Wednesday, November 11, 2020

“ အချစ် ကို ဗန်းပြခြေတော်တင်ချင်တဲ့ ယောကျ်ားတွေရဲ့ အချိုးများ “

 “ အချစ် ကို ဗန်းပြခြေတော်တင်ချင်တဲ့ ယောကျ်ားတွေရဲ့ အချိုးများ “

(All about Fuck Boy) 




လူတစ်ဦးတစ်ယောက်နဲ့ တစ်ယောက် တွေ့ဆုံဖို့ အရမ်းကို လွယ်ကူလွန်းတဲ့ ဒီခေတ်ကြီးမှာ ကိုယ့် ခံစားချက်ကို တဖက်လူအတွက် လွယ်လွန်းနေ အောင် လွယ်လွယ်  မချစ်နဲ့။ အချစ်က အဲ့လောက် ဘဝ ထဲကို လွယ်လွယ် မလာဘူး။ 




အတင်း မူပြ ခိုင်း နေတာ၊ ကြိုး ရှည်ရှည်နဲ့ လှန်ခိုင်းနေတာလည်း မဟုတ်ပါဘူး ။  သူ့စီးတဲ့ ဖိနပ်တန်ဖိုး ၊ စတိုင် အနေအထား နဲ့ စီးတဲ့ ကား ထက် သူ့ထက် သောက်ကျင့် နဲ့ အတူ အရင် ဆုံး သူနဲ့ ထိတွေ့ ပြောဆိုရတဲ့ အခါ “Comfortable “ဖြစ် မဖြစ်ကနေ သူ့ရဲ့ ရည်မှန်းချက် စိတ်ကူးအိမ်မက်တွေထိ ဆန်းစစ်ကြည့်ပါ။  ရည်မှန်းချက်မရှိ ၊ စိတ်ကူးအိမ်မက် မရှိတဲ့ ပထဝီမျက်နာပြင် သုည လို ယောကျ်ားမျိုး တွေးတောင် မနေပါနဲ့။ ရှင်းပါတယ်... ဒီခေတ် အမျိုးသမီး အများစုက အားကိုးချင်လို့ ယောကျ်ားယူ တယ် ဆိုတာထက် ချစ်လို့ ယူတာများတယ်။ မိန်းမဖြစ်သူနဲ့ ဦးနှောက်ကော အရည်အချင်းမှာပါ Level တန်းတောင် မညှိနိုင်တဲ့ ယောကျ်ား လောက်ကတော့ တကယ် မစဉ်းစားကြပါနဲ့။ မရင့်ကျက်တာကို ဘယ်လို မှ သင်ပေးလို့မရလို့ပါ။ 




တခါတလေ ဟိတ်ဟန်သိပ်ကောင်းတဲ့ လူမျိုးနဲ့ ဆုံတဲ့အခါ မပျော်တာကို ပျော်ပါတယ် တို့၊ မချစ်တာကို ချစ်ပါတယ် တို့ ဘာမှ အားနာနေစရာမလိုပါဘူး။ သိပ် Feel ကျဲတယ်။ အဲ့လောက် အပေါစား မဆန်သွားနဲ့။ တကယ့် လက်တွဲဖော် လူ အတွက် ပေးရမဲ့ အချိန်တွေ လျော့သွားစေတယ်။ 




မရင့်ကျက်သေး သရွေ့ကတော့ တွေ့တဲ့ သူတိုင်းကို ချစ်နေမိမှာပဲ။  စကားလေး ပြောမိလိုက် တာနဲ့ ၊ ရင်လေး တခါဖွင့်မိတာနဲ့ အဆင်ပြေသလိုလို ရှိရင် “ချစ်တယ် “လို့ ထင်သွားတတ်ကြတာပဲ။  ဒီခေတ် အမျိုးသား၊ အမျိုးသမီးတွေ ကော သိပ်နု လာ ကြတယ်။ Facebook ကနေ “ Love” ဆိုတဲ့ React တစ်ခုနဲ့ အချစ်အတုအစစ် ဆုံးဖြတ်လာကြတယ်။ တခါတခါ ကမ္ဘာပျက်လောက်အောင် သဝန်တွေ တိုကြသေးတယ်။ မဆိုင်ဆိုင် ၊ ဆိုင်ဆိုင် တခါတလေများ “ အချစ်လားဟင် “လို့ ထထ ခံစားတတ်ကြအောင် ခံစားချက် တွေ သိပ်လွယ် လွန်းတယ်။ တချို့ အမျိုးသမီးတွေက ဆင်ဒရဲလား အိမ်မက်ကို ပခုံးပေါ် ပိုးပြီး  ပုံပြင်ဆန်ဆန် အချစ်ရေးကို လက်တွေ့ ဘဝ မှာ ပါ ကျင့်သုံးလာကြတယ်။  “အချစ်ဆိုတာ တကယ် မရှိဘူး / ရှိတယ် “ငြင်းခုံစရာ တွေအောက်ကနေ ကိုယ်တိုင်ကော ကိုယ့်နှလုံးသားခံစားချက်မှာ ဖြောင့်မတ်ရဲ့ လား ?


ယုတ္တိရှိရှိ ချစ်တတ်ရဲ့လား? 


သစ္စာ တရားကို တန်ဖိုး သိရဲ့လား?


လေးစားမှုဆိုတာကို လက်ကိုင်ထားတတ်ရဲ့လား? 




မျောက် တွေလို သစ်ကိုင်းတွေပေါ်  ဂနာမငြိမ် အမြဲတမ်း ခုန်ကူးနေတတ်ရင် တော့ ဘယ်တော့အချစ်စစ် မတွေ့ဘူး..။ ရည်းစားထားတတ်ဖို့ ဆိုတာထက် “ မိသားစု” တခု ဖြစ်လာဖို့ လူနှစ်ယောက်ရဲ့ ဆက်ဆံရေးဟာ ဒီမှာ အစပြုမှာမို့ အချစ် က တကယ်တော့ အရေး ပါပါတယ်။ မဲမဲမြင်တိုင်း အချစ်လို့ ထင်ပြီး ကျတိုင်းကွဲတတ်တဲ့ နှလုံးသားပေါ် မှာဒဏ်ရာတွေ မထပ် စေချင်ဘူး။ အမျိုးသမီးတွေ အနေနဲ့ တခါတလေ စန်းပွင့်တာ လား၊ ဝဲစားတွေ အုံနေတာလား ဝေခွဲတတ်ဖို့ လည်း လိုမယ်။ အဲ့တော့ ဆက်ဖတ်ကြပါဦး...။ 




“ အချစ် ကို ဗန်းပြခြေတော်တင်ချင်တဲ့ ယောကျ်ားတွေရဲ့ အချိုးများ “




၁/လူမမြင်သူမမြင် နေရာတွေ တွေ့ဖို့ချိန်းလေ့ရှိတယ်။




First Date သို့မဟုတ်  ဆုံဖို့ ချိန်းလိုက်တိုင်း အမြဲတမ်း ဟိုတယ်၊ တည်းခိုခန်း၊ လူပြတ်တဲ့နေရာ၊ ရုပ်ရှင်ရုံလိုမျိုး အမြဲမှောင်တဲ့ နေရာ၊ သိပ်ကို Private ဆန်လွန်းတဲ့နေရာမျိုး ချည်းပဲ ဆိုရင်တော့ သေချာပါတယ်။




ခြေတော် တင်ပြီးရင် ခါ ချမဲ့ အကွက်တွေပါပဲ၊ အမျိုးသားတွေက သူတို့ ချစ်တဲ့ မိန်းမကို  ချစ်ပြီ ဟေ့ဆို အရှက်မရှိလောက်အောင်ပါပဲ။ မျက်စိလည်း အတော် နောက် ပါတယ်။ ဒီမိန်းကလေးက ငါ့ကောင်မလေး ဆိုပြီး Proud ဖြစ်လွန်းတဲ့ အတွက် လူသိအောင် ထုတ်ထုတ်ကြွားတတ်ကြတာ သူတို့ အထာပါပဲ။  ဒါပေမဲ့ ပုံသေ မဟုတ်ပါဘူး။ တချို့ကျ လူတွေ ရဲ့ အနှောင့်အယှက်ကင်းချင်လို့ Social Media လိုမျိုးမှာ သိပ် မပြတာမျိုးလည်းရှိပါတယ်။ ဒါပေမဲ့ လက်တွေ့ ဘဝထဲမှာ လုံလောက်တဲ့ ခံစားချက်နဲ့ လေးစားမှု အပြည့်အဝ ပေးနိုင်ရင် ဒီလူဟာ ငြင်းလောက်စရာမရှိလောက် တန်ဖိုးရှိပါတယ်။ 




အမြဲတမ်း ဂျောင်မှာချည်း ချိန်းတွေ့ချင်တဲ့ ယောကျ်ားက ကိုယ့်ကို ညအိပ် ဖို့ ထက် မပိုတာကို သတိရပါ။ ဘယ်တော့မှ ကိုယ့်ကို ချစ်လာမှာလည်း မဟုတ်ပါဘူး။ 




၂/ကိုယ်ပိုင် အရည်အချင်းထက် ခန္ဓာအစိတ်အပိုင်းတွေကိုသာ ချီးကျူးလေ့ရှိတယ်။ 




တင်ပါး ၊ ရင်သား၊ နုတ်ခမ်း နဲ့ လိင်မှု ဆိုင်ရာကို ဆွဲဆောင်ဖို့အတွက် အဓိကကိုယ်ခန္ဓာအစိတ်အပိုင်းတွေကိုမှ သတ်သတ်မှတ်မှတ်နဲ့ လှပကြောင်း ချီးကျူးစကား ဆိုလေ့ရှိတယ်။ လှတယ် ပြောရင် မိန်းမတိုင်း ကျေနပ်ကြမှာပါ ။ ဒါပေမဲ့ အလှ ရဲ့သဘော သဘာဝ ဟာ ကိုယ်ခန္ဓာ နဲ့ မျက်နာ ပုံပန်းသဏ္ဍန်မှာ အရမ်း ကို  သက်ရောက် လွန်းရင် အဲ့ လူရဲ့ “ချစ်ပါတယ်၊ သဘောကျပါတယ်” ဆိုတဲ့ စိတ်ဟာ တကယ် ဖြစ်နိုင်ပါ့မလား။  




မလှတာကိုမှ လှတယ် မြင်တတ်တာ၊ ကိုယ့် ကောင်းကွက် နဲ့ စိတ်သဘောထားကို ချီးကျူးတာ၊ ကိုယ့်ရဲ့ ကြိုးစားမှု လေးနဲ့ ဘဝ ကို စာနာထောက်ထားတာ ၊ မျှဝေခံစားပေးတတ် တာ ဟာ အချစ်ရဲ့ အစိတ်အပိုင်းတွေပဲ။ လှလှ၊ မလှလှ စိတ်သိပ်မဝင်စားတတ်ကြတဲ့ ယောကျ်ားတွေက သူ့တို့ မိန်းမ မှ အချစ်ထင်တတ်ကြတဲ့အတွက် တကယ် ချစ်မိတဲ့အခါ ၊ တကယ် နှစ်သက်မြတ်နိုးမိတဲ့ အခါ ... ရုပ်ပိုင်းဆိုင်ရာ အလှ အပြင် စိတ်ပိုင်းဆိုင်ရာအားနည်းချက်တွေကိုတောင် အပြစ်မမြင်ပဲ ပြုပြင်ပေးတတ်ကြပါတယ်။ တချို့ကောင်တွေက မိန်းမတွေကို အစပိုင်း မှာသာ လှတယ် မြင်တတ်ကြသလို မရခင်မှာ သာ သဲသဲလှုပ်ပြတတ်လွန်းပါတယ်။ 




၃/ Popping တွေကို လိုက်စားလွန်းတယ်။ 




“Slient ပဲ တွဲပါ” တို့ 


“Just Friend”  တို့


“Blind Date ကြမယ် “ 


“friend with benefits “ဆိုတဲ့ အပေါစား ဆန်ဆန် စာတွေ အောက်ကနေ .. Popping ဆန်ဆန် တကယ် လိုက်နာကျင့်သုံးပြီး တကယ့်ခံစားချက်ကို အပေါစား မဆန်သွားစေချင်ဘူး။ အနောက်တိုင်း ယဉ်ကျေးမှု ဟာ  မြန်မာပြည်ရဲ့ စည်းကမ်းမရှိတဲ့ သောက်ချိုးနဲ့ လူတိုင်း ကျင့်သုံးလို့ မရသေးဘူး။ 




သောက်ကျင့်တွေ အရင်ပြုပြင်မှ ရမယ်။  


ကိုယ့်နှလုံးသားဟာ သူတို့ တခါ စိတ်ကျေနပ်စရာ one time use မဖြစ်စေချင်ဘူး ဆိုရင် “ ကိုယ့်ကိုကိုယ် တန်ဖိုးထား ဖို့ လိုမယ်”။  




အချစ်လွယ်၊ အညာလွယ်တဲ့ မိန်းကလေးကို တန်ဖိုး မထားကြတာကတော့ မြန်မာ ယောကျ်ား သဘာဝ ပါပဲ။ လွယ်လွယ် မချစ်စေချင်ဘူး။ တဖက်က သိပ်ကို အေးစက်ပြီး တဖက်က သိပ်ကို ခံစားလွယ်လွန်းနေရင် “ခြံထဲက ကြက် ဘယ်ချိန်သတ်သတ် စားလို့ ရတဲ့ အနေအထား မျိုး” နဲ့ အသုံးချခံရလိမ့်မယ်။ တကယ့် အချစ်ဆိုတာလည်း ကိုယ့် ဘဝ ကို လွယ်လွယ် မလာပါဘူး ။ အချစ်ဆိုတာ ကိုယ်တိုင် တည်ဆောက်ရတာမျိုးမို့ အချိန်မှန်၊ နေရာမှန်၊ လူမှန် ဖို့ လိုပါသေးတယ်။ 




၃/လိုအပ်မှသာ ခေါ်ပြောလေ့ရှိတယ်




ငွေကြေး သို့မဟုတ် အခက်အခဲ /အကူအညီ လိုမှ  မျက်နာချိုသွေးတတ်ကြတဲ့ ကောင်မျိုးတွေကိုတော့ “ ပိုင်းလုံး” လို့ ခေါ်ပါတယ်။ ဂရုစိုက်တာ နဲ့  အသုံးချတာကို ကွဲကွဲပြားပြား သိပါ။ 




အရည်အချင်း / ရည်မှန်းချက် မရှိတဲ့ ယောကျ်ားကိုမှ လင်တော်ချင်တာတို့၊ ချစ်သူတော်ချင်တာတို့မျိုးက ကပ်ပါးကောင်ကို ဗီတာမင်ကျွေးပြီး ကိုယ့်အတွက်ပါ လုံးပါးပါးအကွက်တွေပါ။ သာမန်ဆို ရေလိုက်ငါးလိုက် ဆက်ဆံရေးမျိုး ကျင့်သုံးတဲ့ ချစ်သူက အကူအညီ လိုမှ အရေးတယူရှိတတ်တယ် ဆိုရင်  ပိုင်းလုံးကို ခါးခွင်ထားပြီ လို့သာမှတ်ပါ။ 




နောက်တချက်က - နေ့ခင်းလို အချိန်မျိုးထက် ညသန်းခေါင်မှာ မှ ဆုံတွေ့ ဖို့ စကားပြောဆိုတတ်တာမျိုး ဟာ သူ မူးနေတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ကိုယ့်ကို မူး မှ သတိရတာ ချစ်လို့ /ခံစားချက် စစ်လို့များ တလွဲ မတွေးလိုက်ပါနဲ့။ မူး တဲ့ အခါ လိင်စိတ်က ပိုကြွပါတယ်၊ အဲ့လိုစိတ်များနေမှ ခေါ်ပြောတတ်တဲ့သူဟာ ကိုယ့်ကို ဘယ်နေရာမှာ သတ်မှတ်ထားသလဲ တွေးကြည့်ပါ။ 




၄/ငွေကုန်ကြေးကျ သိပ်ခံလေ့မရှိဘူး




ကိုယ့်အတွက် တွက်ခြေကိုက်ကိုက် သိပ်ကြည့်တတ်လွန်းတဲ့ ယောကျ်ားမျိုးကို တွဲမိရင် ...  အမြဲတမ်း အိတ်စိုက် နေရတဲ့ သူက ကိုယ် ဖြစ်လာတတ်ပါတယ်။ တခါတလေ အသုံးပြတ်တာက ကိစ္စ မရှိပါဘူး။ အမြဲတမ်း ကိုယ်က အိတ်စိုက်ဆိုရင် သူ့ဘက်က  အကျင့်ပါသွားတတ်ပါတယ်။  လက်ထဲ ပိုက်ဆံ ရှိအောင် မကြိုးစားချင်တတ်ကြတော့ဘူး။  ချစ်သူဖြစ်လို့ လိုချင်တာ မှန်သမျှ ဝယ်ပေးရမယ်လို့ မဆိုလိုပါဘူး။ ယောကျ်ားဆိုတာ အလုပ်နဲ့ ဝင်ငွေ ရှိကိုရှိရပါမယ်။ လိုအပ်တဲ့ နေရာ ၊ မလိုအပ်တဲ့ နေရာ


နားလည်တတ်ပြီး ဖြည့်ဆည်းတတ်ဖို့ လိုပါတယ်။ ဒါမှလည်း အိမ်ထောင်ကျတဲ့ အခါ  အိမ်ထောင်ရေးကို ဦးဆောင်သူအဖြစ် ပိုမိုလွှမ်းမိုးနိုင်တာပါ။ ချစ်ရင် ငွေကြေးက အဓိက မကျဘူးဆိုတဲ့ စကားဟာ မမှန်ပါဘူး။ တကယ်နီးစပ်အရေး မှာ ငွေကြေးက အခရာ ကျပါတယ်။ မိသားစု တစ်ခု အဆင်ပြေသာယာဖို့  ဖခင်ဖြစ်သူရဲ့ စီးပွါးရေး နဲ့ ရည်မှန်းချက် ဟာ ယန္တရား တခုပါပဲ။ နေရာ တကာ တွက်ကပ်ပြီး ကပ်စေးနည်းတဲ့ ကောင်မျိုးကတော့ တွဲ မနေပါနဲ့။ သူတို့က အမြဲ အကြွေမပါသလို ပိုက်ဆံအိတ်လဲ ခဏ ခဏ မေ့တတ်ကြပါတယ်။ 


 


၅/နှစ်ယောက်ထဲ အတူတူသောက်ဖို့ ချည်းပဲ ခေါ်လိမ့်မယ်။




သောက်ပြီး မူးနေရင် အမှားလုပ်ဖို့ အလွယ်ဆုံးပဲ။ မူးပြီး မှား တယ် ဆိုတဲ့ ဆင်ခြေဟာ သိပ်ကြားဖူးနားဝ ရှိကြမှာပါ။ တခါ မှားမိရင်လည်း ထပ်ခါထပ်ခါ မှားဖို့ ပိုလွယ်ကူသွားစေတယ်။ 




စားနေကျ ကြောင်ဖားတွေဟာ ငတ်သထက်ငတ်ပြီး အမြဲ အကွက်ဆင် နေတတ်ပါတယ်။  ကိုယ်တစ်ယောက်ထဲ နဲ့ လို့များ ကျေနပ်တင်းတိမ်မယ်လို့ လည်း မထင်ပါနဲ့။  ငယ်ပါ ဒုတ်တစ်ချောင်း ကို ဘဝထင်ပြီး ဘဝ မှာ တာဝန်ယူမှု ၊ တာဝန်ခံမှု မရှိတဲ့ သူတွေ ဖြစ်ပါတယ်။ “One night stand “ ရတာ ကြိုက်ပြီး ဘယ်တော့မှ အတည် တွဲ ဖို့ မတန်တဲ့ ကောင်တွေ ဖြစ်ပါတယ်။ 


Bar/Club မှာ VIPထိုင်နိုင်မှ သိပ်အောင်မြင်ပြီထင်နေတဲ့ ကောင်ကို တွဲပြီး အချစ်အကြောင်း ကို သွားရှင်းပြနေမဲ့အစား အိမ်က ခွေးကို ရေချိုးပေးလိုက်ပါ၊ သူ အယားပြေတာပေါ့။




၆/ ကိုယ့်ကို လျို့ဝှက်တဲ့ ဆက်ဆံရေးတခုအဖြစ်သာ ထားမယ်။ 




 မိသားစု၊ သူငယ်ချင်းတွေနဲ့ ပေးတွေ့လေ့မရှိသလို အရမ်းလည်း လျို့ဝှက်ပါတယ်။ ဖုန်း ကို ပေးကိုင်ဖို့ မပြောနဲ့။  selfie တောင် ဆွဲဖို့ အတူတူ ရိုက်လေ့မရှိပါဘူး။ Facebook password ကို အသက်နဲ့ အမျှ ကာကွယ် စောင့်ရှောက်ပြီး မအားတာက များပါတယ်။  ဖုန်းလေး ခဏ ပြောတောင် “တိန်၊ တောင်” နဲ့ Vibrate သံတွေ ဆူညံပြီး အကြူဇယားကွက်တွေ များပါတယ်။  အတူမရှိနိုင်တဲ့ အခါ စာကို ပြန်ချင်တဲ့ အခါ ပြန်ပြီး သူ့ တနေ့တာမှာ ကိုယ်က ဘာမှကို အရေးမပါတာမျိုးပါ။ 


ကိုယ့်ကို အဖက် လုပ်ပေမဲ့ ဟက်ဟက်ပက်ပက် မရှိပါဘူး၊ မေးတခွန်း ပြောတခွန်း နဲ့ စကား စ ပြတ်အောင် လုပ်လေ့ရှိပါတယ်။ ဒါက လိုချင်တာ ရပြီးရင်တော့ အူကြောင်ကြောင် အထာဖမ်းကြတာမျိုးပါ။ တခါတခါ အချစ်ကို မယုံကြည်ကြောင်း ပြောလိုက် ၊ ရည်းစားဟောင်းကို ထလွမ်းပြလိုက်နဲ့ ဒရမ်မာ မျိုးစုံခင်းပြီး ကိုယ်က သူ့ချစ်သူ မဟုတ်သလို Single is the best လို့ လူရှေ့သူရှေ့ ဈေးဗန်းခင်းပြီး ကိုယ်ရည်သွေးတတ်ကြပါသေးတယ်။ 




၇/ အချစ်နဲ့ ကိုယ်ခန္ဓာကို သက်သေပြခိုင်းလိမ့်မယ်




ကိုယ်တိုင် ဆန္ဒရှိရင် ချစ်တဲ့သူနဲ့ အတူတူ နေတာ ၊ လိင်မှုပြုတာ အဲ့လောက် ပြဿနာမရှိပါဘူး။ ဒါပေမဲ့ .. အချစ်ကို သက်သေ ပြတဲ့ အခါ  ကိုယ်ခန္ဓာနဲ့ ဘယ်တော့ မပေးဆပ်ပါနဲ့။  အချစ်ဟာ အချစ်ပါပဲ။ Love နဲ့ Sex ကွဲပြားဖို့ သိပ်လိုပါတယ်။ 




မြန်မာမိန်းမတွေက “ သူတို့ ကိုယ်တိုင် စိတ်ပါလို့ ဆိုတာကို ဝန်ခံဖို့ ခက်ခဲတဲ့ အခါ အချစ်ကို ဗန်းပြတတ်ကြပါတယ်။ “ တချို့ မိန်းကလေး တွေကလည်း သဘာဝ တရားကြီးကို နားလည်သဘောပေါက်ဖို့ ခက်နေသေးတာလည်း ပါမယ်ထင်ပါတယ်။ အချစ်ကို သက်သေပြဖို့ တိုင်းသာ သွားအိပ်ပေးနေရရင် အချစ်ဟာ ဒါကြီးလား ဖြစ်လာပါလိမ့်မယ်။ တဖက်မှာ တော့ အချစ်ရဲ့ ခေါင်းစဉ်အောက်က လိင်ကျွန်သက်သက် ဖြစ်မှန်းမသိ ဖြစ်လာပါတယ်။ စိတ်ပါ သဘောတူလို့ ဆိုရင် နေပါ၊ ဒါပေမဲ့ အဲ့အတွက် ကိုယ့်ကိုကိုယ် ကာကွယ် တတ်ဖို့ လိုပါတယ်။ အ,ချင်ယောင် ဆောင်ပြတိုင်း အပျိုလေး ဆိုပြီး တန်ဖိုး မတက်သွားပါဘူး။ ကိုယ်တိုင် အလေးအနက် ထား ကာကွယ် မှ ရှိတဲ့တန်ဖိုး ပါ မပျက်စီးသွားမှာပါ။  ဒီခေတ်မှာ ညဏ် ကောင်းဖို့ လိုပါတယ်။ အမျိုးသမီးတို့ ... ဒီလောက်ပါပဲ၊ Fuck boy တွေ ရဲ့ အထာတွေ ဒီလောက်ဆို သဘောပေါက်ကြမယ် ထင်ပါတယ်။ အချစ် မှာ ဆိုးကျိုး နည်းကြပါစေ၊ 




#Adminpan


#truthbutbitter


#allaboutfuckboys


#relationship


—————————————————————


“ အခ်စ္ ကို ဗန္းျပေျခေတာ္တင္ခ်င္တဲ့ ေယာက်္ားေတြရဲ႕ အခ်ိဳးမ်ား “


(All about Fuck Boy) 




လူတစ္ဦးတစ္ေယာက္နဲ႔ တစ္ေယာက္ ေတြ႕ဆုံဖို႔ အရမ္းကို လြယ္ကူလြန္းတဲ့ ဒီေခတ္ႀကီးမွာ ကိုယ့္ ခံစားခ်က္ကို တဖက္လူအတြက္ လြယ္လြန္းေန ေအာင္ လြယ္လြယ္  မခ်စ္နဲ႔။ အခ်စ္က အဲ့ေလာက္ ဘဝ ထဲကို လြယ္လြယ္ မလာဘူး။ 


အတင္း မူျပ ခိုင္း ေနတာ၊ ႀကိဳး ရွည္ရွည္နဲ႔ လွန္ခိုင္းေနတာလည္း မဟုတ္ပါဘူး ။  သူ႔စီးတဲ့ ဖိနပ္တန္ဖိုး ၊ စတိုင္ အေနအထား နဲ႔ စီးတဲ့ ကား ထက္ သူ႔ထက္ ေသာက္က်င့္ နဲ႔ အတူ အရင္ ဆုံး သူနဲ႔ ထိေတြ႕ ေျပာဆိုရတဲ့ အခါ “Comfortable “ျဖစ္ မျဖစ္ကေန သူ႔ရဲ႕ ရည္မွန္းခ်က္ စိတ္ကူးအိမ္မက္ေတြထိ ဆန္းစစ္ၾကည့္ပါ။  ရည္မွန္းခ်က္မရွိ ၊ စိတ္ကူးအိမ္မက္ မရွိတဲ့ ပထဝီမ်က္နာျပင္ သုည လို ေယာက်္ားမ်ိဳး ေတြးေတာင္ မေနပါနဲ႔။ ရွင္းပါတယ္... ဒီေခတ္ အမ်ိဳးသမီး အမ်ားစုက အားကိုးခ်င္လို႔ ေယာက်္ားယူ တယ္ ဆိုတာထက္ ခ်စ္လို႔ ယူတာမ်ားတယ္။ မိန္းမျဖစ္သူနဲ႔ ဦးေႏွာက္ေကာ အရည္အခ်င္းမွာပါ Level တန္းေတာင္ မညႇိႏိုင္တဲ့ ေယာက်္ား ေလာက္ကေတာ့ တကယ္ မစဥ္းစားၾကပါနဲ႔။ မရင့္က်က္တာကို ဘယ္လို မွ သင္ေပးလို႔မရလို႔ပါ။ 


တခါတေလ ဟိတ္ဟန္သိပ္ေကာင္းတဲ့ လူမ်ိဳးနဲ႔ ဆုံတဲ့အခါ မေပ်ာ္တာကို ေပ်ာ္ပါတယ္ တို႔၊ မခ်စ္တာကို ခ်စ္ပါတယ္ တို႔ ဘာမွ အားနာေနစရာမလိုပါဘူး။ သိပ္ Feel က်ဲတယ္။ အဲ့ေလာက္ အေပါစား မဆန္သြားနဲ႔။ တကယ့္ လက္တြဲေဖာ္ လူ အတြက္ ေပးရမဲ့ အခ်ိန္ေတြ ေလ်ာ့သြားေစတယ္။ 


မရင့္က်က္ေသး သေ႐ြ႕ကေတာ့ ေတြ႕တဲ့ သူတိုင္းကို ခ်စ္ေနမိမွာပဲ။  စကားေလး ေျပာမိလိုက္ တာနဲ႔ ၊ ရင္ေလး တခါဖြင့္မိတာနဲ႔ အဆင္ေျပသလိုလို ရွိရင္ “ခ်စ္တယ္ “လို႔ ထင္သြားတတ္ၾကတာပဲ။  ဒီေခတ္ အမ်ိဳးသား၊ အမ်ိဳးသမီးေတြ ေကာ သိပ္ႏု လာ ၾကတယ္။ Facebook ကေန “ Love” ဆိုတဲ့ React တစ္ခုနဲ႔ အခ်စ္အတုအစစ္ ဆုံးျဖတ္လာၾကတယ္။ တခါတခါ ကမာၻပ်က္ေလာက္ေအာင္ သဝန္ေတြ တိုၾကေသးတယ္။ မဆိုင္ဆိုင္ ၊ ဆိုင္ဆိုင္ တခါတေလမ်ား “ အခ်စ္လားဟင္ “လို႔ ထထ ခံစားတတ္ၾကေအာင္ ခံစားခ်က္ ေတြ သိပ္လြယ္ လြန္းတယ္။ တခ်ိဳ႕ အမ်ိဳးသမီးေတြက ဆင္ဒရဲလား အိမ္မက္ကို ပခုံးေပၚ ပိုးၿပီး  ပုံျပင္ဆန္ဆန္ အခ်စ္ေရးကို လက္ေတြ႕ ဘဝ မွာ ပါ က်င့္သုံးလာၾကတယ္။  “အခ်စ္ဆိုတာ တကယ္ မရွိဘူး / ရွိတယ္ “ျငင္းခုံစရာ ေတြေအာက္ကေန ကိုယ္တိုင္ေကာ ကိုယ့္ႏွလုံးသားခံစားခ်က္မွာ ေျဖာင့္မတ္ရဲ႕ လား ?

ယုတၱိရွိရွိ ခ်စ္တတ္ရဲ႕လား? 

သစၥာ တရားကို တန္ဖိုး သိရဲ႕လား?

ေလးစားမႈဆိုတာကို လက္ကိုင္ထားတတ္ရဲ႕လား? 


ေမ်ာက္ ေတြလို သစ္ကိုင္းေတြေပၚ  ဂနာမၿငိမ္ အၿမဲတမ္း ခုန္ကူးေနတတ္ရင္ ေတာ့ ဘယ္ေတာ့အခ်စ္စစ္ မေတြ႕ဘူး..။ ရည္းစားထားတတ္ဖို႔ ဆိုတာထက္ “ မိသားစု” တခု ျဖစ္လာဖို႔ လူႏွစ္ေယာက္ရဲ႕ ဆက္ဆံေရးဟာ ဒီမွာ အစျပဳမွာမို႔ အခ်စ္ က တကယ္ေတာ့ အေရး ပါပါတယ္။ မဲမဲျမင္တိုင္း အခ်စ္လို႔ ထင္ၿပီး က်တိုင္းကြဲတတ္တဲ့ ႏွလုံးသားေပၚ မွာဒဏ္ရာေတြ မထပ္ ေစခ်င္ဘူး။ အမ်ိဳးသမီးေတြ အေနနဲ႔ တခါတေလ စန္းပြင့္တာ လား၊ ဝဲစားေတြ အုံေနတာလား ေဝခြဲတတ္ဖို႔ လည္း လိုမယ္။ အဲ့ေတာ့ ဆက္ဖတ္ၾကပါဦး...။ 


“ အခ်စ္ ကို ဗန္းျပေျခေတာ္တင္ခ်င္တဲ့ ေယာက်္ားေတြရဲ႕ အခ်ိဳးမ်ား “


၁/လူမျမင္သူမျမင္ ေနရာေတြ ေတြ႕ဖို႔ခ်ိန္းေလ့ရွိတယ္။


First Date သို႔မဟုတ္  ဆုံဖို႔ ခ်ိန္းလိုက္တိုင္း အၿမဲတမ္း ဟိုတယ္၊ တည္းခိုခန္း၊ လူျပတ္တဲ့ေနရာ၊ ႐ုပ္ရွင္႐ုံလိုမ်ိဳး အၿမဲေမွာင္တဲ့ ေနရာ၊ သိပ္ကို Private ဆန္လြန္းတဲ့ေနရာမ်ိဳး ခ်ည္းပဲ ဆိုရင္ေတာ့ ေသခ်ာပါတယ္။


ေျခေတာ္ တင္ၿပီးရင္ ခါ ခ်မဲ့ အကြက္ေတြပါပဲ၊ အမ်ိဳးသားေတြက သူတို႔ ခ်စ္တဲ့ မိန္းမကို  ခ်စ္ၿပီ ေဟ့ဆို အရွက္မရွိေလာက္ေအာင္ပါပဲ။ မ်က္စိလည္း အေတာ္ ေနာက္ ပါတယ္။ ဒီမိန္းကေလးက ငါ့ေကာင္မေလး ဆိုၿပီး Proud ျဖစ္လြန္းတဲ့ အတြက္ လူသိေအာင္ ထုတ္ထုတ္ႂကြားတတ္ၾကတာ သူတို႔ အထာပါပဲ။  ဒါေပမဲ့ ပုံေသ မဟုတ္ပါဘူး။ တခ်ိဳ႕က် လူေတြ ရဲ႕ အေႏွာင့္အယွက္ကင္းခ်င္လို႔ Social Media လိုမ်ိဳးမွာ သိပ္ မျပတာမ်ိဳးလည္းရွိပါတယ္။ ဒါေပမဲ့ လက္ေတြ႕ ဘဝထဲမွာ လုံေလာက္တဲ့ ခံစားခ်က္နဲ႔ ေလးစားမႈ အျပည့္အဝ ေပးႏိုင္ရင္ ဒီလူဟာ ျငင္းေလာက္စရာမရွိေလာက္ တန္ဖိုးရွိပါတယ္။ 


အၿမဲတမ္း ေဂ်ာင္မွာခ်ည္း ခ်ိန္းေတြ႕ခ်င္တဲ့ ေယာက်္ားက ကိုယ့္ကို ညအိပ္ ဖို႔ ထက္ မပိုတာကို သတိရပါ။ ဘယ္ေတာ့မွ ကိုယ့္ကို ခ်စ္လာမွာလည္း မဟုတ္ပါဘူး။ 


၂/ကိုယ္ပိုင္ အရည္အခ်င္းထက္ ခႏၶာအစိတ္အပိုင္းေတြကိုသာ ခ်ီးက်ဴးေလ့ရွိတယ္။ 


တင္ပါး ၊ ရင္သား၊ ႏုတ္ခမ္း နဲ႔ လိင္မႈ ဆိုင္ရာကို ဆြဲေဆာင္ဖို႔အတြက္ အဓိကကိုယ္ခႏၶာအစိတ္အပိုင္းေတြကိုမွ သတ္သတ္မွတ္မွတ္နဲ႔ လွပေၾကာင္း ခ်ီးက်ဴးစကား ဆိုေလ့ရွိတယ္။ လွတယ္ ေျပာရင္ မိန္းမတိုင္း ေက်နပ္ၾကမွာပါ ။ ဒါေပမဲ့ အလွ ရဲ႕သေဘာ သဘာဝ ဟာ ကိုယ္ခႏၶာ နဲ႔ မ်က္နာ ပုံပန္းသ႑န္မွာ အရမ္း ကို  သက္ေရာက္ လြန္းရင္ အဲ့ လူရဲ႕ “ခ်စ္ပါတယ္၊ သေဘာက်ပါတယ္” ဆိုတဲ့ စိတ္ဟာ တကယ္ ျဖစ္ႏိုင္ပါ့မလား။  


မလွတာကိုမွ လွတယ္ ျမင္တတ္တာ၊ ကိုယ့္ ေကာင္းကြက္ နဲ႔ စိတ္သေဘာထားကို ခ်ီးက်ဴးတာ၊ ကိုယ့္ရဲ႕ ႀကိဳးစားမႈ ေလးနဲ႔ ဘဝ ကို စာနာေထာက္ထားတာ ၊ မွ်ေဝခံစားေပးတတ္ တာ ဟာ အခ်စ္ရဲ႕ အစိတ္အပိုင္းေတြပဲ။ လွလွ၊ မလွလွ စိတ္သိပ္မဝင္စားတတ္ၾကတဲ့ ေယာက်္ားေတြက သူ႔တို႔ မိန္းမ မွ အခ်စ္ထင္တတ္ၾကတဲ့အတြက္ တကယ္ ခ်စ္မိတဲ့အခါ ၊ တကယ္ ႏွစ္သက္ျမတ္ႏိုးမိတဲ့ အခါ ... ႐ုပ္ပိုင္းဆိုင္ရာ အလွ အျပင္ စိတ္ပိုင္းဆိုင္ရာအားနည္းခ်က္ေတြကိုေတာင္ အျပစ္မျမင္ပဲ ျပဳျပင္ေပးတတ္ၾကပါတယ္။ တခ်ိဳ႕ေကာင္ေတြက မိန္းမေတြကို အစပိုင္း မွာသာ လွတယ္ ျမင္တတ္ၾကသလို မရခင္မွာ သာ သဲသဲလႈပ္ျပတတ္လြန္းပါတယ္။ 


၃/ Popping ေတြကို လိုက္စားလြန္းတယ္။ 


“Slient ပဲ တြဲပါ” တို႔ 

“Just Friend”  တို႔

“Blind Date ၾကမယ္ “ 

“friend with benefits “ဆိုတဲ့ အေပါစား ဆန္ဆန္ စာေတြ ေအာက္ကေန .. Popping ဆန္ဆန္ တကယ္ လိုက္နာက်င့္သုံးၿပီး တကယ့္ခံစားခ်က္ကို အေပါစား မဆန္သြားေစခ်င္ဘူး။ အေနာက္တိုင္း ယဥ္ေက်းမႈ ဟာ  ျမန္မာျပည္ရဲ႕ စည္းကမ္းမရွိတဲ့ ေသာက္ခ်ိဳးနဲ႔ လူတိုင္း က်င့္သုံးလို႔ မရေသးဘူး။ 


ေသာက္က်င့္ေတြ အရင္ျပဳျပင္မွ ရမယ္။  

ကိုယ့္ႏွလုံးသားဟာ သူတို႔ တခါ စိတ္ေက်နပ္စရာ one time use မျဖစ္ေစခ်င္ဘူး ဆိုရင္ “ ကိုယ့္ကိုကိုယ္ တန္ဖိုးထား ဖို႔ လိုမယ္”။  


အခ်စ္လြယ္၊ အညာလြယ္တဲ့ မိန္းကေလးကို တန္ဖိုး မထားၾကတာကေတာ့ ျမန္မာ ေယာက်္ား သဘာဝ ပါပဲ။ လြယ္လြယ္ မခ်စ္ေစခ်င္ဘူး။ တဖက္က သိပ္ကို ေအးစက္ၿပီး တဖက္က သိပ္ကို ခံစားလြယ္လြန္းေနရင္ “ၿခံထဲက ၾကက္ ဘယ္ခ်ိန္သတ္သတ္ စားလို႔ ရတဲ့ အေနအထား မ်ိဳး” နဲ႔ အသုံးခ်ခံရလိမ့္မယ္။ တကယ့္ အခ်စ္ဆိုတာလည္း ကိုယ့္ ဘဝ ကို လြယ္လြယ္ မလာပါဘူး ။ အခ်စ္ဆိုတာ ကိုယ္တိုင္ တည္ေဆာက္ရတာမ်ိဳးမို႔ အခ်ိန္မွန္၊ ေနရာမွန္၊ လူမွန္ ဖို႔ လိုပါေသးတယ္။ 


၃/လိုအပ္မွသာ ေခၚေျပာေလ့ရွိတယ္


ေငြေၾကး သို႔မဟုတ္ အခက္အခဲ /အကူအညီ လိုမွ  မ်က္နာခ်ိဳေသြးတတ္ၾကတဲ့ ေကာင္မ်ိဳးေတြကိုေတာ့ “ ပိုင္းလုံး” လို႔ ေခၚပါတယ္။ ဂ႐ုစိုက္တာ နဲ႔  အသုံးခ်တာကို ကြဲကြဲျပားျပား သိပါ။ 


အရည္အခ်င္း / ရည္မွန္းခ်က္ မရွိတဲ့ ေယာက်္ားကိုမွ လင္ေတာ္ခ်င္တာတို႔၊ ခ်စ္သူေတာ္ခ်င္တာတို႔မ်ိဳးက ကပ္ပါးေကာင္ကို ဗီတာမင္ေကြၽးၿပီး ကိုယ့္အတြက္ပါ လုံးပါးပါးအကြက္ေတြပါ။ သာမန္ဆို ေရလိုက္ငါးလိုက္ ဆက္ဆံေရးမ်ိဳး က်င့္သုံးတဲ့ ခ်စ္သူက အကူအညီ လိုမွ အေရးတယူရွိတတ္တယ္ ဆိုရင္  ပိုင္းလုံးကို ခါးခြင္ထားၿပီ လို႔သာမွတ္ပါ။ 


ေနာက္တခ်က္က - ေန႔ခင္းလို အခ်ိန္မ်ိဳးထက္ ညသန္းေခါင္မွာ မွ ဆုံေတြ႕ ဖို႔ စကားေျပာဆိုတတ္တာမ်ိဳး ဟာ သူ မူးေနတာမ်ိဳးလည္း ျဖစ္ႏိုင္ပါတယ္။ ကိုယ့္ကို မူး မွ သတိရတာ ခ်စ္လို႔ /ခံစားခ်က္ စစ္လို႔မ်ား တလြဲ မေတြးလိုက္ပါနဲ႔။ မူး တဲ့ အခါ လိင္စိတ္က ပိုႂကြပါတယ္၊ အဲ့လိုစိတ္မ်ားေနမွ ေခၚေျပာတတ္တဲ့သူဟာ ကိုယ့္ကို ဘယ္ေနရာမွာ သတ္မွတ္ထားသလဲ ေတြးၾကည့္ပါ။ 


၄/ေငြကုန္ေၾကးက် သိပ္ခံေလ့မရွိဘူး


ကိုယ့္အတြက္ တြက္ေျခကိုက္ကိုက္ သိပ္ၾကည့္တတ္လြန္းတဲ့ ေယာက်္ားမ်ိဳးကို တြဲမိရင္ ...  အၿမဲတမ္း အိတ္စိုက္ ေနရတဲ့ သူက ကိုယ္ ျဖစ္လာတတ္ပါတယ္။ တခါတေလ အသုံးျပတ္တာက ကိစၥ မရွိပါဘူး။ အၿမဲတမ္း ကိုယ္က အိတ္စိုက္ဆိုရင္ သူ႔ဘက္က  အက်င့္ပါသြားတတ္ပါတယ္။  လက္ထဲ ပိုက္ဆံ ရွိေအာင္ မႀကိဳးစားခ်င္တတ္ၾကေတာ့ဘူး။  ခ်စ္သူျဖစ္လို႔ လိုခ်င္တာ မွန္သမွ် ဝယ္ေပးရမယ္လို႔ မဆိုလိုပါဘူး။ ေယာက်္ားဆိုတာ အလုပ္နဲ႔ ဝင္ေငြ ရွိကိုရွိရပါမယ္။ လိုအပ္တဲ့ ေနရာ ၊ မလိုအပ္တဲ့ ေနရာ

နားလည္တတ္ၿပီး ျဖည့္ဆည္းတတ္ဖို႔ လိုပါတယ္။ ဒါမွလည္း အိမ္ေထာင္က်တဲ့ အခါ  အိမ္ေထာင္ေရးကို ဦးေဆာင္သူအျဖစ္ ပိုမိုလႊမ္းမိုးႏိုင္တာပါ။ ခ်စ္ရင္ ေငြေၾကးက အဓိက မက်ဘူးဆိုတဲ့ စကားဟာ မမွန္ပါဘူး။ တကယ္နီးစပ္အေရး မွာ ေငြေၾကးက အခရာ က်ပါတယ္။ မိသားစု တစ္ခု အဆင္ေျပသာယာဖို႔  ဖခင္ျဖစ္သူရဲ႕ စီးပြါးေရး နဲ႔ ရည္မွန္းခ်က္ ဟာ ယႏၲရား တခုပါပဲ။ ေနရာ တကာ တြက္ကပ္ၿပီး ကပ္ေစးနည္းတဲ့ ေကာင္မ်ိဳးကေတာ့ တြဲ မေနပါနဲ႔။ သူတို႔က အၿမဲ အေႂကြမပါသလို ပိုက္ဆံအိတ္လဲ ခဏ ခဏ ေမ့တတ္ၾကပါတယ္။ 

 

၅/ႏွစ္ေယာက္ထဲ အတူတူေသာက္ဖို႔ ခ်ည္းပဲ ေခၚလိမ့္မယ္။


ေသာက္ၿပီး မူးေနရင္ အမွားလုပ္ဖို႔ အလြယ္ဆုံးပဲ။ မူးၿပီး မွား တယ္ ဆိုတဲ့ ဆင္ေျခဟာ သိပ္ၾကားဖူးနားဝ ရွိၾကမွာပါ။ တခါ မွားမိရင္လည္း ထပ္ခါထပ္ခါ မွားဖို႔ ပိုလြယ္ကူသြားေစတယ္။ 


စားေနက် ေၾကာင္ဖားေတြဟာ ငတ္သထက္ငတ္ၿပီး အၿမဲ အကြက္ဆင္ ေနတတ္ပါတယ္။  ကိုယ္တစ္ေယာက္ထဲ နဲ႔ လို႔မ်ား ေက်နပ္တင္းတိမ္မယ္လို႔ လည္း မထင္ပါနဲ႔။  ငယ္ပါ ဒုတ္တစ္ေခ်ာင္း ကို ဘဝထင္ၿပီး ဘဝ မွာ တာဝန္ယူမႈ ၊ တာဝန္ခံမႈ မရွိတဲ့ သူေတြ ျဖစ္ပါတယ္။ “One night stand “ ရတာ ႀကိဳက္ၿပီး ဘယ္ေတာ့မွ အတည္ တြဲ ဖို႔ မတန္တဲ့ ေကာင္ေတြ ျဖစ္ပါတယ္။ 

Bar/Club မွာ VIPထိုင္ႏိုင္မွ သိပ္ေအာင္ျမင္ၿပီထင္ေနတဲ့ ေကာင္ကို တြဲၿပီး အခ်စ္အေၾကာင္း ကို သြားရွင္းျပေနမဲ့အစား အိမ္က ေခြးကို ေရခ်ိဳးေပးလိုက္ပါ၊ သူ အယားေျပတာေပါ့။


၆/ ကိုယ့္ကို လ်ိဳ႕ဝွက္တဲ့ ဆက္ဆံေရးတခုအျဖစ္သာ ထားမယ္။ 


 မိသားစု၊ သူငယ္ခ်င္းေတြနဲ႔ ေပးေတြ႕ေလ့မရွိသလို အရမ္းလည္း လ်ိဳ႕ဝွက္ပါတယ္။ ဖုန္း ကို ေပးကိုင္ဖို႔ မေျပာနဲ႔။  selfie ေတာင္ ဆြဲဖို႔ အတူတူ ႐ိုက္ေလ့မရွိပါဘူး။ Facebook password ကို အသက္နဲ႔ အမွ် ကာကြယ္ ေစာင့္ေရွာက္ၿပီး မအားတာက မ်ားပါတယ္။  ဖုန္းေလး ခဏ ေျပာေတာင္ “တိန္၊ ေတာင္” နဲ႔ Vibrate သံေတြ ဆူညံၿပီး အၾကဴဇယားကြက္ေတြ မ်ားပါတယ္။  အတူမရွိႏိုင္တဲ့ အခါ စာကို ျပန္ခ်င္တဲ့ အခါ ျပန္ၿပီး သူ႔ တေန႔တာမွာ ကိုယ္က ဘာမွကို အေရးမပါတာမ်ိဳးပါ။ 

ကိုယ့္ကို အဖက္ လုပ္ေပမဲ့ ဟက္ဟက္ပက္ပက္ မရွိပါဘူး၊ ေမးတခြန္း ေျပာတခြန္း နဲ႔ စကား စ ျပတ္ေအာင္ လုပ္ေလ့ရွိပါတယ္။ ဒါက လိုခ်င္တာ ရၿပီးရင္ေတာ့ အူေၾကာင္ေၾကာင္ အထာဖမ္းၾကတာမ်ိဳးပါ။ တခါတခါ အခ်စ္ကို မယုံၾကည္ေၾကာင္း ေျပာလိုက္ ၊ ရည္းစားေဟာင္းကို ထလြမ္းျပလိုက္နဲ႔ ဒရမ္မာ မ်ိဳးစုံခင္းၿပီး ကိုယ္က သူ႔ခ်စ္သူ မဟုတ္သလို Single is the best လို႔ လူေရွ႕သူေရွ႕ ေစ်းဗန္းခင္းၿပီး ကိုယ္ရည္ေသြးတတ္ၾကပါေသးတယ္။ 


၇/ အခ်စ္နဲ႔ ကိုယ္ခႏၶာကို သက္ေသျပခိုင္းလိမ့္မယ္


ကိုယ္တိုင္ ဆႏၵရွိရင္ ခ်စ္တဲ့သူနဲ႔ အတူတူ ေနတာ ၊ လိင္မႈျပဳတာ အဲ့ေလာက္ ျပႆနာမရွိပါဘူး။ ဒါေပမဲ့ .. အခ်စ္ကို သက္ေသ ျပတဲ့ အခါ  ကိုယ္ခႏၶာနဲ႔ ဘယ္ေတာ့ မေပးဆပ္ပါနဲ႔။  အခ်စ္ဟာ အခ်စ္ပါပဲ။ Love နဲ႔ Sex ကြဲျပားဖို႔ သိပ္လိုပါတယ္။ 


ျမန္မာမိန္းမေတြက “ သူတို႔ ကိုယ္တိုင္ စိတ္ပါလို႔ ဆိုတာကို ဝန္ခံဖို႔ ခက္ခဲတဲ့ အခါ အခ်စ္ကို ဗန္းျပတတ္ၾကပါတယ္။ “ တခ်ိဳ႕ မိိန္းကေလး ေတြကလည္း သဘာဝ တရားႀကီးကို နားလည္သေဘာေပါက္ဖို႔ ခက္ေနေသးတာလည္း ပါမယ္ထင္ပါတယ္။ အခ်စ္ကို သက္ေသျပဖို႔ တိုင္းသာ သြားအိပ္ေပးေနရရင္ အခ်စ္ဟာ ဒါႀကီးလား ျဖစ္လာပါလိမ့္မယ္။ တဖက္မွာ ေတာ့ အခ်စ္ရဲ႕ ေခါင္းစဥ္ေအာက္က လိင္ကြၽန္သက္သက္ ျဖစ္မွန္းမသိ ျဖစ္လာပါတယ္။ စိတ္ပါ သေဘာတူလို႔ ဆိုရင္ ေနပါ၊ ဒါေပမဲ့ အဲ့အတြက္ ကိုယ့္ကိုကိုယ္ ကာကြယ္ တတ္ဖို႔ လိုပါတယ္။ အ,ခ်င္ေယာင္ ေဆာင္ျပတိုင္း အပ်ိဳေလး ဆိုၿပီး တန္ဖိုး မတက္သြားပါဘူး။ ကိုယ္တိုင္ အေလးအနက္ ထား ကာကြယ္ မွ ရွိတဲ့တန္ဖိုး ပါ မပ်က္စီးသြားမွာပါ။  ဒီေခတ္မွာ ညဏ္ ေကာင္းဖို႔ လိုပါတယ္။ အမ်ိဳးသမီးတို႔ ... ဒီေလာက္ပါပဲ၊ Fuck boy ေတြ ရဲ႕ အထာေတြ ဒီေလာက္ဆို သေဘာေပါက္ၾကမယ္ ထင္ပါတယ္။ အခ်စ္ မွာ ဆိုးက်ိဳး နည္းၾကပါေစ၊ 




#Adminpan

#truthbutbitter

#allaboutfuckboys

#relationship

No comments: