Sunday, January 31, 2021

မဟာမုနိရုပ်ရှင်တော်မြတ်ကြီး

မဟာမုနိရုပ်ရှင်တော်မြတ်ကြီး



သမိုင်းအမွေအနှစ် ရုပ်ဝတ္ထုပစ္စည်းများလည်းဖြစ် နှောင်းလူတို့ကြည့်ရှုလေ့လာနိုင်ကြမည့် မန္တလေးမြို့၏ အမှတ်လက္ခဏာတစ်ရပ်ဖြစ် သည့် မဟာမုနိရုပ်ရှင်တော်အကြောင်း အနည်းငယ်ကို မောင်သာ(ရှေးဟောင်းသုတေသန)ရဲ့ သတင်းစာပါဆောင်းပါးမှ ပြန်လည် ကူးယူဝေငှခြင်းဖြစ်ပါသည်။


ဘွဲ့အမည် - မဟာမုနိ


အခြားအမည် - မဟာမြတ်မုနိ ၊ ဘုရားကြီး


ဘွဲ့အမည်အဓိပ္ပာယ် - မဟာမုနိ (ပါဠိ) ၊ ကြီးမားသောဘုရားရှင် (မြန်မာဘာသာ)


တည်နေရာ - ချမ်းမြသာစည်မြို့နယ်၊ ကျွန်းလုံးဥသျှောင်ရပ်ကွက်၊ မန္တလေးမြို့။


ရုပ်ပွားတော် (ဉာဏ်တော်၊ အရွယ်အစား) - ဉာဏ်တော်သည် ၁၂ပေ ခုနှစ်လက်မ၊ ခါးတော်ပတ်လည် ကိုးပေနှင့်ခြောက်လက်မ၊ လက်မောင်းတော်လုံးပတ်သည် လေးပေ ၁၁လက်မနှင့် ပခုံးစွန်းနှစ်ဖက်သည် ခြောက်ပေ တစ်လက်မရှိသည်။ မဟာမုနိရုပ်ပွားတော်ကို တင်ပျဉ်ခွေထိုင်၊ ဘူမိဖဿမုဒြာ(လက်တော်မြေထိ)ဟန်ထုလုပ်ထားကာ အလေးချိန် ခြောက်တန်ခွဲရှိသည်။


ပင့်ဆောင်ရောက်ရှိ - အမရပူရမြို့ကို တည်ထောင်ခဲ့သော ဘိုးတော်ဘုရားလက်ထက် မြန်မာသက္ကရာဇ် ၁၁၄၆ခုနှစ် (ခရစ်နှစ် ၁၇၈၄ခုနှစ်)တွင် အမရပူရသို့ရောက်ရှိခဲ့သည်။


သမိုင်းအကြောင်းအရာအချို့ -

ဘိုးတော်ဘုရားသည် ရုပ်ပွားတော်ကြီးကို အမရပူရမြို့တော်၏ မြောက်ယွန်းယွန်း တာ ၁၀၀၀ အကွာရှိ ညီညာပြေပြစ်သောမြေပြင်တွင် ဘုံကိုးဆင့်ရှိသော ရွှေပြသာဒ်အတွင်း၌ ထားရှိပူဇော်ခဲ့သည်။ 


မဟာမုနိရုပ်ပွားတော်၊ တန်ဆောင်းနှင့် ပြသာဒ်အဆောက်အအုံများကို ၁၈၈၄ခုနှစ် ဧပြီ ၇ရက် မွန်းလွဲနှစ်ချက်တီးကျော်၊ သုံးမောင်း အချိန်တွင် ရတနာဘုမ္မိရပ်မှ စတင်ခဲ့သည့်မီးမှတစ်ဆင့်မီးလောင်ကျွမ်းခဲ့သည်။


မီးဘေးကြောင့် မဟာမုနိရုပ်ပွားတော်၏ ရွှေသားမကိုဋ်တော်၊ နားပန်တော်၊ စလွယ်တော်များနှင့် ရုပ်ပွားတော်တွင် ကပ်လှူထားသည့် ရွှေသင်္ကန်းများ ပျက်စီးခဲ့ပြီး ရုပ်ပွားတော်မှာမူ မီးသင့်ခြင်းမခံရဘဲ ပကတိအတိုင်းရှိခဲ့သည်။ မီးသင့်မှုဒဏ်ကြောင့် မဟာမုနိရုပ်ပွားတော်မှ အရည်ပျော်ပြီး ကွာကျခဲ့သည့် ရွှေများကို သိမ်းဆည်းခဲ့ရာ ရွှေချိန် ၅၄၅၀ရရှိသည်ဟု မှတ်တမ်းပြုထားသော်လည်း ရွှေချိန်ယူနစ်ကို ဖော်ပြ ထားခြင်းမရှိချေ။ ၁၈၈၄ခုနှစ် ဇွန် ၂၃ရက်တွင် မဟာမုနိရုပ်ရှင်တော်မြတ်အား မကိုဋ်တော်ဆင်ယင်လှူဒါန်းခဲ့သည်။


သီပေါမင်းသည် မဟာမုနိရုပ်ရှင်တော် မီးသင့်ခံခဲ့ရစဉ်က သိမ်းဆည်းရရှိခဲ့သောရွှေများကို ခတ်လုပ်ထားသည့် အချိန်ခွက် ၆၀ရှိသည့် ရွှေပုစွန်ခွံသင်္ကန်းတော်များကို ၁၈၈၅ခုနှစ် ဇန်နဝါရီ ၁၆ရက်တွင် ရုပ်ရှင်တော်မြတ်ထံ ကပ်လှူစေခဲ့သည်။


မဟာမုနိပြာသာဒ်တော်ကြီးကို မြန်မာသက္ကရာဇ် ၁၂၆၀ပြည့်နှစ်တွင် အုတ်၊ အင်္ဂတေများဖြင့် ဆောက်လုပ်ခဲ့သည်။ ပြာသာဒ်တော်အထက် တွင် တင်လှူထားသည့် ထီးတော်သည် မြန်မာသက္ကရာဇ် ၁၂၇၈ခုနှစ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် မြေပြင်သို့ကျခဲ့သဖြင့် ရပ်စောက် စော်ဘွားကြီးက ထီးတော်အသစ်တင်လှူခဲ့သည်။ 


မဟာမုနိရုပ်ရှင်တော်ဘုရားကြီး၏ အုပ်ချုပ်မှုကိစ္စအရပ်ရပ်ကို တောင်တော်သာသနာပိုင် ဆရာတော်ကြီးအမှူးပြုသော သုဓမ္မာဆရာ တော်ကြီးများနှင့် ကင်းဝန်မင်းကြီးအမှူးပြုသော ပုဂ္ဂိုလ်များက တာဝန်ယူခဲ့သည်။ ရုပ်ပွားတော် မျက်နှာသစ်တော် ရေဝတ်ဆောင်ရွက်ရန် ရွှေရေးဆောင်ဆရာတော် ဦးနန္ဒထံ မြန်မာသက္ကရာဇ် ၁၂၄၈ခုနှစ်တွင် ဂန္ဓကုဋိတိုက်သော့အပ်ခဲ့သည်။ မြန်မာသက္ကရာဇ် ၁၃၄၉ခုနှစ် တပေါင်းလဆန်း ၁ရက်မှစ၍ တောင်ထီးလင်းတိုက်၊ ပိဋကတ်တိုက်ကျောင်းမှ ဆရာတော် ဘဒ္ဒန္တပညာဝံသက ရုပ်ပွားတော်မြတ် မျက်နှာသစ်ဝတ်ကို နေ့စဉ် နံနက်တိုင်း ဆောင်ရွက်ခဲ့သည်။


မဟာမုနိရုပ်ရှင်တော်မြတ်ကြီး၏ ပထမဆုံးဘဏ္ဍာတော်ထိန်းအဖွဲ့ကို ခရစ်နှစ် ၁၈၉၁ခုနှစ်တွင် ဖွဲ့စည်းခဲ့သည်။ ၁၈၉၄ခုနှစ် ဇွန် ၂၇ ရက်တွင် အင်ဂျင်နီယာမင်းကြီး မစ္စတာဟင်နဲပေါ့၊ လက်ထောက်အင်ဂျင်နီယာ မစ္စတာဘူနှင့် ဝန်စာရေးကြီး ဦးယောတို့က ဂန္ဓကုဋိတိုက်ကို ထပ်မံအုတ်မြစ်ချခဲ့သည်။ လက်ရှိ ဂန္ဓကုဋိတိုက်ကို ကင်းဝန်မင်းကြီးနှင့် အနောက်တိုင်း ဗိသုကာများက ၁၈၉၆ခုနှစ်တွင် တည်ဆောက်ခဲ့သည်။


၁၉၀၀ပြည့်နှစ် ဖေဖော်ဝါရီ ၁၂ရက်တွင် ဦးဖဲက မဟာမုနိပလ္လင်တော်နှင့် တံကဲတော်များကိုပြင်ဆင်ခဲ့ပြီး ၁၉၀၂ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်တွင် သီပေါမင်းလှူဒါန်းခဲ့သည့် မကိုဋ်တော်ကို ပြန်လည်ပြုပြင်၍ စိန်၊ပတ္တမြား၊ နီလာ၊ ရတနာမျိုးပေါင်း ၉၄၀ စီခြယ်ထားသည့် မကိုဋ်တော်အသစ်ကိုတင်လှူခဲ့သည်။ ၁၉၀၈ခုနှစ် ဇူလိုင် ၁၂ရက်တွင် နဝရတ်ကိုးပါး စီခြယ်ထားသည့် အလေးချိန် ၁၃ပိဿာ ၆၀ကျပ်သားရှိသည့် ရွှေသားစလွယ်တော်ကို ဆက်ကပ်ခဲ့၍ ၁၉၁၈ခုနှစ်တွင် ညောင်ရွှေစော်ဘွား ဆာတေမောင်က ရွှေချိန် ၁၉ကျပ်သားရှိသည့် စိန်ဖူးငှက်မြတ်နားကို တင်လှူခဲ့သည်။


မဟာမုနိရုပ်ရှင်တော်မြတ်အား ဖူးမြော်ကြည်ညိုသူများ အလွန်များပြားလာသည့်အတွက် ၁၉၃၁ခုနှစ် ဇန်နဝါရီလ ၂၉ ရက်တွင် ရသေ့ကြီး ဦးခန္တီက မဟာမုနိနှင့် အာနန္ဒာသိမ်ကြား အုတ်စောင်းတန်းကြီးဆောက်လုပ်လှူဒါန်းခဲ့သည်။ သာသနာနှစ် ၂၅၀၀ပြည့်အထိမ်းအမှတ်အဖြစ် စံကင်းဆရာတော်၊ ညောင်ရမ်းဆရာတော်၊ ခေမာသီဝံဆရာတော်နှင့် ဟံသာဝတီဆရာတော်တို့က ၁၉၅၆ခုနှစ်တွင် ရတနာဗိမာန်တော်ကြီးကို အုတ်မြစ်ချခဲ့ကြပြီး ၁၉၅၇ခုနှစ် ဧပြီ ၁၄ရက်တွင် ဖွင့်လှစ်ခဲ့သည်။ မဟာမုနိရုပ်ပွားတော်၏ သစ်သားတံကဲတော်ကိုလည်း ၁၉၃၂-၁၉၃၃ခုနှစ်တွင် လှူဒါန်းခဲ့သည်။


၁၉၄၂ခုနှစ်မှ ၁၉၄၈ခုနှစ်ထိ မဟာမုနိဘုရားကြီး အာရုံခံအုတ်တိုက်(ယခု ပြတိုက် ၁)ကို တည်ဆောက်ကာ ဦးဇောတိကအမှူးပြုသော  ရဟန်းတော် အပါး၃၀ကျော်က ဘုရားကြီးပစ္စည်းများကို စောင့်ရှောက်ခဲ့ကြသည်။ မဟာမုနိရုပ်ပွားကို ပင့်ဆောင်ခဲ့သူ မဟာဥပရာဇာ၏ ကြေးရုပ်ကို ၁၉၄၈ခုနှစ်တွင် မဟာမုနိရင်ပြင်တော်၌ ထားရှိခဲ့သည်။


‘အောင်ကျော်ချမ်းအေး၊ မန္တလေး’ ဟုအမှတ်အသားပြုခဲ့သည့် မြန်မာသက္ကရာဇ် ၁၂၂၁ခုနှစ်တွင် မင်းတုန်းမင်းကြီးတည်ထောင်ခဲ့သည့် ရတနာပုံ မန္တလေးမြို့တည်နည်းတည် ရာပြည့်အထိမ်းအမှတ်အဖြစ် မြန်မာသက္ကရာဇ် ၁၃၂၁ခုနှစ် ကဆုန်လဆုတ် ၇ ရက်( ခရစ်နှစ် ၁၉၅၉ခုနှစ် မေ ၂၈ရက်) ကြာသပတေးနေ့တွင် ဘုရားကြီးရင်ပြင်အရှေ့မြောက်ထောင့်၌ ဗဟိုစင်ကိုတည်ဆောက်ခဲ့သည်။ အလေးချိန် ၃၂၆၄ပိဿာရှိသည့် ငြိမ်းချမ်းသာယာကြေးစည်ကြီးကို မြန်မာသက္ကရာဇ် ၁၃၂၇ခုနှစ် ပြာသိုလဆန်း ၉ရက် (ခရစ်နှစ် ၁၉၆၅ခုနှစ် ဒီဇင်ဘာ ၃၁ရက်) သောကြာနေ့တွင်လည်းကောင်း၊ အလေးချိန် ၂၁၅၆ပိဿာရှိ ချမ်းအေးပြည်သာကြေးမောင်းကြီးကို ၁၉၇၂ခုနှစ်တွင် လည်းကောင်း သွန်းလုပ်ခဲ့သည်။


မဟာမုနိ ခေါင်းလောင်းတော်များ

ရှေးအခါက မဟာမုနိရုပ်ရှင်တော်ရင်ပြင်အနောက်ဘက် တံတိုင်းတလျှောက်တွင် ခေါင်းလောင်းများ အတန်းလိုက်ရှိခဲ့သော်လည်း ကြေးစည်ကြီးနှင့် နတ်ရုပ်များသွန်းလောင်းစဉ်က ခေါင်းလောင်းများကို အရည်ကျိုခဲ့သဖြင့် သမိုင်းမှတ်တမ်းများ ဆုံးရှုံးခဲ့ရပေသည်။ ယခုအချိန်တွင် မဟာမုနိရင်ပြင်တော်၌ ခေါင်းလောင်း ၂၄လုံးကျန်ရှိနေကာ ၁၈လုံးတွင် ခေါင်းလောင်းစာများ ရေးထိုးထားသည်။ ခေါင်းလောင်းအများစုသည် ကြေးချိန်ပိဿာ ၁၀၀မှ ၁၅၀အတွင်းရှိကြပြီး ခေါင်းလောင်း ၁၂လုံး၌ သွန်းလုပ်ခဲ့သည့် ခုနှစ်သက္ကရာဇ် မှတ်တမ်းများပါရှိသည်။


မဟာမုနိခေါင်းလောင်းတော်များအနက် မြောက်ဘက်မုခ်ရင်ပြင်ရှိ အိမ်ရှေ့မင်းဥပရာဇာခေါင်းလောင်းတော်နှင့် အရှေ့ဘက်မုခ်ရင်ပြင်ရှိ တစ်ပင်တိုင်ခေါင်းလောင်းတို့သည် အထူးထင်ရှားကြသည်။


အိမ်ရှေ့မင်းခေါင်းလောင်းတော်ကို အိမ်ရှေ့မင်း ဥပရာဇာ သီဟသူရက သွန်းလုပ်ခဲ့ပြီး အိမ်ရှေ့မင်း ကွယ်လွန်ပြီးနောက် ခရစ်နှစ် ၁၈၁၁ ခုနှစ်တွင် အိမ်ရှေ့မင်း၏ မိဖုရားတစ်ပါးဖြစ်သော နန္ဒာဒေဝီက မဟာမုနိရုပ်ရှင်တော်မြတ်သို့လှူဒါန်းခဲ့သည်။ မင်းကွန်းခေါင်းလောင်းတော် ကို ၁၈၁၀ပြည့်နှစ်တွင် ချိတ်ဆွဲခဲ့သဖြင့် မဟာမုနိခေါင်းလောင်းတော်က မင်းကွန်းခေါင်းလောင်းအောက် တစ်နှစ်သာ နောက်ကျခဲ့သည်။


ခေါင်းလောင်းတော်၏ ကွဲအက်နေသော အတွင်း၊ အပြင် ကွဲကြောင်းများကို ဂဟေဖြင့်ဆက်ထားကာ ရေရှည်ကြံ့ခိုင်စေရန် ခေါင်းလောင်းကို သံပြားများဖြင့် ရစ်သိုင်းထားသည်။ ခေါင်းလောင်းတော်သည် ပိဿာ ၁၅၀၀ကျော်လေးလံ၍ ခေါင်းလောင်းဝသည် ခြောက်ပေနှင့် ရှစ်လက်မ ကျယ်ဝန်းသည်။ လက်ရှိမြင်တွေ့နေရသည့် အနေအထားအရ ခေါင်းလောင်းတော်၏ အနောက်ဘက် မျက်နှာခါးဖောင်းရစ်အောက်၌ အလျား ခြောက်ပေ၊အနံ တစ်ပေ လေးလက်မအတွင်း ကမ္ပည်းစာ ၁၇ကြောင်း ရေးထိုးထားသည်။


ခေါင်းလောင်းစာတွင် ခေါင်းလောင်းတော်သွန်းလုပ်မှုမှတ်တမ်းနှင့် ဆုတောင်းများပါရ ှိပြီး ကုန်းဘောင်မင်းဆက်ကိုထူထောင်ခဲ့သည့် အလောင်းမင်းတရား ဦးအောင်ဇေယျဘွဲ့တော်ကို ‘သာသနာဒါယကာ လောကာဓိပတိ’ဟုရေးထိုးထားကြောင်း တွေ့ရှိရပေသည်။ ၎င်းခေါင်းလောင်းစာ အပြည့်အစုံကို ဦးမောင်မောင်တင်ပြုစုသည့် မန္တလေးမဟာမုနိရုပ်ရှင်တော်ဘုရားကြီး သမိုင်းစာအုပ်တွင် ဖတ်ရှုနိုင်သည်။


မဟာမုနိရင်ပြင်တော် အရှေ့မုခ်အနီးတွင် ထားရှိသည့် ခေါင်းလောင်းသည် အခြားခေါင်းလောင်းများကဲ့သို့ ထောက်တိုင်နှစ်ခုတွင် ချိတ်ထားသည့်ခေါင်းလောင်းမဟုတ်ဘဲ တိုင်တစ်တိုင်တွင် စွပ်ထားသည့် တစ်ပင်တိုင်ခေါင်းလောင်းဖြစ်သည်။ ၎င်းခေါင်းလောင်းတွင် ကမ္ပည်းစာကိုးကြောင်းပါရှိကာ သက္ကရာဇ် ၁၂၅၃ခုနှစ် ပြာသိုလဆန်း ၁၁ရက်၊ စနေနေ့တွင် ကြေးချိန်ပိဿာ ၆၀၀ဖြင့် သွန်းလုပ်ကြောင်း ရေးသားထားသည်။


တစ်ပင်တိုင် ခေါင်းလောင်းကို တောင်ပိုင်မြို့ စီရင်စု၊ ရလင်မြို့သစ်ရွာ၌ သီတင်းသုံးသောဆရာတော် ဦးစူဠရ၏ကြီးကြပ်မှုဖြင့် တောင်ပိုင်မြို့ဂိုဏ်းအုပ်၊ ဂိုဏ်းထောက်၊ စော်ဘွားမြို့စားအမတ်ဟိန်နှင့် ကုန်သည် ကြီး၊ငယ်၊ဒကာ၊ဒကာမများ စုပေါင်းလှူဒါန်းသည့် အသပြာ ၁၅၀၀ဖြင့် သွန်းလုပ်ကြောင်း ဖတ်ရှုရပေသည်။


ကိုးကား -

မြန်မာ့စွယ်စုံကျမ်းအတွဲ(၈)

မန္တလေး မဟာမုနိရုပ်ရှင်တော်မြတ်ကြီးသမိုင်း (ဦးမောင်မောင်တင်)

ကုန်းဘောင်ခေတ် မြန်မာရက်စွဲသမိုင်း (ဦးတိက္ခဓမ္မာလင်္ကာရ၊ ဒေါက်တာသန်းထွန်း)


(Zawgyi) 

မဟာမုနိရုပ္ရွင္ေတာ္ျမတ္ၾကီး




သမိုင္းအေမြအႏွစ္ ရုပ္၀တၳဳပစၥည္းမ်ားလည္းျဖစ္ ေႏွာင္းလူတို႔ၾကည့္ရႈေလ့လာႏိုင္ၾကမည့္ မႏၱေလးျမိဳ႕၏ အမွတ္လကၡဏာတစ္ရပ္ျဖစ္ သည့္ မဟာမုနိရုပ္ရွင္ေတာ္အေၾကာင္း အနည္းငယ္ကို ေမာင္သာ(ေရွးေဟာင္းသုေတသန)ရဲ႕ သတင္းစာပါေဆာင္းပါးမွ ျပန္လည္ ကူးယူေ၀ငွျခင္းျဖစ္ပါသည္။


ဘြဲ႕အမည္ - မဟာမုနိ


အျခားအမည္ - မဟာျမတ္မုနိ ၊ ဘုရားၾကီး


ဘြဲ႕အမည္အဓိပၸာယ္ - မဟာမုနိ (ပါဠိ) ၊ ၾကီးမားေသာဘုရားရွင္ (ျမန္မာဘာသာ)


တည္ေနရာ - ခ်မ္းျမသာစည္ျမိဳ႕နယ္၊ ကၽြန္းလံုးဥေသွ်ာင္ရပ္ကြက္၊ မႏၱေလးျမိဳ႕။


ရုပ္ပြားေတာ္ (ဉာဏ္ေတာ္၊ အရြယ္အစား) - ဉာဏ္ေတာ္သည္ ၁၂ေပ ခုႏွစ္လက္မ၊ ခါးေတာ္ပတ္လည္ ကိုးေပႏွင့္ေျခာက္လက္မ၊ လက္ေမာင္းေတာ္လံုးပတ္သည္ ေလးေပ ၁၁လက္မႏွင့္ ပခံုးစြန္းႏွစ္ဖက္သည္ ေျခာက္ေပ တစ္လက္မရွိသည္။ မဟာမုနိရုပ္ပြားေတာ္ကို တင္ပ်ဥ္ေခြထိုင္၊ ဘူမိဖႆမုျဒာ(လက္ေတာ္ေျမထိ)ဟန္ထုလုပ္ထားကာ အေလးခ်ိန္ ေျခာက္တန္ခြဲရွိသည္။


ပင့္ေဆာင္ေရာက္ရွိ - အမရပူရျမိဳ႕ကို တည္ေထာင္ခဲ့ေသာ ဘိုးေတာ္ဘုရားလက္ထက္ ျမန္မာသကၠရာဇ္ ၁၁၄၆ခုႏွစ္ (ခရစ္ႏွစ္ ၁၇၈၄ခုႏွစ္)တြင္ အမရပူရသို႔ေရာက္ရွိခဲ့သည္။


မိုင္းအေၾကာင္းအရာအခ်ိဳ႕ -

ဘိုးေတာ္ဘုရားသည္ ရုပ္ပြားေတာ္ၾကီးကို အမရပူရျမိဳ႕ေတာ္၏ ေျမာက္ယြန္းယြန္း တာ ၁၀၀၀ အကြာရွိ ညီညာေျပျပစ္ေသာေျမျပင္တြင္ ဘုံကိုးဆင့္ရွိေသာ ေရႊျပသာဒ္အတြင္း၌ ထားရွိပူေဇာ္ခဲ့သည္။ 


မဟာမုနိရုပ္ပြားေတာ္၊ တန္ေဆာင္းႏွင့္ ျပသာဒ္အေဆာက္အအံုမ်ားကို ၁၈၈၄ခုႏွစ္ ဧျပီ ၇ရက္ မြန္းလြဲႏွစ္ခ်က္တီးေက်ာ္၊ သံုးေမာင္း အခ်ိန္တြင္ ရတနာဘုမၼိရပ္မွ စတင္ခဲ့သည့္မီးမွတစ္ဆင့္မီးေလာင္ကၽြမ္းခဲ့သည္။


မီးေဘးေၾကာင့္ မဟာမုနိရုပ္ပြားေတာ္၏ ေရႊသားမကိုဋ္ေတာ္၊ နားပန္ေတာ္၊ စလြယ္ေတာ္မ်ားႏွင့္ ရုပ္ပြားေတာ္တြင္ ကပ္လွဴထားသည့္ ေရႊသကၤန္းမ်ား ပ်က္စီးခဲ့ျပီး ရုပ္ပြားေတာ္မွာမူ မီးသင့္ျခင္းမခံရဘဲ ပကတိအတိုင္းရွိခဲ့သည္။ မီးသင့္မႈဒဏ္ေၾကာင့္ မဟာမုနိရုပ္ပြားေတာ္မွ အရည္ေပ်ာ္ျပီး ကြာက်ခဲ့သည့္ ေရႊမ်ားကို သိမ္းဆည္းခဲ့ရာ ေရႊခ်ိန္ ၅၄၅၀ရရွိသည္ဟု မွတ္တမ္းျပဳထားေသာ္လည္း ေရႊခ်ိန္ယူနစ္ကို ေဖာ္ျပ ထားျခင္းမရွိေခ်။ ၁၈၈၄ခုႏွစ္ ဇြန္ ၂၃ရက္တြင္ မဟာမုနိရုပ္ရွင္ေတာ္ျမတ္အား မကိုဋ္ေတာ္ဆင္ယင္လွဴဒါန္းခဲ့သည္။


သီေပါမင္းသည္ မဟာမုနိရုပ္ရွင္ေတာ္ မီးသင့္ခံခဲ့ရစဥ္က သိမ္းဆည္းရရွိခဲ့ေသာေရႊမ်ားကို ခတ္လုပ္ထားသည့္ အခ်ိန္ခြက္ ၆၀ရွိသည့္ ေရႊပုစြန္ခြံသကၤန္းေတာ္မ်ားကို ၁၈၈၅ခုႏွစ္ ဇန္န၀ါရီ ၁၆ရက္တြင္ ရုပ္ရွင္ေတာ္ျမတ္ထံ ကပ္လွဴေစခဲ့သည္။


မဟာမုနိျပာသာဒ္ေတာ္ၾကီးကို ျမန္မာသကၠရာဇ္ ၁၂၆၀ျပည့္ႏွစ္တြင္ အုတ္၊ အဂၤေတမ်ားျဖင့္ ေဆာက္လုပ္ခဲ့သည္။ ျပာသာဒ္ေတာ္အထက္ တြင္ တင္လွဴထားသည့္ ထီးေတာ္သည္ ျမန္မာသကၠရာဇ္ ၁၂၇၈ခုႏွစ္တြင္ ေလျပင္းတိုက္ခတ္မႈေၾကာင့္ ေျမျပင္သို႔က်ခဲ့သျဖင့္ ရပ္ေစာက္ ေစာ္ဘြားၾကီးက ထီးေတာ္အသစ္တင္လွဴခဲ့သည္။ 


မဟာမုနိရုပ္ရွင္ေတာ္ဘုရားၾကီး၏ အုပ္ခ်ဳပ္မႈကိစၥအရပ္ရပ္ကို ေတာင္ေတာ္သာသနာပိုင္ ဆရာေတာ္ၾကီးအမွဴးျပဳေသာ သုဓမၼာဆရာ ေတာ္ၾကီးမ်ားႏွင့္ ကင္း၀န္မင္းၾကီးအမွဴးျပဳေသာ ပုဂၢိဳလ္မ်ားက တာ၀န္ယူခဲ့သည္။ ရုပ္ပြားေတာ္ မ်က္ႏွာသစ္ေတာ္ ေရ၀တ္ေဆာင္ရြက္ရန္ ေရႊေရးေဆာင္ဆရာေတာ္ ဦးနႏၵထံ ျမန္မာသကၠရာဇ္ ၁၂၄၈ခုႏွစ္တြင္ ဂႏၶကုဋိတိုက္ေသာ့အပ္ခဲ့သည္။ ျမန္မာသကၠရာဇ္ ၁၃၄၉ခုႏွစ္ တေပါင္းလဆန္း ၁ရက္မွစ၍ ေတာင္ထီးလင္းတိုက္၊ ပိဋကတ္တိုက္ေက်ာင္းမွ ဆရာေတာ္ ဘဒၵႏၱပညာ၀ံသက ရုပ္ပြားေတာ္ျမတ္ မ်က္ႏွာသစ္၀တ္ကို ေန႔စဥ္ နံနက္တိုင္း ေဆာင္ရြက္ခဲ့သည္။


မဟာမုနိရုပ္ရွင္ေတာ္ျမတ္ၾကီး၏ ပထမဆံုးဘ႑ာေတာ္ထိန္းအဖြဲ႔ကို ခရစ္ႏွစ္ ၁၈၉၁ခုႏွစ္တြင္ ဖြဲ႔စည္းခဲ့သည္။ ၁၈၉၄ခုႏွစ္ ဇြန္ ၂၇ ရက္တြင္ အင္ဂ်င္နီယာမင္းၾကီး မစၥတာဟင္နဲေပါ့၊ လက္ေထာက္အင္ဂ်င္နီယာ မစၥတာဘူႏွင့္ ၀န္စာေရးၾကီး ဦးေယာတို႔က ဂႏၶကုဋိတိုက္ကို ထပ္မံအုတ္ျမစ္ခ်ခဲ့သည္။ လက္ရွိ ဂႏၶကုဋိတိုက္ကို ကင္း၀န္မင္းၾကီးႏွင့္ အေနာက္တိုင္း ဗိသုကာမ်ားက ၁၈၉၆ခုႏွစ္တြင္ တည္ေဆာက္ခဲ့သည္။


၁၉၀၀ျပည့္ႏွစ္ ေဖေဖာ္၀ါရီ ၁၂ရက္တြင္ ဦးဖဲက မဟာမုနိပလႅင္ေတာ္ႏွင့္ တံကဲေတာ္မ်ားကိုျပင္ဆင္ခဲ့ျပီး ၁၉၀၂ခုႏွစ္ ေဖေဖာ္၀ါရီ ၂၀ ရက္တြင္ သီေပါမင္းလွဴဒါန္းခဲ့သည့္ မကိုဋ္ေတာ္ကို ျပန္လည္ျပဳျပင္၍ စိန္၊ပတၱျမား၊ နီလာ၊ ရတနာမ်ိဳးေပါင္း ၉၄၀ စီျခယ္ထားသည့္ မကိုဋ္ေတာ္အသစ္ကိုတင္လွဴခဲ့သည္။ ၁၉၀၈ခုႏွစ္ ဇူလိုင္ ၁၂ရက္တြင္ န၀ရတ္ကိုးပါး စီျခယ္ထားသည့္ အေလးခ်ိန္ ၁၃ပိႆာ ၆၀က်ပ္သားရွိသည့္ ေရႊသားစလြယ္ေတာ္ကို ဆက္ကပ္ခဲ့၍ ၁၉၁၈ခုႏွစ္တြင္ ေညာင္ေရႊေစာ္ဘြား ဆာေတေမာင္က ေရႊခ်ိန္ ၁၉က်ပ္သားရွိသည့္ စိန္ဖူးငွက္ျမတ္နားကို တင္လွဴခဲ့သည္။


မဟာမုနိရုပ္ရွင္ေတာ္ျမတ္အား ဖူးေျမာ္ၾကည္ညိဳသူမ်ား အလြန္မ်ားျပားလာသည့္အတြက္ ၁၉၃၁ခုႏွစ္ ဇန္န၀ါရီလ ၂၉ ရက္တြင္ ရေသ့ၾကီး ဦးခႏၱီက မဟာမုနိႏွင့္ အာနႏၵာသိမ္ၾကား အုတ္ေစာင္းတန္းၾကီးေဆာက္လုပ္လွဴဒါန္းခဲ့သည္။ သာသနာႏွစ္ ၂၅၀၀ျပည့္အထိမ္းအမွတ္အျဖစ္ စံကင္းဆရာေတာ္၊ ေညာင္ရမ္းဆရာေတာ္၊ ေခမာသီ၀ံဆရာေတာ္ႏွင့္ ဟံသာ၀တီဆရာေတာ္တို႔က ၁၉၅၆ခုႏွစ္တြင္ ရတနာဗိမာန္ေတာ္ၾကီးကို အုတ္ျမစ္ခ်ခဲ့ၾကျပီး ၁၉၅၇ခုႏွစ္ ဧျပီ ၁၄ရက္တြင္ ဖြင့္လွစ္ခဲ့သည္။ မဟာမုနိရုပ္ပြားေတာ္၏ သစ္သားတံကဲေတာ္ကိုလည္း ၁၉၃၂-၁၉၃၃ခုႏွစ္တြင္ လွဴဒါန္းခဲ့သည္။


၁၉၄၂ခုႏွစ္မွ ၁၉၄၈ခုႏွစ္ထိ မဟာမုနိဘုရားၾကီး အာရံုခံအုတ္တိုက္(ယခု ျပတိုက္ ၁)ကို တည္ေဆာက္ကာ ဦးေဇာတိကအမွဴးျပဳေသာ  ရဟန္းေတာ္ အပါး၃၀ေက်ာ္က ဘုရားၾကီးပစၥည္းမ်ားကို ေစာင့္ေရွာက္ခဲ့ၾကသည္။ မဟာမုနိရုပ္ပြားကို ပင့္ေဆာင္ခဲ့သူ မဟာဥပရာဇာ၏ ေၾကးရုပ္ကို ၁၉၄၈ခုႏွစ္တြင္ မဟာမုနိရင္ျပင္ေတာ္၌ ထားရွိခဲ့သည္။


‘ေအာင္ေက်ာ္ခ်မ္းေအး၊ မႏၱေလး’ ဟုအမွတ္အသားျပဳခဲ့သည့္ ျမန္မာသကၠရာဇ္ ၁၂၂၁ခုႏွစ္တြင္ မင္းတုန္းမင္းၾကီးတည္ေထာင္ခဲ့သည့္ ရတနာပံု မႏၱေလးျမိဳ႕တည္နည္းတည္ ရာျပည့္အထိမ္းအမွတ္အျဖစ္ ျမန္မာသကၠရာဇ္ ၁၃၂၁ခုႏွစ္ ကဆုန္လဆုတ္ ၇ ရက္( ခရစ္ႏွစ္ ၁၉၅၉ခုႏွစ္ ေမ ၂၈ရက္) ၾကာသပေတးေန႔တြင္ ဘုရားၾကီးရင္ျပင္အေရွ႕ေျမာက္ေထာင့္၌ ဗဟိုစင္ကိုတည္ေဆာက္ခဲ့သည္။ အေလးခ်ိန္ ၃၂၆၄ပိႆာရွိသည့္ ျငိမ္းခ်မ္းသာယာေၾကးစည္ၾကီးကို ျမန္မာသကၠရာဇ္ ၁၃၂၇ခုႏွစ္ ျပာသိုလဆန္း ၉ရက္ (ခရစ္ႏွစ္ ၁၉၆၅ခုႏွစ္ ဒီဇင္ဘာ ၃၁ရက္) ေသာၾကာေန႔တြင္လည္းေကာင္း၊ အေလးခ်ိန္ ၂၁၅၆ပိႆာရွိ ခ်မ္းေအးျပည္သာေၾကးေမာင္းၾကီးကို ၁၉၇၂ခုႏွစ္တြင္ လည္းေကာင္း သြန္းလုပ္ခဲ့သည္။


မဟာမုနိ ေခါင္းေလာင္းေတာ္မ်ား

ေရွးအခါက မဟာမုနိရုပ္ရွင္ေတာ္ရင္ျပင္အေနာက္ဘက္ တံတိုင္းတေလွ်ာက္တြင္ ေခါင္းေလာင္းမ်ား အတန္းလိုက္ရွိခဲ့ေသာ္လည္း ေၾကးစည္ၾကီးႏွင့္ နတ္ရုပ္မ်ားသြန္းေလာင္းစဥ္က ေခါင္းေလာင္းမ်ားကို အရည္က်ိဳခဲ့သျဖင့္ သမိုင္းမွတ္တမ္းမ်ား ဆံုးရႈံးခဲ့ရေပသည္။ ယခုအခ်ိန္တြင္ မဟာမုနိရင္ျပင္ေတာ္၌ ေခါင္းေလာင္း ၂၄လံုးက်န္ရွိေနကာ ၁၈လံုးတြင္ ေခါင္းေလာင္းစာမ်ား ေရးထိုးထားသည္။ ေခါင္းေလာင္းအမ်ားစုသည္ ေၾကးခ်ိန္ပိႆာ ၁၀၀မွ ၁၅၀အတြင္းရွိၾကျပီး ေခါင္းေလာင္း ၁၂လံုး၌ သြန္းလုပ္ခဲ့သည့္ ခုႏွစ္သကၠ႐ာဇ္ မွတ္တမ္းမ်ားပါရွိသည္။


မဟာမုနိေခါင္းေလာင္းေတာ္မ်ားအနက္ ေျမာက္ဘက္မုခ္ရင္ျပင္ရွိ အိမ္ေရွ႕မင္းဥပရာဇာေခါင္းေလာင္းေတာ္ႏွင့္ အေရွ႕ဘက္မုခ္ရင္ျပင္ရွိ တစ္ပင္တိုင္ေခါင္းေလာင္းတို႔သည္ အထူးထင္ရွားၾကသည္။


အိမ္ေရွ႕မင္းေခါင္းေလာင္းေတာ္ကို အိမ္ေရွ႕မင္း ဥပရာဇာ သီဟသူရက သြန္းလုပ္ခဲ့ျပီး အိမ္ေရွ႕မင္း ကြယ္လြန္ျပီးေနာက္ ခရစ္ႏွစ္ ၁၈၁၁ ခုႏွစ္တြင္ အိမ္ေရွ႕မင္း၏ မိဖုရားတစ္ပါးျဖစ္ေသာ နႏၵာေဒ၀ီက မဟာမုနိရုပ္ရွင္ေတာ္ျမတ္သို႔လွဴဒါန္းခဲ့သည္။ မင္းကြန္းေခါင္းေလာင္းေတာ္ ကို ၁၈၁၀ျပည့္ႏွစ္တြင္ ခ်ိတ္ဆြဲခဲ့သျဖင့္ မဟာမုနိေခါင္းေလာင္းေတာ္က မင္းကြန္းေခါင္းေလာင္းေအာက္ တစ္ႏွစ္သာ ေနာက္က်ခဲ့သည္။


ေခါင္းေလာင္းေတာ္၏ ကြဲအက္ေနေသာ အတြင္း၊ အျပင္ ကြဲေၾကာင္းမ်ားကို ဂေဟျဖင့္ဆက္ထားကာ ေရရွည္ၾကံ့ခိုင္ေစရန္ ေခါင္းေလာင္းကို သံျပားမ်ားျဖင့္ ရစ္သိုင္းထားသည္။ ေခါင္းေလာင္းေတာ္သည္ ပိႆာ ၁၅၀၀ေက်ာ္ေလးလံ၍ ေခါင္းေလာင္း၀သည္ ေျခာက္ေပႏွင့္ ရွစ္လက္မ က်ယ္၀န္းသည္။ လက္ရွိျမင္ေတြ႕ေနရသည့္ အေနအထားအရ ေခါင္းေလာင္းေတာ္၏ အေနာက္ဘက္ မ်က္ႏွာခါးေဖာင္းရစ္ေအာက္၌ အလ်ား ေျခာက္ေပ၊အနံ တစ္ေပ ေလးလက္မအတြင္း ကမၸည္းစာ ၁၇ေၾကာင္း ေရးထိုးထားသည္။


ေခါင္းေလာင္းစာတြင္ ေခါင္းေလာင္းေတာ္သြန္းလုပ္မႈမွတ္တမ္းႏွင့္ ဆုေတာင္းမ်ားပါရ ွိျပီး ကုန္းေဘာင္မင္းဆက္ကိုထူေထာင္ခဲ့သည့္ အေလာင္းမင္းတရား ဦးေအာင္ေဇယ်ဘြဲ႔ေတာ္ကို ‘သာသနာဒါယကာ ေလာကာဓိပတိ’ဟုေရးထိုးထားေၾကာင္း ေတြ႕ရွိရေပသည္။ ၄င္းေခါင္းေလာင္းစာ အျပည့္အစံုကို ဦးေမာင္ေမာင္တင္ျပဳစုသည့္ မႏၱေလးမဟာမုနိရုပ္ရွင္ေတာ္ဘုရားၾကီး သမိုင္းစာအုပ္တြင္ ဖတ္ရႈႏိုင္သည္။


မဟာမုနိရင္ျပင္ေတာ္ အေရွ႕မုခ္အနီးတြင္ ထားရွိသည့္ ေခါင္းေလာင္းသည္ အျခားေခါင္းေလာင္းမ်ားကဲ့သို႔ ေထာက္တိုင္ႏွစ္ခုတြင္ ခ်ိတ္ထားသည့္ေခါင္းေလာင္းမဟုတ္ဘဲ တိုင္တစ္တိုင္တြင္ စြပ္ထားသည့္ တစ္ပင္တိုင္ေခါင္းေလာင္းျဖစ္သည္။ ၄င္းေခါင္းေလာင္းတြင္ ကမၸည္းစာကိုးေၾကာင္းပါရွိကာ သကၠရာဇ္ ၁၂၅၃ခုႏွစ္ ျပာသိုလဆန္း ၁၁ရက္၊ စေနေန႔တြင္ ေၾကးခ်ိန္ပိႆာ ၆၀၀ျဖင့္ သြန္းလုပ္ေၾကာင္း ေရးသားထားသည္။


တစ္ပင္တိုင္ ေခါင္းေလာင္းကို ေတာင္ပိုင္ျမိဳ႕ စီရင္စု၊ ရလင္ျမိဳ႕သစ္ရြာ၌ သီတင္းသံုးေသာဆရာေတာ္ ဦးစူဠရ၏ၾကီးၾကပ္မႈျဖင့္ ေတာင္ပိုင္ျမိဳ႕ဂိုဏ္းအုပ္၊ ဂိုဏ္းေထာက္၊ ေစာ္ဘြားျမိဳ႕စားအမတ္ဟိန္ႏွင့္ ကုန္သည္ ၾကီး၊ငယ္၊ဒကာ၊ဒကာမမ်ား စုေပါင္းလွဴဒါန္းသည့္ အသျပာ ၁၅၀၀ျဖင့္ သြန္းလုပ္ေၾကာင္း ဖတ္ရႈရေပသည္။


ကိုးကား -

ျမန္မာ့စြယ္စံုက်မ္းအတြဲ(၈)

မႏၱေလး မဟာမုနိရုပ္ရွင္ေတာ္ျမတ္ၾကီးသမိုင္း (ဦးေမာင္ေမာင္တင္)

ကုန္းေဘာင္ေခတ္ ျမန္မာရက္စြဲသမိုင္း (ဦးတိကၡဓမၼာလကၤာရ၊ ေဒါက္တာသန္းထြန္း)

No comments: