Monday, November 9, 2020

☀️အမေရိကန်သမ္မတအသစ် Joe Biden ☀️

☀️အမေရိကန်သမ္မတအသစ် Joe Biden ☀️




အမေရိကန် ပြည်ထောင်စုက စကားထစ်တဲ့သူတစ်ယောက် အကြောင်းဖြစ်ပါတယ်။


☀️


၁၉၄၂ ခုနှစ်။


နိုဝင်ဘာ ၂၀ ရက်ပေါ့။ အမေရိကန် ပြည်ထောင်စု၊ Pennsylvania ပြည်နယ်က လက်ထပ်ပြီးတာ တစ်နှစ်နီးပါးရှိလာတဲ့ ရိုမန်ကက်သလစ် ဘာသာဝင် လင်မယားဟာ St. Mary's ဆေးရုံမှာမှာ သူတို့ရဲ့ သားအကြီးဆုံးကိုမွေးလိုက်တယ်။


နှစ် အနည်းငယ်အတွင်းမှာပဲ သားနှစ်ယောက်နဲ့ သမီးလေး တစ်ယောက် သူတို့ ဘဝထဲကို တစ်ယောက်ပြီးတစ်ယောက် ထပ်ပြီးရောက်လာတယ်။


▬▬▬▬▬▬▬▬


၁၉၅၀ ခုနှစ်။


စကားထစ်တဲ့သူက အကြီးဆုံးသားပေါ့။

သူ့နာမည်က ဂျိုးဇက် ရော်ဘင်နက် ဘိုင်ဒန် ဂျူနီယာ (Joseph Robinette Biden Jr. ) တဲ့။ 


သူ အသက် ၈ နှစ် အရွယ်လောက်ကစပြီး သူတို့မိသားစု အတော်ဒုက္ခရောက်ခဲ့တယ်ဆိုရမယ်။


သူ့ ဖခင်ဂျိုးဆက် ( Joseph Robinette Biden Sr. Joseph Sr. ) က ချမ်းသာတဲ့ မိသားစုက ဆင်းသက်လာသူဖြစ်ပေမဲ့ ၁၉၅၀ ခုနှစ် လောက်ကစပြီး စီးပွါးပျက်ပြီး အလုပ်တစ်ခုမှ မယ်မယ်ရရ မရှိခဲ့ပါ။


သူ့မိခင် ကက်သရင်း (Catherine Eugenia "Jean" Biden) ရဲ့ မိဘတွေအိမ်မှာ ကပ်ပြီး နေခဲ့ရတယ်။


သူ့မိဘတွေက ဘယ်တော့မှ ဘဝကို စိတ်ပျက် အားလျှော့တာမျိုး မရှိဘူး။ သူ့အဖေ အမြဲ ပြောတဲ့ စကားတစ်ခွန်းရှိတယ်။


" သား .. လူတစ်ယောက်ရဲ့အရည်အချင်းကို တိုင်းတာတဲ့နေရာမှာ ဘဝမှာ သူ ဘယ်နှစ်ခါ အကြိမ်ကြိမ်လဲကျခဲ့တာ (ခံနိုင်ရည်)ကို တိုင်းရတာမဟုတ်ဘူး။ လဲကျပြီးတော့ ဘယ်လောက် မြန်မြန် ပြန်ထနိုင်တာနဲ့ တိုင်းတာရတယ်။” ဒီစကားဟာ သူ့ဘဝမှာ လဲကျတဲ့ အခါတိုင်း အမြဲ အမြဲထူပေးခဲ့တယ်။


နောက်ပိုင်းမှာ သူ့ ဖခင်က ကားအဟောင်းတွေရောင်းတဲ့ အရောင်းဝန်ထမ်းလုပ်တာ အောင်မြင်လာတယ်။ သူတို့မိသားစုကို လူလတ်တန်းစားဘဝရောက်အောင် ပြန်လုပ်ပေးနိုင်ခဲ့တယ်။


☀️


၁၉၅၅ ခုနှစ် ။


သူ့အသက် ၁၃ နှစ်မှာ သူတို့ ဒီလာဝဲပြည်နယ် (Delaware)၊ လဲန်မွန် တိုက်ခန်းကိုပြောင်းခဲ့တယ်။ ဒီလာဝဲပြည်နယ်ဟာ သူနှစ်ပေါင်းများစွာ နေခဲ့တဲ့ နေရာပေါ့။


☀️


၁၉၆၁ ခုနှစ်။

သူ အထက်တန်းပြီးခဲ့ပြီ။


အားကစားဘက်မှာဆို သူက အထက်တန်းကျောင်း ဘောလုံးအသင်း၊ ဘေ့စ်ဘော အသင်းတွေမှာ ထူးချွန်သူတစ်ယောက်ပေါ့။ စကားထစ်တာက ပြောစရာဖြစ်ခဲ့တာ။


“ I’d have to see it. I-I-I don’t remember.” သူက ငယ်ငယ်လေးကတည်းက စကားထစ်တယ်။ လူရှေ့သူရှေ့ရောက်ရင် ပိုဆိုးတယ်။


သူကို့ တချို့ကျောင်းသားတွေက “ Dash” "Joe Impedimenta" လို့ နာမည်ပြောင်ပေးကြတယ်။ အနိုင်ကျင့်ကြတယ်။ 


ဒီလို ပြဿနာအမျိုးမျိုး ကြားထဲက  သူ ကျောင်းသားခေါင်းဆောင်ဖြစ်ခဲ့တယ်။သူက စာတော်တာကိုး။


သူက စကားထစ်တော့ ကျောင်းသားခေါင်းဆောင်အဖြစ် လူအများရှေ့မှာ စကားပြောဖို့ဆိုတာ သူ့အတွက် သိပ်ခက်ခဲတဲ့ အလုပ်တစ်ခုဖြစ်တယ်။


☀️


၁၉၆၅ ခုနှစ်။


သူဟာ ဒီလာဝဲ တက္ကသိုလ်မှာ သမိုင်းနဲ့ နိုင်ငံရေးသိပ္ပံ ဘွဲ့နှစ်ခုကို တစ်ပြိုင်တည်း ( Double degree ) ယူခဲ့သူ ..။


ငယ်ငယ်ကတည်းက သူ့ရဲ့ ရည်မှန်းချက်ကကြီးတယ်။ သမ္မတဖြစ်ချင်သတဲ့။


သူ စာပဲကြိုးစားခဲ့တယ်။ အရက်လုံးဝ မသောက်ဘူး။


သူ့ အသက် ၂၀ ကျော်မှာ စကားထစ်တာ အတော့်ကို ပြင်လာနိုင်တယ်။ သူဟာ ကဗျာတွေရွတ်ပြီး အရမ်းကိုကြိုးစားခဲ့တယ်။


ဒါဟာ သူ့ဘဝမှာ ပထမဆုံးအောင်မြင်မှုပါ။ သူ စင်မြင့်ပေါ်တက်နိုင်ပြီကိုး။


☀️


၁၉၆၆ ခုနှစ်။


ကျောင်းပြီးတော့ မိဘတွေက သဘောမတူပေမဲ့ သူချစ်တဲ့ ကောင်မလေးကို လက်ထပ်တယ်။ ကောင်မလေးက Neilia Hunter တဲ့။ မြင်မြင်ချင်းကို ချစ်မိတာတဲ့။ 


ကောင်မလေးက ရိုမန်ကက်သလစ်ဘာသာဝင် မဟုတ်တော့ မိဘတွေ သဘောမတူ။ 


ဒါပေမဲ့ သူတို့ ရိုမန်ကက်သလစ် ဘုရားကျောင်းမှာပဲ လက်ထပ်တယ်။


☀️


၁၉၆၈ ခုနှစ်။


သူ ဆိုင်းရာကူစ်ပ်တက္ကသိုလ် (Syracuse University College of Law) မှာ ဥပဒေဘွဲ့ကို ထပ်ယူခဲ့တယ်။


☀️


၁၉၆၉ ခုနှစ်။


သားအကြီးဆုံး (Joseph Robinette "Beau" Biden III) ကို မွေးတယ်။


☀️


သူက ပန်းနာရင်ကျပ်ရောဂါလည်းရှိတယ်။ ဒါကြောင့် စစ်မှုထမ်းခွင့်မရခဲ့။ သူ နိုင်ငံရေးလောကကို စ ဝင်တယ်။ သူက ရီပတ်ဘလီကန် ပါတီဘက်က။ 


အဲ့ဒီတုန်းက ဒီလာဝဲ ပြည်နယ်က ဒီမိုကရက်တစ် အုပ်ချုပ်ရေးမှူး ချားလ်စ် အယ်လ် တယ်ရီ (governor Charles L. Terry ) ရဲ့ ရှေးရိုးစွဲလူမျိုးရေး၊ နိုင်ငံရေးတွေကို သူ မနှစ်သက်ခဲ့ပါ။


☀️


၁၉၆၈ ခုနှစ်။


ဒီလာဝဲ ပြည်နယ်မှာ ဒီမိုကရက်တစ်ပါတီပြုတ်ပြီး ပိုမိုလွတ်လပ်တဲ့ ရီပတ်ဘလီကန်ပါတီတက်တော့ ဒေသခံ နာမည်ကြီး ရီပတ်ဘလီကန်ပါတီဝင် ( Republican Party ) တစ်ဦးဖြစ်တဲ့ ဝီလျံပရိတ်ခ် (William Prickett ) ဦးဆောင်တဲ့ ဝီလ်မင်တန် ဥပဒေကုမ္ပဏီမှာ စာရေးအလုပ်ဝင်လုပ်ခဲ့တယ်။


☀️


၁၉၆၉ ခုနှစ်။


“ ကျွန်တော့်ကိုယ်ကျွန်တော် ရီပတ်ဘလီကန် လိုထင်ခဲ့တာဗျ..”


သူဟာ ရီပတ်ဘလီကန် မဟုတ်ဘူးဆိုတာ သူ့ကိုယ်သူသိလာခဲ့တယ်။ သူတတ်ထားတဲ့ ဥပဒေပညာနဲ့ အများပြည်သူကာကွယ်သူအဖြစ် နေထိုင်ဖို့ဆုံးဖြတ်ခဲ့။


သူ့ကိုယ်သူ ဒီမိုကရက်တစ်ပါတီနဲ့ ပိုကိုက်တယ်လို့ယူဆပြီး ဒီမိုကရက်တစ်ပါတီဝင်ခဲ့တယ်။


☀️


၁၉၇၀ ခုနှစ်။


ဒုတိယသား (Robert Hunter Biden ) ရလာတယ်။ သားကြီးထက် ၁ နှစ်နဲ့ ၁ လပဲကွာတယ်။


☀️


၁၉၇၁ ခုနှစ်။


သမီးအငယ်ဆုံး (Naomi Christina "Amy" Biden ) ။


တစ်နှစ် တစ်ယောက်နှုန်းနဲ့..ကလေး ၃ ယောက်။ 


☀️


၁၉၇၂ ခုနှစ်။


ရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်အနေနဲ့ ဒီလာဝဲ အထက် လွှတ်တော်အမတ်နေရာ သူ ဝင်ပြိုင်တယ်။


သူ့မှာ မဲဆွယ်စည်းရုံးဖို့ ငွေမရှိခဲ့။ ဘယ်သူမှလည်း သူ့ကို နိုင်မယ်မထင်ခဲ့ဘူး။ သူဟာ မဲဆန္ဒရှင်တွေကို မျက်နှာချင်းဆိုင်တွေ့ ၊ သူ့လက်နဲ့ စာရွက်စာတမ်းတွေဖြန့်..။ အရမ်းကြိုးစားခဲ့။ 


ငွေမရှိပဲ အမတ်ဖြစ်ချင်တဲ့ သူ့ရဲ့ မဲဆွယ် ဝန်ထမ်းတွေကတော့ သူ့ မိသားစုဝင်တွေပဲ ဖြစ်ပါတယ်။


လူတွေက သူ့ရဲ့ တက်ကြွလှတဲ့ စွမ်းအင်၊ ကလေး ငယ်ငယ်ရွယ်ရွယ်ကလေးတွေနဲ့ မိသားစုကိုကြည့်ပြီး မဲပေးခဲ့ကြတာ။


သူ ရီပတ်ဘလီကန်အမတ် J. Caleb Boggs Boggs ကို မဲ ၅၀.၅ ရာခိုင်နှုန်းနဲ့ နိုင်ခဲ့တယ်။


သူ့ အသက် ၃၀ မှာ အမေရိကန်သမိုင်းရဲ့ ခြောက်ယောက်မြောက် အသက်အငယ်ဆုံး အထက်လွှတ်တော်အမတ် ဖြစ်သွားတာပေါ့။


အဲ့ဒီအချိန်တုန်းက သူဟာ ရီပတ်ဘလီကန် အမတ် J. Caleb Boggs Boggs ကို စိန်ခေါ်ရဲတဲ့ တစ်ဦးတည်းသော ဒီမိုကရက်ပါတီဝင် ဖြစ်ခဲ့တာပေါ့။


ဒါဟာ သူ့ဘဝရဲ့ ပထမဆုံး အကြီးအကျယ် အောင်မြင်မှုပါ။


☀️


၁၉၇၂ ခုနှစ်၊ ဒီဇင်ဘာ ၁၈ ရက်။


သူ့အောင်မြင်မှုအတွက် သူကြာကြာ ဝမ်းမသာနိုင်ခဲ့ပါ။ 


အမတ်အဖြစ် မဲနိုင်ပြီး ၁ လအကြာမှာ သူ့ဇနီးက ကလေးတွေကို ကားပေါ်တင်ပြီး Christmas tree ဝယ်ဖို့ ထွက်လာတာပေါ့။


Delaware Route 7 (Limestone Road) လမ်းဆုံရောက်မှာ မြောက်ဘက်က မောင်းလာတဲ့ ပြောင်းဖူးတွေတင်လာတဲ့ နောက်တွဲယာဉ်လယ်ထွန်စက် နဲ့ တိုက်မိတယ်။


သူ့ ဇနီးနီလီယာနဲ့ တစ်နှစ်အရွယ်သမီးလေး အေမီ သေဆုံးသွားတယ်။


သူ အရူးမီးဝိုင်းပေါ့။


ကံကောင်းလို့ သား ၂ ယောက် (Beau နဲ့ Hunter) မသေခဲ့ပေမဲ့ သားကြီးက ခြေထောက် ပြင်းပြင်းထန်ထန် ကျိုးပြီး သားငယ်က ဦခေါင်းခွံကွဲသွားတာ။


ဒီ ကားတိုက်မှုက အမြဲပြုံးနေတဲ့ သူ့ကို ဒေါသတွေကြီးလာစေတယ်။ ဘာသာရေးကိုလည်း ယုံကြည်မှုနည်းလာစေခဲ့။ အလုပ်မှာအာရုံစိုက်ဖို့ အတော့်ကိုကြိုးစားခဲ့တယ်။


သူဟာ အလုပ် (Washington, D.C. ) နဲ့  အိမ် (northeastern Delaware ) က အဝေးကြီး။ ရထားစီးရတာချည်းပဲမိနစ် ၉၀၊ တစ်နေ့ တစ်နေ့ အသွားအပြန် ၄ နာရီလောက် အချိန်ပေးရတယ်တဲ့။


သူက သားတွေကို သိပ်ချစ်တဲ့ ဖခင်ကောင်းတစ်ယောက်ပေါ့။ 


☀️


၁၉၇၄ ခုနှစ်။


လဲကျသွားတဲ့ သူ့ဘဝကို သူပြန်ထနိုင်ခဲ့တယ်။ ကြိုးစားတယ်။


တိုင်းမ်မဂ္ဂဇင်း ( Time magazine) မှာ သူဟာ “ အနာဂတ်အတွက် လူ အယောက် ၂၀၀” (200 Faces for the Future) ထဲက တစ်ယောက်ဖြစ်တယ်လို့ အဖော်ပြခံခဲ့ရတဲ့ အထိဖြစ်လာတယ်။


အလွန်ကြိုးစားတဲ့ အမတ်တစ်ယောက်ပေါ့။


☀️


၁၉၇၇ ခုနှစ်။


သူ ဒုတိယအိမ်ထောင်ပြုခဲ့တယ်။ ဒုတိယမိန်းမက ဆရာမလေး Jill Tracy Jacobs တဲ့။ သူ့ထက် ၉ နှစ်ငယ်တယ်။


ပထမ မိန်းမဆုံးပြီး ၁၉၇၅ ခုနှစ်မှာ သူတို့တွေ့ကြတာပေါ့။ သူ့ညီက မိတ်ဆက်ပေးတာ။ ဆရာမကလည်း ပထမ အိမ်ထောင်နဲ့ကွဲနေတာ။


ဆရာမရဲ့ အကူအညီနဲ့ သူ့ဘဝပြန်တည်ငြိမ်လာတယ်။


သားနှစ်ယောက် Beau နဲ့ Hunter တို့က ဖခင်ကို မိန်းမယူဖို့ သဘောတူ ခဲ့တယ်။


☀️


၁၉၈၁ ခုနှစ်။


သူတို့ သမီးလေးတစ်ယောက် ထပ်ရလာတယ်။ အက်ရှလေ ဘလဇာ (Ashley Blazer Biden) တဲ့။


☀️


၁၉၈၈ ခုနှစ်။


သူ ဝါရှင်တန်ဒီမိုကရက်တစ် အမေရိကန် အထက်လွှတ်တော်အမတ်လုပ်နေတုန်းပေါ့။


ရွေးကောက်ပွဲ သမ္မတနေရာ ဝင်ပြိုင်တယ်။


သတင်းစာသမားတွေက သူပြောတဲ့ မိန့်ခွန်း၊ စကားလုံးတွေက ဗြိတိသျှနိုင်ငံရေးသမား Neil Kinnock ရဲ့ မိန့်ခွန်းတွေကို ခိုးချထားတယ်လို့ စွပ်စွဲခဲ့တယ်။


ဖေဖော်ဝါရီလလောက်မှာ လည်ပင်းတွေ အရမ်းနာပြီး ဆေးရုံ (Walter Reed Army Medical Center) ကို အရေးပေါ်တင်လိုက်ရတယ်။ 


ဦးနှောက်သွေးကြောရောင်ရမ်း (aneurysm) တာကြောင့် မေလမှာ ခွဲစိတ်လိုက်ရတယ်။ တစ်ခါမဟုတ်။ ၁၉၈၈ ခုနှစ်ထဲမှာပဲ နောက်တစ်ခါထပ်ဖြစ်တယ်။


၇ လ အနားယူလိုက်ရတယ်။

သူ သမ္မတရွေးကောက်ပွဲ ဝင်ပြိုင်နေရာကနေ နုတ်ထွက်လိုက်တယ်။


☀️


၂၀၁၅ ခုနှစ်။


သူ့ သားအကြီးကလည်း ဦးနှောက်ကင်ဆာရောဂါနဲ့ သေဆုံးသွားပြန်တယ်။


သူ့သားကြီး ရှေ့နေ Beau Biden က အီရတ်စစ်ပွဲမှာ စစ်ဘက်တရားသူကြီး၊ ရှေ့နေ (judge advocate)၊ သားငယ် Hunter Biden ကတော့ ဝါရှင်တန်က ရှေ့နေပေါ့။


သားကြီးက နောက်ပိုင်းမှာ Delaware ပြည်နယ်ရဲ့ ရှေ့နေချုပ်အထိ ဖြစ်လာခဲ့တယ်။


သူ့ သားကြီးအတွက် ဝမ်းသာလို့မှ မဆုံးသေး။၂၀၁၅ ခုနှစ်မှာ ဦးနှောက်ကင်ဆာရောဂါနဲ့ သေဆုံးသွားတယ်။


ဒါဟာ သူ့ဘဝရဲ့ ဒုတိယအကြိမ် အကြီးအကျယ် ဆုံးရှုံးမှုကြီးတစ်ခုပေါ့။


အိုဘားမား ( သမ္မတဟောင်း ) က သူ့ သားကြီး အသုဘမှာ “ Beau Biden ဟာ တကယ့်လူပါ။ သူဟာ တကယ့် လူကောင်းတစ်ယောက်ဖြစ်ပါတယ်။ သူ ၄၆ နှစ်အတွင်း လုပ်ခဲ့တဲ့အလုပ်တွေဟာ ကျွန်တော်တို့ ၁၄၆ နှစ်လုပ်ရင်တောင် မပြီးနိုင်တဲ့၊ ကျွန်တော်တို့အများစု မလုပ်နိုင်တဲ့ အလုပ်တွေကို လုပ်ခဲ့တာပါ။” လို့ ပြောခဲ့တယ်။


☀️


၂၀၀၉ ခုနှစ်။


ဇန်နဝါရီလအစောပိုင်းမှာ နိုင်ငံခြားဆက်ဆံရေးကော်မတီဥက္ကဋ္ဌ အဖြစ် တာဝန်ထမ်းဆောင်ခဲ့။


ဇန်နဝါရီလ ၂၀ ရက်မှာ အမေရိကန်ပြည်ထောင်စုရဲ့ ၄၄ ကြိမ်မြောက် သမ္မတအိုဘားမားနဲ့ အတူတွဲပြီး ဒုသမ္မတ ဖြစ်လာခဲ့တယ်။


ဒါဟာ ဒီလာဝဲပြည်နယ်သားတွေထဲမှာ ဒုသမ္မတဖြစ်ခဲ့တာ ပထမဆုံးပဲ။


နောက်ပြီး ရိုမန်ကက်သလစ် ကိုးကွယ်ယုံကြည်သူတွေထဲက ဒုသမ္မတဖြစ်ခဲ့တာလည်း ပထမဆုံးပေါ့။


သူဟာ ၂၀၁၇ ခုနှစ်အထိ ၈ နှစ်လုံးလုံး ဒုသမ္မတအဖြစ် သမ္မတကြီး အိုဘားမားနဲ့အတူ ဒုသမ္မတတာဝန်ထမ်းဆောင်ခဲ့တာပေါ့။


☀️


အမေရိကန်သမ္မတ အသစ် ဂျိုး ဘိုင်ဒင် ဖြစ်ပါတယ်။


သူဟာ ၁၉၇၂ ခုနှစ် ကစပြီး အထက်လွှတ်တော်မှာ ဝင်ပြိုင်ခဲ့တဲ့ရွေးကောက်ပွဲတွေဆက်တိုက်မှာ ရွေးကောက်တင်မြှောက်ခံရသူ..။


၁၉၇၈ ခုနှစ် ၊ ၁၉၈၄ ခုနှစ်၊ ၁၉၉၀ ခုနှစ်၊ ၁၉၉၆ ခုနှစ်၊ ၂၀၀၂ ခုနှစ်၊ ၂၀၀၈ ခုနှစ်၊ ပြီးတော့ ၂၀၀၉-၂၀၁၇ အထိ ဒုသမ္မတ။


သူ့ကို အမေရိကန်သမိုင်းမှာ ၁၈ နှစ်ကြာတာဝန်ထမ်းဆောင်ခဲ့တဲ့ အထက်လွှတ်တော်အမတ်လို့ မှတ်တမ်းတင်ခံခဲ့ရသူ..။


နိုင်ငံရေးသက်တမ်း အတွေ့အကြုံ အလွန်များခဲ့သူတစ်ယောက် ဖြစ်ပါတယ်။


☀️


၂၀၁၇ ခုနှစ်။


မတ်လ ၃၀ ရက်မှာ Penn Biden သံတမန်နဲ့ ကမ္ဘာလုံးဆိုင်ရာစေ့စပ်ညှိနှိုင်းမှုဆိုင်ရာ စင်တာ စတင်ဖွင့်လှစ်ပွဲလုပ်ခဲ့တယ်။


ကျောင်းသားတစ်ယောက်က သူ့ကိုမေးတယ်။


“ သမ္မတအသစ် Donald Trump ကို ဘယ်လို အကြံပေးချင်သလဲ” လို့ မေးခဲ့တယ်။


သူက “ Donald Trump ရင့်ကျက်သင့်ပြီ (Trump should grow up! )။ တွစ်တာ ( Twitter) သုံးတာကိုရပ်သင့်ပြီး ရုံးကိစ္စတွေကို ပိုပြီး အာရုံစူးစိုက်သင့်တယ်။” လို့ ပြောခဲ့တယ်။


☀️


၂၀၁၉ ခုနှစ်။ 

စက်တင်ဘာလ။ 


သမ္မတကြီး Donald Trump က သူဟာ သူ့သားငယ်ရဲ့ စီးပွါးရေးလုပ်ငန်းတွေနဲ့ ပတ်သက်ခဲ့ပြီး မဟုတ်တာတွေ အများကြီးလုပ်ခဲ့သူလို့  ပြန်ပြီး စွပ်စွဲခဲ့ပါတယ်။


သူ့ သားငယ်ရဲ့ လက်တော့ပ်နဲ့ အီးမေးလ် သတင်းတွေရတာတဲ့။


ဒါကို မီဒီယာများက ကျယ်ကျယ်ပြန့်ပြန့် ရေးခဲ့ကြပေမဲ့ သက်သေအထောက်အထား မခိုင်လုံလို့ သူတို့သားအဖကို တရားစွဲလို့မရခဲ့ပါဘူး။


FBI က "ဒါဟာ ရုရှားသတင်းဖြန့်ဖြူးရေးလှုပ်ရှားမှုရဲ့အစိတ်အပိုင်းတစ်ခု" သာဖြစ်တယ်လို့ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ ၂၀ ရက်က ကြေငြာခဲ့ပါတယ်။


တချို့ကလည်း ဒီသတင်းကို ယုံကြည်ကြပြီး၊ တချို့ကလည်း ဒါဟာ သမ္မတ Trump က ရွေးကေက်ပွဲမှာနိုင်ချင်လို့ ဖန်တီးခဲ့တဲ့ နိုင်ငံရေးအရှုပ်တော်ပုံတစ်ခုလို့ ယုံကြည်ကြတယ်။


နောက်ပိုင်း သမ္မတ Trump က Biden နဲ့ သား Hunter Biden တို့ရဲ့ အမှားတွေကို စုံစမ်းစစ်ဆေးဖို့ ယူကရိန်းသမ္မတ Volodymyr Zelensky ကို ဖိအားပေးခဲ့တယ်လို့လည်းဆိုတယ်။


အမှန်တရားကို သိရဖို့ အချိန်တစ်ခုလိုပါသေးတယ်။ 


☀️


၂၀၂၀ ပြည့်နှစ်။


သူဟာ သမ္မတ Donald Trump နဲ့ ရွေးကောက်ပွဲမှာ သမ္မတနေရာ ဝင်ပြိုင်ခဲ့တယ်။


သူတို့နှစ်ယောက်ဟာ အတော့်ကို အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ကြတယ်။


☀️


ဒီနေ့ သူ ၂၀၂၀ ရွေးကောက်ပွဲမှာ နိုင်ခဲ့ပြီ။


သူဟာ ကမ္ဘာကျော် သမ္မတကြီး Donald Trump ကို ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ အမေရိကန်ရဲ့ ၄၆ ယောက်မြောက် သမ္မတ ဂျိုးဇက် ရော်ဘင်နက် ဘိုင်ဒန် ဂျူနီယာ (Joseph Robinette Biden Jr. ) ဖြစ်သွားတယ်။


သူဟာ အမေရိကန်သမိုင်းတစ်လျှောက်မှာ မဲအများဆုံးနဲ့ သမ္မတဖြစ်ခဲ့သူဖြစ်တယ်။


အမေရိကန် သမိုင်းမှာ ၂၀၀၈ ခုနှစ်က ဘားရတ်အိုဘားမားက သမ္မတရွေးကောက်ပွဲ အများဆုံးမဲအရေအတွက် ၆၉,၄၉၈,၅၁၆ ရရှိခဲ့သူဖြစ်တယ်။


ဂျိုးဘိုင်ဒန်ကတော့ ၂၀၂၀ ရွေးကောက်ပွဲမှာ သမ္မတဟောင်း အိုဘားမားထက်ပိုများတဲ့ မဲတွေရခဲ့တယ်။ 


အမေရိကန် သမိုင်းမှာ မဲအများဆုံးရတဲ့ သမ္မတကြီးပေါ့။ 


သူ ဒီလို ပြောတယ်။


“ ကျွန်တော် ဒီမိုကရက်တစ်တွေအတွက် သမ္မတ မဟုတ်ပါဘူး။ အမေရိကန်ပြည်ထောင်စု သမ္မတပါ။ ကျွန်တော့်ကို မဲမပေးခဲ့သူတွေကိုလည်း ချစ်ပါတယ်။”


☀️


အမေရိကန်က စကားထစ်သူတစ်ယောက် အကြောင်းပေါ့။ သူ သမ္မတအထိဖြစ်သွားတယ်။


သမ္မတ Donald Trump ထက် ပိုပြီး အသက်ကြီးသူမို့ အမေရိကန်သမိုင်းမှာ အသက်အကြီးဆုံး သမ္မတကြီးလည်းဖြစ်တယ်။


ဒီလ ၂၀ ရက်နေ့ဆို သူ့ အသက် ၇၈ နှစ် ပြည့်ပြီလေ။ 


☀️


မရွှေမိုး (ကိုရီးယား)

November 8th,2020. 


References


▪️Biography- Joe Biden - Age, Presidential Campaign & Family

▪️Biography- Joe Biden: The Heartbreaking Car Accident that Killed His Wife and Daughter

SEP 28, 2020

▪️Wikipedia

▪️ New York Times

Joe Biden: Who He Is and What He Stands For (Published 2019)




(Zawgyi) 

☀️အေမရိကန္သမၼတအသစ္ Joe Biden ☀️


အေမရိကန္ ျပည္ေထာင္စုက စကားထစ္တဲ့သူတစ္ေယာက္ အေၾကာင္းျဖစ္ပါတယ္။


☀️


၁၉၄၂ ခုႏွစ္။


နိုဝင္ဘာ ၂၀ ရက္ေပါ့။ အေမရိကန္ ျပည္ေထာင္စု၊ Pennsylvania ျပည္နယ္က လက္ထပ္ၿပီးတာ တစ္ႏွစ္နီးပါးရွိလာတဲ့ ရိုမန္ကက္သလစ္ ဘာသာဝင္ လင္မယားဟာ St. Mary's ေဆး႐ုံမွာမွာ သူတို့ရဲ့ သားအႀကီးဆုံးကိုေမြးလိုက္တယ္။


ႏွစ္ အနည္းငယ္အတြင္းမွာပဲ သားႏွစ္ေယာက္နဲ႔ သမီးေလး တစ္ေယာက္ သူတို့ ဘဝထဲကို တစ္ေယာက္ၿပီးတစ္ေယာက္ ထပ္ၿပီးေရာက္လာတယ္။


▬▬▬▬▬▬▬▬

၁၉၅၀ ခုႏွစ္။


စကားထစ္တဲ့သူက အႀကီးဆုံးသားေပါ့။

သူ႔နာမည္က ဂ်ိဳးဇက္ ေရာ္ဘင္နက္ ဘိုင္ဒန္ ဂ်ဴနီယာ (Joseph Robinette Biden Jr. ) တဲ့။ 


သူ အသက္ ၈ ႏွစ္ အရြယ္ေလာက္ကစၿပီး သူတို့မိသားစု အေတာ္ဒုကၡေရာက္ခဲ့တယ္ဆိုရမယ္။


သူ႔ ဖခင္ဂ်ိဳးဆက္ ( Joseph Robinette Biden Sr. Joseph Sr. ) က ခ်မ္းသာတဲ့ မိသားစုက ဆင္းသက္လာသူျဖစ္ေပမဲ့ ၁၉၅၀ ခုႏွစ္ ေလာက္ကစၿပီး စီးပြါးပ်က္ၿပီး အလုပ္တစ္ခုမွ မယ္မယ္ရရ မရွိခဲ့ပါ။


သူ႔မိခင္ ကက္သရင္း (Catherine Eugenia "Jean" Biden) ရဲ့ မိဘေတြအိမ္မွာ ကပ္ၿပီး ေနခဲ့ရတယ္။


သူ႔မိဘေတြက ဘယ္ေတာ့မွ ဘဝကို စိတ္ပ်က္ အားေလၽွာ့တာမ်ိဳး မရွိဘူး။ သူ႔အေဖ အျမဲ ေျပာတဲ့ စကားတစ္ခြန္းရွိတယ္။


" သား .. လူတစ္ေယာက္ရဲ့အရည္အခ်င္းကို တိုင္းတာတဲ့ေနရာမွာ ဘဝမွာ သူ ဘယ္ႏွစ္ခါ အႀကိမ္ႀကိမ္လဲက်ခဲ့တာ (ခံနိုင္ရည္)ကို တိုင္းရတာမဟုတ္ဘူး။ လဲက်ၿပီးေတာ့ ဘယ္ေလာက္ ျမန္ျမန္ ျပန္ထနိုင္တာနဲ႔ တိုင္းတာရတယ္။” ဒီစကားဟာ သူ႔ဘဝမွာ လဲက်တဲ့ အခါတိုင္း အျမဲ အျမဲထူေပးခဲ့တယ္။


ေနာက္ပိုင္းမွာ သူ႔ ဖခင္က ကားအေဟာင္းေတြေရာင္းတဲ့ အေရာင္းဝန္ထမ္းလုပ္တာ ေအာင္ျမင္လာတယ္။ သူတို့မိသားစုကို လူလတ္တန္းစားဘဝေရာက္ေအာင္ ျပန္လုပ္ေပးနိုင္ခဲ့တယ္။


☀️


၁၉၅၅ ခုႏွစ္ ။


သူ႔အသက္ ၁၃ ႏွစ္မွာ သူတို့ ဒီလာဝဲျပည္နယ္ (Delaware)၊ လဲန္မြန္ တိုက္ခန္းကိုေျပာင္းခဲ့တယ္။ ဒီလာဝဲျပည္နယ္ဟာ သူႏွစ္ေပါင္းမ်ားစြာ ေနခဲ့တဲ့ ေနရာေပါ့။


☀️


၁၉၆၁ ခုႏွစ္။

သူ အထက္တန္းၿပီးခဲ့ၿပီ။


အားကစားဘက္မွာဆို သူက အထက္တန္းေက်ာင္း ေဘာလုံးအသင္း၊ ေဘ့စ္ေဘာ အသင္းေတြမွာ ထူးခၽြန္သူတစ္ေယာက္ေပါ့။ စကားထစ္တာက ေျပာစရာျဖစ္ခဲ့တာ။


“ I’d have to see it. I-I-I don’t remember.” သူက ငယ္ငယ္ေလးကတည္းက စကားထစ္တယ္။ လူေရွ႕သူေရွ႕ေရာက္ရင္ ပိုဆိုးတယ္။


သူကို့ တခ်ိဳ့ေက်ာင္းသားေတြက “ Dash” "Joe Impedimenta" လို့ နာမည္ေျပာင္ေပးၾကတယ္။ အနိုင္က်င့္ၾကတယ္။ 


ဒီလို ျပႆနာအမ်ိဳးမ်ိဳး ၾကားထဲက  သူ ေက်ာင္းသားေခါင္းေဆာင္ျဖစ္ခဲ့တယ္။သူက စာေတာ္တာကိုး။


သူက စကားထစ္ေတာ့ ေက်ာင္းသားေခါင္းေဆာင္အျဖစ္ လူအမ်ားေရွ႕မွာ စကားေျပာဖို့ဆိုတာ သူ႔အတြက္ သိပ္ခက္ခဲတဲ့ အလုပ္တစ္ခုျဖစ္တယ္။


☀️


၁၉၆၅ ခုႏွစ္။


သူဟာ ဒီလာဝဲ တကၠသိုလ္မွာ သမိုင္းနဲ႔ နိုင္ငံေရးသိပၸံ ဘြဲ႕ႏွစ္ခုကို တစ္ၿပိဳင္တည္း ( Double degree ) ယူခဲ့သူ ..။


ငယ္ငယ္ကတည္းက သူ႔ရဲ့ ရည္မွန္းခ်က္ကႀကီးတယ္။ သမၼတျဖစ္ခ်င္သတဲ့။


သူ စာပဲႀကိဳးစားခဲ့တယ္။ အရက္လုံးဝ မေသာက္ဘူး။


သူ႔ အသက္ ၂၀ ေက်ာ္မွာ စကားထစ္တာ အေတာ့္ကို ျပင္လာနိုင္တယ္။ သူဟာ ကဗ်ာေတြရြတ္ၿပီး အရမ္းကိုႀကိဳးစားခဲ့တယ္။


ဒါဟာ သူ႔ဘဝမွာ ပထမဆုံးေအာင္ျမင္မွုပါ။ သူ စင္ျမင့္ေပၚတက္နိုင္ၿပီကိုး။


☀️


၁၉၆၆ ခုႏွစ္။


ေက်ာင္းၿပီးေတာ့ မိဘေတြက သေဘာမတူေပမဲ့ သူခ်စ္တဲ့ ေကာင္မေလးကို လက္ထပ္တယ္။ ေကာင္မေလးက Neilia Hunter တဲ့။ ျမင္ျမင္ခ်င္းကို ခ်စ္မိတာတဲ့။ 


ေကာင္မေလးက ရိုမန္ကက္သလစ္ဘာသာဝင္ မဟုတ္ေတာ့ မိဘေတြ သေဘာမတူ။ 


ဒါေပမဲ့ သူတို့ ရိုမန္ကက္သလစ္ ဘုရားေက်ာင္းမွာပဲ လက္ထပ္တယ္။


☀️


၁၉၆၈ ခုႏွစ္။


သူ ဆိုင္းရာကူစ္ပ္တကၠသိုလ္ (Syracuse University College of Law) မွာ ဥပေဒဘြဲ႕ကို ထပ္ယူခဲ့တယ္။


☀️


၁၉၆၉ ခုႏွစ္။


သားအႀကီးဆုံး (Joseph Robinette "Beau" Biden III) ကို ေမြးတယ္။


☀️


သူက ပန္းနာရင္က်ပ္ေရာဂါလည္းရွိတယ္။ ဒါေၾကာင့္ စစ္မွုထမ္းခြင့္မရခဲ့။ သူ နိုင္ငံေရးေလာကကို စ ဝင္တယ္။ သူက ရီပတ္ဘလီကန္ ပါတီဘက္က။ 


အဲ့ဒီတုန္းက ဒီလာဝဲ ျပည္နယ္က ဒီမိုကရက္တစ္ အုပ္ခ်ဳပ္ေရးမွူး ခ်ားလ္စ္ အယ္လ္ တယ္ရီ (governor Charles L. Terry ) ရဲ့ ေရွးရိုးစြဲလူမ်ိဳးေရး၊ နိုင္ငံေရးေတြကို သူ မႏွစ္သက္ခဲ့ပါ။


☀️


၁၉၆၈ ခုႏွစ္။


ဒီလာဝဲ ျပည္နယ္မွာ ဒီမိုကရက္တစ္ပါတီျပဳတ္ၿပီး ပိုမိုလြတ္လပ္တဲ့ ရီပတ္ဘလီကန္ပါတီတက္ေတာ့ ေဒသခံ နာမည္ႀကီး ရီပတ္ဘလီကန္ပါတီဝင္ ( Republican Party ) တစ္ဦးျဖစ္တဲ့ ဝီလ်ံပရိတ္ခ္ (William Prickett ) ဦးေဆာင္တဲ့ ဝီလ္မင္တန္ ဥပေဒကုမၸဏီမွာ စာေရးအလုပ္ဝင္လုပ္ခဲ့တယ္။


☀️


၁၉၆၉ ခုႏွစ္။


“ ကၽြန္ေတာ့္ကိုယ္ကၽြန္ေတာ္ ရီပတ္ဘလီကန္ လိုထင္ခဲ့တာဗ်..”


သူဟာ ရီပတ္ဘလီကန္ မဟုတ္ဘူးဆိုတာ သူ႔ကိုယ္သူသိလာခဲ့တယ္။ သူတတ္ထားတဲ့ ဥပေဒပညာနဲ႔ အမ်ားျပည္သူကာကြယ္သူအျဖစ္ ေနထိုင္ဖို့ဆုံးျဖတ္ခဲ့။


သူ႔ကိုယ္သူ ဒီမိုကရက္တစ္ပါတီနဲ႔ ပိုကိုက္တယ္လို့ယူဆၿပီး ဒီမိုကရက္တစ္ပါတီဝင္ခဲ့တယ္။


☀️


၁၉၇၀ ခုႏွစ္။


ဒုတိယသား (Robert Hunter Biden ) ရလာတယ္။ သားႀကီးထက္ ၁ ႏွစ္နဲ႔ ၁ လပဲကြာတယ္။


☀️


၁၉၇၁ ခုႏွစ္။


သမီးအငယ္ဆုံး (Naomi Christina "Amy" Biden ) ။


တစ္ႏွစ္ တစ္ေယာက္ႏွုန္းနဲ႔..ကေလး ၃ ေယာက္။ 


☀️


၁၉၇၂ ခုႏွစ္။


ေရြးေကာက္ပြဲမွာ ဒီမိုကရက္တစ္အေနနဲ႔ ဒီလာဝဲ အထက္ လႊတ္ေတာ္အမတ္ေနရာ သူ ဝင္ၿပိဳင္တယ္။


သူ႔မွာ မဲဆြယ္စည္း႐ုံးဖို့ ေငြမရွိခဲ့။ ဘယ္သူမွလည္း သူ႔ကို နိုင္မယ္မထင္ခဲ့ဘူး။ သူဟာ မဲဆႏၵရွင္ေတြကို မ်က္ႏွာခ်င္းဆိုင္ေတြ႕ ၊ သူ႔လက္နဲ႔ စာရြက္စာတမ္းေတြျဖန္႔..။ အရမ္းႀကိဳးစားခဲ့။ 


ေငြမရွိပဲ အမတ္ျဖစ္ခ်င္တဲ့ သူ႔ရဲ့ မဲဆြယ္ ဝန္ထမ္းေတြကေတာ့ သူ႔ မိသားစု၀င္ေတြပဲ ျဖစ္ပါတယ္။


လူေတြက သူ႔ရဲ့ တက္ႂကြလွတဲ့ စြမ္းအင္၊ ကေလး ငယ္ငယ္ရြယ္ရြယ္ကေလးေတြနဲ႔ မိသားစုကိုၾကည့္ၿပီး မဲေပးခဲ့ၾကတာ။


သူ ရီပတ္ဘလီကန္အမတ္ J. Caleb Boggs Boggs ကို မဲ ၅၀.၅ ရာခိုင္ႏွုန္းနဲ႔ နိုင္ခဲ့တယ္။


သူ႔ အသက္ ၃၀ မွာ အေမရိကန္သမိုင္းရဲ့ ေျခာက္ေယာက္ေျမာက္ အသက္အငယ္ဆုံး အထက္လႊတ္ေတာ္အမတ္ ျဖစ္သြားတာေပါ့။


အဲ့ဒီအခ်ိန္တုန္းက သူဟာ ရီပတ္ဘလီကန္ အမတ္ J. Caleb Boggs Boggs ကို စိန္ေခၚရဲတဲ့ တစ္ဦးတည္းေသာ ဒီမိုကရက္ပါတီဝင္ ျဖစ္ခဲ့တာေပါ့။


ဒါဟာ သူ႔ဘဝရဲ့ ပထမဆုံး အႀကီးအက်ယ္ ေအာင္ျမင္မွုပါ။


☀️


၁၉၇၂ ခုႏွစ္၊ ဒီဇင္ဘာ ၁၈ ရက္။


သူ႔ေအာင္ျမင္မွုအတြက္ သူၾကာၾကာ ဝမ္းမသာနိုင္ခဲ့ပါ။ 


အမတ္အျဖစ္ မဲနိုင္ၿပီး ၁ လအၾကာမွာ သူ႔ဇနီးက ကေလးေတြကို ကားေပၚတင္ၿပီး Christmas tree ဝယ္ဖို့ ထြက္လာတာေပါ့။


Delaware Route 7 (Limestone Road) လမ္းဆုံေရာက္မွာ ေျမာက္ဘက္က ေမာင္းလာတဲ့ ေျပာင္းဖူးေတြတင္လာတဲ့ ေနာက္တြဲယာဥ္လယ္ထြန္စက္ နဲ႔ တိုက္မိတယ္။


သူ႔ ဇနီးနီလီယာနဲ႔ တစ္ႏွစ္အရြယ္သမီးေလး ေအမီ ေသဆုံးသြားတယ္။


သူ အ႐ူးမီးဝိုင္းေပါ့။


ကံေကာင္းလို့ သား ၂ ေယာက္ (Beau နဲ႔ Hunter) မေသခဲ့ေပမဲ့ သားႀကီးက ေျခေထာက္ ျပင္းျပင္းထန္ထန္ က်ိဳးၿပီး သားငယ္က ဦေခါင္းခြံကြဲသြားတာ။


ဒီ ကားတိုက္မွုက အျမဲျပဳံးေနတဲ့ သူ႔ကို ေဒါသေတြႀကီးလာေစတယ္။ ဘာသာေရးကိုလည္း ယုံၾကည္မွုနည္းလာေစခဲ့။ အလုပ္မွာအာ႐ုံစိုက္ဖို့ အေတာ့္ကိုႀကိဳးစားခဲ့တယ္။


သူဟာ အလုပ္ (Washington, D.C. ) နဲ႔  အိမ္ (northeastern Delaware ) က အေဝးႀကီး။ ရထားစီးရတာခ်ည္းပဲမိနစ္ ၉၀၊ တစ္ေန႔ တစ္ေန႔ အသြားအျပန္ ၄ နာရီေလာက္ အခ်ိန္ေပးရတယ္တဲ့။


သူက သားေတြကို သိပ္ခ်စ္တဲ့ ဖခင္ေကာင္းတစ္ေယာက္ေပါ့။ 


☀️


၁၉၇၄ ခုႏွစ္။


လဲက်သြားတဲ့ သူ႔ဘဝကို သူျပန္ထနိုင္ခဲ့တယ္။ ႀကိဳးစားတယ္။


တိုင္းမ္မဂၢဇင္း ( Time magazine) မွာ သူဟာ “ အနာဂတ္အတြက္ လူ အေယာက္ ၂၀၀” (200 Faces for the Future) ထဲက တစ္ေယာက္ျဖစ္တယ္လို့ အေဖာ္ျပခံခဲ့ရတဲ့ အထိျဖစ္လာတယ္။


အလြန္ႀကိဳးစားတဲ့ အမတ္တစ္ေယာက္ေပါ့။


☀️


၁၉၇၇ ခုႏွစ္။


သူ ဒုတိယအိမ္ေထာင္ျပဳခဲ့တယ္။ ဒုတိယမိန္းမက ဆရာမေလး Jill Tracy Jacobs တဲ့။ သူ႔ထက္ ၉ ႏွစ္ငယ္တယ္။


ပထမ မိန္းမဆုံးၿပီး ၁၉၇၅ ခုႏွစ္မွာ သူတို့ေတြ႕ၾကတာေပါ့။ သူ႔ညီက မိတ္ဆက္ေပးတာ။ ဆရာမကလည္း ပထမ အိမ္ေထာင္နဲ႔ကြဲေနတာ။


ဆရာမရဲ့ အကူအညီနဲ႔ သူ႔ဘဝျပန္တည္ၿငိမ္လာတယ္။


သားႏွစ္ေယာက္ Beau နဲ႔ Hunter တို့က ဖခင္ကို မိန္းမယူဖို့ သေဘာတူ ခဲ့တယ္။


☀️


၁၉၈၁ ခုႏွစ္။


သူတို့ သမီးေလးတစ္ေယာက္ ထပ္ရလာတယ္။ အက္ရွေလ ဘလဇာ (Ashley Blazer Biden) တဲ့။


☀️


၁၉၈၈ ခုႏွစ္။


သူ ဝါရွင္တန္ဒီမိုကရက္တစ္ အေမရိကန္ အထက္လႊတ္ေတာ္အမတ္လုပ္ေနတုန္းေပါ့။


ေရြးေကာက္ပြဲ သမၼတေနရာ ဝင္ၿပိဳင္တယ္။


သတင္းစာသမားေတြက သူေျပာတဲ့ မိန္႔ခြန္း၊ စကားလုံးေတြက ၿဗိတိသၽွနိုင္ငံေရးသမား Neil Kinnock ရဲ့ မိန႔္ခြန္းေတြကို ခိုးခ်ထားတယ္လို့ စြပ္စြဲခဲ့တယ္။


ေဖေဖာ္ဝါရီလေလာက္မွာ လည္ပင္းေတြ အရမ္းနာၿပီး ေဆး႐ုံ (Walter Reed Army Medical Center) ကို အေရးေပၚတင္လိုက္ရတယ္။ 


ဦးေႏွာက္ေသြးေၾကာေရာင္ရမ္း (aneurysm) တာေၾကာင့္ ေမလမွာ ခြဲစိတ္လိုက္ရတယ္။ တစ္ခါမဟုတ္။ ၁၉၈၈ ခုႏွစ္ထဲမွာပဲ ေနာက္တစ္ခါထပ္ျဖစ္တယ္။


၇ လ အနားယူလိုက္ရတယ္။

သူ သမၼတေရြးေကာက္ပြဲ ဝင္ၿပိဳင္ေနရာကေန ႏုတ္ထြက္လိုက္တယ္။


☀️


၂၀၁၅ ခုႏွစ္။


သူ႔ သားအႀကီးကလည္း ဦးေႏွာက္ကင္ဆာေရာဂါနဲ႔ ေသဆုံးသြားျပန္တယ္။


သူ႔သားႀကီး ေရွ႕ေန Beau Biden က အီရတ္စစ္ပြဲမွာ စစ္ဘက္တရားသူႀကီး၊ ေရွ႕ေန (judge advocate)၊ သားငယ္ Hunter Biden ကေတာ့ ဝါရွင္တန္က ေရွ႕ေနေပါ့။


သားႀကီးက ေနာက္ပိုင္းမွာ Delaware ျပည္နယ္ရဲ့ ေရွ႕ေနခ်ဳပ္အထိ ျဖစ္လာခဲ့တယ္။


သူ႔ သားႀကီးအတြက္ ဝမ္းသာလို့မွ မဆုံးေသး။၂၀၁၅ ခုႏွစ္မွာ ဦးေႏွာက္ကင္ဆာေရာဂါနဲ႔ ေသဆုံးသြားတယ္။


ဒါဟာ သူ႔ဘဝရဲ့ ဒုတိယအႀကိမ္ အႀကီးအက်ယ္ ဆုံးရွုံးမွုႀကီးတစ္ခုေပါ့။


အိုဘားမား ( သမၼတေဟာင္း ) က သူ႔ သားႀကီး အသုဘမွာ “ Beau Biden ဟာ တကယ့္လူပါ။ သူဟာ တကယ့္ လူေကာင္းတစ္ေယာက္ျဖစ္ပါတယ္။ သူ ၄၆ ႏွစ္အတြင္း လုပ္ခဲ့တဲ့အလုပ္ေတြဟာ ကၽြန္ေတာ္တို့ ၁၄၆ ႏွစ္လုပ္ရင္ေတာင္ မၿပီးနိုင္တဲ့၊ ကၽြန္ေတာ္တို့အမ်ားစု မလုပ္နိုင္တဲ့ အလုပ္ေတြကို လုပ္ခဲ့တာပါ။” လို့ ေျပာခဲ့တယ္။


☀️


၂၀၀၉ ခုႏွစ္။


ဇန္နဝါရီလအေစာပိုင္းမွာ နိုင္ငံျခားဆက္ဆံေရးေကာ္မတီဥကၠ႒ အျဖစ္ တာဝန္ထမ္းေဆာင္ခဲ့။


ဇန္နဝါရီလ ၂၀ ရက္မွာ အေမရိကန္ျပည္ေထာင္စုရဲ့ ၄၄ ႀကိမ္ေျမာက္ သမၼတအိုဘားမားနဲ႔ အတူတြဲၿပီး ဒုသမၼတ ျဖစ္လာခဲ့တယ္။


ဒါဟာ ဒီလာဝဲျပည္နယ္သားေတြထဲမွာ ဒုသမၼတျဖစ္ခဲ့တာ ပထမဆုံးပဲ။


ေနာက္ၿပီး ရိုမန္ကက္သလစ္ ကိုးကြယ္ယုံၾကည္သူေတြထဲက ဒုသမၼတျဖစ္ခဲ့တာလည္း ပထမဆုံးေပါ့။


သူဟာ ၂၀၁၇ ခုႏွစ္အထိ ၈ ႏွစ္လုံးလုံး ဒုသမၼတအျဖစ္ သမၼတႀကီး အိုဘားမားနဲ႔အတူ ဒုသမၼတတာဝန္ထမ္းေဆာင္ခဲ့တာေပါ့။


☀️


အေမရိကန္သမၼတ အသစ္ ဂ်ိဳး ဘိုင္ဒင္ ျဖစ္ပါတယ္။


သူဟာ ၁၉၇၂ ခုႏွစ္ ကစၿပီး အထက္လႊတ္ေတာ္မွာ ဝင္ၿပိဳင္ခဲ့တဲ့ေရြးေကာက္ပြဲေတြဆက္တိုက္မွာ ေရြးေကာက္တင္ေျမႇာက္ခံရသူ..။


၁၉၇၈ ခုႏွစ္ ၊ ၁၉၈၄ ခုႏွစ္၊ ၁၉၉၀ ခုႏွစ္၊ ၁၉၉၆ ခုႏွစ္၊ ၂၀၀၂ ခုႏွစ္၊ ၂၀၀၈ ခုႏွစ္၊ ၿပီးေတာ့ ၂၀၀၉-၂၀၁၇ အထိ ဒုသမၼတ။


သူ႔ကို အေမရိကန္သမိုင္းမွာ ၁၈ ႏွစ္ၾကာတာဝန္ထမ္းေဆာင္ခဲ့တဲ့ အထက္လႊတ္ေတာ္အမတ္လို့ မွတ္တမ္းတင္ခံခဲ့ရသူ..။


နိုင္ငံေရးသက္တမ္း အေတြ႕အၾကဳံ အလြန္မ်ားခဲ့သူတစ္ေယာက္ ျဖစ္ပါတယ္။


☀️


၂၀၁၇ ခုႏွစ္။


မတ္လ ၃၀ ရက္မွာ Penn Biden သံတမန္နဲ႔ ကမၻာလုံးဆိုင္ရာေစ့စပ္ညႇိႏွိုင္းမွုဆိုင္ရာ စင္တာ စတင္ဖြင့္လွစ္ပြဲလုပ္ခဲ့တယ္။


ေက်ာင္းသားတစ္ေယာက္က သူ႔ကိုေမးတယ္။


“ သမၼတအသစ္ Donald Trump ကို ဘယ္လို အႀကံေပးခ်င္သလဲ” လို့ ေမးခဲ့တယ္။


သူက “ Donald Trump ရင့္က်က္သင့္ၿပီ (Trump should grow up! )။ တြစ္တာ ( Twitter) သုံးတာကိုရပ္သင့္ၿပီး ႐ုံးကိစၥေတြကို ပိုၿပီး အာ႐ုံစူးစိုက္သင့္တယ္။” လို့ ေျပာခဲ့တယ္။


☀️


၂၀၁၉ ခုႏွစ္။ 

စက္တင္ဘာလ။ 


သမၼတႀကီး Donald Trump က သူဟာ သူ႔သားငယ္ရဲ့ စီးပြါးေရးလုပ္ငန္းေတြနဲ႔ ပတ္သက္ခဲ့ၿပီး မဟုတ္တာေတြ အမ်ားႀကီးလုပ္ခဲ့သူလို့  ျပန္ၿပီး စြပ္စြဲခဲ့ပါတယ္။


သူ႔ သားငယ္ရဲ့ လက္ေတာ့ပ္နဲ႔ အီးေမးလ္ သတင္းေတြရတာတဲ့။


ဒါကို မီဒီယာမ်ားက က်ယ္က်ယ္ျပန႔္ျပန႔္ ေရးခဲ့ၾကေပမဲ့ သက္ေသအေထာက္အထား မခိုင္လုံလို့ သူတို့သားအဖကို တရားစြဲလို့မရခဲ့ပါဘူး။


FBI က "ဒါဟာ ႐ုရွားသတင္းျဖန႔္ျဖဴးေရးလွုပ္ရွားမွုရဲ့အစိတ္အပိုင္းတစ္ခု" သာျဖစ္တယ္လို့ ၂၀၂၀ ျပည့္ႏွစ္ ေအာက္တိုဘာလ ၂၀ ရက္က ေၾကျငာခဲ့ပါတယ္။


တခ်ိဳ့ကလည္း ဒီသတင္းကို ယုံၾကည္ၾကၿပီး၊ တခ်ိဳ့ကလည္း ဒါဟာ သမၼတ Trump က ေရြးေကက္ပြဲမွာနိုင္ခ်င္လို့ ဖန္တီးခဲ့တဲ့ နိုင္ငံေရးအရွုပ္ေတာ္ပုံတစ္ခုလို့ ယုံၾကည္ၾကတယ္။


ေနာက္ပိုင္း သမၼတ Trump က Biden နဲ႔ သား Hunter Biden တို့ရဲ့ အမွားေတြကို စုံစမ္းစစ္ေဆးဖို့ ယူကရိန္းသမၼတ Volodymyr Zelensky ကို ဖိအားေပးခဲ့တယ္လို့လည္းဆိုတယ္။


အမွန္တရားကို သိရဖို့ အခ်ိန္တစ္ခုလိုပါေသးတယ္။ 


☀️


၂၀၂၀ ျပည့္ႏွစ္။


သူဟာ သမၼတ Donald Trump နဲ႔ ေရြးေကာက္ပြဲမွာ သမၼတေနရာ ဝင္ၿပိဳင္ခဲ့တယ္။


သူတို့ႏွစ္ေယာက္ဟာ အေတာ့္ကို အႀကိတ္အနယ္ ယွဥ္ၿပိဳင္ခဲ့ၾကတယ္။


☀️


ဒီေန႔ သူ ၂၀၂၀ ေရြးေကာက္ပြဲမွာ နိုင္ခဲ့ၿပီ။


သူဟာ ကမၻာေက်ာ္ သမၼတႀကီး Donald Trump ကို ေရြးေကာက္ပြဲမွာ အနိုင္ရခဲ့တဲ့ အေမရိကန္ရဲ့ ၄၆ ေယာက္ေျမာက္ သမၼတ ဂ်ိဳးဇက္ ေရာ္ဘင္နက္ ဘိုင္ဒန္ ဂ်ဴနီယာ (Joseph Robinette Biden Jr. ) ျဖစ္သြားတယ္။


သူဟာ အေမရိကန္သမိုင္းတစ္ေလၽွာက္မွာ မဲအမ်ားဆုံးနဲ႔ သမၼတျဖစ္ခဲ့သူျဖစ္တယ္။


အေမရိကန္ သမိုင္းမွာ ၂၀၀၈ ခုႏွစ္က ဘားရတ္အိုဘားမားက သမၼတေရြးေကာက္ပြဲ အမ်ားဆုံးမဲအေရအတြက္ ၆၉,၄၉၈,၅၁၆ ရရွိခဲ့သူျဖစ္တယ္။


ဂ်ိဳးဘိုင္ဒန္ကေတာ့ ၂၀၂၀ ေရြးေကာက္ပြဲမွာ သမၼတေဟာင္း အိုဘားမားထက္ပိုမ်ားတဲ့ မဲေတြရခဲ့တယ္။ 


အေမရိကန္ သမိုင္းမွာ မဲအမ်ားဆုံးရတဲ့ သမၼတႀကီးေပါ့။ 


သူ ဒီလို ေျပာတယ္။


“ ကၽြန္ေတာ္ ဒီမိုကရက္တစ္ေတြအတြက္ သမၼတ မဟုတ္ပါဘူး။ အေမရိကန္ျပည္ေထာင္စု သမၼတပါ။ ကၽြန္ေတာ့္ကို မဲမေပးခဲ့သူေတြကိုလည္း ခ်စ္ပါတယ္။”


☀️


အေမရိကန္က စကားထစ္သူတစ္ေယာက္ အေၾကာင္းေပါ့။ သူ သမၼတအထိျဖစ္သြားတယ္။


သမၼတ Donald Trump ထက္ ပိုၿပီး အသက္ႀကီးသူမို့ အေမရိကန္သမိုင္းမွာ အသက္အႀကီးဆုံး သမၼတႀကီးလည္းျဖစ္တယ္။


ဒီလ ၂၀ ရက္ေန႔ဆို သူ႔ အသက္ ၇၈ ႏွစ္ ျပည့္ၿပီေလ။ 


☀️




မေရႊမိုး (ကိုရီးယား)

November 8th,2020. 


References


▪️Biography- Joe Biden - Age, Presidential Campaign & Family

▪️Biography- Joe Biden: The Heartbreaking Car Accident that Killed His Wife and Daughter

SEP 28, 2020

▪️Wikipedia

▪️ New York Times

Joe Biden: Who He Is and What He Stands For (Published 2019)

No comments: