Saturday, January 16, 2021

“ကာမလိမ်လည်ရယူကြသည် ဆိုရာဝယ်”

“ကာမလိမ်လည်ရယူကြသည် ဆိုရာဝယ်”




(ဖတ်ရန် ကြာချိန် ၅ မိနစ်)


၁။ ကာမလိမ်လည်ရယူမှု ဆိုတာ ဘာလဲ


တကယ်တော့ ကာမလိမ်လည်ရယူမှုရယ်လို့ သီးခြားမရှိပါဘူး။ လိမ်လည်မှုထဲမှာပဲ အကြုံးဝင်ပါတယ်။ ပုဒ်မ ၄၁၅ ဖြစ်တဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်မှာတော့ လူတစ်ယောက်ဟာ သွေးဆောင်၊ ဖြားယောင်း၊ လိမ်လည်တယ်၊ တစ်ဖက်လူဟာ သူသာ မလိမ်ရင်၊ မဖြားယောင်းရင် ဒါကို လုပ်စရာ အကြောင်းမရှိဘူး၊ ခုလိုဖြစ်သွားတဲ့အတွက် သူ့မှာ ရုပ်ပိုင်း၊ စိတ်ပိုင်း၊ ဂုဏ်သိက္ခာပိုင်း ထိခိုက်ခံစားရတယ်၊ ဒီလိုလုပ်ရပ်တိုင်းဟာ လိမ်လည်မှု ဖြစ်တယ်။ 


အဲဒီလို လိမ်လည်ရင် ပြစ်ဒဏ်ပေးတဲ့ ပုဒ်မတွေက ၄၁၇၊ ၄၂၀ စသဖြင့် ရှိတယ်။ ကာမလိမ်လည်မှုကိုတော့ ၁၉၇၂ ခုနှစ်တုန်းက ပုဒ်မ ၄၁၇ အရ အပြစ်ပေးဖူးတဲ့ စီရင်ထုံးတစ်ခုရှိဖူးလို့ နောက်ပိုင်းမှာ ကာမလိမ်လည်ရယူတယ်ဆိုရင် ပုဒ်မ ၄၁၇ နဲ့ပဲ စွဲကြတာ ဖြစ်ပါတယ်။ ခုနောက်ဆုံး ပြင်ဆင်ထားတဲ့ ဥပဒေအရတော့ ဒီပုဒ်မဟာ ထောင် ၃ နှစ် သို့မဟုတ် ငွေဒဏ် သို့မဟုတ် ဒဏ်နှစ်ရပ်စလုံး ချနိုင်ပါတယ်။


နောက်ပြီး ဒီပုဒ်မမှာ အမျိုးသား အမျိုးသမီး ခွဲခြားထားခြင်း မရှိလို့ အမျိုးသားများအနေနဲ့လည်း တိုင်ကြားလို့ ရပါတယ်။ ဥပမာ သမီးရည်းစားနှစ်ယောက် တစ်နေ့လက်ထပ်မယ်ဆိုပြီး အတူကြိုးစား၊ ပိုက်ဆံတွေစုနေကြချိန် မိန်းကလေးက အိမ်ကပေးစားတဲ့သူနဲ့၊ ကိုယ့်ထက်သာတဲ့သူနဲ့ ယူသွားမယ်ဆိုရင် ဒီပုဒ်မနဲ့ စွဲလို့ရတယ်။ ဒါပေမဲ့ ကျွန်တော် ထင်တယ်၊ ဘယ်ယောကျာ်းကမှ ကာမလိမ်လည်ရယူမှုနဲ့တော့ စွဲမှာမဟုတ်ဘူး။ ခုနကလို မိန်းကလေးက သစ္စာဖောက်သွားဦးတော့၊ ယောကျာ်းလေးက ခံရခက်တာ၊ စိတ်ဓါတ်ကျတာတွေပဲ ရှိမယ်၊ ငါတော့ လူပျိုမစစ်တော့လို့ တန်ဖိုးမရှိတော့ဘူး ဆိုပြီး တွေးမဲ့သူ အင်မတန်ကို ရှားလိမ့်မယ်။ 


ဒီတော့ ဆက်ပြောတဲ့အခါမှာ ယောကျာ်းလေးက မိန်းကလေးကို လိမ်လည်တာတွေနဲ့ ပတ်သက်ပြီးပဲ ဦးစားပေးပြောသွားပါမယ်။


၂။ ရှာရခက်တဲ့ သက်သေ 


ဒီလိုကိစ္စတွေ ဖြစ်လာရင် တိုင်တန်းသူ၊ တစ်နည်းအားဖြင့် နစ်နာသူ မိန်းကလေးအနေနဲ့ အဓိက အခက်အခဲ ဖြစ်တာက သက်သေရှာရ ခက်တာပါပဲ။ 


ကာမလိမ်လည်ရယူတယ် ဆိုတော့ ကာမဆက်ဆံထားရမယ်၊ လက်ထပ်ပါ့မယ်လို့ လိမ်ထားရမယ်။ ဒီတော့ သူတို့နှစ်ယောက် အတူနေထားကြောင်း သက်သေလိုတယ်။ တည်းခိုခန်း ဧည့်ဝင်မှတ်တမ်း၊ တည်းခိုခန်း ဝန်ထမ်းတွေရဲ့ မျက်မြင်သက်သေ စသဖြင့်ပေါ့။ ဆွေမျိုးသားချင်း၊ မိသားစုမှာရော ဝင်ထွက်သွားလာနေသလား၊ ဒီမိန်းကလေးကို လက်ထပ်ပါ့မယ်လို့ ပြောဖူးသလား ဒီလိုတွေလည်း မေးလို့ရနိုင်တယ်။ အဲ့လိုကိစ္စတွေကို ကူညီပေးနေတဲ့ အစ်မတစ်ယောက် ပြောတာကတော့ တည်းခိုခန်း ဝန်ထမ်းတွေက သက်သေမထွက်ချင်ကြဘူး၊ ဘာလို့ဆိုတော့ သူတို့အလုပ်ကို ထိခိုက်မှာ စိုးလို့ပါတဲ့။ 


အဲ့လို သက်သေရှာရခက်တယ် ပြောလိုက်တော့ အတူနေတဲ့အချိန်မှာ ဓါတ်ပုံ၊ ဗီဒီယိုရိုက်ထားမလား၊ ဒီလိုလည်း မဖြစ်ပြန်ဘူး။ ကိုယ်ကတော့ သက်သေအတွက် ရိုက်ထားလိုက်ကာမှ ဒါကို ဖြန့်လိုက်ရမလား ခြိမ်းခြောက်နေရင် တစ်ပူပေါ် နှစ်ပူဆင့်မှာ စိုးရတယ်။ ဒီတော့ ခြုံပြောရရင် သက်သေရှာရခက်တယ်၊ တစုံတရာ အပြစ်ပေးခံရဖို့ထက် သူ့အကြောင်း လူသိအောင် လုပ်လိုက်နိုင်တဲ့ သဘောလောက်ပဲ ဖြစ်နေတယ်။ ဒါကလည်း အဲဒီလူက လူသိများထင်ရှားသူ ဖြစ်ဦးမှ။ မဟုတ်ရင် သိပ်မထူးဘူးပေါ့။ ဒါကြောင့် ဒီကိစ္စဟာ မိန်းကလေးတွေအတွက် အရေးကြီးတဲ့ ပြဿနာတစ်ရပ် ဖြစ်လာပါတယ်။


