Friday, January 8, 2021
INDONESAN CHICKEN CURRY - Cold Meat Jelly - Tamarind Pork
"INDONESAN CHICKEN CURRY" (အင်ဒိုနီးရှားကြက်သားအစပ်ဟင်း) ...................................................
ဒီတစ်ခါတစ်မျိုးထူးခြားတဲ့ကြက်သားအစပ်ဟင်းလေးကိုမိတ်ဆက်ပေးပါရစေ။အင်ဒိုနီးရှားကြက်သားအစပ်ဟင်းဖြစ်ပါတယ်။ထမင်းဖြူပူပူလေး (သို့) ပေါင်မုန့်လုံး Dinner Rollေလေးနဲ့လည်းအရမ်းလိုက်ဖက်ပါတယ်။
လိုအပ်ပစ္စည်းများ ........................ 
ကြက်ပေါင်လုံးချောင်း (အခွံချွတ်) - ၆ချောင်း 
အာလူးနီ (အသေး) - ၅လုံး (ထက်ဝက်ခြမ်းပါ) 
မုန်လာဥနီ (အရွယ်တော်) - ၃ချောင်း (၁လက်မအရွယ်ဖြတ်ပါ) 
ရုံးပတီသီး - ၂ခွက် (၈အောင်စအရွယ်ခွက်) 
ချယ်ရီခရမ်းချဉ်သီး - ၁ခွက် (၈အောင်စအရွယ်ခွက်) 
ကြက်သွန်နီ (အရွယ်တော်) - ၁လုံး (အခွံချွတ်၊နုပ်နုပ်စဉ်းပါ) 
သံလွင်ဆီ - စားပွဲဇွန်း၂ဇွန်း (လိုအပ်ရင်ပိုသုံးပါ) 
အင်ဒိုကာလီပေါင်ဒါဟင်းမှုန့်ထုတ် - ၁ထုပ် (Indo Kare) ရေ - ၂ခွက် 
ဆား - စိတ်ကြိုက်
ချက်ပြုတ်နည်း ...................... 
၁။အိုးကြီးတစ်အိုးမှာရေ၆ခွက်ထည့်အပူပေးပြီးပွက်ပွက်ဆူပါစေ။ 
၂။ဆားလက်တစ်ဆုပ်စာထည့်ပြီးရုံးပတီသီး၂ခွက်ကို၂မိနစ်ပြုတ်ပြီးရေအေးစိမ်ပါ။သီးသန့်ဖယ်ထားပါ။ 
၃။အာလူးနီကို၈မိနစ် (သို့) အနေတော်နူးပြီးပျော့လာတဲ့ထိပြုတ်ပြီးသီးသန့်ဖယ်ထားပါ။ 
၄။မုန်လာဥနီကို၈မိနစ် (သို့) အနေတော်နူးပြီးပျော့လာတဲ့ထိပြုတ်ပြီးသီးသန့်ဖယ်ထားပါ။ 
၅။ Frying Pan ဒယ်ပြားကြီးကြီး (သို့) နောက်အိုးကြီးတစ်အိုးမှာသံလွင်ဆီ၂ဇွန်းကိုအပူပေးပြီးနုပ်နုပ်စဉ်းထားတဲ့ကြက်သွန်နီကိုပျော့ပြောင်းလာတဲ့ထိချက်ပြီးကြက်ပေါင်လုံးကိုအိုးအလယ်မှာအရောင်အနည်းငယ်ပြောင်းလာတဲ့ထိချက်ပါ။ (ဆီလိုအပ်ရင်နည်းနည်းထည့်နိုင်ပါတယ်။ Non-Stick Pan (သို့) Pot ကိုသုံးရင်တော့မလိုအပ်ပါ။) 
၆။အင်ဒိုကာလီပေါင်ဒါဟင်းမှုန့်ကိုသောက်ရေသန့်နဲ့သမအောင်ရောနှောပြီးကြက်ပေါင်လုံးအိုးထဲလောင်းထည့်ပြီးပွက်ပွက်ဆူပါစေ။ ၇။မီးရှိန်ကိုလျော့ချပြီးကြက်ပေါင်လုံးအသားနူးညံ့လာတဲ့အထိချက်ပါ။ ၈။ဆားကိုလိုတိုးပိုလျော့ထည့်ပြီးအဆင်သင့်ပြုတ်ပြီးသားအာလူးနနီ၊မုန်လာဥနီ၊ရုံးပတီသီးနဲ့ချယ်ရီခရမ်းချဉ်သီးကိုရောထည့်ပြီးသမအောင်မွှေပါ။ ၉။၂မိနစ် (သို့) ကိုယ်စိတ်ကြိုက်အနေအထားရတဲ့အထိချက်ပြီးရင်မီးဖိုမှချပြီးပူပူနွေးနွေးအဆင်သင့်ချက်ထားတဲ့ထမင်းဖြူ (သို့) ပေါင်မုန့်လုံးနဲ့တွဲသုံးစားသောက်နိုင်ပါပြီ။
......................................... My Bistro
မန်းကျည်းဝက်သားကြော် (Tamarind Pork)
ဝက်သားကင်ကို လူတိုင်းနီးပါးကြိုက်နှစ်သက်ကြသလို မန်းကျည်းဝက်သားကြော်လေးကိုလည်း ကြိုက်ကြမယ်လို့ မျှော်လင့်ပါတယ်။ ဝက်သားနှပ်ထားဖို့အတွက် အချိန်ကြာပေမဲ့ လိုအပ်တဲ့ ပါဝင်ပစ္စည်းက နည်းပါတယ်။ မီးဖိုချောင်မှာ အဆင်သင့်ရှိတာလေးနဲ့ပဲ ဝက်သား ကြော်လေးကို ပြင်ဆင်နိုင်တာမို့ အိမ်ရှင်မတွေအကြိုက်ဖြစ်မှာပါခင်ဗျာ။
ပါဝင်ပစ္စည်းတွေကတော့ -
ဝက်သားသုံးထပ်သား 440 gm ၊ မန်းကျည်းသီးမှည့် 40 gm ၊ ရေ 100 ml ၊ ဆား လက်ဖက်ရည်ဇွန်း တစ်ဝက်၊ ဆီး စားပွဲဇွန်း ၂ဇွန်း
ချက်ပြုတ်နည်း
၁။ ပထမဦးဆုံး မန်းကျည်းသီးမှည့်ကို ရေနှင့်ရောပြီး ပျစ်နေအောင်ဖျော်ထားပါ။ ပြီးရင် မန်းကျည်းရည်၊ ဝက်သား၊ ်ဆားတို့ရောပြီးနယ်ပါ။ ပြီးရင် တစ်ညနှပ်ထားပါ။
၂။ တစ်ညနှပ်ထားတဲ့ဝက်သားကို ကြော်မည်ဆိုပါက အရင်ဆုံး ဝက်သားမှာကပ်နေတဲ့ မန်းကျည်းမှည့်တွေဖယ်ပစ်ပါ။ ပြီးရင် မကပ်တဲ့ ဒယ်အိုးမှာ ဆီ ၂ဇွန်းခန့်ထည့်ပြီး နီညိုရောင်သမ်းအောင်ကြော်ပါ။ ပြီးလျှင် ပါးပါးလှီးပြီး ကြိုက်နှစ်သက်တဲ့ Chilli Sauce နှင့်တွဲဖက်သုံး ဆောင်ပါခင်ဗျာ။
...................................... Delicious Food From All Over The World By MyintOoTha
ဝက်နံတုန် (Cold Meat Jelly)
နံတုန်လို့လူသိများတဲ့ ရိုးရာအအေးစာ အသားဂျယ်လီကို ချမ်းအေးတဲ့ဒေသတွေမှာ ဒေသစာအဖြစ်သုံးဆောင်ကြပါတယ်။ အနောက်နိုင်ငံအချို့မှာလည်း ဆောင်းရာသီရဲ့နောက်ဆုံးပါတ်မှာ Meat Jelly Festival ဆိုပြီး အသားဂျယ်လီပွဲတော်ကျင်းပတာတွေလည်း ရှိပါတယ်။
ပါဝင်ပစ္စည်းများ
အမဲ၊ဆိတ်၊ကြက်ခြေထောက် - တစ်ကီလို (အကြောမပါသော နှစ်သက်ရာအသား)၊ ဂျင်း နှစ်လက်မ၊ ကြက်သွန်ဖြူ တစ်လုံး၊ ကြက်သွန်နီ နှစ်လုံး၊ မုန်လာဥနီ တစ်တောင့်၊ ကြက်သွန်မြိတ်အရင်း ၃ချောင်း၊ ရှောက်ကော ၂လုံး (တရုတ်ဖာလာစေ့အမဲ)၊ ဆား စားပွဲဇွန်း တစ်ဇွန်း၊ ဟင်းခပ်မှုန့် အနည်းငယ်။
တွဲဖက်စားရန်
ကြက်သွန်မြိတ်၊ နံနံပင်၊ ငရုပ်သီးဆီချက်၊ အချဉ်ရည် (ရှာလကာရည်)၊ သကြား။
ပြင်ဆင်ပြုလုပ်ပုံ
နှစ်သက်ရာ အသား အရိုး အကြောတို့ကိုေရေဆေး၊ရေစစ်ထားပါ။
မီးဖိုပေါ်တွင် ရေဆူတစ်အိုးတည်ထားပါ။ ရေဆူပွက်ပါက ရေစစ်ထားသော အရိုးအကြောကိုထည့်ပြီး တပွက်ဆူတည်ကာ ဇကာတစ်ခုဖြင့် ဆယ်ယူကာ ရေအေးလောင်းဆေးပေးပါ။ (သွေးနှင့် အညစ်အကြေးမကျန်စေရန်)
ပြီးလျှင် ဟင်းရည်အိုးတည်မည့်အိုးထဲသို့ ရေနွေးဖျောပြီးသား အရိုးအကြောတို့ကိုထည့်ပါ။
ကြက်သွန်ဖြူကို ဥလိုက် ထက်ခြမ်းခြမ်းထည့်ပါ။ ကြက်သွန်နီကိုလည်း အခြမ်းလိုက်ထည့်ပါ။ မုန်လာဥကို ခပ်ကြီးကြီးလှီးထည့်ပါ။ ဂျင်းနှင့် ရှောက်ကောကိုထုပြီးထည့်ပါ။ ဆား အနည်းငယ်ထည့်ပါ။ ကြက်သွန်မြိတ်အရင်းဖြတ်ထည့်ပါ။
ရေကို အရိုးအကြောတို့ကိုမြုပ်ပြီး နှစ်လက်မအထက်ခန့်ထည့်ပြီးတည်ပါ။ ဟင်းရည်အိုးမပွက်ခင်တက်လာသမျှ အဆီအမြုပ်အားလုံးခပ်ထုတ် ပေးပါ။ (ဟင်းရည်ကြည်စေရန်)
စတင်ဆူပွက်လာသည်နှင့် မီးကို အသေးဆုံးအနေအထားထိလျော့ချပြီး ဖြည်းဖြည်းဆီ ဆူပွက်အောင်ထားပါ။ (မဖုံးအုပ်ရ အရောင်နောက်တတ်သည်။)
တည်ထားစဉ်တလျောက်လုံးအပေါ်တက်လာသောအဆီအမြုပ်အားလုံးခပ်ထုတ်ပေးပါ။ လိုအပ်လျှင် ရေကိုနည်းနည်းဆီထပ်ဖြည့်ပေးပြီး အရိုး အကြောအားလုံး လုံးဝနူးအိသွားသည်ထိတည်ထားပါ။ ၅နာရီမှ ၆နာရီခန့်ကြာအောင်တည်ထားပါ။
နူးအိသွားပါက မီးပိတ်ပြီး အရိုးများထွင်ထုတ်ထားပြီး အရသာအပေါ့အငန်မြည်းကာ လိုအပ်ပါကဖြည့်စွက်ပါ။
မိမိပြုလုပ်လိုသော ပုံစံခွက်တွင် အသားနှင့်ဟင်းရည်မျှတအောင်ထည့်ပြီး အေးသောနေရာတွင် တစ်ညထားပါ။
မနက်ရောက်လျှင် နံတုန်မျက်နှာပြင်မှ ခဲနေသောအဆီပြင်ကိုဇွန်းဖြင့်ခပ်ထုတ်ပစ်ပြီး ပန်းကန်တွင် မှောက်ချကာ ဓားဖြင့်လှီးပြီး ကြက်သွန်မြိတ်၊ နံနံပင်၊ပဲငံပြာရည်၊ငရုတ်သီးအချဉ်ဖျော်စပ်ထားသည်တို့နှင့် တွဲဖက်သုံးဆောင်နိုင်ပါပြီ။
(Zawgyi) 
လိုအပ်ပစ္စည်းများ ........................ 
ဆား - စိတ်ကြိုက်
ချက်ပြုတ်နည်း ...................... 
......................................... My Bistro
ချက်ပြုတ်နည်း
ပါဝင်ပစ္စည်းများ
တွဲဖက်စားရန်
ပြင်ဆင်ပြုလုပ်ပုံ
နှစ်သက်ရာ အသား အရိုး အကြောတို့ကိုရေဆေး၊ရေစစ်ထားပါ။
No comments: