Sunday, January 31, 2021

မဟာမုနိရုပ်ရှင်တော်မြတ်ကြီး

မဟာမုနိရုပ်ရှင်တော်မြတ်ကြီး



သမိုင်းအမွေအနှစ် ရုပ်ဝတ္ထုပစ္စည်းများလည်းဖြစ် နှောင်းလူတို့ကြည့်ရှုလေ့လာနိုင်ကြမည့် မန္တလေးမြို့၏ အမှတ်လက္ခဏာတစ်ရပ်ဖြစ် သည့် မဟာမုနိရုပ်ရှင်တော်အကြောင်း အနည်းငယ်ကို မောင်သာ(ရှေးဟောင်းသုတေသန)ရဲ့ သတင်းစာပါဆောင်းပါးမှ ပြန်လည် ကူးယူဝေငှခြင်းဖြစ်ပါသည်။


ဘွဲ့အမည် - မဟာမုနိ


အခြားအမည် - မဟာမြတ်မုနိ ၊ ဘုရားကြီး


ဘွဲ့အမည်အဓိပ္ပာယ် - မဟာမုနိ (ပါဠိ) ၊ ကြီးမားသောဘုရားရှင် (မြန်မာဘာသာ)


တည်နေရာ - ချမ်းမြသာစည်မြို့နယ်၊ ကျွန်းလုံးဥသျှောင်ရပ်ကွက်၊ မန္တလေးမြို့။


ရုပ်ပွားတော် (ဉာဏ်တော်၊ အရွယ်အစား) - ဉာဏ်တော်သည် ၁၂ပေ ခုနှစ်လက်မ၊ ခါးတော်ပတ်လည် ကိုးပေနှင့်ခြောက်လက်မ၊ လက်မောင်းတော်လုံးပတ်သည် လေးပေ ၁၁လက်မနှင့် ပခုံးစွန်းနှစ်ဖက်သည် ခြောက်ပေ တစ်လက်မရှိသည်။ မဟာမုနိရုပ်ပွားတော်ကို တင်ပျဉ်ခွေထိုင်၊ ဘူမိဖဿမုဒြာ(လက်တော်မြေထိ)ဟန်ထုလုပ်ထားကာ အလေးချိန် ခြောက်တန်ခွဲရှိသည်။


ပင့်ဆောင်ရောက်ရှိ - အမရပူရမြို့ကို တည်ထောင်ခဲ့သော ဘိုးတော်ဘုရားလက်ထက် မြန်မာသက္ကရာဇ် ၁၁၄၆ခုနှစ် (ခရစ်နှစ် ၁၇၈၄ခုနှစ်)တွင် အမရပူရသို့ရောက်ရှိခဲ့သည်။


သမိုင်းအကြောင်းအရာအချို့ -

ဘိုးတော်ဘုရားသည် ရုပ်ပွားတော်ကြီးကို အမရပူရမြို့တော်၏ မြောက်ယွန်းယွန်း တာ ၁၀၀၀ အကွာရှိ ညီညာပြေပြစ်သောမြေပြင်တွင် ဘုံကိုးဆင့်ရှိသော ရွှေပြသာဒ်အတွင်း၌ ထားရှိပူဇော်ခဲ့သည်။ 


မဟာမုနိရုပ်ပွားတော်၊ တန်ဆောင်းနှင့် ပြသာဒ်အဆောက်အအုံများကို ၁၈၈၄ခုနှစ် ဧပြီ ၇ရက် မွန်းလွဲနှစ်ချက်တီးကျော်၊ သုံးမောင်း အချိန်တွင် ရတနာဘုမ္မိရပ်မှ စတင်ခဲ့သည့်မီးမှတစ်ဆင့်မီးလောင်ကျွမ်းခဲ့သည်။


မီးဘေးကြောင့် မဟာမုနိရုပ်ပွားတော်၏ ရွှေသားမကိုဋ်တော်၊ နားပန်တော်၊ စလွယ်တော်များနှင့် ရုပ်ပွားတော်တွင် ကပ်လှူထားသည့် ရွှေသင်္ကန်းများ ပျက်စီးခဲ့ပြီး ရုပ်ပွားတော်မှာမူ မီးသင့်ခြင်းမခံရဘဲ ပကတိအတိုင်းရှိခဲ့သည်။ မီးသင့်မှုဒဏ်ကြောင့် မဟာမုနိရုပ်ပွားတော်မှ အရည်ပျော်ပြီး ကွာကျခဲ့သည့် ရွှေများကို သိမ်းဆည်းခဲ့ရာ ရွှေချိန် ၅၄၅၀ရရှိသည်ဟု မှတ်တမ်းပြုထားသော်လည်း ရွှေချိန်ယူနစ်ကို ဖော်ပြ ထားခြင်းမရှိချေ။ ၁၈၈၄ခုနှစ် ဇွန် ၂၃ရက်တွင် မဟာမုနိရုပ်ရှင်တော်မြတ်အား မကိုဋ်တော်ဆင်ယင်လှူဒါန်းခဲ့သည်။


သီပေါမင်းသည် မဟာမုနိရုပ်ရှင်တော် မီးသင့်ခံခဲ့ရစဉ်က သိမ်းဆည်းရရှိခဲ့သောရွှေများကို ခတ်လုပ်ထားသည့် အချိန်ခွက် ၆၀ရှိသည့် ရွှေပုစွန်ခွံသင်္ကန်းတော်များကို ၁၈၈၅ခုနှစ် ဇန်နဝါရီ ၁၆ရက်တွင် ရုပ်ရှင်တော်မြတ်ထံ ကပ်လှူစေခဲ့သည်။


မဟာမုနိပြာသာဒ်တော်ကြီးကို မြန်မာသက္ကရာဇ် ၁၂၆၀ပြည့်နှစ်တွင် အုတ်၊ အင်္ဂတေများဖြင့် ဆောက်လုပ်ခဲ့သည်။ ပြာသာဒ်တော်အထက် တွင် တင်လှူထားသည့် ထီးတော်သည် မြန်မာသက္ကရာဇ် ၁၂၇၈ခုနှစ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် မြေပြင်သို့ကျခဲ့သဖြင့် ရပ်စောက် စော်ဘွားကြီးက ထီးတော်အသစ်တင်လှူခဲ့သည်။ 


မဟာမုနိရုပ်ရှင်တော်ဘုရားကြီး၏ အုပ်ချုပ်မှုကိစ္စအရပ်ရပ်ကို တောင်တော်သာသနာပိုင် ဆရာတော်ကြီးအမှူးပြုသော သုဓမ္မာဆရာ တော်ကြီးများနှင့် ကင်းဝန်မင်းကြီးအမှူးပြုသော ပုဂ္ဂိုလ်များက တာဝန်ယူခဲ့သည်။ ရုပ်ပွားတော် မျက်နှာသစ်တော် ရေဝတ်ဆောင်ရွက်ရန် ရွှေရေးဆောင်ဆရာတော် ဦးနန္ဒထံ မြန်မာသက္ကရာဇ် ၁၂၄၈ခုနှစ်တွင် ဂန္ဓကုဋိတိုက်သော့အပ်ခဲ့သည်။ မြန်မာသက္ကရာဇ် ၁၃၄၉ခုနှစ် တပေါင်းလဆန်း ၁ရက်မှစ၍ တောင်ထီးလင်းတိုက်၊ ပိဋကတ်တိုက်ကျောင်းမှ ဆရာတော် ဘဒ္ဒန္တပညာဝံသက ရုပ်ပွားတော်မြတ် မျက်နှာသစ်ဝတ်ကို နေ့စဉ် နံနက်တိုင်း ဆောင်ရွက်ခဲ့သည်။


မဟာမုနိရုပ်ရှင်တော်မြတ်ကြီး၏ ပထမဆုံးဘဏ္ဍာတော်ထိန်းအဖွဲ့ကို ခရစ်နှစ် ၁၈၉၁ခုနှစ်တွင် ဖွဲ့စည်းခဲ့သည်။ ၁၈၉၄ခုနှစ် ဇွန် ၂၇ ရက်တွင် အင်ဂျင်နီယာမင်းကြီး မစ္စတာဟင်နဲပေါ့၊ လက်ထောက်အင်ဂျင်နီယာ မစ္စတာဘူနှင့် ဝန်စာရေးကြီး ဦးယောတို့က ဂန္ဓကုဋိတိုက်ကို ထပ်မံအုတ်မြစ်ချခဲ့သည်။ လက်ရှိ ဂန္ဓကုဋိတိုက်ကို ကင်းဝန်မင်းကြီးနှင့် အနောက်တိုင်း ဗိသုကာများက ၁၈၉၆ခုနှစ်တွင် တည်ဆောက်ခဲ့သည်။


၁၉၀၀ပြည့်နှစ် ဖေဖော်ဝါရီ ၁၂ရက်တွင် ဦးဖဲက မဟာမုနိပလ္လင်တော်နှင့် တံကဲတော်များကိုပြင်ဆင်ခဲ့ပြီး ၁၉၀၂ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်တွင် သီပေါမင်းလှူဒါန်းခဲ့သည့် မကိုဋ်တော်ကို ပြန်လည်ပြုပြင်၍ စိန်၊ပတ္တမြား၊ နီလာ၊ ရတနာမျိုးပေါင်း ၉၄၀ စီခြယ်ထားသည့် မကိုဋ်တော်အသစ်ကိုတင်လှူခဲ့သည်။ ၁၉၀၈ခုနှစ် ဇူလိုင် ၁၂ရက်တွင် နဝရတ်ကိုးပါး စီခြယ်ထားသည့် အလေးချိန် ၁၃ပိဿာ ၆၀ကျပ်သားရှိသည့် ရွှေသားစလွယ်တော်ကို ဆက်ကပ်ခဲ့၍ ၁၉၁၈ခုနှစ်တွင် ညောင်ရွှေစော်ဘွား ဆာတေမောင်က ရွှေချိန် ၁၉ကျပ်သားရှိသည့် စိန်ဖူးငှက်မြတ်နားကို တင်လှူခဲ့သည်။


မဟာမုနိရုပ်ရှင်တော်မြတ်အား ဖူးမြော်ကြည်ညိုသူများ အလွန်များပြားလာသည့်အတွက် ၁၉၃၁ခုနှစ် ဇန်နဝါရီလ ၂၉ ရက်တွင် ရသေ့ကြီး ဦးခန္တီက မဟာမုနိနှင့် အာနန္ဒာသိမ်ကြား အုတ်စောင်းတန်းကြီးဆောက်လုပ်လှူဒါန်းခဲ့သည်။ သာသနာနှစ် ၂၅၀၀ပြည့်အထိမ်းအမှတ်အဖြစ် စံကင်းဆရာတော်၊ ညောင်ရမ်းဆရာတော်၊ ခေမာသီဝံဆရာတော်နှင့် ဟံသာဝတီဆရာတော်တို့က ၁၉၅၆ခုနှစ်တွင် ရတနာဗိမာန်တော်ကြီးကို အုတ်မြစ်ချခဲ့ကြပြီး ၁၉၅၇ခုနှစ် ဧပြီ ၁၄ရက်တွင် ဖွင့်လှစ်ခဲ့သည်။ မဟာမုနိရုပ်ပွားတော်၏ သစ်သားတံကဲတော်ကိုလည်း ၁၉၃၂-၁၉၃၃ခုနှစ်တွင် လှူဒါန်းခဲ့သည်။


၁၉၄၂ခုနှစ်မှ ၁၉၄၈ခုနှစ်ထိ မဟာမုနိဘုရားကြီး အာရုံခံအုတ်တိုက်(ယခု ပြတိုက် ၁)ကို တည်ဆောက်ကာ ဦးဇောတိကအမှူးပြုသော  ရဟန်းတော် အပါး၃၀ကျော်က ဘုရားကြီးပစ္စည်းများကို စောင့်ရှောက်ခဲ့ကြသည်။ မဟာမုနိရုပ်ပွားကို ပင့်ဆောင်ခဲ့သူ မဟာဥပရာဇာ၏ ကြေးရုပ်ကို ၁၉၄၈ခုနှစ်တွင် မဟာမုနိရင်ပြင်တော်၌ ထားရှိခဲ့သည်။


‘အောင်ကျော်ချမ်းအေး၊ မန္တလေး’ ဟုအမှတ်အသားပြုခဲ့သည့် မြန်မာသက္ကရာဇ် ၁၂၂၁ခုနှစ်တွင် မင်းတုန်းမင်းကြီးတည်ထောင်ခဲ့သည့် ရတနာပုံ မန္တလေးမြို့တည်နည်းတည် ရာပြည့်အထိမ်းအမှတ်အဖြစ် မြန်မာသက္ကရာဇ် ၁၃၂၁ခုနှစ် ကဆုန်လဆုတ် ၇ ရက်( ခရစ်နှစ် ၁၉၅၉ခုနှစ် မေ ၂၈ရက်) ကြာသပတေးနေ့တွင် ဘုရားကြီးရင်ပြင်အရှေ့မြောက်ထောင့်၌ ဗဟိုစင်ကိုတည်ဆောက်ခဲ့သည်။ အလေးချိန် ၃၂၆၄ပိဿာရှိသည့် ငြိမ်းချမ်းသာယာကြေးစည်ကြီးကို မြန်မာသက္ကရာဇ် ၁၃၂၇ခုနှစ် ပြာသိုလဆန်း ၉ရက် (ခရစ်နှစ် ၁၉၆၅ခုနှစ် ဒီဇင်ဘာ ၃၁ရက်) သောကြာနေ့တွင်လည်းကောင်း၊ အလေးချိန် ၂၁၅၆ပိဿာရှိ ချမ်းအေးပြည်သာကြေးမောင်းကြီးကို ၁၉၇၂ခုနှစ်တွင် လည်းကောင်း သွန်းလုပ်ခဲ့သည်။


မဟာမုနိ ခေါင်းလောင်းတော်များ

ရှေးအခါက မဟာမုနိရုပ်ရှင်တော်ရင်ပြင်အနောက်ဘက် တံတိုင်းတလျှောက်တွင် ခေါင်းလောင်းများ အတန်းလိုက်ရှိခဲ့သော်လည်း ကြေးစည်ကြီးနှင့် နတ်ရုပ်များသွန်းလောင်းစဉ်က ခေါင်းလောင်းများကို အရည်ကျိုခဲ့သဖြင့် သမိုင်းမှတ်တမ်းများ ဆုံးရှုံးခဲ့ရပေသည်။ ယခုအချိန်တွင် မဟာမုနိရင်ပြင်တော်၌ ခေါင်းလောင်း ၂၄လုံးကျန်ရှိနေကာ ၁၈လုံးတွင် ခေါင်းလောင်းစာများ ရေးထိုးထားသည်။ ခေါင်းလောင်းအများစုသည် ကြေးချိန်ပိဿာ ၁၀၀မှ ၁၅၀အတွင်းရှိကြပြီး ခေါင်းလောင်း ၁၂လုံး၌ သွန်းလုပ်ခဲ့သည့် ခုနှစ်သက္ကရာဇ် မှတ်တမ်းများပါရှိသည်။


မဟာမုနိခေါင်းလောင်းတော်များအနက် မြောက်ဘက်မုခ်ရင်ပြင်ရှိ အိမ်ရှေ့မင်းဥပရာဇာခေါင်းလောင်းတော်နှင့် အရှေ့ဘက်မုခ်ရင်ပြင်ရှိ တစ်ပင်တိုင်ခေါင်းလောင်းတို့သည် အထူးထင်ရှားကြသည်။


အိမ်ရှေ့မင်းခေါင်းလောင်းတော်ကို အိမ်ရှေ့မင်း ဥပရာဇာ သီဟသူရက သွန်းလုပ်ခဲ့ပြီး အိမ်ရှေ့မင်း ကွယ်လွန်ပြီးနောက် ခရစ်နှစ် ၁၈၁၁ ခုနှစ်တွင် အိမ်ရှေ့မင်း၏ မိဖုရားတစ်ပါးဖြစ်သော နန္ဒာဒေဝီက မဟာမုနိရုပ်ရှင်တော်မြတ်သို့လှူဒါန်းခဲ့သည်။ မင်းကွန်းခေါင်းလောင်းတော် ကို ၁၈၁၀ပြည့်နှစ်တွင် ချိတ်ဆွဲခဲ့သဖြင့် မဟာမုနိခေါင်းလောင်းတော်က မင်းကွန်းခေါင်းလောင်းအောက် တစ်နှစ်သာ နောက်ကျခဲ့သည်။


ခေါင်းလောင်းတော်၏ ကွဲအက်နေသော အတွင်း၊ အပြင် ကွဲကြောင်းများကို ဂဟေဖြင့်ဆက်ထားကာ ရေရှည်ကြံ့ခိုင်စေရန် ခေါင်းလောင်းကို သံပြားများဖြင့် ရစ်သိုင်းထားသည်။ ခေါင်းလောင်းတော်သည် ပိဿာ ၁၅၀၀ကျော်လေးလံ၍ ခေါင်းလောင်းဝသည် ခြောက်ပေနှင့် ရှစ်လက်မ ကျယ်ဝန်းသည်။ လက်ရှိမြင်တွေ့နေရသည့် အနေအထားအရ ခေါင်းလောင်းတော်၏ အနောက်ဘက် မျက်နှာခါးဖောင်းရစ်အောက်၌ အလျား ခြောက်ပေ၊အနံ တစ်ပေ လေးလက်မအတွင်း ကမ္ပည်းစာ ၁၇ကြောင်း ရေးထိုးထားသည်။


ခေါင်းလောင်းစာတွင် ခေါင်းလောင်းတော်သွန်းလုပ်မှုမှတ်တမ်းနှင့် ဆုတောင်းများပါရ ှိပြီး ကုန်းဘောင်မင်းဆက်ကိုထူထောင်ခဲ့သည့် အလောင်းမင်းတရား ဦးအောင်ဇေယျဘွဲ့တော်ကို ‘သာသနာဒါယကာ လောကာဓိပတိ’ဟုရေးထိုးထားကြောင်း တွေ့ရှိရပေသည်။ ၎င်းခေါင်းလောင်းစာ အပြည့်အစုံကို ဦးမောင်မောင်တင်ပြုစုသည့် မန္တလေးမဟာမုနိရုပ်ရှင်တော်ဘုရားကြီး သမိုင်းစာအုပ်တွင် ဖတ်ရှုနိုင်သည်။


မဟာမုနိရင်ပြင်တော် အရှေ့မုခ်အနီးတွင် ထားရှိသည့် ခေါင်းလောင်းသည် အခြားခေါင်းလောင်းများကဲ့သို့ ထောက်တိုင်နှစ်ခုတွင် ချိတ်ထားသည့်ခေါင်းလောင်းမဟုတ်ဘဲ တိုင်တစ်တိုင်တွင် စွပ်ထားသည့် တစ်ပင်တိုင်ခေါင်းလောင်းဖြစ်သည်။ ၎င်းခေါင်းလောင်းတွင် ကမ္ပည်းစာကိုးကြောင်းပါရှိကာ သက္ကရာဇ် ၁၂၅၃ခုနှစ် ပြာသိုလဆန်း ၁၁ရက်၊ စနေနေ့တွင် ကြေးချိန်ပိဿာ ၆၀၀ဖြင့် သွန်းလုပ်ကြောင်း ရေးသားထားသည်။


တစ်ပင်တိုင် ခေါင်းလောင်းကို တောင်ပိုင်မြို့ စီရင်စု၊ ရလင်မြို့သစ်ရွာ၌ သီတင်းသုံးသောဆရာတော် ဦးစူဠရ၏ကြီးကြပ်မှုဖြင့် တောင်ပိုင်မြို့ဂိုဏ်းအုပ်၊ ဂိုဏ်းထောက်၊ စော်ဘွားမြို့စားအမတ်ဟိန်နှင့် ကုန်သည် ကြီး၊ငယ်၊ဒကာ၊ဒကာမများ စုပေါင်းလှူဒါန်းသည့် အသပြာ ၁၅၀၀ဖြင့် သွန်းလုပ်ကြောင်း ဖတ်ရှုရပေသည်။


ကိုးကား -

မြန်မာ့စွယ်စုံကျမ်းအတွဲ(၈)

မန္တလေး မဟာမုနိရုပ်ရှင်တော်မြတ်ကြီးသမိုင်း (ဦးမောင်မောင်တင်)

ကုန်းဘောင်ခေတ် မြန်မာရက်စွဲသမိုင်း (ဦးတိက္ခဓမ္မာလင်္ကာရ၊ ဒေါက်တာသန်းထွန်း)


(Zawgyi) 

မဟာမုနိရုပ္ရွင္ေတာ္ျမတ္ၾကီး




သမိုင္းအေမြအႏွစ္ ရုပ္၀တၳဳပစၥည္းမ်ားလည္းျဖစ္ ေႏွာင္းလူတို႔ၾကည့္ရႈေလ့လာႏိုင္ၾကမည့္ မႏၱေလးျမိဳ႕၏ အမွတ္လကၡဏာတစ္ရပ္ျဖစ္ သည့္ မဟာမုနိရုပ္ရွင္ေတာ္အေၾကာင္း အနည္းငယ္ကို ေမာင္သာ(ေရွးေဟာင္းသုေတသန)ရဲ႕ သတင္းစာပါေဆာင္းပါးမွ ျပန္လည္ ကူးယူေ၀ငွျခင္းျဖစ္ပါသည္။


ဘြဲ႕အမည္ - မဟာမုနိ


အျခားအမည္ - မဟာျမတ္မုနိ ၊ ဘုရားၾကီး


ဘြဲ႕အမည္အဓိပၸာယ္ - မဟာမုနိ (ပါဠိ) ၊ ၾကီးမားေသာဘုရားရွင္ (ျမန္မာဘာသာ)


တည္ေနရာ - ခ်မ္းျမသာစည္ျမိဳ႕နယ္၊ ကၽြန္းလံုးဥေသွ်ာင္ရပ္ကြက္၊ မႏၱေလးျမိဳ႕။


ရုပ္ပြားေတာ္ (ဉာဏ္ေတာ္၊ အရြယ္အစား) - ဉာဏ္ေတာ္သည္ ၁၂ေပ ခုႏွစ္လက္မ၊ ခါးေတာ္ပတ္လည္ ကိုးေပႏွင့္ေျခာက္လက္မ၊ လက္ေမာင္းေတာ္လံုးပတ္သည္ ေလးေပ ၁၁လက္မႏွင့္ ပခံုးစြန္းႏွစ္ဖက္သည္ ေျခာက္ေပ တစ္လက္မရွိသည္။ မဟာမုနိရုပ္ပြားေတာ္ကို တင္ပ်ဥ္ေခြထိုင္၊ ဘူမိဖႆမုျဒာ(လက္ေတာ္ေျမထိ)ဟန္ထုလုပ္ထားကာ အေလးခ်ိန္ ေျခာက္တန္ခြဲရွိသည္။


ပင့္ေဆာင္ေရာက္ရွိ - အမရပူရျမိဳ႕ကို တည္ေထာင္ခဲ့ေသာ ဘိုးေတာ္ဘုရားလက္ထက္ ျမန္မာသကၠရာဇ္ ၁၁၄၆ခုႏွစ္ (ခရစ္ႏွစ္ ၁၇၈၄ခုႏွစ္)တြင္ အမရပူရသို႔ေရာက္ရွိခဲ့သည္။


မိုင္းအေၾကာင္းအရာအခ်ိဳ႕ -

ဘိုးေတာ္ဘုရားသည္ ရုပ္ပြားေတာ္ၾကီးကို အမရပူရျမိဳ႕ေတာ္၏ ေျမာက္ယြန္းယြန္း တာ ၁၀၀၀ အကြာရွိ ညီညာေျပျပစ္ေသာေျမျပင္တြင္ ဘုံကိုးဆင့္ရွိေသာ ေရႊျပသာဒ္အတြင္း၌ ထားရွိပူေဇာ္ခဲ့သည္။ 


မဟာမုနိရုပ္ပြားေတာ္၊ တန္ေဆာင္းႏွင့္ ျပသာဒ္အေဆာက္အအံုမ်ားကို ၁၈၈၄ခုႏွစ္ ဧျပီ ၇ရက္ မြန္းလြဲႏွစ္ခ်က္တီးေက်ာ္၊ သံုးေမာင္း အခ်ိန္တြင္ ရတနာဘုမၼိရပ္မွ စတင္ခဲ့သည့္မီးမွတစ္ဆင့္မီးေလာင္ကၽြမ္းခဲ့သည္။


မီးေဘးေၾကာင့္ မဟာမုနိရုပ္ပြားေတာ္၏ ေရႊသားမကိုဋ္ေတာ္၊ နားပန္ေတာ္၊ စလြယ္ေတာ္မ်ားႏွင့္ ရုပ္ပြားေတာ္တြင္ ကပ္လွဴထားသည့္ ေရႊသကၤန္းမ်ား ပ်က္စီးခဲ့ျပီး ရုပ္ပြားေတာ္မွာမူ မီးသင့္ျခင္းမခံရဘဲ ပကတိအတိုင္းရွိခဲ့သည္။ မီးသင့္မႈဒဏ္ေၾကာင့္ မဟာမုနိရုပ္ပြားေတာ္မွ အရည္ေပ်ာ္ျပီး ကြာက်ခဲ့သည့္ ေရႊမ်ားကို သိမ္းဆည္းခဲ့ရာ ေရႊခ်ိန္ ၅၄၅၀ရရွိသည္ဟု မွတ္တမ္းျပဳထားေသာ္လည္း ေရႊခ်ိန္ယူနစ္ကို ေဖာ္ျပ ထားျခင္းမရွိေခ်။ ၁၈၈၄ခုႏွစ္ ဇြန္ ၂၃ရက္တြင္ မဟာမုနိရုပ္ရွင္ေတာ္ျမတ္အား မကိုဋ္ေတာ္ဆင္ယင္လွဴဒါန္းခဲ့သည္။


သီေပါမင္းသည္ မဟာမုနိရုပ္ရွင္ေတာ္ မီးသင့္ခံခဲ့ရစဥ္က သိမ္းဆည္းရရွိခဲ့ေသာေရႊမ်ားကို ခတ္လုပ္ထားသည့္ အခ်ိန္ခြက္ ၆၀ရွိသည့္ ေရႊပုစြန္ခြံသကၤန္းေတာ္မ်ားကို ၁၈၈၅ခုႏွစ္ ဇန္န၀ါရီ ၁၆ရက္တြင္ ရုပ္ရွင္ေတာ္ျမတ္ထံ ကပ္လွဴေစခဲ့သည္။


မဟာမုနိျပာသာဒ္ေတာ္ၾကီးကို ျမန္မာသကၠရာဇ္ ၁၂၆၀ျပည့္ႏွစ္တြင္ အုတ္၊ အဂၤေတမ်ားျဖင့္ ေဆာက္လုပ္ခဲ့သည္။ ျပာသာဒ္ေတာ္အထက္ တြင္ တင္လွဴထားသည့္ ထီးေတာ္သည္ ျမန္မာသကၠရာဇ္ ၁၂၇၈ခုႏွစ္တြင္ ေလျပင္းတိုက္ခတ္မႈေၾကာင့္ ေျမျပင္သို႔က်ခဲ့သျဖင့္ ရပ္ေစာက္ ေစာ္ဘြားၾကီးက ထီးေတာ္အသစ္တင္လွဴခဲ့သည္။ 


မဟာမုနိရုပ္ရွင္ေတာ္ဘုရားၾကီး၏ အုပ္ခ်ဳပ္မႈကိစၥအရပ္ရပ္ကို ေတာင္ေတာ္သာသနာပိုင္ ဆရာေတာ္ၾကီးအမွဴးျပဳေသာ သုဓမၼာဆရာ ေတာ္ၾကီးမ်ားႏွင့္ ကင္း၀န္မင္းၾကီးအမွဴးျပဳေသာ ပုဂၢိဳလ္မ်ားက တာ၀န္ယူခဲ့သည္။ ရုပ္ပြားေတာ္ မ်က္ႏွာသစ္ေတာ္ ေရ၀တ္ေဆာင္ရြက္ရန္ ေရႊေရးေဆာင္ဆရာေတာ္ ဦးနႏၵထံ ျမန္မာသကၠရာဇ္ ၁၂၄၈ခုႏွစ္တြင္ ဂႏၶကုဋိတိုက္ေသာ့အပ္ခဲ့သည္။ ျမန္မာသကၠရာဇ္ ၁၃၄၉ခုႏွစ္ တေပါင္းလဆန္း ၁ရက္မွစ၍ ေတာင္ထီးလင္းတိုက္၊ ပိဋကတ္တိုက္ေက်ာင္းမွ ဆရာေတာ္ ဘဒၵႏၱပညာ၀ံသက ရုပ္ပြားေတာ္ျမတ္ မ်က္ႏွာသစ္၀တ္ကို ေန႔စဥ္ နံနက္တိုင္း ေဆာင္ရြက္ခဲ့သည္။


မဟာမုနိရုပ္ရွင္ေတာ္ျမတ္ၾကီး၏ ပထမဆံုးဘ႑ာေတာ္ထိန္းအဖြဲ႔ကို ခရစ္ႏွစ္ ၁၈၉၁ခုႏွစ္တြင္ ဖြဲ႔စည္းခဲ့သည္။ ၁၈၉၄ခုႏွစ္ ဇြန္ ၂၇ ရက္တြင္ အင္ဂ်င္နီယာမင္းၾကီး မစၥတာဟင္နဲေပါ့၊ လက္ေထာက္အင္ဂ်င္နီယာ မစၥတာဘူႏွင့္ ၀န္စာေရးၾကီး ဦးေယာတို႔က ဂႏၶကုဋိတိုက္ကို ထပ္မံအုတ္ျမစ္ခ်ခဲ့သည္။ လက္ရွိ ဂႏၶကုဋိတိုက္ကို ကင္း၀န္မင္းၾကီးႏွင့္ အေနာက္တိုင္း ဗိသုကာမ်ားက ၁၈၉၆ခုႏွစ္တြင္ တည္ေဆာက္ခဲ့သည္။


၁၉၀၀ျပည့္ႏွစ္ ေဖေဖာ္၀ါရီ ၁၂ရက္တြင္ ဦးဖဲက မဟာမုနိပလႅင္ေတာ္ႏွင့္ တံကဲေတာ္မ်ားကိုျပင္ဆင္ခဲ့ျပီး ၁၉၀၂ခုႏွစ္ ေဖေဖာ္၀ါရီ ၂၀ ရက္တြင္ သီေပါမင္းလွဴဒါန္းခဲ့သည့္ မကိုဋ္ေတာ္ကို ျပန္လည္ျပဳျပင္၍ စိန္၊ပတၱျမား၊ နီလာ၊ ရတနာမ်ိဳးေပါင္း ၉၄၀ စီျခယ္ထားသည့္ မကိုဋ္ေတာ္အသစ္ကိုတင္လွဴခဲ့သည္။ ၁၉၀၈ခုႏွစ္ ဇူလိုင္ ၁၂ရက္တြင္ န၀ရတ္ကိုးပါး စီျခယ္ထားသည့္ အေလးခ်ိန္ ၁၃ပိႆာ ၆၀က်ပ္သားရွိသည့္ ေရႊသားစလြယ္ေတာ္ကို ဆက္ကပ္ခဲ့၍ ၁၉၁၈ခုႏွစ္တြင္ ေညာင္ေရႊေစာ္ဘြား ဆာေတေမာင္က ေရႊခ်ိန္ ၁၉က်ပ္သားရွိသည့္ စိန္ဖူးငွက္ျမတ္နားကို တင္လွဴခဲ့သည္။


မဟာမုနိရုပ္ရွင္ေတာ္ျမတ္အား ဖူးေျမာ္ၾကည္ညိဳသူမ်ား အလြန္မ်ားျပားလာသည့္အတြက္ ၁၉၃၁ခုႏွစ္ ဇန္န၀ါရီလ ၂၉ ရက္တြင္ ရေသ့ၾကီး ဦးခႏၱီက မဟာမုနိႏွင့္ အာနႏၵာသိမ္ၾကား အုတ္ေစာင္းတန္းၾကီးေဆာက္လုပ္လွဴဒါန္းခဲ့သည္။ သာသနာႏွစ္ ၂၅၀၀ျပည့္အထိမ္းအမွတ္အျဖစ္ စံကင္းဆရာေတာ္၊ ေညာင္ရမ္းဆရာေတာ္၊ ေခမာသီ၀ံဆရာေတာ္ႏွင့္ ဟံသာ၀တီဆရာေတာ္တို႔က ၁၉၅၆ခုႏွစ္တြင္ ရတနာဗိမာန္ေတာ္ၾကီးကို အုတ္ျမစ္ခ်ခဲ့ၾကျပီး ၁၉၅၇ခုႏွစ္ ဧျပီ ၁၄ရက္တြင္ ဖြင့္လွစ္ခဲ့သည္။ မဟာမုနိရုပ္ပြားေတာ္၏ သစ္သားတံကဲေတာ္ကိုလည္း ၁၉၃၂-၁၉၃၃ခုႏွစ္တြင္ လွဴဒါန္းခဲ့သည္။


၁၉၄၂ခုႏွစ္မွ ၁၉၄၈ခုႏွစ္ထိ မဟာမုနိဘုရားၾကီး အာရံုခံအုတ္တိုက္(ယခု ျပတိုက္ ၁)ကို တည္ေဆာက္ကာ ဦးေဇာတိကအမွဴးျပဳေသာ  ရဟန္းေတာ္ အပါး၃၀ေက်ာ္က ဘုရားၾကီးပစၥည္းမ်ားကို ေစာင့္ေရွာက္ခဲ့ၾကသည္။ မဟာမုနိရုပ္ပြားကို ပင့္ေဆာင္ခဲ့သူ မဟာဥပရာဇာ၏ ေၾကးရုပ္ကို ၁၉၄၈ခုႏွစ္တြင္ မဟာမုနိရင္ျပင္ေတာ္၌ ထားရွိခဲ့သည္။


‘ေအာင္ေက်ာ္ခ်မ္းေအး၊ မႏၱေလး’ ဟုအမွတ္အသားျပဳခဲ့သည့္ ျမန္မာသကၠရာဇ္ ၁၂၂၁ခုႏွစ္တြင္ မင္းတုန္းမင္းၾကီးတည္ေထာင္ခဲ့သည့္ ရတနာပံု မႏၱေလးျမိဳ႕တည္နည္းတည္ ရာျပည့္အထိမ္းအမွတ္အျဖစ္ ျမန္မာသကၠရာဇ္ ၁၃၂၁ခုႏွစ္ ကဆုန္လဆုတ္ ၇ ရက္( ခရစ္ႏွစ္ ၁၉၅၉ခုႏွစ္ ေမ ၂၈ရက္) ၾကာသပေတးေန႔တြင္ ဘုရားၾကီးရင္ျပင္အေရွ႕ေျမာက္ေထာင့္၌ ဗဟိုစင္ကိုတည္ေဆာက္ခဲ့သည္။ အေလးခ်ိန္ ၃၂၆၄ပိႆာရွိသည့္ ျငိမ္းခ်မ္းသာယာေၾကးစည္ၾကီးကို ျမန္မာသကၠရာဇ္ ၁၃၂၇ခုႏွစ္ ျပာသိုလဆန္း ၉ရက္ (ခရစ္ႏွစ္ ၁၉၆၅ခုႏွစ္ ဒီဇင္ဘာ ၃၁ရက္) ေသာၾကာေန႔တြင္လည္းေကာင္း၊ အေလးခ်ိန္ ၂၁၅၆ပိႆာရွိ ခ်မ္းေအးျပည္သာေၾကးေမာင္းၾကီးကို ၁၉၇၂ခုႏွစ္တြင္ လည္းေကာင္း သြန္းလုပ္ခဲ့သည္။


မဟာမုနိ ေခါင္းေလာင္းေတာ္မ်ား

ေရွးအခါက မဟာမုနိရုပ္ရွင္ေတာ္ရင္ျပင္အေနာက္ဘက္ တံတိုင္းတေလွ်ာက္တြင္ ေခါင္းေလာင္းမ်ား အတန္းလိုက္ရွိခဲ့ေသာ္လည္း ေၾကးစည္ၾကီးႏွင့္ နတ္ရုပ္မ်ားသြန္းေလာင္းစဥ္က ေခါင္းေလာင္းမ်ားကို အရည္က်ိဳခဲ့သျဖင့္ သမိုင္းမွတ္တမ္းမ်ား ဆံုးရႈံးခဲ့ရေပသည္။ ယခုအခ်ိန္တြင္ မဟာမုနိရင္ျပင္ေတာ္၌ ေခါင္းေလာင္း ၂၄လံုးက်န္ရွိေနကာ ၁၈လံုးတြင္ ေခါင္းေလာင္းစာမ်ား ေရးထိုးထားသည္။ ေခါင္းေလာင္းအမ်ားစုသည္ ေၾကးခ်ိန္ပိႆာ ၁၀၀မွ ၁၅၀အတြင္းရွိၾကျပီး ေခါင္းေလာင္း ၁၂လံုး၌ သြန္းလုပ္ခဲ့သည့္ ခုႏွစ္သကၠ႐ာဇ္ မွတ္တမ္းမ်ားပါရွိသည္။


မဟာမုနိေခါင္းေလာင္းေတာ္မ်ားအနက္ ေျမာက္ဘက္မုခ္ရင္ျပင္ရွိ အိမ္ေရွ႕မင္းဥပရာဇာေခါင္းေလာင္းေတာ္ႏွင့္ အေရွ႕ဘက္မုခ္ရင္ျပင္ရွိ တစ္ပင္တိုင္ေခါင္းေလာင္းတို႔သည္ အထူးထင္ရွားၾကသည္။


အိမ္ေရွ႕မင္းေခါင္းေလာင္းေတာ္ကို အိမ္ေရွ႕မင္း ဥပရာဇာ သီဟသူရက သြန္းလုပ္ခဲ့ျပီး အိမ္ေရွ႕မင္း ကြယ္လြန္ျပီးေနာက္ ခရစ္ႏွစ္ ၁၈၁၁ ခုႏွစ္တြင္ အိမ္ေရွ႕မင္း၏ မိဖုရားတစ္ပါးျဖစ္ေသာ နႏၵာေဒ၀ီက မဟာမုနိရုပ္ရွင္ေတာ္ျမတ္သို႔လွဴဒါန္းခဲ့သည္။ မင္းကြန္းေခါင္းေလာင္းေတာ္ ကို ၁၈၁၀ျပည့္ႏွစ္တြင္ ခ်ိတ္ဆြဲခဲ့သျဖင့္ မဟာမုနိေခါင္းေလာင္းေတာ္က မင္းကြန္းေခါင္းေလာင္းေအာက္ တစ္ႏွစ္သာ ေနာက္က်ခဲ့သည္။


ေခါင္းေလာင္းေတာ္၏ ကြဲအက္ေနေသာ အတြင္း၊ အျပင္ ကြဲေၾကာင္းမ်ားကို ဂေဟျဖင့္ဆက္ထားကာ ေရရွည္ၾကံ့ခိုင္ေစရန္ ေခါင္းေလာင္းကို သံျပားမ်ားျဖင့္ ရစ္သိုင္းထားသည္။ ေခါင္းေလာင္းေတာ္သည္ ပိႆာ ၁၅၀၀ေက်ာ္ေလးလံ၍ ေခါင္းေလာင္း၀သည္ ေျခာက္ေပႏွင့္ ရွစ္လက္မ က်ယ္၀န္းသည္။ လက္ရွိျမင္ေတြ႕ေနရသည့္ အေနအထားအရ ေခါင္းေလာင္းေတာ္၏ အေနာက္ဘက္ မ်က္ႏွာခါးေဖာင္းရစ္ေအာက္၌ အလ်ား ေျခာက္ေပ၊အနံ တစ္ေပ ေလးလက္မအတြင္း ကမၸည္းစာ ၁၇ေၾကာင္း ေရးထိုးထားသည္။


ေခါင္းေလာင္းစာတြင္ ေခါင္းေလာင္းေတာ္သြန္းလုပ္မႈမွတ္တမ္းႏွင့္ ဆုေတာင္းမ်ားပါရ ွိျပီး ကုန္းေဘာင္မင္းဆက္ကိုထူေထာင္ခဲ့သည့္ အေလာင္းမင္းတရား ဦးေအာင္ေဇယ်ဘြဲ႔ေတာ္ကို ‘သာသနာဒါယကာ ေလာကာဓိပတိ’ဟုေရးထိုးထားေၾကာင္း ေတြ႕ရွိရေပသည္။ ၄င္းေခါင္းေလာင္းစာ အျပည့္အစံုကို ဦးေမာင္ေမာင္တင္ျပဳစုသည့္ မႏၱေလးမဟာမုနိရုပ္ရွင္ေတာ္ဘုရားၾကီး သမိုင္းစာအုပ္တြင္ ဖတ္ရႈႏိုင္သည္။


မဟာမုနိရင္ျပင္ေတာ္ အေရွ႕မုခ္အနီးတြင္ ထားရွိသည့္ ေခါင္းေလာင္းသည္ အျခားေခါင္းေလာင္းမ်ားကဲ့သို႔ ေထာက္တိုင္ႏွစ္ခုတြင္ ခ်ိတ္ထားသည့္ေခါင္းေလာင္းမဟုတ္ဘဲ တိုင္တစ္တိုင္တြင္ စြပ္ထားသည့္ တစ္ပင္တိုင္ေခါင္းေလာင္းျဖစ္သည္။ ၄င္းေခါင္းေလာင္းတြင္ ကမၸည္းစာကိုးေၾကာင္းပါရွိကာ သကၠရာဇ္ ၁၂၅၃ခုႏွစ္ ျပာသိုလဆန္း ၁၁ရက္၊ စေနေန႔တြင္ ေၾကးခ်ိန္ပိႆာ ၆၀၀ျဖင့္ သြန္းလုပ္ေၾကာင္း ေရးသားထားသည္။


တစ္ပင္တိုင္ ေခါင္းေလာင္းကို ေတာင္ပိုင္ျမိဳ႕ စီရင္စု၊ ရလင္ျမိဳ႕သစ္ရြာ၌ သီတင္းသံုးေသာဆရာေတာ္ ဦးစူဠရ၏ၾကီးၾကပ္မႈျဖင့္ ေတာင္ပိုင္ျမိဳ႕ဂိုဏ္းအုပ္၊ ဂိုဏ္းေထာက္၊ ေစာ္ဘြားျမိဳ႕စားအမတ္ဟိန္ႏွင့္ ကုန္သည္ ၾကီး၊ငယ္၊ဒကာ၊ဒကာမမ်ား စုေပါင္းလွဴဒါန္းသည့္ အသျပာ ၁၅၀၀ျဖင့္ သြန္းလုပ္ေၾကာင္း ဖတ္ရႈရေပသည္။


ကိုးကား -

ျမန္မာ့စြယ္စံုက်မ္းအတြဲ(၈)

မႏၱေလး မဟာမုနိရုပ္ရွင္ေတာ္ျမတ္ၾကီးသမိုင္း (ဦးေမာင္ေမာင္တင္)

ကုန္းေဘာင္ေခတ္ ျမန္မာရက္စြဲသမိုင္း (ဦးတိကၡဓမၼာလကၤာရ၊ ေဒါက္တာသန္းထြန္း)

Saturday, January 30, 2021

ဝှေးစေ့မှာ သွေးတိုးရင် ဘာဖြစ်တတ်သလဲ

 ဝှေးစေ့မှာ သွေးတိုးရင် ဘာဖြစ်တတ်သလဲ


#HelloSexualHealth

#healthyliving 

#menshealth


(အမျိုးသား တချို့မှာ ဆန္ဒမပြီးမြောက်အောင် ထိန်းချုပ်လိုက်ရင် ဝှေးစေ့ထဲကနေအောင့်သလိုလို ကိုက်သလိုလို ခံစားရတဲ့အကြောင်းကို ပြောပြချင်လို့ Hello ဆရာဝန် စာမျက်နှာက ဆောင်းပါးတစ်ပုဒ်ကို ပြန်လည်ကူးယူဝေငှလိုက်ပါတယ်။) 


#ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn

#ရေးသားသူ Dr. Thiha Phyo Myint



အမျိုးသား တချို့မှာ ဆန္ဒမပြီးမြောက်အောင် ထိန်းချုပ်လိုက်ရင် ဝှေးစေ့ထဲကနေအောင့်သလိုလို ကိုက်သလိုလို ခံစားရတဲ့အကြောင်းကို ပြောပြချင်ပါတယ်။ ဝှေးစေ့မှာ  သွေးတိုးတာကို Blue balls ဒါမှမဟုတ် epididymal hypertension လို့လည်း ခေါ်ပါတယ်။ တစ်ခုကြို ပြီးပြောချင်တာက ဝှေးစေ့မှာ သွေးတိုးရတာရောဂါကြောင့် မဟုတ်ပါဘူး။ ကိုယ့်ရဲ့ အပြုအမူကြောင့် ဖြစ်ရတာပါ။


အမျိုးသား တချို့က အချိန် ပိုကြာကြာ လိင်ဆက်ဆံနိုင်အောင် သုက်လွှတ်တာကို ထိန်းချုပ်ဖို့ ကြိုးစားတတ် ကြပါတယ်။ ဆန္ဒပြီးမြောက်ခါနီးအထိလုပ်ပြီးမှ သုက်မထွက်အောင်ထိန်းချုပ်တာမျိုးပေါ့။ အများစုကတော့ အဆင်ပြေ ကြပါတယ်။


တချို့ကျတော့ ဒီလို လိင်ဆန္ဒအထွတ်အထိပ် မရောက်အောင် ထိန်းချုပ်လိုက်ရင် ဝှေးစေ့ထဲက အောင့်သလိုလို နာသလိုလို ခံစားရတတ်ပါတယ်။


ဒါဘာကြောင့် ဖြစ်ရသလဲ ဆိုတော့ အာသာဖြေချိန်မှာ ဝှေးစေ့ အတွင်းက သွေးကြောတွေ သာမန်ထက် ပိုကျယ်ပြန့်လာပြီးသွေးတွေ ပိုစုလာပါတယ်။ အချိန်အရမ်းကြာအောင် အာသာဖြေမိရင် ဒီသွေးတွေက အပြင် ပြန်မထွက်တော့ဘဲ ဝှေးစေ့ထဲမှာ ပြည့်ကျပ်လာပြီး ဝှေးစေ့လည်း ပို တောင့်တင်း လာတယ်။


ဒီလိုဖြစ်ရင် ဝှေးစေ့ထဲက အောင့်ပြီး နေမထိထိုင်မသာ ခံစားရတတ် ပါတယ်။ သွေးတွေ အများကြီး စုနေတဲ့အတွက် သေချာ ကြည့်ရင် ဝှေးစေ့က ပြာနှမ်းနှမ်းအရောင် ဖြစ်နေတာမို့ blue balls (ဝှေးစေ့ပြာ) အခြေအနေလို့ အလွယ် ခေါ်ဆိုကြလည်း ဖြစ်ပါတယ်။


ဒီလို ပြောလို့ ဝှေးစေ့ အောင့်တိုင်း ဝှေးစေ့ သွေးတိုးတာလို့ သတ်မှတ်လို့ မရဘူးနော်။ နေရင်းထိုင်ရင်း ဝှေးစေ့က အောင့်နေ၊ နာနေရင်တော့ တခြား ဖြစ်နိုင်တဲ့ပြဿနာတွေကို စဉ်းစား ရပါမယ်၊ ဒါတွေကတော့


– ဆီးချိုရောဂါကြောင့် အာရုံကြော အားနည်းပျက်စီးခြင်း


– သုက်ပို့ပြွန် ရောင်ရမ်းခြင်း


– ရောဂါပိုး ဝင်ခြင်း


– ကျောက်ကပ် ကျောက်တည်ခြင်း


– ပါးချိတ် ရောင်ခြင်း


– ဝှေးစေ့ ပိုးဝင်ပြီး ရောင်ရမ်းခြင်း


– ဝှေးစေ့ ကင်ဆာ ဖြစ်ခြင်း


– ဝှေးစေ့ လိမ်ခြင်း စတဲ့ အခြေအနေတွေမှာလည်း ဝှေးစေ့ အောင့်တတ် ပါသေးတယ်။ အရမ်းကျပ်တဲ့ဘောင်းဘီတွေ ဝတ်မိရင်လည်း ဝှေးစေ့ အောင့်တတ်တာကို သိထား သင့်ပါတယ်။


အမျိုးသားတွေ အတွက် ကံကောင်းတာ တစ်ခုက ဝှေးစေ့ သွေးတိုးတဲ့ ပြဿနာက အရမ်း မပြင်းထန်တတ် တာပါပဲ။ ကြီးကြီးကျယ်ကျယ် ကုသမှု ခံယူစရာလည်း မလိုအပ်ပါဘူး။ လိင်တံ နဲ့ ဝှေးစေ့ထဲမှာ စုနေတဲ့ သွေးတွေ လျော့သွား တာနဲ့ ပုံမှန် ပြန်ဖြစ်သွားမှာပါ။


ဝှေးစေ့ သွေးတိုးတာကို အလွယ်ကူဆုံး နဲ့ အမြန်ဆုံးပျောက်ကင်းအောင် လုပ်တဲ့ နည်းက ဆန္ဒပြီးမြောက်ချိန်မှာ သုက်လွှတ်လိုက်ဖို့ ပါပဲ။  ဒါဆို ဝှေးစေ့ နဲ့ လိင်တံထဲမှာ စုနေတဲ့ သွေးတွေ ပြန်လျော့သွားပြီးသွေးကြောတွေလည်း ပြန်ကျဉ်း သွားပါလိမ့်မယ်။ သုက်လွှတ်ပြီးတာ နဲ့ ဝှေးစေ့အောင့်တာ တဖြည်းဖြည်း သက်သာသွားတာ ခံစားရမှာပါ။


သုက်မလွှတ်ဘဲ ဝှေးစေ့ သွေးတိုးတာကို သက်သာအောင်လုပ်နိုင်တဲ့ တခြား နည်းတစ်ခု ကတော့ ဆန္ဒအထွတ်အထိပ် မရောက်အောင် လိင်စိတ်ကို ဖြေလျှော့လိုက်တာပါပဲ။


လိင်ကိစ္စကို မတွေးဘဲ တခြား အကြောင်း တစ်ခုခု တွေးလိုက်တာ၊ ရေချိုးပစ်လိုက်တာ၊ အိပ်ယာပေါ်မှာ ငြိမ်ငြိမ်လေး လှဲနေလိုက်တာ၊ သီချင်းနားထောင်ပြီး အာရုံ လွှဲပစ်လိုက်တာ စတဲ့နည်းတွေလို တစ်ခြား တစ်ခုခု လုပ်ပြီး အာရုံ လွှဲပစ်လိုက် သင့်ပါတယ်။ လေ့ကျင့်ခန်း လုပ်တာ၊ ဝှေးစေ့ကို ရေခဲအိတ်ကပ်တာတွေလည်း လုပ်ပေးလို့ ရပါတယ်။


ဆိုတော့ ပြောရမယ်ဆို ဝှေးစေ့သွေးတိုးတဲ့ အခြေအနေက သုက်မလွှတ်အောင် ထိန်းချုပ်တဲ့သူ တချို့ ခံစားနိုင်တဲ့ အခြေအနေ တစ်ခု ပါပဲ။ အဖြစ်နည်းသလို ပြင်းလည်း မပြင်းထန်ပါဘူး။ လိင်စိတ် ကျဆင်းသွားတာ နဲ့ ပြန်သက်သာသွားမှာပါ။


မသက်သာဘဲ ဆက်တိုက် နာကျင်နေမယ်၊ နာကျင်မှုလည်း ပိုပြင်းထန်လာခဲ့မယ် ဆိုရင်တော့ ဝှေးစေ့ သွေးတိုးတာ မဟုတ်ဘဲ တခြား ပြဿနာ တစ်ခုခုကြောင့် ဖြစ်နိုင်ပြီး ဆရာဝန် နဲ့ ပြသကြည့်ဖို့ လိုအပ်ပါတယ်လို့ ပြောချင်ပါတယ်။


(Dr. Htoo Tint)


Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

(Zawgyi) 

ေဝွးေစ့မွာ ေသြးတိုးရင္ ဘာျဖစ္တတ္သလဲ




#HelloSexualHealth

#healthyliving 

#menshealth


(အမ်ိဳးသား တခ်ိဳ့မွာ ဆႏၵမၿပီးေျမာက္ေအာင္ ထိန္းခ်ဳပ္လိုက္ရင္ ေဝွးေစ့ထဲကေနေအာင့္သလိုလို ကိုက္သလိုလို ခံစားရတဲ့အေၾကာင္းကို ေျပာျပခ်င္လို႔ Hello ဆရာ၀န္​ စာမ်က္ႏွာက ေဆာင္းပါးတစ္ပုဒ္ကို ျပန္လည္ကူးယူေ၀ငွလိုက္ပါတယ္။) 


#ေဆးပညာပိုင္းဆိုင္ရာတည္းျဖတ္သူ Dr. Phyo Wai Lynn

#ေရးသားသူ Dr. Thiha Phyo Myint



အမ်ိဳးသား တခ်ိဳ႕မွာ ဆႏၵမၿပီးေျမာက္ေအာင္ ထိန္းခ်ဳပ္လိုက္ရင္ ေဝွးေစ့ထဲကေနေအာင့္သလိုလို ကိုက္သလိုလို ခံစားရတဲ့အေၾကာင္းကို ေျပာျပခ်င္ပါတယ္။ ေဝွးေစ့မွာ  ေသြးတိုးတာကို Blue balls ဒါမွမဟုတ္ epididymal hypertension လို႔လည္း ေခၚပါတယ္။ တစ္ခုႀကိဳ ၿပီးေျပာခ်င္တာက ေဝွးေစ့မွာ ေသြးတိုးရတာေရာဂါေၾကာင့္ မဟုတ္ပါဘူး။ ကိုယ့္ရဲ႕ အျပဳအမူေၾကာင့္ ျဖစ္ရတာပါ။


အမ်ိဳးသား တခ်ိဳ႕က အခ်ိန္ ပိုၾကာၾကာ လိင္ဆက္ဆံႏိုင္ေအာင္ သုက္လႊတ္တာကို ထိန္းခ်ဳပ္ဖို႔ ႀကိဳးစားတတ္ ၾကပါတယ္။ ဆႏၵၿပီးေျမာက္ခါနီးအထိလုပ္ၿပီးမွ သုက္မထြက္ေအာင္ထိန္းခ်ဳပ္တာမ်ိဳးေပါ့။ အမ်ားစုကေတာ့ အဆင္ေျပ ၾကပါတယ္။


တခ်ိဳ႕က်ေတာ့ ဒီလို လိင္ဆႏၵအထြတ္အထိပ္ မေရာက္ေအာင္ ထိန္းခ်ဳပ္လိုက္ရင္ ေဝွးေစ့ထဲက ေအာင့္သလိုလို နာသလိုလို ခံစားရတတ္ပါတယ္။


ဒါဘာေၾကာင့္ ျဖစ္ရသလဲ ဆိုေတာ့ အာသာေျဖခ်ိန္မွာ ေဝွးေစ့ အတြင္းက ေသြးေၾကာေတြ သာမန္ထက္ ပိုက်ယ္ျပန႔္လာၿပီးေသြးေတြ ပိုစုလာပါတယ္။ အခ်ိန္အရမ္းၾကာေအာင္ အာသာေျဖမိရင္ ဒီေသြးေတြက အျပင္ ျပန္မထြက္ေတာ့ဘဲ ေဝွးေစ့ထဲမွာ ျပည့္က်ပ္လာၿပီး ေဝွးေစ့လည္း ပို ေတာင့္တင္း လာတယ္။


ဒီလိုျဖစ္ရင္ ေဝွးေစ့ထဲက ေအာင့္ၿပီး ေနမထိထိုင္မသာ ခံစားရတတ္ ပါတယ္။ ေသြးေတြ အမ်ားႀကီး စုေနတဲ့အတြက္ ေသခ်ာ ၾကည့္ရင္ ေဝွးေစ့က ျပာႏွမ္းႏွမ္းအေရာင္ ျဖစ္ေနတာမို႔ blue balls (ေဝွးေစ့ျပာ) အေျခအေနလို႔ အလြယ္ ေခၚဆိုၾကလည္း ျဖစ္ပါတယ္။


ဒီလို ေျပာလို႔ ေဝွးေစ့ ေအာင့္တိုင္း ေဝွးေစ့ ေသြးတိုးတာလို႔ သတ္မွတ္လို႔ မရဘူးေနာ္။ ေနရင္းထိုင္ရင္း ေဝွးေစ့က ေအာင့္ေန၊ နာေနရင္ေတာ့ တျခား ျဖစ္ႏိုင္တဲ့ျပႆနာေတြကို စဥ္းစား ရပါမယ္၊ ဒါေတြကေတာ့


– ဆီးခ်ိဳေရာဂါေၾကာင့္ အာ႐ုံေၾကာ အားနည္းပ်က္စီးျခင္း


– သုက္ပို႔ႁပြန္ ေရာင္ရမ္းျခင္း


– ေရာဂါပိုး ဝင္ျခင္း


– ေက်ာက္ကပ္ ေက်ာက္တည္ျခင္း


– ပါးခ်ိတ္ ေရာင္ျခင္း


– ေဝွးေစ့ ပိုးဝင္ၿပီး ေရာင္ရမ္းျခင္း


– ေဝွးေစ့ ကင္ဆာ ျဖစ္ျခင္း


– ေဝွးေစ့ လိမ္ျခင္း စတဲ့ အေျခအေနေတြမွာလည္း ေဝွးေစ့ ေအာင့္တတ္ ပါေသးတယ္။ အရမ္းက်ပ္တဲ့ေဘာင္းဘီေတြ ဝတ္မိရင္လည္း ေဝွးေစ့ ေအာင့္တတ္တာကို သိထား သင့္ပါတယ္။


အမ်ိဳးသားေတြ အတြက္ ကံေကာင္းတာ တစ္ခုက ေဝွးေစ့ ေသြးတိုးတဲ့ ျပႆနာက အရမ္း မျပင္းထန္တတ္ တာပါပဲ။ ႀကီးႀကီးက်ယ္က်ယ္ ကုသမႈ ခံယူစရာလည္း မလိုအပ္ပါဘူး။ လိင္တံ နဲ႔ ေဝွးေစ့ထဲမွာ စုေနတဲ့ ေသြးေတြ ေလ်ာ့သြား တာနဲ႔ ပုံမွန္ ျပန္ျဖစ္သြားမွာပါ။


ေဝွးေစ့ ေသြးတိုးတာကို အလြယ္ကူဆုံး နဲ႔ အျမန္ဆုံးေပ်ာက္ကင္းေအာင္ လုပ္တဲ့ နည္းက ဆႏၵၿပီးေျမာက္ခ်ိန္မွာ သုက္လႊတ္လိုက္ဖို႔ ပါပဲ။  ဒါဆို ေဝွးေစ့ နဲ႔ လိင္တံထဲမွာ စုေနတဲ့ ေသြးေတြ ျပန္ေလ်ာ့သြားၿပီးေသြးေၾကာေတြလည္း ျပန္က်ဥ္း သြားပါလိမ့္မယ္။ သုက္လႊတ္ၿပီးတာ နဲ႔ ေဝွးေစ့ေအာင့္တာ တျဖည္းျဖည္း သက္သာသြားတာ ခံစားရမွာပါ။


သုက္မလႊတ္ဘဲ ေဝွးေစ့ ေသြးတိုးတာကို သက္သာေအာင္လုပ္ႏိုင္တဲ့ တျခား နည္းတစ္ခု ကေတာ့ ဆႏၵအထြတ္အထိပ္ မေရာက္ေအာင္ လိင္စိတ္ကို ေျဖေလွ်ာ့လိုက္တာပါပဲ။


လိင္ကိစၥကို မေတြးဘဲ တျခား အေၾကာင္း တစ္ခုခု ေတြးလိုက္တာ၊ ေရခ်ိဳးပစ္လိုက္တာ၊ အိပ္ယာေပၚမွာ ၿငိမ္ၿငိမ္ေလး လွဲေနလိုက္တာ၊ သီခ်င္းနားေထာင္ၿပီး အာ႐ုံ လႊဲပစ္လိုက္တာ စတဲ့နည္းေတြလို တစ္ျခား တစ္ခုခု လုပ္ၿပီး အာ႐ုံ လႊဲပစ္လိုက္ သင့္ပါတယ္။ ေလ့က်င့္ခန္း လုပ္တာ၊ ေဝွးေစ့ကို ေရခဲအိတ္ကပ္တာေတြလည္း လုပ္ေပးလို႔ ရပါတယ္။


ဆိုေတာ့ ေျပာရမယ္ဆို ေဝွးေစ့ေသြးတိုးတဲ့ အေျခအေနက သုက္မလႊတ္ေအာင္ ထိန္းခ်ဳပ္တဲ့သူ တခ်ိဳ႕ ခံစားႏိုင္တဲ့ အေျခအေန တစ္ခု ပါပဲ။ အျဖစ္နည္းသလို ျပင္းလည္း မျပင္းထန္ပါဘူး။ လိင္စိတ္ က်ဆင္းသြားတာ နဲ႔ ျပန္သက္သာသြားမွာပါ။


မသက္သာဘဲ ဆက္တိုက္ နာက်င္ေနမယ္၊ နာက်င္မႈလည္း ပိုျပင္းထန္လာခဲ့မယ္ ဆိုရင္ေတာ့ ေဝွးေစ့ ေသြးတိုးတာ မဟုတ္ဘဲ တျခား ျပႆနာ တစ္ခုခုေၾကာင့္ ျဖစ္ႏိုင္ၿပီး ဆရာဝန္ နဲ႔ ျပသၾကည့္ဖို႔ လိုအပ္ပါတယ္လို႔ ေျပာခ်င္ပါတယ္။


(Dr. Htoo Tint)


Hello Health Group သည္ ေဆးပညာအႀကံဉာဏ္မ်ား၊ ေရာဂါရွာေဖြမႈမ်ားႏွင့္ ကုသမႈမ်ား မျပဳလုပ္ေပးပါ။

Friday, January 29, 2021

ဝက်သားဒုတ်ထိုး - ကြက်အူ ဒုတ်ထိုး

ဝက်သားဒုတ်ထိုး   

❤❤❤❤❤




(ဝက်အူမကြီး ဒုတ်ထိုး)

ဝက်အူမကြီး - ၃၀ သား

ဆား - အနည်းငယ် ရှလကာရည် - အနည်းငယ်

ရှလကာရည် - အနည်းငယ်

Maggi Seasoning Sauce - အနည်းငယ်

ငရုတ်ကောင်းမှုန့် - အနည်းငယ်

နာနတ်ပွင့် - ၂ ပွင့်

ဆီ - အနည်းငယ်

ရေနွေး


(ဝက်သား သုံးထပ်သား ဒုတ်ထိုး)

ဝက်သား သုံးထပ်သား - ၂၅ သား

နာနတ်ပွင့် - ၂ ပွင့်

Maggi Seasoning Sauce - အနည်းငယ်

ဆား & ငရုပ်ကောင်းမှုန့် - အနည်းငယ်

ရေနွေး


(ကြက်အူ ဒုတ်ထိုး)

ကြက်အူ - ၂၀ သား

ဆား - အနည်းငယ်

ရှလကာရည် - အနည်းငယ်

Maggi Seasoning Sauce - အနည်းငယ်

ငရုတ်ကောင်းမှုန့် - အနည်းငယ်

နာနတ်ပွင့် - ၂ ပွင့်

ဆီ - အနည်းငယ်

ရေနွေး


(တွဲဖက်စားရန်)

အချဉ်ရည် ၊ ငရုပ်ဆီ ၊

ငရုပ်ဆီ

ကြက်သွန်ဖြူ

ငရုပ်သီးစိမ်း


ပြုလုပ်နည်း


(ဝက်အူမကြီး ဒုတ်ထိုး)

ဝက်အူမကြီးကို ဆား ၊ ရှလကာရည် တို့နှင့် အထပ်ထပ် အခါခါ ဆေးပါ ။

ပြီးလျင် ဝက်အူမကြီးကို Maggi Seasoning Sauce ၊ ဆား ၊ ငရုတ်ကောင်းမှုန့် တို့နှင့် နယ်၍ နှပ်ထားပါ ။

ဒယ်အိုးထဲတွင် ဆီအနည်းငယ် ထည့်၍ နှပ်ထားသော ဝက်အူမကြီးကို အရောင်နီလာသည်အထိ ထည့်၍လှိမ့်ပါ ။

ပြီးလျင် နာနတ်ပွင့် နှင့် ရေနွေးကို ဝက်အူမကြီး မြှပ်သည်အထိ ထည့်၍ မီးအေးအေးဖြင့် တည်ပါ ။ ရေလိုက နဲနဲခြင်း ထပ်၍ ထည့်နိုင်ပါသည် ။

ဝက်အူမကြီး ကျက်ပါက အအေးခံ၍ မထူမပါး လှီးကာ အချဉ်ရည်နှင့် တို့ပြီး သုံးဆောင်နိုင်ပါသည် ။


(ဝက်သား သုံးထပ်သား ဒုတ်ထိုး)

ဝက်သား သုံးထပ်သားကို Maggi Seasoning Sauce ၊ ဆား ၊ ငရုတ်ကောင်းမှုန့် တို့နှင့် နယ်၍ နှပ်ထားပါ ။

ဒယ်အိုးထဲတွင် ဝက်သား သုံးထပ်သားကို ထည့်ပြီး နာနတ်ပွင့် နှင့် ရေနွေးကို မြှပ်သည်အထိ ထည့်၍ မီးအေးအေးဖြင့် တည်ပါ ။ ရေလိုက နဲနဲခြင်း ထပ်၍ ထည့်နိုင်ပါသည် ။

ဝက်သား သုံးထပ်သားကို နူးမြည့်သည်အထိ တည်ရန် မလိုပါ ။

အသားနူးက အအေးခံ၍ျ မထူမပါး လှီးပြီး အိုးထဲမှ ဝက်သားအရည်ကို ဆန်းပြီး အချဉ်ရည်နှင့် တို့ပြီး သုံးဆောင်နိုင်ပါသည် ။


(ကြက်အူ ဒုတ်ထိုး)

ကြက်အူများကို ဆား ၊ ရှလကာရည် တို့နှင့် အထပ်ထပ် အခါခါ ဆေးပါ ။

ပြီးလျင် ကြက်အူများကို Maggi Seasoning Sauce ၊ ဆား ၊ ငရုတ်ကောင်းမှုန့် တို့နှင့် နယ်၍ နှပ်ထားပါ ။

ဒယ်အိုးထဲတွင် ဆီအနည်းငယ် ထည့်ရ်ျ နှပ်ထားသော ကြက်အူများကို အရောင်နီလာသည်အထိ ထည့်၍ လှိမ့်ပါ ။

ပြီးလျင် နာနတ်ပွင့် နှင့် ရေနွေးကို ကြက်အူများ မြှပ်သည်အထိ ထည့်၍ မီးအေးအေးဖြင့် တည်ပါ ။

ကြက်အူသည် နူးလွယ်၍ ရေအများကြီး မထည့်ရပါ ။ ရေလိုက နဲနဲခြင်း ထပ်၍ ထည့်နိုင်ပါသည် ။

ကြက်အူများ ကျက်ပါက အအေးခံပြီး တလုပ်စာစီ လှီး၍ အချဉ်ရည်နှင့် တို့ပြီး သုံးဆောင်နိုင်ပါသည် ။

ဝက်အူမကြီး ဒုတ်ထိုး ၊ ဝက်သား သုံးထပ်သား ဒုတ်ထိုး ၊ ကြက်အူ ဒုတ်ထိုး တို့ကို အချဉ်ရည် ၊ ငရုပ်ဆီ ၊ ကြက်သွန်ဖြူ ၊ ငရုပ်သီးစိမ်းတို့နှင့် တွဲဖက်ရ်ျ စားကြပါသည် ။


ဝက်သားတုတ်ထိုးလုပ်နည်း (အူစုံ၊ အစာစုံ)

•°•°•°•°•°•°•°•°•°•°•°•°•°•°•°• 




ဝက်သားတုတ်ထိုးကို ဆိုင်မှာဝယ်မစားပဲ အိမ်မှာ လုပ်စားရအောင် မျှဝေပေးလိုက်ပါတယ်။ 


တုတ်ထိုးလုပ်နည်း 


အချင်းတိုင် ၂၅သား 

အူချို ၂၀သား 

အူမကြီး ၂၅သား 

နို့အုံသား ၄၀သား 

အူပိတ် ၂၅သား 

နားရွက် တစ်ဖက် 

လျှာ တစ်ချောင်း 

နှလုံး တစ်ခု 

သုံးထပ်သား ၂၀သား 

အသဲ ၁၀သား 

ဘဲဥ ၃လုံး 

ကြိုက်နှစ်သက်ရာထည့်ပါ။ 


ဝက်ကလီစာများကို ရေစင်စင်ဆေးပါ။ 


အူချို/အချင်းတိုင်/နလုံး/လျှာ/နို့အုံသား/နားရွက်/အသဲ/သုံး ထပ်သား တို့ကို မကျည်းသီး ဆား နှင့်ဆေးပါ။အရမ်းမဆေးပဲ စင်ရုံဆေးပါနော်။ 


အူမကြီးကိုရေဆေးပါ။ဒယ်အိုးပူပူမှာအိုးကင်ပူကပ်ပါ။အချွဲ များကုန်အောင်မွှေပါ။ပြီးမှ ဆား သံပုရာသီး မကျည်းသီးနှင့် ဆေးပါ။ အူပိတ်ကို ပြောင်းပြန်လှန် ဆား မကျည်းသီးနှင့်ပွတ်ဆေးပါ။ အချွဲများကုန်လျှင် သံပုရာသီးနှင့်ထပ်ဆေးပါ။ပြောင်သွားလျှင် အတည့်ပြန်လှန်ပြီး ထပ်ဆေးပါ။ 


အားလုံးပြီးမှ တစ်ချောင်းသို့ ထပ်ထပ်ပြီးသွတ်ပါ။တူသုံးလို့ရပါတယ်။ အားလုံးပြီးရင် ကြက်သွန်ဖြူ ဂျင်း အရည်ညှစ်ချပါ။ဆား/သ ကြား(ကြက်သားမှုန့်)/ငရုတ်ကောင်း/တရုတ်မဆလာ/အ သားမဆလာ/ပဲငံပြာရည်အနောက် တို့နှင့် ၃/၄နာရီခန့် ရေခဲ သေတ္တာထဲသို့ထည့် နှပ်ထားပါ။ 


ကျွန်မကတော့ မနက်ချက်ရန် ညထဲကနှပ်ထားပါတယ်။ ချက်ကာနီးလျှင်နာရီဝက်ခန့်ကြိုထုတ်ပါ။ဆီပူပူမှာ သကြားထည့်ပါ။ ရဲလာလျှင် အသဲမှလွဲ၍ အားလုံးကိုထည့်ပြီး ကြော်ပါ။ ရေခမ်းပြီးဝက်သားနီလာလျှင် ရပါပြီ။ Pressure cookerထဲသို့ပြောင်းထည့်ပါ။ရေနို့ဆီဘူး ၁လုံးခွဲခန့်ထည့်ပါ။နာနတ်ပွင့် ၂ပွင့်ခန့်ထည့်ပါ။မိနစ်၂၀ခန့်ကြာ လျှင် နူးလွယ်သောအသားများထုတ်ကာကျန်သောအသား များနူးသည်အထိတည်ပါ။ 


အားလုံးရလျှင်ဆယ်ပြီးကျန်သော ရေဖြင့် အသဲထည့်ပြုတ်ပြီး ဆယ်ထားပါ။ ဘဲဥပြုတ်ထည့်ပါ။ ဗန်းထည့်သို့ပြောင်းထည့်ပြီး မီးမျှင်းမျှင်းဖြင့်တင်ထားပါ။ ကြိုက်ရာကိုလှီးပြီးစားလို့ရပါပြီရှင်။ 


အချဉ်ရည် 


မကျည်းသီးကိုရေဆေးပြီးရေစိမ်ကာပွလာလျှင်ဇကာနှင့်အနှစ်တိုက်ချပါ။ထန်းလျှက်ကိုရေအနည်းငယ်နှင်ကြိုပြီးသဲစစ်ထား ပါ။ကြက်သွန်ဖြူငရုတ်သီးထောင်းပါ။ ငရုတ်ဆီထည့်ပါ။ပဲငံပြာ ရည်အကြည် ဂျင်းအရည်ထည့်ပါ။ငံပြာရည်(ကြက်သားမှုန့်) ထည့်ပါ။ကော်မှုန့် ဇွန်းသေးတစ်ဇွန်းခန့်ကြိုထည့်ပါ။ ကျေးဇူးတင်ပါသည်။ 


(Zawgyi) 

ဝက္သားဒုတ္ထိုး   

❤❤❤❤❤




(ဝက္အူမႀကီး ဒုတ္ထိုး)

ဝက္အူမႀကီး - ၃၀ သား

ဆား - အနည္းငယ္ ရွလကာရည္ - အနည္းငယ္

ရွလကာရည္ - အနည္းငယ္

Maggi Seasoning Sauce - အနည္းငယ္

င႐ုတ္ေကာင္းမႈန႔္ - အနည္းငယ္

နာနတ္ပြင့္ - ၂ ပြင့္

ဆီ - အနည္းငယ္

ေရေႏြး




(ဝက္သား သုံးထပ္သား ဒုတ္ထိုး)

ဝက္သား သုံးထပ္သား - ၂၅ သား

နာနတ္ပြင့္ - ၂ ပြင့္

Maggi Seasoning Sauce - အနည္းငယ္

ဆား & င႐ုပ္ေကာင္းမႈန႔္ - အနည္းငယ္

ေရေႏြး


(ၾကက္အူ ဒုတ္ထိုး)

ၾကက္အူ - ၂၀ သား

ဆား - အနည္းငယ္

ရွလကာရည္ - အနည္းငယ္

Maggi Seasoning Sauce - အနည္းငယ္

င႐ုတ္ေကာင္းမႈန႔္ - အနည္းငယ္

နာနတ္ပြင့္ - ၂ ပြင့္

ဆီ - အနည္းငယ္

ေရေႏြး




(တြဲဖက္စားရန္)

အခ်ဥ္ရည္ ၊ င႐ုပ္ဆီ ၊

င႐ုပ္ဆီ

ၾကက္သြန္ျဖဴ

င႐ုပ္သီးစိမ္း


ျပဳလုပ္နည္း


(ဝက္အူမႀကီး ဒုတ္ထိုး)

ဝက္အူမႀကီးကို ဆား ၊ ရွလကာရည္ တို႔ႏွင့္ အထပ္ထပ္ အခါခါ ေဆးပါ ။

ၿပီးလ်င္ ဝက္အူမႀကီးကို Maggi Seasoning Sauce ၊ ဆား ၊ င႐ုတ္ေကာင္းမႈန႔္ တို႔ႏွင့္ နယ္၍ ႏွပ္ထားပါ ။

ဒယ္အိုးထဲတြင္ ဆီအနည္းငယ္ ထည့္၍ ႏွပ္ထားေသာ ဝက္အူမႀကီးကို အေရာင္နီလာသည္အထိ ထည့္၍လွိမ့္ပါ ။

ၿပီးလ်င္ နာနတ္ပြင့္ ႏွင့္ ေရေႏြးကို ဝက္အူမႀကီး ျမႇပ္သည္အထိ ထည့္၍ မီးေအးေအးျဖင့္ တည္ပါ ။ ေရလိုက နဲနဲျခင္း ထပ္၍ ထည့္ႏိုင္ပါသည္ ။

ဝက္အူမႀကီး က်က္ပါက အေအးခံ၍ မထူမပါး လွီးကာ အခ်ဥ္ရည္ႏွင့္ တို႔ၿပီး သုံးေဆာင္ႏိုင္ပါသည္ ။


(ဝက္သား သုံးထပ္သား ဒုတ္ထိုး)

ဝက္သား သုံးထပ္သားကို Maggi Seasoning Sauce ၊ ဆား ၊ င႐ုတ္ေကာင္းမႈန႔္ တို႔ႏွင့္ နယ္၍ ႏွပ္ထားပါ ။

ဒယ္အိုးထဲတြင္ ဝက္သား သုံးထပ္သားကို ထည့္ၿပီး နာနတ္ပြင့္ ႏွင့္ ေရေႏြးကို ျမႇပ္သည္အထိ ထည့္၍ မီးေအးေအးျဖင့္ တည္ပါ ။ ေရလိုက နဲနဲျခင္း ထပ္၍ ထည့္ႏိုင္ပါသည္ ။

ဝက္သား သုံးထပ္သားကို ႏူးျမည့္သည္အထိ တည္ရန္ မလိုပါ ။

အသားႏူးက အေအးခံ၍် မထူမပါး လွီးၿပီး အိုးထဲမွ ဝက္သားအရည္ကို ဆန္းၿပီး အခ်ဥ္ရည္ႏွင့္ တို႔ၿပီး သုံးေဆာင္ႏိုင္ပါသည္ ။


(ၾကက္အူ ဒုတ္ထိုး)

ၾကက္အူမ်ားကို ဆား ၊ ရွလကာရည္ တို႔ႏွင့္ အထပ္ထပ္ အခါခါ ေဆးပါ ။

ၿပီးလ်င္ ၾကက္အူမ်ားကို Maggi Seasoning Sauce ၊ ဆား ၊ င႐ုတ္ေကာင္းမႈန႔္ တို႔ႏွင့္ နယ္၍ ႏွပ္ထားပါ ။

ဒယ္အိုးထဲတြင္ ဆီအနည္းငယ္ ထည့္ရ္် ႏွပ္ထားေသာ ၾကက္အူမ်ားကို အေရာင္နီလာသည္အထိ ထည့္၍ လွိမ့္ပါ ။

ၿပီးလ်င္ နာနတ္ပြင့္ ႏွင့္ ေရေႏြးကို ၾကက္အူမ်ား ျမႇပ္သည္အထိ ထည့္၍ မီးေအးေအးျဖင့္ တည္ပါ ။

ၾကက္အူသည္ ႏူးလြယ္၍ ေရအမ်ားႀကီး မထည့္ရပါ ။ ေရလိုက နဲနဲျခင္း ထပ္၍ ထည့္ႏိုင္ပါသည္ ။

ၾကက္အူမ်ား က်က္ပါက အေအးခံၿပီး တလုပ္စာစီ လွီး၍ အခ်ဥ္ရည္ႏွင့္ တို႔ၿပီး သုံးေဆာင္ႏိုင္ပါသည္ ။

ဝက္အူမႀကီး ဒုတ္ထိုး ၊ ဝက္သား သုံးထပ္သား ဒုတ္ထိုး ၊ ၾကက္အူ ဒုတ္ထိုး တို႔ကို အခ်ဥ္ရည္ ၊ င႐ုပ္ဆီ ၊ ၾကက္သြန္ျဖဴ ၊ င႐ုပ္သီးစိမ္းတို႔ႏွင့္ တြဲဖက္ရ္် စားၾကပါသည္ ။


ဝက္သားတုတ္ထိုးလုပ္နည္း (အူစံု၊ အစာစံု)

•°•°•°•°•°•°•°•°•°•°•°•°•°•°•°• 



ဝက္သားတုတ္ထိုးကို ဆိုင္မွာဝယ္မစားပဲ အိမ္မွာ လုပ္စားရေအာင္ မ်ွေဝေပးလိုက္ပါတယ္။ 


တုတ္ထိုးလုပ္နည္း 


အခ်င္းတိုင္ ၂၅သား 

အူခ်ိဳ ၂၀သား 

အူမႀကီး ၂၅သား 

ႏို႔အံုသား ၄၀သား 

အူပိတ္ ၂၅သား 

နားရြက္ တစ္ဖက္ 

လၽွာ တစ္ေခ်ာင္း 

ႏွလံုး တစ္ခု 

သံုးထပ္သား ၂၀သား 

အသဲ ၁၀သား 

ဘဲဥ ၃လံုး 

ႀကိဳက္ႏွစ္သက္ရာထည့္ပါ။ 


ဝက္ကလီစာမ်ားကို ေရစင္စင္ေဆးပါ။ 


အူခ်ိဳ/အခ်င္းတိုင္/နလံုး/လၽွာ/ႏို႔အံုသား/နားရြက္/အသဲ/သံုး ထပ္သား တို႔ကို မက်ည္းသီး ဆား ႏွင့္ေဆးပါ။အရမ္းမေဆးပဲ စင္ရံုေဆးပါေနာ္။ 


အူမႀကီးကိုေရေဆးပါ။ဒယ္အိုးပူပူမွာအိုးကင္ပူကပ္ပါ။အခၽြဲ မ်ားကုန္ေအာင္ေမႊပါ။ၿပီးမွ ဆား သံပုရာသီး မက်ည္းသီးႏွင့္ ေဆးပါ။ အူပိတ္ကို ေျပာင္းျပန္လွန္ ဆား မက်ည္းသီးႏွင့္ပြတ္ေဆးပါ။ အခၽြဲမ်ားကုန္လၽွင္ သံပုရာသီးႏွင့္ထပ္ေဆးပါ။ေျပာင္သြားလၽွင္ အတည့္ျပန္လွန္ၿပီး ထပ္ေဆးပါ။ 


အားလံုးၿပီးမွ တစ္ေခ်ာင္းသို႔ ထပ္ထပ္ၿပီးသြတ္ပါ။တူသံုးလို႔ရပါတယ္။ အားလံုးၿပီးရင္ ၾကက္သြန္ျဖဴ ဂ်င္း အရည္ညႇစ္ခ်ပါ။ဆား/သ ၾကား(ၾကက္သားမႈန္႔)/ငရုတ္ေကာင္း/တရုတ္မဆလာ/အ သားမဆလာ/ပဲငံျပာရည္အေနာက္ တို႔ႏွင့္ ၃/၄နာရီခန္႔ ေရခဲ ေသတၱာထဲသို႔ထည့္ ႏွပ္ထားပါ။ 


ကၽြန္မကေတာ့ မနက္ခ်က္ရန္ ညထဲကႏွပ္ထားပါတယ္။ ခ်က္ကာနီးလၽွင္နာရီဝက္ခန္႔ႀကိဳထုတ္ပါ။ဆီပူပူမွာ သၾကားထည့္ပါ။ ရဲလာလၽွင္ အသဲမွလြဲ၍ အားလံုးကိုထည့္ၿပီး ေၾကာ္ပါ။ ေရခမ္းၿပီးဝက္သားနီလာလၽွင္ ရပါၿပီ။ Pressure cookerထဲသို႔ေျပာင္းထည့္ပါ။ေရႏို႔ဆီဘူး ၁လံုးခြဲခန္႔ထည့္ပါ။နာနတ္ပြင့္ ၂ပြင့္ခန္႔ထည့္ပါ။မိနစ္၂၀ခန္႔ၾကာ လၽွင္ ႏူးလြယ္ေသာအသားမ်ားထုတ္ကာက်န္ေသာအသား မ်ားႏူးသည္အထိတည္ပါ။ 


အားလံုးရလၽွင္ဆယ္ၿပီးက်န္ေသာ ေရျဖင့္ အသဲထည့္ျပဳတ္ၿပီး ဆယ္ထားပါ။ ဘဲဥျပဳတ္ထည့္ပါ။ ဗန္းထည့္သို႔ေျပာင္းထည့္ၿပီး မီးမၽွင္းမၽွင္းျဖင့္တင္ထားပါ။ ႀကိဳက္ရာကိုလွီးၿပီးစားလို႔ရပါၿပီရွင္။ 


အခ်ဥ္ရည္ 


မက်ည္းသီးကိုေရေဆးၿပီးေရစိမ္ကာပြလာလၽွင္ဇကာႏွင့္အႏွစ္တိုက္ခ်ပါ။ထန္းလၽွက္ကိုေရအနည္းငယ္ႏွင္ႀကိဳၿပီးသဲစစ္ထား ပါ။ျကက္သြန္ျဖဴငရုတ္သီးေထာင္းပါ။ ငရုတ္ဆီထည့္ပါ။ပဲငံျပာ ရည္အၾကည္ ဂ်င္းအရည္ထည့္ပါ။ငံျပာရည္(ၾကက္သားမႈန္႔) ထည့္ပါ။ေကာ္မႈန္႔ ဇြန္းေသးတစ္ဇြန္းခန္႔ႀကိဳထည့္ပါ။ ေက်းဇူးတင္ပါသည္။ 

Thursday, January 28, 2021

သံဓာတ်လွန်ကဲခြင်

သံဓာတ်လွန်ကဲခြင်း

------------------------




 စာရေးသူဟာ သံဓာတ်ချို့တဲ့မှုအကြောင်းကို မကြာခဏ ရေးဖူးပါတယ်။ သံဓာတ်လွန်ကဲမှုအကြောင်း ရေးတာဆိုလျှင် ဒါဟာ ပထမဆုံးဖြစ်ပါတယ်။ 

 သံဓာတ်ချို့တဲ့မှုဟာ  ကမ္ဘာတစ်ဝန်းမှာ လူဦးရေ အများဆုံး ခံစားနေရတဲ့ အာဟာရချို့တဲ့မှု ပြဿနာ ဖြစ်ပါတယ်။ ခန္ဓာကိုယ်မှာ သံဓာတ်ရဲ့ အသုံးဝင်ပုံ တစ်မျိုးက သွေးနီဥတွေထဲမှာ ဟီမိုဂလိုဘင် (haemoglobin) ဆိုတဲ့ ဒြပ်ပေါင်း တည်ဆောက်ရာမှာ ပါဝင်ခြင်း ဖြစ်ပါတယ်။ သွေးနီဥတွေ အောက်စီဂျင်ကို သယ် ဆောင်ပြီး ခန္ဓာကိုယ်အနှံ့ ဖြန့်ဝေပေးနိုင်တာဟာ ဟီမိုဂလိုဘင်ရဲ့ အစွမ်းကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် သံဓာတ်ချို့တဲ့မှုရဲ့ လူသိအများဆုံးအခြေအနေဟာ သွေးအားနည်းရောဂါ ဖြစ်ပါတယ်။  မြန်မာအပါအဝင် ဖွံ့ ဖြိုးဆဲနိုင်ငံတွေမှာ ကိုယ်ဝန်ဆောင် မိခင်လောင်း တစ်ဝက် (၅၀%) လောက်၊ မြန်မာနိုင်ငံမှာ အသက် ၅-နှစ်အောက် ကလေးတစ်ဝက်လောက်နှင့် အပျိုဖော် ဝင်မိန်းကလေး ၂၅% လောက်ဟာဟာ သံဓာတ်ချို့တဲ့မှုကြောင့်ဖြစ်တဲ့ သွေးအားနည်းရောဂါကို ခံစားနေကြရပါတယ်။  

 ကိုယ်ဝန်ဆောင်မိခင်တွေ သံဓာတ်ချို့တဲ့ သွေးအားနည်းခြင်းဟာ နာမကျန်းဖြစ်ခြင်း၊ မီးဖွားစဉ်မှာ အခက်အခဲတွေ ကြုံတွေ့ရခြင်း၊ လမစေ့ ပေါင်မပြည့် တဲ့ကလေး မွေးဖွားခြင်း၊ မီးဖွား ခြင်းနှင့်ဆက်နွယ်နေတဲ့ မိခင်သေဆုံးမှု (pregnancy-related maternal death) နှုန်း မြင့်မားခြင်း၊ မီးဖွားချိန်တစ်ဝိုက်မှာ ကလေး အသေအပျောက် (perinatal death) နှုန်းများခြင်း စတဲ့ ပြဿနာတွေနှင့် ဆက်စပ်နေပါတယ်။ 

 ငါးနှစ်အောက် ကလေးတွေမှာ သံဓာတ်ချို့တဲ့ခြင်းဟာ သွေးအားနည်းတဲ့အထိ မပြင်းထန်သည့်တိုင် ဦးနှောက်ဖွံ့ဖြိုးမှုနှင့် Óဏ်ရည်Óဏ်သွေးကို ထိခိုက် စေပါတယ်။ ဥပမာ သံဓာတ်ချို့တဲ့နေတဲ့ ကလေးဟာ သံဓာတ်ပြည့်ဝတဲ့ ကလေးတွေလောက် ကျောင်းစာမှာ မထက်မြက်ပါဘူး။ အထူးသဖြင့် သင်္ချာဘာသာရပ်လို စဉ်းစားတွေးခေါ်ရတဲ့ ဘာသာရပ်တွေမှာ အခက်အခဲ ရှိတတ်ပါတယ်။


သံဓာတ်လွန်ကဲခြင်း

 ခန္ဓာကိုယ်မှာ သံဓာတ်များလွန်းတဲ့အတွက် မကောင်းတဲ့အကျိုးဆက်တွေကို ခံစားရသူတွေရှိပါတယ်။  

 လူတစ်ယောက် သံဓာတ်ကိုရရှိနိုင်တဲ့ နည်းလမ်း တွေက (၁) နေ့စဉ်စားသုံးနေတဲ့ အစားအစာများမှ ရရှိခြင်း၊ (၂) မှီဝဲနေတဲ့ အာဟာရဖြည့်ဆေး (အားဆေး) တွေမှ ရှိခြင်းနှင့် (၃) သွေးသွင်းခံရခြင်းတို့ ဖြစ်ပါ တယ်။ အသား၊ အသည်းစတဲ့ ကလီစာတွေ၊ ပင်လယ်စာတွေမှာ သံဓာတ်ြွကယ်ဝပြီး ပဲအမျိုးမျိုး၊ ဟင်းရွက်စိမ်းတွေစတဲ့ အပင်ထွက်အစားအစာတွေမှာ သံဓာတ်ပါဝင်နေပါတယ်။ 

 ကျန်းမာနေတဲ့ လူတစ်ယောက်ရဲ့ခန္ဓာကိုယ်မှ သံဓာတ်တွေ များများစားစား ထွက်သွားနိုင်တာက အမျိုးသမီးတွေ လစဉ်ဓမ္မတာပေါ် ခြင်းတစ်ခုသာ ရှိပါတယ်။ လူတစ်ယောက်ရဲ့ခန္ဓာကိုယ်ထဲမှာ သံဓာတ် နည်းခြင်း၊ များခြင်းဟာ ထိခိုက်ဒဏ်ရာရခြင်းနှင့် သွေးထွက်တဲ့ရောဂါတွေကလွဲလျှင် သံဓာတ်စုပ်ယူမှု အနည်းအများပေါ် မှာသာ မူတည်ပါတယ်။  ဒါကြောင့် သံဓာတ်စုပ်ယူမှုအကြောင်းကို  သေသေချာချာ သိထားသင့်ပါတယ်။ 

 အစားအစာနှင့် အားဆေးတွေထဲမှာပါလာတဲ့ သံဓာတ်ဟာ အစာအိမ်ကိုဖြတ်ကျော်ပြီး အူသိမ် အခေါင်းထဲကို ရောက်ပါတယ်။ အူသိမ်အခေါင်းထဲက သံဓာတ်ကို ပထမအဆင့်မှာ အူသိမ်ရဲ့နံရံထဲကို စုပ်ယူ 

ပါတယ်။ ဒုတိယအဆင့်မှာ အူနံရံထဲကနေ သွေးကြော လေးတွေထဲကို ပို့ပေးပါတယ်။ သံဓာတ် စုပ်ယူမှု လူပ်ငန်းမှာ  အခက်အခဲတွေ ရှိနိုင်ပါတယ်။ 

 အသား၊ အသည်းတို့မှာပါတဲ့ သံဓာတ် (haem iron) ကို အူသိမ်ရဲ့အခေါင်းထဲကနေ အူနံရံထဲကို စုပ်ယူရတာ လွယ်ပါတယ်။  အပင်ထွက် အစားအစာ တွေထဲက သံဓာတ် (non-haem iron) ကို  စုပ်ယူရ တာခက်ပါတယ်။

 အစားအစာနှင့် ဆေးထဲက သံဓာတ်ဟာ  Ferric ဆိုတဲ့ အမျိုးအစားဖြစ်နေလျှင် အူအခေါင်းထဲကနေ အူနံရံထဲကို စုပ်ယူလို့မရပါဘူး။ Ferrous ဆိုတဲ့ အမျိုး အစားဖြစ်မှ အူနံရံထဲကို စုပ်ယူရတာ လွယ်ပါတယ်။ အစားအစာထဲက Ferric သံဓာတ်ကို စုပ်ယူဖို့ ဦးစွာ Ferrous သံဓာတ်ဖြစ်အောင် ပြောင်းပေးရပါတယ်။ အဲသလို ပြောင်းပေးနိုင်တာက ချဉ်ဖန်တဲ့အရသာရှိပြီး ဗီတာမင်စီ (vitamin C) ြွကယ်ဝတဲ့  အစားအစာတွေ ဖြစ်ပါတယ်။ ဒါကြောင့် အသီးအရွက်နှင့် ကောက်နှံတွေကို စားသုံးတဲ့အခါ သံပရာရည်၊ လိမ္မော်ရည်စတဲ့ အစားအသောက်တွေနှင့် အတူစားသုံးခြင်းဟာ သံဓာတ်စုပ်ယူမှုကို ကောင်းစေတဲ့ စားသုံးနည်းတွေ ဖြစ်ပါတယ်။ 

 သံဓာတ်ဆေးပြား မှီဝဲလျှင် ကိုယ်ဝန်ဆောင် အမျိုးသမီးတွေကို ကျန်းမာရေးဌာနက အခမဲ့ တိုက် ကျွေးနေတဲ့  Ferrous sulphate ဆေးပြားဟာ ်ferrous အမျိုးအစား သံဓာတ်ဖြစ်တာကြောင့် စုပ်ယူရတာ လွယ်ပါတယ်။ ဘီပီအိုင် (ယခု MPF) မှ ထုတ်တဲ့ ဖျူရာ မင်ဘီစီ (Furamin BC) ဟာလည်း  Ferrous အမျိုးအစား သံဓာတ်ဖြစ်လို့ စုပ်ယူရတာ လွယ်ပါတယ်။ 

အူနံရံထဲမှ သံဓာတ်ကို သွေးထဲသို့ ပို့ပေးတဲ့အဆင့်မှာလည်း အထိန်းအချုပ်ရှိပါတယ်။ သံဓာတ်ကို သွေးထဲကနေ လက်ခံယူတာက ferroportin (ဖယ်ရိုပေါ်တင်) ဆိုတဲ့ ပရိုတင်း ဖြစ်ပါတယ်။ အူနံရံဆဲလ်တွေက သူတို့စုပ်ယူရရှိထားတဲ့ သံဓာတ်ကို လွှဲပေးတဲ့အခါ သွေးထဲမှာရှိတဲ့ ဖယ်ရိုပေါ်တင်က လွှဲပေးသမျှအားလုံးကို လက်မခံပါဘူး။ Hepcidin (ဟက်ပ်စီဒင်) ဆိုတဲ့ ဒြပ်ပေါင်းရဲ့  ထိန်းချုပ်မှုအောက်မှာ လက်ခံရပါတယ်။  


Hepcidin

 Hepcidin (ဟက်ပ်စီဒင်) ဟာ အသည်းထဲမှာ ထုတ်လုပ်တဲ့ ပရိုတင်း တစ်မျိုးဖြစ်ပါတယ်။  ကူးစက်ရောဂါ တွေနှင့် ရောင်းရမ်းနာ (inflammation) တွေက သွေးထဲမှာ Hepcidin ပမာဏ ကို များစေပါတယ်။ Hepcidin ပမာဏ များနေလျှင် အူထဲမှ ပို့လိုက်တဲ့ သံဓာတ်တွေကို သွေးထဲကနေ လက်ခံယူတဲ့ ferroportin ရဲ့ လုပ်ငန်းဟာ အား လျော့သွားပါတယ်။  သွေးထဲမှာ Hepcidin နည်းနေလျှင် အူထဲမှ သံဓာတ်တွေကို သွေးထဲကနေ လက်ခံယူတဲ့ ferroportin ရဲ့  လုပ်ငန်းဟာ အားကောင်းလာပါတယ်။  


သံဓာတ်ကို အသုံးပြုခြင်း 

သွေးထဲရောက်လာတဲ့ သံဓာတ်ကို -

-  သွေးနီဥတွေအတွက် ဟီမိုဂလိုဘင် (haemoglobin) ဓာတ်ပေါင်းထုတ်လုပ်ရာမှာ အဓိက အသုံးပြု ပါတယ်။ 

-  ဇီဝလုပ်ငန်းတွေမှာ အသုံးကျတဲ့ အင်ဇိုင်း (enzyme) အချို့ တည်ဆောက်ရာမှာလည်း အသုံးပြုပါတယ်။ 

 ချက်ချင်းအသုံးမပြုနိုင်သေးတဲ့ သံဓာတ်တွေကိုတော့ အသည်း၊ သရက်ရွက် (spleen)စတဲ့ တစ်ရှူး တွေထဲမှာ သိမ်းထားပြီး လိုအပ်တဲ့အခါမှ သွေးထဲ ရောက်အောင် ပြန်ထုတ်ယူပါတယ်။ 

 သွေးနီဥတွေရဲ့သက်တမ်းဟာ ရက်ပေါင်း ၁ဝဝ မှ ၁၂၀ လောက် ရှိပါတယ်။   နေ့စဉ် အိုမင်းရင့်ရော်လာနေ တဲ့ သွေးနီဥတွေကို သရက်ရွက် (spleen) နှင့် အသည်းထဲက မက်ခရိုဖေ့ချ် (macrophage) ဆိုတဲ့ သွေးဖြူဥကြီးတွေက ဖျက်ဆီးပေးနေပါတယ်။ ပျက်စီး သွားတဲ့ သွေးနီဥတွေမှထွက်လာတဲ့ သံဓာတ်တွေကို အသည်း နှင့် သရက်ရွက်ထဲမှာ သိုလှောင်ထားပါတယ်။ လိုအပ်လာတဲ့အချိန်မှာ အသည်းနှင့် သရက်ရွက်ထဲက ထုတ်ပေးပါတယ်။ ဒီတော့ သွေးထဲမှာ သံဓာတ်ပမာဏ များလာစေနိုင်တဲ့နည်းလမ်းက နှစ်ခု ရှိပါတယ်။

(၁)  အူနံရံထဲမှာ စုပ်ယူရရှိထားတဲ့ သံဓာတ်တွေ သွေး ထဲကို အများအပြား ဝင်လာခြင်းနှင့် 

(၂)  သရက်ရွက်နှင့် အသည်းထဲက Macrophage တွေထဲမှာ  သိုလှောင်ထားတဲ့ သံဓာတ်တွေ အများအပြား ထွက်လာပြီး သွေးထဲကို ရောက်လာခြင်းတို့ ဖြစ်ပါတယ်။ 

 အဲဒီလမ်းကြောင်းနှစ်ခုလုံးမှာ  သံဓာတ်တွေကို သွေးထဲကနေ လက်ခံယူနေတာက ferroportin ပရိုတင်းဖြစ်ပြီး ferroportin ပရိုတင်းကို ထိန်းချုပ်ထားတာက Hepcidin ဖြစ်ပါတယ်။ 

 ဥပမာ ခန္ဓာကိုယ်မှာ ကူးစက်ရောဂါတစ်ခုခု၊ ရောင်ရမ်းနာ (inflammation) တစ်ခုခုရှိနေတဲ့အခါ အသည်းက Hepcidin ပရိုတင်းတွေ ထုတ်လုပ်တာ ကြောင့်   သွေးထဲမှာ Hepcidin တွေ များလာတတ် ပါတယ်။  ဒီအခါမျိုးမှာ အူထဲမှ သံဓာတ်တွေကို သွေးထဲ ရောက်အောင် လွှဲပြောင်းယူတဲ့ ferroportin ရဲ့ လုပ်ငန်း နှင့် macrophage တွေမှ ထုတ်ပေးတဲ့သံဓာတ်ကို သွေး ထဲကနေ လက်ခံယူတဲ့ ferroportin ရဲ့အစွမ်းဟာ လျော့ သွားပါတယ်။ ဒီအခါမှာ သွေးထဲမှာ သံဓာတ်နည်းပြီး ရိုးတွင်းခြင်ဆီဟာ သံဓာတ်ရရှိမှု မလုံလောက်ပါဘူး။ ဟေမိုဂလိုဘင် (hemoglobin) ထုတ်လုပ်နိုင်စွမ်း ကျသွားပါတယ်။ ဒီလိုနှင့် သွေးအားနည်းရောဂါ ဝင်လာ ပါတော့တယ်။ ကူးစက်ရောဂါတစ်မျိုးကို ကူးစက်ခံ ထားရသူတွေ၊ နာတာရှည် ရောင်ရမ်းနာ (chronic inflammation) ရှိသူတွေ သွေးအားနည်းရခြင်းရဲ့ အကြောင်းရင်းတွေအနက် ဒါဟာတစ်ခု ဖြစ်ပါတယ်။ 

 

Hepcidin နည်းခြင်းနှင့် ခန္ဓာကိုယ်အတွင်း 

သံဓာတ်ပမာဏ များလွန်းခြင်း

 သွေးထဲမှာ Hepcidin (ဟက်ပ်စီဒင်) လုံးဝမရှိ တော့အောင် လုပ်လိုက်လျှင် အူထဲက သံဓာတ်တွေ သွေးထဲဝင်လာတဲ့အခါ လက်ခံယူတဲ့ ferroportin (ဖယ်ရိုပေါ်တင်) ပရိုတင်းရဲ့လုပ်ငန်းဟာ အထိန်းအချုပ် မရှိတော့တဲ့အတွက် သွေးထဲမှာ သံဓာတ်တွေ များလာ တာကို တွေ့ရပါတယ်။ ရလဒ်က သုံးမကုန်တဲ့ သံဓာတ် တွေ ခန္ဓာကိုယ်ရဲ့တစ်ရှူးတွေထဲမှာ စုပုံလာခြင်း ဖြစ်ပါ တယ်။  သံဓာတ်တွေဟာ အသည်းထဲမှာ၊ နှလုံးနှင့် ပဲန်ခရိယက်စ် (pancreas) စတဲ့ ကလီစာတွေမှာ စုပုံ လာပါတယ်။ 

 သွေးထဲမှာ Hepcidin (ဟက်ပ်စီဒင်) လုံးဝမရှိတဲ့ အတွက် အူထဲမှ သံဓာတ်တွေ သွေးထဲကို အထိန်း အကွပ်မရှိ ဝင်ရောက်လာပြီး ခန္ဓာကိုယ်ထဲမှာ သံဓာတ်တွေ အများအပြားစုပုံနေတဲ့ ဟီမို-ခရို-မတိုးဆစ် (Hemochromatosis) ဆိုတဲ့ ရောဂါရှိပါတယ်။ 


မျိုးရိုးလိုက်သော Hemochromatosis

(ဟီမို-ခရို-မတိုးဆစ်) ရောဂါ   

 Hemochromatosis (ဟီမို-ခရို-မတိုးဆစ်) ရောဂါဟာ မိဘမှ သားသမီးတွေဆီ မျိုးရိုးလိုက်တတ်ပါ တယ်။ ဒီရောဂါဖြစ်စေတဲ့ ဗီဇမျိုးစေ့ (gene) ကို  မိခင် ထံမှတစ်ခု၊ ဖခင်ထံမှတစ်ခု (စုစုပေါင်း နှစ်ခု) အမွေရ ထားတဲ့ သား သို့မဟုတ် သမီးမှာ ရောဂါလက္ခဏာတွေ ပေါ်ပါတယ်။ မိခင်ထံမှဖြစ်စေ၊   ဖခင်ထံမှဖြစ်စေ ဗီဇမျိုး စေ့ တစ်ခုတည်းသာရထားတဲ့ သား သို့မဟုတ် သမီးမှာ  ရောဂါလက္ခဏာ  ပေါ်လေ့မရှိပါဘူး။ ဒါပေမဲ့ သူတို့ဟာ ဒီဗီဇကို သူတို့ရဲ့သားသမီးတွေဆီ ဆက်လက်ပြီး လက်ဆင့်ကမ်း အမွေပေးနိုင်ပါတယ်။ 

 ဒီလိုဗီဇမျိုးစေ့နှစ်ခု အစုံလိုက်ရှိနေလို့ ရောဂါကို ခံစားနေရသူတွေဟာ အမေရိကန်နိုင်ငံသား ၃ဝဝ-မှာ တစ်ယောက်လောက် ရှိပါသတဲ့။ အဖေ သို့မဟုတ် အမေထံမှ ဗီဇမျိုးစေ့တစ်ခုတည်း ရထားတဲ့အတွက် ရောဂါ လက္ခဏာမပြပေမယ့် မျိုးစေ့ကို သားသမီးတွေ ဆီ လက်ဆင့်ကမ်း အမွေပေးနိုင်သူက  အမေရိကန် နိုင်ငံသား ၉ ယောက်မှာ တစ်ယောက်ရှိတယ်လို့ ဆိုပါ တယ်။ ဒီရောဂါကို ဥရောပမြောက်ပိုင်းက လူဖြူတွေမှာ အများဆုံး တွေ့ရပါတယ်။ ကုသလို့ရပြီး ပုံမှန် သက်တမ်းအထိ အသက်ရှင်နေနိုင်ဖို့ မျှော်မှန်းနိုင်တဲ့ ဒီရောဂါကို သေသေချာချာ မကုသလျှင် အသက် အန္တရာယ် ကြုံတွေ့နိုင်ပါတယ်။

  ဒီရောဂါဟာ မွေးရာပါရောဂါဆိုပေမယ့် အသက် ကြီးမှ လက္ခဏာပြသူတွေက များပါတယ်။ အူသိမ်ထဲကို ရောက်နေတဲ့ အစားအသောက်များမှ သံဓာတ်ကို အူသိမ်က စုပ်ယူတဲ့ပမာဏဟာ ပုံမှန်အားဖြင့် တစ်ရက် မှာ ၄ မီလီဂရမ် (mg) မှ ၅ မီလီဂရမ် (mg) လောက်သာ ရှိပါတယ်။ Hemochromatosis ရောဂါရှိသူတွေမှာ  အစားအသောက်များမှ စုပ်ယူတဲ့ သံဓာတ်ပမာဏဟာ တစ်ရက်မှာ ၁၅ ဂရမ် (g) မှ ၄၀ ဂရမ် (g) လောက်ရှိပါတယ်။ ပုံမှန်ထက် အဆ ၃ဝဝ မှ ၈ဝဝ လောက် ပိုများ ပါတယ်။ 


ရောဂါလက္ခဏာများ 

 ပိုနေတဲ့သံဓာတ်တွေ အများဆုံး စုပုံနေတဲ့နေရာက အသည်းဖြစ်ပြီး နှလုံး၊ ပဲန်ခရိယက်စ် (pancreas)၊ အရေပြားနှင့် အဆစ်တွေမှာလည်း ဖြစ်တတ်ပါတယ်။ အတွင်းပိုင်း လိင်အင်္ဂါ (gonads)တွေ၊ သိုင်းရွိုက်ဂလင်း (thyroid gland) နှင့် ဦးနှောက်ထဲမှာရှိတဲ့ (hypothalamus) ဂလင်းတွေမှာလည်း ဖြစ်နိုင်ပါတယ်။ သံဓာတ်တွေ -

-  အသည်းမှာစုနေတဲ့အတွက် အသည်းခြောက် ခြင်း၊ ကင်ဆာဖြစ်ခြင်း၊

-  ပဲန်ခရိယက်စ်မှာ စုမိနေတဲ့အတွက် ဆီးချိုသွေးချို ဖြစ်ခြင်း၊

-  နှလုံးမှာစုမိနေတဲ့အတွက် နှလုံးထိခိုက်ခြင်း 

(heart attack)၊ နှလုံး ခုန်ချက် စည်းဝါး မမှန်ခြင်း (cardiac arrhythmias)၊

-  အရိုးဆက်တွေမှာ စုမိနေတဲ့အတွက် အဆစ်တွေ ရောင်ရမ်းခြင်း၊

-  အရေပြားမှာ စုမိနေတဲ့အတွက် အရေပြား ညို မည်းလာခြင်း (ပုံရှု)၊

-  အမျိုးသမီးတွေမှာ မျိုးဥအိမ် (ovary)၊ အမျိုးသားတွေမှာ ဝှေးစေ့ (testis) စတဲ့ အတွင်းပိုင်းလိင်အင်္ဂါတွေမှာ စုမိနေတဲ့အတွက် အမျိုးသားတွေမှာ လိင်စိတ် လျော့နည်းခြင်း၊ သားသမီးမရနိုင်ခြင်း၊ အမျိုးသမီးတွေမှာ မီးယပ်ထိန်ခြင်းတို့နှင့်အတူ အားအင်ကုန်ခမ်းခြင်း၊ မောပမ်း နွမ်းနယ်နေခြင်းတို့ကို ခံစားရပါတယ်။

 အသည်းလုပ်ငန်း ထိခိုက်ခြင်း၊ နှလုံးလုပ်ငန်း ထိခိုက်ခြင်းတို့ကို ရောဂါဗီဇ (gene) ကို အစုံလိုက် သယ်ဆောင်ထားသူ ၁၀% လောက်မှာ တွေ့ရတတ်ပါ တယ်။

 အဖေဆီက ဗီဇမျိုးစေ့တစ်ခု၊ အမေဆီက ဗီဇ မျိုးစေ့တစ်ခု စုစုပေါင်း ဗီဇမျိုးစေ့နှစ်ခုရထားသူတွေဟာ အများသူငါ စားနေကျ သံဓာတ်ပါတဲ့အစားအစာ တွေကိုစားရုံနှင့် ရောဂါလက္ခဏာတွေ ဖြစ်ပေါ်နိုင်ပါတယ်။ သူတို့ဟာ သံဓာတ်ြွကယ်ဝတဲ့ အစားအစာတွေ သာမက သံဓာတ်စုပ်ယူမှုကို အားပေးတဲ့ (ဥပမာ ဗီတာမင်စီ ကြွယ်ဝတဲ့) အစားအစာတွေကိုလည်း ဆင်ခြင်ဖို့လိုပါတယ်။

 မွေးကတည်းက ပါလာတဲ့ရောဂါ ဖြစ်ပေမယ့် ရောဂါလက္ခဏာတွေက အသက်ကြီးမှ ပေါ်လာတတ်ပါတယ်။ အမျိုးသားတွေ  အသက် ၄၀ ကျော်၊ အမျိုးသမီးတွေ  အသက် ၆၀ ကျော်မှ ရောဂါလက္ခဏာတွေ ပြ တတ်ပါတယ်။ အမျိုးသမီးတွေဟာ သွေးဆုံးပြီးမှ ရောဂါ လက္ခဏာ ပြတတ်ပါတယ်။ သွေးမဆုံးမီမှာ လစဉ် ဓမ္မတာသွေးဆင်းနေတာက ရောဂါကို ကုသပေးသလို ဖြစ်နေလို့ပါ။ ရောဂါလက္ခဏာပြနေသူကို ကုသတဲ့နည်းကလည်း ခန္ဓာကိုယ်မှသွေးကို ဖောက်ထုတ်ခြင်းအားဖြင့် သံဓာတ်လျော့ပါးအောင် လုပ်ပေးခြင်းဖြစ်ပါတယ်။ အခြား ဟီမိုခရိုမတိုးဆစ် (hemochromatosis) အမျိုး အစားတွေ ရှိပါသေးတယ်။


သက်ငယ် ဟီမိုခရိုမတိုးဆစ်

(Juvenile hemochromatosis)

 အသက် ၁၅ နှစ်နှင့် ၃၀ ကြားမှာ ရောဂါဝေဒနာ တွေ ခံစားရတတ်ပါတယ်။ hemojuvelin or hepcidin ဗီဇမျိုးစေ့ ဖောက်ပြန်မှု (genetic mutation) တွေ

ကြောင့် ဖြစ်တတ်ပါတယ်။


မွေးကင်းစ ဟီမိုခရိုမတိုးဆစ် 

(Neonatal hemochromatosis)

 ရောဂါပြင်းလွန်းတဲ့အတွက် သန္ဓေသားဘဝ ကတည်းက ဝေဒနာခံစားရတဲ့ ကလေးတွေရှိပါတယ်။ ဒီအမျိုးအစားကတော့ ခန္ဓာကိုယ်ဆဲလ်တွေ ကိုယ့် အချင်းချင်း တိုက်ခိုက်ကြတဲ့ (auto-immune) 

သဘော သဘာဝကြောင့် ဖြစ်တယ်လို့ ယူဆရပါတယ်။


အခြားအကြောင်းတစ်ခုခုကြောင့်ဖြစ်သည့် 

ဟီမိုခရိုမတိုးဆစ် 

(Secondary hemochromatosis)

 ရောဂါတစ်ခုခုကြောင့် မကြာခဏ သွေးသွင်း ကုသမှု ခံယူရသူအချို့မှာ သွင်းတဲ့သွေးတွေထဲက သံဓာတ်တွေဟာ ခန္ဓာကိုယ်ရဲ့ ပြင်ပကို ထွက်မသွား နိုင်တဲ့အတွက် အထဲမှာ စုမိလာခြင်း ဖြစ်ပါတယ်။ 


ဟီမိုခရိုမတိုးဆစ် (hemochromatosis) 

ရောဂါဖြစ်ရန် အလားအလာများသူများ

- ရောဂါဖြစ်စေနိုင်တဲ့ ဗီဇမျိုးစေ့ (gene)   ပါလာသူများ၊

- မိဘ၊ ညီအစ်ကိုမောင်နှမ၊ ဆွေမျိုးထဲတွင် ရောဂါ ရှိသူများ၊

- ဥရောပ မြောက်ပိုင်းမှ လူဖြူမျိုးနွယ်များဟာ အမေရိကန်-အာဖရိကန်၊ အမေရိကန်-အာရှမျိုးနွယ် တွေထက်ပိုပြီး အလားအလာ များပါတယ်။

- အမျိုးသားများဟာ အမျိုးသမီးများထက် ရောဂါ လက္ခဏာပြနိုင်တဲ့ အလားအလာ ပိုများပြီး၊  

- အမျိုးသမီးများမှာ သွေးဆုံးပြီးသူ၊ သားအိမ်ထုတ် ထားသူတွေ ဖြစ်ကြပါတယ်။ 

----------------------------

ဒေါက်တာ ဦးလှကြည်


(Zawgyi) 


သံဓာတ္လြန္ကဲျခင္း

------------------------




 စာေရးသူဟာ သံဓာတ္ခ်ိဳ့တဲ့မွုအေၾကာင္းကို မၾကာခဏ ေရးဖူးပါတယ္။ သံဓာတ္လြန္ကဲမွုအေၾကာင္း ေရးတာဆိုလၽွင္ ဒါဟာ ပထမဆုံးျဖစ္ပါတယ္။ 

 သံဓာတ္ခ်ိဳ့တဲ့မွုဟာ  ကမၻာတစ္ဝန္းမွာ လူဦးေရ အမ်ားဆုံး ခံစားေနရတဲ့ အာဟာရခ်ိဳ့တဲ့မွု ျပႆနာ ျဖစ္ပါတယ္။ ခႏၶာကိုယ္မွာ သံဓာတ္ရဲ့ အသုံးဝင္ပုံ တစ္မ်ိဳးက ေသြးနီဥေတြထဲမွာ ဟီမိုဂလိုဘင္ (haemoglobin) ဆိုတဲ့ ျဒပ္ေပါင္း တည္ေဆာက္ရာမွာ ပါဝင္ျခင္း ျဖစ္ပါတယ္။ ေသြးနီဥေတြ ေအာက္စီဂ်င္ကို သယ္ ေဆာင္ၿပီး ခႏၶာကိုယ္အႏွံ့ ျဖန႔္ေဝေပးနိုင္တာဟာ ဟီမိုဂလိုဘင္ရဲ့ အစြမ္းေၾကာင့္ ျဖစ္ပါတယ္။ ဒါေၾကာင့္ သံဓာတ္ခ်ိဳ့တဲ့မွုရဲ့ လူသိအမ်ားဆုံးအေျခအေနဟာ ေသြးအားနည္းေရာဂါ ျဖစ္ပါတယ္။  ျမန္မာအပါအဝင္ ဖြံ့ ၿဖိဳးဆဲနိုင္ငံေတြမွာ ကိုယ္ဝန္ေဆာင္ မိခင္ေလာင္း တစ္ဝက္ (၅၀%) ေလာက္၊ ျမန္မာနိုင္ငံမွာ အသက္ ၅-ႏွစ္ေအာက္ ကေလးတစ္ဝက္ေလာက္ႏွင့္ အပ်ိဳေဖာ္ ဝင္မိန္းကေလး ၂၅% ေလာက္ဟာဟာ သံဓာတ္ခ်ိဳ့တဲ့မွုေၾကာင့္ျဖစ္တဲ့ ေသြးအားနည္းေရာဂါကို ခံစားေနၾကရပါတယ္။  

 ကိုယ္ဝန္ေဆာင္မိခင္ေတြ သံဓာတ္ခ်ိဳ့တဲ့ ေသြးအားနည္းျခင္းဟာ နာမက်န္းျဖစ္ျခင္း၊ မီးဖြားစဥ္မွာ အခက္အခဲေတြ ၾကဳံေတြ႕ရျခင္း၊ လမေစ့ ေပါင္မျပည့္ တဲ့ကေလး ေမြးဖြားျခင္း၊ မီးဖြား ျခင္းႏွင့္ဆက္ႏြယ္ေနတဲ့ မိခင္ေသဆုံးမွု (pregnancy-related maternal death) ႏွုန္း ျမင့္မားျခင္း၊ မီးဖြားခ်ိန္တစ္ဝိုက္မွာ ကေလး အေသအေပ်ာက္ (perinatal death) ႏွုန္းမ်ားျခင္း စတဲ့ ျပႆနာေတြႏွင့္ ဆက္စပ္ေနပါတယ္။ 

 ငါးႏွစ္ေအာက္ ကေလးေတြမွာ သံဓာတ္ခ်ိဳ့တဲ့ျခင္းဟာ ေသြးအားနည္းတဲ့အထိ မျပင္းထန္သည့္တိုင္ ဦးေႏွာက္ဖြံ့ၿဖိဳးမွုႏွင့္ Óဏ္ရည္Óဏ္ေသြးကို ထိခိုက္ ေစပါတယ္။ ဥပမာ သံဓာတ္ခ်ိဳ့တဲ့ေနတဲ့ ကေလးဟာ သံဓာတ္ျပည့္ဝတဲ့ ကေလးေတြေလာက္ ေက်ာင္းစာမွာ မထက္ျမက္ပါဘူး။ အထူးသျဖင့္ သခ်ၤာဘာသာရပ္လို စဥ္းစားေတြးေခၚရတဲ့ ဘာသာရပ္ေတြမွာ အခက္အခဲ ရွိတတ္ပါတယ္။


သံဓာတ္လြန္ကဲျခင္း

 ခႏၶာကိုယ္မွာ သံဓာတ္မ်ားလြန္းတဲ့အတြက္ မေကာင္းတဲ့အက်ိဳးဆက္ေတြကို ခံစားရသူေတြရွိပါတယ္။  

 လူတစ္ေယာက္ သံဓာတ္ကိုရရွိနိုင္တဲ့ နည္းလမ္း ေတြက (၁) ေန႔စဥ္စားသုံးေနတဲ့ အစားအစာမ်ားမွ ရရွိျခင္း၊ (၂) မွီဝဲေနတဲ့ အာဟာရျဖည့္ေဆး (အားေဆး) ေတြမွ ရွိျခင္းႏွင့္ (၃) ေသြးသြင္းခံရျခင္းတို့ ျဖစ္ပါ တယ္။ အသား၊ အသည္းစတဲ့ ကလီစာေတြ၊ ပင္လယ္စာေတြမွာ သံဓာတ္ျြကယ္ဝၿပီး ပဲအမ်ိဳးမ်ိဳး၊ ဟင္းရြက္စိမ္းေတြစတဲ့ အပင္ထြက္အစားအစာေတြမွာ သံဓာတ္ပါဝင္ေနပါတယ္။ 

 က်န္းမာေနတဲ့ လူတစ္ေယာက္ရဲ့ခႏၶာကိုယ္မွ သံဓာတ္ေတြ မ်ားမ်ားစားစား ထြက္သြားနိုင္တာက အမ်ိဳးသမီးေတြ လစဥ္ဓမၼတာေပၚ ျခင္းတစ္ခုသာ ရွိပါတယ္။ လူတစ္ေယာက္ရဲ့ခႏၶာကိုယ္ထဲမွာ သံဓာတ္ နည္းျခင္း၊ မ်ားျခင္းဟာ ထိခိုက္ဒဏ္ရာရျခင္းႏွင့္ ေသြးထြက္တဲ့ေရာဂါေတြကလြဲလၽွင္ သံဓာတ္စုပ္ယူမွု အနည္းအမ်ားေပၚ မွာသာ မူတည္ပါတယ္။  ဒါေၾကာင့္ သံဓာတ္စုပ္ယူမွုအေၾကာင္းကို  ေသေသခ်ာခ်ာ သိထားသင့္ပါတယ္။ 

 အစားအစာႏွင့္ အားေဆးေတြထဲမွာပါလာတဲ့ သံဓာတ္ဟာ အစာအိမ္ကိုျဖတ္ေက်ာ္ၿပီး အူသိမ္ အေခါင္းထဲကို ေရာက္ပါတယ္။ အူသိမ္အေခါင္းထဲက သံဓာတ္ကို ပထမအဆင့္မွာ အူသိမ္ရဲ့နံရံထဲကို စုပ္ယူ 

ပါတယ္။ ဒုတိယအဆင့္မွာ အူနံရံထဲကေန ေသြးေၾကာ ေလးေတြထဲကို ပို့ေပးပါတယ္။ သံဓာတ္ စုပ္ယူမွု လူပ္ငန္းမွာ  အခက္အခဲေတြ ရွိနိုင္ပါတယ္။ 

 အသား၊ အသည္းတို့မွာပါတဲ့ သံဓာတ္ (haem iron) ကို အူသိမ္ရဲ့အေခါင္းထဲကေန အူနံရံထဲကို စုပ္ယူရတာ လြယ္ပါတယ္။  အပင္ထြက္ အစားအစာ ေတြထဲက သံဓာတ္ (non-haem iron) ကို  စုပ္ယူရ တာခက္ပါတယ္။

 အစားအစာႏွင့္ ေဆးထဲက သံဓာတ္ဟာ  Ferric ဆိုတဲ့ အမ်ိဳးအစားျဖစ္ေနလၽွင္ အူအေခါင္းထဲကေန အူနံရံထဲကို စုပ္ယူလို့မရပါဘူး။ Ferrous ဆိုတဲ့ အမ်ိဳး အစားျဖစ္မွ အူနံရံထဲကို စုပ္ယူရတာ လြယ္ပါတယ္။ အစားအစာထဲက Ferric သံဓာတ္ကို စုပ္ယူဖို့ ဦးစြာ Ferrous သံဓာတ္ျဖစ္ေအာင္ ေျပာင္းေပးရပါတယ္။ အဲသလို ေျပာင္းေပးနိုင္တာက ခ်ဥ္ဖန္တဲ့အရသာရွိၿပီး ဗီတာမင္စီ (vitamin C) ျြကယ္ဝတဲ့  အစားအစာေတြ ျဖစ္ပါတယ္။ ဒါေၾကာင့္ အသီးအရြက္ႏွင့္ ေကာက္ႏွံေတြကို စားသုံးတဲ့အခါ သံပရာရည္၊ လိေမၼာ္ရည္စတဲ့ အစားအေသာက္ေတြႏွင့္ အတူစားသုံးျခင္းဟာ သံဓာတ္စုပ္ယူမွုကို ေကာင္းေစတဲ့ စားသုံးနည္းေတြ ျဖစ္ပါတယ္။ 

 သံဓာတ္ေဆးျပား မွီဝဲလၽွင္ ကိုယ္ဝန္ေဆာင္ အမ်ိဳးသမီးေတြကို က်န္းမာေရးဌာနက အခမဲ့ တိုက္ ေကၽြးေနတဲ့  Ferrous sulphate ေဆးျပားဟာ ္ferrous အမ်ိဳးအစား သံဓာတ္ျဖစ္တာေၾကာင့္ စုပ္ယူရတာ လြယ္ပါတယ္။ ဘီပီအိုင္ (ယခု MPF) မွ ထုတ္တဲ့ ဖ်ဴရာ မင္ဘီစီ (Furamin BC) ဟာလည္း  Ferrous အမ်ိဳးအစား သံဓာတ္ျဖစ္လို့ စုပ္ယူရတာ လြယ္ပါတယ္။ 

အူနံရံထဲမွ သံဓာတ္ကို ေသြးထဲသို့ ပို့ေပးတဲ့အဆင့္မွာလည္း အထိန္းအခ်ဳပ္ရွိပါတယ္။ သံဓာတ္ကို ေသြးထဲကေန လက္ခံယူတာက ferroportin (ဖယ္ရိုေပၚတင္) ဆိုတဲ့ ပရိုတင္း ျဖစ္ပါတယ္။ အူနံရံဆဲလ္ေတြက သူတို့စုပ္ယူရရွိထားတဲ့ သံဓာတ္ကို လႊဲေပးတဲ့အခါ ေသြးထဲမွာရွိတဲ့ ဖယ္ရိုေပၚတင္က လႊဲေပးသမၽွအားလုံးကို လက္မခံပါဘူး။ Hepcidin (ဟက္ပ္စီဒင္) ဆိုတဲ့ ျဒပ္ေပါင္းရဲ့  ထိန္းခ်ဳပ္မွုေအာက္မွာ လက္ခံရပါတယ္။  


Hepcidin

 Hepcidin (ဟက္ပ္စီဒင္) ဟာ အသည္းထဲမွာ ထုတ္လုပ္တဲ့ ပရိုတင္း တစ္မ်ိဳးျဖစ္ပါတယ္။  ကူးစက္ေရာဂါ ေတြႏွင့္ ေရာင္းရမ္းနာ (inflammation) ေတြက ေသြးထဲမွာ Hepcidin ပမာဏ ကို မ်ားေစပါတယ္။ Hepcidin ပမာဏ မ်ားေနလၽွင္ အူထဲမွ ပို့လိုက္တဲ့ သံဓာတ္ေတြကို ေသြးထဲကေန လက္ခံယူတဲ့ ferroportin ရဲ့ လုပ္ငန္းဟာ အား ေလ်ာ့သြားပါတယ္။  ေသြးထဲမွာ Hepcidin နည္းေနလၽွင္ အူထဲမွ သံဓာတ္ေတြကို ေသြးထဲကေန လက္ခံယူတဲ့ ferroportin ရဲ့  လုပ္ငန္းဟာ အားေကာင္းလာပါတယ္။  


သံဓာတ္ကို အသုံးျပဳျခင္း 

ေသြးထဲေရာက္လာတဲ့ သံဓာတ္ကို -

-  ေသြးနီဥေတြအတြက္ ဟီမိုဂလိုဘင္ (haemoglobin) ဓာတ္ေပါင္းထုတ္လုပ္ရာမွာ အဓိက အသုံးျပဳ ပါတယ္။ 

-  ဇီဝလုပ္ငန္းေတြမွာ အသုံးက်တဲ့ အင္ဇိုင္း (enzyme) အခ်ိဳ့ တည္ေဆာက္ရာမွာလည္း အသုံးျပဳပါတယ္။ 

 ခ်က္ခ်င္းအသုံးမျပဳနိုင္ေသးတဲ့ သံဓာတ္ေတြကိုေတာ့ အသည္း၊ သရက္ရြက္ (spleen)စတဲ့ တစ္ရွူး ေတြထဲမွာ သိမ္းထားၿပီး လိုအပ္တဲ့အခါမွ ေသြးထဲ ေရာက္ေအာင္ ျပန္ထုတ္ယူပါတယ္။ 

 ေသြးနီဥေတြရဲ့သက္တမ္းဟာ ရက္ေပါင္း ၁ဝဝ မွ ၁၂၀ ေလာက္ ရွိပါတယ္။   ေန႔စဥ္ အိုမင္းရင့္ေရာ္လာေန တဲ့ ေသြးနီဥေတြကို သရက္ရြက္ (spleen) ႏွင့္ အသည္းထဲက မက္ခရိုေဖ့ခ်္ (macrophage) ဆိုတဲ့ ေသြးျဖဴဥႀကီးေတြက ဖ်က္ဆီးေပးေနပါတယ္။ ပ်က္စီး သြားတဲ့ ေသြးနီဥေတြမွထြက္လာတဲ့ သံဓာတ္ေတြကို အသည္း ႏွင့္ သရက္ရြက္ထဲမွာ သိုေလွာင္ထားပါတယ္။ လိုအပ္လာတဲ့အခ်ိန္မွာ အသည္းႏွင့္ သရက္ရြက္ထဲက ထုတ္ေပးပါတယ္။ ဒီေတာ့ ေသြးထဲမွာ သံဓာတ္ပမာဏ မ်ားလာေစနိုင္တဲ့နည္းလမ္းက ႏွစ္ခု ရွိပါတယ္။

(၁)  အူနံရံထဲမွာ စုပ္ယူရရွိထားတဲ့ သံဓာတ္ေတြ ေသြး ထဲကို အမ်ားအျပား ဝင္လာျခင္းႏွင့္ 

(၂)  သရက္ရြက္ႏွင့္ အသည္းထဲက Macrophage ေတြထဲမွာ  သိုေလွာင္ထားတဲ့ သံဓာတ္ေတြ အမ်ားအျပား ထြက္လာၿပီး ေသြးထဲကို ေရာက္လာျခင္းတို့ ျဖစ္ပါတယ္။ 

 အဲဒီလမ္းေၾကာင္းႏွစ္ခုလုံးမွာ  သံဓာတ္ေတြကို ေသြးထဲကေန လက္ခံယူေနတာက ferroportin ပရိုတင္းျဖစ္ၿပီး ferroportin ပရိုတင္းကို ထိန္းခ်ဳပ္ထားတာက Hepcidin ျဖစ္ပါတယ္။ 

 ဥပမာ ခႏၶာကိုယ္မွာ ကူးစက္ေရာဂါတစ္ခုခု၊ ေရာင္ရမ္းနာ (inflammation) တစ္ခုခုရွိေနတဲ့အခါ အသည္းက Hepcidin ပရိုတင္းေတြ ထုတ္လုပ္တာ ေၾကာင့္   ေသြးထဲမွာ Hepcidin ေတြ မ်ားလာတတ္ ပါတယ္။  ဒီအခါမ်ိဳးမွာ အူထဲမွ သံဓာတ္ေတြကို ေသြးထဲ ေရာက္ေအာင္ လႊဲေျပာင္းယူတဲ့ ferroportin ရဲ့ လုပ္ငန္း ႏွင့္ macrophage ေတြမွ ထုတ္ေပးတဲ့သံဓာတ္ကို ေသြး ထဲကေန လက္ခံယူတဲ့ ferroportin ရဲ့အစြမ္းဟာ ေလ်ာ့ သြားပါတယ္။ ဒီအခါမွာ ေသြးထဲမွာ သံဓာတ္နည္းၿပီး ရိုးတြင္းျခင္ဆီဟာ သံဓာတ္ရရွိမွု မလုံေလာက္ပါဘူး။ ေဟမိုဂလိုဘင္ (hemoglobin) ထုတ္လုပ္နိုင္စြမ္း က်သြားပါတယ္။ ဒီလိုႏွင့္ ေသြးအားနည္းေရာဂါ ဝင္လာ ပါေတာ့တယ္။ ကူးစက္ေရာဂါတစ္မ်ိဳးကို ကူးစက္ခံ ထားရသူေတြ၊ နာတာရွည္ ေရာင္ရမ္းနာ (chronic inflammation) ရွိသူေတြ ေသြးအားနည္းရျခင္းရဲ့ အေၾကာင္းရင္းေတြအနက္ ဒါဟာတစ္ခု ျဖစ္ပါတယ္။ 

 

Hepcidin နည္းျခင္းႏွင့္ ခႏၶာကိုယ္အတြင္း 

သံဓာတ္ပမာဏ မ်ားလြန္းျခင္း

 ေသြးထဲမွာ Hepcidin (ဟက္ပ္စီဒင္) လုံးဝမရွိ ေတာ့ေအာင္ လုပ္လိုက္လၽွင္ အူထဲက သံဓာတ္ေတြ ေသြးထဲဝင္လာတဲ့အခါ လက္ခံယူတဲ့ ferroportin (ဖယ္ရိုေပၚတင္) ပရိုတင္းရဲ့လုပ္ငန္းဟာ အထိန္းအခ်ဳပ္ မရွိေတာ့တဲ့အတြက္ ေသြးထဲမွာ သံဓာတ္ေတြ မ်ားလာ တာကို ေတြ႕ရပါတယ္။ ရလဒ္က သုံးမကုန္တဲ့ သံဓာတ္ ေတြ ခႏၶာကိုယ္ရဲ့တစ္ရွူးေတြထဲမွာ စုပုံလာျခင္း ျဖစ္ပါ တယ္။  သံဓာတ္ေတြဟာ အသည္းထဲမွာ၊ ႏွလုံးႏွင့္ ပဲန္ခရိယက္စ္ (pancreas) စတဲ့ ကလီစာေတြမွာ စုပုံ လာပါတယ္။ 

 ေသြးထဲမွာ Hepcidin (ဟက္ပ္စီဒင္) လုံးဝမရွိတဲ့ အတြက္ အူထဲမွ သံဓာတ္ေတြ ေသြးထဲကို အထိန္း အကြပ္မရွိ ဝင္ေရာက္လာၿပီး ခႏၶာကိုယ္ထဲမွာ သံဓာတ္ေတြ အမ်ားအျပားစုပုံေနတဲ့ ဟီမို-ခရို-မတိုးဆစ္ (Hemochromatosis) ဆိုတဲ့ ေရာဂါရွိပါတယ္။ 


မ်ိဳးရိုးလိုက္ေသာ Hemochromatosis

(ဟီမို-ခရို-မတိုးဆစ္) ေရာဂါ   

 Hemochromatosis (ဟီမို-ခရို-မတိုးဆစ္) ေရာဂါဟာ မိဘမွ သားသမီးေတြဆီ မ်ိဳးရိုးလိုက္တတ္ပါ တယ္။ ဒီေရာဂါျဖစ္ေစတဲ့ ဗီဇမ်ိဳးေစ့ (gene) ကို  မိခင္ ထံမွတစ္ခု၊ ဖခင္ထံမွတစ္ခု (စုစုေပါင္း ႏွစ္ခု) အေမြရ ထားတဲ့ သား သို့မဟုတ္ သမီးမွာ ေရာဂါလကၡဏာေတြ ေပၚပါတယ္။ မိခင္ထံမွျဖစ္ေစ၊   ဖခင္ထံမွျဖစ္ေစ ဗီဇမ်ိဳး ေစ့ တစ္ခုတည္းသာရထားတဲ့ သား သို့မဟုတ္ သမီးမွာ  ေရာဂါလကၡဏာ  ေပၚေလ့မရွိပါဘူး။ ဒါေပမဲ့ သူတို့ဟာ ဒီဗီဇကို သူတို့ရဲ့သားသမီးေတြဆီ ဆက္လက္ၿပီး လက္ဆင့္ကမ္း အေမြေပးနိုင္ပါတယ္။ 

 ဒီလိုဗီဇမ်ိဳးေစ့ႏွစ္ခု အစုံလိုက္ရွိေနလို့ ေရာဂါကို ခံစားေနရသူေတြဟာ အေမရိကန္နိုင္ငံသား ၃ဝဝ-မွာ တစ္ေယာက္ေလာက္ ရွိပါသတဲ့။ အေဖ သို့မဟုတ္ အေမထံမွ ဗီဇမ်ိဳးေစ့တစ္ခုတည္း ရထားတဲ့အတြက္ ေရာဂါ လကၡဏာမျပေပမယ့္ မ်ိဳးေစ့ကို သားသမီးေတြ ဆီ လက္ဆင့္ကမ္း အေမြေပးနိုင္သူက  အေမရိကန္ နိုင္ငံသား ၉ ေယာက္မွာ တစ္ေယာက္ရွိတယ္လို့ ဆိုပါ တယ္။ ဒီေရာဂါကို ဥေရာပေျမာက္ပိုင္းက လူျဖဴေတြမွာ အမ်ားဆုံး ေတြ႕ရပါတယ္။ ကုသလို့ရၿပီး ပုံမွန္ သက္တမ္းအထိ အသက္ရွင္ေနနိုင္ဖို့ ေမၽွာ္မွန္းနိုင္တဲ့ ဒီေရာဂါကို ေသေသခ်ာခ်ာ မကုသလၽွင္ အသက္ အႏၲရာယ္ ၾကဳံေတြ႕နိုင္ပါတယ္။

  ဒီေရာဂါဟာ ေမြးရာပါေရာဂါဆိုေပမယ့္ အသက္ ႀကီးမွ လကၡဏာျပသူေတြက မ်ားပါတယ္။ အူသိမ္ထဲကို ေရာက္ေနတဲ့ အစားအေသာက္မ်ားမွ သံဓာတ္ကို အူသိမ္က စုပ္ယူတဲ့ပမာဏဟာ ပုံမွန္အားျဖင့္ တစ္ရက္ မွာ ၄ မီလီဂရမ္ (mg) မွ ၅ မီလီဂရမ္ (mg) ေလာက္သာ ရွိပါတယ္။ Hemochromatosis ေရာဂါရွိသူေတြမွာ  အစားအေသာက္မ်ားမွ စုပ္ယူတဲ့ သံဓာတ္ပမာဏဟာ တစ္ရက္မွာ ၁၅ ဂရမ္ (g) မွ ၄၀ ဂရမ္ (g) ေလာက္ရွိပါတယ္။ ပုံမွန္ထက္ အဆ ၃ဝဝ မွ ၈ဝဝ ေလာက္ ပိုမ်ား ပါတယ္။ 


ေရာဂါလကၡဏာမ်ား 

 ပိုေနတဲ့သံဓာတ္ေတြ အမ်ားဆုံး စုပုံေနတဲ့ေနရာက အသည္းျဖစ္ၿပီး ႏွလုံး၊ ပဲန္ခရိယက္စ္ (pancreas)၊ အေရျပားႏွင့္ အဆစ္ေတြမွာလည္း ျဖစ္တတ္ပါတယ္။ အတြင္းပိုင္း လိင္အဂၤါ (gonads)ေတြ၊ သိုင္းရြိဳက္ဂလင္း (thyroid gland) ႏွင့္ ဦးေႏွာက္ထဲမွာရွိတဲ့ (hypothalamus) ဂလင္းေတြမွာလည္း ျဖစ္နိုင္ပါတယ္။ သံဓာတ္ေတြ -

-  အသည္းမွာစုေနတဲ့အတြက္ အသည္းေျခာက္ ျခင္း၊ ကင္ဆာျဖစ္ျခင္း၊

-  ပဲန္ခရိယက္စ္မွာ စုမိေနတဲ့အတြက္ ဆီးခ်ိဳေသြးခ်ိဳ ျဖစ္ျခင္း၊

-  ႏွလုံးမွာစုမိေနတဲ့အတြက္ ႏွလုံးထိခိုက္ျခင္း 

(heart attack)၊ ႏွလုံး ခုန္ခ်က္ စည္းဝါး မမွန္ျခင္း (cardiac arrhythmias)၊

-  အရိုးဆက္ေတြမွာ စုမိေနတဲ့အတြက္ အဆစ္ေတြ ေရာင္ရမ္းျခင္း၊

-  အေရျပားမွာ စုမိေနတဲ့အတြက္ အေရျပား ညိဳ မည္းလာျခင္း (ပုံရွု)၊

-  အမ်ိဳးသမီးေတြမွာ မ်ိဳးဥအိမ္ (ovary)၊ အမ်ိဳးသားေတြမွာ ေဝွးေစ့ (testis) စတဲ့ အတြင္းပိုင္းလိင္အဂၤါေတြမွာ စုမိေနတဲ့အတြက္ အမ်ိဳးသားေတြမွာ လိင္စိတ္ ေလ်ာ့နည္းျခင္း၊ သားသမီးမရနိုင္ျခင္း၊ အမ်ိဳးသမီးေတြမွာ မီးယပ္ထိန္ျခင္းတို့ႏွင့္အတူ အားအင္ကုန္ခမ္းျခင္း၊ ေမာပမ္း ႏြမ္းနယ္ေနျခင္းတို့ကို ခံစားရပါတယ္။

 အသည္းလုပ္ငန္း ထိခိုက္ျခင္း၊ ႏွလုံးလုပ္ငန္း ထိခိုက္ျခင္းတို့ကို ေရာဂါဗီဇ (gene) ကို အစုံလိုက္ သယ္ေဆာင္ထားသူ ၁၀% ေလာက္မွာ ေတြ႕ရတတ္ပါ တယ္။

 အေဖဆီက ဗီဇမ်ိဳးေစ့တစ္ခု၊ အေမဆီက ဗီဇ မ်ိဳးေစ့တစ္ခု စုစုေပါင္း ဗီဇမ်ိဳးေစ့ႏွစ္ခုရထားသူေတြဟာ အမ်ားသူငါ စားေနက် သံဓာတ္ပါတဲ့အစားအစာ ေတြကိုစား႐ုံႏွင့္ ေရာဂါလကၡဏာေတြ ျဖစ္ေပၚနိုင္ပါတယ္။ သူတို့ဟာ သံဓာတ္ျြကယ္ဝတဲ့ အစားအစာေတြ သာမက သံဓာတ္စုပ္ယူမွုကို အားေပးတဲ့ (ဥပမာ ဗီတာမင္စီ ႂကြယ္ဝတဲ့) အစားအစာေတြကိုလည္း ဆင္ျခင္ဖို့လိုပါတယ္။

 ေမြးကတည္းက ပါလာတဲ့ေရာဂါ ျဖစ္ေပမယ့္ ေရာဂါလကၡဏာေတြက အသက္ႀကီးမွ ေပၚလာတတ္ပါတယ္။ အမ်ိဳးသားေတြ  အသက္ ၄၀ ေက်ာ္၊ အမ်ိဳးသမီးေတြ  အသက္ ၆၀ ေက်ာ္မွ ေရာဂါလကၡဏာေတြ ျပ တတ္ပါတယ္။ အမ်ိဳးသမီးေတြဟာ ေသြးဆုံးၿပီးမွ ေရာဂါ လကၡဏာ ျပတတ္ပါတယ္။ ေသြးမဆုံးမီမွာ လစဥ္ ဓမၼတာေသြးဆင္းေနတာက ေရာဂါကို ကုသေပးသလို ျဖစ္ေနလို့ပါ။ ေရာဂါလကၡဏာျပေနသူကို ကုသတဲ့နည္းကလည္း ခႏၶာကိုယ္မွေသြးကို ေဖာက္ထုတ္ျခင္းအားျဖင့္ သံဓာတ္ေလ်ာ့ပါးေအာင္ လုပ္ေပးျခင္းျဖစ္ပါတယ္။ အျခား ဟီမိုခရိုမတိုးဆစ္ (hemochromatosis) အမ်ိဳး အစားေတြ ရွိပါေသးတယ္။


သက္ငယ္ ဟီမိုခရိုမတိုးဆစ္

(Juvenile hemochromatosis)

 အသက္ ၁၅ ႏွစ္ႏွင့္ ၃၀ ၾကားမွာ ေရာဂါေဝဒနာ ေတြ ခံစားရတတ္ပါတယ္။ hemojuvelin or hepcidin ဗီဇမ်ိဳးေစ့ ေဖာက္ျပန္မွု (genetic mutation) ေတြ

ေၾကာင့္ ျဖစ္တတ္ပါတယ္။


ေမြးကင္းစ ဟီမိုခရိုမတိုးဆစ္ 

(Neonatal hemochromatosis)

 ေရာဂါျပင္းလြန္းတဲ့အတြက္ သေႏၶသားဘဝ ကတည္းက ေဝဒနာခံစားရတဲ့ ကေလးေတြရွိပါတယ္။ ဒီအမ်ိဳးအစားကေတာ့ ခႏၶာကိုယ္ဆဲလ္ေတြ ကိုယ့္ အခ်င္းခ်င္း တိုက္ခိုက္ၾကတဲ့ (auto-immune) 

သေဘာ သဘာဝေၾကာင့္ ျဖစ္တယ္လို့ ယူဆရပါတယ္။


အျခားအေၾကာင္းတစ္ခုခုေၾကာင့္ျဖစ္သည့္ 

ဟီမိုခရိုမတိုးဆစ္ 

(Secondary hemochromatosis)

 ေရာဂါတစ္ခုခုေၾကာင့္ မၾကာခဏ ေသြးသြင္း ကုသမွု ခံယူရသူအခ်ိဳ့မွာ သြင္းတဲ့ေသြးေတြထဲက သံဓာတ္ေတြဟာ ခႏၶာကိုယ္ရဲ့ ျပင္ပကို ထြက္မသြား နိုင္တဲ့အတြက္ အထဲမွာ စုမိလာျခင္း ျဖစ္ပါတယ္။ 


ဟီမိုခရိုမတိုးဆစ္ (hemochromatosis) 

ေရာဂါျဖစ္ရန္ အလားအလာမ်ားသူမ်ား

- ေရာဂါျဖစ္ေစနိုင္တဲ့ ဗီဇမ်ိဳးေစ့ (gene)   ပါလာသူမ်ား၊

- မိဘ၊ ညီအစ္ကိုေမာင္ႏွမ၊ ေဆြမ်ိဳးထဲတြင္ ေရာဂါ ရွိသူမ်ား၊

- ဥေရာပ ေျမာက္ပိုင္းမွ လူျဖဴမ်ိဳးႏြယ္မ်ားဟာ အေမရိကန္-အာဖရိကန္၊ အေမရိကန္-အာရွမ်ိဳးႏြယ္ ေတြထက္ပိုၿပီး အလားအလာ မ်ားပါတယ္။

- အမ်ိဳးသားမ်ားဟာ အမ်ိဳးသမီးမ်ားထက္ ေရာဂါ လကၡဏာျပနိုင္တဲ့ အလားအလာ ပိုမ်ားၿပီး၊  

- အမ်ိဳးသမီးမ်ားမွာ ေသြးဆုံးၿပီးသူ၊ သားအိမ္ထုတ္ ထားသူေတြ ျဖစ္ၾကပါတယ္။ 

----------------------------

ေဒါက္တာ ဦးလွၾကည္

Tuesday, January 26, 2021

မြန်မာ့အသံ၏ သမိုင်းပုံရိပ်မျာ

မြန်မာ့အသံ၏ သမိုင်းပုံရိပ်များ




#MRTV

#မြန်မာ့အသံနှင့်ရုပ်မြင်သံကြား

#စိန်ရတုအထိမ်းအမှတ်ဂုဏ်ပြုပွဲ


(ကျွန်တော်တို့ငယ်စဉ်ကတည်းက ရုပ်မြင်သံကြားလိုင်းတွေ ပေါပေါများများမကြည့်နိုင်သေးခင် ရုပ်မြင်သံကြား Television ပြစက်ရှေ့ ရောက်တာနဲ့ မြန်မာ့ရုပ်မြင်သံကြားကို စမြင်ကြည့်ရှုကြရပြီး ရေဒီယိုဖွင့်တာနဲ့ မြန်မာ့အသံကိုဦးစားပေးနားထောင်ဖြစ်ခဲ့ကြတာ မငြင်း နိုင်တဲ့အမှန်တရားတစ်ခုဖြစ်ပါတယ်။ ပြန်ကြားပေးရန်၊ ဖျော်ဖြေပေးရန်၊ ပညာပေးရန်အတွက် အမှန်အကန်၊ အတိအကျ သတင်းတွေကို အတည်ပြုပေးနေတဲ့ ဌာနတစ်ခုလို့ဆိုနိုင်ကြောင်း စိတ်ထဲစွဲမှတ်နေရမယ့်သဘောပါ။ အခုစိန်ရတုကာလမှာ သတင်းတွေ ဆောင်းပါးတွေ အပြိုင်အဆိုင်ရေးသားဖော်ပြနေကြတဲ့အထဲ ဆရာမျိုးသူရ(စစ်ကိုင်း)ရဲ့ မြန်မာ့အသံ၏ သမိုင်းပုံရိပ်များဆောင်းပါးထဲက မှတ်သားဖွယ် အချက်အလက်အချို့ကို ဗဟုသုတရစေဖို့ ပြန်လည်ကူးယူဝေမျှလိုက်ပါတယ်။)


MRTV (Myanma Radio and Television) မြန့်မာ့အသံနှင့် ရုပ်မြင်သံကြား 


မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ၇၅နှစ်မြောက် စိန်ရတုပွဲကို ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၁၅ရက်မှာ ကျင်းပမယ်လို့ သတင်းစကား ကြားရပါတယ်။ မြန်မာ့ရုပ်မြင်သံကြားကလဲ စိန်ရတုအထိမ်းအမှတ်အစီအစဉ်တွေကို ထုတ်လွှင့်ပေးနေပါပြီ။ မြန်မာနိုင်ငံမှာ သည်လို ခိုင်ခိုင်မာမာရပ်တည်နိုင်ဖို့ ဘယ်လိုတွေစတင်ဖြစ်ပေါ်လာသလဲဆိုတာ ဗဟုသုတရအောင် သတင်းစာဆောင်းပါးတစ်စောင်က အချက် အလက်အချို့ကိုြပြန်လည်ဖော်ပြပါရစေ။


မြန်မာ့အသံလွှင့်လုပ်ငန်းရယ်လို့ ပီပီပြင်ပြင်မပေါ်သေးခင် ၁၉၃၇ခုနှစ်လောက်က အင်္ဂလိပ်အစိုးရရဲ့ ကြေးနန်းဆက်သွယ်ရေးဌာနက မြန်မာနိုင်ငံနဲ့ အိန္ဒိယနိုင်ငံကို ဝိုင်ယာလက်ကြေးနန်းဆက်သွယ်ရာမှာ အသုံးပြုတဲ့ မာကိုနီအသံလွှင့်စက်ကိုသုံးပြီး နံနက်ပိုင်း၊ ညနေပိုင်း တွေမှာ စမ်းသပ်အသံလွှင့်ခဲ့ပါတယ်။ အသံလွှင့်စက်နဲ့ အသံလွှင့်ရုံကိုတော့ မင်္ဂလာဒုံမှာထားခဲ့ပါတယ်။


၁၉၃၈ခုနှစ်မှာတော့ ဖီးလစ် (Philip) အမျိုးအစား ၁၀ကီလိုဝပ် အသံလွှင့်စက်တစ်လုံးကို နိုင်ငံခြားကမှာယူခဲ့ပါတယ်။ အသံလွှင့်ရုံကိုတော့ ရန်ကုန်မြို့ ပန်းဆိုးတန်း ဗဟိုကြေးနန်းရုံးကြီးအောက်ထပ်မှာ အခန်းတွေပြုပြင်ဖွဲ့စည်းပြီး တည်ဆောက်ခဲ့ကြပါတယ်။ အဲဒီအချိန်မှာ ကြိုးမဲ့ ကြေးနန်းဌာနခွဲက စက်ဘက်ဆိုင်ရာဝန်ထမ်းတွေက ဝပ် ၅၀၀အားရှိတဲ့အသံလွှင့်စက်တစ်လုံးကို တည်ဆောက်နေတဲ့အချိန်ဖြစ်တယ်။


၁၉၃၉ခုနှစ် နှယ်လယ်ပိုင်းမှာ နိုင်ငံခြားက မှာယူခဲ့တဲ့ ၁၀ကီလိုဝပ် အသံလွှင့်စက်ရောက်ရှိလာခဲ့သလို ကြိုးမဲ့ကြေးနန်းဆက်သွယ်ရေး ဌာနခွဲ ဝန်ထမ်းတွေ တည်ဆောက်ခဲ့တဲ့ ဝပ် ၅၀၀အား အသံလွှင့်စက်ကလည်း တည်ဆောက်ပြီးစီးခဲ့ပါတယ်။ ရန်ကုန်မြို့ ၃၆လမ်းက ဗဟိုကြေးနန်းရုံးကြီးအောက်ထပ်မှာ ပြုပြင်တည်ဆောက်ခဲ့တဲ့ အသံလွှင့်ခန်းတွေ၊ အသံထိန်းခန်းတွေကလဲ တည်ဆောက်ပြီးစီးခဲ့ပါတယ်။ အသံလွှင့်ရာမှာ အသုံးပြုရမယ့် စန္ဒရားတွေ၊ တူရိယာပစ္စည်းတွေ၊ မြန်မာသီချင်း ဓာတ်ပြား၊ အင်္ဂလိပ်သီချင်းဓာတ်ပြား၊ ဟိန္ဒူစတန်နီ သီချင်းဓာတ်ပြား အများအပြားဝယ်ယူစုဆောင်းခဲ့ရပါတယ်။ အသံလွှင့်ဆိုင်ရာလုပ်ငန်းတွေလုပ်ဖို့ ဝန်ထမ်းတွေရှာဖွေခန့်ထားပြီး မြန်မာ့အသံလွှင့်လုပ်ငန်းကို စတင်ခဲ့ကြပါတယ်။


အသံလွှင့်လုပ်ငန်းတွေကို စမ်းသပ်ထုတ်လွှင့်ပြီး ၁၉၃၉ခုနှစ် ဇွန်လမှာ မြန်မာနိုင်ငံတော်အစိုးရအစမ်းအသံလွှင့်ရုံ (Burma State Experimental Broadcasting Service)ေပေါ်ပေါက်လာခဲ့ပါတယ်။


ဖီးလစ်အသံလွှင့်စက်နဲ့ သုံး၊လေးလကြာအောင် စမ်းသပ်ထုတ်လွှင့်ခဲ့ပြီး အသံလွှင့်လုပ်ငန်းတွေ အဆင်ပြေလာတာကြောင့် ၁၉၃၉ခုနှစ် အောက်တိုဘာ ၁ ရက် ညနေ ၅နာရီမှာ မြန်မာနိုင်ငံတော်အစိုးရအသံလွှင့်ဌာန (Burma State Broadcasting Service) အသံလွှင့်ရုံသစ် ဖွင့်ပွဲကို ရန်ကုန်မြို့ ဗဟိုကြေးနန်းရုံးကြီးအောက်ထပ်မှာ ကျင်းပနိုင်ခဲ့ပါတယ်။


အသံလွှင့်ရုံသစ်ဖွင့်လှစ်ပြီးတဲ့နောက် ယခင်ထုတ်လွှင့်နေကြ အစီအစဉ်တွေသာမကဘဲ ဟောပြောချက်၊ တီးဝိုင်းအဖွဲ့တွေရဲ့ ဖျော်ဖြေမှု၊ ကလေးများအခန်း၊ လူကြီးတွေအတွက် ဥပုသ်နေ့တွေမှာ နိုင်ငံကျော်ဓမ္မကထိကဆရာတော်တွေရဲ့ တရားဟောပြောမှုအစီအစဉ်တွေ ထည့်သွင်းထုတ်လွှင့်ခဲ့ကြပါတယ်။


“ဟောပြောချက်” အစီအစဉ်မှာ ပညာဝန်ဦးစိန်ရွက်၊ ပညာဝန်ဦးဖိုးကျား၊ ရွှေပြည်ဦးဘတင်၊ သီဟိုဠ်နိုင်ငံ မြန်မာသံအမတ်ကြီးဟောင်း ဦးတင့်၊ ဦးဘဆွေ၊ မြန်အောင်ဦးတင်၊ ဦးထွန်းညို။ ဒေါ်မမခင်တို့က အစဉ်မပြတ် ဟောပြောခဲ့ကြသလို ကလေးများအခန်းအစီအစဉ်ကို တော့ ပညာအုပ် ဒေါ်မြရွှေက တာဝန်ယူစီစဉ်ခဲ့ပါတယ်။


အပတ်စဉ် မှန်မှန် အသံလွှင့်ခဲ့တဲ့ ကာလပေါ်တီးဝိုင်းကတော့ ရွှေပြည်အေးခေါင်းဆောင်တဲ့ အသံလွှင့်ဌာနတူရိယာအဖွဲ့ပါ။ အသံလွှင့်ဌာန တူရိယာအဖွဲ့(Studio Orchestra) ဆိုတာက အသံလွှင့်ဌာနမှာ တစ်ကြိမ်အသံလွှင့်ခ ၁၅ကျပ်ပေးပြီး အမြဲတမ်းငှားရမ်းထားတဲ့အဖွဲ့ဖြစ် ပါတယ်။


အဲဒီကာလက လူကြိုက်များခဲ့တဲ့ တီးဝိုင်းတွေကတော့ အေဝမ်းခင်မောင်တူရိယာအဖွဲ့၊ တက္ကသိုလ်စိုးအဖွဲ့၊ ဂီတာ ဗစောကြည်အဖွဲ့၊ ရွှေတိုင်ညွန့်အဖွဲ့၊ တက္ကသိုလ်မောင်မောင်လှအဖွဲ့၊ ဂီတာစိမ်းမောင်အဖွဲ့၊ အေဝမ်းဖလင်အဖွဲ့တွြေဖြစ်ပါတယ်။


မြန်မာ့အသံလွှင့်ဌာနက သီချင်းကြီးတွေကိုထုတ်လွှင့်ခဲ့ရာမှာ မတင်အုံးအဖွဲ့၊ ကိုအလီအဖွဲ့၊ ဆရာစိုးအဖွဲ့၊ သံလျင်မြဦးနဲ့ စောင်းမောင်ကျော်ငြိမ်းအဖွဲ့၊ မြန်မာညွန့် ဦးညွှန့်မောင်အဖွဲ့တွေဟာ လူကြိုက်များထင်ရှားခဲ့တဲ့ သီချင်းကြီးအဖွဲ့တွေပဲဖြစ်ပါတယ်။


အထူးသဖြင့် မတင်အုံးအဖွဲ့မှာ အစ်ကိုဖြစ်တဲ့ စောင်း ဦးဘသန်း၊ ညီမတွေဖြစ်တဲ့ စန္ဒရားမစိန်ရီ၊ တယော မခင်စောတို့မိသားစု တက်ညီလက်ညီပါဝင်တီးမှုတ်ကြတဲ့အတွက် လူကြိုက်များလှပါတယ်။


ပရိသတ်အကြိုက်အစီအစဉ်တစ်ခုကတော့ ဘောလုံးပွဲတိုက်ရိုက်အသံလွှင့်အစီအစဉ်ဖြစ်ပါတယ်။ အဲဒီအချိန်တုန်းက ရန်ကုန်မြို့မှာရှိတဲ့ ဘီအေအေ ဘောလုံးကွင်း(ယခုအောင်ဆန်းကွင်း)မှာ ရှုံးထွက်ကစားရတဲ့ ဝေါလတာလေ့ဒိုင်း ဘောလုံးဗိုလ်လုပွဲဟာ စိတ်ဝင်တစား အားပေးကြသူများတဲ့အတွက် ဘီအေအေအသင်းအတွင်းရေးမှူး မစ္စတာဘင်ရှက်ဒရက်နဲ့ ညှိနှိုင်းပြီး နောက်ဆုံးဗိုလ်လုပွဲဘောလုံးသတင်း ကို တိုက်ရိုက်အသံလွှင့်ပေးနိုင်ခဲ့ပါတယ်။ အဲဒီပွဲမှာ အသံလွှင့်ခဲ့သူကတော့ သမာဓိသတင်းစာ၊ အယ်ဒီတာချုပ် ဦးအမ်ဘိုးချိန်ဖြစ်ပါတယ်။ မြန်မာ့ဘောလုံးပွဲသတင်းကို ပထမဦးဆုံး ကြေငြာသူအဖြစ် ဦးအမ်ဘိုးချိန်ကို မှတ်တမ်းတင်ရမှာပါ။


၁၉၄၁ခုနှစ် ဒီဇင်ဘာလထိ အသံလွှင့်ရုံကို ဦးထွန်းညို၊ ဦးတင့်ဆွေ၊ ရွှေပြည် ဦးတင်၊ ဦးတုမောင်နဲ့ သူကြီးဂေဇက် ဦးခင်မောင်စတဲ့ ပုဂ္ဂိုလ်တွေက အသံကြီးကြပ်အုပ်ချုပ်ပေးခဲ့ကြပါတယ်။ ဒုတိယကမ္ဘာစစ်ကြီး မဖြစ်မီကာလအထိပေါ့။


၁၉၄၁ခုနှစ် ဒီဇင်ဘာ ၈ရက်မှာ အင်္ဂလိပ်နဲ့ အမေရိကန်တို့က ဂျပန်နိုင်ငံကို စစ်ကြေငြာလိုက်ပါတယ်။ ၁၉၄၁ခုနှစ် ဒီဇင်ဘာ ၂၃ရက်မှာ ဂျပန်လေယာဉ်ပျံတွေက ရန်ကုန်မြို့ကို စတင်ဗုံးကြဲတော့ အသံလွှင့်ရုံရှိနေတဲ့ ဗဟိုကြေးနန်းရုံးကြီးအရှေ့ဘက် ပန်းဆိုးတန်းလမ်းပေါ်မှာ ကျရောက်ပေါက်ကွဲခဲ့ပေမယ့် အသံလွှင့်ရုံကတော့ မထိခိုက်မပျက်စီးခဲ့ပါဘူး။ အဲဒီနောက်ရက်တွေမှာ ဂျပန်လေယာဉ်တွေမကြာခဏ ဗုံးကြဲလာတာကြောင့် ၁၉၄၂ခုနှစ် ဖေဖော်ဝါရီလ ၂၀ရက်ဝန်းကျင်မှာ အသံလွှင့်ရုံစက်ဘက်ဝန်ထမ်းတချို့ဟာ စက်ပစ္စည်းတချို့နဲ့ အင်္ဂလိပ်၊ မြန်မာသီချင်းဓာတ်ပြားတွေကို သယ်ဆောင်ပြီး ရန်ကုန်မြို့ကနေ မေမြို့ကို မော်တော်ကားနဲ့ထွက်ခွာခဲ့ရပါတော့တယ်။ 


၁၉၄၂ခုနှစ် ဖေဖော်ဝါရီ ၂၅ရက်မှာတော့ ရန်ကုန်အသံလွှင့်ရုံမှာ ကျန်ရစ်ခဲ့တဲ့စက်ဘက်ဝန်ထမ်းတချို့နဲ့ အလုပ်လုပ်ကိုင်လိုသူတွေကို ရ န်ကုန်အသံလွှင့်ရုံကိုပိတ်ပြီး မေမြို့ကိုလိုက်လာခဲ့ကြဖို့ ညွှန်ကြားချက်ရရှိတာကြောင့် မြန်မာနိုင်ငံအစိုးရအသံလွှင့်ဌာနကို မေမြို့ကို အပြီးေြပြောင်းရွှေ့ခဲ့ရပါတယ်။


မေမြို့မှာအခြေတည်ပြီး မြန်မာဘာသာသတင်းနဲ့ တေးဂီတအစီအစဉ်တွေကို အလျဉ်းသင့်သလိုစီစဉ်ပြီး ဆက်လက်အသံလွှင့်ခဲ့ပါတယ်။ မေမြို့မှာ နှစ်လလောက်ကြာချိန် ၁၉၄၂ခုနှစ် ဧပြီလမှာ ဂျပန်လေယာဉ်တွေရောက်လာပြီး မန္တလေးမြို့နဲ့ မေမြို့ကို ဗုံးကြဲတိုက်ခိုက်ကြ ပါတော့တယ်။ ဂျပန်ခြေလျင်တပ်တွေကလည်း လားရှိုးဘက်က ဗမာ့တပ်မတော်နဲ့ပူးပေါင်းပြီး မေမြို့ကိုချီတက်လာချိန်မှာတော့ မေမြို့က အသံလွှင့်ရုံကို ပိတ်ပစ်ရပါတော့တယ်။


၁၉၄၂ခုနှစ် ဧပြီလကုန်လောက်မှာတော့ မေမြို့က အသံလွှင့်နေခဲ့တဲ့ မြန်မာနိုင်ငံအစိုးရအသံလွှင့်ဌာနကို အပြီးတိုင်ပိတ်သိမ်းခဲ့ရ ပါတော့တယ်။ ဂျပန်စစ်အစိုးရက ဂျပန်ခေတ်မှာ အသံလွှင့်လုပ်ငန်းကို ဝါဒဖြန့်ချိရေးအတွက်အသုံးပြုဖို့ ပြန်လည်စီစဉ်ခဲ့ပါတယ်။ ဂျပန်တို့က တစ်ကီလိုဝပ် ဂျပန်နိုင်ငံလုပ်အသံလွှင့်စက်ကို ကမ္ဘာအေးဘုရားနားက ရေကူးမှာတပ်ဆင်ပြီး အသံလွှင့်ရုံကိုတော့ ရန်ကုန်မြို့ အမှတ် (၄၇) ဖိုက်ချ်လမ်းမှာ တည်ဆောက်ခဲ့ကြတယ်။


၁၉၄၂ သြဂုတ်လထဲမှာ ဖိုက်ချ်လမ်းအသံလွှင့်ရုံက ၂၆၃မီတာကိုအသုံးပြုပြီး ညနေ ၅နာရီ မိနစ် ၃၀မှ ည ၉နာရီထိ မြန်မာဘာသာနဲ့ အသံလွှင့်အစီအစဉ်တွေ စတင်ထုတ်လွှင့်ခဲ့ပါတယ်။ ဂျပန်ခေတ် အသံလွှင့်အစီအစဉ်တွေမှာ သတင်းတွေ၊ သတင်းဝေဖန်ချက်တွေ၊ ဟောပြောချက်တွေ၊ သီချင်းဓာတ်ပြားတွေအပြင် ကာလပေါ်တီးဝိုင်း၊ သီချင်းကြီးတီးဝိုင်းတွေပါ ပါဝင်အသံလွှင့်ခဲ့ကြပါတယ်။


၁၉၄၂ခုနှစ် နိုဝင်ဘာလမှာ ဂျပန်လုပ် ၁၀ကီလိုဝပ်အားရှိ လှိုင်းလတ်အသံလွှင့်စက်တစ်လုံး၊ ငါးကီလိုဝပ်အားရှိ မာကိုနီအမျိုးအစား လှိုင်းတိုအသံလွှင့်စက်တစ်လုံး၊ နောက်ထပ် ငါးကီလိုဝပ်အားရှိ လှိုင်းတိုအသံလွှင့်စက်တစ်လုံးကို အသုံးပြုပြီး နိုင်ငံခြားတိုင်းပြည်တွေ ကိုပါ အသံလွှင့်နိုင်စေဖို့ တံတားလေးစိတ္တဇဆေးရုံနေရာမှာ အသံလွှင့်ရုံအသစ် တည်ဆောက်ခဲ့ကြပါတယ်။ ဖိုက်ချ်လမ်းမှာရှိတဲ့ အသံလွှင့်ရုံကိုလဲ နေရာပိုကျယ်တဲ့ ချင်းချောင်းနန်းတော်ကိုပြောင်းရွှေ့ခဲ့ပါတယ်။


အဲဒီကာလက အသံလွှင့်အစီအစဉ်စတင်တဲ့အချိန်မှာ “ ရန်ကုန်မြို့ မြန်မာနိုင်ငံလုံးဆိုင်ရာအသံလွှင့်ဌာနမှ ၂၅မီတာနှင့် လှိုင်းလတ် ၂၆၀မီတာတို့မှ အသံလွှင့်နေပါသည်..” ဆိုတဲ့ကြေငြာချက်ကို စတင်ထုတ်လွှင့်တတ်တာကြောင့် ဂျပန်ခေတ်မြန်မာ့အသံလွှင့်လုပ်ငန်း အသံလွှင့်ရုံကို “မြန်မာနိုင်ငံလုံးဆိုင်ရာ အသံလွှင့်ဌာန” လို့အမည်ပေးထားခဲ့တယ်လို့ သိရပါတယ်။


၁၉၄၃ခုနှစ် နှစ်ဆန်းပိုင်းမှစတင်ပြီး ချင်းချောင်းနန်းတော်အသံလွှင့်ရုံမှ မြန်မာဘာသာအစီအစဉ်တွေသာမက အင်္ဂလိပ်ဘာသာ၊ ဂျပန်ဘာသာ၊ ဟိန္ဒူဘာသာ၊ဘင်္ဂါလီဘာသာ၊ တမီးလ်ဘာသာ၊ တရုတ်ဘာသာတွေနဲ့ပါ တိုးချဲ့အသံလွှင့်နိုင်ခဲ့ပါတယ်။


ဂျပန်ခေတ်မှာ အမှတ်တရဖြစ်စရာကောင်းတဲ့ တိုက်ရိုက်အသံလွှင့်ခဲ့ရတာကတော့ ၁၉၄၃ခုနှစ် ဧပြီလအတွင်း ရန်ကုန်မြို့ ကန်တော်ကြီး (အလယ်ကျွန်း)မှာကျင်းပတဲ့ ဒေါက်တာဘမော်ကို အောင်လံနဲ့ အောင်မြေ အပ်နှင်းတဲ့အခမ်းအနား။ ၁၉၄၃ခုနှစ် သြဂုတ်လ ၁ရက် ရန်ကုန်မြို့ အစိုးရအိမ်တော်မှာကျင်းပတဲ့ ဂျပန်ခေတ် ဗမာ့လွတ်လပ်ရေးကြေငြာတဲ့အခမ်းအနားနဲ့ ၁၉၄၅ခုနှစ် မတ် ၁၇ရက်မှာ ရန်ကုန်မြို့ ရွှေတိဂုံစေတီတော်အနောက်ဘက် (ယခုတော်လှန်ရေးပန်းခြံ)မှာပြုလုပ်တဲ့ စစ်သေနာပတိချုပ် ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်တဲ့ ဗမာ့လွတ်လပ်ရေးတပ်မတော်ရဲ့ စစ်ထွက်အခမ်းအနားတွေဖြစ်ပါတယ်။


၁၉၄၅ခုနှစ် မတ်လကစပြီး ဗမာ့လွတ်လပ်ရေး တပ်မတော်က မြန်မာနိုင်ငံတစ်ဝန်းလုံးမှာ တော်လှန်ရေးကြီးစတင်ခဲ့ပြီး အိန္ဒိယနိုင်ငံဘက် က မဟာမိတ်တပ်တွေလဲ ပြန်လည်ထိုးစစ်ဆင်လာခဲ့ပါတယ်။ ၁၉၄၅ခုနှစ် ဧပြီ ၂၂ရက်မှာတော့ ဂျပန်စစ်တပ်တွေ ရန်ကုန်မြို့က နောက်ဆုံးထွက်ခွာခဲ့သလို ဂျပန်ခေတ်က အသံလွှင့်လုပ်ငန်းကလဲ လုံးဝဇာတ်သိမ်းခဲ့ရပါတော့တယ်။ ၁၉၄၅ခုနှစ် မေလဆန်းပိုင်းမှာ မြန်မာနိုင်ငံကို ပြန်လည်သိမ်းပိုက်ခဲ့တဲ့ မဟာမိတ်စစ်တပ်တွေနဲ့အတူ အရှေ့အာရှတောင်ပိုင်းစစ်ဌာန၊ စိတ်ဓာတ်စစ်ဆင်ရေးဌာနခွဲက လိုက်ပါလာပြီး ၇ဒသမ၅ကီလိုဝပ်လှိုင်းတိုမာကိုနီ အသံလွှင့်စက်နှစ်လုံး၊ ငါးကီလိုဝပ်လှိုင်းလတ်အသံလွှင့်စက်တွေနဲ့ ရန်ကုန်ရေဒီယို (Rangoon Radio) လို့ခေါ်တဲ့ မြန်မာ့အသံလွှင့်လုပ်ငန်းကို စတင်ခဲ့ပါတယ်။


အဲဒီကတစ်ဆင့် ၁၉၄၆ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်မှာ ဗမာ့အသံ (Burma Broadcasting Service) ဆိုတဲ့နာမည်အသစ်နဲ့ မြန်မာ့အသံလွှင့်လုပ်ငန်းရဲ့ ဗမာ့အသံကဏ္ဍသစ်ကို စတင်ဖွင့်လှစ်ခဲ့ပါတယ်။ ၁၉၅၈ခုနှစ် နိုဝင်ဘာလ ၂၈ ရက်ကစပြီး “ဗမာ့အသံ” မှ “မြန်မာ့အသံ” အဖြစ် နာမည်ပြောင်းလဲခဲ့ပါတယ်။ ၁၉၆၀ပြည့်နှစ် နိုဝင်ဘာ ၄ ရက်မှာတော့ ရန်ကုန်မြို့ပြည်လမ်းမှာရှိတဲ့ အသံလွှင့်ရုံ သစ်ကြီးမှာ ပြောင်းရွှေ့အသံလွှင့်ခဲ့တယ်။ ၁၉၇၁ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်မှာ မြန်မာ့အသံ ၂၅နှစ်မြောက် ငွေရတုသဘင်ပွဲကို မြန်မာ့အသံမြက်ခင်းပြင်မှာ ကျင်းပခဲ့ပါတယ်။ ၁၉၇၂ခုနှစ် မတ် ၁၆ရက်မှာတော့ ပြန်ကြားရေးနှင့် အသံလွှင့်ဦးစီးဌာနအမည် ပြောင်းလဲခဲ့ပါတယ်။ ၁၉၈၀ပြည့်နှစ် နိုဝင်ဘာ ၁ရက်ကစပြီး ရောင်စုံမြန်မာ့ရုပ်မြင်သံကြားအစီအစဉ်ကို စတင်ထုတ်လွှင့်နိုင်ခဲ့ပါတယ်။ 


၁၉၉၁ခုနှစ် ဇန်နဝါရီ ၂၄ရက်မှာ မြန်မာ့ရုပ်မြင်သံကြားနှင့် အသံလွှင့်ဦးစီးဌာနအဖြစ် အမည်ပြောင်းခဲ့ပြီး ၁၉၉၇ခုနှစ် နိုဝင်ဘာ ၂၂ရက်မှာ “မြန်မာ့အသံနှင့် ရုပ်မြင်သံကြား” [Myanma Radio and Television (MRTV)] အဖြစ်ပြောင်းလဲခဲ့ပါတယ်။ 


မြန်မာ့အသံနဲ့ပတ်သက်ပြီး ဖြတ်သန်းခဲ့ရတဲ့ ကာလတွေအကြောင်းကို မြန်မာ့အသံ ဦးကျော်ညိန်း(မာတလိ)က “နှစ် ၃၀ မြန်မာ့အသံ” ဆိုတဲ့ မှတ်တမ်းစာအုပ်ေရေးသားပြုစုခဲ့ဖူးတယ်။


မြန်မာ့အသံဦးသိန်းဟန်ကလည်း “ထူးချွန်ထင်ရှား လေလှိုင်းအသံရှင်များ” ဆိုတဲ့ မှတ်တမ်းစာအုပ်ရေးသားပြီး မြန်မာ့အသံရဲ့သမိုင်းခရီး အတွေ့အကြုံတွေ မျှဝေပေးခဲ့ပါတယ်။


၂၀၀၆ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ နှစ် ၆၀ပြည့် မြန်မာ့အသံမဂ္ဂဇင်းမှာလဲ ဗမာ့အသံရဲ့သမိုင်းကြောင်းတွေ ဖတ်ရမှတ်ရပါတယ်။


မြန်မာ့အသံရဲ့ ၇၅နှစ်မြောက် စိန်ရတုမှသည် နောင်နှစ်ပေါင်းများစွာထိ မြန်မာနိုင်ငံအတွက် မြန်မာမှု၊ မြန်မာ့ဟန်၊ “မြန်မာ့အသံ” တွေကို ကာလများစွာ နှစ်ပေါင်းထောင်သောင်းမက လေလှိုင်းပေါ်မှာ လွင့်ပျံနိုင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။


ကိုးကား -

ဦးကျော်ညိန်း(မာတလိ) - နှစ် ၃၀ မြန်မာ့အသံ၊ 


မြန်မာ့အသံ သိန်းဟန် - ထူးချွန်ထင်ရှားလေလှိုင်းအသံရှင်များ


နှစ် ၆၀ပြည့် မြန်မာ့အသံမဂ္ဂဇင်း ၂၀၀၆ 


*** ယခုလက်ရှိမှာတော့ နေပြည်တော် တပ်ကုန်းမြို့ရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားလွှင့်ရုံကို အဓိကထားကာ မြန်မာပြည်တဝှမ်းအား ထုတ်လွှင့်နေပါကြောင်း။


(Zawgyi) 

ျမန္မာ့အသံ၏ သမိုင္းပံုရိပ္မ်ား




#MRTV

#ျမန္မာ့အသံႏွင့္ရုပ္ျမင္သံၾကား

#စိန္ရတုအထိမ္းအမွတ္ဂုဏ္ျပဳပြဲ


(ကၽြန္ေတာ္တို႔ငယ္စဥ္ကတည္းက ရုပ္ျမင္သံၾကားလိုင္းေတြ ေပါေပါမ်ားမ်ားမၾကည့္ႏိုင္ေသးခင္ ရုပ္ျမင္သံၾကား Television ျပစက္ေရွ႕ ေရာက္တာနဲ႔ ျမန္မာ့ရုပ္ျမင္သံၾကားကို စျမင္ၾကည့္ရႈၾကရျပီး ေရဒီယိုဖြင့္တာနဲ႔ ျမန္မာ့အသံကိုဦးစားေပးနားေထာင္ျဖစ္ခဲ့ၾကတာ မျငင္း နိုင္တဲ့အမွန္တရားတစ္ခုျဖစ္ပါတယ္။ ျပန္ၾကားေပးရန္၊ ေဖ်ာ္ေျဖေပးရန္၊ ပညာေပးရန္အတြက္ အမွန္အကန္၊ အတိအက် သတင္းေတြကို အတည္ျပဳေပးေနတဲ့ ဌာနတစ္ခုလို႔ဆိုႏိုင္ေၾကာင္း စိတ္ထဲစြဲမွတ္ေနရမယ့္သေဘာပါ။ အခုစိန္ရတုကာလမွာ သတင္းေတြ ေဆာင္းပါးေတြ အျပိဳင္အဆိုင္ေရးသားေဖာ္ျပေနၾကတဲ့အထဲ ဆရာမ်ိဳးသူရ(စစ္ကိုင္း)ရဲ႕ ျမန္မာ့အသံ၏ သမိုင္းပံုရိပ္မ်ားေဆာင္းပါးထဲက မွတ္သားဖြယ္ အခ်က္အလက္အခ်ိဳ႕ကို ဗဟုသုတရေစဖို႔ ျပန္လည္ကူးယူေ၀မွ်လိုက္ပါတယ္။)


MRTV (Myanma Radio and Television) ျမန္႔မာ့အသံႏွင့္ ရုပ္ျမင္သံၾကား 


ျမန္မာ့အသံႏွင့္ ရုပ္ျမင္သံၾကား ၇၅ႏွစ္ေျမာက္ စိန္ရတုပြဲကို ၂၀၂၁ခုႏွစ္ ေဖေဖာ္၀ါရီလ ၁၅ရက္မွာ က်င္းပမယ္လို႔ သတင္းစကား ၾကားရပါတယ္။ ျမန္မာ့ရုပ္ျမင္သံၾကားကလဲ စိန္ရတုအထိမ္းအမွတ္အစီအစဥ္ေတြကို ထုတ္လႊင့္ေပးေနပါျပီ။ ျမန္မာႏိုင္ငံမွာ သည္လို ခိုင္ခိုင္မာမာရပ္တည္ႏိုင္ဖို႔ ဘယ္လိုေတြစတင္ျဖစ္ေပၚလာသလဲဆိုတာ ဗဟုသုတရေအာင္ သတင္းစာေဆာင္းပါးတစ္ေစာင္က အခ်က္ အလက္အခ်ိဳ႕ကိုျျပန္လည္ေဖာ္ျပပါရေစ။


ျမန္မာ့အသံလႊင့္လုပ္ငန္းရယ္လို႔ ပီပီျပင္ျပင္မေပၚေသးခင္ ၁၉၃၇ခုႏွစ္ေလာက္က အဂၤလိပ္အစိုးရရဲ႕ ေၾကးနန္းဆက္သြယ္ေရးဌာနက ျမန္မာႏိုင္ငံနဲ႔ အိႏၵိယႏိုင္ငံကို ၀ိုင္ယာလက္ေၾကးနန္းဆက္သြယ္ရာမွာ အသံုးျပဳတဲ့ မာကိုနီအသံလႊင့္စက္ကိုသံုးျပီး နံနက္ပိုင္း၊ ညေနပိုင္း ေတြမွာ စမ္းသပ္အသံလႊင့္ခဲ့ပါတယ္။ အသံလႊင့္စက္နဲ႔ အသံလႊင့္ရံုကိုေတာ့ မဂၤလာဒံုမွာထားခဲ့ပါတယ္။


၁၉၃၈ခုႏွစ္မွာေတာ့ ဖီးလစ္ (Philip) အမ်ိဳးအစား ၁၀ကီလို၀ပ္ အသံလႊင့္စက္တစ္လံုးကို ႏိုင္ငံျခားကမွာယူခဲ့ပါတယ္။ အသံလႊင့္ရံုကိုေတာ့ ရန္ကုန္ျမိဳ႕ ပန္းဆိုးတန္း ဗဟိုေၾကးနန္းရံုးၾကီးေအာက္ထပ္မွာ အခန္းေတြျပဳျပင္ဖြဲ႔စည္းျပီး တည္ေဆာက္ခဲ့ၾကပါတယ္။ အဲဒီအခ်ိန္မွာ ၾကိဳးမဲ့ ေၾကးနန္းဌာနခြဲက စက္ဘက္ဆိုင္ရာ၀န္ထမ္းေတြက ၀ပ္ ၅၀၀အားရွိတဲ့အသံလႊင့္စက္တစ္လံုးကို တည္ေဆာက္ေနတဲ့အခ်ိန္ျဖစ္တယ္။


၁၉၃၉ခုႏွစ္ ႏွယ္လယ္ပိုင္းမွာ ႏိုင္ငံျခားက မွာယူခဲ့တဲ့ ၁၀ကီလို၀ပ္ အသံလႊင့္စက္ေရာက္ရွိလာခဲ့သလို ၾကိဳးမဲ့ေၾကးနန္းဆက္သြယ္ေရး ဌာနခြဲ ၀န္ထမ္းေတြ တည္ေဆာက္ခဲ့တဲ့ ၀ပ္ ၅၀၀အား အသံလႊင့္စက္ကလည္း တည္ေဆာက္ျပီးစီးခဲ့ပါတယ္။ ရန္ကုန္ျမိဳ႕ ၃၆လမ္းက ဗဟိုေၾကးနန္းရံုးၾကီးေအာက္ထပ္မွာ ျပဳျပင္တည္ေဆာက္ခဲ့တဲ့ အသံလႊင့္ခန္းေတြ၊ အသံထိန္းခန္းေတြကလဲ တည္ေဆာက္ျပီးစီးခဲ့ပါတယ္။ အသံလႊင့္ရာမွာ အသံုးျပဳရမယ့္ စႏၵရားေတြ၊ တူရိယာပစၥည္းေတြ၊ ျမန္မာသီခ်င္း ဓာတ္ျပား၊ အဂၤလိပ္သီခ်င္းဓာတ္ျပား၊ ဟိႏၵဴစတန္နီ သီခ်င္းဓာတ္ျပား အမ်ားအျပား၀ယ္ယူစုေဆာင္းခဲ့ရပါတယ္။ အသံလႊင့္ဆိုင္ရာလုပ္ငန္းေတြလုပ္ဖို႔ ၀န္ထမ္းေတြရွာေဖြခန္႔ထားျပီး ျမန္မာ့အသံလႊင့္လုပ္ငန္းကို စတင္ခဲ့ၾကပါတယ္။


အသံလႊင့္လုပ္ငန္းေတြကို စမ္းသပ္ထုတ္လႊင့္ျပီး ၁၉၃၉ခုႏွစ္ ဇြန္လမွာ ျမန္မာႏိုင္ငံေတာ္အစိုးရအစမ္းအသံလႊင့္ရံု (Burma State Experimental Broadcasting Service)ေေပၚေပါက္လာခဲ့ပါတယ္။


ဖီးလစ္အသံလႊင့္စက္နဲ႔ သံုး၊ေလးလၾကာေအာင္ စမ္းသပ္ထုတ္လႊင့္ခဲ့ျပီး အသံလႊင့္လုပ္ငန္းေတြ အဆင္ေျပလာတာေၾကာင့္ ၁၉၃၉ခုႏွစ္ ေအာက္တိုဘာ ၁ ရက္ ညေန ၅နာရီမွာ ျမန္မာႏိုင္ငံေတာ္အစိုးရအသံလႊင့္ဌာန (Burma State Broadcasting Service) အသံလႊင့္ရံုသစ္ ဖြင့္ပြဲကို ရန္ကုန္ျမိဳ႕ ဗဟိုေၾကးနန္းရံုးၾကီးေအာက္ထပ္မွာ က်င္းပႏိုင္ခဲ့ပါတယ္။


အသံလႊင့္ရံုသစ္ဖြင့္လွစ္ျပီးတဲ့ေနာက္ ယခင္ထုတ္လႊင့္ေနၾက အစီအစဥ္ေတြသာမကဘဲ ေဟာေျပာခ်က္၊ တီး၀ိုင္းအဖြဲ႕ေတြရဲ႕ ေဖ်ာ္ေျဖမႈ၊ ကေလးမ်ားအခန္း၊ လူၾကီးေတြအတြက္ ဥပုသ္ေန႔ေတြမွာ ႏိုင္ငံေက်ာ္ဓမၼကထိကဆရာေတာ္ေတြရဲ႕ တရားေဟာေျပာမႈအစီအစဥ္ေတြ ထည့္သြင္းထုတ္လႊင့္ခဲ့ၾကပါတယ္။


“ေဟာေျပာခ်က္” အစီအစဥ္မွာ ပညာ၀န္ဦးစိန္ရြက္၊ ပညာ၀န္ဦးဖိုးက်ား၊ ေရႊျပည္ဦးဘတင္၊ သီဟိုဠ္ႏိုင္ငံ ျမန္မာသံအမတ္ၾကီးေဟာင္း ဦးတင့္၊ ဦးဘေဆြ၊ ျမန္ေအာင္ဦးတင္၊ ဦးထြန္းညိဳ။ ေဒၚမမခင္တို႔က အစဥ္မျပတ္ ေဟာေျပာခဲ့ၾကသလို ကေလးမ်ားအခန္းအစီအစဥ္ကို ေတာ့ ပညာအုပ္ ေဒၚျမေရႊက တာ၀န္ယူစီစဥ္ခဲ့ပါတယ္။


အပတ္စဥ္ မွန္မွန္ အသံလႊင့္ခဲ့တဲ့ ကာလေပၚတီး၀ိုင္းကေတာ့ ေရႊျပည္ေအးေခါင္းေဆာင္တဲ့ အသံလႊင့္ဌာနတူရိယာအဖြဲ႔ပါ။ အသံလႊင့္ဌာန တူရိယာအဖြဲ႔(Studio Orchestra) ဆိုတာက အသံလႊင့္ဌာနမွာ တစ္ၾကိမ္အသံလႊင့္ခ ၁၅က်ပ္ေပးျပီး အျမဲတမ္းငွားရမ္းထားတဲ့အဖြဲ႔ျဖစ္ ပါတယ္။


အဲဒီကာလက လူၾကိဳက္မ်ားခဲ့တဲ့ တီး၀ိုင္းေတြကေတာ့ ေအ၀မ္းခင္ေမာင္တူရိယာအဖြဲ႔၊ တကၠသိုလ္စိုးအဖြဲ႔၊ ဂီတာ ဗေစာၾကည္အဖြဲ႔၊ ေရႊတိုင္ညြန္႔အဖြဲ႔၊ တကၠသိုလ္ေမာင္ေမာင္လွအဖြဲ႔၊ ဂီတာစိမ္းေမာင္အဖြဲ႔၊ ေအ၀မ္းဖလင္အဖြဲ႔ေတြျျဖစ္ပါတယ္။


ျမန္မာ့အသံလႊင့္ဌာနက သီခ်င္းၾကီးေတြကိုထုတ္လႊင့္ခဲ့ရာမွာ မတင္အံုးအဖြဲ႔၊ ကိုအလီအဖြဲ႔၊ ဆရာစိုးအဖြဲ႔၊ သံလ်င္ျမဦးနဲ႔ ေစာင္းေမာင္ေက်ာ္ျငိမ္းအဖြဲ႔၊ ျမန္မာညြန္႔ ဦးညႊန္႔ေမာင္အဖြဲ႔ေတြဟာ လူၾကိဳက္မ်ားထင္ရွားခဲ့တဲ့ သီခ်င္းၾကီးအဖြဲ႔ေတြပဲျဖစ္ပါတယ္။


အထူးသျဖင့္ မတင္အံုးအဖြဲ႔မွာ အစ္ကိုျဖစ္တဲ့ ေစာင္း ဦးဘသန္း၊ ညီမေတြျဖစ္တဲ့ စႏၵရားမစိန္ရီ၊ တေယာ မခင္ေစာတို႔မိသားစု တက္ညီလက္ညီပါ၀င္တီးမႈတ္ၾကတဲ့အတြက္ လူၾကိဳက္မ်ားလွပါတယ္။


ပရိသတ္အၾကိဳက္အစီအစဥ္တစ္ခုကေတာ့ ေဘာလံုးပြဲတိုက္ရိုက္အသံလႊင့္အစီအစဥ္ျဖစ္ပါတယ္။ အဲဒီအခ်ိန္တုန္းက ရန္ကုန္ျမိဳ႕မွာရွိတဲ့ ဘီေအေအ ေဘာလံုးကြင္း(ယခုေအာင္ဆန္းကြင္း)မွာ ရႈံးထြက္ကစားရတဲ့ ေ၀ါလတာေလ့ဒိုင္း ေဘာလံုးဗိုလ္လုပြဲဟာ စိတ္၀င္တစား အားေပးၾကသူမ်ားတဲ့အတြက္ ဘီေအေအအသင္းအတြင္းေရးမွဴး မစၥတာဘင္ရွက္ဒရက္နဲ႔ ညွိႏႈိင္းျပီး ေနာက္ဆံုးဗိုလ္လုပြဲေဘာလံုးသတင္း ကို တိုက္ရိုက္အသံလႊင့္ေပးႏိုင္ခဲ့ပါတယ္။ အဲဒီပြဲမွာ အသံလႊင့္ခဲ့သူကေတာ့ သမာဓိသတင္းစာ၊ အယ္ဒီတာခ်ဳပ္ ဦးအမ္ဘိုးခ်ိန္ျဖစ္ပါတယ္။ ျမန္မာ့ေဘာလံုးပြဲသတင္းကို ပထမဦးဆံုး ေၾကျငာသူအျဖစ္ ဦးအမ္ဘိုးခ်ိန္ကို မွတ္တမ္းတင္ရမွာပါ။


၁၉၄၁ခုႏွစ္ ဒီဇင္ဘာလထိ အသံလႊင့္ရံုကို ဦးထြန္းညိဳ၊ ဦးတင့္ေဆြ၊ ေရႊျပည္ ဦးတင္၊ ဦးတုေမာင္နဲ႔ သူၾကီးေဂဇက္ ဦးခင္ေမာင္စတဲ့ ပုဂၢိဳလ္ေတြက အသံၾကီးၾကပ္အုပ္ခ်ဳပ္ေပးခဲ့ၾကပါတယ္။ ဒုတိယကမၻာစစ္ၾကီး မျဖစ္မီကာလအထိေပါ့။


၁၉၄၁ခုႏွစ္ ဒီဇင္ဘာ ၈ရက္မွာ အဂၤလိပ္နဲ႔ အေမရိကန္တို႔က ဂ်ပန္ႏိုင္ငံကို စစ္ေၾကျငာလိုက္ပါတယ္။ ၁၉၄၁ခုႏွစ္ ဒီဇင္ဘာ ၂၃ရက္မွာ ဂ်ပန္ေလယာဥ္ပ်ံေတြက ရန္ကုန္ျမိဳ႕ကို စတင္ဗံုးၾကဲေတာ့ အသံလႊင့္ရံုရွိေနတဲ့ ဗဟိုေၾကးနန္းရံုးၾကီးအေရွ႕ဘက္ ပန္းဆိုးတန္းလမ္းေပၚမွာ က်ေရာက္ေပါက္ကြဲခဲ့ေပမယ့္ အသံလႊင့္ရံုကေတာ့ မထိခိုက္မပ်က္စီးခဲ့ပါဘူး။ အဲဒီေနာက္ရက္ေတြမွာ ဂ်ပန္ေလယာဥ္ေတြမၾကာခဏ ဗံုးၾကဲလာတာေၾကာင့္ ၁၉၄၂ခုႏွစ္ ေဖေဖာ္၀ါရီလ ၂၀ရက္၀န္းက်င္မွာ အသံလႊင့္ရံုစက္ဘက္၀န္ထမ္းတခ်ိဳ႕ဟာ စက္ပစၥည္းတခ်ိဳ႕နဲ႔ အဂၤလိပ္၊ ျမန္မာသီခ်င္းဓာတ္ျပားေတြကို သယ္ေဆာင္ျပီး ရန္ကုန္ျမိဳ႕ကေန ေမျမိဳ႕ကို ေမာ္ေတာ္ကားနဲ႔ထြက္ခြာခဲ့ရပါေတာ့တယ္။ 


၁၉၄၂ခုႏွစ္ ေဖေဖာ္၀ါရီ ၂၅ရက္မွာေတာ့ ရန္ကုန္အသံလႊင့္ရံုမွာ က်န္ရစ္ခဲ့တဲ့စက္ဘက္၀န္ထမ္းတခ်ိဳ႕နဲ႔ အလုပ္လုပ္ကိုင္လုိသူေတြကို ရ န္ကုန္အသံလႊင့္ရံုကိုပိတ္ျပီး ေမျမိဳ႕ကိုလိုက္လာခဲ့ၾကဖို႔ ညႊန္ၾကားခ်က္ရရွိတာေၾကာင့္ ျမန္မာႏိုင္ငံအစိုးရအသံလႊင့္ဌာနကို ေမျမိဳ႕ကို အျပီးေျေျပာင္းေရႊ႕ခဲ့ရပါတယ္။


ေမျမိဳ႕မွာအေျခတည္ျပီး ျမန္မာဘာသာသတင္းနဲ႔ ေတးဂီတအစီအစဥ္ေတြကို အလ်ဥ္းသင့္သလိုစီစဥ္ျပီး ဆက္လက္အသံလႊင့္ခဲ့ပါတယ္။ ေမျမိဳ႕မွာ ႏွစ္လေလာက္ၾကာခ်ိန္ ၁၉၄၂ခုႏွစ္ ဧျပီလမွာ ဂ်ပန္ေလယာဥ္ေတြေရာက္လာျပီး မႏၱေလးျမိဳ႕နဲ႔ ေမျမိဳ႕ကို ဗံုးၾကဲတိုက္ခိုက္ၾက ပါေတာ့တယ္။ ဂ်ပန္ေျခလ်င္တပ္ေတြကလည္း လားရႈိးဘက္က ဗမာ့တပ္မေတာ္နဲ႔ပူးေပါင္းျပီး ေမျမိဳ႕ကိုခ်ီတက္လာခ်ိန္မွာေတာ့ ေမျမိဳ႕က အသံလႊင့္ရံုကို ပိတ္ပစ္ရပါေတာ့တယ္။


၁၉၄၂ခုႏွစ္ ဧျပီလကုန္ေလာက္မွာေတာ့ ေမျမိဳ႕က အသံလႊင့္ေနခဲ့တဲ့ ျမန္မာႏိုင္ငံအစိုးရအသံလႊင့္ဌာနကို အျပီးတိုင္ပိတ္သိမ္းခဲ့ရ ပါေတာ့တယ္။ ဂ်ပန္စစ္အစိုးရက ဂ်ပန္ေခတ္မွာ အသံလႊင့္လုပ္ငန္းကို ၀ါဒျဖန္႔ခ်ိေရးအတြက္အသံုးျပဳဖို႔ ျပန္လည္စီစဥ္ခဲ့ပါတယ္။ ဂ်ပန္တို႔က တစ္ကီလို၀ပ္ ဂ်ပန္ႏိုင္ငံလုပ္အသံလႊင့္စက္ကို ကမၻာေအးဘုရားနားက ေရကူးမွာတပ္ဆင္ျပီး အသံလႊင့္ရံုကိုေတာ့ ရန္ကုန္ျမိဳ႕ အမွတ္ (၄၇) ဖိုက္ခ်္လမ္းမွာ တည္ေဆာက္ခဲ့ၾကတယ္။


၁၉၄၂ ၾသဂုတ္လထဲမွာ ဖိုက္ခ်္လမ္းအသံလႊင့္ရံုက ၂၆၃မီတာကိုအသံုးျပဳျပီး ညေန ၅နာရီ မိနစ္ ၃၀မွ ည ၉နာရီထိ ျမန္မာဘာသာနဲ႔ အသံလႊင့္အစီအစဥ္ေတြ စတင္ထုတ္လႊင့္ခဲ့ပါတယ္။ ဂ်ပန္ေခတ္ အသံလႊင့္အစီအစဥ္ေတြမွာ သတင္းေတြ၊ သတင္းေ၀ဖန္ခ်က္ေတြ၊ ေဟာေျပာခ်က္ေတြ၊ သီခ်င္းဓာတ္ျပားေတြအျပင္ ကာလေပၚတီး၀ိုင္း၊ သီခ်င္းၾကီးတီး၀ိုင္းေတြပါ ပါ၀င္အသံလႊင့္ခဲ့ၾကပါတယ္။


၁၉၄၂ခုႏွစ္ ႏို၀င္ဘာလမွာ ဂ်ပန္လုပ္ ၁၀ကီလို၀ပ္အားရွိ လႈိင္းလတ္အသံလႊင့္စက္တစ္လံုး၊ ငါးကီလို၀ပ္အားရွိ မာကိုနီအမ်ိဳးအစား လႈိင္းတိုအသံလႊင့္စက္တစ္လံုး၊ ေနာက္ထပ္ ငါးကီလို၀ပ္အားရွိ လႈိင္းတိုအသံလႊင့္စက္တစ္လံုးကို အသံုးျပဳျပီး ႏိုင္ငံျခားတိုင္းျပည္ေတြ ကိုပါ အသံလႊင့္ႏိုင္ေစဖို႔ တံတားေလးစိတၱဇေဆးရံုေနရာမွာ အသံလႊင့္ရံုအသစ္ တည္ေဆာက္ခဲ့ၾကပါတယ္။ ဖိုက္ခ်္လမ္းမွာရွိတဲ့ အသံလႊင့္ရံုကိုလဲ ေနရာပိုက်ယ္တဲ့ ခ်င္းေခ်ာင္းနန္းေတာ္ကိုေျပာင္းေရႊ႕ခဲ့ပါတယ္။


အဲဒီကာလက အသံလႊင့္အစီအစဥ္စတင္တဲ့အခ်ိန္မွာ “ ရန္ကုန္ျမိဳ႕ ျမန္မာႏိုင္ငံလံုးဆိုင္ရာအသံလႊင့္ဌာနမွ ၂၅မီတာႏွင့္ လိႈင္းလတ္ ၂၆၀မီတာတို႔မွ အသံလႊင့္ေနပါသည္..” ဆိုတဲ့ေၾကျငာခ်က္ကို စတင္ထုတ္လႊင့္တတ္တာေၾကာင့္ ဂ်ပန္ေခတ္ျမန္မာ့အသံလႊင့္လုပ္ငန္း အသံလႊင့္ရံုကို “ျမန္မာႏိုင္ငံလံုးဆိုင္ရာ အသံလႊင့္ဌာန” လို႔အမည္ေပးထားခဲ့တယ္လို႔ သိရပါတယ္။


၁၉၄၃ခုႏွစ္ ႏွစ္ဆန္းပိုင္းမွစတင္ျပီး ခ်င္းေခ်ာင္းနန္းေတာ္အသံလႊင့္ရံုမွ ျမန္မာဘာသာအစီအစဥ္ေတြသာမက အဂၤလိပ္ဘာသာ၊ ဂ်ပန္ဘာသာ၊ ဟိႏၵဴဘာသာ၊ဘဂၤါလီဘာသာ၊ တမီးလ္ဘာသာ၊ တရုတ္ဘာသာေတြနဲ႔ပါ တိုးခ်ဲ႕အသံလႊင့္ႏိုင္ခဲ့ပါတယ္။


ဂ်ပန္ေခတ္မွာ အမွတ္တရျဖစ္စရာေကာင္းတဲ့ တိုက္ရိုက္အသံလႊင့္ခဲ့ရတာကေတာ့ ၁၉၄၃ခုႏွစ္ ဧျပီလအတြင္း ရန္ကုန္ျမိဳ႕ ကန္ေတာ္ၾကီး (အလယ္ကၽြန္း)မွာက်င္းပတဲ့ ေဒါက္တာဘေမာ္ကို ေအာင္လံနဲ႔ ေအာင္ေျမ အပ္ႏွင္းတဲ့အခမ္းအနား။ ၁၉၄၃ခုႏွစ္ ၾသဂုတ္လ ၁ရက္ ရန္ကုန္ျမိဳ႕ အစိုးရအိမ္ေတာ္မွာက်င္းပတဲ့ ဂ်ပန္ေခတ္ ဗမာ့လြတ္လပ္ေရးေၾကျငာတဲ့အခမ္းအနားနဲ႔ ၁၉၄၅ခုႏွစ္ မတ္ ၁၇ရက္မွာ ရန္ကုန္ျမိဳ႕ ေရႊတိဂံုေစတီေတာ္အေနာက္ဘက္ (ယခုေတာ္လွန္ေရးပန္းျခံ)မွာျပဳလုပ္တဲ့ စစ္ေသနာပတိခ်ဳပ္ ဗိုလ္ခ်ဳပ္ေအာင္ဆန္း ေခါင္းေဆာင္တဲ့ ဗမာ့လြတ္လပ္ေရးတပ္မေတာ္ရဲ႕ စစ္ထြက္အခမ္းအနားေတြျဖစ္ပါတယ္။


၁၉၄၅ခုႏွစ္ မတ္လကစျပီး ဗမာ့လြတ္လပ္ေရး တပ္မေတာ္က ျမန္မာႏိုင္ငံတစ္၀န္းလံုးမွာ ေတာ္လွန္ေရးၾကီးစတင္ခဲ့ျပီး အိႏၵိယႏိုင္ငံဘက္ က မဟာမိတ္တပ္ေတြလဲ ျပန္လည္ထိုးစစ္ဆင္လာခဲ့ပါတယ္။ ၁၉၄၅ခုႏွစ္ ဧျပီ ၂၂ရက္မွာေတာ့ ဂ်ပန္စစ္တပ္ေတြ ရန္ကုန္ျမိဳ႕က ေနာက္ဆံုးထြက္ခြာခဲ့သလို ဂ်ပန္ေခတ္က အသံလႊင့္လုပ္ငန္းကလဲ လံုး၀ဇာတ္သိမ္းခဲ့ရပါေတာ့တယ္။ ၁၉၄၅ခုႏွစ္ ေမလဆန္းပိုင္းမွာ ျမန္မာႏိုင္ငံကို ျပန္လည္သိမ္းပိုက္ခဲ့တဲ့ မဟာမိတ္စစ္တပ္ေတြနဲ႔အတူ အေရွ႕အာရွေတာင္ပိုင္းစစ္ဌာန၊ စိတ္ဓာတ္စစ္ဆင္ေရးဌာနခြဲက လိုက္ပါလာျပီး ၇ဒသမ၅ကီလို၀ပ္လႈိင္းတိုမာကိုနီ အသံလႊင့္စက္ႏွစ္လံုး၊ ငါးကီလို၀ပ္လႈိင္းလတ္အသံလႊင့္စက္ေတြနဲ႔ ရန္ကုန္ေရဒီယို (Rangoon Radio) လို႔ေခၚတဲ့ ျမန္မာ့အသံလႊင့္လုပ္ငန္းကို စတင္ခဲ့ပါတယ္။


အဲဒီကတစ္ဆင့္ ၁၉၄၆ခုႏွစ္ ေဖေဖာ္၀ါရီ ၁၅ ရက္မွာ ဗမာ့အသံ (Burma Broadcasting Service) ဆိုတဲ့နာမည္အသစ္နဲ႔ ျမန္မာ့အသံလႊင့္လုပ္ငန္းရဲ႕ ဗမာ့အသံက႑သစ္ကို စတင္ဖြင့္လွစ္ခဲ့ပါတယ္။ ၁၉၅၈ခုႏွစ္ ႏို၀င္ဘာလ ၂၈ ရက္ကစျပီး “ဗမာ့အသံ” မွ “ျမန္မာ့အသံ” အျဖစ္ နာမည္ေျပာင္းလဲခဲ့ပါတယ္။ ၁၉၆၀ျပည့္ႏွစ္ ႏို၀င္ဘာ ၄ ရက္မွာေတာ့ ရန္ကုန္ျမိဳ႕ျပည္လမ္းမွာရွိတဲ့ အသံလႊင့္ရံု သစ္ၾကီးမွာ ေျပာင္းေရႊ႕အသံလႊင့္ခဲ့တယ္။ ၁၉၇၁ခုႏွစ္ ေဖေဖာ္၀ါရီ ၁၅ ရက္မွာ ျမန္မာ့အသံ ၂၅ႏွစ္ေျမာက္ ေငြရတုသဘင္ပြဲကို ျမန္မာ့အသံျမက္ခင္းျပင္မွာ က်င္းပခဲ့ပါတယ္။ ၁၉၇၂ခုႏွစ္ မတ္ ၁၆ရက္မွာေတာ့ ျပန္ၾကားေရးႏွင့္ အသံလႊင့္ဦးစီးဌာနအမည္ ေျပာင္းလဲခဲ့ပါတယ္။ ၁၉၈၀ျပည့္ႏွစ္ ႏို၀င္ဘာ ၁ရက္ကစျပီး ေရာင္စံုျမန္မာ့ရုပ္ျမင္သံၾကားအစီအစဥ္ကို စတင္ထုတ္လႊင့္ႏိုင္ခဲ့ပါတယ္။ 


၁၉၉၁ခုႏွစ္ ဇန္န၀ါရီ ၂၄ရက္မွာ ျမန္မာ့ရုပ္ျမင္သံၾကားႏွင့္ အသံလႊင့္ဦးစီးဌာနအျဖစ္ အမည္ေျပာင္းခဲ့ျပီး ၁၉၉၇ခုႏွစ္ ႏို၀င္ဘာ ၂၂ရက္မွာ “ျမန္မာ့အသံႏွင့္ ရုပ္ျမင္သံၾကား” [Myanma Radio and Television (MRTV)] အျဖစ္ေျပာင္းလဲခဲ့ပါတယ္။ 


ျမန္မာ့အသံနဲ႔ပတ္သက္ျပီး ျဖတ္သန္းခဲ့ရတဲ့ ကာလေတြအေၾကာင္းကို ျမန္မာ့အသံ ဦးေက်ာ္ညိန္း(မာတလိ)က “ႏွစ္ ၃၀ ျမန္မာ့အသံ” ဆိုတဲ့ မွတ္တမ္းစာအုပ္ေေရးသားျပဳစုခဲ့ဖူးတယ္။


ျမန္မာ့အသံဦးသိန္းဟန္ကလည္း “ထူးခၽြန္ထင္ရွား ေလလိႈင္းအသံရွင္မ်ား” ဆိုတဲ့ မွတ္တမ္းစာအုပ္ေရးသားျပီး ျမန္မာ့အသံရဲ႕သမိုင္းခရီး အေတြ႕အၾကံဳေတြ မွ်ေ၀ေပးခဲ့ပါတယ္။


၂၀၀၆ခုႏွစ္မွာ ထုတ္ေ၀ခဲ့တဲ့ ႏွစ္ ၆၀ျပည့္ ျမန္မာ့အသံမဂၢဇင္းမွာလဲ ဗမာ့အသံရဲ႕သမိုင္းေၾကာင္းေတြ ဖတ္ရမွတ္ရပါတယ္။


ျမန္မာ့အသံရဲ႕ ၇၅ႏွစ္ေျမာက္ စိန္ရတုမွသည္ ေနာင္ႏွစ္ေပါင္းမ်ားစြာထိ ျမန္မာႏိုင္ငံအတြက္ ျမန္မာမႈ၊ ျမန္မာ့ဟန္၊ “ျမန္မာ့အသံ” ေတြကို ကာလမ်ားစြာ ႏွစ္ေပါင္းေထာင္ေသာင္းမက ေလလႈိင္းေပၚမွာ လြင့္ပ်ံႏိုင္ပါေစလို႔ ဆုေတာင္းလိုက္ပါတယ္။


ကိုးကား -

ဦးေက်ာ္ညိန္း(မာတလိ) - ႏွစ္ ၃၀ ျမန္မာ့အသံ၊ 


ျမန္မာ့အသံ သိန္းဟန္ - ထူးခၽြန္ထင္ရွားေလလႈိင္းအသံရွင္မ်ား


ႏွစ္ ၆၀ျပည့္ ျမန္မာ့အသံမဂၢဇင္း ၂၀၀၆ 


*** ယခုလက္ရွိမွာေတာ့ ေနျပည္ေတာ္ တပ္ကုန္းျမိဳ႕ရွိ ျမန္မာ့အသံႏွင့္ ရုပ္ျမင္သံၾကားလႊင့္ရံုကို အဓိကထားကာ ျမန္မာျပည္တ၀ွမ္းအား ထုတ္လႊင့္ေနပါေၾကာင္း။

Sunday, January 24, 2021

သင်ယူလေ့လာခြင်းအတွက် သော့ချက်🔑🔑🔑

သင်ယူလေ့လာခြင်းအတွက် သော့ချက်🔑🔑🔑

▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️




Htain Lin Kyaw (HR)


📌အလုပ်တစ်ခုလုပ်တဲ့အခါမှာ ဘယ်လိုလုပ်ရမလဲဆိုတာကိုသိစေဖို့ လေ့ကျင့်သင်ကြားပေးခြင်းကို လုပ်ကိုင်ကြပါတယ်။ ခက်တာက သင်တော့သင်ပေးလိုက်တယ် အရည်အချင်းကတက်မလာတဲ့ဝန်ထမ်းမျိုးတွေကို လုပ်ငန်းခွင်တွေထဲမှာတွေ့ရမှာသေချာပါတယ်။ ဘာကြောင့်ပဲဖြစ်ဖြစ် သင်ပေးလိုက်ရတဲ့အချိန်ကာလ ကုန်ကျမှုရင်းနှီးမြှပ်နှံခြင်းတွေက အဖွဲ့အစည်းဘက်ကဆုံးရှုံးသွားတာတော့အသေအချာပါပဲ...


📌ဒါနဲ့ဆန့်ကျင်ဘက်အဖြစ် တစ်ချို့ဝန်ထမ်းတွေက သင်လွယ်တတ်လွယ်မှု ရှိပြီး လေ့လာသင်ယူလိုစိတ်ပြင်းပြသူ ပြန်လည်အသုံးချသည်အထိ ဆောင်ရွက်နိုင်သည့် ဝန်ထမ်းများကိုတွေ့ရမှာဖြစ်ပါတယ်။ ဒီလို အခြေအနေရှိတဲ့ဝန်ထမ်းမျိုးအတွက် သင်ကြားမျှဝေသူကော လက်ခံသူပါ အပြင်အဖွဲ့အစည်းအတွက်ပါ အကျိုးရှိစေမှာဖြစ်ပါတယ်။ 


☘️လေ့လာသင်ယူပြုလုပ်သူဟာ ပိုမိုကောင်းမွန်တဲ့ ကြိုးစားမှုနဲ့ ရလဒ်ကိုဆောင်ရွက်နိုင်မယ်ဆိုတာ အငြင်းပွားဖွယ်ရာဖြစ်မယ်မထင်ပါဘူး ။ ဒီလိုမျိုးဖြစ်လာဖို့အတွက်လည်း လုပ်ငန်းခွင်တွေမှာလေ့ကျင့်သင်ကြားပေးမှုတွေကို ဦးတည်ဆောင်ရွက်ကြတာပါ။ 


☘️ပညာရပ်တစ်ခု ၊ နည်းပညာတစ်ခုအတွက်လေ့လာ သင်ယူတဲ့အခါ စဉ်းစားတွေးခေါ်နိုင်စွမ်း ၊ လက်တွေ့ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှုနှင့် အကြောင်းအရာတစ်ခုအတွက်လေ့လာလိုစိတ်ကို တွန်းအားဖြစ်စေဖို့ လိုအပ်ပါတယ်။ 


☘️ဒီလိုသာဖြစ်နေမယ်ဆိုရင်တော့  တတ်ကျွမ်းဖို့အတွက် အလွန်လျင်မြန်လွယ်ကူစေမှာဖြစ်တာကြောင့် အချိန်များစွာလေ့လာရတာမျိုးမဖြစ်ပဲ တိုတောင်းတဲ့ကာလအတွင်းမှာ တတ်မြောက်ကျွမ်းကျင်စေမှာဖြစ်ပါတယ်။  သင်တန်းတွေ ရုံးမှာစီစဉ်တဲ့အခါ ဝန်ထမ်းတစ်ချို့ကို ဒီလိုအခြေအနေ အတွင်း မှာတွေ့ရပြီး တော်တော်များများကတော့ စိတ်ပါဝင်စားမှုနည်းတာကို တွေ့ရပါတယ်။ မဖြစ်မနေတက်ရတဲ့သင်တန်းမျိုးဖြစ်တာကြောင့်လည်းပါပါမယ်။


🌟လူတိုင်းမှာ မတူညီတဲ့ကိုယ်ရည်ကိုယ်သွေးနဲ့ အရည်အချင်းတစ်မျိုးစီရှိကြပါတယ်။ ဒါကို မှန်ကန်တည့်မတ်စွာအကျိုးရှိအသုံးချနိုင်ဖို့လိုတာပါ။ 

ဒီအရည်အချင်းနဲ့ ကိုယ်ရည်ကိုယ်သွေးတွေကိုလည်း သူတို့ကိုယ်တိုင် သိရှိတာမျိုးလည်းနည်းပါးကြပါတယ်။ 


☘️ဒါတွေကိုဖော်ထုတ်ပြီး ဖွံ့ဖြိုးတိုးတက်အောင်လုပ်မယ်ဆိုရင်ဖြင့် ပိုပြီးကောင်းမွန်တဲ့အကျိုးကျေးဇူးကို ဝန်ထမ်းကော ၊ အဖွဲ့အစည်းပါခံစားရမှာဖြစ်ပါတယ် ။ ဒီလို ဝန်ထမ်းမျိုးတွေအတွက် နဂိုရှိရင်းစွဲအရည်အချင်းကိုဖော်ထုတ်ပေးဖို့ရာ လုပ်ငန်းခွင်အတွင်းHRများရဲ့ အရေးပါတဲ့အရာဖြစ်ပါတယ် ။ 


🔺သူတို့တွေမှာပါလာတဲ့အရည်အချင်းကိုဖော်ထုတ်ပြီး လေ့လာသင်ယူခြင်းအားဖြင့် ပိုမိုအားကောင်းတဲ့ ကျွမ်းကျင်မှုကိုဖြစ်ထွန်းစေပါတယ်။ သူတို့တွေက တကယ်တော့ မသင်မီကတည်းကတတ်နှင့်သူတွေအဖြစ် ဖွဲ့ဆိုလို့တောင်ရနိုင်ပါတယ်။  သိလွယ် ၊ တတ်လွယ် ၊ အကျိုးပြုလွယ်သူတွေဆိုတာ တကယ်တော့ မလွယ်ကူပါဘူး။ ဒါတွေနဲ့ ပြည့်စုံတဲ့လူတစ်ယောက်ဖြစ်ဖို့ အခြေခံအချက်အလက်များစွာရှိပါတယ် ။ ဒီအချက်တွေထဲကမှတစ်ချို့ကိုတင်ပြချင်ပါတယ်။


(က) စိတ်ပါဝင်စားမှု နှင့် ဝါသနာ


စိတ်မဝင်စားရင် ဘယ်အရာမှ ပြီးမြောက်အောင်မြင်အောင် လုပ်နိုင်ဖို့ မလွယ်လှပါဘူး။ လူတစ်ယောက်ချင်းစီရဲ့ စိတ်ပါဝင်စားမှုအနည်းအများက ပညာရပ်တစ်ခုကို လေ့လာတဲ့အခါ ကျွမ်းကျင်တတ်မြောက်မှုမှာ တစ်ယောက်ချင်းစီအလိုက်ကွာခြားသွားမှာပဲဖြစ်ပါတယ်။ ဒီတော့ သင်ကိုယ်တိုင်က ကိုယ်လေ့လာမယ့် အရာကိုစိတ်ပါဝင်စားရဲ့လားဆိုတာကို သေချာစွာ လေ့လာဆုံးဖြတ်ဖို့ လိုပါတယ်။


(ခ) ပြန်လည်အသုံးချနိုင်မှု


သင်တော့ သင်လိုက်တာပဲ ၊ပြန်လည်အသုံးချနိုင်ခြင်းမရှိတဲ့အခြေအနေ မျိုးမှာဆိုရင်တော့ အစကတည်းက သင်ယူလေ့လာလိုစိတ်နည်းပါးသွားမှာအသေအချာပါပဲ။ ဒီအချက်ကိုလည်း သင်တန်းတွေပေးတဲ့အခါ ထည့်သွင်းစဉ်းစားတာမျိုးရှိနေရမှာဖြစ်တာကြောင့် မိမိအနေနဲ့ ကိုယ်လေ့လာမယ့်အရာအတွက် ပြန်လည် အသုံးချနိုင်မှုရှိဖို့လည်းပြင်ဆင်ထားရပါမယ်။ ဒီအချက်ကလည်း သင်လွယ်သူအဖြစ်ရောက်ရှိစေမှာ အမှန်ပါပဲ။


(ဂ) ရေရှည်မျှော်မှန်းချက် နှင့် အကျိုးကျေးဇူး


အကျိုးမရှိတဲ့အလုပ်ဆိုရင် လူတွေကတော်တော်များများ စိတ်မဝင်စားကြပါဘူး။ လေ့လာသင်ယူအတွက် ဘာအကျိုးကျေုးဇူးရှိမလဲဆိုတာကို တစ်နည်းအားဖြင့် စိတ်ဝင်စားကြပါတယ်။ ရေရှည်မျှော်မှန်းချက်ရှိတဲ့အရာဖြစ်တဲ့ အရာတစ်ခုအတွက်လေ့လာသင်ယူမှုကို ပြုလုပ်ဖို့ တွန့်ဆုတ်မနေကြဘူးဆိုတာအသေအချာပါပဲ။


💠သင်လွယ်တတ်လွယ်သူဖြစ်ဖို့ တစ်နည်းအားဖြင့် 

မသင်မီကတတ်နှင့်သူဖြစ်စေဖို့အတွက် အထက်ပါ အကြောင်းအရာတွေအပြင် တစ်ခြားလိုအပ်တဲ့ အရာတွေလည်း ရှိနေပါဦးမယ်။ သင်ကမျှဝေသူဖြစ်ရင်လည်း ဒီလိုလေ့လာသူမျိုးကိုလိုချင်မှာပါ။ 


💁‍♂️ရှိပြီးသားအရည်အချင်းတွေကို ဖော်ထုတ်အသုံးချနိုင်ဖို့ ပြင်ဆင်ရာမှာလည်း ဒါတွေကိုတွေ့ရှိအောင် ရှာဖွေဆောင်ရွက်ရမှာဖြစ်ပါတယ်။


ထိန်လင်းကျော် (HR)


#IMCM #College #Myanmar 

www.imcmyanmar.org.mm


(Zawgyi) 


သင္ယူေလ့လာျခင္းအတြက္ ေသာ့ခ်က္🔑🔑🔑

▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️




Htain Lin Kyaw (HR)


📌အလုပ္တစ္ခုလုပ္တဲ့အခါမွာ ဘယ္လိုလုပ္ရမလဲဆိုတာကိုသိေစဖို့ ေလ့က်င့္သင္ၾကားေပးျခင္းကို လုပ္ကိုင္ၾကပါတယ္။ ခက္တာက သင္ေတာ့သင္ေပးလိုက္တယ္ အရည္အခ်င္းကတက္မလာတဲ့၀န္ထမ္းမ်ိဳးေတြကို လုပ္ငန္းခြင္ေတြထဲမွာေတြ႕ရမွာေသခ်ာပါတယ္။ ဘာေၾကာင့္ပဲျဖစ္ျဖစ္ သင္ေပးလိုက္ရတဲ့အခ်ိန္ကာလ ကုန္က်မွုရင္းႏွီးျမႇပ္ႏွံျခင္းေတြက အဖြဲ႕အစည္းဘက္ကဆုံးရွုံးသြားတာေတာ့အေသအခ်ာပါပဲ...


📌ဒါနဲ႔ဆန္႔က်င္ဘက္အျဖစ္ တစ္ခ်ိဳ့၀န္ထမ္းေတြက သင္လြယ္တတ္လြယ္မွု ရွိၿပီး ေလ့လာသင္ယူလိုစိတ္ျပင္းျပသူ ျပန္လည္အသုံးခ်သည္အထိ ေဆာင္ရြက္နိုင္သည့္ ၀န္ထမ္းမ်ားကိုေတြ႕ရမွာျဖစ္ပါတယ္။ ဒီလို အေျခအေနရွိတဲ့၀န္ထမ္းမ်ိဳးအတြက္ သင္ၾကားမၽွေဝသူေကာ လက္ခံသူပါ အျပင္အဖြဲ႕အစည္းအတြက္ပါ အက်ိဳးရွိေစမွာျဖစ္ပါတယ္။ 


☘️ေလ့လာသင္ယူျပဳလုပ္သူဟာ ပိုမိုေကာင္းမြန္တဲ့ ႀကိဳးစားမွုနဲ႔ ရလဒ္ကိုေဆာင္ရြက္နိုင္မယ္ဆိုတာ အျငင္းပြားဖြယ္ရာျဖစ္မယ္မထင္ပါဘူး ။ ဒီလိုမ်ိဳးျဖစ္လာဖို့အတြက္လည္း လုပ္ငန္းခြင္ေတြမွာေလ့က်င့္သင္ၾကားေပးမွုေတြကို ဦးတည္ေဆာင္ရြက္ၾကတာပါ။ 


☘️ပညာရပ္တစ္ခု ၊ နည္းပညာတစ္ခုအတြက္ေလ့လာ သင္ယူတဲ့အခါ စဥ္းစားေတြးေခၚနိုင္စြမ္း ၊ လက္ေတြ႕ အေကာင္အထည္ေဖာ္ေဆာင္ရြက္နိုင္မွုႏွင့္ အေၾကာင္းအရာတစ္ခုအတြက္ေလ့လာလိုစိတ္ကို တြန္းအားျဖစ္ေစဖို့ လိုအပ္ပါတယ္။ 


☘️ဒီလိုသာျဖစ္ေနမယ္ဆိုရင္ေတာ့  တတ္ကၽြမ္းဖို့အတြက္ အလြန္လ်င္ျမန္လြယ္ကူေစမွာျဖစ္တာေၾကာင့္ အခ်ိန္မ်ားစြာေလ့လာရတာမ်ိဳးမျဖစ္ပဲ တိုေတာင္းတဲ့ကာလအတြင္းမွာ တတ္ေျမာက္ကၽြမ္းက်င္ေစမွာျဖစ္ပါတယ္။  သင္တန္းေတြ ႐ုံးမွာစီစဥ္တဲ့အခါ ၀န္ထမ္းတစ္ခ်ိဳ့ကို ဒီလိုအေျခအေန အတြင္း မွာေတြ႕ရၿပီး ေတာ္ေတာ္မ်ားမ်ားကေတာ့ စိတ္ပါ၀င္စားမွုနည္းတာကို ေတြ႕ရပါတယ္။ မျဖစ္မေနတက္ရတဲ့သင္တန္းမ်ိဳးျဖစ္တာေၾကာင့္လည္းပါပါမယ္။


🌟လူတိုင္းမွာ မတူညီတဲ့ကိုယ္ရည္ကိုယ္ေသြးနဲ႔ အရည္အခ်င္းတစ္မ်ိဳးစီရွိၾကပါတယ္။ ဒါကို မွန္ကန္တည့္မတ္စြာအက်ိဳးရွိအသုံးခ်နိုင္ဖို့လိုတာပါ။ 

ဒီအရည္အခ်င္းနဲ႔ ကိုယ္ရည္ကိုယ္ေသြးေတြကိုလည္း သူတို့ကိုယ္တိုင္ သိရွိတာမ်ိဳးလည္းနည္းပါးၾကပါတယ္။ 


☘️ဒါေတြကိုေဖာ္ထုတ္ၿပီး ဖြံ့ၿဖိဳးတိုးတက္ေအာင္လုပ္မယ္ဆိုရင္ျဖင့္ ပိုၿပီးေကာင္းမြန္တဲ့အက်ိဳးေက်းဇူးကို ၀န္ထမ္းေကာ ၊ အဖြဲ႕အစည္းပါခံစားရမွာျဖစ္ပါတယ္ ။ ဒီလို ၀န္ထမ္းမ်ိဳးေတြအတြက္ နဂိုရွိရင္းစြဲအရည္အခ်င္းကိုေဖာ္ထုတ္ေပးဖို့ရာ လုပ္ငန္းခြင္အတြင္းHRမ်ားရဲ့ အေရးပါတဲ့အရာျဖစ္ပါတယ္ ။ 


🔺သူတို့ေတြမွာပါလာတဲ့အရည္အခ်င္းကိုေဖာ္ထုတ္ၿပီး ေလ့လာသင္ယူျခင္းအားျဖင့္ ပိုမိုအားေကာင္းတဲ့ ကၽြမ္းက်င္မွုကိုျဖစ္ထြန္းေစပါတယ္။ သူတို့ေတြက တကယ္ေတာ့ မသင္မီကတည္းကတတ္ႏွင့္သူေတြအျဖစ္ ဖြဲ႕ဆိုလို့ေတာင္ရနိုင္ပါတယ္။  သိလြယ္ ၊ တတ္လြယ္ ၊ အက်ိဳးျပဳလြယ္သူေတြဆိုတာ တကယ္ေတာ့ မလြယ္ကူပါဘူး။ ဒါေတြနဲ႔ ျပည့္စုံတဲ့လူတစ္ေယာက္ျဖစ္ဖို့ အေျခခံအခ်က္အလက္မ်ားစြာရွိပါတယ္ ။ ဒီအခ်က္ေတြထဲကမွတစ္ခ်ိဳ့ကိုတင္ျပခ်င္ပါတယ္။


(က) စိတ္ပါ၀င္စားမွု ႏွင့္ ဝါသနာ


စိတ္မ၀င္စားရင္ ဘယ္အရာမွ ၿပီးေျမာက္ေအာင္ျမင္ေအာင္ လုပ္နိုင္ဖို့ မလြယ္လွပါဘူး။ လူတစ္ေယာက္ခ်င္းစီရဲ့ စိတ္ပါ၀င္စားမွုအနည္းအမ်ားက ပညာရပ္တစ္ခုကို ေလ့လာတဲ့အခါ ကၽြမ္းက်င္တတ္ေျမာက္မွုမွာ တစ္ေယာက္ခ်င္းစီအလိုက္ကြာျခားသြားမွာပဲျဖစ္ပါတယ္။ ဒီေတာ့ သင္ကိုယ္တိုင္က ကိုယ္ေလ့လာမယ့္ အရာကိုစိတ္ပါ၀င္စားရဲ့လားဆိုတာကို ေသခ်ာစြာ ေလ့လာဆုံးျဖတ္ဖို့ လိုပါတယ္။


(ခ) ျပန္လည္အသုံးခ်နိုင္မွု


သင္ေတာ့ သင္လိုက္တာပဲ ၊ျပန္လည္အသုံးခ်နိုင္ျခင္းမရွိတဲ့အေျခအေန မ်ိဳးမွာဆိုရင္ေတာ့ အစကတည္းက သင္ယူေလ့လာလိုစိတ္နည္းပါးသြားမွာအေသအခ်ာပါပဲ။ ဒီအခ်က္ကိုလည္း သင္တန္းေတြေပးတဲ့အခါ ထည့္သြင္းစဥ္းစားတာမ်ိဳးရွိေနရမွာျဖစ္တာေၾကာင့္ မိမိအေနနဲ႔ ကိုယ္ေလ့လာမယ့္အရာအတြက္ ျပန္လည္ အသုံးခ်နိုင္မွုရွိဖို့လည္းျပင္ဆင္ထားရပါမယ္။ ဒီအခ်က္ကလည္း သင္လြယ္သူအျဖစ္ေရာက္ရွိေစမွာ အမွန္ပါပဲ။


(ဂ) ေရရွည္ေမၽွာ္မွန္းခ်က္ ႏွင့္ အက်ိဳးေက်းဇူး


အက်ိဳးမရွိတဲ့အလုပ္ဆိုရင္ လူေတြကေတာ္ေတာ္မ်ားမ်ား စိတ္မ၀င္စားၾကပါဘူး။ ေလ့လာသင္ယူအတြက္ ဘာအက်ိဳးေက်ုးဇူးရွိမလဲဆိုတာကို တစ္နည္းအားျဖင့္ စိတ္၀င္စားၾကပါတယ္။ ေရရွည္ေမၽွာ္မွန္းခ်က္ရွိတဲ့အရာျဖစ္တဲ့ အရာတစ္ခုအတြက္ေလ့လာသင္ယူမွုကို ျပဳလုပ္ဖို့ တြန္႔ဆုတ္မေနၾကဘူးဆိုတာအေသအခ်ာပါပဲ။


💠သင္လြယ္တတ္လြယ္သူျဖစ္ဖို့ တစ္နည္းအားျဖင့္ 

မသင္မီကတတ္ႏွင့္သူျဖစ္ေစဖို့အတြက္ အထက္ပါ အေၾကာင္းအရာေတြအျပင္ တစ္ျခားလိုအပ္တဲ့ အရာေတြလည္း ရွိေနပါဦးမယ္။ သင္ကမၽွေဝသူျဖစ္ရင္လည္း ဒီလိုေလ့လာသူမ်ိဳးကိုလိုခ်င္မွာပါ။ 


💁‍♂️ရွိၿပီးသားအရည္အခ်င္းေတြကို ေဖာ္ထုတ္အသုံးခ်နိုင္ဖို့ ျပင္ဆင္ရာမွာလည္း ဒါေတြကိုေတြ႕ရွိေအာင္ ရွာေဖြေဆာင္ရြက္ရမွာျဖစ္ပါတယ္။


ထိန္လင္းေက်ာ္ (HR)


#IMCM #College #Myanmar 

www.imcmyanmar.org.mm

Saturday, January 23, 2021

ဝမ်းဗိုက်မှာ အဆီတွေစုလာစေသည့် အမူအကျင့်

ဝမ်းဗိုက်မှာ အဆီတွေစုလာစေသည့် အမူအကျင့် ရှစ်ချက်

 


     ဗိုက်ပူခါးတုတ်လာတာကို ဘယ်သူမှ မလိုချင်ကြပါဘူး။ ဗိုက်ပူလာတဲ့အခါ ဝိတ်ချချင်ပါတယ်။

လူအများစုက ကိုယ်အလေးချိန်ကိုမြန်မြန်လျှော့ချဖို့ အစားအစာကိုစားသင့်သလောက် မစားဘဲ အစားလျှော့စားကြပါတယ်။ ဒါဟာ ခဏတာပိန်ပြီး အစားပြန်စားတာနဲ့  ပြန်ဝလာတတ်တာမို့ စားသင့်တာကို မစားဘဲ ရှောင်လိုက်တာတွေကနေ အာဟာရချို့တဲ့မှုတွေတောင် ရနိုင်ပါတယ်။လူတစ်ယောက်ဟာ သူ့မှာရှိသင့်တဲ့ကိုယ်အလေးချိန်ကို ထိန်းထားဖို့ လူနေမှုပုံစံပြောင်းလဲဖို့ လိုပါတယ်။ စားသင့်တဲ့အစားအစာကို မစားတာက မှန်ကန်တဲ့ နည်းလမ်း မဟုတ်ပါဘူး။

အောက်ပါ အလေ့အကျင့် ရှစ်ချက်ကို သင့်လူနေမှုပုံစံထဲကဖယ်ထုတ်တာနဲ့ သင့်ကျန်းမာရေးက ပိုမိုကောင်းမွန်ကာ ကိုယ်အလေးချိန်ထိန်းပြီး ဗိုက်က အဆီတွေကျစေမှာပါ။ ဗိုက်မှာ အဆီတွေစုလာစေတဲ့ အမူအကျင့်တွေကတော့

 

၁။ကိုယ်လက်လှုပ်ရှားမှုမရှိခြင်း

 

အသက်ရတာနဲ့ အမျှ မိမိနဲ့ သင့်တော်တဲ့ လေ့ကျင့်ခန်းပုံမှန်မလုပ်တဲ့ လူတွေက အဝလွန်လာတတ်ပါတယ်။ရုံးထိုင်လုပ်ရတဲ့လူ ဆယ်ဦးကိုကြည့်ကြည့်ပါ။ ဗိုက်ပူနေတဲ့လူ ရာခိုင်နှုန်းများများကို တွေ့ရပါလိမ့်မယ်။ လေ့ကျင့်ခန်းလုပ်ခြင်းအားဖြင့်ကြွက်သားတွေကို သန်မာစေပါတယ်။ ကြွက်သားတွေရှိတာက ကယ်လိုရီတွေကို ပိုမိုလောင်ကျွမ်းစေပြီး ခန္ဓာကိုယ်မှာ အဆီစုတာကို တားဆီးနိုင်ပါတယ်။

ဒါကြောင့် မိမိနဲ့ သင်တော်တဲ့ လေ့ကျင့်ခန်းတစ်မျိုးကို တစ်ရက် နာရီဝက် တပတ်မှာ ငါးရက် လုပ်ဆောင်သင့်ပါတယ်။

 

၂။ သကြား စားသုံးမှုလွန်ကဲခြင်း

 

သကြား စားသုံးမှုလွန်ကဲခြင်း က ဗိုက်မှာ အဆိတွေစုလာစေတဲ့ အဓိကအချက်ပါပဲ။

သကြားပါဝင်မှုများတဲ့ အသင့်သောက်ဖျော်ရည်တွေ၊မုန့်တွေကို အလွန်အကျွံ မစားသင့်ပါဘူး။

အချိုကြိုက်ရင် ချိုတဲ့ အသီးအနှံတွေစားနိုင်ပါတယ်။ အချိုရည်အစား ရေသာ များများသောက်ပေးပါ။

 

၃။ ဘီယာ အလွန်အကျွံသောက်ခြင်း

 

ဘီယာများများသောက်လေ ကယ်လိုရီတွေရလေဖြစ်ပြီး ဗိုက်မှာ အဆီတွေစုပုံလာတတ်ပါတယ်။

ဒါကြောင့် ဘီယာအစား ဝိုင်သာ သင့်တင့်ရုံသောက်ပါ။ ကျန်းမာရေးကို ပိုမို ကောင်းမွန်စေမှာပါ။

 

၄။စိတ်ဖိစီးမှုများနေချိန် အစားအလွန်အကျွံစားမိခြင်း

 

စိတ်ဖိစီးမှုကြောင့် ဝလာနိုင်သလို စိတ်ဖိစီးနေချိန် အစားအစာတွေ ကို သတိမထားမိဘဲ စားချင်သလို စားနေတာက ဗိုက်မှာ အဆီတွေ စုလာစေနိုင်ပါတယ်။ ဟော်မုန်းနဲ့ စိတ်ဖိစီးမှုက ခန္ဓာကိုယ်က ကယ်လိုရီ သိုလှောင်ခြင်းဖြစ်စဉ်မှာ သက်ရောက်မှုရှိပါတယ်။ အထူးသဖြင့် အမျိုးသမီးတွေမှာ ပိုတွေ့ရတတ်ပါတယ်။စိတ်ဖိစီးတဲ့အခါ ကော်တီစော(cortisol)ဟော်မုန်းများလာပါတယ်။ဒါက ဗိုက်မှာ အဆီတွေပိုစုစေပါတယ်။

 

၅။ ပျင်းပျင်းရိရိနှင့် သရေစာ များ စားမိနေခြင်း

 

အဆာပြေ ဆီကြော်မုန့်တွေ စားနေခြင်းက ဗိုက်ပိုပူလာစေပါတယ်။ အထူးသဖြင့် ညအိပ်ရာမဝင်ခင် ၂ နာရီအတွင်း စားမိတဲ့ အဆာပြေမုန့်တွေက ဗိုက်မှာ အဆီတွေစုလာစေပါတယ်။ဒါကြောင့် မိမိအခန်းမှာ အသင့်စားသရေစာတွေ ကိုအနည်းဆုံးထားပါ။ အာလူးကြော်၊ဝက်ခေါက်ကြော် ၊ဒိုးနပ်စ်နဲ့ ပီဇာ၊ခေါက်ဆွဲခြောက်တွေအစား အသီးအနှံ၊အစေ့အဆန် တွေ ပိုစားပေးပါ။

 

၆။နောက်ကျမှ ညစာစားခြင်း

 

အထက်မှာ ဖော်ပြခဲ့သလို မအိပ်ခင် နှစ်နာရီအတွင်း အစာ မစားသင့်တော့ပါဘူး။ အိပ်ပျော်တာနဲ့ ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်စဉ်က နှေးလာပါတော့တယ်။ညစာ နောက်ကျမှ စားတဲ့အခါ  အစာခြေအဖွဲ့အစည်းက မအိပ်ခင်ကလို သူ့တာဝန်ကို ပြည့်ပြည့်ဝဝ မထမ်းဆောင်နိုင်တော့ပါဘူး။ဒါကြောင့် အိပ်ရာမဝင်ခင် နှစ်နာရီအတွင်း ဘာမှ မစားပါနဲ့။ ဗိုက်ဆာလာရင် ရေ အဝသောက်လိုက်ပါ ။

 

၇။ အိပ်ရေး မဝခြင်း

 

အိပ်ရေးမဝဘဲ နိုးထရတဲ့ ရက်တွေက မောပန်းနေတတ်ပြီး ဘာလုပ်လုပ် အဆင်မပြေတတ်ကြပါဘူး။

လူတွေက အလေးချိန်ကျချင်ကြပေမယ့် အစားရှောင်၊လေ့ကျင့်ခန်းလုပ်နေတာတောင် ဝိတ်မကျကြတာက အိပ်ရေးဝဝ မအိပ်လို့ ဖြစ်နိုင်ပါတယ်။ အိပ်ရေးမဝရင် cortisol ဟော်မုန်း မြင့်တက်လာကာ ဝလာစေပါတယ်။ cortisol ဟော်မုန်း များလာလေလေ ဘယ်အစားအစာမြင်မြင် စားချင်စိတ် ဖြစ်လာတတ်ပါတယ်။တစ်ရက်မှာ ရှစ်နာရီ အိပ်စက် အနားယူသင့်ပါတယ်။

 

၈။ အစာကို ကြေညက်အောင် မဝါးခြင်း

 

အစာစားတဲ့အခါ ကြေညက်အောင်ဝါးပြီးမှ မျိုချပါ။ ဒါက ဝိတ်ထိန်းနည်းတစ်မျိုးပါပဲ။

 

ဟမ်စိုင်း(ဆေး-မန်း)


(Zawgyi) 

ဝမ္းဗိုက္မွာ အဆီေတြစုလာေစသည့္ အမူအက်င့္ ရွစ္ခ်က္

 


     ဗိုက္ပူခါးတုတ္လာတာကို ဘယ္သူမွ မလိုခ်င္ၾကပါဘူး။ ဗိုက္ပူလာတဲ့အခါ ဝိတ္ခ်ခ်င္ပါတယ္။

လူအမ်ားစုက ကိုယ္အေလးခ်ိန္ကိုျမန္ျမန္ေလၽွာ့ခ်ဖို့ အစားအစာကိုစားသင့္သေလာက္ မစားဘဲ အစားေလၽွာ့စားၾကပါတယ္။ ဒါဟာ ခဏတာပိန္ၿပီး အစားျပန္စားတာနဲ႔  ျပန္ဝလာတတ္တာမို့ စားသင့္တာကို မစားဘဲ ေရွာင္လိုက္တာေတြကေန အာဟာရခ်ိဳ့တဲ့မွုေတြေတာင္ ရနိုင္ပါတယ္။လူတစ္ေယာက္ဟာ သူ႔မွာရွိသင့္တဲ့ကိုယ္အေလးခ်ိန္ကို ထိန္းထားဖို့ လူေနမွုပုံစံေျပာင္းလဲဖို့ လိုပါတယ္။ စားသင့္တဲ့အစားအစာကို မစားတာက မွန္ကန္တဲ့ နည္းလမ္း မဟုတ္ပါဘူး။

ေအာက္ပါ အေလ့အက်င့္ ရွစ္ခ်က္ကို သင့္လူေနမွုပုံစံထဲကဖယ္ထုတ္တာနဲ႔ သင့္က်န္းမာေရးက ပိုမိုေကာင္းမြန္ကာ ကိုယ္အေလးခ်ိန္ထိန္းၿပီး ဗိုက္က အဆီေတြက်ေစမွာပါ။ ဗိုက္မွာ အဆီေတြစုလာေစတဲ့ အမူအက်င့္ေတြကေတာ့

 

၁။ကိုယ္လက္လွုပ္ရွားမွုမရွိျခင္း

 

အသက္ရတာနဲ႔ အမၽွ မိမိနဲ႔ သင့္ေတာ္တဲ့ ေလ့က်င့္ခန္းပုံမွန္မလုပ္တဲ့ လူေတြက အဝလြန္လာတတ္ပါတယ္။႐ုံးထိုင္လုပ္ရတဲ့လူ ဆယ္ဦးကိုၾကည့္ၾကည့္ပါ။ ဗိုက္ပူေနတဲ့လူ ရာခိုင္ႏွုန္းမ်ားမ်ားကို ေတြ႕ရပါလိမ့္မယ္။ ေလ့က်င့္ခန္းလုပ္ျခင္းအားျဖင့္ႂကြက္သားေတြကို သန္မာေစပါတယ္။ ႂကြက္သားေတြရွိတာက ကယ္လိုရီေတြကို ပိုမိုေလာင္ကၽြမ္းေစၿပီး ခႏၶာကိုယ္မွာ အဆီစုတာကို တားဆီးနိုင္ပါတယ္။

ဒါေၾကာင့္ မိမိနဲ႔ သင္ေတာ္တဲ့ ေလ့က်င့္ခန္းတစ္မ်ိဳးကို တစ္ရက္ နာရီဝက္ တပတ္မွာ ငါးရက္ လုပ္ေဆာင္သင့္ပါတယ္။

 

၂။ သၾကား စားသုံးမွုလြန္ကဲျခင္း

 

သၾကား စားသုံးမွုလြန္ကဲျခင္း က ဗိုက္မွာ အဆိေတြစုလာေစတဲ့ အဓိကအခ်က္ပါပဲ။

သၾကားပါဝင္မွုမ်ားတဲ့ အသင့္ေသာက္ေဖ်ာ္ရည္ေတြ၊မုန႔္ေတြကို အလြန္အကၽြံ မစားသင့္ပါဘူး။

အခ်ိဳႀကိဳက္ရင္ ခ်ိဳတဲ့ အသီးအႏွံေတြစားနိုင္ပါတယ္။ အခ်ိဳရည္အစား ေရသာ မ်ားမ်ားေသာက္ေပးပါ။

 

၃။ ဘီယာ အလြန္အကၽြံေသာက္ျခင္း

 

ဘီယာမ်ားမ်ားေသာက္ေလ ကယ္လိုရီေတြရေလျဖစ္ၿပီး ဗိုက္မွာ အဆီေတြစုပုံလာတတ္ပါတယ္။

ဒါေၾကာင့္ ဘီယာအစား ဝိုင္သာ သင့္တင့္႐ုံေသာက္ပါ။ က်န္းမာေရးကို ပိုမို ေကာင္းမြန္ေစမွာပါ။

 

၄။စိတ္ဖိစီးမွုမ်ားေနခ်ိန္ အစားအလြန္အကၽြံစားမိျခင္း

 

စိတ္ဖိစီးမွုေၾကာင့္ ဝလာနိုင္သလို စိတ္ဖိစီးေနခ်ိန္ အစားအစာေတြ ကို သတိမထားမိဘဲ စားခ်င္သလို စားေနတာက ဗိုက္မွာ အဆီေတြ စုလာေစနိုင္ပါတယ္။ ေဟာ္မုန္းနဲ႔ စိတ္ဖိစီးမွုက ခႏၶာကိုယ္က ကယ္လိုရီ သိုေလွာင္ျခင္းျဖစ္စဥ္မွာ သက္ေရာက္မွုရွိပါတယ္။ အထူးသျဖင့္ အမ်ိဳးသမီးေတြမွာ ပိုေတြ႕ရတတ္ပါတယ္။စိတ္ဖိစီးတဲ့အခါ ေကာ္တီေစာ(cortisol)ေဟာ္မုန္းမ်ားလာပါတယ္။ဒါက ဗိုက္မွာ အဆီေတြပိုစုေစပါတယ္။

 

၅။ ပ်င္းပ်င္းရိရိႏွင့္ သေရစာ မ်ား စားမိေနျခင္း

 

အဆာေျပ ဆီေၾကာ္မုန႔္ေတြ စားေနျခင္းက ဗိုက္ပိုပူလာေစပါတယ္။ အထူးသျဖင့္ ညအိပ္ရာမဝင္ခင္ ၂ နာရီအတြင္း စားမိတဲ့ အဆာေျပမုန႔္ေတြက ဗိုက္မွာ အဆီေတြစုလာေစပါတယ္။ဒါေၾကာင့္ မိမိအခန္းမွာ အသင့္စားသေရစာေတြ ကိုအနည္းဆုံးထားပါ။ အာလူးေၾကာ္၊ဝက္ေခါက္ေၾကာ္ ၊ဒိုးနပ္စ္နဲ႔ ပီဇာ၊ေခါက္ဆြဲေျခာက္ေတြအစား အသီးအႏွံ၊အေစ့အဆန္ ေတြ ပိုစားေပးပါ။

 

​၆။ေနာက္က်မွ ညစာစားျခင္း

 

အထက္မွာ ေဖာ္ျပခဲ့သလို မအိပ္ခင္ ႏွစ္နာရီအတြင္း အစာ မစားသင့္ေတာ့ပါဘူး။ အိပ္ေပ်ာ္တာနဲ႔ ခႏၶာကိုယ္ရဲ့ ဇီဝျဖစ္စဥ္က ေႏွးလာပါေတာ့တယ္။ညစာ ေနာက္က်မွ စားတဲ့အခါ  အစာေျခအဖြဲ႕အစည္းက မအိပ္ခင္ကလို သူ႔တာဝန္ကို ျပည့္ျပည့္ဝဝ မထမ္းေဆာင္နိုင္ေတာ့ပါဘူး။ဒါေၾကာင့္ အိပ္ရာမဝင္ခင္ ႏွစ္နာရီအတြင္း ဘာမွ မစားပါနဲ႔။ ဗိုက္ဆာလာရင္ ေရ အဝေသာက္လိုက္ပါ ။

 

၇။ အိပ္ေရး မဝျခင္း

 

အိပ္ေရးမဝဘဲ နိုးထရတဲ့ ရက္ေတြက ေမာပန္းေနတတ္ၿပီး ဘာလုပ္လုပ္ အဆင္မေျပတတ္ၾကပါဘူး။

လူေတြက အေလးခ်ိန္က်ခ်င္ၾကေပမယ့္ အစားေရွာင္၊ေလ့က်င့္ခန္းလုပ္ေနတာေတာင္ ဝိတ္မက်ၾကတာက အိပ္ေရးဝဝ မအိပ္လို့ ျဖစ္နိုင္ပါတယ္။ အိပ္ေရးမဝရင္ cortisol ေဟာ္မုန္း ျမင့္တက္လာကာ ဝလာေစပါတယ္။ cortisol ေဟာ္မုန္း မ်ားလာေလေလ ဘယ္အစားအစာျမင္ျမင္ စားခ်င္စိတ္ ျဖစ္လာတတ္ပါတယ္။တစ္ရက္မွာ ရွစ္နာရီ အိပ္စက္ အနားယူသင့္ပါတယ္။

 

၈။ အစာကို ေၾကညက္ေအာင္ မဝါးျခင္း

 

အစာစားတဲ့အခါ ေၾကညက္ေအာင္ဝါးၿပီးမွ မ်ိဳခ်ပါ။ ဒါက ဝိတ္ထိန္းနည္းတစ္မ်ိဳးပါပဲ။

 

ဟမ္စိုင္း(ေဆး-မန္း)