Tuesday, February 28, 2017

ပါမောက္ခချုပ်ဆရာတော် ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ ၏ တရား (၄) ပုဒ်


“မျှော်လင့်ခြင်း၏ အင်အားများ”-
အကြောင်း တရားဒေသနာတော်-MP3
•••••••••••••••••••••••••••••••••••••

Download နှင့် Online မှ တိုက်ရိုက်နာယူနိုင်မည့် Links :
File size : 13.77 MB

http://www.mediafire.com/file/ezotf9a1xd1qxa7/%E2%80%9C%E1%80%B1%E1%80%99%E1%80%BD%E1%80%BA%E1%80%AC%E1%80%B9%E1%80%9C%E1%80%84%E1%80%B9%E1%80%B7%E1%80%BB%E1%80%81%E1%80%84%E1%80%B9%E1%80%B8%E1%81%8F_%E1%80%A1%E1%80%84%E1%80%B9%E1%80%A1%E1%80%AC%E1%80%B8%E1%80%99%E1%80%BA%E1%80%AC%E1%80%B8%E2%80%9D.mp3

Dhamma Dãna Source ►
www.facebook.com/youngbuddhistassociation.mm

“ဘာသာတရားနှင့် ကိုးကွယ်မှုသရဏဂုံ”
အကြောင်း တရားဒေသနာတော်-MP3
•••••••••••••••••••••••••••••••••••••

Download နှင့် Online မှ တိုက်ရိုက်နာယူနိုင်မည့် Links :
File size :18.51 MB

http://www.mediafire.com/file/zgq8e9satgu8vkh/%E2%80%9C%E1%80%98%E1%80%AC%E1%80%9E%E1%80%AC%E1%80%90%E1%80%9B%E1%80%AC%E1%80%B8%E1%82%8F%E1%80%BD%E1%80%84%E1%80%B9%E1%80%B7_%E1%80%80%E1%80%AD%E1%80%AF%E1%80%B8%E1%80%80%E1%80%BC%E1%80%9A%E1%80%B9%E1%80%99%E1%82%88%E1%80%9E%E1%80%9B%E1%80%8F%E1%80%82%E1%80%B6%E1%80%AF%E2%80%9D.mp3

Dhamma Dãna Source ►
www.facebook.com/youngbuddhistassociation.mm

“လမ်းမှန် နှင့် လမ်းမှား”-
အကြောင်း တရားဒေသနာတော်-MP3
•••••••••••••••••••••••••••••••••••••

Download နှင့် Online မှ တိုက်ရိုက်နာယူနိုင်မည့် Links :
File size :9.77 MB

http://www.mediafire.com/file/013wmbvpj8mo1cc/%E2%80%9C%E1%80%9C%E1%80%99%E1%80%B9%E1%80%B8%E1%80%99%E1%80%BD%E1%80%94%E1%80%B9_%E1%82%8F%E1%80%BD%E1%80%84%E1%80%B9%E1%82%94_%E1%80%9C%E1%80%99%E1%80%B9%E1%80%B8%E1%80%99%E1%80%BD%E1%80%AC%E1%80%B8%E2%80%9D.mp3

Dhamma Dãna Source ►
www.facebook.com/youngbuddhistassociation.mm

“အရှုပ်ကို ရှင်းနိုင်သူ”-
အကြောင်း တရားဒေသနာတော်-MP3
•••••••••••••••••••••••••••••••••••••

Download နှင့် Online မှ တိုက်ရိုက်နာယူနိုင်မည့် Links :
File size : 12.79 MB

http://www.mediafire.com/file/q4ndaf4sxz4xqld/%E2%80%9C%E1%80%A1%E1%80%9B%E1%80%BD%E1%80%B3%E1%80%95%E1%80%B9%E1%80%80%E1%80%AD%E1%80%AF_%E1%80%9B%E1%80%BD%E1%80%84%E1%80%B9%E1%80%B8%E1%82%8F%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%9E%E1%80%B0%E2%80%9D.mp3

Dhamma Dãna Source ►
www.facebook.com/youngbuddhistassociation.mm

Monday, February 27, 2017

Static stretching before lifting weight ?

လူမေးများသော မေးခွန်း - Gym မကစားခင် အကြောလျှော့သင့်သလား ✅ or ❎

( Static stretching before lifting weight ??? )


မှတ်မှတ်ရရ " Gym မသွားမီ ကြိုတင်ပြင်ဆင်ခြင်း " ဆောင်းပါးမှာ ဖြစ်မယ်ထင်ပါတယ်။ လေ့ကျင့်ခန်းမလုပ်ခင် အကြောမလျှော့ပါနဲ့လို့ ရေးခဲ့ဖူးပြီး ဒီအချက်အပေါ် မေးခွန်းတော်တော် ထုတ်ခံခဲ့ရပါတယ်။ အဲဒီတုန်းကတော့ သိပ်အရေးမကြီးဘူး၊ လူတွေ သိပ်မသိချင်လှဘူး ထင်ပြီး တိုတိုတုတ်တုတ် အကြော မလျှော့နဲ့ပဲ ပြောခဲ့ပါတယ်။

ဒီနေ့တော့ ဘာ့ကြောင့် အကြောမလျှော့သင့်ဘူးလို့ ပြောသလဲ၊ ဘာတွေမကောင်းလို့လဲ၊ ဒါဆို ဘာလုပ်သင့်သလဲဆိုတဲ့ အကြောင်းကို အကျယ်ကြည့်လိုက်ရအောင်။ တနည်းပြောရရင် သင့်ရဲ့ ဗဟုသုတကို Next level ရောက်အောင် သွားကျမယ် ဆိုပါစို့။

*************************

၁။ အကြောလျှော့ခြင်းနဲ့ သွေးပူလုပ်ခြင်းဟာ မတူပါဘူး

ဒီနှစ်ခုကို မရှုပ်ထွေးပါနဲ့။

- အကြောလျှော့ခြင်း

အကြောလျှော့ခြင်းဟာ အကြောတွေ ပြေလျော့သွားအောင် လုပ်တာပါ။ ဥပမာအနေနဲ့ ပြောရရင် ခန္ဓာကိုယ်ကြွက်သားတစ်ခုကို သင်လုပ်နိုင်တဲ့ အနေအထားထိ ဆွဲဆန့်မယ်၊ ပြီးရင် စက္ကန့် ၃၀-၆၀ အထိ အဲအတိုင်းနေပြီး ပြေလျော့အောင် လုပ်တာပေါ့။ ခြေထောက်ကို ထိုင်လျက်ဆန့်ထုတ်ပြီး ခေါင်းနဲ့ ဒူး ထိအောင်ကွေးတာမျိုးကို အကြောလျှော့တယ်လို့ ခေါ်ပါတယ်။ ဒါက မြန်မာ အခေါ်အရ ခေါ်တဲ့ အကြောလျှော့ခြင်း။

ဒါပေမယ့် အင်္ဂလိပ်လို ခေါ်ရင်တော့ Static stretching (အငြိမ်နေပြီး အကြောလျှော့ခြင်း) ပေါ့။ Golden_Dreams မှာ အရင်ကရေးခဲ့တဲ့၊ မလုပ်သင့်ပါဘူးဆိုတဲ့ အကြောလျှော့ခြင်းဆိုတာ ဒီ Static stretching ကို ဆိုလိုပါတယ်။

- သွေးပူလုပ်ခြင်း

သွေးပူလုပ်ခြင်းဆိုတာ ခန္ဓာကိုယ်အတွင်း သွေးလှည့်ပတ်မှုကောင်းအောင်၊ Body temperature မြင့်လာအောင် လုပ်တာပါ။ ခုန်ပေါက်တာ၊ Stair master လုပ်တာ၊ စက်ဘီးနင်းတာ၊ ပြေးစက်ပေါ် ခဏပြေးတာ စသဖြင့် လုပ်ရင် သွေးပူလာတယ်ဟုတ်။ ဒါမျိုးကို သွေးပူလို့ ခေါ်ပြီး အလေးမဆော့ခင် ၅-၁၀ မိနစ်လုပ်ခြင်းက ကောင်းမွန်ပါတယ်။

**********************
၂။ အလေးမဆော့ခင် အကြောလျှော့ခြင်းဟာ သွေးပူ မလာစေပါဘူး

Workout တစ်ခု၊ Exercise တစ်ခု စလုပ်တော့မယ်ဆိုရင် သင်ဟာ သွေးပူနေဖို့၊  နှလုံးခုန်နှုန်းမြင့်နေဖို့၊ အသက်ရှူနှုန်းမြန်နေဖို့ လိုပါတယ်။ ဒါမှလဲ ကိုယ့်ကို စောင့်ကြိုနေတဲ့၊ ပင်ပန်းခက်ခဲတဲ့ အလေးတုံးတွေကို မဖို့၊ နောက်တစ်ဆင့်ထိ ခန္ဓာကိုယ်ကို စိန်ခေါ်ဖို့ အဆင်သင့် ဖြစ်နေမှာမလား။

ဒါဆို အကြောလျှော့လိုက်ရင် ဘာဖြစ်သွားနိုင်မလဲ။ အကြောလျှော့တယ်၊ Yoga လုပ်တယ်ဆိုတာ ကြွက်သားတွေကို ဆွဲဆန့်တာပါ။ ဒီလိုအချိန်မှာ နှလုံးခုန်နှုန်း နှေးသွားမယ်၊ Body temperature ကျသွားမယ်။ တစ်နည်းပြောရရင် သင်ဟာ Relax ဆိုတဲ့ အနေအထားတစ်ခုက်ု ရောက်သွားတယ်လို့ ပြောရပါမယ်။ ဒါကပဲ Workout မစခင် အကြောမလျှော့သင့်တာရဲ့ အကြောင်းပြချက် တစ်ခုပါပဲ။ လေ့ကျင့်ခန်း မစခင် သင်ကြွက်သားတွေကို ပြင်ဆင်ထားချင်တာ Explosive ဖြစ်အောင်၊ Relax ဖြစ်နေအောင် မဟုတ်ပါ။

************************
၃။ အကြောလျှော့ခြင်းက ကြွက်သားထဲမှာ ရှိနေတဲ့ အားကို လျော့စေပါတယ်

သုတေသနပြုထားတာတွေ အများကြီးရှိတဲ့ အထဲက University of Milan မှာလုပ်တဲ့ သုတေသန တစ်ခု အဖြေနဲ့စပါရစေ။

အဲ တက္ကသိုလ်မှာ လူ ၁၇ ယောက်ကို ၂ ရက်ခွဲပြီး သုတေသန လုပ်ပါတယ်။ ပထမတစ်ရက်မှာ အကြောမလျှော့ပဲ သွေးပူပဲ လုပ်ပြီး Workout လုပ်။ ဒုတိယ တစ်ရက်မှာတော့ သွေးပူမလုပ်၊ အကြောပဲလျှော့ပြီး Workout လုပ်ပေါ့။ လုပ်တဲ့ Workout က အလေးဆော့တာရယ်၊ အမြင့်ခုန်တာရယ်ပါ။

ဒီမှာတွေ့ရတာ သွေးပူလုပ်တဲ့နေ့ ( အကြောမလျှော့)မှာ ပိုပြီး အမြင့်ခုန်နိုင်သလို၊ ပိုပြီးလဲ လေးလံတာ ဆော့နိုင်ပါတယ်တဲ့။

တွေ့ရှိချက်နဲ့ ပတ်သက်ပြီး ထွက်လာတဲ့ သီအိုရီနှစ်မျိုးရှိပါတယ်။

ပထမ သီအိုရီက ကြွက်သားလေ့ကျင့်တယ်ဆိုတာ ကြွက်သားကို ကျုံ့သွားအောင် လုပ်တာပါ။ ကြွက်သားတွေကို အကြောလျှော့လိုက်တဲ့အခါမှာ ပြန်ကျုံ့ဖို့ လုပ်ဖို့ ပိုခက်သွားပါတယ်။ ဒါ့ကြောင့် အလေးဆော့တဲ့အခါ (အလေးဆော့တာ ကျုံ့သွားအောင်လုပ်တာ) ထင်သလောက် မမ နိုင်တော့တာပါပဲတဲ့။

ဒုတိယ သီအိုရီကျ ကြွက်သားတွေမှာ ကျုံ့နေတဲ့ ပုံစံအနေအထားဆို သိုလှောင်ထားတဲ့ စွမ်းအင်ရှိပါတယ်။ ဒီစွမ်းအင်ကို Elastic energy လို့ သတ်မှတ်ပြီး အကြောလျှော့လိုက်ခြင်းက ကြွက်သားကို ဆွဲဆန့်လိုက်သလိုဖြစ်စေတာမလို့ စွမ်းအင် တစ်ချို့ ပျောက်သွားတယ်လို့ ဆိုပါတယ်။ လွယ်လွယ်နားလည်ချင်ရင် သားရေကွင်း တစ်ခုလိုပါပဲ။ လက်နဲ့ ဆွဲဆန့်လိုက်တဲ့အခါ မူလပုံစံကို ပြန်ရောက်ဖို့ ရုန်းတဲ့အားပေါ့။ ဒါပေမယ့် ဆွဲဆန့်ပါများလို့ သားရေကွင်း ပြေလျော့သွားရင် အဲရုန်းကန်အားလည်း နည်းသွားလို့ သားရေကွင်း ပုံစပျက်လာတော့တာပါပဲ။

ဒီသီအိုရီဟာ အပေါ်က ပြောခဲ့တဲ့ အကြောလျှော့လိုက်ရင် Explosive ဖြစ်မှု လျော့သွားစေတယ်ဆိုတဲ့ အချက်နဲ့ သွားကိုက်ညီပါလေရော။

*************************
Workout မလုပ်ခင် အကြောလျှော့ခြင်းဟာ အလေးမတဲ့ ခွန်အား၊ အမြင့်ခုန်တဲ့ ခွန်အား၊ အမြန်ပြေးတဲ့ အရည်အသွေး စတာတွေကို ကျစေတယ်၊ အပြည့်အဝ မရစေဘူးဆိုတဲ့ သုတေသန များစွာ အကြောင်း ဆက်မပြောတော့ပါဘူး။ အဲတာတွေအစား အကြောလျှော့တာက မသင့်တော်ဘူးဆိုရင် Workout မလုပ်ခင် ဘာလုပ်တာက သင့်တော်သလဲ ပြောတာက ပိုအကျိုး ရှိမယ် မဟုတ်လား။

- Workout မလုပ်ခင်

သွေးပူလုပ်ပါ။ Dynamic stretching လို့ ခေါ်တဲ့ သွေးပူလုပ်နည်းဆိုတာက  ကြွက်သားတစ်ခုကို အခေါက်ခေါက် အခါခါ အပေါ့စား လှုပ်ရှားတာပေါ့။

ဥပမာ ထိုင်ထ လုပ်မယ်ဆို အလေးမပါပဲ ထိုင်ထအရင်လုပ်တာ။ ခြေဘယ်ညာ ကွေးထိုင်တာ စသဖြင့် လုပ်နိုင်ပါတယ်။ ရင်ဘတ်တွန်းမယ်ဆိုရင်လဲ အလေးတုံး ပေါ့ပေါ့လေးနဲ့ အကြိမ် ၂၀ လောက်တွန်းတာပေါ့။ ဒါမှမဟုတ်ရင် ပြေးစက်၊ လှေကားတက်စက်၊ စက်ဘီးနင်းစက်တွေမှာလဲ ၅မိနစ်ခန့် လုပ်နိုင်ပါတယ်။

ဒီလိုလုပ်ပေးခြင်းဟာ ကြွက်သားတွေကို နွေးထွေးလာစေနိုင်သလို နှလုံးခုန်နှုန်း၊ Body temperature တွေကိုလဲ မြင့်တက်လာစေတာမလို့ သင့်ကို လာမယ့် Main workout အတွက် Ready ဖြစ်စေပါလိမ့်မယ်။

- Workout လုပ်အပြီး

အကြောလျှော့ချင်သပါ့ ဆိုသူများအတွက် ဒီအချိန်ဟာ အသင့်တော်ဆုံးပါပဲ။ ဒီအချိန်မှာ အကြောလျှော့ခြင်းဟာ Workout အတွင်း Stress များခဲ့တဲ့ သင့်ကြွက်သားတွေကို Relax အနေအထားကို ပြန်ရောက်စေတာမလို့ လုပ်ဖို့ သင့်တော်ပါတယ်။



************************
Workout မလုပ်ခင် အကြောလျှော့သင့်တယ်ဆိုပြီး အသိများပါတယ်။ ဒီလိုမျိုးအချိန်မှာ မလုပ်သင့်ပါဘူးလို့ ပြောရတာလဲ ခပ်လန့်လန့်ရယ်ပါ။

အသစ်အဆန်းမလို့ လူကြိုက်အောင် ပေါက်ကရ လုပ်ပြန်ပြီ ထင်သူများလဲ ရှိနိုင်ပေမယ့် Golden_Dreams page အနေနဲ့ မသိသေးတဲ့ အချက်တွေ၊ အယူအဆအသစ်တွေ ဖတ်သူတွေ လက်ထဲရောက်အောင် ထည့်ပေးနိုင်ဖို့သာ ရည်ရွယ်ပြီး ရေးလိုက်ပါတယ်။

အကြောင်းအရာ အယူအဆ ကွဲပြားတာတွေ ရှိတာမလို့ လုပ်တာမှန်တယ်၊ လုပ်တာမှားတယ်လို့ မပြောလိုပါ။

လက်တွေ့ကျသလား၊ မကျသလား သင်တို့ဘာသာ ဆုံးဖြတ်ကြပါလို့။

*** မကစားခင်​ သွေးပူလေ့ကျင့်ခန်းလုပ်ပေးသင့်ပြီး ကစားပြီးနောက် အကြောလျှော့လေ့ကျင့်ခန်း လုပ်သင့်တာမျိုးဖြစ်ပါတယ်။

Credit:  Golden_Dreams Page

Sunday, February 26, 2017

"ရေစင်ကြေး"

" ရေစင်ကြေး "
===========


                                                       #နေဝင်းမြင့်

📖📖📖📖📖
၁။
သူကြီးကတော် မကောက်ကျစ်က မနက်တိုင်း လင်သူကြီး ထိုင်နေကျ ဂျွတ်တက်နေတဲ့ ကျွန်းစားပွဲပေါ် နှီးတောင်းကန်တော့ပွဲတင်တယ်။စားပွဲပေါ် ဒန်ပန်းကန်တစ်ချပ်တင်ပြီး ဖယောင်းတိုင်သုံးတိုင် ထွန်းတယ်။စားပွဲကို လင်သုံးချက် မယားသုံးချက် ခပ်ပြင်းပြင်းပုတ်တယ်။ဘယ်နတ်ကို တိုင်တည်မှန်းမသိရပေမယ့်ပါးစပ်က တတွတ်တွတ်ရွတ်တယ်။"ညောင်ပုစစ်ရွာမှာ အမှုအခင်းနည်းလွန်းလို့ များများကြီးပေါ်ပေါက်အောင် မွှေတော်မူပါ။အမှုကြီးကြီး ဒီးတိုက်အောင် ခလောက်ဆန်တော်မူပါ။ပြသနာကြီးကြီး ဗျည်းစဉ်ခတ်အော် ဖွတော်မူပါ "
📖📖📖📖📖
၂။
ရွာနာမည်က ညောင်ပုတစ်တုပ်။သူကြီးနာမည်က ကိုဂျာရစ်။သူကြီးကတော်က မကောက်ကျစ်။ရွာကစာချိုးတယ်။သူကြီးဂျာရစ် ညောင်ပုဆစ် ကောက်ကျစ်ကိုလည်း "စ"သတ်မည် တဲ့။
လွန်ခဲ့တဲ့ ဆယ့်လေးငါးနှစ်က ရွာသူကြီးဟောင်း ကိုတရော် မရှိကတည်းက တက်လာတဲ့ သူကြီးကို သူကြီးသက်ရှည်လွန်းလို့ ရွာက ဗကဗြဟ္မာ ခေါ်ကြတယ်။ဗကဗြဟ္မာက ဗြဟ္မာသက် နှစ်ကမ္ဘာ ကပ်နဲ့ ချီပြီးရှည်တာကိုး။ကိုဂျာရစ်က သူကြီးဂိုက်ကဖမ်းသေးတာပါ။ရှေးမြန်မာမင်းများလက်ထပ်တွေတုန်းက သူကြီးတွေလို ဖျင်တိုက်ပုံ ရင်ဖုံးကြယ်သီးတံတပ်နဲ့ ဆယ်တောင်ကွက်တုံးပုဆိုးကြီးနဲ့ကိုး။သူကြီးကတော် မကောက်ကျစ်ကလည်းမထူးပါဘူး။သက်ငယ်ပျစ်စားရတဲ့ဘဝက လာသူဆိုပေမဲ့ သူကြီးကတော်ဖြစ်ပါပြီဆိုကတည်းက ရွှေနှင်းဆီ ကြယ်သီးတပ်ရင်ဖုံးနဲ့ နာနတ်လျှော်ထမီပတ်လည်စင်းနဲ့ ခပ်တင်းတင်းနေတော့တာပါ။သူကြီး ကိုဂျာရစ်က မက်ခွံပိတ်ကြီးနဲ့ သင်းခွေချပ်တစ်ကောင်နဲ့တူသလို မကောက်ကျစ်ကလည်း မျက်ပိုးကျကြီးနဲ့ နှံကောင်နဲ့တူလေရဲ့။သူကြီးကိုဂျာရစ် သူကြီးသက်ရှည်တာလည်းမပြောနဲ့ မကောက်ကျစ်ကပဲ ပတ်မလုံးစုံ စီစဉ်သွားတာဆိုတော့ သူကြီးရွေးပွဲတိုင်း ကိုဂျာရစ်နိုင်တာချည်းပဲ။

"ကိုဂျာရစ်......သူကြီးရွေးပွဲတော့နီးပြန်ပြီ။ရွာမှာ ပွဲနှစ်ညထည့်မယ်။တစ်ရွာလုံး ထမင်းရုံထိုးပြီး ထမင်းကျွေးမယ်။တစ်အိမ်ထောင် ငွေတစ်ဆယ်ချေးမယ်။မနှမြောနဲ့ အဲဒီလောက်ရင်းထားရင် လေးနှစ်လောက် သူကြီးကြေးထိုင်စားရုံပဲ"

ဟုတ်လည်းဟုတ်ပါရဲ့။သူကြီးရွေးပွဲတိုင်း ကိုဂျာရစ်ပဲ သူကြီးပြန်ဖြစ်တယ်။ချေးထားတဲ့ ငွေတစ်ဆယ်ကလည်း သူ့ခေတ်နဲ့ သူ့အခါ များတဲ့ငွေဆိုတော့ မဆပ်ချင်သူက သူကြီးမဲတစ်မဲထည့်ပေးရုံပဲ။မဲသာထည့် အကြွေးတစ်ဆယ်ကြေတယ်။အဲဒီလိုနဲ့ သူကြီးမြဲနေတော့ ရွာကတော့ပြောကြတာပေါ့။

"သူကြီးတို့များ ရာထူးမြဲလိုက်ပုံ စဥ့်အိုးထဲ ဖားပြုတ်ထည့်ပြီး အပေါ်က ကျောက်ပြားဖုံးထာသာကျလို့"
"ဖားပြုတ်က ထွက်နိုင်ပါသေးကွာ ငါးရှဥ့်မြှုံးနဲ့ တူတာမောင်ရ ဝင်ပြီးထွက်မရတော့ဘူး"

ပြောလေ ဘာဖြစ်လိမ့်မတုံး ။ဒီလိုမြဲအောင် လုပ်ရတာလွယ်မှတ်လို့။ဒါမျိုးများကြားရင် မက်နှာကြီး ဆူပုပ်နေတော့တာ။

"ငါ့များ ဖဝါးတိုချင်လို့။မွေးကတည်း အချင်းစလွယ် ၉ ချက်နဲ့ မွေးတဲ့ကောင် အာ ၉စက် လျှာ ၉စက်နဲ့ မွေးတဲ့ကောင် ငါများကောင်းကင်မော့ကြည့်ရင် ငှက်တွေတောင်ငါ့ရွာပေါ်ကအုပ်လိုက်မပျံဝင့်ကြဘူး "

သူကြီး ကိုဂျရစ်က အပေးအကမ်းမရှိဘူး။အတောင်းအရမ်းပဲရှိတာ သိကြတော့ ရွာက အမှုအခင်း မဖြစ်အောင်တော့နေကြတာပါပဲ။မနေလို့လည်းမဖြစ်ဘူး။သူကြီးလင်မယားက သေးတဲ့အမှုကြီးအောင် ကြီးတဲ့အမှု သောက်ကျိုးနည်းအောင် လုပ်တတ်မှန်းသိကြလေတော့ ငွေများမှတရားနိုင်မယ်ဆိုတာလည်း သိကြရဲ့။ငွေနည်းရင် တရားရှုံးမယ်ဆိုတာလည်းသိကြရဲ့။ခရမ်းခင်းထဲက ခရမ်းသီး ပျောက်မှုကပေမယ့် နိုင်ငံတော်ပုန်ကန်မှုလောက် ကြီးချင်လည်းကြီးသွားနိုင်တာမဟုတ်လား။အမှုတောင် ကောင်းကောင်းမတည်ဆောက်ရသေးဘူး။တိုက်သူရောက်လာရင်။သူကြီးကတော်က တစ်ခွန်းထဲမေးတယ်။

"သူကြီးရေစင်ကြေး ဘယ်လောက်တတ်နိုင်သလဲ " တဲ့။
"ဘာတတ်နိုင်ရမှာတုန်း သူကြီးကတော်ရဲ့။အိမ်က နွားကန်ကြိုးပျောက်လို့တိုင်တာ ။ခိုးတဲ့ကောင်ကို မေးလေဗျာ။ဟုတ်ရင် လျော်ဖို့ရှိတာပဲ "

ဟုတ်သားပဲ။အခိုးခံရသူကတိုင်မယ်။ခိုးသူလို့ စွပ်စွဲခံရသူကို ခေါ်စစ်မယ်။ဟုတ်ရင် သူကြီးလုပ်ပိုင်ခွင့်နဲ့ စီရင်မယ်။သူကြီးရေစင်ကြေး နည်းနည်းပါးပါးတောင်းမယ်။ဒါဆို ပြီးပြီမဟုတ်လား။အဲသလိုမဟုတ်ဘူး။သူကြီးကတော်ကို များများပေးနိုင်ရင် အမှုက ပြောင်းပြန်ဖြစ်ချင်လည်းဖြစ်နိုင်တယ်။

"မင်း ခရမ်းခင်းက လမ်းဘေးမှာ စည်းမကာ ဝါးမတား ပစ်ထားတာက တစ်ချက် လူ့တကာနွားဝင်စားတာက တစ်ချက် ကြွေကျနေတဲ့ ခရမ်းသီးလေးဝင်ကောက်မိတာနဲ့ သူခိုးစွဲတယ်ဆိုတော့ တစ်ဖက်သားသိက္ခာ ကျရချေရဲ့။မင်းလုပ်မှ သူတော်ကောင်း သူခိုးဖြစ်ရမယ်လို့ လူနတ်နားမချမ်းသာ "
"အဲသည်တော့ ကျုပ်က ဘာလုပ်ရမှာတုံး "
"ဟိုခမျာ မင်းက မတရား စွပ်စွဲလို့ နစ်နာကြေးပေးရမှာပေါ့ "

အမှုက မှန်ပါလျက်ကနဲ့ လျော်ရတာများပြီ။ဘယ်သူမဆို ငွေထုပ်နဲ့ လက်ဆောင်သာပါပစေ တရားလိုက တရားခံဖြစ်ရတာများပြီ။တစ်ဖက်နဲ့ တစ်ဖက် ငွေဆောင်းပေးရတာတွေကို စောင့်ရင်း အမှုကြာတာများပြီ။သည်ကြားထဲ ငါနဲ့ ပြီးချင်သလား သူကြီးနဲ့ ပြီးချင်သလားလို့မေးရင် ဘယ်သူမှ သူကြီးဆီမရောက်ချင်ဘူး။သူကြီးကတော်နဲ့က ရေစင်ကြေးတင်ပြီးပေမယ့် သူကြီးနဲ့က ရေစင်ကြေးတင်မရတော့ဘူး။သူကြီးဝတ်တဲ့ ပုဆိုးကွက်တုံးဆယ်တောင် ပါရသေးတာမဟုတ်လား။သည်တော့ တိုင်သူခမျာ ကိုယ်ကလည်း နစ်နာသေး ကိုယ်ကလည်း ပိုက်ဆံပေးရသေးတယ်လို့ အတွန့်မတက်ဝံ့ကြဘူး။

"သူကြီးကတော်နဲ့ ပြီးရုံပဗျာ လောကထဲမလဲ တရားရယ်လို့ မရှိတော့ပါလား သူကြီးကတော်ရယ် တရားလည်း ချိန်ခွင်ကြိုးပြတ်ပြီထင်ပါရဲ့ "
"မင်းနှယ်ကွယ် ဖြစ်ရလေ သည်ခေတ်ထဲတရားကို လိုက်ရှာနေတာ အံ့ပါရဲ့။သည်ခေတ်များ မဟာသမ္မတမင်း အုပ်ချုပ်တဲ့ ကမ္ဘာဦးကာလ မှတ်နေသလား "

အဲသလို ငါးကျပ်တန် အမှုက ငွေငါးဆယ်မကုန်ပဲ တရားရှင် တရားသေ မလွတ်ဘူး။နှစ်ဖက်အမှုသည်တွေခမျာ ကိုယ့်အမှုကိုယ် ပိုက်ဆံများများနဲ့ လေလံဆွဲရသလို ဖြစ်ရတာမိားပြီ။သည်တော့ အမှုမပြီးပြတ်သူတွေအချင်းချင်း ညှိကြရပြီ။

"မင်းက သူကြီးကတော် ဘယ်လောက်ပေးပြီးပတုံး"
"အစိတ်"
"ငါက သုံးဆယ်။တစ်ခါ မင်းက သုံးဆယ့်ငါးကျပ် တိုးပေးတော့ ငါက ၄၀ ဖြစ်ကရော့။သည်တော့ သည်မှာတင်ရပ်ကြစို့ "

ရပ်ကြစို့ ဆိုသော်လည်း သူကြီးကတော်ရပ်မှပြီးရတာပါ။ရေစင်ကြေး ငါးကျပ်ပေးမှ ပြတ်တာဆိုတော့ တစ်ယောက် နှစ်ကျပ်ခွဲ ခံကြရသေးတာလေ။
အဲသလို သူကြီးလင်မယားနဲ့ဆိုတော့ သူကြီးသက်ဆိုးရှည်သလောက် ရွာကလည်း ရှားမီးထဲ ကျနေခဲ့တာ ကြာပြီပြောပါတော့။
📖📖📖📖📖
၃။
တစ်ခါတော့ ညောင်ပုဆစ်မှာ လူတစ်ယောက်သေတယ်။သေသူက ကိုစီဖောင်းတဲ့။ကိုစီဖောင်းက သူလိုကိုယ်လိုထဲကတော့မဟုတ်ဘူး။တစ်ရွာလုံးမပြောနဲ့ တစ်နယ်လုံးမှာမရှိတဲ့ မော်တော်ဆိုင်ကယ်တစ်စီးနဲ့ စီးပွါးရှာတဲ့လူ။၁၉၅၀ တဝိုက် သူကြီးခေတ်ဆိုတော့ သည်ခေတ်လို မော်တော်ဆိုင်ကယ် ဒလိန်းထိုးနိုင်ဖို့ဆိုတာ ဘယ်လွယ်လိမ့်မလဲ။ကိုစီဖောင်းက ဂျပန်ခေတ် စစ်လက်ကျန် မော်တော်ဆိုင်ကယ်တစ်စီး ရထားသူဖြစ်လေတော့ တစ်ခါတစ်လေ သူကြီးမြို့သွားချင်ရင်တောင် သူ့အားကိုးရတာပါ။ဆိုင်ကယ်က စစ်လက်ကျန်ဆိုတော့ ပျက်တာက ခပ်များများရယ်။ကိုစီဖောင်းက မြို့နဲ့အကူးအလူးရှိသူဆိုတော့ မြို့မိတ်ဆွေတွေကပေးတဲ့ ဟာဝေယံရှပ်လက်တို နဲ့ အင်္ဂလိပ်စစ်ပုလိပ်တွေဝတ်တဲ့ ကာကီဘောင်းဘီတို အမြဲဝတ်တတ်သူကိုး။ရွာကလူတွေနဲ့ ဂိုက်ချင်းကွာပြီပေါ့။ဖယောင်းတောင့်နဲ့ဖိထားတဲ့အမောက်ကြီးက ခေါင်းပေါ်မှာ ကနားဖျင်းထိုးထားတဲ့အတိုင်းပဲ။မျက်နှာမည်းပြောက်ထိုးကို မိုးပွင့်တွေပြာနေအောင်လိမ်းထားတတ်တာကလည်း သူ့ဟန်ပေါ့လေ။လူတွေက ကိုစီဖောင်းကို နဂိုကတည်းက အထင်မကြီးဘူး။တစ်ခါတော့ ရွာကို ပိတ်ကားထောင် ဘိုင်စကုပ်လာပြတော့မှ မင်းသားတင်ငွေက ခေါင်းပေါ်မှာ အမောက်ကြီးနဲ့ ဆိုင်ကယ်စီးတာတွေ့ကြတာကိုး။သည်တော့မှ တို့ရွာက စီဖောင်းလို လူ လောကထဲရှိသေးသကိုးလို့ သဘောပေါက်ကြတယ်။ကာလသားတွေကလည်း ကိုစီဖောင်းစတိုင်လ်ကို သျဘာကျကြ ခက်တာက သူတို့မှာ မော်တော်ဆိုင်ကယ်မရှိဘူး။ခေါင်းပေါ်အမောက်မထားနိုင်ဘူး။အင်္ဂလိပ်စစ်ပုလိပ် ဘောင်းဘီတိုမရှိကြဘူး။
ကိုစီဖောင်းက သူတကာရွာသားတွေလို ပင်ပင်ပန်းပန်းလုပ်မစားရတာက တစ်ဖူသာတာပါပဲ။ဒါဖြင့် ဘာလုပ်စားသလဲမေးစရာရှိတယ်။သူ့မေးရင် ပွဲစားလို့ ပြောလေ့ရှိတယ်။တောက တောသီးနှံကို မြို့က ပွဲရုံနဲ့ချိတ်ပေးတာမျိုး အမှုအခင်းကြီးရင် မြို့ကရှေ့နေငှားပေးတာမျိုး မြေရောင်းမြေဝယ်ရှိတော့လည်း စာချုပ်ချုပ်ပေးတာမျိုး တောကုန်နဲ့ မြို့ကုန် ဖလှယ်ရောင်းတာမျိုးပေါ့လေ။ကိုစီဖောင်းက ရွာမှာနေခဲတယ်။ရွာတွေက ခေါ်ရင် ရောက်အောင်သွားတယ်။အလုပ်ဖြစ်မယ့်ရွာမှာကျောက်ချနေတယ်။ရွာက မယားကိုလည်းမပူဘူး။သမီးနှစ်ယောက်ကိုလည်းမပူဘူး။ကိုစီဖောင်းမယား မတောပုက ရိုးလွန်းတာလည်းပါပါတယ်။အချိန်တန် လင်ပြန်လာရင်ပြီးရော။ပိုက်ဆံတစ်ဆုပ်တစ်ကြဲပေးရင် ပြီးရောဆိုတဲ့ မိန်းမမျိုး။လင်က  တစ်နှစ်တစ်ဝါ ပေါ်မလာတော့လည်းမျှော်မနေပါဘူး။သည်လိုနေတာပါပဲ။တစ်ခါတစ်လေ ကိုစီဖောင်း ရွာပြန်လာလို့ စစ်ဘောင်းဘီတို အိတ်ထဲက မိန်းမသားဓာတ်ပုံတွေတွေ့တော့လည်း ဘယ်က မိန်းမလည်း ဘယ်လိုပက်သပ်တာလည်း တစ်ခွန်းမမေးဘူး။သည်မိန်းမ သည်ဓာတ်ပုံ ဘယ်မှာ ရိုက်တာပါလိမ့်။ကျုပ်တောင် ဓာတ်ပုံရိုက်ချင်သေး ဆိုတာလောက် ပြောတာပါ။
တစ်ရက်တော့ လတွေတော်တော်ခြားပြီးမှ ကိုစီဖောင်းရွာကိုပြန်ရောက်လာတယ်။ခါတိုင်းလို မော်တော်ဆိုင်ကယ်စီးလာတာ မဟုတ်ပါဘူး။လှည်းတစ်စီးပေါ် မော်တော်ဆိုင်ကယ်ကျိုးတင်ပြီး ကယောင်ကတမ်းနဲ့မေးချင်းရိုက်ပြီးပြန်လာတာပါ။အိမ်ရောက်တော့မှ မယားမတောပုက လှည်းခတောင်စီးပေးလိုက်ရသေး။ကိုစီဖောင်းကို သမီးနှစ်ယောက်နဲ့ လှည်းပေါ်က ပွေ့ချတော့ စကားမေးမရဘူး။တစ်ရက်နှစ်ရက်ခံပါရဲ့။တစ်ညမှာဆုံးတယ်။လင်ဆုံးသကောရယ်လို့လည်း မတောပုက မငိုဘူး။ဘေးကပြောလို့ သူကြီးတိုင်ရတယ်။သူကြီးကသေစာရင်းပေးလိမ့်မယ်။သင်္ချိုင်းလက်မှတ်ပေးလိမ့်မယ်ဆိုမှ သူကြီးအိမ်ထလာခဲ့တယ်။လက်က မှန်အိမ်ကလေးဆွဲလို့။

"နင့်ယောက်ျား ဘယ်လိုသေတာလဲ"
"သည်လိုသေတာပဲ"
"အခုဘာလုပ်ထားတုံး"
"ပက်လက်ကြီးပဲ"
"ခက်တော့တာပဲ။သေမှတော့ပက်လက်ကြီးပေါ့ ။ဘာမှန်းမသိပဲ ရုတ်တရက်ကြီး သေတယ်ဆိုလို့ ပြီးရရောလား။မြို့ဂတ်တဲက ပုလိပ်ခေါ်ရမယ်။ဒဏ်ရာ ဒဏ်ချက် ရှိမရှိ စစ်ရမယ်။ရိုးရိုးသေသလား ဆန်းဆန်းသေသလား စစ်ဆေးပြီးမှ အသုဘချလို့ဖြစ်မှာပေါ့။အခု ဘယ်ရွာက ပြန်လာတာတဲ့တုံး"
"မပြောတတ်ဘူး"
"လှည်းသမားကို မမေးဘူးလား"
"မမေးမိဘူး"

သူကြီးက ရစ်ပြီဆိုတာကို သူကြီးကတော် မကောက်ကျစ်က သဘောပေါက်ပြီ။သည်အချိန်ဝင်လိုက်ရင် မသာရှင်ဆီက ငွေပေါ်ပြီဆိုတာသိပြီ။လင်သူကြီးကို ဝင်ငေါက်တယ်။သူကြီးကတော့ မထုံတတ်သေးမျက်နှာခံထားရုံ။

"မောင်သူကြီးရယ် ကိုယ့်ရွာနဲ့ ကိုယ့်မသာ မြို့က ပုလိပ်ခေါ်ရင် ခမျာများ လင်သေကြွေးတင် ဖြစ်ကရော့မယ်။ကြားထဲက ရုံး ဂတ် ကောင်းစားအောင် မလုပ်ပါနဲ့။ကိုင်းပါအေ ...... ညည်းကိစ္စရွာတင်ပြီးလောက်ပါတယ်။မသကာကုန်လှ သုံးဆယ်ပေါ့။သုံးဆယ်ပေးပြီးရင် အသုဘချတော့ရပြီ"

မတောပုက ချွေးခံထဲက ငွေသုံးဆယ်ထုတ်တယ်။သူကြီးကတော် လက်ရောက်ပေးရတော့မှ မျက်ရည်တွေကျလာတယ်။မျက်ရည်တွေကျရင်းက ကြုံးအော်ငိုတော့တာပါပဲ။

"အလို .... ကိုစီဖောင်းရဲ့ တော်သေတာ ကျုပ်ဘယ့်နှယ့်မှမနေဘူးနော်။သူကြီးကတော် ငွေသုံးဆယ် ပေးရတာ နှမြောလှတော်။လှည်းခတောင် ကျုပ်က ဆီးပေးရသေး။အခုလည်း မသာကြေးတဲ့ ဖြစ်ရလေ ......။တစ်ရွာမှာ အပင်းအဆိပ်များ မိခဲ့ရော့သလား ဓားပြများရိုက်ရော့လား လူပဲပြုစားရော့လား တော့ဟာတော် တစ်ရွာမှာ အေးအေးသက်သာ သေခဲ့ပါရော့လား ..... တော့် မနှမြောဘူး သုံးဆယ် နှမြောချက်တော်ရေ့ ....."

သူကြီး အိမ်ရှေ့မှာပဲ ဖွဲ့ဖွဲ့နွဲ့နွဲ့ တအီအီငိုနေလို့ သူကြီးကတော်က ချော့ မော့ပြီး ပြန်လွှတ်တယ်။သည်အချိန်မှာပဲ သူကြီး ဝိုင်းထဲ လှည်းတစ်စီးစိုက်တယ်။လှည်းပေါ်မှာ မိန်းမနှစ်ယောက် တစ်ယောက်က မျက်လုံးတွေများရဲလို့ ငိုထားပုံရရဲ့။တစ်ယောက်ကတော့ အဖော်ဖြစ်ပုံရတယ်။လှည်းသမားက သူကြီးဝိုင်းထဲလှည်းချွတ်နေတော့ သူကြီးကမေးတယ်။

"ဟဲ့ နင်တို့က ဘာတွေတုံး ဘယ်ကတုံး"
"ဟိုတောင်ခြေ နေ့ဝက်ခရီးလောက်က လာရတာပါ သူကြီးရယ်။ကျုပ်က ရွာနတ်ကတော်ရယ်။သည်ရွာမှာ ကျုပ်လင်သေတယ်ကြားလို့ လှည်းငှားလာခဲ့တာ။တခြားမဟုတ်ပါဘူး။လင်သေတာ မငိုဘူး မဖြစ်ရအောင် တစ်နာရီစာလောက် လာငိုတာပါ "
"နင့်လင်က ဘယ်သူတုံး "
"ကိုစီဖောင်းတဲ့။ကျုပ်တို့ ရွာကို စွတ်ကယ်စွတ်ကယ် ရောက်လာရင်း ညားရသူပါ။သည်ရွာမှာ မယားကြီးရှိမှန်းလည်း သိပါရဲ့။မယားကြီးတောင်းပန်ပြီး ခဏတဖြုတ်ငိုချင်လို့ပါ။ပိုက်ဆံပေးရပေးရ"

ပိုက်ဆံပေးရ ပေးရ လို့ ကြားတော့ သူကြီးကတော်နဲ့ ကိုစီဖောင်းမယား မတောပုတို့ နှစ်ယောက်သား တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်တယ်။တစ်ရွာက လိုက်လာတဲ့ မယားငယ်က ငိုချင်တယ် ဆိုတော့ ငိုလေ ငိုကြေးရဖို့ အဓိက ပဲဟာ။ငိုခွင့်ရရင် ပိုက်ဆံတောင် ပေးပါမယ်ဆိုမှတော့ သူကြီးကတော်က ဒီအခွင့်အရေး လက်လွှတ်မခံတော့ဘူး။နတ်ကတော်ကို ခဏထိုင်ခိုင်းပြီး မတောပုကို နောက်ဖေးဘက် ခေါ်ထုတ်လာခဲ့တယ်။

"ကိုင်းး ညည်းလင်သေမှတော့ လိုက်လာတဲ့ မယားငယ် ရန်လုပ်မနေနဲ့တော့။မသာတစ်ခု အရင်းပြု တစ်နာရီစာ ငိုချင်တယ်ဆိုတော့ ငါ ငါးဆယ်တောင်းမယ်။ညည်းအစိတ် ငါအစိတ် ဘယ့်နှယ်တုံး"

မတောပုကလည်း သဘောတူတယ်။တစ်နာရီ ငိုခ ငါးဆယ်။ဒီအထဲက တစ်ဝက်ကိုရမယ်။ပစ်လိုက်ရတော့မယ့် လင်အတွက် ငွေအစိတ်ရတော့ကော နည်းရော့လား။နို့ နေပါဦး ဘာမဆိုင် ညာမဆိုင် သူကြီးကတော်က ကြားထဲက ငွေအစိတ်ဖြတ်ယူတာပါလိမ့်။သေချာအောင် မေးကြည့်တော့ အာဏာကြေးယူတာတဲ့။အာဏာကြေးဆိုတာ ဘာမှန်းမသိတော့ ထပ်လည်းမေးမနေတော့ပါဘူး။ခွင့်ပြုလိုက်တယ်။မတောပုလည်း သူကြီးအိမ်က ပြန်ခဲ့တယ်။မတောပု ပြန်တော့ သူကြီးကတော်က နတ်ကတော်နဲ့ညှိတယ်။သဘောတူတယ်။အသုဘအိမ်ကို သူကြီးကတော် ကိုယ်တိုင်လိုက်ပို့တယ်။နတ်ကတော်က ရင်ဘတ်ရှားပန်းထည် စုစည်းပြီးတော့ ငိုတော့တာပါပဲ။နတ်သံပစ်လိုက် စကားဖန်ပြောလိုက် တစ်ကျော့ငိုလိုက် မတောပုကတော့ လွတ်လွတ်လပ်လပ် ငိုလို့ရအောင် ခဏရှောင်ပေးတယ်။

"အလို ကိုစီဖောင်းရဲ့ အင်္ဂါသားကြီးရဲ့ ကျုပ်တို့ရွာ မော်တော်ဆိုင်ကယ် တဖုန်းဖုန်းအသံနဲ့ မလာနိုင်တော့ဘူးနော် ဖြစ်ရလေခြင်း ။ကျုပ်ပြောတယ်နော် တော် လက်မခံဘူး။ကျုပ်ကိုစွဲတဲ့နတ်က သတိပေးရတာလေ။နင့်ယောက်ျားရိုးရာပျောက်နေတယ်ဆိုတုန်းက တော်ပြောတာမှတ်မိလား။ရိုးရာပျောက်တော့ ပုလိပ်ငှားပြီး ရှာရမှာလားတဲ့။တရားတပေါင်ချည်နှောင်တွေ့လို့ ယတြာချေပါဆိုတော့ ကော ဖဲဝိုင်းဖမ်းလို့ပြေးရတာမှတ်မိလား။အခု ကံနိမ့်တော့ခံရပြီ။တစ္ဆေနတ်ဆိုး ရုက္ခဆိုးတို့ မျက်ငြိုးဝေအောင် ရွာရှေ့တောင် ညောင်ပင်အောက် သေးများပေါက်ခဲ့ရော့လား။နတ်တွေများတော့ မော်တော်ဆိုင်ကယ်လောက်တောင် မလေးစားသူကြီး။တကယ်သေတော့ ငွေငါးဆယ် ကုန်ရတာက ကျုပ်...."

သူကြီးကတေည်က သူကြီးပတ်တဲ့လက်ပက်နာရီကို တစ်ပါတည်းယူလာတာဆိုတော့ ငိုနေတဲ့ နတ်ကတော်ကို သတိပေးတယ်။

"နတ်ကတော်မရဲ့ ......ငွေငါးဆယ်ကိစ္စ ထည့်မငိုနဲ့ လိုရင်းလောက်ပြောငိုလေ။နာရီဝက်စာရှိပြီနော်"
"အင်းပါ.....အမယ်မင်း ပြောရတော့မယ်။ဟိုအရင်အစ ပထမက လူလှအမောက်ထောင် စစ်ပုလိပ် ဘောင်းဘီနဲ့ လူပျိုယောင်ဆောင် ကျုပ်ကမသိတော့ အူတိအူကြောင် ဆိုင်ကယ်ကိုနမိတ်ကောက်တော့ ဆိုင်ရာက ကယ်လိမ့်မယ် အဟောထွက်လို့ ယူခဲ့ရ ယောင်တောင်ပေါင်တောင်.......တော်လေ ကျုပ်အိမ်ကို ဝင်ချည်ထွက်ချည်နဲ့ ကျွမ်းပစ်ပြီးရောက်လာတော့ .......သြော် လင်သားရယ်လို့ ထမင်းမနော အုန်းငှက်ပျော နဲ့ သဘောဖြူစင် ကျွန်ုပ်ကယ်တင် စည်ပင်ထွန်းကား မ ပါ လားဟု သနားရယ်ခံ နန်းစံတဲ့ သခင် ......."
"နတ်ကတော်မ ဆယ်မိနစ်ပဲကျန်တော့တယ်"
"ဖြစ်ရလေ.....ငိုတာတောင် နာရီမှတ်ပြီး ဧယင်ကျူးရသလိုပါကော တော်ရဲ့။၁၀ မိနစ်ကျန်တော့သတဲ့။ဆောင်းငွေ့အကြွယ် အောက်မေ့တယ်ဆိုလို့မှ သည်တစ်ဆောင်း ဘယ်လင်နဲ့ပေါင်းရပါ့....."
"၅မိနစ် ရသေးတယ်။မြန်မြန်နှုတ်ခမ်းသတ်တော့"

သည်လိုနဲ့ တစ်နာရီပြည့်တော့ သူကြီးကတော်က နတ်ကတော်ကို ခါးတို့တယ်။နတ်ကတော်ကလည်း ၂မိနစ်လောက် အဆစ်တောင်းပြီးငိုသေးတာပါ။ပြီးမှသူကြီးကတော်နဲ့ ပြန်လိုက်လာပြီး စောင့်နေတဲ့လှည်းနဲ့ပြန်ရော။ဟန်ကျချက်တော့။သူကြီးကတော် အစိတ် မတောပု အစိတ်။မကြာပါဘူး သူကြီးအိမ်ဝလှည်းတစ်စီးဆိုက်ပြန်တယ်။လှည်းပေါ်မှာ မိန်းမတစ်ယောက်။
📖📖📖📖📖
၎။
တိုတိုပြောကြပါစို့၊ဒီတစ်ခါရောက်လာတဲ့ မိန်းမက တော်တော်လှမ်းတဲ့ တောင်ဖျားရွာက မင်းသမီးဟောင်းတဲ့။ဘာကိစ္စဆိုတော့ သည်ရွာမှာသူ့လင် သေတယ်ကြားလို့တဲ့။နာမည်က ဘယ်သူတုန်းဆိုတော့ ကိုစီဖောင်းပါတဲ့။ဒါပါပဲ။သူကြီးကတော်က စောစောက နတ်ကတော် ပေးသွားတဲ့ ငွေစက္ကူ  တွေသေတ္တာထဲထည့်ရင်း မင်းသမီးဟောင်းကို အကဲခတ်တယ်။သည်မိန်းမတော့ ငွေငါးဆယ် ပါလောက်မယ့်ပုံမပေါ်ဘူးဆိုတာသိတယ်။အတွေ့အကြုံများပြီကိုး။ထားပါတော့ မင်းသမီးကို မေးစရာမေး မြန်းစရာရှိတာမြန်းပြီး ဈေးညှိကြတော့ ငွေသုံးဆယ်နဲ့ ဈေးတည့်တယ်။သူကြီးကတော်က ဆယ့်ငါးကျပ် မသာရှင်က ဆယ့်ငါးကျပ်။နတ်ကတော်တုန်းကလိုပါပဲ။တစ်နာရီငိုခွင့်ရရုံပါ။အသုဘအိမမ်ရောက်တော့ မတောပုက သူကြီးကတော်နဲ့ ပါလာတဲ့မန်းမ လွတ်လွတ်လပ်လပ် ငိုပါစေတော့ရယ်လို့ ရှောင်ပေးတယ်။သူကြီးကတော်ကလည်း နာရီနဲ့။

"ကိုင်း .....ငိုတော့"
"အိုး .....ကိုသုမနရဲ့ ....အဲလေ ....ကိုစီဖောင်းရဲ့။ဖြစ်ရလေခြင်းနော်။အိုခြင်း နာခြင်း သေခြင်း တဲ့၊ကုန်ခမ်းခြင်း ပျက်စီးခြင်းတဲ့ နိဗ္ဗာန်ကို မျက်မှောက်မပြုနိုင်သရွေ့ မလွတ်နိုင်တဲ့ တရားမှန်းလည်းသိပါရဲ့။တရားတော်မှာလာသားပဲလေ။ဘာတဲ့....မရဏသတိ သေခြင်းတရားကိုအောက်မေ့ခြင်း သတိသာလျင် မဟပ္ဖ ကြီးသောအကျိုး  မဟာနိသံသာ ကြီးသောအာနိသင် ရှိသတဲ့။ကျုပ်မသိပဲလား သိပေသော်လည်း တော်ဖူးတဲ့လင်ဆိုတော့ တရားမရနိုင်ဘူးနော်။
"အဝိဇ္ဇာနဲ့ တဏှာဆိုတဲ့ အရင်းမူလနှစ်ပါး အရဟတ္တမဂ်ဉာဏ်နဲ့ အကြွင်းမဲ့ မဖြတ်ရသေးသမျှတော့ ဥပ္ပာဒေါဒုက္ခံ အနုပ္ပာဒေါသုခံ တဲ့။ခန္ဓာအသစ်ဖြစ်ရခြင်းသည် ဒုက္ခ ခန္ဓာအသစ်မဖြစ်ရခြင်းသည် သုခ ဆိုတဲ့အတိုင်း ....."

သူကြီးကတော်က မင်းသမီးကို ခါးတို့တယ်။မင်းသမီးက မျက်ရည်တွေနဲ့ လှည့်ကြည့်တော့ ညည်းဟာပ ဧယင်ကျူးတာလား လင်သေလို့ ငိုမှာလားတဲ့။တရားသဘောလျော့ လိုရင်းကို ပြောငို ဆိုငိုလေလို့ သတိပေးတယ်။

"သြော် .....နှမထိပ်ပန် မျက်မှန်လို့ ရှူပါတဲ့ ကမ္ဗုစံငယ်.....လျင်မြန်အသော့ မင်ပိတုန်းရောင် ဆင်ထုံးနှောင်တဲ့ သျှောင်ကေကျော့နဲ့ တစ်ရွာတစ်ပါးချီတော့မတဲ့လား .....အမယ်မင်း ....သွားတော့မယ်တဲ့ ......မောင်ပြင်ဆင် .....ရွှေကတောင်ဆင်တဲ့ မြင်းတွေနဲ့ လွမ်းဖွဲ့ဆင် .....ကျွန်မတို့ ဇာတ်သဘင်မှာတော့ ဒီနေရာက ဗုံထောက်သံလေးကိုး .....ကိုစီဖောင်းရဲ့ "
"အိုအေ....အရေးထဲ ဇာတ်ထွက်နေသေး မြန်မြန်လုပ်အေ နာရီတစ်မတ် ကျန်တော့တယ်"
"ငိုချင်းလေးတော့ ချပါရစေဦး သူကြီးကတော်ရဲ့။တစ်အောင့်ပါတော် သည်းခံပါ။ဖေ ဆုံးတယ် ငွေသုံးဆယ် အရင်ကုန်ရတာကြောင့် ဘဝင်တုန်ညောင်း တစ်နည်းသော် သူကြီးကတော် မဟန်လှတာကြောင့် မေကညာပါ သေရွာပြောင်းချင်ပေါ့....ကိုရာဇာရေ ....အဲလေ ကိုစီဖောင်းရေ ...အဲ....ဟဲ....ဗြုတ်စဗျင်းတောင်း ....."

ထားတော့။အဲသည်နေ့က နေမကုန်ခင် နတ်ကတော်က အစိတ် ဇာတ်မင်းသမီးက ဆယ့်ငါးကျပ်ဆိုတော့ ငွေလေးဆယ်ရပြီ။သူကြီးကတော် ငွေလေးဆယ်ရသလို မတောပုလည်း ငွေလေးဆယ် ပက်ကနဲရလိုက်တာပါပဲ။သူကြီး ကိုဂျာရစ်လည်း သဘောကျတယ်။မယားသူကြီးကတော်က စီဖောင်းအသုဘရင်းပြီး ငွေဝင်နေတာတွေ့တော့ မကောက်ကျစ် လုပ်ရည် ကိုင်ရည်ကို သဘောကျတာပါ။ရွာမှာ ဟိုတုန်းကလို ထစ်ကနဲရှိ သူကြီးလာတိုင်တာတွေနည်းသွားတော့ ပိုက်ဆံ သိပ်မရဘူးကိုး။မယားတောင်ပြောနေသေးတာပါ။ကောက်ကျစ်ရေ....အသုဘ သုံးရက်မလည်ခင် နောက်ထပ်မိန်းမတွေလာနိုင်သေးသတဲ့။စီဖောင်းက ဒီလောက်နဲ့ မပြီးလောက်ဘူးတဲ့။သူကြီးပြောလည်းပြောစရာ စကားတောင်မဆုံးသေးဘူး လှည်းတစ်စီးရောက်လာပြန်တယ်။အကျိုးအကြောင်းမေးကြည့်တော့ ခပ်ဝေးဝေးမြောက်ရွာဘက်က ရွာအထိုင် ပဲဒိုင်လုပ်တဲ့ မဝက်မတဲ့။ကိုစီဖောင်း နဲ့ မြို့ပွဲရုံအဆက် အသွယ်လုပ်ပေးရာက အနေနီးခဲ့ကြသတဲ့။မဝက်မက လက်ကောက်တစ်ရန်နဲ့ ဆွဲကြိုးတစ်ကုံး တင်းတင်းကြီးဆွဲထားတော့ သူကြီးကတော်က ငိုကြေးတွက်နေပြီ။မဝက်မလည်း ငိုချင်လို့ လိုက်လာတယ်ဆိုသကိုးး။မကောက်ကျစ်က ဂရုဏာသက်တဲ့ပုံစံနဲ့ဝင်တယ်။

"တစ်ခုတော့ ရှိတာပေါ့အေ သူ့မယားခမျာ ပူဆွေးနေတဲ့အခိုက် ညည်းတို့ချင်း ဘာဖြစ်ခဲ့ ဖြစ်ခဲ့ လောပလူ့ထုံးစံက ရှိသေးတာကိုးအေ့။သို့ပေသော်လည်း ...."

သည်လိုနဲ့ တစ်နာရီစာ ငိုခွင့် ရှစ်ဆယ်နဲ့ ဈေးတည့်တယ်။သေချာပြီလေ။သူကြီးကတော်က လေးဆယ်။မတောပုက လေးဆယ်။
📖📖📖📖📖
၅။
ညကြီးမိုးချုပ်တော့မှ သူကြီးကတော်က မတောပုကို လူလွှတ်ပြီး အခေါ်ခိုင်းလိုက်တယ်။မတောပုရောက်လာတော့ ညည်းလင် အသုဘ ဘယ်နေ့ချမှာတုံးလို့မေးတယ်။မတောပုက ရောက်လာတဲ့နေ့က ညဆယ်နာရီမကျော်လို့ တစ်ရက်ယူကြောင်း သည်ကနေ့ တစ်ရက်ဆိုတော့ နှစ်ရက် မနက်ဖြန် သုံးရက်လည်မှာ အသုဘ ချမလားလို့တဲ့။

"ညည်းနှယ်အေ....ငွေဝင်နေတဲ့လင်များ ကသုတ်ကရက် အသုဘချရမယ်လို့ ထားရောပေါ့ ငါးရက် ....ခုနှစ်ရက်။ဒါတော့ ညည်းက ကာယကံရှင်ဆိုတော့ ညည်းသဘောပါ"
"သူကြီးကတော် ပြောတာဟုတ်ပါရဲ့။သမီးတွေက အဖေတစ်ရွာမှာ မယားများတာ ဖော်သလိုဖြစ်နေတော့ ရှက်ကြသတဲ့ မနက်ဖြန်တော့ ချမှဖြစ်မှာပါ သူကြီးကတော်က ဘာလုပ်ချင်လို့တုံး "

သူကြီးကတော်က ပြောသင့်မပြောသင့်ခဏတွေးတယ်။သူကြီးပြောသလို ကိုစီဖောင်းနဲ့ ပက်သက်လို့ သည်ကနေ့လာကြတဲ့ မိန်းမသုံးယောက်နဲ့ မပြီးလောက်သေးဘူးလို့တွက်တယ်။အမောက်ကြီး ထော်ထော် ဆိုင်ကယ် တထုန်းထုန်းနဲ့ရွာစဉ်ရောက်နေတဲ့ ကိုစီဖောင်း ရှိမယ်ဆို မယားတွေရှိနိုင်သေးတယ်လို့ စဉ်းစားတယ်။

"သည်လိုအေ ညည်းနဲ့ငါ ကံတိုက်ပေါ့အေ။မနက်ဖြန်ညနေ ညည်းလင် အသုဘချမှာဆိုတော့ မနက်ဖြန်တစ်နေ့လည်စာ မသာပုတ်ပြတ်လေလံ ငါ ဆွဲမယ်။ညည်းက အဲဒီအတွက် သုံးဆယ်ယူ  ကျန်တာ လာငိုသူရှိတော့ ငါ့ကံ မရှိတော့လည်း ငါ့ကံ ဘယ့်နှယ်တုံး "

မတောပုက စဉ်းစားတယ်။တစ်ရက်နဲ့တော့ မထူးတော့ပါဘူးပေါ့လေ။ဒါပေမယ့် ပိုက်ဆံမယူဖြစ်ခဲ့ပါဘူး။ရွာကြားလို့လည်း မကောင်းတဲ့အပြင် သမီးတွေကလည်း ပြောကြဆိုကြဦးမှာကိုး။

"တော်ပါပြီတော် ကျုပ်လင်နဲ့ကျုပ် နက်ဖြန်တစ်ရက်တော့ အတူနေဦးမှပါ။ရှင်တုန်းကမှ ရှာမကျွေးတဲ့လင် သေမှတော့ ပိုက်ဆံမရရင်လည်းရှိပါစေတော့ "

ဒါတောင် သူကြီးကတော်မကောက်ကျစ်က မလျော့သေးဘူး။ညည်းလင်မြေကြီးထဲရောက်မှ မြေပုံနားသွားငိုချင်ပါတယ်ဆိုတဲ့မိန်းမပေါ်လာရင် ညည်းနဲ့ မဆိုင်တော့ဘူးနော်တဲ့။ရွာကတော့ သူကြီးလင်မယားကို တော်တော်ကြောက်သွားကြတယ်။ဘယ်ကမှ ငွေဝင်စရာမရှိရင် ရွာဖဲ့ရောင်းတော့မှာမဟုတ်လား။ကြောက်ချင်ကြောက် မကြောက်ချင်နေလေ သူကြီး ကိုဂျာရစ်နဲ့ သူကြီးကတော် မကောက်ကျစ်တို့ကတော့ မနက်တိုင်း စားပွဲကို ပုတ်ကြတုန်း။

"ညောင်ပုဆစ်မှာ အမှုအခင်း နည်းလွန်းလို့ များများကြီး ပေါ်ပေါက်အောင် မွှေတော်မူပါ။အမှုကြီးကြီး ဒီးတိုက်အောင် ခလောက်ဆန်တော်မူပါ ပြသနာကြီးကြီး ဗျဉ်းစဉ်ခတ်အောင် ဖွတော်မူပါ............"

                                              နေဝင်းမြင့်

                                   ရွှေအမြူတေ ရုပ်စုံမဂ္ဂဇင်း

                                         နိုဝင်ဘာ ၂၀၁၅

Saturday, February 25, 2017

ဘဲသားကော်ရည်ခေါက်ဆွဲ - ရခိုင်မုန့်တီ - ကိုရီးယား တော့ပိုကီ


-----------------------------------
ဘဲသား ကော်ရည်ခေါက်ဆွဲ (၁၀ယောက်စာ)
-----------------------------------


ဘဲကော်ရည်အတွက် ပါဝင်ပစ္စည်းများ

    ဘဲသား – တခြမ်း (အထဲမှ ကလီစာများကို သန့်စင်ပြီသား)
    မှိုခြောက် – ရခု (ရေနွေးဖြင့်ပြုတ် ထားပေးပြီ အရှည်လှီးထားပါ)
    ပဲလိပ် – ၅ကျပ်သား (လက်မအရွယ်လေးများ ပိုင်းထားကာ ရေစိမ်ထားပေးပါ)
    ပန်းခြောက် – ၅ကျပ်သား (ရေစိမ်ထားပေးပါ)

    ကြက်ဥ အကာ – ၃လုံး (ကြက်ဥအနှစ်များကို ဖယ်ပြီ အကာများ ခလောက်ထားပါ)
    ကော်မှုန့် – ရ၀ ဂရမ် (ရေဖြင့် ဖျော်ထားပေးပါ)
    ပဲငံပြာရည် အကြည် – စားပွဲတင်ဇွန်း ၅ဇွန်း
    ဆား – စားပွဲတင်ဇွန်း ၂ဇွန်း
    ကြက်သားမှုန့် – စားပွဲတင်ဇွန်း ၄ဇွန်း
    သကြား – စားပွဲတင်ဇွန်း ၅ဇွန်း
    တရုတ်မာဆလာ – လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ
    ငရုတ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ
-----------------------------------
ကော်ရည်ခေါက်ဆွဲနှင့် တွဲဖက်သုံးဆောင်ရန် ပါဝင်ပစ္စည်းများ

    ခေါက်ဆွဲ – ၅၀ ကျပ်သား
    ကြက်သွန်ဖြူ – ၅ခု (နှုတ်နှုတ်စဉ်းပြီ ကြက်သွန်ဖြူ ဆီချက် လုပ်ထားပေးပါ)
    ပဲပင်ပေါက် – ၁၀ကျပ်သား (အမြှီးများ ဖယ်ပြီ ရေနွေးဖျော်ထားပေးပါ)
    ကြက်သွန်မြိတ် – ၅စည်း (အရှည်လေးများ လှီးကာ ရေနွေးဖျော်ထားပေးပါ)
    ကန်စွန်းရွက် – ၁စည်းတ၀က် (နွင်းပြီ ရေနွေးဖျော်ထားပေးပါ)
    ငပိ – လက်တဆုတ်စာ

ပြုလုပ်နည်း ။ ငရုတ်သီးစိမ်း ၆ထောင့်ကို ငပိနှင့် ရောထောင်းပြီ  သံပရာသီး (၁လုံး) ညှစ်ထည့်ကာ ရေအနည်းငယ်ဖြင့် ခပ်ပျစ်ပျစ်လေး ခွက်တစ်ခုထဲတွင် ဖျော်ထားပါ။
-----------------------------------
ချက်ပြုတ်နည်း

၁။ အရင်ဆုံး ဘဲသားများကို ရေဖြင့် သန့်စင်အောင် ဆေးပြီ အတုံးကြီးများ တုံးကာ ဆား(စားပွဲတင်ဇွန်း တ၀က်)၊ ကြက်သားမှုန့်(စားပွဲတင်ဇွန်း ၁ဇွန်း) တို့ဖြင့် ရောနုယ်ထားပါ။

၂။ ထို့နောက် ဒယ်အိုးကြီးတစ်ခုထဲ ရေ(၅လီတာ)ထည့်ကာ ပွက်အောင်အထိ တည်ထားပေးပါ။

၃။ ရေဆူလာလျှင် ဘဲသားများကို ထည့်ကာ နူအောင်အထိ အဖုံးအုပ်၍ ၂နာရီခန့် တည်ထားပေးပါ။

၎။ ဘဲသား နူသွားပြီဆိုမှ ဘဲသားများကို ပြန်ဆယ်ကာ အသားနွင်းပေးပါ။

၅။ ပြီနောက် ဘဲပြုတ်ရည်အိုးထဲ ရေနွေး(၁လီတာ) ထပ်ထည့်ကာ ပွက်အောင် ပြန်တည်ထားပါ။

၆။ ဘဲပြုတ်ရည်များ ဆူလာလျှင် အသားနွင်းထားသော ဘဲသား၊ မှိုခြောက်၊ ပဲလိပ်၊ ပန်းခြောက်များကို ရောထည့်မွှေပေးပါ။

ရ။ ထို့နောက် အရသာအတွက် (တရုတ်မဆလာ၊ ပဲငံပြာရည်၊ ဆား၊ ကြက်သားမှုန့်၊ သကြား၊ ငရုတ်ကောင်းမှုန့်) များ ထည့်မွှေလိုက်ပါ။

၈။ အရသာ အနေတော်သွားပြီဆိုလျှင် ဖျော်ထားသော ကော်ရည်များကို ဇွန်းဖြင့် ပြန်မွှေပြီ ဆူနေစဉ်အတွင်း ဖြည်းဖြည်းခြင်း လောင်းထည့်ပါ။

၉။ ဘဲသာကော်ရည် မပျစ်မကျဲ ဆူအောင်တည်ထားပေးပါ။

၁၀။ အရမ်းပွက်ပွက်ဆူလာမှ ခုနက ခနောက်ထားသော ကြက်ဥအကာများကို ဖြည်းဖြည်းခြင်း လောင်းထည့်ကာ မွှေပေးပါ။

မှတ်ချက် ။      ။ ဆူလာမှ ကြက်သာအကာများ ထည့်ပါ၊ မဟုတ်လျှင် ကော်ရည် နောက်သွားပါလိမ့်မည်။

၁၁။ ဘဲသား ကော်ရည်ရပြီဆိုလျှင် သုံးဆောင်ရန် ပြင်ဆင်ပါတော့မည်။

၁၂။ အရင်ဆုံး ဇောက်ခွက်တစ်ခုထဲ တစ်ယောက်စာ ခေါက်ဆွဲဖတ်၊ ရေနွေးဖျော်ထားသော (ကြက်သွန်မြိတ်၊ ပဲပင်ပေါက်၊ ကန်စွန်းရွက်)ထည့်ပေးပါ။

၁၃။ ပြီမှ အပေါ်မှ ဘဲသားကော်ရည်လောင်းထည့်ကာ ငပိ၊ ကြက်သွန်ဖြူ ဆီချက်တို့ဖြင့် အရသာရှိသော ဘဲသားကော်ရည်ခေါက်ဆွဲကို သုံးဆောင်နိုင်ပါပြီ…

ကိုရီးယား တော့ပူကီ



တော့ပူကီသည် ရေပန်းစားဆုံး ကိုရီးယားဟင်းလျာတွေထဲမှာ တမျိုးအပါအ၀င် ဖြစ်ပါတယ်။ ဆန်မှုန့်နဲ့လုပ်ထားတဲ့ တော့ပူကီကို အလွယ်တကူ လုပ်စားနိုင်မှာပါ။ အရသာကလည်း ချိုစပ်လေးနှင့် အလွန်မှ စားလို့ကောင်းပါတယ်။ လုပ်နည်းလေးကို ကြည့်ကြည့်ရအောင်…
------------------------------------
တော့ပူကီအတွက် ပါဝင်ပစ္စည်းများ

    ဆန်ကိတ် (rice cake)                               ♦ ၅၀၀ ဂရမ်
    ကိုရီးယား ငရုတ်သီးအနှစ် (hot pepper paste) ♦ စားပွဲတင်ဇွန်း ၈ဇွန်း
    ငရုတ်သီးမှုန့် (hot pepper flake)                 ♦ စားပွဲတင်ဇွန်း ၂ဇွန်း
    ငါးအသားပြား (fish cake)                                  ♦ ၅ပြား ( ၁လက်မအရွယ်လေးများ လှီးပေးပါ)
     ငါးအသားချောင်း                                      ♦ ၆ချောင်း (အပါးအစောင်းလှီးပါ)
    သကြား (sugar)                                      ♦ စားပွဲတင်ဇွန်း ၂ဇွန်း
    ရေ (water)                                            ♦ ဆန်ချိန်ခွက် ၄ခွက်
    ငါးခြောက်သေး (anchovies)                    ♦ ရကောင်
    ရေညှိရွက်                                              ♦ ၂ရွက်
    ကြက်သွန်မြိတ် (spring onion)                ♦ ၁စည်း (အရှည်အစောင်းလှီးပေးပါ)
    ကြက်သွန်နီ                                           ♦၂လုံး (အ၀ိုင်းပါးပါးလှီးပါ)
    Golden Drop နေကြာဆီ                        ♦ စားပွဲတင်ဇွန်း ၃ဇွန်း

မှတ်ချက်။ ။ ဆန်ကိတ် readymade ကို Market Place ဓမ္မစေတီ City Mart တွင် ၀ယ်ယူနိုင်ပါသည်..
------------------------------------

ပြင်ဆင်နည်း

၁။ အရင်ဆုံး ဒယ်ပူလာလျှင် Golden Drop နေကြာဆီ ထည့်ပေးပါ။

၂။ ပြီမှ ကြက်သွန်နီများကို မီးအတင့်သင့်ဖြင့် ၂မိနစ်ခန့် ကြော်ပေးပြီ ပြန်ဆယ်ထားပါ။
------------------------------------
တော့ပူကီ လုပ်နည်း

၁။ ပထမဆုံး ဒယ်အိုးတစ်ခုထဲသို့ ရေ(၁လီတာခွဲ) ထည့်ပြီ ဆူလာလျှင် ငါးခြောက်၊ ရေညှိရွက်များ ထည့်ပေးပြီ ၁၀မိနစ်ခန့် တည်ထားပေးပါ။

၂။ ပြီမှ ထိုငါးခြောက်များကို ပြန်ဖယ်ထားလိုက်ပါ။

၃။ ထို့နောက် ဒယ်ထဲသို့ ဆန်ကိတ် ထည့်ပြီ ၅မိနစ်ခန့် တည်ပေးပါ။

၎။ ပြီမှ (ငရုတ်သီးအနှစ်၊ သကြား၊ ငရုတ်သီးမှုန့်၊ ငါးအသားပြား၊ ငါးအသားချောင်း၊) တို့ကို ထည့်ပြီ ၂မိနစ်ခန့်တည်ပါ။

၎။ ထို့နောက် အပေါ်မှ နှမ်း၊ ကြက်သွန်မြိတ်များ ဖြူးပေးပါ။

၅။ ရပြီဆိုလျှင် ပန်းကန်ထဲ ပြောင်းထည့်ကာ တော့ပူကီကို ပူပူလေး စားသုံးနိုင်ပါပြီ။

ရခိုင်မုန့်တီ (၁၀ယောက်စာ)
---------------------------------------


မုန့်တီဟင်းရည်တွင် ပါဝင်ပစ္စည်းများ

    ငါးရွှေ – ၃၀ ကျပ်သား (၄၈၀ ဂရမ်)
    ငါးပိ – စားပွဲတင်ဇွန်း ၂ဇွန်း
    ကြက်သွန်ဖြူ – ၁၀ မွှာ (မညက်တညက် ထောင်းပါ)

    ငရုတ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်း ၂ဇွန်းခွဲ
    ကြက်သွန်နီ – ၄ဥ (၄စိပ်စိပ်ပါ)
    ရေ – ၁၀ခွက် (Measurement ခွက်)
    ဆား – စားပွဲတင်ဇွန်း ၂ဇွန်းခွဲ
    ပတဲကော – ၂ပင် (မညက်တညက် ထောင်းပြီ ချည်ထားပါ)
---------------------------------------

ပြင်ဆင်ရန် ပါဝင်ပစ္စည်းများ

    မုန့်ဟင်းခါးဖတ် – ၈၀ကျပ်သား (၁၂၈၀ ဂရမ်)
    ပဲကြော် – ၁၅ခု
    ငရုတ်သီးစိမ်း – ၃၀ ဂရမ် (ရေနွေးဖြင့် ပြုတ်ပြီ ထောင်းပေးကာ ငရုတ်သီးပြုတ်ရည် ၁ဇွန်းခန့်ထည့်ပါ)
    မန်ကျည်းရည် – ခွက်ဝက်
    ကြက်သွန်နီ – ၅ခု (ပါးပါးလှီးပါ)
    နံနံပင် – လက်တဆုတ်စာ (ပါးပါးလှီးပါ)
    ငါးဖယ် – ၂၀ကျပ်သား (၃၂၀ ဂရမ်)
    ငါးငံပြာရည်
---------------------------------------

ပြင်ဆင်နည်း

၁။ အရင်ဆုံး ဒယ်အိုးတစ်ခုထဲ ငရုတ်သီးစိမ်းအညှာခွေထည့်ပြီ ၂မိနစ်ခန့် ပြုတ်ပေးပါ။

၂။ ပြီမှ ပြုတ်ထားသော ငရုတ်သီးစိမ်းများကို မညက်တညက် ထောင်းပေးပြီ ခွက်တစ်ခုထဲတွင် ထည့်ထားပါ။

၃။ ငါးဖယ်ကို (ဆား(လက်ဖက်ရည်ဇွန်း ၁ဇွန်း)၊ ကြက်သားမှုန့်(လက်ဖက်ရည်ဇွန်း ၁ဇွန်း)၊ ငရုတ်သီးမှုန့် (လက်ဖက်ရည်ဇွန်း ၁ဇွန်း)) တို့ဖြင့် သမအောင် နုယ်ပြီ ငါးဖယ်ကို အပြားလေးများ လုပ်ပေးပါ။

၎။ ပြီနောက် ဒယ်ထဲ ဆီများများ ထည့်ပြီ ငါးဖယ် အညှိရောင်သန်းသည်အထိ ကြော်ပေးပါ။

၅။ ထို့နောက် ကြော်ထားသော ငါးဖယ်ကို ပါးပါးလှီးပေးကာ ပန်းကန်တစ်ခုထဲ ဖယ်ထားပါ။
---------------------------------------

မုန့်တီဟင်းရည် ချက်နည်း

၁။ အရင်ဆုံး ငါးရွှေများ ရေမြုပ်ရုံထည့်ပြီ ၃-၄မိနစ်ခန့် ပြုတ်ပေးပါ။

၂။ ပြီလျှင် ငါးကို အရိုးများမပါအောင် အသားနွှင်းပေးပြီ သက်သက်ဖယ်ထားပါ။ ငါးပြုတ်ရည်ကို သိမ်းထားပေးပါ။

၃။ မုန့်တီ ဟင်းရည် စချက်လို့ရပါပြီ။

၃။ ဒယ်အိုးကြီးထဲ မုန့်တီဟင်းရည်အတွက် ပါဝင်သည့် (ဒယ်အိုးထဲ ရေ(၁၀ခွက်)၊ ငါးပြုတ်ရည်၊ ငါးပိ၊ ကြက်သွန်ဖြူ၊ ပတဲကော၊ ဆား) တို့ကို တည်ထားပါ။

၎။ မုန့်တီဟင်းရည် ပွက်ပွက်ဆူလာလျှင် အသားနွှင်းထားသော ငါး၊ ငရုတ်ကောင်းမှုန့်များကို ဖြူးပေးပါ။

၅။ နောက်ဆုံးမှ ကြက်သွန်နီ လေးစိပ်စိပ်ထားသည်များကို ထည့်ပြီ ၁မိနစ်ခန့်တည်ကာ မီးပိတ်လိုက်ပါ။

၆။ မုန့်တီဟင်းရည် ရပြီဆိုလျှင် ပန်းကန်တစ်ခုထဲ မုန့်ဖတ်၊ ငါးဖယ်၊ ပဲကြော်၊ ကြက်သွန်နီ တို့ကို ထည့်ပြီ အပေါ်မှ မုန့်ဟင်းရည်(ယောက်ချို ၁ဇွန်း)ကို လောင်းထည့်လိုက်ပါ။

ရ။ အပေါ်မှ နံနံပင်ဖြူးပြီ အရသာအတွက် ငါးငံပြာရည်၊ ငရုတ်သီးစိမ်း၊ မန်ကျည်းရည်တို့ကို ထည့်ကာ ရခိုင်မုန့်တီကို စိတ်ကြိုက် သုံးဆောင်နိုင်ပါပြီ…

---------------------------------------
Wutyee Food House
---------------------------------------

Credit: ၀တ်​ရည်​ရဲ့ Page

Friday, February 24, 2017

ဝင်းဦး နှင်း မန်းသင်္ကြန်

ဝင်းဦးနှင့် မန်းသင်္ကြန်
============


             
           မြန်မာလူမျိုးတို့၏ ရိုးရာပွဲလမ်း များတွင် 'သင်္ကြန်' ပွဲတော်သည် ယဉ်ကျေးမှု၏ အထင်ကရအဓိက အမှတ်အသားစရိုက်လက္ခဏာကြီး ဖြစ်သည်။ တစ်လျှောက်လုံး 'မြန်မာ့ ရိုးရာယဉ်ကျေးမှုအတာသင်္ကြန်' ဟု လေးနက်စွာ တခုတ်တရပြောဆိုသုံး နှုန်းထုတ်ပြန်ခဲ့သည်။ အထူးသဖြင့် မန္တလေးကဲ့သို့သော ကျန်ကောင်း ကျန်ရာမြန်မာ့ဓလေ့စရိုက်လက္ခဏာ အစုအဝေးတည်ရှိရာ မြို့ကြီး၏ သင်္ကြန်ပွဲတော်များတွင် ထိုအပြော အဆို၊ ထိုအသုံးအနှုန်း၊ ထိုအမူအ ကျင့်တို့ကို တစိုက်မတ်မတ်တစ် လျှောက်လုံး ထိန်းသိမ်းခဲ့သည်။ လက်ဆင့်ကမ်းခဲ့သည်။

            မြို့လူထု သာမက(အထူးသဖြင့်) တာဝန်ရှိသူ များကလည်း (တာဝန်ရှိသည့်ပမာ) အထူးအလေးအနက်ထားခဲ့ကြသည်။ ထို့ကြောင့်လည်း တစ်လျှာက်လုံး  'မြန်မာရိုးရာယဉ်ကျေးမှုမန္တလေးမဟာ သင်္ကြန်' ဟု သုံးနှုန်းခဲ့ကြသည်။ သုံး နှုန်းသလိုလည်းလိုက်နာခဲ့ကြသည်။  ထို့ကြောင့်လည်း သင်္ကြန်ရောက် သည်နှင့် မြန်မာဆန်ဆန်ယဉ်ကျေး စွာ ရေပက်ကစားခြင်း၊ ဂီတ၊ အက၊ အလှတို့ကို တစ်ဝကြီးခံစားလိုကြ ခြင်းဖြင့် 'မြန်မာသင်္ကြန်'၏ အမှတ် အသားတစ်ခုပမာ မန္တလေးသင်္ကြန် ကို ပြည်တွင်းသာမက ပြည်ပမှပါ အာရုံစိုက်ခဲ့ကြခြင်းဖြစ်သည်။

 Xxxx     xxxxx

(က)

           အဆိုတော်ရုပ်ရှင်မင်းသား ဝင်းဦးသည် ၁၉၆၈ ခုနှစ်မှစ၍ ၁၉၇၈ ခုနှစ်အထိ ဆယ်နှစ်ကျော်ဆယ့်တစ် နှစ်ကာလမျှ မန္တလေးသင်္ကြန်တွင်ပါ ဝင်ဆင်နွှဲခဲ့သည်။ ဝင်းဦးသည် ထို စဉ်က နံပါတ်(၁)မင်းသားဟု ပြော ရလောက်အောင်လျှမ်းလျှမ်းတောက် နေသော ကာလလည်းဖြစ်ကာ မိန်း ကလေးပရိသတ်အများဆုံးရရှိထား သည်။ ဝင်းဦးသည် ရုပ်ရှင်မင်းသား သာမက စာရေးဆရာလည်းဖြစ်ကာ အထူးသဖြင့် နာမည်ကျော် အဆို တော်တစ်ဦးလည်းဖြစ်သည်။

            မန္တလေးသင်္ကြန်သို့ ရုပ်ရှင်မင်း သားအဆိုတော်ဝင်းဦးဆယ်နှစ်ကျော် ကြာလာရောက်ခြင်းမှာ သိန်းဘယ် နှဆယ်နှင့်ငှားရမ်း၍သို့မဟုတ်ဘယ် သူဘယ်ဝါက စပွန်ဆာပေး၍ လာ ရောက်ခြင်းမဟုတ်။ ကိုယ်ကိုယ်နှိုက် ကအနုပညာအပေါ်နှစ်ယူခံစားလေး စားမြတ်နိုးလွန်း၍ 'အနုပညာ' များ အတောက်စား၊ အမြူးတူးဆုံး မန္တ လေးသင်္ကြန်တွင် ကိုယ်စရိတ်နှင့် ကိုယ်လာရောက်ကာ ဆင်နွှဲခြင်းဖြစ် သည်။ သည်နေရာတွင် အကြောင်း တိုက်ဆိုင်၍ပြောရလျှင် ရုပ်ရှင်မင်း သားဝင်းဦးက မန္တလေးသင်္ကြန်တွင် ကိုယ့်စရိတ်နှင့်ကိုယ်လာရောက်ကာ 'ဖျော်ဖြေ' ခြင်းဖြစ်သည်ဟု သုံးနှုန်း သော် ရုတ်တရက်ဆိုလျှင်လျော်ကန် သည်ဟု မှတ်ယူနိုင်၏။ သို့သော် မဟုတ်။

            တကယ်တော့ ရုပ်ရှင်မင်း သားဝင်းဦးက လာရောက်ဖျော်ဖြေ ခြင်းမဟုတ်။ မန္တလေးသူ၊ မန္တလေး သားတိုင်းတစ်ယောက်ချင်းစီ အသီး သီး အသက အသက မိမိတို့တတ် ကျွမ်းသော ပန်းချီ၊ ပန်းပု၊ အက၊ အဆို၊ အတီး၊ အနုသုခုမပညာကိုယ် စီဖြင့် မိမိဆန္ဒအလျောက်အမှီခိုကင်း စွာဖြင့် သင်္ကြန်တွင်ဆင်နွှဲကြသည့် နည်းတူ ရုပ်ရှင်မင်းသားဝင်းဦးက လည်း အများသူငါလိုဆင်နွှဲခြင်းဖြစ် သည်။ လာရောက်ဖျော်ဖြေခြင်းမ ဟုတ်။

          ထို့ကြောင့် ရုပ်ရှင်မင်းသားဝင်း ဦးသီဆိုသလို မန္တလေးသူလေးတွေ ကပြသည်။ မန္တလေးသားများ အလှ ပြယာဉ်အသင်းအဖွဲ့တွေကလည်း ပြန်လည်သီဆိုတီးမှုတ်ကြသည်။ ရုပ်ရှင်မင်းသားဝင်းဦးအပါအဝင် သူ တို့သူတို့သီဆိုတီးမှုတ်ကပြကြသည့် သီချင်း၊ တီးလုံး၊ တီးကွက်တိုင်းက လည်း မန္တလေးသားတွေအားလုံး၏ အနုပညာပစ္စည်းချည်းပဲလေ။

          သင်္ကြန်သည်မည်သူတစ်ဦးတစ် ယောက်ကမျှ အပေါ်ဆီးဖြင့် သိမ်း ပိုက်ကာ ခံစားခြင်းမဟုတ်။ အသား ယူခြင်းမဟုတ်။ ဇိမ်ခံခြင်းမဟုတ်။ အဖျော်ဖြေခံခြင်းလည်းမဟုတ်။ ထို့ အတူ ဖျော်ဖြေခြင်းလည်းမဟုတ်။ ဝင်ခွင့်လက်မှတ်မရှိ။ VIP Rool မရှိ။ အသင်းဝင်ကတ်မရှိ။ အြေ>ွခအရံမရှိ။ ဆိုဖာခုံမရှိ။ အအေးဗူး သစ်သီးလင် ပန်းမရှိ။ သံဆူးကြိုးမရှိ၊ ကော်ဇောနီ မရှိ။ အားလုံးတန်းတူရည်တူ အနု ပညာတောက်စားမှု ...။ ပျော်ရွှင်မှု။
သို့သော် ...

Xxxxx     xxxxx

(ခ)

                 ရာချီသော ဧည့်ခံအလှပြမဏ္ဍပ်တွေ မြို့လုံးပတ်လည်ရှိသောကြောင့် မြို့လယ်လမ်းမကြီး တွေပေါ်မှာမဏ္ဍပ် များဆီ ကူးသန်းကြသည့် အလှပြ ယာဉ်ကြီးများ၊ သင်္ကြန်ပျော်ဂျစ်ကား များက ပျားပန်းခတ်မျှ ဥဒဟိုသွား လာနေကြသည်။လမ်းမကြီးတွေပေါ် သာမက လမ်းသွယ်၊ လမ်းကြားများ ထိ လျှပ်စစ်မီးတထိန်ထိန်၊ မီးစက် သံတညံညံနှင့်အလှပြယာဉ်ကြီးများ ဖြတ်သန်းသွားကြသလို ဘောနက် ဖုံးကို စည်းချက်ကျကျ ထုရိုက်သံနှင့် ဂျစ်ကားများကလည်း ဆူညံစွာအော် ဟစ်ရင်း အပြေးအလွှားမောင်းနှင် သွားကြသည်။

              အထူးသဖြင့် ချစ်ပန်းနွယ်၊ ဈေး ချိုသူ၊ ဗဟိုမဏ္ဍပ်၊ နဂါးမယ်၊ အောင်မြေသူဇာစသည် မဏ္ဍပ်ကြီးများတစ် ဆက်တည်းရှိနေသော မြို့လယ် ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးနှင့် ဈေးချိုသူ၊ မီးရထား၊ ဆောက်လုပ် ရေး၊ ငုရွှေဝါမဏ္ဍပ်များသို့ ဆက်စပ် သွားလာနိုင်သည့် အာဇာနည်လမ်း၊ ၇၈ လမ်းနှင့် လမ်း ၃ဝ မှာလည်း အလှပြယာဉ်တွေ၊ ဂျစ်ကားတွေ အ ကြားမလပ်မရှိ တေးသံမြိုင်မြိုင်နှင့် ဆက်စပ်သွားလာလျက်ရှိ၏။

             ညာဥ့် ဦးယံ ၇ နာရီကျော်သည်နှင့် ဟို .. အနောက်ဘက် နာရီစင်ဆီမှ အာဇာ နည်လမ်းအတိုင်း အမိုးပွင့်ဂျစ်ကား နှင့်လင့်ရိုဗာကားအစီး ၂ဝ ခန့်က ကားဦး၌ ငွေငန်းရုပ်များကိုဆင်ယင် ထားပြီး မြို့မငွေငန်းအလှပြယာဉ် ကြီးကို ဦးဆောင်ကာအရှေ့သို့တက် လာသည်။ မီးလုံးရောင်စုံများ၊ အလှ ဆင်မီးဆိုင်းများဆင်ယင်ထားသော ငွေငန်းယာဉ်ကြီးပေါ်မှာ ရုပ်ရှင်မင်း သားဝင်းဦးက မိုက်ကရိုဖုန်းတိုင်ကို ကိုင်ရင်း သီချင်းတစ်ပုဒ်ကို သီဆို လာသည်။ သီချင်းနှင့်အတူ ဥရောပ ဗုံချက်အသွားဖြင့်တေးသံစုံကိုလည်း  ညက်ညက်ညောညောတီးမှုတ်လာလို့ အလှပြယာဉ်ကြီးမှာ စည်းချက်နှင့် အတူ တငြိမ့်ငြိမ့်ဖြင့် ရွေ့လျားမောင်း နှင်လာ၏။

'ခါသင်္ကြန်တေးသံ ယဉ်ယဉ်
ငြိမ့်ညောင်းစွာ နားမှာချိုရွှင်
ဗေလုဝ ညင်းသွဲ့သွဲ့မို့ပင် ...
နှစ်ဦးငွေငန်းမောင်ပျော်ရွှင်
တင့်ထူးစွာ အမြဲသာဆင်ယင်
စိတ်ရောကိုယ်
ချမ်းမြေ့ကြည်ကြည်လင် ...'

                မြို့မအလှပြယာဉ်ကြီး၏ ဘေး တစ်ဖက်တစ်ချက်စီမှာ ကားတန်း ကြီးနှစ်တန်းက လမ်းလုံးပြည့်ယှဉ်၍ လိုက်လာကြသည်။ ကားပေါ်ပါလာ သူ ရွှေမန်းသူပျိုပျိုရွယ်ရွယ်အားလုံး ကလည်း ကားအမိုးကိုင်းကို ကျော မှီပြီး အကဲပိုလှစွာဖြင့် အလှပြယာဉ် ကြီးပေါ်က မင်းသားဆီ မျက်နှာမူ ကြသည်။ အလှပြယာဉ်ကြီး၏ဘေး မှာ၊ နောက်မှာ အမိုးဖွင့်ထားသော ကားအမျိုးအစားပေါင်းစုံက အစီး လေးဆယ်၊ ငါးဆယ် အနည်းဆုံးရှိ မှာပေါ့။

            ထိုယာဉ်တန်းကြီးက အာဇာနည်လမ်းအတိုင်း မစိုးရိမ်မီးပွိုင့်ကို ကျော်သည်။ ၇၈ လမ်း ဓာတ်ဆီဆိုင်ရောက်တော့ တောင်ချိုးသည်။ မီးရ ထားမဏ္ဍပ်မှာ ခေတ္တခဏဖျော်ဖြေ သည်။ ထို့နောက် လမ်း ၃ဝ အတိုင်း အရှေ့တက်ပြီး ဗထူးကွင်းတောင် ဘက်က ဆောက်လုပ်ရေးမဏ္ဍပ်မှာ လည်း အပြန်အလှန်သီဆိုကြသည်။ ထို့နောက် အရှေ့သို့ဆက်တက်ကာ မန္တလေးတွင်အကနာမည်ကျော်သော ငုရွှေဝါအမျိုးသမီးအလှပြမဏ္ဍပ်သို့ ဝင်တော့ ညသန်းခေါင်တိုင်လုပြီ။ မန္တလေးသင်္ကြန်ပျော်ပရိသတ်ကလည်း မြို့မငွေငန်းအလှပြယာဉ်ကြီးနှင့် နာ မည်ကျော်ရုပ်ရှင်မင်းသားဝင်းဦး...။ ထို့ပြင် အစီး ၅ဝ ကျော်နီးပါးကား များဖြင့် ကျိတ်ကျိတ်ခဲအားပေးကြ သည့် ရွှေမန်းသူသည်းသည်းလှုပ် များကို နာမည်ကျော် 'ငုရွှေဝါ' မဏ္ဍပ်မှာ မည်သို့မည်ပုံဆုံကြမလဲ ဆိုတာ အလွန်စိတ်ဝင်စားကြ၏။ ထို့ကြောင့်လည်း ငုရွှေဝါမဏ္ဍပ်သို့ မြို့မရောက်ရှိမည့်နေ့၊ အချိန်ကို စောင့်စားနေကြခြင်းဖြစ်သည်။
အဘယ့်ကြောင့်ဆိုသော် ....

xxxxx     xxxxxx

(ဂ)

'လမ်းသူရဲယောင်
အမောက်ထောင်
မျောက်ကောင် အသုံးအဆောင်
သူ့ခမျာ ပြူးကြောင်ကြောင်...
တော့။
ဘိုးဘွားအစဉ်အဆက်
မြန်မာမှုမဟုတ်ပြန်
နားမှာလည်း ဆံပင်အုပ်
ယောက်ျားမပီလေပြန်၊
ဘောင်းဘီကျပ်မောင်တို့
ဆင်ယင်မှုမပီသလေ ..တော့
သူ့အဖေက ဒက်ဒီ
သူ့အမေက မာမီ
စကားမပီရှာသလေ ...
ပျို့မောင်ကြီးရေ .. တော့၊
ခေါင်းမှာလည်း
ကောက်ရိုးတွေပုံ ...'

            မြန်မာဆန်ဆန်ဆံတောက်များ ဖားလျားချကာ ပိတောက်တွေဝေနေ အောင်ပန်ပြီး သနပ်ခါးပါးကွက် ကျားများဖြင့် မြန်မာဆန်ဆန် ချော မောလှသော 'ငုရွှေဝါ' နှမငယ်တို့ က သီဆိုကပြဖျော်ဖြေသည်။

            ကျိတ်ကျိတ်ခဲမျှအားပေးနေသော ပရိသတ်ကြီးက သီချင်းတစ်ပိုဒ်ပြီး တိုင်းပြီးတိုင်း အားပါးတရလက်ခုပ် တီးအားပေးကြသည်။ စာသားသာမ က သံစဉ်ပါ ထူးခြားလှသော သီ ချင်းတွင် 'ငုရွှေဝါ' တို့က လှပညီ ညာစွာ ကပြအသုံးခံသည်။ ထို့ နောက် မောင်ကြီးမြို့မတို့က နှုတ် ဆက်သီချင်းသီဆိုပြီး ထွက်ခွာမည် ဖြစ်သည်။ ပရိသတ်ကြီးကလည်း မြို့မအလှပြယာဉ်ကြီးပေါ်မှ ရုပ်ရှင် မင်းသားဝင်းဦးကို 'ဒီဘက်လှည့်ပြီး သီဆိုဖျော်ဖြေပါဦး' ဟု တောင်းဆို အားပေးကြသည်။

         'ငုရွှေဝါ အမျိုးသမီးရေသဘင် အဖွဲ့ကြီး ကျန်းမာပါစေ' ဟု သုံး ကြိမ်သုံးခါနှုတ်ဆက်ပြီး ...

          'ရုပ်ရှင်မင်းသားဝင်းဦးနှင့် မြို့မ ငွေငန်းအလှပြယာဉ်ကြီး ကျန်းမာပါ စေ' ဟု ငုရွှေဝါနှမငယ်တို့ကလည်း ပြန်လှန်နှုတ်ဆက်ချိန်တွင် မြို့မက နှုတ်ဆက်တေးသွားကိုခပ်ညက်ညက်  လေးတီးမှုတ်ပြီး စောစောက ပရိ သတ်ကြီးက သူတို့ဘက်လှည့်ပြီး သီဆိုပါဦးဟု တောင်းဆိုသဖြင့် ရုပ် ရှင်မင်းသားဝင်းဦးက အလှပြယာဉ် ပေါ်မှ မတ်တပ်ရပ်၍ ရှေ့တူရှုရှိ ပရိ သတ်ကြီးဘက်လှည့်ကာ နှုတ်ဆက် သီချင်းကို သီဆိုရင်း ..အလှပြယာဉ် ကြီးကတရွေ့ရွေ့ထွက်ခွာသွားတော့ ၏။

Xxxxx     xxxxx    

(ဃ)

            နောက်နေ့နံနက်တွင် မန္တလေး မြို့ထုတ် သတင်းစာ၌ ဆောင်းပါး ရှင်တစ်ဦးက 'မဏ္ဍပ်ပေါ်မှ (ဘောင်း ဘီဖင်ကျပ်အကြောင်း၊ မြန်မာမဆန် သူတို့အကြောင်း၊ သတိပေး ပညာ ပေးသည့်သီချင်းများ သီဆိုကြရာ  ဘောင်းဘီဝတ်လာသူကိုဝင်းဦးက သူ့ကိုစောင်းမြောင်းသီဆိုရပါ့မလား ဟု မျက်မာန်ရှကာ အလှပြယာဉ်အ ထွက်တွင် မဏ္ဍပ်ကိုနှုတ်မဆက်ဘဲ တမင်ကျောပေးပြီး ထွက်ခွာသွား ကြောင်း ဤအပြုအမူမှာ အရုပ်ဆိုး ရိုင်းစိုင်းလှပါကြောင်း' စသည့် အ ဓိပ္ပာယ်သက်ရောက်သောဆောင်းပါး ကို ရေးသားဖော်ပြပါရှိခဲ့သည်။

           ထိုအဖြစ်အပျက်ကား ထိုနှစ် သင်္ကြန်တွင် ပရိသတ်အကြားအထူး အသားပေးပြောကြားငြင်းခုန်ဖြစ်ခဲ့ ကြသည်။ ဆောင်းပါးရေးတာမှန် တယ်။ မန္တလေးလို ယဉ်ကျေးမှုမြို့ တော်မှာ ဒီလိုအပြုအမူမျိုးခွင့်မလွှတ် နိုင်ဟူသော သုံးသပ်မှုမျိုး။ ထိုကိစ္စ မဟုတ်ပါ။ မင်းသားကြီးက ပရိ သတ်အများစုဘက်လှည့်၍ သီချင်း သီဆိုသဖြင့် မဏ္ဍပ်ကိုကျောပေးသ လိုဖြစ်ရတာပါ။ အဲဒီအချိန် ကိုယ် တိုင်မြင်ရတာပါ' ဟု အတွေ့အကြုံ ဖြင့် ပြောဆိုမှုမျိုး ... စသည်ဖြင့် စီ စီညံခဲ့၏။

           မည်သို့ဆိုစေ နိုင်ငံကျော်ရုပ်ရှင် မင်းသားမို့ သတင်းဖြစ်သွားတာ သေချာသည်။ မန္တလေးကလည်း တာဝန်ရှိသူမှအစ မြို့သူမြို့သား အားလုံးကလည်း 'ယဉ်ကျေးမှု သင်္ကြန်' ဟူသော အနှစ်သာရကို မည်သို့မျှ အပွန်းအပဲ့မခံတာလည်း သေချာသည်။ ထို့အတူ အလွန်ယဉ် ကျေးသိမ့်မွေ့သော ရုပ်ရှင်မင်းသား ဝင်းဦးကလည်း ထိုကိစ္စအတွက် ဆောင်းပါးရှင်၏ထင်မြင်ယူဆချက် လည်း မမှားပါ။ မိမိဝတ်လာသော အဝတ်အစားနှင့်မဏ္ဍပ်မှ သီချင်းတို့ တိုက်ဆိုင်မှုတွင် မိမိစိတ်ကသိက အောက်ဖြစ်ကာ ဤသို့ပြုမူခြင်းဖြစ် လိမ့်မည်ဟု ဆောင်းပါးရှင်က ယူဆ သော်လည်း တကယ့် ဖြစ်ရပ်မှာမ ဟုတ်ပါ။ မိမိမှာ ပရိသတ်အားလုံး ၏ဆန္ဒကို လိုက်လျောလိုသဖြင့် မိမိတို့အလှပြယာဉ်အထွက်တွင် အများစုပရိသတ်ကြီးအား ဖျော်ဖြေ လို၍ မျက်နှာမူမိရာမှ မဏ္ဍပ်အား ကျောပေးသကဲ့သို့ဖြစ်ရပါသည်ဟု ပြန်လည်ဖြေရှင်းခဲ့သည်။

                                                        ကိစ္စမရှိ။
               ထိုစဉ်က ရုပ်ရှင်မင်းသားဝင်းဦး နှင့် မန္တလေးပရိသတ်မှာ အဝေး ရောက်မိမိအိမ်သားတစ်ယောက် သင်္ကြန်ပြန်လာခိုက် ဝမ်းပန်းတသာ ကြိုဆိုကြသည့် အမူအကျင့်ပဲဖြစ် သည်။ နောက်နှစ်ကစ၍ မင်းသား ဝင်းဦးကလည်း ချိတ်ပိုးလုံချည်၊ တိုက်ပုံနှင့် ဝတ်စားသီဆိုသည်။ ပရိသတ်ကလည်း ထွေးထွေး ပိုက် ပိုက် စောင့်ရှောက်အားပေးခဲ့၏။ ဆယ်နှစ်ကျော် ဆယ့်တစ်နှစ်တိုင်။

Xxxxx     xxxxx

(င)

             မကြာမီ သင်္ကြန်ကျတော့မည်။ မနက်လင်းသည်မှ မိုးစုပ်စုပ်ချုပ် သည်အထိ ကျုံးလေးဘက်လေးတန် မှာ ကျုံးရေတွေ ဂါလံသန်း ၄ဝ ကျော်သုံးပြီးမွန်းအောင်ပက်ကြမည်။  ၁ဝ ပေနီးပါးမြင့်ပြီး ပေ ၁ဝဝ ကျော် ကျယ်သော စင်ကြီးတွေပေါ်က နာမည်ကျော် အနုပညာရှင်တွေ ခေတ် အဆန်ဆုံးအဝတ်အစားများဝတ်ဆင် ပြီး သူတို့ကိုယ်တိုင် သီချင်းတွေသီ ဆိုကြမည်။ ဘယ်ပရိသတ်ကို ကျော ပေးပေး ကိစ္စမရှိ။ ပရိသတ်ခေါင်း ပေါ်ကစင်မှာ ခြေထောက်တင်၊ ခြေ ထောက်မြှောက်လည်း ကိစ္စမရှိ။ စင် အောက်က ပရိသတ်ကလည်း သူတို့ နှင့်အပြိုင် ဝတ်စားပြီး ခုန်ပေါက်မြူး တူးကြဖို့ပဲဖြစ်သည်။

စည်းချက်ကမြန်၊ ရင်ခုန်သံက မြန်၊ မြန်လွန်းမက မြန်တော့ ပေါက် ကွဲ ...။
                                                               
                                                                     ဆူးငှက်

Credit: ဆရာဆူးငှက်ရဲ့ Page

Thursday, February 23, 2017

RED CHAIR Meets with Celebrities! !!







Credit: မဇ္ဈိမသတင်းဌာန

Monday, February 20, 2017

ကိုယ်ရည်သွေး

#ကိုယ်ရည်သွေး

                                      #မောင်လှမျိုး(ချင်းချောင်းခြံ)

ချစ်တယ် . . . လို့
ပြောလိုက်ကတည်းက
ကမ္ဘာတစ်ဝှမ်းလုံးမှာ
ရှိတဲ့
မြတ်နိုးစရာ အလုံစုံကို
မင်းအတွက်
ပေးဆက်လိုက်တာပါ။

ဘယ်သူ့ထံမှာမှ
ဦးမညွှတ်ခဲ့တဲ့ . . . ချစ်ခြင်း ။
ဘယ်သူ့ထံမှာမှ
မတောင်းခံခဲ့တဲ့ . . .မျှော်လင့်ခြင်း ။
ဘယ်သူ့အတွက်မှ
မထွင်းထုခဲ့တဲ့ . . . ကြိုးပမ်းခြင်း . . .
အားလုံးရဲ့ အစုအစည်းနဲ့ ။
မင်းကို
ပေးအပ်ခဲ့တာပါ။

ကမ္ဘာနှစ်ခြမ်း ကွဲသွားခဲ့ရင်တောင်
မင်းရှိတဲ့ ဘက်ခြမ်းမှာသာ
ငါ  ရှင်သန်ပါရစေ . . . ။

သစ်ရွက်မကြွေဖို့ နွေကို တားဆီးလို့မရ
မိုးစက်မခြွေဖို့ ကောင်းကင်ကို တားဆီးလို့မရ
နှင်းပွင့်မဝေဖို့ ဆောင်းကို တားဆီးလို့မရ
ရနံ့မသင်းဖို့ ပန်းကို ပိတ်ပင်လို့ မရသလိုမျိုး
မြတ်နိုးလွန်းတဲ့ . . . ငါ့ချစ်ခြင်း
ဘာနဲ့ပစ်ခွင်းမလဲ . . .မင်း ။

ကမ္ဘာပျက်သုန်းခဲ့ရင်တောင်
ချစ်ခြင်းရဲ့
အငွေ့အသက်  . . .  အရှိန်အဟုန်နဲ့
နောက်ထပ်ကမ္ဘာသစ်တစ်ခု
( သဘာဝ , တရားက )
အလိုလို ထွင်းထုနိုင်ဦးမယ်။

ယုံပါ
အချစ်နဲ့လွတ်ကင်းတဲ့ . . . လူ့ကမ္ဘာ
ဘယ်ဆီမှာမှ  . . .  မရှိ . . .  ။           ။

                               #မောင်လှမျိုး(ချင်းချောင်းခြံ)

                               2009 , Aug  , 23

                                3 : 00 ( p.m )

Credit: ဆရာမောင်လှမျိုး (ချင်းချောင်းခြံ) ရဲ့ Page


Sunday, February 19, 2017

သင့်ကျောက်ကပ် ပျက်စီးနေပြီလား???


ဒီလက္ခဏာ(၁၄)ရပ် ပြနေပြီဆိုရင် သင့်ကျောက်ကပ် ပျက်စီးနေပြီ

==================
==================

အကြောင်းအမျိုးမျိုးကြောင့် ကျောက်ကပ်ပျက်စီးနိုင်ပါတယ်။ သို့ သော် တချို့ ဝေဒနာသည်တော်တော်များများမှာ ရောဂါအခြေ အနေဆိုးရွားနေတာတောင် ကျောက်ကပ်ပျက်စီးနေကြောင်းကို သိသာထင်ရှားတဲ့လက္ခဏာတွေ မတွေ့ ရတဲ့အတွက်ကြောင့် ထို ရောဂါကို တိတ်တဆိတ်လူသတ်သမားလို့ ဆိုနိုင်ပါတယ်။ ခန္ဓာကိုယ်ကြီးကောင်းစွာ အသက်ဆက်နိုင်ဖို့ အတွက် ကျောက်ကပ် ရဲ့  အခန်းကဏ္ဍဟာလွန်စွာ အရေးပါလှပါတယ်။ ဒါကြောင့်လည်း တခြားကလီစာများနှင့်မတူ လူတစ်ယောက်မှာ ကျောက်ကပ် နှစ်ခု(တစ်စုံ)ကို မွေးလာကတည်းက အတူပါလာရခြင်းဖြစ်ပါတယ်။ ရောဂါဖြစ်ခါစမှာကုသခြင်းထက်၊ ရောဂါကျွမ်းလာမှ ကုသနိုင် ခြင်းဟာ ရခဲလှတဲ့လူ့ ဘ၀အတွက် အင်မတန်မှနှမြောစရာကောင်းပါတယ်။ သို့ ပါ၍ အောက်ဖော်ပြပါ လက္ခဏာ(၁၄)ရပ်ကို လေ့လာရင်း ကျောက်ကပ်မပျက်စီးရလေအောင် မိမိဘက်မှလက်ဦးမှုအရယူနိုင်ကြပါစေကြောင်း အကြံပြုလိုက်ရပါတယ်။

(၁) ဆီးအခြေအနေပြောင်းလဲခြင်း

“ဆီးအခြေအနေပြောင်းလဲခြင်းအစ ကျောက်ကပ်ရောဂါက” လို့ မှတ်ပါလေ။ ပုံမှန်နဲ့ မတူတော့ဘဲ ဆီးပမာဏများလာခြင်း၊ နည်းသွားခြင်း၊ မကြာခဏဆီးသွားခြင်း၊ ယခင်ထက် ဆီးအရောင်ရင့်လာခြင်း၊ အားစိုက်ကာ ဆီးကိုညှစ်ထုတ်၍သွားရခြင်းတို့ ဖြစ် ပါတယ်။ အထူးသဖြင့် ညပိုင်းမှာဆီးသွားကြိမ်ရေများခြင်းဟာ ကျောက်ကပ်ပျက်စီးခြင်း၏ စဦးပိုင်းအခြေအနေဖြစ်တာကြောင့် လစ်လျူမရှုသင့်ပါဘူး။ ထိုအခြေအနေမှာ အချိန်မှီကုသယူမခံယူဖြစ်ပါက ကျောက်ကပ်၏ ၈၀ ရာခိုင်နှုန်းအထိပျက်စီးသွားနိုင် တယ်လို့  အိန္ဒိယနိုင်ငံရှိ Pune Region မှ ကျောက်ကပ်ရောဂါဆိုင်ရာ အကြီးတန်းအကြံပေးဖြစ်သူ ဒေါက်တာ Avinash Ignatius က သတိပေးထားပါတယ်။

(၂) ခက်ခက်ခဲခဲ ဆီးသွားရခြင်း(သို့ )ဆီးသွားနေစဉ် နာကျင်စွာခံစားရခြင်း

ဆီးလမ်းကြောင်းပိုးဝင်တဲ့အခါ ခက်ခက်ခဲခဲ ဆီးသွားရခြင်း(သို့ )ဆီးသွားနေစဉ် နာကျင်စွာခံစားရခြင်း(သို့ )ဆီးပူ၍ လိင်အင်္ဂါမှာ ပူ စပ်ပူလောင်ဖြစ်ခြင်း စတာတွေ ခံစားရတတ်ပါတယ်။ ဆီးလမ်းကြောင်းထဲရှိပိုးဟာ ကျောက်ကပ်အထိ ကူးစက်ပျံ့ နှံ့ သွားပါက အဖျားတက်ပြီး ခါးနာလာပါတယ်။

(၃) ဆီးထဲမှာသွေးပါခြင်း

ဆီးထဲမှာသွေးပါခြင်းက ကျောက်ကပ်မှာပြဿနာရှိနေကြောင်းကို ထင်သာမြင်သာစွာသိနိုင်ပါတယ်။ ထိုအခြေအနေမျိုးကြုံရပါက ဆရာဝန်ဖြင့် အမြန်ဆုံးကုသမှုခံယူပါ။ (အမျိုးသမီးများ ဓမ္မတာလာစဉ် ဆီးထဲမှာသွေးပါတာမျိုးကိုမဆိုလိုပါ)

(၄) ဆီးအမြှုပ်ထခြင်း

ဆီးသွားနေစဉ်အတွင်း ဆီးထဲအမြှုပ်ထနေတာကို အလွယ်တကူတွေ့ မြင်နိုင်ပါတယ်။ ထိုအခြေအနေမျိုးဟာ ခန္ဓာကိုယ်ထဲမှာ ပရို တင်းဓာတ်ချို့ တဲ့ခြင်းကြောင်းဖြစ်နိုင်သလို၊ ကျောက်ကပ်ပျက်စီးတဲ့ လက္ခဏာလည်းဖြစ်နိုင်တာကြောင့် မပေါ့ဆဘဲ ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်တယ်လို့  အိန္ဒိယနိင်ငံ၊ မွန်ဘိုင်းရှိ ကျောက်ကပ်ရောဂါဆိုင်ရာသုတေသီတစ်ဦးဖြစ်သူ ဒေါက်တာ Deepa Jayaram က သတိပေးထားပါတယ်။

(၅) ခန္ဓာကိုယ် ဖောသွပ်ခြင်း

ကျောက်ကပ်ပျက်စီးနေသူတိုင်း ကြုံတွေရမည့်လက္ခဏာပါ။ ကျောက်ကပ်ရဲ့ တာဝန်က ခန္ဓာကိုယ်ထဲရှိ မလိုအပ်ဘဲ ပိုလျှံနေတဲ့ အရည်တွေကို ဆီးအဖြစ်ထုတ်ပေးရပါတယ်။ မကျန်းမာတဲ့ကျောက်ကပ်ဟာ အဲဒီလုပ်ငန်းစဉ်တွေကို မလုပ်နိုင်တော့ပါဘူး။ ထိုအ ခါ ပိုလျှံနေတဲ့ဆီးနှင့် အငံဓာတ်တွေက ယူရစ်အက်ဆစ်အဖြစ်ဖောက်ပြန်လာကာ ခြေဖမိုး၊ အဆစ်အမြစ်၊ မျက်နှာ နှင့် လက် ချောင်း လက်ဖျံတွေကို ရောင်ကိုင်းဖောသွပ်စေကာ ကွေးဆန့် နိုင်ဖို့ ခက်ခဲသွားပါပြီ။

(၆) အလွန်အမင်း မောပမ်းနွမ်းနယ်၍ ဖြူရော်ရော်ဖြစ်ခြင်း

ကျောက်ကပ်တွေက erythropoietin(ခေါ်)ဟိုမုန်းတမျိုးကိုထုတ်လုပ်ပေးပါတယ်။ ၄င်းဟိုမုန်းက သွေးနီဆဲလ်တွေထံသို့ အောက် စီဂျင်ထောက်ပံ့ပေးတာဖြစ်ပါတယ်။ အကယ်၍ ကျောက်ကပ်မှာပြဿနာရှိ၍ ဟိုမုန်းမထုတ်လုပ်ပေးနိုင်တော့ပါက၊ သွေးနီဆဲလ် တွေလည်း လျော့ကျလာပြီး သွေးအားနည်းရောဂါခံစားရသကဲ့သို့  အလွန်အမင်းမောပမ်းနွယ်နယ်၍ ဖျော့တော့လာပါတယ်။

(၇) မူးနောက်၍ အာရုံမစူးစိုက်နိုင်တော့ခြင်း

အထက်ဖော်ပြပါ ဖြူရော်နွမ်းနယ်ခြင်းဟာလည်း ဦးနှောက်ထံသို့ အောက်စီဂျင်ရောက်ရှိမှုလျော့နည်းခြင်းနှင့် တိုက်ရိုက်ပတ် သက်နေတာကြောင့်၊ မူးနောက်နောက်ဖြစ်ကာ အာရုံစူးစိုက်နိုင်ခြင်းမရှိတော့ပါဘူး။

(၈) ချမ်းစိမ့်စိမ့်ဖြစ်ခြင်း

ကျောက်ကပ်ပျက်စီးတဲ့အခါ သွေးနီဆဲလ်များယုတ်လျော့သွားတာကြောင့်၊ ပူနွေးတဲ့ ပုံမှန်အခန်းအပူချိန်မှာတောင် ခြေလက်တွေ က အမြဲလိုလိုအေးစက်နေတတ်ပါတယ်။ ချမ်းအေးတဲ့ရာသီဥတု ပတ်ဝန်းကျင်မျိုးမဟုတ်ပါဘဲနဲ့ အလွန်အမင်းမောပမ်းနွမ်းနယ်၍ ခြေလက်တွေ ရေခဲတုံးတမျှအေးခြင်းဟာ ကျောက်ကပ်ပျက်စီးနေပြီဖြစ်ကြောင်းကို ဖော်ပြတဲ့လက္ခဏာဖြစ်တာမို့  လုံးဝ မပေါ့ဆ သင့်ပါဘူး။

(၉) အရေပြားယားယံ၍ အနီစင်းကြောင်းတွေပေါ်ခြင်း

ဤဖြစ်စဉ်က သာမန်ဓာတ်မတည့်မှု အရေပြား allergy ရောဂါနဲ့ ခပ်ဆင်ဆင်တူပါတယ်။ သို့ သော်မပေါ့ဆပါနဲ့ ။ ကျောက်ကပ် ကောင်းစွာအလုပ်မလုပ်နိုင်တော့ပါက၊ ခန္ဓာကိုယ်ထဲမှာ အဆိပ်အတောက်တွေစုပုံကျလာတာကြောင့် အရေပြားမသန့် တော့ဘဲ ယားယံခြင်းတွေဖြစ်လာပါတယ်။ ဒါကြောင့် အရေပြား allergy ရောဂါခံစားရပါက၊ အစားအသောက်မှား၍ ဓာတ်မတည့်တာလား ဒါမှမဟုတ် ကျောက်ကပ်ကြောင့် ဖြစ်သလားဆိုတဲ့ အဖြေကို တိတိကျကျဖော်ထုတ်ပါ။

(၁၀) အသက်ရှုလိုက်တိုင်း အမိုးနီးယားဓာတ်ငွေ့ နံ့ ခံစားရခြင်း

မိမိဖာသာအလွယ်တကူသိနိုင်တဲ့လက္ခဏာပါ။ စွန့် ပစ်ဆီးထဲမှာ urea(ခေါ်)နိုက်ထရိုဂျင်ဓာတ်ပေါင်းတစ်မျိုးပျော်ဝင်နေပါတယ်။ ကျောက်ကပ်ပျက်စီးလာလေလေ urea ပျော်ဝင်မှုများလေလေဖြစ်တာကြောင့်၊ ထိုဓာတ်ပေါင်းတွေက အမိုးနီးယားဓာတ်ငွေ့ နံ့ အ ဖြစ် တံတွေးနဲ့ ခံတွင်းမှာပျံ့ နှံ့ ပြီး အသက်ရှုလိုက်တဲ့အခါတိုင်း အမိုးနီးယားနံ့ ကို ခံစားရခြင်းဖြစ်ပါတယ်။(အမိုးနီး ယားအနံ့ ဟာ ဇ၀က်သာ အနံ့ နှင့်ဆင်တူပါတယ်)

(၁၁) အော်ဂလီဆန်၍ပျို့ အန်ခြင်း

ကျောက်ကပ်ပျက်စီးလာတဲ့အခါ၊ သွေးထဲမှာစွန့်ပစ်ပစ္စည်းတွေစုပုံလာတာကြောင့် သွေးဆိပ်တက်လာပြီး အော်ဂလီဆန်ပျို့ အန် တာ တွေ ခံစားရပါတယ်။

(၁၂) အစာစားချင်စိတ်မရှိခြင်း

နိဒါန်းမှာဖော်ပြခဲ့သလိုဘဲ တချို့ ဝေဒနာသည်တော်တော်များများမှာ ရောဂါအခြေအနေဆိုးရွားနေတာတောင် ကျောက်ကပ်ပျက် စီးနေကြောင်းကို သိသာထင်ရှားတဲ့လက္ခဏာတွေ မတွေ့ ရတတ်ပါဘူး။ ခန္ဓာကိုယ်ထဲမှာ ဆီးဆိပ်တက်နေတဲ့အခါ ဘာစားစားအ ရသာခံအာရုံမကောင်းတော့ဘဲ အစာစားချင်စိတ်မရှိနိုင်တော့ဘူးလို့  ဒေါက်တာDeepa Jayaram က အကြံပြုထားပါတယ်။

(၁၃) အသက်ရှုမ၀ခြင်း

ကျောက်ကပ်အခြေအနေဆိုးရွားလာတဲ့အခါ၊ အဆုတ်ထဲမှာအရည်တွေပြည့်လာတဲ့အတွက် အသက်ကောင်းကောင်းမရှုနိုင်တော့ ပါဘူး။ အဲဒီအခါ အသက်ရှုမ၀သလို ခံစားရပြီး၊ ခန္ဓာကိုယ်မှာလည်း အောက်စီဂျင် ငတ်လာပါတယ်။

(၁၄) ခါးဘေးတွေနာခြင်း

အလွယ်တကူသိနိုင်တဲ့ လက္ခဏာဖြစ်ပေမယ့်၊ လူတော်တော်များများက သတိမထားမိတတ်ကြပြန်ပါဘူး။ ခါး၏အနောက်ဖက် အ လယ်ခေါင်တည့်တည့်က နာတာမျိုးမဟုတ်ဘဲ၊ ဘယ်(သို့ )ညာ ကျောက်ကပ်ရှိတဲ့ ခါးဘေး၏အနောက်နားက နာခြင်းမျိုးပါ။ ခါး ဘေးရဲ့ အနောက်ဘက်နားမှစ၍ ပေါင်ခြံအထိနာတတ်ပါတယ်။ ဥပမာ ကျောက်ကပ်မှဆီးအိတ်သို့ ဆီးကို သယ်ဆောင်ပေးသည့် ဆီးပြွန်ရောင်ရမ်းခြင်း၊ ဆီးထဲမှာ အနည်အနှစ်များခြင်း၊ ဆီးကျောက်တည်ခြင်း၊ အထူးသဖြင့် အမျိုးသမီးတွေမှာ ဆီးမကြာခဏ သွား၍ ဆီးအိမ်ရောင်ခြင်း တို့ ကြောင့် အဲဒီလိုခါးနာလာရပါတယ်။
★★★★★★★★★★

ကျောက်ကပ်ပျက်စီးစေနိုင်သော အကြောင်းတရားများ

(၁) အကိုက်အခဲပျောက်ဆေးတွေထဲမှာပါရှိတဲ့ ibuprofen၊ motrin၊ aleve၊ acetaminophen စတဲ့ဓာတ်များက ကျောက်ကပ် ထဲမှာရှိတဲ့ သွေးကြောတွေကို ကျုံ့ ဝင်စေကာ ကျောက်ကပ်ကိုပျက်စီးစေနိုင်ပါတယ်။ ဆီးရွှင်ဆေးများကလည်း ကျောက်ကပ်ကို ပင်ပင်ပန်းပန်းအားစိုက်၍ အလုပ်ခိုင်းစေကာ ရေဓာတ်ဆုံးရှုံးစေတာကြောင့် ကျောက်ကပ်ပျက်စီးလွယ်ပါတယ်။ ကိုလက်စထရော ကျဆေးအချို့ နှင့် ရိုးတွင်းခြင်ဆီကင်ဆာပျောက်ဆေးများရဲ့ ဘေးထွက်ဆိုးကျိုးများကလည်း ကျောက်ကပ်ကျန်းမာရေးကို အဟန့် အတားဖြစ်စေပါတယ်။ ဥပမာ ပနစလင်တို့ လို မိမိနှင့်ဓာတ်မတည့်တဲ့ ထိုးဆေးမျိုးကို မှားယွင်းစွာသုံးစွဲမိတဲ့အခါ၊ ကျောက်ကပ်ကို ဆိုးဆိုးရွားရွား ပျက်စီးစေနိုင်ပါတယ်။

(၂) ဆေးလိပ်သောက်ခြင်းက ကျောက်ကပ်ရဲ့ လုပ်ငန်းဆောင်တာတွေကို ကမောက်ကမဖြစ်စေပါတယ်။ အကယ်၍ ဆီးချို နှင့် သွေးတိုးရောဂါရှိသူများ ဆေးလိပ်သောက်ခြင်းက၊ ကျောက်ကပ်ကျန်းမာရေးကို ပိုမိုဆိုးရွားလာစေနိုင်ပါတယ်။

(၃) ရောဂါရှာဖွေရေးကိရိယာများဖြစ်ကြတဲ့ CT scans နှင့် ဓာတ်မှန်ရိုက်ခြင်းဖြင့် ၄င်းတို့ မှထွက်လာတဲ့ ရောင်ခြည်များက ကျောက်ကပ်အလုပ်လုပ်ခြင်းကို ကမောက်ကမဖြစ်စေနိုင်ပါတယ်။

(၄) ဗီတာမင်ဒီ ဆိုတာကလည်း steroid ဟော်မုန်းအမျိုးအစာတစ်ခုဖြစ်၍ ကျောက်ကပ်အပါအ၀င် ခန္ဓာကိုယ်ကြီးတစ်ခုလုံးကို ကောင်းကျိုးဖြစ်စေပါတယ်။ လိုအပ်တဲ့ ဗီတာမင်ဒီကို နံက်စောစော နေနုအေးမှ နေပူစာလှုံခြင်းဖြင့် ရရှိနိုင်ပါတယ်။

(၅) ရေသောက်နည်းခြင်း၊ အပူကြီးဖျားနာ၊ ပျို့ အန်၊ ၀မ်းသွား၊ ချွေးထွက်လွန် စသည်တို့ ကြောင့် ရေဓာတ်ခမ်းခြောက်၍ ကျောက်ကပ်အလုပ်လုပ်မှု အားနည်းသွားစေပါတယ်။

(၆) ဆီးအိမ်ကျွံခြင်း၊ သားအိမ်လျောခြင်း၊ ဆီးကျိတ်ကင်ဆာ၊ သားအိမ်တွင်းအဖုအကျိတ်စတဲ့ ဝေဒနာများကလည်း ကျောက်ကပ် နှင့် ဆီးလမ်းကြောင်းများကို အဟန့် အတားဖြစ်ကာ ကျောက်ကပ်ပျက်စီးသွားနိုင်ပါတယ်။

(၇) ဆီးသွားချင်စိတ်ကို လစ်လျူမရှုသင့်ပါဘူး။ အကယ်၍ ဆီးတွေကိုအောင့်ထားမိတဲ့အခါ၊ ဆီးအိမ်ထဲမှ ဆီးဟောင်းတွေကို ဆီး ပြွန်မှတဆင့် ကျောက်ကပ်ထံသို့  ပြောင်းပြန်-ပြန်လည်စီးဆင်းလာပါတယ်။ ထိုဆီးဟောင်းတွေကို ကျောက်ကပ်က ထပ်မံ၍ဇီဝ ဖြစ်စဉ်အဖြစ် အစာချက်လုပ်တဲ့အခါ ကျောက်ကပ်ညစ်ညမ်းသွားပါတယ်။ (ဒါတင်မကသေးပါဘူး။ အကယ်၍ ဆီးအိမ်ထဲမှာ ဆီး တွေဖောင်းတင်းနေချိန် မတော်တဆယဉ်ထိခိုက်မှု အန္တရာယ်တခုခုကြုံရပါက ဆီးအိမ်ကွဲသွားစေနိုင်ပါတယ်)

(၈) ဆီးလမ်းကြောင်းပိုးဝင်ပါက၊ အချိန်မဆိုင်းဘဲ ဆေးဝါးကုသမှုခံယူသင့်ပါတယ်။ သို့ မဟုတ်ပါက ကျောက်ကပ်ကို ဘေးဖြစ်စေ ပါတယ်။

(၉) ပြည့်စုံလုံလောက်တဲ့အနားယူမှုရှိပါစေ။ တစ်နေ့ လျှင် ၄ နာရီခွဲခန့် သာ အိပ်စက်သောသူဟာ ရက်သတ္တတစ်ပတ်မျှအကြာမှာ သိသိသာသာ စိတ်ဖိစီးမှုများလာပြီး၊ အိပ်ချိန်ကစဥ့်ကလျားဖြစ်မှုဟာ ကျောက်ကပ်ရောဂါကို ပိုမိုဆိုးရွားစေနိုင်ပါတယ်။

(၁၀) ညနေ ၃ နာရီမှ ၅ နာရီအတွင်း ဆီးအိမ်မှ ခန္ဓာကိုယ်ထဲရှိအဆိပ်အတောက်များကို စွန့်ပစ်ချိန်ဖြစ်သောကြောင့် အနည်းဆုံး တစ်လီတာမှ စ,ပြီး ရေများများသောက်ရန်လိုအပ်ပါတယ်။ ညနေ ၅ နာရီမှ ၇ နာရီဟာ ကျောက်ကပ်အလုပ်လုပ်ချိန်ဖြစ်တာ ကြောင့်၊ ၄င်းအချိန်မှာ ရေချိုးနေစဉ် ဆီးသွားခြင်းရှောင်ပါ။ သို့ မဟုတ်ပါက ကျောက်ကပ်ပျက်စီးလွယ်ပါတယ်။

(၁၁) ဗီတာမင်စီဆေးပြားတွေကို လိုအပ်တဲ့ပမာထက်ပို၍စားသုံးမိတဲ့အခါ ကျောက်ကပ်မှာ ကျောက်တည်စေနိုင်ပါတယ်။ အ ကိုက်အခဲ ပျောက်ဆေးများကိုလည်း လွန်ကဲစွာစားမိပါကကျောက်ကပ်ပျက်စီးစေနိုင်ပါတယ်။

(၁၂) ရေကို လုံလောက်စွာသောက်ပေးပါ။ ရေဓာတ်ခမ်းခြောက်နေတဲ့ ခန္ဓာကိုယ်ဟာ ကျောက်ကပ်ရေဂါဖြစ်နိုင်ခြေ ၂၀ ရာခိုင် နှုန်းရှိပြီး၊ ရေဓာတ်လုံလောက်နေလျှင် ထိုရောဂါမှ ၆၀ ရာခိုင်နှုန်း ကာကွယ်ပေးနိုင်ပါတယ်။ ရေဗူးကို မိမိနှင့်လက်တကမ်းမှာ အမြဲထားပြီး၊ ရေဆာတိုင်းသောက်ပေးပါ။ တစ်နေ့ ကို သောက်ရေ ၁၀-ဖန်ခွက်ထက်မနည်းသောက်ပါ။(သို့ သော် ခြွင်းချက် အနေဖြင့် ကျောက်ကပ်အားနည်းသူ၊ ကျောက်ကပ်ပြဿနာရှိသူ၊ ဆီးချိုပျောက်ဆေး၏ ဘေးထွက်ဆိုးကျိုးကြောင့် ကျောက်ကပ် မကောင်းသူများဟာ ရေကိုချင့်ချိန်ပြီးသောက်သင့်ပါတယ် သို့ မဟုတ်ပါက ကျောက်ကပ်မှာဝန်ထုပ်ဝန် ပိုးဖြစ်စေပါတယ်)

(၁၃) သွေးတိုးခြင်းက ကျောက်ကပ်ထဲမှာ ပရိုတင်းဓာတ်လျော့နည်းစေပြီး ကျောက်ကပ်ကို ဖိစီးမှုဖြစ်စေပါတယ်။ ဒါကြောင့် သွေး တိုးရောဂါမဖြစ်အောင် ကိုယ်အလေးချိန်ထိန်းခြင်း၊ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းလုပ်ခြင်း၊ အငန်လျော့စားခြင်းတို့ ဖြင့် ကျောက်ကပ်ကို ကာကွယ်ပေးသင့်ပါတယ်။
★★★★★★★★★★

ကျောက်ကပ်ကို ကောင်းကျိုးပြုသော အစားအစာများ

(က) ကြက်ဥ ဘဲဥတို့ ၏အကာ(အဖြူရောင်အကာ) ထဲမှာပါရှိတဲ့ အမိုင်နိုအက်ဆစ်တွေက ကျောက်ကပ်ကိုကျန်းမာစေပါတယ်။

(ခ) ဂေါ်ဖီထုပ်ထဲမှာ ပိုတက်စီယမ်ပါဝင်မှု လွန်စွာနည်းပါးတဲ့အပြင်၊ ၄င်းထဲရှိ သဘာဝဗီတာမင်များ နှင့် အမျှင်ဓာတ်တို့ က ကျောက်ကပ်အတွက် အားဆေးဖြစ်ပါတယ်။

(ဂ) မဂ္ဂနီစီယမ်ဓာတ်ချို့ တဲ့ခြင်းကလည်း သွေးတိုးရောဂါကိုဖြစ်စေပြီး၊
ကျောက်ကပ် ကို သွယ်ဝိုက်သောနည်းဖြင့် ဘေးဖြစ်စေပါတယ်။ ဒါကြောင့် မဂ္ဂနီစီယမ်ဓာတ်ကြွယ်ဝသောအစားအစာများဖြစ်ကြတဲ့ အစေ့အဆံ များ၊ မြေထောက်ပဲများ နှင့် ကိုက်လံ၊ ပန်းဂေါ်ဖီစိမ်း(ဘရိုကိုလီ)တို့ လို ဟင်းရွက်စိမ်းများကို လုံလောက်စွာစားပေးပါ။

(ဃ) အ စိမ်းရောင်ငရုပ်ချိုပွထဲမှာ ပိုတက်စီယမ်ဓာတ် ပါဝင်မှုနည်းပါးတဲ့အပြင်၊ ၄င်းထဲရှိ သဘာဝဗီတာမင်နဲ့ သတ္တုဓာတ်တို့ က ကျောက် ကပ်ကို သန့် စင်ပေးနိုင်တဲ့ အစွမ်းများဖြစ်ကြပါတယ်။

(င) စပျစ်သီးက ခန္ဓာကိုယ်ထဲရှိမလိုလားအပ်သော ယူရစ်အက်ဆစ်များကို ဆီးအဖြစ်ထွက်ရှိလာအောင် တွန်းအားပေးတာကြောင့် ဆီးရွှင်စေကာ၊ ကျောက်ကပ်ကျန်းမာစေတဲ့အပြင်၊ ခန္ဓာကိုယ်တွင်း အ ဆိပ်များကို အရှိန်ဟုန်မြင့် သုတ်သင်ရှင်းလင်းနိုင်သည့် ဇီဝဖြစ်စဉ်ကိုတိုးမြှင့်ပေးနိုင်၍ ကျောက်ကပ် နှင့် သည်းခြေကို သန့် စင်စေ ပါတယ်။

(စ) ဘယ်ရီသီး မျိုးနွယ်ဝင်များဖြစ်ကြတဲ့ စတော်ဘယ်ရီ နှင့် Cranberries(ခေါ်)အချဉ်အရသာရှိတဲ့ ဘယ်ရီသီးအနီ ရောင်တွေထဲမှာပါရှိတဲ့ hippuric အက်ဆစ်ဟာ ခန္ဓာကိုယ်ထဲရှိ ဆီးအဆိပ်အတောက်ကို ဖယ်ရှားပေးနိုင်ပါတယ်။

(ဆ) ကြိတ် မှန်ရွက် ပဉ္စငါးပါး(အမြစ်ပါ မကျန်တပင်လုံး) ကိုရေစင်စင်ဆေးအခြောက်လှန်း၊ သွပ်ပြားပေါ်တင်ပြာချ၊ ၄င်းပြာကိုသံဒယ်အိုး မှာထည့်၊ ရေနှင့်ဖျော်ပြီး ခန်းခြောက်သွားအောင် အပူပေးချက်ခြင်းဖြင့် ရလာတဲ့ဆေးကို “ကြိတ်မှန်ရွက် ရုက္ခမူဆား” လို့ ခေါ်ပါ တယ်။ ၄င်းဆေးကို ထမင်းမစားခင် ဇီးကင်းခန့် နေ့  စဉ် အချိန်မှန်မှန်စားပါ။

(ဇ) မည်သည့်ဌက်ပျောပင်မဆို၊ အူတိုင်ကို ကျောက် ဖရုံသီးဖြင့် ဖျော်ရည်လုပ်သောက်ပါက ကျောက်ကပ်၊ ဆီးအိမ်၊ အမျိုးသား များ ဆီးကျိတ်ဝေဒနာ နှင့် ဆီးကျောက်တည်ခြင်းမှ ကာကွယ်ပေးပါတယ်။

(ဈ) ရွှေဖရုံသီး နှင့် ရွှေဖရုံစေ့ထဲရှိအဆီတို့ ဟာ ကျောက်ကပ်၏ စွမ်းဆောင်ရည်ကိုတိုးတက်မြင့် မားလာ စေပြီး၊ ခန္ဓာကိုယ်ထဲရှိ မလိုလားအပ်သော၊ အညစ်အကြေးတို့ ကို ဆီးအဖြစ်စွန့် ထုတ် ပေးနိုင်လို့ ဆီးကျောက်တည်ခြင်း မဖြစ် စေပါဘူး။ အထူးသဖြင့် အမျိုးသားများတွင်ဖြစ်တတ်သော ဆီးကျိတ်ကြီးထွားလာခြင်းကို သက်သာစေရုံမျှမက၊ ဆီးကျိတ်ကင် ဆာရောဂါကိုလဲ ထိထိရောက်ရောက် တားဆီးကာကွယ်ပေးနိုင်ပါတယ်။

(ည) နာနတ်သီးကို ပန်းသီး(သို့ )ဖရဲသီးတို့ ဖြင့် တွဲစား ပါက၊ ခန္ဓာကိုယ်ထဲရှိ မလိုအပ်သောအငန်ဓာတ်များကို ဖယ်ရှားပေးပြီး၊ ကျောက်ကပ် နှင့် သည်းခြေတို့ ကို အားဖြစ်စေတဲ့အပြင်၊ အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်တာကြောင့် ကျောက်ကပ်သန့် စင်စေပါတယ်။

(ဋ) အာလူးထဲမှာ မဂ္ဂနီစီယမ်ဓာတ်မြင့် မားစွာပါရှိပြီး၊ ထိုဓာတ်က ကျောက်ကပ် နှင့်တစ်ရှုးများထဲတွင် ကျောက်ကပ်ကျောက် တည်ခြင်းကို ချေဖျက်ပေးနိုင်စွမ်းရှိပါတယ်။

(ဥ) ကြံရည်က ကျောက်ကပ်ကို အားပေးပြီး၊ ဆီးချုပ်/ဆီးအောင့်ခြင်းမှ ကာကွယ်ပေးပါတယ်။

(ဌ) ခရမ်းချဉ်သီးကို အစေ့ဖယ်၍ စားခြင်းက ကျောက်ကပ်နှင့် ဆီးအိမ်ကျောက်တည်ခြင်း အလားအလာကို လျော့ချပေးနိုင်ပါတယ်။

(ဏ) မြင်းခွားရွက်ကို နေ့ စဉ် မှန်မှန်စားပေးခြင်းဖြင့် ကျောက်ကပ်နဲ့ ပတ်သက်သော ဆီးဝေဒနာအမျိုးမျိုးမှ ကြိုတင်ကာကွယ်ရာရောက်ပါတယ်။

ကျောက်ကပ်ကို ဘေးဖြစ်စေသော အစားအစာများ 👪

(က) နို့ ၊ ဒိန်ချဉ်၊ နို့ ခဲ စတဲ့ တိရိစ္ဆာန်မှရရှိသော အဆီမထုတ်ထားတဲ့ နို့ ထွက်ပစ္စည်းများကို လွန်ကဲစွာ စားသောက်တဲ့အခါမှာ ကျောက်ကပ်ထဲကို ကယ်လ်စီယမ်ဓာတ်များအနည်ကျကာ ဆီးကျောက်တည်ခြင်းကိုဖြစ်စေပါတယ်။

(ခ) ဆိုဒီယမ်(အငံ)ဓာတ် က ခန္ဓာကိုယ်ထဲရှိအရည်တွေကို မျှတအောင်ထိန်းပေးနိုင်တာကြောင့် ဆားဟာမရှိမဖြစ်အရာပါ။ သို့ သော် ဆားနဲ့ အငံဓာတ် တွေကို လိုအပ်တာထက်ပိုမိုစားသုံးမိတဲ့အခါ ကိုယ်ထဲမှာ ကယ်လ်စီယမ်ဓာတ်ကို စွန့် ထုတ်မှုပိုများစေပြီး၊ အရိုးသန်မာမှုကို ယုတ်လျှော့စေတဲ့အပြင် ကျောက်ကပ်မှာ ကျောက်တည်နိုင်ခြင်းအလားအလာကိုလည်း ပိုများလာစေပါတယ်။ ဒါကြောင့် ဆားကို လျော့နိုင်သမျှလျော့စားပါ။

(ဂ) အသားစား မကျုးသင့်ပါဘူး။ အထူးသဖြင့် အမဲ-သိုး-ဆိတ်-ကြက်ဆင် စတဲ့အနီရောင်အသားများ နှင့် ပင်လယ်ငါး၊ ပုစွန် တွေထဲမှာပါ ရှိတဲ့ phosphorus(ခေါ်)မီး စုန်းဓာတ်က ကျောက်ကပ်ကို လုံးဝ ကောင်းကျိုးမပြုပါဘူး။

(ဃ) အရက်အလွန်အကျွံ မသောက်ပါနှင့်။ အရက်ထဲမှာပါတဲ့ အယ်လ်ကိုဟောလ်က အသည်းရောဂါကြောင့် ကျောက်ကပ်ပျက်စီး စေ ပါတယ်။

(င) လျားစောင်းလက်ပပ်ပင်အနှစ်က ကျန်းမာရေးအတွက် ဘက်စုံကောင်းကျိုးပြုသော်လည်း၊ ၄င်းဂျယ်လီကို တစ်ရက် လျှင် ၂၀ စီစီ ပမာဏထက်ပို၍စားပါက ကျောက်ကပ်ပျက်စီးစေနိုင်ပါတယ်။

(စ) ဟင်းနုနယ်ထဲတွင် oxalates ဓာတ်ပါရှိသဖြင့် ကျောက်ကပ်ဝေဒနာသည်များ အလွန်အကျွံမစားသင့်ပေ။

(ဆ) Oxalates ဓာတ်ကြွယ်ဝတဲ့ ဗိုစားပဲသီး၊ ပိန်းဥ၊ ပိန်းရိုး၊ ဟင်းနု နယ်ရွက်တို့ က ဆီးကျောက်တည်စေနိုင်တာကြောင့် သင့်တင့်ရုံသာစားပေးပါ။

(ဇ) ဥပမာ အစားအစာတွေကို တာရှည်ခံအောင် ပြုပြင်ထားတဲ့ သား-ငါး-ဟင်းသီးဟင်းရွက်-သစ်သီးဝလံ စည်သွတ်ဗူးများ၊ ကြက်-၀က်အူချောင်းများ၊ ထုံချိုင်းအသားလုံးများ၊ အ သင့်စား ခေါက်ဆွဲ-ကြာဇံခြောက်အထုပ်များ စသည်တို့ က အသည်း နှင့် ကျောက်ကပ်တို့ ကို အဆိပ်အတောက် ဖြစ်စေနိုင်တာ ကြောင့် ရံဖန်ရံခါသာ စားသုံးသင့်ပါတယ်။

(ဈ) သဘာဝ သစ်သီးဖျော်ရည်မဟုတ်တဲ့ အချိုရည်အမျိုးမျိုးနှင့် ဆိုဒါတို့ မှာ တာရှည် ခံအောင်၊ အနံ့ ကောင်းအောင် နှင့် အရသာရှိအောင် ဓာတုပစ္စည်းများသုံး၍ ပြုပြင်ထားကြောင့် အာဟာရ(လုံးဝ) မဖြစ်စေတဲ့ အပြင် ကျောက်ကပ်ကိုပါထိခိုက်စေပါတယ်။ ထို့ နည်းတူ ကာဗွန်ဒိုင်အောက်ဆိုဒ်ဂက်စ်ထဲ့ထားတဲ့ အဖျော်ယမကာများကလည်း ကျောက်ကပ် ထဲရှိ သွေးကြောများကို ပျက်စီးခြင်း၊ ကျောက်တည်ခြင်း စတဲ့ ဆိုးကျိုးတွေ ဖြစ်စေနိုင်ပါတယ်။ ဒါ့ပြင် ကဖိန်းဓာတ် များတဲ့ ကော်ဖီ နှင့် လ္ဘက်ရည်များကို အလွန်အကျွံသောက်ခြင်းက ခန္ဓာကိုယ်အနှံ့  သွေးလည်ပတ်စီးဆင်းမှုကို လှုံ့ ဆော်ပေးတာ ကြောင့်၊ သွေးဖိအားများလာပြီး ကျောက်ကပ်ကို တွန်းအားဖြစ်စေပါတယ်။


Credit : ဆီးချို သွေးတိုးနင့်အ၀လွန်ရောဂါကာကွယ်နည်း

Dr. နန္ဒမာလာဘိဝံသ၏ တရားသုံးပုဒ်

“ကောင်းမှုစွမ်းအားနှင့် လူ့အရည်အချင်းများ”-
အကြောင်း တရားဒေသနာတော်-MP3
•••••••••••••••••••••••••••••••••••••


Download နှင့် Online မှ တိုက်ရိုက်နာယူနိုင်မည့် Links :
File size : 16.2MB

http://www.mediafire.com/file/u3qzj8003p1e9ph/%E2%80%9C%E1%80%B1%E1%80%80%E1%80%AC%E1%80%84%E1%80%B9%E1%80%B8%E1%80%99%E1%82%88%E1%80%85%E1%80%BC%E1%80%99%E1%80%B9%E1%80%B8%E1%80%A1%E1%80%AC%E1%80%B8%E1%82%8F%E1%80%BD%E1%80%84%E1%80%B9%E1%80%B7_%E1%80%9C%E1%80%B0%E1%82%94%E1%80%A1%E1%80%9B%E1%80%8A%E1%80%B9%E1%80%A1%E1%80%81%E1%80%BA%E1%80%84%E1%80%B9%E1%80%B8%E1%80%99%E1%80%BA%E1%80%AC%E1%80%B8%E2%80%9D.mp3

“လူတို့၏ အခြေခံကိုယ်ကျင့်တရား”-
အကြောင်း တရားဒေသနာတော်-MP3
•••••••••••••••••••••••••••••••••••••
Download နှင့် Online မှ တိုက်ရိုက်နာယူနိုင်မည့် Links :

File size : 14.24 MB

http://www.mediafire.com/file/zate888dhb5mn4b/%E2%80%9C%E1%80%9C%E1%80%B0%E1%80%90%E1%80%AD%E1%80%AF%E1%82%94%E1%81%8F_%E1%80%A1%E1%80%B1%E1%80%BB%E1%80%81%E1%80%81%E1%80%B6%E1%80%80%E1%80%AD%E1%80%AF%E1%80%9A%E1%80%B9%E1%80%80%E1%80%BA%E1%80%84%E1%80%B7%E1%80%B9%E1%80%90%E1%80%9B%E1%80%AC%E1%80%B8%E2%80%9D.mp3

“သူတော်ကောင်းတွေ လျှောက်လှမ်းတဲ့လမ်းကြောင်း”
အကြောင်း တရားဒေသနာတော်-MP3
•••••••••••••••••••••••••••••••••••••

Download နှင့် Online မှ တိုက်ရိုက်နာယူနိုင်မည့် Links :

File size : 10.11 MB

http://www.mediafire.com/file/5cu2uldhselvbnu/%E2%80%9C%E1%80%9E%E1%80%B0%E1%80%B1%E1%80%90%E1%80%AC%E1%80%B9%E1%80%B1%E1%80%80%E1%80%AC%E1%80%84%E1%80%B9%E1%80%B8%E1%80%B1%E1%80%90%E1%80%BC_%E1%80%B1%E1%80%9C%E1%80%BD%E1%80%BA%E1%80%AC%E1%80%80%E1%80%B9%E1%80%9C%E1%80%99%E1%80%B9%E1%80%B8%E1%80%90%E1%80%B2%E1%80%B7%E1%80%9C%E1%80%99%E1%80%B9%E1%80%B8%E1%80%B1%E1%81%BE%E1%80%80%E1%80%AC%E1%80%84%E1%80%B9%E1%80%B8%E2%80%9D.mp3



Dhamma Dãna Source
www.facebook.com/youngbuddhistassociation.mm

Saturday, February 18, 2017

အုန်းထမင်း နှင့် ကြက်သားဒိန်ချဉ်နှပ် - အုန်းပေါင်းငှက်ပျောသီးကြော် - ကြက်ဆီထမင်း

အုန်းထမင်း နှင့် ကြက်သားဒိန်ချဉ်နှပ် (၄ပွဲ - ၅ပွဲစာအတွက်)


အုန်းထမင်းချက်နည်းမေးထားတဲ့သူတွေအတွက်ကော အခြားသူငယ်ချင်းတွေအတွက်ပါရေးပေးလိုက်ပါတယ်။
အုန်းထမင်းချက်ရာမှာ ကြက်သွန်နီကြော်လေးထည့်ချက်ရင် ပိုမွှေးပြီး အရမ်းကိုစားလို့ ကောင်းပါတယ်။ သူနဲ့ တွဲစားဖို့ အတွက် ကြက်သားဒိန်ချဉ်နှပ်လေးကိုပါရေးပေးလိုက်တယ်နော်။ ချက်စားကြည့်နော်။

ပါဝင်သောပစ္စည်းများ (အုန်းထမင်း)
၁။ ဆန် - ထမင်းပေါင်းအိုးမှာပါသော ဆန်ချိန်သော ခွက်ဖြင့် ၃ ခွက်
၂။ အုန်းနို့ - ၄၀၀ ml
၃။ ရေ - ထမင်းပေါင်းအိုးမှာပါသော ဆန်ချိန်သောခွက်ဖြင့် ၂ ခွက်
၎။ ကြက်သွန်နီ - အသေး ၄ လုံး
၅။ ကြက်သွန်နီကြော် - ထမင်းစားဇွန်း ၄ ဇွန်း
၆။ ဆား - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
၇။ သကြား - ထမင်းစားဇွန်း ၁ ဇွန်း
၈။ ဆီ - ထမင်းစားဇွန်း ၁ ဇွန်း
( ထမင်းစားဇွန်း = 1 tablespoon = 15 ml)
(လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)

ပြုလုပ်နည်း
၁။ ကြက်သွန်နီဥကို အခွံခွာထားပါ။
၂။ ဆန်ကိုထမင်းပေါင်းအိုးထဲထည့် ရေဆေးပြီး အုန်းနို့ ၊ရေ၊ဆား၊သကြား၊ဆီတို့ ကိုထည့်ပြီး သမသွားအောင်မွှေပါ။ထို့ နောက် ကြက်သွန်နီ နှင့် ကြက်သွန်နီကြော်တို့ ကို ထည့်ပြီးထမင်းချက်သလို ချက်ပါ။ ကျက်သွားလျှင် အနည်းဆုံး ၁၅ မိနစ်လောက်နှပ်ထားပါ။
၃။ အုန်းထမင်းမွှေးမွှေးလေးကို သုံးဆောင်နိုင်ပါပြီ။

ပါဝင်သောပစ္စည်းများ (ကြက်သားဒိန်ချဉ်နှပ်)
၁။ ကြက်သား - ၅၀ သား (သို့ ) ၂ ပေါင်
၂။ ဒိန်ချဉ် - ထမင်းစားဇွန်း ၂ ဇွန်း
၃။ ဆား - လက်ဖက်ရည်ဇွန်း လေးပုံ ၃ ပုံ
၎။ သကြား (သို့ ) အချိုမှုန့် - လက်ဖက်ရည်ဇွန်း ၂ ဇွန်း
၅။ ကရဝေးရွက် - ၃ ရွက်
၆။ သစ်ဂျပိုးခေါက် - ၁ ခု
၇။  ဆနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တ ၀က်
၈။ အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တ ၀က်
၉။ ငရုတ်သီးမှုန့် - လက်ဖက်ရည်ဇွန်း တ ၀က်
၁၀။ ကြက်သွန်နီ - ၃ လုံး
၁၁။ ဆီ - ထမင်းစားဇွန်း ၆ ဇွန်း

ပြုလုပ်နည်း
၁။ ကြက်သားကို ဒိန်ချဉ်၊ ဆား၊ သကြား(သို့ ) အချိုမှုန့်၊ ဆနွင်းမှုန့်၊ အရောင်တင်မှုန့် ၊ ငရုတ်သီးမှုန့် တို့ ဖြင့် နယ်ရ်ျ အနည်းဆုံး နာရီဝက်ခန့် နှပ်ထားပါ။ ကြက်သွန်နီကို ပါးပါးလှီးထားပါ။
၂။ ဒယ်အိုးထဲတွင် ဆီထည့်အပူပေးပြီး ဆီပူလာလျှင် ကရဝေးရွက်နှင့် သစ်ဂျပိုးခေါက်ကို ထည့်ရ်ျ မွှေးလာသည်အထိဆီသတ်ပါ။ မွှေးလာလျှင် ကရဝေးရွက်နှင့် သစ်ဂျပိုးခေါက်တို့ ကို ဖယ်ပြီး ကြက်သွန်နီများ နီလာသည်အထိကြော်ပါ။
၃။ ကြက်သွန်နီများ နီလာလျှင် နှပ်ထားသော ကြက်သား ကိုထည့်ရ်ျလုံးပါ။ ပြီးလျှင် ရေထည့်၊ ဆီသတ်ထားသော ကရဝေးရွက်နှင့် သစ်ဂျပိုးခေါက်တို့ ကိုထည့်ရ်ျ ကြက်သားနူးပြီး ဆီပြန်လာသည်အထိတည်ပါ။ ဆီပြန်လာလျှင် အပေါ့အငံမြည်းရ်ျ မီးဖိုပေါ်မှချပြီး အုန်းထမင်းနှင့်တွဲရ်ျ သုံးဆောင်နိုင်ပါပြီ။

အုန်းပေါင်းငှက်ပျောသီးကြော်


လုပ်နည်းကတော့လွယ်ပါတယ် ထမင်းပေါင်းအိုးနဲ့ လုပ်စားလို့ ရတယ်။

ပါဝင်ပစ္စည်း
ကောက်ညှင်းဆန် ၂ခွက် (ထမင်းပေါင်းအိုးထဲကချိန်တဲ့ ခွက်နဲ့ )
ဆား လက်ဖက်ရည်ဇွန်း လေးပုံတပုံ
ခြစ်ပြီးသားအုံးသီးဖတ် ၁ ခွက်

ပြုလုပ်နည်း
ကောက်ညှင်းဆန် နှင့် ဆား ကို ရေဆေးပြီး ညကတည်းက ရေအမှတ် ၂ အောက်နည်းနည်းလျော့ပြီး စိမ်ထားပါ။ မနက်ကျ၇င် ထမင်းချက်တဲ့ ခလုပ်ကိုနှိပ်ပြီး တည်လိုက်ပါ။ ကောက်ညှင်းကျက်ကျက်ချင်းပဲ ခြစ်ပြီးသားအုန်းသီးဖတ် ခွက် သုံးပုံတပုံကို ကောက်ညှင်းထဲေ၇ာရ်ျ အိုးကို ပြန်ပိတ်ပြီး နှပ်ထားပါ။ (အုန်းသီးဖတ်မစားတဲ့ သူတွေ အတွက်ဆိုရင် ကောက်ညှင်းပေါ်မှာ အုံးသီးဖတ် ကို တင်ပြီး နှပ်ထားပါ။ )စားခါနီး မှ အုန်းပေါင်းပေါ်မှာ ကျန်တဲ့ အုန်းသီးဖတ်ကို တင်ပါ။ အ၇မ်းမွှေးတဲ့ အုန်းပေါင်း ပါ။ ငှက်ပျောသီး က ကြော်ခါနီးအထိ မပျော့သေးရင် အခွံမခွာခင် နည်းနည်း လှိမ့်လိုက်ပြီး ကြော်ပါ။
( ၁ ခွက် = 240 ml = ရိုးရိုးကော်ဖီခွက် ၁ခွက်) (ထမင်းစားဇွန်း = 1 tablespoon= 15 ml) (လက်ဖက်ရည်ဇွန်း = 1 teaspoon= 5 ml)

ကြက်ဆီထမင်း (အလွယ်ချက်နည်း)


ကြက်ဆီထမင်းချက်နည်း မေးထားတဲ့သူများပေမယ့် အခုမှပဲရေးဖြစ်တော့တယ်။ ကြက်ဆီထမင်းကတော့ လူကြိုက်များပြီး စားလို့ ကောင်းတဲ့ အရာတခုပါပဲ။ ဒီနည်းလေးကတော့ လွယ်လဲလွယ်တယ်။ အိစံကတော့ ကြက်သားကို ပြုတ်ထားတာ ဒီတိုင်းမစားချင်လို့ အရသာလေးနယ်ပြီး အိုးပူတိုက်လိုက်ပါတယ်။ စားလို့ ကောင်းပြီး အရသာလဲတူလို့ လုပ်စားကြည့်နော်။

ပါဝင်သောပစ္စည်းများ
၁။ ၅၀ သားရှိသော ကြက် - ၁ ကောင်
၂။ ဆန် - ပေါင်းအိုးမှာပါသော ဆန်ချိန်သောခွက်ဖြင့် ၃ ခွက်
၃။ ဆား - လက်ဖက်ရည်ဇွန်း ၂ ဇွန်း
၎။ သကြား - လက်ဖက်ရည်ဇွန်း ၃ ဇွန်း
၅။ ကြက်သွန်ဖြူ - ၃ တက်
၆။ ခရုဆီ - ထမင်းစားဇွန်း ၁ ဇွန်း
၇။ ပဲငံပြာရည်အကျဲ - ထမင်းစားဇွန်း ၁ ဇွန်း
၈။ ဂျင်း - လက်တဆစ်
၉။ ကြက်သွန်နီ - ဥ အသေး ၂ ဥ
၁၀။ ဆီ - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
( ထမင်းစားဇွန်း = 1 tablespoon = 15 ml)
(လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)

ပြုလုပ်နည်း
၁။ ဆန်ကိုရေဆေးထားပါ။ ကြက်အရေခွံများကို ခွာထားပြီး ကြက်သားကို အတုံးကြီးကြီးတွေတုံးထားပါ။ ကြက်သွန်ဖြူကို ထောင်းထားပါ။ ဂျင်းကို အပြားလိုက်လှီးထားပါ။
၂။ အတုံးတုံးထားသော ကြက်သားများနှင့် ဂျင်းအပြားများ၊ ကြက်သွန်နီ ၂ ဥ တို့ ကို အိုးထဲထည့်၊ ရေကို ကြက်သားများ မြုပ်အောင်ထည့်ပြီး ကြက်ပြုတ်ရည်လုပ်ပါ။ အနည်းဆုံး မိနစ် ၃၀ ခန့် တည်ပါ။ ရေကိုထပ်ထပ်ဖြည့်ပေးပါ။ (ကြက်ဆီထမင်းထဲထည့်မည့် ကြက်ပြုတ်ရည်ယူပြီးမှ ဆားအပေါ့အငံထည့်မှာပါ။)
၃။ ကြက်အရေခွံများကို ဒယ်အိုးတခုထဲထည့်ရ်ျ ဆီထွက်လာသည်အထိ လှိမ့်ပါ။ ဆီထွက်လာလျှင် အရေခွံများ ညိုလာပါလိမ့်မည်။ အရေခွံများကို ဖယ်လိုက်ပြီး ထောင်းထားသော ကြက်သွန်ဖြူကို ထည့်ရ်ျ ဆီသတ်ပါ။ ကြက်ဆီထမင်းအတွက်ဆီရပါပြီ။ (ကြက်ဆီထမင်းအတွက် ဆီမှာ ကြက်သွန်ဖြူ အပါအ၀င် ထမင်းစားဇွန်း ၃ ဇွန်းခန့် ရှိရပါမည်။ ၃ ဇွန်း မရှိလျှင် ရိုးရိုးဆီကို ကြက်သွန်ဖြူ ဆီချက်နေတုံးထပ်ထည့်ထားပါ။)
၎။ ရေဆေးထားသော ဆန်ကို ထမင်းပေါင်းအိုးထဲထည့်၊ ကြက်ပြုတ်ရည်ကို ထမင်းချက်ရင်ရေထည့်သလောက်ထည့်၊ ချက်ထားသော ကြက်ဆီ ထမင်းစားဇွန်း ၃ ဇွန်းထည့်၊ သကြား လက်ဖက်ရည်ဇွန်း ၁ ဇွန်းထည့်၊ ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်းကို ထည့်ပါ။ ပြီးလျှင် ထမင်းချက်သလိုချက်ပါ။
၅။ ပြုတ်ထားသော ကြက်သားများကို ဆယ်ပါ။ ပြီးလျှင် ကြက်သားများကို ပဲငံပြာရည်အကျဲ ထမင်းစားဇွန်း ၁ ဇွန်း၊ ခရုဆီ ထမင်းစားဇွန်း ၁ ဇွန်း၊ သကြား လက်ဖက်ရည်ဇွန်း ၁ ဇွန်း တို့ ဖြင့် နယ်ပါ။ ထို့ နောက် ဒယ်အိုးတခုထဲမှာ ဆီ လက်ဖက်ရည် ဇွန်း ၁ ဇွန်း ကိုထည့်ရ်ျ နယ်ထားသော ကြက်သားများကို ထည့်ပြီး အရည်ခြောက်ပြီး ညိုလာသည်အထိ အိုးပူတိုက်ပါ။ (ကြက်သားများကို အိုးပူတိုက်လျှင် ဟိုဘက်ဒီဘက်ကိုပဲအသာလေးလှန်ပေးပါ။)
၆။ ပြုတ်ထားသော ကြက်သားမျာကို ဒီအတိုင်းစားမည်ဆိုလျှင် ကြက်ပြုတ်ရည်ထဲကို ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ သကြား လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ကြက်သားမှုန့် လက်ဖက်ရည်ဇွန်း တ ၀က်တို့ ကိုထည့်ပြီး ၁၅ မိနစ်လောက် တည်ပြီးမှ ကြက်သားများကို ဆယ်ပါ။ (အိုးပူတိုက်ကြက်သားများကို သုံးမည်ဆိုလျှင် လဲ ကျန်သော ကြက်ပြုတ်ရည်ကို အထက်ပါအတိုင်းထည့်ပြီး ဟင်းရည်ရရန်အတွက် ခဏတည်ပါ။)
၇။ ကြက်ဆီထမင်းပြင်ဆင်ရန်အတွက် ထမင်းကိုအရင်ထည့်၊ ပြီးလျှင် ကြက်သားများကိုခုတ်ပြီးထည့်၊ သခွားသီး၊ အချဉ်ရည်တို့ ဖြင့်ပြုလုပ်ပါ။
၈။ ကြက်ဆီထမင်း အတွက်ဆော့ကို ကိုယ်တိုင်ပြုလုပ်မည်ဆိုလျှင် ဂျင်း၊ ကြက်သွန်ဖြူ၊ နံနံပင်၊ နံနံပင်အရိုး၊ ငရုတ်သီးစိမ်း၊ သံပုရာရည်၊ ကြက်ပြုတ်ရည်အနည်းငယ်၊ ပဲငပိအချိုအနည်းငယ်တို့ ကို ကြိတ်စက်ထဲထည့်ကြိတ်ရ်ျ ပြုလုပ်နိုင်ပါသည်။

Creditei sans homemade inspiration

Friday, February 17, 2017

Gym မဆော့ခင်၊ ဆော့နေစဉ် နဲ့ ဆော့အပြီး ✖ ✔

Gym မဆော့ခင်၊ ဆော့နေစဉ် နဲ့ ဆော့အပြီး ဘယ်အချက်တွေကို ဂရုစိုက်လိုက်နာသင့်သလဲ??
*--*--*--*--*--*--*--*--*--*--*--*--*--*--*--*--*


တခြား ပြောင်းပြန် ကမ္ဘာ တစ်ခုခုမှာ နေ့စဉ် Gym လုပ်နေတာက အဓိကအလုပ်ဖြစ်ပြီး အလုပ်တက် ရုံးသွားတာက အားလပ်ချိန် လုပ်ဆောင်မှုမျိုး ဖြစ်နေမယ်ဆိုပါစို့။
ဒါဆိုရင် ဒီနေ့ Gym ကစားမယ့် Exerciseတွေကို နောင်တစ်နေ့မှာ ကစားလဲ ဘာပြသနာမှ ဖြစ်မှာမဟုတ်။ ဒီနေ့ကစားတာ အရာမရောက်လဲ သိပ်ထွေထွေထူးထူး မရှိ။ နေ့တိုင်း အချိန်တိုင်း Gym ကစားနေမှာပဲ မလား။

ဒါပေမယ့် ဒါဟာ စိတ်ကူးယဉ် ကမ္ဘာသက်သက်ပါ။ တစ်ကယ် ကျင်လည်နေရတဲ့ ပတ်ဝန်းကျင်မှာ အလုပ်သွား၊ ရုံးတက် နေ့စဉ် ကိစ္စတွေနဲ့တင် အချိန်ကုန်နေတာမို့ ခန္ဓာကိုယ်လှအောင် ဆော့ချင်သူတွေအတွက် အချိန်ဆိုတာ များများပေးနိုင်တာမှ မဟုတ်ပဲ။ ဒါ့ကြောင့်မို့ ရနိုင်တဲ့ အချိန်ပို တစ်နာရီအတွင်းမှာ ထိရောက်မှု ရှိအောင် ဘယ်လိုလုပ်နိုင်လဲ သိဖို့ဟာ လက်တွေ့မှာ အရေးကြီးပါတယ်။

တစ်ခါတစ်လေ Gym ထဲမှာ (အိမ်မှာလုပ်လဲ အိမ်ပေါ့) အရင်နေ့တွေကလောက် အားမရှိ၊ အရင်နေ့တွေကလောက်တောင် မလုပ်နိုင်တာတွေကို ဘယ်လို ကျော်လွှားနိုင်မလဲဆိုတာ နည်းလမ်းလေးတွေ ရှိတာမို့ ဝေမျှလိုက်ပါတယ်။

••••••••
မလုပ်မီ
••••••••
Gym ဆော့တယ်ဆိုတာ gym ရောက်မှ ကစားတာမျိုး မဟုတ်ပါဘူး။ Gym မသွားမီ ဒီအချက်လေးတွေ ကြိုတင်ပြင်ဆင်သွားရင် Gym လုပ်တဲ့ မိနစ် ၄၀၊ တစ်နာရီလောက် အတွင်းမှာ ပိုလုပ်နိုင်စေပါတယ်။ ပိုလုပ်နိုင်လေ၊ ကြွက်သား ပြတ်တောက်လေ၊ အစာစားရင် ပိုကြီးထွား ပိုအကျိုးရှိလေ ဆိုရမှာမလား။ အဆီကျချင်သူတွေ အတွက်လဲ ပို Cardio လုပ်နိုင်လေ၊ ပိုအဆီကျလေမို့ လေ့ကျင့်ခန်းမလုပ်ခင် ဘာတွေ ပြင်ဆင်သင့်သလဲ ကြည့်လိုက်ရအောင်။

၁။ အစာကြေနှေးစေတဲ့ Carbohydrate အစာကို စားခြင်း

သုတေသနတွေ အရ အစာကြေနှေးတဲ့ Carbohydrate အစားအစာတွေကို လေ့ကျင့်ခန်း မလုပ်မီအနည်းဆုံး ၂နာရီစောပြီး စားသင့်တယ်ဆိုပါတယ်။ ဒီအစားအသောက်တွေဟာ Insulin level ကိုကျစေနိုင်ပြီး တနေ့တာလုံးမှာ အဆီကျစေနိုင်တဲ့ အကျိုးတွေရှိပါတယ်။ ဥပမာအစာတွေက ကန်စွန်းဥ၊ ပေါင်မုန့်ညိုကြမ်း၊ ထမင်းညိုကြမ်း၊ Oak အုတ်ဖြူ ၊ ပန်းဂေါ်ဖီဖြူ /စိမ်း၊ ခရမ်းသီး၊ ပဲ၊ မုန်လာဥနီ၊ Cottage cheese၊ Yogurt စတာတွေ ဖြစ်ပါတယ်။

၂။ ဆီကြော်စာကို ရှောင်ခြင်း

Workout မလုပ်မီ အကြော်အလှော်တွေ စားမိတဲ့နေ့တွေဆို လေ့ကျင့်ခန်းလုပ်ချိန်မှာ အားသိပ်မရှိတတ်တာ သတိထားမိမှာပါ။ ဆီကြော်စာတွေဟာ သွေးလည်ပတ်မှုကို နှေးစေတတ်တာမို့ လေ့ကျင့်ခန်းလုပ်ချိန်မှာ ကြွက်သားတွေကို သွေးရောက်မှုနည်းစေတာမို့ ထင်သလောက် အားမရှိဖြစ်စေပါတယ်။

။ Caffeine ဓာတ် သောက်ခြင်း

လေ့ကျင့်ခန်း မလုပ်မီ ၂ နာရီအလိုလောက်မှာ Caffeine ဓာတ် 200-400 mg လောက်သောက်ခြင်းဟာ အဆီပိုကျစေသလို ကြွက်သားအတွက် ကောင်းတာမို့ ကြာကြာလုပ်နိုင်စေပါတယ်။ Caffeine ဓာတ်ကို Caffeine supplement တွေက ရနိုင်သလို Coffee ကလဲ ရနိုင်ပါတယ်။

••••••••••••••••••••••••
လေ့ကျင့်ခန်း လုပ်နေချိန်
••••••••••••••••••••••••
လေ့ကျင့်ခန်း လုပ်နေချိန်မှာလဲ သိသင့်တဲ့ အချက်လေးတွေရှိပါတယ်။

၁။ ပထမ အခေါက်တွေမှာ အားအကုန် မသုံးပါနဲ့

ကြွက်သားး တစ်ခုခု စဆော့ပြီ ဆိုပါစို့။ တင်ပါး ဖြစ်ဖြစ်၊ ရင်ဘတ်သားဖြစ်ဖြစ် စဆော့တဲ့အခါမှာ ပထမပုံစံ တစ်မျိုးကို ၈ကြိမ်မှ ၁၂ ကြိမ်ကြားပဲ လုပ်နိုင်အောင် ဆော့ပါ။ ( ဘယ်လောက် အလေးလဲလို့ မမေးပါနဲ့။ အလေးတုံး ပမာဏဟာ လူတစ်ယောက်နဲ့ တစ်ယောက် အားမတူလို့ ပမာဏမတူပါဘူး။ ၈ ကြိမ်လောက်ဆို လေးလာပြီး ၁၂ကြိမ်လောက်ဆို ဆက် မလုပ်နိုင်တော့မယ့် အလေးကို ရွေးပါ။ ရွေးပြီးလို့ ပထမစလုပ်ရင် အားအကုန်ထိ မသုံးပါနဲ့။ ၁၂ကြိမ်လောက် မရလဲ ၁၀ကြိမ်လောက်မှာ ရပ်လိုက်ပြီး၊ နောက် အခေါက်တွေမှ အားပိုသုံးသင့်ပါတယ်။

အလေးလွတ်၊ Bodyweight ဆိုလဲ ပထမအခေါက် ထိုင်ထလုပ်တဲ့အခါ၊ ဒိုက်ထိုးတဲ့အခါမှာ အားကုန်သွားတဲ့အထိ မလုပ်ပါနဲ့။ အားချန်ထားပြီး နောက်အခေါက်တွေမှ တိုးလုပ်ပါက ပိုလုပ်နိုင်ပါတယ်။

၂။ ကိုယ်လုပ်မယ့် ကြွက်သားကို စိတ်စုစည်းပြီး လုပ်ခြင်း

တစ်ခါတစ်လေ လေ့ကျင့်ခန်းလုပ်နေရင် အကြိမ်ရေပဲ စိတ်ကတွက်နေတတ်ပါတယ်။ ဒီလိုလုပ်တဲ့အခါ ပုံစံမမှန်ဖြစ်တတ်သလို၊ ကြွက်သားအပေါ်လဲ အပြည့်အဝ မထိရောက်တတ်ပါဘူး။ ကိုယ်လုပ်မယ့် ကြွက်သားအပေါ် အာရုံစူးစိုက်ပါ။ ရင်ဘတ်ကြွက်သားလုပ်နေတယ် ဆိုရင်လဲ ရင်ဘတ်ကြွက်သားကို အာရုံစိုက်ပြီး အသုံးပြုပါက ပိုထိရောက်နိုင်ပါတယ်။

၃။ အကြိမ်ရေ အပြောင်းအလဲ လုပ်ခြင်း

တစ်ခေါက်ကို ၈ကြိမ်မှ ၁၂ ကြိမ်အတွင်းလုပ်ပါ ဆိုပေမယ့်လည်း ကြားထဲမှာ အကြိမ်ရေ ပြောင်းလုပ်နိုင်ပါတယ်။ အကြိမ်ရေပြောင်းတာဟာ အလေးပမာဏ ပြောင်းပါလို့ ပြောတာနဲ့ တူတူပါပဲ။ ပိုလေးလေ အကြိမ်နည်းလေဖြစ်ပြီး၊ ပိုပေါ့သွားရင် အကြိမ်ရေပိုများသွားမှာပါပဲ။

၎။ သီချင်း နားထောင်ခြင်း

Music ဟာ လေ့ကျင့်ခန်းလုပ်တာကို တိုက်ရိုက် အကျိုးသက်ရောက်မှုရှိတာ ငြင်းလို့ မရပါဘူး။ Upbeat music တွေဖြစ်တဲ့ တက်ကြွစေမယ့် သီချင်းတွေကို နားထောင်ရင်း လုပ်ပါက အများကြီး ပိုလုပ်နိုင်စေပါမယ်။

၅။ မဖြစ်နိုင်ပါဘူး ပြောတဲ့လူတွေကို မြင်ယောင်ခြင်း

မယုံမရှိပါနဲ့။ ဒီလို မဖြစ်နိုင်ပါဘူး ပြောတဲ့ Haters တွေရဲ့ စကားကို ပြန်ကြားယောင်လိုက်ပါ။ ဒီလိုလူတွေ မှားကြောင်း သက်သေပြချင်တဲ့ စိတ်ဟာ ကြီးမားတဲ့ခွန်အားကို ရစေပါတယ်။

••••••••••••••••••••••••
လေ့ကျင့်ခန်း လုပ်အပြီး
••••••••••••••••••••••••

လေ့ကျင့်ခန်း လုပ်အပြီး အချိန်တွေမှာတော့ ကြွက်သားတွေ ပြတ်တောက်ချိန်၊ အစာအာဟာရလိုချိန် မလို့ ဒီအချိန်မှာ ဖြည့်တင်းမယ့် အစားအသောက် အကြောင်း သိဖို့လိုပါတယ်။

၁။ Protein ဖြည့်ခြင်း

လေ့ကျင့်ခန်းလုပ်အပြီး အချိန်တွေမှာ Protein ဓာတ်ကို ဖြည့်ပေးရင် ကြွက်သားတည်ဆောက်မှုမှာ အကျိုးအများကြီး ရှိစေပါတယ်။ Whey protein powder အမှုန့်ကို ဖျော်သောက်နိုင်သလို Protein ကြွယ်ဝတဲ့ အသားငါး စတာတွေကိုလဲ စားနိုင်ပါတယ်။

အဆီကျဖို့ ကြိုးစားနေသူတွေအတွက်လဲ အစာမစားဘဲ မနေသင့်ပါဘူး။ အသီးအရွက်၊ အသားငါး စတာတွေ စားနိုင်ပြီး ဆီကြော်စာ၊ အချိုရည်တွေကိုတော့ ရှောင်ပါ။ ထမင်းစားပါက အရွက်အသား များများစားပြီး ထမင်းကို လျှော့စားပါ။

၂။ အကြောလျှော့ခြင်း

အကြောလျှော့တာကတော့ လေ့ကျင့်ခန်း လုပ်အပြီးမှ လုပ်သင့်ပါတယ်။ အကြောလျှော့ခြင်းဖြင့် သွေးလည်ပတ်မှု ကောင်းစေတာမို့ ပြန်လည်တည်ဆောက်နေတဲ့ ကြွက်သွားတွေဆီ အာဟာရ ပိုရစေနိုင်ပါတယ်။
လေ့ကျင့်ခန်း မလုပ်မီ အကြောလျှော့ရင်တော့ လေ့ကျင့်ခန်း အတွင်းမှာ ကြွက်သား အားကုန်သွားတတ်တာမို့ မလုပ်ပါနဲ့။

၃။ ရေနွေးဖြင့် ရေချိုးခြင်း

ရေနွေးနဲ့ ရေချိုးသူတွေဟာ သာမန်ရေနဲ့ ချိုးသူတွေထက် ကြွက်သား 13% ပိုတတ်တယ်လို့ Japan သုတေသနအဖွဲ့ တစ်ခုကဆိုပါတယ်။

၎။ ရေနွေးကြမ်း သောက်ခြင်း

ရေနွေးကြမ်း၊ Green tea စသဖြင့် တစ်နေ့ လေးခွက်မျှသောက်ခြင်းဟာ စိတ်ဖိစီးမှုကို လျော့ကျစေတာကို သိပြီးဖြစ်မှာပါ။ လေ့ကျင့်ခန်း လုပ်တယ်ဆိုတာလဲ ခန္ဓာကိုယ် ကြွက်သားတွေကို ဖိအားပေးတာမို့ လက်ဖက်ရည်ကြမ်း သောက်ခြင်းဟာ အကျိုးရှိစေပါတယ်။

Credit: Golden_Dreams 

Wednesday, February 15, 2017

ကော်ဖီစွဲနေပြီလားးး ???


ကော်ဖီက ယနေ့အခါမှာ ပေါ်ပြူလာအဖြစ်ဆုံးဖျော်ရည်တစ်မျိုးဖြစ်ပြီး လူအများစုက မနက်အိပ်ရာထခါစမှာ ကော်ဖီတစ်ခွက်သောက်လေ့ရှိကြပါတယ်။ ကော်ဖီရဲ့ အနံ့၊ အရသာ ဒါမှမဟုတ် ကော်ဖီသောက်မှ လန်းဆန်းတယ်လို့ ထင်မှတ်နေတာကြောင့် သောက်ကြသလို ကျန်းမာရေးကောင်းမယ်ထင်လို့ သောက်ကြသူတွေလည်း ရှိပါတယ်။ ကော်ဖီမှာ ပါဝင်တဲ့ ဓာတုပစ္စည်း ဖိုက်တိုနျူးထရန့်နဲ့ ပေါ်လီဖီနောတွေက ဓာတ်တိုးဆန့်ကျင်ပစ်္စည်းတွေ ဖြစ်ပါတယ်။ သူ့မှာ ကဖင်း၊ ဗီတာမင် ဘီ ၂၊ ဘီ ၅၊ မဂ္ဂနိစ်၊ ပိုတက်စီယမ်၊ မဂ္ဂနီဆီယမ်နဲ့ နိုင်ယာစင်လည်း ပါဝင်ပါတယ်။ ကော်ဖီကို အသင့်အတင့်သောက်ရင် ကော်ဖီကနေ ကျန်းမာရေးအကျိုးကျေးဇူးတွေ အများကြီး ရရှိနိုင်ပါတယ်။ အသည်းကျန်းမာရေး ကောင်းမွန်စေတာ၊ ဓာတ်တိုးပစ္စည်းတွေကို တွန်းလှန်နိုင်တာ၊ စိတ်နေစိတ်ထားကို ကောင်းမွန်စေတာ၊ နှလုံးရောဂါဖြစ်နိုင်ခြေ လျော့နည်းတာနဲ့ တက်ကြွမှု ပိုရှိစေတာတွေအပြင် တခြားကျေးဇူးတွေ ရရှိနိုင်ပါတယ်။ ဒါပေမဲ့ ကော်ဖီကို မသောက်ရမနေနိုင်လောက်အောင် စွဲလမ်းနေရင်တော့ ကျန်းမာရေးပြဿနာတွေ အများအပြား ဖြစ်လာနိုင်ပါပြီ။ အောက်ပါတို့ဟာ ကော်ဖီသောက်လွန်း သူတွေမှာ ဖြစ်တတ်တဲ့ ကျန်းမာရေးဆိုးကျိုးတွေပါ။

သွေးတွင်းကိုလက်စထရောအဆင့် မြင့်မားနိုင်ပါတယ်

ကော်ဖီ (အထူးသဖြင့် စစ်ထုတ်မထားတဲ့ကော်ဖီ)က ကိုလက်စထရောနဲ့ သွေးတွင်းမကောင်းတဲ့ ကိုလက်စထရောအဆင့်တွေကို မြင့်တက်စေနိုင်ပါတယ်။ ကော်ဖီမှာ ကိုလက်စထရောမြင့်နိုင်တဲ့ပစ္စည်း Cafesol နဲ့ Kahweol ပါဝင်တာကြောင့်ပါ။ ဒါကြောင့် သင်ဟာ သွေးတွင်းကိုလက်စထရောအဆင့်မြင့်မားနေသူဖြစ်ရင် ကော်ဖီကို တစ်ခွက်ထက် ပိုမသောက်ပါနဲ့။

အိပ်မပျော်တာ ဖြစ်တတ်ပါတယ်

ကော်ဖီကို ညနေပိုင်း သောက်တတ်သူဖြစ်ပါက အိပ်ပျော်ရခက်ခဲတဲ့ပြဿနာ ဖြစ်လာနိုင်ပါတယ်။ ကော်ဖီမှာ ပါဝင်တဲ့ ကဖင်းက လှုံ့ဆော်မှုပေးတဲ့အရာ ဖြစ်တာကြောင့် မျက်စိကြောင်နေပြီး အိပ်မပျော်ရတာ ဖြစ်ပါတယ်။ ဒါ့အပြင် ကဖင်းက ပုံမှန် အိပ်စက်မှုစက်ဝန်းကိုလည်း အနှောင့်အယှက်ပေးတဲ့အတွက် သင့်ကို ပင်ပန်းနွမ်းလျစေနိုင်ပါတယ်။ နေ့လယ် ၂ နာရီကျော်ရင် ကော်ဖီမသောက်တာက အကောင်းဆုံးပါ။

စိုးရိမ်စိတ် များလွန်းနိုင်ပါတယ်

ကဖင်းက သင့်ကို တက်ကြွမှုပိုရှိပြီး အာရုံစူးစိုက်မှု ပိုမိုကောင်းမွန်စေနိုင်ပေမယ့် ပမာဏများလွန်းတာက စိတ်နေစိတ်ထားပေါ်မှာ သက်ရောက်မှုရှိပြီး စိုးရိမ်စိတ်နဲ့ ကြောက်ရွံ့စိတ်တွေ ပိုများလာနိုင်ပါတယ်။

ကျောက်ကပ်ပျက်စီးနိုင်ပါတယ်

ကော်ဖီက ဆီးရွှင်စေတဲ့ဂုဏ်သတ်္တိရှိပါတယ်။ သူက ကျောက်ကပ်ကို အရည်တွေ ပိုထွက်လာအောင် လှုံ့ဆော်မှုပေးနိုင်တဲ့အတွက် မကြာခဏ ဆီးသွားချင်စိတ်တွေ ဖြစ်ပေါ်လာတာဖြစ်ပါတယ်။ ဒါ့အပြင် ကဖင်းက သွေးထဲကို အရည်တွေ ပြန်လည်စုပ်ယူနိုင်မှုကို အနှောင့်အယှက်ပေးနိုင်တာကြောင့် ကျောက်ကပ်ကျန်းမာရေးကောင်းမွန်သူတွေအတွက် ပြဿနာမရှိနိုင်ပေမယ့် ရေရှည်မှာတော့ ကျောက်ကပ်ထိခိုက်နိုင်ပါတယ်။  ဒါ့အပြင် ကော်ဖီမှာ ပါဝင်တဲ့ အောဇဲလိတ်က သွေးထဲမှာ ပါဝင်တဲ့ ကယ်လ်စီယမ်နဲ့ ပူးပေါင်းပြီး ကယ်လ်စီယမ်အောဇဲလိတ်ဖြစ်သွားပါတယ်။ ကယ်လ်စီယမ်အောဇဲလိတ်က ကျောက်ကပ်ကျောက် ဖြစ်စေကာ ကျောက်တည်နိုင်ပါတယ်။ ကော်ဖီကို နေ့စဉ် နှစ်ခွက်ထက် ပိုသောက်သူတွေမှာ ကျောက်ကပ်ပြဿနာ ပိုဖြစ်နိုင်ပါတယ်။

အရိုးအားနည်းနိုင်ပါတယ်

ကော်ဖီသောက်လွန်းတာက အရိုးကျန်းမာရေးအတွက် ဆိုးရွားနိုင်ပါတယ်။ အရိုးကြွပ်ဆတ်တာ ဒါမှမဟုတ် အရိုးပါးရောဂါရရှိနိုင်ပါတယ်။ ကဖင်းပမာဏများလွန်းတာက ကယ်လ်စီယမ်စုပ်ယူမှုနဲ့ ဇီဝဖြစ်ပျက်မှုကို အနှောင့်အယှက်ပေးနိုင်တာကြောင့် အရိုးပါးရတာဖြစ်ပါတယ်။ ၂၀၀၆ ခုနှစ်က လေ့လာမှုအရ နေ့စဉ် ကော်ဖီလေးခွက်ထက် ပိုသောက်တဲ့အမျိုးသမီးတွေမှာ အရိုးပါးရောဂါကြောင့် အရိုးကျိုးနိုင်ခြေ မြင့်မားတယ်လို့ သိရပါတယ်။ တစ်နေ့ကို ကော်ဖီ နှစ်ခွက်ထက် ပိုမသောက်ပါနဲ့။

သွားအရောင်စွန်းထင်းနိုင်ပါတယ်

အထူးသဖြင့် Black Coffee သောက်သူတွေမှာပါ။ သွားရဲ့ ကြွေလွှာမှာ သေးငယ်တဲ့ အပေါက်လေးတွေ၊ အစင်းရာလေးတွေ ပါရှိပြီး သူတို့က အစားအစာနဲ့ ဖျော်ရည်မှာပါဝင်တဲ့ အမှုန်လေးတွေကို စုပ်ယူနိုင်ပါတယ်။ ကော်ဖီလိုမျိုး အရောင်ရင့်ဖျော်ရည်မှာ ပါဝင်တဲ့ ရောင်ခြယ်ပစ္စည်းတွေက အဲဒီအပေါက်ငယ်တွေထဲ ၀င်ရောက်နိုင်တာကြောင့် သွားအရောင်စွန်းရတာ ဖြစ်ပါတယ်။ ဒါကြောင့် ကော်ဖီသောက်ပြီးတဲ့အခါ မှာ ရေနဲ့ပလုတ်ကျင်းတာ ဒါမှမဟုတ် သွားတိုက်တာမျိုးတွေ ပြုလုပ်ပေးနိုင်ပါတယ်။

သွေးဖိအားနဲ့ နှလုံးခုန်နှုန်းမြင့်တက်နိုင်ပါတယ်

ကော်ဖီသောက်တဲ့ပမာဏများလွန်းရင် သွေးဖိအားနဲ့ နှလုံးခုန်နှုန်း မြင့်တက်နိုင်တာက ကဖင်းက ဟော်မုန်းနဲ့ နျူရိုထရန်စမစ်တာတွေပေါ်မှာ သက်ရောက်မှုရှိတာကြောင့်ပါ။ ကော်ဖီသောက်ပြီး သုံးနာရီအကြာအထိ အပေါ်သွေးဖိအားဟာ ၁၇ ရာခိုင်နှုန်းအထိ မြင့်တက်နိုင်ပါတယ်။

ရင်ပူနိုင်ပါတယ်

ကော်ဖီသောက်တဲ့ပမာဏများလွန်းရင် ရင်ပူတဲ့ ဝေဒနာနဲ့ အက်စစ်ဆန်တက်တဲ့ ဝေဒနာတွေ ရရှိနိုင်ပါတယ်။ ပုံမှန်အနေအထားမှာ အစာအိမ်ထဲကို အစာရောက်ပြီး နောက်ပိုင်း အစာမျိုပြွန်အောက်ပိုင်းမှာရှိတဲ့ အဆို့ရှင်အတွင်းက သေးငယ်တဲ့ ကြွက်သားတွေက တင်းတင်းကျပ်ကျပ် ပိတ်ဆို့ထားတဲ့အတွက် အက်စစ်တွေက အပေါ်ကို ပြန်တက်မလာနိုင်ပါဘူး။ ကော်ဖီက အစာမျိုပြွန် အောက်ပိုင်းမှာရှိတဲ့ အဆို့ရှင်ရဲ့ ဖိအားလျော့နည်းနိုင်တာကြောင့် အက်စစ်တွေ အပေါ်ကို ဆန်တက် ရတာဖြစ်ပါတယ်။

ခံတွင်းအနံ့ဆိုး ထွက်နိုင်ပါတယ် 

ကော်ဖီကို ပမာဏများစွာ သောက်တာက ခံတွင်းခြောက်သွေ့စေနိုင်ပါတယ်။ ပါးစပ်အတွင်းက အမြှေးပါးဆဲလ်တွေ ခြောက်သွေ့လာတဲ့အတွက် တံတွေးလည်း အထွက်နည်းလာပါတယ်။ တံတွေးက ခံတွင်းထဲမှာရှိတဲ့ဘက်တီးရီးယားတွေ ကို သေစေနိုင်ပြီး အစာတွေကိုလည်း ချေဖျက် ပေးနိုင်ပါတယ်။ တံတွေးလုံလုံလောက်လောက် မရှိတာကြောင့် အနံ့ဆိုးထွက်စေတဲ့ ဘက်တီးရီးယားတွေကလည်း ထိန်းမနိုင် သိမ်းမရလောက်အောင် ပေါက်ဖွားလာပါတယ်။ ဒါ့အပြင် ကော်ဖီ မှာ ပါဝင်တဲ့ Sulfurous တွေကြောင့် ဘက်တီးရီးယားတွေ ပြိုကွဲသွားပြီး အနံ့ထွက်လာရတာ ဖြစ်ပါတယ်။ ခံတွင်းအနံ့ဆိုးမထွက်အောင် ကော်ဖီသောက်ပြီးရင် ရေသောက်တာ ဒါမှမဟုတ် ပီကေ ၀ါးတာလိုမျိုး ပြုလုပ်ပေးပါ။

သန္ဓေသားကို ထိခိုက်နိုင်ပါတယ် 

ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ ကော်ဖီ ပမာဏများစွာ သောက်သုံးပါက မိမိသန္ဓေသားရဲ့ နှလုံးခုန်နှုန်းမြင့်တက်အောင် လှုံ့ဆော်နိုင်ပါတယ်။ ကဖင်းက ကလေးပျက်ကျနိုင်ခြေမြင့်မားနိုင်သလို ပေါင်မပြည့်တဲ့ကလေးမွေးဖွားနိုင်ခြေလည်း မြင့်မားပါတယ်။ ကော်ဖီက သင်ရဲ့ နှလုံးခုန်နှုန်းနဲ့ ဇီဝရုပ်ဖြစ်စဉ်ကို မြင့်တက်စေနိုင်သလို သင့်သန္ဓေသားပေါ်မှာလည်း အဲဒီလို တူညီတဲ့ အကျိုးသက်ရောက်မှုဖြစ်နိုင်ပါတယ်။ ဒါ့အပြင် ကဖင်းကြောင့် ရေဓာတ်ချို့တဲ့နိုင်တာကလည်း သနေ်္ဓသား အတွက် မကောင်းပါဘူး။ ဒါကြောင့် ကိုယ်ဝန်ဆောင်မိခင်အနေနဲ့ ကော်ဖီမသောက်သင့်ပါဘူး။

#ဒေါက်တာခင်မိုးမိုး
Good Health Journal 625

Credit: Good_Health_Journal_Facebook_Page