၃။ လူထုကြားမှာ ကျယ်ပြန့်လာတဲ့ အမြင်တစ်ခု


ခုဆို လူမှုကွန်ရက်တွေမှာ နာမည်ကျော်နေတဲ့ ကိစ္စလေးတွေ ရှိလာတယ်။ အဲဒီအခါမှာ သတိထားမိတယ်၊ ပြဿနာဖြစ်ပြီး သိပ်မကြာဘူး၊ တရားစွဲတဲ့ မိန်းကလေးတွေရဲ့ လူမမြင်သင့်တဲ့ ဓါတ်ပုံတွေ တက်တက်လာတော့တာပဲ။ ဒီအခါ လူတွေက ဘယ်လိုထင်လာသလဲ ဆိုတော့ သဘောတူတုန်းက တူခဲ့ပြီး ခုကျမှ တခုခုလိုချင်လို့ တရားစွဲတယ်ပေါ့၊ တချို့ကျတော့လည်း ဒီမိန်းကလေးတွေကိုက အညှာလွယ်တာ နည်းတောင်နည်းသေးတယ် ဆိုပြီး ပြောကြတယ်။ 


သိစေချင်တာကတော့ ဒါတွေဟာ ပင်လယ်ထဲ မျောနေတဲ့ ရေခဲကျောက်ဆောင်ရဲ့ ထိပ်ဖျားလေး (Tip of the iceberg) လောက်ပါပဲ။ ရေအောက်မှာ မြုပ်နေတဲ့ အစိတ်အပိုင်းက တကယ့်အကြီးကြီးပါ။ လူမသိ သူမသိ ဒီလိုလှည့်ဖျားခံလိုက်ရသူတွေ၊ သက်သေရှာမရ၊ ဘာမှလည်း လုပ်မရလို့ ဒီအတိုင်း ငြိမ်နေလိုက်ရသူတွေ၊ ရှက်လို့ ဘယ်သူ့မှမပြောဘဲ တစ်ယောက်တည်း ကြိတ်ခံစားနေရသူတွေ၊ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးမရှိတော့ဘူးလို့ မြင်ပြီး စိတ်ဒဏ်ရာ တပွေ့တပိုက်နဲ့ ကျန်ခဲ့သူတွေ အများကြီးပါပဲ။ 


ဒါကြောင့် ဒီလူမှုကွန်ရက်မှာ မြင်သလောက်လေးနဲ့ ဒီလိုကိစ္စတွေဟာ လျှပ်ပေါ်လော်လီတဲ့သူတွေမှ ဖြစ်တာ၊ ကိုယ်ကျင့်သိက္ခာ မကောင်းတဲ့သူတွေမှ ဖြစ်တာဆိုပြီး ထင်ကုန်ကြမှာ စိုးပါတယ်။ တကယ်ကိုမှ လိမ်ခံရသူ၊ နစ်နာသူတွေ ရှိနေတာမို့ ဒီလိုအမြင်တွေ လူထုကြား ကျယ်ပြန့်လာလေလေ၊ ကျူးလွန်ခံရသူတွေအနေနဲ့ နှုတ်ဆိတ်နေဖို့ရာ ရာခိုင်နှုန်း များလာလေလေပါပဲ။ ဒါဆို လိမ်လည်လှည့်ဖျားမဲ့သူတွေအတွက် အခွင့်ကောင်းတစ်ခု ဖြစ်သွားတော့မှာပါ။ လိမ်လည်တိုင်တန်းသူတွေ မရှိဘူး မဟုတ်ပါဘူး။ ရှိနိုင်ပါတယ်။ ဒါပေမဲ့ အဲ့လိုကိစ္စတစ်ခု နှစ်ခုအတွက်နဲ့၊ တကယ်ကို ကျူးလွန်ခံနေရတဲ့ မြောက်များစွာသော မိန်းကလေးတွေကို သိမ်းကျုံးအပြစ်မမြင်စေချင်ပါဘူး။ 


၄။ သမီးရည်းစား ပြတ်သွားတိုင်း ကာမလိမ်လည်ရယူမှုလား


ဒီလိုမျိုးတွေ တိုင်တန်းတာတွေ ရှိလာတော့ တချို့ကလည်း ပြောတယ်၊ သမီးရည်းစားတွေ အတူနေဖူးရင် မိန်းကလေးက တိုင်မယ်ဆို တိုင်လို့ရတာပေါ့တဲ့။ နှစ်ဦးစလုံးက ဒီလိုအတူနေတာဟာ သမီးရည်းစားဘဝ၊ Relationship တစ်ခုရဲ့ အစိတ်အပိုင်းလို့ သဘောထားပြီး နေခဲ့ကြတယ်ဆို အကြောင်းကြောင်းကြောင့် ပြတ်စဲသွားဦးတော့၊ ပြဿနာမရှိပါဘူး။ ဘယ်မိန်းကလေးကမှလည်း တိုင်တန်းနေမှာ မဟုတ်ဘူး။ 


ဘာလို့ဆိုတော့ တိုင်ပြီ ဆိုကတည်းက လူသိမယ်၊ ဒါကို ရှက်ကြတယ်၊ မိဘတွေလည်း သိကုန်မယ်၊ ဒါကြောင့် တော်တော်ကို မခံမရပ်နိုင် ဖြစ်ရတယ်ဆိုမှပဲ တိုင်ကြတာပါ။ ဥပမာ ကလေးရသွားတာကို တာဝန်မယူဘဲ၊ အဖေနာမည်မခံဘဲ ထားသွားတာ၊ ကိုယ့်မှာ လူမှုရေး၊ စီးပွားရေး၊ ပညာရေးအဘက်ဘက်က အနစ်နာခံ ပေးဆပ်ခဲ့ပြီးမှ သူက သစ္စာဖောက်သွားတာ၊ ဂုဏ်သိက္ခာပိုင်းအရ တအားစော်ကားသွားတာ စတဲ့ အခြေအနေမျိုးတွေမှပဲ တိုင်တန်းတတ်ကြပါတယ်။ 


၅။ အမျိုးသားတွေကို သတိထားစေချင်တာ


ဒါဆို ယောကျာ်းလေးတွေဘက်က မေးစရာရှိလာတယ်၊ ကိုယ့်ဘက်က မလိမ်ခဲ့ဘဲ၊ လက်ထပ်မယ်တွေဘာတွေ မပြောဘဲ ဒီလိုပဲ အတူနေခဲ့ပြီးမှ တရားထစွဲရင်ရော ဘယ်လိုလုပ်ရမလဲ။ ဒါမျိုးလည်း ရှိနိုင်တာပေါ့။ 


အဲဒါနဲ့ ပတ်သက်လို့တော့ နှစ်ချက်ပြောလိုတယ်။


တစ်ခုကတော့ ရည်ရွယ်ချက်တစ်ခုနဲ့ စွဲတာ။ ငွေကြေးအကျိုးအမြတ်ဖြစ်ဖြစ် လက်ထပ်စေချင်တာဖြစ်ဖြစ်ပေါ့။ ဒီအမှုက သက်သေရှာရခက်တယ် ဆိုပေမဲ့ အရင်ဆုံး နာမည်တော့ ပျက်မယ်လေ။ ဒီလို နာမည် အပျက်မခံနိုင်ဘူး ဆိုတဲ့သူတွေကို ခြိမ်းခြောက်အကြပ်ကိုင်တဲ့အနေနဲ့ လုပ်တာမျိုးတွေလည်း ရှိနိုင်ပါတယ်။ ဒါကြောင့် ယောကျာ်းလေးပဲ ဆိုပြီး အခါခပ်သိမ်း အသာရနေတယ် မထင်ပါနဲ့။ ကိုယ့်ဘက်က မိသားစု ဂုဏ်သိက္ခာအရ နာမည်ပျက်မခံနိုင်ဘူး ဆိုတဲ့အခါ ဒီလိုသွားပြုမူထားမိရင် ပြဿနာ ကောင်းကောင်း ပေးနိုင်တယ် ဆိုတာကို သတိထားပါ။


နောက်တစ်ခုကတော့ မိန်းကလေးက တကယ်ကို နာကျင်ခံစားရတာ။ ကျွန်တော်တို့ မြန်မာ့အသိုင်းအဝိုင်းမှာက လိင်ဆက်ဆံမှုတစ်ခု လုပ်ပြီးရင် မိန်းကလေးက နစ်နာရတယ်လို့ တွေးကြတာ များတာကိုး။ ခေတ်စကားနဲ့ ခပ်ရိုင်းရိုင်းပြောကြတဲ့ စားပြီး နားမလည်လုပ်တယ် ဆိုတာ ဒါကိုပြောတာပေါ့။ အတူနေပြီးရင် ဒီမိန်းကလေးကို တာဝန်ယူကိုယူရမယ် ဆိုတာမျိုးလေ။ ဒီတော့ ကိုယ်ကတော့ သာမန်လို သဘောထားပြီး အတူနေလိုက်တယ်။ မိန်းကလေးကကျ သူ့မှာ နစ်နာသွားရပြီ လို့ထင်ပြီး တာဝန်ယူခိုင်းတာမျိုး ဖြစ်လာနိုင်တာပေါ့။ တခါတလေမှာလည်း မိန်းကလေးက သူ့ကို လက်ထပ်မယ်ထင်လို့ ခွင့်ပြုလိုက်တာမျိုး ဖြစ်နေနိုင်တယ်လေ။ ဒါ မိန်းကလေးက တမင်ရည်ရွယ်ချက်နဲ့ လုပ်တာ မဟုတ်ဘူး။ တကယ်ကို သူ့စိတ်ထဲမှာ ထိခိုက်သွားလို့ တရားစွဲတာ။ 


ဒါကြောင့် ယောကျာ်းလေးတွေအနေနဲ့ ကိုယ်အတူနေတော့မယ်ဆို မိန်းကလေးရဲ့ တန်ဖိုးထားမှုကရော ဘယ်လိုနေလဲ၊ ဘာကြောင့် ဒီလိုနေဖို့ ခွင့်ပြုတာလဲ ဆိုတာကို သိအောင်လုပ်ဖို့ အရေးကြီးပါတယ်။ မဟုတ်ရင် တရားစွဲမခံရတောင် တစ်ဖက်မိန်းကလေးမှာ စိတ်ဒဏ်ရာတွေနဲ့ ကျန်ခဲ့တယ်ဆို မကောင်းဘူးပေါ့။


ကာမလိမ်လည်ရယူမှုဟာ မိန်းကလေးတွေ အများစု နစ်နာရတယ် ဆိုပေမဲ့ ယောကျာ်းလေးတွေကိုလည်း ပြဿနာပေးနေတာတွေ ရှိပါတယ်။ ပြဿနာတစ်ခု ကြားလိုက်ရပြီဆိုလည်း များသောအားဖြင့် ဘာရယ်ညာရယ် သေသေချာချာ မသိသေးဘဲ ယောကျာ်းလေးဘက်က အလွန်လို့ပဲ မြင်လိုက်ကြတာက များတယ်။ ဒါကြောင့် ဒီလိုအမှုတွေဟာ ယောကျာ်းတွေအနေနဲ့ ကိုယ့်နာမည်၊ ကိုယ့်သိက္ခာ၊ ကိုယ့်မိသားစု မထိခိုက်ဖို့အတွက် သတိထားသင့်တဲ့ ကိစ္စလည်း ဖြစ်လာပါတယ်။


၆။ သက်သေယူထားမလား


ရှေ့မှာ ပြောခဲ့သလို၊ ဒီအမှုနဲ့စွဲရင် ပြဿနာက သက်သေရှာရခက်တယ်။ ဒါဆို အတူနေထားတဲ့ ဓါတ်ပုံဖြစ်ဖြစ် ဗီဒီယိုဖြစ်ဖြစ် ရိုက်ထားမလား။ ဒါဆို ကာမလိမ်လည်မှုနဲ့ စွဲဖို့ သက်သေရသွားတာပေါ့။ 


ဒါပေမဲ့ စဉ်းစားကြည့်ပါ။ လျော်ကြေးလိုချင်လို့ တိုင်မဲ့သူ၊ ခြိမ်းခြောက်မဲ့သူဆိုရင်တော့ ဟုတ်တာပေါ့။ များသောအားဖြင့်က ဒီလိုလိမ်လည်ခံရသူ အများစုဟာ နဂိုကတည်းကိုမှ အရှက်အကြောက် ကြီးကြပါတယ်။ ယုံမှတ်လို့သာ ပုံအပ်လိုက်တာကိုး။ လိမ်လည်ခံလိုက်ရပြီးရင်လည်း သူတို့ဟာ သူတို့ပဲ ကြိတ်ခံစားနေကြတယ်။ မိဘကိုတောင် မပြောဘူး။ ရှက်တာရယ်၊ နာမည်ပျက်မှာ စိုးတာရယ်ကြောင့်ပေါ့။ 


အဲ့လို ကိုယ့်မိသားစုဝင်တွေ၊ ကိုယ့်သူငယ်ချင်းတွေကိုတောင် မပြောရဲတဲ့ သူတစ်ယောက်ဟာ ဒီဓါတ်ပုံတွေကို ပြပြီး တရားစွဲဖို့ဆိုတာ ဘယ်လိုဖြစ်နိုင်မှာလဲ။ ဒါကြောင့် အဲ့လိုဓါတ်ပုံတွေ ရိုက်ယူထား၊ လက်ထပ်စာချုပ်မှာ လက်မှတ်ထိုးထားလည်း အသုံးမဝင်နိုင်ပါဘူး။ တကယ်လို့ နာကျည်းလွန်းလို့ တိုင်ဖို့ ဆုံးဖြတ်လိုက်တယ် ဆိုရင်တော့လည်း အသုံးဝင်လာနိုင်တာပေါ့လေ။ ဒါပေမဲ့ စဉ်းစားကြည့်၊ ကိုယ့်ချစ်သူကောင်လေးနဲ့ ဒီလိုသွားတဲ့အခါ တစ်နေ့ကျ ကာမလိမ်လည်သွားရင် တိုင်နိုင်အောင် သက်သေကြိုယူထားမှ ဆိုတဲ့အတွေး ဘယ်သူ့ဆီမှာ ရှိမလဲ။ ဒီလိုတွေးနေရလောက်တဲ့သူမျိုးဆိုလည်း အစောကတည်းကကို ယုံကြည်ပြီး အဲ့လို အတူမနေခဲ့သင့်ဘူး။ ချစ်သူအဖြစ်ကို ထားမနေသင့်ဘူး။ 


ဒါကြောင့် သက်သေရှာထားဖို့ထက် ကိုယ့်တန်ဖိုးထားမှုအကြောင်း ကိုယ်သိဖို့လိုတယ်။ အယုံမလွယ်ဖို့ လိုတယ်။ ကိုယ်က အပျိုစင်ဘဝမှ တန်ဖိုးရှိတယ်လို့ တွေးရင် ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် မလိုက်လျောနဲ့။ မဟုတ်ရင် ဗီဒီယို၊ ဓါတ်ပုံရိုက်ထားလည်း မရဘူး။ လက်ထပ်စာချုပ်မှာ တိတ်တိတ်လေး လက်မှတ်ထိုးထားလည်း မထူးဘူး။ လိမ်တဲ့သူက လိမ်မှာပဲ။ လူတွေသိမှာစိုးလို့ တရားလည်း မစွဲရဲ၊ ဒီတော့ ယူထားတဲ့ သက်သေက ဘာမှလည်း အသုံးမဝင်၊ ကိုယ်ပဲ တန်ဖိုးမရှိတော့ဘူး ဆိုတဲ့ ခံစားချက်နဲ့ ကျန်ခဲ့ရတာ။ ပိုဆိုးတာက အဲဒီပုံတွေ၊ ဗီဒီယိုတွေနဲ့ ကိုယ့်ကို ပြန်ခြိမ်းခြောက်တာမျိုးတောင် ရှိလာနိုင်သေးတယ်။ ဒါကြောင့် သက်သေယူထားဖို့တွေ လုပ်မနေနဲ့၊ အစောကတည်းက သဘောမတူတာ အကောင်းဆုံးပါပဲ။


၇။ ပေးချင်တဲ့ သတင်းစကားများ


ပြောခဲ့တာတွေလည်း များပြီမို့ အနှစ်ချုပ်အနေနဲ့ အရင်ဆုံး ပြည်သူအများကို သိစေချင်တာကတော့ လူမှုကွန်ရက်ပေါ်မှာ မြင်တွေ့နေ၊ ကြားသိနေရတဲ့ ကိစ္စတွေဟာ ပင်လယ်ထဲမှာ မျောနေတဲ့ ရေခဲကျောက်ဆောင်ကြီးရဲ့ ထိပ်ပိုင်း (Tip of the iceberg) လေးသာ ဖြစ်တယ်၊ တကယ်အပြင်မှာ လိမ်လည်ပြီး ကာမရယူခံလိုက်ရတဲ့ မိန်းကလေးတွေ အများကြီးပဲ ရှိနေတယ်၊ ဒီပြဿနာဟာ မိန်းကလေးတွေအတွက် တော်တော်ကြီးမားတဲ့ ပြဿနာတစ်ရပ် ဖြစ်တယ် ဆိုတာပါပဲ။ ဒါကြောင့် လွယ်လွယ်နဲ့ အပြစ်တင် ကဲ့ရဲ့ လှောင်ပြောင်နေကြတာမျိုး မလုပ်ကြဖို့ လိုပါတယ်။ 


မိန်းကလေးတွေကို သိစေချင်တာက အယုံမလွယ်ဖို့၊ လိင်မှုကိစ္စနဲ့ ပတ်သက်ပြီး ကိုယ့်ရဲ့ တန်ဖိုးထားမှုကို ကိုယ်သိဖို့၊ ကိုယ့်ဆန္ဒမပါရင် ဘယ်လိုအကြောင်းရင်းနဲ့မှ ဒါကို ခွင့်ပြုလိုက်လျောတာမျိုး မလုပ်ဖို့ လိုပါတယ်။ 


ယောကျာ်းလေးတွေကို သိစေချင်တာလည်း ရှိပါတယ်။ အဲဒါက ဘယ်မိန်းကလေးကိုမှ ဒီကိစ္စအတွက်နဲ့ မလိမ်ညာပါနဲ့။ ကိုယ့်နှမလေးသာဆိုရင် ဆိုတဲ့အတွေးလေး ထားပေးပါ။ ကိုယ့်ချစ်သူ ကောင်မလေးရဲ့ အပျိုစင်ဘဝအပေါ် တန်ဖိုးထားမှု၊ လိင်မှုရေးရာတွေနဲ့ ပတ်သက်တဲ့ ခံယူချက်တွေကို သိအောင်လုပ်ပါ။ မဟုတ်ရင် ကိုယ့်အတွက်က အေးအေးဆေးဆေးပဲ ဆိုပေမဲ့ သူ့မှာတော့ စိတ်ဒဏ်ရာတွေနဲ့ ကျန်နေခဲ့ရမယ် ဆိုတာကို သိထားစေချင်ပါတယ်။


ဒေါက်တာ ဖြိုးသီဟ

၁၉.၁၂.၂၀၁၈

(Zawgyi) 


 “ကာမလိမ္လည္ရယူၾကသည္ ဆိုရာဝယ္”




(ဖတ္ရန္ ၾကာခ်ိန္ ၅ မိနစ္)


၁။ ကာမလိမ္လည္ရယူမွု ဆိုတာ ဘာလဲ


တကယ္ေတာ့ ကာမလိမ္လည္ရယူမွုရယ္လို့ သီးျခားမရွိပါဘူး။ လိမ္လည္မွုထဲမွာပဲ အၾကဳံးဝင္ပါတယ္။ ပုဒ္မ ၄၁၅ ျဖစ္တဲ့ အဓိပၸါယ္ဖြင့္ဆိုခ်က္မွာေတာ့ လူတစ္ေယာက္ဟာ ေသြးေဆာင္၊ ျဖားေယာင္း၊ လိမ္လည္တယ္၊ တစ္ဖက္လူဟာ သူသာ မလိမ္ရင္၊ မျဖားေယာင္းရင္ ဒါကို လုပ္စရာ အေၾကာင္းမရွိဘူး၊ ခုလိုျဖစ္သြားတဲ့အတြက္ သူ႔မွာ ႐ုပ္ပိုင္း၊ စိတ္ပိုင္း၊ ဂုဏ္သိကၡာပိုင္း ထိခိုက္ခံစားရတယ္၊ ဒီလိုလုပ္ရပ္တိုင္းဟာ လိမ္လည္မွု ျဖစ္တယ္။ 


အဲဒီလို လိမ္လည္ရင္ ျပစ္ဒဏ္ေပးတဲ့ ပုဒ္မေတြက ၄၁၇၊ ၄၂၀ စသျဖင့္ ရွိတယ္။ ကာမလိမ္လည္မွုကိုေတာ့ ၁၉၇၂ ခုႏွစ္တုန္းက ပုဒ္မ ၄၁၇ အရ အျပစ္ေပးဖူးတဲ့ စီရင္ထုံးတစ္ခုရွိဖူးလို့ ေနာက္ပိုင္းမွာ ကာမလိမ္လည္ရယူတယ္ဆိုရင္ ပုဒ္မ ၄၁၇ နဲ႔ပဲ စြဲၾကတာ ျဖစ္ပါတယ္။ ခုေနာက္ဆုံး ျပင္ဆင္ထားတဲ့ ဥပေဒအရေတာ့ ဒီပုဒ္မဟာ ေထာင္ ၃ ႏွစ္ သို့မဟုတ္ ေငြဒဏ္ သို့မဟုတ္ ဒဏ္ႏွစ္ရပ္စလုံး ခ်နိုင္ပါတယ္။


ေနာက္ၿပီး ဒီပုဒ္မမွာ အမ်ိဳးသား အမ်ိဳးသမီး ခြဲျခားထားျခင္း မရွိလို့ အမ်ိဳးသားမ်ားအေနနဲ႔လည္း တိုင္ၾကားလို့ ရပါတယ္။ ဥပမာ သမီးရည္းစားႏွစ္ေယာက္ တစ္ေန႔လက္ထပ္မယ္ဆိုၿပီး အတူႀကိဳးစား၊ ပိုက္ဆံေတြစုေနၾကခ်ိန္ မိန္းကေလးက အိမ္ကေပးစားတဲ့သူနဲ႔၊ ကိုယ့္ထက္သာတဲ့သူနဲ႔ ယူသြားမယ္ဆိုရင္ ဒီပုဒ္မနဲ႔ စြဲလို့ရတယ္။ ဒါေပမဲ့ ကၽြန္ေတာ္ ထင္တယ္၊ ဘယ္ေယာက်ာ္းကမွ ကာမလိမ္လည္ရယူမွုနဲ႔ေတာ့ စြဲမွာမဟုတ္ဘူး။ ခုနကလို မိန္းကေလးက သစၥာေဖာက္သြားဦးေတာ့၊ ေယာက်ာ္းေလးက ခံရခက္တာ၊ စိတ္ဓါတ္က်တာေတြပဲ ရွိမယ္၊ ငါေတာ့ လူပ်ိဳမစစ္ေတာ့လို့ တန္ဖိုးမရွိေတာ့ဘူး ဆိုၿပီး ေတြးမဲ့သူ အင္မတန္ကို ရွားလိမ့္မယ္။ 


ဒီေတာ့ ဆက္ေျပာတဲ့အခါမွာ ေယာက်ာ္းေလးက မိန္းကေလးကို လိမ္လည္တာေတြနဲ႔ ပတ္သက္ၿပီးပဲ ဦးစားေပးေျပာသြားပါမယ္။


၂။ ရွာရခက္တဲ့ သက္ေသ 


ဒီလိုကိစၥေတြ ျဖစ္လာရင္ တိုင္တန္းသူ၊ တစ္နည္းအားျဖင့္ နစ္နာသူ မိန္းကေလးအေနနဲ႔ အဓိက အခက္အခဲ ျဖစ္တာက သက္ေသရွာရ ခက္တာပါပဲ။ 


ကာမလိမ္လည္ရယူတယ္ ဆိုေတာ့ ကာမဆက္ဆံထားရမယ္၊ လက္ထပ္ပါ့မယ္လို့ လိမ္ထားရမယ္။ ဒီေတာ့ သူတို့ႏွစ္ေယာက္ အတူေနထားေၾကာင္း သက္ေသလိုတယ္။ တည္းခိုခန္း ဧည့္ဝင္မွတ္တမ္း၊ တည္းခိုခန္း ဝန္ထမ္းေတြရဲ့ မ်က္ျမင္သက္ေသ စသျဖင့္ေပါ့။ ေဆြမ်ိဳးသားခ်င္း၊ မိသားစုမွာေရာ ဝင္ထြက္သြားလာေနသလား၊ ဒီမိန္းကေလးကို လက္ထပ္ပါ့မယ္လို့ ေျပာဖူးသလား ဒီလိုေတြလည္း ေမးလို့ရနိုင္တယ္။ အဲ့လိုကိစၥေတြကို ကူညီေပးေနတဲ့ အစ္မတစ္ေယာက္ ေျပာတာကေတာ့ တည္းခိုခန္း ဝန္ထမ္းေတြက သက္ေသမထြက္ခ်င္ၾကဘူး၊ ဘာလို့ဆိုေတာ့ သူတို့အလုပ္ကို ထိခိုက္မွာ စိုးလို့ပါတဲ့။ 


အဲ့လို သက္ေသရွာရခက္တယ္ ေျပာလိုက္ေတာ့ အတူေနတဲ့အခ်ိန္မွာ ဓါတ္ပုံ၊ ဗီဒီယိုရိုက္ထားမလား၊ ဒီလိုလည္း မျဖစ္ျပန္ဘူး။ ကိုယ္ကေတာ့ သက္ေသအတြက္ ရိုက္ထားလိုက္ကာမွ ဒါကို ျဖန႔္လိုက္ရမလား ၿခိမ္းေျခာက္ေနရင္ တစ္ပူေပၚ ႏွစ္ပူဆင့္မွာ စိုးရတယ္။ ဒီေတာ့ ျခဳံေျပာရရင္ သက္ေသရွာရခက္တယ္၊ တစုံတရာ အျပစ္ေပးခံရဖို့ထက္ သူ႔အေၾကာင္း လူသိေအာင္ လုပ္လိုက္နိုင္တဲ့ သေဘာေလာက္ပဲ ျဖစ္ေနတယ္။ ဒါကလည္း အဲဒီလူက လူသိမ်ားထင္ရွားသူ ျဖစ္ဦးမွ။ မဟုတ္ရင္ သိပ္မထူးဘူးေပါ့။ ဒါေၾကာင့္ ဒီကိစၥဟာ မိန္းကေလးေတြအတြက္ အေရးႀကီးတဲ့ ျပႆနာတစ္ရပ္ ျဖစ္လာပါတယ္။


၃။ လူထုၾကားမွာ က်ယ္ျပန႔္လာတဲ့ အျမင္တစ္ခု


ခုဆို လူမွုကြန္ရက္ေတြမွာ နာမည္ေက်ာ္ေနတဲ့ ကိစၥေလးေတြ ရွိလာတယ္။ အဲဒီအခါမွာ သတိထားမိတယ္၊ ျပႆနာျဖစ္ၿပီး သိပ္မၾကာဘူး၊ တရားစြဲတဲ့ မိန္းကေလးေတြရဲ့ လူမျမင္သင့္တဲ့ ဓါတ္ပုံေတြ တက္တက္လာေတာ့တာပဲ။ ဒီအခါ လူေတြက ဘယ္လိုထင္လာသလဲ ဆိုေတာ့ သေဘာတူတုန္းက တူခဲ့ၿပီး ခုက်မွ တခုခုလိုခ်င္လို့ တရားစြဲတယ္ေပါ့၊ တခ်ိဳ့က်ေတာ့လည္း ဒီမိန္းကေလးေတြကိုက အညႇာလြယ္တာ နည္းေတာင္နည္းေသးတယ္ ဆိုၿပီး ေျပာၾကတယ္။ 


သိေစခ်င္တာကေတာ့ ဒါေတြဟာ ပင္လယ္ထဲ ေမ်ာေနတဲ့ ေရခဲေက်ာက္ေဆာင္ရဲ့ ထိပ္ဖ်ားေလး (Tip of the iceberg) ေလာက္ပါပဲ။ ေရေအာက္မွာ ျမဳပ္ေနတဲ့ အစိတ္အပိုင္းက တကယ့္အႀကီးႀကီးပါ။ လူမသိ သူမသိ ဒီလိုလွည့္ဖ်ားခံလိုက္ရသူေတြ၊ သက္ေသရွာမရ၊ ဘာမွလည္း လုပ္မရလို့ ဒီအတိုင္း ၿငိမ္ေနလိုက္ရသူေတြ၊ ရွက္လို့ ဘယ္သူ႔မွမေျပာဘဲ တစ္ေယာက္တည္း ႀကိတ္ခံစားေနရသူေတြ၊ ကိုယ့္ကိုယ္ကိုယ္ တန္ဖိုးမရွိေတာ့ဘူးလို့ ျမင္ၿပီး စိတ္ဒဏ္ရာ တေပြ႕တပိုက္နဲ႔ က်န္ခဲ့သူေတြ အမ်ားႀကီးပါပဲ။ 


ဒါေၾကာင့္ ဒီလူမွုကြန္ရက္မွာ ျမင္သေလာက္ေလးနဲ႔ ဒီလိုကိစၥေတြဟာ လၽွပ္ေပၚေလာ္လီတဲ့သူေတြမွ ျဖစ္တာ၊ ကိုယ္က်င့္သိကၡာ မေကာင္းတဲ့သူေတြမွ ျဖစ္တာဆိုၿပီး ထင္ကုန္ၾကမွာ စိုးပါတယ္။ တကယ္ကိုမွ လိမ္ခံရသူ၊ နစ္နာသူေတြ ရွိေနတာမို့ ဒီလိုအျမင္ေတြ လူထုၾကား က်ယ္ျပန႔္လာေလေလ၊ က်ဴးလြန္ခံရသူေတြအေနနဲ႔ ႏွုတ္ဆိတ္ေနဖို့ရာ ရာခိုင္ႏွုန္း မ်ားလာေလေလပါပဲ။ ဒါဆို လိမ္လည္လွည့္ဖ်ားမဲ့သူေတြအတြက္ အခြင့္ေကာင္းတစ္ခု ျဖစ္သြားေတာ့မွာပါ။ လိမ္လည္တိုင္တန္းသူေတြ မရွိဘူး မဟုတ္ပါဘူး။ ရွိနိုင္ပါတယ္။ ဒါေပမဲ့ အဲ့လိုကိစၥတစ္ခု ႏွစ္ခုအတြက္နဲ႔၊ တကယ္ကို က်ဴးလြန္ခံေနရတဲ့ ေျမာက္မ်ားစြာေသာ မိန္းကေလးေတြကို သိမ္းက်ဳံးအျပစ္မျမင္ေစခ်င္ပါဘူး။ 


၄။ သမီးရည္းစား ျပတ္သြားတိုင္း ကာမလိမ္လည္ရယူမွုလား


ဒီလိုမ်ိဳးေတြ တိုင္တန္းတာေတြ ရွိလာေတာ့ တခ်ိဳ့ကလည္း ေျပာတယ္၊ သမီးရည္းစားေတြ အတူေနဖူးရင္ မိန္းကေလးက တိုင္မယ္ဆို တိုင္လို့ရတာေပါ့တဲ့။ ႏွစ္ဦးစလုံးက ဒီလိုအတူေနတာဟာ သမီးရည္းစားဘဝ၊ Relationship တစ္ခုရဲ့ အစိတ္အပိုင္းလို့ သေဘာထားၿပီး ေနခဲ့ၾကတယ္ဆို အေၾကာင္းေၾကာင္းေၾကာင့္ ျပတ္စဲသြားဦးေတာ့၊ ျပႆနာမရွိပါဘူး။ ဘယ္မိန္းကေလးကမွလည္း တိုင္တန္းေနမွာ မဟုတ္ဘူး။ 


ဘာလို့ဆိုေတာ့ တိုင္ၿပီ ဆိုကတည္းက လူသိမယ္၊ ဒါကို ရွက္ၾကတယ္၊ မိဘေတြလည္း သိကုန္မယ္၊ ဒါေၾကာင့္ ေတာ္ေတာ္ကို မခံမရပ္နိုင္ ျဖစ္ရတယ္ဆိုမွပဲ တိုင္ၾကတာပါ။ ဥပမာ ကေလးရသြားတာကို တာဝန္မယူဘဲ၊ အေဖနာမည္မခံဘဲ ထားသြားတာ၊ ကိုယ့္မွာ လူမွုေရး၊ စီးပြားေရး၊ ပညာေရးအဘက္ဘက္က အနစ္နာခံ ေပးဆပ္ခဲ့ၿပီးမွ သူက သစၥာေဖာက္သြားတာ၊ ဂုဏ္သိကၡာပိုင္းအရ တအားေစာ္ကားသြားတာ စတဲ့ အေျခအေနမ်ိဳးေတြမွပဲ တိုင္တန္းတတ္ၾကပါတယ္။ 


၅။ အမ်ိဳးသားေတြကို သတိထားေစခ်င္တာ


ဒါဆို ေယာက်ာ္းေလးေတြဘက္က ေမးစရာရွိလာတယ္၊ ကိုယ့္ဘက္က မလိမ္ခဲ့ဘဲ၊ လက္ထပ္မယ္ေတြဘာေတြ မေျပာဘဲ ဒီလိုပဲ အတူေနခဲ့ၿပီးမွ တရားထစြဲရင္ေရာ ဘယ္လိုလုပ္ရမလဲ။ ဒါမ်ိဳးလည္း ရွိနိုင္တာေပါ့။ 


အဲဒါနဲ႔ ပတ္သက္လို့ေတာ့ ႏွစ္ခ်က္ေျပာလိုတယ္။


တစ္ခုကေတာ့ ရည္ရြယ္ခ်က္တစ္ခုနဲ႔ စြဲတာ။ ေငြေၾကးအက်ိဳးအျမတ္ျဖစ္ျဖစ္ လက္ထပ္ေစခ်င္တာျဖစ္ျဖစ္ေပါ့။ ဒီအမွုက သက္ေသရွာရခက္တယ္ ဆိုေပမဲ့ အရင္ဆုံး နာမည္ေတာ့ ပ်က္မယ္ေလ။ ဒီလို နာမည္ အပ်က္မခံနိုင္ဘူး ဆိုတဲ့သူေတြကို ၿခိမ္းေျခာက္အၾကပ္ကိုင္တဲ့အေနနဲ႔ လုပ္တာမ်ိဳးေတြလည္း ရွိနိုင္ပါတယ္။ ဒါေၾကာင့္ ေယာက်ာ္းေလးပဲ ဆိုၿပီး အခါခပ္သိမ္း အသာရေနတယ္ မထင္ပါနဲ႔။ ကိုယ့္ဘက္က မိသားစု ဂုဏ္သိကၡာအရ နာမည္ပ်က္မခံနိုင္ဘူး ဆိုတဲ့အခါ ဒီလိုသြားျပဳမူထားမိရင္ ျပႆနာ ေကာင္းေကာင္း ေပးနိုင္တယ္ ဆိုတာကို သတိထားပါ။


ေနာက္တစ္ခုကေတာ့ မိန္းကေလးက တကယ္ကို နာက်င္ခံစားရတာ။ ကၽြန္ေတာ္တို့ ျမန္မာ့အသိုင္းအဝိုင္းမွာက လိင္ဆက္ဆံမွုတစ္ခု လုပ္ၿပီးရင္ မိန္းကေလးက နစ္နာရတယ္လို့ ေတြးၾကတာ မ်ားတာကိုး။ ေခတ္စကားနဲ႔ ခပ္ရိုင္းရိုင္းေျပာၾကတဲ့ စားၿပီး နားမလည္လုပ္တယ္ ဆိုတာ ဒါကိုေျပာတာေပါ့။ အတူေနၿပီးရင္ ဒီမိန္းကေလးကို တာဝန္ယူကိုယူရမယ္ ဆိုတာမ်ိဳးေလ။ ဒီေတာ့ ကိုယ္ကေတာ့ သာမန္လို သေဘာထားၿပီး အတူေနလိုက္တယ္။ မိန္းကေလးကက် သူ႔မွာ နစ္နာသြားရၿပီ လို့ထင္ၿပီး တာဝန္ယူခိုင္းတာမ်ိဳး ျဖစ္လာနိုင္တာေပါ့။ တခါတေလမွာလည္း မိန္းကေလးက သူ႔ကို လက္ထပ္မယ္ထင္လို့ ခြင့္ျပဳလိုက္တာမ်ိဳး ျဖစ္ေနနိုင္တယ္ေလ။ ဒါ မိန္းကေလးက တမင္ရည္ရြယ္ခ်က္နဲ႔ လုပ္တာ မဟုတ္ဘူး။ တကယ္ကို သူ႔စိတ္ထဲမွာ ထိခိုက္သြားလို့ တရားစြဲတာ။ 


ဒါေၾကာင့္ ေယာက်ာ္းေလးေတြအေနနဲ႔ ကိုယ္အတူေနေတာ့မယ္ဆို မိန္းကေလးရဲ့ တန္ဖိုးထားမွုကေရာ ဘယ္လိုေနလဲ၊ ဘာေၾကာင့္ ဒီလိုေနဖို့ ခြင့္ျပဳတာလဲ ဆိုတာကို သိေအာင္လုပ္ဖို့ အေရးႀကီးပါတယ္။ မဟုတ္ရင္ တရားစြဲမခံရေတာင္ တစ္ဖက္မိန္းကေလးမွာ စိတ္ဒဏ္ရာေတြနဲ႔ က်န္ခဲ့တယ္ဆို မေကာင္းဘူးေပါ့။


ကာမလိမ္လည္ရယူမွုဟာ မိန္းကေလးေတြ အမ်ားစု နစ္နာရတယ္ ဆိုေပမဲ့ ေယာက်ာ္းေလးေတြကိုလည္း ျပႆနာေပးေနတာေတြ ရွိပါတယ္။ ျပႆနာတစ္ခု ၾကားလိုက္ရၿပီဆိုလည္း မ်ားေသာအားျဖင့္ ဘာရယ္ညာရယ္ ေသေသခ်ာခ်ာ မသိေသးဘဲ ေယာက်ာ္းေလးဘက္က အလြန္လို့ပဲ ျမင္လိုက္ၾကတာက မ်ားတယ္။ ဒါေၾကာင့္ ဒီလိုအမွုေတြဟာ ေယာက်ာ္းေတြအေနနဲ႔ ကိုယ့္နာမည္၊ ကိုယ့္သိကၡာ၊ ကိုယ့္မိသားစု မထိခိုက္ဖို့အတြက္ သတိထားသင့္တဲ့ ကိစၥလည္း ျဖစ္လာပါတယ္။


၆။ သက္ေသယူထားမလား


ေရွ႕မွာ ေျပာခဲ့သလို၊ ဒီအမွုနဲ႔စြဲရင္ ျပႆနာက သက္ေသရွာရခက္တယ္။ ဒါဆို အတူေနထားတဲ့ ဓါတ္ပုံျဖစ္ျဖစ္ ဗီဒီယိုျဖစ္ျဖစ္ ရိုက္ထားမလား။ ဒါဆို ကာမလိမ္လည္မွုနဲ႔ စြဲဖို့ သက္ေသရသြားတာေပါ့။ 


ဒါေပမဲ့ စဥ္းစားၾကည့္ပါ။ ေလ်ာ္ေၾကးလိုခ်င္လို့ တိုင္မဲ့သူ၊ ၿခိမ္းေျခာက္မဲ့သူဆိုရင္ေတာ့ ဟုတ္တာေပါ့။ မ်ားေသာအားျဖင့္က ဒီလိုလိမ္လည္ခံရသူ အမ်ားစုဟာ နဂိုကတည္းကိုမွ အရွက္အေၾကာက္ ႀကီးၾကပါတယ္။ ယုံမွတ္လို့သာ ပုံအပ္လိုက္တာကိုး။ လိမ္လည္ခံလိုက္ရၿပီးရင္လည္း သူတို့ဟာ သူတို့ပဲ ႀကိတ္ခံစားေနၾကတယ္။ မိဘကိုေတာင္ မေျပာဘူး။ ရွက္တာရယ္၊ နာမည္ပ်က္မွာ စိုးတာရယ္ေၾကာင့္ေပါ့။ 


အဲ့လို ကိုယ့္မိသားစုဝင္ေတြ၊ ကိုယ့္သူငယ္ခ်င္းေတြကိုေတာင္ မေျပာရဲတဲ့ သူတစ္ေယာက္ဟာ ဒီဓါတ္ပုံေတြကို ျပၿပီး တရားစြဲဖို့ဆိုတာ ဘယ္လိုျဖစ္နိုင္မွာလဲ။ ဒါေၾကာင့္ အဲ့လိုဓါတ္ပုံေတြ ရိုက္ယူထား၊ လက္ထပ္စာခ်ဳပ္မွာ လက္မွတ္ထိုးထားလည္း အသုံးမဝင္နိုင္ပါဘူး။ တကယ္လို့ နာက်ည္းလြန္းလို့ တိုင္ဖို့ ဆုံးျဖတ္လိုက္တယ္ ဆိုရင္ေတာ့လည္း အသုံးဝင္လာနိုင္တာေပါ့ေလ။ ဒါေပမဲ့ စဥ္းစားၾကည့္၊ ကိုယ့္ခ်စ္သူေကာင္ေလးနဲ႔ ဒီလိုသြားတဲ့အခါ တစ္ေန႔က် ကာမလိမ္လည္သြားရင္ တိုင္နိုင္ေအာင္ သက္ေသႀကိဳယူထားမွ ဆိုတဲ့အေတြး ဘယ္သူ႔ဆီမွာ ရွိမလဲ။ ဒီလိုေတြးေနရေလာက္တဲ့သူမ်ိဳးဆိုလည္း အေစာကတည္းကကို ယုံၾကည္ၿပီး အဲ့လို အတူမေနခဲ့သင့္ဘူး။ ခ်စ္သူအျဖစ္ကို ထားမေနသင့္ဘူး။ 


ဒါေၾကာင့္ သက္ေသရွာထားဖို့ထက္ ကိုယ့္တန္ဖိုးထားမွုအေၾကာင္း ကိုယ္သိဖို့လိုတယ္။ အယုံမလြယ္ဖို့ လိုတယ္။ ကိုယ္က အပ်ိဳစင္ဘဝမွ တန္ဖိုးရွိတယ္လို့ ေတြးရင္ ဘယ္လိုနည္းနဲ႔ျဖစ္ျဖစ္ မလိုက္ေလ်ာနဲ႔။ မဟုတ္ရင္ ဗီဒီယို၊ ဓါတ္ပုံရိုက္ထားလည္း မရဘူး။ လက္ထပ္စာခ်ဳပ္မွာ တိတ္တိတ္ေလး လက္မွတ္ထိုးထားလည္း မထူးဘူး။ လိမ္တဲ့သူက လိမ္မွာပဲ။ လူေတြသိမွာစိုးလို့ တရားလည္း မစြဲရဲ၊ ဒီေတာ့ ယူထားတဲ့ သက္ေသက ဘာမွလည္း အသုံးမဝင္၊ ကိုယ္ပဲ တန္ဖိုးမရွိေတာ့ဘူး ဆိုတဲ့ ခံစားခ်က္နဲ႔ က်န္ခဲ့ရတာ။ ပိုဆိုးတာက အဲဒီပုံေတြ၊ ဗီဒီယိုေတြနဲ႔ ကိုယ့္ကို ျပန္ၿခိမ္းေျခာက္တာမ်ိဳးေတာင္ ရွိလာနိုင္ေသးတယ္။ ဒါေၾကာင့္ သက္ေသယူထားဖို့ေတြ လုပ္မေနနဲ႔၊ အေစာကတည္းက သေဘာမတူတာ အေကာင္းဆုံးပါပဲ။


၇။ ေပးခ်င္တဲ့ သတင္းစကားမ်ား


ေျပာခဲ့တာေတြလည္း မ်ားၿပီမို့ အႏွစ္ခ်ဳပ္အေနနဲ႔ အရင္ဆုံး ျပည္သူအမ်ားကို သိေစခ်င္တာကေတာ့ လူမွုကြန္ရက္ေပၚမွာ ျမင္ေတြ႕ေန၊ ၾကားသိေနရတဲ့ ကိစၥေတြဟာ ပင္လယ္ထဲမွာ ေမ်ာေနတဲ့ ေရခဲေက်ာက္ေဆာင္ႀကီးရဲ့ ထိပ္ပိုင္း (Tip of the iceberg) ေလးသာ ျဖစ္တယ္၊ တကယ္အျပင္မွာ လိမ္လည္ၿပီး ကာမရယူခံလိုက္ရတဲ့ မိန္းကေလးေတြ အမ်ားႀကီးပဲ ရွိေနတယ္၊ ဒီျပႆနာဟာ မိန္းကေလးေတြအတြက္ ေတာ္ေတာ္ႀကီးမားတဲ့ ျပႆနာတစ္ရပ္ ျဖစ္တယ္ ဆိုတာပါပဲ။ ဒါေၾကာင့္ လြယ္လြယ္နဲ႔ အျပစ္တင္ ကဲ့ရဲ့ ေလွာင္ေျပာင္ေနၾကတာမ်ိဳး မလုပ္ၾကဖို့ လိုပါတယ္။ 


မိန္းကေလးေတြကို သိေစခ်င္တာက အယုံမလြယ္ဖို့၊ လိင္မွုကိစၥနဲ႔ ပတ္သက္ၿပီး ကိုယ့္ရဲ့ တန္ဖိုးထားမွုကို ကိုယ္သိဖို့၊ ကိုယ့္ဆႏၵမပါရင္ ဘယ္လိုအေၾကာင္းရင္းနဲ႔မွ ဒါကို ခြင့္ျပဳလိုက္ေလ်ာတာမ်ိဳး မလုပ္ဖို့ လိုပါတယ္။ 


ေယာက်ာ္းေလးေတြကို သိေစခ်င္တာလည္း ရွိပါတယ္။ အဲဒါက ဘယ္မိန္းကေလးကိုမွ ဒီကိစၥအတြက္နဲ႔ မလိမ္ညာပါနဲ႔။ ကိုယ့္ႏွမေလးသာဆိုရင္ ဆိုတဲ့အေတြးေလး ထားေပးပါ။ ကိုယ့္ခ်စ္သူ ေကာင္မေလးရဲ့ အပ်ိဳစင္ဘဝအေပၚ တန္ဖိုးထားမွု၊ လိင္မွုေရးရာေတြနဲ႔ ပတ္သက္တဲ့ ခံယူခ်က္ေတြကို သိေအာင္လုပ္ပါ။ မဟုတ္ရင္ ကိုယ့္အတြက္က ေအးေအးေဆးေဆးပဲ ဆိုေပမဲ့ သူ႔မွာေတာ့ စိတ္ဒဏ္ရာေတြနဲ႔ က်န္ေနခဲ့ရမယ္ ဆိုတာကို သိထားေစခ်င္ပါတယ္။


ေဒါက္တာ ၿဖိဳးသီဟ

၁၉.၁၂.၂၀၁၈

No comments: