Saturday, January 9, 2021

လင်းလင်းရဲ့ မသေဆေး အယ်လ်ဘန်

လင်းလင်းရဲ့ မသေဆေး အယ်လ်ဘန်ကို မြည်းစမ်းကြည့်ခြင်း

-------------------




လင်းလင်းတယောက်အယ်လ်ဘန်အသစ်လုပ်နေတာ အတော့ကိုကြာနေပြီ။ စာနယ်ဇင်းတွေမှာရော သူ့ဖေ့စ်ဘွတ်အကောင့်မှာရော သူနေပြည်တော်ကိုသွားပြီး သီချင်းတွေအသံသွင်းတဲ့အကြောင်း၊ တီးဝိုင်း၊ အသံဖမ်းဖို့စက်တွေရော အကုန်အတူယူသွားပြီး စိမ်ပြေနယ်ဖြေ ဖန်တီးကြတာတဲ့။ ကောင်းတာပေါ့။ ဒီလိုလုပ်နိုင်တာ တကယ်ကောင်းတယ်။ နိုင်ငံတကာမှာလဲ လုပ်ကြတယ်။ တလောဆီကမှ သူ့အယ်လ်ဘန်ထွက်ဖို့ အဆင်သင့်ဖြစ်ကြောင်းသူသတင်းပို့ပေးတယ်။ အရင်အယ်လ်ဘန်တွေနဲ့ မတူပဲ တီးဝိုင်းအသစ် Burma Revolution Band (BRB) နဲ့တီးထားသလို Mixing & Mastering ကိုလဲ လင်းလင်းကိုယ်တိုလုပ်တာမို့ ဘယ်လိုအသံသစ်တွေသယ်ဆောင်လာမလဲဆိုတာ ခံစားချင်စိတ်က စောနေခဲ့တယ်။ 


ဒီလိုနဲ့ မသေဆေး အယ်လ်ဘန်ကို နားဆင်ခွင့်ရတယ်။ ကဲ နားထောင်ကြည့်လိုက်ရအောင်။ 


၁) မသေဆေး


အယ်လ်ဘန်နာမည်နဲ့ သီချင်းနဲ့စဖွင့်တယ်။ ကိုဗစ်-၁၉ ကာကွယ်ဆေးအကြောင်းပြောနေကြချိန်မှာ မသေဆေး နာမည်နဲ့သီချင်းကို နားထောင်ရတာက တိုက်ဆိုင်မှုသက်သက်ပါပဲ။ တယောသံနဲ့စဖွင့်တဲ့ အင်ထရိုဟာ ရိုးရှင်းပေမယ့် ဆန်းသစ်တယ်။ အင်ထရိုမှာပဲ (နားကြပ်နဲ့သေချာနားထောင်ကြည့်ရင်သိနိုင်တဲ့) အင်ထရိုလေးက စပီကာရဲ့ ဘယ်ဖက်ကနေကြားရလိုက် ညာဖက်ကနေကြားရလိုက်ဖြစ်အောင် လုပ်ထားတယ်။ ဒါမျိုးကို (ကွယ်လွန်သူ) ထူးအိမ်သင်လဲ အမေ့အိမ်သီချင်းမှာလုပ်ဖူးတယ်။ အင်ထရိုက ရထားသံက စပီကာ တဖက်ကနေ အခြားတဖက်ဆီကိုပြေးသွားတာ။ ရထားမောင်းသွားတဲ့ ဖီလင်ရစေတယ်။ 


Tempo အသွက်ပါပဲ။ လင်းလင်းအသံကလဲ သီချင်းအကြောင်းအရာနဲ့လိုက်ဖက်စွာ လန်းဆန်းတက်ကြွနေတယ်။ တီးဝိုင်းအသစ်ရယ် လင်းလင်းရယ်က လမိုင်းအတော်ကိုက်တာ။ သီချင်းဖွဲ့စည်းမှုကလဲ လင်းလင်းအတွက် အိမ်ကွင်းပါပဲ။ “တခါတလေမှာ ရင်ခုန်သံတွေကို တိုးတိုးတိတ်တိတ်မွေးဖွားလို့ပေးတယ် မသေဆေးတခွက်နဲ့ တို့ရဲ့ကမ္ဘာ“ တဲ့။ Post Chorus ကတော့ အတော်လေးကြီးကျယ်ခမ်းနားတယ်။ ပီယာနို၊ ကြိုးတပ်တူရိယာ၊ ဂစ်တာ၊ ဒရမ်၊ ဘေ့စ် အစုံအလင်တီးကြတာက သီချင်းရဲ့ အရည်အသွေးကို အတော်လေးမြှင့်တင်ပေးတယ်။ သူ့စိတ်ကူးထဲမှာရှိတဲ့ အနာဂါတ်က အဲဒီလိုကြီးကျယ်ခမ်းနားတဲ့အထာကိုး။ တီးဝိုင်းအသစ်နဲ့ဆိုပေမယ့် တေးရေးလဲဖြစ် တေးဆိုလဲဖြစ် ဂစ်တာလဲဝင်တီးလိုက်သေးတဲ့ လင်းလင်းဦးစီးတာမို့ အရင်တုန်းအသံများနဲ့ အရမ်းကြီးခွဲထွက်မသွားပဲ မူလ Idenity မပျက်သွားဘူး။ သီချင်းကောင်းသလို လင်းလင်းဟာ ကိုယ်ပိုင်အလံကို ဂုဏ်ယူစွာ လွှင့်ထူနိုင်ခဲ့တယ်။ 


၂) အလွမ်းဇာတ်


အချစ်သီချင်းအနှေးတပုဒ်ပါ။ အကူးစတစ်ဂစ်တာအခံပေါ်မှာ လွမ်းဆွေးစရာ Electric Guitar နဲ့ လွမ်းဆွေးတမ်းတတဲ့အဆိုက ပနံသင့်တယ်။ ရိုးရိုးအချစ်သီချင်း (အလွမ်းသီချင်း) ဆိုပေမယ့် ထူးဆန်းတာက Electric Guitar သံပဲ။ ပညာပြဖို့ထက် သီချင်းပိုကောင်းအောင် ပံ့ပိုးဖို့ပဲ စိတ်ရှိတာ။ သီချင်းက တောင်းဆိုတဲ့ဘောင်ထဲမှာ အကောင်းဆုံးလုပ်သွားတာ။ ဒါက အနုပညာမြောက်နည်းတမျိုးပဲ။ နုတ်စ်ရွေးချယ်မှုအပါအဝင်၊ သီချင်းနဲ့လိုက်ဖက်တဲ့ ဂစ်တာသံကိုအကောင်းဆုံးဖန်တီးသွားတယ်။ (ဂစ်တာသမား ဒေးဗစ်ရဲ့လက်ရာလို့ထင်ပါတယ်။) ဘလူးစ်ဂီတကို အတော်လေးကျေနပ်တဲ့ ဂစ်တာသမားလို့မှတ်ချက်ပြုပါရစေ။ အဆိုနဲ့ဂစ်တာအတွဲအစပ်က အတော့ကို အထာကျသမို့ လွမ်းဆွတ်မှုက အထွဋ်အထိပ်ရောက်စေခဲ့တယ်။ ပီယာနိုအသံရယ် ဂစ်တာသံတလှည့်စီပံ့ပိုးထားမှုက အတုယူဖွယ်ရာ။ 


ကြုံတုန်းပြောရရင် U2 တို့ရဲ့ ဂစ်တာသမားကြီး The Edge ကောင်းကြောင်းပြောတဲ့စာတပုဒ်ဖတ်ဖူးတယ်။ သူ့ရဲ့ဂုဏ်ပုဒ်တခုက ဘာလဲဆိုတော့ ဂစ်တာသမားဘဝတလျှောက်လုံးမှာ သီချင်းအတွက်မလိုအပ်ပဲနဲ့ နှုတ်စ်လေးတလုံးကိုတောင် အပိုမတီးခဲ့ပါဘူး လို့ ဆိုစမှတ်ရှိတယ်။ သီချင်းတပုဒ်ပိုကောင်းအောင်ပဲ စိတ်နှစ်ထားတဲ့ဂစ်တာသမား။ ဒီသီချင်းမှာလဲ ဂစ်တာသမားက အပိုအလိုမရှိတီးသွားတာ အတုယူဖို့ကောင်းတယ်။ 


၃) သဌေးပါတီ


အီလက်ထရစ်ဂစ်တာသံ ဦးဆောင်တဲ့သီချင်းတပုဒ်ပါပဲ။ သူရွံရှာတဲ့ ပါတီတခုအကြောင်းကို ရေးစပ်ထားပါတယ်။ ဒီပါတီမှာ သူမြင်သမျှကို အသေးစိပ်ရေးဖွဲ့ထားခြင်းဖြစ်ပါတယ်။ သီချင်းအဖွဲ့အစည်းအကြောင်းအရာကတော့ Descriptive Composition လို့ခေါ်တဲ့ မျက်စိထဲမြင်မြင်သမျှကို ပြန်ပြောပြထားတာပါ။ 


ခက်တာက သူက သူရောက်နေတဲ့ပါတီကို ကျကျနနကိုရွံရှာတာ။ ဂစ်တာ၊ ဒရမ်၊ ဘေ့စ်က အများကြီးလုပ်စရာမလိုဘူး။ အဆိုက အစအဆုံးသယ်သွားတာ။ ပုံပြင်တခုပြောသလို ပြောပြသွားတာ။ စက်ဆုတ်ရွံရှာမှုနဲ့ပြောနေရင်းကနေ ဒေါသထွက်လာတယ်။ ပိုပြီးစက်ဆုတ်လာသမို့ အရှိက အဆုံးသတ်နားမှာ အတော့ကိုပိုပြင်းထန်လာတယ်။ နောက်ထပ်ထူးခြားမှုတခုကတော့ လင်းလင်းရဲ့ စာသားဖွဲ့သီမှုပါပဲ။ အတော်လေးကျစ်လစ်တယ်။ စက်ဆုတ်ရွံရှာမှုတခုချင်းဆီက နားထောင်သူပါ သူနဲ့အတူ ရွံရှာမုန်းတီးလာနိုင်စွမ်းတယ်။ ဒါဟာ အနုပညာသမားတယောက်အတွက် အောင်မြင်မှုပါပဲ။ 


၄) ကြိုဆိုဆုတောင်း


ဒီလိုသံစဉ်က လင်းလင်းကို လင်းလင်းဖြစ်စေခဲ့တဲ့ သံစဉ်မျိုးပါ။ ချစ်စဖွယ် ကလေးတွေရဲ့ အသံတွေကို အကူးစတစ်ဂစ်တာသံနဲ့တွဲစပ်ပြီး ထွက်လာတဲ့ဒီသီချင်းဟာ သူ့ကလေး ၂ ယောက်အတွက် ရည်ညွန်းဟန်တူပါတယ်။ (ကလေးသံလေးတွေကလဲ သူ့ကလေးတွေရဲ့အသံဖြစ်မယ်လို့ ခန့်မှန်းမိပါတယ်)။ ရုတ်တရက်ဆို သဘောမတူတာက ကလေးအသံနဲ့အစပြုတဲ့သီချင်းကို ရုပ်နံ ဆိုတဲ့စာသားနဲ့စထွက်တာ။ Mid tempo နဲ့ဒီသီချင်းလေးက နားစွဲလွယ်တယ်။ မငိုနဲ့တိတ်တော့ ကလေးလေး မောနေမယ် ဆိုပြီး လူ့လောကထဲဝင်လာတဲ့ ကလေးလေးတွေကို လောက သဘာဝလေးတွေကို နည်းနည်းပြောပြပြီး ကြိုဆိုထားတာပါ။ ကလေးတွေရဲ့ အနာဂတ်အတွက် ဆုတောင်းပေးထားတာလေးက ချစ်စဖွယ်။ သီချင်းရဲ့ အဓိကအပိုင်းတွေပြီးတော့ အဆုံးသတ်မှာ နာမည်ကြီးကလေးသီချင်းဖြစ်တဲ့ you are my sunshine သီချင်းကို အကူးစတစ်လေးနဲ့ အဆုံးသတ်ပေးထားတာ နောက်မှာ ကလေးအသံတွေဆူညံနေတာ။ သားသမီးတွေအတွက်ရေးတဲ့သီချင်းက လင်းလင်းရေးတာ (ဆိုတာ) ကျွန်တော်အမှတ်မမှားရင် ဒါဟာ ပထမဆုံးပဲ။ အတော်လေးကောင်းတယ်။


၅) ဘဝကို “ကိုး” နဲ့ပေါင်းခြင်း


Lyrics Video အနေနဲ့ အမြည်းစမ်းနားထောင်ရတဲ့ ဆင်ဂယ်ဖြစ်ပါတယ်။ တခွေလုံးမှာ အားအရဆုံးသီချင်းဖြစ်ပြီး ကြယ် (၅) ပွင့်ပေးလို့ရတဲ့ သီချင်းဖြစ်ပါတယ်။ အင်ထရိုက ရိုးစင်းတယ်။ ဂစ်တာ၊ (အီလက်ထရစ် + အကူးစတစ်)၊ ဒရမ်၊ ဘေ့စ်ပေါ့။ အဆိုဝင်လာတော့ အသံက ထိုင်းမှိုင်းတယ်။ (intentional dullness)၊ စိတ်ညစ်၊ စိတ်ပျက်တဲ့မုဒ်အပြည့်။ အဲဒီ Expression။ စိတ်ဝင်စားစရာကောင်းတာက drum pattern ရယ်၊ ဘေ့စ်ရယ် အကူးစတစ်ဂစ်တာသံရယ်ကိုပဲ (အဆိုသံကိုဖျောက်ပြီး နားထောင်ကြည့်ရင်) စိုက်လိုက်မတ်တပ် ခရီးသွားနေတဲ့ ခံစားချက်မျိုးကိုရစေတယ်။ အားလုံးကြားဖူးတဲ့စကားအတိုင်းဆိုး ဘဝသံသရာ ရထားကြီးခုတ်မောင်းနေသလိုမျိုးကို အခြေခံထားတာ။ 


သီချင်းလေးက (မြန်မာပြည်ကအခေါ်) ခပ်သွက်သွက် Alter Rock ပုံစံနဲ့ရေးဖွဲ့ထားတဲ့ ဘဝကိုညည်းငွေ့စိတ်ကုန်ပြီး လွတ်မြောက်ချင်တဲ့အကြောင်းအရာပါပဲ။ 


Verses တွေမှာ ထိုင်းမှိုင်းလေးလံတဲ့အသံကနေပြီး  Chorus လဲရောက်ရောက် စိတ်ကစဉ့်ကလျားဖြစ်တဲ့ မုဒ်ချက်ချင်းပြောင်းသွားတယ်။ အဲဒါက အရမ်းအရေးကြီးတယ်။ သီချင်းရဲ့ အဓိက ခံစားချက်ကိုက အဲဒါကိုး။ စိတ်တွေလေးလံထိုင်းမှိုင်းပြီး တနေရာရာကို ဖြစ်ချင်ရာဖြစ် ပြေးထွက်လွတ်မြောက်ချင်တဲ့စိတ်ကို ဖော်ဆောင်ထားတးကိုး။ သရော်တဲ့စိတ်ကလဲ အတိုင်းသား လူသားများအဖြစ် တံဆိပ်ကပ်ထားကြတယ်တဲ့။ (သူ့ကြည့်ရတာ သဘောတူဟန်မတူ)။ ထို့အတူပဲ အနုပညာကိုဖွင့်ဆိုမှုမှာလဲ ခပ်ပါးပါးလေးသရော်ထားသေးတယ်။ 


သူ့ကြည့်ရတာ စိတ်တွေအတော်လေးပင်ပန်းနေဟန်တူတယ်။ ငါသီချင်းလေး တပုဒ်နဲ့ မေ့ချင်တယ် စာသားအဆုံးသတ်မှာ ဟန်ဆောင်တတ်တဲ့ ဆိုတဲ့စာသားအစချီလိုက်တဲ့အချိန်မှာ ဘဝဖြတ်သန်းရတာကြီးကို အတော်မောပန်းနေဟန်။ ဘုရားများဟောကြားခဲ့တဲ့ လွတ်မြောက်မှုတခုရချင်တယ် ဆိုတဲ့လင်းလင်းအသံက အတော့ကိုကြေကွဲပြီး ဆောက်တည်မရဖြစ်နေတာ။ 


သံပြိုင်အပုဒ်မှာဝင်လာတဲ့ အဆိုသံက Pitch မချောဘူး မငြိမ်ဘူးပြောလို့ရတယ်။ သူပေးချင်တဲ့အရသာက အစစ အရာရာပြီးပြည့်စုံတဲ့အရသာမဟုတ်ဘူး။ ကစဉ့်ကလျားဖြစ်ပြီး စိတ်ပျက်လက်ပျက်ဖြစ်တဲ့အရသာကိုပေးချင်တာ။ မြင်သာအောင် ဥပမာပြောရရင် မြန်မာရုပ်ရှင်ကားတွေထဲက တောသူမအသွင်အတွက် သနပ်ခါးလိမ်းတဲ့အခါမှာ လှချင်တဲ့မင်းသမီးတွေက အောက်မှာမိတ်ကပ်အထူကြီးလိမ်းပြီးမှ သနပ်ခါးလိမ်းတော့ လှတော့လှတယ်။ တောသူမ ရုပ်ကိုပုံဖော်နိုင်စွမ်းမရှိတော့သလိုမျိုးပေါ့။


အနုပညာဖန်တီးမှုအရ အတော့ကိုအားရတဲ့ သီချင်းတပုဒ်ပါပဲ။ 


မသေဆေး အယ်လ်ဘန်က လင်းလင်းက ကိုယ်ပိုင်အလံလွှင့်ထူပြီး နယ်မြေသစ်တခုကို ထပ်မံသိမ်းပိုက်နိုင်တဲ့အယ်လ်ဘန်တချပ်ဖြစ်တယ်။ ကိုယ်တိုင်က ရေးလဲရေး၊ ဆိုလဲဆို၊ တီးလဲတီးတာမို့ တီးဝိုင်းအသစ်ပြောင်းလိုက်ပေမယ့် ကိုယ်ပိုင်အမှတ်အသားတွေကို ဆက်လက်ထိန်းထားနိုင်တယ်။ ဒါပေမယ့် တပြိုင်နက်တည်းမှာ အရသာအသစ်ကိုလဲ ပေးနိုင်တယ်။ အဲဒီလို သမမျှတဖို့က အတော်ခက်ခဲတာ။ 


ဒါပါပဲ။ ကျွန်တော့အကြိုက်ဆုံး ၅ ပုဒ်ကိုရွေးထုတ်လိုက်တာပါ။ ခင်ဗျားအကြိုက်ဖြစ်တဲ့သီချင်းတွေရှိရင် ဘာကြောင့်ကြိုက်တယ်ဆိုလေး ပြောပြပေးစေချင်ပါတယ်။ 


ကိုဗစ်-၁၉ ကြီးနဲ့ နပန်းသတ်နေရချိန်မှာ မသေဆေး တခွက်တိုက်တဲ့အတွက် လင်းလင်းရယ် BRB ဝိုင်းသားတွေဖြစ်တဲ့ ဒေးဗစ်၊ အောင်သူ၊ ဒိုးဒီ၊ Cokey တို့အားလုံးကို ကျေးဇူးတင်တယ်။ မယုံမရှိနဲ့ ၂၀၂၀ ခုနှစ်ဟာ အရာရာစိတ်ညစ်စရာဆိုပေမယ့် အခုလို အယ်လ်ဘန်အမိုက်စားနားထောင်ခွင့်ရတာကတော့ ဘုရားပေးတဲ့ဆုပဲ။ 


Love, Peace & Rock n’ Roll, 

ကိုဝီ


ပုံခရက်ဒစ် - လင်းလင်းရဲ့ဖေ့စ်ဘွတ်


(Zawgyi) 

လင္းလင္းရဲ့ မေသေဆး အယ္လ္ဘန္ကို ျမည္းစမ္းၾကည့္ျခင္း

-------------------




လင္းလင္းတေယာက္အယ္လ္ဘန္အသစ္လုပ္ေနတာ အေတာ့ကိုၾကာေနၿပီ။ စာနယ္ဇင္းေတြမွာေရာ သူ႔ေဖ့စ္ဘြတ္အေကာင့္မွာေရာ သူေနျပည္ေတာ္ကိုသြားၿပီး သီခ်င္းေတြအသံသြင္းတဲ့အေၾကာင္း၊ တီးဝိုင္း၊ အသံဖမ္းဖို့စက္ေတြေရာ အကုန္အတူယူသြားၿပီး စိမ္ေျပနယ္ေျဖ ဖန္တီးၾကတာတဲ့။ ေကာင္းတာေပါ့။ ဒီလိုလုပ္နိုင္တာ တကယ္ေကာင္းတယ္။ နိုင္ငံတကာမွာလဲ လုပ္ၾကတယ္။ တေလာဆီကမွ သူ႔အယ္လ္ဘန္ထြက္ဖို့ အဆင္သင့္ျဖစ္ေၾကာင္းသူသတင္းပို့ေပးတယ္။ အရင္အယ္လ္ဘန္ေတြနဲ႔ မတူပဲ တီးဝိုင္းအသစ္ Burma Revolution Band (BRB) နဲ႔တီးထားသလို Mixing & Mastering ကိုလဲ လင္းလင္းကိုယ္တိုလုပ္တာမို့ ဘယ္လိုအသံသစ္ေတြသယ္ေဆာင္လာမလဲဆိုတာ ခံစားခ်င္စိတ္က ေစာေနခဲ့တယ္။ 


ဒီလိုနဲ႔ မေသေဆး အယ္လ္ဘန္ကို နားဆင္ခြင့္ရတယ္။ ကဲ နားေထာင္ၾကည့္လိုက္ရေအာင္။ 


၁) မေသေဆး


အယ္လ္ဘန္နာမည္နဲ႔ သီခ်င္းနဲ႔စဖြင့္တယ္။ ကိုဗစ္-၁၉ ကာကြယ္ေဆးအေၾကာင္းေျပာေနၾကခ်ိန္မွာ မေသေဆး နာမည္နဲ႔သီခ်င္းကို နားေထာင္ရတာက တိုက္ဆိုင္မွုသက္သက္ပါပဲ။ တေယာသံနဲ႔စဖြင့္တဲ့ အင္ထရိုဟာ ရိုးရွင္းေပမယ့္ ဆန္းသစ္တယ္။ အင္ထရိုမွာပဲ (နားၾကပ္နဲ႔ေသခ်ာနားေထာင္ၾကည့္ရင္သိနိုင္တဲ့) အင္ထရိုေလးက စပီကာရဲ့ ဘယ္ဖက္ကေနၾကားရလိုက္ ညာဖက္ကေနၾကားရလိုက္ျဖစ္ေအာင္ လုပ္ထားတယ္။ ဒါမ်ိဳးကို (ကြယ္လြန္သူ) ထူးအိမ္သင္လဲ အေမ့အိမ္သီခ်င္းမွာလုပ္ဖူးတယ္။ အင္ထရိုက ရထားသံက စပီကာ တဖက္ကေန အျခားတဖက္ဆီကိုေျပးသြားတာ။ ရထားေမာင္းသြားတဲ့ ဖီလင္ရေစတယ္။ 


Tempo အသြက္ပါပဲ။ လင္းလင္းအသံကလဲ သီခ်င္းအေၾကာင္းအရာနဲ႔လိုက္ဖက္စြာ လန္းဆန္းတက္ႂကြေနတယ္။ တီးဝိုင္းအသစ္ရယ္ လင္းလင္းရယ္က လမိုင္းအေတာ္ကိုက္တာ။ သီခ်င္းဖြဲ႕စည္းမွုကလဲ လင္းလင္းအတြက္ အိမ္ကြင္းပါပဲ။ “တခါတေလမွာ ရင္ခုန္သံေတြကို တိုးတိုးတိတ္တိတ္ေမြးဖြားလို့ေပးတယ္ မေသေဆးတခြက္နဲ႔ တို့ရဲ့ကမၻာ“ တဲ့။ Post Chorus ကေတာ့ အေတာ္ေလးႀကီးက်ယ္ခမ္းနားတယ္။ ပီယာနို၊ ႀကိဳးတပ္တူရိယာ၊ ဂစ္တာ၊ ဒရမ္၊ ေဘ့စ္ အစုံအလင္တီးၾကတာက သီခ်င္းရဲ့ အရည္အေသြးကို အေတာ္ေလးျမႇင့္တင္ေပးတယ္။ သူ႔စိတ္ကူးထဲမွာရွိတဲ့ အနာဂါတ္က အဲဒီလိုႀကီးက်ယ္ခမ္းနားတဲ့အထာကိုး။ တီးဝိုင္းအသစ္နဲ႔ဆိုေပမယ့္ ေတးေရးလဲျဖစ္ ေတးဆိုလဲျဖစ္ ဂစ္တာလဲဝင္တီးလိုက္ေသးတဲ့ လင္းလင္းဦးစီးတာမို့ အရင္တုန္းအသံမ်ားနဲ႔ အရမ္းႀကီးခြဲထြက္မသြားပဲ မူလ Idenity မပ်က္သြားဘူး။ သီခ်င္းေကာင္းသလို လင္းလင္းဟာ ကိုယ္ပိုင္အလံကို ဂုဏ္ယူစြာ လႊင့္ထူနိုင္ခဲ့တယ္။ 


၂) အလြမ္းဇာတ္


အခ်စ္သီခ်င္းအေႏွးတပုဒ္ပါ။ အကူးစတစ္ဂစ္တာအခံေပၚမွာ လြမ္းေဆြးစရာ Electric Guitar နဲ႔ လြမ္းေဆြးတမ္းတတဲ့အဆိုက ပနံသင့္တယ္။ ရိုးရိုးအခ်စ္သီခ်င္း (အလြမ္းသီခ်င္း) ဆိုေပမယ့္ ထူးဆန္းတာက Electric Guitar သံပဲ။ ပညာျပဖို့ထက္ သီခ်င္းပိုေကာင္းေအာင္ ပံ့ပိုးဖို့ပဲ စိတ္ရွိတာ။ သီခ်င္းက ေတာင္းဆိုတဲ့ေဘာင္ထဲမွာ အေကာင္းဆုံးလုပ္သြားတာ။ ဒါက အႏုပညာေျမာက္နည္းတမ်ိဳးပဲ။ ႏုတ္စ္ေရြးခ်ယ္မွုအပါအဝင္၊ သီခ်င္းနဲ႔လိုက္ဖက္တဲ့ ဂစ္တာသံကိုအေကာင္းဆုံးဖန္တီးသြားတယ္။ (ဂစ္တာသမား ေဒးဗစ္ရဲ့လက္ရာလို့ထင္ပါတယ္။) ဘလူးစ္ဂီတကို အေတာ္ေလးေက်နပ္တဲ့ ဂစ္တာသမားလို့မွတ္ခ်က္ျပဳပါရေစ။ အဆိုနဲ႔ဂစ္တာအတြဲအစပ္က အေတာ့ကို အထာက်သမို့ လြမ္းဆြတ္မွုက အထြဋ္အထိပ္ေရာက္ေစခဲ့တယ္။ ပီယာနိုအသံရယ္ ဂစ္တာသံတလွည့္စီပံ့ပိုးထားမွုက အတုယူဖြယ္ရာ။ 


ၾကဳံတုန္းေျပာရရင္ U2 တို့ရဲ့ ဂစ္တာသမားႀကီး The Edge ေကာင္းေၾကာင္းေျပာတဲ့စာတပုဒ္ဖတ္ဖူးတယ္။ သူ႔ရဲ့ဂုဏ္ပုဒ္တခုက ဘာလဲဆိုေတာ့ ဂစ္တာသမားဘဝတေလၽွာက္လုံးမွာ သီခ်င္းအတြက္မလိုအပ္ပဲနဲ႔ ႏွုတ္စ္ေလးတလုံးကိုေတာင္ အပိုမတီးခဲ့ပါဘူး လို့ ဆိုစမွတ္ရွိတယ္။ သီခ်င္းတပုဒ္ပိုေကာင္းေအာင္ပဲ စိတ္ႏွစ္ထားတဲ့ဂစ္တာသမား။ ဒီသီခ်င္းမွာလဲ ဂစ္တာသမားက အပိုအလိုမရွိတီးသြားတာ အတုယူဖို့ေကာင္းတယ္။ 


၃) သေဌးပါတီ


အီလက္ထရစ္ဂစ္တာသံ ဦးေဆာင္တဲ့သီခ်င္းတပုဒ္ပါပဲ။ သူရြံရွာတဲ့ ပါတီတခုအေၾကာင္းကို ေရးစပ္ထားပါတယ္။ ဒီပါတီမွာ သူျမင္သမၽွကို အေသးစိပ္ေရးဖြဲ႕ထားျခင္းျဖစ္ပါတယ္။ သီခ်င္းအဖြဲ႕အစည္းအေၾကာင္းအရာကေတာ့ Descriptive Composition လို့ေခၚတဲ့ မ်က္စိထဲျမင္ျမင္သမၽွကို ျပန္ေျပာျပထားတာပါ။ 


ခက္တာက သူက သူေရာက္ေနတဲ့ပါတီကို က်က်နနကိုရြံရွာတာ။ ဂစ္တာ၊ ဒရမ္၊ ေဘ့စ္က အမ်ားႀကီးလုပ္စရာမလိုဘူး။ အဆိုက အစအဆုံးသယ္သြားတာ။ ပုံျပင္တခုေျပာသလို ေျပာျပသြားတာ။ စက္ဆုတ္ရြံရွာမွုနဲ႔ေျပာေနရင္းကေန ေဒါသထြက္လာတယ္။ ပိုၿပီးစက္ဆုတ္လာသမို့ အရွိက အဆုံးသတ္နားမွာ အေတာ့ကိုပိုျပင္းထန္လာတယ္။ ေနာက္ထပ္ထူးျခားမွုတခုကေတာ့ လင္းလင္းရဲ့ စာသားဖြဲ႕သီမွုပါပဲ။ အေတာ္ေလးက်စ္လစ္တယ္။ စက္ဆုတ္ရြံရွာမွုတခုခ်င္းဆီက နားေထာင္သူပါ သူနဲ႔အတူ ရြံရွာမုန္းတီးလာနိုင္စြမ္းတယ္။ ဒါဟာ အႏုပညာသမားတေယာက္အတြက္ ေအာင္ျမင္မွုပါပဲ။ 


၄) ႀကိဳဆိုဆုေတာင္း


ဒီလိုသံစဥ္က လင္းလင္းကို လင္းလင္းျဖစ္ေစခဲ့တဲ့ သံစဥ္မ်ိဳးပါ။ ခ်စ္စဖြယ္ ကေလးေတြရဲ့ အသံေတြကို အကူးစတစ္ဂစ္တာသံနဲ႔တြဲစပ္ၿပီး ထြက္လာတဲ့ဒီသီခ်င္းဟာ သူ႔ကေလး ၂ ေယာက္အတြက္ ရည္ညြန္းဟန္တူပါတယ္။ (ကေလးသံေလးေတြကလဲ သူ႔ကေလးေတြရဲ့အသံျဖစ္မယ္လို့ ခန႔္မွန္းမိပါတယ္)။ ႐ုတ္တရက္ဆို သေဘာမတူတာက ကေလးအသံနဲ႔အစျပဳတဲ့သီခ်င္းကို ႐ုပ္နံ ဆိုတဲ့စာသားနဲ႔စထြက္တာ။ Mid tempo နဲ႔ဒီသီခ်င္းေလးက နားစြဲလြယ္တယ္။ မငိုနဲ႔တိတ္ေတာ့ ကေလးေလး ေမာေနမယ္ ဆိုၿပီး လူ႔ေလာကထဲဝင္လာတဲ့ ကေလးေလးေတြကို ေလာက သဘာဝေလးေတြကို နည္းနည္းေျပာျပၿပီး ႀကိဳဆိုထားတာပါ။ ကေလးေတြရဲ့ အနာဂတ္အတြက္ ဆုေတာင္းေပးထားတာေလးက ခ်စ္စဖြယ္။ သီခ်င္းရဲ့ အဓိကအပိုင္းေတြၿပီးေတာ့ အဆုံးသတ္မွာ နာမည္ႀကီးကေလးသီခ်င္းျဖစ္တဲ့ you are my sunshine သီခ်င္းကို အကူးစတစ္ေလးနဲ႔ အဆုံးသတ္ေပးထားတာ ေနာက္မွာ ကေလးအသံေတြဆူညံေနတာ။ သားသမီးေတြအတြက္ေရးတဲ့သီခ်င္းက လင္းလင္းေရးတာ (ဆိုတာ) ကၽြန္ေတာ္အမွတ္မမွားရင္ ဒါဟာ ပထမဆုံးပဲ။ အေတာ္ေလးေကာင္းတယ္။


၅) ဘဝကို “ကိုး” နဲ႔ေပါင္းျခင္း




Lyrics Video အေနနဲ႔ အျမည္းစမ္းနားေထာင္ရတဲ့ ဆင္ဂယ္ျဖစ္ပါတယ္။ တေခြလုံးမွာ အားအရဆုံးသီခ်င္းျဖစ္ၿပီး ၾကယ္ (၅) ပြင့္ေပးလို့ရတဲ့ သီခ်င္းျဖစ္ပါတယ္။ အင္ထရိုက ရိုးစင္းတယ္။ ဂစ္တာ၊ (အီလက္ထရစ္ + အကူးစတစ္)၊ ဒရမ္၊ ေဘ့စ္ေပါ့။ အဆိုဝင္လာေတာ့ အသံက ထိုင္းမွိုင္းတယ္။ (intentional dullness)၊ စိတ္ညစ္၊ စိတ္ပ်က္တဲ့မုဒ္အျပည့္။ အဲဒီ Expression။ စိတ္ဝင္စားစရာေကာင္းတာက drum pattern ရယ္၊ ေဘ့စ္ရယ္ အကူးစတစ္ဂစ္တာသံရယ္ကိုပဲ (အဆိုသံကိုေဖ်ာက္ၿပီး နားေထာင္ၾကည့္ရင္) စိုက္လိုက္မတ္တပ္ ခရီးသြားေနတဲ့ ခံစားခ်က္မ်ိဳးကိုရေစတယ္။ အားလုံးၾကားဖူးတဲ့စကားအတိုင္းဆိုး ဘဝသံသရာ ရထားႀကီးခုတ္ေမာင္းေနသလိုမ်ိဳးကို အေျခခံထားတာ။ 


သီခ်င္းေလးက (ျမန္မာျပည္ကအေခၚ) ခပ္သြက္သြက္ Alter Rock ပုံစံနဲ႔ေရးဖြဲ႕ထားတဲ့ ဘဝကိုညည္းေငြ႕စိတ္ကုန္ၿပီး လြတ္ေျမာက္ခ်င္တဲ့အေၾကာင္းအရာပါပဲ။ 


Verses ေတြမွာ ထိုင္းမွိုင္းေလးလံတဲ့အသံကေနၿပီး  Chorus လဲေရာက္ေရာက္ စိတ္ကစဉ့္ကလ်ားျဖစ္တဲ့ မုဒ္ခ်က္ခ်င္းေျပာင္းသြားတယ္။ အဲဒါက အရမ္းအေရးႀကီးတယ္။ သီခ်င္းရဲ့ အဓိက ခံစားခ်က္ကိုက အဲဒါကိုး။ စိတ္ေတြေလးလံထိုင္းမွိုင္းၿပီး တေနရာရာကို ျဖစ္ခ်င္ရာျဖစ္ ေျပးထြက္လြတ္ေျမာက္ခ်င္တဲ့စိတ္ကို ေဖာ္ေဆာင္ထားတးကိုး။ သေရာ္တဲ့စိတ္ကလဲ အတိုင္းသား လူသားမ်ားအျဖစ္ တံဆိပ္ကပ္ထားၾကတယ္တဲ့။ (သူ႔ၾကည့္ရတာ သေဘာတူဟန္မတူ)။ ထို့အတူပဲ အႏုပညာကိုဖြင့္ဆိုမွုမွာလဲ ခပ္ပါးပါးေလးသေရာ္ထားေသးတယ္။ 


သူ႔ၾကည့္ရတာ စိတ္ေတြအေတာ္ေလးပင္ပန္းေနဟန္တူတယ္။ ငါသီခ်င္းေလး တပုဒ္နဲ႔ ေမ့ခ်င္တယ္ စာသားအဆုံးသတ္မွာ ဟန္ေဆာင္တတ္တဲ့ ဆိုတဲ့စာသားအစခ်ီလိုက္တဲ့အခ်ိန္မွာ ဘဝျဖတ္သန္းရတာႀကီးကို အေတာ္ေမာပန္းေနဟန္။ ဘုရားမ်ားေဟာၾကားခဲ့တဲ့ လြတ္ေျမာက္မွုတခုရခ်င္တယ္ ဆိုတဲ့လင္းလင္းအသံက အေတာ့ကိုေၾကကြဲၿပီး ေဆာက္တည္မရျဖစ္ေနတာ။ 


သံၿပိဳင္အပုဒ္မွာဝင္လာတဲ့ အဆိုသံက Pitch မေခ်ာဘူး မၿငိမ္ဘူးေျပာလို့ရတယ္။ သူေပးခ်င္တဲ့အရသာက အစစ အရာရာၿပီးျပည့္စုံတဲ့အရသာမဟုတ္ဘူး။ ကစဉ့္ကလ်ားျဖစ္ၿပီး စိတ္ပ်က္လက္ပ်က္ျဖစ္တဲ့အရသာကိုေပးခ်င္တာ။ ျမင္သာေအာင္ ဥပမာေျပာရရင္ ျမန္မာ႐ုပ္ရွင္ကားေတြထဲက ေတာသူမအသြင္အတြက္ သနပ္ခါးလိမ္းတဲ့အခါမွာ လွခ်င္တဲ့မင္းသမီးေတြက ေအာက္မွာမိတ္ကပ္အထူႀကီးလိမ္းၿပီးမွ သနပ္ခါးလိမ္းေတာ့ လွေတာ့လွတယ္။ ေတာသူမ ႐ုပ္ကိုပုံေဖာ္နိုင္စြမ္းမရွိေတာ့သလိုမ်ိဳးေပါ့။


အႏုပညာဖန္တီးမွုအရ အေတာ့ကိုအားရတဲ့ သီခ်င္းတပုဒ္ပါပဲ။ 


မေသေဆး အယ္လ္ဘန္က လင္းလင္းက ကိုယ္ပိုင္အလံလႊင့္ထူၿပီး နယ္ေျမသစ္တခုကို ထပ္မံသိမ္းပိုက္နိုင္တဲ့အယ္လ္ဘန္တခ်ပ္ျဖစ္တယ္။ ကိုယ္တိုင္က ေရးလဲေရး၊ ဆိုလဲဆို၊ တီးလဲတီးတာမို့ တီးဝိုင္းအသစ္ေျပာင္းလိုက္ေပမယ့္ ကိုယ္ပိုင္အမွတ္အသားေတြကို ဆက္လက္ထိန္းထားနိုင္တယ္။ ဒါေပမယ့္ တၿပိဳင္နက္တည္းမွာ အရသာအသစ္ကိုလဲ ေပးနိုင္တယ္။ အဲဒီလို သမမၽွတဖို့က အေတာ္ခက္ခဲတာ။ 


ဒါပါပဲ။ ကၽြန္ေတာ့အႀကိဳက္ဆုံး ၅ ပုဒ္ကိုေရြးထုတ္လိုက္တာပါ။ ခင္ဗ်ားအႀကိဳက္ျဖစ္တဲ့သီခ်င္းေတြရွိရင္ ဘာေၾကာင့္ႀကိဳက္တယ္ဆိုေလး ေျပာျပေပးေစခ်င္ပါတယ္။ 


ကိုဗစ္-၁၉ ႀကီးနဲ႔ နပန္းသတ္ေနရခ်ိန္မွာ မေသေဆး တခြက္တိုက္တဲ့အတြက္ လင္းလင္းရယ္ BRB ဝိုင္းသားေတြျဖစ္တဲ့ ေဒးဗစ္၊ ေအာင္သူ၊ ဒိုးဒီ၊ Cokey တို့အားလုံးကို ေက်းဇူးတင္တယ္။ မယုံမရွိနဲ႔ ၂၀၂၀ ခုႏွစ္ဟာ အရာရာစိတ္ညစ္စရာဆိုေပမယ့္ အခုလို အယ္လ္ဘန္အမိုက္စားနားေထာင္ခြင့္ရတာကေတာ့ ဘုရားေပးတဲ့ဆုပဲ။ 


Love, Peace & Rock n’ Roll, 

ကိုဝီ


ပုံခရက္ဒစ္ - လင္းလင္းရဲ့ေဖ့စ္ဘြတ္

No comments: