Tuesday, January 12, 2021

မျက်ရစ်ဖော် ခွဲစိတ်ခြင်း အကြောင်း

မျက်ရစ်ဖော် ခွဲစိတ်ခြင်း အကြောင်း





၁။ မျက်ရစ်ဖော် ခွဲစိတ်မှူရဲ့ သမိုင်းကြောင်း။ 




မျက်ရစ်ဖော် ခွဲစိတ်မှူကို ၁၈၉၆ ခုနှစ်မှာ ဂျပန်နိုင်ငံက ခွဲစိတ်ဆရာဝန် Dr. Mikamo က Suture Technique နဲ့ ပထမဆုံး စတင်ပြုလုဎ်ခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်း Incision Technique ဆိုပြီး Technique အသစ်ကို ဂျပန်နိုင်ငံက Dr. Maruo က ၁၉၂၉ ခုနှစ်မှာ စတင်ပြုလုဎ်ခဲ့ပါတယ်။ အဲ့ဒီနောက် Multiple suture technique, DST, dots technique နှင့် တခြားနည်းစနစ်တွေကိုပါ စတင်တီထွင် အသုံးပြုလာပါတယ်။ ယနေ့ဆိုရင် မျက်ရစ်ဖော် ခွဲစိတ်မှူဟာ အာရှနိုင်ငံတွေမှာ အလွန်ခေတ်စားလာပါပြီး Technique အမျိုးမျိုးအသုံးပြုကာ မျက်ရစ်ဖော် ခွဲစိတ်မှုကို ပြုလုဎ်လျက် ရှိနေပါပြီ။ 




၂။ မျက်ရစ်ဖော်ရခြင်းရဲ့ ရည်ရွယ်ချက်။ 




မျက်ရစ်ဖော်ရတဲ့ ရည်ရွယ်ချက် ၂ ချက်ရှိပါတယ်။ ပထမ ရည်ရွယ်ချက်ကတော့ မျက်ရစ်ရှိတာကိုေေေကျေန်ပလို့၊ မျက်ရစ်ပေါ်ချင်လို့ ပိုလှချင်တဲ့ ရည်ရွယ်ချက် (Cosmetic purpose) ဖြစ်ပါတယ်။ လူငယ်တွေ တော်တော်များများကတော့ Cosmetic purpose နဲ့ဖော်ကြပါတယ်။ ဒုတိယ ရည်ရွယ်ချက်ကတော့ မျက်ခွံတွဲကျပြီး မျက်စိအထိဖုံးပြီး မတွဲကျလာအောင် (Preventive purpose) ဆိုပြီး အသက် ကြီးတဲ့လူတွေ ဖော်ကြပါတယ်။ တချို့သော မွေးရာပါ မျက်ရစ်မညီတဲ့လူတွေလည်း မျက်ရစ်ဖော်ကြပါတယ်။ 




၃။ မျက်ရစ်ကိုဘယ်လိုဖော်လဲ။




မျက်ရစ်ဖော်နည်းတွေ အများကြီးရှိပါတယ်။ ဘယ် Technique ဖြစ်ဖြစ် အလွယ်တကူနားလည်အောင် ပြောရရင်တော့ မျက်စိအပိတ်အဖွင့်လုဎ်တဲ့ကြွက်သားအလွှာ (Levator Aponeurosis) နဲ့ အရေပြားအတွင်းလွှာ (Dermis) ကို အပ်ခြည်နဲ့သေချာခြည်ခြင်းဖြင့် မျက်ရစ်ဖော်လာပါတယ်။ အများအားဖြင့် ထုံဆေးသာ သုံးပေမဲ့ တချို့ဆရာဝန်အနည်းစုကတော့  ထုံးဆေးရော Sedation ခေါ် အိပ်ဆေးပါသုံးကြပါတယ်။ ကြာချိန်ကတော့ မိနစ်၃၀ ကနေ ၄၅မိနစ် အထိကြာနိုင်ပါတယ်။ 




၄။ မျက်ရစ်ဖော်တာက အကြီးစား ခွဲစိတ်မှုလား၊ အသေးစား ခွဲစိတ်မှုလား။ 




မျက်ရစ်ဖော် ခွဲစိတ်မှုဟာ (minor surgery) အသေးစားခွဲစိတ်မှု တခုဖြစ်ပြီး ခွဲစိတ်မှုကို သန့်ရှင်းပြီး ပိုးသတ်ထားတဲ့ ခွဲစိတ်ခန်းလေး ထဲမှာလုဎ်လေ့ ရှိပါတယ်။ တချို့ကတော့ ခွဲစိတ်ခန်း အကြီးစားတွင် ခွဲစိတ်ကြပါတယ်။ 




၅။ မျက်ရစ်ဖော် ခွဲစိတ်နေတုန်းမှာ နာလား။


ထုံးဆေး ထိုးတဲ့ အခိုက် ၁ ချက်သာ အနည်းငယ် နာကျင်တတ်ပေမယ့် တခြားအချိန်တွေကတော့ လုံးဝမနာပါဘူး။




၆။ မျက်ရစ်ဖော်တာနဲ့ပတ်သက်ပြီး ဘာတွေစိုးရိမ်စရာ ဘေးထွက်ဆိုးကျိုးတွေရှိလဲ။  




မျက်ရစ်ဖော်တာက အသေးစားခွဲစိတ် မှူလေးဖြစ်ပြီး ဘေးထွက်ဆိုးကျိုးလည်းနည်းပါတယ်။ သို့သော်လည်း မည်သည့်ခွဲစိတ်မှူမဆို  ဘေးထွက်ဆိုးကျိုး ရှိပါတယ်။ 




(က) မျက်ရစ်ဖော်ပြီးခါစ ၂၄ နာရီ အတွင်း အနည်းငယ် နာကျင်ကိုက်ခဲတတ်ပါတယ်။ 




(ခ) မျက်ရစ်ဖော်ပြီး ၃ ရက် အတွင်း မျက်စိပတ်ဝန်းကျင်မှာ ရောင်နေတတ်ပါတယ်။ 




(ဂ) တချို့သောသူများတွင် မျက်စိပတ်ဝန်းကျင်မှာ အနီရောင်၊ ပန်းရောင် အကွက်များ ပေါ်နေတတ်ပြီး ၁ ပတ်လောက်နေမှ အားလုံးပျောက်သွားတတ်ပါတယ်။  




(ဃ) တချို့သောသူများတွင် မျက်ရေများ ခဏခဏ ကျတတ်ပါတယ်။ 




(င) တချို့သောသူများတွင် ကာလတို (၁ ပတ်မှ ၁၀ ရက်ခန့်) အမြင်အာရုံ ဝါးပြီးအားနည်းသလိုခံစားရတတ်ပါတယ်။ 




(စ) တချို့သောသူများတွင် မျက်ရစ်ဖော်ပြီး ၁ လခန့်အထိ မျက်စိဖွင့်စဉ် အရှေ့တည့်တည့် နှင့် အပေါ်ကြည့်ပါက တင်းကျပ်နေသော ခံစားချက်ြဖြစ်နေတတ်ပါတယ်။




(ဆ) ဘယ်ဘက်မျက်ရစ် နှင့် ညာဘက်မျက်ရစ် မညီဖြစ်ခြင်း။ 




(ဇ) ပိုးဝင်ကာ အမာရွတ် ကျန်ခြင်း (အလွန်ရှားပါသည်)။




၇။ မျက်ရစ်ဖော်ခွဲစိတ်မှူ ခံယူပြီး လိုက်နာသိရှိထားရမည့် အချက်များ




(က) မျက်ရစ်ဖော်ပြီး ၂၄ နာရီးအတွင်း ရေခဲကပ်ပေးပါ။ ၁နာရီ ၁ကြိမ်ကပ်ပါ။ ၁ ကြိမ်ကပ်ပါက ၁၅ မိနစ်ခန့် ကပ်ပါ။ ရေခဲထုပ်ဖြင့် ချုပ်ရိုးပေါ်သို့ တိုက်ရိုက် မကပ်ရ။ ပိုးသတ်ထားပြီး သန့်ရှင်းသော အဝတ် အား ချုပ်ရိုးပေါ်တွင်ခံပြီးမှ ရေခဲ ကပ်ရပါမည်။




(ခ) မျက်ရစ်ဖော်ပြီး ၂၄ နာရီအတွင်း ခန်နာကိုယ် လှုပ်ရှားမှူအား တတ်နိုင်သမျှ မလုဎ်ရ။ ထိုင်ခုံး သို့မဟုတ် ကုတင်ပေါ်တွင် အနားယူပါ။




(ဂ) မျက်ရစ်ဖော်ပြီး ၂၄ နာရီကျော်ပါက ရေချိုးနိုင်ပါသည်။ သို့သော် ရေချိုးပြီးပါက မျက်နှာအား တတ်နိုင်ပါက ရေကြာကြာမထိပါနှင့်။ 




(ဃ) မျက်ရစ်ဖော်ပြီး ၃ ရက် အထိ အိပ်နေစဉ် ဦးခေါင်းအား အမြင့်နေရာတွင် ထားပါ။ ညအိပ်စဉ်အတွင်း ခေါင်းအုန်း ၂ လုံး ပေါ်တွင် ဦးခေါင်းတင်၍ အိပ်ပါ။ 




(င) အနာမကျပ်ခင် ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်း၊ ညော်နံ့ ရှူ ခြင်း၊ ဖုံ၊သဲ၊ အမှိုက် ဝင်ခြင်း စသည် တို့မှ ရှောင်ကျင်ပါ။ 




(စ) ချုပ်ရိုးမဖြည်ခင် ၇ ရက်အတွင်း မနက် ၁ ကြိမ်၊ ည ၁ ကြိမ် Hydrogen peroxide solution ကို ပေါင်းတင်ထားသော ဂွန်း ဖြင့် စိမ်၍ ချုပ်ရိုးနေရာအား ဆေးကြောပါ။ ဆေးကြောပြီးပါက ချုပ်ရိုးနေရာအား Anti-biotic ointment လိမ်းရပါမည်။ မျက်နှာသစ်လျှင် တတ်နိုင်ပါက မျက်ခွံအား ရေမထိစေရန် သတိထားပြီး သစ်ပါ (သို့) မျက်နှာသုပ်ပုဝါ (snow towel) ဖြင့် မျက်ခွံရှိ ချုပ်ရိုးအား ရှောင်ပြီး မျက်နှာသစ်ပါ။ 




(ဆ) ချုပ်ရိုးမဖြည်ခင် အပြင်ထွက်ရမည်ဆိုပါက နေကာမျက်မှန် တပ်ပြီးမှ ထွက်ပါ။




(ဇ) ၇ ရက်မြောက်နေ့တွင် ချုပ်ရိုးဖြည်ပါမည်။ သို့သော် မျက်ရစ်ဖော်ပြီး ၂ ပတ်အတွင်း မျက်ကပ်မှန်၊ Eye liner နှင့် Eye make-up မလိမ်းပါနှင့်။ ဆရာဝန်မှ ခွင့်ပြုချက် ရမှသာ Eye liner နှင့် Eye make-up များ စပြီး ပြန်လိမ်းချယ် သင့်ပါသည်။ 




(ဈ) လူတဦးနှင့်တဦး၏ အနာကျပ်အားကောင်းမှူပေါ်တွင် မူတည်ပြီး ကွဲပြားမှူရှိတတ်ပါသည်။ တချို့သောသူများသည် မျက်ရစ်ဖော်ပြီး ၃ ရက်၊ ၄ ရက် အထိ မျက်စိဝန်းကျင်တွင် အနီရောင် သို့မဟုတ် ပန်းနုရောင် အကွက်ကြီးငယ်များ ပေါ်လေ့ရှိပါသည်။ ဤသည်မှာ ပုံမှန်ဖြစ်ပါသည်။




(ည) ချုပ်ရိုးမဖြည်ခင် ခွဲကြောင်းနေရာအား လက်ဖြင့်ထိခြင်း၊ ချုပ်ရိုးအားဖြဲကြည့်ခြင်း၊ ချုပ်ရိုးပေါ်တွင် တိုင်းရင်းဆေးလူးခြင်း လုံးဝမလုပ်ရ။




(ဋ) အကာင်းဆုံး ရလဒ် Final result သည် ၂ ပတ် မှ ၁ လကျော် ခန့်မှ စတင်သိရှိနိုင်ပေလိမ့်မည်။ တချို့သော အနာကျက် နှေးသူများမှာတော့ ၆ လ အထိ ကြာတတ်ပါတယ်။ 




၈။ မျက်ရစ်ဖော်ပြီး ဘယ်လောက်ကြာကြာခံသလဲ။ 




မျက်ရစ်ဖော်တဲ့ Technique ပေါ်မှာမူတည်ပါတယ်။ Suture Technique ဆိုရင်တော့ ၁ နှစ် ကနေ ၂ နှစ်၊ တခါတလေ ၅ နှစ်ကြော်အထိ ခံတတ်ပါတယ်။ 




Incision Technique ဆိုရင်တော့ ၁၅ နှစ်ကြော် (အမြဲ) ခံပါတယ်။ လူနာရဲ့ အသက်၊ အရေပြားအထူအပါး၊ အရေပြား တင်းရင်းမှူ၊ မျက်ခွံအတွင်းရှိတဲ့အဆီ ပမာဏ စတဲ့ အချက်အလက်တွေပေါ်မှာလည်း မူတည်ပါတယ်။ 




ကျနော်ရဲ့ ဆေးရုံး၊ဆေးခန်း အတွေ့အကြုံများနှင့် အောက်ဖော်ပြပါ စာပေများမှ ကိုးကားပြီးရေးသားထားခြင်း ဖြစ်ပါတယ်။ 




References: 


1. ASIAN FACIAL COSMETIC SURGERY by Dr. Jung I. Park, MD, Ph.D, FACS 


2. Upper Blepharoplasty in the Asian Eyelid by David W.Kim, Amol M.Bhatki 


3. Classification of Blepharoplasty by G. Ginsbach


4. Aesthetic Surgery of Oriental Eyelids by Masashige Furukawa


5. Updates on upper eyelid blepharoplasty by Katsuri Bhattacharjee 




DR. KYI CHAN KO


M.B.,B.S (UMM, Mandalay),


Ph.D (TMDU, Tokyo, Japan),


Member of Japanese Society of Aesthetic Surgery


===========================


(Zawgyi) 

မ်က္ရစ္ေဖာ္ ခြဲစိတ္ျခင္း အေၾကာင္း




၁။ မ်က္ရစ္ေဖာ္ ခြဲစိတ္မႉရဲ့ သမိုင္းေၾကာင္း။ 


မ်က္ရစ္ေဖာ္ ခြဲစိတ္မႉကို ၁၈၉၆ ခုႏွစ္မွာ ဂ်ပန္ႏိုင္ငံက ခြဲစိတ္ဆရာဝန္ Dr. Mikamo က Suture Technique နဲ႕ ပထမဆုံး စတင္ျပဳလုဎ္ခဲ့ပါတယ္။ အဲ့ဒီေနာက္ပိုင္း Incision Technique ဆိုျပီး Technique အသစ္ကို ဂ်ပန္ႏိုင္ငံက Dr. Maruo က ၁၉၂၉ ခုႏွစ္မွာ စတင္ျပဳလုဎ္ခဲ့ပါတယ္။ အဲ့ဒီေနာက္ Multiple suture technique, DST, dots technique ႏွင့္ တျခားနည္းစနစ္ေတြကိုပါ စတင္တီထြင္ အသုံးျပဳလာပါတယ္။ ယေန႕ဆိုရင္ မ်က္ရစ္ေဖာ္ ခြဲစိတ္မႉဟာ အာရွႏိုင္ငံေတြမွာ အလြန္ေခတ္စားလာပါျပီး Technique အမ်ိဳးမ်ိဳးအသုံးျပဳကာ မ်က္ရစ္ေဖာ္ ခြဲစိတ္မႈကို ျပဳလုဎ္လ်က္ ရွိေနပါျပီ။ 


၂။ မ်က္ရစ္ေဖာ္ရျခင္းရဲ့ ရည္ရြယ္ခ်က္။ 


မ်က္ရစ္ေဖာ္ရတဲ့ ရည္ရြယ္ခ်က္ ၂ ခ်က္ရွိပါတယ္။ ပထမ ရည္ရြယ္ခ်က္ကေတာ့ မ်က္ရစ္ရွိတာကိုေေေေက်န္ပလို႕၊ မ်က္ရစ္ေပၚခ်င္လို႕ ပိုလွခ်င္တဲ့ ရည္ရြယ္ခ်က္ (Cosmetic purpose) ျဖစ္ပါတယ္။ လူငယ္ေတြ ေတာ္ေတာ္မ်ားမ်ားကေတာ့ Cosmetic purpose နဲ႕ေဖာ္ၾကပါတယ္။ ဒုတိယ ရည္ရြယ္ခ်က္ကေတာ့ မ်က္ခြံတြဲက်ျပီး မ်က္စိအထိဖုံးျပီး မတြဲက်လာေအာင္ (Preventive purpose) ဆိုျပီး အသက္ ၾကီးတဲ့လူေတြ ေဖာ္ၾကပါတယ္။ တခ်ိဳ႕ေသာ ေမြးရာပါ မ်က္ရစ္မညီတဲ့လူေတြလည္း မ်က္ရစ္ေဖာ္ၾကပါတယ္။ 


၃။ မ်က္ရစ္ကိုဘယ္လိုေဖာ္လဲ။


မ်က္ရစ္ေဖာ္နည္းေတြ အမ်ားၾကီးရွိပါတယ္။ ဘယ္ Technique ျဖစ္ျဖစ္ အလြယ္တကူနားလည္ေအာင္ ေျပာရရင္ေတာ့ မ်က္စိအပိတ္အဖြင့္လုဎ္တဲ့ႂကြက္သားအလႊာ (Levator Aponeurosis) နဲ႕ အေရျပားအတြင္းလႊာ (Dermis) ကို အပ္ျခည္နဲ႕ေသခ်ာျခည္ျခင္းျဖင့္ မ်က္ရစ္ေဖာ္လာပါတယ္။ အမ်ားအားျဖင့္ ထုံေဆးသာ သုံးေပမဲ့ တခ်ိဳ႕ဆရာဝန္အနည္းစုကေတာ့  ထုံးေဆးေရာ Sedation ေခၚ အိပ္ေဆးပါသုံးၾကပါတယ္။ ၾကာခ်ိန္ကေတာ့ မိနစ္၃၀ ကေန ၄၅မိနစ္ အထိၾကာႏိုင္ပါတယ္။ 


၄။ မ်က္ရစ္ေဖာ္တာက အၾကီးစား ခြဲစိတ္မႈလား၊ အေသးစား ခြဲစိတ္မႈလား။ 


မ်က္ရစ္ေဖာ္ ခြဲစိတ္မႈဟာ (minor surgery) အေသးစားခြဲစိတ္မႈ တခုျဖစ္ျပီး ခြဲစိတ္မႈကို သန္႕ရွင္းျပီး ပိုးသတ္ထားတဲ့ ခြဲစိတ္ခန္းေလး ထဲမွာလုဎ္ေလ့ ရွိပါတယ္။ တခ်ိဳ႕ကေတာ့ ခြဲစိတ္ခန္း အၾကီးစားတြင္ ခြဲစိတ္ၾကပါတယ္။ 


၅။ မ်က္ရစ္ေဖာ္ ခြဲစိတ္ေနတုန္းမွာ နာလား။

ထုံးေဆး ထိုးတဲ့ အခိုက္ ၁ ခ်က္သာ အနည္းငယ္ နာက်င္တတ္ေပမယ့္ တျခားအခ်ိန္ေတြကေတာ့ လုံးဝမနာပါဘူး။


၆။ မ်က္ရစ္ေဖာ္တာနဲ႕ပတ္သက္ျပီး ဘာေတြစိုးရိမ္စရာ ေဘးထြက္ဆိုးက်ိဳးေတြရွိလဲ။  


မ်က္ရစ္ေဖာ္တာက အေသးစားခြဲစိတ္ မႉေလးျဖစ္ျပီး ေဘးထြက္ဆိုးက်ိဳးလည္းနည္းပါတယ္။ သို႕ေသာ္လည္း မည္သည့္ခြဲစိတ္မႉမဆို  ေဘးထြက္ဆိုးက်ိဳး ရွိပါတယ္။ 


(က) မ်က္ရစ္ေဖာ္ျပီးခါစ ၂၄ နာရီ အတြင္း အနည္းငယ္ နာက်င္ကိုက္ခဲတတ္ပါတယ္။ 


(ခ) မ်က္ရစ္ေဖာ္ျပီး ၃ ရက္ အတြင္း မ်က္စိပတ္ဝန္းက်င္မွာ ေရာင္ေနတတ္ပါတယ္။ 


(ဂ) တခ်ိဳ႕ေသာသူမ်ားတြင္ မ်က္စိပတ္ဝန္းက်င္မွာ အနီေရာင္၊ ပန္းေရာင္ အကြက္မ်ား ေပၚေနတတ္ျပီး ၁ ပတ္ေလာက္ေနမွ အားလုံးေပ်ာက္သြားတတ္ပါတယ္။  


(ဃ) တခ်ိဳ႕ေသာသူမ်ားတြင္ မ်က္ေရမ်ား ခဏခဏ က်တတ္ပါတယ္။ 


(င) တခ်ိဳ႕ေသာသူမ်ားတြင္ ကာလတို (၁ ပတ္မွ ၁၀ ရက္ခန္႕) အျမင္အာရုံ ဝါးျပီးအားနည္းသလိုခံစားရတတ္ပါတယ္။ 


(စ) တခ်ိဳ႕ေသာသူမ်ားတြင္ မ်က္ရစ္ေဖာ္ျပီး ၁ လခန္႕အထိ မ်က္စိဖြင့္စဥ္ အေရွ႕တည့္တည့္ ႏွင့္ အေပၚၾကည့္ပါက တင္းက်ပ္ေနေသာ ခံစားခ်က္ျျဖစ္ေနတတ္ပါတယ္။


(ဆ) ဘယ္ဘက္မ်က္ရစ္ ႏွင့္ ညာဘက္မ်က္ရစ္ မညီျဖစ္ျခင္း။ 


(ဇ) ပိုးဝင္ကာ အမာရြတ္ က်န္ျခင္း (အလြန္ရွားပါသည္)။


၇။ မ်က္ရစ္ေဖာ္ခြဲစိတ္မႉ ခံယူျပီး လိုက္နာသိရွိထားရမည့္ အခ်က္မ်ား


(က) မ်က္ရစ္ေဖာ္ျပီး ၂၄ နာရီးအတြင္း ေရခဲကပ္ေပးပါ။ ၁နာရီ ၁ၾကိမ္ကပ္ပါ။ ၁ ၾကိမ္ကပ္ပါက ၁၅ မိနစ္ခန္႕ ကပ္ပါ။ ေရခဲထုပ္ျဖင့္ ခ်ဳပ္႐ိုးေပၚသို႕ တိုက္႐ိုက္ မကပ္ရ။ ပိုးသတ္ထားျပီး သန္႕ရွင္းေသာ အဝတ္ အား ခ်ဳပ္႐ိုးေပၚတြင္ခံျပီးမွ ေရခဲ ကပ္ရပါမည္။


(ခ) မ်က္ရစ္ေဖာ္ျပီး ၂၄ နာရီအတြင္း ခန္နာကိုယ္ လႈပ္ရွားမႉအား တတ္ႏိုင္သမွ် မလုဎ္ရ။ ထိုင္ခုံး သို႕မဟုတ္ ကုတင္ေပၚတြင္ အနားယူပါ။


(ဂ) မ်က္ရစ္ေဖာ္ျပီး ၂၄ နာရီေက်ာ္ပါက ေရခ်ိဳးႏိုင္ပါသည္။ သို႕ေသာ္ ေရခ်ိဳးျပီးပါက မ်က္ႏွာအား တတ္ႏိုင္ပါက ေရၾကာၾကာမထိပါႏွင့္။ 


(ဃ) မ်က္ရစ္ေဖာ္ျပီး ၃ ရက္ အထိ အိပ္ေနစဥ္ ဦးေခါင္းအား အျမင့္ေနရာတြင္ ထားပါ။ ညအိပ္စဥ္အတြင္း ေခါင္းအုန္း ၂ လုံး ေပၚတြင္ ဦးေခါင္းတင္၍ အိပ္ပါ။ 


(င) အနာမက်ပ္ခင္ ေဆးလိပ္ေသာက္ျခင္း၊ အရက္ေသာက္ျခင္း၊ ေညာ္နံ႕ ႐ႉ ျခင္း၊ ဖုံ၊သဲ၊ အမိႈက္ ဝင္ျခင္း စသည္ တို႕မွ ေရွာင္က်င္ပါ။ 


(စ) ခ်ဳပ္႐ိုးမျဖည္ခင္ ၇ ရက္အတြင္း မနက္ ၁ ၾကိမ္၊ ည ၁ ၾကိမ္ Hydrogen peroxide solution ကို ေပါင္းတင္ထားေသာ ဂြန္း ျဖင့္ စိမ္၍ ခ်ဳပ္႐ိုးေနရာအား ေဆးေၾကာပါ။ ေဆးေၾကာျပီးပါက ခ်ဳပ္႐ိုးေနရာအား Anti-biotic ointment လိမ္းရပါမည္။ မ်က္ႏွာသစ္လွ်င္ တတ္ႏိုင္ပါက မ်က္ခြံအား ေရမထိေစရန္ သတိထားျပီး သစ္ပါ (သို႕) မ်က္ႏွာသုပ္ပုဝါ (snow towel) ျဖင့္ မ်က္ခြံရွိ ခ်ဳပ္ရိုးအား ေရွာင္ျပီး မ်က္ႏွာသစ္ပါ။ 


(ဆ) ခ်ဳပ္႐ိုးမျဖည္ခင္ အျပင္ထြက္ရမည္ဆိုပါက ေနကာမ်က္မွန္ တပ္ျပီးမွ ထြက္ပါ။


(ဇ) ၇ ရက္ေျမာက္ေန႕တြင္ ခ်ဳပ္႐ိုးျဖည္ပါမည္။ သို႕ေသာ္ မ်က္ရစ္ေဖာ္ျပီး ၂ ပတ္အတြင္း မ်က္ကပ္မွန္၊ Eye liner ႏွင့္ Eye make-up မလိမ္းပါႏွင့္။ ဆရာဝန္မွ ခြင့္ျပဳခ်က္ ရမွသာ Eye liner ႏွင့္ Eye make-up မ်ား စျပီး ျပန္လိမ္းခ်ယ္ သင့္ပါသည္။ 


(စ်) လူတဦးႏွင့္တဦး၏ အနာက်ပ္အားေကာင္းမႉေပၚတြင္ မူတည္ျပီး ကြဲျပားမႉရွိတတ္ပါသည္။ တခ်ိဳ႕ေသာသူမ်ားသည္ မ်က္ရစ္ေဖာ္ျပီး ၃ ရက္၊ ၄ ရက္ အထိ မ်က္စိဝန္းက်င္တြင္ အနီေရာင္ သို႕မဟုတ္ ပန္းႏုေရာင္ အကြက္ၾကီးငယ္မ်ား ေပၚေလ့ရွိပါသည္။ ဤသည္မွာ ပံုမွန္ျဖစ္ပါသည္။


(ည) ခ်ဳပ္ရိုးမျဖည္ခင္ ခြဲေၾကာင္းေနရာအား လက္ျဖင့္ထိျခင္း၊ ခ်ဳပ္႐ိုးအားျဖဲၾကည့္ျခင္း၊ ခ်ဳပ္႐ိုးေပၚတြင္ တိုင္းရင္းေဆးလူးျခင္း လုံးဝမလုပ္ရ။


(ဋ) အကာင္းဆုံး ရလဒ္ Final result သည္ ၂ ပတ္ မွ ၁ လေက်ာ္ ခန္႕မွ စတင္သိရွိႏိုင္ေပလိမ့္မည္။ တခ်ိဳ႕ေသာ အနာက်က္ ေႏွးသူမ်ားမွာေတာ့ ၆ လ အထိ ၾကာတတ္ပါတယ္။ 


၈။ မ်က္ရစ္ေဖာ္ျပီး ဘယ္ေလာက္ၾကာၾကာခံသလဲ။ 


မ်က္ရစ္ေဖာ္တဲ့ Technique ေပၚမွာမူတည္ပါတယ္။ Suture Technique ဆိုရင္ေတာ့ ၁ ႏွစ္ ကေန ၂ ႏွစ္၊ တခါတေလ ၅ ႏွစ္ေၾကာ္အထိ ခံတတ္ပါတယ္။ 


Incision Technique ဆိုရင္ေတာ့ ၁၅ ႏွစ္ေၾကာ္ (အျမဲ) ခံပါတယ္။ လူနာရဲ့ အသက္၊ အေရျပားအထူအပါး၊ အေရျပား တင္းရင္းမႉ၊ မ်က္ခြံအတြင္းရွိတဲ့အဆီ ပမာဏ စတဲ့ အခ်က္အလက္ေတြေပၚမွာလည္း မူတည္ပါတယ္။ 


က်ေနာ္ရဲ့ ေဆးရုံး၊ေဆးခန္း အေတြ႕အၾကဳံမ်ားႏွင့္ ေအာက္ေဖာ္ျပပါ စာေပမ်ားမွ ကိုးကားျပီးေရးသားထားျခင္း ျဖစ္ပါတယ္။ 


References: 

1. ASIAN FACIAL COSMETIC SURGERY by Dr. Jung I. Park, MD, Ph.D, FACS 

2. Upper Blepharoplasty in the Asian Eyelid by David W.Kim, Amol M.Bhatki 

3. Classification of Blepharoplasty by G. Ginsbach

4. Aesthetic Surgery of Oriental Eyelids by Masashige Furukawa

5. Updates on upper eyelid blepharoplasty by Katsuri Bhattacharjee 


DR. KYI CHAN KO

M.B.,B.S (UMM, Mandalay),

Ph.D (TMDU, Tokyo, Japan),

Member of Japanese Society of Aesthetic Surgery

No comments: