Monday, February 6, 2017

မလေးအုန်းထမင်းနှင့်ကြက်ကင် - ကြက်ကင် ♡ - သခွားသီးကြွပ်ကြွပ်ချဉ်ငံစပ်သုပ်

မလေးအုန်းထမင်းနှင့်ကြက်ကင်
Nasi Lemak with Grilled Chicken
❀ ❀ ❀
နေရာဒေသအသစ်တခုေ၇ာက်တိုင်းကြုံတွေ့ရမှာကမတူညီတဲ့ဒေသအစားအစာပါဘဲ။တချို့အစားအစာတွေကိုချက်ချင်းလက်ခံနိုင်ပေမဲ့အချို့ကိုကျမစားတတ်တာတွေကြုံတွေ့ရတတ်ပါတယ်။ဒီထမင်းပွဲလေးကိုတော့မြန်မာအစားအစာအုန်း ထမင်းနဲ့တူတာတာမို့အလွယ်တကူဘဲလက်ခံနိုင်ပါတယ်။မလေးရှားအစားအစာအတော်များများဟာမြန်မာအစားစာတွေနဲ့နည်းစပ်မှုရှိပါတယ်။ချက်ပုံချက်နည်းနှင့်အရသာအနည်းငယ်ကွဲပြားတတ်ပါတယ်။ Nasi Lemak မလေးအုန်းထမင်း လေးကိုတော့ စင်္ကာပူရဲ့နေရာတိုင်းမှာ အလွယ် တကူရရှိနိုင်ပါ တယ်။ Nasi Lemak မှာတော့ တွဲဖက်စားဖို့ အဓိက Sambal chilli sauce လေးဖြစ်ပါတယ်။ Sambal လုပ်နည်းလေး တင်ထားပေးပြီးသားပါ။ချက်ကြည့်ရအောင်နော်။

Nasi Lemak ချက်ရန်လိုအပ်သောပစ္စည်း
************************
ဆန်(ဘာစမစ်တီ) - ပေါင်းအိုးဆန်ချိန်ခွက် ၆ခွက်
အုန်းနို့ - ၅၀၀ml
ဆား - တစ်ဇွန်း
ဂျင်း -လက်တစ်ဆစ်
စပါးလင် - တစ်ချောင်း
ဆွမ်းမွေးရွက် - နှစ်ချောင်း
ရေ - ၁၂ခွက် (အုန်းနို့အပါ)

တွဲဖက်စားရန်
*******
မြေပဲဆန်ကြော်
ငါးနီတူးခြောက်ကြော် ( ikan Bilis)
Sambal Chilli Sauce
သခွားသီးစိတ်
ကြက်ဥပြုတ် / ကြက်ဥကြော်
ကြက်တောင်ပံ/ကြက်ကြော်/ကြက်ကင်
Otak

ပြင်ဆင်ချက်ပြုတ်ပုံ
************
1.ဆန်ကိုရေဆေးပြီးမိနစ်၃၀ခန့်စိမ်ထားပါ။ရေချိန်မှာ Basmati ဆန်အတွက်သာဖြစ်ပါတယ်။
2.ဂျင်း၊ပါးပါးလှီးထည့်ပါ။စပါးလင်ကိုအနည်းငယ်ထုထည့်ပါ။3.ဆွမ်းမွေးရွက်ကိုထုံးထည့်ပါ။ဆားနှင့်အုန်းနို့ထည့်ပါ။4.အုန်းနိ့ထည့်ပြီးလိုအပ်သောရေပမာဏကိုထပ်ထည့်ပြီးခလုတ်နှိပ်၍တည်ပါ။5.ဆယ်မိနစ်ခန့်တွင်အထက်အောက်တချက်မွေပေးပြီးခလုတ်ပြုတ်ပါကငှက်ပျောဖက်သို့ပန်းကန်တွင်တည်ခင်းပြီးတွဲဖက်စားမည့်ကြက်ဥ၊ကြက်ကင်၊သခွားသီး၊မြေပဲ၊ငါးခြောက်ကြော်၊sambal chilli တို့ဖြင့်တွဲဖက်သုံးဆောင်နိုင်ပါပြီ။
.........

Sofia (05.02.2017)

ကြက်ကင် ♡ 
Grilled Chicken With Honey Orange Sauce


ကြက်ကင်ကိုအရသာအမျိုးမျိုးပြင်ဆင်ပြုလုပ်စားကြလေ့ရှိပါတယ်။ဒီတခါတော့ကြက်ကင်အရသာကိုစားနေကျနဲ့မတူပုံစံတမျိုနဲ့ပြင်ဆင်ပြုလုပ်ထားပါတယ်။ကင်စားကြည့်ရအောင်နော်။

ပါဝင်ပစ္စည်း
********
ကြက် - တစ်ကောင် (၁.၂ကီလို)
ဆား - ဇွန်းတဝက် (စားပွဲဇွန်း)
ပျားရည် - ၃ဇွန်း
လိ​မ္မော်​သီး - တစ်လုံး
ခရုဆီ - ၂ဇွန်း
နံနံပင် - အနည်းငယ်
ပဲငပိအစပ် - တစ်ဇွန်း (ကိုးရီးယား)
နှမ်းဆီ - နှစ်ဇွန်း
ကြက်သွန်မိတ်အရင်း - နှစ်ပင်
ဂျင်း - ၃ချပ်

ပြင်ဆင်ပြုလုပ်ပုံ
***********
1.ကြက်ကိုရေဆေးသန့်စင်ပြီးရေစစ်ထားကာရေခြောက်အောင်ပြုလုပ်ထားပြီးဆားဖြင့်အတွင်းအပြင်အကုန်သမအောင်နယ်ပေးထားပါ။
2.ပန်းကန်လုံးတခုတွင်ပျားရည်ခရုဆီနှမ်းဆီပဲငပိထည့်ပါ။လိမ္မော်ရည်ညစ်ထည့်ပါ။နံနံပင်သေးသေး စိတ်ထည့်ပြီးသမအောင်မွေထားပါ။
3.ကြက်သွန်မိတ်နှင့်နံနံပင်ကိုကြက်၏ဝမ်းဗိုက်တွင်ထည့်ပါ။
4.ဖျော်ထားသောဆော့စ်ဖြင့်ကြက်ကိုအတွင်းအပြင်နယ်ပေးပြီးအနည်းဆုံး၅နာရီတညရေခေဲသေတ္တာတွင်နှပ်ထားပါ။
5.ovenကို၂၀၀ဒီဂရီအပူပေးပြီးနှပ်ခါးသောကြက်ကိုဘမ်းတွင်ထည့်ပြီးမိနစ်၃၀မှ၄၅မိနစ်ကင်ပေးပါ။
6.မိနစ်၂၀တခါအထက်အောက်လှည့်ပေးပါ။
7.လိုချင်သောအရောင်အနေအထားရပါကကြက်သားကျက်မကျက်စစ်ကြည့်ပါ။ကြက်၏အထူဆုံးအသားနေရာကိုအချွန်တခုဖြင့်ထိုးကြည့်ပါ။ထွက်လာသောအရည်မှာကြည်နေလျှ င်အသားကျက်ပြီဖြစ်၍ထုတ်ယူအအေးခံပြီးလိုသလိုလှီးဖြတ်တည်ခင်းနိုင်ပါပြီ။မိမိနှစ်သက်ရာဆော့စ်နှင့်တွဲဖက်တည်ခင်နိုင်ပါတယ်။

ဆော့ပြုလုပ်နည်း(Orange Dressing)
************
လိမ္မော်သီး -တစ်လုံး
လီမွန် - နှစ်စိတ်
ဆား - အနည်းငယ်
နံနံပင် - နှစ်ပင်
ကြက်သွန်ဖြူ - နှစ်မြောင်း
သံလွင်ဆီ - ၅ဇွန်း စားပွဲဇွန်း
ငရုတ်ကောင်း - အနည်းငယ်

***********
1.လိမ္မော်သီးတလုံးကိုအခွံသင်ပြီးခပ်သေးသေးတုံးထားပါ။
2.နံနံပင်ကြက်သွန်ဖြူသေးသေးစိတ်ထည့်ပါ၊
3.လီမွန်နှစ်စိတ်ညစ်ထည့်ပါ။ဆားငရုတ်ကောင်းထ
ည့်ပြီးသံလွင်ဆီထည့်ကာသမအောင်မွေပေးပြီးသုံးဆောင်နိုင်ပါပြီ။
...........
Sofia (05.02.2017)

Credit: http://sofiafoodparadise.blogspot.com

သခွားသီးကြွပ်ကြွပ်ချဉ်ငံစပ်သုပ်


သခွားသီးကို ကြွပ်ကြွပ်လေးဖြစ်အောင်လုပ်ပြီး ချဉ်ငံစပ်လေးသုပ်ထားတာပါ။ စားလို့ အလွန်မြိန်စေပြီး ကျန်းမာရေး နှင့်ညီညွတ်တယ်။ လုပ်စားရတာလဲ လွယ်ကူတာကြောင့်လုပ်စားကြည့်ရအောင်နော်။

ပါဝင်သောပစ္စည်းများ
၁။ သခွားသီး - ၁ လုံး
၂။ ငရုတ်သီးစိမ်း -၃ တောင့်
၃။ ပုဇွန်ခြောက်ထောင်း - ထမင်းစားဇွန်း ၁ ဇွန်း
၎။ ကြက်သွန်ဖြူ - ၃ မွှာ
၅။ မြန်မာငံပြာရည် (သို့ ) ယိုးဒယားငံပြာရည် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
၆။ သကြား (သို့ ) အချိုမှုန့် - လက်ဖက်ရည်ဇွန်း တ ၀က်
၇။ သံပုရာသီး - တ စိတ်
( ထမင်းစားဇွန်း = 1 tablespoon = 15 ml)
(လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)

ပြုလုပ်နည်း
၁။ သခွားသီးကို အခွံနွာရေဆေးပြီး အကွင်းလိုက် ပါးပါးအရင်လှီးပါ။ ထို့ နောက် အကွင်းလိုက်ကို အလျားလိုက် လေးပိုင်းပိုင်းပါ။ ပြီးလျှင် ရေအေးထဲစိမ်ထားပါ။ (ကြွပ်လာပါလိမ့်မည်။)
၂။ ကြက်သွန်ဖြူ နှင့် ငရုတ်သီးစိမ်းကို ညက်နေအောင်ထောင်းထားပါ။
၃။ သုပ်ခါနီးတွင် သခွားသီးကို ရေစစ်ပါ။ ထို့ နောက် သခွားသီးဖတ်များကို ညက်နေအောင်ထောင်းထားသော ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း၊ ပုဇွန်ခြောက်ထောင်း၊ မြန်မာငံပြာရည် (သို့ ) ယိုးဒယားငံပြာရည်၊ သကြား(သို့ ) အချိုမှုန့် ၊ သံပုရာရည်တို့ ဖြင့် နယ်ရ်ျ သုပ်ပါ။
၎။ သခွားသီးကြွပ်ကြွပ် ချဉ်ငံစပ်သုပ်ကို အရသာရှိရှိသုံးဆောင်နိုင်ပါပြီ။

Credit : ei san's homemade inspiration

No comments: