Sunday, January 10, 2021

ဝန်ထမ်းအပေါ်မှာသစ္စာရှိပါ

  ဝန်ထမ်းအပေါ်မှာသစ္စာရှိပါ





‘လုပ်ငန်းများတိုးတက်ရန်အတွက်သစ္စာရှိဝန်ထမ်းများရှိရန်လိုအပ်သည်’ ဟု ဆိုလိုက်လျှင် ယနေ့ ခေတ်တွင်ခေတ်နောက်ကျသော အတွေးအခေါ်ဟု လူအများစုက ထင်မြင်ယူဆကြသည်။ သို့သော် သစ္စာရှိဝန်ထမ်းများသည် လုပ်ငန်းအောင်မြင်စေရန်အတွက် မရှိမဖြစ်လိုအပ်သူများဖြစ်သကဲ့သို့ အဖွဲ့အစည်း၏ အဖိုးအတန်ဆုံးသောအရင်းအနှီးတစ်ခုဖြစ်သည်မှာ မည်သို့မှ ငြင်းမရသော ကိစ္စပင်ဖြစ်သည်။


စာရေးသူအနေဖြင့် သစ္စာရှိဝန်ထမ်းအဖြစ်သတ်မှတ်သောအချက်များအား နိုဝင်ဘာလထုတ် HR Journal တွင်ဖော်ပြခဲ့ပြီးဖြစ်ပါသည်။ ယခုလတွင် ယင်းသစ္စာရှိဝန်ထမ်းများအား ထိန်းသိမ်းရန်နှင့် အဖွဲ့အစည်းဖက်မှ ဝန်ထမ်းအား ပြန်လည်သစ္စာစောင့်သိရမည့်အချက်များအားဖော်ပြသွားမည်ဖြစ်ပါသည်။ “ဝန်ထမ်းတစ်ဦး အဖွဲ့အစည်းအား စွန့်ခွာသည်မှာ အဖွဲ့အစည်းအပေါ်တွင် သစ္စာမရှိတာမဟုတ်၊ အဖွဲ့အစည်းကသာ ဝန်ထမ်းအပေါ်သစ္စာမရှိခဲ့သောကြောင့် ဝန်ထမ်းကနှုတ်ဆက်ထွက်ခွာခြင်းဖြစ်သည်” ဟု ဆရာကြီးဒေါက်တာ အောင်ထွန်းသက် ကလည်း ဟောပြောပွဲတစ်ခုတွင်ဆိုမိန့်ခဲ့ပါသည်။ 


သို့ဆိုလျှင် အဖွဲ့အစည်းအနေဖြင့် ဝန်ထမ်းအပေါ်တွင် မည်ကဲ့သို့သစ္စာစောင့်သိရမည်လဲ? သစ္စာရှိဝန်ထမ်းများ အဖွဲကအစည်းအတွင်းတွင် ရေရှည်နေနိုင်အောင်မည်ကဲ့သို့ ဆောင်ရွက်ရမည်လဲ ? ဆိုသည့်အချက်များသည် လုပ်ငန်းရှင်တိုင်း၊ စီမံခန့်ခွဲသူတိုင်း၊ HR ဌာနကို တာဝန်ယူဆောင်ရွက်ရသူတိုင်း မသိမဖြစ်သိထားရမည့်အချက်များဖြစ်ပါသည်။ ယင်းအချက်များမှ မိမိအဖွဲ့အစည်း၏ လုပ်ငန်းသဘောသဘာဝနှင့် ကိုက်ညီသော အချက်အလက်များအား အကောင်အထည်ဖော်ဆောင်ရွက်မည်ဆိုပါက ဝန်ထမ်း၊ စီမံခန့်ခွဲသူနှင့် လုပ်ငန်းရှင် သုံးဦးသုံးဖလှယ်အကျိုးဖြစ်ထွန်းမည့်ကိစ္စများဖြစ်ပါသည်။


၁။ အဖွဲ့အစည်း၏ ယဉ်ကျေးမှု


သစ္စာရှိဝန်ထမ်းများမွေးထုတ်နိုင်ရန်အတွက် အဖွဲ့အစည်း ယဉ်ကျေးမှု (Corporate Culture)သည် အရေးပါ အရာအရောက်ဆုံးသော အချက်တစ်ခုဖြစ်ပါသည်။ အဖွဲ့အစည်း၏ ယဉ်ကျေးမှုသည် လုပ်ငန်းခွင်တွင် ထူးချွန်သူများ၊ တာဝန်ကျေပြွန်သူများ၊ ကြိုးစားသူများ၊ အပြောင်းအလဲအားလက်ခံနိုင်စွမ်းရှိသူများကို အလေးပေးခြင်း၊ လုပ်ပိုင်ခွင့်၊ ခံစားခွင့်များပေးခြင်းစသည့် ကောင်းမွန်သော ယဉ်ကျေးမှုဖြစ်ပါက လုပ်ငန်းခွင်အတွက် အကျိုးပြုမည့် သစ္စာစောင့်သိသည့် ဝန်ထမ်းများ ရာခိုင်နှုန်းအတော်များများရှိကြမည်မှာ မလွဲပင်။ အကယ် မိမိ၏ အဖွဲ့အစည်းသည်ယခင်က ထိုကဲ့သို့သော အလေ့အထများ မရှိခဲ့ပါကလည်း ပြောင်းလဲရန်လိုအပ်သည့်အခြေအနေဖြစ်ခဲ့ပါက အဖွဲ့အစည်း၏ ယဉ်ကျေးမှုအားပြောင်းလဲရန် စီမံအုပ်ချုပ်သူများ အနေဖြင့် ကြိုးစားသင့်သည်။ 


၂။ အကျိုးခံစားခွင့်များ

အဖွဲ့အစည်း၏ ဝန်ထမ်းများအပေါ်တွင် ခံစားခွင့်ပေးထားသော အကျိုးခံစားခွင့်များသည်လည်း ဝန်ထမ်းများအနေဖြင့် လုပ်ငန်းများအပေါ်တွင် သစ္စာရှိလာစေသောအချက်တစ်ခုဖြစ်သည်။ အကျိုးခံစားခွင့် ဆိုရာတွင် ညီတူမျှတူသတ်မှတ်ပေးသင့်သော အကျိုးခံစားခွင့်များရှိသကဲ့သို့၊ အရည်အချင်းအလိုက်၊ စွမ်းဆောင်ရည်အလိုက်၊ ရာထူးအဆင့်အတန်းအလိုက် သတ်မှတ်ပေးသင့်သော ခံစားခွင့်များလဲရှိပါသည်။ အချို့သတ်မှတ်ချက်များတွင် သမားရိုးကျခံစားခွင့်များအပြင် ထူးခြားသောဆောင်ရွက်ချက်များကြောင့် ထူးခြားသည့်  ခံစားခွင့်များလဲ သတ်မှတ်ပေးရန်လိုအပ်သည်။ သစ္စာရှိ ဝန်ထမ်းများအား ထိန်းသိမ်းနိုင်ရန်အတွက် ငွေကြေးနှင့်ပတ်သက်သော အကျိုးခံစားခွင့်များအပြင် ယင်းဝန်ထမ်း၏ ကိုယ်ရေးကိုယ်တာ၊ မိသားစု၊ ကျန်းမာရေး၊ ပညာရေး နှင့် ပတ်သက်သော အကျိုးခံစားခွင့်များအား အခါအားလျော်စွာ ခံစားခွင့်ပေးသင့်သည်။ 


၃။ လစာစနစ်

ဝန်ထမ်းများအားသတ်မှတ်ပေးထားသော လစာစနစ်သည်လည်း သစ္စာရှိဝန်ထမ်းများ မွေးထုတ်ပေးရန်အတွက် အရေးအပါဆုံးသော အခြေခံအချက်တစ်ချက်ဖြစ်သည်။ ဝန်ထမ်းအများစု၏ အလုပ်လုပ်ကိုင်ရခြင်း ရည်ရွယ်ချက်တစ်ခုဖြစ်သည့် စား၊ ဝတ်၊ နေရေး အတွက် အခြေခံလိုအပ်ချက်များအား ဖြည့်စီးနိုင်ရန်အတွက် ထိုက်သင့်သော လစာစနစ်တစ်ခုရှိထားရမည်ဖြစ်သည်။ လစာစနစ်အား အစိုးရ၏ သတ်မှတ်ပေးထားသော အခြေခံလစာ၊ ခေတ်ကာလ၏ ပြောင်းလဲလာသော ကုန်ဈေးနှုန်းအခြေအနေ၊ ရာထူးတစ်ခုချင်းစီအလိုက်ရှိသော ဈေးကွက်ပေါက်ဈေး၊ အဖွဲ့အစည်း၏ အကျိုးအမြတ်များနှင့် ဝင်ငွေများ စသည့်အချက်များ အပေါ်တွင် အခြေခံပြီး အခါအားလျော်စွာ ပြန်လည်သုံးသပ်ပေးရန်လိုသည်။ 


၄။ မျှတစွာဆက်ဆံပါ

သစ္စာရှိဝန်ထမ်းများ မွေးထုတ်ရန်အတွက် လုပ်ငန်းရှင်များ၊ စီမံခန့်ခွဲသူများ၊ HR များကိုယ်တိုင် ဝန်ထမ်းများအပေါ်တွင် မျှတစွာ ဆက်ဆံရန်လိုအပ်သည်။ ၎င်းတို့အပေါ် မျှတစွာ ဆက်ဆံခြင်းကို ဝန်ထမ်းတိုင်းမှ မျှော်လင့်ကြသည်။ ထို့အပြင် ၎င်းတို့၏ လုပ်ဖော်ကိုင်ဖက်များအပေါ်တွင်လဲ စီမံခန့်ခွဲသူများမှ မျှတစွာ ဆက်ဆံခြင်းရှိ/မရှိကို ဝန်ထမ်းတိုင်းက အမြဲလေ့လာသုံးသပ်နေတတ်သည်။ ဝန်ထမ်းတိုင်းအတွက် မျှတစွာဆောင်ရွက်သင့်သော ကိစ္စများအပေါ်တွင် မမျှမတဆုံးဖြတ်သည့်ကိစ္စများ အဖွဲ့အစည်းအတွင်းတွင် ကြိမ်ဖန်များစွာဖြစ်ပေါ်လာပါက သစ္စာရှိဝန်ထမ်းများအနေဖြင့် အဖွဲ့အစည်းအား ယုံကြည်မှုပျက်ယွင်းပြီး စွန့်ခွာရန် ဆုံးဖြတ်တတ်ကြပါသည်။ 


၅။ အပြန်အလှန်လေးစားပါ

ဝန်ထမ်းများအပေါ်တွင် အပြန်အလှန်လေးစားမှုမရှိသော လုပ်ငန်းခွင်အား ဝန်ထမ်းများမှလဲ မလေးစားတတ်ပါ။ ဝန်ထမ်းများအနေဖြင့် အခကြေးငွေလိုအပ်ချက်ကြောင့်မဟုတ်လျှင် ယင်းကဲ့သို့သော လုပ်ငန်းခွင်တွင် ဆက်လက်လုပ်ကိုင်ရန် မည်သို့မျှ ဆန္ဒမရှိတတ်ကြပါ။ အခါအခွင့်သင့်သည်နှင့် စွန့်ခွာရန်ဆုံးဖြတ်တတ်ကြသကဲ့သို့ အဖွဲ့အစည်း၏ အနာဂတ်တိုးတက်ရန် ကိစ္စများအတွက်လဲ စိတ်အားတက်ကြွစွာ ဆောင်ရွက်ခြင်း မရှိတတ်ကြပါ။ ထို့ကြောင့် အပြန်အလှန်လေးစားမှုကို တန်ဖိုးထားတတ်သော လုပ်ငန်းခွင်ဖြစ်စေရန်အတွက် စီမံခန့်ခွဲသူများအနေဖြင့် ဆောင်ရွက်သင့်သည်။ လုပ်ငန်းရှင်များ၊ စီမံခန့်ခွဲသူများနှင့် HR များသည်လည်း မည်သည့်ဝန်ထမ်းဖြစ်ပါစေ အပြန်အလှန်လေးစားမှုနှင့် ဆက်ဆံတတ်ရန် အရေးကြီးပါသည်။ 


၆။ ပွင့်လင်းမြင်သာမှု

အဖွဲ့အစည်း၏ ရေတို၊ ရေရှည်ရည်မှန်းချက်များ၊ ပန်းတိုင်များ၊ တန်ဖိုးထားမှုများနှင့် ဆောင်ရွက်ချက်များကို ဝန်ထမ်းများအနေဖြင့် ပွင့်လင်းမြင်သာစွာ သိရှိထားရန်လိုအပ်သည်။ ထို့ပြင် အဖွဲ့အစည်း၏ မူဝါဒနှင့် လုပ်ထုံးလုပ်နည်းများ၊ အပြစ်ပေးအရေးယူမှုများ၊ စီရင်ထုံးများ၊ အဖွဲ့အစည်း၏ အောင်မြင်မှုများ၊ အခက်အခဲများအား ဝန်ထမ်းများအနေဖြင့် ပွင့်လင်းမြင်သာစွာ သိရှိနိုင်ပါက အဖွဲ့အစည်း၏  လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်၊ ကူညီရန်အတွက် လုပ်ဆောင်ရင်း၊ အကြံဉာဏ်များပေးရင်းဖြင့် အဖွဲ့အစည်းအပေါ်တွင် အလိုအလျောက်သစ္စာရှိလာမည်ဖြစ်သည်။ 


၇။ အဆိပ်ပင်ကဲ့သို့သောဝန်ထမ်းများအားဖယ်ရှားပါ

သစ္စာရှိဝန်ထမ်းများ အဖွဲကအစည်းအား စွန့်ခွာမသွားစေရန်အတွက် ယင်းဝန်ထမ်းများ၏ အနီးအနားတွင်ရှိသော အဆိပ်ပင်ကဲ့သို့သော ဝန်ထမ်းများ (Toxics employee) အား ဖယ်ရှားပေးရန်လိုအပ်သည်။ လုပ်ငန်းခွင်အတွင်း ယင်းအဆိပ်ပင်ကဲ့သို့သော ဝန်ထမ်းများ အများအပြားရှိနေပါက ထူးချွန်သော၊ သစ္စာရှိသော ဝန်ထမ်းများ ရှိလာနိုင်ရန် မဖြစ်နိုင်ပါ။ ယင်းဝန်ထမ်းများသည် ကောင်းမွန်သော ဝန်ထမ်းများ၏ အလေ့အကျင့်များကိုပင် ဖျက်ဆီးတတ်သဖြင့် သစ္စာရှိသော ဝန်ထမ်းများ မွေးထုတ်မည်ဆိုပါက Toxics employee များအား လုပ်ပိုင်ခွင့်အများအပြားရရှိထားသောနေရာများ၊ ရာထူးအဆင့်အတန်းဖြင့်သောနေရာများတွင် မခန့်ထားရန် အလွန်အရေးကြီးပါသည်။ 


၈။ အသိအမှတ်ပြုပါ

ရာထူးအဆင့်နိမ့်သည့်ဝန်ထမ်းမှစပြီး ရာထူးအဆင့်အမြင့်ဆုံးတာဝန်ယူထားရသောဝန်ထမ်းအထိ ၎င်းတို့၏ ကြိုးစားမှုအား အသိအမှတ်ပြုခံချင်ကြပါသည်။ ကြိုးစားမှုအားအသိအမှတ်ပြုသောလုပ်ငန်းခွင်တွင်   ဝန်ထမ်းတိုင်း ပျော်ရွှင်တက်ကြွတတ်ပါသည်။ အသိအမှတ်ပြုခြင်းဆိုရာတွင် စာတစ်တန်ပေတစ်ဖွဲ့ အသိအမှတ်မပြုနိုင်သည့်တိုင်အောင် စကားဖြင့်ဖြစ်စေ၊ အပြုအမူဖြင့်ဖြစ်စေ၊ ဖုန်း၊ email၊ sms ဖြစ်ဖြစ်စေ အသိအမှတ်ပြုခြင်းသည်လည်း အကျိုးရှိပါသည်။ အဓိကအရေးကြီးသည်မှာ ဝတ်ကျေတန်းကျေ အသိအမှတ်ပြုခြင်းမဟုတ်ဘဲ အမှန်တကယ် စိတ်ရောကိုယ်ပါ အသိအမှတ်ပြုပေးခြင်းသည်သာ အခရာကျပါသည်။ 


၉။ သင်ကြားခြင်းနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် ရင်းနှီးမြှုပ်နှံပါ

ဝန်ထမ်းများအား ဖွံ့ဖြိုးတိုးတက်စေရန်အတွက် လေ့ကျင့်သင်ကြားပေးသည့်ကိစ္စများတွင် ရင်းနှီးမြှုပ်နှံမှုပြုခြင်းသည် ဝန်ထမ်းများအနေဖြင့် အဖွဲ့အစည်းအား သစ္စာရှိရန်အချက်တစ်ချက်ပင်ဖြစ်သည်။ ဝန်ထမ်းများအနေဖြင့် အဖွဲ့အစည်း၏ လေ့ကျင့်သင်ကြားပေးမှုကြောင့် ၎င်းတို့၏ သက်မွေးဝမ်းကျောင်းမှု ပညာရပ်အဆင့်များ တိုးတက်လာသကဲ့သို့ အသိဉာဏ်ဗဟုသုတများ ပြည့်စုံလာသဖြင့် လက်ရှိလုပ်ငန်းခွင်တွင် အကျိုးရှိရှိပြန်လည်အသုံးချနိုင်သကဲ့သို့ အကြောင်းအမျိုးမျိုးကြောင့် လုပ်ငန်းခွင်အား စွန့်ခွာသွားရသည့် တိုင်အောင် အဖွဲ့အစည်း၏ အကျိုးကျေးဇူးများအား အခြားသူများသို့ ပြန်လည်သတင်းကောင်း ပေးကြမည်ဖြစ်သည်။ 


၁၀။ ဝန်ထမ်းများ၏ အသံကို နားထောင်ပါ

လုပ်ငန်းအား စီမံအုပ်ချုပ်သူများအနေဖြင့် ဝန်ထမ်းများ၏ အသံကို နားထောင်ရန် လွန်စွာအရေးကြီးပါသည်။ ဝန်ထမ်းများ၏ အသံကို နားထောင်သည်ဆိုရာ၌ ဝန်ထမ်းအလွှာပေါင်းစုံ၏ မကျေနပ်မှုများ၊ အကြံပြုချက်များအား ဦးစားပေး နားထောင်ရန်လိုအပ်သည်။ မကျေနပ်ချက်များ၊ အကြံပြုချက်များ ဆိုသည့်အတွက် အဖွဲ့အစည်း၏ ကောင်းမွန်နေသော အောင်မြင်နေသောအချက်များထက် လိုအပ်ချက်များကိုသာ အလေးအနက်ထား နားထောင်ရန် လိုအပ်ပါသည်။ ဝန်ထမ်းများ၏ အသံကို နားထောင်ပြီးပါကလည်း ဖြေရှင်းနိုင်သည့်ကိစ္စဆိုပါက ဖြေရှင်းပေးရန်နှင့် မဖြေရှင်းနိုင်သည့် ကိစ္စများဖြစ်ပါက အကြောင်းပြန်ကြားပေးရန်လိုအပ်သည်။ 


အထက်ဖော်ပြပါအချက်များသည် ဝန်ထမ်းများ အားလုံးအတွက် လုပ်ငန်းရှင်များ၊ စီမံခန့်ခွဲသူများနှင့် HR များဖက်မှ ဆောင်ရွက်ပေးရမည့် အရေးပါသော ကိစ္စများဖြစ်ပါသည်။ အဖွဲ့အစည်း၏ ယဉ်ကျေးမှုကောင်းမွန်ခြင်း၊ ဝန်ထမ်းအား ဦးစားပေးအလေးထားတတ်ခြင်း စသည့် ကောင်းမွန်မှုများရှိနေပါက သစ္စာရှိ ဝန်ထမ်းများ အလိုအလျောက်မွေးထုတ်သည့် အဖွဲ့အစည်းဖြစ်ပါလိမ့်မည်။ ဝန်ထမ်းက အဖွဲ့အစည်းအပေါ်တွင် သစ္စာရှိလျှင်လည်း  အဖွဲ့အစည်းအနေဖြင့် ဝန်ထမ်းအပေါ်တွင် အထက်ပါအချက်များဖြင့် သစ္စာရှိပေးရန် လိုအပ်သည်။ သို့မှသာ ကောင်းမွန်သော လုပ်ငန်းခွင်ဖြစ်ပြီး အကျိုးအမြတ်ရေရှည်တည်တံ့သော အဖွဲ့အစည်းဖြစ်မည်ဖြစ်ပါသည်။ အဖွဲ့အစည်းနှင့် ဝန်ထမ်း အပြန်အလှန်သစ္စာရှိကြခြင်းဖြင့် ကောင်းမွန်သော အဖွဲ့အစည်းများ များပြားလာပြီး နိုင်ငံ၏ စီးပွားရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုတိုးတက်လာစေရန် ဆန္ဒပြုလိုက်ပါသည်။ 


ရေးသားသူ - မဆွေဇင်


References:

(1) Kevin Hunter, 15 Effective Ways to Engage Employees and Increase Employee Loyalty, Core Centives

(2) 19 Simple Ways To Improve Employee Loyalty, Employer Insights, jobmonkey.com


(Zawgyi) 

ဝန္ထမ္းအေပၚမွာသစၥာရွိပါ




‘လုပ္ငန္းမ်ားတိုးတက္ရန္အတြက္သစၥာရွိဝန္ထမ္းမ်ားရွိရန္လိုအပ္သည္’ ဟု ဆိုလိုက္လၽွင္ ယေန႔ ေခတ္တြင္ေခတ္ေနာက္က်ေသာ အေတြးအေခၚဟု လူအမ်ားစုက ထင္ျမင္ယူဆၾကသည္။ သို့ေသာ္ သစၥာရွိဝန္ထမ္းမ်ားသည္ လုပ္ငန္းေအာင္ျမင္ေစရန္အတြက္ မရွိမျဖစ္လိုအပ္သူမ်ားျဖစ္သကဲ့သို့ အဖြဲ႕အစည္း၏ အဖိုးအတန္ဆုံးေသာအရင္းအႏွီးတစ္ခုျဖစ္သည္မွာ မည္သို့မွ ျငင္းမရေသာ ကိစၥပင္ျဖစ္သည္။


စာေရးသူအေနျဖင့္ သစၥာရွိဝန္ထမ္းအျဖစ္သတ္မွတ္ေသာအခ်က္မ်ားအား နိုဝင္ဘာလထုတ္ HR Journal တြင္ေဖာ္ျပခဲ့ၿပီးျဖစ္ပါသည္။ ယခုလတြင္ ယင္းသစၥာရွိဝန္ထမ္းမ်ားအား ထိန္းသိမ္းရန္ႏွင့္ အဖြဲ႕အစည္းဖက္မွ ဝန္ထမ္းအား ျပန္လည္သစၥာေစာင့္သိရမည့္အခ်က္မ်ားအားေဖာ္ျပသြားမည္ျဖစ္ပါသည္။ “ဝန္ထမ္းတစ္ဦး အဖြဲ႕အစည္းအား စြန႔္ခြာသည္မွာ အဖြဲ႕အစည္းအေပၚတြင္ သစၥာမရွိတာမဟုတ္၊ အဖြဲ႕အစည္းကသာ ဝန္ထမ္းအေပၚသစၥာမရွိခဲ့ေသာေၾကာင့္ ဝန္ထမ္းကႏွုတ္ဆက္ထြက္ခြာျခင္းျဖစ္သည္” ဟု ဆရာႀကီးေဒါက္တာ ေအာင္ထြန္းသက္ ကလည္း ေဟာေျပာပြဲတစ္ခုတြင္ဆိုမိန႔္ခဲ့ပါသည္။ 


သို့ဆိုလၽွင္ အဖြဲ႕အစည္းအေနျဖင့္ ဝန္ထမ္းအေပၚတြင္ မည္ကဲ့သို့သစၥာေစာင့္သိရမည္လဲ? သစၥာရွိဝန္ထမ္းမ်ား အဖြဲကအစည္းအတြင္းတြင္ ေရရွည္ေနနိုင္ေအာင္မည္ကဲ့သို့ ေဆာင္ရြက္ရမည္လဲ ? ဆိုသည့္အခ်က္မ်ားသည္ လုပ္ငန္းရွင္တိုင္း၊ စီမံခန႔္ခြဲသူတိုင္း၊ HR ဌာနကို တာဝန္ယူေဆာင္ရြက္ရသူတိုင္း မသိမျဖစ္သိထားရမည့္အခ်က္မ်ားျဖစ္ပါသည္။ ယင္းအခ်က္မ်ားမွ မိမိအဖြဲ႕အစည္း၏ လုပ္ငန္းသေဘာသဘာဝႏွင့္ ကိုက္ညီေသာ အခ်က္အလက္မ်ားအား အေကာင္အထည္ေဖာ္ေဆာင္ရြက္မည္ဆိုပါက ဝန္ထမ္း၊ စီမံခန႔္ခြဲသူႏွင့္ လုပ္ငန္းရွင္ သုံးဦးသုံးဖလွယ္အက်ိဳးျဖစ္ထြန္းမည့္ကိစၥမ်ားျဖစ္ပါသည္။


၁။ အဖြဲ႕အစည္း၏ ယဥ္ေက်းမွု


သစၥာရွိဝန္ထမ္းမ်ားေမြးထုတ္နိုင္ရန္အတြက္ အဖြဲ႕အစည္း ယဥ္ေက်းမွု (Corporate Culture)သည္ အေရးပါ အရာအေရာက္ဆုံးေသာ အခ်က္တစ္ခုျဖစ္ပါသည္။ အဖြဲ႕အစည္း၏ ယဥ္ေက်းမွုသည္ လုပ္ငန္းခြင္တြင္ ထူးခၽြန္သူမ်ား၊ တာဝန္ေက်ႁပြန္သူမ်ား၊ ႀကိဳးစားသူမ်ား၊ အေျပာင္းအလဲအားလက္ခံနိုင္စြမ္းရွိသူမ်ားကို အေလးေပးျခင္း၊ လုပ္ပိုင္ခြင့္၊ ခံစားခြင့္မ်ားေပးျခင္းစသည့္ ေကာင္းမြန္ေသာ ယဥ္ေက်းမွုျဖစ္ပါက လုပ္ငန္းခြင္အတြက္ အက်ိဳးျပဳမည့္ သစၥာေစာင့္သိသည့္ ဝန္ထမ္းမ်ား ရာခိုင္ႏွုန္းအေတာ္မ်ားမ်ားရွိၾကမည္မွာ မလြဲပင္။ အကယ္ မိမိ၏ အဖြဲ႕အစည္းသည္ယခင္က ထိုကဲ့သို့ေသာ အေလ့အထမ်ား မရွိခဲ့ပါကလည္း ေျပာင္းလဲရန္လိုအပ္သည့္အေျခအေနျဖစ္ခဲ့ပါက အဖြဲ႕အစည္း၏ ယဥ္ေက်းမွုအားေျပာင္းလဲရန္ စီမံအုပ္ခ်ဳပ္သူမ်ား အေနျဖင့္ ႀကိဳးစားသင့္သည္။ 


၂။ အက်ိဳးခံစားခြင့္မ်ား

အဖြဲ႕အစည္း၏ ဝန္ထမ္းမ်ားအေပၚတြင္ ခံစားခြင့္ေပးထားေသာ အက်ိဳးခံစားခြင့္မ်ားသည္လည္း ဝန္ထမ္းမ်ားအေနျဖင့္ လုပ္ငန္းမ်ားအေပၚတြင္ သစၥာရွိလာေစေသာအခ်က္တစ္ခုျဖစ္သည္။ အက်ိဳးခံစားခြင့္ ဆိုရာတြင္ ညီတူမၽွတူသတ္မွတ္ေပးသင့္ေသာ အက်ိဳးခံစားခြင့္မ်ားရွိသကဲ့သို့၊ အရည္အခ်င္းအလိုက္၊ စြမ္းေဆာင္ရည္အလိုက္၊ ရာထူးအဆင့္အတန္းအလိုက္ သတ္မွတ္ေပးသင့္ေသာ ခံစားခြင့္မ်ားလဲရွိပါသည္။ အခ်ိဳ့သတ္မွတ္ခ်က္မ်ားတြင္ သမားရိုးက်ခံစားခြင့္မ်ားအျပင္ ထူးျခားေသာေဆာင္ရြက္ခ်က္မ်ားေၾကာင့္ ထူးျခားသည့္  ခံစားခြင့္မ်ားလဲ သတ္မွတ္ေပးရန္လိုအပ္သည္။ သစၥာရွိ ဝန္ထမ္းမ်ားအား ထိန္းသိမ္းနိုင္ရန္အတြက္ ေငြေၾကးႏွင့္ပတ္သက္ေသာ အက်ိဳးခံစားခြင့္မ်ားအျပင္ ယင္းဝန္ထမ္း၏ ကိုယ္ေရးကိုယ္တာ၊ မိသားစု၊ က်န္းမာေရး၊ ပညာေရး ႏွင့္ ပတ္သက္ေသာ အက်ိဳးခံစားခြင့္မ်ားအား အခါအားေလ်ာ္စြာ ခံစားခြင့္ေပးသင့္သည္။ 


၃။ လစာစနစ္

ဝန္ထမ္းမ်ားအားသတ္မွတ္ေပးထားေသာ လစာစနစ္သည္လည္း သစၥာရွိဝန္ထမ္းမ်ား ေမြးထုတ္ေပးရန္အတြက္ အေရးအပါဆုံးေသာ အေျခခံအခ်က္တစ္ခ်က္ျဖစ္သည္။ ဝန္ထမ္းအမ်ားစု၏ အလုပ္လုပ္ကိုင္ရျခင္း ရည္ရြယ္ခ်က္တစ္ခုျဖစ္သည့္ စား၊ ဝတ္၊ ေနေရး အတြက္ အေျခခံလိုအပ္ခ်က္မ်ားအား ျဖည့္စီးနိုင္ရန္အတြက္ ထိုက္သင့္ေသာ လစာစနစ္တစ္ခုရွိထားရမည္ျဖစ္သည္။ လစာစနစ္အား အစိုးရ၏ သတ္မွတ္ေပးထားေသာ အေျခခံလစာ၊ ေခတ္ကာလ၏ ေျပာင္းလဲလာေသာ ကုန္ေစ်းႏွုန္းအေျခအေန၊ ရာထူးတစ္ခုခ်င္းစီအလိုက္ရွိေသာ ေစ်းကြက္ေပါက္ေစ်း၊ အဖြဲ႕အစည္း၏ အက်ိဳးအျမတ္မ်ားႏွင့္ ဝင္ေငြမ်ား စသည့္အခ်က္မ်ား အေပၚတြင္ အေျခခံၿပီး အခါအားေလ်ာ္စြာ ျပန္လည္သုံးသပ္ေပးရန္လိုသည္။ 


၄။ မၽွတစြာဆက္ဆံပါ

သစၥာရွိဝန္ထမ္းမ်ား ေမြးထုတ္ရန္အတြက္ လုပ္ငန္းရွင္မ်ား၊ စီမံခန႔္ခြဲသူမ်ား၊ HR မ်ားကိုယ္တိုင္ ဝန္ထမ္းမ်ားအေပၚတြင္ မၽွတစြာ ဆက္ဆံရန္လိုအပ္သည္။ ၎တို့အေပၚ မၽွတစြာ ဆက္ဆံျခင္းကို ဝန္ထမ္းတိုင္းမွ ေမၽွာ္လင့္ၾကသည္။ ထို့အျပင္ ၎တို့၏ လုပ္ေဖာ္ကိုင္ဖက္မ်ားအေပၚတြင္လဲ စီမံခန႔္ခြဲသူမ်ားမွ မၽွတစြာ ဆက္ဆံျခင္းရွိ/မရွိကို ဝန္ထမ္းတိုင္းက အျမဲေလ့လာသုံးသပ္ေနတတ္သည္။ ဝန္ထမ္းတိုင္းအတြက္ မၽွတစြာေဆာင္ရြက္သင့္ေသာ ကိစၥမ်ားအေပၚတြင္ မမၽွမတဆုံးျဖတ္သည့္ကိစၥမ်ား အဖြဲ႕အစည္းအတြင္းတြင္ ႀကိမ္ဖန္မ်ားစြာျဖစ္ေပၚလာပါက သစၥာရွိဝန္ထမ္းမ်ားအေနျဖင့္ အဖြဲ႕အစည္းအား ယုံၾကည္မွုပ်က္ယြင္းၿပီး စြန႔္ခြာရန္ ဆုံးျဖတ္တတ္ၾကပါသည္။ 


၅။ အျပန္အလွန္ေလးစားပါ

ဝန္ထမ္းမ်ားအေပၚတြင္ အျပန္အလွန္ေလးစားမွုမရွိေသာ လုပ္ငန္းခြင္အား ဝန္ထမ္းမ်ားမွလဲ မေလးစားတတ္ပါ။ ဝန္ထမ္းမ်ားအေနျဖင့္ အခေၾကးေငြလိုအပ္ခ်က္ေၾကာင့္မဟုတ္လၽွင္ ယင္းကဲ့သို့ေသာ လုပ္ငန္းခြင္တြင္ ဆက္လက္လုပ္ကိုင္ရန္ မည္သို့မၽွ ဆႏၵမရွိတတ္ၾကပါ။ အခါအခြင့္သင့္သည္ႏွင့္ စြန႔္ခြာရန္ဆုံးျဖတ္တတ္ၾကသကဲ့သို့ အဖြဲ႕အစည္း၏ အနာဂတ္တိုးတက္ရန္ ကိစၥမ်ားအတြက္လဲ စိတ္အားတက္ႂကြစြာ ေဆာင္ရြက္ျခင္း မရွိတတ္ၾကပါ။ ထို့ေၾကာင့္ အျပန္အလွန္ေလးစားမွုကို တန္ဖိုးထားတတ္ေသာ လုပ္ငန္းခြင္ျဖစ္ေစရန္အတြက္ စီမံခန႔္ခြဲသူမ်ားအေနျဖင့္ ေဆာင္ရြက္သင့္သည္။ လုပ္ငန္းရွင္မ်ား၊ စီမံခန႔္ခြဲသူမ်ားႏွင့္ HR မ်ားသည္လည္း မည္သည့္ဝန္ထမ္းျဖစ္ပါေစ အျပန္အလွန္ေလးစားမွုႏွင့္ ဆက္ဆံတတ္ရန္ အေရးႀကီးပါသည္။ 


၆။ ပြင့္လင္းျမင္သာမွု

အဖြဲ႕အစည္း၏ ေရတို၊ ေရရွည္ရည္မွန္းခ်က္မ်ား၊ ပန္းတိုင္မ်ား၊ တန္ဖိုးထားမွုမ်ားႏွင့္ ေဆာင္ရြက္ခ်က္မ်ားကို ဝန္ထမ္းမ်ားအေနျဖင့္ ပြင့္လင္းျမင္သာစြာ သိရွိထားရန္လိုအပ္သည္။ ထို့ျပင္ အဖြဲ႕အစည္း၏ မူဝါဒႏွင့္ လုပ္ထုံးလုပ္နည္းမ်ား၊ အျပစ္ေပးအေရးယူမွုမ်ား၊ စီရင္ထုံးမ်ား၊ အဖြဲ႕အစည္း၏ ေအာင္ျမင္မွုမ်ား၊ အခက္အခဲမ်ားအား ဝန္ထမ္းမ်ားအေနျဖင့္ ပြင့္လင္းျမင္သာစြာ သိရွိနိုင္ပါက အဖြဲ႕အစည္း၏  လိုအပ္ခ်က္မ်ားကို ျဖည့္ဆည္းေပးရန္၊ ကူညီရန္အတြက္ လုပ္ေဆာင္ရင္း၊ အႀကံဉာဏ္မ်ားေပးရင္းျဖင့္ အဖြဲ႕အစည္းအေပၚတြင္ အလိုအေလ်ာက္သစၥာရွိလာမည္ျဖစ္သည္။ 


၇။ အဆိပ္ပင္ကဲ့သို့ေသာဝန္ထမ္းမ်ားအားဖယ္ရွားပါ

သစၥာရွိဝန္ထမ္းမ်ား အဖြဲကအစည္းအား စြန႔္ခြာမသြားေစရန္အတြက္ ယင္းဝန္ထမ္းမ်ား၏ အနီးအနားတြင္ရွိေသာ အဆိပ္ပင္ကဲ့သို့ေသာ ဝန္ထမ္းမ်ား (Toxics employee) အား ဖယ္ရွားေပးရန္လိုအပ္သည္။ လုပ္ငန္းခြင္အတြင္း ယင္းအဆိပ္ပင္ကဲ့သို့ေသာ ဝန္ထမ္းမ်ား အမ်ားအျပားရွိေနပါက ထူးခၽြန္ေသာ၊ သစၥာရွိေသာ ဝန္ထမ္းမ်ား ရွိလာနိုင္ရန္ မျဖစ္နိုင္ပါ။ ယင္းဝန္ထမ္းမ်ားသည္ ေကာင္းမြန္ေသာ ဝန္ထမ္းမ်ား၏ အေလ့အက်င့္မ်ားကိုပင္ ဖ်က္ဆီးတတ္သျဖင့္ သစၥာရွိေသာ ဝန္ထမ္းမ်ား ေမြးထုတ္မည္ဆိုပါက Toxics employee မ်ားအား လုပ္ပိုင္ခြင့္အမ်ားအျပားရရွိထားေသာေနရာမ်ား၊ ရာထူးအဆင့္အတန္းျဖင့္ေသာေနရာမ်ားတြင္ မခန႔္ထားရန္ အလြန္အေရးႀကီးပါသည္။ 


၈။ အသိအမွတ္ျပဳပါ

ရာထူးအဆင့္နိမ့္သည့္ဝန္ထမ္းမွစၿပီး ရာထူးအဆင့္အျမင့္ဆုံးတာဝန္ယူထားရေသာဝန္ထမ္းအထိ ၎တို့၏ ႀကိဳးစားမွုအား အသိအမွတ္ျပဳခံခ်င္ၾကပါသည္။ ႀကိဳးစားမွုအားအသိအမွတ္ျပဳေသာလုပ္ငန္းခြင္တြင္   ဝန္ထမ္းတိုင္း ေပ်ာ္ရႊင္တက္ႂကြတတ္ပါသည္။ အသိအမွတ္ျပဳျခင္းဆိုရာတြင္ စာတစ္တန္ေပတစ္ဖြဲ႕ အသိအမွတ္မျပဳနိုင္သည့္တိုင္ေအာင္ စကားျဖင့္ျဖစ္ေစ၊ အျပဳအမူျဖင့္ျဖစ္ေစ၊ ဖုန္း၊ email၊ sms ျဖစ္ျဖစ္ေစ အသိအမွတ္ျပဳျခင္းသည္လည္း အက်ိဳးရွိပါသည္။ အဓိကအေရးႀကီးသည္မွာ ဝတ္ေက်တန္းေက် အသိအမွတ္ျပဳျခင္းမဟုတ္ဘဲ အမွန္တကယ္ စိတ္ေရာကိုယ္ပါ အသိအမွတ္ျပဳေပးျခင္းသည္သာ အခရာက်ပါသည္။ 


၉။ သင္ၾကားျခင္းႏွင့္ ဖြံ့ၿဖိဳးတိုးတက္မွုအတြက္ ရင္းႏွီးျမႇုပ္ႏွံပါ

ဝန္ထမ္းမ်ားအား ဖြံ့ၿဖိဳးတိုးတက္ေစရန္အတြက္ ေလ့က်င့္သင္ၾကားေပးသည့္ကိစၥမ်ားတြင္ ရင္းႏွီးျမႇုပ္ႏွံမွုျပဳျခင္းသည္ ဝန္ထမ္းမ်ားအေနျဖင့္ အဖြဲ႕အစည္းအား သစၥာရွိရန္အခ်က္တစ္ခ်က္ပင္ျဖစ္သည္။ ဝန္ထမ္းမ်ားအေနျဖင့္ အဖြဲ႕အစည္း၏ ေလ့က်င့္သင္ၾကားေပးမွုေၾကာင့္ ၎တို့၏ သက္ေမြးဝမ္းေက်ာင္းမွု ပညာရပ္အဆင့္မ်ား တိုးတက္လာသကဲ့သို့ အသိဉာဏ္ဗဟုသုတမ်ား ျပည့္စုံလာသျဖင့္ လက္ရွိလုပ္ငန္းခြင္တြင္ အက်ိဳးရွိရွိျပန္လည္အသုံးခ်နိုင္သကဲ့သို့ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ လုပ္ငန္းခြင္အား စြန႔္ခြာသြားရသည့္ တိုင္ေအာင္ အဖြဲ႕အစည္း၏ အက်ိဳးေက်းဇူးမ်ားအား အျခားသူမ်ားသို့ ျပန္လည္သတင္းေကာင္း ေပးၾကမည္ျဖစ္သည္။ 


၁၀။ ဝန္ထမ္းမ်ား၏ အသံကို နားေထာင္ပါ

လုပ္ငန္းအား စီမံအုပ္ခ်ဳပ္သူမ်ားအေနျဖင့္ ဝန္ထမ္းမ်ား၏ အသံကို နားေထာင္ရန္ လြန္စြာအေရးႀကီးပါသည္။ ဝန္ထမ္းမ်ား၏ အသံကို နားေထာင္သည္ဆိုရာ၌ ဝန္ထမ္းအလႊာေပါင္းစုံ၏ မေက်နပ္မွုမ်ား၊ အႀကံျပဳခ်က္မ်ားအား ဦးစားေပး နားေထာင္ရန္လိုအပ္သည္။ မေက်နပ္ခ်က္မ်ား၊ အႀကံျပဳခ်က္မ်ား ဆိုသည့္အတြက္ အဖြဲ႕အစည္း၏ ေကာင္းမြန္ေနေသာ ေအာင္ျမင္ေနေသာအခ်က္မ်ားထက္ လိုအပ္ခ်က္မ်ားကိုသာ အေလးအနက္ထား နားေထာင္ရန္ လိုအပ္ပါသည္။ ဝန္ထမ္းမ်ား၏ အသံကို နားေထာင္ၿပီးပါကလည္း ေျဖရွင္းနိုင္သည့္ကိစၥဆိုပါက ေျဖရွင္းေပးရန္ႏွင့္ မေျဖရွင္းနိုင္သည့္ ကိစၥမ်ားျဖစ္ပါက အေၾကာင္းျပန္ၾကားေပးရန္လိုအပ္သည္။ 


အထက္ေဖာ္ျပပါအခ်က္မ်ားသည္ ဝန္ထမ္းမ်ား အားလုံးအတြက္ လုပ္ငန္းရွင္မ်ား၊ စီမံခန႔္ခြဲသူမ်ားႏွင့္ HR မ်ားဖက္မွ ေဆာင္ရြက္ေပးရမည့္ အေရးပါေသာ ကိစၥမ်ားျဖစ္ပါသည္။ အဖြဲ႕အစည္း၏ ယဥ္ေက်းမွုေကာင္းမြန္ျခင္း၊ ဝန္ထမ္းအား ဦးစားေပးအေလးထားတတ္ျခင္း စသည့္ ေကာင္းမြန္မွုမ်ားရွိေနပါက သစၥာရွိ ဝန္ထမ္းမ်ား အလိုအေလ်ာက္ေမြးထုတ္သည့္ အဖြဲ႕အစည္းျဖစ္ပါလိမ့္မည္။ ဝန္ထမ္းက အဖြဲ႕အစည္းအေပၚတြင္ သစၥာရွိလၽွင္လည္း  အဖြဲ႕အစည္းအေနျဖင့္ ဝန္ထမ္းအေပၚတြင္ အထက္ပါအခ်က္မ်ားျဖင့္ သစၥာရွိေပးရန္ လိုအပ္သည္။ သို့မွသာ ေကာင္းမြန္ေသာ လုပ္ငန္းခြင္ျဖစ္ၿပီး အက်ိဳးအျမတ္ေရရွည္တည္တံ့ေသာ အဖြဲ႕အစည္းျဖစ္မည္ျဖစ္ပါသည္။ အဖြဲ႕အစည္းႏွင့္ ဝန္ထမ္း အျပန္အလွန္သစၥာရွိၾကျခင္းျဖင့္ ေကာင္းမြန္ေသာ အဖြဲ႕အစည္းမ်ား မ်ားျပားလာၿပီး နိုင္ငံ၏ စီးပြားေရးႏွင့္ အလုပ္အကိုင္အခြင့္အလမ္းမ်ား ပိုမိုတိုးတက္လာေစရန္ ဆႏၵျပဳလိုက္ပါသည္။ 


ေရးသားသူ - မေဆြဇင္


References:

(1) Kevin Hunter, 15 Effective Ways to Engage Employees and Increase Employee Loyalty, Core Centives

(2) 19 Simple Ways To Improve Employee Loyalty, Employer Insights, jobmonkey.com

No comments: