Thursday, January 14, 2021

လိင်ပိုင်းဆိုင်ရာ Sex tape / Video တွေနဲ့ ပတ်သက်၍

 "Even She Let you hit Record , but it’s doesn’t mean your Right to Share “



( လိင်ပိုင်းဆိုင်ရာ Sex tape / Video တွေနဲ့ ပတ်သက်၍ Finance အရ ဖြစ်စေ ငွေညစ်ခြိမ်းခြောက်မှု ၊ Physical အရ လိင်အမြတ်ထုတ်စော်ကားမှု၊ ကိုယ်ထိလက်ရောက် ရိုက်နှက် ညင်းပန်းနှိပ်စက်မှု၊ ကိုယ်ရေးအချက်အလက် ချိုးဖောက်ခံရမှု ၊ အလိုအတူ အဓမ္မ မှု တို့အတွက် ထိခိုက်နစ်နာမှု အများဆုံးရင်ဆိုင်ရသော အမျိုးသမီးများ အတွက် သတိ အကြီးကြီးထားစေရန် ရေးသားပါသည်....  ) 


အပျို/ လူပျို လိင်မှုကိစ္စနဲ့ ပတ်သက်ရင် “ Safety First” ဟာ ဘယ်လောက် အရေးကြီးကြောင်း မကြာခဏ ရေးသားဖူးသလို အမျိုးသမီးတွေ အနေနဲ့


“ Sexual Mindset (လိင်စိတ် ခံယူချက်)“ ပြောင်းလဲသင့် ကြောင်း ကိုလည်း အရင် စာ တွေမှာ ရေးဖူးပါတယ်။  ( ဖတ်ရန်> https://www.facebook.com/102121334894611/posts/200304628409614/ 


Safety First ဟာ ကျန်းမာရေး နဲ့  ရုပ်ပိုင်းဆိုင်ရာ ပဲ မဟုတ်သလို ကိုယ့် ရဲ့ Privacy ကိုပါ Safety ဖြစ်ဖို့  အရမ်းကို အရမ်းကို မပေါ့ဆသင့်တဲ့ အချက်ပါပဲ။ 


ကိုယ့်ရဲ့ partner ရဲ့ Privacy ကို မလေးစားပဲ  privacy ချိုးဖောက်ရခြင်း အကြောင်းရင်း အများစု က -  


“ ယောကျ်ားလေးရဲ့ ပင်ကိုယ် အသိစိတ်မရင့်ကျက်ခြင်း “ နဲ့  “ တဖက်မိန်းကလေးရဲ့ အသိမကြွယ်မှု “ နှစ်ခု ကို ပဲ ထောက်ပြချင်ပါတယ်။ 


ခုခေတ်ရဲ့ အမျိုးသားတွေက လိင်မှု ကိစ္စမှာ ပွင့်လင်း တယ်၊ နာဘူးထတာ ကိုလည်း ရှက်စရာ လို့ကို မထင်ပါဘူး။ အဲ့ ဒါကြောင့်လည်း သူတို့ကသာ ဦးဆောင်သူတွေအဖြစ် ဂုဏ်ဖော်ကြွားဝါလိုကြသလို တချို့ အမျိုးသားတွေကတော့ “ ဘယ် မိန်းမနဲ့ ဘယ်လို အိပ်ပြီးပြီ ဖြစ်ကြောင်း၊ ဘယ် မိန်းမက ဘယ်လိုဖြစ်ကြောင်း  “ တဖက်မိန်းကလေးရဲ့ သိက္ခာ ကို တကိုယ်ရေ သွေးဖို့ သက်သက် အသုံးချတတ်ကြပါတယ်။ 


“ သူမဘက်က “မှတ်တမ်း"တင်ဖို့ ခွင့်ပြုပေးလိုက်တာဟာ "ဖြန့်ဝေဖို့ "အတွက် မင်းကို "လုပ်ပိုင်ခွင့် “ပေးလိုက်တာ မဟုတ်ဘူး .. “ ။


ဒါရှင်းပါတယ်၊ သူမက အပြာမယ် မဟုတ်ဘူး၊ အနည်းဆုံး တော့  ဓာတ်ပုံ / Video ရိုက်ခွင့်ပေးလိုက်တယ်။ မင်း စိတ်ပါ ရင် ပြန် ကြည့်လို့ရတယ်၊ အနည်းဆုံး မင်းရဲ့ လိင်စိတ်ကို ပြန်ဖျော်ဖြေတဲ့ အနေနဲ့ ပြန်ခံစားလို့ရတယ်။ ဒါပေမဲ့ သူမ သိက္ခာကို ထည့်မတွက်ပဲနဲ့  မင်း စိတ်ကျေနပ်ဖို့သက်သက် လူအများကို ဖြန့်ဝေပြီး တကိုယ်ကောင်းဆန်တာ ဟာ ယောကျ်ားကောင်း ရဲ့ လုပ်ရပ်တော့မဟုတ်ဘူး။ 


မိန်းမလဲ လိင်စိတ်နဲ့ပါပဲ  ..၊  ပင်လယ်ရေကြီး ငတ်မပြေအောင် သောက်ကြတာချင်းအတူတူ နည်းတယ်၊ များတယ် အပြစ်မတင်ကြစေချင်သလို ကိုယ်တိုင်လည်း မကင်းနိုင်ပါလျှက်နဲ့ သူများကိစ္စပေါ်တိုင်း လက်ညိုးထိုး အပုတ်ချ လှောင်မရယ်စေချင်ဘူး။ ကိုယ်တိုင်လည်း လူသိမခံ လိုပဲ ဒီလို လိင်မှုကိစ္စတွေရှိကြမယ် ၊ လူသူသိအောင် ချပြစရာလည်း မလိုသလို လိုလဲ မလိုအပ်ပါဘူး။ ဒါဟာလည်း တကယ် တော့ .. ကျန်းမာရေး အရ နဲ့ ခန္ဓာဗေဒ Desirability အရ နှစ်ဦးနှစ်ဖက် မျှဝေကြတဲ့အရာလို့ပဲ ရိုးရှင်းစွာ တွေးတတ်ဖို့ လိုတယ်။ 


Sex tape / Video တွေကို မရိုက်ခဲ့ရင်  ပြန့်စရာ မရှိဘူး ။ဘယ်လောက်လုပ်ကြံထားပါတယ် ပြောပြော သိက္ခာကျစရာလည်း မရှိပါဘူး။  ရိုက်ထားခဲ့သည်ရှိသော် ပြန်ဖို့က (၉၉.၉) % မှာရှိတယ်။ ဘယ်လောက်ယုံကြည်ရပါတယ် ပြောပြော .. ကိုယ့်သိက္ခာကို ကာကွယ်ပေးနိုင်ချေ (၁%) ပဲရှိတယ်။ 


Send ခလုတ် တခုထဲနဲ့  ထောင်သောင်းချီ တဲ့ လူအုပ်ကြီးက မင်းရဲ့ သိက္ခာကို ရစရာ မရှိတဲ့ထိ ထိုးနှက်ဖို့  အဆင့်သင့်ပဲ။ ဒီတော့ နောက်ကွယ်အကြောင်းရင်းတွေမှာ .. 


၁/မိမိ Partner ကဖြစ်စေ

၂/Social Media ကနေ Privacy ချိုးဖောက်ခံရလိူ့ ဖြစ်စေ

၃/အလိုမတူပဲ အဓမ္မ ပြု ကျင့် ၊ ခြိမ်းခြောက်ရိုက်ကူးခံရလို့ဖြစ်စေ .. 

၄/အလိုမတူပဲ အခြားလူက ခိုးယူရိုက်ကူးလို့ဖြစ်စေ


ဒီ(၄)နည်း ကနေပဲ ပြန့်နိုင်ချေရှိတာပါ။ 


ခိုးရိုက်ခံရရင်တော့ ပြန့်သွားဖို့ သေချာသလောက်ရှိပါတယ်။ကိုယ်တိုင်ရိုက်တဲ့ Sex Tapeတွေကတော့ နံပါတ်(၁) နဲ့ နံပါတ်(၂) နည်းလမ်း အတိုင်း အဖြစ်များပါတယ်။ ဒါပေမဲ့ ပြဿနာအများစုက Data Privacy insecure ဖြစ်လို့ Account Hacked ဖြစ်တာက ခပ်ရှားရှား ၊ ကိုယ့်ရဲ့ Partner က စည်းမစောင့် လို့ ဖြစ်ရတာ များပါတယ်။ ကြားထဲက မနေနိုင်တဲ့ တချို့ အမျိုးသား တွေ က ပြန်လည်ပြောပြကြတာကတော့ တချို့ ယောကျ်ားလေးတွေက သူတို့ရည်းစားနဲ့ အိပ်သမျှ၊ ဖြစ်သမျှ အကြောင်းကုန်စင်ကို ယောကျ်ားလေးချည်းပဲရှိ တဲ့ Messenger Group တွေ မှာ အချက်ကျကျ ပုံနဲ့ Video နဲ့ တကွ ပြောကြ၊ Share ကြတဲ့ Group ဆိုတာ သပ်သပ်ကိုရှိတယ် ဆိုတာပါပဲ။ 


အကယ်လို့ အဲ့လို ပြန့်သွားခဲ့သည်ရှိသော် အမှုဖြစ်တာကလွဲလို့ ဘာမှ လိုက်လုပ်လို့ မရတော့ဘူး ။ ဘယ်လောက်ပဲ .. တဖက်မိန်းကလေးကို ကိုယ်ချင်းစာပါတယ် ပြောပြော၊ မြန်မာပြည်မှာ တဖက်လူရဲ့ Privacy  ချိုးဖောက်ခံရရင် သူရဲ့ နစ်နာမှု ထက် လူတိုင်းနီးပါးဟာ ကိုယ့်ရဲ့ စိတ်ကျေနပ်မှုအတွက် လှောင်ပြောင်ကြ၊ အပြစ်တင်ကြ ၊ ဖြန့်ဝေကြ နဲ့ .. လူလူချင်း လေးစားတတ်ဖို့ အများကြီး သင်ယူရဦးမယ်။ မှားခြင်း /မှန်ခြင်း အတွက် လည်း လူတိုင်းက ကိုယ့်တာဝန်ယူမှုနဲ့ ကိုယ်ပဲ။ ဘယ်သူမှ ကိုယ့်နေရာ ဝင်မခံစားပေးနိုင်ဘူး။


ဒီတော့ မဖြစ်လာခင် ကြိုတင်ကာကွယ်ရမှာဟာ ကိုယ့်တာဝန်သာ ဖြစ်တယ်။ Sex Tape/Video နဲ့ Photo ရိုက်ကူးမှု အတွက် အမျိုးသမီး များ သတိပြု တွေးခေါ်စေလိုသော အချက်များ - 


(၁)ကြိုက်လို့ ပဲ အတူတူနေနေ ချစ်လို့ပဲ နေနေ ၊ ဘာအကြောင်းကြောင်း နဲ့ မှ Sex tape / Video နဲ့ Photo  အရိုက်မခံ ပါနဲ့ ။ တယောက်နဲ့ တယောက် ဘယ်လောက် ပတ်သက်မှု ခိုင်မြဲပါတယ် ပြောပြော၊ တကယ်နစ်နာရရင် အမျိုးသမီးတွေကို ဖိနှိပ်ကြတာ သဘာဝ ဖြစ်နေတဲ့ လောကကြီးထဲမှာ မိန်းကလေး တယောက်ရဲ့ ပျော်ရွှင်မှုက လိင်မှုကိစ္စ ထက် ပိုတဲ့ အရာတွေ အများကြီးရှိတယ်။ ကိုယ့်ရဲ့ Partner ကို နားလည်ဖို့ ဖျောင်းဖျပါ။ 


(၂) ကိုယ်က porn (အပြာ) မင်းသမီး မဟုတ်ဘူး။ အပြာမယ်တွေလို တန်ရာတန်ကြေးနဲ့ ငွေကြေး အမြောက်အမြားရပြီး စီးပွါးရေးအရ တွက်ခြေ ကိုက်လို့ ကိုယ့်ရဲ့ ခန္ဓာကိုယ်နဲ့ ရင်းနှီးစားသောက်ဖို့ အတွက် Video/Photo အရိုက်ခံ နေတာ မဟုတ်သလို  မကြာခင် ပြေပျောက်သွားမဲ့ စိတ်ဆန္ဒတစ်ခုထဲ အတွက်  ကိုယ့်ရဲ့ သိက္ခာနဲ့ ပေါ့လျော့မှုကို အလဲအထပ်မလုပ်လိုက်ပါနဲ့။ Sex ရဲ့ အာရုံခံစားမှုဟာ လူ့ဘဝကြီးရဲ့ ရေတပွက်စာပါပဲ။ ကိုယ့် သိက္ခာ ထိခိုက်ပျက်စီးဖို့ထိကျ တော့ ..မတန်ပါဘူး။ 


(၃) Safety First ကို ဦးစားပေးတာဟာ ပိုသည်မရှိပါဘူး။ ကိုယ်ကိုကိုယ် လုံခြုံဖို့ ကျန်းမာရေး အစကနေ  ကိုယ့် Privacy အဆုံး ဂရုစိုက်တာဟာ ဇီဇာကြောင်တာမဟုတ်ပါဘူး။ သတိ နဲ့ မသိခြင်းဟာ အရမ်း ကို ဒုက္ခပေးပါတယ်။ ကိုယ် မသိတဲ့ နေရာ နဲ့ မလုံခြုံတဲ့ ပတ်ဝန်းကျင် တွေကနေ  ခိုးယူရိုက်ကူးခံရမှုတွေ ရှိတာကြောင့် Hotel/တည်းခိုခန်း/အဝတ်လဲခန်း/  တွေကနေ Hidden Camera တွေကိုလည်း သတိပြုပါ။ 


(၄) Data Privacy ချိုးဖောက် ခံရတဲ့ ပထမ အန္တရာယ်ဟာ Social media ဖြစ်ပါတယ်။ (1) မိနစ် အတွင် လူ အယောက် ထောင် သန်းချီ မြင်တွေ့အောင် ဖြန့်ဝေနိုင်တဲ့ Social media ရဲ့ Tool ဟာ ငွေညစ်လို့ အကောင်းဆုံး လက်နက်ပါ။ Partner အချင်းချင်း  ပြန်မျှဝေကြရင်း Account Hacked / or Data  insecure ဖြစ် လို့ ငွေညစ်ခြိမ်းခြောက် ခံရတာတွေ အသာစီးမရအောင် ကိုယ့်ရဲ့ အရေးကြီးတဲ့ Data privacy တွေ နဲ့ပတ်သက်လို့ Social Media ကို Sharing Tool အဖြစ် ဘယ်တော့မှ အသုံးမပြုသင့်ပါဘူး။


(၅) တလွဲယဉ်ကျေးမှု နဲ့ ဓလေ့ဆိုး တို့မှ ရိုက်ခတ်မှုများ :  နစ်နာမှု ကို အများဆုံးသိမ်းကျုံးခံစားရမဲ့သူဟာ အမျိုးသမီးတွေ ဖြစ်ပါတယ်။ အမျိုးသမီးတွေဟာ အမျိုးသားတွေ တနေ့ လိင်အသုံးချခံရန် တန်ဖိုးရှိဖို့ သက်သက် ပြဆိုခဲ့သော “ Virginity” ယဉ်ကျေးမှု တို့လို မြန်မာဓလေ့ တွေဟာ .. လိင်အမြတ်ထုတ်ဖို့ အကောင်းဆုံး အကြောင်းပြချက်တွေ ဖြစ်တယ်။ 


ဒီယဉ်ကျေးမှုကြောင့် ..  


-Virgin မဟုတ်လို့ အတည် လက်မထပ်လိုဘူး


-Virgin မဟုတ်လို့ ငါ နဲ့ ထပ်အိပ်လည်း မထူးဘူး။ 


ဆိုတဲ့.. နိမ်ချဆက်ဆံတွေ များသထက် များလာခဲ့ပါတယ်။ ဒီတော့ “ ငါလဲ မယူဘူး၊  ငါနဲ့ တော့ အိပ်ပေး ၊သူများ ယူရင်လဲ ငါနဲ့ ဖြစ်ပြီးသား “လို့ လှောင်ရယ် နိမ်ချ တတ်တဲ့ အမျိုးသားတွေ ထုနဲ့ ဒေး ရှိနေဆဲပဲ။


ဆိုတော့ မိန်းမ ယောကျ်ား နှစ်ဦးနှစ်ဖက် ထားရှိတဲ့ လိင်ကိစ္စ အပေါ် ခံယူချက် (Sexual mindset)ဟာ အရမ်း အရမ်း ကို အရေးကြီးပါတယ်။ ကိုယ့် အမျိုးသား Partner ရဲ့ စိတ်နေစိတ်ထား နဲ့ အမျိုးသမီးတွေ အပေါ် ဦးစားပေးငဲ့ညာပေးတတ်တဲ့  အမူအကျင့် ကို အရင် လေ့လာဖို့ လိုတယ်။ မိန်းမနဲ့ လိုက်အိပ်ဖို့ ခေတ်တော့ မီတယ် ၊ ကာကွယ်ပေးဖို့ ကျ လိုက်မမီဘူး။ စည်းလဲ မစောင့်ဘူး ၊ အတည်လဲ မယူဘူး  ..။ ဒီလို ယောကျ်ားမျိုးနဲ့ တွေ့ကြလို့လည်း တချို့ အမျိုးသမီးတွေ ဟာ ..  Social Media ပေါ် ၊ လူတွေရဲ့ ပါးစပ်ဖျားပေါ်  မှာ .. သိက္ခာပိုင်း ၊ ရုပ်ပိုင်း ၊ စိတ်ပိုင်း နစ်နာရတဲ့ထိ ထိခိုက် ကြရတာဖြစ်တယ်။ 


Why Virginity is not dignity ?? >>>  https://www.facebook.com/102121334894611/posts/119029093203835/


#AdminPan


#truthbutbitter

#sexualabuse

#cybercrime


—————————————————————————


“Even She Let you hit Record , but it’s doesn’t mean your Right to Share “




( လိင္ပိုင္းဆိုင္ရာ Sex tape / Video ေတြနဲ႔ ပတ္သက္၍ Finance အရ ျဖစ္ေစ ေငြညစ္ၿခိမ္းေျခာက္မႈ ၊ Physical အရ လိင္အျမတ္ထုတ္ေစာ္ကားမႈ၊ ကိုယ္ထိလက္ေရာက္ ႐ိုက္ႏွက္ ညင္းပန္းႏွိပ္စက္မႈ၊ ကိုယ္ေရးအခ်က္အလက္ ခ်ိဳးေဖာက္ခံရမႈ ၊ အလိုအတူ အဓမၼ မႈ တို႔အတြက္ ထိခိုက္နစ္နာမႈ အမ်ားဆုံးရင္ဆိုင္ရေသာ အမ်ိဳးသမီးမ်ား အတြက္ သတိ အႀကီးႀကီးထားေစရန္ ေရးသားပါသည္....  ) 


အပ်ိဳ/ လူပ်ိဳ လိင္မႈကိစၥနဲ႔ ပတ္သက္ရင္ “ Safety First” ဟာ ဘယ္ေလာက္ အေရးႀကီးေၾကာင္း မၾကာခဏ ေရးသားဖူးသလို အမ်ိဳးသမီးေတြ အေနနဲ႔

“ Sexual Mindset (လိင္စိတ္ ခံယူခ်က္)“ ေျပာင္းလဲသင့္ ေၾကာင္း ကိုလည္း အရင္ စာ ေတြမွာ ေရးဖူးပါတယ္။  ( ဖတ္ရန္> https://www.facebook.com/102121334894611/posts/200304628409614/ 


Safety First ဟာ က်န္းမာေရး နဲ႔  ႐ုပ္ပိုင္းဆိုင္ရာ ပဲ မဟုတ္သလို ကိုယ့္ ရဲ႕ Privacy ကိုပါ Safety ျဖစ္ဖို႔  အရမ္းကို အရမ္းကို မေပါ့ဆသင့္တဲ့ အခ်က္ပါပဲ။ 

ကိုယ့္ရဲ႕ partner ရဲ႕ Privacy ကို မေလးစားပဲ  privacy ခ်ိဳးေဖာက္ရျခင္း အေၾကာင္းရင္း အမ်ားစု က -  

“ ေယာက်္ားေလးရဲ႕ ပင္ကိုယ္ အသိစိတ္မရင့္က်က္ျခင္း “ နဲ႔  “ တဖက္မိန္းကေလးရဲ႕ အသိမႂကြယ္မႈ “ ႏွစ္ခု ကို ပဲ ေထာက္ျပခ်င္ပါတယ္။ 


ခုေခတ္ရဲ႕ အမ်ိဳးသားေတြက လိင္မႈ ကိစၥမွာ ပြင့္လင္း တယ္၊ နာဘူးထတာ ကိုလည္း ရွက္စရာ လို႔ကို မထင္ပါဘူး။ အဲ့ ဒါေၾကာင့္လည္း သူတို႔ကသာ ဦးေဆာင္သူေတြအျဖစ္ ဂုဏ္ေဖာ္ႂကြားဝါလိုၾကသလို တခ်ိဳ႕ အမ်ိဳးသားေတြကေတာ့ “ ဘယ္ မိန္းမနဲ႔ ဘယ္လို အိပ္ၿပီးၿပီ ျဖစ္ေၾကာင္း၊ ဘယ္ မိန္းမက ဘယ္လိုျဖစ္ေၾကာင္း  “ တဖက္မိန္းကေလးရဲ႕ သိကၡာ ကို တကိုယ္ေရ ေသြးဖို႔ သက္သက္ အသုံးခ်တတ္ၾကပါတယ္။ 


“ သူမဘက္က “မွတ္တမ္း"တင္ဖို႔ ခြင့္ျပဳေပးလိုက္တာဟာ "ျဖန္႔ေဝဖို႔ "အတြက္ မင္းကို "လုပ္ပိုင္ခြင့္ “ေပးလိုက္တာ မဟုတ္ဘူး .. “ ။


ဒါရွင္းပါတယ္၊ သူမက အျပာမယ္ မဟုတ္ဘူး၊ အနည္းဆုံး ေတာ့  ဓာတ္ပုံ / Video ႐ိုက္ခြင့္ေပးလိုက္တယ္။ မင္း စိတ္ပါ ရင္ ျပန္ ၾကည့္လို႔ရတယ္၊ အနည္းဆုံး မင္းရဲ႕ လိင္စိတ္ကို ျပန္ေဖ်ာ္ေျဖတဲ့ အေနနဲ႔ ျပန္ခံစားလို႔ရတယ္။ ဒါေပမဲ့ သူမ သိကၡာကို ထည့္မတြက္ပဲနဲ႔  မင္း စိတ္ေက်နပ္ဖို႔သက္သက္ လူအမ်ားကို ျဖန္႔ေဝၿပီး တကိုယ္ေကာင္းဆန္တာ ဟာ ေယာက်္ားေကာင္း ရဲ႕ လုပ္ရပ္ေတာ့မဟုတ္ဘူး။ 

မိန္းမလဲ လိင္စိတ္နဲ႔ပါပဲ  ..၊  ပင္လယ္ေရႀကီး ငတ္မေျပေအာင္ ေသာက္ၾကတာခ်င္းအတူတူ နည္းတယ္၊ မ်ားတယ္ အျပစ္မတင္ၾကေစခ်င္သလို ကိုယ္တိုင္လည္း မကင္းႏိုင္ပါလွ်က္နဲ႔ သူမ်ားကိစၥေပၚတိုင္း လက္ညိဳးထိုး အပုတ္ခ် ေလွာင္မရယ္ေစခ်င္ဘူး။ ကိုယ္တိုင္လည္း လူသိမခံ လိုပဲ ဒီလို လိင္မႈကိစၥေတြရွိၾကမယ္ ၊ လူသူသိေအာင္ ခ်ျပစရာလည္း မလိုသလို လိုလဲ မလိုအပ္ပါဘူး။ ဒါဟာလည္း တကယ္ ေတာ့ .. က်န္းမာေရး အရ နဲ႔ ခႏၶာေဗဒ Desirability အရ ႏွစ္ဦးႏွစ္ဖက္ မွ်ေဝၾကတဲ့အရာလို႔ပဲ ႐ိုးရွင္းစြာ ေတြးတတ္ဖို႔ လိုတယ္။ 


Sex tape / Video ေတြကို မ႐ိုက္ခဲ့ရင္  ျပန္႔စရာ မရွိဘူး ။ဘယ္ေလာက္လုပ္ႀကံထားပါတယ္ ေျပာေျပာ သိကၡာက်စရာလည္း မရွိပါဘူး။  ႐ိုက္ထားခဲ့သည္ရွိေသာ္ ျပန္ဖို႔က (၉၉.၉) % မွာရွိတယ္။ ဘယ္ေလာက္ယုံၾကည္ရပါတယ္ ေျပာေျပာ .. ကိုယ့္သိကၡာကို ကာကြယ္ေပးႏိုင္ေခ် (၁%) ပဲရွိတယ္။ 

Send ခလုတ္ တခုထဲနဲ႔  ေထာင္ေသာင္းခ်ီ တဲ့ လူအုပ္ႀကီးက မင္းရဲ႕ သိကၡာကို ရစရာ မရွိတဲ့ထိ ထိုးႏွက္ဖို႔  အဆင့္သင့္ပဲ။ ဒီေတာ့ ေနာက္ကြယ္အေၾကာင္းရင္းေတြမွာ .. 


၁/မိမိ Partner ကျဖစ္ေစ

၂/Social Media ကေန Privacy ခ်ိဳးေဖာက္ခံရလိူ႔ ျဖစ္ေစ

၃/အလိုမတူပဲ အဓမၼ ျပဳ က်င့္ ၊ ၿခိမ္းေျခာက္႐ိုက္ကူးခံရလို႔ျဖစ္ေစ .. 

၄/အလိုမတူပဲ အျခားလူက ခိုးယူ႐ိုက္ကူးလို႔ျဖစ္ေစ


ဒီ(၄)နည္း ကေနပဲ ျပန္႔ႏိုင္ေခ်ရွိတာပါ။ 

ခိုး႐ိုက္ခံရရင္ေတာ့ ျပန္႔သြားဖို႔ ေသခ်ာသေလာက္ရွိပါတယ္။ကိုယ္တိုင္႐ိုက္တဲ့ Sex Tapeေတြကေတာ့ နံပါတ္(၁) နဲ႔ နံပါတ္(၂) နည္းလမ္း အတိုင္း အျဖစ္မ်ားပါတယ္။ ဒါေပမဲ့ ျပႆနာအမ်ားစုက Data Privacy insecure ျဖစ္လို႔ Account Hacked ျဖစ္တာက ခပ္ရွားရွား ၊ ကိုယ့္ရဲ႕ Partner က စည္းမေစာင့္ လို႔ ျဖစ္ရတာ မ်ားပါတယ္။ ၾကားထဲက မေနႏိုင္တဲ့ တခ်ိဳ႕ အမ်ိဳးသား ေတြ က ျပန္လည္ေျပာျပၾကတာကေတာ့ တခ်ိဳ႕ ေယာက်္ားေလးေတြက သူတို႔ရည္းစားနဲ႔ အိပ္သမွ်၊ ျဖစ္သမွ် အေၾကာင္းကုန္စင္ကို ေယာက်္ားေလးခ်ည္းပဲရွိ တဲ့ Messenger Group ေတြ မွာ အခ်က္က်က် ပုံနဲ႔ Video နဲ႔ တကြ ေျပာၾက၊ Share ၾကတဲ့ Group ဆိုတာ သပ္သပ္ကိုရွိတယ္ ဆိုတာပါပဲ။ 


အကယ္လို႔ အဲ့လို ျပန္႔သြားခဲ့သည္ရွိေသာ္ အမႈျဖစ္တာကလြဲလို႔ ဘာမွ လိုက္လုပ္လို႔ မရေတာ့ဘူး ။ ဘယ္ေလာက္ပဲ .. တဖက္မိန္းကေလးကို ကိုယ္ခ်င္းစာပါတယ္ ေျပာေျပာ၊ ျမန္မာျပည္မွာ တဖက္လူရဲ႕ Privacy  ခ်ိဳးေဖာက္ခံရရင္ သူရဲ႕ နစ္နာမႈ ထက္ လူတိုင္းနီးပါးဟာ ကိုယ့္ရဲ႕ စိတ္ေက်နပ္မႈအတြက္ ေလွာင္ေျပာင္ၾက၊ အျပစ္တင္ၾက ၊ ျဖန္႔ေဝၾက နဲ႔ .. လူလူခ်င္း ေလးစားတတ္ဖို႔ အမ်ားႀကီး သင္ယူရဦးမယ္။ မွားျခင္း /မွန္ျခင္း အတြက္ လည္း လူတိုင္းက ကိုယ့္တာဝန္ယူမႈနဲ႔ ကိုယ္ပဲ။ ဘယ္သူမွ ကိုယ့္ေနရာ ဝင္မခံစားေပးႏိုင္ဘူး။

ဒီေတာ့ မျဖစ္လာခင္ ႀကိဳတင္ကာကြယ္ရမွာဟာ ကိုယ့္တာဝန္သာ ျဖစ္တယ္။ Sex Tape/Video နဲ႔ Photo ႐ိုက္ကူးမႈ အတြက္ အမ်ိဳးသမီး မ်ား သတိျပဳ ေတြးေခၚေစလိုေသာ အခ်က္မ်ား - 


(၁)ႀကိဳက္လို႔ ပဲ အတူတူေနေန ခ်စ္လို႔ပဲ ေနေန ၊ ဘာအေၾကာင္းေၾကာင္း နဲ႔ မွ Sex tape / Video နဲ႔ Photo  အ႐ိုက္မခံ ပါနဲ႔ ။ တေယာက္နဲ႔ တေယာက္ ဘယ္ေလာက္ ပတ္သက္မႈ ခိုင္ၿမဲပါတယ္ ေျပာေျပာ၊ တကယ္နစ္နာရရင္ အမ်ိဳးသမီးေတြကို ဖိႏွိပ္ၾကတာ သဘာဝ ျဖစ္ေနတဲ့ ေလာကႀကီးထဲမွာ မိန္းကေလး တေယာက္ရဲ႕ ေပ်ာ္႐ႊင္မႈက လိင္မႈကိစၥ ထက္ ပိုတဲ့ အရာေတြ အမ်ားႀကီးရွိတယ္။ ကိုယ့္ရဲ႕ Partner ကို နားလည္ဖို႔ ေဖ်ာင္းဖ်ပါ။ 


(၂) ကိုယ္က porn (အျပာ) မင္းသမီး မဟုတ္ဘူး။ အျပာမယ္ေတြလို တန္ရာတန္ေၾကးနဲ႔ ေငြေၾကး အေျမာက္အျမားရၿပီး စီးပြါးေရးအရ တြက္ေျခ ကိုက္လို႔ ကိုယ့္ရဲ႕ ခႏၶာကိုယ္နဲ႔ ရင္းႏွီးစားေသာက္ဖို႔ အတြက္ Video/Photo အ႐ိုက္ခံ ေနတာ မဟုတ္သလို  မၾကာခင္ ေျပေပ်ာက္သြားမဲ့ စိတ္ဆႏၵတစ္ခုထဲ အတြက္  ကိုယ့္ရဲ႕ သိကၡာနဲ႔ ေပါ့ေလ်ာ့မႈကို အလဲအထပ္မလုပ္လိုက္ပါနဲ႔။ Sex ရဲ႕ အာ႐ုံခံစားမႈဟာ လူ႔ဘဝႀကီးရဲ႕ ေရတပြက္စာပါပဲ။ ကိုယ့္ သိကၡာ ထိခိုက္ပ်က္စီးဖို႔ထိက် ေတာ့ ..မတန္ပါဘူး။ 


(၃) Safety First ကို ဦးစားေပးတာဟာ ပိုသည္မရွိပါဘူး။ ကိုယ္ကိုကိုယ္ လုံၿခဳံဖို႔ က်န္းမာေရး အစကေန  ကိုယ့္ Privacy အဆုံး ဂ႐ုစိုက္တာဟာ ဇီဇာေၾကာင္တာမဟုတ္ပါဘူး။ သတိ နဲ႔ မသိျခင္းဟာ အရမ္း ကို ဒုကၡေပးပါတယ္။ ကိုယ္ မသိတဲ့ ေနရာ နဲ႔ မလုံၿခဳံတဲ့ ပတ္ဝန္းက်င္ ေတြကေန  ခိုးယူ႐ိုက္ကူးခံရမႈေတြ ရွိတာေၾကာင့္ Hotel/တည္းခိုခန္း/အဝတ္လဲခန္း/  ေတြကေန Hidden Camera ေတြကိုလည္း သတိျပဳပါ။ 


(၄) Data Privacy ခ်ိဳးေဖာက္ ခံရတဲ့ ပထမ အႏၲရာယ္ဟာ Social media ျဖစ္ပါတယ္။ (1) မိနစ္ အတြင္ လူ အေယာက္ ေထာင္ သန္းခ်ီ ျမင္ေတြ႕ေအာင္ ျဖန္႔ေဝႏိုင္တဲ့ Social media ရဲ႕ Tool ဟာ ေငြညစ္လို႔ အေကာင္းဆုံး လက္နက္ပါ။ Partner အခ်င္းခ်င္း  ျပန္မွ်ေဝၾကရင္း Account Hacked / or Data  insecure ျဖစ္ လို႔ ေငြညစ္ၿခိမ္းေျခာက္ ခံရတာေတြ အသာစီးမရေအာင္ ကိုယ့္ရဲ႕ အေရးႀကီးတဲ့ Data privacy ေတြ နဲ႔ပတ္သက္လို႔ Social Media ကို Sharing Tool အျဖစ္ ဘယ္ေတာ့မွ အသုံးမျပဳသင့္ပါဘူး။


(၅) တလြဲယဥ္ေက်းမႈ နဲ႔ ဓေလ့ဆိုး တို႔မွ ႐ိုက္ခတ္မႈမ်ား :  နစ္နာမႈ ကို အမ်ားဆုံးသိမ္းက်ဳံးခံစားရမဲ့သူဟာ အမ်ိဳးသမီးေတြ ျဖစ္ပါတယ္။ အမ်ိဳးသမီးေတြဟာ အမ်ိဳးသားေတြ တေန႔ လိင္အသုံးခ်ခံရန္ တန္ဖိုးရွိဖို႔ သက္သက္ ျပဆိုခဲ့ေသာ “ Virginity” ယဥ္ေက်းမႈ တို႔လို ျမန္မာဓေလ့ ေတြဟာ .. လိင္အျမတ္ထုတ္ဖို႔ အေကာင္းဆုံး အေၾကာင္းျပခ်က္ေတြ ျဖစ္တယ္။ 

ဒီယဥ္ေက်းမႈေၾကာင့္ ..  

-Virgin မဟုတ္လို႔ အတည္ လက္မထပ္လိုဘူး

-Virgin မဟုတ္လို႔ ငါ နဲ႔ ထပ္အိပ္လည္း မထူးဘူး။ 


ဆိုတဲ့.. နိမ္ခ်ဆက္ဆံေတြ မ်ားသထက္ မ်ားလာခဲ့ပါတယ္။ ဒီေတာ့ “ ငါလဲ မယူဘူး၊  ငါနဲ႔ ေတာ့ အိပ္ေပး ၊သူမ်ား ယူရင္လဲ ငါနဲ႔ ျဖစ္ၿပီးသား “လို႔ ေလွာင္ရယ္ နိမ္ခ် တတ္တဲ့ အမ်ိဳးသားေတြ ထုနဲ႔ ေဒး ရွိေနဆဲပဲ။

ဆိုေတာ့ မိန္းမ ေယာက်္ား ႏွစ္ဦးႏွစ္ဖက္ ထားရွိတဲ့ လိင္ကိစၥ အေပၚ ခံယူခ်က္ (Sexual mindset)ဟာ အရမ္း အရမ္း ကို အေရးႀကီးပါတယ္။ ကိုယ့္ အမ်ိဳးသား Partner ရဲ႕ စိတ္ေနစိတ္ထား နဲ႔ အမ်ိဳးသမီးေတြ အေပၚ ဦးစားေပးငဲ့ညာေပးတတ္တဲ့  အမူအက်င့္ ကို အရင္ ေလ့လာဖို႔ လိုတယ္။ မိန္းမနဲ႔ လိုက္အိပ္ဖို႔ ေခတ္ေတာ့ မီတယ္ ၊ ကာကြယ္ေပးဖို႔ က် လိုက္မမီဘူး။ စည္းလဲ မေစာင့္ဘူး ၊ အတည္လဲ မယူဘူး  ..။ ဒီလို ေယာက်္ားမ်ိဳးနဲ႔ ေတြ႕ၾကလို႔လည္း တခ်ိဳ႕ အမ်ိဳးသမီးေတြ ဟာ ..  Social Media ေပၚ ၊ လူေတြရဲ႕ ပါးစပ္ဖ်ားေပၚ  မွာ .. သိကၡာပိုင္း ၊ ႐ုပ္ပိုင္း ၊ စိတ္ပိုင္း နစ္နာရတဲ့ထိ ထိခိုက္ ၾကရတာျဖစ္တယ္။ 

Why Virginity is not dignity ?? >>>  https://www.facebook.com/102121334894611/posts/119029093203835/


#AdminPan

#truthbutbitter

#sexualabuse

#cybercrime

No comments: