Friday, January 15, 2021

သက်သတ်လွတ် မုန့်ဟင်းခါး - ငါးသလောက် မုန့်ဟင်းခါး - ငရုတ်ကောင်း ဆန်လှော်မုန့်ဟင်းခါး - ကရင်မုန့်ဟင်းခါး

ကရင်မုန့်ဟင်းခါး

--------------------------




ကရင်မုန့်ဟင်းခါး ချက်တဲ့အခါ ငံပြာရည် လုံးဝ မသုံးသလို ဆန်လှော်မှုန့်၊ ကုလားပဲလည်း မသုံးပါ။ ငါးပိ ကောင်းကောင်းလေးနဲ့ ချက်တဲ့ မုန့်ဟင်းခါးဖြစ်တဲ့ အတွက် ငါးစပြီးပြုတ်ကတည်း ငါးပိနံ့လေးမွှေးနေပြီး ရခိုင်မုန့်တီ အနံ့မျိုးလေးရနေမှာပါ။ ဆန်လှော်မှုန့်မသုံး တဲ့အတွက် ဟင်းရည်က ခပ်ကျဲကျဲလေးဖြစ်နေပေမယ့် ကြက်သွန်နီဥများများနဲ့ချက်တဲ့အတွက် သဘာဝအချို အရသာကို ရပါတယ်။ ငှက်ပျောအူကို ရန်ကုန်မုန့်ဟင်း ခါးလို ငှက်ပျောအူမသုံးဘဲ ငှက်ပျောမြစ်ဆုံ သုံးပါတယ်။ ကရင်မုန့်ဟင်းခါးအရည်ကို အချိုနဲ့ အစပ် နှစ်မျိုးချက် လေ့ရှိပြီး စားတဲ့အခါမှာ ဟင်းရည်နှစ်မျိုးစပ်ပြီး ထည့် စားလေ့ရှိပါတယ်။ အခုပြောပြမယ့်ချက်နည်းကတော့ ဟင်းရည်အစပ်တစ်မျိုးတည်း ချက်တဲ့နည်းပါ။ ကရင် မုန့်ဟင်းခါးမှာ ထူးခြားချက်ကတော့ ပဲပင်ပေါက်နဲ့ ခရမ်းချဉ်သီးထည့်စားတာပါပဲ။


ပါဝင်ပစ္စည်းများ

မုန့်ဟင်းခါးဖတ်  -  ၁ ပိဿာ-၁ပိဿာခွဲ

ငါးရံ့  -  ၅၀ ကပြျသား

ငါးပိစိမ်းစား  -  စားပွဲဇွန်း ၁ ဇွန်း

ဆား  -  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

အရသာမှုန့်  -  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

နနွင်းမှုန့်  -  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း

စပါးလင်  -  ၄ ချောင်း (ဓားပြားရိုက်ထားပါ)

ရေ  -  ၁.၈ လီတာ


ငါးဆီသတ်ရန်အတွက် လိုအပ်တာတွေကတော့

ကြက်သွန်ဖြူ  -  ၁၂၀ ဂရမ် (ထောင်းထားပါ)

စပါးလင်  -  ၃ ချောင်း (ထောင်းထားပါ)

နနွင်းမှုန့်  -  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း

ငရုတ်ကောင်းမှုန့်  -  စားပွဲဇွန်း ၁ ဇွန်း

ငရုတ်သီးခြောက်  -  ၂၅ ဂရမ် (ပြုတ်ထားပါ)

အရသာမှုန့်  -  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ဆား  -  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ဆီ  -  စားပွဲဇွန်း ၄ ဇွန်း


ဟင်းရည်ချက်ရန် လိုအပ်တာတွေကတော့

ငှက်ပျောအူ  -  ပါးပါးလှီးပြီး နနွင်းမှုန့်နဲ့ စိမ်ထားပါ။ပြုတ်ထားပါ။

ကြက်သွန်နီဥအသေး  -   ၄ဝဝ ဂရမ်

စပါးလင်  -  ၂ ချောင်း (ဓားပြားရိုက်ထားပါ)

ရေ  -  ၁.၈ လီတာ

ထန်းလျက်  -  ၁ ခဲ ( ၂၇ ဂရမ်)

ဆား  -  စားပွဲဇွန်း ၁ ဇွန်း


Garnish အတွက် လိုအပ်တာတွေကတော့

နံနံပင်/ပူဒီနံ

ပဲတောင့်ရှည်

ခရမ်းချဉ်သီး

သံပရာသီး

ကြက်သွန်ဖြူဆီချက်

ငရုတ်သီးအကျက်မှုန့်


ကရင်မုန့်ဟင်းခါးချက်နည်

 ငါးကို စပါးလင်၊ ငါးပိ၊ နနွင်းမှုန့်၊ ဆား၊ အရသာမှုန့် ထည့်ပြီး ပြုတ်ထားပါ။ ပြီးလျှင် အသားထွင်ထားပါ။ အရိုးကို ကြိတ်စက်တွင်ထည့်ပြီး ကြိတ်၊  ပြီးလျှင် စစ် ထားပါ။ ငါးဆီသတ်ရန်အတွက် ဆီအိုးတည်ပါ။ ဆီပူလျှင် ထောင်းထားတဲ့ ကြက်သွန်ဖြူ၊ စပါးလင်ထည့်ပြီး ဆီသတ်ပါ။ နောက်ဆုံးမှ ငရုတ်သီးနှစ်ထည့်ပြီး ဆီသတ်ပါ။ ပြီးလျှင် ငါးအသားထည့်ပါ။ ငရုတ်ကောင်း၊ ဆား၊ အရသာမှုန့် ထည့်ပြီး ဆီသတ်ပါ။ (ဒီအဆင့်ကို သိမ်းထားလို့ရပါပြီ)

 ငှက်ပျောအူလှီးဖို့အတွက် ဇလုံထဲကို ရေထည့်ပါ။ နနွင်းထည့်ပြီးမွှေထားပါ။ ပြီးလျှင် ငှက်ပျောအူကို လှီးပြီး ဇလုံထဲထည့်ပြီး စိမ်ထားပါ။ ပြီးလျှင် ပြုတ်ထားပါ။

 ဟင်းရည်ချက်ရန်အတွက် ငါးပြုတ်ရည်အိုးကို ဆူအောင်ထည့်ပါ။ ရေ ၁.၈ လီတာထည့်ပြီး ဆူအောင် တည်ပါ။ ထန်းလျက်ထည့်ပါ။ ငါးဆီသတ်ထည့်ပါ။စပါးလင် ၂ ချောင်းထည့်ပါ။ ဆူအောင်တည်ထားပါ။ ပြုတ်ထားတဲ့ ငှက်ပျောအူထည့်ချက်ပါ။ ကြက်သွန်နီဥ အသေး ထည့်ပါ။ ဆားထည့်ပါ။ ကြက်သွန်နီဥနူးလျှင် အဆင်သင့်ဖြစ်ပါပြီ။

 စားသုံးမည်ဆိုပါက ပန်းကန်ထဲ မုန့်ဖတ်ထည့်ပါ။ ပြီးလျှင် ဟင်းရည်ထည့်ပါ။ ပဲတောင့်ရှည်ကို အရှည်လိုက် လက်ဖြင့်ချိုးထည့်ပါ။ (မော်လမြိုင်မုန့်ဟင်းခါးလို ပါးပါးမလှီးပါ)၊ ခရမ်းချဉ်သီး၊ ပူဒီနာထည့်ပြီး သုံးဆောင်ပါ။


ကရင်မုန့်ဟင်းခါး (နောက်တစ်နည်း)

ငါးရံ့ ၄၀ကျပ်သား၊ ငှက်ပျောအူ တစ်တောင်ခန့် တစ်ပိုင်း၊ ကြက်သွန်နီ ၃၀ကျပ်သား၊ စပါးလင် ၅ ဥ၊ ကြက်သွန်ဖြူ ၁၀ကျပ်သား၊ ငရုတ်ကောင်းစေ့ ၂၅စေ့ခန့်၊ မျှင်ငါးပိ သို့မဟုတ် စိမ်းစားငါးပိ ထမင်းစားဇွန်း တစ်ဇွန်း၊ ဆား ထမင်းစားဇွန်း တစ်ဇွန်းခွဲ၊ ဟင်းခတ်မှုန့် တစ်ဇွန်း၊ နနွင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဇွန်း။

ပြင်ဆင်ချက်ပြုတ်နည်း

ငါးကိုဆေးကြောသန့်စင်ပြီး အိုးထဲရေတစ်လီတာခန့်ထည့်၍ ငါးနဲ့စပါးလင် ၃ဥခန့်ကို ဓားပြားရိုက်လုံးချည်ပြီး မျှင်ငါးပိ၊ဆား၊ဟင်းခတ်မှုန့်၊ နနွင်းမှုန့်တို့ထည့်ကာ ငါးကျက်တဲ့အထိပြုတ်ထားပါ။ကျက်ပါက အရိုးနွှင်ပြီး အသားသက်သက်ကိုဖယ်ထားပါ။ ငှက်ပျောအူကို အပြင်ခွံ အမျှင်တွေခွှာပြီး အနေတော်ပါးပါးလှီးပြီး ဆား၊နနွင်းမှုန့်၊ရေတို့နဲ့ နာရီဝက်ခန့်စိမ်ထားပြီးမှ ရေဆေးထုတ်ပြီး ငှက်ပျောအူတစ်မျိုးထဲကို သီးသန့်ကျက်အောင်ပြုတ်ထားပါ။ ကြက်သွန်နီကို အခွံခွာကာ လေးစိပ်စိပ်ထားပါ။ဥသေးဆိုရင် အလုံးလိုက်ထည့်လို့ရပါတယ်။

ကြက်သွန်ဖြူ တစ်ဝက်ကို မုန့်ဟင်းခါးနဲ့တွဲဖက်စားဖို့ ဆီကျက်လုပ်ထားပါ။

စပါးလင် ၂ဥ ပါးပါးလှီး၊ ငရုတ်ကောင်းနဲ့ကြက်သွန်ဖြူ ၅ကျပ်သားခန့်အခွံခွှာထားတာတွေကို ရောထောင်းပြီး ဒယ်အိုးထဲ ဆီထည့်အပူပေး ကာဆီသတ်ပါ။ နနွင်းမှုန့်အနည်းငယ်ထည့်ပါ။ ငါးအသားနွှင်ထားတာတွေကိုထည့်ကြော်ပါ။ ငါးပြုတ်ရည်လောင်းထည့်ပါ။ ကြက်သွန်နီထည့်ပါ။ ငှက်ပျောအူပြုတ်ထားပြီးသားကိုပါ တခါတည်းထည့်ပြုတ်ပါ။ ရေတစ်လီတာ ထပ်ထည့်ပြီး ကြက်သွန်ဥများ နူးတဲ့အထိတည်ထားရင်း အပေါ့အငန်မြည်းကာ မုန့်ဖတ်နဲ့ပြင်ဆင်စားသုံးနိုင်ပါပြီ။

ကရင်မုန့်ဟင်းခါးမှာ ကုလားပဲခြမ်း၊ပဲမှုန့်တို့၊ဆန်လှော်မှုန့်တို့ လုံးဝမသုံးထားပါဘူး။ အရည်ကျဲကျဲနဲ့ချိုချိုလေးပါပဲ။


ငရုတ်ကောင်း ဆန်လှော်မုန့်ဟင်းခါး




မုန့်ဟင်းခါးလို့ ပြောလိုက်တာနဲ့ ချက်နည်းအစုံ တွေ့ရမှာပါ ဒီနေ့တော့ ကိုယ်စားဖူးတဲ့ အရသာလေးကို အခြေခံပြီး ဖားအံဆေးရုံဘေးမှာ ရောင်းတဲ့ မုန့်ဟင်းခါး အရသာအတိုင်း ရအောင် ချက်ထားကာ ချက်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

မုန့်ဟင်းခါးဖတ် - 1000g

ငါးခူ - 500g

ငါးငံပြာရည် - လိုသလောက်

ဆား - လိုသလောက်

ကွကျဥ - ၆လုံး

ငရုတ်ကောင်းမှုန့် - ထမင်းစားဇွန်း တဇွန်းခွဲ

ကြက်သွန်နီ - အလုံးကြီးကြီး ၂လုံး (ဆီသတ်ရန် )

ကြက်သွန်နီ - အလုံးသေး ၁၈လုံးခန့် (ဟင်းရည်ထဲထည့်ရန် )

ကြက်သွန်ဖြူ  - အမွှာကြီးကြီး အမွှာ ၂၀ခန့် (ဆီချက် ချက်ရန်)

ကြက်သွန်ဖြူ - အမွှာကြီးကြီး ၅မွှာခန့် (ငါးဆီသတ်ရန်)

ဆန်လှော်မှုန့် - ၁၀၀ဂရမ်

ချင်း - တလက်မခန့်

နနွင်းမှုန့် - လိုသလောက်

အချိုမှုန့် - လက်ဖက်ရည်ဇွန်း နှစ်ဇွန်း

ငရုတ်သီးအလှော်မှုန့် - စားနိူင်သလောက်

ဆီ - ထမင်းစားဇွန်း ၅ဇွန်း (ငါးဆီသတ်ရန်)

ဆီ - လက်ဖက်ရည်အကြမ်းပန်းကန် တလုံး (ဆီချက်ချက်ရန်)

ရေအေး - ၃လီတာခန့် (ဟင်းရည်ချက်ရန် )

ရေအေး -၂လီတာခန့် (ငါးပြုပ်ရန် ငါးရိုးအရည်ငင်ရန်)

ခရမ်းချဉ်သီး ပဲသီး ပဲပင်ပေါက် ပူစီနံ နံနံပင် သံပုရာသီး - လိုသလောက်

#ငါးပြုပ်ရန်

ဇောက်နက်သော အိုးတလုံးထဲမှာ ငါးခူကို ငါးငံပြာရည် ထမင်းစားဇွန်း နှစ်ဇွန်း ဆား နနွင်းမှုန့် လက်ဖက်ရည်ဇွန်း သုံးပုံတပုံနှင့် ရေကို ငါးမြုပ်အောင်ထည့်ပြီး ပြုပ်ပေးပါ။ငါးကျက်ပါက ငါးပြုပ်ရည်ကို ဖယ်ထားပါ။

ငါးကိုအအေးခံပြီး အရိုးအသား သတ်သတ်စီ နွှင်ပေးထားပြီး အရိုးများကို ထောင်းပေးပါ။

ပြီးတာနဲ့ ရေအနည်းငယ်ဖြင့် အရိုးများကို ငင်ပေးပြီး ဇကာဖြင့်စစ်ကာ အရည်ကိုယူထားပါ။

ပြင်ဆင်ရန်

ကြက်ဥ၅လုံးကို ပြုပ်ပြီး အခွံခွာကာထားပါ။ကြက်ဥ တလုံးကို အစိမ်းခလောက်ထားပါ။ကြက်သွန်နီ အလုံးကြီးကြီးကို အခွံခွာပြီး ညက်အောင် ထောင်းထားပါ။ကြက်သွန်ဖြူ အမွှာ၂၀ခန့်ကို ဆီချက်ရန် မညက်တညက် ထောင်းထားပါ။ကြက်သွန်ဖြူ ၅မွှာခန့်ကို ငါးဆီသတ်ရန် ညက်နေအောင် ထောင်းထားပါ။ချင်းကို ညက်နေအောင် ထောင်းထားပါ။ငရုတ်ကောင်းမှုန့်ကို ညက်အောင်ထောင်းထားပါ။ ကြက်သွန်နီ အလုံးသေးများကို အခွံခွာပြီး ရေဆေးထားပါ။ခရမ်းချဉ်သီး ပဲသီး ပဲပင်ပေါက် သံပုရာသီးတို့ကို ရေဆေးကာ ပြင်ထားပါ။ ဆန်လှော်မှုန့်ကို ရေအနည်းငယ်ဖြင့် ဖျော်ထားပေးပါ။နံနံပင် ပူစီနံတို့ကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ။ပဲကြော် ပြင်ထားပါ။ ကြက်သွန်ဖြူ ဆီချက်ပြင်ထားပါ။

ကြက်သွန်ဖြူ ဆီချက်ချက်ရန်

ကြက်သွန်ဖြူ အမွှာ၂၀လောက်ကို အခွံခွာကာ အကွင်းလိုက် ခပ်ပါးပါး လှီးပေးပါ။ဒယ်အိုးတလုံးမှာ ဆီ လက်ဖက်ရည်အကြမ်းပန်းကန် တလုံးသာသာထည့်ပါ။မီးအပူပေးပြီး ဆီပူလာတာနဲ့ နနွင်းမှုန့် လက်ဖက်ရည်ဇွန်း တဝက်ထည့်ပြီး ထောင်းထားသော ကြက်သွန်ဖြူကို ကြော်ပေးပါ။မွှေးပြီးကြွတ်လာတာနဲ့ ပန်းကန်ထဲ ပြောင်းထည့်ပေးထားပါ။


ငါးဆီသတ်ရန်

ဒယ်အိုးထဲသို့ ဆီထည့်ပြီး ဆီပူလာလျှင် ထောင်းထားသော ကြက်သွန်ဖြူ ကြက်သွန်ဖြူ၊ နီ  ချင်းတို့ကိုထည့်ပြီး မွှေးလာတဲ့အထိ ကြော်ပါ။

ပြီးတာနဲ့ နနွင်းမှုန့်တို့ကိုထည့်ပြီး မိနစ်ဝက်လောက် ရောမွှေပေးပါ။

ငါးအသားများ ငရုတ်ကောင်းမှုန့်နှင့် ဆား လက်ဖက်ရည်ဇွန်းတဝက်ကို ထည့်မွှေပေးပါ။

ငါးဆီသတ်နံ့ မွှေးလာလျှင် မီးပိတ်ပေးပါ။


ဟင်းရည်ချက်ရန်


ဇောက်နက်သော အိုးကြီးကြီး တလုံးထဲမှာ ငါးပြုပ်ရည် ငါးအရိုး ကျင်ထားသောအရည်  ဆား လက်ဖက်ရည်ဇွန်း တဇွန်း ငါးငံပြာရည် ထမင်းစားဇွန်း ၃ဇွန်း ငါးဆီသတ်နှင့် ပြုတ်ထားသော ကြက်ဥတို့ကို ထည့်ပေးပါ။

ရေပွက်ပွက် ဆူလာပါက နောက်ထပ်ရေ အနေတော် ထပ်ထည့်ပေးပါ။

ရေ ပွက်ပွက်ဆူလာလျှင် ရေဖျော်ထားသော ဆန်လှော်မှုန့်ကို ထည့်ပြီး ရောမွှေပေးပါ။ဆန်မှုန့်များ ခဲမသွားစေရန် မကြာမကြာ မွှေပေးပါ။

ဆန်လှော်မှုန့်များ အရမ်းမပွခင် ကြက်သွန်နီများကို အလုံးလိုက် ထည့်ပေးပါ။

ကြက်သွန်နီများ နူလာပါက ခလောက်ထားသော ကြက်ဥကို ဟင်းရည် ပွက်ပွက်ဆူနေချိန်မှာ အိုးအပေါ်မှ စက်ဝိုင်းပုံစံ လောင်းချပေးပြီး  တဖက်သတ်ထဲ မွှေပေးကာ အရသာမြည်း၍ လိုသလို ပြင်ပေးပါ။

မုန့်ပြင် ပန်းကန်လုံးထဲမှာ မုန့်ဟင်းခါးဖတ် ငရုတ်သီးအလှော်မှုန့် နံနံပင် ပူစီနံ ကြက်သွန်ဥ သံပုရာရည်  ပဲပင်ပေါက် ကြက်သွန်ဖြူဆီချက်အဖတ် ကြက်သွန်ဖြူ ဆီချက်အနည်းငယ် ထည့်၍ အပေါ်မှ မုန့်ဟင်းရည် လောင်းထည့်ကာ အရသာရှိလှသော ငရုတ်ကောင်း ဆန်လှော် မုန့်ဟင်းခါးကို နှစ်သက်သလို သုံးဆောင်နိုင်ပါပြီ။ 


ငါးသလောက် မုန့်ဟင်းခါး 




ပါဝင်ပစ္စည်းများ

ငါးသလောက် – ၆၀ သား

ဆနွင်း – ၁ ဇွန်း (လဖက်ရည်ဇွန်း)

ကြက်သွန်ဖြူ – အမွှာကြီး ၂ မွှာ ထောင်း

ဂျင်း – အတက်ကြီး ၃ တက်ကို နာနာထု

စပါးလင် – ၃ ချောင်း ကိုထု

ဆား – ၂ ဇွန်း

အထက်ပါ ပစ္စည်းအားလုံး (၁ မှ ၆ အထိ) Pressure Cooker ပေါင်းအိုးတွင်ထည့်၊ ရေကို ငါးမြုပ်ရုံသာထည့်၍ ၄၅ မိနစ်ခန့် မီးအေးအေးနဲ့ အရိုးနူးသည်အထိ တည်ထားပါ။ အရိုးနူးလျှင် ကြေအောင် ငါးကိုခြေလိုက်ပါ။


ကြက်သွန်ဖြူ – အမွှာကြီး ၅ လုံးကိုထောင်း

ကြက်သွန်နီ – ၅ လုံး ကို ပါးပါးလှီး

ဂျင်း – ၁ တက် ခန့်ကိုထောင်း

ဆား၊ ဆနွင်း

ငရုတ်သီးမှုန့် – သင့်ရုံ

ခြေထားသည့် ငါး

ဆီ – ၅ကျပ်သား

ဆန်မှုန့် – ၅ကျပ်သား

ရေ ၂ လီတာ

မျှင်ငပိ – ၂ ဇွန်းသေး


ချက်ပြုတ်ပုံ

အထက်ပါပစ္စည်းအားလုံး (၁ မှ ၆ အထိ) ဟင်းရည်တည်မည့် အိုးထဲတွင် ဆီ ၅ကျပ်သား ထည့်၍ ငါးကိုဆီသပ်ပါ။

ပြီးလျှင် အိုးထဲမှ ကျန်ငါးပြုတ်ရည်၊ ရေ ၂ လီတာ၊ ဆန်မှုန့် ၅ ကျပ်သား (ရေအေးနှင့် ဖျော်ပါ) တို့ကို ပေါင်းထည့်ပြီး ဆူအောင်တည်ပါ

အခြားအိုးသေးတလုံးထဲတွင် မျှင်ငပိ၂ ဇွန်းနှင့် ရေကို မီးအေးအေးနဲ့ ဆူအောင်တည်ပါ။

မျှင်ငပိရည် ဆူသည့်အခါ ငါးပြုတ်ရည်အိုးထဲ ပေါင်းထဲ့၍ မီးအေးအေးနှင့်တည်ပြီး ဆူလာလျှင်ငှက်ပျောအူ၊ ကြက်သွန်နီဥသေး၊ ငရုတ်ကောင်းမှုန့် အနည်းငယ်ခန့်ကို ဖြူးပြီး အဖုံးအုပ်၍ မီးဖိုပေါ်မှချလိုက်ပါ။ အပေါ့အငံမြည်း၍ သုံးဆောင်နိုင်ပါပြီ။ (ငံပြာရည် လုံးဝ မသုံးရပါ )

ကြက်ဥပြုပ်၊ အကြော်စုံ၊ ပဲသီး၊ ငါးဖယ်ကြော်၊ ငါးသလောက်ဥကြော်၊ ကြက်သွန်ဖြူ/နီဆီချက်၊ ငရုတ်သီးမှုန့်၊ နံနံပင်တို့ကို မုန့်ဖတ်ပေါ်တင်၍ သုံးဆောင်နိုင်ပါသည်။


သက်သတ်လွတ် မုန့်ဟင်းခါး




 မုန့်ဟင်းခါးမှာ ငါးပိ၊ ငံပြာရည်က  အဓိကပါ။ အဲဒါကြောင့် သက်သတ်လွတ် မုန့်ဟင်းခါးဆိုရင် စားကောင်းပါ့မလားလို့ အမြဲသံသယ ဝင်မိတယ်။ သက်သတ်လွတ် စားကြသူတွေကို ဂုဏ်ယူအားပေးတဲ့အနေနဲ့ သက်သတ်လွတ် မုန့်ဟင်းခါးလေး စမ်းချက်ကြည့်ဖြစ်ပါတယ်။ ချက်ပြီးတော့ မရဲတရဲလေး စားကြည့်တာ စားကောင်းတာကြောင့် ချက်နည်းလေး ရေးပေးပါတယ်။ အခု ချက်နည်းကတော့ ငရုတ်ကောင်းမုန့်ဟင်းခါး အရောင်ရအောင် ချက်တာဖြစ်တဲ့အတွက် ငရုတ်သီး အရောင်မှုန့် မသုံးထားပါဘူး။

ပါဝင်ပစ္စည်းများ

မုန့်ဟင်းခါးဖတ်  –  ၅၀ ကျပ်သား

ခရမ်းသီး  –  ၃-၄ လုံး

ကြက်သွန်မြိတ်  –  ၄ ပင်

မွှေးမုန့်ဟင်းခါးအစုံမှုန့်  –  စားပွဲဇွန်း ၄ ဇွန်း

ကြက်သွန်နီ  –  ၂၅ ကျပ်သား (၄၀ဝ ဂရမ်)

ကြက်သွန်ဖြူ  –  ၂  ၁/၂ ကျပ်သားခန့် (၂၅ ဂရမ်)

ချင်း  –  ၁ လက်မအရွယ်

စပါးလင်  –  ၂ ပင်

နနွင်း  –  အနည်းငယ်

ဆီ  –  ၅ ကျပ်သားခန့်

ငရုတ်ကောင်း  –  စားပွဲဇွန်း ၁  ၁/၂ ဇွန်း (လှော်ထောင်းမှုန့်)

ထန်းလျက်  –  ၂ ခဲ

ဆား  –  သင့်ရုံ

ကြာမြစ်/ ငှက်ပျောအူ  –  ၂ ပေါင် ( ၁  ၁/၂ ပေအရွယ်) ၁ တုံး

တွဲဖက်စားသုံးရန်

ပဲကပ်ကြော်/ ဘူးသီးကြော်

ကြက်သွန်ဖြူဆီချက်

နံနံပင်

ငရုတ်သီးမှုန့်လှော်ထောင်း

ပဲတောင့်ရှည်

ပြုလုပ်နည်း

၁။       ခရမ်းသီးကို အတွင်းသားပျော့ပျောင်းပြီး အခွံမီးကျွမ်းတဲ့အထိ မီးဖုတ်ပါ။ အအေးခံပြီး အသားများကို ခြစ်ယူထားပါ။

၂။       ကြက်သွန်မြိတ်ကို နုပ်နုပ်လှီးထားပါ။

၃။       မွှေးမုန့်ဟင်းခါးအစုံမှုန့်ကို မွှေးလာအောင်လှော်ပါ။ အအေးခံပြီး ရေကို နို့ဆီဘူး ၁ ဘူးစာခန့် ထည့်ပြီး ဖျော်ထားပါ။

၄။       ကြာမြစ်ထည့်လျှင် အခွံနွှာပြီး အကွင်းလေးများ လှီးထားပါ။ ငှက်ပျောအူသုံးလျှင် အူတိုင်အနုများကို လက်တစ်လုံးအရွယ် လှီးပြီး နနွင်းထည့်ထားသောရေမှာ စိမ်ထားပါ။

၅။       ကြက်သွန်နီကို ပါးပါးလှီးထားပါ။ ကြက်သွန်ဖြူကို မညက်တညက်ထောင်းပြီး တစ်ဝက်ခန့်ကို ခပ်ပြီး ဖယ်ထားပါ။ ကျန်တစ်ဝက်ကို ပိုညက်သွားအောင် ထောင်းပါ။ ချင်းကို ညက်အောင် ထောင်းထားပါ။ စပါးလင်အရင်းပိုင်းကို အက်သွားရုံလေး ထုပါ။ ပြီးလျှင် ချည်ထုံးထားပါ။

၆။       ဒယ်အိုးထဲ ဆီ၊ နနွင်းထည့်ပါ။ မညက်တညက်ထောင်းထားသော ကြက်သွန်ဖြူကို ကြွပ်အောင် ကြော်ပြီး ဆယ်ယူထားပါ။ ဆီတချို့လည်း ခပ်ပြီး ဖယ်ထားပါ။

၇။       ကျန်တဲ့ဆီမှာ ကြက်သွန်နီကို ဆီသတ်ပါ။ နွမ်းလျှင် ကြက်သွန်ဖြူနှင့် ချင်းတို့ကိုထည့်ပြီး မွှေးလာ သည်အထိ ဆီသတ်ပါ။ မွှေးလာတဲ့အခါ ခရမ်းသီးနှင့် ကြက်သွန်မြိတ်တို့ကို ထည့်မွှေပေးပါ။

၈။       ဟင်းရည်ချက်မည့်အိုးထဲ ရေထည့်ပါ၊ ဆူအောင်တည်ပါ။ ဆူလျှင် ရေဖျော်ထားတဲ့ မုန့်ဟင်းခါး အစုံမှုန့်ထည့်ပါ။ ဆီသတ်ထားသည်တို့ကို ထည့်ပါ။ ထန်းလျက်ခဲနှင့် ဆားထည့်ပါ။ ကြက်သွန်နီဥ အလုံးသေးများကို နွှာထည့်ပါ။ ငှက်ပျောအူ/ ကြာမြစ်ကို ထည့်ပါ။

၉။       ဟင်းရည်ဆူပွက်လျှင် ငရုတ်ကောင်းခတ်ပါ။ ကြက်သွန်ဖြူကြော်တချို့ထည့်ပါ။ အရသာကို လိုအပ်သလို ပြုပြင်ပြီးလျှင် သုံးဆောင်ရန် အသင့်ဖြစ်ပါပြီ။


(Zawgyi) 


ကရင္မုန႔္ဟင္းခါး

--------------------------




ကရင္မုန႔္ဟင္းခါး ခ်က္တဲ့အခါ ငံျပာရည္ လုံးဝ မသုံးသလို ဆန္ေလွာ္မွုန႔္၊ ကုလားပဲလည္း မသုံးပါ။ ငါးပိ ေကာင္းေကာင္းေလးနဲ႔ ခ်က္တဲ့ မုန႔္ဟင္းခါးျဖစ္တဲ့ အတြက္ ငါးစၿပီးျပဳတ္ကတည္း ငါးပိနံ့ေလးေမႊးေနၿပီး ရခိုင္မုန႔္တီ အနံ့မ်ိဳးေလးရေနမွာပါ။ ဆန္ေလွာ္မွုန႔္မသုံး တဲ့အတြက္ ဟင္းရည္က ခပ္က်ဲက်ဲေလးျဖစ္ေနေပမယ့္ ၾကက္သြန္နီဥမ်ားမ်ားနဲ႔ခ်က္တဲ့အတြက္ သဘာဝအခ်ိဳ အရသာကို ရပါတယ္။ ငွက္ေပ်ာအူကို ရန္ကုန္မုန႔္ဟင္း ခါးလို ငွက္ေပ်ာအူမသုံးဘဲ ငွက္ေပ်ာျမစ္ဆုံ သုံးပါတယ္။ ကရင္မုန႔္ဟင္းခါးအရည္ကို အခ်ိဳနဲ႔ အစပ္ ႏွစ္မ်ိဳးခ်က္ ေလ့ရွိၿပီး စားတဲ့အခါမွာ ဟင္းရည္ႏွစ္မ်ိဳးစပ္ၿပီး ထည့္ စားေလ့ရွိပါတယ္။ အခုေျပာျပမယ့္ခ်က္နည္းကေတာ့ ဟင္းရည္အစပ္တစ္မ်ိဳးတည္း ခ်က္တဲ့နည္းပါ။ ကရင္ မုန႔္ဟင္းခါးမွာ ထူးျခားခ်က္ကေတာ့ ပဲပင္ေပါက္နဲ႔ ခရမ္းခ်ဥ္သီးထည့္စားတာပါပဲ။


ပါဝင္ပစၥည္းမ်ာ

မုန႔္ဟင္းခါးဖတ္  -  ၁ ပိႆာ-၁ပိႆာခြဲ

ငါးရံ့  -  ၅၀ ကျပ်သား

ငါးပိစိမ္းစား  -  စားပြဲဇြန္း ၁ ဇြန္း

ဆား  -  လက္ဖက္ရည္ဇြန္း ၁ ဇြန္း

အရသာမွုန႔္  -  လက္ဖက္ရည္ဇြန္း ၁ ဇြန္း

နႏြင္းမွုန႔္  -  လက္ဖက္ရည္ဇြန္း ၁/၂ ဇြန္း

စပါးလင္  -  ၄ ေခ်ာင္း (ဓားျပားရိုက္ထားပါ)

ေရ  -  ၁.၈ လီတာ


ငါးဆီသတ္ရန္အတြက္ လိုအပ္တာေတြကေတာ့

ၾကက္သြန္ျဖဴ  -  ၁၂၀ ဂရမ္ (ေထာင္းထားပါ)

စပါးလင္  -  ၃ ေခ်ာင္း (ေထာင္းထားပါ)

နႏြင္းမွုန႔္  -  လက္ဖက္ရည္ဇြန္း ၁/၂ ဇြန္း

င႐ုတ္ေကာင္းမွုန႔္  -  စားပြဲဇြန္း ၁ ဇြန္း

င႐ုတ္သီးေျခာက္  -  ၂၅ ဂရမ္ (ျပဳတ္ထားပါ)

အရသာမွုန႔္  -  လက္ဖက္ရည္ဇြန္း ၁ ဇြန္း

ဆား  -  လက္ဖက္ရည္ဇြန္း ၁ ဇြန္း

ဆီ  -  စားပြဲဇြန္း ၄ ဇြန္း


ဟင္းရည္ခ်က္ရန္ လိုအပ္တာေတြကေတာ့


ငွက္ေပ်ာအူ  -  ပါးပါးလွီးၿပီး နႏြင္းမွုန႔္နဲ႔ စိမ္ထားပါ။ျပဳတ္ထားပါ။

ၾကက္သြန္နီဥအေသး  -   ၄ဝဝ ဂရမ္

စပါးလင္  -  ၂ ေခ်ာင္း (ဓားျပားရိုက္ထားပါ)

ေရ  -  ၁.၈ လီတာ

ထန္းလ်က္  -  ၁ ခဲ ( ၂၇ ဂရမ္)

ဆား  -  စားပြဲဇြန္း ၁ ဇြန္း


Garnishအတြက္ လိုအပ္တာေတြကေတာ့

နံနံပင္/ပူဒီနံ

ပဲေတာင့္ရွည္

ခရမ္းခ်ဥ္သီး

သံပရာသီး

ၾကက္သြန္ျဖဴဆီခ်က္

င႐ုတ္သီးအက်က္မွုန႔္


ကရင္မုန႔္ဟင္းခါးခ်က္နည္

 ငါးကို စပါးလင္၊ ငါးပိ၊ နႏြင္းမွုန႔္၊ ဆား၊ အရသာမွုန႔္ ထည့္ၿပီး ျပဳတ္ထားပါ။ ၿပီးလၽွင္ အသားထြင္ထားပါ။ အရိုးကို ႀကိတ္စက္တြင္ထည့္ၿပီး ႀကိတ္၊  ၿပီးလၽွင္ စစ္ ထားပါ။ ငါးဆီသတ္ရန္အတြက္ ဆီအိုးတည္ပါ။ ဆီပူလၽွင္ ေထာင္းထားတဲ့ ၾကက္သြန္ျဖဴ၊ စပါးလင္ထည့္ၿပီး ဆီသတ္ပါ။ ေနာက္ဆုံးမွ င႐ုတ္သီးႏွစ္ထည့္ၿပီး ဆီသတ္ပါ။ ၿပီးလၽွင္ ငါးအသားထည့္ပါ။ င႐ုတ္ေကာင္း၊ ဆား၊ အရသာမွုန႔္ ထည့္ၿပီး ဆီသတ္ပါ။ (ဒီအဆင့္ကို သိမ္းထားလို့ရပါၿပီ)

 ငွက္ေပ်ာအူလွီးဖို့အတြက္ ဇလုံထဲကို ေရထည့္ပါ။ နႏြင္းထည့္ၿပီးေမႊထားပါ။ ၿပီးလၽွင္ ငွက္ေပ်ာအူကို လွီးၿပီး ဇလုံထဲထည့္ၿပီး စိမ္ထားပါ။ ၿပီးလၽွင္ ျပဳတ္ထားပါ။

 ဟင္းရည္ခ်က္ရန္အတြက္ ငါးျပဳတ္ရည္အိုးကို ဆူေအာင္ထည့္ပါ။ ေရ ၁.၈ လီတာထည့္ၿပီး ဆူေအာင္ တည္ပါ။ ထန္းလ်က္ထည့္ပါ။ ငါးဆီသတ္ထည့္ပါ။စပါးလင္ ၂ ေခ်ာင္းထည့္ပါ။ ဆူေအာင္တည္ထားပါ။ ျပဳတ္ထားတဲ့ ငွက္ေပ်ာအူထည့္ခ်က္ပါ။ ၾကက္သြန္နီဥ အေသး ထည့္ပါ။ ဆားထည့္ပါ။ ၾကက္သြန္နီဥႏူးလၽွင္ အဆင္သင့္ျဖစ္ပါၿပီ။

 စားသုံးမည္ဆိုပါက ပန္းကန္ထဲ မုန႔္ဖတ္ထည့္ပါ။ ၿပီးလၽွင္ ဟင္းရည္ထည့္ပါ။ ပဲေတာင့္ရွည္ကို အရွည္လိုက္ လက္ျဖင့္ခ်ိဳးထည့္ပါ။ (ေမာ္လၿမိဳင္မုန႔္ဟင္းခါးလို ပါးပါးမလွီးပါ)၊ ခရမ္းခ်ဥ္သီး၊ ပူဒီနာထည့္ၿပီး သုံးေဆာင္ပါ။


ကရင္မုန္႔ဟင္းခါး (ေနာက္တစ္နည္း)

ငါးရံ႕ ၄၀က်ပ္သား၊ ငွက္ေပ်ာအူ တစ္ေတာင္ခန္႔ တစ္ပိုင္း၊ ၾကက္သြန္နီ ၃၀က်ပ္သား၊ စပါးလင္ ၅ ဥ၊ ၾကက္သြန္ျဖဴ ၁၀က်ပ္သား၊ ငရုတ္ေကာင္းေစ့ ၂၅ေစ့ခန္႔၊ မွ်င္ငါးပိ သို႕မဟုတ္ စိမ္းစားငါးပိ ထမင္းစားဇြန္း တစ္ဇြန္း၊ ဆား ထမင္းစားဇြန္း တစ္ဇြန္းခြဲ၊ ဟင္းခတ္မႈန္႔ တစ္ဇြန္း၊ နႏြင္းမႈန္႔ လက္ဖက္ရည္ဇြန္း တစ္ဇြန္း။

ျပင္ဆင္ခ်က္ျပဳတ္နည္

ငါးကိုေဆးေၾကာသန္႔စင္ျပီး အိုးထဲေရတစ္လီတာခန္႔ထည့္၍ ငါးနဲ႔စပါးလင္ ၃ဥခန္႔ကို ဓားျပားရိုက္လံုးခ်ည္ျပီး မွ်င္ငါးပိ၊ဆား၊ဟင္းခတ္မႈန္႔၊ နႏြင္းမႈန္႔တို႔ထည့္ကာ ငါးက်က္တဲ့အထိျပဳတ္ထားပါ။က်က္ပါက အရိုးႏႊင္ျပီး အသားသက္သက္ကိုဖယ္ထားပါ။ ငွက္ေပ်ာအူကို အျပင္ခြံ အမွ်င္ေတြခႊာျပီး အေနေတာ္ပါးပါးလွီးျပီး ဆား၊နႏြင္းမႈန္႔၊ေရတို႔နဲ႔ နာရီ၀က္ခန္႔စိမ္ထားျပီးမွ ေရေဆးထုတ္ျပီး ငွက္ေပ်ာအူတစ္မ်ိဳးထဲကို သီးသန္႔က်က္ေအာင္ျပဳတ္ထားပါ။ ၾကက္သြန္နီကို အခြံခြာကာ ေလးစိပ္စိပ္ထားပါ။ဥေသးဆိုရင္ အလံုးလိုက္ထည့္လို႕ရပါတယ္။

ၾကက္သြန္ျဖဴ တစ္၀က္ကို မုန္႔ဟင္းခါးနဲ႔တြဲဖက္စားဖို႔ ဆီက်က္လုပ္ထားပါ။

စပါးလင္ ၂ဥ ပါးပါးလွီး၊ ငရုတ္ေကာင္းနဲ႔ၾကက္သြန္ျဖဴ ၅က်ပ္သားခန္႔အခြံခႊာထားတာေတြကို ေရာေထာင္းျပီး ဒယ္အိုးထဲ ဆီထည့္အပူေပး ကာဆီသတ္ပါ။ နႏြင္းမႈန္႔အနည္းငယ္ထည့္ပါ။ ငါးအသားႏႊင္ထားတာေတြကိုထည့္ေၾကာ္ပါ။ ငါးျပဳတ္ရည္ေလာင္းထည့္ပါ။ ၾကက္သြန္နီထည့္ပါ။ ငွက္ေပ်ာအူျပဳတ္ထားျပီးသားကိုပါ တခါတည္းထည့္ျပဳတ္ပါ။ ေရတစ္လီတာ ထပ္ထည့္ျပီး ၾကက္သြန္ဥမ်ား ႏူးတဲ့အထိတည္ထားရင္း အေပါ့အငန္ျမည္းကာ မုန္႔ဖတ္နဲ႔ျပင္ဆင္စားသံုးႏိုင္ပါျပီ။

ကရင္မုန္႔ဟင္းခါးမွာ ကုလားပဲျခမ္း၊ပဲမႈန္႔တို႔၊ဆန္ေလွာ္မႈန္႔တို႔ လံုး၀မသံုးထားပါဘူး။ အရည္က်ဲက်ဲနဲ႔ခ်ိဳခ်ိဳေလးပါပဲ။


င႐ုတ္ေကာင္း ဆန္ေလွာ္မုန္႔ဟင္းခါး





မုန္႔ဟင္းခါးလို့ ေျပာလိုက္တာနဲ႔ ခ်က္နည္းအစုံ ေတြ႕ရမွာပါ ဒီေန႔ေတာ့ ကိုယ္စားဖူးတဲ့ အရသာေလးကို အေျခခံၿပီး ဖားအံေဆး႐ုံေဘးမွာ ေရာင္းတဲ့ မုန္႔ဟင္းခါး အရသာအတိုင္း ရေအာင္ ခ်က္ထားကာ ခ်က္နည္းေလး မၽွေဝလိုက္ပါတယ္။


ပါ၀င္ပစၥည္းမ်ား

မုန္႔ဟင္းခါးဖတ္ - 1000g

ငါးခူ - 500g

ငါးငံျပာရည္ - လိုသေလာက္

ဆား - လိုသေလာက္

ၾကြက္ဥ - ၆လုံး

င႐ုတ္ေကာင္းမွုန္႔ - ထမင္းစားဇြန္း တဇြန္းခြဲ

ၾကက္သြန္နီ - အလုံးႀကီးႀကီး ၂လုံး (ဆီသတ္ရန္ )

ၾကက္သြန္နီ - အလုံးေသး ၁၈လုံးခန္႔ (ဟင္းရည္ထဲထည့္ရန္ )

ၾကက္သြန္ျဖဴ  - အမႊာႀကီးႀကီး အမႊာ ၂၀ခန္႔ (ဆီခ်က္ ခ်က္ရန္)

ၾကက္သြန္ျဖဴ - အမႊာႀကီးႀကီး ၅မႊာခန္႔ (ငါးဆီသတ္ရန္)

ဆန္ေလွာ္မွုန္႔ - ၁၀၀ဂရမ္

ခ်င္း - တလက္မခန္႔

နႏြင္းမွုန္႔ - လိုသေလာက္

အခ်ိဳမွုန္႔ - လက္ဖက္ရည္ဇြန္း ႏွစ္ဇြန္း

င႐ုတ္သီးအေလွာ္မွုန္႔ - စားနိူင္သေလာက္

ဆီ - ထမင္းစားဇြန္း ၅ဇြန္း (ငါးဆီသတ္ရန္)

ဆီ - လက္ဖက္ရည္အၾကမ္းပန္းကန္ တလုံး (ဆီခ်က္ခ်က္ရန္)

ေရေအး - ၃လီတာခန္႔ (ဟင္းရည္ခ်က္ရန္ )

ေရေအး -၂လီတာခန္႔ (ငါးျပဳပ္ရန္ ငါးရိုးအရည္ငင္ရန္)

ခရမ္းခ်ဥ္သီး ပဲသီး ပဲပင္ေပါက္ ပူစီနံ နံနံပင္ သံပုရာသီး - လိုသေလာက္

#ငါးျပဳပ္ရန္

ေဇာက္နက္ေသာ အိုးတလုံးထဲမွာ ငါးခူကို ငါးငံျပာရည္ ထမင္းစားဇြန္း ႏွစ္ဇြန္း ဆား နႏြင္းမွုန္႔ လက္ဖက္ရည္ဇြန္း သုံးပုံတပုံႏွင့္ ေရကို ငါးျမဳပ္ေအာင္ထည့္ၿပီး ျပဳပ္ေပးပါ။ငါးက်က္ပါက ငါးျပဳပ္ရည္ကို ဖယ္ထားပါ။

ငါးကိုအေအးခံၿပီး အရိုးအသား သတ္သတ္စီ ႏႊင္ေပးထားၿပီး အရိုးမ်ားကို ေထာင္းေပးပါ။

ၿပီးတာနဲ႔ ေရအနည္းငယ္ျဖင့္ အရိုးမ်ားကို ငင္ေပးၿပီး ဇကာျဖင့္စစ္ကာ အရည္ကိုယူထားပါ။

ျပင္ဆင္ရန္

ၾကက္ဥ၅လုံးကို ျပဳပ္ၿပီး အခြံခြာကာထားပါ။ၾကက္ဥ တလုံးကို အစိမ္းခေလာက္ထားပါ။ၾကက္သြန္နီ အလုံးႀကီးႀကီးကို အခြံခြာၿပီး ညက္ေအာင္ ေထာင္းထားပါ။ၾကက္သြန္ျဖဴ အမႊာ၂၀ခန္႔ကို ဆီခ်က္ရန္ မညက္တညက္ ေထာင္းထားပါ။ၾကက္သြန္ျဖဴ ၅မႊာခန္႔ကို ငါးဆီသတ္ရန္ ညက္ေနေအာင္ ေထာင္းထားပါ။ခ်င္းကို ညက္ေနေအာင္ ေထာင္းထားပါ။င႐ုတ္ေကာင္းမွုန္႔ကို ညက္ေအာင္ေထာင္းထားပါ။ ၾကက္သြန္နီ အလုံးေသးမ်ားကို အခြံခြာၿပီး ေရေဆးထားပါ။ခရမ္းခ်ဥ္သီး ပဲသီး ပဲပင္ေပါက္ သံပုရာသီးတို့ကို ေရေဆးကာ ျပင္ထားပါ။ ဆန္ေလွာ္မွုန္႔ကို ေရအနည္းငယ္ျဖင့္ ေဖ်ာ္ထားေပးပါ။နံနံပင္ ပူစီနံတို့ကို ေရေဆးၿပီး ခပ္ပါးပါး လွီးထားပါ။ပဲေၾကာ္ ျပင္ထားပါ။ ၾကက္သြန္ျဖဴ ဆီခ်က္ျပင္ထားပါ။

ၾကက္သြန္ျဖဴ ဆီခ်က္ခ်က္ရန္

ၾကက္သြန္ျဖဴ အမႊာ၂၀ေလာက္ကို အခြံခြာကာ အကြင္းလိုက္ ခပ္ပါးပါး လွီးေပးပါ။ဒယ္အိုးတလုံးမွာ ဆီ လက္ဖက္ရည္အၾကမ္းပန္းကန္ တလုံးသာသာထည့္ပါ။မီးအပူေပးၿပီး ဆီပူလာတာနဲ႔ နႏြင္းမွုန္႔ လက္ဖက္ရည္ဇြန္း တ၀က္ထည့္ၿပီး ေထာင္းထားေသာ ၾကက္သြန္ျဖဴကို ေၾကာ္ေပးပါ။ေမႊးၿပီးႂကြတ္လာတာနဲ႔ ပန္းကန္ထဲ ေျပာင္းထည့္ေပးထားပါ။


ငါးဆီသတ္ရန္

ဒယ္အိုးထဲသို့ ဆီထည့္ၿပီး ဆီပူလာလၽွင္ ေထာင္းထားေသာ ၾကက္သြန္ျဖဴ ၾကက္သြန္ျဖဴ၊ နီ  ခ်င္းတို့ကိုထည့္ၿပီး ေမႊးလာတဲ့အထိ ေၾကာ္ပါ။

ၿပီးတာနဲ႔ နႏြင္းမွုန္႔တို့ကိုထည့္ၿပီး မိနစ္၀က္ေလာက္ ေရာေမႊေပးပါ။

ငါးအသားမ်ား င႐ုတ္ေကာင္းမွုန္႔ႏွင့္ ဆား လက္ဖက္ရည္ဇြန္းတ၀က္ကို ထည့္ေမႊေပးပါ။

ငါးဆီသတ္နံ့ ေမႊးလာလၽွင္ မီးပိတ္ေပးပါ။


ဟင္းရည္ခ်က္ရန္


ေဇာက္နက္ေသာ အိုးႀကီးႀကီး တလုံးထဲမွာ ငါးျပဳပ္ရည္ ငါးအရိုး က်င္ထားေသာအရည္  ဆား လက္ဖက္ရည္ဇြန္း တဇြန္း ငါးငံျပာရည္ ထမင္းစားဇြန္း ၃ဇြန္း ငါးဆီသတ္ႏွင့္ ျပဳတ္ထားေသာ ၾကက္ဥတို့ကို ထည့္ေပးပါ။

ေရပြက္ပြက္ ဆူလာပါက ေနာက္ထပ္ေရ အေနေတာ္ ထပ္ထည့္ေပးပါ။

ေရ ပြက္ပြက္ဆူလာလၽွင္ ေရေဖ်ာ္ထားေသာ ဆန္ေလွာ္မွုန္႔ကို ထည့္ၿပီး ေရာေမႊေပးပါ။ဆန္မွုန္႔မ်ား ခဲမသြားေစရန္ မၾကာမၾကာ ေမႊေပးပါ။

ဆန္ေလွာ္မွုန္႔မ်ား အရမ္းမပြခင္ ၾကက္သြန္နီမ်ားကို အလုံးလိုက္ ထည့္ေပးပါ။

ၾကက္သြန္နီမ်ား ႏူလာပါက ခေလာက္ထားေသာ ၾကက္ဥကို ဟင္းရည္ ပြက္ပြက္ဆူေနခ်ိန္မွာ အိုးအေပၚမွ စက္ဝိုင္းပုံစံ ေလာင္းခ်ေပးၿပီး  တဖက္သတ္ထဲ ေမႊေပးကာ အရသာျမည္း၍ လိုသလို ျပင္ေပးပါ။

မုန္႔ျပင္ ပန္းကန္လုံးထဲမွာ မုန္႔ဟင္းခါးဖတ္ င႐ုတ္သီးအေလွာ္မွုန္႔ နံနံပင္ ပူစီနံ ၾကက္သြန္ဥ သံပုရာရည္  ပဲပင္ေပါက္ ၾကက္သြန္ျဖဴဆီခ်က္အဖတ္ ၾကက္သြန္ျဖဴ ဆီခ်က္အနည္းငယ္ ထည့္၍ အေပၚမွ မုန္႔ဟင္းရည္ ေလာင္းထည့္ကာ အရသာရွိလွေသာ င႐ုတ္ေကာင္း ဆန္ေလွာ္ မုန္႔ဟင္းခါးကို ႏွစ္သက္သလို သုံးေဆာင္နိုင္ပါၿပီ။ 


ငါးသေလာက္ မုန္႔ဟင္းခါး 




ပါ၀င္ပစၥည္းမ်ား

ငါးသေလာက္ – ၆၀ သား

ဆႏြင္း – ၁ ဇြန္း (လဖက္ရည္ဇြန္း)

ၾကက္သြန္ျဖဴ – အမႊာႀကီး ၂ မႊာ ေထာင္း

ဂ်င္း – အတက္ႀကီး ၃ တက္ကို နာနာထု

စပါးလင္ – ၃ ေခ်ာင္း ကိုထု

ဆား – ၂ ဇြန္း

အထက္ပါ ပစၥည္းအားလုံး (၁ မွ ၆ အထိ) Pressure Cooker ေပါင္းအိုးတြင္ထည့္၊ ေရကို ငါးျမဳပ္႐ုံသာထည့္၍ ၄၅ မိနစ္ခန္႔ မီးေအးေအးနဲ႔ အရိုးႏူးသည္အထိ တည္ထားပါ။ အရိုးႏူးလၽွင္ ေၾကေအာင္ ငါးကိုေျခလိုက္ပါ။


ၾကက္သြန္ျဖဴ – အမႊာႀကီး ၅ လုံးကိုေထာင္း

ၾကက္သြန္နီ – ၅ လုံး ကို ပါးပါးလွီး

ဂ်င္း – ၁ တက္ ခန္႔ကိုေထာင္း

ဆား၊ ဆႏြင္း

င႐ုတ္သီးမွုန္႔ – သင့္႐ုံ

ေျခထားသည့္ ငါး

ဆီ – ၅က်ပ္သား

ဆန္မွုန္႔ – ၅က်ပ္သား

ေရ ၂ လီတာ

မၽွင္ငပိ – ၂ ဇြန္းေသး


ခ်က္ျပဳတ္ပုံ

အထက္ပါပစၥည္းအားလုံး (၁ မွ ၆ အထိ) ဟင္းရည္တည္မည့္ အိုးထဲတြင္ ဆီ ၅က်ပ္သား ထည့္၍ ငါးကိုဆီသပ္ပါ။

ၿပီးလၽွင္ အိုးထဲမွ က်န္ငါးျပဳတ္ရည္၊ ေရ ၂ လီတာ၊ ဆန္မွုန္႔ ၅ က်ပ္သား (ေရေအးႏွင့္ ေဖ်ာ္ပါ) တို့ကို ေပါင္းထည့္ၿပီး ဆူေအာင္တည္ပါ

အျခားအိုးေသးတလုံးထဲတြင္ မၽွင္ငပိ၂ ဇြန္းႏွင့္ ေရကို မီးေအးေအးနဲ႔ ဆူေအာင္တည္ပါ။

မၽွင္ငပိရည္ ဆူသည့္အခါ ငါးျပဳတ္ရည္အိုးထဲ ေပါင္းထဲ့၍ မီးေအးေအးႏွင့္တည္ၿပီး ဆူလာလၽွင္ငွက္ေပ်ာအူ၊ ၾကက္သြန္နီဥေသး၊ င႐ုတ္ေကာင္းမွုန္႔ အနည္းငယ္ခန္႔ကို ျဖဴးၿပီး အဖုံးအုပ္၍ မီးဖိုေပၚမွခ်လိုက္ပါ။ အေပါ့အငံျမည္း၍ သုံးေဆာင္နိုင္ပါၿပီ။ (ငံျပာရည္ လုံးဝ မသုံးရပါ )

ၾကက္ဥျပဳပ္၊ အေၾကာ္စုံ၊ ပဲသီး၊ ငါးဖယ္ေၾကာ္၊ ငါးသေလာက္ဥေၾကာ္၊ ၾကက္သြန္ျဖဴ/နီဆီခ်က္၊ င႐ုတ္သီးမွုန႔္၊ နံနံပင္တို့ကို မုန္႔ဖတ္ေပၚတင္၍ သုံးေဆာင္နိုင္ပါသည္။


သက္သတ္လြတ္ မုန္႔ဟင္းခါး




 မုန္႔ဟင္းခါးမွာ ငါးပိ၊ ငံျပာရည္က  အဓိကပါ။ အဲဒါေၾကာင့္ သက္သတ္လြတ္ မုန္႔ဟင္းခါးဆိုရင္ စားေကာင္းပါ့မလားလို႔ အျမဲသံသယ ဝင္မိတယ္။ သက္သတ္လြတ္ စားၾကသူေတြကို ဂုဏ္ယူအားေပးတဲ့အေနနဲ႔ သက္သတ္လြတ္ မုန္႔ဟင္းခါးေလး စမ္းခ်က္ၾကည့္ျဖစ္ပါတယ္။ ခ်က္ၿပီးေတာ့ မရဲတရဲေလး စားၾကည့္တာ စားေကာင္းတာေၾကာင့္ ခ်က္နည္းေလး ေရးေပးပါတယ္။ အခု ခ်က္နည္းကေတာ့ င႐ုတ္ေကာင္းမုန္႔ဟင္းခါး အေရာင္ရေအာင္ ခ်က္တာျဖစ္တဲ့အတြက္ င႐ုတ္သီး အေရာင္မႈန္႔ မသံုးထားပါဘူး။

ပါဝင္ပစၥည္းမ်ာ

မုန္႔ဟင္းခါးဖတ္  –  ၅၀ က်ပ္သား

ခရမ္းသီး  –  ၃-၄ လံုး

ၾကက္သြန္ၿမိတ္  –  ၄ ပင္

ေမႊးမုန္႔ဟင္းခါးအစံုမႈန္႔  –  စားပြဲဇြန္း ၄ ဇြန္း

ၾကက္သြန္နီ  –  ၂၅ က်ပ္သား (၄၀ဝ ဂရမ္)

ၾကက္သြန္ျဖဴ  –  ၂  ၁/၂ က်ပ္သားခန္႔ (၂၅ ဂရမ္)

ခ်င္း  –  ၁ လက္မအရြယ္

စပါးလင္  –  ၂ ပင္

နႏြင္း  –  အနည္းငယ္

ဆီ  –  ၅ က်ပ္သားခန္႔

င႐ုတ္ေကာင္း  –  စားပြဲဇြန္း ၁  ၁/၂ ဇြန္း (ေလွာ္ေထာင္းမႈန္႔)

ထန္းလ်က္  –  ၂ ခဲ

ဆား  –  သင့္႐ံု

ၾကာျမစ္/ ငွက္ေပ်ာအူ  –  ၂ ေပါင္ ( ၁  ၁/၂ ေပအရြယ္) ၁ တံုး

တြဲဖက္စားသံုးရန္

ပဲကပ္ေၾကာ္/ ဘူးသီးေၾကာ္

ၾကက္သြန္ျဖဴဆီခ်က္

နံနံပင္

င႐ုတ္သီးမႈန္႔ေလွာ္ေထာင္း

ပဲေတာင့္ရွည္

ျပဳလုပ္နည္

၁။       ခရမ္းသီးကို အတြင္းသားေပ်ာ့ေပ်ာင္းၿပီး အခြံမီးကြ်မ္းတဲ့အထိ မီးဖုတ္ပါ။ အေအးခံၿပီး အသားမ်ားကို ျခစ္ယူထားပါ။

၂။       ၾကက္သြန္ၿမိတ္ကို ႏုပ္ႏုပ္လွီးထားပါ။

၃။       ေမႊးမုန္႔ဟင္းခါးအစံုမႈန္႔ကို ေမႊးလာေအာင္ေလွာ္ပါ။ အေအးခံၿပီး ေရကို ႏို႔ဆီဘူး ၁ ဘူးစာခန္႔ ထည့္ၿပီး ေဖ်ာ္ထားပါ။

၄။       ၾကာျမစ္ထည့္လွ်င္ အခြံႏႊာၿပီး အကြင္းေလးမ်ား လွီးထားပါ။ ငွက္ေပ်ာအူသံုးလွ်င္ အူတိုင္အႏုမ်ားကို လက္တစ္လံုးအရြယ္ လွီးၿပီး နႏြင္းထည့္ထားေသာေရမွာ စိမ္ထားပါ။

၅။       ၾကက္သြန္နီကို ပါးပါးလွီးထားပါ။ ၾကက္သြန္ျဖဴကို မညက္တညက္ေထာင္းၿပီး တစ္ဝက္ခန္႔ကို ခပ္ၿပီး ဖယ္ထားပါ။ က်န္တစ္ဝက္ကို ပိုညက္သြားေအာင္ ေထာင္းပါ။ ခ်င္းကို ညက္ေအာင္ ေထာင္းထားပါ။ စပါးလင္အရင္းပိုင္းကို အက္သြား႐ံုေလး ထုပါ။ ၿပီးလွ်င္ ခ်ည္ထံုးထားပါ။

၆။       ဒယ္အိုးထဲ ဆီ၊ နႏြင္းထည့္ပါ။ မညက္တညက္ေထာင္းထားေသာ ၾကက္သြန္ျဖဴကို ၾကြပ္ေအာင္ ေၾကာ္ၿပီး ဆယ္ယူထားပါ။ ဆီတခ်ိဳ႕လည္း ခပ္ၿပီး ဖယ္ထားပါ။

၇။       က်န္တဲ့ဆီမွာ ၾကက္သြန္နီကို ဆီသတ္ပါ။ ႏြမ္းလွ်င္ ၾကက္သြန္ျဖဴႏွင့္ ခ်င္းတို႔ကိုထည့္ၿပီး ေမႊးလာ သည္အထိ ဆီသတ္ပါ။ ေမႊးလာတဲ့အခါ ခရမ္းသီးႏွင့္ ၾကက္သြန္ၿမိတ္တို႔ကို ထည့္ေမႊေပးပါ။

၈။       ဟင္းရည္ခ်က္မည့္အိုးထဲ ေရထည့္ပါ၊ ဆူေအာင္တည္ပါ။ ဆူလွ်င္ ေရေဖ်ာ္ထားတဲ့ မုန္႔ဟင္းခါး အစံုမႈန္႔ထည့္ပါ။ ဆီသတ္ထားသည္တို႔ကို ထည့္ပါ။ ထန္းလ်က္ခဲႏွင့္ ဆားထည့္ပါ။ ၾကက္သြန္နီဥ အလံုးေသးမ်ားကို ႏႊာထည့္ပါ။ ငွက္ေပ်ာအူ/ ၾကာျမစ္ကို ထည့္ပါ။

၉။       ဟင္းရည္ဆူပြက္လွ်င္ င႐ုတ္ေကာင္းခတ္ပါ။ ၾကက္သြန္ျဖဴေၾကာ္တခ်ိဳ႕ထည့္ပါ။ အရသာကို လိုအပ္သလို ျပဳျပင္ၿပီးလွ်င္ သံုးေဆာင္ရန္ အသင့္ျဖစ္ပါၿပီ။

No comments: