Saturday, December 2, 2017

ယိုးဒယား ဝက်သားပြားကင် - လက်ဖက်အသားလုံးကြော်မွှေးမွှေးလေး - လက်ဖက်ရည် အိမ်ဖျော်

ဟင်းအတွဲအစပ်သဘော မဟုတ်ပေမယ့် အခုလို ရာသီမှာ အဆာပြေဖြစ်ဖြစ် ဧည့်သည်များကို ဧည့်ခံဖို့ပဲဖြစ်ဖြစ် အဆင်ပြေတဲ့ ဟင်းအချို့ကို တင်ပေးဖြစ်တာပါ။

မြန်မာ့ရိုးရာ လက်ဖက်အသားလုံးကြော်မွှေးမွှေးလေး



လက်ဖက်အသားလုံးကြောမွှေးမွှေးလေးကို ကြိုက်တာနဲ့ တပတ်ထဲကို ၂ ခါလုပ်စားပလိုက်တယ်။ ပထမတခါကတော့ ပြောင်းဖူး များများထည့်ထားတယ်။ ဒုတိယတခါမှာလျော့ထည့်ကြည့်တယ်။ ပြောင်းဖူးများတာကပိုစားကောင်းလို့ပထမနည်းလေးကိုရေးပေးလိုက်တယ်နော်။ အိမ်ကတော့ တအိမ်လုံးကြိုက်ကြလို့ ကိုယ်လုပ်ကျွေးရကျိုးနပ်တဲ့ အသားလုံးကြော်လေးပါ။ လက်ဖက်ကိုတော့ ဆီလုံးဝမပါသော သန့်ရှင်းသော ဦးကာကဇယန်းနှပ်လက်ဖက်ကိုသုံးထားပါတယ်။ လုပ်စားကြည့်ရအောင်နော်။

ပါဝင်သောပစ္စည်းများ
၁။ ကြက်သား (သို့) ဝက်သား - ၂၅ ကျပ်သား
၂။ ဦးကာက ဇယန်းနှပ်လက်ဖက် - ထမင်းစားဇွန်း ၄ ဇွန်း
၃။ ကြက်သွန်ဖြူ - ၃ မွှာ
၎။ ခြွေထားသော ထိုင်ဝမ်ပြောင်းဖူး - ထမင်းစားဇွန်း ၈ ဇွန်း
၅။ ယိုးဒယား ငံပြာရည် - ထမင်းစားဇွန်း ၁ ဇွန်း
၆။ ခရုဆီ - ထမင်းစားဇွန်း ၁ ဇွန်း
၇။ သကြား - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
၈။ အကြော်မှုန့် - ထမင်းစားဇွန်း ၁ ဇွန်း
( ထမင်းစားဇွန်း = 1 tablespoon = 15 ml)
(လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)

ပြုလုပ်နည်း
၁။ လက်ဖက်နှင့် ကြက်သွန်ဖြူကိုတောက်တောက်စဉ်းထားပါ။
၂။ ဇလုံတခုထဲကို အသား၊ တောက်တောက်စဉ်းထားသော လက်ဖက်နှင့် ကြက်သွန်ဖြူ နှင့် ပါဝင်သောပစ္စည်းများအားလုံးကိုထည့်ရ်ျ သမအောင်နယ်ပါ။
၃။ ထို့နောက် ဆီပူပူမှာအလုံးလေးများလုံးရ်ျ ညိုလာသည်အထိကြော်ပါ။ အသားလုံးလေးများညိုလာလျှင် ဆီအိုးမှဆယ်ရ်ျ ဆီစစ်ထားပါ။ မြန်မာ့ရိုးရာ လက်ဖက်အသားလုံးကြော်မွှေးမွှေးလေးကို သုံးဆောင်နိုင်ပါပြီရှင်။

#Ukarka

ယိုးဒယား ဝက်သားပြားကင်



BKK night market မှာနာမည်ကြီးပြီး လူကြိုက်များလှတဲ့ ယိုးဒယား ဝက်သားပြားကင်လေးပါ။ သူရဲ့ အနံ့ ကတော့ မွှေးပြီး အရသာအလွန်ရှိတာကြောင့် စားဖူးတဲ့သူတိုင်းကြိုက်နှစ်သက်ကြပါတယ်။ ပါဝင်သောပစ္စည်းတွေကလဲ လက်တကမ်းမှာရနိုင်တာမို့ လုပ်စားကြည့်ရအောင်နော်။

ပါဝင်သောပစ္စည်းများ
၁။ အသားချည်း ဝက်သား - ၂၅ ကျပ်သား (သို့) ၁ ပေါင်
၂။ ကြက်သွန်ဖြူ - ၂ မွှာ
၃။ နံနံပင် အမြစ် - ၃ ခု (သို့) နံနံပင်အရိုး(အရွက်များမပါရပါ။) - လက်တဆုပ်စာ
၎။ အုန်းနို့ - ထမင်းစားဇွန်း ၄ ဇွန်း
၅။ နို့စိမ်း - ထမင်းစားဇွန်း ၁ ဇွန်း (မထည့်လဲရ)
၆။ ယိုးဒယား ငံပြာရည် - ထမင်းစားဇွန်း ၁ ဇွန်း
၇။ ပဲငံပြာရည်အပျစ်(ကြာညို့) - ထမင်းစားဇွန်း ၁ဇွန်း
၈။ ပျားရည် (သို့) သကြား - ထမင်းစားဇွန်း ၁ ဇွန်း
၉။ ငရုတ်ကောင်းအဖြူ - လက်ဖက်ရည်ဇွန်း ၁ ဇွန်း (မရှိလျှင်ငရုတ်ကောင်းအမည်းကိုထည့်နိုင်ပါတယ်။)
၁၀။ ခရုဆီ - ထမင်းစားဇွန်း ၁ ဇွန်း
၁၁။ ဝါးတုတ် - ၁၅ -၂၀ ချောင်း
( ထမင်းစားဇွန်း = 1 tablespoon = 15 ml)
(လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)

ပြုလုပ်နည်း
၁။ ဝက်သားကို အပြားလိုက် စင်တီမီတာဝက် လောက်လှီးထားပါ။ ကြက်သွန်ဖြူ နှင့် နံနံပင်အရိုး (သို့) နံနံပင်အမြစ်ကိုညက်နေအောင်ထောင်းထားပါ။ ဝါးတုတ်များကိုရေစိမ်ထားပါ။
၂။ ဇလုံတခုထဲကိုဝက်သားပြားများထည့် ထောင်းထားသော အရာများထည့်၊ ကျန်သော အရာများအားလုံးထည့်ပြီး နှံ့အောင်နယ်ပါ။ထို့နောက် သေတ္တာအအေးခန်းထဲထည့်ရ်ျ အနည်းဆုံး ၄ နာရီခန့်နှပ်ထားပါ။ (တညနှပ်ရင်ပိုကောင်းပါတယ်။)
၃။ နှပ်ထားသော ဝက်သားပြားများကို ရေစိမ်ထားသော ဝါးတုတ်များဖြင့်ထိုးရ်ျ ကင်ပါ။ ကင်နေတုန်းမှာ နှပ်ထားသော အရည်များကိုသုတ်ပေးပါ။ အရမ်းအကြာကြီး ကင်စရာမလိုပါဘူး။ ဟိုဘက်ဒီဘက်ကျက်လျှင် မီးဖိုပေါ်မှချပါ။
၎။ အချဉ်ရည်အတွက် နံနံပင်အရိုးကိုပါးပါးလှီး၊ ငရုတ်သီးစိမ်းနှင့်ကြက်သွန်ဖြူကိုညက်နေအောင်ထောင်း၊ ယိုးဒယားငံပြာရည်၊ သကြား၊ သံပုရာရည်တို့ဖြင့် ပြုလုပ်ပါ။
၅။ ယိုးဒယား ဝက်သားပြားကင် မွှေးမွှေးလေးကို ကောက်ညှင်းပေါင်း၊ အချဉ်ရည်တို့ဖြင့်တွဲရ်ျသုံးဆောင်နိုင်ပါပြီရှင်။

လက်ဖက်ရည် အမြန်နှပ်ပြီးဖျော်နည်း (အလွန်ဆုံးကြာ ၁၅ မိနစ်)



အရင်တခါ လက်ဖက်ရည်နှပ်နည်းကတော့ ဆိုင်တွေလိုမျိုး လက်ဖက်ခြောက်လေးကိုတနေကုန်နည်းပါးလေးနှပ်ပြီးမှဖျော်တဲ့နည်းပါ။ အခုတခါကတော့ အချိန်မရတဲ့သူတွေအတွက် ဖျော်တဲ့နည်းလေးပါ။ အခုနည်းမှာတော့ လက်ဖက်ခြောက်ပိုကုန်ပါတယ်။ ဖျော်နည်းကတော့ သိပ်မကွာပါဘူး။ လက်ဖက်ခြောက်များများရှိနေရင် ဒီနည်းလေးနဲ့ဖျော်ရင် အချိန်ကုန်သက်သာပါတယ်။ လက်ဖက်အချိုခြောက်ကိုတော့ ဦးကာကကထုတ်တဲ့ လက်ဖက်အချိုခြောက်ကိုသုံးထားပါတယ်။ အထုပ်၂ မျိုးလာပါတယ်။ တမျိုးကတော့ ဦးကာက တံဆိပ်နဲ့ပါ။နောက်တမျိုးကတော့ စိန် တံဆိပ်နဲ့ပါ။ ဧည့်သည်လာခါနီး မြန်မြန်လဲဖျော်လို့ရတဲ့နည်းလေးမို့လုပ်ကြည့်နော်။

ပါဝင်သောပစ္စည်းများ (၃ ခွက်စာ)
၁။ ဦးကာက (စိန်) လက်ဖက်အချိုခြောက် - ထမင်းစားဇွန်း ၂ ဇွန်း
၂။ ရေ - ၁ လီတာ
၃။ နို့စိမ်း - ထမင်းစားဇွန်း ၄ ဇွန်း
၎။ နို့ဆီ - ထမင်းစားဇွန်း ၄ ဇွန်း
၅။ ဆား - အနည်းငယ်
(ထမင်းစားဇွန်း = ၁၅ ml = လက်ဖက်ရည်ဇွန်း ၃ ဇွန်း)

ပြုလုပ်နည်း
၁။ ဦးကာက (စိန်) လက်ဖက်အချိုခြောက်ကိုဆား၊ ရေ တလီတာဖြင့် မီးဖိုပေါ်မှာ မီးပြင်းပြင်းဖြင့်တည်ပါ။ ပွက်လာလျှင် နောက်ထပ် ၅ မိနစ်ခန့်ဆက်တည်ပါ။ ထို့နောက် မီးဖိုပေါ်မှချပြီးရေစစ်ဖြင့်စစ်ပါ။
၂။ အဖန်ရည်ထဲကို နို့စိမ်း၊ နို့ဆီတို့ထည့်ရ်ျ သမအောင်မွှေပြီး သောက်သုံးနိုင်ပါပြီရှင်။

#Ukarka

ချက်ပြုတ်ပြသူ - အိစံ

No comments: