Sunday, December 31, 2017

အနိမ့်ဆုံးအခကြေးငွေ ၄၈၀၀ ကိစ္စအပေါ် အကြံပြုပါရစေ!


------------------------------------
အနည်းဆုံး အခကြေးငွေကိစ္စ မပြောဘူးလို့နေတာ။
ဒါပေမဲ့ တိုက်ရိုက်ပတ်သက်နေလို့ တစ်ခုခုတော့ ရေးချင်လာတယ်။

အရင်ဆုံးမေးရမယ့် မေးခွန်းက ဘာကြောင့် အနည်းဆုံး အခကြေးငွေတိုးတောင်းကြတာလဲ?
------------------------------------
အဓိကကတော့ နေထိုင်မှုစရိတ် Living Cost ကြောင့်
ဖြစ်နေတာပါ။

တကယ်လို့သာ လက်ရှိ တစ်ရက်လုပ်အားခ ၃၆၀၀ ကနေ အခုလို ၄၈၀၀ လောက်ရမှ အလုပ်သမားတွေ ဘက်က လူနေမှုစရိတ်ကာမိနိုင်မယ့် အနေအထား။
အလုပ်သမားတွေဘက်ကြည့်ရင် မမှားပါဘူး။

တစ်ဖက်မှာလည်း လုပ်ငန်းရှင်တွေဘက် ပြန်ကြည့်လိုက်ရင် Labour Cost က တက်လာမယ်။ လုပ်အား Productivity က တက်မလာဘူးဆို မပေးချင်ဘူး။
သူ့ဘက်ကတွေးတာလည်း မှန်တယ်။

မဖြစ်မနေ ၄၈၀၀ ပေးရမယ်လို့ အစိုးရက အမိန့်ကြော် ငြာစာထုတ်လိုက်ရင် လုပ်ငန်းတွေဘက်က မဖြစ်မနေပေးရမှာပဲ။

ဒါဆို ဘာအကျိုးဆက်တွေဖြစ်လာနိုင်သလဲ?
-------------------------------------
အလုပ်ရှင်ဘက်က Labour Cost တက်လာတဲ့ အတွက် စရိတ်ကာမိအောင် အလုပ်သမားလျှော့လာမယ့် အနေအထားရှိမယ်။ တကယ်လို့မလျှော့ဘူးဆိုရင်တောင် အရင်တုန်းက ၂ ယောက်လုပ်ရတဲ့အလုပ်ကို ၁ ယောက်ပဲလုပ်ခိုင်းတာတွေဖြစ်လာနိုင်တယ်။ ဒါဆို Stress တေပိုပိလာမယ်။ အလုပ်လက်မဲ့နှုန်း Unemployment Rate ပါတက်လာနိုင်တယ်။

ဒီလိုမလုပ်ဘူးဆိုရင်တောင် လုပ်ငန်းရှင်တွေဘက်က လုပ်လာနိုင်တာက စရိတ်ကာမိအောင် သူတို့ရဲ့ ကုန်ပစ္စည်းတွေအပေါ်မှာ ဈေးတက်ဖို့စဉ်းစားမိမှာပဲ။

အဲလိုဈေးတက်လာရင် ဘယ်သူထိခိုက်မလဲ?
-------------------------------------
အလုပ်သမားတွေအပါအဝင် ပြည်သူတစ်ရပ်လုံးက ဈေးနှုန်းတက်တဲ့ ဒဏ်ကိုခံရအုံးမယ်။ ဒါဆို တိုးသွားတဲ့ အနည်းဆုံးအခကြေးငွေကလည်း ဘာမှမထူးတော့ဘဲ
ငွေကြေးဖောင်းပွတဲ့ Inflation ဘက်ပြန်လှည့်လာပြီ။

ဒါဆိုမြန်မာငွေဒဏ်ဖိုးကပိုကျလာမယ်။ နိုင်ငံရဲ့စီးပွားရေးအထိ ထိခိုက်လာနိုင်ပါတယ်။

နောက်ဘာတွေဖြစ်လာအုံးမလဲ?
---------------------------
တချို့လုပ်ငန်းတွေအနေနဲ့ အထွေထွေ ကုန်ကျစရိတ် တက်လာတာမခံနိုင်လို့၊ အခြားလုပ်ငန်းနဲ့ပတ်သက်တာတွေ အဆင်မပြေလို့ လုပ်ငန်းပိတ်သိမ်းတာတွေဖြစ်လာနိုင်တယ်။

ဘယ်လိုဖြေရှင်းသင့်လဲ?
---------------------
ဒီကိစ္စက နိုင်ငံရေးဘောဂဗေဒ Political Economy ဖြစ်လာပါပြီ။

ဖြေရှင်းပေးမယ့်နည်းလမ်းတွေကို ဉာဏ်မီသလောက် စဉ်းစားကြည့်လိုက်ရင်

(၁) အထွေထွေကုန်ကျစရိတ်တွေလျော့ ကျလာအောင် အစိုးရဘက်ကဝင်ထိန်းသင့်ပါတယ်။

လိုအပ်လာရင် အစိုးရက ဝင်ထိန်းသင့်တဲ့အကြောင်း
ဘောဂဗေဒပညာရှင် John Maynard Keynes ကပြောခဲ့တာလည်းရှိပါတယ်။

(၂) ပိုဖြစ်သင့်တာက အလုပ်သမားတွေဘက်က လုပ်အားခနဲ့ထိုက်တန်တဲ့အရည်အသွေးနဲ့ ကုန်ထုတ်စွမ်းအား Productivity ပေးနိုင်အောင်ပြင်ဆင်ထား သင့်ပါတယ်။

ဒီနည်းလမ်း (၂) ခုသာ တကယ်လုပ်နိုင်မယ်ဆိုရင် လုပ်ငန်းခွင်အခြေအနေတွေ ပိုမိုတိုးတက်လာပြီး နိုင်ငံရဲ့စီးပွားရေးအတွက်ပါ အထောက်အပံ့ရစေမှာ ဖြစ်ပါတယ်။

လေးစားစွာဖြင့်

ပိုင်စိုး (Management)

Saturday, December 30, 2017

ချဉ်ပေါင်သီးနှင့် ဝက်သားအစပ်ဟင်း ~ အပ်မို ချဉ်စပ်ပေါင်း ~ သစ်ကြံပိုးကာရီကြက်ကင်

ဟင်းအတွဲအစပ်သဘော မဟုတ်ပေမယ့် ရုံးပိတ်ရက် စာဖတ်သူနဲ့ အာတွေ့မယ့် ဟင်းလျာတွေ ဖြစ်ဖို့ ဆုတောင်းရင်း ကူးယူ Share လိုက်ပါတယ်။

ချဉ်ပေါင်သီးနှင့် ဝက်သားအစပ်ဟင်း
(Hot & Spicy Roselle With Pork Curry)
...........................


 ဒီတစ်ပတ် အလွယ်တကူချက်ရမယ့် ဟင်းလေးကတော့ လူတိုင်းကြိုက်နှစ်သက်မယ့် ချဉ်ပေါင်သီးနှင့် ဝက်သားအစပ်ဟင်းလေးပဲဖြစ်ပါတယ်။ မြန်မာဟင်းချက်နည်းလေးတွေ ရေးပေးပါလို့ တော်တော်များများက တောင်းဆိုလာတဲ့အတွက် ဘယ်လိုလွယ်ကူတဲ့ ဟင်းမျိုးရေးရမလဲလို့ စဉ်းစားရင်း အိမ်ဘေးနားက Super Market  ကို သွားဖြစ်တယ်။ မထင်မှတ်ဘဲ ဒီနေ့မှ ချဉ်ပေါင်သီးတွေကို တွေ့လိုက်ရတယ်။ အဲဒါနဲ့ အဖေနဲ့အတူ ခြံထဲမှာ နေစဉ်က အမြဲချက်စားဖြစ်တဲ့ ချဉ်ပေါင်သီးဟင်းလေးကို ပြန်ပြီး သတိရမိတယ်။ ပိုပြီးအဆင်ပြေသွားတာက နောက်ရက်မှ မြန်မာအသိမိတ်ဆွေနှစ်ယောက်ကို ထမင်းစားဖိတ်ထားတဲ့အတွက် ချဉ်ပေါင်သီးနဲ့ ဝက်သားဟင်း များများလေးချက်ပြီး သိမ်းထားလိုက်မယ်ဆိုပြီးတော့ ဝက်သားနဲ့ ချဉ်ပေါင်းသီးဝယ်ပြီး ပြန်လာခဲ့တယ်။ တခြား လိုအပ်တာတွေက အိမ်က မီးဖိုထဲမှာ အဆင်သင့်ရှိပြီးသားဆိုတော့ ဝယ်ဖို့မလိုတော့လို့ ပိုလို့တောင် အဆင်ပြေသွားတယ်။ ကဲ... ဒါဆိုရင်  အဲဒီဟင်းလေးက ဘယ်လောက်လွယ်ကူသလဲဆိုတာ ကြည့်လိုက် ရအောင်... ။

ဒီလို ပါဝင်ပစ္စည်းတွေ လိုအပ်တယ်
- ချဉ်ပေါင်သီး  - 1 kg
- ဝက်သား - ၃၅၀ ဂရမ်
- ကြက်သွန်နီ - ဥအကြီး  ၃ လုံး
- ကြက်သွန်ဖြူ - ၁၀ မြွှာ
- ငရုတ်သီးအနှစ် - စားပွဲဇွန်း  ၃ ဇွန်း
- ငါးပိ - စားပွဲဇွန်း ၁ ဇွန်း
- ငံပြာရည် - စားပွဲဇွန်း  ၂ ဇွန်း
- သကြား  - စားပွဲဇွန်း  ၁  ဇွန်းခွဲ
- ဆီ - စာပွဲဇွန်း  ၂ ဇွန်း
- ငရုတ်သီးစိမ်း   - ၁၀ တောင့်

ကဲ... ဒါဆိုလျှင် စပြီးချက်ကြရအောင်
၁။ ပထမဦးဆုံး ချဉ်ပေါင်သီးကိြုွေခရမှာဖြစ်ပါတယ်။ ချဉ်ပေါင်သီးဖတ်လေးတွေကို စိတ်ရှည်ရှည်နဲ့ ဖဲ့ပြီးြွေခပါ။ အလယ်မှာရှိတဲ့ ချဉ်ပေါင်သီးမသုံးရပါဘူး။ ချဉ်ပေါင်သီးဖတ်လေးတွေကို သန့်ရှင်းအောင်ဆေးပြီး ဆန်ခါထဲထည့်ကာ ရေစစ်ထားပါ။
၂။ ကြက်သွန်နီနှင့် ကြက်သွန်ဖြူကို တောက်တောက်စဉ်းပါ။ အဆင်သင့်ဖြစ်လျှင် ချဉ်ပေါင်သီးမှလွဲပြီး ကျန်တဲ့ ပါဝင်ပစ္စည်း အားလုံးကို  ဒယ်အိုးတစ်လုံးထဲထည့်ပြီး ရောနယ်ပါ။ (ငရုတ်သီးအနှစ်အစား ငရုတ်သီးမှုန့်ကိုလည်း သုံးနိုင်ပါတယ်။)
၃။ ပြီးလျှင် မီးဖိုပေါ်တင်ပြီး ချက်ပါ။ အဆက်မပြတ် မွှေပေးပါ။ ဝက်သား အသားတင်းပြီး အနံ့မွှေးလာပါက ရေကို ဝက်သား မြုပ်ရုံထည့်ကာ ဆက်ပြီးချက်ပါ။
၎။ ဝက်သားနူးခါနီးလောက်မှာ ချဉ်ပေါင်သီးဖတ်နှင့် ငရုတ်သီးစိမ်းထည့်ပြီး မွှေပါ။
၅။ ချဉ်ပေါင်သီးဖတ်များ ပျော့လာသည်အထိ ဆက်ပြီးချက်ပါ။
၆။ ဟင်းရည်ပျစ်ပျစ်နှင့် စားမယ်ဆိုလျှင် ချဉ်ပေါင်ဖတ်များနူးလျှင် စားသုံးနိုင်ပါပြီ။ အကယ်၍ ခြောက်ပြီး ဆီပြန်လာသည်အထိ ဆက်ပြီး ချက်မယ်ဆိုရင်လည်းရပါတယ်။ ကဲ... ဒါဆိုရင် မြန်မြန်နဲ့ လွယ်ကူတဲ့ မြန်မာဟင်းတစ်ခွက်ရပြီပေါ့။
......................................
Delicious Food From All Over The World By
MyintOoTha

အပ်မို ချဉ်စပ်ပေါင်း ချက်စားမယ်
( မြန်မြန်ဆန်ဆန် ၁၀ မိနစ် ဖြင့် ချက်နည်း )
-----

ခုမှစမ်းလုပ်ကြည့်တာ စားလို့အရမ်းကောင်း
👉🏿ခံတွင်းပျက်နေသူများ ဒါလေးလုပ်စားကြည့်
လျှာလည်သွားမယ်✌

🌸လုပ်နည်း🌸
🌺ပါဝင်ပစ္စည်း
အီနိုကီမှို............တစ်ထုပ်
ကြက်သွန်ဖြူ.......၅ တက်
ငရုတ်သီးစိမ်း......၅ တောင့်
သံပရာသီး ........ 2လုံး

1.အီနိုကီမှို ကို အမြစ်တွေဖြတ်ပြီး၁၅ ခုလောက်ပါတဲ့အစုအဝေးလေးတွေဖြစ်အောင်ခွဲထုတ်ပါ။

2.ဆား ၊ ဟင်းခတ်မှုန့် ငရုတ်ကောင်းမှုန့် ၊ သံပုရာသီးတစ်စိတ်လောက်နဲ့အရသာနယ်ပြီးနှပ်ထားပါ။

3. ကြက်သွန်ဖြူ ၊ ငရုတ်သီးစိမ်း တွေကိုထောင်း
ပြီး ပဲငံပြာရည် ၊ သကြား ၊ ဗီနီဂါတို့ နှင့် သံပရာသီးညှစ်ပီး
ချဉ်ငံစပ်ရည်ပျစ်ပျစ်လေးစပ်ထားပါ။

4.မှိုတွေရဲ့ အောက်ခြေမှာ ကြက်သွန်မြိတ်နဲ့ စည်းနှောင်ပြီးပန်းကန်ပြားတစ်ခုမှာထည့်ကာ
အငွေ့ ကောင်းသောပေါင်းအိုးမှာ10 မိနစ်ခန့့် ပေါင်းပါ။
ပေါင်းအိုးက ထုတ်လာတာနဲ့ ချဉ်ငံစပ်ရည်လေး လောင်းချ ပေးပါ။

လွယ်ကူရိုးရှင်းပီး စားလို့အရမ်းကောင်းတဲ့ ချဉ်စပ် မှိုပေါင်းနည်းလေးပါ။❤

စားလို့ကောင်းရင် မိတ်ဆွေများအား သတိရတတ်သူမို့ ပြန်လည်မျှဝေလိုက်ပါတယ်နော် ✌

ခရစ္စမတ် သစ်ကြံပိုးကာရီကြက်ကင်
(X-mas Cinnamon Curry Chicken Roasted)


  နှစ်သစ် အခါသမယမှာ စုပေါင်း စုဝေးပြီး အကင်လုပ်စားကြမယ့်သူတွေအတွက် အရသာတစ်မျိုးဖြင့် ကင်စားလို့ရမယ့် သစ်ကြံပိုးကာရီ ကြက်ကင်လုပ်နည်းကို မျှဝေလိုက်ပါတယ်။ လုပ်စားကြည့်ဖို့ မမေ့နဲ့နော်။

ပါဝင်ပစ္စည်းများ
- ကြက်ပေါင်ရင်း - ၂ ခု (ဆူးချွန်ဖြင့် ထိုးဆွထားပါ)
- ကာရီမှုန့် -   စားပွဲဇွန်း ၁  ၁/၂ ဇွန်း
- ပျားရည် - စားပွဲဇွန်း ၁ ဇွန်း
- သစ်ကြံပိုးမှုန့်  -  စားပွဲဇွန်း ၁ ဇွန်း
- ငရုတ်ကောင်းမှုန့် - အနည်းငယ်
- ဆား - လက်ဖက်ရည်ဇွန်း ၁  ၁/၂ ဇွန်း
- နေကြာဆီ -  စားပွဲဇွန်း ၁ ဇွန်း
- နွားနို့ - ခွက်တစ်ဝက်

ပြုလုပ်နည်းအဆင့်ဆင့်
၁။ ကြက်သားနယ်နှပ်ရန် ဖန်ဇလုံထဲ ပါဝင်ပစ္စည်းများနှင့် ကြက်သားထည့်ပြီး သေချာနယ်နှပ်ပါ၊ အုပ်ပြီး ရေခဲသေတ္တာ ထဲ မိနစ် ၃၀ ခန့် နှပ်ထားပါ။
၂။ အကင်စက် (မီးသွေးမီး) ကို မီးအနေတော်အပူပေးပြီး ကြက်ပေါင် အသားဘက် အခြမ်းက စကင်ပါ။ တစ်ဖက်ကို မိနစ် ၁၀ ခန့်ကင်ပြီးလျှင် တစ်ဖက်သို့လှန်ပြီး ကင်ပါ။
၃။ လိုသလို ပူပူ၊ အေးအေး နှစ်သက်ရာ အသီးအရွက်သုပ်ဖြင့် အတူတွဲ သုံးဆောင်လို့ ရပါတယ်။
...............................


Syi Lwin
Foods Garden

Friday, December 29, 2017

ဘာလို့ Out of Tune (ကီးချော်) ရတာလဲ??


သီချင်းဆိုတဲ့အခါ ဘာလို့ ပုံမှန်ရှိရမယ့် အသံထက် မသိမသာ မြင့်နေခြင်း (Sharp) နဲ့ နိမ့်နေခြင်း (Flat) တွေဖြစ်ရတာလဲ ?

ဒါကို လေ့လာဖို့အတွက် ဂီတဆိုတာ ဘာသာစကားဆိုတာရယ် .. ဂီတကိုလေ့လာရင် အခြားဘာသာစကားတွေလိုပဲ  Skill 4 ခု ရှိတယ်ဆိုတာ သိရပါမယ် ။

ဟုတ်ပြီ ဘာလို့ Out of Tune (ကီးချော်) နေရသလဲဆိုတဲ့အဖြေကို ပေးရမယ်ဆိုရင် ဒီစကေး ၄ခု ထဲက  Note အဖတ် (Sight - Singing) နဲ့ အကြားစွမ်းရည် (Ear Training) အပိုင်း အားနည်းလို့ပဲဖြစ်ပါတယ်.. အဆင့်မြင့်လာရင်တော့ အရေးအဖွဲ့ (Music Theory ) အပိုင်းပါလိုလာလိမ့်မယ်.. ဝါသနာပါလို့ သီချင်းတော့
ညည်းဖူးကြပေမယ့် အပေါ်က စကေး ၃ခုကိုတော့ သင်ယူဖို့ လိုတယ်ဆိုတာ ယောင်လို့တောင် စဉ်းစားမိမှာ မဟုတ်ဘူး.. ဒီစကေးတွေက တခုနဲ့တခု ဆက်စပ်နေတာ..

🔵ရေးတတ်မှ ဖတ်တတ်မယ်…
🔵ဖတ်တတ်မှပြောတတ်မယ် ...
🔵ပြောတတ်မှ ကြားမယ်…
🔵ကြားဖူးမှ နားလည်မယ်…
🔵နားလည်မှ ပြန်ပြောနိုင်မယ်…

ဥပမာ သင်မသိတဲ့ မကြားဖူးတဲ့ ဘာသာစကား တစ်ခုကို သင်ယူကာစမှာ အသံနေအသံထား မှားပြီး အိုးနင်းခွက်နင်း ပြောနေတာဟာ ဂီတမှာ ဆိုရင် ကီးချော်နေတာပဲပေါ့..

သင်ကြားဖူးတဲ့သီချင်းတစ်ပုဒ်ကို ပြန်ဆိုခြင်းဟာ ဂီတဘာသာစကားကို သင်ယူတတ်မြောက် ထားခြင်း မမည်ပါဘူး.. သဘောက ကိုရီးယား ဇာတ်ကား ကြည့်တာများလို့ ကိုရီးယားဘာသာ စကား တချို့လိုက်ပြောနိုင်ပေမယ့် တိတိပပ ရေးနိုင် ဖတ်နိုင် နားလည်နိုင်စွမ်း မရှိသလိုပေါ့..

အဲဒီတော့ ဒီစကေး ၄ခုစလုံးပါဝင်တဲ့ ဂီတဘာသာစကားကို တတ်မြောက်ပြီဆိုရင် ကီးချော်ခြင်းသာမက အခြားပြဿနာတွေ ဖြစ်တဲ့ စည်းချက်တွေချော်နေတာ.. သီချင်းတစ်ပုဒ်ကို မှန်ကန်စွာ အဝင်အထွက် မလုပ်တတ်တာ စတာတွေပါပြေလည်သွား မှာပါ.. ဒါတွေက သင်ယူလို့ရတဲ့အရာတွေပါ..

Technical ပိုင်းကကြည့်ရအောင် ဘာလို့ Out of Tune ဖြစ်သလဲဆိုတာ..

မိမိမရင်းနှီးတဲ့ အသံတခုကိုကြားရင် ဦးနှောက်က ဘာသာပြန်ဖို့ အချိန်တခုလိုတယ်.. ဘာအသံလဲပေါ့.. ဒီအဓိပ္ပါယ်ဖွင့်ဆိုချက်ပေါ်မှာ မူတည်ပြီး ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းတွေက ပြုမူလှုပ်ရှားကြတာ.. ဥပမာ
ကြားတဲ့ အသံ (Pitch) တစ်ခုကိုပြန်ဆိုမယ်ဆိုပါတော့..

ဦးနှောက်က အသံတုန်ခါမှုတစ်ခုကို ကြားခြင်းအားဖြင့် လက်ခံရရှိတယ်
ဘာသာပြန်တယ်.. အဲဒီ Data ကို အသံထုတ်လွှတ်ပေးမယ့် Vocal Cords ဆီကိုပို့ပြီးတုန်ခါစေခြင်းဖြင့် ကြားတဲ့ အသံ (Pitch) အတိုင်းပြန်ဆိုနိုင်မယ်ပေါ့..

ဒီနေရာမှာ သင်က စိုးရိမ်စိတ် မှားမှာ ကြောက်တဲ့ စိတ်လွန်ကဲနေရင် ဦးနှောက်က ဘာသာပြန်တဲ့ အလုပ်ကို ကောင်းစွာ မလုပ်နိုင်ပဲ Data အမှားကို အသံထွက်တဲ့အင်္ဂါရပ်တွေ ဆီပို့မိတဲ့အခါ အသံ (Pitch)
ကလဲ မှားတော့တာပေါ့.. ဒါကြောင့် အစပိုင်းမှာ အသံတွေကို မှန်ကန်စွာသီဆိုနိုင်ဖို့ ဦးနှောက်ကို ဘာသာပြန်နိုင်ဖို့ အချိန်တခုပေးဖို့လိုတယ်.. နောက်ပိုင်း ဒီအသံတွေကို မှတ်မိလာတဲ့အခါ မှန်မှန်နဲ့ မြန်မြန် သီဆိုနိုင်လာလိမ့်မယ်.. ဒါဆို Out of Tune (ကီးချော်) ဖြစ်တာ တွေလဲ မရှိသလောက်နဲသွားမှာပါ..

🔵အခြားဖြစ်နိုင်ခြေများ..

ကျွန်တော့် သင်ကြားမှု အတွေအကြုံအရ ဝါသနာရှင်တော်တော်များများဟာ အသံတစ်ခုထွက်လာဖို့အတွက် လိုအပ်တာထက်ပိုပြီး အင်အားသုံးသီဆိုကြတယ်.. အကျိုးဆက် အနေနဲ့ ဒီအသံမျိုးတွေဟာ မသိမသာ
 မြင့်နေ (Sharp) ဖြစ်နေတတ်တယ်..

Over Use အင်အားသုံးတာများလို အသံထိသွားရင်လဲ အမြင့်သံတွေမရောက်တော့ပဲ အမြဲ (Flat) ဖြစ်နေတတ်တယ်.. ဒါကတော့ အန္တရာယ် ရှိတယ်.. ကိုယ်က အခုပြောခဲ့သလိုမျိုး ဆိုမိနေရင် သတိထား.. နောက်တစ်ခုက သီဆိုရမယ့်သီချင်းရဲ့ အသံအနိမ့်အမြင့် (Pitch Range) ဟာ မိမိရဲ့ Vocal Range အထက်ကို ကျော်လွန်နေ
ရင်လည်း Out of Tune ဖြစ်တတ်ပါတယ်..။

ဒီအချက်အလက်တွေက ယေဘူယျအားဖြင့်သာဖြစ်ပါတယ်..ဖြစ်နိုင်
ခြေတွေလဲ အများကြီးရှိပါသေးတယ်.. ကြုံတွေ့ရတဲ့ အသံပိုင်းဆိုင်ရာ
ပြဿနာတွေကလဲ တစ်ယောက်နဲ့ တစ်ယောက်မတူတဲ့အတွက်
ဖြေရှင်းရတဲ့ နည်းလမ်းတွေကလဲ မတူနိုင်ပါဘူး.. အသံကိုကြားမှသာထိထိရောက်ရောက် ဖြေရှင်းပေးနိုင်မှာပါ..။

ဒီဆောင်းပါလေးလဲ ဝါသနာရှင်တွေအတွက် အထောက်အကူတစ်ခ
ုဖြစ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်..။



ချစ်ခင်စွာဖြင့်..

Eain Min Htet

Thursday, December 28, 2017

ဘွဲ့ဝတ်စုံ သမိုင်း


ဘွဲ့နှင်းသဘင် ကျင်းပခြင်း၊ အခမ်းအနားတွင် ဝတ်စုံဝတ်ဆင်ခြင်းကို ၁၂ ရာစုနှင့် ၁၃ ရာစု ခေတ်ကတည်းက စတင်ခဲ့သည်။

ထိုသို့ ပွဲတက်ဝတ်စုံ အခမ်းအနားဖြင့် စီစဉ်ကျင်းပခြင်းအား တက္ကသိုလ်များက စတင်လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ ပညာတတ်များအဖြစ် သတ်မှတ်ခြင်း ခံကြရသော ကျောင်းသား ကျောင်းသူများနှင့် ဆရာ၊ ဆရာမများသည် တစ်သားတည်း ဖြစ်သည်ဆိုသော သဘောကို ဖော်ကျူးရန်အလို့ငှာ တူညီဝတ်စုံကို ဝတ်ဆင်ကြခြင်း ဖြစ်သည်ဟုလည်း သတ်မှတ်ခဲ့ကြသည်။

၁၃၂၁ ခုနှစ်က ကိုလံဘီယာ တက္ကသိုလ်သည် ဒေါက်တာဘွဲ့၊ သာမန်ဘွဲ့နှင့် လက်မှတ်များကို ဘွဲ့ဝတ်စုံ ဝတ်ဆင်ပြီး တက်ရောက်ယူမှသာ ထုတ်ပေးရမည်ဟု သတ်မှတ်ထားခဲ့သည်။

၁၄ ရာစုလယ် နှောင်းပိုင်းတွင် အချို့သော ကောလိပ်အဆင့် ကျောင်းများတွင် ဘွဲ့ယူအခမ်းအနား၌ ဝတ်ဆင်သော ဝတ်စုံကို ဝတ်ရုံရှည် ဝတ်ဆင်မှုအား ကန့်သတ် တားမြစ်ခဲ့ကြောင်းလည်း တွေ့ရသည်။ အင်္ဂလန်မင်းဆက် အဋ္ဌမမြောက် ဟင်နရီ လက်ထက်တွင် အောက်စ်ဖို့ဒ်တက္ကသိုလ်နှင့် ကင်းဘရစ်ခ်ျ တက္ကသိုလ်များတွင် ဘွဲ့ဝတ်စုံကို စံတစ်ခုအနေနှင့် သတ်မှတ်ခဲ့သည်။ ယင်းစံသတ်မှတ်ချက်အရ သေးကွေးလွန်းသည့် ဘွဲ့ဝတ်စုံများ ဝတ်ဆင်ခြင်းကို လက်မခံခဲ့ပေ။

၁၈၀၀ ပြည့်နှစ်လောက်တွင်မှ မိမိသင်ယူခဲ့သည့် ဘာသာရပ်အလိုက် အရောင်များကို ခွဲခြားရန် သတ်မှတ်ခဲ့သည်။ သို့သော် ထိုသို့ အရောင်ခွဲခြားမှုကို အမေရိကန် ပြည်ထောင်စုလောက်သာ ကျင့်သုံးခဲ့ကြောင်း တွေ့ရသည်။ ဥရောပ အဖွဲ့အစည်းများတွင် ဘွဲ့ဝတ်စုံနှင့် ပတ်သက်ပြီး အမျိုးမျိုး သတ်မှတ်သုံးစွဲကြကြောင်း တွေ့ရသည်။

ရှေးခေတ်က ဘွဲ့ဝတ်စုံကဲ့သို့သော ဝတ်ရုံများကို ခရစ်ယာန် ဘုန်းတော်ကြီးများသည် ကျောင်းတော်များတွင် ဝတ်ဆင်လေ့ ရှိသည်။ နောက်ပိုင်းတွင် ပညာရှင်များအနေနှင့် တက္ကသိုလ်၊ ကောလိပ်များတွင် ပညာသင်ယူသူရော သင်ကြားသူပါ ဝတ်ဆင်ကြသည်။
ယခင်က နေ့စဉ် ဝတ်ဆင်ခဲ့ကြသော်လည်း နောက်ပိုင်းတွင် ပညာသင်နှစ် တစ်နှစ် ကုန်ဆုံးသည့် အထိမ်းအမှတ် အခမ်းအနားများတွင်သာ ဝတ်ဆင်ကြတော့သည်။ နောက်ပိုင်းကျမှ ပညာသင်နှစ် အားလုံးပြီးဆုံးချိန် ဘွဲ့လက်မှတ်ယူချိန်၌ ဝတ်ဆင်ရန် သတ်မှတ်ခဲ့သည်။

==============
မြန်မာနိုင်ငံ ပထမဆုံးဘွဲ့
==============

မြန်မာနိုင်ငံ၏ ပထမဆုံး ဘွဲ့နှင်းသဘင် အခမ်းအနားကို ၁၉၂၁ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်နေ့တွင် ရန်ကုန်မြို့၊ ရွှေတိဂုံဘုရားလမ်းပေါ်ရှိ ဂျူဗလီဟော (ယခု တပ်မတော်ပြခန်းနေရာ) တွင် ကျင်းပခဲ့သည်။ ရန်ကုန်တက္ကသိုလ်ဝင်းအတွင်း ဘွဲ့နှင်းသဘင်ခန်းမကို ဆောက်လုပ်ခြင်း မပြုရသေးသောကြောင့် ထိုစဉ်က မင်းပွဲစိုးပွဲ အခမ်းအနားကြီးများ ကျင်းပရာ ဂျူဗလီဟောတွင် လာရောက်ကျင်းပခဲ့ရခြင်း ဖြစ်သည်။

ဘွဲ့နှင်းသဘင် အခမ်းအနားသို့ ထိုစဉ်က တက္ကသိုလ် အဓိပတိဖြစ်သူ၊ မြန်မာနိုင်ငံ၏ ဒုတိယဘုရင်ခံ ဆာရက် ဂျီနယ်ကရက်ဒေါက် ကိုယ်တိုင် တက်ရောက်ခဲ့သည်။ အဓိပတိ ဆာရက်ဂျီနယ် ကရက်ဒေါက်နှင့်အတူ တက္ကသိုလ် ဆီးနိတ်အဖွဲ့ဝင် အားလုံးသည် သတ်မှတ်ထားသည့် အရောင်အသွေးမျိုးစုံဖြင့် ချုပ်လုပ်ထားသော ဘွဲ့ဝတ်ရုံကြီးများကို ဝတ်ဆင်ကာ အခမ်းအနားကို တက်ရောက်ခဲ့ကြသည်။

ဘွဲ့ယူမည့် ပုဂ္ဂိုလ်များကလည်း နိုင်ငံတကာစံအတိုင်း သတ်မှတ်ထားသည့် ဘွဲ့ဝတ်စုံများ၊ အရောင်လည်ပင်း စွပ် (Hood) များကို ဝတ်ဆင်ပြီး ခမ်းနားစွာ နေရာယူခဲ့ကြသည်။ ဝိဇ္ဇာဘွဲ့ယူမည့် သူများသည် ပန်းနုရောင် ပန်းဖွားများ ပါသည့် Hood များနှင့် သိပ္ပံဘွဲ့ယူမည့် သူများသည် အစိမ်းနုရောင် Hood များကို ဘွဲ့ဝတ်စုံ အနက်ရောင်ပေါ်တွင် လွှမ်းခြုံကာ ဝတ်ဆင်ထားကြသည်။

အမျိုးသားများသည် ပန်းရောင် ခေါင်းပေါင်းများကို ဘွဲ့ဒေါက်ချာ ခေါင်းဆောင်းများအစား ဝတ်ဆင်သူ ရှိသကဲ့သို့ အနက်ရောင်ဒေါက်ချာ ခေါင်းဆောင်းနှင့် နိုင်ငံခြားဝတ်စုံ ဝတ်ကာ တက်ရောက်သူများလည်း ရှိကြသည်။

အခမ်းအနားတွင် ဘွဲ့ရပုဂ္ဂိုလ် အားလုံးကို အဓိပတိကြီးက “ဘွဲ့ရပုဂ္ဂိုလ်များ၏ ကိုယ်ကျင့်တရား နှင့်အညီ နေ့စဉ် ကျင့်ကြံနေထိုင်မည်လော” ဟု မေးခွန်းကို အားလုံးက ရိုသေကျိုးနွံစွာဖြင့် နေထိုင်မည် ဖြစ်ကြောင်း ဖြေကြားပြီးမှ ယူနီဗာစီတီကောလိပ်နှင့် ဂျပ်ဆင်ကောလိပ်တို့က ပေးအပ်သည့် ဘွဲ့များကို လက်ခံယူကြရသည်။

=====
ဘွဲ့ဝတ်စုံ
=====

သမိုင်းအထောက်အထားများအရ ဘွဲ့ဝတ်စုံများကို အလယ်ခေတ် တက္ကသိုလ်များတွင် ဝတ်ဆင်ခဲ့ကြောင်း တွေ့ရသည်။

ခရစ်ယာန်ဂိုဏ်း ထိပ်တန်း တာဝန်ယူထားသော ပုဂ္ဂိုလ်များသည် မိမိတို့ အဆင့်အတန်းအလိုက် ဘွဲ့ဝတ်ရုံကြီးများကို ဝတ်ဆင်ကာ အခမ်းအနားများ၊ သို့မဟုတ် အစည်းအဝေးများသို့ တက်ရောက်ကြရသည်။ တရားသူကြီးများသည် ခြေကျင်းဝတ်အထိ ရှည်သော ဝတ်ရုံကြီးများကို ဝတ်ဆင်ကာ တက်ရောက်လေ့ ရှိသည်။

ယခင် အလယ်ခေတ် အခမ်းအနား၊ အစည်းအဝေးများ၊ တရားစီရင်ရေးများ ကျင်းပသည့် ခန်းမနေရာသည် များသောအားဖြင့် အေးစက်ပြီး လေတိုက်သည့် နေရာများ ဖြစ်သောကြောင့် ဝတ်ရုံကြီးများ ဝတ်ဆင်ခဲ့ရာမှ အစဉ်အလာအဖြစ် ဝတ်ရုံများကို ဝတ်ဆင်ခဲ့ကြဟန် တူပါသည်။

=====
ဘွဲ့ဦးထုပ်
=====

ဘွဲ့ဦးထုပ်ကို ၁၅ ရာစုနှစ် လောက်ကတည်းက ပညာတတ် အထိမ်းအမှတ်အနေနှင့် ဆောင်းခဲ့ကြခြင်း ဖြစ်သည်။ သမိုင်းအထောက်အထားများအရ ဘွဲ့ဦးထုပ်ကို ပါမောက္ခများသာ ဆောင်းရန် သတ်မှတ်ခဲ့ကြောင်းလည်း တွေ့ရသည်။ နောက်ပိုင်းတွင်မှ ပန်းဖွားများ၊ အရောင်များပြောင်းကာ ခမ်းနားစေရန် စီစဉ်ခဲ့ကြခြင်း ဖြစ်သည်။

=================
ဘွဲ့ဦးထုပ်၏ မူလအဓိပ္ပာယ်မှာ
=================

“ဒေါက်တာ” ဘွဲ့အတွက် ရည်စူးကာ စီစဉ်ခဲ့ကြခြင်း ဖြစ်သည်။ ပြင်သစ်သမိုင်းပညာရှင် ဂျက်ကက်လီဂေါ့ဖ်က ဒေါက်တာဘွဲ့ စာမေးပွဲအတွက် အသေးစိတ် ပြင်ဆင်ထားပုံကို သူ၏ “Intellectuals in Medieval Times” စာအုပ်တွင် အောက်ပါအတိုင်း ရေးသားထားသည်။

“စာမေးပွဲ အောင်မြင်သည့် ကျောင်းသားတစ်ဦးသည် လက်မှတ်ရ ပညာတတ်တစ်ဦး ဖြစ်သွားသည်။ သူသည် ဒေါက်တာ၊ သို့မဟုတ် ပါရဂူဘွဲ့ကို သူသင်ကြားခဲ့သည့် ဘာသာရပ်အတွက် ကျွမ်းကျင်သူအဖြစ် သတ်မှတ်ခြင်း ခံရသော်လည်း မာစတာဆိုသည့် အမှန်တကယ် ကျွမ်းကျင်မှု ရှိမရှိကို ပြည်သူ့ထံဆင်းကာ အစစ်ဆေးခံရမည် ဖြစ်သည်။

သို့ဖြစ်ရာ သူ့ကို ခမ်းနားထည်ဝါသည့် ဘုရားကျောင်းကြီး တစ်ကျောင်းသို့ ခေါ်ဆောင်ခြင်း ခံရမည်။ ထိုကျောင်းတွင် သူသည် မိန့်ခွန်းများ ပြောကြားရမည်။ သူပြောကြားမည့် အကြောင်းအရာများသည် သူတတ်ကျွမ်း လေ့လာထားသည့် ပညာရပ်များနှင့် ပတ်သက်သည့် အကြောင်းအရာများသာ ဖြစ်သည်။

ထိုအချိန်တွင် နားထောင်နေသည့် ပရိသတ်ထဲက ကျောင်းသားများသည် သူ့ကို သိလိုသမျှ ထမေးမည်။ ဆွေးနွေးမှုများ ပြုလုပ်မည်။ သူက ထိုသူတို့၏ အမေးများကို ချက်ကျလက်ကျ ပြန်လည်ဖြေဆို ရှင်းလင်းပြရန် လိုသည်။ ထိုသို့ အောင်မြင်စွာ ဖြေဆိုရှင်းလင်းနိုင်ပြီ ဆိုလျှင် တက္ကသိုလ်က သူ့ကို မာစတာဘွဲ့ နှင်းအပ်မည် ဖြစ်သည်။

ဘွဲ့အပ်နှင်းရာတွင် သူ့ကို ပါမောက္ခ ထိုင်သည့် ကုလားထိုင်တွင် ထိုင်စေပြီး ရွှေလက်စွပ်တစ်ကွင်း၊ စာအုပ်တစ်အုပ်နှင့် ခေါင်းဆောင်းရန် ဒေါက်ချာ ဦးထုပ်ကို ပေးအပ်ချီးမြှင့်လေ့ ရှိသည်” ဆိုသည်မှာ ရှေးခေတ် မာစတာဘွဲ့ယူသည့် သူတစ်ဦး၏ အခမ်းအနား ဖြစ်သည်။

၁၉၅၉ ခုနှစ်က အမေရိကန်ဘွဲ့ဝတ်စုံ ဝတ်ဆင်မှုနှင့် အခမ်းအနားကျင်းပရေး ကော်မတီက ဘွဲ့ယူစဉ် ဘွဲ့ဝတ်စုံ ဝတ်ဆင်မှုကို အောက်ပါအတိုင်း သတ်မှတ်ခဲ့သည်။

ဘွဲ့အခမ်းအနား ကျင်းပစဉ်နှင့် ဘွဲ့လက်မှတ် ပေးအပ်စဉ်တွင် ဘွဲ့ဦးထုပ်ကို တောက်လျှောက် ဝတ်ဆင်ထားရမည်။ ဘွဲ့ယူသူများသည် ဆုတောင်းသည့်အခါ၊ သို့မဟုတ် နိုင်ငံတော်သီချင်း တီးမှုတ်နေစဉ် အခါတွင်သာ ဦးထုပ်ကို ချွတ်ခွင့်ရှိသည်။ နိုင်ငံတော်သီချင်း၊ သို့မဟုတ် ဆုတောင်းမှု ပြီးဆုံးလျှင် ဦးထုပ်ကို ပြန်ဆောင်းရမည်။

ပန်းဖွားကို မည်သည့်ဘက်သို့ ချမည်ဟု သတ်မှတ်ထားခြင်း မရှိ။ ကိုယ့်ကျောင်းနှင့် ကိုယ့်ပုံစံအတိုင်းသာ ဖြစ်သည်။ ဘယ်ထားသည် ဖြစ်စေ၊ ညာထားသည် ဖြစ်စေ သတ်မှတ်ထားသည့် အတိုင်းသာ ဖြစ်သည်။

အထက်ပါအချက်များကို ကြည့်ခြင်းအားဖြင့် ဘွဲ့ဝတ်စုံများကို အမြတ်တနိုး သတ်မှတ်ဝတ်ဆင်ကြောင်း ထင်ရှားလှသည်။

ဘွဲ့အပ်နှင်းခြင်း ဘွဲ့နှင်းသဘင် အခမ်းအနားဖြင့်သာ ရရှိသော ဘွဲ့များကို အပ်နှင်းချီးမြှင့်လေ့ ရှိသည်။ ဘွဲ့ယူမည့် ကျောင်းသား ကျောင်းသူများသည် သတ်မှတ်ထားသည့် ပညာရပ်များကို သင်ယူပြီးမြောက်ကြောင်း အစစ်ဆေးခံယူပြီး ဖြစ်ရမည်။

ဘွဲ့မယူမီ ဘွဲ့ယူမည့် သူသည် သတ်မှတ်ထားသည့် အတန်း သို့မဟုတ် စာသင်နှစ်ကို အောင်မြင်ပြီးသူ ဖြစ်ရသည်။ ထိုသို့ သတ်မှတ်အရည် အချင်းများနှင့် ပြည့်စုံသူများကို ဘွဲ့များ အပ်နှင်းချီးမြှင့်သောပွဲကို ဘွဲ့နှင်းသဘင် အခမ်းအနားနေ့ (Graduation Day) အဖြစ် သတ်မှတ်ကာ အပ်နှင်းချီးမြှင့်လေ့ ရှိသည်။

ဘွဲ့အပ်နှင်းချီးမြှင့်ခြင်းကို တက္ကသိုလ်နှင့် ကောလိပ်များတွင် ကျင်းပပြုလုပ်လေ့ ရှိသည်။ တက္ကသိုလ် အဓိပတိ၊ သို့မဟုတ် ကျောင်းအကြီးအကဲများက ဘွဲ့လက်မှတ်များကို ပေးအပ်ချီးမြှင့်လေ့ ရှိသည်။ ဘွဲ့လက်မှတ် မှတ်ပေးရာတွင် အဓိပတိသည် တစ်ဦးချင်းအား ပေးသကဲ့သို့ အုပ်စုလိုက်၊ အဖွဲ့လိုက် ပေးအပ်ချီးမြှင့်ခြင်းများလည်း ရှိတတ်သည်။

အုပ်စုလိုက် ချီးမြှင့်သည့် ဘွဲ့လက်မှတ်များကို မိမိတို့ သက်ဆိုင်ရာ ကျောင်းများရောက်မှ ကျောင်းအုပ်ကြီးများက သီးခြားပြန်ပေး အပ်ခြင်းများလည်း ရှိတတ်သည်။ နိုင်ငံတကာတွင် မိမိတို့ကျောင်းအလိုက် ဘွဲ့နှင်းသဘင် အခမ်းအနားများ ကျင်းပပြီးချိန်တွင် ဘွဲ့နှင်းသဘင် အထိမ်းအမှတ် ပါတီပွဲများလည်း ကျင်းပလေ့ရှိသည်။

အယ်ဒီတာတစ်ဦး

============

Credit: မောင်(စွယ်စုံကျမ်း)

Wednesday, December 27, 2017

အလုပ်ရချင် CV ပြင် (အစ - အဆုံး)


အရင်ရေးခဲ့တဲ့ “လူငယ်နှင့် အလုပ်အကိုင် (သေချာပေါက်အလုပ်ရအောင်…ဒါအရင်ဖတ်..)” မှာတုန်းကအလုပ် လျှောက် တာနဲ့ ပါတ်သက်ပြီး အဆင့်တစ်ဆင့်ချင်းစီ ကျွန်တော်ပြော ခဲ့ပါတယ်..။ အခုကတော့ အလုပ်လျှောက်တဲ့အခါ အရေး အကြီးဆုံး ဖြစ်တဲ့ CV (Curriculum Vitae) မြန်မာလိုတော့ ကိုယ်ရေးအ ချက်အလက်လို့ပဲ ဆိုကြပါစို့။

အရင်ဆုံး CV အကြောင်းမပြောခင် အလုပ်ရှင်ဘက် (သို့မဟုတ်) HR ဘက်က CV အပေါ်အမြင်ကိုပြောပြပါ့မယ်..။ အမှန်အတိုင်း ပြောရရင် HR တော်တော်များများက လက်ထဲရောက်လာတဲ့ CV တွေကိုကြည့်ရင် အရင်ဆုံး ဘယ်အပိုင်းတွေကို အဓိကထားပြီး ကြည့်ပါသလဲ။

- CV ၏သွင်ပြင်ပုံစံ (Presentation Of CV)
- နာမည် (Name)
- ပညာအရည်အချင်း (Education)
- အသက် (Age)
- အခြားအရည်အချင်းများ (Other Qualification)
- လုပ်ငန်းအတွေ့အကြုံ (Working Experience)

စတာတွေဖြစ်ပါတယ်..။ ပြောရရင်တော့ ခေါ်ထားတဲ့ Position နဲ့ ကိုက်ညီရဲ့လားဆိုတာအကြမ်းဖျင်းကြည့်လိုက်တဲ့သဘောပါ..။ ဆိုလိုတာက HR တွေဟာ Position အများကြီးအတွက် CV တွေအများကြီးကို Screening လုပ်ရတာဖြစ်တဲ့အတွက် ကျန်တဲ့အချက် အလက်တွေထက် အထက်မှာဖော်ပြထားတဲ့ အချက်တွေကိုအဓိက ထားပြီးကြည့်ကြပါတယ်..။ အဲ့ဒီအချက်တွေမှာကိုက်ညီတော့မှ အခြားအ ချက်အလက်တွေကို ကြည့်တာပါ..။ ခုပြောခဲ့တဲ့အချက်အလက်တွေဟာ အလုပ်ခန့်ဖို့ ဆုံးဖြတ်ချက်ချတဲ့နေရာမှာ အရေးကြီး တဲ့အချက်အ လက်တွေပါ..။
ကဲ..။ HR တို့၊ အလုပ်ရှင်တို့ဘက်က CV ကိုဘယ်လိုအချက်တွေအဓိ ကထားပြီးကြည့်လဲ သိပြီဆိုရင် ကိုယ့် CV ကိုဒီအချက်အလက် တွေကို အခြေခံပြီး ပြင်ဆင်ရမယ်ဆိုတာသိလောက်ပြီပေါ့..။ အသေးစိတ်ဆက်ရှင်းပြပါ့မယ်..။

CV ၏သွင်ပြင်ပုံစံ
----------------------
CV တွေအများကြီးထဲမှာ အရင်ဆုံးဆွဲထုတ်ပြီး ဖတ်ကြည့်မိတဲ့ အဓိ ကအကြောင်းအရင်းဖြစ်ပါတယ်..။ သာမန် တွေ့ရိုးတွေ့နေကျ CV ပုံစံမျိုး မဟုတ်ဘဲ ကွဲပြားတဲ့ ပုံစံမျိုးတင်ပြထားတဲ့ CV တွေကို ပိုပြီးသတိ ထားမိ တတ်ပါတယ်..။ များသောအားဖြင့်က တွေ့နေရတဲ့ CV တွေကို အမျိုးအ စားခွဲခြားကြည့်ရအောင်ပါ..။

(၁) မိတ္တူဆိုင်မှာရောင်းတဲ့ CV ကို လက်ရေးနဲ့ဖြည့်ပြီး ဓာတ်ပုံကပ်ပြီး တင်တဲ့ CV
(၂) သာမန် CV ပုံစံကို ကွန်ပျူတာစာစီဆိုင်မှာ စာစီထားတဲ့ CV
(၃) ကိုယ့် CV ကို ကိုယ်နဲ့ကိုက်ညီတဲ့ပုံစံ သေသေချာချာ ပုံစံချပြီး ကိုယ်တိုင်စာစီတာ/ ကွန်ပျူတာဆိုင်မှာ စာစီတာ မျိုးနဲ့ ပြင်ဆင် ထားတဲ့ CV.
(၄) စာရွက်တစ်ရွက်ပေါ်မှာ လက်ရေးနဲ့ပဲ သာမန် CV ပုံစံကိုချရေးဖြည့် ထားတဲ့ CV

....ဆိုပြီးအကြမ်းဖျင်းအမျိုးအစား (၄) မျိုးထွက်လာတာတွေ့ရပါတယ်..။

စာဖတ်သူအနေနဲ့ ကိုယ့် CV ဟာဘယ်အမျိုးအစားနဲ့ အနီးစပ်ဆုံး ဖြစ်မလဲဆိုတာကြည့်ပေါ့နော်..။ CV ထဲမှာပါတဲ့အရည်အချင်းတွေ၊ ပညာတွေကိုခဏထားပြီး အပေါ်မှာပြောခဲ့သလို CV တွေအများကြီး ထဲက ဆွဲထုတ်ကြည့်ရတဲ့ CV ဆိုတာ ဘယ်အမျိုးအစားထဲပါမယ်လို့ ထင်ပါသလဲ..။ ကျွန်တော်ပြောချင်တာကို ခုလောက်ဆိုသဘော ပေါက်လောက်ပါပြီနော်..။ အဲဒီတော့ ကိုယ့် CV ကို HR တို့ လုပ်ငန်းရှင်တို့ဘက်ကနေ စိတ်ဝင်တစားကြည့်ရလောက်အောင် Presentation Skill ကောင်းနေဖို့လိုပါတယ်..။ တချို့သင်တန်း သားတွေက ပြောကြပါတယ်..။

ဆရာကျွန်တော်တို့က ခုမှ အလုပ်စလုပ် မှာအဲ့ဒါတွေမလုပ်တတ်ဘူး..တဲ့.။ မှန်ပါတယ်..။ ဒါပေမယ့် မွေးထဲကတော့ဘယ်သူမှမတတ်ပါဘူး..။ အလုပ်လုပ်ချင်တယ်ဆိုပြီး လတ်လျားလတ်လျားလုပ်နေတဲ့သူတွေ တပုံကြီးပါ..။ ကိုယ်အလုပ်ရှာတဲ့ရည်၇ွယ်ချက်ဟာ အလုပ်ရမှ အောင်မြင်တယ် ဆိုရမှာပါ..။ အရင်က မသိဘူး..။ ခုကျွန်တော်ပြောပြလိုက်လို့သိသွားပြီ..။ တချို့ကတော့ မှန်သားပဲဆိုပြီးလိုက်လုပ်ကြမယ်..။ တချို့က အပိုတွေပါလို့ သတ်မှတ်လိမ့်မယ်..။ လုပ်တဲ့သူအကျိုးရှိပါလိမ့်မယ်..။ အဲ့ဒီတော့ CV ပေါ်ထားတဲ့ ၀န်ထမ်းရွေးချယ်မယ့်ဘက်က အမြင်နဲ့ ပဏာမရွေး ချယ်တဲ့ပုံစံကိုတော့ သိပြီပေါ့..။ ကိုယ့် CV ရဲ့သွင်ပြင်ကို ဘယ်လိုဆိုရင် Attention ပိုရှိလဲဆိုတာမြင်ပြီပေါ့..။

နာမည် (Name)
--------------------
နာမည်နဲ့ ပါတ်သက်ပြီးတော့ ထွေထွေထူးထူးပြောစရာတော့မရှိပါဘူး..။ နာမည် တစ်မျိုးထက်ပိုတဲ့သူတွေရှိတတ်ပါတယ်..။ အဲ့ဒါဆိုရင် တော့ အင်္ဂလိပ်လိုဆိုရင် ဥပမာအားဖြင့် .. Mg Phyu @ Mg Win Min ဆိုပြီး “ @ “ ခံရေးလို့ရပါတယ်..။ မြန်မာလိုဆိုရင်တော့ မောင်ဖြူ (ခ) မောင်ဝင်းမင်း ဆိုပြီး “(ခ)” ခံရေးလို့ရပါတယ်..။ ဒါဆိုရင်ရွေးချယ် မယ့်ဘက်က ၀န်ထမ်းလောင်းဟာ နာမည်(၂) မျိုးရှိနေ တယ်ဆိုတာ သိပါပြီ..။ ဒီမှာပြောစရာရှိသေးတယ်ဗျ..။ နာမည်မှာ “ဦး” တပ်ရေးတာနဲ့ “ကို” တပ်ရေးတာနဲ့ “မောင်” တပ်ရေးတာ ဘယ်ဟာမှန်လဲဆိုပြီး ၀ိဝါဒကွဲနေသေးတယ်..။ တကယ်တော့ အသက်ပြည့်ပြီးအလုပ် လုပ်ကြ တာဖြစ်တဲ့အတွက် “ဦး” တပ်ရေးတာက တော့ အသင့်တော်ဆုံးပါ..။ အမျိုးသမီးဆိုရင်တော့ “ဒေါ်” ပေါ့ဗျာ..။ တစ်ခါတစ်လေ မန်နေဂျာ လျှောက်တဲ့သူတွေတောင် မောင်စိုးမြင့် တို့ဘာတို့ဆိုပြီး “မောင်” တပ်လာတဲ့ CV တွေတွေ့ရတတ်ပါတယ်..။ သတိထားစရာလေးပေါ့..။

ပညာအရည်အချင်း (Education)
------------------------------------
ကိုယ့်ပညာအရည်အချင်းကို ဖြည့်တဲ့နေရာမှာ ….

- ၁၀ တန်းဆိုရင်လည်း အောင်ပြီးတာလား၊ မအောင်တာလား သေသေချာချာရေးပါ..။
- တက္ကသိုလ်တက်နေတာဆိုလည်း ၊ Major ၊ Year တွေသေသေချာချာရေးပါ..။
- ကျောင်းပြီးသွားရင်လည်း ရတဲ့ဘွဲ့ကိုသေသေချာချာရေးပါ..။
- တချို့က တက္ကသိုလ်တော့တက်ပါတယ်..သို့သော် အကြောင်းကြောင်းကြောင့် ဆက်မတက်တော့ဘူးဆိုရင်လည်း ကျောင်းကိစ္စ
ကင်းရှင်းကြောင်း၊ ဆက်တက်ဖို့အစီအစဉ်မရှိကြောင်းဖော်ပြပေးပါ..။
- တချို့က ၁၀ တန်းအောင်ပြီးပြီ ဒါပေမယ့် ကျောင်းဆက်မတက်တော့ဘူးဆိုရင်လည်း ဖော်ပြပေးပါ..။

ဘာကြောင့်လဲဆိုတော့ အလုပ်တွေခေါ်တဲ့အခါ ပညာအရည်အချင်း သတ် မှတ်ချက်တွေပါပါတယ်..။ ဖြစ်နိုင်ရင် ခေါ်တဲ့ Position နဲ့ကိုယ် နဲ့ကိုက်ညီမှလျှောက်ပါ..။ နို့မို့ဆို ကိုယ်လည်းသိက္ခာကျပါတယ်..။ နောက်တစ်ခုက တော်တော်များများ ခုနောက်ပိုင်းအလုပ် တွေက ကျောင်းကိစ္စကင်းရှင်းတဲ့သူတွကို အဓိကထားလာကြတယ်..။ ဘာလို့လဲဆိုရင်..ခွင့်ပြဿနာကြောင့်..။ ဒီ စာမေးပွဲဖြေဖို့ ခွင့်ယူတဲ့ကိစ္စက တော်တော်လည်းငြင်းရပြီး တော်တော်လည်းရှင်းရတဲ့ ပြဿနာ..။ အမှန်က အလုပ်ရှင်နဲ့ ၀န်ထမ်းနဲ့ညှိနှိုင်းရမှာ။ ဘာလို့လဲဆိုတော့ နှစ်ဘက်လုံးမှန်နေလို့..။ ၀န်ထမ်းကလည်း သူ့တက်လမ်း ဘွဲ့ရဖို့…တစ်နှစ်မှ တစ်လလေးခွင့်ယူတာ..။ အလုပ် ရှင်ဘက်မှာလည်း ခုခေတ်က Position တစ်ခုအတွက်ဝန်ထမ်းကို အရံတို့..အပိုတို့..ခန့်ထားတယ်ဆိုတာ မူအရပဲရှိတာ..တကယ် က များသောအားဖြင့်မလုပ်ကြဘူး..။

အဲ့ဒီတော့ Position တိုင်းမှာဝန်ထမ်းက လုပ်ငန်းလိုအပ်ချက်အတိုင်း အတိအကျ ထားထား တော့ ၀န်ထမ်းတစ်ယောက် တစ်လလောက်လစ်လပ် သွားမယ့်ကိစ္စက တော်တော်ထိတယ်ပေါ့..။ သို့သော် မပေးလို့ကလည်း မဖြစ်။ ကြာတော့ လုပ်ငန်းဘက်က စဉ်းစားလာပြီ…ကျောင်းကိစ္စ ကင်းရှင်းတဲ့သူ ကိုပဲ ခန့်တော့မယ်ပေါ့..။ ၀န်ထမ်းတွေကတော့ ငါတို့ခွင့်ယူ တာအလကားယူ တာမဟုတ်ဘူး..လစာမဲ့ခွင့်ယူတာ..ဆိုပြီးပြောကြတယ်..။ လုပ်ငန်းဘက် ကကြည့်ရင် ၀န်ထမ်းကိုလစာမပေးရလို့ လုပ်ငန်းဘက်က သက်သာသွားတာမဟုတ်ဘူးနော်..။ Company ရဲ့ Productivity ကျဆင်းတယ်..။ ခွင့်ယူသွားတဲ့ ၀န်ထမ်းတွေ နေရာမှာ ရှိနေတဲ့ ၀န်ထမ်းက တာဝန်ခွဲယူရတယ်..။ အခန့်မသင့်ရင် Over Load ဖြစ်တယ်..။ ကျန်ခဲ့တဲ့ဝန်ထမ်းတွေကို မထိန်း နိုင်ရင် အလုပ်တွေဖိခိုင်းတယ် ဆိုပြီး ထွက်ကြပြန်တယ်..။ အဲ့လို့အကျိုးဆက်တွေရှိပါတယ်..။ ဒါက ကျွန်တော် နဲနဲပဲရှင်းပြတာပါ..။ အဲ့ဒါကြောင့် အလုပ်စလျှောက်ထဲက ကျောင်းကိစ္စကို ရိုးရိုးသားသားပဲဖြည့်သင့်ပါတယ်..။ ဒါမှ နောက်နောင် ကိုယ်ရော လုပ်ငန်း ဘက်ရောအလုပ်မရှုပ်တော့ဘူးပေါ့ဗျာ..။

အသက်အရွယ် (Age)
-------------------------
တကယ်တော့ အသက်အရွယ်ကို ဖြည့်ရတဲ့အကြောင်းက အလုပ်လုပ်ဖို့အ သက်ပြည့်ကြောင်းကို ဖော်ပြတာကအကြောင်းအရာတစ်ခု။ နောက်တစ်ခု တော်တော်များများအလုပ်တွေမှာက အသက်ကန့်သတ်ချက်တွေရှိကြတယ်။ အဲ့ဒီတော့ကိုယ့် အသက်နဲ့ ခေါ်နေတဲ့ အလုပ်ကိုက်ညီတယ်ဆိုလျှောက်ပေါ့။ အဲ့ဒီအတွက်လည်း အသက်ကိုထည့်ပြီးကိုးကာကြပါတယ်..။ အသက်ကိုသီးသန့်မထည့်ပဲ မွေးနေ့သက္ကရာဇ်ဘေးမှာ ထည့်ဖော်ပြလို့ လည်းရပါတယ်..။

အခြားအရည်အချင်းများ (Other Qualification)
------------------------------------------------------
မိမိရထားတဲ့ အဓိကပညာအရည်အချင်းအပြင် အခြားတတ်ကျွမ်းမှုတွေကို ဖော်ပြရမှာပါ..။
- ဘာသာစကားပိုင်းဆိုင်ရာ
- ကွန်ပျူတာအပါအ၀င် အခြားနည်းပညာပိုင်းဆိုင်ရာ
- လက်မှုအတတ်ပညာ၊ စက်မှုအတတ်ပညာ
- စာရင်းကိုင်၊ HR၊ Sales & Marketing စတဲ့ပညာတွေ
ဖော်ပြပါ ပညာရပ်ကျွမ်းကျင်မှုတွေအပြင် အများကြီးရှိပါလိမ့်ဦးမယ်..။

ဒါပေမယ့် ခွဲခြားဖော်ပြပေးရမှာကတော့ (၂) မျိုးထဲပါ။

(၁) Certificate Qualification (သင်တန်းကျောင်းတစ်ခုခုက အသိအမှတ်ပြုလက်မှတ်ရထားတဲ့ အတတ်ပညာ/ အရည်အချင်းများ

(၂) Non-certificate Qualification (သင်တန်းကျောင်းတွေမှာ တက်ခဲ့တာမဟုတ်သော်လည်း အခြားလုပ်ငန်းမှာတုန်းက တတ်ခဲ့တဲ့ အတတ်ပညာ၊ အသိအမှတ်ပြုလက်မှတ်မပြနိုင်သော်လည်း တတ်ာကျွမ်းကြောင်း လက်တွေ့ပြသနိုင်တယ်ဆိုရင် ဖော်ပြပါခေါင်းစဉ်အောက်ကနေ ထည့်သွင်းဖော်ပြပေးလို့ရပါတယ်..။ တဆက်တည်းမှာပဲ ဒီအတတ်ပညာကို ဘယ်လိုရခဲ့လဲဆို တာဖော်ပြပေးနိုင်ရင် ပိုကောင်းပါတယ်..။

အဲ့ဒီတော့ ဒီခေါင်းစဉ်(၂) ခုအောက်ကနေ သေသေချာချာခွဲခြားပြီး Other Qualification တွေကိုဖြည့်ပေးဖို့လိုပါတယ်..။ တစ်ခုမှာချင်တာက..၀န်ထမ်းငယ်လေးတွေတော်တော်များများဟာ..သင်တန်းတက်ထားတာမဟုတ်သော်လည်း အချို့ အတတ်ပညာ လေးတွေကို လုပ်ငန်းအတွေ့အကြုံပေါ်အခြေခံပြီး တတ်နေကြတာမျိုးတွေ့ရပါတယ်..။ ဒါပေမယ့်ဒီကလေး တွေဟာနောက်အလုပ်တစ်ခုကို ကူးပြောင်းတဲ့အခါ လျှောက်တဲ့ CV ထဲမှာ အဲ့ဒီပညာမျိုးမထည့်ကြပါဘူး..။ ဘာလို့လဲဆို တော့..သူတို့မှာ Certificate မရှိရင် မထည့်ရဘူးလို့ယူဆထားလို့ပါ..။ဒါဟာ တိတိကျကျမှားယွင်းပါတယ်..။ ကိုယ်ကလုပ်ငန်း အတွေ့အကြုံအရတတ် ကျွမ်းနေတာမျိုးကို Non-certificate Qualification ထဲထည့်သွင်းဖော်ပြ လို့ရပါတယ်..။ ပြီးတော့ Other Qualification ဟာအလုပ်ရဖို့ အရေးကြီး တဲ့အထဲမှာပါပါတယ်..။ ဖြည့်ထားတဲ့ Qualification တွေကို Interview မတိုင်ခင်ကြိုတင်ပြင်ဆင်ထားဖို့လိုပါတယ်..။ များသောအားဖြင့် Interview တွေမှာ အမေးခံရတဲ့မေးခွန်းတွေထဲမှာ ရာခိုင်နှုန်း အများဆုံးပါ..။ အလုပ်မရတာ..Interview မအောင်တဲ့အကြောင်းအရင်းတွေထဲမှာလဲ တစ်ခုအပါအ၀င်ပါ..။ ဘာလို့လဲဆိုတော့ သင်တန်းတက်တယ်..Certificate ရရုံလောက်ပဲ..။ ဒီနေရာမှာကိုယ့်ကိုကိုယ် မညာကြေးပါ..။ သင်တန်းကိုအဖြစ်တက်လာကြ တာဆိုတော့ CV ထဲမှာဖော်ပြထားလို့ လုပ်ငန်းဘက်က အဲ့ဒါနဲပါတ်သက်တာကိုမေးပြီဆိုရင် တိုင်ပတ်ပြီပဲ..။ အဲ့ဒီမှာ လုပ်ငန်း ဘက်က First Impression ကိုစပြီးနင်းတာကိုခံရပြီပေါ့..။ ဒါကြောင့် ဘယ်လိုပဲဖြစ်ဖြစ် Certificate / Non-certificate Qualification တွေကိုဖြည့်ပြီဆိုရင် Interview မတိုင်ခင်သေသေချာချာ ပြင်ဆင်သွားပါ..။ Interview နဲ့ပါတ်သက်တာတွေကို တော့ နောက်ရေးတဲ့ဆောင်းပါးမှာ အသေးစိတ်ဖော်ပြပေးသွားပါ့မယ်..။

 လုပ်ငန်းအတွေ့အကြုံ (Working Experience)
----------------------------------------------------
အလုပ်ခန့်မယ်/ မခန့်ဘူးဆိုတာကို ဆုံးဖြတ်တဲ့အဓိကအချက်ဖြစ်ပါတယ်..။ လုပ်ငန်းအတွေ့အကြုံတွေဖြည့်ရာမှာ အောက်ပါ အချက်အလက်တွေကို အတတ်နိုင်ဆုံးလိုက်နာပါ..။

(၁) အတွေ့အကြုံတစ်ခုထက်ပိုရင် လက်ရှိလုပ်နေတဲ့အလုပ်ကို ဖော်ပြပြီးမှ သူ့မတိုင်ခင်ကအလုပ်ကိုဖော်ပြရမှာဖြစ်ပါတယ်။ လုပ်ငန်းအတွေ့ အကြုံ ဖြည့်တဲ့နေရာမှာ ကိုယ်လုပ်ခဲ့တဲ့လုပ်ငန်းအမည်တင်မဟုတ်ပဲ ဘယ်လို လုပ်ငန်းလုပ်တဲ့ Company ဆိုတာကိုပါထည့်ဖြည့်သင့်ပါတယ်..။ လုပ်ငန်းအမျိုးအစားနဲ့ကိုယ့်တာဝန်နဲ့ကိုကြည့်ပြီးမှ ကိုယ့်ကိုအကဲဖြတ် လို့ရမှာပါ..။

(၂) Position ၊ အလုပ်စ၀င်တဲ့နေ့၊ အလုပ်နောက်ဆုံးလုပ်ခဲ့တဲ့နေ့၊ ဘာတာဝန်တွေဆောင်ရွက်ခဲ့ရသလဲ၊ စတာတွေကို တိတိ ကျကျ ဖော်ပြပေးရပါမယ်။

(၃) နောက်တစ်ခုက ကိုယ်လုပ်ငန်းတာဝန်တစ်ခုခု ဆောင်ရွက်နေရင်း ရရှိခဲ့တဲ့ ထူးထူးခြားခြားအောင်မြင်မှုရှိခဲ့ရင်ဖော်ပြပေး နိုင်ပါတယ်..။

(၄) ဖြစ်နိုင်ရင်လုပ်ငန်းအတွေ့အကြုံတစ်ခုတိုင်းမှာ လုပ်ငန်းထောက်ခံချက်တစ်ခုစီပူးတွဲတင်ပြသင့်ပါတယ်.။
ခုပြောသွားတာတွေက လုပ်ငန်းအတွေ့အကြုံနဲ့ ပါတ်သက်ပြီး အလုပ်လျှောက်လွှာမှာ ဖြည့်စွက်သင့်တဲ့ အချက်အလက်တွေဖြစ် ပါတယ်.။ တချို့လူငယ်တွေအနေနဲ့ အမြင်မှားနေတာလေးကို ပြင်ပေးချင်ပါတယ်..။

“ကျွန်တော်တို့မှာ အလုပ်တွေအများကြီး အတွေ့အကြုံရှိတာတောင် အလုပ်မရဘူး..Interview မအောင်ဘူး..ဒါဆိုသူတို့က ဘာကိုခန့်ချင်တာလဲ..လစာကိုကောင်း ကောင်းမပေးကြဘူး..ကျွန်တော့်မှာ လုပ်ငန်းအတွေ့အကြုံ အများကြီးရှိနေတာ..။”

ကျွန်တော်တို့အမြဲကြားရပါတယ်..။ CV တွေ ကိုပြန်ကြည့်ရင် မှန်ပါ တယ်.သူတို့မှာအလုပ်တွေအများကြီး လုပ်ဖူးခဲ့တယ်..။ ဒါပေမယ့် အလုပ်(၃) ခုပေါင်း လုပ်သက် (၁) နှစ်။ တချို့တွေဆို (၃) လ တစ်ခုနှုန်းနဲ့ မှန်မှန်လေး (၁) နှစ် အလုပ်လေးခုပြောင်းလာခဲ့တယ်..။ ပိုဆိုးတာက အလုပ်တစ်ခုနဲ့ တစ်ခု က သဘောတရား လုပ်ငန်းသဘာဝဘာမှမဆိုင်တာတွေ..။ အဓိကပြောချင်တာက လူငယ်တွေအလုပ်လုပ်ကြတဲ့အခါ အလုပ် တစ်ခုမှာ အနည်းဆုံး (၁) နှစ်တော့လုပ်ပါ..။ အလုပ်များများလုပ်နိုင် တာကောင်းပေ မယ့် မြန်မြန်ပြောင်းတာကတော့ ရေရှည် အတွက်လုံးဝမကောင်းနိုင်ပါဘူး..။ တကယ်စည်းကမ်းကြီးတဲ့ Company ကြီးတွေရဲ့ HR တွေဟာ လုပ်ငန်း အတွေ့အကြုံပေါ် စဉ်းစားကြတဲ့အခါ လုပ်ငန်းအများကြီးလုပ်ခဲ့သူတွေကို လုပ်သက်အကြာကြီးလုပ်ခဲ့သူတွေလောက် စိတ်ဝင်စားမှုမရှိတာကို တွေ့ရပါတယ်..။ လုပ်ငန်းတစ်ခုမှာစွဲစွဲမြဲမြဲ လုပ်တဲ့သူတွေဟာလုပ်ငန်းပိုင်း အာရုံစိုက်မှုပိုများတာကိုလည်းတွေ့ရပါတယ်..။

တကယ်တော့ လုပ်ငန်းတစ်ခုရဲ့အစမ်းခန့်ကာလဟာ (၃) လဖြစ်ပါတယ်..။ ဒါကြောင့် (၃) လ (၄) လလောက်လုပ်ပြီးထွက်လာ တဲ့သူတွေဆို ခန့်မယ့် လုပ်ငန်းဘက်က တော်တော်စဉ်းစားကြပါတယ်..။ ဒါလေးက သတိထားပြီး ဆင်ခြင်နိုင်အောင်ပါ..။
နောက်တစ်ခုကတော့ ၀န်ထမ်းတွေကို ရပိုင်ခွင့်ရှိတာလေးတစ် ခုပြောပြချင် တာပါ..။ အလုပ်တစ်ခုမှာ ကိုယ်ကစည်းကမ်း နဲ့လုပ်တယ်..ကြိုးစားမှုအ များကြီးမရှိရင်တောင် (များများကြိုးစားနိုင်ရင်တော့ပိုကောင်းတာပေါ့..) တာဝန်ကျေအောင်အလုပ် သေသေချာချာလုပ်တယ်.. အပြစ်မရှိဘူး ဆိုရင်.. လုပ်သက်ကလည်း (၁) နှစ်အထက်ဖြစ်ခဲ့တယ်ဆိုရင်..အလုပ်ထွက်တဲ့အခါ ထောက်ခံချက်တောင်းနိုင်ပါတယ်..။ ကိုယ်ကလည်း အလုပ်ထွက်တဲ့အခါ စနစ်တကျထွက်စာတင်မယ်..လွှဲပြောင်းစရာရှိတာ တွေကိုလည်း သေသေချာချာလွှဲမယ် ..စသည်ဖြင့် Resignation Process ကိုလိုက်နာ တယ်ဆိုရင် တောင်းလို့ရပါတယ်..။ အဲ့ဒီထောက်ခံစာဟာ ၀န်ထမ်း တစ်ယောက် အတွက်တော့ Certificate တစ်စောင်ထက်တန်ဘိုးကြီးပါ တယ်. ..။ ဒီထောက်ခံစာ တွေကို သေသေချာချာပူးတွဲတင်ပြနိုင်ခြင်းဟာ ကိုယ်ဖြတ်သန်းခဲ့တဲ့လုပ်ငန်းတွေက ကိုယ့်အပေါ်ထားတဲ့ တန်ဘိုး ကိုဖော်ပြနိုင် ခြင်းပဲဖြစ်ပါတယ်..။

အခုလောက်ဆိုရင် အလုပ်ရှိနေတဲ့ ၀န်ထမ်းတွေ၊ ကိုယ့်ရဲ့ Career ကိုတန်ဘိုးထားတည်ဆောက်နေသူတွေအတွက် CV ကိုဘယ်လို Attraction ဖြစ်အောင်ဖန်တီးရမလဲဆိုတာအခြေခံအားဖြင့် နားလည်လောက်ပြီလို့မျှော်လင့်ပါတယ်..။

လူငယ်တွေ အလုပ်အကိုင်ကောင်းတွေရရှိပြီး ရရှိတဲ့ အလုပ်အကိုင်တွေ လည်းမြဲနိုင်ကြပါစေ..။

          <><><><><><><><><><><><><><><><><><><><>

ဘုန်းထွဋ်ခေါင်
HR Director
Asean National Trainer
Business & Executive Coach
Certified TOT Trainer

Tuesday, December 26, 2017

ပေါင်ခြံယားခြင်း (Joint Itch)


ရေးသားသူ Dr.Aye Myat Myat Noe
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar.

Jock itch ဆိုတာဟာ တကယ်တော့ ဘတ်တီးရီးယား သို့မဟုတ် မှိုတစ်မျိုးမျိုးကြောင့်ဖြစ်တတ်တဲ့ များပြားလှတဲ့ အရေပြား၊ လက်သည်းခြေသည်းတွေမှာ ပိုးဝင်ခြင်းတွေထဲက တစ်မျိုးဖြစ်တယ်။ ပွေးပုံစံတစ်မျိုးဖြစ်ပါတယ်။ ထိုမှိုမျိုးဟာ ဆဲလ်အသေတွေရှိတဲ့ အရေပြားလွှာမှာနေပြီး နီရဲကာအရေပြားစတွေလန်နေတတ်တဲ့၊ ဒါမှမဟုတ် အနားသတ်မှာအဖုသေးသေးလေးတွေရှိနေတဲ့ ယားယံတဲ့အကွက်တွေဖြစ်လာစေပါတယ်။

ဘယ်လောက်ဖြစ်လေ့ရှိလဲ

ကမ္ဘာအနှံ့မှာ ဖြစ်လေ့ဖြစ်ထအရမ်းရှိတဲ့ အခြေအနေပါ။ တခါတလေ ပူနွေးစိုစွတ်ပြီး သန့်ရှင်းမှုညံ့ဖျင်းတတ်တဲ့ ပတ်ဝန်းကျင်နဲ့၊ လူပေါင်းစုံအသုံးပြုတတ်တဲ့ အများသုံးရေချိုးခန်း၊ အများသုံးအ၀တ်လဲခန်းလို နေရာမျိုးတွေမှာကူးစက်ရောဂါတစ်မျိုးလိုတောင် ဖြစ်နေတတ်ပါတယ်။
ဖြစ်နိုင်ချေများစေတဲ့အချက်လေးတွေကို လျှော့ချခြင်းအားဖြင့် ကာကွယ်နိုင်ပါတယ်။ တခြားအချက်အလက်တွေသိဖို့ ဆရာဝန်နဲ့လည်းဆွေးနွေးတိုင်ပင်နိုင်တယ်။

လက္ခဏာများ

ပေါင်အတွင်းဘက်လိုမျိုး စိုစွတ်တတ်တဲ့နေရာတွေမှာ ယားယံတဲ့အနီရောင်အကွက်တွေဖြစ်လာတတ်ပြီး တင်ပါးနဲ့စအိုဝတ၀ိုက်ကိုပျံ့သွားနိုင်ပါတယ်။ ပေါင်ခြံ၊ ကပ်ပယ်အိတ်တို့လိုမျိုး အရေပြားခေါက်နေတဲ့နေရာတွေမှာလည်း စဖြစ်တတ်တယ်။ ချွေးတွေစိုပြီး သန့်ရှင်းမှုမရှိတတ်တဲ့ လေ့ကျင့်ခန်းလုပ်ရာမှာဝတ်တဲ့အင်္ကျီတွေ၊ မသန့်ရှင်းတဲ့အတွင်းခံတွေကြောင့်ရနိုင်ပါတယ်။ ဒါပေမယ့် ယောက်ျား မိန်းမလိင်အင်္ဂါတ၀ိုက်နဲ့ စအိုဝတ၀ိုက်မှာ တွေ့ခဲပါတယ်။

တချို့တလေမှာ ယားယံတဲ့အကွက်တစ်ကွက်ပဲရှိတတ်ပြီး တချို့ကတော့ အစွန်းတွေစုပေါင်းသွားကာ ကြီးမားတဲ့အကွက်တွေ ဖြစ်ပေါ်လာတတ်ပါတယ်။

ထိုယားကွက်တွေရဲ့လက္ခဏာပုံစံတွေကတော့-
• ပွေးကွက်တွေနဲ့ပုံစံဆင်တူပါတယ်
• နီရဲနေပြီး အလွန်ယားယံတဲ့အကွက်တွေဖြစ်တယ်
• အနားသတ်တွေကထင်ရှားပါတယ်
• အကွက်အလယ်မှာနီညိုရောင်ဖြစ်ပြီး
• အစွန်းတွေမှာမှာ အရည်ကြည်ဖုလို အဖုသေးသေးလေးတွေရှိပါတယ်။
တခြားသောအချက်တွေလည်းရှိကောင်းရှိနိုင်ပါတယ်။ တကယ်လို့သိလိုသည်များ၊ စိတ်ပူသည်များရှိပါက ဆရာဝန်နဲ့တိုင်ပင်နိုင်ပါတယ်။

ဘယ်အချိန်မှာဆရာဝန်ပြသင့်သလဲ

အထက်ပါလက္ခဏာများရှိပြီး ၊ သိလိုသည်များရှိပါက ဆရာဝန်နှင့်တိုင်ပင်နိုင်ပါတယ်။ လူတိုင်းရဲ့ ခန္ဓာကိုယ်အခြေအနေတွေဟာ မတူညီတာကြောင့် မိမိအခြေအနေအတွက်အကောင်းဆုံးကိုသိဖို့ ဆရာဝန်နဲ့တိုင်ပင်တာအကောင်းဆုံးနေမှာပါ။

Jock itch ဖြစ်စေတဲ့အချက်တွေ

တင်းကြပ်ပြီးပွတ်တိုက်စေတတ်တဲ့ အတွင်းခံတွေ၊ အမြဲစွတ်စိုနေမှု၊ ချွေးထွက်မှု၊ အသားချင်းပွတ်တိုက်မိမှု၊ ဓာတ်မတည့်ခြင်းပြဿနာ၊ မှိုစွဲမှုနဲ့ ဘတ်တီးရီးယားပေါက်ပွားမှုတွေဟာ ဖြစ်နိုင်ချေရှိတဲ့ အကြောင်းအရင်းတွေဖြစ်ပါတယ်။

အဖြစ်အများဆုံးအကြောင်းကတော့ အရေပြားရောဂါပိုးဝင်မှုကို ကုတ်ခြစ်ပစ်တာကြောင့် ပျံ့သွားရခြင်းပါ။ ဒါမှမဟုတ် ရောဂါပိုးရှိနေတဲ့တဘတ်၊ ပုဝါကိုသုံးမိတာမျိုး၊ ရောဂါပိုးရှိသူနဲ့ ပူးကပ်စွာဆက်ဆံမိတာမျိုးကလည်း မှိုတွေကိုကူးစက်စေပါတယ်။

ဖြစ်စေတဲ့ မှိုတွေကတော့ E.floccosum(အီးဖလော့ခ်ကိုဆမ်း) နဲ့ T.rubrum (တီရုဘရမ်)တို့ဖြစ်တယ်။ Tinea cruris(တီးနီးရား ခရုရစ်) မှိုဟာ keratinase(ကီရာတီနေ့စ်) လို့ခေါ်တဲ့ အင်ဇိုင်းတစ်မျိုးထုတ်ပြီး ထိုအင်ဇိုင်းက keratin (ကီရတင်) တွေကိုစားပစ်ပါတယ်။ Keratin ဟာ အရေပြား ( ဆံပင်၊ လက်သည်းခြေသည်း) တွေရဲ့ အခြေခံပရိုတင်းတစ်မျိုးဖြစ်တာကြောင့် keratin တွေကိုစားပစ်လိုက်ခြင်းဟာ အရေပြားလန်ခြင်းတွေဖြစ်စေနိုင်ပါတယ်။

ပဋိဇီဝဆေးတချို့သောက်နေရသူတွေ၊ ကိုယ်ခံအားစနစ်အားနည်းသူတွေ၊ ဆီးချိုသွေးချိုရှိသူတွေမှာလည်း ဖြစ်နိုင်ချေများပါတယ်။
တခါတလေမှာ ဘတ်တီးရီးယားတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဘတ်တီးရီးယားကြောင့်ဖြစ်တဲ့ Jock itch တွေဟာ မာကျူရီမီးနဲ့ထိုးကြည့်ရင် နီဆွေးဆွေးရောင်ပေါ်တတ်ပါတယ်။

ဖြစ်နိုင်ချေများစေသောအချက်များ

စိတ်မပူမိတဲ့အရာတွေဟာ ဖြစ်နိုင်ချေတက်စေတဲ့အရာတွေ ဖြစ်နေနိုင်ပါတယ်။
• စိုထိုင်းသောတာဝါ၊ ဖိနပ်တွေ၊
• ညစ်ပစ်ပြီး မလျှော်ထားတဲ့အ၀တ်တွေ၊
• စိုထိုင်းသောကြမ်းပြင်
• စိုထိုင်းသောအခန်း
• ခန္ဓာကိုယ်တခြားနေရာမှာ မှိုစွဲနေတဲ့အခါ
Jock itch ကို ကျန်းမာနေတဲ့လူတွေမှာလည်း တွေ့ရတတ်ပေမယ့် ဆီးချိုသွေးချိုရှိသူတွေ၊ အ၀လွန်သူတွေမှာ ပိုဖြစ်တတ်ပါတယ်။

ရောဂါရှာဖွေခြင်း၊ ကုသခြင်း

ဒီအချက်အလက်တွေဟာ ကျန်းမာရေးအကြံဥာဏ်တွေအတွက် အစားထိုးမဟုတ်ပါဘူး။ အမြဲဆရာဝန်နဲ့တိုင်ပင်ပါ။
ရောဂါဖြစ်ကြောင်းဘယ်လိုရှာဖွေတွေ့နိုင်မလဲ
အများစုကထိခိုက်ထားရာအရေပြားနေရာကို စစ်ဆေးခြင်းအားဖြင့် jock itch ကိုတိကျမှန်ကန်စွာ အမည်တပ်နိုင်ပါတယ်။ ဒါပေမယ့် တချို့အခါတွေမှာတော့ jock itch နဲ့ခပ်ဆင်ဆင်တူပြီး အရေပြားအထူးကုက အရေပြားဆဲလ်များကို ခြစ်ယူစစ်ဆေးမှသာ တခြားအခြေအနေဖြစ်ကြောင်း သိရှိရသည်များလည်းရှိပါတယ်။

ဘယ်လိုကုသမလဲ

Jock itch ကိုပုံမှန်အားဖြင့် မှိုသတ်ဆေးလိမ်းဆေးဖြင့် ကုသတာများပါတယ်။ တခါတရံ ယားယံခြင်းမြန်မြန်သက်သာဖို့ hydrocortisone ပါအသုံးပြုတာလည်းရှိပါတယ်။ Steroid လိမ်းဆေးကို မိမိသဘောနဲ့ထည့်သွင်းလိမ်းခြင်းများ မလုပ်သင့်ပါဘူး။ လိမ်းဆေးကို တစ်ရက် တစ်ကြိမ်မှနှစ်ကြိမ်ထိ သုံး၊လေးပတ်ထိ စွဲလိမ်းပေးရပါမယ်။
တကယ်လို့မထိရောက်ပါက သောက်ဆေးအသုံးပြုရပါမယ်။ Terbinafine(တာဘင်နဖိုင်း), itraconazole (အစ်တရာကွန်ဇိုးလ်)တို့သောက်နိုင်ပါတယ်။
ကုသနေစဉ် အ၀တ်အစားများ ကြပ်ကြပ်တည်းတည်း မ၀တ်ဆင်သင့်ပါဘူး။


နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုသမှုများ

Jock itch သက်သာစေနိုင်သော နေထိုင်မှုပုံစံနှင့်အိမ်တွင်းကုသမှုများ
Jock itch ဟာ အရှင်းပျောက်ကင်းပြီးမှ ပြန်ဖြစ်လာတာမျိုး ရှိနိုင်ပါတယ်။ ပြန်ဖြစ်တာကိုလျှော့ချဖို့အတွက် အောက်ဖော်ပြပါ နေထိုင်မှုပုံစံတွေနဲ့ အိမ်တွင်းကုသမှုပုံစံများကို အသုံးပြုကြည့်နိုင်ပါတယ်။
• ခြေထောက်မှာမှိုစွဲခြင်းများရှိပါက ချက်ခြင်းကုသပါ
• ရေချိုးပြီးတဲ့အခါ ပေါင်ကြားတွေကို ပုဝါနောက်တစ်ထည်နဲ့ သေချာခြောက်အောင်သုတ်ပါ။
• ပုဝါ၊ တဘတ်၊ ကိုင်ပိုင်အ၀တ်အစားများကို ဝေမျှမသုံးပါနဲ့။
• တင်းကြပ်လွန်းသော အ၀တ်အစားများမ၀တ်ပါနဲ့။
• အ၀လွန်နေပါက အသားချင်းပွတ်မိ၊ ပွန်းမိခြင်း၊ ချွေးထွက်ခြင်းများ လျော့စေဖို့ ၀ိတ်ချဖို့ကြိုးစားပါ။
သိလိုသည်များရှိပါက မိမိအတွက်အကောင်းဆုံးဖြစ်မည့် အကြံများအတွက် ဆရာဝန်နဲ့သေချာမေးမြန်းဆွေးနွေးပါ။

Monday, December 25, 2017

လေဘာတီမမြရင် ( ၁၉၀၄ - ၁၉၄၅ )


Liberty (လေဘာတီ) ရဲ့အဓိပ္ပါယ်က  လွတ်မြောက်ခြင်း  လွတ်လပ်ရေး  ရှင်သန်ခြင်း

          ဦးဖိုးသစ်၊ ဒေါ်ဉာဏ်ယုံတို့မှ ၁၂၆၆ ခုနှစ်တွင် သာစည်နယ် ရွှေဖလားကန်ရွာ၌ ဖွားမြင်သည်။ ၁၅ နှစ် အရွယ်မှ စ၍ အငြိမ့်ကခဲ့သည်။ အသံမင်းသမီးဟု ခေါ်စမှတ် ပြုခဲ့ရသည်။လေဘာတီ မမြရင်သည် အငြိမ့်မင်းသမီး အဖြစ်သာ မဟုတ်၊ ဓာတ်ပြား အဆိုကျော် အဖြစ်လည်း နာမည်ကြီးသူ ဖြစ်သည်။ သူနှင့် ခေတ်ပြိုင် ပေါ်သော အငြိမ့်သဘင် ပညာရှင်များမှာ ဥက္ကလာအေးကြည်၊ ဒဂုံခင်လှကြည်၊ သြဘာသောင်း၊ ယူနီဗာစီတီ မြသန်းကြည် စသည်တို့ ဖြစ်သည်။

မန္တလေး အရှေ့ကျုံးလမ်းရှိ အမျိုးသား ကဇာတ်ရုံရှေ့မှ လေဘာတီ မမြရင် ကြေးရုပ်မမြင်ရင်ကို မိတ္ထီလာခရိုင် သာစည်မြို့ အနောက်ဘက် ၈ မိုင်ကွာရှိ ရွှေဖလားကန်ရွာ၌ အဖမင်းသား ဦးဘိုးသစ်၊ အမိ မင်းသမီး ဒေါ်ဉာဏ်ယုံတို့က ၁၂၆၆ ခုနှစ်တွင် ဖွားမြင်သော အနုပညာရှင် ဖြစ်သည်။ ဇာတိရပ်ရွာ၌ မိဖများနှင့် နေစဉ်က တောင်သူလယ်သမား အလုပ်နှင့် ကြီးပြင်းခဲ့ဟန် တူသည်။

"ထမီကလေး တိုတိုဝတ်ကာ၊ ကျွန်မ ငယ်စဉ်အခါ၊ လူထဲမဝင်သေးတော့ အလှအပြင်အဆင်ချာ၊ မယ်ရင် ကုန်ကုန်ပြောမယ်၊ တော်သက်သက်မို့၊ ဘယပ်ဒွါဒယာ ရွှံ့တွေ ကပ်စီးကပ်စီး ပုတီးလုပ်ကာ ဆွဲတတ်ကာ၊ ဒေါ်လာပြားတွေ ၁၅ ပြားလောက် ဆွဲတတ်တာ၊ ကိုကိုတို့က မြှောက်စားပေမဲ့ ဟိုတုန်းကလောက် မပျော်ပါ"
                                   ဟု သူကိုယ်တိုင် သီဆိုခဲ့သော 'ရွှေမိုးညို' သီချင်းအရ သူ၏ ငယ်စဉ် ဘဝကို သိသာလေသည်။မမြရင် သီဆို၍ ဓာတ်ပြား သွင်းခဲ့သော နာမည်ကျော် သီချင်းများမှာ မွန်းလိုက်ဂလိုရီ၊ ပဒုမ္မာ ရွှေကြာ၊ ခင့်သဘော၊ မောင်မောင့် ရွှေကျေး၊ ထင်သလိုနေ၊ အိုကေ၊ စိတ်တခု ယုတ်ကိုးဆယ်၊ ဥစ္စာရင်းမှန်ပြန်၊ သော့တွဲ စသည်တို့ ဖြစ်သည်။ လေဘာတီ မမြရင် သီဆိုခဲ့သော သီချင်းများ အနက် ထက်ပေါ် ကျော်ကြားသော တေးသွားမှန်သမျှ နန်းတော်ရှေ့ ဆရာတင်၏ လက်ရာ များလေသည်။ သူနှင့် တွဲသော အငြိမ့် လက်စွဲ (ယခုအခေါ် လူပြက်) များမှာ ဦးဓာတ်ဆီ၊ ဦးသင်္ခါ၊ ဦးဓာတ်ခိုး၊ ဦးညှပ်ကြီး၊ ဦးဒန်ပေါက် စသည်တို့ ဖြစ်ကြသည်။


သူ့ခေတ် သူ့အခါက သူ၏ အောင်မြင် ကျော်ကြားပုံနှင့် ပရိသတ်များ ချစ်ခင် နှစ်သက်ပုံတို့မှာ ကြောက်စရာပင် ကောင်းလှသည်။ မန္တလေးမြို့ ၈၄ လမ်းနှင့် ၃၁ လမ်းထောင့်၌ လေဘာတီ မြရင် အငြိမ့် ကနေစဉ်က ဖြစ်၏။ ပွဲပြီးလျှင် မမြရင်ကို လူမျိုးခြား ဘာသာခြား သူဋ္ဌေးသား တဦးက မေမြို့ (ပြင်ဦးလွင်) သို့ ကားနှင့် ခေါ်သွားမည့် အစီအစဉ် ရှိသည်ဟု သတင်း ထွက်လာ၏။ထိုသတင်းကို မမြရင် အငြိမ့်ကရာ နောက်သို့ တကောက်ကောက် လိုက်နေသည့် ရုံတော်ကြီးမှ ကာလသား တသိုက်က ကြားသိသွား၏။ ထို့ကြောင့် လူစုပြီး ရှင်ဘို့မယ် ဘုရား အနောက်ပေါက်မှ အသင့် စောင့်ဆိုင်း နေကြသည်။ ပွဲပြီးသော် သူဋ္ဌေးသားက မမြရင်နှင့် မိခင်ဖြစ်သူ ဒေါ်ဉာဏ်ယုံကို ကားနှင့် တင်ခေါ် လာခဲ့၏။ ရှင်ဘို့မယ် ဘုရား အနောက်ပေါက် ရောက်သည်နှင့် အသင့် စောင့်နေသော ကာလသားများက ပုလင်းနှင့် လှမ်းပေါက် လိုက်သည်။ သို့သော် သူဋ္ဌေးသားကို မမှန်ဘဲ အနီးရှိ ဓာတ်တိုင်ကို သွား၍ မှန်သည်။ လွင့်စင်လာသော ပုလင်းကွဲက မမြရင်၏ ပါးကို ဝင်၍ မှန်လေသည်။ သို့ဖြင့် မမြရင်၏ ပါး၌ သေရာပါ အမာရွတ်ကလေး ထင်ကျန်ရစ်ခဲ့ရ ရှာလေသည်။

ပါးမှ ဒဏ်ရာကို ဒေါက်တာရှားမားနှင့် ကုသ၍ ပျောက်ကင်းသည့် အခါ ပထွေးဖြစ်သူ ဦးသာဒင် ရေးစပ်ပေးသည့်
(သတင်းစာတွင် - လေဘာတီ မြရင် - မြရင် - မြရင် - မျှော် - မျှော် အကြောင်း ဆိုးလေခြင်းနော် - သြော် - သြော် - အကျိုးယုတ် ပါဘိတော် - ပုလင်းမှန်တာ - သည်ဒဏ်ရာ စီမံလာ - ဘယ်ဝဋ်ကေ့းလည်း ချင့်ထွေးနိုင်ဖူး ရှင် - သြော် … မြစပယ်ရှယ်ရင်)
                                            ဟူသော မြစပယ်ရှယ်ရင် သီချင်းဖြင့် သီဆို ကပြရာ မြင်ရသူတိုင်း ကရုဏာ သက်ကာ ရင်ဆို့ ခဲ့ကြရသည်။

မမြရင် ပုလင်းကွဲ မှန်သဖြင့် နန်းတော်ရှေ့ ဆရာတင်က (တုံးကျော်မ) သီချင်းကို ရေးစပ်ပေးသည်ဟု ပြောဆို နေကြခြင်းမှာ မမှန်ပါ။ ပုလင်းကွဲ မှန်ခြင်းမှာ မမြရင် ငယ်ငယ် နာမည်ကျော်စ အချိန်က ဖြစ်သည်။ တုံးကျော်မ သီချင်းက မမြရင် အသက် ၃၀ ကျော်မှ ဆိုသည့် သီချင်း ဖြစ်သည်။ ရှမ်း ပြည်နယ်သို့ ပွဲသွားကရာ ငှက်ဖျားမိပြီး လက်ခံထားသော ပွဲများ ဖျက်လိုက် ရသဖြင့် (လေဘာတီ မြရင် သေပြီ) ဟု သတင်းကျော် သွားခဲ့သည်။ ကျန်းမာ၍ ပွဲပြန်ကသော အခါ နန်းတော်ရှေ့ ဆရာတင်က -

"သေနိုင်ပါရိုးလား လေဘာတီရယ် ပေတရာဆီ လျှောက်ပါလို့ မြင်သလောက် ပြလိုက်ချင်ပါသည်။ အခြေလည်း တိုးတက် - အနေလည်း တိုးတယ် - မသေဘဲကိုးကွယ် - မျှော်တော်မူကြသည်၊ သြော် … မမုန်းနဲ့နော် ကျွန်မအတည်၊ ရုပ်တော်တော်လှပါသည် - တုံးကျော်မ လေဘာတီ"
                                 ဟူသည့် (တုံးကျော်မ) သီချင်းကို ရေးစပ် ပေးခဲ့သည်။ ထိုသီချင်းသည် လေဘာတီ မြရင်၏ လူ ကြိုက်အများဆုံး သီချင်းတပုဒ် ဖြစ်လာခဲ့သည်။

နန်းတော်ရှေ့ဆရာတင်

နန်းတော်ရှေ့ ဆရာတင်နှင့် လေဘာတီ မြရင်ကို လမိုင်းကပ်သည်ဟု ဆိုသော်ရ၏။ အဘယ်ကြောင့် ဆိုသော် ဆရာတင် ရေးပေးသော သီချင်းကို လေဘာတီ မြရင် ဆိုလိုက်သည်နှင့် အောင်မြင် ကျော်ကြား လူကြိုက်များ သွားတတ်သောကြောင့် ဖြစ်သည်။ ထို့ကြောင့်လည်း အခြားသော မင်းသမီးများက ဆရာတင်အား (လေဘာတီ မြရင် အတွက် သီချင်းရေးရင် သူများတွေ အတွက် ရေးတာနဲ့ မတူဘူး၊ စေတနာကို ပိုးလွန်းတယ်) ဟုပင် ခနဲ့တဲ့တဲ့ လုပ်ခဲ့ကြခြင်း ဖြစ်သည်။ ဆရာတင်ကတော့ တဟဲဟဲ ရယ်လျက်။ဆရာတင်ကလည်း သီချင်းကို အာမခံနှင့် ရေးသူဖြစ်၏။ သူ့သီချင်းကို သီဆိုပြီး ကလျှင် ထို မင်းသမီး နာမည် ကျော်စေရမည်။ သူ့သီချင်း မကျော်ခဲ့လျှင် ပိုက်ဆံ တပြားမှ မပေးနဲ့ဟု ရဲရဲ ကြီး အာမခံတတ်သည်။ အာမခံသည့် အတိုင်းလည်း မင်းသမီး အတော်များများမှာ သူ့သီချင်း ဆိုပြီး ကျော်သွား ခဲ့ကြသည်သာ ဖြစ်၏။ မမြရင်ကိုလည်း ဆရာတင်ကပင် (မင်း နာမည် ကျော်ချင်ရင် မန္တလေး လာခဲ့) ဟု သူကိုယ်တိုင် ခေါ်ခဲ့ခြင်း ဖြစ်ကြောင်း ဆရာတင် မသေမီက ပြောသွား ခဲ့ဖူးသည်။

       ဤမျှသာ မကသေး။ မမြရင်ကို ခိုးပြေးဖို့ ကြိုးစား ခဲ့သေးကြောင်း မမြရင် အမေကြီး တွေ့သွား၍ ပခုံးပေါ် ထမ်းလာသော မမြရင်ကို ပြန်ချ ထားခဲ့ရကြောင်း စသည်ဖြင့် ဆရာတင် မသေမီက ပြောပြတတ် သေးသည်။ သို့သော် အများစုက ထိုစကားကို မယုံကြ။ (သူ့ဗလနဲ့လား လေဘာတီ မြရင်ကို ထမ်းနိုင်မှာ) ဟု ဆိုကြသည်။ မည်သို့ပင် ဖြစ်စေ၊ လေဘာတီ မြရင်နှင့် ဆရာ တင်တို့ နှစ်ဦး အထူးတလည် ခင်မင် ရင်းနှီးသည့်ကတော့ အမှန်ပင်။ ခင်မင် ရင်းနှီးရုံ သာမက၊ မမြရင်မှာ ဆရာတင်၏ ညှဉ်းဖတ် မင်းသမီးပင် ဖြစ်ခဲ့ရသေးသည်။ ဆရာတင် ငွေလိုတိုင်း မမြရင်ထံ လက်ဝါး လာဖြန့်တတ်သည်။ မပေးမချင်း မပြန်။ ငွေရတော့လည်း ပြန်ပေးချင်မှ ပေးသည်။ မပေးသည်က များသည် ဆို၏။ဆရာတင် သီချင်းနှင့် လေဘာတီ မြရင် အဆိုတို့ လူကြိုက်များ အောင်မြင်ခဲ့ခြင်းမှာ ဆရာတင် တယောက်တည်း အရေးအစပ် ကောင်း၍ချည်း မဟုတ်။ မမြရင်၏ အသံ မမြရင်၏ အဆိုကလည်း မည်သူမျှ လိုက်မမီနိုင်အောင် ကောင်းလွန်းသောကြောင့် ဖြစ်သည်။ မမြရင် အသံက အသံဝါ ဖြစ်၏။ ဆွဲတိုင်းရ၏။ ဟစ်တိုင်း ပေါက်၏။ ဘယ်သံ၊ ညာသံ လိုသလို ကူးနိုင်၏။

သူ့ခေတ်တုန်းက ယခုလို အသံချဲ့စက်တွေ မပေါ်သေး။ ပွဲခင်း တခုလုံးရှိ ပရိသတ်များ အားလုံးကြားအောင် ကြိုးစား ပမ်းစား ဆိုရ၏။ မမြရင် သီချင်း ဟစ်လိုက်လျှင် အခြားပြိုင်က နေသည့် ဇာတ်ပွဲ အငြိမ့်ပွဲဆီမှ ပရိသတ်များပါ သူ့ထံ ရောက်လာကြတော့သည်။မမြရင်၏ အသံ၊ မမြရင်၏ အဆိုနှင့် ပတ်သက်၍ ဂီတမယ် လှကလေးစိန်က
"မမရင် အသံက မြည်လည်း မြည်တယ်၊ ပီလည်း ပီတယ်၊ သာလည်း သာတယ်၊ ကြည်လည်း ကြည်တယ်၊ ဆိုတဲ့ နေရာမှာလည်း စာပေါင်ပဲ့တယ်၊ လျှာကိုက် နာတယ်၊ အာစောက်လည်း ရှိတယ်၊ အသံမြေကျလည်း သာတယ်၊ အဝေးကြား သိပ်ကောင်းတာဘဲ၊ မင်းသမီး ဆိုတာ အချို့က အသံပါးလို့ မအော်နိုင်ကြဘူး၊ ဉာဏ်ကွန့်ပြီး အလိမ္မာဖက် ဆိုကြရတယ်၊ မမရင်တို့ ကျတော့ လွှတ်ပြီး အော်ဆိုတဲ့ အခါ အဝေးကြီးကလည်း ကြားရတယ်၊ အင်မတန်မှလည်း သာယာတယ်၊ တကယ့်ကို ပါရမီ ရှိသူပါ"
                            ဟု ပြောကြား သွားခဲ့သည်။ ထို့ကြောင့်လည်း မန္တလေး အမျိုးသား ကဇာတ်ရုံရှေ့ရှိ လေဘာတီ မြရင် ကြေးရုပ်တု အောက်ခြေတွင် (အသံ မင်းသမီး) ဟု မှတ်တမ်းတင်ခဲ့ခြင်း ဖြစ်လေသည်။

ရွာစား စိန်ဗေဒါ

             နေမျိုးဗလ ကျော်သူဘွဲ့ရ ရွာစားကြီး စိန်ဗေဒါ၏ အတီးနှင့်လေဘာတီ မြရင်၏ အဆို အက တွဲလိုက်လျှင် ကောင်းသည်ထက် ပိုကောင်း သွားတော့သည်ဟု သဘင်နယ်တွင် ပြောစမှတ် ဖြစ်ခဲ့သည်။ သို့သော် သူတို့ နှစ်ယောက်စလုံးက ထိပ်သီး ပညာရှင်များ ဖြစ်သည့် အလျောက် ပွဲကြေးက ကြီးလှ၏။ ထို့ကြောင့် ငှားနိုင်သူက ခပ်ရှားရှား။ သို့တိုင် သူတို့ နှစ်ယောက်စလုံး၏ အဆို၊ အတီး၊ အကကို အလကား ကြည့်ရသော ပွဲတပွဲက မန္တလေးတွင် ရှိခဲ့၏။ ထိုပွဲက မန္တလေး လက်ဆည်ကန်ယပ်ဝင်း ဘုရားပွဲ ဖြစ်၏။ယပ်ဝင်းဘုရားပွဲကို စိန်ဗေဒါကြီးက နှစ်စဉ် အလကား လာ၍ တီးပေး၏။ မန္တလေး မြို့ပေါ်ရှိ နာမည်ကြီး အငြိမ့် မင်းသမီးများ၊ လူရွှင်တော်များကလည်း ကိုယ့်စရိတ်နှင့် ကိုယ်လာပြီး ကူကြ၏။ ကြည့်ရခဲသော အငြိမ့်ညွန့်ပေါင်းပွဲ ဖြစ်၍ ပရိသတ်ကလည်း ကြိတ်ကြိတ်တိုး နေ၏။

ပွဲကသည့်အခါ မျက်နှာကြီးငယ် မလိုက်စတမ်း ဆိုပြီး မင်းသမီးများကို မဲချ၍ ထွက်စေ၏။ နာမည်ကြီး မင်းသမီးများ စောစော မဲပေါက်သွားခဲ့သော် သူ့နောက်မှ ထွက်ရသည့် မင်းသမီးများခမျာ ကြည့်မည့်သူ မရှိတော့ပြီ။ ထို့ကြောင့် ပြည်သူချစ်သော လေဘာတီ မြရင် တယောက်ကိုကား နောက်ချန်ပြီး မဲလိပ် ချပေးရလေသည်။အခြားသော မင်းသမီးများမှာ မဲကျ၍ ထွက်ကရသော်လည်း စိန်ဗေဒါကြီးကို အရှိန်နှင့် လန့်နေတတ်ကြသည်။ မမြရင်ကတော့ တည်တည်ငြိမ်ငြိမ် ဣနြေ္ဒရရနှင့် သူ့အလှည့်ကို ထိုင်စောင့် နေတတ်သည်။ ပြည့်သည့်အိုးမို့ ဘောင်ဘင် မခတ်တော့။ သူ့အလှည့်ရောက်သည်နှင့် "မြရင်လေး ကျွန်မ ခေါ်သံလိုလို၊ လေဘာတီကလေး … ကျွန်မ ခေါ်သံလိုလို" ဟူသော သီချင်းလေးနှင့် ပရိသတ်ကို ထ၍ နှုတ်ဆက်သည်။ စိန်ဗေဒါကြီးကိုလည်း ဦးချသည်။ ပရိသတ်များ မီးကို ရေနှင့် ဖြန်းလိုက်သလို ငြိမ်ကျသွား၏။ မမြရင် အသံက ပွဲကြည့်သူတိုင်း၏ နှလုံးသားကို စောင့်ကြည့်ရကျိုး နပ်သွားစေ၏။ စိန်ဗေဒါကြီးက အားရသော အပြုံးဖြင့် ဆိုင်းဝိုင်းထဲမှ ပတ်လုံးကလေးများကို အသံစမ်းပြလျက်။

             နောက်ပိုင်းတွင် စိန်ဗေဒါကြီးသည် ဆိုင်းတီးရုံမျှနှင့် အားမရတော့။ သူကိုယ်တိုင် ဆိုတီး တီးပြီး မမြရင်ကို ကစေသည်။ သဘင်လောကမှ ထိပ်သီး နှစ်ယောက် မီးကုန် ယမ်းကုန် ကြဲကြသော ပွဲကောင်းတပွဲ ဆိုလျှင် မမှား။ မမြရင်ကလည်း စိန်ဗေဒါကြီး တီးချင်သလောက် တီးစမ်း - ကလိုက်စမ်း မဟဲ့ဆိုသော ဇွဲနှင့် ပညာကုန် ကသည်။ စိန်ဗေဒါကြီးကလည်း ရှိသမျှ ပညာစွမ်းတွေ အကုန်ထုတ်ပြီး တီးသည်။ လူရွှင်တော်တွေကလည်း မမြရင်ကို စလိုက်၊ စိန်ဗေဒါကြီးကို နောက်လိုက်၊ ပွဲကြည့်သူများကို ကလိလိုက်နှင့် အူမြူး နေကြတော့သည်။ ပွဲကြည့် ပရိသတ်များမှာ အသက်ရှူတို့ပင် မေ့နေသည့် အလား။ တုတ်တုတ်မျှ မလှုပ်ကြ။ ဒီလိုပွဲမျိုး ကြုံရခဲသည် မဟုတ်ပါလား။စိန်ဗေဒါကြီးနှင့် မမြရင်မှာ ဤလို ပျော်စရာ ကောင်းသော မေ့မရနိုင်သည့် ပွဲမျိုး ကြုံခဲ့ရသလို၊ စိတ်ပျက်စရာ ကောင်းသော မေ့မရနိုင်သည့် ပွဲမျိုးကိုလည်း ရင်ဆိုင် ခဲ့ကြရသေးသည်။ တခါက ကြေးရတတ် တဦးက တံခွန်တိုင် အလှူပွဲသို့ လိုက်ပါ တီးပေးရန် စိန်ဗေဒါကြီးကို ငှားသည်။ လေဘာတီ မြရင်ကိုလည်း ခေါ်ခဲ့ပါ ဆို၍ စိန်ဗေဒါက မမြရင်ကိုပါ ခေါ်လာခဲ့သည်။

          ညပွဲတီးပြီး၍ ပွဲသိမ်းသော အခါ အလှူရှင်က မနက်ဖြန် မနက်ပိုင်းမှာလည်း တီးပေး ဆိုပေး ကပေးပါဦး၊ တဝက်ကြေး ပေးပါမည်ဟု ဆိုသည်။ စိန်ဗေဒါက မမြရင်နှင့် လူရွှင်တော်များကို ဘယ်လိုသဘော ရသလဲဟု မေးသည်။ အားလုံးက ဆရာ့ သဘောပါဟု ပြန်ပြောကြသည်။ ဤတွင် စိန်ဗေဒါက၊ (အခုလို တဝက်ကြေးနဲ့ ခိုင်းတာကို တို့လက်ခံလိုက်ရင် နောက်တော့ တရားနာ အပြီး ကပေးရင် ငါးကျပ်၊ နောက်တော့ ငါးမတ်၊ နောက်ခြောက်မူး ဆိုတာမျိုး ဖြစ်ကုန်လိမ့်မယ်၊ တို့ပညာရဲ့ တန်ဖိုးတော့ အချမခံနိုင်ဘူး၊ မနက်ဖြန် ပွဲမအားဘူးလို့ပဲ ပြောကြ) ဟုဆိုကာ မကဘဲပြန် လာခဲ့ကြလေသည်။ စိန်ဗေဒါကြီးနှင့် မမြရင်တို့မှာ တော်သလောက်၊ ကျော်သလောက် မိမိပညာကို ဤသို့ တန်ဖိုး ထားကြသူများ ဖြစ်ပါသည်။

ဣနြေ္ဒရှင်မင်းသမီး


             လေဘာတီ မြရင် ဆိုသော အမည်ကို တက္ကသိုလ် ကျောင်းသားများ ပေးခဲ့ခြင်း ဖြစ်သည်။ ထိုအချိန်က သူ့အသက်မှာ ၁၇ နှစ်မျှသာ ရှိသေးသည်။ အသက် ၁၅ နှစ် အရွယ်မှ ကွယ်လွန်သော အသက် ၄၂ နှစ် အထိ နှစ်ပေါင်း ၂၆ နှစ်တိုင်တိုင် ပွဲက၍ သွားခဲ့သည်။ အငြိမ့်သက်တမ်း ၂၆ နှစ် တလျှောက်လုံး ပရိသတ် ပါးစပ်ဖျားတွင် လေဘာတီမှ လေဘာတီ၊ မြရင်မှ မြရင် ဖြစ်ခဲ့၏။ မန္တလေးက နာမည်ကြီး ရွှေဆိုင်တန်း ကထိန်ဆိုလျှင် မမြရင် အငြိမ့်ကို နှစ်စဉ် ငှားပြီး ဧည့်ခံခဲ့သည်။ မမြရင်ကို မရမှာ စိုး၍ ဒီနှစ် ကထိန်ပွဲ ပြီးသည်နှင့် နောက်နှစ် အတွက်ပါ စရန် ကြိုပေးထားသည် အထိ လူကြိုက်များ ခဲ့၏။ အခြားသော ပွဲများကလည်း မမြရင် အငြိမ့် အားသည့်နေ့မှ စောင့်ဆိုင်း ကျင်းပခဲ့ကြသည်။ဤသို့ လျှမ်းလျှမ်းတောက်တောက် အောင်မြင်ခဲ့သည့်တိုင် မမြရင်က ကာလသားကြိုက်ကို အထူးမလုပ်။ ကြာမပေး။ မြူမဆွယ်။ မိန်းကလေး ပီပီ ဣနြေ္ဒရရ လှလှပပလေး ကသည်။ လူရွှင်တော်များ ပြက်လုံးကြမ်းလျှင် သူက တားစမြဲ။ သူကိုယ်တိုင်လည်း အငြိမ့်စင်ပေါ်မှ နေ၍ စင်အောက် ပရိသတ်ထဲ လက်ညှိုးထိုးပြီး (ကျွန်မ ရည်းစား) ဟု ဘယ်တော့မှ မပြော။ သူ့မျက်နှာကို အငြိမ့်ကရာ လိုက်ကြည့်မှသာ မြင်ရသည်။ ကျန်သည့် အချိန်မှာတော့ မြင်ရမည် မဟုတ်။ ဗိုင်းကောင်း ကျောက်ဖိ အိမ်တွင်း ပုန်းနေတတ်သောကြောင့် ဖြစ်သည်။

     သူ့ကို ကြိုက်သူတွေကား ဒုနှင့်ဒေး။ ကျောင်းသားလည်း ပါ၏။ သူဋ္ဌေးလည်း ပါ၏။ အရာရှိကြီးများလည်း ပါ၏။ ရန်ကုန်မြို့မှ မျက်နှာကြီး ဝတ်လုံတော်ရ တဦးသည် တနင်္ဂနွေနေ့တိုင်း မမြရင် အငြိမ့်ကို ငှားပြီး သူ့ခြံထဲမှာပင် ကပြစေ၏။ ရွှေဒင်္ဂါးများလည်း ဆုချ၏။ တခါတော့ မမြရင်ကို ရိုးရိုးကြည့်ရတာ အားမရ၊ ခြေအိတ်ချွတ်ပြီး ခြေသလုံးပေါ်အောင် ကပြပါ၊ ရွှေဒင်္ဂါး နှစ်ပြား ဆုချမည်ဟု သိမ်းသွင်းလာ၏။ ထိုပွဲထွင် မမြရင်က ခြေအိတ်ကို လုံးဝ မချွတ်ဘဲ ကမြဲအတိုင်းသာ ကပြ သွားခဲ့သည်။တစ်ခါကလည်း ဘာသာခြား သူဌေး တယောက်က မမြရင်ကို ငှားပြီး သူ့တိုက်ထဲမှာပင် ကပြစေသည်။ ပွဲပြီးလျှင် မမြရင်ကို ပြန်မလွှတ်တော့ဘဲ အပိုင်သိမ်းရန် ကြံစည်လာသည်။ ထိုအကြံကို မမြရင်သိသည်နှင့် တိုက်ပြတင်းပေါက်မှ ခုန်ချပြီး ထွက်ပြေးလာခဲ့သည်။ မိန်းမသားတို့၏ ဣဏ္ဍေန္ဒနှင့် သိက္ခာကို တပြားဖိုးမှ အပွန်းမခံသော မြန်မာမလေးဆိုလျှင် မှားမည် မဟုတ်ပေ။အသက် ၂၀ အရွယ်တွင် မမြရင် အိမ်ထောင် ကျခဲ့သည်။ အိမ်ထောင်ကျသည် ဆိုသော်လည်း လိုချင်သူတွေ ဝိုင်းဝိုင်းလည် နေသည်မို့ လူသိထင်ရှား မကြေညာရဲ။ သူ့ချစ်သူကလည်း မျက်နှာကြီး ပိုက်ဆံရှိ ဖြစ်၍ ထင်ထင်ပေါ်ပေါ် လူသိမခံရဲ။ သမီးရည်းစားမက၊ လင်မယား မကျသော ဘဝမျိုးနှင့် နှစ်ဦး သဘောတူ နားလည်မှု ရှိစွာနှင့် တသက်လုံး ပေါင်းသင်း နေထိုင် သွားခဲ့ကြသည်။ သစ္စာတရားကို မြတ်နိုးသော မမြရင်သည် ပွဲကသွားလေတိုင်း သူ့ချစ်သူကို ကန်တော့ပြီးမှ သွားသည်။ သူ့ချစ်သူကလည်း မမြရင်ကို ငုံထားမတတ် မြတ်နိုးသည်။ မြတ်နိုးရုံ သာမကသေး။ သဝန် တိုတတ်လိုက်သည် ကလည်း လွန်ပါရော။ အတီးသမားတွေနှင့် ရောလျှင်လည်း မကြိုက်။ လူရွှင်တော်တွေနှင့် တရင်းတနှီး နေလျှင်လည်း မနှစ်သက်။ ထို့ကြောင့် နန်းတော်ရှေ့ ဆရာ တင်အား …

"ဘယ်ယောက်ျားမှ စကား မပြောနဲ့တဲ့ တနေ့က မှာတယ်၊ တွေ့ကြရာမယ်၊ ကသောအခါဝယ်၊ ရည်းစားတထောင် လင်ကောင်ရှင်မောင် သဝန်ကြောင် စိတ်နှလုံးဟာမို့၊ အိမ်တွင်းပုန်း ကုလားမကဲ့သို့ ကျွန်မတို့ မနေနိုင်ပေါင်ရှင်၊ ကမှဖြင့် ပွဲနောက်က အမြဲရောက်တဲ့ ကိုကိုရယ်၊ သူ့ဝတ်ခြံ ညှစ်ရမတဲ့ ဟိုညက ခိုင်းလာပါတယ်။ မရှက်ပေမဲ့ မချဉ်ပေါင်ဆရာ၊ သက်ဝေရဲ့ လင်မောင်တကာ၊ သဝန်ကြောင်တာ မြရင်အံ့တော့တာ"
                            ဟူသော (ဦးသဝန်ကြောင်) သီချင်းကိုလည်းကောင်း၊

"အငြိမ့်မင်းသမီးများ ရည်းစားထားတော့တဲ့ လူဆိုတာမျိုးနော်၊ သဘောနည်းနည်း ကြီးအုံးမှပေါ့ သခင်ရေ၊ မီးရောင်အောက်ကို ဝင်ကာ လူပြက်တွေနဲ့ သောတော့၊ သူ့သဘောက အလွန်တရာ မကြည်မလင်"              
                       ဟူသော (အလှူ့ရှင်) သီချင်းကို လည်းကောင်း ရေးစပ်စေပြီး မမြရင်က သီဆို ကပြခဲ့ခြင်း ဖြစ်သည်။

ဣဏ္ဍေန္ဒရှင် မင်းသမီးလေး လေဘာတီ မြရင် အပေါ် စာရေး ဆရာမကြီး လူထု ဒေါ်အမာက အောက်ပါအတိုင်း သုံးသပ် ရေးသား ထားသည်မှာလည်း ယနေ့ အနုပညာရှင် မိန်းမသားတိုင်း မှတ်သား လိုက်နာဖွယ်ရာ ကောင်းလှသည်။

"လေဘာတီ မမြရင်က အကလည်း ကောင်းသည်၊ ရုပ်ကလည်း ချစ်စရာ ဖြစ်သည်။ ဤအရည်အချင်းမှာ မမြရင်က အငြိမ့်မင်းသမီး ဆိုပေမဲ့ မကလက်ခြင်း၊ ဣဏ္ဍေန္ဒရခြင်းပင် ဖြစ်ပါသည်။ အသက် ၂၀ ကစ၍ သေသည်အထိ အိမ်ထောင်နှင့် နေသွားသည်။ အငြိမ့်စင်ပေါ်၌ သူ့ကိုယ်သူ အပျိုကလေးပါဟု လူရောင်းရန် ဘယ်တော့မှ မကြော်ငြာ။ ရည်းစား ရှာခြင်းလည်း မပြု။

သို့ပါလျက် ပွဲကြည့်ပရိသတ်က သူ့ကို အပျိုကလေး ကဲ့သို့ပင် သဘောထားကြသည်။ အပျိုကလေးလိုပင် ချစ်သည်။ ဤသို့ဖြစ်အောင် ဘယ်မင်းသမီးမှ တတ်နိုင်မည် မထင်။ မမြရင်က အငြိမ့်သမ ဆိုသော်လည်း အနုပညာနှင့် ပုဂ္ဂိုလ်ရေးရာကို မရောထွေးဘဲ တကန့်စီ ထားတတ်သည်။ သူ့ကိုယ်သူ အဖိုးတန်အောင် အလွန် နေတတ် ထိုင်တတ်သည်။"
                    (ပြည်သူချစ်သော အနုပညာသည်များ၊ ပဉ္စမအကြိမ်၊ နှာ ၃၆၃)

မမြရင်နှင့် တသက်လုံး တွဲလာခဲ့သော ပတ္တလား ဆရာကြီး ဦးဘစံကလည်း "မမြရင်လောက် နာမည်ကြီးတဲ့ မင်းသမီး၊ ပိုက်ဆံရတဲ့ မင်းသမီး၊ ဣဏ္ဍေန္ဒရှိတဲ့ မင်းသမီးမျိုး ဒီနေ့အထိ မတွေ့ဖူးသေးပါ"
                           ဟု ပြောသွားခဲ့ဖူးသည်။ ဤမျှဆိုလျှင် လေဘာတီ မြရင်၏ ဣဏ္ဍေန္ဒသိက္ခာကို ခန့်မှန်း သိရှိနိုင်လောက်ပြီ ဖြစ်ပါသည်။

               ဤသို့ လူတိုင်းက ချစ်ခင် မြတ်နိုးသော ဣရေန္ဒရှင် မင်းသမီးလေး လေဘာတီ မြရင်သည် ဒုတိယ ကမ္ဘာစစ်ကြီး ဖြစ်ပွားလာသော အခါ စစ်ပြေးရင်း စဥ့်ကိုင်မြို့နယ် ဧည့်ပြရွာ၌ (၂၉ - ၄ - ၁၉၄၅) နေ့တွင် ငှက်ဖျားရောဂါဖြင့် ကွယ်လွန် သွားခဲ့ရှာပါသည်။ သူသေတော့ သူ့အသက်က ၄၂ နှစ်မျှသာ ရှိသေးသည်။ သူသာ ယနေ့တိုင် သက်ရှိ ထင်ရှား ရှိနေဦးမည် ဆိုလျှင် ယခု ၁၃၆၆ (၂၀၀၄) ခုနှစ်တွင် အသက် တရာတင်းတင်း ပြည့်ပါပြီ။
လူတိုင်းက ချစ်ခင် မြတ်နိုးရသော၊ ဣဏ္ဍေန္ဒ သိက္ခာအရာတွင် အတုယူ လေးစားရသော မြန်မာ့ အငြိမ့်လောကတွင် ဘယ်သော အခါမျှ မေ့ပျောက်၍ ရနိုင်မည် မဟုတ်သော (အဖိုးတန် မင်းသမီးလေး တလက်) အဖြစ်လေးစားစွာ ဂုဏ်ပြု လိုက်ပါသတည်း။ ။

Credit =နတ်သျှင်ခေါင် page
=====================================


တုံးကျော်မ
ရွှေပြည်စိုး
စစ်ကိုင်းတောင်
ကသစ်ပန်း
ချစ်ပတုံးလေး
ယောကျာင်္ဆုပန်
ဝိသာဒးခါ
အချစ်သုံးဖော်
ကမ္ဘောဇ
အုပ်လုံးသိမ်း
သခင်မ
ပုထုဇဉ်
မဲဇာရွှေလီ
ရွှေဂျိုးကူသံ
အပျော့ဆွဲ
အလှူ့ရှင်
စိမ်းရောင်စို
ရွာသူ
တနာရီထဲချစ်ပြစေ
ဦးသဝန်ကြောင်
မြသဝန်ကြောင်

mp3 ဒေါင်းရန်လင့် 
မှတ်ချက်=mp3 လိုချင်သူများ အမြန်ဒေါင်းပါ
pc မသေချာပါ

https://my.pcloud.com/publink/show?code=kZas9F7Z77BIt5LKWqkwrQaLuGPdwQHH3kiV

ကျော်ကြားသော အငြိမ့် သီချင်းများ ၁

https://my.pcloud.com/publink/show?code=kZVm0F7ZCBNBsbTU0XmwLunIDSzzmV3rmavX

ကျော်ကြားသော အငြိမ့်သီချင်းများ ၂

https://my.pcloud.com/publink/show?code=kZpm0F7ZwekShmMw40Bld6qv2nSPoSMwlNeX

Sunday, December 24, 2017

ခါးသေးအောင် ဘယ်လိုလုပ်ရမလဲ ???


(လေ့ကျင့်ခန်းလုပ်လိုသူများအတွက် မသိမဖြစ် အခြေခံ)

ဒီလိုကြီး တိုက်ရိုက်မေးတဲ့လူတွေလဲ ရှိသား။ ဒါမှမဟုတ် လက်မောင်းက အဆီတွေ၊ ပေါင်ကအဆီတွေ ဘယ်လိုချရမလဲ မေးသူတွေလဲ ရှိပါတယ်။

ဒီမေးခွန်းတွေဟာ Workout လုပ်တာနဲ့ ရင်းနှီးသူတွေအတွက်ဆို ဘယ်လိုလုပ်ရမလဲ သဘောပေါက်ပြီးသား မေးခွန်းတွေဖြစ်ပါတယ်။ အခြေခံကျတဲ့၊ အရမ်းရိုးရှင်းတဲ့ သူငယ်တန်း မေးခွန်းတွေပေါ့။ ဒါ့ကြောင့် အခုပြောမယ့် ဆောင်းပါးက အချက်တွေ တစ်ချို့ သိပြီးဖြစ်ချင်ဖြစ်မယ်။

ဒါပေမယ့် သာမန် လေ့ကျင့်ခန်းမလုပ်ဖူးသူ၊ ဒါမှမဟုတ် အခုမှ စလုပ်ချင်သူတွေအတွက်တော့ အရမ်းတိုင်ပတ်တဲ့ သဘောတရားပါ။ လေ့ကျင့်ခန်းစလုပ်ပြီ ဆိုကတည်းက လူဆိုတာ ပန်းတိုင်ရှိပြီးသားပါ။ ဒီပန်းတိုင်တွေထဲက အများဆုံးတွေ့ရလေ့ရှိတာကလဲ ကိုယ်မလိုချင်တဲ့ နေရာက အဆီကို စချချင်တာပဲ မဟုတ်လား။

ဒါ့ကြောင့်ပဲ သူတို့တွေ ရိုးရိုးသားသား လိုချင်တာ တန်းပြီး မေးတာပေါ့။

" ပေါင်က အဆီဘယ်လိုရှင်းမလဲ "
" ခါးက အဆီဘယ်လိုရှင်းမလဲ "
" လက်မောင်း ဘက်လက်ကြီး ဘယ်လိုရှင်းမလဲ "

Golden_Dreams page အနေနဲ့ လုပ်နိုင်တဲ့ အကြောင်းကို အတိုပြောခဲ့ဖူးပေမယ့် အရှည် မရေးခဲ့ဘူးပါ။ ဒါကလဲ လူတွေ သိပ်မသိနိုင်တဲ့၊ ပိုထဲထဲဝင်ဝင် Next level ထိ မြှင့်ပေးနိုင်တဲ့ ဆောင်းပါးတွေ ပိုရေးချင်လို့ပါပဲ။ ဆောင်းပါးရေးဖို့ အချိန်ပို သိပ်မရှိရတဲ့ကြားထဲမှာတင် ရေးဖြစ်တဲ့အခါ Basic အခြေခံ အချက်တွေနဲ့တင် တန့်မနေချင်လို့ပါ။ ဒါပေမယ့်လည်း ဒီတစ်ခေါက်တော့ လာမေးသူတွေအတွက် မှန်ကန်တဲ့ အဖြေရအောင် ရေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။

အခြေခံ Basic ဖြစ်တယ်ဆိုထားလို့ အရေးမကြီးဘူး မထင်စေလို။ ဒီဗဟုသုတကို မသိသူများအဖို့ နည်းလမ်းအမှားတွေနဲ့ လုပ်နေရင် ခြောက်လကြာလဲ ဘာမှမဖြစ်၊ တစ်နှစ်ကြာလဲ ဘာမှမဖြစ် Result မရဖြစ်စေနိုင်တာမလို့ပါ။

ကဲ သာမန်လူတစ်ယောက်အနေနဲ့ ကိုယ်မလိုချင်တဲ့ အဆီတွေ ပျောက်သွားဖို့ ဘယ်လိုစရမလဲ ???

*******************************************************

၁။ သင်ဟာလိုချင်သလို ကွက်ပြီး အဆီချလို့ မရပါဘူး

ဒီအချက်ကို အရင်ဆုံးခေါင်းထဲမှာ မှတ်ကျောက်တင်ထားဖို့ လိုပါတယ်။ ဘာလို့လဲဆိုတော့ နေရာကွက်ပြီး လိုချင်တာလေး အဆီချလို့ ရတယ်လို့ စိတ်ထဲမှာ မှတ်ပြီး ကြိုးစားလိုက်တာနဲ့ သင်ဟာ လမ်းမှားကို ခြေတစ်လှမ်းစတင်လိုက်တယ်လို့ ဆိုနိုင်ပါတယ်။ Admin ကိုယ်တိုင် မသိခင်အခါက ကြေးကြီးကြီးပေးပြီး သင်ယူလိုက်ရတဲ့ သင်ခန်းစာပေါ့။

လူဆိုတာ သင်ယူရင်း ကြီးထွားရင်းလို့ ဆိုရပါမယ်။ ဘယ်သူမဆို အမှားတွေနဲ့ တွေ့တတ်တာ မထူးဆန်းပါဘူး။ ဒါပေမယ့် သင်ယူမလေ့လာပဲ အမှားတွေကိုပဲ ဆက်လုပ်နေရင်တော့ မဟုတ်တော့ဘူးပေါ့။

လူတွေကို အရင်ဆုံး စပြီး လေ့ကျင့်ခန်းလုပ်စေတဲ့ ဗိုက်အကြောင်းနဲ့ စပြောရအောင်။ လူတော်တော်များများစပြီး " ဟာ၊ မဖြစ်တော့ဘူး။ လေ့ကျင့်ခန်းလေးလုပ်အုန်းမှ " သတိထားမိစေတာ ပူလာတဲ့ ဗိုက်ကြောင့်ပဲ မဟုတ်လား။ ဒါ့ကြောင့်ပဲ စလုပ်ဖို့ အသိဝင်၊ စလုပ်ဖို့ လေ့ကျင့်ခန်း စရှာလိုက်တော့ ဗိုက်ချပ်အောင် အိပ်ထမတင် လုပ်မယ်ဖြစ်ကုန်တော့တာပါပဲ။

သင်ဟာ ဒီလို လူတစ်ယောက်ဖြစ်တယ်ဆိုရင် မပူပါနဲ့။ Admin ကိုယ်တိုင် ပထမဆုံးရှာလုပ်ခဲ့တာက 5 minutes 6 packs abs ဆိုတဲ့ Video ပါပဲ။ ဗိုက်ပူရင် ဗိုက်လေ့ကျင့်ခန်းလုပ်မှ ဖြစ်မယ်လို့ တန်းတွေးမိတာကိုး။

ဒီလိုပါပဲ လက်မောင်းသား ပျော့နေတယ်၊ အဆီတွေနဲ့ လူကလဲ လက်လေ့ကျင့်ခန်းတွေ လုပ်ကြတာပါပဲ။ ဒါကို လိုချင်တဲ့ နေရာလေးကွက်ပြီး အဆီချဖို့ ကြိုးစားတယ် (Spot Reduction) လို့ခေါ်ပြီး အဲလို အဆီချလို့ မရပါဘူး။

အဆီဆိုတာမျိုးက လူတစ်ယောက်နဲ့ တစ်ယောက်စုမိတဲ့ နေရာ မတူပါဘူး။

များသောအားဖြင့် ယောင်္ကျားလေးတွေဆို ဗိုက်မှာ စုပြီး မိန်းကလေးတွေဆိုရင် ဗိုက်နဲ့ တင်ပါးမှာ စုမိတာများပါတယ်။ ဒါေ့ကြာင့် ယောင်္ကျားလေးတွေ အဆီများလာရင် ဗိုက်တစ်ခု ပူထွက်လာတာများပြီး မိန်းကလေးတွေ အဆီပိုများလာရင် ဗိုက်ရော ၊ တင်ပါးရောမှာ အဆီစုပြီး လျော့လာတာပါပဲ။ ဒါနဲ့ ပတ်သက်ပြီး Meme လေးတစ်ခုတောင် တွေ့ဖူးပါတယ်။

" ယောင်္ကျားပီသရင် ဗိုက်ပူတယ် " ဆိုပြီး သတင်းတစ်ခုရဲ့ ခေါင်းစဉ်ကို အခြေခံပြီး ဗိုက်မပူရင်ပဲ ယောင်္ကျားမဟုတ်သလိုပေါ့။ အမှန်က အဆီအများဆုံးစုတဲ့ နေရာဟာ ယောင်္ကျားလေးတွေ အတွက် ဗိုက်လို့ ပြောတာပါ။

ဒီလို General ယေဘုယျ ရှိပေမယ့် လူတစ်ချို့ကျတော့ အဆီအဓိက စုတဲ့ နေရာက လက်ပြင်လိုမျိုးဖြစ်တာ ရှိတတ်ပါတယ်။ တစ်ချို့ကျ ပေါင်ပေါ့။ ဒါ့ကြောင့်လဲ

" လူကပိန်တယ်ရှင့်၊ ပေါင်လေးပဲ အဆီချချင်တာ။ လက်ကလေးပဲ ချချင်တာ "
ဖြစ်ကုန်တော့တာပါပဲ။

ဒါနဲ့ပဲ ဗိုက်ပူရင် ဗိုက်လေ့ကျင့်ခန်းရှာ၊ လက်တွဲရင် လက်လေ့ကျင့်ခန်းရှာ၊ ပေါင်ကျစ်ချင်ရင် ပေါင်လေ့ကျင့်ခန်းရှာ ဖြစ်ကုန်တော့တာပါပဲ။ ဒီလိုနဲ့ လုပ်ကြ၊ ပြီးတော့လဲ ဘာမှ ဖြစ်မလာဘူးဟုတ်။ ဘာ့ကြောင့်ပါလဲ။

ဒီနေရာမှာ ခန္ဓာကိုယ်က သိပ်အကျင့်မကောင်းဘူး ပြောလို့ရပါတယ်။ သူက အရင်စုတဲ့ နေရာ (ဥပမာ ဗိုက်)မှာ အဆီအရင်စုပေမယ့် အဆီပြန်ကျရင်တော့ အဲဒီနေရာက နောက်ဆုံးမှာ ကျတော့တာပါပဲ။ ရှင်းအောင် ပြောရရင် စ၀လာတာနဲ့ ဗိုက်ပူလာမယ်၊ ပြီးရင် လက်တွေ ဂုတ်တွေပါ ၀လာမယ်။ ဒါပေမယ့် ပြန်အဆီကျတော့ လက်တွေ ဂုတ်တွေက အရင်ကျပြီး ပထမဆုံး ပူလာတဲ့ ဗိုက်က အဆီက နောက်ဆုံး ကျတာပါပဲ။

(အဆီ အရင်တက်တဲ့ အပိုင်းတွေက နောက်ဆုံးမှ အဆီပြန်ကျပါတယ်)

ဒီလို အဆီကျရင် သဘာဝ သတ်မှတ်ထားတဲ့အတိုင်း၊ မျိုးရိုးဗီဇအတိုင်းသွားလို့ နေရာ ကွက်ပြီး ပိန်ချင်လို့ မရတာပါပဲ။ ဒါ့ကြောင့်လဲ ဗိုက်ကပြားချပ် 6 packs တွေရှိနေတဲ့သူမှာ ဂုတ်အဆီတွေ မတွေ့တာပဲပေါ့။

အဲတော့ ကိုယ်က ဗိုက်ကလေးပိန်ချင်ပေမယ့် သူ့ရှေ့မှာ စောင့်နေတဲ့ တစ်ကိုယ်လုံးကအဆီတွေ ကျအောင် လုပ်ရမှာပါပဲ။ ဒါ့ကြောင့် တစ်ကိုယ်လုံး အဆီချဖို့ ကြိုးစားခြင်းက လွဲလို့ တခြားနည်းလမ်းမရှိပါ။

***************************************
၂။ နေရာကွက် လေ့ကျင့်ခန်းအသေးတွေကို အချိန်အများကြီး မပေးပါနဲ့

ဒီအချက်ဟာ အပေါ်က နံပတ် ၁အချက်က ဆင်းသက်လာတဲ့ အမှားပါ။ နံပတ်၁ အချက် (လိုချင်သလိုရွေးပြီး အဆီချမယ်)ဟာ အခုမှ စချင်သူတွေရဲ့ အမှားအများဆုံးအချက်ဆိုရင် အခု နံပတ်၂ အချက်ကလဲ ဆက်စပ်နေတော့ အမှားများတာ မစမ်းပါဘူး။

ဟိုတစ်လောကတင် Chat box မှာ လာမေးတဲ့ Bro တစ်ယောက်ရှိပါတယ်။ သူက ၀တော့ Gym အခုမှ စဆော့ပါတယ်တဲ့။ ပထမ မိနစ်သုံးဆယ်လောက်မှာ ပြေးတာ ၁၀မိနစ်၊ စက်ဘီးက ၁၀မိနစ်၊ မြန်မြန်ပြေးတာ ၁၀မိနစ် ဆိုလား။ အဲတာပြီးတော့ အဓိက လေ့ကျင့်ခန်းအဖြစ် အိပ်ထမတင်လုပ်ခိုင်းတယ်။ ဒီလိုနဲ့ အခုပြန်ရောက်လာလို့ ဘယ်လိုနေလဲ မှန်လား မေးကြည့်တာပါတဲ့။

(စကားကြိုခံပါရစေ။ လာမေးတဲ့ Bro ရဲ့ လူပုံစံ ဘယ်လောက်ဝလဲ၊ ဘာလုပ်နိုင်လောက်လဲကို Admin မသိပါ။ သူ့ပုံစံကို မသိတော့ သူ့ Trainer က ဘယ်လိုတွေးပြီး သူ့ကို ဒါတွေလုပ်ခိုင်းလဲ အသေအချာမသိ။ Trainer မှာ သူ့အကြောင်းပြချက်နဲ့ သူရှိနေနိုင်တာမလို့ Admin တွေးပုံနဲ့ တူချင်မှ တူမှာပါ။ စကားကြိုခံရခြင်း အကြောင်းက မတူတဲ့ သဘောတရားကို ပြောရင် ဖောင်း အထုခံရလွန်းလို့ ဖြစ်ပါကြောင်း)

ပြန်ဆက်လိုက်ရအောင်။ လာမေးတဲ့ Bro နဲ့ အခုမှ စပြီး လေ့ကျင့်ခန်းလုပ်ပြီး အဆီချချင်သူ၊ ခါးသေးချင်သူတွေရဲ့ ရည်ရွယ်ချက်က တူတူပါပဲ။ အဆီကျဖို့ပေါ့။

အပေါ်မှာ ရှင်းပြခဲ့တဲ့ အတိုင်း အဆီဆိုတာ နေရာကွက်ချမရလို့ တစ်ကိုယ်လုံးချဖို့ ကြိုးစားရပါမယ်။ အဆီအများဆုံးကျစေမယ့် အချက်က လေ့ကျင့်ခန်းလုပ်စဉ်မှာ စွမ်းအင် အများကြီး သုံးစေဖို့ပါပဲ။ စွမ်းအင် အများကြီး သုံးဖို့ဆို သင်လုပ်နိုင်တာ နှစ်ခုရှိပါတယ်။
××××××××××××××××××××××××
- နှလုံးခုန် နှုန်းမြန်အောင် လုပ်ခြင်း -

- ပြေးခြင်း ၊ စက်ဘီးနင်းခြင်း
- ကြိုးခုန်ခြင်း ၊ ကခုန်ခြင်း
- ရေကူးခြင်း
- အားကစားလုပ်ခြင်း (ဘောကန်၊ ဘတ်စကတ်ဘော)
- အိမ်မှာလုပ်နိုင်တဲ့ အလေးလွတ် လေ့ကျင့်ခန်းလုပ်ခြင်း
- အလေးမခြင်း စသဖြင့် နှလုံးခုန်နှုန်းမြန်အောင် လုပ်ရင် အဆီကျစေပါတယ်။

×××××××××××××××××××××××

- စွမ်းအင် အများဆုံးသုံးစေတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းနဲ့ အလေးမခြင်း သို့မဟုတ် အလေးလွတ်လုပ်ခြင်း -

ဒီမှာ နှစ်မျိုးခွဲပေးပါမယ်။ စွမ်းအင်သုံးတာများတာနဲ့ သုံးတာနည်းတဲ့ အစိတ်အပိုင်းတွေပေါ့။

စွမ်းအင်သုံးတာ များသော အစိတ်အပိုင်း

- ရင်ဘတ်
- နောက်ကျော
- အောက်ပိုင်း (တင်ပါး၊ ပေါင်)
- ပုခုံး (ဆုံ)
- ပင်မကြွက်သား (ခါးတစ်ဝိုက် ပတ်လည်တစ်ခုလုံး)

စွမ်းအင်သုံးတာ နည်းသော အစိတ်အပိုင်း

- လက်မောင်း (ရှေ့၊နောက်)
- လက်ဖျံ
- ခြေသလုံး
- Abs ( အပေါ်က ပင်မကြွက်သားနဲ့ မတူပါ၊ Abs ဆိုတာ 6 packs ၀န်းကျင် သေးသေးလေးတစ်ခုတည်းကို ဆိုလိုပါတယ်)

ဒီတော့ အဆီမြန်မြန် ကျချင်တယ်၊ ခါးသေးချင်တယ်၊ ဘာသေး ညာသေးချင်တယ်ဆိုရင် စွမ်းအင် အများကြီး သုံးတဲ့ အစိတ်အပိုင်းတွေကို လေ့ကျင့်ဖို့လိုပါတယ်။

××××××××××××××××××××××××××××

နမူနာ လုပ်သင့်တဲ့ လေ့ကျင့်ခန်းတွေက

- ရင်ဘတ်တွန်း (အလေးလွတ်ဆို ဒိုက်ထိုး)

ပါဝင်သောကြွက်သား = ရင်ဘတ်၊ လက်မောင်းနောက်၊ ပင်မကြွက်သား

- အလေးနဲ့ ထိုင်ထ (အလေးလွတ်ဆိုလဲ ထိုင်တပဲပေါ့)

ပါဝင်သောကြွက်သား = ပင်မကြွက်သား၊ Abs ၊ အောက်ပိုင်း

- နောက်ကျောဆွဲ (အလေးလွတ်ဆို ဘားခို)

ပါဝင်သောကြွက်သား = နောက်ကျော၊ လက်မောင်းရှေ့၊ ပင်မကြွက်သား၊ အောက်ပိုင်း ပေါင် (တချို့ပုံစံတွေဆို ခြေခိုင်မှ)

- ပုခုံးဆုံ

ပါဝင်သောကြွက်သား = ပုခုံး၊ ရင်ဘတ် (အပေါ်သား)၊ ပင်မကြွက်သား၊ အောက်ပိုင်း ပေါင် (တချို့ မတ်တပ်ရပ်လုပ်တဲ့ ပုံစံ)

စတဲ့ လေ့ကျင့်ခန်းတွေဟာ စွမ်းအင်သုံးတာ များတဲ့ အစိတ်အပိုင်းတွေရော၊ စွမ်းအင်သုံးတာ နည်းတဲ့ အစိတ်အပိုင်းတွေရော ပါတာကြောင့် သင့်ကို အဆီကျဖို့ အများကြီး မြန်စေပါတယ်။

×××××××××××××××××××××××××××××××

နမူနာ မထိရောက်တဲ့ လေ့ကျင့်ခန်းတွေက

- လက်မောင်း

ပါဝင်သော ကြွက်သား = လက်မောင်း

- အိပ်ထမတင်

ပါဝင်သော ကြွက်သား = Abs ၊ ခါးအနောက် (အနည်းငယ်သာ)

စတဲ့ လေ့ကျင့်ခန်းတွေကျ စွမ်းအင်သုံးတာ မများပါဘူး။

××××××××××××××××××××××××××××××

ဒါဆိုရင် အပေါ်က မေးတဲ့ Bro ရဲ့ Gym မှာလုပ်တာလေးကို ပြန်ကြည့်လိုက်ရအောင်။

ပထမ မိနစ် ၃၀မှာ ပြေးတာ၊ စက်ဘီးနင်းတာ လုပ်တယ်ဆိုတော့ မဆိုးပါဘူး။ နှလုံးခုန်နှုန်းမြန်လာမယ်၊ စွမ်းအင်တွေ သုံးရတယ်ပေါ့။

ဒါပေမယ့် နောက်မိနစ် ၃၀မှာ အိပ်ထမတင် လုပ်တာကတော့ သိပ်မထိရောက်ပါဘူး။ အိပ်ထမတင် လုပ်ရင်သုံးတဲ့ Abs ကြွက်သားဆိုတာ ချက်တစ်ဝိုက်က ခပ်သေးသေး ကြွက်သားစုဖြစ်သလို စွမ်းအင် များများလဲ မသုံးပါဘူး။ မှားတယ်လို့ မဆိုချင်ပေမယ့် ဒီ့ထက်ပို အကျိုးရှိမယ့် အရာတွေ ရှိတာမလို့ ကုန်သွားတဲ့ အချိန်တွေ မထိုက်တန်ဘူးလို့ ဆိုချင်ပါတယ်။

ဒီဒုတိယ မိနစ် ၃၀မှာ ဗိုက်အဆီကျချင်လို့ ဗိုက်လေ့ကျင့်ခန်းလုပ်မယ့်အစား အပေါ်က စွမ်းအင် အများကြီးသုံးတဲ့ ရင်ဘတ်၊ အောက်ပိုင်း ၊ နောက်ကျော၊ ပုခုံးစတဲ့ လေ့ကျင့်ခန်းတွေကို လုပ်ရင် ပို အကျိုးရှိမယ်ဟုတ်။

ဒါက ဒီ Bro ရဲ့ ပြောပြချက်ပါ။ တစ်ချို့ လက်မောင်းတွဲနေလို့ Gym သွားတဲ့ မိန်းကလေးတွေ တစ်ချို့ ပြောပြချက်အရ ပထမပိုင်းမှာ ပြေးတာတွေ လုပ်ရပြီး ဒုတိယပိုင်းမှာ လက်မောင်း အလေးမ ရတယ်လို့ ဆိုကြတာလဲ ရှိပါတယ်။ ဒီလိုလူတွေအတွက် လက်မောင်း အလေးမ မိနစ်၃၀ လုပ်မယ့်အစား အကျိုးပိုရှိမယ့် စွမ်းအင်အများကြီးသုံးတဲ့ လေ့ကျင့်ခန်းတွေ အစားထိုး လုပ်စေချင်ပါတယ်။

Gym တစ်ခုမှာ တစ်နာရီ၊ နှစ်နာရီ၊ သုံးနာရီ နေခြင်းက သင့်ရလဒ်ကို ထုတ်ဖော်မပြပါဘူး။ နေခဲ့တဲ့ တစ်နာရီ အတွင်းမှာ ဘာလုပ်ခဲ့တယ်ဆိုတာကပဲ သင့်ရလဒ်ကို ကိုယ်စားပြုနိုင်ပါလိမ့်မယ်။

တစ်ချို့ အချိန်အကြာကြီး ၂နာရီလောက်နေပေမယ့် မိနစ် ၄၀လောက်ပဲ လုပ်တဲ့လူရဲ့ Result ကို မမှီတာတွေလဲ တွေ့နေစမြဲပါ။ Quantity ထပ် Quality က ပိုအရေးကြီးတယ်ဆိုတာ Bodybuilding မှာလဲ မှန်ကန်ပါတယ်။

****************************************

အခုမှ စလုပ်သူတွေအတွက် အခြေခံ လမ်းညွှန်ချင်တာကို အတိုချုပ်ရမယ်ဆိုရင် ဒီတစ်ခေါက် လေ့ကျင့်ခန်းလုပ်တဲ့ အခါ နေရာကွက်ပြီး အဆီချဖို့ မကြိုးစားပါနဲ့။

သင်ဟာ အိမ်မှာပဲ လေ့ကျင့်ခန်းလုပ်သူဆိုရင်၊ အလေးလွတ်ဆိုရင်

- ကြိုးခုန်တာ၊ ပြေးတာ၊ လှေကားတက်တာ

- Page ထဲက အဆီကျလေ့ကျင့်ခန်း Video တွေ

- အခုခေတ် ကခုန်တာ

- ဒိုက်ထိုး ၊ ဘားခို ၊ ထိုင်ထ (အလေးက အိမ်မှာ ရှိတဲ့ ကျောပိုးအိတ်တို့၊ ရေဘူးတို့ သင့်သလို ပေါင်းလို့ရတယ်ဟုတ်)

စတာတွေက နှလုံးခုန်နှုန်းမြန်စေသလိုကြွက်သားအစုံ သုံးတာမလို့ သင့်တော်ပါတယ်။

သင်ဟာ Gym သွားပြီး ကိရိယာတွေနဲ့ ဆော့ခွင့်ရသူဆိုရင်

- ကြိုးခုန်တာ၊ ပြေးတာ၊ စက်ဘီးနင်းတာ

- ရင်ဘတ်၊ နောက်ကျော၊ ပုခုံး၊ တင်ပါး၊ ပေါင် စတာတွေကို လေ့ကျင့်တဲ့ အလေးတုံး၊ စက် ပုံစံတွေကို မပါမဖြစ် ထည့်ပြီး လုပ်ပါ။

ဒါတွေလုပ်ပြီးမှ အချိန်ပိုသေးတယ်ဆိုရင် Abs လေ့ကျင့်ခန်းတွေလုပ်ပါ။

**********************************

ဒီ Basic အချက်တွေ သိပြီးလို့ သင်ဟာ နေရာကွက်ပြီး အဆီချဖို့ မကြိုးစားတော့ပါဘူး၊ နောက်တစ်ဆင့် မြင့်ပြီး စနစ်တကျလေး Abs ရအောင် ဘယ်လို စားသောက်ရမလဲ၊ ခန္ဓာကိုယ်တစ်ခုကို ဘယ်လိုထုဆစ်ရမလဲ စတဲ့ Intermediate ဗဟုသုတတွေ သိချင်လာပြီဆိုရင်တော့ Page ထဲမှာ တစ်ခြားဆောင်းပါးတွေ ရှိတာမလို့ ၀င်ရောက်ဖတ်ကြည့်နိုင်ပါတယ်။

ဒီဆောင်းပါးလေးကိုလည်း တစ်ခြား မသိသေးသူတွေ ရှိနိုင်တာမလို့ ပြန်လည်ဝေမျှ ပေးနိုင်ပါတယ်။

အခြေခံအချက်တွေဖြစ်လို့ သိသူတွေရှိပေမယ့် မသိတဲ့ လူပမာဏဟာ မယုံနိုင်စရာ များပြားပါတယ်။ Admin ကိုယ်တိုင်လဲ အရင်က ဒီအချက်တွေကို မသိခဲ့တာမလို့ ကိုယ့်လိုပဲ မှားနေကျသူတွေကို ကိုယ်ချင်းစာပြီး ရေးလိုက်ရပါကြောင်း။


Credit: Golden _ Dreams ´ Page

Saturday, December 23, 2017

အာဆီယံမှာမြန်မာ ဘိတ်ဆုံးဖြစ်တော့မလား


အပြေးပြိုင်ပွဲတခုကြည့်ဖူးသည်။ ဘောလုံးကွင်းလို အားကစားကွင်းကြီးကိုပတ်၍အပြေးသမားများက ပြေးကြရခြင်းဖြစ်သည် ။ တာလွှတ်သည်နှင့် အပြေးသမား တစု အားနှင့်အင်နှင့်ရှေ့ သို့ ပြေးထွက်သွားကြသည် ။ ထိုအထဲတွင် ခြေအနှုတ်အသိမ်းနှေးသော အပြေးသမားတယောက်ပါသည် ။ထိုအပြေးသမားသည် တဖြည်းဖြည်းနှင့်နောက်မှာကျန်ခဲ့သည် ။ အပြေးသမားအားလုံးသူ့ ကိုကျော်တက်သွားကြသည် ။ တဖြည်းဖြည်းနှင့်သူ့ ကိုကျော်တက်သွားသူများသည် ကွင်းပတ်ပြေးပွဲဖြစ်သောကြောင့် သူနှင့်တဖြေးဖြေးဝေးကာ သူ့ နောက်ဘက်သို့ ပင် ပြန်ရောက်လာသည် ။ အမှတ်တမဲ့ကြည့်လျှင် ထိုအပြေးသမားသည်ရှေ့ မှဦးဆောင်နေပြီး ကျန်အပြေးသမားတစုသည်နောက်မှာပြတ်ကျန်ခဲ့သလိုလို ဖြစ်နေသည် ။ ထိုအချိန်တွင်မှ အပြေးပြိုင်ပွဲကွင်းထဲသို့ ဝင်လာသောဘကြီးတယောက်က ရှေ့ မှပြေးနေသူ ကိုချီးမွမ်းသည် ။
“ တို့ ရွာကကောင်ကတော့ ရှေ့ ကနေအပြတ်အသတ်ပဲဟေ့ တော်တော်ကိုဖြတ်ထားနိုင်တာပဲ “
ထိုစကားကိုကြားရသူအပေါင်းက ရယ်ကြသည် ။
“ရှေ့ ကဖြတ်တာမဟုတ်ဘူး အဘရေ နောက်ဆုံးပိတ်ဖြစ်နေတာ “ ဟုရယ်ရင်းပြောကြသည် ။
ယခုအခါမြန်မာပြည်သည် ထိုအပြေးသမားလိုဖြစ်နေပြီး အချို့သောသူများသည် ပြေးပွဲကို နောက်ကျမှလာကြည့်သော တောမှဘကြီးလိုဖြစ်နေသည် ။ကိုယ့်ငါးချဉ်ကိုယ်ချဉ်ရင်း နိုင်ငံသည်တဖြည်းဖြည်းပြိုင်ဘက်များ၏နောက်သို့ ရောက်မှန်းမသိရောက်လာသည် ။

       ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူက “ခရီးသွားလုပ်ငန်းကလွဲပြီး စီးပွားရေးကဏ္ဍတွင် တိုတက်မှုမပြနိုင်သေး “ဟု ပြောသည် ။ ၂၀၁၇ ဒီဇင်ဘာ ၅ ရက်နေ့ ကနေပြည်တော်တွင်ကျင်းပသောမြန်မာအထူးစီးပွားရေး ဇုန်ဆိုင်ရာဗဟိုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင်ပြောခဲ့ခြင်းဖြစ်သည် ။ ဦးဟင်နရီဗန်ထီးယူသည် အမှန်ကိုတ၀က်မြင်သည်ဟုပြောရမည် ။ မြန်မာနိုင်ငံစီးပွားရေးကဏ္ဍတိုးတက်မှုမပြနိုင်သေး ဆိုခြင်းမှာအမှန်ကိုမြင်ခြင်းဖြစ်သည် ။ ခရီးသွားလုပ်ငန်းကလွဲပြီး ဟုစကားခံထားခြင်းကြောင့် မြန်မာ့ခရီးသွားလုပ်ငန်းတိုးတက်နေသယောင်ထင်နေခြင်းမှာ မှားပေသည် ။ သူသည်ခရီးသွားလုပ်ငန်းမှလာသူတယောက်မဟုတ်သောကြောင့် အောက်ကတင်ပြသောကိန်းဂဏန်းများကိုကြည့်ကာအားအရကြီးရနေခြင်းလည်းဖြစ်နိုင်ပါသည် ။ တကယ်တမ်းတွင်မြန်မာ့ခရီးသွားလုပ်ငန်းသည် ကမ္ဘာတွင်မဆိုထားဘိ အာဆီယံဒေသတွင်ပါ ဘိတ်ဆုံးကပ်နေသောလုပ်ငန်းဖြစ်သလို တိုးတက်မှုရပ်တန့် နေရုံမက နောက်ပြန်ဆုတ်နေသောလုပ်ငန်းဖြစ်သည် ။အကယ်စင်စစ် အာဆီယံဆယ်နိုင်ငံတွင် နိုင်ငံခြားသားကမ္ဘာလှည့်ခရီးသည် အ၀င် အများဆုံးနိုင်ငံမှ အနည်းဆုံးသိုနိုင်ငံသို့ စဉ်လိုက်လျှင် ၂၀၁၅ စာရင်းအရ

(၂)ထိုင်း(၂၉ သန်း)
(၁)မလေးရှား (၂၅ သန်း)
 (၃)စင်္ကာပူ(၁၅သန်း)
(၄)အင်ဒိုနီးရှား( ၁၀သန်း)
(၅)ဗီယက်နမ် (၇.၉ သန်း)
(၆)ဖိလစ်ပိုင်(၅ သန်း)
(၇) ကမ္ဘောဒီးယား ( ၄.၇ သန်း)
(၈)လာအို(၄.၆သန်း)
(၉)မြန်မာ( ၄.၆ သန်း)
(၁၀)ဘရူးနိုင်း( ၂ သိန်း ၁ သောင်း ) တို့ ဖြစ်သည် ။

မြန်မာသည်အဆင့် (၉) ဖြစ်သည် ။ သူ့ အောက်တွင် ဘရူနိုင်းနိုင်ငံပဲရှိတော့သည် ။ဒါတောင်မြန်မာနိုင်ငံကတင်ပြထားသော ကိန်းဂဏန်းများသည် အမြဲတမ်းတိကျမှန်ကန်သည်ဟုမပြောနိုင်။ လူကြီးကြေနပ်အောင်ပိုပိုသာသာစာရင်းပြခြင်း ၊နယ်စပ်မှ နေ့ချင်းပြန်ဝင်ထွက်သွားလာသောဈေးသယ်များ၊ ကူလီများ၊ ကားသမားများမကျန် တိုးရစ်စာရင်းသွင်းထားခြင်းတို့ ပါဝင်နိုင်သည် ။ တကယ့်တိုးရစ်စာရင်းအမှန်မှာ ရွှေတိဂုံဘုရားသို့ လာရောက်လည်ပါတ်သောနိုင်ငံခြားသားစာရင်းမှာအနီးစပ်ဆုံးမှန်ကန်နိုင်သည် ။ ၂၀၁၅ ခုနှစ်အတွက် ရွှေတိဂုံသို့လာရောက်လည်ပါတ်သောနိုင်ငံခြားသားမှာ ၅၁၇၀၀၀ ယောက်ဖြစ်သည် ။

ရွှေတိဂုံသို့ ရောက်မလာသော တိုးရစ်များမှာ သုံးဆအထိရှိနိုင်သည်ဟု ပိုပိုသာသာခန့်မှန်းလိုက်ဦးမြန်မာနိုင်ငံသို့ ၂၀၁၅ တွင်ဝင်လာသောကမ္ဘာလှည့်ခရီးသည်အရေအတွက်အစစ်အမှန်မှာ ၂ သန်းထက်မပိုပေ ။ တစ်နှစ်လျှင်ငါးသိန်းတိုးလာဖို့ဆိုသည်မှာလွယ်သည်မဟုတ် သို့ သော်ထိုနှုန်းနှင့်တိုးလာသည်ပဲထားဦး မြန်မာနိုင်ငံသို့ယခုနှစ်ရောက်လာသော နိုင်ငံခြားသားကမ္ဘာလှည့်ခရီးသွားအရေအတွက်မှာ ၃ သန်းထက်မပိုနိုင်ပေ ။ဟိုတယ်ခရီးဝန်ကြီးဌာန၏ထုတ်ပြန်ချက်အရ ၂၀၁၅ တွင်မြန်မာနိုင်ငံသို့ လာသောတိုးရစ်စုစုပေါင်းမှာ ၄.၆သန်း(၄၆၈၁၀၂၀ ဦး) ရှိသည်ဆို၏ ။ထိုအထဲတွင်နယ်စပ်ဝင်ပေါက်များမှဝင်လာသူပေါင်းမှာ ၃.၃ သန်းကျော်(၃၃၇၃၄၃၇ဦး) ရှိသည်ဆိုသဖြင့် အမှန်တကယ် ရန်ကုန်၊မန္တလေး၊မြိတ်၊နေပြည်တော်တို့မှ့ဝင်လာသောတိုးရစ်မှာ ၁သန်း၃သိန်းကျော်(၁၃၀၇၅၈၃)ပဲရှိလေသည်။  ၀န်ကြီးဌာနက ၆ သန်းလာရမည်ဟုမျှော်မှန်းထားရာ များစွာလျှော့နည်းနေပေသည် ။  ထို့ ကြောင့် မြန်မာ့ခရီးသွားလုပ်ငန်းသည် သဘာဝတောတောင်ရေမြေနှင့်ယဉ်ကျေးမှုအခြေခံဆွဲဆောင်မှုတွေရှိသော်လည်း စီမံခန့်ခွဲမှုညံ့ဖျင်းခြင်း၊ဈေးနှုန်းများအဆမတန်ကြီးမြင့်ခြင်းတို့ ကြောင့် ၁၀ နိုင်ငံတွင် အဆင့် ၉ ဖြစ်နေရခြင်းဖြစ်သည် ။၂၀၁၅ တိုးရစ်ဝင်ရောက်မှုတွင်လာအိုနိုင်ငံနှင့် မတိမ်းမယိမ်းရှိသော်လည်း လာအိုနိုင်ငံက လူသုံးထောင်ကျော်ပို၍၀င်သည်။ ပို၍အရေးကြီးသည်မှာလာအိုနိုင်ငံသည်မြန်မာနိုင်ငံထက် ၃ ဆခန့်ပို၍သေးငယ်သော ကုန်းတွင်းပိတ်နိုင်ငံတခုဖြစ်သည် (လာအိုနိုင်ငံ၏ကုန်မြေဧရိယာမှာ ၂၃၇၉၅၅ စတုရန်းကီလိုမီတာဖြစ်ပြီး မြန်မာနိုင်ငံ၏အကျယ်အ၀န်းမှာ ၆၇၆၅၇၈ စတုရန်းကီလိုမီတာဖြစ်သည်)။ ပင်လယ်ကမ်းခြေတောတောင်ရှုခင်း၊သဘာဝယဉ်ကျေးမှုအမွေအနှစ်များစွာရှိသော မြန်မာနိုင်ငံသည် ခရီးသွားလုပ်ငန်းတွင်လာအိုနိုင်ငံနောက်ရောက်နေသည်မှာ အောင်မြင်မှုမဟုတ် ။ကျဆုံးမှုသာဖြစ်သည် ။

 မြန်မာ့ခရီးသွားလုပ်ငန်းသည် ဒေါ်အောင်ဆန်းစုကြည်နောက်ဆုံးအကြိမ်နေအိမ်အကျယ်ချုပ်ဘ၀မှလွတ်မြောက်လာသော ၂၀၁၀ နိုဝင်ဘာ ၁၃ ကာလများဖြစ်သော ၂၀၁၀-၂၀၁၁ ကာလများတွင် အကြီးမားဆုံးအောင်မြင်မှုအဖြစ် နိုင်ငံတကာခရီးသွားများကြိတ်ကြိတ်တိုးအောင်လာရောက်လည်ပတ်ခဲ့ကြဖူးသည် ။သို့ သော် မြန်မာတို့သည်အောင်မြင်မှုကိုထိမ်းမထားနိုင်ခဲ့ ။အစိုးရဘက်ကရော ၊ ပုဂ္ဂလိကဘက်ကရော ထိထိရောက်ရောက်ဘာမှဝန်ဆောင်မှုကောင်းကောင်းမပေးနိုင်ပဲ “လာတဲ့ဧည့်သယ်တွယ်သာတွယ်”ဆိုသောဆောင်ပုဒ်အရ နိုင်ငံခြားသားများအပေါ်ရသလောက်လက်တဆုံးငွေညှစ်ကြတော့သည် ။ တညဒေါ်လာ ၂၀ သာတန်သောဟိုတယ်ကလည်း တညဒေါ်လာ ၁၀၀ တွေဘာတွေဖြစ်ကုန်သည် ။ ဒါတောင်တည်းခိုလိုလျှင် ၁၀ ရက် တန်သည်တလတန်သည်ကြိုတင်၍ ငွေလာသွင်းခိုင်းသေးသည် ။ လေကြောင်းလိုင်းများကလည်း လေသံမာသလားမမေးနှင့် ဘယ်ခရီးစဉ်ပဲမေးလိုက်မေးလိုက် ကုန်ပြီ ၊ booking တင်လို့ မရတော့ဘူးဟုခပ်မာမာပြောသည် ။ တိုးရစ်များနှင့်ခရီးသွားကုမ္မဏီများမှာ လေကြောင်းလိုင်းနှင့်ဟိုတယ်တွေကိုရှိခိုးဦးတင်လုပ်နေကြရသည် ။လေယာဉ်ခတွေကလည်းဈေးကြီးသည် ။ ပြည်တွင်းလေယာဉ်ခက နိုင်ငံခြား(ရန်ကုန်ဘန်ကောက်သွားတာထက်)ပို၍ဈေးကြီးနေသည် ။  နောက်တော့ မြန်မာတွေအရိတ်ကြမ်းသောသတင်းက ကမ္ဘာကိုပျံ့ သွားသည် ။မြန်မာပြည်လာမည့်ပိုက်ဆံသည် အခြားအာဆီယံနိုင်ငံတွေကိုသွားလည်လျှင် ၂ဆလည်၍ရသည် ။ မြန်မာမှာတရက်လည်၍ကုန်သောပိုက်ဆံသည် ထိုင်းတို့ ဗီယက်နမ်တို့မှာ ၂ ရက်လည်၍ရသည် ။အစိုးရဘက်ကလည်း အခွန်နှင့်ဝင်ကြေးများတိုးတိုးကောက်သည်ကလွဲ၍ ဘာဝန်ဆောင်မှုမှကောင်းမလာ ။အင်းဝသည်တိုးရစ်များအလာများသော မြင်းလှည်းစီးကြသောမြို့ကလေးဖြစ်သော်လည်း လမ်းများမှာ စုတ်ပြတ်နေသဖြင့် မြင်းလှည်းများမှောက်ကြသည် ။ ခရီးသည်တွေဒဏ်ရာရသည် ။ အိမ်သာတက်စရာ နေရာကောင်းကောင်းကမ်းကမ်းအလွန်ရှားသည် ။ ဖိနပ်ချွတ်ခိုင်းသော်လည်း ဘုရားအ၀င်လမ်းတွေမှာညစ်ပတ်နေသည် ။နေရာတကာအမှိုက်တွေပျံ့ကျဲနေသည်။ ဟိုတယ်တွေဈေးကြီးသော်လည်းဝန်ဆောင်မှုမှာစုတ်ပြတ်နေသည် ။ လေယာဉ်တွေက cancel ဖြစ်လျှင် Delay ဖြစ်လျှင်ဘာဝန်ဆောင်မှုမှမရှိ၊ဘာတာဝန်ခံမှုမှမရှိ ။ ကြော်ငြာကဏ္ဍအတွက် Promotion အတွက် ၊ခရီးသွားလုပ်ငန်းအတွက်နိုင်ငံတော်ကငွေပြန်သုံးတာ မရှိသလောက်ဖြစ်ပြန်သည် ။ပုဂ္ဂလိကကဏ္ဍကိုနိုင်ငံတော်ကကူညီတာမရှိသလောက်ဖြစ်သည် ။    တဖြည်းဖြည်းဖြင့် Tourism မျိုးကန်းသည် ။နိုင်ငံကလှလွန်းသဖြင့်ဤမျှလာနေသေးတာဖြစ်သည် ။။ဤအခြေအနေတွင်ခရီးသွားလုပ်ငန်းကဏ္ဍကြီးတိုးတက်နေသည်ဟုထင်လျှင် အပြေးပြိုင်ပွဲကိုလာကြည့်သော တောကဘကြီးလိုသာဖြစ်ပေလိမ့်မည် ။

                 အမှန်ကိုမြင်သောသူလည်းရှိသေး၏။ထိုသူမှာယခင်အစိုးရလက်ထက်စီးပွားရေးအကြံပေးအဖွဲ့ ခေါင်းဆောင်နှင့် လက်ရှိကုန်သည်စက်မှုအသင်းချုပ်၏အကြံပေးစီးပွားရေးပညာရှင် ဒေါက်တာဦးမြင့်ဖြစ်သည် ။ ဒေါက်တာဦးမြင့်သည် ဦးသိန်းစိန်အစိုးရလက်ထက်တွင် စီးပွားရေးအကြံပေးအဖြစ်လုပ်ခဲ့သည်ဆိုသော်ငြား အာဏာ၇ှင်အလိုမလိုက်ပဲ ပညာ၇ှင်ပီသစွာထောက်ပြဝေဖန်မှုကြောင့် အများကလေးစားရသည့်ပညာရှင်တယောက်ဖြစ်သည် ။ ဦးမြင့်က မြန်မာနိုင်ငံအနေဖြင့် အာဆီယံတွင် လာအိုနိုင်ငံကိုအမီလိုက်ရန်ပင်အလားအလာနည်းနေကြောင်း ဝေဖန်ထောက်ပြခဲ့သည် ။ ၉.၁၂.၂၀၁၇ နေ့ က ရန်ကုန်မြို့ ကုန်သည်စက်မှုအသင်းချုပ်၌ ပြုလုပ်သော UMFCCI Convention 2017 တွင်ပြောခဲ့ခြင်းဖြစ်သည် ။အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့က ၂၀၂၀-၂၀၂၁ ခုနှစ်တွင် မြန်မာနိုင်ငံ၏လူတဦးချင်း ဂျီဒီပီအပေါ် ၁၈၂၃ ဒေါ်လာရရှိမည်ဟုခန့်မှန်းထားသည်။ သို့သော်ထိုပမာဏမှာ လာအိုနိုင်ငံ၏ ၂၀၁၅ ခုနှစ် တွင်ရရှိခဲ့သည့်တဦးချင်း GDP သည်ပင်လျှင် ၂၁၄၉ ဒေါ်လာဖြစ်နေသည့်အတွက် မြန်မာနိုင်ငံအနေဖြင့် ၂၀၂၀-၂၀၂၁ ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့၏ ခန့်မှန်းချက်ဖြစ်သည့် လူတစ်ဦးပျမ်းမျှတနှစ်ဝင်ငွေ ၁၈၂၃ ဒေါ်လာဖြစ်လာလျှင်ပင် လာအိုနိုင်ငံ၏ ၂၀၁၅ ခုနှစ် ဂျီဒီပီထက်လျှော့နည်းနေသဖြင့် လာအိုနိုင်ငံကိုအမီလိုက်ရန်ပင်ခဲယဉ်းသည့်အနေအထားဖြစ်နေသည့်အပြင်လာအိုနိုင်ငံ၏တဦးချင်း ဂျီဒီပီမှာလည်း ၂၀၂၀-၂၀၂၁ ကာလတွင် ထပ်မံမြင့်တက်နေဦးမည်သာဖြစ်သဖြင့် လာအိုကို အမီလိုက်ရန်ပင်အလားအလာနည်းပါးနေရကြောင်းဒေါက်တာဦးမြင့်ကပြောခဲ့သည် ။ ဒေါက်တာဦးမြင့်စကားမှာ ကြားရတာခါးသီးသော်လည်းအမှန်တရားပင်ဖြစ်သည် ။လောလောဆယ်၌မြန်မာနိုင်ငံသည်အာဆီယံဆယ်နိုင်ငံတွင် လူတဦးချင်းစီ၏ဂျီဒီပီ ( Gross Domestic Product ) တွင် အဆင့် (၉) ချိတ်လျက်ရှိပါ၏။ မြန်မာအောက်တွင် ကမ္ဘောဒီးယားသာကျန်ပါတော့၏ ။အားကစားတွင်လည်းဘျတ်ဆုံးနီးပါးရောက်နေ၏။ မြန်မာ U23 သည် ဗီယက်နမ်U23 ကို  4:0 ဖြင့် ဂိုးပြတ်ရှုံး၏။   လက်ရှိစီးပွားရေးနာမကျန်းမှုကို ကုစားရန်နှင့် ရပ်တန့်နေသည့်စီးပွားရေးပြန်လည်လည်ပတ်နိုင်ရန် ဒေါ်အောင်ဆန်းစုကြည်ကိုအားကိုးရမည်ဖြစ်ပြီး စီးပွားရေးတိုးတက်အားကောင်းမှုပြန်လည်တည်ဆောက်ပေးနိုင်ရန်နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အချက်လေးချက်ကိုလုပ်ဆောင်ပေးဖို့ စဉ်းစားရန်တင်ပြပါကြောင်းလည်းဒေါက်တာဦးမြင့်ကပြောကြားခဲ့သည် ။

ပထမအချက်မှာပြည်တွင်း ငြိမ်းချမ်းရေးနှင့်ထပ်တူ ပြည်တွင်းစီးပွားရေးကိုထိပ်ဆုံးဦးစားပေးကိုင်တွယ်ရန်၊ ဒုတိယအချက်မှာစီးပွားရေးမဟာဗျူဟာတရပ်ရေးဆွဲပြီးလွှတ်တော်သို့ တင်ပြအတည်ပြုရန်၊တတိယအချက်မှာ အဆင့်တိုင်းတွင် လုပ်ပိုင်ခွင့်ပိုမိုပေးရန် ၊ စတုတ္ထအချက်မှာ ပညာရှင်များနှင့် တိုင်ပင်ဆွေးနွေးအကြံဥာဏ်ရယူရန်ဖြစ်သည် ။ ထိုအချက်လေးချက်လုံးမှာ မလုပ်နိုင်စရာကိစ္စများတော့မဟုတ် ။ အရေးတကြီးစတင်လုပ်ဆောင်လိုစိတ်ရှိရန်သာအရေးကြီးပေသည် ။

    ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် တကွင်းလုံးလိုက်လံကစားနေရသော ဘောလုံးသမားတယောက်လိုဖြစ်နေပြီး လိုသည်ထက်ပင်ပန်းနွမ်းနယ်မှုကိုခံစားရရုံသာမက နေရာတိုင်းတွင်ထောင့်စေ့အောင် ကစားနိုင်မည်မဟုတ်ချေ ။ တကယ်တမ်းဒေါ်အောင်ဆန်းစုကြည်ယူထားသောရာထူးမှာ နိုင်ငံတော်၏အတိုင်ပင်ခံသာဖြစ်သဖြင့်နိုင်ငံတော်က အကြံဥာဏ်လိုလာသောအခါမှအကြံပေးရန်ဖြစ်ပေသည် ။ နိုင်ငံတော်ကိုတကယ်ဦးဆောင်မောင်းနှင်ရမည်မှာ သမ္မတဖြစ်ပေသည် ။ သမ္မတဆိုသည်မှာ ရိုင်းရိုင်းပြောရလျှင်ကူလီခေါင်းနှင့်တူသည် ။ကူလီခေါင်းသည် သူကိုယ်တိုင် ဆန်အိတ်ကိုနှစ်အိတ်ဆင့်ကာ ထမ်းနေစရာမလို ၊ ဘယ်သူ ဘယ်နေရာကဆန်အိတ်ကိုထမ်းခဲ့ ၊ ဘယ်အဖွဲ့က ဘယ်ကားပေါ်ကကုန်ကိုချ ၊ ဘယ်အဖွဲ့က သဘောင်္ပေါ်ကို ဘိလပ်မြေအိတ်တွေတင်ကြဟုသာအမိန့်ပေးပြီး သူခိုင်းသလိုလုပ်မလုပ် လှည့်ပတ်ကြည့်ရှရမည်ဖြစ်သည် ။ကူလီခေါင်းတော်လျှင်တော်သလို အလုပ်ပြီးစီးသည် ။ ကုန်တင်ကုန်ချမြန်ဆန်သည် ။ အလေအလွင့်နည်းမည်ဖြစ်သည် ။ကူလီခေါင်းက လက်အောက်ငယ်သားများကိုကောင်းကောင်းမခိုင်းတတ်ဘူးဆိုလျှင် အလုပ်ချိန်တွင်ကျားထိုးသူကထိုးနေမည်၊ ဆေးလိပ်သောက်သူကသောက်နေမည် ၊ လမ်းတ၀က်တွင်ဆန်အိတ်ကိုချပြီးထိုင်သူကထိုင်နေမည် ၊အချင်းချင်းရန်ဖြစ်သတ်ပုတ်ကောင်းသတ်ပုတ်နေမည်။ သဘောင်္ပေါ်တင်သလိုလိုဖြင့် အိမ်သို့ သယ်သူကသယ်ကြမည် ၊ အချိန်မ်ီမပြီးစီးသဖြင့် အလုပ်ရှင်များကအခြား ဆိပ်ကမ်း၊အခြားအလုပ်သမားများဆီသို့ပြောင်းရွေ့ သွားကြမည် ၊ ဤကဲ့သို့ အဖြစ်မျိုးဖြစ်မည်ဖြစ်သည် ။နိုင်ငံတနိုင်ငံမှာလည်းဤနည်းနှင်နှင်ဖြစ်သည် ။ သမ္မတသည် သူ၏အလုပ်သမား (ကူလီ)များဖြစ်ကြသော ၀န်ကြီးအဖွဲ့ကိုကောင်းကောင်းခိုင်းနိုင်ရမည် ။ထိမ်းချုပ်ကိုင်တွယ်နိုင်ရမည် ။ ဘယ်ဝန်ကြီးသည် ဘယ်ကိစ္စကိုဘယ်အချိန်အတွင်းပြီအောင်လုပ်ခိုင်းရမည် ။ ပြီးမပြီးလုပ်မလုပ်လည်း အောက်ခြေအထိဆင်းကာကြည့်ရမည် ။ အသုံးမကျလျှင် မလုပ်တတ်လျှင် နောက်တယောက်နှင့်ရဲရဲဝံ့ဝံ့အစားထိုးရမည် ။ သမ္မတကခိုင်းတတ်လျှင်ခိုင်းတတ်သလို ၊ ဦးဆောင်နိုင်လျှင်ဦးဆောင်နိုင်သလို ၀န်ကြီးအဖွဲ့ ၏ လုပ်ဆောင်မှုများ အောင်မြင်မှုအသီးအပွင့်များဖြစ်ပေါ်လာမည် ။ သမ္မတက မခိုင်းတတ်လျှင် မသွက်လက်လျှင် စီမံခန့်ခွဲမှုညံ့လျှင် သို့ မဟုတ် စီမံခန့်ခွဲနိုင်မှုနည်းပါးလျှင် အကွပ်မရှိသောကြမ်းပရမ်းပတာဆိုသလို ၊ ကူလီခေါင်းမရှိသော ကမ်းနားအလုပ်သမားတွေလို ထင်ရာတွေလုပ်ကြ ထင်ရာတွေပြောကြလိမ့်မည် ။

ဒီဇင်ဘာ ၈ ရက်ကကျင်းပသွားသော ပညာရေးဖွ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေးနှီးနှောဖလှယ်ပွဲတွင် ပညာရေးဝန်ကြီးဒေါက်တာမျိုးသိမ်းကြီးက အခြေခံပညာကျောင်းများတွင် ကျောင်းသား ၅ ဦးလျှင်သိပ္ဖံလက်တွေ့ စမ်းသပ်သည့်ပစ္စည်းတစုံစီ ရအောင် လုပ်ပေးရမည်ဖြစ်ကြောင်းပြောသွားသည်။ သူပြောသည်မှာ မ.ဆ.လ ခေတ်၊ စစ်အစိုးရခေတ်ကလိုအပေါ်ယံဟန်ပြပြောသလိုဖြစ်နေသည် ။ တကယ်တော့ပြောရမည်မဟုတ် ၊လုပ်ရမည်ဖြစ်သည်။ ထိုသို့ဖြစ်စေချင်လျှင် ပညာရေးဌာနမှနိုင်ငံတော်ကိုတရားဝင်ဘတ်ဂျက်တောင်းရမည် ။ ရလာသောဘတ်ဂျက်အတိုင်း သိပ္ဖံလက်တွေ့ ပစ္စည်းများဝယ်ကာ လက်တွေ့ ဖြန့် ဖြူးပေးရမည် ။ ထို့အတူ လက်တွေ့ ဘ၀၌ကျောင်းများတွင် စာကြည့်တိုက်တွေသည် ဆရာဆရာမတွေအတွက်ဝန်ထုပ်ဝန်ပိုးကြီးတွေဖြစ်နေသည် ။မိမိမကျွမ်းကျင်ပါပဲ စာကြည့်တိုက်မှူးတာဝန်ကို စာသင်ချိန်ထဲမှဖဲ့၍ ဆရာဆရာမတွေဝင်ရောက်ထမ်းဆောင်နေရသည်။စာကြည့်တိုက်အတွက်စာအုပ်ဝယ်ဖို့လည်းမဖြစ်စလောက်ပိုက်ဆံပဲရှိသည် ။ထိုအခက်အခဲမျိုးဆိုလျှင် ပညာရေးဝန်ကြီးသည် လေဖြင့်မိန့်ခွန်းပြောနေစရာမလို ၊ လက်တွေ့ အလုပ်လုပ်ဖို့လိုသည် ။ ကျောင်းတိုင်းတွင် စာကြည့်တိုက်ထားဖို့  ထိုစာကြည့်တိုက်တွေတွင် စာကြည့်တိုက်မှူးသင်တန်းဆင်းပြီးသူများကို အလုပ်ခန့်ကာ သီးသန့်တာဝန်ပေးဖို့ ညွှန်ကြားချက်ထုတ်ရမည် ။ စာအုပ်ဝယ်ဖို့ သီးသန့်ရန်ပုံငွေနှင့်ကျောင်းစာကြည့်တိုက်ဝန်ထမ်းများခန့်အပ်ဖို့ငွေကို တွက်ချက်၍လွှတ်တော်သို့ တင်ပြတောင်းခံရမည် ။ ကျောင်းတကျောင်းလျှင်ဘယ်လောက်နှုန်း (ကျောင်းသားအရေအတွက်ကိုမူတည်၍) ၀န်ကြီးဌာနကချပေးရမည် ။ သို့ မဟုတ် ပညာရေးဌာနက၀ယ်ယူပြီး ကျောင်းတွေသို့ ပို့ ပေးရမည် ။ ဒါတွေသည်တကယ်လက်တွေ့ ဆောင်ရွက်ရမည့် အလုပ်တွေဖြစ်သည်။

အခုတော့မြန်မာနိုင်ငံဝယ်အပြောတွေများနေသည် ။ အပြောကတော့တက္ကသိုလ်တွေကိုဘယ်လိုလုပ်လိုက်မည် ။ တကယ့်လက်တွေ့ ကျွန်တော့်သားတော်မောင်ပညာဆည်းပူးနေသောဒဂုန်တက္ကသိုလ်မှာ ဖုန်းလိုင်းပင် မမိချေ ။ Free Wifi ဆိုတာဝေလာဝေး ။ကိုယ့်ဖုန်းကိုပင်အင်တာနက်လိုင်းမတက်ချေ။ တက္ကသိုလ်သာဆိုသည် အပန်းဖြေရိပ်သာ ( RC) မရှိ။တက္ကသိုလ်အနုပညာအသင်းဘာမှန်းမသိ ၊ စာကြည့်တိုက် ဘယ်လိုနေသလဲမသိ ၊အားကစားခန်းမဘယ်နေရာမှာရှာရမှန်းမသိ ၊ မြက်တွေနှင့်တောထနေသော မြို့စွန်က ခြံဝင်းကြီးတခုကို တက္ကသိုလ်ဟုခေါ်နေရသည် ။ ဒါတွေသည် မျက်စေ့ရှိလျှင် တကယ်လည်းသွားကြည့်လျှင်မြင်ရပါမည် ။ မိန့်ခွန်းတွေပြောမနေပါနှင့် ။ လက်တွေ့ တွေအလုပ်လုပ်ကြပါဟုပြောလိုသည် ။ ၀န်ကြီးတွေဘာလုပ်ရမည် ၊ တကယ်လုပ်နေသည်မလုပ်နေသည်ကိုလည်းသမ္မတက မျက်ခြေမပြတ်ကြည့်ရှု၍ နောက်မှတွန်းနေဖို့လည်းလိုသည် ။တက္ကသိုလ်တွင်ဖုန်းလိုင်းမမိလျှင် သမ္မတသည်ဆက်သွယ်ရေးဝန်ကြီးကိုအမိန့်ပေးလိုက်ရုံပင်ဖြစ်သည်။ တလအတွင်းပြီးရမည်ငါလာကြည့်မည်ပြောလိုက်ရုံပဲဖြစ်သည် ။ဝိုင်ဖိုင်တွေတပ်ပေးဖို့  ၊ လိုအပ်တာတွေလုပ်ပေးဖို့လည်း ဒီအတိုင်းပင်ဖြစ်သည်။ ယခုတော့ ရန်ကုန်တက္ကသိုလ်(ပင်မ)သည်ပင်လျှင် ပြည့်စုံသော website မရှိ။ တော်အိလျော်အိ လုပ်ထားသော သတင်းအချက်အလက်မပြည့်စုံသော website တခုသာရှိသည်မှာ နိုင်ငံတကာသို့ ချပြရမှာရှက်ဖို့ကောင်းလှသည် ။ ဒါကဥပမာပြောခြင်းဖြစ်၍ ၀န်ကြီးအဖွဲ့ကိုသမ္မတက အပြင်းထန်ဆုံးဖိအားပေးမောင်းနှင်နိုင်ပါမှ အဘက်ဘက်ကနောက်ကျနေသောနိုင်ငံမှာအလောတော်လောက်ကျပါမည် ။ သမ္မတသည် အဘိဓမ္မာအသင်းဥက္ကဌမဟုတ်သဖြင့်ရေခဲတုံးဖြစ်စရာမလို ၊ တွန်းတွန်းတိုက်တိုက်ဦးဆောင်သူဖြစ်သင့်ပါ၏ ။

  ယခုအခါမြင်ရသည်မှာ ကျွန်တော်တို့သမ္မတကြီးသည်လည်းအေးလွန်းသည် ။ ၀န်ကြီးအဖွဲ့ ကို အားကောင်းမောင်းသန်ထိမ်းကျောင်းမောင်းနှင်နေမှုအားနည်းသည် ။ လက်တွေ့ ထက်သဘော တရားတွေများနေသည် ။ ပြီးတော့သမ္မတကြီးဦးထင်ကျော်သည် ဒေါ်အောင်ဆန်းစုကြည်၏အရိပ်မိုးနေသည် ။ဒေါ်အောင်ဆန်းစုကြည်သည်အကြံပေးနေရာတွင်သာနေပြီး သမ္မတကြီးကိုပို၍ရှေ့တန်းတင်သင့်သည် ။ သမ္မတကြီးကလည်း ယခင်ကမည်သို့ ပင် တည်ငြိမ်အေးဆေးသည့်ပင်ကိုယ်စရိုက်ရှိသည်ဖြစ်စေ မိမိသမ္မတဖြစ်နေပြီဖြစ်သဖြင့် နိုင်ငံတော်၏အထွတ်အထိပ်ဆိုသောရာထူးနှင့်လျော်ညီစွာ နွားတွေကိုကြိမ်မပြတ်တို့သလို အားကောင်းမောင်းသန် မိမိတပ်ဖွဲ့ကို ဦးဆောင်မောင်းနှင်နေဖို့လိုမည်ဖြစ်သည် ။ ဒိထက်ကောင်းမွန်သောအစွမ်းကိုပြဖို့လိုမည်ဖြစ်သည် ။ သဘောတရားတွေ၊ အမှာစကားတွေ ၊ဟန်ပြစာရင်းဇယားတွေနှင့်အချိန်ကုန်မနေပဲ တကယ်ရွေ့ အောင်တွန်းကြဖို့  ၊တကယ်အလုပ်ဖြစ်အောင်လုပ်ကြဖို့ လိုပါမည် ။ ထိုအခါစင်္ကာပူကိုမီခြင်းမမီခြင်းဟူသည် ဒုတိယရည်မှန်းချက်ဖြစ်ပြီး အာဆီယံဆယ်နိုင်ငံတွင်အဘက်ဘက်၌ နံပတ် (၉)ချိတ်နေရာမှာ ဘိတ်ဆုံးအဆင့် နံပါတ်(၁၀)သို့ မရောက်ရေးကို သေရေးရှင်ရေးအဖြစ် ဦးနှောက်ခါးတောင်းကျိုက်၍စတင်ကြိုးစားဖို့လိုပြီဖြစ်ပါကြောင်း။

သရ၀ဏ်(ပြည်)  

စောင့်ကြည့်ဂျာနယ်
၁၅.၁၂.၂၀၁၇

Friday, December 22, 2017

ကော်ဖီပေါင်မုန့် ပူတင်း ~ ချိစ်ပြောင်းဖူးလက်ဖက်သုပ် ~ ခေါပုပ် ~ သာခွေယိုင် (ထားဝယ်)

ဒီတစ်ခါတော့ အဆာပြေပဲစားစား နံနက်စာအဖြစ်စားစား စားလို့ရမယ့် မုန့်လုပ်နည်းတွေကို ကူးယူ Share ပေးလိုက်ပါတယ်။

ကော်ဖီပေါင်မုန့် ပူတင်း



ဒီတခါတော့ ကော်ဖီကြိုက်သူများအတွက် စားလို့လဲကောင်း အဟာရလဲရှိတဲ့ ကော်ဖီပေါင်မုန့်ပူတင်းလေးပါ။ ကော်ဖီမှုန့်ကိုတော့ မြန်မာပြည်မှာအလွယ်တကူလဲဝယ်လို့ရပြီး လူကြိုက်များတဲ့ Premier coffee မှုန့်ကိုသုံးထားပါတယ်။ လုပ်စားကြည့်ရအောင်နော်။

ပါဝင်သောပစ္စည်းများ
၁။ ပေါင်မုန့် - ၆ ချပ်
၂။ ကြက်ဥ - ၄ လုံး
၃။ နွားနို့ - ၅၀၀ ml
၎။ ဆား - လက်ဖက်ရည်ဇွန်း ၈ ပုံတပုံ
၅။ သကြား - ထမင်းစားဇွန်း ၁၂ ဇွန်း
၆။ စပျစ်သီးခြောက် - ထမင်းစားဇွန်း ၂ ဇွန်း (မထည့်လဲရ)
၇။ premier espresso coffee mix (သို့) premier 3 in 1 coffee mix - ၂ ထုပ် (၁ ခွက်စာအထုပ်)
၈။ ထောပတ် - ထမင်းစားဇွန်း ၁ ဇွန်း
( ထမင်းစားဇွန်း = 1 tablespoon = 15 ml)
(လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)

ပြုလုပ်နည်း
၁။ ပေါင်မုန့် ပူတင်းလုပ်ရန်အတွက် ၈ လက်မ (သို့) ၉  လက်မ ပတ်လည် လေးထောင့် ဗန်း နှင့် ပြုလုပ်ပါတယ်။ ပေါင်မုန့် ပူတင်းလုပ်မည့် ဗန်းကို ထောပတ် ၁ ဇွန်း ဖြင့် အနှံ့ သုတ်ထားပါ။
၂။ ပေါင်မုန့် ကို လေးပိုင်းပိုင်းပါ။ (အိစံကတော့ တြိဂံပုံလေးတွေဖြစ်အောင်လို့ ပေါင်မုန့် ကို ကြက်ခြေခတ်လှီးလိုက်ပါတယ်။)
၃။ ပိုင်းထားတဲ့ပေါင်မုန့် လေးတွေဗန်းထဲထည့်ပါ။ စပျစ်သီးခြောက်တွေနေရာအနှံ့ ဖြူးထားပါ။
၎။ ဇလုံတခုထဲတွင် ကြက်ဥ၊နွားနို့ ၊ဆား၊ သကြား၊ ကော်ဖီမှုန့်တို့ ကိုထည့်ပြီး သကြားများအရည်ပျော်သည်အထိ ခလောက်ပါ။ ပြီးလျှင် ပေါင်မုန့် များအပေါ်မှဆမ်းပါ။ (အိစံက တြိဂံပုံလေးတွေထောင်လျက် စီထည့်ထားလို့ တြိဂံပုံပေါင်မုန့် ထိပ်လေးတွေရဲ့ အပေါ်ကိုလိုက်လောင်းပါတယ်။)
၅။ ပေါင်မုန့် ပူတင်းမဖုတ်ခင် oven ကို ၃၅၀'F (175'C) မှာ ၁၀ မိနစ်ခန့် ဘာမှမထည့်ပဲအရင်အပူပေးထားပါ။ အပူပေးထားသော oven ထဲမှာ မုန့် ဗန်းကိုထည့်ပြီး ၁ နာရီဖုတ်ပါ။
၆။ ပူပူနွေးနွေး ပေါင်မုန့် ပူတင်းကို နို့ဆီလေးဆမ်းစားရင် ပိုအရသာရှိပါတယ်။

#PremierCoffee

ချိစ်ပြောင်းဖူးလက်ဖက်သုပ်



အခုနည်းလေးကတော့ အိစံတို့ရဲ့ မြန်မာ့ရိုးရာ လက်ဖက်ကို အနောက်တိုင်းစတိုင်လ်လေးနဲ့ ပေါင်းပြီး fusion သဘောမျိုးလေးသုပ်ထားပါတယ်။ လက်ဖက်ကို အခြားနိုင်ငံကသူများကလဲ ကြိုက်ကြတော့ ဒီနည်းလေးနဲ့ သူတို့ကိုဧည့်ခံရင်တော့ အတော်ကို အဆင်ပြေနိုင်ပါတယ်။ ဒီနည်းလေးနဲ့သုပ်မယ်ဆိုရင် ဆီမပါတဲ့လက်ဖက်ကို အသုံးပြုမှ အဆင်ပြေနိုင်ပါတယ်။ အိစံကတော့ အိစံစားနေကျဖြစ်တဲ့ ဆီမပါတဲ့ ဦးကာက ဇယန်းလက်ဖက်နှပ်ကို သုံးပါတယ်။ လုပ်ကြည့်ရအောင်နော်။

ပါဝင်သောပစ္စည်းများ
၁။ ဦးကာက ဇယန်းလက်ဖက်နှပ် - ထမင်းစားဇွန်း ၂ ဇွန်း
၂။ ပြုတ်ပြီး ခြွေထားသော ပြောင်းဖူး - ထမင်းစားဇွန်း ၈ ဇွန်း
၃။ ခရမ်းချဉ်သီး - ၁ ခြမ်း
၎။ ပါးပါးလှီးထားသော ဆလပ်ရွက် - လက်တဆုပ်စာ
၅။ ခြစ်ထားသော ချိစ်အမျှင် - ထမင်းစားဇွန်း ၄ ဇွန်း
(ထမင်းစားဇွန်း ၁ ဇွန်း = လက်ဖက်ရည်ဇွန်း ၃ ဇွန်း = 15 ml)

ပြုလုပ်နည်း
ပါဝင်သောပစ္စည်းများကိုဇလုံတခုထဲထည့်ရ်ျသုပ်ပြီး တည်ခင်းဧည့်ခံနိုင်ပါပြီ။ (လက်ဖက်ကလဲ နှပ်ပြီးသား ချိစ်လဲပါပြီးသားကြောင့်မို့ ဆားထည့်စရာမလိုပါ။)

ချက်ပြုပ်ပြသူ - အိစံ

သာခွေယိုင် (ထားဝယ်)
.....................


 ထားဝယ် မောင်းမကန်ရောက်တဲ့အခါ  ဒီသာခွေယိုင်ဆိုတာလေးကို မလွဲမသွေ တွေ့ရပါတယ်။ ကျွန်မတို့က အဲဒီမှာတော့ မစားခဲ့ရပါဘူး။ ရောင်းတဲ့ အစ်မက ပြောပြလိုက်တာပါ။ ပြောတာတောင် သူ့ဆိုင်ထဲ ခဏဝင်တဲ့အချိန် မေးလာလိုက်တာ။ လွယ်လည်းလွယ်လို့လေ။ ဒီနေရာမှာ တစ်ခုပြောချင်တာက ဓနိပျားဆိုတာ ထားဝယ် သာခွေယိုင်မှာ မပါမဖြစ် ထည့်ကြပါတယ်။ ဓနိပျားကို ရန်ကုန်မှာ ဝယ်လို့မလွယ်ပေမယ့် နိုင်ငံရပ်ခြားတွေမှာ လွယ်ပါ တယ်။ Coconut Sugar Paste  ပါ။ လုပ်ကြည့်ရအောင်။

ပါဝင်ပစ္စည်များ  ( ၅ ယောက်စာ)
- ကောက်ညှင်းအနက်(ချိတ်) - ၁ ခွက်
 (ဆန်ချိန်ခွက်  Rice Cooker)
- အုန်းနို့ဘူး - ၁ ဘူး (200 ml)
- ဓနိပျား  (Coconut Sugar) - ထမင်းစားဇွန်း ၂ ဇွန်း
- ဆား  - အနည်းငယ်


ပြုလုပ်နည်းအဆင့်ဆင့်
၁။ ကောက်ညှင်းကို အနည်းဆုံး ၂ နာရီလောက်တော့ ရေစိမ်ထားလိုက်ပါတယ်။ ရေစိမ်ပြီးသား ကောက်ညှင်းတွေကို စေးပြီး နူးပြဲနေအောင် ပြုတ်ရပါတယ်။ ဓနိပျားပါထည့်ပြီး ပြုတ်ရတာပေါ့နော်။ မွှေပေးနေရင်း နူးအိပြဲလာရင် ရပါပြီ။
၂။ အုန်းနို့ကျိုတာကတော့ ထုံးစံအတိုင်း ဆားလေးကို ပါလေကာလေးထည့်ပြီးြွကက်မြီးတန်းသည်အထိ ကျိုပေးပါ။
၃။ြွကက်မြီးတန်းက ဘာလဲဆိုရင် ကျိုနေရင် ဇွန်းကို မလိုက်လို့ အုန်းနို့အရည်က အောက်ကအိုးမှာ ကျန်ခဲ့တဲ့အရည်နဲ့ တန်းတန်းလေးဖြစ်နေတာကို ပြောတာပါ။ ဒီနေရာမှာ ရပ်လိုက်၊ မီးပိတ်လိုက်မှ အေးတဲ့အခါ တော်တော်ပျစ်ပျစ်လေး အနေရပါတယ်။
၎။ အခုဆိုရင် သာခွေယိုင် ပြင်ဆင်ထားဖို့ အဆင်သင့်ဖြစ်နေပါပြီ။
၅။ ကောက်ညှင်းကို ပန်းကန်ခွက်လေးထဲ ထည့်ပြီး အုန်းနို့ကို ဆမ်းစားရတာပါ။ ဆိမ့်ဆိမ့်ချိုချိုလေးနဲ့ စားလို့တော်တော် ကောင်းပါတယ်။ (ဓနိပျား မရနိုင်လျှင် သကြားသုံးနိုင်ပါတယ်။ ဓနိပျားက ပိုမွှေးပြီး အချိုပိုလေးပါတယ်။)
.................................
မအိသက်
HtetFamily's Creation

ခေါပုပ်
..........


 ဆိုဖီယာက ရှမ်းပြည်နယ်မြောက်ပိုင်းသူဖြစ်လို့ ခေါပုပ်ဆိုရင် နှမ်းထောင်းခေါပုပ်ကို အချပ်လိုက်နဲ့ မီးကင်ရောင်းတာမျိုး နှမ်း၊ ကြံသကာထည့်ပြီး အပျော့ရောင်းတာမျိုးတွေသာ မွေးရပ်ဇာတိမှာ မြင်ခဲ့၊ ရင်းနှီးခဲ့တာပါ။ ပြီးခဲ့တဲ့နှစ်က တောင်ပိုင်းအလည်သွားတော့ ဈေးထဲမှာ ခေါပုပ်အဖြူကို နှမ်းမဲလုံးနဲ့ လူးပြီး ထန်းလျက်ရည်နဲ့ တွဲဖက်စားတဲ့ အလေ့အထလေးကို တွေ့ခဲ့ဖူးတာပါ။ ဒါလေးကတော့ အဝေးရောက်နေသူများ လွယ်လွယ်ကူကူ လုပ်စားနိုင်အောင် ပြုလုပ်ထားတဲ့ လုပ်နည်းလေးဖြစ်ပါတယ်။ နှမ်းမဲလုံးမရနိုင်ပါက ရိုးရိုးနှမ်းမဲ၊ နှမ်းဖြူတို့ကို အစားထိုးပြုလုပ်နိုင်ပြီး မွှေးရနံ့ ကွာခြားသွားမှာ ဖြစ်ပါတယ်။ လုပ်စားကြည့်ရအောင်နော်။

ပါဝင်ပစ္စည်း
- ကောက်ညှင်းမှုန့် - ၂၅၀ ဂရမ်
- ရေ -  220 ml
- ဆား  - အနည်းငယ်
- နှမ်းမဲလုံးထောင်း - တစ်ပန်းကန်
- ထန်းလျက်ရည်  - တစ်ပန်းကန်
- ဆီ - အနည်းငယ်

ပြင်ဆင်ပြုလုပ်ပုံ
၁။ ကောက်ညှင်းမှုန့်ကို ပန်းကန်တစ်ခုထဲထည့်ပြီး ဆားနှင့်ရေကိုထည့်ကာ သမအောင် နယ်ပေးပါ။
၂။ ပန်းကန်ကို မိုက်ခရိုဝေ့မှာ အသုံးပြုနိုင်တဲ့ပန်းကန်ကို ရွေးပြီး အသုံးပြုပါ။ မုန့်နှစ်ပန်းကန်ကို မိုက်ခရိုဝေ့မှာ ၁ မိနစ်လျှင် ၁ ကြိမ်ခန့် အပူပေးပြီး အပြင်ထုတ်ကာ သမအောင်ပေးပါ။
၃။ ၃ ကြိမ်ခန့်ပြုလုပ်ပြီး မုန့်နှစ်ကျက်ပါက ခဏအအေးခံကာ မုန့်လုံးကို ဆီအနည်းငယ်လူးပေးပြီး သန့်ရှင်းတဲ့ အိတ်တစ်ခု ထဲထည့်ကာ စဉ်းတီတုံးပေါ်မှာ တလိမ့်တုံးနှင့် နာနာထုပေးပါ။ ညက်လာပါက အပြင်ထုတ်ယူကာ ကတ်ကြေးဖြင့် ညှပ်ယူပြီး အသင့်လှော်ထောင်းထားသော နှမ်းလှော်မှာ လူးပေးကာ ထန်းလျက်ရည်ဖြင့် တွဲဖက်တည်ခင်းနိုင်ပါပြီ။
............................
Sofia