Friday, November 13, 2020

၀က်သားပုန်းရည်ကြီး - ဘဲဥပဲကြာဇံသုပ် - ပိန်းရိုးဟင်းချို

၀က်သားပုန်းရည်ကြီး - ဘဲဥပဲကြာဇံသုပ် - ပိန်းရိုးဟင်းချို





ဝက်သားပုန်ရည်ကြီးဟင်း

ပါဝင်ပစ္စည်းများ

ဝက်သား ၅၀ကျပ်သား၊ ပုန်းရည်ကြီး ၁၀ကျပ်သား၊ ဆီ ၁၀ကျပ်သား၊ ကြက်သွန်နီ ၅ဥ၊ ကြက်သွန်ဖြူ ၅ကျပ်သား၊ ငရုတ်သီးခြောက် ၅တောင့်၊ ဆား/ငံပြာရည် သင့်ရုံစီထည့်

ပြင်ဆင်ပုံ

ဝက်သားကို အတုံးလိုက်ရေဆေးပါ။ ဆေးပြီးလျှင် ၂လက်မခန့်တုံး၍ ဆားသင့်ရုံထည့်ကာ နယ်ရမည်။

ငရုတ်သီး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူတို့ကို ညက်အောင်ထောင်းပါ။ 

ပြီးလျှင်တုံးထားသော ဝက်သားတုံးများနှင့် နယ်ပေးရမည်။

ချက်ပြုတ်ပုံ

ချက်မည့်အိုးထဲ၌ ဆီထည့်၍ တည်ထားပါ။ ဆီနဲ့ဝက်သားတို့ကိုလုံးချက်ပါ။ အသားမနူးတနူးအချိန်တွင် ပုန်းရည်ကြီးကို ရေနွေးဖြင့် ပျစ်ပျစ်ဖျော်ကာ ထည့်မွှေပါ။ အသားနူးပြီး ဆီပြန်လျှင် စားနိုင်ပါပြီ။

ဘဲဥ ပဲကြာဇံသုပ်




ပါဝင်ပစ္စည်းများ

ဘဲဥ ၂လုံး၊ ပဲကြာဇံ ၁၀ကျပ်သား၊ အာလူး ၂လုံး၊ ဟင်းခတ်မှုန့်/ဆား အနည်းငယ်၊ ဆီ ၅ကျပ်သား၊ ကြက်သွန်နီ ၂လုံး။

ပြင်ဆင်ပုံ

ဘဲဥကိုပြုတ်၍ အခွံသင်ပြီး ပါးပါးလှီးထားပါ။ ပဲကြာဇံကို ရေနွေးနဲ့ စက္ကန့်အနည်းငယ်ကြာပြုတ်ပြီး ဆန်ခါဖြင့်စစ်ထားပါ။

အာလူးကိုလည်းပြုတ်၍ ပါးပါးလှီးထားပါ။ ကြက်သွန်နီကို ပါးပါးလှီး၍ ဆီချက်ချက်ပါ။

ပြုလုပ်နည်းအဆင့်ဆင့်

သုပ်မည့်ဇလုံထဲသို့ ပါးပါးလှီးထားသော ဘဲဥ၊ ပဲကြာဇံ၊ အာလူးတို့ကိုထည့်ပါ။ ဆီချက်၊ ဟင်းခတ်မှုန့်၊ဆားအနည်းငယ်တို့ကိုထည့်၍ နယ်သုပ်ပါ။ အပေါ့ အငန်မြည်း၍ စားသုံးနိုင်ပါပြီ။

ပိန်းရိုးဟင်းချို




ပါဝင်ပစ္စည်းများ

ပိန်းရိုး တစ်စည်း၊ နှစ်သက်ရာငါး ၁၀ကျပ်သား၊ ကြက်သွန်ဖြူ ၃ဥ၊ ငံပြာရည်/ဆား အနည်းငယ်၊ ငရုတ်ကောင်း သင့်ရုံ

ပြင်ဆင်ပုံ

ပိန်းရိုးများကို အခွံသင်ပြီး ရေဆေးထားပါ။ ငါးကိုခုတ်ထစ်ကာ ဆား၊ငံပြာရည်ထည့်၍ ပြုတ်ထားပါ။

ကြက်သွန်ဖြူ ဓားပြားရိုက်ပြီးထည့်ပါ။

ချက်ပြုတ်ပုံ

ငါးပြုတ်အိုးထဲသို့ ဓားပြားရိုက်ထားသော ကြက်သွန်ဖြူထည့်ပါ။ ပြီးလျှင် ပိန်းရိုးများထည့်ပါ။ 

အတော်အတန်ကျက်လျှင် အပေါ့အငန်မြည်းပြီးနောက် ငရုတ်ကောင်းမှုန့်ခတ်ကာ သုံးဆောင်နိုင်ပါပြီ။


(Zawgyi) 

၀က္သားပုန္းရည္ၾကီး - ဘဲဥပဲၾကာဇံသုပ္ - ပိန္းရိုးဟင္းခ်ိဳ





၀က္သားပုန္ရည္ၾကီးဟင္း

ပါ၀င္ပစၥည္းမ်ား

၀က္သား ၅၀က်ပ္သား၊ ပုန္းရည္ၾကီး ၁၀က်ပ္သား၊ ဆီ ၁၀က်ပ္သား၊ ၾကက္သြန္နီ ၅ဥ၊ ၾကက္သြန္ျဖဴ ၅က်ပ္သား၊ ငရုတ္သီးေျခာက္ ၅ေတာင့္၊ ဆား/ငံျပာရည္ သင့္ရံုစီထည့္

ျပင္ဆင္ပံု

၀က္သားကို အတံုးလိုက္ေရေဆးပါ။ ေဆးျပီးလွ်င္ ၂လက္မခန္႔တံုး၍ ဆားသင့္ရံုထည့္ကာ နယ္ရမည္။

ငရုတ္သီး၊ ၾကက္သြန္နီ၊ ၾကက္သြန္ျဖဴတို႔ကို ညက္ေအာင္ေထာင္းပါ။ 

ျပီးလွ်င္တံုးထားေသာ ၀က္သားတံုးမ်ားႏွင့္ နယ္ေပးရမည္။

ခ်က္ျပဳတ္ပံု

ခ်က္မည့္အိုးထဲ၌ ဆီထည့္၍ တည္ထားပါ။ ဆီနဲ႔၀က္သားတို႔ကိုလံုးခ်က္ပါ။ အသားမႏူးတႏူးအခ်ိန္တြင္ ပုန္းရည္ၾကီးကို ေရေႏြးျဖင့္ ပ်စ္ပ်စ္ေဖ်ာ္ကာ ထည့္ေမႊပါ။ အသားႏူးျပီး ဆီျပန္လွ်င္ စားႏိုင္ပါျပီ။

ဘဲဥ ပဲၾကာဇံသုပ္




ပါ၀င္ပစၥည္းမ်ား

ဘဲဥ ၂လံုး၊ ပဲၾကာဇံ ၁၀က်ပ္သား၊ အာလူး ၂လံုး၊ ဟင္းခတ္မႈန္႔/ဆား အနည္းငယ္၊ ဆီ ၅က်ပ္သား၊ ၾကက္သြန္နီ ၂လံုး။

ျပင္ဆင္ပံု

ဘဲဥကိုျပဳတ္၍ အခြံသင္ျပီး ပါးပါးလွီးထားပါ။ ပဲၾကာဇံကို ေရေႏြးနဲ႔ စကၠန္႔အနည္းငယ္ၾကာျပဳတ္ျပီး ဆန္ခါျဖင့္စစ္ထားပါ။

အာလူးကိုလည္းျပဳတ္၍ ပါးပါးလွီးထားပါ။ ၾကက္သြန္နီကို ပါးပါးလွီး၍ ဆီခ်က္ခ်က္ပါ။

ျပဳလုပ္နည္းအဆင့္ဆင့္

သုပ္မည့္ဇလံုထဲသို႔ ပါးပါးလွီးထားေသာ ဘဲဥ၊ ပဲၾကာဇံ၊ အာလူးတို႔ကိုထည့္ပါ။ ဆီခ်က္၊ ဟင္းခတ္မႈန္႔၊ဆားအနည္းငယ္တို႔ကိုထည့္၍ နယ္သုပ္ပါ။ အေပါ့ အငန္ျမည္း၍ စားသံုးႏိုင္ပါျပီ။

ပိန္းရိုးဟင္းခ်ိဳ




ပါ၀င္ပစၥည္းမ်ား

ပိန္းရိုး တစ္စည္း၊ ႏွစ္သက္ရာငါး ၁၀က်ပ္သား၊ ၾကက္သြန္ျဖဴ ၃ဥ၊ ငံျပာရည္/ဆား အနည္းငယ္၊ ငရုတ္ေကာင္း သင့္ရံု

ျပင္ဆင္ပံု

ပိန္းရိုးမ်ားကို အခြံသင္ျပီး ေရေဆးထားပါ။ ငါးကိုခုတ္ထစ္ကာ ဆား၊ငံျပာရည္ထည့္၍ ျပဳတ္ထားပါ။

ၾကက္သြန္ျဖဴ ဓားျပားရိုက္ျပီးထည့္ပါ။

ခ်က္ျပဳတ္ပံု

ငါးျပဳတ္အိုးထဲသို႕ ဓားျပားရိုက္ထားေသာ ၾကက္သြန္ျဖဴထည့္ပါ။ ျပီးလွ်င္ ပိန္းရိုးမ်ားထည့္ပါ။ 

အေတာ္အတန္က်က္လွ်င္ အေပါ့အငန္ျမည္းျပီးေနာက္ ငရုတ္ေကာင္းမႈန္႔ခတ္ကာ သံုးေဆာင္ႏိုင္ပါျပီ။

No comments: