Thursday, November 19, 2020

‘၀၀ပြည့်ပြည့်အမျိုးသားများအတွက် ဖက်ရှင်ပိုင်းဆိုင်ရာ ဆောင်ရန်၊ရှောင်ရန်များ’

 ‘၀၀ပြည့်ပြည့်အမျိုးသားများအတွက် ဖက်ရှင်ပိုင်းဆိုင်ရာ ဆောင်ရန်၊ရှောင်ရန်များ’

(Fashion Tips for Plus Size Men)



Plus Size အမျိုးသားများအတွက် ကိုယ့်ခန္ဓာကိုယ်အချိုးအစားနဲ့ လိုက်ဖက်အဆင်ပြေမယ့် အဝတ်အစားရွေးချယ်မှုနဲ့ ဆောင်ရန်ရှောင်ရန် အချက်ကလေးတွေကို ပြောပြပေးချင်ပါတယ်။ အမျိုးသားတွေအနေနဲ့ ကိုယ်က သူများထက်ဝတယ်၊ ပြည့်တယ်ဆိုရင် လုပ်လေ့ရှိတဲ့အမှား နှစ်ခုရှိပါတယ်။အဲဒါကဘာလဲဆိုတော့ ကိုယ့်ဘော်ဒီက Plus Size မှန်းမသိသာအောင် တအားကြပ်တဲ့အဝတ်အစားတွေဝတ်မိတာ၊ နောက် အမှားတစ်ခုကျတော့ တအားပွတဲ့ အဝတ်အစားတွေ ရွေးချယ်ဝတ်ဆင်မိတာပါ။

အခုပြောပြသွားတဲ့အချက်တွေလိုပဲ Plus Size အမျိုးသားတွေအနေနဲ့ ကိုယ့်ဖက်ရှင်အတွက် အခြားသော အခြေခံသိထားရမယ့် အချက်ကလေးတွေရှိနေပါသေးတယ်။ 


အဝတ်အစားဟာ ကိုယ့်ခန္ဓာကိုယ်ကို ပိုသွယ်သွားသယောင်ဖြစ်စေအောင် ကူညီနိုင်သလို ရေရှည်အတွက် ကိုယ်လက်လေ့ကျင့်ခန်းလုပ်တာ မျိုး၊ အစားအသောက်ကို စနစ်တကျစားသောက်ရင်း ကိုယ့်Lifestyle ပုံစံအားပြန်လည်သုံးသပ်ပြီး ဆင်ခြင်နေထိုင်တာမျိုးတွေ လုပ်ပေးနိုင်ရင် တော့ အကောင်းဆုံးပါပဲ။


ကဲ ဒါဆို ကိုယ်ဝတ်နေကျအဝတ်အစားပုံစံတွေထဲက ဘယ်လိုဟာမျိုးတွေ ဆက်ရှိသင့်ပြီး ဘယ်လိုဒီဇိုင်းမျိုးတွေ ဖယ်ထုတ်ရမလဲဆိုတာ ကြည့်ပေးပါဦး။


Plus Size အမျိုးသားတွေအတွက် အဝတ်အစားရွေးချယ်ရာမှာ အရေးကြီးဆုံးအချက်က အရမ်းပွလွန်းတဲ့ အဝတ်အစားတွေနဲ့ အရမ်းကြပ်လွန်းတဲ့ အဝတ်အစားတွေကို ရှောင်ဖို့ပါပဲ။အရေးအကြီးဆုံးက ကိုယ့်ဘော်ဒီနဲ့ Fit ဖြစ်တာမျိုးကို ရွေးဖို့ပါ။ တကယ်လို့ အဝတ်အစားဝယ်တဲ့အခါ မမှန်းတတ်ရင် ဆိုင်ကဝန်ထမ်း ဒါမှမဟုတ် Online Shop ရဲ့ Admin ကို ကိုယ့်ဆိုဒ်ဘယ်လောက်ရှိတယ်ဆိုတာ ပြောပြပြီးေမေးနိုင်ပါတယ်။


အင်္ကျီအဝတ်အစားရဲ့ လည်ပင်းကို ဖြစ်နိုင်ရင်တော့ V Shape ပုံစံကအသင့်တော်ဆုံးပါ။ ရွေးချယ်ဖို့မရှိဘူး မဖြစ်နိုင်တဲ့အဆုံးမှသာ လည်ပင်း အဝိုင်းတွေ၊ crew neck ပုံစံတွေကိုရွေးစေချင်ပါတယ်။ ဒီလည်ဝိုင်း လည်ပင်းပုံစံကို ဘာကြောင့်မရွေးခိုင်းတာလဲဆိုတော့ သူတို့တွေက လူကိုပိုဝသလိုမျိုး သိသိသာသာဖြစ်စေတာမို့ပါ။ နောက် ကော်လာပါတဲ့ စပို့ရှပ်တွေ၊ ရှပ်အင်္ကျီတွေဝတ်မယ်ဆိုရင်လည်း ကော်လာသေးတာ မျိုးထက် ကြီးတာက ပိုအဆင်ပြေပါတယ်။


ကိုယ့်ဘော်ဒီက Plus size ဆိုရင် ဘောင်းဘီရွေးချယ်တဲ့အခါ သေချာရွေးချယ်ဖို့ လိုလာပါပြီ။ အထူးသဖြင့် အရမ်းပွတဲ့ baggy pant တွေ skinny Jeans တွေထက် Stright L egged Pant မျိုးတွေကို ပိုရွေးသင့်ပါတယ်။ ခါးအမြင့်ကိုလည်း ချက်လျှော Low Rise ကိုလုံးဝမရွေးဘဲ Mid Rise ကိုသာရွေးချယ်သင့်ပါတယ်။ သူက ဗိုက်နေရာ၊ ခါးနဲ့ ခြေထောက်အားလုံးကို အချိုးညီညီဖြစ်စေတာမို့ Plus Sizeအမျိုးသားတွေနဲ့ သင့်တော်ပါတယ်။ ကိုယ်က ပေါင်နဲ့တင်ပါးနေရာကြီးပေမယ့် ခြေထောက်ကျသေးတယ်ဆိုရင် အောက်ပိုင်းနေရာနည်းနည်းပွတဲ့ ဘောင်းဘီမျိုးရွေးရင် အချိုးအစားညီညီ ကြည့်ကောင်းစေပါလိမ့်မယ်။


ကိုယ်က ဘောင်းဘီတိုတွေ ဝတ်လေ့ရှိတယ်ဆိုရင်တော့ ဒူးမကျော်တဲ့ ဘောင်းဘီမျိုးရှာပါ။ ဒူးအတိကအဆင်ပြေပေမယ့် ဒူးအထက် ဘောင်းဘီတိုတွေက Plus Size အမျိုးသားတွေ ပိုရွေးချယ်သင့်တဲ့ဘောင်းဘီမျိုးပါ။ ကိုယ်က ဒူးကျော်အရှည်မျိုးရွေးမယ်ဆိုရင် လူကိုပိုပုပြီး ဝစေသလိုဖြစ်နိုင်တာမမေ့ပါနဲ့။


Blazer တွေရွေးမယ်ဆိုရင် ကြယ်သီးသုံးလုံးတပ် Blazer မျိုးက အဆင်ပြေသလို Lapel ကနည်းနည်းကြီးတာမျိုး ရွေးစေချင်ပါတယ်။ Jacket ရွေးချယ်မယ်ဆိုလည်း အတူတူပါပဲ။ ကော်လာသေးတာမျိုးထက်စာရင် ကြီးတာက ပိုသင့်တော်ပါတယ်။


Plus Size သမားတွေအတွက် အဝတ်အစားဒီဇိုင်းရွေးချယ်မှုကအရေးကြီးသလို အဝတ်အစားရဲ့ပိတ်စ ဘာသားနဲ့ချုပ်ထားတာလည်းဆိုတာ ကလည်း အရေးပါပါတယ်။ ကိုယ်ရွေးချယ်မယ့်အသားက ထူပြီး weight များတာမျိုးထက်စာရင် ပေါ့ပေါ့းပါးပါးဖြစ်တဲ့ light weight ၊ medium weight တွေကိုပိုရွေးချယ်ပါ။ ဥပမာ ဆွယ်တာထူထူကြီးတွေ၊ hoodie တွေ၊ cargo pants တွေရွေးမယ်ဆိုရင် လူကို အဝတ်အစားကြောင့် ပိုကြီးသွားစေတဲ့ပုံပေါက်တာမို့ ချည်သားတွေ၊ လီနင်သား စတာတွေနဲ့ချုပ်ထားတဲ့ အင်္ကျီအဝတ်အစားတွေကို ပိုရွေးသင့်ပါတယ်။ ဒါပေမယ့် အသားက အရမ်းပါးပြီး ခန္ဓာကိုယ်မှာ ကပ်တာမျိုးတွေကိုတော့ေရှောင်ပါ။

အရောင်ရွေးချယ်မှုမှာ ကိုယ်က ဝလို့ဆိုပြီး ဝမှန်းမသိသာအောင် အနက်တွေချည်း ဝတ်စရာမလိုပါဘူး။ neutral colour မျိုးတွေလည်း ဝတ်နိုင်သလို နည်းနည်းရင့်တဲ့အရောင်မျိုးတွေ ရွေးနိုင်ပါတယ်။ နက်ပြာ၊ အစိမ်းရင့်၊ အညိုရင့်နဲ့ အနက်ကိုတော့ အများဆုံးရွေးချယ်ပါ။

ရှောင်ရမယ့်အရာတွေထဲမှာ အရမ်းရှုပ်တဲ့ pattern မျိုးတွေပါပါတယ်။ ဥပမာ အကွက်ကိုမှ အစိပ်၊ အကြဲ၊ Floral ရှုပ်ရှုပ်တွေ၊ အလျားလိုက် အစင်းတွေ မဖြစ်မနေရှောင်ရမှာဖြစ်သလို Jacket တို့ဘာတို့မှာလည်း ခါးအရှည်က ဟိုမရောက်သည်မရောက်ဖြစ်တာမျိုးတွေ cropped jacket မျိုးတွေရှောင်ပါ။


Accessory တွေအနေနဲ့ Suspender တွေက Plus Size အမျိုးသားတွေ အနည်းဆုံးတစ်ခုရှိထားသင့်တဲ့ အရာပါ။ ခါးပတ်အစား သူ့ကိုဆင်မြန်းနိုင်ပါတယ်။ neck tie ကိုသေးတာမျိုးထက် အပြားကြီးတာမျိုး အထုံးကလည်း ကြီးတာမျိုးသာဖြစ်သင့်ပါတယ်။ အိတ်ကိုတော့ တအားသေးတဲ့ အိတ်မျိုးတွေ မကိုင်တာ၊ မလွယ်တာ အကောင်းဆုံးပါ။ အထူးသဖြင့် အင်္ကျီအိတ်ကပ်ထဲ ပစ္စည်းတွေ ထိုးထည့်တာမျိုး မလုပ်မိဖို့ပါ။


မူလရေးသားမျှဝေသူ - မေသော် (I am Fashion Page)


(Zawgyi)

‘၀၀ျပည့္ျပည့္အမ်ိဳးသားမ်ားအတြက္ ဖက္ရွင္ပိုင္းဆိုင္ရာ ေဆာင္ရန္၊ေရွာင္ရန္မ်ား’

(Fashion Tips for Plus Size Men)




Plus Size အမ်ိဳးသားမ်ားအတြက္ ကိုယ့္ခႏၶာကိုယ္အခ်ိဳးအစားနဲ႔ လိုက္ဖက္အဆင္ေျပမယ့္ အ၀တ္အစားေရြးခ်ယ္မႈနဲ႔ ေဆာင္ရန္ေရွာင္ရန္ အခ်က္ကေလးေတြကို ေျပာျပေပးခ်င္ပါတယ္။ အမ်ိဳးသားေတြအေနနဲ႔ ကိုယ္က သူမ်ားထက္၀တယ္၊ ျပည့္တယ္ဆိုရင္ လုပ္ေလ့ရွိတဲ့အမွား ႏွစ္ခုရွိပါတယ္။အဲဒါကဘာလဲဆိုေတာ့ ကိုယ့္ေဘာ္ဒီက Plus Size မွန္းမသိသာေအာင္ တအားၾကပ္တဲ့အ၀တ္အစားေတြ၀တ္မိတာ၊ ေနာက္ အမွားတစ္ခုက်ေတာ့ တအားပြတဲ့ အ၀တ္အစားေတြ ေရြးခ်ယ္၀တ္ဆင္မိတာပါ။

အခုေျပာျပသြားတဲ့အခ်က္ေတြလိုပဲ Plus Size အမ်ိဳးသားေတြအေနနဲ႔ ကိုယ့္ဖက္ရွင္အတြက္ အျခားေသာ အေျခခံသိထားရမယ့္ အခ်က္ကေလးေတြရွိေနပါေသးတယ္။ 


အ၀တ္အစားဟာ ကိုယ့္ခႏၶာကိုယ္ကို ပိုသြယ္သြားသေယာင္ျဖစ္ေစေအာင္ ကူညီႏိုင္သလို ေရရွည္အတြက္ ကိုယ္လက္ေလ့က်င့္ခန္းလုပ္တာ မ်ိဳး၊ အစားအေသာက္ကို စနစ္တက်စားေသာက္ရင္း ကိုယ့္Lifestyle ပံုစံအားျပန္လည္သံုးသပ္ျပီး ဆင္ျခင္ေနထိုင္တာမ်ိဳးေတြ လုပ္ေပးႏိုင္ရင္ ေတာ့ အေကာင္းဆံုးပါပဲ။


ကဲ ဒါဆို ကိုယ္၀တ္ေနက်အ၀တ္အစားပံုစံေတြထဲက ဘယ္လိုဟာမ်ိဳးေတြ ဆက္ရွိသင့္ျပီး ဘယ္လိုဒီဇိုင္းမ်ိဳးေတြ ဖယ္ထုတ္ရမလဲဆိုတာ ၾကည့္ေပးပါဦး။


Plus Size အမ်ိဳးသားေတြအတြက္ အ၀တ္အစားေရြးခ်ယ္ရာမွာ အေရးၾကီးဆံုးအခ်က္က အရမ္းပြလြန္းတဲ့ အ၀တ္အစားေတြနဲ႔ အရမ္းၾကပ္လြန္းတဲ့ အ၀တ္အစားေတြကို ေရွာင္ဖို႔ပါပဲ။အေရးအၾကီးဆံုးက ကိုယ့္ေဘာ္ဒီနဲ႔ Fit ျဖစ္တာမ်ိဳးကို ေရြးဖို႔ပါ။ တကယ္လို႔ အ၀တ္အစား၀ယ္တဲ့အခါ မမွန္းတတ္ရင္ ဆိုင္က၀န္ထမ္း ဒါမွမဟုတ္ Online Shop ရဲ႕ Admin ကို ကိုယ့္ဆိုဒ္ဘယ္ေလာက္ရွိတယ္ဆိုတာ ေျပာျပျပီးေေမးႏိုင္ပါတယ္။


အက်ႌအ၀တ္အစားရဲ႕ လည္ပင္းကို ျဖစ္ႏိုင္ရင္ေတာ့ V Shape ပံုစံကအသင့္ေတာ္ဆံုးပါ။ ေရြးခ်ယ္ဖို႔မရွိဘူး မျဖစ္ႏိုင္တဲ့အဆံုးမွသာ လည္ပင္း အ၀ိုင္းေတြ၊ crew neck ပံုစံေတြကိုေရြးေစခ်င္ပါတယ္။ ဒီလည္၀ိုင္း လည္ပင္းပံုစံကို ဘာေၾကာင့္မေရြးခိုင္းတာလဲဆိုေတာ့ သူတို႔ေတြက လူကိုပို၀သလိုမ်ိဳး သိသိသာသာျဖစ္ေစတာမို႔ပါ။ ေနာက္ ေကာ္လာပါတဲ့ စပို႔ရွပ္ေတြ၊ ရွပ္အက်ႌေတြ၀တ္မယ္ဆိုရင္လည္း ေကာ္လာေသးတာ မ်ိဳးထက္ ၾကီးတာက ပိုအဆင္ေျပပါတယ္။


ကိုယ့္ေဘာ္ဒီက Plus size ဆိုရင္ ေဘာင္းဘီေရြးခ်ယ္တဲ့အခါ ေသခ်ာေရြးခ်ယ္ဖို႔ လိုလာပါျပီ။ အထူးသျဖင့္ အရမ္းပြတဲ့ baggy pant ေတြ skinny Jeans ေတြထက္ Stright L egged Pant မ်ိဳးေတြကို ပိုေရြးသင့္ပါတယ္။ ခါးအျမင့္ကိုလည္း ခ်က္ေလွ်ာ Low Rise ကိုလံုး၀မေရြးဘဲ Mid Rise ကိုသာေရြးခ်ယ္သင့္ပါတယ္။ သူက ဗိုက္ေနရာ၊ ခါးနဲ႔ ေျခေထာက္အားလံုးကို အခ်ိဳးညီညီျဖစ္ေစတာမို႔ Plus Sizeအမ်ိဳးသားေတြနဲ႔ သင့္ေတာ္ပါတယ္။ ကိုယ္က ေပါင္နဲ႔တင္ပါးေနရာၾကီးေပမယ့္ ေျခေထာက္က်ေသးတယ္ဆိုရင္ ေအာက္ပိုင္းေနရာနည္းနည္းပြတဲ့ ေဘာင္းဘီမ်ိဳးေရြးရင္ အခ်ိဳးအစားညီညီ ၾကည့္ေကာင္းေစပါလိမ့္မယ္။


ကိုယ္က ေဘာင္းဘီတိုေတြ ၀တ္ေလ့ရွိတယ္ဆိုရင္ေတာ့ ဒူးမေက်ာ္တဲ့ ေဘာင္းဘီမ်ိဳးရွာပါ။ ဒူးအတိကအဆင္ေျပေပမယ့္ ဒူးအထက္ ေဘာင္းဘီတိုေတြက Plus Size အမ်ိဳးသားေတြ ပိုေရြးခ်ယ္သင့္တဲ့ေဘာင္းဘီမ်ိဳးပါ။ ကိုယ္က ဒူးေက်ာ္အရွည္မ်ိဳးေရြးမယ္ဆိုရင္ လူကိုပိုပုျပီး ၀ေစသလိုျဖစ္ႏိုင္တာမေမ့ပါနဲ႔။


Blazer ေတြေရြးမယ္ဆိုရင္ ၾကယ္သီးသံုးလံုးတပ္ Blazer မ်ိဳးက အဆင္ေျပသလို Lapel ကနည္းနည္းၾကီးတာမ်ိဳး ေရြးေစခ်င္ပါတယ္။ Jacket ေရြးခ်ယ္မယ္ဆိုလည္း အတူတူပါပဲ။ ေကာ္လာေသးတာမ်ိဳးထက္စာရင္ ၾကီးတာက ပိုသင့္ေတာ္ပါတယ္။


Plus Size သမားေတြအတြက္ အ၀တ္အစားဒီဇိုင္းေရြးခ်ယ္မႈကအေရးၾကီးသလို အ၀တ္အစားရဲ႕ပိတ္စ ဘာသားနဲ႔ခ်ဳပ္ထားတာလည္းဆိုတာ ကလည္း အေရးပါပါတယ္။ ကိုယ္ေရြးခ်ယ္မယ့္အသားက ထူျပီး weight မ်ားတာမ်ိဳးထက္စာရင္ ေပါ့ေပါ့းပါးပါးျဖစ္တဲ့ light weight ၊ medium weight ေတြကိုပိုေရြးခ်ယ္ပါ။ ဥပမာ ဆြယ္တာထူထူၾကီးေတြ၊ hoodie ေတြ၊ cargo pants ေတြေရြးမယ္ဆိုရင္ လူကို အ၀တ္အစားေၾကာင့္ ပိုၾကီးသြားေစတဲ့ပံုေပါက္တာမို႔ ခ်ည္သားေတြ၊ လီနင္သား စတာေတြနဲ႔ခ်ဳပ္ထားတဲ့ အက်ႌအ၀တ္အစားေတြကို ပိုေရြးသင့္ပါတယ္။ ဒါေပမယ့္ အသားက အရမ္းပါးျပီး ခႏၶာကိုယ္မွာ ကပ္တာမ်ိဳးေတြကိုေတာ့ေေရွာင္ပါ။


အေရာင္ေရြးခ်ယ္မႈမွာ ကိုယ္က ၀လို႔ဆိုျပီး ၀မွန္းမသိသာေအာင္ အနက္ေတြခ်ည္း ၀တ္စရာမလိုပါဘူး။ neutral colour မ်ိဳးေတြလည္း ၀တ္ႏိုင္သလို နည္းနည္းရင့္တဲ့အေရာင္မ်ိဳးေတြ ေရြးႏိုင္ပါတယ္။ နက္ျပာ၊ အစိမ္းရင့္၊ အညိဳရင့္နဲ႔ အနက္ကိုေတာ့ အမ်ားဆံုးေရြးခ်ယ္ပါ။

ေရွာင္ရမယ့္အရာေတြထဲမွာ အရမ္းရႈပ္တဲ့ pattern မ်ိဳးေတြပါပါတယ္။ ဥပမာ အကြက္ကိုမွ အစိပ္၊ အၾကဲ၊ Floral ရႈပ္ရႈပ္ေတြ၊ အလ်ားလိုက္ အစင္းေတြ မျဖစ္မေနေရွာင္ရမွာျဖစ္သလို Jacket တို႔ဘာတို႕မွာလည္း ခါးအရွည္က ဟိုမေရာက္သည္မေရာက္ျဖစ္တာမ်ိဳးေတြ cropped jacket မ်ိဳးေတြေရွာင္ပါ။


Accessory ေတြအေနနဲ႔ Suspender ေတြက Plus Size အမ်ိဳးသားေတြ အနည္းဆံုးတစ္ခုရွိထားသင့္တဲ့ အရာပါ။ ခါးပတ္အစား သူ႕ကိုဆင္ျမန္းႏိုင္ပါတယ္။ neck tie ကိုေသးတာမ်ိဳးထက္ အျပားၾကီးတာမ်ိဳး အထံုးကလည္း ၾကီးတာမ်ိဳးသာျဖစ္သင့္ပါတယ္။ အိတ္ကိုေတာ့ တအားေသးတဲ့ အိတ္မ်ိဳးေတြ မကိုင္တာ၊ မလြယ္တာ အေကာင္းဆံုးပါ။ အထူးသျဖင့္ အက်ႌအိတ္ကပ္ထဲ ပစၥည္းေတြ ထိုးထည့္တာမ်ိဳး မလုပ္မိဖို႔ပါ။


မူလေရးသားမွ်ေ၀သူ - ေမေသာ္ (I am Fashion Page)


No comments: