Sunday, January 17, 2021

မြန်မာနိုင်ငံမှ ရေအလွဲများ

 



ဒီလို ဒွိဟဖြစ်စရာ topic တွေကို မရေးချင်ပင်မဲ့ information အမှားတွေပြန့်နေတာတွေ့ရတာတစ်ကြောင်း၊ messenger နဲ့ရော ဖုန်းတွေနဲ့ရော ဆက်သွယ်ပြီး လာမေးကြတဲ့သူတွေလဲ အတော်များလာတာကြောင့် ရေးပေးပါမယ်။ ရေကို ရေနွေးကျိုတဲ့ ကိစ္စပါ။ ကျွန်တော်က ရေသန့် Engineering လုပ်ငန်းမှာ professional လုပ်နေသူတစ်ဦးဖြစ်တဲ့ အတွက် ကိုယ့် knowledge ကို share ပေးခြင်းသာဖြစ်ပါတယ်၊ မည်သူတစ်ဦးတစ်ယောက်ကိုမှ ထိခိုက်လိုတဲ့စိတ်နဲ့ ရေးတာမဟုတ်ကြောင်းကို အရင်ဦးဆုံးပြောပါရစေ...


1. ရေသန့်ဗူးကို နေပူထဲထားရင် cancer ဖြစ်လား? ရေနွေးကျိုရင် cancer ဖြစ်လား?  


ရေကဖြစ်တာမဟုတ်ပါဘူး၊ ဗူးကဖြစ်တာပါ။ ဗူးပါထည့်ကျိုရင်တော့ ဖြစ်မှာပါ။ ဒီတိုင်းဆိုရင်တော့ သုံးတဲ့ဗူးအမျိုးအစား၊ ရှိနေတဲ့ ပတ်ဝန်းကျင် အပူချိန်ပေါ်မူတည်ပါတယ်။ ရေကဖြစ်တာမဟုတ်ပါဘူး၊ ရေထည့်တဲ့ ဗူးက chemical တွေ ရေထဲပျော်ဝင်လာတာပါ။ အသေးစိတ်ကို ဒီ link မှာ ဝင်ဖတ်ကြည့်ပါ။ < https://www.facebook.com/1285023978265758/posts/2907308616037278/?d=n >


2. ရေသန့်ဖြစ်ဖို့ chlorine ခပ်ရလား? 


Chlorine ဆိုတာ ပိုးသတ်စွမ်းရည်၊ ဓာတ်တိုးနိုင်မှု စွမ်းရည်ရှိတဲ့ chemical တစ်မျိုးပါ။ ရေသန့်စနစ်တိုင်းမှာ chlorine ကို မလိုအပ်ရင် မသုံးပါဘူး၊ ရေသန့် စက်ရုံတွေမှာလဲ လိုအပ်မှသာ အသုံးပြုတာပါ။ ရေထဲကို စနစ်တကျလုပ်တဲ့ ဘယ်ရေသန့်စက်ရုံက ရေဗူးမှ free chlorine တွေ အပါမခံပါဘူး။ ပါလို့လဲမရပါဘူး။ အဲ့တော့ chlorine ကို ဘယ်နေရာတွေမှာအဓိက သုံးလဲ? လူအများကို ရေပို့ပေးရတဲ့ မြို့ပြရေပေးဝေရေး စီမံကိန်းတွေ၊ အများသုံးရေကူးကန်မျိုးတွေ၊ အရေးပေါ် သောက်ရေလိုအပ်တဲ့ အခြေအနေမျိုးတွေ စတာတွေမှာ ပိုက်လိုင်းတစ်လျှောက်နဲ့ ကန်ထဲမှာ ပိုးပေါက်ပွါးမှု မရှိအောင် ပိုးသတ်တဲ့အနေနဲ့ free chlorine ကို dose အနည်းငယ်ထည့်ပေးကြပါတယ်။ အဲ့အတွက် အဖြေကတော့ ရေသန့်ဖြစ်ဖို့ chlorine က အချို့အခြေအနေမှသာ လိုအပ်ပါတယ်။ 


3. Chlorine က အပူပေးရင် chloroform ဖြစ်ပြီး cancer ဖြစ်လား? 


အပူပေးရုံနဲ့ chlorine ကနေ chloroform မဖြစ်ပါဘူး။ Chlorine က ရေထဲမှာ ပါဝင်နေတဲ့ organic compound အချို့နဲ့ ဓာတ်ပြုပြီးမှ byproducts တွေဖြစ်လာပါတယ်၊ အဲ့ထဲမှာ chloroform လဲအပါအဝင်ပါ၊ အခြားအမျိုးအစားတွေအများကြီးလဲရှိပါသေးတယ်။ အဲ့ disinfection byproducts တွေထဲက အချို့က လူ့ကျန်းမာရေးကို ရေရှည်မှာ ထိခိုက်စေပြီး cancer ဖြစ်စေတတ်တယ်လို့ လေ့လာထားတဲ့ paper အချို့ရှိပါတယ်။ အဲ့အတွက်လဲ အချို့နိုင်ငံတွေက မြို့ပြရေပေးဝေရေးစီမံကိန်းတွေမှာ chlorine အစား byproducts အထွက်နည်းတဲ့ chloramine (သို့) အခြား disinfection စနစ်မျိုးတွေကို အသုံးပြုနေကြပါတယ်။ ဒါပင်မဲ့ သတ်မှတ်ထားတဲ့ dose နဲ့တွက်ချက်ပြီး ထည့်ထားတဲ့ chlorinated water ဆိုရင်တော့ ပိုးပေါက်ပွါးမှု နဲ့ chlorine disinfection byproducts ကြောင့် ကျန်းမာရေးထိခိုက်မှုကို risk နဲ့ benefits ယှဉ်ကြည့်ရင် benefits ကပိုများတာကြောင့် အချို့နေရာတွေမှာလဲ ဆက်လက် အသုံးပြုနေကြဆဲပါ။ ဒါပင်မဲ့ ပြောချင်တာက chlorine ပါဝင်မှု အရမ်းနည်းတဲ့ (သို့) chlorine မပါဝင်တဲ့ ရေကို ကျိုချက်သောက်တာက chloroform ကဲ့သို့ disinfection byproducts တွေ ထွက်နိုင်ခြေ မရှိသလောက်နည်းတာကြောင့် ကင်ဆာမဖြစ်စေနိုင်ပါဘူး။ Boiling လုပ်ခြင်းက chlorine ကိုတောင် လျော့နည်းသွားစေပါသေးတယ်။


4. pH 7 ရှိမှ ရေသန့်ဖြစ်မှာလား?


အဲ့ အဖြေကိုတော့ ဒီ link ထဲမှာ ဝင်ဖတ်ကြည့်ပေးပါ။ < https://www.facebook.com/1285023978265758/posts/3108396389261832/?d=n >


5. Alkali နဲ့ Alkaline ဆိုတာဘာလဲ? Alkaline water ကို ပိုသန့်တာလား? 


Alkali ဆိုတာ noun form ပါ။ Alkaline ဆိုတာ Alkali ရဲ့ Adjective form ပါ။ Alkali ဖြစ်ပြီးမှ Alkaline ဖြစ်တယ်ဆိုတာ ဘာမှကို မသက်ဆိုင်တာပါ။ အခေါ်အဝေါနားမလည်လို့ အဲ့လိုထင်ကြတာပါ။ မြန်မာလိုခေါ်ဖို့ အနည်းငယ်ခက်ခဲပါတယ်။ ရေသန့်ပညာအရကတော့ သင့်တော်အောင်ဆို ရေထဲက Alkali ကို “အဖန်ဓာတ်ရှိသော သတ္တု” / Alkaline ဆိုတာ “အဖန်ဓာတ်ပါဝင်သော” အဲ့လိုပြန်ရမယ်ထင်ပါတယ်။ Alkaline water ဆိုတာဘာလဲ? ကျန်းမာရေးအတွက် တကယ် အထောက်အကူဖြစ်သလား? စတာတွေကို ဒီ link ထဲမှာ ဖတ်ပေးပါခင်ဗျာ။ < https://www.facebook.com/1285023978265758/posts/2904352269666246/?d=n >


6. ရေသန့်အားလုံး Reverse Osmosis (RO) စနစ်နဲ့ သန့်စင်ရတာလား? 


လုံးဝ (လုံးဝ) မဟုတ်ပါဘူး။ ရေသန့်စနစ်တစ်ခုလုပ်ဖို့ ရေကြမ်း Raw Water Quality ကို အရင်စစ်ဆေးကြည့်ရပါတယ်။ ပြီးမှ သင့်တော်တဲ့ စနစ်ထည့်တာပါ။ သဘာဝ 100% natural mineral water တွေဆိုရင် ဘာ ရေသန့်စနစ်မှ မဖြတ်ထားပါဘူး၊ Source ကနေ တိုက်ရိုက် ပုလင်းထဲထည့်တာပါ။ သဘာဝရေကိုက သန့်စင်စရာမလိုအောင် ကောင်းမွန်နေလို့ပါ။  သဘာဝရေသန့်တွေကို စနစ်တကျ ဘယ်လိုခွဲခြားလဲဆိုတာ သိချင်ရင်တော့ ဒီ link မှာကြည့်နိုင်ပါတယ် < https://fb.watch/2XOcB3OyQT/


RO စနစ်အကြောင်း ဖတ်ချင်ရင်တော့ ဒီ link လေးက အထောက်အကူဖြစ်ပါမယ် < https://www.facebook.com/1285023978265758/posts/2828209523947188/?d=n >


အဲ့တော့ ရေကို ကျိုချက်သောက်တာ ကောင်းလားလို့မေးရင်.....


ရေထဲမှာ လူ့ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ chemical တွေ လွန်ကဲစွာ ပါဝင်မနေပဲ safe limit တစ်ခုအတွင်း ရှိနေရင် ပိုးသတ်ဖို့ရည်ရွယ်ချက်နဲ့ ကြိုချက်သောက်ရင်တော့ ဘာမှ ရောဂါဖြစ်စရာမရှိပါဘူး၊ အဆင်ပြေပါတယ်။ ဒါပင်မဲ့ ရေတစ်ခုထဲကိုပဲ ခဏခဏ ပြန်ကြန်ကျိုချက်တာမျိုး (Reboiling) လုပ်ရင်တော့ ရေငွေ့ပြန်ပြီး ရေပမာဏနည်းလာကာ ရေထဲက သတ္တုဓာတ်တွေရဲ့ concentration ကို ပိုများလာစေနိုင်လို့ သတိတော့ထားရပါမယ်။ ရေကို နေပူထဲထားတာကလဲ ရေက cancer ဖြစ်တာမဟုတ်ပါဘူး။ ရေဗူးက chemical တွေထွက်လာတတ်လို့ဖြစ်ပါတယ်။ 


အခြားသိလိုတာတွေလဲ လာမေးနိုင်ပါတယ်။ သိထားမှတ်ထားသလောက် share လုပ်ပေးပါမယ်။ ဒီစာက မည်သူတစ်ဦးတစ်ယောက်ကိုမှ ချိုးနှိမ်လိုစိတ်နဲ့ရေးသားခြင်းမဟုတ်ပါ၊ အမှားအချို့ကို အမှန်ပြင်ဆင်ပေးခြင်းသာဖြစ်ပါတယ်။ 


ကျေးဇူးတင်ပါတယ်။ 


Dr. Sai Aung Thant Zin 


M.B., B.S. (Ygn), WaterNFROx (TU Delft)


#waterlabbydrsai


(Zawgyi) 




 ဒီလို ဒြိဟျဖစ္စရာ topic ေတြကို မေရးခ်င္ပင္မဲ့ information အမွားေတြျပန္႔ေနတာေတြ႕ရတာတစ္ေၾကာင္း၊ messenger နဲ႔ေရာ ဖုန္းေတြနဲ႔ေရာ ဆက္သြယ္ၿပီး လာေမးၾကတဲ့သူေတြလဲ အေတာ္မ်ားလာတာေၾကာင့္ ေရးေပးပါမယ္။ ေရကို ေရေႏြးက်ိဳတဲ့ ကိစၥပါ။ ကၽြန္ေတာ္က ေရသန္႔ Engineering လုပ္ငန္းမွာ professional လုပ္ေနသူတစ္ဦးျဖစ္တဲ့ အတြက္ ကိုယ့္ knowledge ကို share ေပးျခင္းသာျဖစ္ပါတယ္၊ မည္သူတစ္ဦးတစ္ေယာက္ကိုမွ ထိခိုက္လိုတဲ့စိတ္နဲ႔ ေရးတာမဟုတ္ေၾကာင္းကို အရင္ဦးဆုံးေျပာပါရေစ...


1. ေရသန္႔ဗူးကို ေနပူထဲထားရင္ cancer ျဖစ္လား? ေရေႏြးက်ိဳရင္ cancer ျဖစ္လား?  


ေရကျဖစ္တာမဟုတ္ပါဘူး၊ ဗူးကျဖစ္တာပါ။ ဗူးပါထည့္က်ိဳရင္ေတာ့ ျဖစ္မွာပါ။ ဒီတိုင္းဆိုရင္ေတာ့ သုံးတဲ့ဗူးအမ်ိဳးအစား၊ ရွိေနတဲ့ ပတ္ဝန္းက်င္ အပူခ်ိန္ေပၚမူတည္ပါတယ္။ ေရကျဖစ္တာမဟုတ္ပါဘူး၊ ေရထည့္တဲ့ ဗူးက chemical ေတြ ေရထဲေပ်ာ္ဝင္လာတာပါ။ အေသးစိတ္ကို ဒီ link မွာ ဝင္ဖတ္ၾကည့္ပါ။ < https://www.facebook.com/1285023978265758/posts/2907308616037278/?d=n >


2. ေရသန္႔ျဖစ္ဖို့ chlorine ခပ္ရလား? 


Chlorine ဆိုတာ ပိုးသတ္စြမ္းရည္၊ ဓာတ္တိုးနိုင္မွု စြမ္းရည္ရွိတဲ့ chemical တစ္မ်ိဳးပါ။ ေရသန္႔စနစ္တိုင္းမွာ chlorine ကို မလိုအပ္ရင္ မသုံးပါဘူး၊ ေရသန္႔ စက္႐ုံေတြမွာလဲ လိုအပ္မွသာ အသုံးျပဳတာပါ။ ေရထဲကို စနစ္တက်လုပ္တဲ့ ဘယ္ေရသန္႔စက္႐ုံက ေရဗူးမွ free chlorine ေတြ အပါမခံပါဘူး။ ပါလို့လဲမရပါဘူး။ အဲ့ေတာ့ chlorine ကို ဘယ္ေနရာေတြမွာအဓိက သုံးလဲ? လူအမ်ားကို ေရပို့ေပးရတဲ့ ၿမိဳ့ျပေရေပးေဝေရး စီမံကိန္းေတြ၊ အမ်ားသုံးေရကူးကန္မ်ိဳးေတြ၊ အေရးေပၚ ေသာက္ေရလိုအပ္တဲ့ အေျခအေနမ်ိဳးေတြ စတာေတြမွာ ပိုက္လိုင္းတစ္ေလၽွာက္နဲ႔ ကန္ထဲမွာ ပိုးေပါက္ပြါးမွု မရွိေအာင္ ပိုးသတ္တဲ့အေနနဲ႔ free chlorine ကို dose အနည္းငယ္ထည့္ေပးၾကပါတယ္။ အဲ့အတြက္ အေျဖကေတာ့ ေရသန္႔ျဖစ္ဖို့ chlorine က အခ်ိဳ့အေျခအေနမွသာ လိုအပ္ပါတယ္။ 


3. Chlorine က အပူေပးရင္ chloroform ျဖစ္ၿပီး cancer ျဖစ္လား? 


အပူေပး႐ုံနဲ႔ chlorine ကေန chloroform မျဖစ္ပါဘူး။ Chlorine က ေရထဲမွာ ပါဝင္ေနတဲ့ organic compound အခ်ိဳ့နဲ႔ ဓာတ္ျပဳၿပီးမွ byproducts ေတြျဖစ္လာပါတယ္၊ အဲ့ထဲမွာ chloroform လဲအပါအဝင္ပါ၊ အျခားအမ်ိဳးအစားေတြအမ်ားႀကီးလဲရွိပါေသးတယ္။ အဲ့ disinfection byproducts ေတြထဲက အခ်ိဳ့က လူ႔က်န္းမာေရးကို ေရရွည္မွာ ထိခိုက္ေစၿပီး cancer ျဖစ္ေစတတ္တယ္လို့ ေလ့လာထားတဲ့ paper အခ်ိဳ့ရွိပါတယ္။ အဲ့အတြက္လဲ အခ်ိဳ့နိုင္ငံေတြက ၿမိဳ့ျပေရေပးေဝေရးစီမံကိန္းေတြမွာ chlorine အစား byproducts အထြက္နည္းတဲ့ chloramine (သို့) အျခား disinfection စနစ္မ်ိဳးေတြကို အသုံးျပဳေနၾကပါတယ္။ ဒါပင္မဲ့ သတ္မွတ္ထားတဲ့ dose နဲ႔တြက္ခ်က္ၿပီး ထည့္ထားတဲ့ chlorinated water ဆိုရင္ေတာ့ ပိုးေပါက္ပြါးမွု နဲ႔ chlorine disinfection byproducts ေၾကာင့္ က်န္းမာေရးထိခိုက္မွုကို risk နဲ႔ benefits ယွဥ္ၾကည့္ရင္ benefits ကပိုမ်ားတာေၾကာင့္ အခ်ိဳ့ေနရာေတြမွာလဲ ဆက္လက္ အသုံးျပဳေနၾကဆဲပါ။ ဒါပင္မဲ့ ေျပာခ်င္တာက chlorine ပါဝင္မွု အရမ္းနည္းတဲ့ (သို့) chlorine မပါဝင္တဲ့ ေရကို က်ိဳခ်က္ေသာက္တာက chloroform ကဲ့သို့ disinfection byproducts ေတြ ထြက္နိုင္ေျခ မရွိသေလာက္နည္းတာေၾကာင့္ ကင္ဆာမျဖစ္ေစနိုင္ပါဘူး။ Boiling လုပ္ျခင္းက chlorine ကိုေတာင္ ေလ်ာ့နည္းသြားေစပါေသးတယ္။


4. pH 7 ရွိမွ ေရသန္႔ျဖစ္မွာလား?


အဲ့ အေျဖကိုေတာ့ ဒီ link ထဲမွာ ဝင္ဖတ္ၾကည့္ေပးပါ။ < https://www.facebook.com/1285023978265758/posts/3108396389261832/?d=n >


5. Alkali နဲ႔ Alkaline ဆိုတာဘာလဲ? Alkaline water ကို ပိုသန္႔တာလား? 


Alkali ဆိုတာ noun form ပါ။ Alkaline ဆိုတာ Alkali ရဲ့ Adjective form ပါ။ Alkali ျဖစ္ၿပီးမွ Alkaline ျဖစ္တယ္ဆိုတာ ဘာမွကို မသက္ဆိုင္တာပါ။ အေခၚအေဝါနားမလည္လို့ အဲ့လိုထင္ၾကတာပါ။ ျမန္မာလိုေခၚဖို့ အနည္းငယ္ခက္ခဲပါတယ္။ ေရသန္႔ပညာအရကေတာ့ သင့္ေတာ္ေအာင္ဆို ေရထဲက Alkali ကို “အဖန္ဓာတ္ရွိေသာ သတၱဳ” / Alkaline ဆိုတာ “အဖန္ဓာတ္ပါဝင္ေသာ” အဲ့လိုျပန္ရမယ္ထင္ပါတယ္။ Alkaline water ဆိုတာဘာလဲ? က်န္းမာေရးအတြက္ တကယ္ အေထာက္အကူျဖစ္သလား? စတာေတြကို ဒီ link ထဲမွာ ဖတ္ေပးပါခင္ဗ်ာ။ < https://www.facebook.com/1285023978265758/posts/2904352269666246/?d=n >


6. ေရသန္႔အားလုံး Reverse Osmosis (RO) စနစ္နဲ႔ သန္႔စင္ရတာလား? 

လုံးဝ (လုံးဝ) မဟုတ္ပါဘူး။ ေရသန္႔စနစ္တစ္ခုလုပ္ဖို့ ေရၾကမ္း Raw Water Quality ကို အရင္စစ္ေဆးၾကည့္ရပါတယ္။ ၿပီးမွ သင့္ေတာ္တဲ့ စနစ္ထည့္တာပါ။ သဘာဝ 100% natural mineral water ေတြဆိုရင္ ဘာ ေရသန္႔စနစ္မွ မျဖတ္ထားပါဘူး၊ Source ကေန တိုက္ရိုက္ ပုလင္းထဲထည့္တာပါ။ သဘာဝေရကိုက သန္႔စင္စရာမလိုေအာင္ ေကာင္းမြန္ေနလို့ပါ။  သဘာဝေရသန္႔ေတြကို စနစ္တက် ဘယ္လိုခြဲျခားလဲဆိုတာ သိခ်င္ရင္ေတာ့ ဒီ link မွာၾကည့္နိုင္ပါတယ္ < https://fb.watch/2XOcB3OyQT/

RO စနစ္အေၾကာင္း ဖတ္ခ်င္ရင္ေတာ့ ဒီ link ေလးက အေထာက္အကူျဖစ္ပါမယ္ < https://www.facebook.com/1285023978265758/posts/2828209523947188/?d=n >


အဲ့ေတာ့ ေရကို က်ိဳခ်က္ေသာက္တာ ေကာင္းလားလို့ေမးရင္.....

ေရထဲမွာ လူ႔က်န္းမာေရးကို ထိခိုက္ေစနိုင္တဲ့ chemical ေတြ လြန္ကဲစြာ ပါဝင္မေနပဲ safe limit တစ္ခုအတြင္း ရွိေနရင္ ပိုးသတ္ဖို့ရည္ရြယ္ခ်က္နဲ႔ ႀကိဳခ်က္ေသာက္ရင္ေတာ့ ဘာမွ ေရာဂါျဖစ္စရာမရွိပါဘူး၊ အဆင္ေျပပါတယ္။ ဒါပင္မဲ့ ေရတစ္ခုထဲကိုပဲ ခဏခဏ ျပန္ၾကန္က်ိဳခ်က္တာမ်ိဳး (Reboiling) လုပ္ရင္ေတာ့ ေရေငြ႕ျပန္ၿပီး ေရပမာဏနည္းလာကာ ေရထဲက သတၱဳဓာတ္ေတြရဲ့ concentration ကို ပိုမ်ားလာေစနိုင္လို့ သတိေတာ့ထားရပါမယ္။ ေရကို ေနပူထဲထားတာကလဲ ေရက cancer ျဖစ္တာမဟုတ္ပါဘူး။ ေရဗူးက chemical ေတြထြက္လာတတ္လို့ျဖစ္ပါတယ္။ 


အျခားသိလိုတာေတြလဲ လာေမးနိုင္ပါတယ္။ သိထားမွတ္ထားသေလာက္ share လုပ္ေပးပါမယ္။ ဒီစာက မည္သူတစ္ဦးတစ္ေယာက္ကိုမွ ခ်ိဳးႏွိမ္လိုစိတ္နဲ႔ေရးသားျခင္းမဟုတ္ပါ၊ အမွားအခ်ိဳ့ကို အမွန္ျပင္ဆင္ေပးျခင္းသာျဖစ္ပါတယ္။ 


ေက်းဇူးတင္ပါတယ္။ 


Dr. Sai Aung Thant Zin 

M.B., B.S. (Ygn), WaterNFROx (TU Delft)

#waterlabbydrsai

No comments: