"မြန်မာတို့၏မြန်မာ့ရိုးရာထီး"
***********************
(မြန်မာ့ရိုးရာထီးသမိုင်းအကျဉ်း နှင့် ပုသိမ်ထီး ပြုလုပ်ပုံ အဆင့်ဆင့်)
မြန်မာ့ရိုးရာထီးများမှာ ပုဂံခေတ်အစောပိုင်းကာလမည်သည့်အချိန်ထဲစတင်ပေါပေါက်ခဲ့သည်ကိုတိကျစွာမသိရှိပါ။သို့သော် ပထမမြန်မာနိုင်ငံတော်ကြီးကိုတည်ထောင်ခဲ့သော အနော်ရထာမင်းကြီး လက်ထက်ပုဂံခေတ်တွင် ရဟန်းတော်များ ၊သီလရှင်များနှင့်ရှင်ဘုရင်မိဖုရား၊အိမ်ရှေ့စံမင်းသားတို့၏နန်းတွင်းအဆောင်
အယောင်ပစ္စည်းတစ်စုံအဖြစ်စတင်အသုံးပြုခဲ့ပါသည်။
ဘုရင်မင်းမြတ်များ တိုင်းခန်းလှည့်လည်ကြည့်ရူ့ရာတွင် ဆင်၊မြင်း၊ဗိုလ်ပါခြံရံလျှက် ထီးဆောင်း၍ အဆောင်အယောင်အဖြစ်သုံးပါသည်။ထိုသို့တိုင်းခန်းလှည့်လည်စဉ်လမ်းခရီး၌ မိဖုရားရွေးချယ်ရာတင်လည်း ရွေးချယ်လိုသောမိဖုရား၏အိမ်ရှေ့တွင်ထီးစိုက်ထောင်လိုက်သည်ဟုလဲသိရှိရပါသည်။မြန်မာ့ရာဇဝင်တွင် ထီးနန်းထီဆောင်မင်း၊ထီးဖြူဆောင်းမင်းလောင်း အစရှိသော
စကားများထဲမှ ထီးဆိုသောစကားလုံးမှာ မြန်မာ့ရိုးရာထီးဟုဆိုလိုခြင်းဖြစ်ပါသည်။
ထိုကဲ့သို့ဂုဏ်ရှိန်မြင့်မားစွာနန်းတွင်းအသုံးအဆောင်တစ်ခုအဖြစ် ပုဂံခေတ်မှစတင်၍ မြင်းစိုင်း၊စစ်ကိုင်း၊ပင်းယ၊အင်းဝ၊ကုန်းဘောင်စသည်ဖြင့်မြန်မာရှင်ဘုရင်များခေတ်အဆက်ဆက်အသုံးပြုလာခဲ့ကြသောမြန်မာ့ရိုးရာထီးများမှာ ပြောင်းလဲလာခဲ့သော ခေတ်ကာလအားလျော်စွာအကြိုက်ချင်းမတူညီနိုင်သောဘုရင်မင်းမြတ်တို့၏ဆန္ဒအလျောက် အနည်းငယ်ပြောင်းလဲဆန်းသစ်မှုများလဲရှိခဲ့ပါသည်။
ဥပမာအားဖြင့် ရဟန်းဆောင်းထီးများမှလွဲ၍ နန်းတွင်းအသုံးအဆောင်ထီးများမှာ ပုဂံခေတ်တွင် ချည်သားပိတ်စဖြင့်အမိုးပြုလုပ်ပြီးလျှင် ပင်းတယခေတ်တွင်မိုင်းတိုင်စက္ကူအဖြစ်ပြောင်းလဲလာခြင်းကိုလည်း အပြင်အဆင်တစ်မျိုးဆန်း၍ယနေ့ထိတိုင်အင်းလေးဒေသမျာတွင်မြင်တွေ့နိုင်သေးသည်မှာလည်းမြန်မာတို့၏ဂုဏ်ယူဖွယ်ရာအမှတ်ရစရာအမွေတစ်ခုဖြစ်ပါသည်။
ထိုမျှမက မန္တလေးတော်ဝင်ထီးမှာလည်း ရွှေမန္တလေးဟူသောဂုဏ်ပုဒ်နှင့်အညီ ရွှေဆေးသုတ်လိမ်းပြီး ရွှေရောင်ဒီဇိုင်းများရေးချယ်ခြင်းနှင့် ထီးဖျင်ပိတ်သားပေါတွင်အရောင်ချယ်၍ အရစ်များပြုလုပ်ခြင်းသဘာဝအသီးအရွက်အခေါက်များမှရရှိသော အရောင်အချိုးတို့ကိုရောစပ်၍ ပြုလုပ်ခဲ့သောရောင်စုံအရစ်ထီးများမှာလည်း"မန္တလေးအိမ်တော်ရာထီး"ဟူ၍ထူးထူးခြားခြားရှိခဲ့ဖူးပါသည်။တစ်ချိန်က ရွှေမန္တလေးအတွက် ဂုဏ်ယူဖွယ်ရာ အနုပညာလက်ရာ အမှတ်ရချင်စရာ ရိုးရာအမွေအနှစ်တစ်ခုဖြစ်ပါသည်။
မြန်မာ့ရိုးရာထီးများပေါတင်ရှေးယခင်ထဲကပန်းမျိုးစုံလှပဆန်းကြယ်ခန်းနားသော ကနုတ်ပန်းလက်ရာများ၊နံရံဆေးရေးပန်းချီလက်ရာများ၊နှင်းဆီ၊သစ်ခွ၊ဂန္ဓမာ၊နေကြာ၊စံပယ်အစရှိသော ပန်းအစစ်များကိုအသုံးပြု၍ ဒီဇိုင်းပြုလုပ်ခြင်း၊ဆေးချယ်၍ပန်းမျိုးစုံပန်းချီများရေးဆွဲခြင်း၊ရှူ့ခင်းအမျိုးမျိုး၊ကျုံးမြို့ရိုး၊နန်းမြို့ရိုးများ၊ကျေးလက်တောရွာဓလေ့မြင်ကွင်းများ အစရှိသောဒီဇိုင်းပုံစံအမျိုးမျိုးတို့နှင့် ရွှေထီး၊ငွေထီးအစရှိသာထီးများ ခမ်းနားထည်ဝါလှသောမြန်မာ့ရိုးရာအနုပညာများပင်ဖြစ်ပါတော့သည်။
ထိုကဲ့သို့အရှိန်အဝါကြီးမားလှသောမြင့်မြတ်သောမြန်မာ့ရိုးရာထီးအမျိုးမျိုးတို့ကိုရဟန်းတော်များနှင့်နန်းတွင်းအသုံးအဆောင်သီးသန့်မျှသာ ခေတ်အဆက်ဆက်အသုံးပြုခဲ့သောကြောင့် မြန်မာ့ရိုးရာထီးပညာရှင်များမှာလည်း မင်းခစား မင်းမှုထမ်းများပင်ဖြစ်ခဲ့ကြပြီး
မြန်မာ့နန်းတင်းအနုပညာတစ်ရပ်ဟုဆိုလျှင်မှားမည်မဟုတ်တော့ပါ။
"မြန်မာ့ရိုးရာ ပုသိမ်ထီး"
********************
မြန်မာနိုင်ငံ၏နောက်ဆုံးမင်းဆက်ဖြစ်သောသီပေါမင်းပါတော်မူပြီး ၁၈၈၅ ခုနှစ်နောက်ပိုင်းတွင် အစိတ်အမွှာမွှာပြိုကွဲသွားသောနန်းတွင်းပညာရှင်မင်းမှုထမ်းတို့မှာလည်း အနယ်နယ် အရပ်ရပ်သို့ရွှေ့ပြောင်းနေထိုင်ကြလျှက် အသက်မွေးဝမ်းကြောင်းမျိုးစုံတို့ဖြင့် မထင်မရှာ ရပ်တည်ခဲ့ကြပါသည်။
ထိုအထဲမှ မြန်မာ့ရိုးရာထီးပညာရှင်အချို့တို့သည် မြစ်ဝကျွန်းပေါဒေသ ပုသိမ်သို့ ရွှေ့ပြောင်းနေထိုင်ခဲ့ကြပြီး ရဟန်းတော်များနှင့် သီလရှင်များအတွက် ထီးများကို ပြုလုပ်ရောင်းချ၍ စားဝတ်နေရေးအသက်မွေးမှုကို စတင်ပြုလုပ်ခဲ့ပါသည်။ထို့အပြင်ယနေ့နာမည်ကြီးထင်ရှားလှသော ပုသိမ်ထီးများကိုလည်းစတင်ထုတ်လုပ်ခဲ့ပါသည်။
ပုသိမ်ထီး၏အစမာ ဝါးကိုယ်ထည်ပေါ်တွင်
ယခင်ကန်းစင်များမှရရှိသာချည်းသားစစ်စစ်ဖျင်စ(ပိတ်)
ကိုကပ်၍ မန္တလေးတွင်အသုံးပြုခဲ့သောပန်းမျိုးစုံဒီဇိုင်းများ၊သဘာဝရှူ့ခင်းမျိုးစုံ၊မန္တလေးကျုံးမြို့ရိုး၊နန်းမြို့ရိုး အစ
ရှိသည်တို့ကို ရေးဆွဲခဲ့ကြပြီး စတင်ရောင်းချခဲ့ခြင်းဖြစ်ပါသည်။ သို့သော် ပုသိမ်မြို့တွင်ထုတ်လုပ်သောကြောင့် ပုသိမ်ထီးဟူသော အများကခေါ်ခဲ့ခြင်းဖြစ်ပါသည်။
ထို့နောက် ပုသိမ်ထီးများကို လူအများသိရှိလာကြပြီးလျှင် မင်းပွဲ၊စိုးပဲ၊အလှူပွဲနှင့်ပွဲမျိုးစုံတို့တွင် အသုံးပြုလာကြသည်။အင်္ဂလိပ်ခေတ်အထက်တန်းလွှာအမျိုးသမီးများ၏ အသည်းစွဲဖြစ်ခဲ့ပြီး လက်ကိုင်ရိုးများတွင်ငွေသားအစစ်များဖြင့်ပြုလုပ်၍ တန်ဖိုးမြှင့်တင်မှု့များကိုလည်း ပြုလုပ်ခဲ့ကြပါသည်။
အိန္ဒိယဘက်မှဝင်ရောက်လာသာ ဖဲသားဖျင်စများကြောင့်ပုသိမ်ထီးမှာပြောင်းလဲလာခဲ့သည်။အကြောင်းမှာ မြန်မာတို့၏ချည်သားစစ်စစ်ဖျင်စ(ပိတ်)များနေရာတွင် ဖဲသားဖျင်စနှင့်အစားထိုး၍ပြုလုပ်ခဲ့ကြပြီးနောက်ပိုင်းတွင်ချည်သားကပဲထားသော ပုသိမ်ထီးများကွယ်ပျောက်၍ ဖဲသားဖျင်စအသုံးပြုသောပုသိမ်ထီးများအဖြစ် အဆင့်ဆင့်ပြောင်းလဲ လာသည်ကိုလည်းယနေ့ထိတိုင်တွေ့မြင်နိုင်ပါသည်။ထို့ကြောင့် မြန်မာ့ရိုးရာထီးအစပိုင်းနှင့် ယနေ့ခေတ်ပုသိမ်ထီးများမှာ အနည်းငယ်မက ကွဲလွဲသွားကြောင်းကိုလည်း သိစေလိုပါသည်။
ရှေးခေတ်ဘုရင်များခေတ်အဆက်ဆက်အသုံးပြုခဲ့သောထီးမျိုးစုံတို့မှာ မြန်မာ့ရိုးရာထီးဆိုသောဂုဏ်ပုဒ်နှင့်အညီ မြန်မာနိုင်ငံမှ ထွက်ရှိသောသစ်၊ဝါးများကိုအခြေခံကာကိုယ်တိုင်ပြုလုပ်၍ ရက်ကန်းစင်များမှရရှိသော ချည်သားဖျင်စ(ပိတ်)ဖြင့်အမိုးပြုလုပ်၍ သဘာဝသစ်သီး၊သစ်ခေါက်၊သစ်ဥ တို့မှ အရည်၊အစေး၊အဆီအနှစ်တို့ကိုအခြေခံကုန်ကြမ်းပြုလုပ်၍ မြန်မာ့ရာသီဥတုနှင့်အထူးသင့်လျော်အောင် ၊ ဥတုသုံးပါးလုံးအသုံးပြုနိုင်သော အထူးအရည်အသေးဖြင့် မြန်မာ့အနုပညာလက်ရာဖြစ်ကြောင်းကိုလည်း ထပ်လောင်း၍သိစေလိုပါသည်။
ထို့အပြင် မြန်မာ့ရေမြေသဘာဝနှင့်အထူးသင့်လျော်ခြင်း
အအေးဒဏ်၊အပူဒဏ်ခံနိုင်ခြင်း၊လေဒဏ်၊မိုးဒဏ်ခံနိုင်
ခြင်း စသောဂုဏ်သတ္တိမျိုးစုံတို့နှင့်လည်း ပြည့်စုံလျှက်
ရှိပါသည်။
ယနေ့ခေတ်ပုသိမ်ထီးများမှာ အလှဆင်ယင်ခြင်းနှင့်နေကာသီးသန့်သာဖြစ်ပါသည်။ ထို့အပြင်ဖဲသားဖျင်စကိုအသုံးပြုနိုင်ခြင်းကြောင့် ယနေ့အချိန်ထိမြန်မာနိုင်ငံတွင်ဖဲဖျင်မထုတ်နိုင်သောကြောင့် ဖဲသားကပ်ပုသိမ်ထီးများမှာ ရှေးခေတ်မြန်မာ့ရိုးရာထီးများလောက် စွဲဆောင်မှုမရှိတော့ပေ။ထို့ကြောင့်လည်း ချည်သားစစ်စစ်
ဖြင့်ပြုလုပသောပုသိမ်ထီးများက ပြန်လည်ဆန်းသစ်ထုတ်လုပ်မှုနှင့်လူကြိုက်များကာ ပြန်လည်ထိုးဖောက်နေပြီဖြစ်ပါသည်။
မြန်မာ့ရိုးရာပုသိမ်ထီး ပြုလုပ်ပုံ အဆင့်ဆင့်
☆●☆●☆●☆●☆●☆●☆●☆●☆●☆●☆●☆●☆
မြန်မာ့ရိုးရာ ပုသိမ်ထီးပြုလုပ်ရာတွင် ကုန်ကြမ်းအဆင့်နှင့် ကုန်ချောအဆင့်ဟူ၍ အကြမ်းဖျင်းအားဖြင့် ၂မျိုးသတ်မှတ်နိုင်ပါသည်။
ကုန်ကြမ်းအဆင့်ကိုပြုလုပ်သိုလှောင်ထားရှိရန်မှာလည်း ပုသိမ်ထီးလုပ်ငန်းစဉ်၏ အရေးပါလှသော အခန်းကဏ္ဍတရပ်ပင်ဖြစ်သည်။
အဆင့် ၁
"ထီးကုန်ကြမ်း ထုတ်လုပ်ခြင်း"
၁။ ထီးလုံးကုန်ကြမ်းထုတ်လုပ်ခြင်းနှင့် ထီးလက်ကိုင်ပြုလုပ်ခြင်း
ထီးလုံးဆိုသည်မှာ ပုသိမ်ထီး၏ ပိတ်ဖျင်စ မဖုံးအုပ်ရသေးသော ဝါးချည်းသက်သက် ထီးကိုယ်ထည်တခုလုံးကို စုပေါင်း ခေါ်ဆိုခြင်းဖြစ်ပြီး ပုသိမ်ထီး၏ တည်ဆောက်ပုံ structure ဖြစ်ပါသည်။
ထီးလုံးကုန်ကြမ်းတွင် အောက်ပါ အစိတ်အပိုင်းများပါဝင်ပါသည်။
(က) ထီးခေါင်း
(ခ)ထီးမ
(ဂ)ထီးလက်တံ
(ဃ)ထီးခရိုင်
(င)ထီးလက်ကိုင် တို့ဖြစ်ကြပါသည်။
ထီးခေါင်း ၊ ထီးမ ၊ထီးလက်ကိုင် စသည်တို့ကို ပြုလုပ်ရာတွင် တောင်မရိုး ၊ ဒီးတူး ၊ မအူရွှေဝါ ၊ မအူလက်တံ စသော သစ်အမျိုးအစားများကို အသုံးပြုပါသည် ။
ထုတ်လုပ်ပုံအဆင့်များမှာ
(၁) သစ်ခုတ်ခြင်း
(၂)အတိုင်းဖြတ်ခြင်း
(၃)ပုံကြမ်းခွဲခြင်း
(၄)ထီးခေါင်း ခုတ်ထွင်းခြင်း
(၅)မျက်စင်တင် (ပန်းပွတ်)ခြင်း
(၆)စိတ်ကြောင်းဖော်ခြင်း
စသည်တို့ဖြစ်ပါသည်။
ထီးလက်တံနှင့် ထီးခရိုင်ပြုလုပ်ရာတွင် "သရကူ" ဝါးတမျိုးထဲကိုသာ အသုံးပြုရပြီး ၎င်းဝါးအမျိုးအစားသည် ပုသိမ်မြို့နယ် ၊သာပေါင်းမြို့နယ် ၊ ငါးသိုင်းချောင်း မြို့နယ် နှင့် ပုသိမ် မော်တင်စွန်း ကားလမ်းနံဘေးရှိ တောတောင်များထဲတွင် အလေ့ကျ ပေါက်ရောက်ပါသည်။
"သရကူ" ဝါးသည် ပျော့ပြောင်းညင်သာပြီး လိုရာပုံအလွယ်တကူ သွင်းယူ နိုင်ကြောင့် ခေတ်အဆက်ဆက် ပုသိမ်ထီး ပြုလုပ်သည့် ပညာရှင်များ ယနေ့အချိန်ထိတိုင်အောင် ဆက်လက်အသုံးပြုလျက်ရှိပါသည်။
"ထီးလက်တံနှင့် ထီးခရိုင်"
အထက်ပါ ထီးလက်တံနှင့် ထီးခရိုင်ထုတ်လုပ်ပုံ အဆင့်များမှာ
(၁) ဝါးခုတ်ခြင်း
(၂)အတိုင်းတာဖြတ်ခြင်း
(၃)ဝါးခွဲခြင်း
(၄)အပေါက်ဖောက်ခြင်း
(၅)အချောသတ်ခြင်း
(၆) ပါးပုပ် ဝမ်းခွဲခြင်းတို့ပင် ဖြစ်ပါသည်။
လိုအပ်သည့် ကုန်ကြမ်းများရရှိပြီးနောက် ရရှိလာသော ထီးခေါင်းများ ၊ထီးခရိုင်များ ၊ထီးလက်တံများကို
(၁) ထီးခေါင်းနှင့် ထီးလက်တံ
(၂)ထီးမ နှင့် ထီးခရိုင်
(၃)ထီးလက်တံ အလယ် နှင့် ထီးခရိုင်ထိပ်ဝိုင်း
များကို စနစ်တကျ တွဲဆက်ရပြီး
(၄) လိပ်ကျောက်တိုက်ခြင်း စသည်တို့ကို အဆင့်ဆင့်ပြုလုပ်ရပါသည်။
(က) အထက်ပါ အစိတ်အပိုင်းများ တခု နှင့်တခုကို မြဲမြံစေရန် ချည်သားကြိုး (ဗမာချည်)ဖြင့် တွယ်ဆက်ရပါသည်။
အထက်ဖော်ပြပါ အဆင့်များပြီးဆုံးပါက " ထီးလုံးကုန်ကြမ်း နှင့် ထီးလက်ကိုင်ရိုးတို့ကို ရရှိလာမည် ဖြစ်ပါသည်။
(ခ) ဝါးရိုးလက်ကိုင် ထုတ်လုပ်ခြင်း အဆင့်
ဤအဆင့်တွင် အသုံးပြုသော ဝါးမှာ "ထီးရိုးဝါး" နှင့် "ခရင်ကျစ်" ဝါးအမျိုးအစားတို့ကို အသုံးပြုရပါသည်။
☆☆☆(၃) ထီးဖျင် (ပိတ်စ)
ထီးဖျင်ပိတ်စ များကို မြန်မာပြည် အလယ်ပိုင်း ယက္ကန်းစင်များ တည်ရှိရာ မန္တလေးတိုင်းဒေသကြီး အတွင်းရှိမြို့ရွာများမှ ထုတ်လုပ်ပြီး ပုသိမ်ထီးပြုလုပ်ရန် ချည်သားစစ်စစ် ပိတ်ဖျင် များကို သာ အသုံးပြုရပါသည်။
ဖော်ပြပါ ပိတ်စများကို ပြုလုပ်မည့် ထီး၏ အတိုင်းအတာ အလိုက် စကေးများ ဖြင့် တွက်ချက် ကိုက်ဖြတ်ရပါသည်။
■■■■■■■■■■■■
☆☆☆(၄) သဘာဝကော် (စစ်စီး ) နှင့် ကော်ကျဲ ထုတ်လုပ်ခြင်း
မြန်မာ့ရိုးရာပုသိမ်ထီး ပြုလုပ်ရာ၌ ပိတ်သားချည်နှင့် ထီးလုံးဝါးကိုယ်ထည်တို့ကို တွဲဆက်ရာ၌ ကော်ရည်ကို အသုံးပြုရပြီး ၎င်းကော်ရည်ကို ပုသိမ်ထီး ထုတ်လုပ်သူများကိုယ်တိုင် ကိုယ်ကျ ဖော်စပ်ထုတိလုပ်ရခြင်းဖြစ်ပါသည်။
အရည်ကျဲကော် ထုတ်လုပ်နည်း
●●●●●●●●●●●●●●●●●●●●●●
အဓိက ပါဝင်သော ပစ္စည်းမှာ သဘာဝ "တည်ပင်" မှ ရရှိသော "တည်သီး" ဖြစ်ပါသည်။
ကော်ရည်ကျဲ ထုတ်လုပ်ရန် အောက်ပါ အဆင့်များကို လုပ်ဆောင်ရပါသည်။
(က)တည်သီးခူးခြင်း
(ခ)အညှာချွေခြင်း
(ဂ) အမွှေးချွတ်ခြင်း (ရေဆေး)
(ဃ) ထုထောင်းခြင်း ( ဆန်ထောင်းဆုံဖြင့်)
(င) တည်ရည်စိမ်ခြင်း (စဥ့်အိုးများအတွင်း စိမ်ခြင်း)တို့ပင် ဖြစ်ပါသည်။
တည်ရည်စိမ်ရာ၌ ဆန်ထောင်းဆုံဖြင့် ထုထောင်းပြီးသော တည်သီးများကို စဥ့်အိုးများ အတွင်း စနစ်တကျ ဖိသိပ်လျက် ရကိသတ္တပါတ် ၂ပါတ်ခန့် ရေထည့်၍ အပုပ်ခံ ထားရှိရပါသည်။ ရရှိလာသော တည်ရည်များကို အထက်ဖော်ပြပါ ထီးလုံးကိုယ်ထည် နှင့် တွယ်ဆက်ရန် ကပ်ရာ၌ အသုံးပြုနိုင်သော ကော်ရည်ကျဲ ကို ရရှိမည်ဖြစ်ပါသည်။
သဘာဝကော် (စစ်စီး) ထုတ်လုပ်ခြင်း
●●●●●●●●●●●●●●●●●●●●●●●●●●
ဤအဆင့်အတွက် အဓိက ပါဝင်သော အသုံးပြုသော ပစ္စည်းမှာ ပထမ အဆင့်၌ ထုတ်လုပ်ထားသော ကော်ရည်ကျဲကို ယူ၍ မီးအေးအေးဖြင့် ကျိုချက်သောအခါ ပျားရည်သကဲ့သို့ အရောင်အဆင်းရှိပြီး စေးကပ်သည့် သဘာဝ ကော် တမျိုးကို ရရှိလာပါတော့သည်။
☆☆☆(၅) ပီလော ပီနံ ကော်ရည်ကျဲ ထုတ်လုပ်ခြင်း
●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●
ပီလောပီနံ ကော်ရည် ပြုလုပ်ရာ ၌ ပထမဦးစွာ ပီလော ပီနံဥကို အခြောက်လှန်းရပါသည်။ ထို့နောက် ၎င်းပီလောပီနံ ဥ အခြောက်ကို ကြိတ်စက်ဖြင့်ကြိတ်လိုက်သော အခါ ပီလော ပီနံ အမှုန့်ရရှိလာမည် ဖြစ်ပြီး ရရှိလာသော ပီလော ပီနံ အမှုန့်ကို လိုအပ်သော ရေပမာဏ ဖြင့်ရောစပ်သော အခါ ပီလောပီနံ ကော်ရည်ကျဲကို ရရှိပါသည်။
☆☆☆(၆) သုတ်လိမ်းရန်ဆီ (ချက်ဆေး) ထုတ်လုပ်ခြင်း
●●●●●●●●●●●●●●●●●●●●●●●●
ချက်ဆေး ထုတ်လုပ်ရာ၌ အသုံးပြုရသော ကုန်ကြမ်းပစ္စည်းများမှာ
(က) ထင်းရှူးဆီ
(ခ) နှမ်းဆီ
(ဂ) ထောပတ်ဆီ
(ဃ) အင်တွဲ
(င) ဖယောင်း
(စ) ရေနံဆီ
(ဆ) ငါးကြီးဆီ
စသည့် ပါဝင်ပစ္စည်းများကို အချိုးကျရောစပ်၍ မီးအေးအေးဖြင့် လိုအပ်သည့် အနေအထားရောက်အောင် အဆင့်ဆင့် ကျိုချက်ပြုပြင် ထုတ်လုပ်ရပြီး နောက် ချက်ဆေး ကို ရရှိပါသည်။
အထက်ဖော်ပြပါ မြန်မာ့ရိုးရာ ပုသိမ်ထီး ပြုလုပ်ရန် ကုန်ကြမ်းပစ္စည်း အမျိုးမျိုးကို အဆင့်ဆင့် ထုတ်လုပ်ပြီးနောက် အောက်ပါ ကုန်ကြမ်းများ စုံလင်စွာရရှိလာပါသည်။
(၁) ထီးလုံးကုန်ကြမ်းနှင့် ထီးလက်ကိုင်
(၂) ဝါးရိုး
(၃) ထီးဖျင်
(၄)သဘာဝကော် စစ်စီး
(၅)ပီလောပီနံ ကော်ရည်ကျဲ
(၆) သုတ်လိမ်းရန်ဆီ (ချက်ဆေး) တို့ စုံလင်စွာရရှိပြီ ဖြစ်သောကြောင့် မြန်မာရိုးရာ ပုသိမ်ထီး ကုန်ချောကို စတင် ထုတ်လုပ်နိုင်ပြီ ဖြစ်ပါသည်။
ထီးကုန်ချော ထုတ်လုပ်ပုံ အဆင့်ဆင့်
■■■■■■■■■■■■■■■■■■■■
(က) ထီးကွေးခြင်း
ထီးလုံး ခေါ် ထီးကိုယ်ထည်၏ ဝါးအဖျားများကို မီးဖြင့် အပူပေး၍ အနားများကို ကိုင်းညွှတ်အောင် ကွေး၍ ပြုပြင်ယူခြင်းကို ထီးကွေးခြင်း ဟုခေါ်ဆိုပါသည်။
(ခ) အရိုးတပ်ဆင် ခြင်း နှင့် ပုံဖမ်းခြင်း
ထီးလုံးကိုယ်ထည်ရှိ ထီးမအတွင်းမှ ဖြတ်သန်း၍ ဝါးရိုးသွင်းကာ ထီးအပွင့်အရွယ်အစား တိုင်းတာခြင်း (ပုံဖမ်းခြင်း) ပြုလုပ်ပြီးမှ ဝါးရိုးကို ထည့်သွင်း တပ်ဆင်ရပါသည်။
(ဂ) ထီးချည်ခြင်း နှင့် လက်ကွက်ညှိခြင်း
အရိုးတပ်ဆင်ပြီးသော ထီးကို ဖွင့်၍ ထီးလက်တံ အဖျားများကို အပ်ချည်ဖြင့် ချည်ကာထီးလက်တံ တခုနှင့်တခု အကွာအဝေးတူညီစေရန် လက်ကွက်ညှိခြင်းကို တစ်ချိန်တည်းမှာပင် ပြိုင်တူ လုပ်ဆောင် ပုံဖော်ယူရပါသည်။
(ဃ) ကော်သုတ်၍ ထီးကပ်ခြင်း
ထီးလက်တံ အရင်းအဖျားအနှံ့ မျက်နှာပြင်အားလုံးတွင် သဘာဝကော် စစ်စီးကို သုတ်လိမ်းရပြီး နောက် အတိုင်းအတာ စကေးဖြင့် ညှပ်ယူထားသော ချည်သားစစ်စစ် ဖျင်စ ကို ၎င်း ထီးလုံးခေါ် ထီးကိုယ်ထည်၌ စနစ်တကျ ကပ်ရပြီး ခြောက်သွေ့စေရန် နေပူလှန်းထားရပါသည်။
(င)အနားသိမ်းခြင်း
ထီးလက်တံအဖျားမှ အနည်းငယ် ပိုညှပ်ထားသောပိတ်စအနားသား များကို စစ်စီးသုပ်၍ အတွင်းဘက်သို့ ခေါက်သွင်း အနားလုံး ကပ်ရပြန်ပါသည်။
(စ) ချည်ထိုးခြင်းနှင့် ပန်းထိုးခြင်း( Spider Net )
အတွင်းပိုင်းရှိ ထီးလက်တံ (ခါး) အလယ်ဝန်းကျင်နှင့် ထီခရိုင် တလျှောက် မှ ထီးမ အားလုံးခြုံ၍ သိုးမွှေးချည်ဖြင့် ပင့်ကူအိမ်သဖွယ် အရှေ့အနောက် တောင် မြောက် ယှက်ထိုးသွယ်တန်း၍ ပန်းအလှ ဆင်ရပြန်ပါသေးသည်။
☆☆☆မိုးရေခံကော် သုတ်လိမ်းခြင်း အဆင့်ဆင့်
●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●
(က) တပ်ဆင်ပြီးစီးထားသော ထီးဖျင်မျက်နှာပြင်တခုလုံးအား ပီလောပီနံ ကော်ရည်ကျဲ နေရာအနှံ့ သုတ်လိမ်းကာ နေပူတွင်လှန်းရပါသည်။
(ခ)တည်ရည် ကော်ကျဲ သုတ်လိမ်းခြင်း
အထက်ဖော်ပြပါ အဆင့်ပြီးသည့်နောက် ပထမ ကော်သုတ် အခြောက်လှန်း ပြီးစီးသည့်အခါ ဒုတိယ တစ်ထပ်အနေဖြင့် ရရှိထားသော တည်ရေ ကော်ကျဲအား ထီးမျက်နှာပြင်အနှံ့ စနစ်တကျ သုတ်လိမ်းပေးရပြီး နောက်တဆင့် အခြောက်ခံနေလှန်းရပါသည်။
အထက်ဖော်ပြပါ (က) နှင့် (ခ) အဆင့်ကို ထီးပြုလုပ်သူ စိတ်တိုင်းကျ အထပ်ထပ် အခါခါ ပြုလုပ်နိုင်ပါသည်။ ခနိ့မှန်းခြေ ၃ ရက်မှ ၅ရက်ကြာသည်အထိ ကြာရှည်တက်ပြီး ၎င်း ကို ကော်တင်ခြင်း (သို့) ကော်သွင်းခြင်းဟုခေါ်ပါသည်။ ပြုလုပ်သော ပုသိမ်ထီး အရွယ်အစား အကြီးအသေးပေါ်မူတည်၍ ကြာမြင့်သော အချိန် ခြောက်သွေ့သောအချိန်လည်း ကွာခြားနိုင်ပါသည်။
(ဂ) လက်ဖျားစီ ထီးလုံးချခြင်း
ထီးလက်တံ များအားလုံး၏ ကြားတွင်ရှိသော ပိတ် ဖျင်စ အသားများကို ညီညာစွာ ခေါက်၍ အတွင်းသို့ သွင်းရ သိမ်းရပါသည်။
(ဃ) မှင်ကြော
ရရှိလာသော ပုသိမ်ထီးကို ခေါက်၍ (ပိတ်၍ ) ထီးလက်တံ များ စုစည်းထားသည့် မျက်နှာပြင်များကို ဆေးအမည်းဖြင့် သုတိလိမ်းလိုက်သော အခါ ထီးမျက်နှာပြင်ပေါ်ရှိ ဖျင်စများကို ဆေးများ ပေစွန်းခြင်းမရှိပဲ ထီးလက်တံ နှင့် ထိစပ်နေသော ပိတ်များသာ ဆေးချယ်နေလှန်းခြင်းဖြစ်သောကြောင့် ထီးမျက်နှာပြင်ပေါ်၌ အနက်ရောင် အစင်းများ ရရှိလာမည် ဖြစ်ပါသည်။.
(င) ဇက်စီး
ထီးခရိုင်နှင့် ထီးလက်တံများ တွယ်ဆက်ထားသော နေရာ နေရာ၏ အထက်နားတွင် စက္ကူအထူဖြင့် ကော်ကပ်၍ စည်းရပါသည်။
(စ) လက်ဖျားစီ ထီးလုံးချထားသဖြင့် ပိတ်ထားသော ထီးကို ပြန်ဖွင့်၍ ထီးပန်းချီ ဒီဇိုင်းဆွဲသော ပန်းချီ ဆရာ၏ လက်သို့အပ်နှံ၍ ထီးအမျိုးအစားအလိုက် ပုဂံ၊ မန္တလေး ၊ အိမ်တော်ရာ စသည့် အမျိုးမျိုးသော ဒီဇိုင်းတို့ကို စိတ်တိုင်းကျ ရေးချယ်ရပါသည်။
(ဆ) မိုးရေခံ ဆီ ( ချက်ဆေး) သုတ်လိမ်းခြင်း
ဒီဇိုင်းပြီးစီး ခြောက်သွေ့သွားသည့်အခါ မိုးရေခံဆီ (ချကိဆေး)ကို ထီးမျက်နှာပြင် အနှံ့ သုတ်လိမ်းရပါသည် ။ အပေါ်ယံ ဆီများ ဖျငိသား ပိတ်စ အတွင်းသို့ စိမ့်ဝင်စေရန် ခေတ္တမျှ နေလှမ်းထားရပါသည်။ အထက်ဖော်ပြပါ ချက်ဆေး သုတ်ခြင်း နေလှမ်းခြင်းတို့ကို ထီးပြုလုပ်သူ၏ စိတ်တိုင်းကျမှု့ အပေါ် မူတည်၍ အကြိမ်ပေါင်း မြောက်များစွာ
ထီးခေါင်းနှင့် ထီးလက်တံများ တွယ်ဆက်ထားရာ
ပြုလုပ်နိုင်ပြီး ခန့်မှန်းခြေ ၂ ရက်မှ ၅ရက်ထိ ကြာမြင့်တက်ပါသည်။
(ဈ) လက်ကိုင်ရိုးတပ်ဆင်ခြင်း
ထီးရိုးဝါး အဖျားတွင် သစ်သား လက်ကိုင်ရိုးတပ်ဆင်ရပါသည်။
(ည) ဆေးသုတ် အချောသတ်ခြင်း ထီးခေါင်းနှင့် လက်ကိုင်ရိုးတို့ကို စစ်စီးဆေး သုတိပြီး ခြောက်သွေ့စေရန် နေလှန်းရပြန်ပါသည်။
အထက်ပါ လုပ်ငန်းစဉ်အားလုံးကို စနစ်တကျ ပြန်လည် စစ်ဆေးပြီး လိုအပ်သည်များ ထပ်မံပြု ပြင်ပြီးသည့်နောက်မှသာ ဈေးကွက်သို့ တင်ပို့ရောင်းချနိုင်ပါတော့သည်။
မြန်မာ့ရိုးရာ ပုသိမ်ထီးကို လေတ်အဆက်ဆက် ပုသိမ်မြို့၌သာ အဓိက ထုတ်လုပ်ရောင်းချပြီး ယနေ့ခေတ်အခါ ၌ ခေတ်ပေါ် သုံးရာသီ ထီးများ ဝင်ရောက်လာမှု့တို့ကြောင့် နောင်အခါ ၌ ပုသိမ်မှ ထီးလုပ်ငန်း လုပ်ကိုင်သော ပညာရှင်များသည် ကုန်ကြမ်းပစ္စည်းရှားပါးမှု့ ၊စားဝတ်နေရေး မပြေလည် မှု့တို့ကြောင့် ပုသိမ်ထီးပြုလုပ်နိုင်သော ပညာရှင်များ နီးစပ်ရာ အိမ်နီးချင်း နိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်ရာမှ အိမ်နီးချင်း အစိုးရ၏ မြေတောင်မြောက်ပေးမှူ့ကြောင့် ထီးပညာရှင်များ ဘဝ အခြေနေ တိုးတက်ကာ ယခုအခါ ထိုင်းနိုင်ငံ ချင်းမိုင် ဒေသ ၌ "ချင်းမိုင်ထီး" ဟု အမည်သစ်တွင်စေလျက် မြန်မာ့ရိုးရာ ပုသိမ်ထီးသည် တိုင်းတပါး၏ ရိုးရာ ထီးအဖြစ် ကမ္ဘာလှည့်ခရီးသည်များ၏ အာရုံ ဆွဲဆောင်ရာ အသုံးတော်ခံအဖြစ် အောင်မြင်နေသည်က မြန်မာ့ရိုးရာ အမွေနှစ်စစ်စစ်တခု၏ စိုးရိမ်ဖွယ်ရာ အနေအထားတခုပင် ဖြစ်ပါသည်။
မြန်မာနိုင်ငံတော် အစိုးရ အနေဖြင့် မိမိနိုင်ငံ၏ ယဉ်ကျေးမှု့ အမွေအနှစ် စစ်စစ် တခု ကို တိုင်းတပါးသားတို့ အတုယူ ခိုးချ ခြင်း အန္တရာယ်မှ ကင်းဝေးစေရန် ထီးပြုလုပ်ခြင်း အတတ်ပညာ ကျွမ်းကျင်သည့် ပညာရှင်များအား နည်းပညာ အထောက်အကူများပေးခြင်း မြေတောင်မြောက်ပေးခြင်းဖြင့် အနာဂတ် ပုသိမ်ထီးမျိုးဆက် မပျက်စေရေးကို ရှေးရှူကာ မြန်မာတို့၏ရိုးရာ ယဉ်ကျေးမှု့ အမွေအနှစ်စစ်စစ် တခုကို ပျက်သုဉ်း ပျောက်ကွယ်မသွားခင် အချိန်မှီ ထိန်းသိမ်းစောင့်ရှောက်စေလိုပါကြောင်း အကြံပြု တင်ပြလိုက်ရပါသည်။
စိုးမိုးအောင်
ဧည့်လမ်းညွှန် (ပုသိမ်)
အပတ်စဉ် ၄၈
****ဆက်သွယ်ဝယ်ယူရန်*****
Credit: မဟာပုသိမ်ရဲ့ Page
No comments:
Post a Comment