မျက်စိစမ်းသပ်ပေးပါတယ်။

 အဲ့မှာ နေခြည်က
မျက်စိ powerရှိတဲ့သူဖြစ်တဲ့အတွက် regular check up လုပ်ရင်း နေခြည့်အတွက် မျက်ကပ်မှန် power ပါ တခါတည်း ကြည့်ပြီး ရှင်းပြပေးခဲ့လို့ပါ။
အဲ့ဒီတုန်းကနေခြည်သိသလောက်က cylinder သမားတွေ
အတွက်တော့ contact lens တွေမှာ cylinder ထည့်လို့ မရတာရယ်၊ဒီ မျက်ကပ်မှန်တွေကို ဘယ်လို ဆေးကြောပြီး ဘယ်လို သိမ်းဆည်းသင့်တယ်ဆိုတာတွေအများကြီး မျက်မြင်ကိုယ်တွေ့ လေ့လာခဲ့ရပါတယ်။
 အဲ့ဒီတော့ အမြင်အာရုံအတွက် ရွေးချယ်ပြီး တပ်မယ်ဆိုရင်တော့ မျက်စိဆရာဝန်နဲ့ အရင် မျက်ကပ်မှန်အတွက် သီးသန့်စမ်းသပ်ပြီးမှ အညွှန်းအတိုင်းဝယ်စေချင်ပါတယ်။

နောက်တစ်မျိုးက အလှတပ်တွေပါ။ နေခြည်ကိုယ်တိုင်လည်း power ရှိတယ်ဆိုပေမယ့် အလှခဏတာ တပ်တာဘဲဆိုတော့ ဒါကို အမြဲသုံးနေကျဖြစ်နေပြီး သေချာလေးရှင်းပြပေးချင်ပါတယ်။

 လောလောဆယ် နေခြည် သုံးဖြစ်နေတာကတော့ Sweety Plus ထိုင်းတံဆိပ်ပါ။


သူက ကမ္ဘာပေါ်မှာရှိတဲ့ မျက်ကပ်မှန်တွေထဲကအကောင်းဆုံးမဟုတ်ပါဘူး ပြောရရင် အာရှမှာတောင် အကောင်းဆုံးမဟုတ်ပါဘူး။ 🙊🙊

ဒါပေမယ့် လွယ်လွယ်ကူကူ ပေါပေါသီသီ ဝယ်လို့ရတဲ့ thai ကထုတ်တဲ့ medium quality အလှမျက်ကပ်မှန် brand တစ်ခုဘဲ ဖြစ်ပါတယ်။

သူ့မှာ water content 38% or 42% ပုံမှန်ပါတတ်ပါတယ်။ တစ်ချို့ content lens brands တွေဆို 48% to 60% အထိပါတတ်ပါတယ်။ ဒီလောက်ပါတဲ့ water content lens က soft lens typeပါ။ တစ်နေကုန် မနက် ကိုးနာရီလောက်ကနေ ညနေ ငါးနာရီလောက်ကတော့ ခြောက်သွားတာမရှိဘဲ အေးဆေးတပ်လို့ရပါတယ်။

ညအထိ ဆက်တိုက်တပ်မယ်ဆိုရင်တော့ contact lens တွေအတွက်ထုတ်ထားတဲ့ မျက်စဉ်းထည့်ပေးဖို့ လိုပါလိမ့်မယ်။ မဟုတ်ရင် contact lens တွေခြောက်ပြီး ယားတာတွေ နေရခက်တာတွေ မျက်လုံးနဲ့ ကပ်နေပြီးခွာလို့ မရတာတွေ ဖြစ်ပါလိမ့်မယ်။

ဘယ်အရွယ်အစားကိုရွေးရမလဲ? 🤔🤔🤔

ဒါကလည်း တကယ်တမ်း လူသိပ်သတိမထားကြတဲ့အချက်ထဲမှာပါပါတယ်။ ရွေးတဲ့အခါ big eye မို့ ဘာမို့ လိုက်တပ်တာမျိုးမဟုတ်ပဲ တကယ် နေခြည်တို့ ကိုယ့်မျက်လုံးထဲ အံဝင်ခွင်ကျ ဖြစ်မယ့် diameter ကို ရွေးချယ်ပေးရပါမယ်။ (big eyes ဖြစ်အောင် big eyes တွေတပ်တာတော့ exception ပါ) တကယ် မတော်မတည့်တာ ကို ဝယ်မိရင် မျက်လုံးထဲ ထည့်မရပဲ မျက်စိကိုပဲ ထိခိုက် နီရဲပြီး အချိန်ကုန်ပါလိမ့်မယ်။

နောက်ပြီးတော့ နေခြည်တို့ ရွေးတဲ့အခါ ပါဝင်တဲ့  water content ကိုဘာလို့  ကြည့်ရလဲဆိုတော့ water content များလေလေ မျက်လုံးကို အောက်စီဂျင်ဖြတ်သန်းဖို့ ပိုလွယ်လေမို့လို့ပါ။

ဒါ့ကြောင့် Dry eyes လို့ခေါ်တဲ့ လက္ခဏာ မရှိတဲ့သူတွေအတွက်က water content နည်းတာ ပြဿနာမဟုတ်ပေမယ့် Dry eye ဖြစ်တတ်တဲ့သူတွေ( မျက်စိယားယံတာ၊ ခြောက်သွေ့တာ၊ အမြင်အာရုံဝေဝါးတာ) စတာတွေ ဖြစ်တတ်တဲ့သူတွေအတွက်က water content များတာကို ရွေးချယ်ဖို့ လိုအပ်ပါတယ်။ ကွန်ပျူတာ screen, ph screenတွေအကြည့်များတဲ့သူတွေအတွက် water content များတာရွေးဖို့လိုပါတယ်။

ဘယ်လောက်ကြာကြာ သုံးလို့ရလဲ? 🕝🕣🕓

ဒါကတော့ ကိုယ်သုံးတဲ့ contact lens brands တွေပေါ်မှာ မူတည်ပါတယ်။
Daily disposable lens ဆိုရင် တစ်ရက် တစ်ခါသုံးပြီးတာနဲ့ လွှင့်ပစ်ရပါတယ်။
Disposable lens လို့ပဲရေးထားရင် နှစ်ပတ် အတွင်းပဲ အသုံးပြုသင့်ပါတယ်။
Frequent replacement ဆိုရင်တော့ လစဉ် လဲပေးရပါတယ်။

ဆောင်ရန် ☝🏻☝🏻☝🏻

- Contact lens တွေကို တစ်ဖက်နဲ့ တစ်ဖက် မရောအောင်ထားပါ။ ဒါ power ရှိတဲ့သူတွေအတွက် အထူးသတိပြုရပါမယ်။ ဒါမှ power မတူတာတွေ မဖြစ်မယ့်အပြင် မျက်လုံးတစ်ဖက်က မတော်တဆ infection ဝင်ခဲ့ရင် နောက်တစ်ဖက်ကို မကူးမှာပါ။

- တပ်တဲ့အခါ လက်ကို စင်ကြယ်အောင် ရေနဲ့ဆေး အဝတ်နဲ့သုတ်ပြီး ခြောက်မှ content lens solution (မျက်ကပ်မှန်ဆေးရည်) နဲ့ဆေးပြီး တပ်တာ ချွတ်တာပြုလုပ်ပါ။


- Contact lens အတွက် သီးသန့်ထုတ်ထားတဲ့ မျက်စဉ်းမျိုးကိုဘဲ သုံးပါ။ contact lens ကော သူ့ရဲ့ ဘူးကောကို ရေလုံးဝမထိအောင် အမြဲဂရုစိုက်ပါ။

-မိတ်ကပ်မလိမ်းခင် contact lens အရင်တပ်ပါ။
တပ်တဲ့အခါ အတွင်းအပြင်မှန်မမှန် ကိုယ်ရဲ့မျက်လုံးပေါ်တင်ပြီး မျက်လုံးကို ဘယ်ညာ ရွှေ့ကြည့်ပါ။ 👀မျက်လုံးပေါ်မှာ မရှိနေဘဲ ရွေ့နေရင် မှားနေလို့ပါ။ ပြန်ချွတ်ပြီး ပြောင်းပြန်လှန်ပြီး ပြန်တပ်ပါ၊ အတွင်းအပြင်မှန်နေတဲ့ မျက်ကပ်မှန်က မျက်လုံးပေါ်မှာ နေပြီး ရွေ့မသွားပါဘူး။ ဒါကတော့ နေခြည့်ရဲ့ method ပါ။

-မျက်ကပ်မှန်ဘူးတွေကို ရေလုံးဝမထိစေဘဲ သုံးရက်တစ်ခါ တစ်ပါတ်တစ်ခါ မျက်ကပ်မှန်ဆေးရည်နဲ့ ပုံမှန်ဆေးကြောပေးရပါမယ်။


ရှောင်ရန် ❌❌

- Contact lens ဘူးခွံကို ဆေးတဲ့အခါ ရေနဲ့ လုံးဝ လုံးဝ ဆေးလည်းမဆေးရပါဘူး။ ထိလည်း မထိရပါဘူး။ သူ့ရဲ့ lens ဆေးတဲ့အရည်နဲ့ပဲ ပြန်ဆေးပေးရပါတယ်။

- Contact lens တွေကိုလည်း ရေလုံးဝ လုံးဝ မထိရပါဘူး။ သူ့ထဲမှာပါတဲ့ water content တွေပျက်စီးကုန်နိုင်ပါတယ်။ (ဒါ့ကြောင့် lens ချွတ်ထားချင်လို့ ရေသန့်ဘူးထဲ ထည့်ထားလိုက်တာမျိုး လုံးဝလုံးဝ ထပ်မလုပ်ပါနဲ့လို့ နေခြည်သတိပေးပါရစေ။ contact lens box လေးကို အမြဲဆောင်ထားပါ။ ရေသန့်ဘူးထဲ ထည့်မိရင် ဘာမှ စဉ်းစားဘဲ လွှင့်ပစ်လိုက်ပါ။)

- ညဘက်တပ်ပြီး လုံးဝ မအိပ်ပါနဲ့။

- အလှတပ် မျက်ကပ်မှန်ကို နှစ်ပတ်ထက်ပိုပြီး မသုံးပါနဲ့။



မျက်ကပ်မှန်တွေ ဘယ်မှာဝယ်လို့ရလဲ။👜👜👜

အမြဲပုံမှန်တပ်ရမယ့် power သမားတွေအတွက်ဆိုရင်တော့ bangkok လိုနေရာမျိုးက မျက်စိစမ်းသပ်ခန်းတွေမှာ ပထမဦးဆုံး တစ်ကြိမ်တစ်ခါ medical check up လုပ်ရင်း စစ်ဆေးပြီး ဆရာဝန်ညွှန်ကြားတဲ့ contact lens brand ကို ဝယ်တာအကောင်းဆုံးဘဲလို့ နေခြည်ထင်ပါတယ်။

အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံခြားကမဝယ်နိုင်ဘူးဆိုရင်တော့ IQ Vision မှာ power နဲ့ contact lens တွေဝယ်သုံးရတာ အဆင်ပြေတယ်လို့ နေခြည့်သူငယ်ချင်းတွေ ပြောပြောနေတာ ကြားဖူးပါတယ်။

IQ vision Facebook Page :  https://www.facebook.com/iqvisioneyecarecenter/

ရိုးရိုး အလှတပ်ဖို့ colored contact lens တွေအတွက်ကတော့ နေခြည်တောင် ဘယ်မှာ ဝယ်ရမလဲ သိပ်ညွှန်စရာမလိုဘူး ထင်ပါတယ်။

 နေခြည်တပ်တာလေးတွေ ကြိုက်လို့ လိုက်ဝယ်ချင်တယ်ဆိုရင်တော့ နေခြည် အခုပြထားတဲ့ ပုံထဲက မျက်ကပ်မှန်တွေကို အောက်ပါ online shop တွေကနေ ပုံပြပြီး ဝယ်ပါတယ်။

The Style Boutique: https://www.facebook.com/100003246561060
Attractive Eyes: https://www.facebook.com/Janessacruz.2017/

အခုနောက်ပိုင်းမှာတော့ နေခြည်က နှစ်ခါလောက်တပ်ပြီး လွှင့်ပစ်နေတာကြောင့် whole sale price နဲ့ရအောင် Bangkok Platinum Shopping Mall ဘယ်ဘက်အပေါက် ဝင်ဝင်ချင်း မြေညီထပ်က မျက်ကပ်မှန်ဆိုင်က ရာစီးဈေးနဲ့ တစ်ခုကို bhat 100 (မြန်မာငွေ ၄၂၀၀ ကျပ်နဲ့) ဝယ်ပါတယ်။

နေခြည့်ရဲ့ အကြိုက်ဆုံး sweety plus ကမျက်ကပ်မှန် အရောင်တွေနဲ့ နေခြည်တပ်ထားတုန်းက ပုံလေးတွေလည်း လက်လှမ်းမှီသလောက် မှတ်မိသလောက်ရှာပြီးတင်ပေးလိုက်ပါတယ်။

မျက်လုံးတွေဆိုတာ တန်ဖိုးအရမ်းရှိပါတယ်။ လှချင်တာလေးတစ်ခုထဲ အတွက်နဲ့တော့ ငါးထောင်ခြောက်ထောင်တန် lens လေးကြောင့်တော့ မျက်စိကိုဖြစ်သလိုလုပ်ပြီး အထိခိုက်မခံပါနဲ့နော်။  တစ်ခါနှစ်ခါ မသိသာပေမယ့် ဆက်တိုက် လက်လွတ်စပယ်နေမယ်ဆို မျက်စိကျန်းမာရေးအတွက် အရမ်းအန္တရာယ်ရှိနိုင်ပါတယ်။ လွှင့်ပစ်ရရင် ပစ်ရပါစေ မနှမြောပါနဲ့လို့ နေခြည်က မှာချင်ပါတယ်။


ကယ်...
ဒီလောက်ဆို နေခြည်ရှင်းပြပေးထားတာလေးက တော်တော်လဲ ပြည့်စုံပြီး အားလုံးအတွက် ဗဟုသုတ တစ်ခုအနေနဲ့ အထောက်အကူဖြစ်မယ်လို့ နေခြည်ထင်ပါတယ်။
ဒီ blog လေးနဲ့ ပါတ်သတ်ပြီး မိမိရဲ့ အတွေးအမြင်လေးတွေကိုလည်း comment မှာရေးပေးသွားပါဦးနော်။ သူငယ်ချင်းတွေသိအောင်လည်း share လုပ်ပြီး mention ခေါ်လိုက်ပါဦးလို့။ 😘😘😘

အားလုံးပဲ ကျန်းမာပျော်ရွှင်ကြပါစေရှင်။
ချစ်တဲ့
your social media bff
နေခြည်
#naychi #naychioo #beautybynaychi

(Beauty Blogger နေခြည်ဦးရဲ့ Page ကနေ ကူးယူဝေမျှခြင်းဖြစ်ပါတယ်။ အောက်ဆုံးနားက နေခြည်ဆိုတဲ့စာသားလေးကို click နှိပ်လိုက်ပါ လင့်ခ်ချိတ်ထားတယ်နော်)

No comments: