Saturday, November 7, 2020

✨သွေးရည်ကြည်နှင့် အလှအပ (PRP Therapy)✨

 ✨သွေးရည်ကြည်နှင့် အလှအပ (PRP Therapy)✨




မိမိကိုယ်ထဲက သဘာဝအတိုင်းရှိနေတဲ့ သွေးက အလှအပရေးရာအတွက် အရမ်းအသုံးဝင်တယ်ဆိုတာ သိပါသလား⁉️


ကျနော်တို့ခန္ဓာကိုယ်ထဲမှာ သွေး(blood) ကို Plasma ( သွေးရည်ကြည်) ၊ Blood Cells (RBCs/သွေးနီဥ, WBCs/သွေးဖြူဥ) နဲ့ Platelets (သွေးတိတ်စေသော သွေးဥမွှား) တို့ဖြင့် ဖွဲ့စည်းထားပါတယ်။ ဒီထဲကမှ ကျနော်တို့ လိုအပ်တဲ့ Platelets Rich Plasma (PRP) ကိုထုတ်ပြီး အလှအပရေးရာအတွက် အသုံးပြု ကုသရပါတယ်။ PRP က Cell Regeneration & Healing Effects ရှိတဲ့ အတွက် ဆဲလ်အသစ်တွေကို ဖြစ်ပေါ်စေပြီး Collagen ကိုတိုးပွာစေတယ်။ ပျက်စီးနေတဲ့အရေပြားကို ပြုပြင်ပေးနိုင်တယ်။ အိုမင်းရင့်ရော်မှုကို လဲ လျော့ချပေးနိုင်တယ်။


⁉️PRP ကိုဘယ်လိုထုတ်ယူပါသလဲ⁉️

💉💉💉💉💉

ကျနော်တို့ရဲ့ လက်ဖျံသွေးကြောကနေတစ်ဆင့် လိုအပ်တဲ့ သွေးပမာဏကို ထုတ်ပြီး separator gel (ဆဲလ်ခွဲဂျယ်) ပါတဲ့ ဖန်ချောင်းထဲကို ထည့်ပြီး သွေးလှည့်တဲ့ စက်ထဲထည့်ပါတယ်။ Centrifuge စက်ထဲမှာ ၅ - ၁၀ မိနစ်ခန့်လှည့်ပြီးတဲ့အခါ သွေးရည်ကြည်(PRP) သပ်သပ်၊ မလိုအပ်တော့တဲ့ သွေးဖြူဥ၊ သွေးနီဥ သပ်သပ်စီ ဖြစ်သွားပါတယ်။ ရရှိလာတဲ့ Liquid Gold လို့တင်စားကြတဲ့ PRP ကို လိုအပ်တဲ့နေရာမှာ အသုံးပြုကြပါတယ်။


⁉️ အလှအပအတွက်ဘယ်လိုအခြေအနေတွေမှာကုသလို့ရပါသလဲ⁉️


- ဆံပင်ကျွတ်၊ ဆံပင်ပါးသူများ

- အမာရွတ်၊ချိုင့်ခွက်ရှိသောသူများ

- မျက်ကွင်းညို၊မျက်တွင်းချိုင့်သောသူများ

- တင်းတိတ်ရှိသောသူများ

- အရေးအကြောင်းအနည်းငယ်ရှိသေးသူများ

- မျက်နှာအသားအရေ Glow ချင်သူများ

- ချွေးပေါက်ကျယ်သောသူများ


‼️PRPသွေးရည်ကြည်ကုထုံးကုသနည်း‼️

💉💉💉

- ပထဆုံး မျက်နှာတစ်ပြင်လုံးကို ထုံဆေး (30-45)မိနစ်ခန့် လိမ်းထားမှာဖြစ်ပါတယ်။ လူတစ်ယောက်ချင်းစီရဲ့ ခံနိုင်ရည်ပေါ်မူတည်ပြီး နာကျင်မှု အနည်းအများရှိတတ်ပါတယ်။ ဒါပေမယ့် ထုံဆေးလိမ်းပေးထားတဲ့အတွက် နာကျင်မှု မရှိသလောက်ပါပဲ။


✨PRP & Dermapen (Microneedling)✨


- Microneedling နည်းလို့ခေါ်တဲ့ သေးငယ်တဲ့ အပ်လေးတွေပါတဲ့ tip လေးကို Dermapen လို့ခေါ်တဲ့ စက်ကလေးတစ်ခုမှာ တပ်ဆင်ပြီး မျက်နှာပြင်အနှံ့  ပွတ်ပေးခြင်းဖြင့် Collagen အသစ်ဖြစ်စေခြင်း၊အရေပြားချောမွေ့လာစေခြင်း၊အသားအရေညီညာလာစေခြင်း၊ တင်းရင်စေခြင်း အကျိုးကျေးဇူးတွေ ဖြစ်လာပါတယ်။

- Dermapen နဲ့ အတူ ကျနော်တို့ ခုနက ရလာတဲ့ သွေးရည်ကြည်ကို အရေပြားထဲ စိမ့်ဝင်အောင် ထည့်သွင်းပါတယ်။ လိုအပ်တဲ့နေရာ (ဥပမာ- ချိုင့်ခွက်၊ချွေးပေါက်၊တင်းတိတ်၊အရေးအကြောင်း) ရှိတဲ့နေရာမျိုးကိုတော့ သေးငယ်တဲ့ အပ်နဲ့ အနည်းစီ ထိုးပါတယ်။

- ကုသမှုခံယူတဲ့အချိန် သွေးအနည်းငယ်ထွက်ခြင်းနဲ့ နီမြန်းခြင်းခံစားရမှာဖြစ်ပါတယ်။

- များသောအားဖြင့် ကုသပြီး ၅ - ၇ ရက်ခန့် မျက်နှာ အနည်းငယ် နီမြန်းတတ်ပါတယ်။


✨PRP & eCO2 Fractional Laser✨


- Fractional Laser ဆိုတာ လေဆာနဲ့ ကျနော်တို့ အရေပြားလွှာကို အသစ်တဖန် မွေးဖွားပေးတဲ့ Resurfacing ကုသမှုတစ်ခုပါ။ Microneedling အဆင့်နေရာမှာ အစားထိုး အသုံးပြုကြပါတယ်။ Fractional Resurfacing လုပ်ပေးခြင်းဖြင့် 

✔️ အရေးအကြောင်းများသက်သာစေခြင်း

✔️ နေလောင်စက်၊မှဲ့ခြောက်၊age-spots များကို လျော့ချပေးခြင်း

✔️ အသားအရေမညီညာတာညှိပေးခြင်း

✔️ Collagen များပွားစေပြီး အသားအရေ တင်းရင်းစေခြင်း

✔️ ချိုင့်ခွက်၊အမာရွတ်များကို ပြန်လည် ပြည့်တင်းစေခြင်း၊

✔️ အသားညစ်ခြင်းကို ပျောက်ပြီး အသားနုပျိုချောမွေ့စေခြင်း စတဲ့ Results တွေရရှိစေပါတယ်။


- Laser ပစ်ပြီး ၂ - ၃ နာရီခန့် မျက်နှာအနည်းငယ် ရောင်ရမ်းပြီး ပူစပ်ပူစပ်လေး ခံစားရပါတယ်။ နောက်ရက်အနည်းငယ်အတွက် Laser ပစ်ထားတဲ့နေရာလေးတွေက ဇကာကွက်ကလေးတွေလို မည်းလာပါတယ်။ ပုံမှန်အားဖြင့် Skin ကွာရန် ၁ပတ်-၂ပတ်ခန့် ကြာပါတယ်။ ၃ပတ် - ၄ပတ်ခန့်မှ အနည်းငယ် နီးမြန်နေတတ်ပါတယ်။


⁉️Microneedling နဲ့ Fractional Laser ဘယ်ကုထုံးကပိုသိသာပါသလဲ⁉️


တစ်ယောက်နဲ့တစ်ယောက်လိုအပ်ချက်ပေါ်မူတည်ပြီး ရွေးချယ်နိုင်ပါတယ်။ Fractional Laser က Microneedling ထက်စာလျှင် အနည်းငယ် မဆိုသလောက် နာကျင်မှုလေး ခံစားရမှာပါ။ အသားအရေGlow ချင်ပြီး တင်းရင်းချင်သူတွေကတော့ Microneedling နဲ့ လုံလောက်ပါတယ်။


ချိုင့်ခွက်၊ နေလောက်အမဲစက်၊ မှဲ့ခြောက်၊ ချွေးပေါက်ကျယ်၊ အရေးအကြောင်းထင်း နေသူများကတော့ Fractional Laser က ပိုပြီး သိသာတဲ့ result ကို ရပါတယ်။ အသားအရေ Glow ချင်သူများက တကြိမ်နဲ့ သိသာတဲ့ result ကိုရပါတယ်။ တခြားအခြေအနေဆိုရင်တော့ ၄ - ၆ ပတ်ခြားပြီး ကုသမှု ခံယူရပါမယ်။


⁉️ သွေးရည်ကြည်ကုထုံးကဘယ်လောက်ကြာရှည်ခံပါသလဲ⁉️


ပုံမှန်များသောအားဖြင့်အသားအရေ Glow ချင်သူက တစ်ကြိမ်ပြုလုပ်ပြီး ထိန်းသိမ်းဂရုစိုက်မှု ပေါ်မူတည်ပြီး ၆လ မှ ၁နှစ် ဝန်းကျင်ကြာရှည်ခံပါတယ်။ အိုမင်းရင့်ရော်ခြင်းက မတားနိုင်ဘဲ သဘာဝအလျောက်ဖြစ်တည်နေတဲ့အတွက် ၆ လ တစ်ကြိမ် ကုထုံးခံယူမယ်ဆို ပိုပြီး အဆင်ပြေပါတယ်။

- သွေးအားနည်းသူများ/သွေးရောဂါတမျိုးမျိုး ရှိသူများ

- ကင်ဆာရောဂါ ရှိသူများ

- နာတာရှည်အရေပြားရောဂါရှိသူများ

- ဆေးလိပ်၊အရက်၊မူးရစ်ဆေးဝါး အလွန်အကျူး သုံးစွဲသူများ တွင် Result မသိသာတာမျိုး ရှိနိုင်ပါတယ်။


‼️သွေးရည်ကြည်ကုထုံးနဲ့ပတ်သတ်ပြီးဆောင်ရန်ရှောင်ရန်အချက်များ‼️


- သွေးကျဲဆေး၊ အကိုက်အခဲပျောက်ဆေးပုံမှန်သောက်နေရသူများ (ကုထုံးမယူခင် ၁ပတ်ခန့် ရှောင်ပေးပါရန်)

- ကုသမှုခံယူပြီး ဆေးခန်းမှပေးသော သောက်ဆေး၊လိမ်းဆေးများ မှာကြားသည့်အတိုင်း ပုံမှန်သောက်ပေး၊လိမ်းပေးရန်။

- လေဆာပစ်ပြီး၂၄ နာရီ ရေမထိပါရန်။

- ပထမ ၃ရက်ခန့်တွင် မျက်နှာကို ရေနဲ့မျက်နှာသစ်ဆေး မသုံးဘဲ အနံ့မပါသော Wet Tissues နဲ့ ခပ်ဖွဖွလေး သုတ်ပေးပါရန်။

- ၄ရက်မြောက်နေ့တွင် မျက်နှာသစ်ဆပ်ပြာနဲ့ စသစ်ကြည့်ပြီး မစပ်တဲ့ Alcohol မပါတဲ့ Skin care များ သုံးနိုင်ပါတယ်။

- ဆေးလိပ်၊ အရက်၊ ဘီယာ၊ ချွေးထုတ်ခန်း၊ Gym အပြင်းအထန်ဆော့ခြင်းကို ၃ - ၅ ရက်ခန့် ရှောင်ပေးပါရန်။

- နေရောင်တိုက်ရိုက်ထိခြင်းမှ ၁ပတ်ခန့်ရှောင်ပေးရပါမယ်။ Sunblock လိမ်းပြီးမှသာ အပြင်ထွက်ပါရန်။

- အရေပြားဟောင်းများကွာလာတဲ့အခါ လက်နဲ့ဆွဲမခွာရန်။

- အရေပြားဟောင်းများ အားလုံးကွာပြီးလျှင် မိတ်ကပ် လိမ်းနိုင်ပါတယ်။


                    🥰🥰🥰🥰🥰


ကဲ… ဒီလောက်ဆို သွေးရည်ကြည်ရဲ့ အလှအပကျန်းမာရေးအတွက် အသုံးဝင်ပုံလေးတွေ သိသွားမယ်ထင်ပါတယ်။ တခြားသိချင်တာလေးတွေရှိရင်လည်း ကျနော့်အကြံပေးနိုင်ပါတယ်။ အတက်နိုင်ဆုံး ကြိုးစားပြီး Post ရေးသွားပေးပါ့မယ်။


စာဖတ်သူအားလုံး ကျန်းမာလှပပြီး မိမိကိုယ်မိမိ ယုံကြည်မှုတိုးကြပါစေ။


𝙻𝚎𝚝 𝚖𝚎 𝚝𝚊𝚔𝚎 𝚌𝚊𝚛𝚎 𝚘𝚏 𝚢𝚘𝚞𝚛 𝙱𝚎𝚊𝚞𝚝𝚢 & 𝙻𝚒𝚏𝚎!

🥰With Loves🥰

Dʀ.Yᴇʟʟ


#charminglifewithdryell #acneproneskin

#acneface #beautytips #lifestyletips #skincaretips #acnetips #healthyfoods #healthydrinks  #PRP #prpfacial #prpmicroneedling #acnescartreatment


(Zawgyi) 

✨ေသြးရည္ၾကည္ႏွင့္ အလွအပ (PRP Therapy)✨




မိမိကိုယ္ထဲက သဘာဝအတိုင္းရွိေနတဲ့ ေသြးက အလွအပေရးရာအတြက္ အရမ္းအသုံးဝင္တယ္ဆိုတာ သိပါသလား⁉️


က်ေနာ္တို့ခႏၶာကိုယ္ထဲမွာ ေသြး(blood) ကို Plasma ( ေသြးရည္ၾကည္) ၊ Blood Cells (RBCs/ေသြးနီဥ, WBCs/ေသြးျဖဴဥ) နဲ႔ Platelets (ေသြးတိတ္ေစေသာ ေသြးဥမႊား) တို့ျဖင့္ ဖြဲ႕စည္းထားပါတယ္။ ဒီထဲကမွ က်ေနာ္တို့ လိုအပ္တဲ့ Platelets Rich Plasma (PRP) ကိုထုတ္ၿပီး အလွအပေရးရာအတြက္ အသုံးျပဳ ကုသရပါတယ္။ PRP က Cell Regeneration & Healing Effects ရွိတဲ့ အတြက္ ဆဲလ္အသစ္ေတြကို ျဖစ္ေပၚေစၿပီး Collagen ကိုတိုးပြာေစတယ္။ ပ်က္စီးေနတဲ့အေရျပားကို ျပဳျပင္ေပးနိုင္တယ္။ အိုမင္းရင့္ေရာ္မွုကို လဲ ေလ်ာ့ခ်ေပးနိုင္တယ္။


⁉️PRP ကိုဘယ္လိုထုတ္ယူပါသလဲ⁉️

💉💉💉💉💉

က်ေနာ္တို့ရဲ့ လက္ဖ်ံေသြးေၾကာကေနတစ္ဆင့္ လိုအပ္တဲ့ ေသြးပမာဏကို ထုတ္ၿပီး separator gel (ဆဲလ္ခြဲဂ်ယ္) ပါတဲ့ ဖန္ေခ်ာင္းထဲကို ထည့္ၿပီး ေသြးလွည့္တဲ့ စက္ထဲထည့္ပါတယ္။ Centrifuge စက္ထဲမွာ ၅ - ၁၀ မိနစ္ခန္႔လွည့္ၿပီးတဲ့အခါ ေသြးရည္ၾကည္(PRP) သပ္သပ္၊ မလိုအပ္ေတာ့တဲ့ ေသြးျဖဴဥ၊ ေသြးနီဥ သပ္သပ္စီ ျဖစ္သြားပါတယ္။ ရရွိလာတဲ့ Liquid Gold လို့တင္စားၾကတဲ့ PRP ကို လိုအပ္တဲ့ေနရာမွာ အသုံးျပဳၾကပါတယ္။


⁉️ အလွအပအတြက္ဘယ္လိုအေျခအေနေတြမွာကုသလို့ရပါသလဲ⁉️


- ဆံပင္ကၽြတ္၊ ဆံပင္ပါးသူမ်ား

- အမာရြတ္၊ခ်ိဳင့္ခြက္ရွိေသာသူမ်ား

- မ်က္ကြင္းညိဳ၊မ်က္တြင္းခ်ိဳင့္ေသာသူမ်ား

- တင္းတိတ္ရွိေသာသူမ်ား

- အေရးအေၾကာင္းအနည္းငယ္ရွိေသးသူမ်ား

- မ်က္ႏွာအသားအေရ Glow ခ်င္သူမ်ား

- ေခၽြးေပါက္က်ယ္ေသာသူမ်ား


‼️PRPေသြးရည္ၾကည္ကုထုံးကုသနည္း‼️

💉💉💉

- ပထဆုံး မ်က္ႏွာတစ္ျပင္လုံးကို ထုံေဆး (30-45)မိနစ္ခန္႔ လိမ္းထားမွာျဖစ္ပါတယ္။ လူတစ္ေယာက္ခ်င္းစီရဲ့ ခံနိုင္ရည္ေပၚမူတည္ၿပီး နာက်င္မွု အနည္းအမ်ားရွိတတ္ပါတယ္။ ဒါေပမယ့္ ထုံေဆးလိမ္းေပးထားတဲ့အတြက္ နာက်င္မွု မရွိသေလာက္ပါပဲ။


✨PRP & Dermapen (Microneedling)✨


- Microneedling နည္းလို့ေခၚတဲ့ ေသးငယ္တဲ့ အပ္ေလးေတြပါတဲ့ tip ေလးကို Dermapen လို့ေခၚတဲ့ စက္ကေလးတစ္ခုမွာ တပ္ဆင္ၿပီး မ်က္ႏွာျပင္အႏွံ့  ပြတ္ေပးျခင္းျဖင့္ Collagen အသစ္ျဖစ္ေစျခင္း၊အေရျပားေခ်ာေမြ႕လာေစျခင္း၊အသားအေရညီညာလာေစျခင္း၊ တင္းရင္ေစျခင္း အက်ိဳးေက်းဇူးေတြ ျဖစ္လာပါတယ္။

- Dermapen နဲ႔ အတူ က်ေနာ္တို့ ခုနက ရလာတဲ့ ေသြးရည္ၾကည္ကို အေရျပားထဲ စိမ့္ဝင္ေအာင္ ထည့္သြင္းပါတယ္။ လိုအပ္တဲ့ေနရာ (ဥပမာ- ခ်ိဳင့္ခြက္၊ေခၽြးေပါက္၊တင္းတိတ္၊အေရးအေၾကာင္း) ရွိတဲ့ေနရာမ်ိဳးကိုေတာ့ ေသးငယ္တဲ့ အပ္နဲ႔ အနည္းစီ ထိုးပါတယ္။

- ကုသမွုခံယူတဲ့အခ်ိန္ ေသြးအနည္းငယ္ထြက္ျခင္းနဲ႔ နီျမန္းျခင္းခံစားရမွာျဖစ္ပါတယ္။

- မ်ားေသာအားျဖင့္ ကုသၿပီး ၅ - ၇ ရက္ခန္႔ မ်က္ႏွာ အနည္းငယ္ နီျမန္းတတ္ပါတယ္။


✨PRP & eCO2 Fractional Laser✨


- Fractional Laser ဆိုတာ ေလဆာနဲ႔ က်ေနာ္တို့ အေရျပားလႊာကို အသစ္တဖန္ ေမြးဖြားေပးတဲ့ Resurfacing ကုသမွုတစ္ခုပါ။ Microneedling အဆင့္ေနရာမွာ အစားထိုး အသုံးျပဳၾကပါတယ္။ Fractional Resurfacing လုပ္ေပးျခင္းျဖင့္ 

✔️ အေရးအေၾကာင္းမ်ားသက္သာေစျခင္း

✔️ ေနေလာင္စက္၊မွဲ႕ေျခာက္၊age-spots မ်ားကို ေလ်ာ့ခ်ေပးျခင္း

✔️ အသားအေရမညီညာတာညႇိေပးျခင္း

✔️ Collagen မ်ားပြားေစၿပီး အသားအေရ တင္းရင္းေစျခင္း

✔️ ခ်ိဳင့္ခြက္၊အမာရြတ္မ်ားကို ျပန္လည္ ျပည့္တင္းေစျခင္း၊

✔️ အသားညစ္ျခင္းကို ေပ်ာက္ၿပီး အသားႏုပ်ိဳေခ်ာေမြ႕ေစျခင္း စတဲ့ Results ေတြရရွိေစပါတယ္။


- Laser ပစ္ၿပီး ၂ - ၃ နာရီခန္႔ မ်က္ႏွာအနည္းငယ္ ေရာင္ရမ္းၿပီး ပူစပ္ပူစပ္ေလး ခံစားရပါတယ္။ ေနာက္ရက္အနည္းငယ္အတြက္ Laser ပစ္ထားတဲ့ေနရာေလးေတြက ဇကာကြက္ကေလးေတြလို မည္းလာပါတယ္။ ပုံမွန္အားျဖင့္ Skin ကြာရန္ ၁ပတ္-၂ပတ္ခန္႔ ၾကာပါတယ္။ ၃ပတ္ - ၄ပတ္ခန္႔မွ အနည္းငယ္ နီးျမန္ေနတတ္ပါတယ္။


⁉️Microneedling နဲ႔ Fractional Laser ဘယ္ကုထုံးကပိုသိသာပါသလဲ⁉️


တစ္ေယာက္နဲ႔တစ္ေယာက္လိုအပ္ခ်က္ေပၚမူတည္ၿပီး ေရြးခ်ယ္နိုင္ပါတယ္။ Fractional Laser က Microneedling ထက္စာလၽွင္ အနည္းငယ္ မဆိုသေလာက္ နာက်င္မွုေလး ခံစားရမွာပါ။ အသားအေရGlow ခ်င္ၿပီး တင္းရင္းခ်င္သူေတြကေတာ့ Microneedling နဲ႔ လုံေလာက္ပါတယ္။


ခ်ိဳင့္ခြက္၊ ေနေလာက္အမဲစက္၊ မွဲ႕ေျခာက္၊ ေခၽြးေပါက္က်ယ္၊ အေရးအေၾကာင္းထင္း ေနသူမ်ားကေတာ့ Fractional Laser က ပိုၿပီး သိသာတဲ့ result ကို ရပါတယ္။ အသားအေရ Glow ခ်င္သူမ်ားက တႀကိမ္နဲ႔ သိသာတဲ့ result ကိုရပါတယ္။ တျခားအေျခအေနဆိုရင္ေတာ့ ၄ - ၆ ပတ္ျခားၿပီး ကုသမွု ခံယူရပါမယ္။


⁉️ ေသြးရည္ၾကည္ကုထုံးကဘယ္ေလာက္ၾကာရွည္ခံပါသလဲ⁉️


ပုံမွန္မ်ားေသာအားျဖင့္အသားအေရ Glow ခ်င္သူက တစ္ႀကိမ္ျပဳလုပ္ၿပီး ထိန္းသိမ္းဂ႐ုစိုက္မွု ေပၚမူတည္ၿပီး ၆လ မွ ၁ႏွစ္ ဝန္းက်င္ၾကာရွည္ခံပါတယ္။ အိုမင္းရင့္ေရာ္ျခင္းက မတားနိုင္ဘဲ သဘာဝအေလ်ာက္ျဖစ္တည္ေနတဲ့အတြက္ ၆ လ တစ္ႀကိမ္ ကုထုံးခံယူမယ္ဆို ပိုၿပီး အဆင္ေျပပါတယ္။

- ေသြးအားနည္းသူမ်ား/ေသြးေရာဂါတမ်ိဳးမ်ိဳး ရွိသူမ်ား

- ကင္ဆာေရာဂါ ရွိသူမ်ား

- နာတာရွည္အေရျပားေရာဂါရွိသူမ်ား

- ေဆးလိပ္၊အရက္၊မူးရစ္ေဆးဝါး အလြန္အက်ဴး သုံးစြဲသူမ်ား တြင္ Result မသိသာတာမ်ိဳး ရွိနိုင္ပါတယ္။


‼️ေသြးရည္ၾကည္ကုထုံးနဲ႔ပတ္သတ္ၿပီးေဆာင္ရန္ေရွာင္ရန္အခ်က္မ်ား‼️


- ေသြးက်ဲေဆး၊ အကိုက္အခဲေပ်ာက္ေဆးပုံမွန္ေသာက္ေနရသူမ်ား (ကုထုံးမယူခင္ ၁ပတ္ခန္႔ ေရွာင္ေပးပါရန္)

- ကုသမွုခံယူၿပီး ေဆးခန္းမွေပးေသာ ေသာက္ေဆး၊လိမ္းေဆးမ်ား မွာၾကားသည့္အတိုင္း ပုံမွန္ေသာက္ေပး၊လိမ္းေပးရန္။

- ေလဆာပစ္ၿပီး၂၄ နာရီ ေရမထိပါရန္။

- ပထမ ၃ရက္ခန္႔တြင္ မ်က္ႏွာကို ေရနဲ႔မ်က္ႏွာသစ္ေဆး မသုံးဘဲ အနံ့မပါေသာ Wet Tissues နဲ႔ ခပ္ဖြဖြေလး သုတ္ေပးပါရန္။

- ၄ရက္ေျမာက္ေန႔တြင္ မ်က္ႏွာသစ္ဆပ္ျပာနဲ႔ စသစ္ၾကည့္ၿပီး မစပ္တဲ့ Alcohol မပါတဲ့ Skin care မ်ား သုံးနိုင္ပါတယ္။

- ေဆးလိပ္၊ အရက္၊ ဘီယာ၊ ေခၽြးထုတ္ခန္း၊ Gym အျပင္းအထန္ေဆာ့ျခင္းကို ၃ - ၅ ရက္ခန္႔ ေရွာင္ေပးပါရန္။

- ေနေရာင္တိုက္ရိုက္ထိျခင္းမွ ၁ပတ္ခန္႔ေရွာင္ေပးရပါမယ္။ Sunblock လိမ္းၿပီးမွသာ အျပင္ထြက္ပါရန္။

- အေရျပားေဟာင္းမ်ားကြာလာတဲ့အခါ လက္နဲ႔ဆြဲမခြာရန္။

- အေရျပားေဟာင္းမ်ား အားလုံးကြာၿပီးလၽွင္ မိတ္ကပ္ လိမ္းနိုင္ပါတယ္။




                    🥰🥰🥰🥰🥰


ကဲ… ဒီေလာက္ဆို ေသြးရည္ၾကည္ရဲ့ အလွအပက်န္းမာေရးအတြက္ အသုံးဝင္ပုံေလးေတြ သိသြားမယ္ထင္ပါတယ္။ တျခားသိခ်င္တာေလးေတြရွိရင္လည္း က်ေနာ့္အႀကံေပးနိုင္ပါတယ္။ အတက္နိုင္ဆုံး ႀကိဳးစားၿပီး Post ေရးသြားေပးပါ့မယ္။


စာဖတ္သူအားလုံး က်န္းမာလွပၿပီး မိမိကိုယ္မိမိ ယုံၾကည္မွုတိုးၾကပါေစ။


𝙻𝚎𝚝 𝚖𝚎 𝚝𝚊𝚔𝚎 𝚌𝚊𝚛𝚎 𝚘𝚏 𝚢𝚘𝚞𝚛 𝙱𝚎𝚊𝚞𝚝𝚢 & 𝙻𝚒𝚏𝚎!

🥰With Loves🥰

Dʀ.Yᴇʟʟ


#charminglifewithdryell #acneproneskin

#acneface #beautytips #lifestyletips #skincaretips #acnetips #healthyfoods #healthydrinks  #PRP #prpfacial #prpmicroneedling #acnescartreatment

No comments: