Thursday, June 9, 2011

ခုခံအားကျဆင်းမှု ကူးစက်ရောဂါနှင့် ပတ်သက်၍ ဆက်သွယ်နိုင်သော နေရာများ၊ ဖုန်းနံပါတ်များ

ဆေးစစ်စာရွက်က အဖြေကို ကြည့်လိုက်တာ HIV Positive ဆိုတာနဲ့ မျက်လုံးပြူးပြီး ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဖြစ်သွားတတ်ကြမှာ အမှန်ပါပဲ။ Positive တဲ့လေ။ ကိုယ့်မှာဒီရောဂါ ရှိလာပြီဆိုတော့ ဘ၀မှာ ဘယ်လိုအသက်ရှင်ရတော့မှာပါလိမ့်၊ မြန်မြန်ပဲသေဆုံးရတော့မှာ လား၊ ငါတော့ ARTဆေးလိုနေပြီထင်တယ်၊ဘယ်ဆေးခန်းကိုသွားပြရင်ရမလဲ၊မိသားစုနှင့်ဘယ်လိုရင်ဆိုင်ရပါ့မလဲ စသဖြင့် မေးခွန်း ပေါင်းစုံနှင့် ငိုပွဲဆင်မိကြမှာလည်း အနည်းနဲ့အများပါ။ ဘာကြောင့်ဆို ကုရာနတ္ထိဆေးမရှိတဲ့လေ။ ကာကွယ်ဆေးကလည်း ပေါ်ထွန်းတော့ မယောင်ယောင်ပဲရှိပါသေးတယ်။

ဒီတော့ ကျွန်တော်တို့ဘာလုပ်ကြမလဲဗျာ... နှစ်သိမ့်ဆွေးနွေးမှုပေးနိုင်မယ့်နေရာမှာသွားပြီး ဆွေးနွေးကြည့်မယ်....လိုအပ်ရင် သူတို့က ကုသမှုလမ်းညွှန်ပေးလိမ့်မယ်။ မိမိဘ၀မှာ အစကတည်းက မကူးစက်နိုင်မယ့်နည်းလမ်းများဖြင့်သာ ဖြတ်သန်းခဲ့မိမယ်ဆိုရင် ဒီလိုဖြစ်မှာ မဟုတ်ဘူးလေ။ ဟုတ်တယ်ဟုတ်...အခုကူးစက်ခံရပြီဆိုတော့လည်း ဘယ်လို နေထိုင်သွားရမယ်ဆိုတာသိဖို့လိုမယ်။ ကဲပါ...ဘော်ဒါတို့ စိတ်ဓာတ်မကျဘဲ အသက်ဆက်ရှင်ကြဖို့ တိုင်ပင်ဆွေးနွေးအကြံပေးတဲ့နေရာလေးတွေဆီသွားကြရအောင်။
 

ခုခံအားကျဆင်းမှု ကူးစက်ရောဂါနှင့် ပတ်သက်၍ ဆက်သွယ်နိုင်သော နေရာများ၊ ဖုန်းနံပါတ်များ

မခင်ဋ္ဌေးလွင် - ဖုန်း - ၀၉-၇၃၁၃၂၈၀၅

အမှတ် ၁၉၀၊သပြေလမ်း၊၆ရပ်ကွက်၊ ဝေဘာဂီ၊ မြောက်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။
 

Myanmar Positive Group

အမှတ် 12/F ပြည်သူ့လမ်း၊ ၇မိုင်၊မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့။

ဖုန်း - ၀၁-၆၆၆၅၃၂၊ ၆၆၅၉၀၄၊ ၆၆၂၄၈၄၊ Ext: 214

 

Phoenix Association

အမှတ် - ၁၅၈၊ ကျန်စစ်သားလမ်းသွယ် (၁) လမ်း၊ ထီးလှိုင်ရှင်အိမ်ယာ၊ လှိုင်သာယာမြို့။ ဖုန်း ၀၉၈၅၀၂၉၉၁

 

- ခုခံကျနှင့် ကာလသားရောဂါတိုက်ဖျက်ရေး စီမံချက်၊ ကျန်းမာရေးဦးစီးဋ္ဌာန။ ဖုန်း ၃၇၈၆၅၁၊၂၅၁၉၇၃

- ဗဟိုခုခံကျနှင့် ကာလသားရောဂါတိုက်ဖျက်ရေးအဖွဲ့။ ဖုန်း ၃၈၂၁၀၈

- ဗဟို နှစ်သိမ့်ဆွေးနွေး ပညာပေးအဖွဲ့။ ဖုန်း - ၃၇၇၉၄၅၊၃၇၀၅၆၈

- ရန်ကုန်ရှိ ခုခံကျနှင့် ကာလသားရောဂါတိုက်ဖျက်ရေးအဖွဲ့သားများ ဖုန်း - ၀၂-၇၁၁၀၀

-ပြည်နယ်နှင့် တိုင်းများရှိ ခုခံကျနှင့် ကာလသားရောဂါတိုက်ဖျက်ရေးအဖွဲ့များ။

- ပြည်နယ်/တိုင်း/ခရိုင်/မြို့နယ်ဆေးရုံများ၊ ကျန်းမာရေးဋ္ဌာနများ။

- မူးယစ်ဆေးစွဲကုသရေးအဖွဲ့များ။

- လူမှုရေး အသင်းအဖွဲ့များ။
 

စာကြွင်း။  ။ မဂ္ဂဇင်းတစ်စောင်မှာ ဖတ်မိတဲ့အင်တာဗျူးတစ်ခုမှလိပ်စာများကိုပြန်လည်ဝေမျှခြင်းသက်သက်ဖြစ်ပါတယ်။

No comments: