Friday, November 6, 2020

ဘဲသားဆီပြန် - ပုစွန်အစိမ်းသုပ် - ပဲကြီးဟင်းချို

ဘဲသားဆီပြန် - ပုစွန်အစိမ်းသုပ် - ပဲကြီးဟင်းချို


ဘဲသားဆီပြန်ဟင်း




ပါဝင်သောပစ္စည်းများ

ဘဲသား ၅၀ကျပ်သား၊ ဆီ ၁၀ကျပ်သား၊ ကြက်သွန်နီ ဥကြီး ၆လုံး၊ ကြက်သွန်ဖြူ ၅လုံး၊ ချင်း လက်တစ်ဆစ်၊ ငရုတ်သီး ၇တောင့်၊ ငံပြာရည် ကြွေဇွန်း ၂ဇွန်း၊ ပဲငံပြာရည် ကြွေဇွန်း ၂ဇွန်း၊ ဆား အနည်းငယ်။


ပြင်ဆင်ပုံ

ဘဲသားကို သေးသေးတုံး၍ ရေစင်အောင်ဆေးထားပါ။ ဆီ၊ ဆားနှင့် ငံပြာရည်နှစ်မျိုးတို့ကိုထည့်ပါ။ ဘဲသားကို နာနာနယ်ပါ။ ကြက်သွန်ဖြူ-နီ၊ ချင်း၊ ငရုတ်တို့ကို ညက်အောင်ထောင်းထားပါ။


ချက်ပြုတ်ပုံ

ရေမထည့်ဘဲ အဖုံးအုပ်၍ မီးဖိုတွင် တငွေ့ငွေ့တည်ထားပါ။ ရေခြောက်လျှင် အသားမြှုပ်ရုံရေထည့်၍နှပ်ပါ။

ဘဲသားသည် အရေခန်း၍ ကျက်လောက်သည်ထင်လျှင် အသားနူး မနူးသိရအောင်မြည်း၍ ရေထပ်ထည့်ပါ။

အသားနူးမြည့်သောအခါ ငရုတ်သီး၊ ကြက်သွန်ထောင်းပြီးသားတို့ကိုထည့်၍ မွှေပေးပါ။ ဆီပြန်လျှင်ချ၍ သုံးဆောင်နိုင်ပါသည်။


ပုစွန်အစိမ်းသုပ်





ပါဝင်သောပစ္စည်းများ

ပုစွန်ထုပ် (ခေါင်းမပါ) ၁၀ကောင်၊ ကြက်သွန်နီ ၅လုံး၊ သံပရာသီး ၂လုံး၊ ဆား/ဟင်းခတ်မှုန့် အနည်းငယ်၊ နံနံပင်၊ငံပြာရည်၊ငရုတ်သီးစိမ်း အနည်းငယ်၊ ခရမ်းချဉ်သီး ၃လုံး၊ ကြက်သွန်မြိတ် ၁စည်း။


ပြင်ဆင်ပုံ

ပုစွန်ထုပ်များကို အခွံသင်ပါ။ ထို့နောက် သံပရာသီးညှစ်၍နယ်ပြီး နာရီဝက်စိမ်ထားပါ။ 

ပုစွန်ထုပ်များကို အတုံးသေးတုံးပြီး လှီးထားပါ။ ကြက်သွန်နီ၊ ခရမ်းချဉ်သီး၊ နံနံပင်၊ ငရုတ်သီးစိမ်းပါးပါးလှီးထားပါ။


ပြုလုပ်နည်း

ပန်းကန်ပြားထဲသို့ အတုံးသေးတုံးထားသော ပုစွန်များထည့်ပါ။ ပြီးလျှင် ကြက်သွန်နီ၊ ခရမ်းချဉ်သီး၊ဆား၊ဟင်းခတ်မှုန့်၊ ငံပြာရည် အနည်းငယ်တို့ထည့်၍သုပ်ပါ။

နံနံပင်အုပ်၍ သုံးဆောင်နိုင်ပါသည်။ ငရုတ်သီးစိမ်းထည့်သုပ်စားပါက ပိုပြီးစားကောင်းပါသည်။


ပဲကြီးဟင်းချို




ပါဝင်သောပစ္စည်းများ

ပဲကြီး ၂၀ကျပ်သား၊ ဆား သင့်ရုံ၊ ဆီ စတီးဇွန်း ၁ဇွန်း၊ နနွင်း အနည်းငယ်၊ ရေ ဟင်းချိုပန်းကန်လုံး ၃လုံးစာ၊


ပြင်ဆင်ပုံ

ပဲကြီးကို အခွံချွတ်၍ေရေဆေးထားပါ။


ချက်ပြုတ်ပုံ

အိုးထဲတွင် ပဲကြီးကိုထည့်ပါ။ နနွင်း၊ ဆီနှင့် ရေထည့်ပြီး အဖုံးအုပ်၍ မီးဖိုပေါ်တည်ပါ။

ဆူလျှင် အဖုံးဖွင့်ထားပါ။ ဆက်ဆူအောင်ထားပါ။ 

ပဲကြီးနူးလျှင် ဆားထည့်ပါ။ ရေလိုအပ်လျှင် ရေနွေးနည်းနည်းထပ်ထည့်ပြီး ဆက်တည်ထားပါ။

ပွက်ပွက်ဆူလျှင် အပေါ့၊ အငန်မြည်း၍ သုံးဆောင်ပါ။


(Zawgyi) 

ဘဲသားဆီျပန္ - ပုစြန္အစိမ္းသုပ္ - ပဲၾကီးဟင္းခ်ိဳ

ဘဲသားဆီျပန္ဟင္း




ပါ၀င္ေသာပစၥည္းမ်ား

ဘဲသား ၅၀က်ပ္သား၊ ဆီ ၁၀က်ပ္သား၊ ၾကက္သြန္နီ ဥၾကီး ၆လံုး၊ ၾကက္သြန္ျဖဴ ၅လံုး၊ ခ်င္း လက္တစ္ဆစ္၊ ငရုတ္သီး ၇ေတာင့္၊ ငံျပာရည္ ေၾကြဇြန္း ၂ဇြန္း၊ ပဲငံျပာရည္ ေၾကြဇြန္း ၂ဇြန္း၊ ဆား အနည္းငယ္။

ျပင္ဆင္ပံု

ဘဲသားကို ေသးေသးတံုး၍ ေရစင္ေအာင္ေဆးထားပါ။ ဆီ၊ ဆားႏွင့္ ငံျပာရည္ႏွစ္မ်ိဳးတို႔ကိုထည့္ပါ။ ဘဲသားကို နာနာနယ္ပါ။ ၾကက္သြန္ျဖဴ-နီ၊ ခ်င္း၊ ငရုတ္တို႔ကို ညက္ေအာင္ေထာင္းထားပါ။

ခ်က္ျပဳတ္ပံု

ေရမထည့္ဘဲ အဖံုးအုပ္၍ မီးဖိုတြင္ တေငြ႕ေငြ႕တည္ထားပါ။ ေရေျခာက္လွ်င္ အသားျမွဳပ္ရံုေရထည့္၍ႏွပ္ပါ။

ဘဲသားသည္ အေရခန္း၍ က်က္ေလာက္သည္ထင္လွ်င္ အသားႏူး မႏူးသိရေအာင္ျမည္း၍ ေရထပ္ထည့္ပါ။

အသားႏူးျမည့္ေသာအခါ ငရုတ္သီး၊ ၾကက္သြန္ေထာင္းျပီးသားတို႔ကိုထည့္၍ ေမႊေပးပါ။ ဆီျပန္လွ်င္ခ်၍ သံုးေဆာင္ႏိုင္ပါသည္။


ပုစြန္အစိမ္းသုပ္




ပါ၀င္ေသာပစၥည္းမ်ား

ပုစြန္ထုပ္ (ေခါင္းမပါ) ၁၀ေကာင္၊ ၾကက္သြန္နီ ၅လံုး၊ သံပရာသီး ၂လံုး၊ ဆား/ဟင္းခတ္မႈန္႔ အနည္းငယ္၊ နံနံပင္၊ငံျပာရည္၊ငရုတ္သီးစိမ္း အနည္းငယ္၊ ခရမ္းခ်ဥ္သီး ၃လံုး၊ ၾကက္သြန္ျမိတ္ ၁စည္း။

ျပင္ဆင္ပံု

ပုစြန္ထုပ္မ်ားကို အခြံသင္ပါ။ ထို႔ေနာက္ သံပရာသီးညွစ္၍နယ္ျပီး နာရီ၀က္စိမ္ထားပါ။ 

ပုစြန္ထုပ္မ်ားကို အတံုးေသးတံုးျပီး လွီးထားပါ။ ၾကက္သြန္နီ၊ ခရမ္းခ်ဥ္သီး၊ နံနံပင္၊ ငရုတ္သီးစိမ္းပါးပါးလွီးထားပါ။

ျပဳလုပ္နည္း

ပန္းကန္ျပားထဲသို႔ အတံုးေသးတံုးထားေသာ ပုစြန္မ်ားထည့္ပါ။ ျပီးလွ်င္ ၾကက္သြန္နီ၊ ခရမ္းခ်ဥ္သီး၊ဆား၊ဟင္းခတ္မႈန္႔၊ ငံျပာရည္ အနည္းငယ္တို႔ထည့္၍သုပ္ပါ။

နံနံပင္အုပ္၍ သံုးေဆာင္ႏိုင္ပါသည္။ ငရုတ္သီးစိမ္းထည့္သုပ္စားပါက ပိုျပီးစားေကာင္းပါသည္။


ပဲၾကီးဟင္းခ်ိဳ




ပါ၀င္ေသာပစၥည္းမ်ား

ပဲၾကီး ၂၀က်ပ္သား၊ ဆား သင့္ရံု၊ ဆီ စတီးဇြန္း ၁ဇြန္း၊ နႏြင္း အနည္းငယ္၊ ေရ ဟင္းခ်ိဳပန္းကန္လံုး ၃လံုးစာ၊

ျပင္ဆင္ပံု

ပဲၾကီးကို အခြံခၽြတ္၍ေေရေဆးထားပါ။

ခ်က္ျပဳတ္ပံု

အိုးထဲတြင္ ပဲၾကီးကိုထည့္ပါ။ နႏြင္း၊ ဆီႏွင့္ ေရထည့္ျပီး အဖံုးအုပ္၍ မီးဖိုေပၚတည္ပါ။

ဆူလွ်င္ အဖံုးဖြင့္ထားပါ။ ဆက္ဆူေအာင္ထားပါ။ 

ပဲၾကီးႏူးလွ်င္ ဆားထည့္ပါ။ ေရလိုအပ္လွ်င္ ေရေႏြးနည္းနည္းထပ္ထည့္ျပီး ဆက္တည္ထားပါ။

ပြက္ပြက္ဆူလွ်င္ အေပါ့၊ အငန္ျမည္း၍ သံုးေဆာင္ပါ။


No comments: