Friday, December 2, 2011

Exhibitionism ကိုယ့်ဟာကို သူများပြချင်သူ

-->
အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၆၆)

10:47am Aug 21
ဆရာရှင့် Exhibitionism is one of the behaviors in a group of sexual problems called paraphilias အကြောင်း သိချင်ပါတယ်။ သမီးတို့က English လို မဖတ်တတ်လို့ပါ။

12:05am Aug 21
အင်ဂျင်နီယာ တစ်ဦးပါ။ လူတွေက လှန်ပြရတာကို စိတ်ရောဂါထင်ပြီး အလုပ်မခန့်ချင်ကြတော့ဘူး။ အကြည့်ချင်ဆုံးက လှန်ပြနေတဲ့အချိန် မိန်းခလေးများ၏ စိတ်လှုပ်ရှားသွားသော မျက်နှာအမူအယာပါ။ တချို့က စိုက်ကြည့်ပြီး ဟယ် ရှက်လည်း မရှက်ဘူးဟယ်လို့ ပြောလျှင် ပျော်မိပါတယ်၊ သာယာမိပါတယ်။ အဲဒီသာယာမှုအတွက် အလုပ်ပြုတ် ဆင်းရဲခဲ့ရပေါင်း များလှပါပြီ။ ဒါလည်း အမှတ်မရှိဘူး လှန်ပြချင်သေးတယ်။

အင်္ဂလိပ်လို အခြေခံကစ ပြောရရင် Exhibition (အိတ်စ်ဘီးရှင်း) ဆိုတာ "ပြတာ"၊ "ပြပွဲ"။ ပြတယ်ဆိုတာ သူများ မြင်စေချင်လို့ပါ။ ဒါပေမဲ့ ဆေးပညာ စာထဲက Exhibitionism ဆိုတာကတော့ သူများမမြင်စေအောင် ဖုံးထားရမှာကိုမှ တမင်တကာ ပြချင်တဲ့စိတ်ကနေ ဖြစ်လာတာမျိုးကို ပြောတာ ဖြစ်ပါတယ်။ သစ်သီးဝလံပြပွဲလိုမျိုး ပြတာ မဟုတ်ဘူး။ လိင်ပိုင်းဆိုင်ရာ မူမှန် မဟုတ်တာ Paraphilias (ပါရာဖိလပ်စ်) တွေထဲက အမျိုးအစား တခုကို ပြောတာပါ။

သူများကို တမင်တကာ ပြချင်တဲ့ ကိုယ်ခန္ဓာ အစိတ်အပိုင်းမျိုးဆိုတာ ထုံးစံ-ပုံမှန် ဆိုရင် ဖုံးထားသင့်တယ်လို့ အများက ယူဆထားတာမျိုးတွေပါ။ ဥပမာ ယောက်ျားဖြစ်ဖြစ် မိန်းမဖြစ်ဖြစ် လိင်အင်္ဂါ နဲ့ တင်ပါး၊ မိန်းမ-နို့။

အမေရိကားနဲ့ ကနေဒါမှာ ကိုယ်ခန္ဓာကို သူများမြင်အောင် ကိုယ်လုံးတီး နေချင်-ပြချင်တဲ့ Psychological need စိတ်လိုအပ်ချက်ရှိလို့ လုပ်ချင်တာမျိုးကို Flasher ခေါ်ကြတယ်။ Martymachlia (မာတီမချီလိယား) ဆိုတာက လိင်ဆက်ဆံမှု ပြုနေတာကို သူများမြင်တာ သဘောကျသူမျိုး။ ပုံမှန် ဖြစ်ပေါ်နေကြ လိင်အမူအယာအရာတွေနဲ့ မတူ တမူထူးတာတွေကို (ပါရာဖိလပ်စ်) ခေါ်တယ်။ Apodysophilia (အပိုဒိုင်ဆိုဖီးလီယာ) လို့လဲ သုံးကြတယ်။ လိင်အင်္ဂါကို မြင်စေအောင် စကပ်ကို လှန်ပြတာမျိုးကို Anasyrma (အနာဆီမာ) လို့ ခေါ်တယ်။ ဒီလို မြင်စေချင်တာကို သူတို့က Shock value (ရှော့ခ်) တန်ဘိုးတရပ်လို သဘောထားသတဲ့။

Night clubs and goth bars ညကလပ် နဲ့ (ဘား) တွေမှာ အဲလိုလုပ်တာကို အားပေးတယ်။ ဒါမှ လူစည်မှာမို့။ Topless dancing အပေါ်ပိုင်းဗလာ ကပြအသုံးတော်ခံတဲ့ မိန်းကလေးတိုင်းက အဲဒီဝါသနာ ရှိတယ်လို့ ပြောမရဘူး။ စားဝတ်နေရေးအတွက် လုပ်ကြရတာ များတယ်။ မိန်းမတွေမှာ ကိုယ့်အတွင်းအင်္ဂါကို သူများ မြင်အောင် ပြချင်စိတ်ရှိတာ အလွန်နည်းပါတယ်။ တချို့ လုပ်လေ့ရှိတာက ပြူတင်းပေါက်ကနေ အပေါ်ပိုင်းလှတာကို ပြချင်တာမျိုး။ ဆွဲဆောင်ချင်တာလဲ ဖြစ်နိုင်သလို ကိုယ်တိုင် ကျေနပ်မှု ရချင်တာလဲ မှန်တယ်။ Low cut gowns အင်္ကျီလည်ဟိုက်၊ ခါးဖေါ်၊ တင်ပေါ် ဝတ်ချင်သူတွေဟာလဲ မော်ဒယ်တွေ အတုခိုးချင်တာရော အနည်းနဲ့အများ ဒီလိုမျိုး ရောဂါလဲ ရှိတတ်တယ်။

စာတအုပ်မှာ ရေးထားတယ်။ "မိန်းမတွေက အင်္ဂါစပ်ကလွဲရင် အကုန်ပြချင်တယ်။ ယောက်ျားများက ဘာတခုမှတော့ မပြချင်ဘူး၊ ဒါပေမဲ့ " တဲ့။

တချို့က Exhibitionists ကို Lifestyle လူနေမှုပုံစံတခုလို့ သဘောထားကြတယ်။ သူတို့ မြင်စေချင်တဲ့သူကို ရွေးပြီးမှ မြင်စေအောင် လုပ်တယ်။ ပြတာလဲ ခဏဘဲ။ ကိုယ်ဗလာ နေစာလှုံတာ၊ Nude beaches ကိုယ်တုံးလုံးချွတ်နေ ပင်လယ်ကမ်းခြေ၊ လူစည်စည်မှာ ဗလာကျင်း နေကြတာမျိုးတွေက မတူဘူး။ (မ) ယဉ်ကျေးမှုလို့ သတ်မှတ်သူတွေက သတ်မှတ်တယ်။ သူတို့နဲ့ တော်သလင်းဇာတ်နဲ့ ကွာတာက အဝတ်ဗလာနေတာကို စံလို့ သတ်မှတ်ပြီး လိင်ဆက်ဆံမှု မပါရဘူး။

တချို့က ကိုယ့်လိင်အင်္ဂါကို သူများပြရင်း Masturbate ကိုယ့်ဖါသာ အာသာဖြေတယ်။ သူများကိုလာပြီး အတူနေလှည့်ပါသဘော မပါဘူး။ သူအဲလို လုပ်ပြနေတာကို မြင်တဲ့သူမှာ လိင်စိတ်ကြွလာတာကို လုပ်ပြသူက Fantasize ကျေနပ်မှုတမျိုး ရနေတတ်တယ်။ တချို့တွေက တယောက်ထဲဖြစ်ဖြစ် အုပ်စုလိုက်ဖြစ်ဖြစ်လုပ်ကြပြီး လိင်နဲ့ဆိုင်တာပါ ပါတယ်။ တချို့မှာ အဲလို လုပ်လိုက်ရလို့ Ego rush "ငါကွ" ဆိုပြီး ဘဝင်ခွေ့တယ်။ ငါအရင်လုပ်တာ ဆိုတဲ့ ပဌမဆုံးလူ ဖြစ်ချင်တယ်။ ဖက်ရှင် ဖြစ်ချင်တယ်။ စိတ်ဦး၊ စိတ်ထူး နဲ့ စိတ်ရူးပါဘဲ။

American Psychiatric Association's Diagnostic and Statistical Manual of Mental Disorders အမေရိကန် စိတ်ပညာအသင်း တခုရဲ့ ရောဂါရှာဖွေရေးနဲ့ စာရင်းဇယားအရ Paraphilias နဲ့ Exhibitionism တွေမှာ ဒီလက္ခဏာတွေ ရှိတယ်။
1. Recurrent ထပ်ခါထပ်ခါ လုပ်တတ်တယ်၊
2. Intense ပြင်းပြတယ်၊
3. Sexual urges လိင်ဘက်ကို တွန်းပို့တယ်၊
4. Sexually arousing fantasies nonhuman objects လူနဲ့မဆိုင်တာမျိုးအပေါ်မှာ လိင်စိတ်တပ်မက်မှု ဖြစ်တယ်၊
5. Suffering or humiliation of oneself or partner အဖေါ်ကိုရော ကိုယ့်ကိုယ်ကိုပါ ဒုက္ခပေးပြီး စော်ကားရာ ကျစေတယ်။

ပြတဲ့သူက ယောက်ျားဖြစ်ပြီး မြင်ရ-ကြည့်ရသူက မိန်းကလေး၊ အသက်လဲ ငယ်ရင် ခြောက်လှန့်မှုပါ ဖြစ်စေတယ်။ သူများကိုရော ကိုယ့်ကိုယ်ကိုပါ စိတ်ထိခိုက်မှု နဲ့ ပြဿနာ ကြီးစေနိုင်တယ်။ Atypical လုပ်နေ-မြင်နေကြ မဟုတ်ဘူး၊ Extreme အစွန်းရောက်တယ်။ ဒီလို ကိုယ့်ဟာကို သူများပြချင်တဲ့ အပြုအမူမျိုးကို တချို့က အပျော်အပျက်သဘော ထားပေမဲ့ ပြင်းထန်တဲ့ အမူအယာ ပြဿနာ ဖြစ်ပါတယ်။ ပညာရှင်တွေက Disorder of impulse control စိတ်-သတင်းပို့လွှတ်မှု မထိန်းနိုင်တဲ့ ပြဿနာလား၊ Obsessive-compulsive disorders အစွဲအလမ်းကြီးမှု ပြဿနာလား စဉ်းစားကြတယ်။

List of other Paraphilias (ပါရာဖီလား) အမျိုးအစားတွေ အများကြီး ရှိတယ်။ ပြချင်တာရော ကြည့်ချင်တာတွေပါ ပါတယ်။
• Exhibitionism = ကိုယ့်လိင်အင်္ဂါကို တမင်တကာ တစိမ်းတယောက်ကို ပြချင်တာနဲ့ သူများမြင်အောင် လိင်ဆက်ဆံချင်စိတ် ဖြစ်ချင်တာ နဲ့ တကယ်လုပ်တာ၊
• Fetishism = လူ့ကိုယ်ခန္ဓာ မဟုတ်တာမျိုးကို လိင်စိတ်နဲ့ တပ်မက်တာ၊
• Frotteurism = ကိုယ့်ကို သဘာမကျသူကိုသာ တန်းတန်းစွဲ ထိချင်-ကိုင်ချင်-ပွတ်သပ်ချင်စိတ် ဖြစ်နေတာ၊
• Gerontophilia = အသက်အရွယ် ကြီးနေသူအပေါ်မှာ လိင်စိတ်ဖြစ်တာ၊
• Infantophilia = ကလေး ငယ်ငယ်လေးတွေကို လိင်စိတ်ဖြစ်တာ၊
• Masochism = လိင်ဆက်ဆံတုံးမှာ အဖေါ်ကနေ သူ့ကို အနိုင်ကျင့်တာ၊ ရိုက်ပုတ်တာ၊ နာစေတာမျိုးကို ခံချင်စိတ်ရှိတာ၊
• Partialism = လိင်နဲ့မဆိုင်တဲ့ ကိုယ်ခန္ဓာတခြားနေရာကို တပ်မက်တာ၊
• Sadism = သူများကို အနိုင်ကျင့်တာ၊ ရိုက်ပုတ်တာ၊ နာစေတာမျိုးကို လိင်စိတ်နဲ့ လုပ်ချင်စိတ်ရှိတာ၊
• Transvestite fetishism = ဆန့်ကျင်ဘက်လိင်ရဲ့ အဝတ်အစား အသုံးအဆောင်ကို တပ်မက်နေတဲ့စိတ်၊
• Voyeurism = သူများ ကိုယ်တုံးလုံးနေတာ၊ အဝတ်အစားချွတ်နေတာ၊ လိင်ဆက်ဆံနေတာကို ချောင်းကြည့်ချင်နေတဲ့စိတ်။

အမေရိကားမှာ အိမ်ထောင်ကျပြီးသူတွေမယ် အဲလိုရောဂါ အဖြစ်များကြတယ်။ လုပ်သူ (ကျူးလွန်သူ) တွေက ယောက်ျား၊ ခံရသူတွေက မိန်းမ၊ ကလေး နဲ့ တစိမ်းတရံတွေ ဖြစ်တာ များတယ်။ Biological theories ဇီဝဗေဒ-သီအိုရီတွေက (တက်စတိုစတီရုံး) ဟော်မုန်း ကြောင့်လို့ ယူဆတယ်။ Psychoanalytical theories စိတ်ပညာ-သီအိုရီတွေက သားယောက်ျားလေးဟာ သူ့မိခင် (မိန်းမ) နဲ့ မတူတာကို ပြချင်စိတ် ဖြစ်ပေါ်တာလို့ ယူဆတယ်။

Wilhelm Stekel ကနေ ၁၉၂ဝ ကတည်းက ဒီဆေးဝေါဟာရကို နာမယ်ပေးခဲ့တယ်။ ၁၉ ရာစုထဲမှာ စိတ်ပညာရှင်တွေနဲ့ စိတ်အထူးကု ဆရာဝန်တွေကနေ ဥပဒေကြောင်း၊ လူမှုရေး နဲ့ ဘာသာရေးအရ လက်ခံနိုင်မှုတွေ လိုအပ်လာလို့ ခွဲခြမ်း စိတ်ဖြာမှုတွေ လုပ်လာတယ်။

American Journal of Psychiatry ကနေ ဖေါ်ပြထားတာတွေထဲမှာ ဒါတွေပါတယ်။
1. Non-human objects လူနဲ့မဆိုင်တဲ့ ပစ္စည်းတွေ၊
2. The suffering or humiliation of oneself or one's partner ဒုက္ခပေးနိုင်တာတွေ
3. Children ကလေးတွေ နဲ့
4. Non-consenting persons ဒီလိုလုပ်တာကို သဘောတူလက်ခံလိုစိတ်မရှိသူတွေ။
5. Homosexuality လိင်တူဆက်ဆံတာကို ၁၉၇၃ ခုနှစ်အထိ ဒီစာရင်းမှာ ထည့်ထားခဲ့တယ်။

ဆေးပညာ အင်္ဂလိပ်အခေါ်တွေ ကြားဘူးနားဝရှိအောင် ရေးပါရစေ။ တချို့လူတွေ ဘယ်လောက်ဆန်းကြသလဲ သိရတာပေါ့။
• Abasiophilia = သိပ်မလှုတ်နိုင်သူတွေကို တပ်မက်တာ၊
• Acrotomophilia = ခြေ-လက် ဖြတ်တားသူကို တပ်မက်တာ၊
• Anililagnia = ယောက်ျားငယ်ငယ်က မိန်မကြီးကြီးကို တပ်မက်တာ၊
• Asphyxiophilia = အဖေါ်ကို အသက်ရှူမဝစေတာမျိုး လုပ်ချင်တာ၊
• Autagonistophilia = စဉ်ပေါ်မှာ၊ ကင်မရာရှေ့မှာ လိင်ဆက်ဆံပြရတာကို သဘောကျတာ၊
• Autassassinophilia = လိင်ကိစ္စမှာ အသက်အန္တရာယ် မကင်းတာမျိုး လုပ်ချင်တာ။
• Autoandrophilia = ဇီဝသဘောအရ မိန်းမဖြစ်ပေမဲ့ ယောက်ျားလို ပြုမူနေရတာကို သဘောကျတာ၊
• Autogynephilia = ဇီဝသဘောအရ ယောက်ျားဖြစ်ပေမဲ့ မိန်းမလို ပြုမူနေရတာကို သဘောကျတာ၊
• Biastophilia = မုဒိန်းကျင့် အဓမ္မပြုချင်စိတ်ကဲတာ၊
• Chremastistophilia = ကြိုးစတာတွေနဲ့ ခြည်နှောင်ခံရတာကို ကြိုက်တာ၊
• Chronophilia = အသက်သိပ်ကွာတဲ့ အဖေါ်နဲ့ လိင်ဆက်ဆံချင်တာ၊
• Dacryphilia = ငိုတာ၊ မျက်ရည်ကျတာကို နှစ်သက်တာ၊
• Dendrophilia = သစ်ပင်ကို သဘောကျတာ၊
• Emetophilia = အန်တာကို သဘောကျတာ၊
• Erotophonophilia = လူသတ်ချင်တာ၊
• Formicophilia = အင်းဆက်ကောင် ကိုယ်ပေါ်တက်တာကို သဘောကျတာ၊
• Frotteurism = ကိုယ့်ကို သဘောမကျသူကိုမှ ပွတ်သပ်ချင်တာ၊
• Gerontophilia = အသက်ကြီးသူကိုမှ သဘောကျတာ၊
• Gynandromorphophilia = လိင်ပြောင်းထားတဲ့မိန်းမကို သဘောကျတာ၊
• Hebephilia = အရွယ်မရောက် ကလေးကို သဘောကျတာ၊
• Lactophilia = နို့ရည်ကို သဘောကျတာ၊
• Liquidophilia = လိင်အင်္ဂါပေါ်မှာ အရည်တခုခု လောင်းတာ၊
• Macrophilia = လူကောင်ကြီးသူကိုမှ သဘောကျတာ၊
• Mammaphilia/Breast fetishism = နို့ကို တပ်မက်လွန်းတာ၊
• Menophilia = ရာသီလာတာကို တပ်မက်တာ၊
• Morphophilia = ကိုယ်ခန္ဓာ ပုံပန်းကို တပ်မက်လွန်းတာ၊
• Mysophilia = ညစ်ပတ်ပေရေတာကို သဘောကျတာ၊
• Navel fetishism = ချက် ကိုသဘောကျတာ၊
• Necrophilia = လူသေအလောင်းကို သဘောကျတာ၊
• Olfactophilia = နံတဲ့အနံ့ကို သဘောကျတာ၊
• Peodeiktophilia = ကိုယ့်ကျားအင်္ဂါကို ပြချင်တာ၊
• Pedovestism = ကလေးလို ဝတ်စားချင်တာ၊
• Pictophilia = အပြာရုပ်ပုံ-ရုပ်ရှင်ကို သဘောကျလွန်းတာ၊
• Podophilia = ခြေထောက်ကို သဘောကျတာ၊
• Pygophilia = တင်ပါးကို သဘောကျတာ၊
• Somnophilia = အိပ်ပျော်နေသူ၊ သတိမေ့နေသူကို သဘောကျတာ၊
• Stigmatophilia = ကွင်း-တက်တူး ထိုးတာကို လိင်စိတ်နဲ့ သဘောကျတာ၊
• Telephone scatologia = တယ်လီဖုန်းကနေ လိင်စိတ်ကြွအောင် ပြောတာကို သဘောကျတာ၊ ပြောချင်တာ၊
• Trichophilia = ဆံပင်ကို သဘောကျတာ၊
• Troilism cuckolding = ကိုယ့်မိန်းမကို သူများကနေ လိင်ဆက်ဆံနေတာကို ကြည့်ပြီး လိင်စိတ်ဖြစ်တာ၊
• Urolagnia = လိင်ဆက်ဆံတာနဲ့အတူ ဆီးသွားချချင်တာ၊
• Zoophilia / Bestiality = တိရစ္ဆာန်နဲ့ လိင်ဆက်ဆံချင်တာ၊

ဘယ်လို ကုသမလဲ၊ ဖြစ်နေသူတွေက ဆရာဝန်ဆီ မလာကြပါ။ ပြဿနာပေါ်မှ ရောက်လာတယ်။
1. Reality therapy စိတ်ကုသနည်း၊
2. Cognitive behavioral therapy စိတ်ကုသနည်း၊
3. Aversion and positive condition approaches နည်းတွေ၊
4. Medications (Selective serotonin reuptake inhibitors) ဆေးပေးနည်း၊
5. Hormonal treatment (Estrogens, Medroxyprogesterone acetate, Luteinizing hormone-releasing hormone agonists, Long-acting gonadotropin-releasing hormones ဟော်မုန်းပေးနည်း၊
6. Reconditioning, restructuring techniques, and empathy training နည်းတွေ သုံးနိုင်တယ်။

အရင်က အဲလို လွန်ကဲတဲ့ ယောက်ျားတွေကို Surgical castration (ကျားအစိထုတ်ပြစ်) သင်းကွပ်တယ်။ တချို့နေရာတွေမှာ အခုလဲ ရှိပါတယ်။ နောက်ပိုင်းမှာ ကိုယ်ဝန်မရအောင် ထိုးရတဲ့ဆေး Depo Provera ထိုးပေးတယ်။ ၆ဝ-၈ဝ% ထိရောက်တာ ရှိသလို ဘေးထွက် ဆိုးကျိုးတွေလဲ ရှိတယ်။ ရင်သားကြီးလာမယ်၊ လူက ဝလာမယ်၊ အရိုး အားနည်းလာမယ်။

Exhibitionism ကို Lady Godiva syndrome (လေဒီ-ဂိုဒီဗာ-ဆင်ဒရုမ်း) လို့လဲ ခေါ်ပါတယ်။ (လေဒီ-ဂေါ့ဒီဗာ) ဟာ အင်္ဂလန်နိုင်ငံ (ကိုဗက်ထရီ) မြို့လည်ခေါင်မှာ ကိုယ်လုံးတီးနဲ့ မြင်းစီးခဲ့သူ ဂုဏ်သရေရှိ အမျိုးသမီး ဖြစ်ပါတယ်။ အဲဒီ မြို့စားကတော်က သူ့ယောက်ျား လောဘကြီးတာကို လျော့စေအာင် ဆန္ဒသာမက သု့ကိုယ်ခန္ဓာကိုယ်ပါ တမြို့လုံး မြင်အောင် ပြခဲ့ပါတယ်။ ဒါကို ချောင်းကြည့်တဲ့ (တွမ်) ဟာ Peeping Tom လို့ တွင်သွားပြီး လေဒီက Exhibitionist ဖြစ်လာတော့တယ်။

Dr. တင့်ဆွေ
၂၁-၈-၂ဝ၁၁

No comments: