Saturday, December 31, 2011

Happy New Year 2012

ဒီနေ့ဟာ ၂၀၁၁ ခုနှစ်ရဲ့နောက်ဆုံးရက်ပါ။မကြာခင်သောအချိန်မှာ ၂၀၁၂ခုနှစ်ကိုကူးပြောင်း ပါတော့မယ်။ သူငယ်ချင်းတို့ရေ...


I wish you to have a

Sweetest Sunday,

Marvelous Monday,

Tasty Tuesday,

Wonderful Wednesday,

Thankful Thursday,

Friendly Friday,

Successful Saturday and

Great beginning for January,

Love for February,

Peace for March,

No worries for April,

Fun for May,

Joy for June and July,

Achievements for August,

Harmony for September,

Good Fortune for October and November,

Happiness for December,

Have a Great Year....

HAPPY NEW YEAR :)

Alex Aung (31 December 2011)

ဗုဒ္ဓ၀ါဒလာကိုယ်ကျင့်တရားနှင့် တမလွန်အယူ

လူသားတို့သည် လူဟူ၍ပီပီပြင်ပြင် ယဉ်ကျေးလာချိန်မှအစပြု၍ တမလွန်ဘ၀ကို စိတ်ဝင်စားခဲ့ကြသည်။ဘာသာအယူဝါဒ အတော်များ များကလည်း သူတို့၏အဆုံးအမကျင့်ဝတ်တို့ကို တမလွန်နှင့် ဆက်စပ်ထားကြသည်။ သူတို့၏ ဘာသာရေးပြဋ္ဌာန်းချက်တို့အား လိုက် နာခြင်း၊ မလိုက်နာခြင်းတို့၏ အကျိုးရလဒ်ကို တမလွန်တွင် ခံစားကြရမည်ဟု အဆိုရှိကြသည်။ ဤဘ၀တွင် ဘာသာရေး ပြဋ္ဌာန်းချက် များကို လိုက်နာသူတို့သည် တမလွန်တွင် ကောင်းကျိုးချမ်းသာ ခံစားကြရမည်ဖြစ်ပြီး၊ မလိုက်နာ ဆန့်ကျင်သူတို့မှာကား ဆင်းရဲဒုက္ခဖြင့် ကြုံတွေ့ရမည်ဟုဆိုကြသည်။

'ကောင်းကျိုးချမ်းသာ' ကိုစည်းစိမ်သုခအပေါင်းနှင့်ပြည့်စုံသော နေရာဌာနတစ်ခု အဖြစ်လည်းကောင်း၊ 'ဆင်းရဲ့ဒုက္ခ'ကို ညှင်းပမ်းနှိပ်စက်မှု ပေါင်းစုံအား ခါးစည်းခံစားနေရမည့် နေရာဌာနတစ်ခုအဖြစ် လည်းကောင်း တင်စားဟောပြောခဲ့ကြသည်။
ယင်းအယူအဆ အစဉ်အလာသည် ဗုဒ္ဓမပွင့်မီနှစ်ပေါင်း ထောင်ချီသောကာလမှအစပြု၍ ယနေ့တိုင်တည်ရှိခဲ့၊ တည်ရှိဆဲ၊ တည်ရှိနေဦး မည်သာ ဖြစ်သည်။ ဘာသာတရား အတော်များများမှာ သူတို့ပြဋ္ဌာန်းထားသည့် ကိုယ်ကျင့်တရားဆိုင်ရာ အဆုံးအမတို့ကို နောင်တမ လွန်တွင် ခံစားရမည့် ကောင်းကျိုးဆိုးပြစ်တို့နှင့် ချိတ်ဆက်ထားကြသည်။ 'တမလွန်ရှိသည်' ဆိုသောအယူအဆသည် ဘာသာတရား အတော်များများအဖို့ အဓိကပင်မထောက်တိုင်ကြီး ဖြစ်ခဲ့သည်မှာ ယနေ့တိုင်ပင်ဖြစ်သည်။

အကယ်၍ နောင်တမလွန်ရှိသည်ဆိုသော အယူအဆကိုသာ ပစ်ပယ်လိုက်ပါက အဆိုပါဘာသာတရားအတော်များများအဖို့ ရပ်တည် ရန်မဖြစ်နိုင်ပေ။ ကောင်းမှုပဲလုပ်လုပ်၊ ဆိုးမှုပဲကျူးလွန်ကျူးလွန် နောင်တမလွန်သာ မရှိခဲ့ပါက လူဆိုးရော၊ လူကောင်းပါ ကွယ်လွန်ပြီး နောက် ဘာမျှကွဲပြားသောရလဒ်ကို ခံစားရမည်မဟုတ်တော့ပေ။ ထို့ကြောင့် လူသားတို့ ကိုယ်ကျင့်တရားကောင်းဖို့၊ တစ်နည်းဆိုသော် ဘာသာတရားအဆုံးအမကို လိုက်နာကြဖို့ 'တမလွန်ဘ၀တည်ရှိသည်' ဟူသော အယူအဆက မရှိမဖြစ်လိုအပ်နေပေသည်။ ဘာသာ တရား တစ်ခုနှင့်တစ်ခုအကြား တမလွန်နှင့်ပတ်သက်သည့် ပုံစံအနေအထားချင်း မတူကွဲပြားကြစေကာမူ တမလွန်တည်ရှိခြင်းကိုတော့ လက်ခံထားကြပေသည်။ ပမာဆိုရသော် မဇ္ဈိမဒေသတွင်ထွန်းကားခဲ့၊ ထွန်းကားဆဲဖြစ်သော ဘာသာအယူဝါဒတို့၏ တမလွန်အယူအဆ တွင် သတ္တ၀ါတစ်စုံတစ်ရာ၏ ဤဘ၀မှ ၀ိညာဉ်သည် တစ်ဘ၀အပြီးတစ်ဘ၀ ကူးပြောင်းကျင်လည်နေရသည်။ ဘာသာတရားအဆုံးအမ နှင့်အညီ လိုက်နာခဲ့သူ၏ ၀ိညာဉ်သည် ကောင်းမြတ်သော သတ္တ၀ါအဖြစ်ပြန်လည် ဖြစ်တည်လာကြရသည်။ အကယ်၍ ဘာသာတရား အဆုံးအမကို မလိုက်နာခဲ့ပါမူ ထိုသူ၏၀ိညာဉ်မှာ နိမ့်ကျသောသတ္တ၀ါအဖြစ် ပြန်လည်ဖြစ်တည်ရမည်။ ဤသို့ဖြင့် ဘာသာတရားအဆုံး အမကို လိုက်နာခြင်း၊ မလိုက်နာခြင်းတို့အပေါ် မူတည်ကာ တစ်ဘ၀ပြီး တစ်ဘ၀ပြောင်းလဲ ဖြစ်တည်နေရမည်သာဖြစ်သည်။

အာရှအရှေ့အလယ်ပိုင်းတွင် ထွန်းကားခဲ့သော အယူဝါဒတို့တွင်မူ ထိုသို့ တစ်ဘ၀ပြီးတစ်ဘ၀ ကူးပြောင်းဖြစ်တည်မှု မရှိစေကာမူ ဘာသာတရားနှင့်အညီ လိုက်နာခဲ့သူတို့အတွက် မြင့်မြတ်သော ကောင်းကင်ဘုံ ရှိပြီး၊ ဘာသာတရား အဆုံးအမအား မလိုက်နာခဲ့သူတို့ အတွက် အပြစ်ဒဏ်ခံစားရန် ထာဝရငရဲကရှိနေသည်။

သို့ဖြစ်ရာ အဆိုပါဘာသာတရားတို့တွင် လူသားတို့အား ကောင်းမြတ်သော ကိုယ်ကျင့်တရား လိုက်နာစေရေးအတွက် လမ်းညွှန်ဆုံးမ ရာတွင် တမလွန်တည်ရှိမှုက မရှိမဖြစ်သော အဓိကပင်မ မဏ္ဍိုင်ကြီးပင် ဖြစ်ပေသည်။ ကိုယ်ကျင့်တရား ကောင်းသူသည် တမလွန်တွင် ကောင်းကျိုးခံစားရမည်၊ ကိုယ်ကျင့်တရား မကောင်းသူသည် တမလွန်တွင် မကောင်းကျိုး ခံစားရမည်သာ ဖြစ်သည်။
ဤနေရာတွင် ကျွန်ုပ်တို့သတိပြုသင့်သည်မှာ ဗုဒ္ဓ၀ါဒလာ ကိုယ်ကျင့်တရား၏ အခြေခံအုတ်မြစ် မဏ္ဍိုင်သည် တမလွန်ရှိခြင်း၊ မရှိခြင်း အပေါ် လုံးဝအခြေမပြုထားခြင်းပင်ဖြစ်သည်။ ဗုဒ္ဓ၀ါဒက ညွှန်ပြခဲ့သော ကိုယ်ကျင့်တရားတို့မှာ လူသားချင်း စာနာစိတ်အပေါ်တွင်သာ အခြေပြုထားပေသည်။ ဗုဒ္ဓ၀ါဒလာ ကိုယ်ကျင့်တရားတို့သည် နောင်တမလွန်အကျိုးကျေးဇူးနှင့် ချိတ်ဆက်ထားခြင်း အလျဉ်းမရှိကြောင်း အောက်ဖော်ပြပါ ဗုဒ္ဓဒေသနာက သက်သေထူလျက်ရှိသည်။

x           x           x

"ဒါယကာတို့၊ ဤလောက၌ မြတ်သော တပည့်သာဝကသည် ဤသို့စဉ်းစား၏။ စဉ်းစားပုံမှာ - ငါသည် အသက်ရှင်နေချင်သည်၊ မသေ ချင်။ ချမ်းသာစွာ နေချင်သည်၊ ဆင်းရဲကို စက်ဆုပ်သည်။ တစ်စုံတစ်ယောက်သောသူသည် ဤသို့ အသက်ရှင်နေချင်သော၊ မသေချင် သော၊ ချမ်းသာစွာ နေချင်သော၊ ဆင်းရဲကို စက်ဆုပ်သော ငါ့ကိုသတ်မည်ဆိုလျှင်  ယင်းသို့သတ်ခြင်းကို ငါမကြိုက်ပေ။ ငါကလည်း အသက်ရှင်နေချင်သော၊ မသေချင်သော ချမ်းသာစွာနေချင်သော၊ ဆင်းရဲကို စက်ဆုပ်သော သူတစ်ပါးကို သတ်မည်ဆိုပါလျှင် ယင်းသို့ သတ်ခြင်းကို သူတစ်ပါးလည်း ကြိုက်မည်မဟုတ်ပေ။ ငါမကြိုက်သောအရာဖြင့် အဘယ့်ကြောင့် သူတစ်ပါးအပေါ် ပြုလုပ်သင့်ပါမည်နည်း။

ထိုသူသည် ဤသို့စဉ်းစားဆင်ခြင်းကာ မိမိလည်း သူ့အသက်သတ်ခြင်းမှ ရှောင်ကြဉ်၏။ သူတစ်ပါးကိုလည်း သူ့အသက်သတ်ခြင်းမှ ရှောင်ကြဉ်ရန် ဆောက်တည်စေ၏။ သူ့အသက်သတ်ခြင်းမှရှောင်ကြဉ်မှု၏ ဂုဏ်ကျေးဇူးကို ပြောကြား၏။ ဤသို့အားဖြင့် ထိုသူ၏ကိုယ် ကျင့်ကောင်းခြင်းသည် အစွန်းသုံးပါးမှ စင်ကြယ်၏။"

x           x           x


ဗုဒ္ဓကဆက်လက်၍ သူ့ဥစ္စာခိုးယူခြင်း၊ သူ့သားမယားကို ကျူးလွန်ခြင်း၊ သူတစ်ပါး အကျိုးယုတ်အောင် မဟုတ်မမှန်ပြောဆိုခြင်း၊ သူတစ်ပါး ချစ်ခြင်းကွဲအောင် ကုန်းတိုက်ခြင်း၊ သူတစ်ပါး မခံသာအောင် ရုန့်ရင်းစွာပြောဆိုခြင်း၊ သူတစ်ပါးအတွက် အကျိုးမရှိစေမည့် အနှစ်သာရကင်းမဲ့သော စကားကိုဆိုခြင်းတို့နှင့် စပ်လျဉ်း၍လည်း ကိုယ်ချင်းစာတရားကို လက်ကိုင်ထား၍ ရှောင်ကြဉ်ကြရန်၊အခြားသူ တို့ကိုလည်း ရှောင်ကြဉ်ကြဖို့ တိုက်တွန်းရန်၊ ယင်းသို့ ရှောင်ကြဉ်ခြင်းကြောင့် ရရှိသည့် ဂုဏ်ကျေးဇူးကိုပြောဆိုရန် လမ်းညွှန်ဟောကြား ခဲ့ပေသည်။
(သောတာပတ္တိသံယုတ်၊ ဝေဠုဒွါရ၀ဂ်)

x           x           x


ဤဒေသနာကို ထောက်ရှုခြင်းဖြင့် ဗုဒ္ဓသည် လူသားတို့အား ကိုယ်ကျင့်တရားဆိုင်ရာ လမ်းညွှန်ချက်များအား မိန့်ကြားရာတွင် လူသား ချင်းကိုယ်ချင်းစာနာမှုကိုသာ အဓိကအခြေပြုထားသည်ကို သိရှိနိုင်ပေသည်။ သို့ဖြစ်ရာ ဗုဒ္ဓ၀ါဒလာ လူ့ကိုယ်ကျင့်တရားသည် တမလွန် ရှိခြင်းအား ယုံကြည်သူများရော၊ မယုံကြည်သူများပါ လက်ခံနိုင်သောတရား ဖြစ်ပေသည်။

စင်စစ်အားဖြင့်လည်း ဗုဒ္ဓ၀ါဒတွင် တမလွန်တည်ရှိခြင်းအယူအဆသည် အဓိကအရေးပါသောမဏ္ဍိုင်ကြီးမဟုတ်ပါချေ။ ဗုဒ္ဓ၀ါဒသည် လက်တွေ့ကျင့်သုံးသူတို့အဖို့လက်ငင်းဒိဋ္ဌ မျက်မှောက်ဘ၀တွင်ပင် အကျိုး ခံစားရသောအယူဝါဒသာ ဖြစ်ပေသည်။ ဗုဒ္ဓ၀ါဒ၏ အန္တိမ ရည်မှန်းချက်ပန်းတိုင်ဖြစ်သော မဂ်ဖိုလ်နိဗ္ဗာန်ဆိုသည်မှာလည်း လက်ရှိဘ၀မှာပင် မျက်မှောက်ပြုနိုင်သော ဆင်းရဲအပေါင်းမှ လွတ် မြောက်ခြင်းသာ ဖြစ်ပေသည်။

ဗုဒ္ဓသက်တော်ထင်ရှား ရှိစဉ်အခါကလည်း နောင်တမလွန်ဘ၀နှင့် ပတ်သက်၍ အလေးအနက်ထား မေးခွန်းထုတ်လာသူများ ရှိခဲ့ဘူး သည်။ ထိုအခါတိုင်း ဗုဒ္ဓက နောင်တမလွန်ဘ၀ရှိခြင်း၊ မရှိခြင်းဟူသည် ဗုဒ္ဓ၀ါဒ၏ အန္တိမ ရည်မှန်းချက်ပန်းတိုင်ဖြစ်သော ဆင်းရဲကိုသိခြင်း၊ ဆင်းရဲ၏အရင်းအမြစ်ကိုသိခြင်း၊ ဆင်းရဲကင်းရာကိုသိခြင်းနှင့် ဆင်းရဲကင်းရာလမ်းစဉ်ကို လိုက်နာကျင့်သုံးခြင်းဟူသည့် သစ္စာလေးပါးကို သိမြင်နိုင်မှုနှင့် မည်သို့မျှမပတ်သက်သော ကိစ္စသာဖြစ်ကြောင်း ဟောကြားခဲ့ပေသည်။ဗုဒ္ဓလမ်းညွှန်သည့်အတိုင်း အားထုတ်သူတို့သည် မျက်မှောက်မှာပင် သက်ရှိထင်ရှားဘ၀ဖြင့် လောက၏သစ္စာတရားကို သိခြင်း(မဂ်ဆိုက်ခြင်း)၊ သိခြင်း၏ရလဒ်အဖြစ် ဆင်းရဲအပေါင်းမှ လွတ်မြောက်ခြင်း( ဖိုလ်ဆိုက်ခြင်း) ဟူသည့် ရည်မှန်းချက်ပန်းတိုင်ကို လှမ်းကိုင်နိုင်မည်သာ ဖြစ်ပေသည်။

ထို့အပြင် အသက်ဝိညာဉ်ကောင်သည် သေလွန်ပြီးနောက် အခြားဘ၀သို့ပြောင်းကာ ခန္ဓကိုယ်သစ်တစ်ခုရရှိသွားခြင်းဖြင့် နောင်တမလွန် ဘ၀ရှိသည်ဟု လက်ခံခြင်း(သဿတဒိဋ္ဌိ) သည်လည်းကောင်း၊ နောင်တမလွန်ဘ၀မရှိဟု လက်ခံခြင်း (ဥစ္ဆေဒဒိဋ္ဌိ)သည်လည်းကောင်း၊ မရှိလည်းမဟုတ်/ရှိလည်းမဟုတ်ဟု လက်ခံခြင်း ( အမရာဝိက္ဓေပဒိဋ္ဌိ) သည်လည်းကောင်း မိစ္ဆာဒိဋ္ဌိ ၆၂ပါးတွင် အကျုံးဝင်သော တရား များသာဖြစ်ကြောင်း ပိဋကတ်တော်တွင် အထင်အရှားတွေ့ရှိနိုင်ပေသည်။ (အဗျာကတသံယုတ်၊ခေမာသုတ်)
သို့ပါ၍ ဗုဒ္ဓ၀ါဒလာကိုယ်ကျင့်တရားတို့ကို လိုက်နာကျင့်သုံးနိုင်ရန်မှာ နောင်တမလွန်ဘ၀ တည်ရှိခြင်း၊ မရှိခြင်းနှင့် စပ်ဆိုင်သည့်အယူ အဆများအပေါ် အခြေပြုစရာမလိုဘဲ၊ လူလူချင်း ကိုယ်ချင်းစာတရားနှင့် အဆိုပါ ကိုယ်ချင်းစာတရားကို မြဲမြံစေမည့် သတိတရားတို့အား အစဉ်သဖြင့် လက်ကိုင်ထားကာ ကြံစည်၊ ပြောဆို၊ လုပ်ကိုင်သွားရန်သာ လိုအပ်ပါကြောင်း တင်ပြလိုက်ရပါသတည်း။
ဝင်းသိန်းဦး
(၃-၈-၂၀၀၀)
(မြတ်သတိဝါဒီ၊ အမှတ်-၆၊ဒီဇင်ဘာ၊၂၀၀၀ပြည့်နှစ်။)

Friday, December 30, 2011

ရန်ကုန်မှာရှိတဲ့ HIV/AIDS နဲ့ ပတ်သက်၍ မေးမြန်းဆွေးနွေးနိုင်သော၊ သွေးစစ်နိုင်သော လိပ်စာများနှင့် ဖုန်းနံပါတ်များ

AIDS ရောဂါဟာ ကုသတဲ့ဆေးမပေါ်သေးတာတော့အမှန်ပါပဲ။ ဘယ်ရောဂါက
ပိုဆိုးတယ်ပြောပါစေ သည်ရောဂါနဲ့ ပတ်သက်ပြီး သတင်းအချက်အလက်တွေကို
မှန်မှန်ကန်ကန်သိရဖို့ အခုထိအရေးကြီးနေတုန်းပါ။ ဒါကြောင့်
သူငယ်ချင်းတွေဆီက ရတဲ့သတင်းလေးတွေလိပ်စာလေးတွေကို အခါအားလျော်စွာ
ဝေမျှဖြစ်ပါတယ်။ အခုလည်း
ရန်ကုန်မှာရှိတဲ့ HIV/AIDS နဲ့ ပတ်သက်၍ မေးမြန်းဆွေးနွေးနိုင်သော၊
သွေးစစ်နိုင်သော လိပ်စာများနှင့်
ဖုန်းနံပါတ်များဝေမျှမှာဖြစ်ပါတယ်.........

မြန်မာနိုင်ငံ ဆရာဝန်အသင်း (W&P Line) (ဖွင့်ချိန် - နံနက် ၁၀း၀၀
နာရီမှ ညနေ ၀၅း၀၀ နာရီ အတွင်း) ဖုန်း - ကျား - ၀၉ ၇၃၂၁ ၂၂၂၆၊ မ - ၀၉
၇၃၂၁ ၂၂၂၇

မင်္ဂလာဒုံ အထူးကုဆေးရုံကြီး - ကျိုက္ကလို့မှတ်တိုင်၊ သဘာဝဓာတ်ငွေ့
ဆိုင်ရှေ့၊ ပြည်လမ်း၊ မင်္ဂလာဒုံမြို့။ ဖုန်း- ၆၃၅ ၂၉၉

ဝေဘာဂီဆေးရုံ - မေဓာဝီလမ်းမကြီး၊ မြောက်ဥက္ကလာပမြို့နယ်။ ဖုန်း - ၆၉၀၁၇၀၊ ၆၉၀၁၁၈

ဝေဘာဂီဆေးရုံကြီး - မေဒါဝီလမ်းမအဆုံး (၆ ကွေ့မှတ်တိုင်) ဝေဘာဂီမြို့သစ်၊
မြောက်ဥက္ကလာပ မြို့နယ်။ ဖုန်း- ၆၉၀ ၁၁၉၊ ၆၉၀ ၁၇၄

ရတနာ့မေတ္တာ - အမှတ် ၄၀၆၊ အထက်ပုဇွန်တောင်လမ်း၊ပုဇွန်တောင်မြို့နယ်။ ဖုန်း
- ၇၃၀၂၄၇၉၃၊ ၇၃၀၂၄၇၉၄

ရတနာ့မေတ္တာ - ၄၀၆ ဆေးခန်း၊ အမှတ် (၄၀၆)၊ အောက်ပုဇွန်တောင်လမ်းမကြီး၊
ရေအရင်းအမြစ်ရုံးနှင့် ညောင်တန်းအိမ်ယာကြား။

AMI (Aide Medicale International) - အမှတ် ၁၁၆၆၊ ဒလတွံတေးလမ်းမကြီး၊
ဒလမြို့နယ်။ ဖုန်း - ၂၆၉၅၅၆

World Vision - အမှတ် ၁၆၁၁၊ ပုဂံလမ်း၊ ၅၇ ရပ်ကွက်၊ တောင်ဒဂုံမြို့နယ်။
ဖုန်း - ၅၉၁၃၆၃၊ ၇၂၄၅၅၅

OASIS - အမှတ် ၆၀၁၊ ပြည်လမ်း၊ ကမ္ဘောဇဘဏ်အနီး၊ ကမာရွတ်မြို့နယ်။ ဖုန်း -
၅၁၃၅၇၉၊၅၃၇၉၅၇၊ ၇၂၁၀၇၆ လိုင်းခွဲ ၄၀၅

MDM (Medecins Du Monde) - အမှတ် ၁၆(က)၊ကန်ရိပ်သာလမ်း၊
ချော်တွင်းကုန်းနှင့် (၁၀၆) မှတ်တိုင်းကြား၊ မရမ်းကုန်းမြို့နယ်။ ဖုန်း -
၆၆၂၆၀၄၊၆၅၂၆၅၈

MBCA - အခန်း (၂၁)၊ တိုက် (၁)၊ မီးရထားရပ်ကွက်၊ လမ်းရှည်လမ်းနှင့်
တက်လမ်းထောင့်၊ စံတော်ရပ်ကွက်၊ ပြည်။ ဖုန်း - စီ/အို ၀၅၃-၂၄၇၅၉

MNMA - ရွှေဟင်္သာ၊ အရှေ့ပေါက်လမ်း၊ မဟာရုံဘုန်းကြီးကျောင်းရှေ့၊ ပြည် (၁)။
ဖုန်း - ၀၅၃-၂၇၂၈၄

MNMA - အမှတ် (၁၀၃)၊ (၂) ရပ်ကွက် မြေတိုင်း (၈)၊ ဘုရင့်နောင်လမ်း၊
ပဲခူး။ ဖုန်း - ၀၅၂-၃၀၅၂၃

MNMA - အမှတ် (၃၀၉)၊ ဗိုလ်ချုပ်လမ်း၊ မုယာပင်ရပ်ကွက်၊ ရွာဘေးမြို့နယ်၊
ပြည် (၂)။ ဖုန်း - ၀၅၃-၂၇၀၈၅

MPG (Myanmar Positive Group) - အမှတ် ၁၈၊ စံရိပ်ငြိမ် ၆ လမ်း၊
ကမာရွတ်မြို့နယ်။ ဖုန်း - ၅၂၇၀၄၇၊ ၅၂၄၁၀၀

Central STD Team - ရန်ကုန် အထွေထွေ ရောဂါကုဆေးရုံကြီး၊ တိုးချဲ့ဆောင်၊
လမ်းမတော်မြို့နယ်။ ဖုန်း - ၃၇၇၉၄၅၊၃၇၀၅၆၈

AFXB (Association Francois-Xavier Bagnoud) - အမှတ် ၆ (က)၊
ယိုးဒယားလမ်းသွယ်၊ ၉မိုင်၊ မ၇မ်းကုန်းမြို့နယ်။ ဖုန်း - ၆၆၀၆၇၃၊၇၂၅၈၁၄

AFXB - အမှတ် ဗ၊ ယိုးဒယားလမ်း (၉)မိုင် မှတ်တိုင်၊ ပြည်လမ်း၊ ရန်ကုန်။
ဖုန်း- ၆၆၀ ၆၇၃

Alliance - MCC (ခိုနားရာ)၊ အမှတ် ၅၉၂၊ နွယ်နီ ၈ လမ်း၊ ငရပ်ကွက်၊
မြောက်ဥက္ကလာပမြို့နယ်။ ဖုန်း - C/O ၇၀၆၂၁၂

Alliance - အမှတ် (၇)ဗ (၆)၊ ရန်ကင်း၊ ရန်ကုန်။ ဖုန်း- ၅၄၀ ၅၄၂၊ ၅၅၈ ၀၉၀

PSI - QC ဆေးခန်း၊ အမှတ် ၁၊ ထီးတန်း (၄)လမ်း၊ ကြည့်မြင်တိုင်။ ဖုန်း- ၇၂၀ ၃၉၃

PSI (Population Services International)/Top Center - အမှတ် ၁၂၄၊
ပြည်လမ်း၊ မရမ်းကုန်းမြို့နယ်။ ဖုန်း - ၆၆၂၉၂၇၊ ၇၂၅၈၁၄

PSI (Population Services International)QC Center - အမှတ် ၄၂၊မြေညီထပ်၊
ကမ်းနားလမ်းနှင့် ထီးတန်း ၄ လမ်းထောင့်၊ စက်မြေကွင်းရပ်ကွက်၊
ကြည့်မြင်တိုင်မြို့နယ်။ ဖုန်း - ၇၂၀၃၉၃၊ ၅၀၈၄၄၇

AZG - ၅၇-၅၈၊ ဧရာဝဏ်လမ်း၊ မြခွာညို၊ (၈)ဂိတ်မှတ်တိုင်အနီး၊ လှိုင်သာယာ၊
ရွှေရင်အေးဈေးအနီး၊ ဗိုလ်အောင်ကျော် လမ်း၊ (၁၉) ရပ်ကွက်။ ဖုန်း-၅၄၇၀၆၅

AZG/MSF-Holland (သဇင်ဆေးခန်း) - ၁၁ ကွေ့ဈေးအနီး၊ တောင်ငူလမ်း၊ ၁၁
ရပ်ကွက်၊ လှိုင်သာယာမြို့နယ်။ ဖုန်း - ၀၉၅၁၀၅၇၂၁

AZG/MSF-Holland (သဇင်ဆေးခန်း) - စနေမမှတ်တိုင်၊ဖားအံလမ်း၊
ရသတရုံးအနီး၊ ၉ ရပ်ကွက်၊ လှိုင်သာယာမြို့နယ်။ ဖုန်း - ၀၉၅၁၇၉၈၅၃

AZG/MSF-Holland (သဇင်ဆေးခန်း) - အမှတ် (၅၀၃)၊ ဘူတာရုံလမ်း၊
နံ့သာကုန်းရပ်ကွက်၊ အင်းစိန်မြို့နယ်။ ဖုန်း - ၆၄၁၀၂၅

AZG/MSF-Holland (သဇင်ဆေးခန်း) - ၈ ဂိတ်မှတ်တိုင်၊
မြခွာညိုအိမ်ယာရှေ့၊ဧရာဝဏ်လမ်းမကြီး၊ သာကေတမြို့နယ်။ ဖုန်း - ၅၄၇၀၆၅

MSI (Marie Stopes International) - အမှတ် ၄၀၃၊ ဗိုလ်ချုပ်လမ်း၊
ကန်ကြီး၊ မကြီးရပ်ကွက်၊ ကွမ်းခြံကုန်းမြို့နယ်။ ဖုန်း - ၀၉၈၆၁၀၁၄၇

MSI (Marie Stopes International) - အမှတ် ၅၂၊ မြို့မလမ်း၊
မြို့မရပ်ကွက်၊ ကွမ်းခြံကုန်းမြို့နယ်။ ဖုန်း - ၀၉၈၆၁၀၁၄၇

MSI (Marie Stopes International) - အမှတ် ၂၄၊ လမ်းမတော်လမ်း၊ မြို့မ
မြောက်ရပ်ကွက်၊ သန်လျင်မြို့နယ်။ ဖုန်း- ၀၅၆-၂၁၂၇၀

MSI (Marie Stopes International) - အမှတ်၂၇၀၊ဘုရင့်နောင်လမ်း၊ ၃၃။
(၁၀)ရပ်ကွက်၊ ရွှေပြည်သာမြို့နယ်။ ဖုန်း - C/O ၆၁၀၉၅၇

MSI (Marie Stopes International) - အမှတ် (၃၇)၊
ဇမ္ဗူသီရီအနောက်(၂)လမ်း၊ (၇)ဈေးကွ့အနီး၊
(၆)ရပ်ကွက် (အနောက်ရပ်ကွက်)၊ သာကေတမြို့နယ်။ ဖုန်း - ၅၅၃၂၉၅၊C/O ၇၂၆၇၃၄

STD Team - သာကေတကျန်းမာရေးရုံး၊သာကေတမြို့နယ်။ ဖုန်း - ၅၅၃၂၉၅၊ C/O ၇၂၆၇၃
STD Team တောင်ဥက္ကလာဆေးရုံးကြီး၊ တောင်ဥက္ကလာပမြို့နယ်။ ဖုန်း - ၅၆၅၉၈၀
STD Team သန်လျင်ဆေးရုံးကြီး၊ သန်လျင်မြို့နယ်။ ဖုန်း-၀၅၆-၂၁၅၁၁
STD Team အင်းစိန်ဆေးရုံး၊ အင်းစိန်မြို့နယ်။ ဖုန်း - ၆၄၁၀၃၂
STD Team မြို့နယ်ကျန်းမာရေးရုံး၊ မြောက်ဥက္ကလာပမြို့နယ်။ ဖုန်း - ၆၉၉၃၆၅၊၆၉၉၁၈၁
STD Team ရန်ကုန်အထွေထွေရောဂါကုဆေးရုံကြီး၊ တိုးချဲ့ဆောင်၊
လသာမြို့နယ်။ ဖုန်း - ၃၈၂၁၀၈
STD Team ကြည့်မြင်တိုင်ဆေးရုံး၊ ကြည့်မြင်တိုင်မြို့နယ်။ ဖုန်း - ၅၃၅၈၈၀

သူငယ်ချင်းတို့ အဆင်ပြေကြပါစေ။

Tuesday, December 27, 2011

Penile Injection Therapy ကျားလိင်အင်္ဂါ ဆေးထိုးခြင်း

အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၈၂)
• Erectile dysfunction (ED) ခေါ်တဲ့ ပန်းသေ-ပန်းညှိုး ဖြစ်နေတဲ့
ယောက်ျားတွေကို လိင်အင်္ဂါမှာ ဆေးထိုးကုသဘို့ FDA ကနေ ပဌမဆုံး
ခွင့်ပြုခဲ့တဲ့နည်း ဖြစ်တယ်။

• ၁၉၇၇ ခုနှစ်မှာ ခွဲစိတ်ဆရာဝန် တဦးကနေ Papaverine ဆေးကို အမှတ်မထင်
စတွေ့တာ ဖြစ်တယ်။ ကြောင်တွေကို Phentolamine (Regitine) ဆေး
သွေးကြောထဲထိုးပေးပြီး စမ်းသပ်ခဲ့တယ်။
• ၁၉၈၂ မှာ ပြင်သစ် ဆရာဝန် Dr. Virag ကနေ Papaverine ဆေးကို တွေ့လာခဲ့တယ်။
• ၁၉၈၃ မှာ လန်ဒန်က ပါမောက္ခ Dr. Brindley ကနေ ပန်းသေနေသူ ၁၁ ဦးကို
ဒီဆေးထိုးပေးတော့ လိင်ဆက်ဆံနိုင်ကြတာ တွေ့လာခဲ့တယ်။
• Papaverine ဆေးကို Alzheimer's disease ရောဂါနဲ့ Multiple Sclerosis
ရောဂါတွေအတွက်လဲ သုံးတယ်။ Tumors of the adrenal glands ရောဂါရှာရာမှာ
အရင်ကတည်းက သုံးခဲ့တယ်။
• Papaverine နဲ့ Phentolamine ကို ၁၉၈၃ ကတည်းက သုံးခဲ့ပြီး၊
Prostaglandin E1 ကို သုံးတာ မကြာသေးဘူး။
• စမ်းသပ်မှုတွေအရ ၈ဝ% မှာ သိသိသာသာ ကောင်းစေတယ်။
• တဦးချင်းအတွက် ဆေး ဘယ်လောက်ပေးရမယ်ဆိုတာ ချင့်ချိန်နိုင်တယ်။
• တခြားရောဂါတွေ ရှိနေသူတွေကိုလဲ အတော်များများ ထိုးပေးလို့ရတယ်။
• လိင်တံကို ဆေးထိုးပေးလိုက်ရင် အထဲက သွေးကြောတွေကို ကျယ်လာစေမယ်။
• ဘေးထွက်-ဆိုးကျိုးတွေကို ၃၇% ကနေပြောလာတာတွေဟာ ဆိုးဝါးတာတွေ မပါဘူး။
• နာတာတို့ ဆေးထိုးအပ်ရာတော့ ရှိမယ်။ ခေါင်းမူးတာ၊ ခေါင်းကိုက်တာ ရှိနိုင်တယ်။
• ရှားရှားပါးပါး Priapism ဆိုတဲ့ လိင်တံတောင့်တင်းနေတာ ၄-၈ နာရီ
ကြာလို့တောင်မှ ပြန်မကျတာမျိုး ဖြစ်တတ်တယ်။ Prostaglandin E1 ကတော့ အဲလို
မဖြစ်ဘူး။ ကုလို့ရပါတယ်။
• နှလုံးရောဂါအတွက် Cardiologists and surgeons ဆရာဝန်တွေက Papaverine
120 mg ကို ၃ နာရီတခါ သွေးကြောထဲ ထိုးပေးတယ်။ လိင်တံကို ဆေးထိုးတာကတော့
30 mg ကို တပါတ် ၂ ခါသာ ထိုးတယ်။
• Phentolamine ဆေးကို များများပေးရင်တော့ သွေးဖိအား BP ကျစေနိုင်တယ်။
နှလုံးခုန်မမှန်တာ၊ ဝမ်းပျက်တာ၊ ဗိုက်အောင့်တာတွေ ဖြစ်နိုင်တယ်။
• ဆေးထိုးတာ မနာအောင် 30 gauge ultra-fine needle အပ်သေးသေးလေး သုံးသင့်တယ်။
• Papaverine နဲ့ Phentolamine ဆေးက မနာဘူး။ Prostaglandin E1 ကတော့ နဲနဲ
ထူပူနာတာ ၁၅ မိနစ် လောက် ဖြစ်နေနိုင်တယ်။
• ဆေးထိုးပြီးနောက် ၅-၁၅ မိနစ်မှာ အစွမ်း ပြတယ်။ Prostaglandin E1 ကပိုမြန်မယ်။
• Foreplay လိင်ဆက်ဆံဘို့ ပဌမပိုင်း စပြီးနောက် သတ္တိပြမယ်။
• ဆေးအစွမ်းက မိနစ် ၃ဝ ကနေ တနာရီ၊ ဒါမှမဟုတ် Orgasm ရတဲ့အထိ ကြာနေမယ်။
• တလကို ၁ဝ-၁၂ ခါသာ ထိုးစေတယ်။
• Papaverine နဲ့ Phentolamine ဆေးကို ဖျော်ထားပြီးနောက် ၆ဝ ရက် ထားလို့ရတယ်။
• လူနာကိုယ်တိုင်က ဆေးထိုးနည်းကို သင်ယူပြီး ဖါသာထိုးနိုင်တယ်။ (ဒီစာမှာ
အသေးစိတ် ထည့်မရေးတော့ပါ။)

Dr. တင့်ဆွေ
၂၁-၈-၂၀၁၁

2011/8/20
ကျွန်တော် လွန်ခဲ့တဲ့ ၆ နှစ်က လိင်တန်ကြီးအောင် ဆေးထိုးထားပါတယ်။
ဆေးထိုးပြီးစကတော့ မကြာခဏဆိုသလို ဖောင်းလာလိုက် ပြန်ကျသွားလိုက် တခါတလေ
အရမ်းကြီး နာကျင်နေတာတွေ ဖြစ်နေပါတယ်။ ဒါပေမယ့် အခုနောက်ပိုင်းတော့
အဲ့လိုတွေ မဖြစ်တော့ပါဘူး။ အဖျားပိုင်းမှာပဲ ဆေးထိုးထားတဲ့ အရည်တွေ
စုနေတယ်နဲ့တူတယ် အဖျားပိုင်းမှာ ကြီးနေတယ်။ ထပ်ဖျားကို အောက်ဆွဲချလို့
မရဘူး။ ဆက်ဆံတာတော့ ဘာမှမဖြစ်ပါဘူး။ ဒါပေမယ့် သေးပေါက်ရင်
သေးကအကုန်မထွက်ပဲနဲ့ နည်းနည်း ကျန်နေတယ်။ သုတ်လွှတ်ရင်လဲ ပန်းမထွက်ဘူး။
နည်းနည်းချင်းကျတယ်။ ဒါကို ဖြတ်လိုက်ရမလား။ ဖြတ်ရင် အရင်လို
ပြန်သေးသွားမလား။ ဖြတ်လည်းဖြတ်ချင်တယ်၊ ကြီးလည်းကြီးချင်တယ်။
ဘယ်လိုနည်းနဲ့ဆို အဆင်ပြေမလဲ။

2011/8/20
ကျွန်တော် ဆေးထိုးတာက တကြိမ်ထဲပါ။ ဘာဆေးလဲတော့ မမှတ်မိဘူး။ ထိုးတာက
ယိုးဒယား (မယ်ဆိုင်) မှာပါ။ ဖြတ်ချင်တယ် ဆိုတာက အရေပြားကိုပါ။
အရေပြားလှန်လို့ မရရင် အန္တရာယ်ရှိတယ်ထင်လို့ပါ။ အရေပြား ဖြတ်ပြီး ဆေးတွေ
ခြစ်ထုတ်လိုက်ရင် အရင်အတိုင်း ပြန်ဖြစ်တယ်လို့ ပြောကြပါတယ်။ ဒါဆိုရင်
သေးသွားမှာပေါ့။ ကျွန်တော်က နဂိုက တော်တော်သေးပါတယ်။ အခုအနေအထားကို
ကျွန်တော် ကြိုက်တယ်။ မိန်းမကလည်း သဘောကျတယ်။ ဖြတ်ပြီးခြစ်လိုက်ရင်
သေးသွားမှာ သူကလည်း စိုးရိမ်တယ်။ ဒါကြောင့်ပါ။ အကောင်းဆုံးကို
လမ်းညွှန်ပေးနိုင်မယ်လို့မျှော်လင့်ပါတယ်။

ရှင်းရှင်းသိရတော့ ပြောရတာ ပိုကောင်းလာတယ်။ ဆေးတခါထဲ ထိုးခဲ့တယ်ဆိုဆော့
မဆိုးပါဘူး။ အရေပြား လှန်မရတာ ကွမ်းသီးခေါင်းကို ဆွဲလှန်လို့မရတာကို
အတိအကျတော့ သဘောမပေါက်သေးဘူး။ ဒါပေမဲ့ အကြောင်းမဟုတ်ပါ။ အရေပြား
လှန်ရဘူးလို့ ပြောကြတာက ပန်းငုံတဲ့သဘော ဖြစ်တယ်။ ဆီးလဲ ကောင်းကောင်း
သွားနိုင် ဆက်ဆံရာမှာလဲ အခက်အခဲ မရှိဘူးဆိုရင် ဒီအတိုင်း ထားနိုင်ပါတယ်။
သေခြာ စစ်ဆေးကြည့်ရမှသာ ခွဲလို့ကောင်း-မကောင်း ပိုပြောနိုင်ပါမယ်။
ခွဲမယ်ဆိုရင်လဲ အတွေ့အကြုံရှိတဲ့ ဆရာဝန်ဖြစ်မှ ကောင်းမယ်။ ခက်တာတော့
မဟုတ်ပေမဲ့ ခွဲပြီးနောက် အရင်လိုဆက် အဆင်ပြေနေဘို့က ပိုအရေးကြီးလို့
ထည့်တွက်စရာတွေကို အသေအခြာ လုပ်ရမှာမို့ ပြောတာပါ။

Posted by Dr. Tint Swe

Credit: http://health-adult-reading.blogspot.com/2011/11/penile-injection-therapy.html

ကိုယ်ဝန်ကို ဆေးသုံး ဖျက်ခြင်း (၂)

နားနဲ့မနာ ဖဝါးနဲ့နာပါဆရာ။ ကျွန်မ အသက်က (၂၅) နှစ်ရှိပါပြီ။ ၂၂-၁ဝ-၂ဝ၁၁
နေ့က ကျွန်မရဲ့ Menstruation နောက်ဆုံး လာတဲ့နေ့ပါ။ ၂၉-၁ဝ-၂ဝ၁၁ နေ့ကျတော့
အမျိုးသားနဲ့ အတူနေဖြစ်ပါတယ်။ ရက်ရှောင်နည်းအရ နေလိုက်တာပါ။ လွတ်မယ်လည်း
ထင်မိတာပါ။ ဒါပေမဲ့ (၁၁) လပိုင်းထဲမှာ Menstruation မလာတော့ဘူး။ အဲဒါနဲ့
ရာသီပေါ်ဆေး Penorit ကို ၂ ရက်ဆက် သောက်ပါတယ်။ အဆင်မပြေပါဘူးရှင်။ နောက်မှ
မသင်္ကာတာနဲ့ စစ်ကြည့်တော့ Pregnancy ဖြစ်နေပါတယ်။ အရမ်း ကြောက်သွားပါတယ်။
ကလေးယူဖို့ ဘာမှ အဆင်သင့် မဖြစ်သေးချိန်မို့ပါ။ အဲဒါနဲ့
သူငယ်ချင်းတစ်ဦးရဲ့ အကြံပေးမှုအရ Mifepristone 2.5 mg (6) လုံးကို တစ်နေ့
၂ ကြိမ် (မနက် ၁/ ည ၁ လုံး) နဲ့ ၃ ရက်သောက်ပြီး ၄ ရက်မြောက်နေ့မှာ
Misoprostol 0.5 mg ၃ လုံး သောက်ရမယ်ဆိုလို့ သောက်နေပါတယ်။

Mifepristone ဆေးသောက်တာ ဒီနေ့ ၂၆-၁၂-၂ဝ၁၁ ဆို ၂ ရက်ရှိပါပြီ။ ဆေးကလည်း
ဈေးအရမ်းကြီးပါတယ်။ ဝယ်ရတာလည်း ခက်ပါတယ်။ ဝယ်သောက်ပြီး effect
မဖြစ်မှာလည်း စိုးပါတယ်။ စိတ်တွေလည်း အရမ်း ညစ်နေချိန်မှာ ဆရာ့ website
ကနေမေးချင်တာ မေးခွင့်ရှိတယ်ဆိုတာ တွေ့ရလို့ အားကိုးရာအဖြစ်
မေးမိတာပါရှင့်။ "Medical abortion ကိုယ်ဝန်ကို ဆေးသုံး ဖျက်ခြင်း" ကို
ပို့လိုက်ပါတယ်။ ပို့ပြီးတော့ ဒီစာတပုဒ် ဆက်ရေးပါတယ်။ "Penorit
ဆေးဆိုတာဘာလဲ" ကိုလဲ ရေးထားပါတယ်။

၂ဝဝဝ ခုနှစ်အတွင်း တရားဝင်-ကိုယ်ဝန်ဖျက်ဖျမှုပေါင်း ၂၇ သန်း နဲ့
တရားမဝင်-ကိုယ်ဝန်ဖျက်ချမှုပေါင်း ၁၉ သန်း ရှိခဲ့တယ်လို့ WHO ကနေ
ခန့်မှန်းတယ်။ ဖွံ့ဖြိုးဆဲ-နိုင်ငံတွေမှာ ၉၅% ဖျက်ချခဲ့တယ်။
ကိုယ်ဝန်ဖျက်ရာကနေ သေဆုံးမှုစုစုပေါင်းရဲ့ ၉၉% ဟာလဲ အဲလို နိုင်ငံတွေမှာသာ
ဖြစ်ခဲ့တယ်။ ဥပဒေက ခွင့်မပြုတာ၊ အုပ်ချုပ်ရေးဆိုင်ရာ အခက်အခဲ၊
ငွေရေး-ကြေးရေး နဲ့ ဆေးပညာရှင်တွေမှာ ကျွမ်းကျင်မှု အားနည်းချက်တွေကြောင့်
အဲဒါမျိုးတွေ များနေတာဖြစ်နေတယ်လို့ သုံးသပ်ကြတယ်။

ကျွန်တော်တို့ ဆီမှာတော့ ကျန်းမာရေး အသိပညာပေးမှု နည်းလွန်းတာကိုပါ
ထည့်သင့်ပြီ ထင်ပါတယ်။ ဆေးတွေကို ဈေးတင် ရောင်းတာလိုလဲ ပြင်ရပါအုံးမယ်။
ကျွန်တော် ဆေးပညာ စာတွေရေးတဲ့အခါ မေးခွန်းကနေ မာတိကာဖြစ်လာတယ်။ အဖြေတွေ
ရေးတာက ဆေးကုတာတော့ မဟုတ်ပါ။ ဆေးစာညွှန်တာလဲ မဟုတ်ပါ။ ဥပမာ ကိုယ်ဝန်ဖျက်
ခြင်းကို ရေးတာ ဟာ ကိုယ်ဝန်ကို ဒီလိုဖျက်လိုက်ပါလို့ ပြောတာ မဟုတ်ပါ။
ကျွန်တော်က မြန်မာပြည်ကနေ ဆေးပညာဘွဲ့ ရထားသူဖြစ်လို့ ကိုယ်ဝန်ကို တမင်တကာ
ဖျက်မပေးနိုင်ပါ။

Medical abortion ကိုယ်ဝန်ကို ဆေးသုံး ဖျက်ခြင်းထဲမှာ ဒီလိုပါခဲ့ပါတယ်....
၁။ အမေရိကန် FDA က အသိအမှတ် ပြုထားတာကတော့ ၄၉ ရက် ကိုယ်ဝန်အတွက်
Mifepristone (Mifeprex) 600mg ကို စသောက်ရပြီး၊ Misoprostol 400µg ကို ၂
ရက်အကြာမှာ သောက်ရတယ်။
၂။ ပြင်သစ်မှာ ၄၉ ရက် ကိုယ်ဝန်အတွက် Mifepristone (Mifegyne) 600mg
စသောက်ခိုင်းပြီး၊ ၃၆-၄၈ နာရီ အကြာမှာ Misoprostol 400µg ကို ပါးစပ်က
ဒါမှမဟုတ် Gemeprost 1mg ကို (ဗဂျိုင်းနား) ထဲ ထည့်ခိုင်းတယ်။
၃။ တခြားနိုင်ငံတွေ (ဗြိတိန် နဲ့ ဆွီဒင်) မှာ ၆၃ ရက်အထိ ကိုယ်ဝန်အတွက်
Mifepristone 200 mg ကို ပဌမ အသောက်ခိုင်းပြီး၊ ၂ ရက် အကြာမှာ
Misoprostol 400µg ပါးစပ်က၊ ဒါမှမဟုတ် 800µg ကို (ဗဂျိုင်းနား) ထဲ
ထည့်ခိုင်းတယ်။

- Medical methods for first trimester abortion ကိုယ်ဝန် ၃ လအထိ
ဆေးသုံးပြီး-ဖျက်ခြင်းဟာ စိတ်ချရတယ်၊ ထိရောက်တယ်လို့ ဆိုပါတယ်။
- Prostaglandin (Misoprostol) တမျိုးထဲပေးတာထက် Mifepristone
နဲ့ဖြစ်ဖြစ် Methotrexate နဲ့ဖြစ်ဖြစ် ရောပေးတာက ပိုထိရောက်တယ်။
- Mifepristone + Prostaglandin တွဲပေးနည်းမှာ Mifepristone ကို
(တမျိုးထဲသုံးတဲ့အခါ ပေးရမဲ့ 600 mg အစား) 200 mg သာပေးဘို့ လိုတယ်။
- Mifepristone ကို ပါးစပ်ကနေပေးပြီး Misoprostol 800-µg ကို
ဗဂျိုင်းနားထဲထည့်တာနဲ့ တွဲရင် ပိုကောင်းတယ်။
- ကိုယ်ဝန် ၆၃ ရက်ရှိနေတာကို Misoprostol ကို ဗဂျိုင်းနားထဲထည့်တာက
ပါးစပ်ကနေ သောက်ခိုင်းတာထက် ပိုထိရောက်တယ်။
- Misoprostol ကို ပါးစပ်ကနေပေးရင် ဗဂျိုင်းနာကနေ ပေးတာထက်
ပျို့ချင်တာနဲ့ ဝမ်းလျှောတာ ပိုဖြစ်ကြတယ်။
- Mifepristone ပေးပြီးနောက် Misoprostol ကို ဒုတိယနေ့မှာပေးတာက
တတိယနေ့မှာပေးတာထက် ပိုထိရောက်တယ်။ ဒါပေမဲ့ တချို့လေ့လာမှုတွေမှာ
ကွာခြားမှု မရှိတာ တွေ့ရတယ်။
- Misoprostol တမျိုးထဲပေးရင် ထိရောက်မှု ၈၈% ရှိတယ်။ ဘေးထွက်ဆိုးကျိုး ပိုမများဘူး။
- Methotrexate ဆေးကို IM ထိုးပေးတာနဲ့ Oral ပါးစပ်က သောက်စေတာမှာ
ကွာခြားမှုမရှိဘူး။ ဘေးထွက်-ဆိုးကျိုးလဲ အတူတူဘဲ။ Misoprostol ဆေးကို
ကလေးမွေးဖွါးရာမှာ Cervical ripening သားအိမ်အဝ ပွင့်လာစေအောင်
ကူညီဘို့လဲ သုံးတယ်။

(က) Misoprostol ကို Intravaginal ဗဂျိုင်းနားကနေထည့်တာနဲ့
(ခ) Prostaglandin E2 gel (Dinoprostone) ကို Intracervical သားအိမ်ဝထဲ
ထည့်တာကို ယှဉ်ပြီးလေ့လာမယ်။
- ၁၉၉၄ တုံးက လော့စ်အင်ဂျဲလိစ်မှာ Induction of labor ကလေးမွေးစေဘို့
တမင်လုပ်ပေးရမဲ့ အမျိုးသမီးပေါင်း ၂၇၅ ယောက်ကို လေ့လာမှု လုပ်ခဲ့တယ်။
- ၁၃၈ ယောက်ကို Misoprostol 25 mcg ကို Posterior vaginal fornix
သားအိမ်ဝရဲ့နောက်နေရာမှာ ၃ နာရီတခါ ထည့်ပေးတယ်။ အများဆုံး ၈ ခါ
ထည့်ရတာအထိ ရှိတယ်။
- ၁၃၇ ယောက်ကို Prostaglandin E2 (Dinoprostone) 0.5 mg gel ကို
Endocervix သားအိမ်အဝထဲမှာ ၆ နာရီတခါ ထည့်တယ်။ အများဆုံး ၃ ခါအထိ
ထည့်ရတယ်။
- ဆေးစသုံးချိန်ကနေ ကလေးဖွါးတဲ့အထိ ကြာချိန်မှာ Misoprostol (1323.0 +/-
844.4 minutes) ဆေးပေးသူတွေက Dinoprostone group (1532.4 +/- 706.5
minutes) ပေးသူတွေထက် ပိုမြန်တယ်။
- သားအိမ်ညှစ်အား ပိုကောင်းစေအောင် Oxytocin ဆေးသွင်းပေးရတာမှာ
Dinoprostone ပေးသူတွေကို (72.6%) နဲ့ Misoprostol ပေးသူတွေကို (45.7%)
လုပ်ပေးခဲ့ရတယ်။
- Misoprostol ပေးသူ ၂၈ ယောက် (20.3%) နဲ့ Dinoprostone ပေးသူ ၃၈ ယောက်
(27.7%) ကို ဗိုက်ခွဲမွေးပေးခဲ့ရတယ်။

ကောက်ချက်ချရင်
- Intravaginal Misoprostol ပေးတာဟာ Intracervical Prostaglandin E2 gel
(Dinoprostone) ပေးတာနဲ့အတူတူ ထိရောက်မှု ရှိတယ်။
- Intravaginal misoprostol ပေးနည်းက Intracervical dinoprostone
နည်းထက်ပိုပြီး Cervical ripening သာအိမ်ဝ ကျယ်စေအောင် လုပ်ပေးတယ်။ Labor
induction ကလေးမွေးလာစေဘို့ အကူအညီပေးတယ်။
- ဆေးဈေးမှာ Misoprostol 100 micrograms ကို $0.36 ပေးရပြီး၊
Dinoprostone 0.5 mg ကို $75 ပေးရတယ်။

ဒေါက်တာတင့်ဆွေ (၂၆-၁၂-၂ဝ၁၁)

Credit: http://yamunaclinic.org/index.php?option=com_content&view=article&id=3281:medical-abortion-2-&catid=34:adult-readings&Itemid=49

Saturday, December 24, 2011

Memory loss သတိမေ့ခြင်း

2011/12/22
ဦးပဉ္စင်းက သက်တော် ၅၃၊ ကိုယ်ကျန်းမာရေးရော စိတ်ကျန်းမာရေးပါ ဂရုစိုက်ပါတယ်။ စိတ်ကျန်းမာရေးအတွက် အားကိုးရာကတော့ ဘာဝနာပေါ့။ သို့သော်လည်း ယခုနောက်ပိုင်းမှာ နာမည်တွေကို မေ့လာတယ်။ မေ့တာကလည်း ထူးဆန်းပါတယ်။ နာမည်ကိုမှ ရွေးမေ့တတ်ခြင်း ဖြစ်ပါတယ် တစ်ခါကဆို ဒကာတစ်ယောက်နဲ့ တရားစကားပြောနေရင်း ဝေဿန္တရာ နာမည်ကို မေ့သွားလို့ အခက်တွေ့ခဲ့ရပါတယ်။ နောက်သုံးရက်လောက်မှ ပြန်စဉ်းစားလို့ ရပါတယ်။ အဲဒါ ဒီခေတ်မှာ လူပြောများနေတဲ့ အယ်လ်ဇိုင်းမား ရောဂါနဲ့များ ဆက်စပ်မှု ရှိပါသလား။ ဆက်စပ်မှု ရှိမယ်ဆိုရင် ဆောင်ရန်/ရှောင်ရန်လေးတွေ ပြန်ကြားပေးစေလိုပါတယ်။

Memory loss ကို ဆေးစာနဲ့ Amnesia လို့ခေါ်တယ်။ လက်ငင်းဖြစ်နေတာတွေကိုရော အထိတ်ဖြစ်ရပ်တွေပါ သတိမေ့တာ ဖြစ်တယ်။ တဖြေးဖြေးခြင်း ဖြစ်လာတာနဲ့ ရုတ်တရက်ဖြစ်လာတာလို့ ရှိတယ်။ ခဏလောက်သာမေ့တာနဲ့ အမြဲမေ့နေတာ ဆိုပြီး ရှိတယ်။ အသစ်တွေကို မှတ်ဘို့ ခက်ခဲသလို ပြန်စဉ်းစားလို့လဲ မလွယ်ဘူး။ ရောဂါတခုခုပါ ရှိမနေရင် ဒါမျိုးက တဖြေးဖြေးချင်း ဖြစ်တာပါ။
Memory loss သတိမေ့တာနဲ့အတူ Concentration အာရုံစိုက်မှုပါ အားနည်းတတ်တယ်။ Depression စိတ်ကျတာရှိရင် အဲလိုဖြစ်မယ်။ Brain areas ဦးနှောက်ထဲက ပျက်စီးတဲ့နေရာမတူရင် ခံစားရမှာမတူးဘူး။ အကုန်မေ့တာ မဟုတ်ဘဲ အဖြစ်အပျက် အမျိုးအစား သတ်သတ်မှတ်မှတ်ကိုသာ မေ့တာလဲရှိတယ်။ Mental or thinking abilities စဉ်းစားတဲ့ အစွမ်းက ဆက်ရှိနေနိုင်တယ်။ မရှိတာလဲ ဖြစ်နိုင်တယ်။ အသေးစိတ် မမှတ်မိတာတဲ့ အစီအစဉ်လွဲနေတာမျိုး ဖြစ်နိုင်တယ်။ စကားလုံးတွေ မေ့တာမျိုးလဲရှိမယ်။ ကြွက်သားတွေ လှုတ်ရှားရမှာမျိုးကို မေ့နေတာလဲရှိမယ်။
Causes အကြောင်းတရား များတယ်။


• အရက်၊ မူးယစ်ဆေးဝါး၊
• ဦးနှောက်ကို အောက်စီဂျင် မရစေတဲ့ အခိုက်အတန့်မျိုးမှာလဲ ဖြစ်မယ်။ ဥပမာ နှလုံးခုန်ရပ်သွားတာ၊ အသက်ရှူရပ်သွားတာ၊ Strokes (ဆထုပ်ခ်)၊ မေ့ဆေးကြောင့် အဆင်မသင့်ဖြစ်တာ။
• ဦးနှောက်အကျိတ်၊
• ဦးနှောက်ပိုးဝင်ခြင်း၊ ဥပမာ Lyme disease (လိုင်းမ်) ရောဂါ၊ Neurosyphilis (ဆစ်ဖလစ်)၊ HIV/AIDS ရောဂါတွေဖြစ်တယ်။
• ဦးနှောက် ခွဲစိတ်ကုသရခြင်း၊ ဦးနှောက်ကို ဓါတ်ကင်ခြင်း၊ ရိုးတွင်းခြင်ဆီ အစားထိုးခြင်း၊ ကင်ဆာဆေးပေးခြင်း၊
• တချို့ဆေးဝါးတွေ၊ Barbiturates, Benzodiazepines, Sleeping pills, Antihistamines, Blood pressure and arthritis medication, Antidepressants, Anti-anxiety medications, Painkillers
• Dementia (ဒီမင်းရှား) ရောဂါ၊
• Depression, schizophrenia စိတ်ကျရောဂါ၊ (စကီဇိုဖရီးနီးယား) စိတ်ရောဂါ၊
• Electroconvulsive therapy အတက်ရောဂါရပ်အောင် လျှပ်စစ်နည်းနဲပဆေးကုတာ တာရှည်ရင်၊
• Encephalitis ဦးနှောက်ရောင်ခြင်းအမျိုးမျိုး၊
• Epilepsy ဝက်ရူးပြန် အတက်ရောဂါ၊
• Head trauma or injury ခေါင်းခိုက်မခြင်း၊
• Heart bypass surgery နှလုံးသွေးကြောဆက်ခွဲစိတ်ကုသခြင်း၊
• Migraine headache (မိုင်ဂရင်း) အမူးရောဂါ၊
• Malnutrition အာဟာရချို့တဲ့ခြင်း၊ ဗီတာမင် ဘီ-၁၂ နည်းခြင်း၊
• Jet Lag ခရီးရှည်သွားခြင်း၊
• Meningitis ဦးနှောက်မှေးရောင်ခြင်း၊
• Prolonged toxin exposure အဆိပ်သင့်ခြင်း၊
• Sleep disorders အအိပ်ပျက်ရောဂါ၊
• Thyroid disease လည်ပင်းကြီးရောဂါ၊
• Parkinson's disease, Huntington's disease, Multiple sclerosis, Creutzfeldt-Jakob Disease, Fibromyalgia, Pick Disease, West Nile Virus, Lewy body disease, Normal pressure hydrocephalus, Wernicke-Korsakoff syndrome, Wilson's disease ရောဂါများ။

သွေးစစ်ရမယ်။ Cerebral angiography, Cognitive tests, CT scan or MRI, EEG နဲ့ Lumbar puncture တွေ လုပ်နိုင်တယ်။

Dementia (ဒီမင်းရှား)
Mental ability စိတ်စွမ်းကိုက နည်းသွားလို့ ဖြစ်ရတယ်။ Thought processes စဉ်းစားမှု ထိခိုက်တာလဲ ရှိနိုင်တယ်။ ဖြေးဖြေးချင်း မေ့လာတယ်။ ကြာလေဆိုးလေ။ Memory မှတ်ဥာဏ်၊ Understanding နားလည်နိုင်စွမ်း၊ Judgement ဆုံးဖြတ်နိုင်စွမ်း၊ Thinking တွေးခေါ်မှု နဲ့ Language စကားတွေပါ မေ့နိုင်တယ်။ Personality တကိုယ်ရေ ပုံစံလဲ ပြောင်းလာမယ်။ သူများတွေနဲ့ ဝင်ထွက်ဆက်ဆံတာ အရင်လို မဟုတ်တော့ဘူး။
1. Alzheimer's disease (အယ်လ်ဇိုင်းမား) ရောဂါ၊
2. Vascular dementia (ဗာစကူလာ-ဒီမင်းရှား) ရောဂါ နဲ့
3. Dementia with Lewy bodies (DLB) တွေကြောင့် ဖြစ်နိုင်တယ်။
Dementia ဟာ Alzheimer's disease (အယ်လ်ဇိုင်းမား) ကြောင့် တဝက်လောက်ဖြစ်စေတယ်။ ဦးနှောက်က အရွယ် ငယ်လာတယ်။ ဦးနှောက်ထဲက အာရုံကြော အရေအတွက်နည်းလာမယ်။ အလုပ်လုပ်ရာမှာလိုတဲ့ Acetylcholine ဓါတ်ပစ္စည်းတွေလဲ နည်းလာတယ်။ ကြာလေဆိုးလေ။ တဖြေးဖြေးနဲ့ ရာသက်ပန်မေ့တယ်။


Vascular dementia ဆိုတာကနေ Dementia လေးပုံတပုံ ဖြစ်စေတယ်။ ဦးနှောက်ထဲက သွေးကြော သေးသေးလေး တွေမှာ ရောဂါဖြစ်တယ်။ စဉ်းစားတွေးခေါ်တဲ့အစိတ်အပိုင်းက သွေးကြေားလေးတွေမှာ Infarct သွေးကြောပိတ်ရာကနေ ထိခိုက်ပျက်စီးတယ်။ Tiny strokes အသေးစား (စထုပ်ခ်) လို့ခေါ်တယ်။ Major stroke တကယ့် (စထုပ်ခ်) ရပြီးနောက် ဆက်ဖြစ်တာလဲ ဖြစ်နိုင်တယ်။
သွေးတိုးရှိသူ၊ ဆေးလိပ်သောက်သူ၊ (ကိုလက်စထော) များသူ၊ လေ့ကျင့်ခန်းမလုပ်သူတွေမှာ အဖြစ်များစေတယ်။ ဥာဏ်ရည်နည်းသူတွေ၊ အဖေးကင်းသူတွေမှာပိုဖြစ်တယ်။ မိသားစုထဲမှာ တယောက်မကဖြစ်တတ်တယ်။ ကလေးတွေမှာ မွေးရာပါ Down's syndrome ရှိရင်မေ့တယ်။ ဒီကလေးမျိုးကြီးလာရင် Alzheimer's disease ပိုဖြစ်နိုင်တယ်။
Dementia with Lewy bodies (DLB) ဆိုတာကနေ ၁၅% ဖြစ်စေတယ်။ ဦးနှောက်ထဲက အာရုံကြောတွေမှာ ပုံမှန် မဟုတ်တဲ့ (ပရိုတင်း) အခဲလေးတွေ စုဝေးလာလို့ ဖြစ်တယ်။
Mixed dementia ရောတွေးနေတာမျိုးလဲရှိသေးတယ်။ တခြားအကြောင်းတရား ရောဂါအမျိုးပေါင်း ၆ဝ လောက်ရှိတယ်။ ဗြိတိန်မှာ အသက် ၆၅ ကျော်လာရင် ၂ဝ မှာ ၁ ယောက်ဖြစ်တယ်။ ၈၅ နှစ်ကော်ရင် ၅ ယောက် ၁ ယောက် ဖြစ်တယ်။ ဒါပမေဲ့ အသက်ကြီးတိုင်း ဖြစ်ရမယ်တော့ မဟုတ်ပါ။ ငယ်သေးလို့ လုံးဝမဖြစ်ဘူးလဲ မဟုတ်ပါ။

လုံးဝပျောက်အောက် မတတ်နိုင်သေးပါ။
1. Thinking စဉ်းစားမှုနဲ့ Memory သတိတရားဆိုတဲ့ Cognitive symptoms လက္ခဏာတွေ သက်သာစေဘို့ ဆေးတွေနဲ့
2. Mood အမူအယာတွေ ပြောင်းလာတာကို သက်သာစေမဲ့ ဆေးတွေဆိုပြီး ၂ မျိုး သုံးနိုင်တယ်။
Acetylcholinesterase inhibitors (Donepezil, Rivastigmine, Galantamine) ဆေးတွေက Alzheimer's disease ရောဂါမှာ နည်းနေတဲ့ Acetylcholine ဓါတ်ကိုများစေအောင်လုပ်ပေးတယ်။ ပျောက်သွားစေမဲ့ဆေးတော့ မဟုတ်ဘူး။ ၂ဝ၁၁ မတ်လကစပြီး National Institute for Health and Clinical Excellence (NICE) ကနေ ညွှန်ကြားချက်အသစ် ထုတ်ထားတယ်။ Donepezil, Galantamine နဲ့ Rivastigmine ဆေးတွေကို အသင့်အတင့်သာဆိုးတဲ့ Alzheimer's disease ရောဂါအတွက် ပေးနိုင်တယ်။ သတိပြုဘို့တော့ ရှိတယ်။ အထူးကုဆရာဝန်ကနေသာ ဆေးပေးရမယ်။ အမြဲတန်း ဆန်းစစ်နေရမယ်။ ဘေးထွက်-ဆိုးကျိုးတွေရှိတယ်။ နေမကောင်းသလိုခံစားရမယ်၊ ကြွက်သားတွေနာမယ်၊ မောပန်းမယ်၊ ခေါင်းကိုက်မယ်၊ ဝမ်းပျက်မယ်။
Memantine ဆေးကိုလဲ အသင့်အတင့်သာဆိုးတဲ့ Alzheimer's disease ရောဂါအတွက်ပေးနိုင်တယ်။ ဒီဆေးက ဦးနှောက်ထဲမှာ Glutamate ဓါတ်ကိုနည်းစေမယ်။ ဦးနှောက် (ဆဲလ်) တွေကို မပျက်စီးအောင် ကာကွယ်ပေးမယ်။ ပျောက်သွားစေမဲ့ဆေးတော့ မဟုတ်ဘူး။ Acetylcholinesterase inhibitor ကိုပေးမရသူတွေအတွက် သုံးနိုင်တယ်။
စိတ်ဓါတ်ကျရာကနေ သတိမေ့သူတွေအတွက် Antidepressant စိတ်မကျဆေးသုံးတာလဲ လုပ်ပါတယ်။ အိပ်မရ ဖြစ်သူတွေကို အိပ်ဆေးပေးမယ်။ ကြမ်းတမ်းပြီး အထိန်းရခက်သူတွေကို Tranquilliser ငြိမ်ဆေး၊ Antipsychotic medicine စိတ်ဆေးတွေပေးမယ်။


1. Home Care မိသားစုကနေ ကူညီရမယ်။
2. Nursing homes အထူးသူနာပြုဂေဟာတွေကလဲ ကူညီနိုင်တယ်။
3. Cognitive therapy ကုသနည်း လုပ်ပေးနိုင်တယ်။
4. Boron, Lecithin, Garlic, Vitamin B complex, Zinc, Copper, Vitamin C with bioflavonoid အားဆေးတွေ သောက်သင့်တယ်။ Gingko biloba ဟာဘယ်ဆေး၊ NSAIDs အကိုက်အခဲပျောက်ဆေး၊ ဗီတာမင် အီး၊ Oestrogens (အီစထိုဂျင်) နဲ့ Statins (စတာတင်) ဆေးတွေကလဲ အထောက်အကူရနိုင်တယ်။
5. Aerobic exercise လေ့ကျင့်ခန်း လုပ်ရမယ်။
MCI လူကြီးရောဂါ နဲ့ တွဲဖတ်ပါ။


Dr. တင့်ဆွေ
၂၃-၁၂-၂ဝ၁၁


Credit: http://dts-medicaleducation.blogspot.com/2011/12/memory-loss.html

Friday, December 23, 2011

သံဃာ့အားကို အများကြီးလိုသည်

ဗုဒ္ဓ၀ါဒ၏ အန္တိမရည်မှန်းချက်ပန်းတိုင်သည် ပြီးပြည့်စုံသော
အသိပညာနိုးကြားမှုပင်ဖြစ်သည်။ ယင်းကို ဗောဓိဥာဏ်နှင့် ပြည့်စုံခြင်းဟု
လည်းခေါ်သည်။ သို့ဖြစ်ရာ ဗုဒ္ဓ၀ါဒသည် အသိပညာကိုအထူးတလည် တန်ဖိုးထားသော
အယူဝါဒပင်ဖြစ်သည်။ လူ့ဘောင်သမိုင်း တစ်လျှောက် လူသားတို့
ကြုံတွေ့ခဲ့ရသော၊ ကြို့တွေ့ဆဲ၊ ကြုံတွေ့နေရဦးမည်ဖြစ်သော ဘ၀ပြဿနာအထွေထွေ၏
အကြောင်းရင်း သည် တပ်မက်မှု(တဏှာ)ဖြစ်ပြီး၊ ယင်းတပ်မက်မှုမှာလည်း
အသိပညာခေါင်းပါးခြင်း(အ၀ိဇ္ဇာ)ကို အရင်းခံ၍ ဖြစ်တည်လာရသည်ဟု ဗုဒ္ဓ၀ါဒက
ခံယူထားပေသည်။ သို့ဖြစ်ရာ ဗုဒ္ဓ၀ါဒီတို့အနေနှင့် လူ့ဘောင်လောကတွင်
အသိဥာဏ်ပညာလက်နက်ဖြင့် စွဲကိုင်ဖြေရှင်း၍ မရနိုင်သည့် ပြဿနာဟူသည်မရှိဟု
ခံယူထားကြရပေမည်။

အသိပညာရှိသူသည် မိမိအကျိုးရော၊သူတစ်ပါးအကျိုးကိုပါ မျှတစွာ
ဆင်ခြင်သုံးသပ်နိုင်စွမ်းရှိသည့်အလျောက် ကိုယ်ချင်းစာတရား နှင့် လည်း
ပြည့်စုံသူဖြစ်သည်။ ဗုဒ္ဓမြတ်စွာ လမ်းညွှန်ဟောကြားခဲ့သည့်
အခြေခံကိုယ်ကျင့်တရားတို့သည် အမိန့်အာဏာဖြင့်ပြဋ္ဌာန်းခဲ့ခြင်း မဟုတ်ဘဲ
လူသားချင်း ကိုယ်ချင်းစာတရားပေါ်၌သာ အခြေပြုထားခြင်းဖြစ်သည်။ သို့ဖြစ်ရာ
ဗုဒ္ဓ၀ါဒီတို့၏ အသက်မွေးဝမ်းကျောင်းမှု သည် ကိုယ်ချင်းစာတရားအပေါ် အခြေခံသော
အသက်မွေးမှုသာ ဖြစ်သင့်ပေသည်။ တစ်နည်းဆိုသော် 'သမ္မာအာဇီဝ' ဖြစ်ရပေမည်။
ကိုယ်ချင်းစာတရား ခေါင်းပါးသည်နှင့် လူသားတို့၏ စိတ်ဘ၀င်ဝယ် ၀ိသမလောဘများ
ပေါက်ပွားလာပြီး သမ္မအာဇီဝမကျသော၊ လူ့ ကိုယ်ကျင့်တရားနှင့် သွေဖည်သော
အသက်မွေးမှုတို့ကို ပြုလာတတ်ကြစမြဲ ဖြစ်သည်။
ကမ္ဘာနှင့် အ၀ှမ်း လူသားထုတစ်ရပ်လုံးကို ခြိမ်းခြောက်လျက်ရှိသည့် HIV/AIDS
ရောဂါ ကူးစက်ပျံ့နှံ့ရခြင်း၏ အကြောင်းအရင်းများစွာ ထဲတွင်
လူ့ကိုယ်ကျင့်တရားကို လျစ်လျူရှုကာ စာနာမှုကင်းသောစိတ်ဖြင့်
စီးပွားရှာခြင်းသည် အဓိကအခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။
အမြင်သာအထင်သာဆုံးဥပမာမှာ လိင်ကုန်ကူးမှုနှင့် မူးယစ်ဆေးဝါး
ရောင်းဝယ်ဖောက်ကားမှုတို့ပင်ဖြစ်သည်။

အဆိုပါ မသမာသောနည်းဖြင့် စီးပွားရှာသော လုပ်ရပ်များသည်
ဗုဒ္ဓဘုရားရှင်၏အဆုံးအမသာသနာနှင့် သွေဖည်သည်ဆိုသော အချက် ကိုကား
အထူးပြောဖွယ်မရှိပါချေ။ ယင်းမသမာမှုတို့အား ဗုဒ္ဓဘာသာဝင်ထုကြီး တစ်ရပ်လုံးက
ဝိုင်းဝန်းဟန့်တား ဆန့်ကျင်ကြရမည် ဖြစ်သည်။ ထိုသို့ဆောင်ရွက်ခြင်းသည်
ဘုရားရှင်၏အဆုံးအမနှင့်အညီ လိုက်နာဆောင်ရွက်ခြင်းဖြစ်သဖြင့်
ဗုဒ္ဓမြတ်စွာအား ဓမ္မပူဇာဖြင့် ပူဇော်ခြင်းပင်ဖြစ်လေရာ
ကောင်းမှုကုသိုလ်တရားပွားများခြင်းပင် ဖြစ်သည်။ မိမိရော၊
မိမိနေထိုင်ရာလူ့အဖွဲ့အစည်း၏ ကောင်းကျိုးကိုပါ
သယ်ပိုးဆောင်ရွက်ရာရောက်သဖြင့် မည်သည့်ဘာသာ အယူဝါဒကမဆို 'ကောင်းမြတ်သော
လူသားအကျိုးပြုလုပ်ငန်း' အဖြစ် အသိ အမှတ်ပြု ကောင်းချီးသြဘာပေးကြမည်သာ
ဖြစ်သည်။

အဆိုပါလုပ်ငန်းကို ဗုဒ္ဓဘာသာဝင်ထုကြီး တစ်ရပ်လုံးက
ပင်ကိုယ်နိုးကြားသောအသိစိတ်ဖြင့် တက်ကြွစွာပါဝင် ဆောင်ရွက်လာနိုင်ရန်
အဓိကလိုအပ်သောအချက်မှာ ဗုဒ္ဓဘာသာဝင်တိုင်းသည်
ဗုဒ္ဓ၀ါဒလာအခြေခံကိုယ်ကျင့်တရားတို့ကို ကောင်းစွာနားလည် သဘောပေါက်
ကြရန်ပင် ဖြစ်သည်။ ထိုသို့နားလည် သဘောပေါက်လာစေရန်အတွက်
ဗုဒ္ဓဘာသာဝင်ထုကြီးအား ၀ိုင်းဝန်းသွန်သင်ပညာပေးဆုံးမကြရန် မှာ သံဃာတော်
အရှင်သူမြတ်များ၊ သီလရှင်များ၊ ဘာသာရေးပညာရှင်များနှင့်
ဘာသာရေးအသင်းအဖွဲ့များ၏ အဓိကတာဝန်ကြီးတစ်ရပ် လည်း ဖြစ်သည်။
ထိုသို့ ဗုဒ္ဓတရားတော်လာ လူ့ကိုယ်ကျင့်တရားတို့ကို
လိုက်နာစောင့်ထိန်းခြင်းသည် HIV/AIDS ရောဂါကူးစက်ပြန့်ပွားသည့်ဘေးမှ
မည်သည့်အတိုင်းအတာအထိ ကာကွယ်တားဆီးနိုင်ကြောင်း ဗုဒ္ဓဘာသာဝင်တို့
သိရှိနားလည်ကြစေရန် ယင်းရောဂါ ကူးစက်ပြန့်ပွားရ သည့်
အကြောင်းရင်းတို့ကိုလည်း အသိပညာပေးသွားကြရမည် ဖြစ်ပေသည်။

ဗုဒ္ဓ၀ါဒလာ ကိုယ်ကျင့်တရားတို့ကို စောင့်ထိန်းခြင်းဖြင့် ဘာသာရေးအရ
ကုသိုလ်ကောင်းမှုပြုရာရောက်သည့်အပြင် ကျန်းမာရေး၊လူမှု ရေး၊စီးပွားရေး
အစရှိသော လောကီကိစ္စအ၀၀တွင်ပါ အကျိုးဖြစ်ထွန်းစေကြောင်း
ကောင်းစွာသိမြင်လာရန် အထူးအရေးကြီးလှပါသည်။
ဤနေရာတွင် ကျွန်ုပ်တို့သတိပြုရန်မှာ ဗုဒ္ဓတရားတော်လာ
ကိုယ်ကျင့်တရားတို့ကို လိုက်နာစောင့်ထိန်းမှုကင်းမဲ့ခြင်းသည် HIV/AIDS
ရောဂါ ကူးစက်ပြန့်ပွားမှုကို အားပေးနေသည် မှန်သော်လည်း၊ အဆိုပါရောဂါ
ကူးစက်ခံရသူတိုင်းသည် 'ကိုယ်ကျင့်တရားမစောင့်ထိန်းခဲ့ သူများချည်းမဟုတ်'
ဆိုသည့်အချက်ပင်ဖြစ်သည်။ ကိုယ်ကျင့်တရား မည်မျှကောင်းသူဖြစ်ပါစေ HIV/AIDS
ရောဂါကူးစက်ပြန့်ပွားစေ သည့် နည်းလမ်းတို့ကို မှန်ကန်စွာမသိရှိခဲ့ပါက
မည်သူမဆို ယင်းရောဂါပိုး ကူးစက်ခံရမည့်အခွင့်အလမ်း
များစွာရှိနေသောကြောင့်ပင် ဖြစ်သည်။

သို့ဖြစ်ရာ သံဃာတော်များ၊ သီလရှင်များ၊ ဘာသာရေးပညာရှင်များနှင့်
ဘာသာရေးအဖွဲ့အစည်းများအနေနှင့် HIV/AIDS ရောဂါ ကူး စက်နိုင်သည့်
နည်းလမ်းတို့ကိုလည်း သိရှိနားလည်ထားသင့်ပေသည်။ သို့မှသာ မိမိတို့နှင့်
နီးစပ်ရာအသိုင်းအ၀ိုင်းမှ ဗုဒ္ဓဘာသာဝင်တို့ အား တစ်ဆင့်ပြန်လည်
အသိပညာပေးနိုင်ကြပေမည်။ ဤနည်းဖြင့် ဗုဒ္ဓဘာသာဝင်တို့အကြား
ဘာသာရေးနှင့်ပတ်သက်၍လည်းကောင်း၊ အဆိုပါရောဂါဆိုးနှင့် ပတ်သက်၍လည်းကောင်း၊
မှန်ကန်သောအသိတရားများ ရရှိလာကာ မှားယွင်းသော အယူအဆများအား တိုက်
ဖျက်သွားနိုင်မည်ဖြစ်သည်။

ကျွန်ုပ်တို့သည် HIV/AIDS တားဆီးကာကွယ်ရေး လုပ်ငန်းများအား
အကောင်အထည်ဖော် ဆောင်ရွက်သွားရမည်ဖြစ်သလို ယင်းရောဂါ
ကူးစက်ခံထားရသူများအပေါ်၌လည်း ကိုယ်ချင်းစာတရား လက်ကိုင်ထားကာ လိုအပ်သော
အကူအညီများကို ပေးသွားကြရပေမည်။

ရောဂါရှိသူနှင့် မရှိသူဟူ၍မခွဲခြားဘဲ HIV ဗိုင်းရပ်စ်
စွဲကပ်ခံထားရသူတို့ကို သာမန်လူကောင်းများကဲ့သို့ သဘောထားဆက်ဆံကာ လို
အပ်သောစိတ်ဓာတ်ခွန်အားမြှင့်တင်မှုများကိုပါ ပြုလုပ်ပေးသွားကြရပေမည်။ HIV
ပိုးစွဲကပ်ခံထားရသူတို့ အနေနှင့်လည်း မိမိတို့ကိုယ် ကို မျှော်လင့်ချက်
ကင်းမဲ့သူများအဖြစ် ထင်မှတ်မသွားစေဘဲ၊ လူကောင်း ပကတိများနည်းတူ
မိမိကိုယ်ကိုရော မိမိပတ်ဝန်းကျင်လူ့အဖွဲ့ အစည်းကိုပါ
အကျိုးပြုနိုင်စွမ်းရှိသူများအဖြစ် ယုံကြည်မှုအပြည့်အ၀ ရှိနေစေရန်
ဝိုင်းဝန်းကူညီ ဆောင်ရွက်သွားကြရပါမည်။

မြန်မာနိုင်ငံသည် ဗုဒ္ဓဘာသာဝင်အများစုနေထိုင်ရာ လူ့အဖွဲ့အစည်း
ဖြစ်သည့်အလျောက် သံဃာတော်များနှင့် ဘိက္ခုနီအနွယ်ဝင် သီလရှင်များ၏
သြဇာသက်ရောက်မှုသည် မြန်မာ့လူ့အဖွဲ့အစည်းအတွင်း
အရေးပါသောကဏ္ဍတွင်တည်ရှိနေပေသည်။ ယင်းအချက် သည် ဗုဒ္ဓဘာသာဝင်
မြန်မာတိုင်းရင်းသားထုကြီးအား HIV/AIDS တားဆီး၊ ကာကွယ်ရေးနှင့်
ရောဂါပိုးရှိသူများကို အားပေးနှစ်သိမ့် ကူညီပံ့ပိုးရေးတွင်
များစွာတန်ဖိုးရှိ အသုံးဝင်သော အခွင့်အလမ်းတစ်ရပ်ပင် ဖြစ်ပေသည်။

အထူးသဖြင့် သံဃာတော်တို့သည် မြန်မာလူထု၏ ကြည်ညိုလေးစားမှုကို
ရရှိထားသူများဖြစ်သည့်အလျောက် သူတို့မှတစ်ဆင့် HIV/AIDS ရောဂါ
တားဆီးကာကွယ်ရေးနှင့် ရောဂါပိုးရှိသူတို့အား နှစ်သိမ့်ကူညီရေးဆိုင်ရာ
အသိပညာ ဗဟုသုတများကို ဖြန့်ဖြူး ပေးသွား နိုင်ပေသည်။ ဤနည်းအားဖြင့်
သံဃာတော်တို့သည် တပည့်ဒါယကာ၊ ဒါယိကာမများ၏ အကျိုးစီးပွားကို လက်တွေ့ကျကျ
ပံ့ပိုးကူညီနိုင်ကြပေလိမ့်မည်။

ကျန်းမာရေးသည် စီးပွားရေး၊လူမှုရေး၊ နိုင်ငံရေးစသော လူ့အရေးအရာ အားလုံး၏
အခြေခံအုတ်မြစ်ပင်ဖြစ်သည်။ ကျန်းမာရေးကောင်း ပါမှ အဆိုပါ
လူ့အရေးအရာကိစ္စအ၀၀တွင် အောင်မြင်တိုးတက်မှုများ ရရှိလာမည်ဖြစ်သည်။
သံဃာတော်တို့အနေနှင့် တပည့်ဒါယကာ၊ ဒါယိကာမတို့၏ ကျန်းမာရေးကို
အလေးထားဆုံးမသွန်သင် အကျိုးပြုခြင်းသည် ဗုဒ္ဓဘာသာဝင်ထုတစ်ရပ်လုံး၏ လောကီ
လောကုတ္တရာ အကျိုးစီးပွားအ၀၀ကို ဖြည့်ဆည်းပေးခြင်းပင်ဖြစ်သည်။ ယင်းသို့
ဆောင်ရွက်ခြင်းအားဖြင့် ဗုဒ္ဓသာသနာတော်ကြီး အဓွန့်ရှည်စွာ တည်တံ့
ခိုင်မြဲရေးအတွက် ကြီးစွာသောအထောက်အပံ့ ပြုခြင်းလည်းမည်ပေသည်။ သို့ဖြစ်ရာ
ဤလုပ်ရပ်သည် လွန်စွာမွန်မြတ်သော သာသနာပြု လုပ်ငန်းကြီးလည်း ဖြစ်ပေသည်။

ဤသို့ ဘာသာရေးမှတစ်ဆင့် HIV/AIDS ရောဂါတားဆီးကာကွယ်မှု လုပ်ငန်းစဉ်များကို
ကမ္ဘာနှင့်အ၀ှမ်းဆောင်ရွက်လျက်ရှိရာ လွန်စွာ ထိရောက်
အောင်မြင်ကြောင်းတွေ့ရှိရပေသည်။ သက်ဆိုင်ရာ ဘာသာရေးပညာရှုင်များ၏
ဦးဆောင်မှုဖြင့် မိမိတို့နှင့်ဆိုင်ရာဆိုင်ရာ ဘာသာဝင်တို့အား HIV/AIDS
တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာဗဟုသုတဖြန့်ဝေခြင်း၊
မိမိတို့ကိုးကွယ်ယုံကြည်ရာ ဘာသာ တရားအဆုံးအမနှင့်ယှဉ်ကာ
ယင်းရောဂါကူးစက်စေနိုင်သော အမူအကျင့်ဆိုးတို့မှရှောင်ကြဉ်ရန်
ဟောပြောသွန်သင်ခြင်းတို့ကို
အောင်မြင်စွာဆောင်ရွက်နေကြပြီဖြစ်သည်။ယင်းလုပ်ငန်းဆောင်တာများ
အောင်မြင်စေရေးအတွက် ကမ္ဘာ့ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများကလည်း
ဒေသဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းအဆင့်ဆင့်နှင့် ပူးပေါင်းကာ လိုအပ်သော
အကူအညီများကို ပံ့ပိုးပေး လျက် ရှိပေသည်။

သို့ဖြစ်ရာ ကျွန်ုပ်တို့မြန်မာနိုင်ငံတွင်လည်း သံဃာတော် အရှင်သူမြတ်များ၊
ဘာသာရေးပညာရှင်များ၊ ဗုဒ္ဓဘာသာအဖွဲ့အစည်းများသည် နိုင်ငံတော်အစိုးရ၏
အားပေးမှု၊ ကမ္ဘာ့ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများ၏ ပံ့ပိုးမှုတို့ဖြင့်
HIV/AIDS ရောဂါတားဆီးကာကွယ် ရေးနှင့် ရောဂါပိုးကူးစက်ခံရပြီးသူများအား
နှစ်သိမ့်ကူညီရေးလုပ်ငန်းများတွင်
တက်ကြွစွာပါဝင်ဆောင်ရွက်ကြမည်ဆိုပါလျှင် HIV/AIDS
ရောဂါကူးစက်ပြန့်ပွားမှုသည် မြန်မာ့မြေ၊ မြန်မာ့ရေမှ များမကြာမီကာလအတွင်း
ရပ်တန့်သွားမည်မှာ မလွဲဧကန်ဖြစ်ကြောင်း တင်ပြ လိုက်ရပါသည် ။ ။

Ref: HIV/AIDS Prevention and Care: from Buddhism Perspective (Myanmar
Version) by Win Thein Oo.

ဝင်းသိန်းဦး
(မြတ်သတိဝါဒီ၊ အမှတ်-၁၁၊၂၀၁၁ခုနှစ်၊ မေလ။)

Thursday, December 22, 2011

ရှေ့တန်းမထွက်လိုသည့် တပ်အရာရှိများကိုယ်စား HIV ဝေဒနာရှင်များက အစားထိုး ဆေးခွင့်ယူပေး

ရန်ကုန်တိုင်းအတွင်းရှိ မြန်မာအစိုးရစစ်တပ်မှ အရာရှိများသည်
ရှေ့တန်းမထွက်လိုသည့်အတွက် HIV ပိုး ကူးစက်ခံရသူများအား ငွေပေးကာ
မင်္ဂလာဒုံ စစ်ဆေးရုံသို့ကိုယ်စားဆေးရုံ တက်ခိုင်းကာ ဆေးခွင့်များ
ယူလျက်ရှိကြောင်း ကိုယ်စား ဆေးရုံတက် ပေးရသူ တစ်ဦးက ပြောသည်။
"ကျနော့်ကို ပွဲစားက နှစ်သိန်းပေးတယ်။ သူက ဘယ်လောက်ရလဲတော့ မသိဘူး။
ဆေးရုံ ၁၅ရက် တက်ပေးရတယ်။ သွေးစစ် တယ်။ သလိပ်စစ်တယ်။ ကိုယ်ခံအားစစ်တယ်။
ကျနော်တို့ ပိုးစတွေ့တုန်းကအတိုင်းပဲ လုပ်တာပေါ့။ ဆေးရုံမှာတော့ ကောင်း
ကောင်းနေရ၊ စားရတယ်။ နာမည်ကိုတော့ ဗိုလ်ကြီးနာမည်နဲ့ တက်ရတာလေ။"ဟု
ကေအိုင်စီသို့ ပြောသည်။

ဆေးရုံတက်ကြရသော HIV ပိုးကူးစက်ခံသူအများစုမှာ ဆင်းရဲသောကြောင့်
ထိုသို့လုပ်ဆောင်နေကြရခြင်းဖြစ်ကြောင်း HIV /AIDS လုပ်ငန်းများ
လုပ်ဆောင်နေကြသည့် အဖွဲ့ အစည်းများက ပြောသည်။
လက်ရှိ စစ်မက်ဖြစ်ပွားနေသည့် ကချင်ဒေသသို့ ရှေ့တန်းမသွားလိုသည့်အတွက် HIV
ရောဂါသည်အား ငွေပေးငှားရမ်းကာ ဆေးရုံတက်ခိုင်းကြောင်း အမည်မဖော်လိုသူ တပ်
အသိုင်းအ၀ိုင်း၏ ဆွေမျိုးတော်စပ်သူတစ်ဦးက ကေအိုင်သို့ ယခုလို ရှင်းပြ
သည်။

သူက "ကျနော့်ဦးလေးက ဒုအရာခံဗိုလ်ပါ။ ကချင်ဘက်ကိုထွက်ရမှာလေ။ သူ့ကို
အဖွားတို့က ရှေ့တန်းမလိုက်စေချင်ဘူး။ ဒါနဲ့ ပိုးရှိတဲ့သူတစ်ယောက်ကို
ငှားပြီး ပြီးခဲ့တဲ့လက ဦးလေးကိုယ်စား ဆေးရုံတက်ခိုင်းလိုက်တယ်။
ဆေးရုံမှာ ပေးသင့်တဲ့သူတွေ အားလုံးကို ပေးရတယ်။ ခုနှစ်သိန်းလောက်
ကုန်တယ်။"ဟု သူက ပြောသည်။

ယင်းကဲ့သို့ ဆေးရုံတက်ပါက HIV ပိုးကူးစက်ခံထားရသူများကိုသာမက ဆေးရုံရှိ
ဝန်ထမ်းများ၊ ဆရာဝန်များကိုပါ ငွေပေးရ သည်။ ထိုကိစ္စနှင့် ပတ်သက်၍
မင်္ဂလာဒုံ စစ်ဆေးရုံသို့ ဆက်သွယ်မေးမြန်းရာတွင် ထိုအဖြစ်များမရှိကြောင်း
တာဝန်ခံ ဆရာမ တစ်ဦးက ကေအိုင်စီသို့ ပြန်လည် ဖြေကြားခဲ့သည်။
ထိုသို့ လူစားထိုးကာ ဆေးခွင့်ယူသည့် တပ်အရာရှိ အများစုမှာ ဒုအရာခံဗိုလ်မှ
ဗိုလ်ကြီးအဆင့်ထိဖြစ်ပြီး ၎င်းတို့နှင့် နီးစပ်သူ များက ပွဲစားအဖြစ်
ပြုလုပ်ကာ ရောဂါသည်လူနာများကို
ရှာဖွေဆက်သွယ်လုပ်ဆောင်ခြင်းဖြစ်ကြောင်းလည်း သိရသည်။

ပွဲစားနှင့် သိကျွမ်းသူတစ်ဦးက "ကျမသူငယ်ချင်းက ပွဲစားလေ။ သူလုပ်ပေးတာ
အခုဆို ၃ယောက်ရှိပြီ။ သူတို့ပွဲစားတွေက လူနာရှာပေးတယ်။ လူနာရရင်
ဈေးညှိတယ်။ သူတို့က ၅သောင်းစားတယ်။ လူနာတွေက ပိုက်ဆံရတော့
လုပ်တာပေါ့။"ဟု ဆို သည်။

စစ်တပ်အရာရှိများ ယခုလို လုပ်ဆောင်နေသည်မှာ မိုးတွင်းကာ ပြီးခဲ့သည့်
၎လခန့်မှစ၍ ယခုအချိန်ထိဖြစ်ပြီး ယင်းသို့ ကိုယ် စားဆေးရုံ ငှားရမ်းတက်မှု
ပိုမိုများပြားလာရခြင်းမှာ ကချင်ဒေသတွင် ထိုးစစ်များ အရှိန်အဟုန်
မြှင့်လာသောကြောင့် ဖြစ်နိုင်ကြောင်း မြန်မာပြည်တွင်းအခြေစိုက်
မူးယစ်ဆေးသုံးစွဲသူများအတွက် HIV/AIDS လုပ်ငန်းများ ဆောင်ရွက် နေသော
လူထုအ ခြေပြုအဖွဲ့မှ အဖွဲ့ဝင်တဦးက သုံးသပ်ပြောဆိုသည်။
၂၀၀၉ခုနှစ်တွင် HIV ပိုးကူးစက်ခံရသောသူများကို ခွဲခြားမှုများ
နည်းပါးလာပြီး နောက်ပိုင်းတွင် စစ်တပ်မှ အနားယူချင်သော ၀န်ထမ်းများ
ထိုသို့ လုပ်ဆောင်နေကြခြင်းဖြစ်သော် လည်း လက်ရှိအချိန်ထိ အရေအတွက်
အတိအကျကိုမူ မသိရှိရသေးပေ။

ကေအိုင်စီ - ရှေ့တန်းမထွက်လိုသည့် တပ်အရာရှိများကိုယ်စား HIV
ဝေဒနာရှင်များက အစားထိုး ဆေးခွင့်ယူပေး <http://www.kicnews.org/?p=9020>








Wednesday, December 21, 2011

လိင် ဆက်ဆံသူတွေအကြား အိတ်ခ်ျအိုင်ဗီ ကူးစက်မှုအသစ်တွေတိုးပွားနေ

အိတ်ခ်ျအိုင်ဗီကူးစက်မှု အသစ်တွေဟာ လိင်ဆက်ဆံသူတွေ၊ မှုယစ်ဆေးဝါး
သုံးစွဲသူတွေနဲ့ပြည့်တန်ဆာတွေကြားမှာ တိုးလာနေတယ်လို့ ကုလသမဂ္ဂ
အေအိုင်ဒီအက်စ် တိုက်ဖျက်ရေးဌာနအကြီးအကဲက တနင်္လာနေ့ကပြောသည်။
ယူအင်န် အေအိုင်ဒီအက်စ် (UNAIDS) အကြီးအကဲ မိုက်ကယ် ဆီဒီဘီက
လိင်တူချင်းဆက်ဆံမှုကို သေဒဏ်ချမှတနိုင်တဲ့ နိုင်ငံ ခုနစ်နိုင်ငံ အပါအဝင်
၈၅ နိုင်ငံဟာအရွယ်ရောက်သူတွေအကြား လိင်တူဆက်ဆံမှုကို ရာဇဝတ်မှုအဖြစ်
သက်မှတ်တဲ့ ဥပဒေတွေရှိတယ် ဆိုတာ လက်မခံနိုင်စရာ ဖြစ်တယ်လို့ပြောပါတယ်။

သူက မိန်းမလျာ အချို့ အတွက်သေဒဏ်ချမှတ်မှာဖြစ်တဲ့ အဆိုပြု ထားတဲ့ ယူဂန်ဒါ
ဥပဒေကို အလွန် ဆိုးရွားတယ်လို့ပြောဆိုခဲ့ပြီး ၎င်း ဥပဒေဟာ လုံးဝ ထောက်ခံမှု
ရရှိမှာမဟုတ်ဘူးလို့မျှော်လင့်မိကြောင်း ထုတ်ဖော် ပြောဆိုသည်။
UNAIDS က သူရဲ့ အစီအစဉ် တွေကို မြှင့်တင်နေပြီး ကမ္ဘာတစ်ဝန်း
အိတ်ခ်ျအိုင်ဗီကုသမှု ရရှိရေးကို ကြိုးပမ်းနေတဲ့ အခါသမရမှာ
ကူးစက်ခံရဖို့အန္တရာယ်ရှိတဲ့အုပ်စုတွေကို ဝန်ဆောင်မှုတွေရရှိဖို့
မရနိုင်အောင် ဖြစ်စေတဲ့မကောင်းတဲ့ဥပဒေတွေကို နိုင်ငံတွေက ချမှတ်
နေတာကြောင့် သူအနေနဲ့ အလွန်ထိတ်လန့်နေရတယ်လို့ ဆီဒီဘီက ပြောပါတယ်။

လူနည်းစုတွေရဲ့ အခွင့်အရေးကို လက်ကိုင်ထားဖို့ ကျွန်တော်တို့
မဖြစ်မနေတောင်းဆိုရမှာပါ။ ဒီလို မလုပ်ဘူး ဆိုရင် ကူးစက်ရောဂါဟာ
ထပ်ပြီးကြီးထွားလာဦးမယ်လို့ထင်ပါတယ်။ လူအများစုရဲ့ နိုင်လိုမင်းထက်
ပြုမှုကို ကျွန်တော်တို့လက်မခံနိုင်ပါဘူးလို့ သူက သတိပေးခဲ့ပါတယ်။ ဆီဒီဘီက
တရုတ်ကစလို့ ၊ ကင်ညာနဲ့မာလာဝီနိုင်ငံအဆုံး နိုင်ငံတွေမှာ အိတ်ခ်ျအိုင်ဗီ
ကူးစက်မှု အသစ်တွေရဲ့ ၃၃
ရာခိုင်နှုန်းဟာ လိင်တူ ဆက်ဆံတဲ့ အမျိုးသားတွေမှာ ဖြစ်နေပြီး ၊
သိသိသာသာတိုးလာတယ်လို့ ကုလသမဂ္ဂ ဖောင်ဒေးရှင်းက ပြုလုပ်တဲ့
နေ့လည်စာဧည့်ခံပွဲတစ်ခုမှာဂျာနယ်လစ် တွေကို ပြောပါတယ်။
ဆန့်ကျင်ဘက်အနေနဲ့ နိုင်ငံ အများစုက နှိပ်ကွက်တဲ့ ဥပဒေတွေ မရှိတဲ့
ကာရစ်ဘီယံဒေသမှာ အိတ်ခ်ျအိုင်ဗီကူးစက်မှု အသစ်တွေရဲ့
သုံးရာခိုင်နှုန်းနဲ့ခြောက်ရာခိုင်နှုန်းသာလျှင် လိင်တူ ဆက်ဆံသူ
အမျိုးသားတွေ ဖြစ်နေတယ်လို့သူကပြောပါတယ်။ နှိပ်ကွပ်တဲ့ ဥပဒေတွေရှိသလို၊
မိန်းမလျာ အသိုင်းအဝိုင်းမှာအေအိုင်ဒီအက်စ်လို ပထမဆုံး တိုက်ဖျက်ခဲ့တဲ့
အမေရိကန်မှာတောင် ပြီးခဲ့တဲ့ နှစ်က
အိတ်ခ်ျအိုင်ဗီကူးစက်မှု အသစ်တွေရဲ့ ၅၀ ရာခိုင်နှုန်းကျော်က
လိင်တူဆက်ဆံသူတွေကြားမှာ ဖြစ်တယ်ဆိုတာ တုန်လှုပ်ဖွယ်ရာ ဖြစ်တယ်လို့ဆီဒီဘီက
ပြောပါတယ်။

ဒါ့အပြင် သူက အသက် ၁၉ နှစ်မှ ၂၅ နှစ်အရွယ် အုပ်စုမှာ
ကူးစက်မှုဟာပိုမိုမြင့်မားတယ်လို့ ပြောပါတယ်။ အမေရိကန် ပြည်ထောင်စုမှာ
တစ်ကျော့ပြန်လည်လာသလိုထင်ရပါတယ်။ လွန်ခဲ့တဲ့ နှစ် အနည်းငယ်က
ဖြစ်ပွားမှုတွေ မရှိသလောက်နီးပါးနောက်ပိုင်းလိုအပ်တဲ့ ကာကွယ်မှုနဲ့ သတင်း
အချက်တွေအားလုံးကိုမရှိတဲ့လူတွေအကြားမှာ ကူးစက်မှုအသစ်တွေ အထွတ်အထိပ်
ပြန်ရောက် လာတာကို
ကျွန်တော်တို့ မြင်တွေ့နေရပါတယ် လို့သူကပြောပါတယ်။

သူက မှုးယစ်ဆေး သုံးစွဲသူတွေ ထဲမှာလည်း အရေအတွက်
တော်တော်များများဟာအိတ်ခ်ျအိုင်ဗီ ကူးစက်ခံ နေရတယ်လို့ ပြောပါတယ်။ ဥရောပ
အရှေ့ပိုင်း နှင့်ဗဟိုအာရှမှာ ဖြစ်ပွားတဲ့ ကူးစက်မှု အသစ်တွေရဲ့ ၇၀
ရာခိုင်နှုန်းဟာမှုးယစ်ဆေးသုံးစွဲ သူတွေကြားမှာဖြစ်နေတယ်။ ဒါပေမယ့် သူတို့
ရာဇဝတ်မှုမြောက်တယ်။သူတို့တွေက အကူအညီကို မရကြဘူး။ သူတို့ဟာ ပုန်းလျှိုး
ကွယ်လျှိုး နေရတယ်လို့
သူကပြောပါတယ်။ နေ့စဉ် အိတ်ခ်ျအိုင်ဗီ ကူးစက်မှု အသစ် ၁၀၀၀
လောက်ရှိနေတဲ့နိုင်ဂျီးရီးယားမှာ ၃၀ ရာခိုင်နှုန်း ကျော်ဟာ မှုယစ်ဆေးဝါး
သုံးစွဲသူ တွေ၊လိင်တူဆက်ဆံသူတွေမှာ ဖြစ်နေတယ်လို့ သူက ပြောပါတယ်။

( Modern)
Hikmah.info - လိင် ဆက်ဆံသူတွေအကြား အိတ်ခ်ျအိုင်ဗီ
ကူးစက်မှုအသစ်တွေတိုးပွားနေ
<http://www.hikmah.info/index.php?option=com_content&view=article&id=2094:2010-03-28-02-43-54&catid=4:world-news&Itemid=25>






Tuesday, December 20, 2011

အသားလုံးတုံ့ယမ်းဟင်းရည် - ၀က်နှလုံးအချိုချက် - ခရမ်းသီးမီးဖုတ်သုပ်

ဒီလတော့ ဆရာမလမင်းမိုမိုက ၀က်နှလုံးကို အချိုလေးချက်၊ ဟင်းရံအဖြစ်
ခရမ်းသီးအကြီး မီးဖုတ်သုပ်ပြီး ဟင်းအရည်ကိုတော့
အသားလုံးတုံ့ယမ်းဟင်းရည်လေးချက်ပေးထားပါတယ်။

အသားလုံးတုံ့ယမ်းဟင်းရည်
လိုအပ်သောပစ္စည်းများ
(ငါးဖယ်လုံး/ကြက်သား/၀က်သားလုံး ကြိုက်ရာသုံး၍ရပါသည်။ ရောနှော၍လည်း
သုံးနိုင်ပါသည်။)

Ready Made အသားလုံး ၁၅လုံးခန့်၊ ငုံးဥ ၁၀လုံး၊ ဆီ နှစ်ကျပ်သားခန့်၊
ငရုတ်အရောင်တင်မှုန့် လက်ဖက်ရည်တစ်ဇွန်း၊ကြက်သွန်နီ နှစ်ဥ၊ ကြက်သွန်ဖြူ
ငါးမြွှာ၊ ပန်းပွင့်၊ ဥနီ၊ မုန်ညင်းထုပ် အနည်းငယ်စီ၊ ခရမ်းချဉ်သီး
နှစ်လုံး၊ ပဲပြား တစ်တုံး၊ ငရုတ်သီးစိမ်းတောင့် ငါး တောင့်ခန့်၊ ချင်း
လက်နှစ်ဆစ်ခန့်၊ ပတဲကော လက်တစ်ဆစ်ခန့်၊ တုံ့ယမ်းဟင်းအနှစ် ၁၀၀ဂရမ်
တစ်ထုပ်၊ အုန်းနို့ အုန်းသီးတစ်လုံး ၏ လေ့းပုံတစ်ပုံစာ၊ ပုစွန်ငံပြာရည်
အသင့်အတင့်၊ ကြက်သားမှုန့် လက်ဖက်ရည်ဇွန်း တစ်ဇွန်း၊ ငရုတ်ကောင်းမှုန့်
အနည်းငယ်

ချက်ပြုတ်ရန် ကြာမြင့်ချိန် (၂၅ မိနစ်)
 
- ငုံးဥများကိုပြုတ်ပြီး အခွံနွှာထားပါ။ ပတဲကောကို ပါးပါးလှီးပါ။
ကြက်သွန်နီကိုထောင်းပါ။ ကြက်သွန်ဖြူကို အနည်းငယ်ထုပါ။ ချင်းကို
ပါးပါးလှီးထုပါ။ ဟင်းသီးဟင်းရွက်နှင့် ပဲပြားလှီးဖြတ်ထားပါ။
ဆီကိုဆူစေပြီး ကြက်သွန်ဖြူ၊နီ၊ချင်း၊ပတဲကောတို့ထည့်၍ဆီသတ်ပါ။
အရောင်တင်မှုန့်ထည့်မွှေပါ။ ဆီသေလျှင် တုံ့ယမ်းနှစ်ထည့်မွှေပါ။ ခဏအကြာ
အုန်းနို့ထည့်မွှေပါ။ အသားလုံးငုံးဥတို့ထည့်ပါ။
-အသားလုံးများ အကျက်မြန်တဲ့အတွက် ခဏအကြာမှာ ရေထည့်နိုင်ပါပြီ။ ရေဆူလျှင်
ငံပြာရည်၊ကြက်သားမှုန့်တို့ထည့်၍အပေါ့ အငံ မြည်းပါ။ အရသာအနေတော်လျှင်
အသင့်လှီးဖြတ်ထားသော ဟင်းသီးဟင်းရွက်များ၊ ငရုတ်သီး စိမ်းတောင့်၊
ပဲပြားတုံး၊ ခရမ်းချဉ်သီး စသည်တို့ထည့်ပါ။ ဆူုပွက်နေစဉ် ငရုတ်ကောင်းမှုန့်
ခတ်၍အဖုံးပိတ်ပြီး မီးဖိုမှချပါ။ ခဏအကြာ အိုးဖုံးဖွင့်နိုင်ပြီး
ပူပူနွေးနွေး သုံးဆောင် နိုင်ပါပြီ။

ဝက်နှလုံးအချိုချက်
လိုအပ်သောပစ္စည်းများ
ဝက်နှလုံးအကြီးတစ်ခု၊ ဆီ နှစ်ကျပ်ခွဲသားခန့်၊ ကြက်သွန်နီ နှစ်ဥ၊ ချင်း
လက်တစ်ဆစ်၊ ခရုဆီ စားပွဲတင်ဇွန်းနှစ်ဇွန်း၊ ပဲငံပြာရည်အပျစ်
စားပွဲတင်ဇွန်းတစ်ဇွန်း၊ ခရမ်းချဉ်သီးဆော့စ် စားပွဲတင်တစ်ဇွန်း၊
ကြက်သွန်မြိတ် နှစ်ပင်၊ထန်းလျက် အသေးတစ်လုံး၊ ဆား အနည်းငယ်

ချက်ပြုတ်ရန် ကြာမြင့်ချိန် (၄၀ မိနစ်)
 
- ၀က်နှလုံးကို ဆားအနည်းငယ်နှင့် ချင်းထုထည့်ပြီး မီးပူပူတွင်
နူးအောင်ပြုတ်ရပါမည်။ ပုံမှန်နှလုံးတစ်ခုပြုတ်လျှင် နာရီဝက်ခန့်ကြာ
မြင့်နိုင်ပါသည်။ ပြုတ်ရည်အပိုကျန်မနေအောင် ရေကိုမှန်းထည့်ပါ။
နူးလျှင်နှလုံးကို အခြမ်းလိုက်မှောက်ပြီး ပါးပါးလှီးပါ။ ပါးပါးလှီးထား
သော နှလုံးများကို ဆား ပဲငံပြာရည်အပြစ်၊ ခရမ်းချဉ်သီးဆော့စ်နှင့်
ထန်းလျက်တစ်လုံးထုခြေပြီး ရောနှော၍ ဖွဖွနယ်ပေးပါ။
- ဒယ်အိုးတွင် ဆီဆူစေပြီး ကြက်သွန်နီကို အဖတ်လိုက်ခွာ၍ထည့်ပါ။
ကြက်သွန်နီဖတ်များ အနည်းငယ်နွမ်းလျှင် ၀က်နှလုံးကိုထည့်ပါ။
အရသာစိမ့်ဝင်နှံ့စေရန် ရေအနည်းငယ်မျှ ထပ်ထည့်၍ချက်ပါ။ ရေပြန်ခန်းပြီး
ဆီပြန်လာလျှင် ခရုဆီထည့်၍ နှံ့အောင်မွှေပါ။ ထို့နောက် မီးဖိုမှချပြီး
ကြက်သွန်မြိတ်ဖြူး၍မွှေပါ။ အရသာရှိသော ၀က်နှလုံးအချိုချက်ကို
သုံးဆောင်နိုင်ပါပြီ။

ခရမ်းသီးမီးဖုတ်သုပ်
လိုအပ်သောပစ္စည်းများ

ခရမ်းသီး အကြီးတစ်လုံး၊ ဆီ စားပွဲတင်ဇွန်းနှစ်ဇွန်း၊ ကြက်သွန်နီ နှစ်ဥ၊
ငရုတ်သီးစိမ်း ငါးတောင့်၊ ငရုတ်လှော်မှုန့် အနည်းငယ်၊ ဆား အနည်းငယ်စီ

ချက်ပြုတ်ရန် ကြာမြင့်ချိန် (၁၅မိနစ်)
- ခရမ်းသီးအလုံးကြီးကိုအပြင်ခွံမည်း ကျွမ်းသည်အထိ မီးဖုတ်ပါ။ ထို့နောက်
အအေးခံ၍ အခွံများကို သန့်စင်အောင် ဖယ်ရှားပစ်ပါ။ ခရမ်းသီးအသားကို ခက်ရင်း
အသုံးပြုပြီး ဖဲ့ခြွေပါ။
- ကြက်သွန်နီ ပါးပါးလှီး၊ ငရုတ်သီးစိမ်းတောင့် ပါးပါးလှီး၊
ငရုတ်လှော်မှုန့်အကျက် အနည်းငယ် (အစပ်မစားနိုင်လျှင် မထည့်ပါနှင့်။
ငရုတ်လှော်မှုန့်ထည့်လျှင် ရနံ့မွှေးပါသည်။) ဆီ၊ ဆားနှံ့အောင်ဖြူးထည့်ပြီး
ဇွန်းခက်ရင်းသုံးကာ သမအောင် ဖြည်းဖြည်းနယ်ပါ။ အရသာရှိသော
ဟင်းရံတစ်ခွက်ဖြစ်ပါသည်။







Monday, December 19, 2011

ပဒေးကျွန်းမှ ရခိုင်ပြည်သူများပေးစာ

သို့
တာဝန်ခံအရာရှိ
တရုတ်ရေနံကုမ္ပဏီ

ရက်စွဲ။ ။ နိုဝင်ဘာလ (၃) ရက်၊ ၂၀၁၁။

အကြောင်းအရာ။ ။ စီအန်ပီပီ၏ ရေနံနှင့်သဘာဝဓာတ်ငွေ့ စီမံကိန်းများကြောင့်
ကျွန်တော်တို့၏ ဘိုးစဉ်ဘောင်ဆက်မှ လုပ်ကိုင်စား သောက်လာသော
လယ်ယာမြေများ၊ဥယျာဉ်ခြံများ၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ
ဆုံးရှုံးပျက်စီးနေရခြင်း၊ ကျွန်တော်တို့ ၏အနာဂတ်
အသက်ရှင်ရပ်တည်ရေးတို့ကို ခြိမ်းခြောက်နေခြင်းနှင့် ပတ်သက်၍ အမြန်ဆုံး
ကာကွယ်စောင့်ရှောက်ပေးရန်တင်ပြ တောင်းဆိုခြင်း။

စီအန်ပီပီသည် (၂၀၀၄) ခုနှစ်မှ စ၍ ယနေ့အထိ ကျွန်တော်တို့
ပဒေးကျွန်းပေါ်တွင် ရေနက်ဆိပ်ကမ်း၊ ကမ်းလွန်ရေနံနှင့် သဘာဝ ဓာတ်
ငွေ့တူးဖော်ခြင်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်း
တည်ဆောက်ခြင်းစသည့် စီမံကိန်းလုပ်ငန်းများကို အကောင် အထည်ဖော်
လုပ်ဆောင်လျက်ရှိပါသည်။ ထို့သို့ လုပ်ဆောင်ချက်များကြောင့်
ကျွန်တော်တို့ပဒေးကျွန်းနေ ဒေသခံပြည်သူများ၏ အသက်မွေးဝမ်း
ကျောင်းလုပ်ငန်းများ၊ မှီခိုအားထားနေရသော သဘာဝပတ်ဝန်းကျင်များနှင့်
ရိုးရာဓလေ့ထုံးတမ်းစဉ်လာများကို လုံးဝ ကာကွယ်စောင့် ရှောက်မှုမရှိဘဲ
လုပ်ဆောင်သောကြောင့် ရှေးနှစ်ပေါင်းများစွာကတည်းက မှီခိုအားထားလာရသော
ကျွန်တော်တို့၏ အသက်မွေးဝမ်း ကျောင်းလုပ်ငန်းများ၊
သဘာဝပတ်ဝန်းကျင်များနှင့် ရိုးရာဓလေ့ထုံးတမ်းစဉ်လာများမှာ ရေနံနှင့်
သဘာဝဓာတ်ငွေ့စီမံကိန်းကို အကောင် အထည်ဖော်လာချိန်မှစ၍ လုံးဝလုံးဝ
လုံခြုံမှုမရှိတော့ဘဲ ကျွန်တော်တို့၏ဘ၀များအသက်ရှင်ရပ်တည်ရေးကို
နေ့စဉ်နှင့်အမျှ စိုးရိမ်ကြောင့် ကြနေကြရပါသည်။

ရခိုင်ပြည်၏ ကျောက်ဖြူမြို့နယ်အတွင်းရှိ
ပဒေးကျွန်းတွေင်နေထိုင်သည့်ကျွန်တော်တို့သည် ရှေးနှစ်ပေါင်းများစွာကတည်းက
ပဒေး ကျွန်းနှင့် ယင်းအနီးတ၀ိုက်ရှိသဘာဝပတ်ဝန်းကျင်နှင့်
မြစ်ကြောင်းများကို မှီခိုအားထား၍ ငြိမ်းချမ်းစွာ လုပ်ကိုင်စားသောက်
နေထိုင် လာခဲ့သည်မှာ ယနေ့အထိပင်ဖြစ်ပါသည်။ ရခိုင်ပြည်၏
ပဒေးကျွန်းဒေသခံပြည်သူများဖြစ်သည့် ကျွန်တော်တို့သည် ရှေးဗဝေသဏီကပင်
ဤမြေ၊ ဤရေ၊ ဤပင်လယ်ကို ဘိုးဘွားစဉ်ဆက်ပိုင်ဆိုင်လာကြသည်။ ဤမြေ၊
ဤရေ၊ဤသဘာဝပတ်ဝန်းကျင်သည် ကျွန်တော်တို့၏ ပိုင်နက်နေမြေဖြစ်သည်။ ယခု
ကျွန်တော်တို့ ပဒေးကျွန်းနေပြည်သူများ ပိုင်ဆိုငသည့် မြေယာများကို
အတင်းအဓမ္မသိမ်းယူပြီး စီမံကိန်း လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်နေသည်။
ကျွန်တော်တို့ ပဒေးကျွန်းတွင်တရုတ်နိုင်ငံမှ
ရေနံတင်ဆိပ်ကမ်းများတည်ဆောက်နေကြပြီး ဓာတ်ငွေ့ပိုက်လိုင်းများ၊
ရေနံပိုက်လိုင်းများ၊ ရေနံသိုလှောင်ရုံများတည်ဆောက်ရန် စီမံကိန်းများ
လုပ်ဆောင်သွားမည်ဟု သိရပါသည်။

သို့သော်လည်းထိုစီမံကိန်းလုပ်ငန်းများကြောင့် ဆိုးကျိုးသက်ရောက်လာမည့်
ကျွန်တော်တို့၏ လယ်မြေများ၊ အိုးအိမ်သေတ္တာအဆောက် အအုံများ၊
အသက်မွေးဝမ်းကျောင်းလုပ်ငန်းများကို ကြိုတင်ကာကွယ်စောင့်ရှောက်ရန်
အစိုးရကသော်လည်းကောင်း၊ ကုမ္ပဏီများက သော်လည်းကျွန်တော်တို့ကို
ကြိုတင်အသိပေးခြင်း၊ ပညာပေးဆွေးနွေးခြင်းများ မရှိခဲ့ပါ။
ထိုထိုသောလုပ်ငန်းများလုပ်ဆောင်ရန် ကျွန်တော်တို့ ပဒေးကျွန်းနေ
ဒေသခံပြည်သူများ ပိုင်သည့်လယ်မြေများ၊ ဥယျာဉ်ခြံမြေများ၊
စိုက်ခင်းမြေများ စသည့် စီမံကိန်းဝင် ဧရိယာရှိ မြေများကိုကျွန်တော်တို့
ပဒေးကျွန်းဒေသခံ မြေပိုင်ရှင်များ၏ ဆန္ဒမပါဘဲ၊ ဆန္ဒကိုမယူဘဲ
အတင်းအဓမ္မသိမ်းယူခဲ့ကြသည်။ ထိုက်သင့် ထိုက်တန်သော
လျော်ကြေးတန်ဖိုးငွေများကိုလည်း မပေးခဲ့ကြပါ။

ကျွန်တော်တို့၏ အဓိကအသက်မွေးဝမ်းကျောင်းအဖြစ် မှီခိုအားထားနေရသော
ငါးဖမ်းလုပ်ငန်းများကိုလည်း ထိခိုက်လျက်ရှိပြီး ကျွန်တော် တို့၏
အနာဂတ်အတွက် စားဝတ်နေရေး၊အသက်ရှင်ရပ်တည်ရေးတို့ကိုပါ
ခြိမ်းခြောက်လျက်ရှိပါသည်။ ထို့အပြင် ကျွန်တော်တို့ ပဒေး
ကျွန်းနေဒေသခံပြည်သူများကို အတင်းအဓမ္မလုပ်အားစေခိုင်းခဲ့ကြပါသည်။
နိုင်ငံခြားသားတရုတ်လူမျိုးကုမ္ပဏီဝန်ထမ်းများကလည်း ပဒေးကျွန်းရှိ
ရခိုင်လူမျိုးများ၏ ရိုးရာယဉ်ကျေးမှုကို မထီမဲ့မြင်ပြုခြင်းများ
ကျူးလွန်လျက်ရှိနေကြပါသည်။

ပဒေးကျွန်းနေဒေသခံပြည်သူများလယ်မြေများဆုံးရှုံး၍
အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ဆုံးရှုံးကာ လုပ်စရာအလုပ်အကိုင်မရှိ
သော်လည်း တရုတ်ရေနံကုမ္ပဏီ၏စီမံကိန်းလုပ်ငန်းခွင်များထဲတွင်
အလုပ်လုပ်ခွင့်များ ဖန်တီးပေးမှုမရရှိခဲ့ကြပါ။ ရေနံနှင့် ဓာတ်ငွေ့
စီမံကိန်းစတင်သည့် အစောပိုင်းကာလမှစ၍ ထိုက်သင့်သော လျော်ကြေးငွေမပေးဘဲ
အတင်းအဓမ္မလယ်မြေသိမ်းမှုများ၊ အတင်းအဓမ္မ လုပ်အားစေခိုင်းမှုများ၊
ဒေသခံပြည်သူများ၏အသက်မွေးဝမ်းကျောင်းလုပ်ငန်းများဆုံးရှုံးခြင်းနှင့်
သဘာဝပတ်ဝန်းကျင်ပျက်စီးမှု၊ လူ့အခွင့် အရေးချိုးဖောက်မှု ဖြစ်ပေါ်ရခြင်း
စသည့်ဆိုးကျိုးများကို ကျွန်တော်တို့ ပဒေးကျွန်းနေဒေသခံပြည်သူများ
ရင်ဆိုင်ခံစားနေရပါသည်။ ထို ဖြစ်ရပ် လုပ်ရပ်များအတွက် ကျွန်တော်တို့
ပဒေးကျွန်းနေ ဒေသခံပြည်သူများသည် စိတ်ပိုင်းဆိုင်ရာအရသော်လည်းကောင်း၊
ရုပ်ပိုင်းဆိုင် ရာအရာသော်လည်းကောင်းများစွာ ထိခိုက်နစ်နာခံစားရပါသည်။ ေ
ရှ့ဆက်ပြီး နောက်ထပ်၍ အကောင်အထည်ဖော်ဆောင်ရွက်မည့်
စီမံကိန်းလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်ရာတတွင်
အထက်ပါကဲ့သို့အလားတူဖြစ်ရပ်များ၊ ဆိုးကျိုးများကို
မဖြစ်ပေါ်မကျူးလွန်စေရန် နှင့် ကျွန်တော်တို့နှစ်ပေါင်းများစွာကတည်းက
ဘိုးဘွားစဉ်ဆက် လုပ်ကိုင်စားသောက်လာခဲ့သော ကျွန်တော်တို့၏အသက်မွေးဝမ်း
ကျောင်း လုပ်ငန်းများကို ကာကွယ်စောင့်ရှောက်ရန်အလို့ငှာ
အောက်ပါအချက်များကို လေးစားစွာဖြင့် အလေးအနက် တောင်းဆိုအပ် ပါသည်။

(၁) ပဒေးကျွန်းတွင် ကျွန်တော်တို့ယခုလုပ်ကိုင်နေသောလယ်မြေများသည်
ကျွန်တော်တို့ဘိုးဘွားစဉ်ဆက်ပိုင်ဆိုင်ပြီး သားစဉ်မြေးဆက် လုပ်ကိုင်လာသော
လယ်မြေများဖြစ်ပါသည်။ဤလယ်မြေများကို လုပ်ကိုင်စားသောက်ခြင်းသည်
ကျွန်တော်တို့ ပဒေးကျွန်းနေပြည်သူ များ၏
အသက်မွေးဝမ်းကျောင်းအလုပ်ဖြစ်ပါသည်။ ဤလယ်မြေများသည်
ကျွန်တော်တို့အသက်ရှင်ရပ်တည်ရန် မရှိမဖြစ်လိုအပ်သည့် အဓိကအားထားစရာများ
ဖြစ်သည်။ဤလယ်မြေများမရှိပါက ကျွန်တော်တို့၏ အသက်ရှင်ရပ်တည်ရေးအတွက်
အလွန်တရာအခက် အခဲရှိပါသည်။ လုပ်စရာအလုပ်အကိုင်မရှိဘဲ အလုပ်လက်မဲ့ဘဝ
ဖြစ်ရပါမည်။

ယခုပဒေးကျွန်းနေပြည်သူများဖြစ်သည့် ကျွန်တော်တို့၏ လယ်မြေများကို ကုမ္ပဏီက
အတင်းအဓမ္မ လိုက်သိမ်းကြပါသည်။ ကျွန်တော်တို့မှာ လုပ်စရာမြေလည်းမရှိ၊
အလုပ်လည်းမရှိဖြစ်၍ အသက်ရှင်ရပ်တည်ရေး အလွန်ပင်အခက်အခဲ ကြုံနေရပြီ
ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ကျွန်တော်တို့ ပဒေးကျွန်းနေ ဒေသခံပြည်သူများပိုင်
ဆိုင်သည့် လယ်မြေများကို သိမ်းပိုက်ခြင်းအတွက် လယ်မြေတန်ဖိုးအဖြစ်
ကျွန်တော်တို့၏မိသားစုများစားဝတ်နေရေး နှစ် (၃၀)စာနှင့် ညီမျှသော
ပမာဏာကို လျော်ကြေးပေးပပါရန် လေးစားစွာ တောင်းခံအပ်ပါသည်။ထို့အပြင်
ရေနက်ဆိပ်ကမ်း၊ ရေနံနှင့် ဂတ်စ်ပိုက်လိုင်း စီမံကိန်များ၏ နောက်ဆက်တွဲ
လုပ်ရပ်များကြောင့် ကျွန်တော်တို့၏ လယ်မြေများနှင့် အသက်မွေးဝမ်းကျောင်း
လုပ်ငန်းများကိုမထိခိုက် မဆုံးရှုံးရအောင် လုပ်ဆောင်သွားရန်
လေးစားစွာတောင်းဆိုအပ်ပါသည်။

(၂) ပဒေးကျွန်းဒေသခံပြည်သူများဖြစ်သည့် ကျွန်တော်တို့သည်
ဘိုးဘွားစဉ်ဆက်ကပင်ဤပင်လယ်၊ ဤမြစ်ချောင်းတွင် ငါးဖမ်းလုပ်ငန်း ဖြင့်
အသက်ဝမ်းကျောင်း ပြုလုပ်လာသူများဖြစ်ပါသည်။ ငါးဖမ်းလုပ်ငန်းသည်
ကျွန်တော်တို့ ပဒေးကျွန်းနေ ပြည်သူများ၏ အသက်ရှင် ဘ၀ရပ်တည်ရေးအတွက်
မရှိမဖြစ်လုပ်ငန်း ဖြစ်ပါသည်။ ငါးဖမ်းလုပ်ငန်းသည်သာ ကျွန်တော်တို့၏ဘ၀၊
ကျွန်တော်တို့၏အားထားမှီခိုရာ အသက်ဆက်ရာအလုပ် ဖြစ်ပါသည်။
ငါးဖမ်းလုပ်ငန်းမရှိလျှင် ကျွန်တော်တို့မှာ အားထားရာမှီခိုရာ
အသက်မွေးဝမ်းကျောင်း လုပ်စရာ လုပ်ငန်းမရှိတော့ပါ။ ဘ၀ရင်သန်ရပ်တည်ရေးအတွက်
လွန်စွာအခက်အခဲရှိပါသည်။ ယခုစီအန်ပီစီ၏ ရေနက်ဆိပ်ကမ်း၊ ရေနံနှင့်ဂတ်စ်
ပိုက်လိုင်းစီမံကိန်းများကြောင့် ကျွန်တော်တို့ပဒေးကျွန်းဒေသခံ
တံငါသည်များမှာ ငါးဖမ်းဧရိယာနေမြေများ ကျဉ်းလာပြီး အသက်မွေးဝမ်း
ကျောင်းလုပ်ငန်းကို ထိခိုက်နစ်နာခဲ့ရပါသည်။ထို့အပြင်
ဆိပ်ကမ်းဆောက်လုပ်ရန်အတွက် ရေအောက်တွင် မိုင်းခွဲခြင်း၊ ဓာတုပစ္စည်းများ
သုံးစွဲခြင်းကြောင့် ငါးများသေကြေပျက်စီးခြင်း၊ ငါးမျိုးပွါးမှုကို
ထိခိုက်ခြင်းများစသည့် ဘေးထွက်ဆိုးကျိုးများသည်လည်း ကျွန်တော်တို့
ပေဒေးကျွန်းနေ ဒေသခံ တံငါသည်များ၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများကို
ထိခိုက်စေပါသည်။

ကျွန်တော်တို့၏အသက်မွေးဝမ်းကျောင်းလုပ်ငန်းများကို ထိခိုက်ဆုံးရှုံးရ၍
ကျွန်တော်တို့၏ဘ၀ရပ်တည်ရေးအတွက် အလွန်တရာ အခက် အခဲကြုံနေရပါသည်။
သို့ဖြစ်ပါ၍ ကျွန်တော်တို့ ပဒေးကျွန်းဒေသခံ တံငါသည်များ
ဘိုးဘွားစဉ်ဆက်မှီခိုအားထား လုပ်ကိုင်စားသောက် လာခဲ့သော
ငါးဖမ်းလုပ်ငန်းကို လွတ်လပ်လွတ်လပ် လုပ်ကိုင်ခွင့်ရရှိနိုင်ရန်နှင့်
စီအန်ပီစီ၏ ရေနက်ဆိပ်ကမ်း၊ရေနံနှင့် ဂတ်စ်ပိုက်လိုင်းစီမံ ကိန်းများ၏
နောက်ဆက်တွဲလုပ်ရပ်များကြောင့် ကျွန်တော်တို့၏အသက်မွေးဝမ်းကျောင်း
ငါးဖမ်းလုပ်ငန်းများကို မထိခိုက်အနှောင့် အယှက် မရှိအောင် လေးစားစွာ
တောင်းခံအပ်ပါသည်။

(၃) ကျွန်တော်တို့ ပဒေးကျွန်းနေ နယ်မြေဒေသသည် ဖွံ့ဖြိုးမှုအလွန်နောက်ကျသော
ဒေသတခုဖြစ်သည်။ ကျန်းမာရေး၊ ပညာရေး၊ လူမှု ရေး၊ စီးပွါးရေး အစစအရာရာ
မဖွံ့ဖြိုးသေးပါ။ကုမ္ပဏီများသည် ကျွန်တော်တို့ ပဒေးကျွန်းဒေသကို
အခြေခံပြီးအကျိုးအမြတ်အမြောက် အမြားရရှိသည့် လုပ်ငန်းများကို
လုပ်ဆောင်ခွင့် ရရှိပြီးဖြစ်ပါသည်။ ကုမ္ပဏီများ အကျိုးအမြတ်များစွာ
ရရှိသော်လည်း ကျွန်တော်တို့ ပဒေး ကျွန်းဒေသခံပြည်သူများမှာ
မည့်သည့်အကျိုးအမြတ်မျှ မရရှိပါ။ ကုမ္ပဏီများအနေဖြင့် ပဒေးကျွန်းနေမြေကို
အခြေပြု၍ အကျိုးအမြတ်များ ရရှိနေသောကြောင့် ကျွန်တော်တို့
ပေဒးကျွန်းနေမြေဒေသကို ဖွံ့ဖြိုးရေးနှင့် ပတ်သက်၍ တစုံတရာ
လုပ်ပေးသင့်ပါသည်။ သို့ဖြစ်ပါ၍ ကျွန်တော်တို့
ပဒေးကျွန်းနယ်မြေနှင့်နယ်မြေဒေသခံပြည်သူများ၏ ကျန်းမာရေး၊ ပညာရေး၊
လူမှုရေး၊ စီးပွါးရေး စသည်တို့ကိုတတ်အား သရွှေ့ အားသွန်ခွန်စိုက်
လုပ်ဆောင်ပေးရန် လေးစားစွာ တောင်းဆို တောင်းခံအပ်ပါသည်။

ပဒေးကျွန်းနယ်မြေ သေခံပြည်သူများ
ပဒေးကျွန်း၊ ကျောက်ဖြူမြို့နယ်၊ ရခိုင်ပြည်။

မိတ္တူကို
=> ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ (RNDP)
=> ရခိုင်ပြည်အစိုးရအဖွဲ့
Credit: Padauk Drum Vol.1, No.6, Nov 2011















Saturday, December 17, 2011

မြန်မာနိုင်ငံ၌ ထေရ၀ါဒသာ မတည်တံ့ခဲ့လျှင်

မြန်မာနိုင်ငံတွင် လွန်ခဲ့သော နှစ်ပေါင်းကိုးရာခန့်မှစ၍ ထေရ၀ါဒ
ဗုဒ္ဓသာသနာသည် စဉ်ဆက်မပြတ် စည်ပင်တည်တံ့လာခဲ့သည်။ ယင်း ကာလမတိုင်မီကပင်
မြန်မာနိုင်ငံသို့ ဗုဒ္ဓသာသနာ ရောက်ရှိခဲ့ပြီး ဖြစ်စေကာမူ ထေရ၀ါဒထက် တန္တရ၊
မန္တရ၊ ၀ိဇ္ဇာယာန၊ မဟာယာနတို့ ကသာ ပို၍အားကောင်းခဲ့သည်။ ထို့အပြင်
ဗြာဟ္မဏ၀ါဒကလည်း ဗုဒ္ဓ၀ါဒနှင့် ထွေးရောယှက်တင် ရှိနေခဲ့သည်။

သို့သော် ပုဂံခေတ် အနော်ရထာဘုရင်လက်ထက်မှစ၍ ထေရ၀ါဒဗုဒ္ဓဘာသာသည်
မြန်မာ့သမိုင်းစဉ်တလျှောက် မြန်မာတိုင်းရင်းသား အများစုကြီး၏
ကိုးကွယ်ယုံကြည်ရာ ဘာသာတရားအဖြစ် တည်တံ့ပြန့်ပွားလာခဲ့သည်မှာ
ယနေ့တိုင်အောင်ပင် ဖြစ်တော့သည်။

၁၁-ရာစုမှစ၍ နိုင်ငံတစ်ခုအနေဖြင့် ကမ္ဘာ့သမိုင်းစဉ်တွင်
တစ်သီးတစ်ခြားရပ်တည်လာခဲ့သော မြန်မာနိုင်ငံသည် ၁၉-ရာစုအရောက်တွင်
တိုင်းတစ်ပါးသားတို့၏ ကိုလိုနီပြုခြင်းကို ခံခဲ့ရသည်။

လာရောက်စိုးမိုးအုပ်ချုပ်သူတို့မှာ တိုင်းတစ်ပါးသား
ဘာသာခြားလူမျိုးများဖြစ်ကြ သည့်အလျောက် သူတို့၏အရှိန်အ၀ါကိုအမှီပြုလျက်
ဘာသာခြားသာသနာပြုမစ်ရှင်များလည်း အလုံူးအရင်းနှင့်ဝင်ရောက်လာခဲ့ကြသည်။

သူတို့မှာ ကမ္ဘာပတ်၍ သာသနာပြုလာခဲ့ကြသူများ ဖြစ်သည့်အလျောက်
သာသနာပြုအတွေ့အကြုံရင့်ကျက်သူများဖြစ်ကြသည်။ နယ် မြေဒေသတစ်ခုတွင်
သာသနာပြုလုပ်ငန်း လုပ်တော့မည်ဆိုသည်နှင့် ယင်းနယ်မြေဒေသခံလူမျိုးတို့၏
ရှိရင်းစွဲအယူဝါဒ၊ ဘာသာတရား၊ အသုံးပြုသည့်စာပေ၊ ဘာသာစကားနှင့်
နယ်ခံယဉ်ကျေးမှုတို့ကို စေ့စပ်စွာလေ့လာကြသည်။ ထို့နောက်
သူတို့၏ဘာသာရေးစာပေ တို့ ကို ယင်းဒေသခံတို့သုံးစွဲရာ ဘာသာစကားဖြင့်
ပြန်ဆိုရေးသားဖြန့်ချိခဲ့ကြသည်။


ထိုစဉ်က သာသနာပြုမစ်ရှင်တို့သည် ဒေသခံတို့ မူလကိုးကွယ်ရာ
အိမ်ရှင်ဘာသာတရားကိုလည်း စေ့စပ်စွာလေ့လာကြသည်။ ထို့ နောက်
အိမ်ရှင်ဘာသာတရား၏ ဟာကွက်၊ပျော့ကွက်တို့ကိုလိုက်ရှာကြသည်။
အိမ်ရှင်ဘာသာတရား၏ အားနည်းချက်နှင့် သူတို့၏ ဧည့်ဘာသာတရား၏ အားသာချက်ကို
နှိုင်းယှဉ်ဟောပြော ရေးသားဖြန့်ချိကာ ဆွဲဆောင်သိမ်းသွင်းကြသည်။
ယင်းသာသနာပြုနည်း သည် ကမ္ဘာ့ဒေသအသီးသီးတွင် အလွန်အောင်မြင်ခဲ့ပေသည်။
ဒေသအတော်များများတွင် ဧည့်ဘာသာတရားက အိမ်ရှင်နေရာတွင်
အခန့်သားရောက်ရှိသွားပြီး မူလအိမ်ရှင်ဘာသာတရားမှာ ပျောက်ကွယ်လုနီးပါး
ဖြစ်သွားခဲ့ရသည်။ အချို့ဒေသများတွင် လုံးဝပျောက် ကွယ်သွားခဲ့ရသည်။

သို့သော် သူတို့၏သာသနာပြုနည်းသည် မြန်မာနိုင်ငံတွင် မအောင်မြင်ခဲ့ပေ။

မြန်မာတိုင်းရင်းသားတို့၏ ရာနှုန်းအနည်းငယ်မျှသာ ဧည့် ဘာသာဝင်အဖြစ်
ခံယူခဲ့ကြသော်လည်း အများစုကြီးမှာ မူရင်းဗုဒ္ဓဘာသာဝင်အဖြစ်နှင့်
ယနေ့ထက်တိုင် တည်တံ့နေခဲ့သည်။ ကမ္ဘာ တစ်ဝန်းဒေသအတော်များများတွင်
အောင်မြင်ခဲ့သော သူတို့၏သာသနာပြုနည်းသည် မြန်မာနိုင်ငံကျမှ
အဘယ့်ကြောင့်ထင်သလောက် မပေါက် ဖြစ်ခဲ့ရပါသနည်း။ သူတို့ကိုယ်ကို
ပြန်လည်သုံးသပ်ခဲ့သည်။ သူတို့၏အကြောင်းပြချက်မှာ မြန်မာတို့သည်
အစွဲအလမ်းကြီးသူ များ၊ အယူသီးသူများဖြစ်သောကြောင့်ဟုဆိုသည်။

သူတို့မညံ့သည်ကား မှန်ပါသည်။ သူတို့လာရောက်ဖြန့်ဖြူးသည့် ဘာသာတရားမှာလည်း
အတိုင်းအတာတစ်ခုအထိ လူသားတို့ လက်ခံဖွယ်ရာ ဘာသာတရားလည်းဖြစ်ပါသည်။
သို့သော် သူတို့၏သာသနာပြုလုပ်ငန်းများ မြန်မာနိုင်ငံတွင် မှန်းသလောက်
မပေါက် ခဲ့ခြင်းမှာ မြန်မာတိုင်းရင်းသားတို့ အယူသီး၍ကား မဟုတ်ပါချေ။

မြန်မာတို့၏အိမ်ရှင်ဘာသာတရားဖြစ်သော ထေရ၀ါဒဗုဒ္ဓဘာသာသည် ဧည့်ဘာသာတရားက
မည်သို့မျှဟာကွက်ရှာထိုးဖောက်၍ မရနိုင်လောက်အောင်
အဆင့်အတန်းမြင့်နေသောကြောင့်သာဖြစ်ပါသည်။ ထေရ၀ါဒဗုဒ္ဓဘာသာတွင်
တိကျခိုင်မာသော သဘောတရားရေးလမ်းညွှန်ချက် (ပရိယတ္တိသာသနာ)နှင့်
လက်တွေ့ကျင့်စဉ် (ပဋိပတ္တိ သာသနာ)တို့ ပီပြင်စွာရှိနေသည်။
လက်တွေ့ကျင့်စဉ်ကို သဘောတရားက လမ်းညွှန်မှုပြုလျက်ရှိပြီး
သဘောတရား၏မှန်ကန်မှုကို လက်တွေ့ကျင့်စဉ်မှထွက်ပေါ်လာသည့် အကျိုးတရား
(ပဋိဝေဓသာသနာ)က သက်သေထူလျက်ရှိသည်။


အချို့ဒေသများမှာကား ဗုဒ္ဓဘာသာ ထွန်းကားသည်ဟုဆိုစေကာမူ သာသနာသုံးရပ်
ပြည့်စုံစွာမတည်ရှိပေ။ သူတို့ခံယူရာသဘော တရား မှာ မူရင်းဗုဒ္ဓဘာသာမှ
သွေဖည်လွဲချော်လျက်ရှိသည်။ သဘောတရား မမှန်တော့ ကျင့်စဉ်မှာလည်း
တလွဲတချော်၊ ထွက်ပေါ်လာသော ရလဒ်ကလည်း အကျိုးမဲ့လျက် မိရိုးဖလာယဉ်ကျေးမှု
ဓလေ့တစ်ရပ်အဖြစ်သာ သဘောထားခံယူနေကြသည်။ ဤသို့သောဒေသတို့တွင် ကား
ဧည့်သည်ဘာသာ သာသနာပြုတို့ အလွယ်တကူအောင်ပွဲခံနိုင်ခဲ့ကြသည်။

ဒေသခံတို့ကလည်း ဧည့်ဘာသာတရားနှင့် သူတို့ လက်ရှိခံယူထားသော
အိမ်ရှင်ဘာသာတို့အား နှိုင်းယှဉ်သုံးသပ်လိုက်ရာ ဧည့်ဘာသာတရားက
များစွာအားသာမှု၊ ခေတ်နှင့်လျော်ညီမှု ရှိကြောင်းတွေ့ရှိရပေရာ
မူရင်းဘာသာကို အလွယ်တကူ စွန့်လွှတ်ခဲ့ကြသည်။

ကျွန်ုပ်တို့ မြန်မာနိုင်ငံတွင်လည်း ထေရ၀ါဒမဟုတ်သော
အမည်ခံဗုဒ္ဓဘာသာတစ်ခုခုသာ ထွန်းကားခဲ့ပါက ယခုလောက်ဆိုလျှင် ဗုဒ္ဓ ဘာသာသည်
မိရိုးဖလာကို ဇွတ်မှိတ်လက်ခံတတ်သော မြန်မာတိုင်းရင်းသား
အနည်းစုကိုးကွယ်ရာ ခေတ်မမီတော့သည့် ဘာသာတရား တစ်ခုအဖြစ်သာ
ရှိနေပေလိမ့်မည်။ တိုင်းရင်းသား အများစုကြီးမှာ ဧည့်ဘာသာတရား၏
စည်းရုံးသိမ်းသွင်းမှုအောက်သို့ အလွယ်တကူ ရောက်ရှိသွားမည်မှာ
မြေကြီးလက်ခတ်မလွဲပင် ဖြစ်ပေသည်။


၁၉-ရာစု ကိုလိုနီစနစ်တွင် ဘာသာတရားတို့သည် ကိုလိုနီအပြုခံသူများအား
စည်းရုံးသိမ်းသွင်းရာ၌ အရေးပါသောနိုင်ငံရေးလက်နက် တစ်ခုအဖြစ်လည်း
အသုံးချခြင်းခံခဲ့ရကြောင်းတွေ့ရှိရသည်။ စိုးမိုးအုပ်ချုပ်သူတို့သည်
သူတို့အုပ်ချုပ်ခြင်းကိုခံယူရသည့် ကိုလိုနီနိုင်ငံ သားတို့အား
သူတို့၏ဘာသာ၊ သူတို့၏ယဉ်ကျေးမှုဓလေ့စရိုက်ကို အထင်ကြီး
လေးစားလာစေလိုကြသည်။ သူတို့ကိုယ်ကို သာသနာ
ပြုမင်းများ၊ကယ်တင်ရှင်ကြီးများအဖြစ် ဒေသခံတိုင်းရင်းသားတို့က
ယုံကြည်လေးစားလာစေခြင်းဖြင့် ကိုလိုနီအုပ်ချုပ်ရေးစနစ် တည်ငြိမ် မှုကို
များစွာအထောက်အကူပြုစေခဲ့ကြသည်။ ထို့ကြောင့်လည်း မြန်မာနိုင်ငံကို
၁၉ရာစုက လာရောက်ကိုလိုနီပြုခဲ့သူတို့သည် သူတို့၏ ဧည့်ဘာသာသို့
မြန်မာတိုင်းရင်းသားများ ကူးပြောင်းဝင်ရောက်လာစေရေးအတွက် ဧည့်ဘာသာ
သာသနာပြုမစ်ရှင်များကို တိုက်ရိုက် ရော၊ သွယ်ဝိုက်၍ပါ
အားပေးအားမြှောက်ပြုခဲ့ကြသည်။


မြန်မာနိုင်ငံတွင် ထေရ၀ါဒဗုဒ္ဓဘာသာ ထွန်းကားခဲ့၍သာလျှင်
မြန်မာတိုင်းရင်းသားတို့သည် ဘာသာရေးကိုယ်ခံအား ကောင်းခဲ့ခြင်းဖြစ်ပါ သည်။
မြန်မာ့ယဉ်ကျေးမှုသည်လည်း ထေရ၀ါဒဗုဒ္ဓသာသနာ အဆုံးအမအောက်တွင်
ထွန်းကားလာရခြင်းဖြစ်ရာ အကယ်၍သာ ထေရ ၀ါဒ ဗုဒ္ဓဘာသာနေရာတွင်
အခြားဗုဒ္ဓဘာသာဂိုဏ်းကွဲတစ်ခုခု တည်ရှိနေခဲ့ပါလျှင်
ကျွန်ုပ်တို့၏မြန်မာတိုင်းရင်းသားအများစုကြီးသည် ၁၉-ရာစုကပင်
ဧည့်ဘာသာသာသနာပြုတို့၏ စည်းရုံးသိမ်းသွင်းမှုအောက်သို့ အလွယ်တကူ
ကျရောက်သွားမည့်အပြင် ဗုဒ္ဓ၀ါဒကိုအခြေခံ သောမြန်မာ့ယဉ်ကျေးမှုသည်လည်း
ထိုစဉ်ကပင် အနောက်တိုင်းယဉ်ကျေးမှုအောက်သို့ ရောက်ရှိသွားမည်သာ ဖြစ်သည်။


ဘာသာတရားနှင့် ယဉ်ကျေးမှုတို့ကို ၀ါးမျိုသိမ်းသွင်းခြင်းခံရသော
လူမျိုးတစ်မျိုးအနေနှင့် မည်သည့်အခါမျှ မျိုးချစ်စိတ်နှင့် လွတ်လပ်
ရေးရယူလိုသောစိတ်တို့ အညွန့်တက်လာတော့မည်မဟုတ်ချေ။ ကိုလိုနီပြုသူနှင့်
ကိုလိုနီအပြုခံရသူတို့အကြား ကွဲပြားသောအမြင် မရှိတော့သည့်အလျောက်
ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးအား ကိုလိုနီဘ၀မှ လွတ်မြောက်အောင်
အားထုတ်ကြိုးပမ်းလိုစိတ်လည်း ရှိတော့ မည်မဟုတ်ပေ။

သို့ဖြစ်ရာ မြန်မာနိုင်ငံ၌ ထေရ၀ါဒ ဗုဒ္ဓဘာသာ မတည်တံ့ခဲ့လျှင်
မြန်မာနိုင်ငံနှင့် မြန်မာတိုင်းရင်းသားတို့သည် တိုင်းတစ်ပါးသားတို့၏
ကိုလိုနီပြုခြင်းကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်သည့်နည်းဖြင့်ဖြစ်စေ၊
ယနေ့ထက်တိုင် ဆက်လက်ခံစားနေရမည်သာ ဖြစ်ပါသည်။ ထို့ကြောင့်
မြန်မာတိုင်းရင်းသားထုကြီးအနေဖြင့် မိမိတို့၏အမျိုးဘာသာ၊ သာသနာနှင့်
ယဉ်ကျေးမှုတို့ကို အဓွန့်ရှည်စွာ တည်တံ့ခိုင်မြဲ စေလိုပါလျှင် ထေရ၀ါဒ
ဗုဒ္ဓသာသနာ၏ ကျေးဇူးတရားကို အစဉ်မမေ့ဘဲ အဓွန့်ရှည်စွာတည်တံ့ခိုင်မြဲစေရန်
အားထုတ်ကြိုးပမ်းသင့်လှ ကြောင်း တင်ပြလိုက်ရပါသည်။


ဝင်းသိန်းဦး
(ဓမ္မရံသီ၊ အမှတ်-၁၃၀၊၂၀၀၀ပြည့်နှစ်၊အောက်တိုဘာလ။)























Thursday, December 15, 2011

လူမျိုးဆိပ်သုဉ်းပျောက်ကွယ်ရေးဘဝ

'ကိုလိုနီ' (colony) ဆိုလျှင် အင်အားကြီးနိုင်ငံတခုက
တခြားအင်အားငယ်နိုင်ငံတခုကို (သို့မဟုတ်) နိုင်ငံအများကို သဘောတူ
သည်ဖြစ်စေ၊ မတူသည်ဖြစ်စေ၊ စစ်ရေးအရကျူးကျော်ဝင်ရောက်သိမ်းပိုက်ပြီး
အချုပ်အချာကို သိမ်းချုပ်ကာ လက်အောက်ခံ နိုင်ငံပြု လုပ်သည်ဟု ယေဘူယျ
နားလည်ကြသည်။ 'ကုန်ကြမ်းထုတ်-ကုန်ချောယူ' ဆိုသည့်
စီးပွါးရေးအရသော်လည်းကောင်း၊ စစ်ရေးအရ 'အစောင့်ရှောက်ခံနိုင်ငံ' အဖြစ်
လည်းကောင်းသို့မဟုတ် 'ရှေ့တန်းစစ်စခန်း' အဖြစ် လည်းကောင်း၊
နှစ်ခုစလုံးအတွက်သော် လည်းကောင်းနိုင်ငံတကာ နယ်ချဲ့များ ကျင့်သုံးခဲ့သည့်
နယ်မြေဖြစ်သည်။

ယဉ်ကျေးသောနယ်ချဲ့များသည် မိမိတို့အကျိုးအမြတ်ရရှိရေးအတွက်
နယ်ချဲ့ခံနယ်မြေများ တိုးတက်ရေးကို အာရုံစိုက်ခဲ့ကြသည်။
လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊အုပ်ချုပ်ရေး၊ ကုန်သွယ်ရေး၊
ယဉ်ကျေးမှုအဖက်ဖက်မှ ဒေသခံများ တိုးတက်အောင် ဖန်တီးခဲ့သည်။
ဒေသခံအလိုတော်ရိများ တိုးတက်လေ နယ်ချဲ့များ
အကျိုးအမြတ်ရလေ။တချိန်တည်းတွင် အလိုတော်ရိမဟုတ်သော ဒေသခံများ အမြင်
ကျယ်လာလေ လွတ်လပ်ရေးတိုက်ပွဲများ ပေါ်ထွန်းလေဖြစ်ခဲ့သည်။ သို့ဖြစ်၍
မတိုးတက်သောဒေသများတွင် ဒေသငယ်မှ ဒေသကြီး၊ မြို့ပြနိုင်ငံမှ
အမျိုးသားနိုင်ငံအဆင့် မြင့်မားခဲ့ရသည်။ လွတ်လပ်သောအမျိုးသားများနိုင်ငံ၊
ဓနသဟာယနိုင်ငံ၊ အစောင့် အရှောက်ခံနိုင်ငံ များ ပေါ်ထွန်းလာခဲ့ကြသည်။
မတူကွဲပြားခြားနားသော ယဉ်ကျေးမှု ရိုးရာဓလေ့များ၊ လူနည်းစုများ ရှင်သန်
တည်တံ့ ရေးကို အလေး ပေးခဲ့သည်။

ကောင်းကျိုးများရှိခဲ့သလို ဆိုးကျိုးများလည်း အမြောက်အများ ရှိခဲ့သည်။
နယ်ချဲ့ခံနိုင်ငံများ၏ လူသားအရင်းအမြစ်များ၊ သဘာဝ အရင်း အမြစ်များကို
နယ်ချဲ့နိုင်ငံများကသူတို့အကျိုးအမြတ်အတွက် ဖက်စုံအသုံးချခဲ့ကြသည်။
နယ်မြေများကိုမူ ဒေသခံပြည်သူ များဆန္ဒမပါဘဲ သူတို့အုပ်ချုပ်ရလွယ်အောင်
အခြမ်းခြမ်း စိတ်ဖြာခဲ့သည်။ စိတ်ပိုင်းဆိုင်ရာအရကိုလိုနီကျွန်စိတ်များ
သွင်းထားခဲ့သည်။ နယ်ချဲ့များကို အရှင်သခင်းများဟု အမြင်ရောက်စေခဲ့သည်။
တော်လှန်လိုစိတ်များ ကင်းမဲ့အောင် ဖန်တီးထားခဲ့သည်။

(၁၉၆၀) ခုနှစ်တွင် ကမ္ဘာ့ကုလသမဂ္ဂမှ နိုင်ငံတကာနယ်ချဲ့စနစ် (International
Colonialism) ချုပ်ငြိမ်းသွားပြီးဟု ကြေငြာလိုက်ချိန် တွင်
မလွတ်လပ်သေးသော လွတ်လပ်ရေးတိုက်ပ၀ွဲ င် နိုင်ငံများအတွက်
အကျပ်ရိုက်သွားခဲ့ရသည်။ ယင်းအချိန်တွင် ကမ္ဘာကြီး၌အုပ်စု (၃) စု
ခွဲထားသည်။ အရင်းရှင်ကမ္ဘာကို ပထမကမ္ဘာ (1st World)၊ ဆိုရှယ်လစ် ကမ္ဘာကို
ဒုတိယကမ္ဘာ (2nd World)၊ လွတ်လပ်စ နိုင်ငံများကမ္ဘာကို တတိယကမ္ဘာ (3rd
World) ဟူ၍ ခွဲခြားထားခဲ့ကြသည်။သို့သော် လွတ်လပ်စကမ္ဘာတွင် မလွတ်လပ်သေး
သော အမျိုးသားများ မြောက်မြားစွာ ရှိသေးသည်။ သမိုင်းအရ
ကိုယ့်မင်းကိုယ့်ချင်းနှင့် နေလာသော အမျိုးသားများကိုပြည်သူ့ဆန္ဒမပါဘဲ
ကမ္ဘာ့နယ်ချဲ့များက ဤတတိယကမ္ဘာတွင် ထည့်သွင်းထားခဲ့ ကြသည်။သူတို့သည်
မလွတ်လပ်သေးသော ကိုလိုနီများ ဖြစ်ကြသည်။ သို့သော်
ကမ္ဘာ့ကိုလိုနီစနစ်ချုပ်ငြိမ်းသွားပြီဟုကြေငြာချိန်တွင်
ဒေသန္တရကိုလိုနီနယ်ချဲ့များ (regional colonists) အောက်တွင် ၎င်း
တို့ရှိနေခဲ့သည်။

ဤလွတ်လပ်စကမ္ဘာများသည် ကမ္ဘာ့နယ်ချဲ့များက ဒေသခံပြည်သူများ (၀ါ)
လူမျိုးများဆန္ဒကိုမယူဘဲ သူတို့အုပ်ချုပ်ရေးအဆင်ပြေမှု၊ နယ်ချဲ့အချင်းချင်း
သဘောတူညီမှုများအပေါ်အခြေခံပြီး နယ်မြေများခွဲခြားမှုအပေါ် လူမျိုးတမျိုးထက်
ပို၍နေထိုင်သော တိုင်းပြည်များ ဖြစ်ကြသည်။ ဤတိုင်းပြည်များတွင် တချို့က
လူ့အခွင့်အရေး၊ ဒီမိုကရေစီအရေး၊
ကိုယ့်ကြမ္မာကိုယ်ဆုံးဖြတ်ပိုင်ခွင့်ရရှိရေးကို အာမခံချက် ရှိပြီး
နိုင်ငံရေးအရ တန်းတူအခွင့်အရေးများရှိသော ဖယ်ဒရယ်နိုင်ငံအဖြစ်လည်းကောင်း၊
ကွင်ဖယ်ဒရယ်နိုင်ငံအဖြစ် လည်းကောင်းတည် ဆောက်နိုင်ကြပြီး၊
ဤအခွင့်အရေးများ မပေးသော နိုင်ငံများမှာ ဒေသန္တရ ကိုလိုနီစနစ် (regional
colonialism) ကို ဆက်လက် ကျင့် သုံးသွားကြသည်။

သို့သော် ကမ္ဘာက ၎င်းဒေသန္တရကိုလိုနီနယ်ချဲ့များ (regional colonists)ကို
နယ်ချဲ့များဟု မသတ်မှတ်ကြသဖြင့် သူတို့သည် 'ဖုန်း ကွယ်ခံနယ်ချဲ့များ
(hidden colonists)' ' ဖြစ်လာခဲ့သည်။ သူတို့လက်အောက်
နယ်ချဲ့ခံအမျိုးသားများသည် 'ဖုန်းကွယ်ခံ ကျွန်ပုန်း ကိုလိုနီ(hidden
colony)'' ဖြစ်လာခဲ့ရသည်။ ဤသည်ကို စတုတ္ထကမ္ဘာ (4th world)ဟု သတ်မှတ်ရမည်။

ယနေ့ကမ္ဘာတွင် 'ကိုယ်စား ပြုမခံရသော အမျိုးသားများနှင့်
ပြည်သူများအဖွဲ့(Unre -presented Nations and Peoples Organization –
UNPO) သည် စတုတ္တကမ္ဘာ (4th world)အဖွဲ့ဝင် ကျွန်းပုန်းကိုလိုနီများအသင်း
ဖြစ်သည်။ တနည်းပြောရလျှင် မလွတ်လပ်သေးသော ကျွန်ပုန်းကိုလိုနီ များ၏
ကမ္ဘာ့ကုလသမဂ္ဂ (shadowed UN)ဖြစ်သည်။ ဤအ၀န်းအ၀ိုင်းကလွတ်လပ်သွားလျှင်
ကုလသမဂ္ဂအဖွဲ့ (UNO)၏ အဖွဲ့ဝင် ဖြစ်သွားမည်။ (၁၉၉၈) ခုတွင့်UNPO၏
ကြွေးကြော်သံသည် 'လွတ်လပ်သောနိုင်ငံများ ပြည်ထောင်စု' (Federation of
Independent States – FIS) ဖြစ်လာသည်။

ငါတို့ ရခိုင်ပြည်အမျိုးသား ညီညွတ်ရေးပါတီ (NUPA) ၏
သဘာပတိကြီးဦးမောင်စိန်ညွှန့်က (၁၉၉၆) ခုတွင် 'လွတ်လပ်သောလူမျိုးများ
ဆန္ဒအလျောက် ပူးပေါင်းနေထိုင်သောစနစ်' (Voluntary association of Free
Nations) ကို ကျင့်သုံးသွားမည်ဟု မဟာမိတ်များ
ဖြစ်သောကရင်အမျိုးသားအစည်းအရုံး( KNU)
ကရင်နီအမျိုးသားတိုးတက်ရေး(KNPP)ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) မွန်ပြည်
သစ်ပါတီ (MNSP) လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS) နှင့်
ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (PLF) တို့နှင့် တွေ့ဆုံစဉ်ပြော
ကြားခဲ့ဖူးသည်။ ယနေ့ ဗမာပြည်ထောင်စုခေါ် နိုင်ငံတွင် ရှမ်း၊ ချင်း၊ ကချင်၊
ကရင်၊ကရင်နီ၊ မွန်၊ ရခိုင်တို့သည် ကျွန်ပုန်းကိုလိုနီများ ဖြစ် ကြသည်။
စစ်အာဏာရှင်သည် နယ်ချဲ့ပုန်း (Hidden Colonist) ဖြစ်သည်။
ဤကျွန်ပုန်းကိုလိုနီစနစ် (Hidden Colonialism) တွင် နယ်ချဲ့စစ်အာဏာရှင်
နအဖက ဗမာမဟုတ်သောလူမျိုးကို ဗမာမှုပြု (Burmanization)
ရန်အောက်ပါစနစ်များကို ကျင့်သုံး နေသည်။

(၁) ဗမာရုံးသုံးအမျိုးသားရေးဝါဒ (Burma Official Nationalism)
(၂) ဗမာဒေသကို စီးပွါးရေးအရ ဗဟိုပြုဝါဒ (Economic Centralism)
(၃) ယဉ်ကျေးမှုအရ ၀ါးမျိုမှု (Cultural Hegemonism)
(၄) ကိုလိုနီ သွေးသားရောနှောမှု (Colonial assimilation) များကို ကျင့်သုံးနေသည်။

အကျိုးဆက်အဖြစ် နအဖ စစ်အာဏာရှင်လက်အောက် ကျွန်ပုန်းကိုလိုနီများသည်
အောက်ပါစနစ်ဆိုးအောက်တွင် ဗမာမှုပြုခြင်း (Burmaniztion) ခံနေရသည်။

(၁) တဆင့်ခံလူမျိုးငယ်များ (Sub-nation Status)
(၂) ရွေ့ပြောင်းအလုပ်သမားများ (Migrant Workers)
(၃) ယဉ်ကျေးမှု ဓလေ့ထုံးစံများ ဖျက်ဆီးခံရခြင်း (Cultural Genocide)
(၄) လူမျိုးပျောက်ကွယ်ခြင်း (National Extinction of Ethnic Cleansing)
အထိ ရောက်သွားရမည်။

ဗမာ့ရုံးသုံးအမျိုးသားရေးဝါဒ (Burma Official Nationalism)
"ဗမာပြည်သည် တို့ပြည်၊ ဗမာစကားသည် တို့စကား၊ ဗမာစာသည် တို့စာ၊ ဗမာပြည်ကို
ချစ်ပါ၊ ဗမာစကားကို လေးစားပါ၊ ဗမာစာကို မြတ်နိုးပါ။" ဟူ၍
အုပ်ချုပ်သူဗမာပါလီမန်အစိုးရသော်လည်းကောင်း၊
စစ်အာဏာရှင်အစိုးရသော်လည်းကောင်း၊ ကြွေးကြော်ကျင့်သုံး ခဲ့ကြသည်။

ဗမာပြည်လွတ်လပ်ရေးအတွက် တိုက်ပ၀ွဲ င်နေသည့်ကာလတွင်ဗမာလူမျိုးတရပ်လုံးကို
အမျိုးသားရေးစိတ်ဓာတ် တက်ကြွ စေရန်သုံးခဲ့စဉ်
မှန်ခဲ့သလောက်လွတ်လပ်ရေးရပြီးနောက် ဆက်လက်ကျင့်သုံးခြင်းသည်
အခြားတိုင်းရင်းသားများအား "၀ါးမျိုရေး" မူကို ကျင့်သုံးရာ ရောက်သည်။
ယနေ့ဗမာမဟုတ်သော တိုင်းရင်းသားဒေသများတွင် ဤကြွေးကြော်သံများနှင့်အတူ
နအဖစစ်အစိုးရက "ဗမာ မှု" လုပ်နေသဖြင့် ဗမာမဟုတ်သော
တိုင်းရင်းသားဒေသများတွင် ဤကြွေးကြော်သံများနှင့်အတူ နအဖစစ်အစိုးရက
"ဗမာမှု" လုပ်နေ သဖြင့် ဗမာမဟုတ်သောတိုင်းရင်းသားများသည် "လူမျိုးငယ်များ"
(Subnations) အဆင့် သို့ လျော့ကျခဲ့ရသည်။ မိမိတို့၏
ယဉ်ကျေးမှုဓလေ့ထုံးစံများ၊ စာပေများ၊အမျိုးသားလက္ခဏာများ ၀ါးမျိုခံခဲ့ရသည်။
အမျိုးသားရေးစိတ်ဓာတ်များ လျော့ရဲခဲ့ရသည်။ နောက်ဆုံး
မိမိတို့အမျိုးသားကို မြတ်နိုးစိတ် ကုန်ခမ်းခဲ့ရသည်။ ဤသည်မှာ
မိမိတို့လူမျိုးပျောက်ကွယ်မည့်လမ်းကို ရှေးရှုနေခြင်း ဖြစ်သည်။

ဗမာဒေသကို စီးပွါးရေးအရ ဗဟိုပြုဝါဒ (Economic Centralism)
လမ်းပန်းဆက်သွယ်ရေးသည် နိုင်ငံတနိုင်ငံ၏ စီးပွါးရေး အသက်သွေးကြောဖြစ်သည်။
လမ်းပန်းဆက်သွယ်ရေး အဖြတ်တောက်ခံရ သောဒေသသည် စီးပွါးရေးပျက်ပြိုရ
မည်သာဖြစ်သည်။ လမ်းပန်းဆက်သွယ်ရေးကို အမှီသဟဲပြုနေရသော
စီးပွါးရေးလုပ်ငန်းရှင်များ စီးပွါးပျက်ရသည်။ သို့ဖြစ်၍
လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်သောဒေသသို့ပြောင်းရွေ့သွားရသည်။
စက်ရုံအလုပ်ရုံမရှိသောဒေသ သည် ကုန်ကြမ်းထုတ်၊ ကုန်ချောပို့ခံရသော
ကိုလိုနီဈေးကွက် ဖြစ်ရသည်။ ယင်းဒေသမှ ပညာတတ်များသည် အလုပ်လက်မဲ့ဖြစ်ပြီး
စက်ရုံအလုပ်ရုံရှိရာဒေသသို့ ရွေ့လျားသွားကြသည်။ ယနေ့ဗမာဒေသကို
လမ်းပန်းဆက်သွယ်ရေး အကောင်းဆုံးဖြစ်အောင်လုပ်ထား သည်။
ကုန်ချောထုတ်စက်ရုံများ ဗမာဒေသတွင် ဗဟိုပြုတည်ဆောက်ထားသည်။
စီးပွါးရေးဗဟိုချက်မ ဖြစ်အောင် ဖန်တီးထားသည်။

ဗမာမဟုတ်သော တိုင်းရင်းသားများဒေသမှ စီးပွါးရေး အဆင်မပြေသူများ၊
အလုပ်လက်မဲ့များ၊ ပညာတတ်များ ဗမာဒေသသို့ မလွဲမရှောင် သာ
ရွေ့ပြောင်းလာခဲ့ရသည်။ တိုင်းရင်းသားများဒေသတွင်
လူဦးရေလျော့နည်းခဲ့ရသည်။ ဦးနှောက်ယိုစီးမှုများ ဖြစ်ခဲ့ရသည်။ တိုင်းရင်း
သားများဒေသ၌ အတတ်ပညာရှင်များ၊ အသိပညာရှင်များ မိမိမြေကို
စွန့်ခွါသွားကြရသည်။

ယဉ်ကျေးမှုအရ ၀ါးမျိုမှု (Cultural Hegemonism)
ဗမာစာကို ရုံးသုံးစာ၊ ဗမာစကားကို ရုံးသုံးစကား၊ ဗမာယဉ်ကျေးမှုကို
အမျိုးသားယဉ်ကျေးမှုအဖြစ် အသိအမှတ်ပြုလိုက်ရာမှ တခြား ဗမာမဟုတ်သော
တိုင်းရင်းများ၏စကား၊ စာပီ၊ ယဉ်ကျေးမှုစသော အမျိုးသားလက္ခဏာများ
မှေးမှိန်သွားခဲ့ရသည်။ ယဉ်ကျေးမှု ၀ါးမျို ခံလိုက်ရသည်။ ဤသည်
လူမျိုးတမျိုး၏ အမျိုးသားရေးစိတ်ဓာတ်ကို ချိုးနှိမ်ခံလိုက်ရခြင်းဖြစ်သည်။
မျိုးချစ်စိတ်ဓာတ် ကျဆင်းစေသည်။ အခြားတဖက်တွင်
ဗမာမှုပြုခြင်းကိုအထင်းကြီးစိတ်ဖြစ်ပေါ်စေသည်။ မိမိလူမျိုးနှင့်
ယဉ်ကျေးမှုကို အထင်သေးအမြင်သေး ဖြစ်စေသည်။

ကိုလိုနီသွေးသားရောနှောမှု (Colonial Assimilation)
ဤကဲ့သို့ ဗမာအမျိုးသားရေးကို ပြည်ထောင်စု၏ ရုံးသုံးအမျိုးသားရေးအဖြစ်
ဖန်တီးထားခြင်း၊ ဗမာပြည်ကို စီးပွါးရေးဗဟိုချက်မ ဖန်တီး လိုက်ခြင်း၊
ဗမာယဉ်ကျေးမှုကိုနိုင်ငံတော်ယဉ်ကျေးမှုအဖြစ် သတ်မှတ်လိုက်ခြင်းများသည်
ဗမာမဟုတ်သော အခြားတိုင်းရင်းသားများ၏ ဘ၀တည်ငြိမ်မှုကို ပျက်စီးစေသည်။
၎င်းတို့၏ ယဉ်ကျေးမှုများကို ၀ါးမျိုလွှမ်းမိုးလိုက်ခြင်းသည်
ထိုလူမျိုးများကို ပျောက်ပျက်စေသည်။
တိုင်းရင်းသားလူမျိုးများသည်အသိတရားအရသော်လည်းကောင်း၊
ရုပ်ဘ၀အရသော်လည်းကောင်း၊ ခံစားချက်၊ ခံယူချက်များ ပြောင်း လဲခဲ့ရသည်။
အမျိုးသားဘ၀ ပျောက်ကွယ်ခဲ့ရသည်။

သို့ဖြစ်၍ ကျွန်ပုန်းကိုလိုနီဘ၀ ကျေ ရာက်နေသော အမျိုးသားများ၏
နောက်ဆုံးဘ၀မှာ 'လူမျိုးဆိပ်သုဉ်းရေး (၀ါ) လူမျိုးပျောက်ကွယ် ရေး'
ဖြစ်သည်။ ငါတို့သည် မိမိတို့လူမျိုး ဆိတ်သုဉ်းပျောက်ကွယ်ရေးလမ်းကြောင်းမှ
ငါတို့လူမျိုးကို ကယ်တင်ရမည်။ ဤလုပ်ငန်းသည် မျိုးဆက်တဆက်ပြီးတဆက်
လက်ဆင့်ကမ်းဆောင်ရွက်ရသည့် သမိုင်းပေးတာဝန်ဖြစ်သည်။ ငါတို့သည်
နောင်မျိုးဆက်များအား 'အရှုံးပေးဝါဒ' (Defeatism) ကို သမိုင်းဆိုးမွေအဖြစ်
မပေးအပ်။ ငါတို့၏ အဘိုးအဘေးများသည် ငါတို့ကို ဤဆိုးမွေများ မပေးခဲ့၍
ယနေ့တိုင် အမျိုးသားဘ၀ အာမခံချက်ရှိမည့် အမျိုးသားရေးတာဝန်များကို
ထမ်းဆောင်ရန်တာဝန်ပေးခဲ့သဖြင့် ဆက်လက်ထမ်းဆောင် နေခြင်း ဖြစ်သည်။
နောင်မျိုးဆက်များကိုလည်းဆက်လက် လက်ဆင့်ကမ်းရဦးမည်။

နိဂုံးချုပ်ရလျှင် နိုင်ငံတကာကိုလိုနီစနစ်တွင် လူမျိုးများ
ရှင်သန်တိုးတက်မှုရှိခဲ့သလောက် ဒေသန္တရကိုလိုနီစနစ်တွင် တနည်း ကျွန်ပုန်း
ကိုလိုနီစနစ်တွင် လူမျိုး ဆိပ်သုဉ်းရေးကို ဖြစ်ပေါ်စေသည်ဖြစ်၍
ငါတို့အမျိုး မပျောက်ပျက်၊ မဆိပ်သုဉ်းရအောင် အမျိုးသားတည် တံ့
ရှင်သန်ရေးအတွက် ငါတို့နှင့်တကွ နောင်မျိုးဆက်များသည် အဆပေါင်းများစွာ
ဆက်လက် တိုက်ပွဲဝင်ကြရဦးမည် ဖြစ်သည်။ ငါတို့၏ အမျိုးသားဘဝ
ရှင်သန်ရေးအတွက် တိုက်ပွဲဝင်ရာတွင် ပထမအဆင့်အနေဖြင့် လူမျိုး
မပျောက်ပျက်ရအောင် ဘက်ပေါင်းစုံမှ ခုခံ ကာကွယ်ရမည်မှာ
လက်ငင်းတာဝန်ဖြစ်သည်။

"ကိုယ့်ကြမ္မာ ကိုယ်ဆုံးဖြတ်ဖန်တီးခွင့်မရှိသောလူမျိုးတမျိုးသည်
ဂုဏ်ကျက်သရေလည်း မရှိ၊ တန်းတူရေးလည်း မရှိ၊ အမျိုးသားဘ၀ လုံခြုံရေးနှင့်
နယ်မြေတည်တံ့ ခိုင်မြဲရေးလည်း အာမခံချက်မရှိ။"
(မှတ်ချက်။ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ "ဗမာမှု" ပြုခံရသော
ရခိုင့်လူ့အဖွဲ့အစည်း၏ ဖြစ်ရပ်များ။)

(၁) ယခင်ကာလက ရခိုင့်လူ့အဖွဲ့အစည်းမှ ရခိုင်တို့သည် ရခိုင်ပြည်တွင်
အလုပ်လက်မဲ့ဘ၀ကို ဖြေရှင်းနိုင်ရန်အတွက် ရွင့်ကျာ (Migrants) ဘ၀ဖြင့်
စီးပွါးရေး ဗဟိုချက်မအဖြစ်ဖန်တီးထားသော ဗမာဒေသသို့ မလွှဲမရှောင်သာ
ရွေ့လျားသွားကြသည်။ သူတို့သည် မည်သည့် နေရာသို့ပင် ရောက်ရောက်
အိမ်ထောင်ပြုချိန်ရောက်လျှင် မိမိတို့ဆွေမျိုးသားချင်းသော်လည်းကောင်း၊
မိမိရပ်ရွာမှသော်လည်း ကောင်း လာရောက်အိမ်ထောင်ပြုလေ့ ရှိကြသည်။
လူမျိုးခြား၊ ဘာသာခြားများကို အိမ်ထောင်ပြုလေ့ မရှိ။ ရှားရှားပါးပါး
ပြုခဲ့မိလျှင်လည်း ၎င်း မိသားစုသည် ရခိုင်မိသားစုသာဖြစ်ခဲ့ရသည်။ ယခုကာလတွင်
လုံးဝပြောင်းလဲခဲ့ပြီ။ ရခိုင်-ရှမ်း၊ ချင်း-ရခိုင်၊ မွန်-ရခိုင်၊
ကရင်-ရခိုင် စသည်ဖြင့် အိမ်ထောင်ပြုမိခဲ့လျှင်သော်မှရလာသော သား၊ သမီးများ
ဗမာဖြစ်သွားရသည်။ ယင်းထက်ဆိုးဝါး သည်မှာ အမိရခိုင်၊ အဖ
ရခိုင်ဖြစ်လျက်နှင့် "ကျွန်တော် ဗမာ" ဖြစ်နေကြပြီ။ မိဖများ ထိန်းသိမ်းမှု
အရေးကြီးလာသည်။

(၂) ယခင်က ရခိုင်တို့သည် မိမိဘာသာစကားကို အမြတ်တနိုး တန်ဖိုးထား
ပြောကြသည်။သား၊ သမီးများကို အပြင်တွင် ဗမာစကား (သို့မဟုတ်)တခြားဘာသာစကား
ပြောချင်သလောက်ပြော ပြဿနာမရှိသော်လည်း အိမ်ကိုရောက်လျှင် ရခိုင်စကား
(မိခင်စကား)ကိုသာ ပြောစေသည်။ ယခုမူ သား၊ သမီးများ ဗမာစကား (၀ါ)
ဘာသာခြားစကား အိမ်တွင်ပြောနေသည့်အခါ နားထောင်ကောင်းသလို မိဘများ က
လိုက်ပြောကြသည်။ မိဘများကိုယ်တိုင် ဘာသာခြားစကားကို လိုလိုချင်ချင်
ပြောနေကြပြီ။ တချို့ဆိုလျှင် ရခိုင်ပြည်မှဗမာပြည်ဖက် ကူးသည်နှင့်
ရခိုင်စကား မပြောတော့ပေ။ ယင်းထက်ဆိုးသည်မှာ ရခိုင်အသံနှင့်ထိန်း၍ မရ။
ဗမာအသံဖြင့် ထိန်းမှရသည့် အဆင့်ဖြစ်နေ သည်။

(၃) စာပေနှင့် ပတ်သက်လာလျှင် ယနေ့ဗမာစာသည်ပင်လျှင် ရခိုင်စာဖြစ်နေသည်။
ဗမာစာမူလသည် ရခိုင်စာဖြစ်သည်။ မြစေတီ ကျောက်စာက သက်သေပြနေသည်။
ယခင်ရခိုင်ပြည်တွင် ဗမာစာကိုပြလျှင် ရခိုင်တို့ ရခိုင်အသံနှင့် ဖတ်ကြသည်။
ဗမာဆရာ၊ ဆရာမများ ရခိုင်ပြည်သို့ ရောက်လျှင် (၂) လ (၃) လ အကြာတွင်
ရခိုင်ဆရာ၊ ဆရာမများ ဖြစ်သွားကြသည်။ ယခုမူ ရခိုင်ပြည်တွင် ဗမာစာကို "ဗမာ
အသံ" ဖြင့် ဖတ်ရမည်ဟု အတင်းအဓမ္မခိုင်းစေလာသည်။ ဤလုပ်ရပ်အားလုံးသည်
"ဗမာမှု"ပြု ခံနေရသော ရခိုင်တို့၏ ဘ၀မှန်ဖြစ် သည်။ ကျွန်ပုန်းကိုလိုနီဘဝ
နောက်ဆုံးလားရာလမ်းသည် "ရခိုင်လူမျိုးဘ၀" ပျောက်ကွယ်ရေးဖြစ်သည်။
အသျှင်နာဂိန္ဒက ရခိုင်တို့အား "အမျိုးသီလ၊ နှစ်ဌာနကို၊ ပြည့်ဝမဏ္ဍိုင်၊
စောင့်စွမ်းနိုင်၍၊ရက္ခိုင်နာမ၊ ဘွဲ့မည်လှဖြင့်၊ အနွတ္တသညာ၊ ခေါ်
အပ်စွာတည်း။" ဟု မှာကြားခဲ့သည်။

ဒေါက်တာခင်မောင်
(Arakan Review ၀ဘ်ဆိုက်ဒ်တွင် မေလ (၁၀) ရက်၊ (၂၀၁၀) တွင်
ဖော်ပြခဲ့သောဆောင်းပါး ဖြစ်ပါသည်။)























ရည်းစားဟောင်းကို ဘယ်လိုမေ့ရမလဲ

ချစ်သူ၊ခင်ပွန်း၊ဇနီးဆိုတာဟာ အရင်းနှီးဆုံး သူစိမ်းတွေလို့
ဆိုလေ့ရှိကြပါတယ်။ ဘာလို့လဲဆိုတော့ တစ်ဦးနဲ့တစ်ဦး
ပတ်သက်ဆက်နွှယ်မှုရှိနေတဲ့ အချိန်မှာတော့ အရမ်းကို ရင်းနှီးကြတာဟာ
ဆွေမျိုးရင်းချာတွေထက်တောင် သာလွန်တဲ့ ဆက်ဆံရေးမျိုးပါပဲ။ နှစ်ဦးကြားမှာ
ဘယ်လိုအနှောင့်အယှက်မျိုး၊ ဘယ်လိုကြားခံမျိုးမှ အ၀င်မခံဘဲကို ချစ်ကြ၊
နားလည် တတ်ကြပါတယ်။ အကြောင်းတစ်ခုခုကြောင့် တစ်ယောက်နဲ့တစ်ယောက်
ကွဲသွားကြပြီဆိုရင်တော့ သူစိမ်းတွေဖြစ်သွား ပါတော့တယ်။

သားသမီးတွေဆိုရင်တောင် သွေးသားတော်စပ်မှုတွေ ရှိနေပါသေးတယ်။
ချစ်သူ၊ခင်ပွန်း၊ဇနီးဆိုတာက တော့ သူစိမ်းတွေလို ဖြစ်သွားပါတော့တယ်။
တစ်ဦးနဲ့တစ်ဦး ဘယ်လိုအကြောင်းတွေကြောင့်ပဲ လမ်းခွဲကြပါစေ အတိတ်က
သတိရစရာ အကြောင်းအရာလေးတွေတော့ ရှိနေတတ်ကြစမြဲပါ။

နာကြည်းမှု၊မုန်းတီးမှုတွေကြောင့် အားလုံးကိုမေ့ပစ် လိုက်ပြီဆိုရင်တောင်
ဒါဟာ သိစိတ်ကပြုလုပ်နေတဲ့ လုပ်ဆောင်မှုတစ်ခုပါ။ မသိစိတ်ကတော့ ဘယ်လိုမှ
ဖျောက်ဖျက်လို့ ရမှာ မဟုတ်ပါဘူး။ အထူးသဖြင့် တိုက်ဆိုင်တဲ့
အကြောင်းအရာတစ်စုံတစ်ခုကြုံလာခဲ့ရင်ပေါ့။

တစ်ဦးနဲ့တစ်ဦး ပြန်လည်ပေါင်းသင်းလို့ရမယ့်အခြေအနေမျိုးမှာ
ကိုယ်ချစ်ရသူကို သတိရနေတာ၊ လွမ်းဆွတ်တမ်းတနေ တာဟာ
ဖြစ်သင့်တဲ့အကြောင်းပြချက်ဖြစ်နိုင်ပေမယ့် ဘယ်လိုမှ
ပေါင်းစပ်လို့မရတော့တဲ့ အခြေအနေမျိုးမှာဆိုရင်တော့
ကြိုးစားမေ့ပျောက်ပစ်ရတော့မှာပါ။ စိတ်ခံစားမှုရဲ့အခြေအနေပေါ်ကိုလိုက်ပြီး
လူတွေရဲ့စိတ်ဟာ ထိန်းချုပ်ဖို့ ခက်ခဲတတ် ကြသလို၊ တချို့တွေကလည်း
ကိုယ့်ခံစားမှုကို ဘယ်သူ့ကိုမှမပြဘဲ
ထိန်းချုပ်ပြီးနေတတ်ကြပါတယ်။လူတစ်ယောက်ကို လွမ်းဆွတ်တမ်းတ သတိရနေတာဟာ
အချိန်တွေကြာလာမယ်ဆိုရင်တော့ စိတ်ရောဂါတစ်ခုအသွင်ကို ပြောင်းလဲသွား
နိုင်ပါတယ်။ စိတ်အလိုမကျမှုတွေ စိတ်ဖိစီးမှုတွေနဲ့အတူ တချို့ဆိုရင်
ဘာရောဂါမှ မည်မည်ရရမရှိဘဲ နေထိုင်မကောင်း တဲ့ဝေဒနာလိုမျိုးတွေ
ခံစားနေကြရတတ်ပါတယ်။ ဒါတွေဟာ စိတ်ကြောင့်ဖြစ်တဲ့ဝေဒနာတွေပါပဲ။

လူတိုင်းအကောင်းဆုံးကို မျှော်လင့်တတ်ကြသလို ဘ၀မှာ ကြုံဆုံလာရမည့်
ဆိုးရွားမှုတွေကိုလည်း ရင်ဆိုင်နိုင်ဖို့၊ ဖြေရှင်းနိုင်ဖို့
ပြင်ဆင်ထားဖို့တော့ လိုပါတယ်။ သင့်စိတ်ကို
အကောင်းဆုံးအထောက်အကူဖြစ်စေမယ့် နည်းလမ်းတွေ ရှိနေပါတယ်။
ကိုယ့်စိတ်နဲ့ကိုက်ညီမှုရှိ တဲ့နည်းလမ်းတွေကို ရွေးချယ်ပြီး ဖြေသိမ့်ကြပါ။

ကိုယ့်ဘက်က အကောင်းဆုံးဖြစ်နေဖို့တော့ လိုမယ်နော်
တစ်ချိန်က သူကိုယ့်အပေါ်ကောင်းခဲ့တာတွေကို ပြန်လည်ဝမ်းနည်းပူဆွေးပြီး
သတိရနေတတ်တာဟာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အရာတစ်ခုပါ။ အထူးသဖြင့်
ကိုယ့်ချစ်သူဟောင်းနဲ့အတူ ပျော်ရွှင်ခဲ့ရတဲ့ အကြောင်းအရာတွေကို
တွေးတောလိုက်တိုင်း ၊ ကိုယ့်အပေါ်ကောင်းခဲ့တာတွေကို သတိရမိတိုင်း
မေ့ပျောက်ဖို့ ခက်ခဲနေတော့မှာပါ။ အချိန်တိုင်း ကိုယ့်အပေါ်ကောင်းခဲ့
တယ်ဆိုရင် သင့်ဘက်ကလည်း သူ့အပေါ်ကောင်းခဲ့တာရှိမှာပါ။ လူတိုင်းက
မပြည့်စုံနိုင်ဘူးဆိုတာကို သင်သိလာမယ်ဆိုရင် တော့
စိတ်ခံစားမှုပေါ့သွားနိုင်ပါတယ်။

တစ်ယောက်တည်းဖြစ်နေတဲ့ အခြေအနေကိုလက်ခံပေးပါ
တစ်ယောက်တည်း အထီးကျန်လိုက်တာလို့ မတွေးပါနဲ့။
သူနဲ့မတွေ့ခင်ကပျော်ရွှင်ခဲ့ရတဲ့ ဖြူစင်ရှင်းသန့်ပြီး ခံစားချက်မဲ့
တဲ့အချိန်လေးတွေဟာ ဘယ်လောက်ပျော်စရာကောင်းတယ်ဆိုတာကို
ပြန်တွေးကြည့်လိုက်ပါ။ ဒီအချိန်မှာသင်သွားချင် တဲ့နေရာကို
သွားချင်တဲ့အချိန်သွားလို့ရတဲ့လွတ်လပ်မှု၊ ဘယ်သူ့ဖုန်းကိုမှ
မျှော်စရာမလိုဘဲ ဖုန်းပိတ်ထားရင်တောင် ပြဿနာရှာမယ့်သူမရှိတဲ့
လွတ်လပ်မှုတွေကို သင်ရရှိနေတယ်ဆိုတာ မမေ့ပါနဲ့။ ဖုန်းထဲက Contact List,
Email နဲ့ Facebook တွေကိုဖြတ်ပစ်လိုက်ပါ။ ဒါဆို ဘယ်လောက်တောင်
စိတ်ခံစားမှုလျော့နည်းသွားတယ်ဆိုတာကို သင်ခံစား မိနိုင်ပါတယ်။

ခံစားမှုတွေ လျော့နည်းသွားစေမယ့် နည်းလမ်းရှာပါ
လူတစ်ဦးနဲ့တစ်ဦး ကွဲကွာသွားချိန်မှာ အမြဲတမ်းမဟုတ်ပေမယ့်
တစ်ခါတစ်လေမှာတော့ ပြင်းထန်တဲ့ သတိရမှုတွေနဲ့အတူ ၀မ်းနည်းကြေကွဲမှုတွေကို
ခံစားရနိုင်ပါတယ်။ ဘယ်လိုပဲ ကြိုးစားမေ့ဖျောက်ပေမယ့် အာရုံမှာ
အမြဲတမ်းပေါ်နေတတ်ပါ တယ်။ ဒီလိုအချိန်မျိုးမှာ အကောင်းဆုံးပြုလုပ်သင့်တာက
စာအုပ်တစ်အုပ်ယူပြီး သင့်ခံစားချက်တွေကို ချရေးလိုက်ပါ။
လက်ရှိသင်ဖြစ်နေတဲ့ သင့်ခံစားချက်၊ သင်ဖြစ်နေတဲ့ အကြောင်းအရာတွေနဲ့
သင်ဘာလုပ်မယ်ဆိုတာတွေအားလုံးကို ချရေးလိုက်ပါ။

စိတ်ထဲပေါ့ပါးသွားပါလိမ့်မယ်။ နောက်ထပ်တစ်လလောက်ကြာချိန်
သင်ရေးခဲ့တဲ့စာတွေကို ပြန်ဖတ်မယ် ဆိုရင် ရယ်စရာကောင်းနေမှာပါ။
အကသင်တန်းကျောင်း၊ ယောဂကျင့်စဉ်လို သင်တန်းကျောင်း၊
အားကစားလေ့ကျင့်ရေးသင်တန်းကျောင်းတွေနဲ့ ဆက် သွယ်ပြီး
သင်တန်းမှာအချိန်ဖြုန်းပါ။ သူငယ်ချင်းတွေနဲ့အတူ ကခုန်တာမျိုး၊
သီချင်းဖွင့်ပြီး နားထောင်ကာ အော်ဟစ်ပစ် လိုက်တာမျိုးတွေပြုလုပ်ပြီး
စိတ်ကိုဖြေလျှော့လိုက်ပါ။

သူ့မှာ အပြစ်ရှိနေတယ်ဆိုတာလည်း မေ့မထားပါနဲ့
သင့်စိတ်ထဲမှာ အမြဲတမ်းသင့်ချစ်သူကို အကောင်းမြင်နေတယ်ဆိုပါတော့။ သူ့မှာ
ဘာအပြစ်မှမရှိလောက်အောင်လည်း သင့်အပေါ်မှာကောင်းခဲ့တယ်ဆိုပါတော့။ ဒါဆိုရင်
သင့်ဘက်ကနေ သူ့ကိုမေ့ဖို့တော်တော်ကို ခက်ခဲနေတော့မှာပါ။ ဒီ အချိန်မှာ
သင်တွေးဖို့က အခုလက်ရှိသင့်ကို သူ့ဘက်က မချစ်တော့တာဟာ
သင်တို့နှစ်ယောက်လမ်းခွဲဖို့ ဖန်တီးလာတဲ့ အဓိကအကြောင်းရင်းဖြစ်နေပါပြီ။
ဒီတော့အပြစ်မရှိပါဘူးလို့ သင့်ချစ်သူအပေါ်ထင်နေတဲ့ အမြင်တွေကိုပြောင်းပြီး
မေ့နိုင် ဖို့ကြိုးစားရမှာပါ။ လူတိုင်းကို ချစ်တယ်၊ မုန်းတယ်လို့
ပြောရတာလွယ်ပေမယ့် စိတ်ထဲကနေ တကယ်ဖြစ်လာတဲ့ အချစ်၊ အမုန်းတွေကိုတော့
ဖန်တီးရတာခက်ခဲနေမှာပါ။ ဒီတော့ လွမ်းစရာကို နာစရာနဲ့ဖြေရမှာပေါ့။

ဆုံးဖြတ်ချက်ကို ချက်ချင်းမချပါနဲ့ အချိန်ယူပါ
အပြီးအပိုင် လမ်းခွဲပြီးပြီဆိုပေမယ့် သင်က တယ်လီဖုန်းခလုတ်တွေကို
နှိပ်မိချိန်၊ တစ်ယောက်တည်းအထီးကျန် ၀မ်းနည်း နေချိန်တွေမှာ
ပြန်ပြီးဆက်သွယ်ကောင်း ဆက်သွယ်မိနိုင်ပါတယ်။ သင့်ကိုမချစ်လို့
လမ်းခွဲသွားတဲ့သူတစ်ယောက်မှာ သင့် အတွက် စိတ်ကျေနပ်စရာ Reply
ရှိမှာမဟုတ်ပါဘူး။ ဒီတော့ သူ့ရဲ့ Reply ဟာ
သင့်ကိုပိုပြီးနာကျင်စေမယ့်အပြင် ၀မ်း နည်းပူဆွေးမှုတွေလည်း ပိုလာစေမှာပါ။
ဒါကြောင့်စိတ်ထဲမှာ ဆက်သွယ်ချင်တဲ့ စိတ်ပေါ်လာရင်လည်း အတတ်နိုင်ဆုံး
စဉ်းစားပြီး အချိန်ယူပါ။ ကိုယ်ခင်မင်ရတဲ့ သူငယ်ချင်းနဲ့တိုင်ပင်ပါ။
တစ်ခါတလေ ကိုယ်ကိုယ်တိုင်မမြင်နိုင် မသိနိုင်ဖြစ် နေတဲ့ကိစ္စတွေကို
သင့်ဘေးကလူတွေကပိုပြီး မြင်နေနိုင်ပါတယ်။

သင့်ဝါသနာ တချို့ကိုအကောင်အထည် ဖော်လိုက်ပါ
ချစ်သူနဲ့ သွားလာခဲ့ရတဲ့အချိန်တွေကို တမ်းတပြီး လွမ်းဆွတ်နေမယ့်အစား
ဓာတ်ပုံသင်တန်းတွေ၊ တခြားဝါသနာပါတဲ့ အရာတွေကိုဖြည့်စွက်ပြီး
အချိန်ပေးလိုက်ပါ။ ဒါဆို ပတ်ဝန်းကျင်အသစ်မှာ မိတ်ဆွေအပေါင်းအသင်း
အသစ်တွေနဲ့အတူ စိတ်ခံစားမှုအသစ်ကိုလည်း ပေးစွမ်းနိုင်ပါလိမ့်မယ်။ သင့်
ပတ်ဝန်းကျင်မှာ သင့်ကိုအားကျပြီး သင်ကလည်း ပြန်ပြီးအားကျ လေးစားရတဲ့သူတွေ
အများကြီးရှိနေတယ်ဆိုတာကို သင်တွေ့လာမှာပါ။
တကယ်လို့ သင်တို့နှစ်ယောက်ဟာ စိတ်သဘောထားချင်း မတိုက်ဆိုင်လို့
ခဏတာကွဲသွားကြတာမျိုးဆိုရင်တော့ ပြန် လည်ပြီး
အဆင်ပြေစေမယ့်နည်းလမ်းတွေရှိပါတယ်။

အလှပြင်ပါ
မိန်းကလေးပဲဖြစ်ဖြစ် ယောက်ျားလေးပဲဖြစ်ဖြစ် ကိုယ့်ကိုယ်ကိုအမြဲတမ်း
ပြင်ပြင်ဆင်ဆင်နေပါ။ အထူးသဖြင့် သင့်ချစ်သူ
ကြိုက်နှစ်သက်တတ်တဲ့အရာလေးတွေကို အမြဲဝတ်ဆင်တာမျိုး၊
ပြုပြင်ချယ်သတာမျိုးတွေပြုလုပ်ပြီး သင့်ချစ်သူရည်းစား သိအောင်
မြင်သာအောင်ဖန်တီးပါ။ ဥပမာ-ပါတီပွဲတစ်ခုကိုသွားရင်း
သင့်ချစ်သူရည်းစားဟောင်းနဲ့ဆုံတွေ့ချိန်မှာ သူ အမှတ်တရပေးထားတဲ့
လက်ဆောင်ပစ္စည်းတွေကို ၀တ်ဆင်လာတာမျိုးတွေ ပြုလုပ်ပါ။ ဒါဆို
သင့်ရည်းစားဟောင်းက သင်သူ့အပေါ်မှာ စိတ်ရှိသေးတယ်ဆိုတာသိပြီး
ပြန်အဆင်ပြေစေနိုင်ပါတယ်။

မိတ်ဆွေလို စကားဆက်ပြောပါ
လုံးဝခါးခါးသီးသီး မခေါ်မပြောဘဲမနေပါနဲ့။ အမှတ်တမဲ့ဆုံတွေ့ချိန်မှာ
နှုတ်ဆက်စကားပြောဆိုပါ။ သူငယ်ချင်းအပေါင်း အသင်းတွေနဲ့
ပျော်ပျော်ရွှင်ရွှင်ပေါင်းသင်း ဆက်ဆံရင်း ဘ၀မှာ
ပျော်ရွှင်စွာဖြတ်သန်းနေကြောင်း သိပါစေ။

သူစိမ်းကောင်လေးတွေနဲ့ စကားပြောပါ
သင့်ရည်းစားဟောင်းရှေ့မှာ သူစိမ်းယောက်ျားလေးတစ်ယောက်နဲ့
စကားပြောတာ၊ခင်ခင်မင်မင်နေပြတာဟာ သင့်ချစ်သူ ဟောင်းကို
သ၀န်တိုမှုတွေပိုပြီး တိုးပွားစေပါတယ်။ မခံချင်စိတ်နဲ့အတူ
စိတ်ဆိုးမာန်ဆိုးဖြစ်နေပြီဆိုရင်တော့ သင့်ကို သူ့ ဘက်ကသ၀န်တိုနေတာပါ။
ဒါပေမဲ့ တခြားသူစိမ်းတစ်ယောက်နဲ့ ဆက်ဆံရေးဟာ
သင့်ရည်းစားဟောင်းရှေ့မှာသာဖြစ်ဖို့ လိုပါတယ်။ ဒါမှ
သင်တို့ပြန်အဆင်ပြေသွားချိန်မှာ ရိုးသားတဲ့ဆက်ဆံရေးကို
အကောင်းဆုံးဖော်ပြနိုင်မှာပါ။

သိသာတဲ့ ဆက်သွယ်မှုတွေပြုလုပ်ပါ
Facebook လိုမျိုး Website တွေမှာ သင့်နေ့စဉ် လှုပ်ရှားမှုတွေနဲ့
ပုံတွေတင်ပြီး လှပစွာဖြတ်သန်းနေတဲ့ သင့်ဘ၀ကို သင့် ရည်းစားဟောင်း
သိမြင်ပါစေ။ သင့်တို့နှစ်ယောက်ရဲ့ အမှတ်တရနေ့တချို့မှာ စာပို့ထာမျိုး၊
မက်ဆေ့ခ်ျပို့တာလိုမျိုးတွေ ပြုလုပ်ပါ။ အရင်ကတည်းက
တစ်ဦးနဲ့တစ်ဦးချစ်ခဲ့ပြီးသားဖြစ်တာကြောင့် ဖြစ်နေတဲ့အထင်လွဲမှုနဲ့
နားလည်မှုလွဲတာတွေ ကို ရှင်းပြဖို့နဲ့ဖြေရှင်းဖို့ ဒီအချိန်ဟာ
အကောင်းဆုံးအချိန်ပဲဖြစ်ပါတယ်။

ဖော်ပြပါနည်းလမ်းတွေဟာ ချစ်သူရည်းစားနဲ့
အဆင်မပြေချိန်မှာ ပြုလုပ်သင့်တဲ့နည်းလမ်းတွေနဲ့
အဆင်ပြေဖို့ဖန်တီးနိုင်တဲ့နည်းလမ်းတချို့ကို ရှာဖွေရေးသားဖော်ပြ
ခြင်းဖြစ်ပါတယ်။ ကိုယ်နဲ့အဆင်ပြေမယ့် နည်းလမ်းတွေ ရှာဖွေရင်း
ချစ်သူနဲ့အဆင်ပြေနိုင်ကြပါစေ။
Label: LOVE & RELATIONSHIP





















CD ကို Software မသုံးဘဲကူးနည်း

CD ကို Nero Express လိုမျိုး CD burn တဲ့ Software မသုံးဘဲ my computer
ထဲက CD/DVD Writer ပေါ်မှာတိုက်ရိုက်ကူးလို့ရတဲ့ အကြောင်းလေးပါ။

သိပြီးသားလူတွေ အများကြီးရှိမှာပါ။ မသိသေးတဲ့ လူတွေအတွက်
ပြန်လည်မျှဝေပေးလိုက်ပါတယ်။

၁။ ကူးချင်တဲ့ File, Folder က ကိုယ့် Computer ထဲမှာရှိရပါမယ်။
မရှိသေးရင် Computer ထဲကူးထည့်လိုက်ပါ။

၂။ CD, DVD disk အလွတ်ကို စက်ထဲထည့်လိုက်ပါ။

၃။ ကိုယ်ကူးချင်တဲ့ File/Folder ကို Ctrl+C (Copy) လုပ်ပါ။

၎။ CD ကူးဖို့အတွက် My Computer ကိုဖွင့် တပ်ထားတဲ့ CD Rom ထဲကိုပြန်သွားလိုက်ပါ။

၅။ Ctrl+V (Paste) လုပ်ပါ။

ပြီးတော့ CD Writing Tasks အောက်က Write these files to CD ကို Click နှိပ်လိုက်ပါ။

၆။ Write these files to CD ကို Click နှိပ်လိုက်ရင် CD Writing Wizard
(Box) ကျလာပါလိမ့်မယ်။ အဲဒါဆိုရင် စတင်CD ကူးနိုင်ပါပြီ။
My Disc နေရာမှာ CDရဲ့ Name ကို ကိုယ်ကြိုက်တဲ့နာမည်ပေးလို့ရပါတယ်။

ကိုယ့်စိတ်တိုင်းကျနာမည်ပြောင်းပေးပြီးရင် Next ခလုတ်ကို Click
နှိပ်လိုက်ပါ။ Computer က Copy လုပ်ထားတဲ့ File ကို CD
ထဲကူးထည့်ပေးပါလိမ့်မယ်။

File ထဲက data တွေ CD ထဲကိုရောက်ရှိသွားပါပြီ။ Finish ကို Click
နှိပ်လိုက်ပြီးရင် CD ကိုဖွင့်ပြီး စစ်ကြည့်လိုက်ပါ။ အိုကေပါလိမ့်မယ်။
ဒီကူးနည်းက Neo Express လို CD ထဲရောက်ပြီးသား data တွေကို
ပြန်ဖျက်လို့မရပါဘူး။ ကိုယ်ကူးလိုက်တဲ့ Disk မှာ Space အလွတ်
ရှိသေးရင်တော့ နောက်ထပ်ကူးလို့ ရပါသေးတယ်။ အသုံးဝင်ပါစေ။

Gmail အကောင့်မရှိဘဲ Gmail ပို့နည်း
တစ်ခါတလေ မိမိတို့ mail တွေ ဖွင့်မရတာနဲ့ ကြုံနေတဲ့အခါ မိမိအကောင့်ကို
အသုံးပြုစရာမလိုဘဲ မေးလ်ပို့လို့ရတဲ့ noteemail ဆိုဒ်လေးကိုပါ။
ဒါပေမဲ့ မေးလ်တစ်စောင်ပို့ပြီးရင် နောက်တစ်စောင်ပို့ဖို့ကိုစောင့်ရပါတယ်။
ဘာပဲဖြစ်ဖြစ် mail တွေဖွင့်မရတဲ့အချိန်တွေမှာတော့ အဆင်ပြေမှာပါ။

လုပ်နည်းတွေကတော့ -
၁။ http://www.note2email.com/write ဆိုဒ်ကို အရင်ဖွင့်လိုက်ပါ။
၂။ Gmail Address နေရာမှာ မိမိပို့ချင်တဲ့ Gmail အကောင့်ကိုရိုက်လိုက်ပါ။
၃။ Title မှာ မိမိရေးချင်တဲ့ အကြောင်းအရာခေါင်းစာခေါင်းစဉ်ကိုရေးလိုက်ပါ။
၎။ Note နေရာမှာ မိမိရေးချင်တဲ့အကြောင်းအချက်အလက်တွေကို ရေးလိုက်ပါ။
၅။ Encryption Key နေရာမှာတော့ ဘာမှမရေးလဲ ရပါတယ်။
၆။ ပြီးရင် ပုံထည့်ချင်ရင် ကြိုက်နှစ်သက်ရာပုံကို ထပ်ရွေးလိုက်ပါ။
၇။ ပြီးရင် Send it ကိုနှိပ်လိုက်ပါ။

မေးလ်ပို့တဲ့အခါ ကိုယ့်လိပ်စာမပေါ်အောင် ပို့နည်း
မေးလ်တွေကို လက်ခံရတဲ့အခါ တချို့မေးလ်တွေမှာ ပေးပို့တဲ့သူရဲ့
အကောင့်လိပ်စာပါမလာတတ်ပါဘူး။ sender@gmail.com အဲဒီလိုမပေါ်ဘဲ
ပို့တဲ့လူရဲနာမည်လောက်သာ ပါနေတာမျိုး၊ ပြီးတော့ @နောက်မှာ gmail လား
ymail လား yahoomail လားမသိအောင် ဖျောက်ထားတာမျိုးတွေတွေ့ရတတ်ပါတယ်။
@...com အဲဒီလိုပေါ်နေတတ်ပါတယ်။ ဒီလိုလုပ်နည်းလေိး သိထားရင်
မေးလ်တွေပို့ပြီး ကိုယ့်အကောင့် တခြားမပေးချင်တဲ့ လူတွေဆီရောက်အောင်
ထိန်းထားလို့ရတဲ့အတွက် ကောင်းပါတယ်။ လုပ်နည်းလေးကတော့ mail setting ထဲမှာ
ဝင်ပြထားတာပါ။

၁။ ညာဘက်အပေါ်တောင့်က mail setting ကို ကလစ်လိုက်ပါ။
၂။ အဲဒီထဲက Accounts and Import ကို Click လိုက်ပါ။
၃။ ပြီးရင် Send mail as အတန်းမှာ ညာဘက်အစွန်ဆုံးက Edit Info ကို Click လိုက်ပါ။
၎။ Specify a different "reply-to" address (optional) ကို Click လိုက်ပါ။
၅။ Reply-to address: ဆိုပြီး စာရိုက်လို့ရမယ့် အကွက်လေးကျလာပါမယ်။
၆။ အဲဒီမှာ ကိုယ်မေးလ်ပို့လိုက်ရင် သူ့ဘက်မှာမြင်စေချင်တဲ့ အနေအထားကို
ရိုက်ထည့်လိုက်ပါ။ ပုံမှန်ဆို ကိုယ့်ဆီရောက်လာတဲ့ မေးလ်ရဲ့
အကောင့်နာမည်ကိုသိချင်ရင် Reply ကို Click လိုက်တာနဲ့ To နေရာမှာ
သူ့အကောင့်ကတန်းပေါ်လာတာပါ။ အခုဟာက To နေရာမှာ
ကိုယ့်အကောင့်မပေါ်အောင်ပြောင်းပေးလိုက်တာပဲဖြစ်ပါတယ်။
ကြိုက်သလိုပြောင်းလဲနိုင်ပါတယ်။ ( တစ်ခုသတိထားရမှာက @ နဲ့ .com
တော့မဖြစ်မနေ ပါရပါမယ်)
ကိုယ်ကြိုက်တဲ့စာရိုက်ပြီးပြီဆိုရင် Save Changes ကို Click လိုက်ပါ။

အဆင်ပြေကြပါစေ..။