Tuesday, September 3, 2019

REDMI NOTE 8 PRO


HOMENEWS64MP CAMERA နဲ့ MEDIATEK HELIO G90T အသုံးပြုထားပြီး မြန်မာငွေ 3 သိန်းဝန်းကျင်သာ ကျသင့်မဲ့ REDMI NOTE 8 PRO



By Aung Khant Min

[Zawgyi]



Redmi Note 8 Pro

Redmi Note 8 Pro က တော့ မထွက် ခင်ထဲက တော်တော်လေး Hype ဖြစ်နေတာပါ ဘာကြောင့်လဲ ဆိုတော့ သူ့ရဲ့ 64 MP Camera ကြောင့်ပါပဲ တခြား Spec တွေကို တစ်ချက် ဆက်ကြည့်ကြတာပေါ့

ဈေးနှုန်းတွေကို စတင်ဖော်ပြပေးပါမယ်






Processor အနေနဲ့ကတော့ Helio G90T ကိုအသုံးပြုပေးထားတယ် RAM ကတော့ 8 GB နဲ့ 6 GB ကို ရွေးချယ်နိုင်မယ် Storage ကတော့ 64 GB နဲ့ 128 GB ကို ရွေးချယ်နိုင်မှာပါ Storgae ကို ထပ်တိုးဖို့ကတော့ MicroSD ကဒ် ထပ်စိုက်လို့ရပါတယ် Fingerprint sensor က Redmi Note 8 Pro/ Redmi Note 8 နှစ်ခု လုံး က ကျောဘက်မှာပဲပါဝင်ပါတယ်






Redmi Note 8

Redmi Note 8 Pro နဲ့ Design ပိုင်းအရ တူညီမှု မရှိဘူး Redmi Note 8 ရဲ့ ဈေးနှုန်းတွေကို ဖော်ပြပေးပါမယ်











[Unicode]

Redmi ကတော့ သူတို့ရဲ့ ပထမဆုံး နာမည်ကြီးခဲ့တဲ့ Redmi Note 7 Series ရဲ့ မျိုးဆက်သစ်တစ်ခုဖြစ်တဲ့ Redmi Note 8 Series ကိုတရားဝင်မိတ်ဆက်လိုက်ပါပြီ Redmi Note 8 Series မှာတော့ Redmi Note 8 Pro နဲ့ Redmi Note 8 တို့ပါဝင်ပါတယ် ဒီ Series ရဲ့ ထူးခြားချက်တစ်ခုက အရင် တုန်းက Redmi K20 Series လိုမျိုး Pro နဲ့ ရိုးရိုး Model က Design မတူ ပါဘူး တစ်ခြားစီပါပဲ

Redmi Note 8 Pro

Redmi Note 8 Pro က တော့ မထွက် ခင်ထဲက တော်တော်လေး Hype ဖြစ်နေတာပါ ဘာကြောင့်လဲ ဆိုတော့ သူ့ရဲ့ 64 MP Camera ကြောင့်ပါပဲ တခြား Spec တွေက်ို တစ်ချက် ဆက်ကြည့်ကြတာပေါ့

စျေးနှုန်းတွေကို စတင်ဖော်ပြပေးပါမယ်

6 GB RAM + 64 GB storage – 1,399 Yuan (~$195) ( မြန်မာငွေ 3 သိန်း ဝန်းကျင်)

6 GB RAM + 128 GB storage – 1,599 Yuan (~$223) ( မြန်မာငွေ 3 သိန်း 3 သောင်း ဝန်းကျင်)

8 GB RAM + 128 GB storage – 1,799 Yuan (~$251) ( မြန်မာငွေ 3 သိန်း 8 သောင်း ဝန်းကျင်)

Display ပိုင်းကို စပြောရမယ်ဆိုရင် LCD Panel ကိုပဲ သုံးပေးထားတယ် Size ကတော့ 6.5 inch ရှိုပြီးတော့ Resolution ကတော့ 1080 x 2340 pixels ရှိတဲ့ Full HD+ ပါဝင်တယ် Notch ကတော့ Waterdrop Notch ကို ဆက်လက်အသုံးပြုပေးထားတယ် သူ့ရဲ့ Display က TUV Rheinland certification ရရှိထားပြီးတော့ မျက်လူံးကို ထိခိုက်စေနိုင်တဲ့ Blue Ray တွေကို လျော့ချပေးနိုင်မယ်လို့ဆိုပါတယ် အကြမ်းခံနိုင်ဖို့ကတော့ Gorilla Glass 5 ကိုပဲ အသုံးပြုပေးထားပါတယ် Screen to Body Ratio က တော့ 91.4% အထိရှိပါတယ်

Processor အနေနဲ့ကတော့ Helio G90T ကိုအသုံးပြုပေးထားတယ် RAM ကတော့ 8 GB နဲ့ 6 GB ကို ရွေးချယ်နိုင်မယ် Storage ကတော့ 64 GB နဲ့ 128 GB ကို ရွေးချယ်နိုင်မှာပါ Storgae ကို ထပ်တိုးဖို့ကတော့ MicroSD ကဒ် ထပ်စိုက်လို့ရပါတယ်

Redmi Note 8 Pro ရဲ့ ကင်မရာ Design က Redmi K20 နဲ့ ခပ်ဆင်ဆင် ပုံစံရှိတယ် Camera က Quad Camera ပါဝင်တယ် Main Camera ကတော့ 64 MP Camera ကိုအသုံးပြုပေးထားတယ် Ultra Wide Lens ကတော့ 8 MP ဖြစ်ပြီးတော့ Macro Lens နဲ့ Depth Sensor ကတော့ 2 MP စီနဲ့ပါ 64 MP Camera ကတော့ Samsung ရဲ့ ISOCELL Bright GW1 sensor ပါ ဒီ Camera က Pixel Size က 1.6micron ရှိုပီးတော့ 9248 x 6936 pixels ရှိတဲ့ Resolution ရှိတဲ့ ပုံတွေကို ရိုက်ကူးနိုင်မှာပါ Slowmotion Video တွေကိုလည်း 960fps ထိရိုက်ကူးနိုင်မဲ့ Feature တွေပါဝင်လာပါတယ် Selfie Camera ကတော့ 20 MP ပါဝင်ပါတယ်

Battery ကတော့ 4500 mAh ပါဝင်ပြီးတော့ Fast Charging ကတော့ 18 W ထိ Support ပြုလုပ်ပေးမှာပါ Gaming ပိုင်းကိုလည်း အားစိုက်ထားတာကြောင့် Liquid Cooling လို Feature တွေပါဝင်ပါတယ် Android 9 အပေါ်မှာ အခြေခံထားတဲ့ MIUI 10 ကိုသုံးပေးထားတယ် Gmaing ပိုင်းမှာ ပိုကောင်းစေဖို့ MediaTek ရဲ့ Game Turbo 2.0 နဲ့ HyperEngine တွေလည်းပါဝင်ပါတယ် အခြား Feature တွေ အနေနဲ့ NFC, IR blaster, dual 4G VoLTE, Wi-Fi 802.11ac, GPS, USB-C, 3.5mm audio jack တွေပါဝင်ပါတယ် Redmi Note 8 Pro အတွက်က $25 ( မြန်မာငွေ ၄ သောင်း ဝန်းကျင်) ရှိတဲ့ Game Contoller ကို ရောင်းချပေးပါသေးတယ် Redmi note 8 Pro အတွက် Warcraft edition ထပ်ထွက်ပါသေးတယ်

Redmi Note 8

Redmi Note 8 Pro နဲ့ Design ပိုင်းအရ တူညီမှု မရှိဘူး Redmi Note 8 ရဲ့ စျေးနှုန်းတွေကို ဖော်ပြပေးပါမယ်

4 GB RAM + 64 GB storage – 999 Yuan (~$139) ( မြန်မာငွေ 2 သိန်း ဝန်းကျင်)

6 GB RAM + 64 GB storage – 1,199 Yuan (~$167) ( မြန်မာငွေ 2 သိန်း 5 သောင်း ဝန်းကျင်)

6 GB RAM + 128 GB storage – 1,399 Yuan (~$195) ( မြန်မာငွေ 3 သိန်း ဝန်းကျင်)

Redmi Note 8 မှာတော့ Waterdrop Notch ကိုပဲ ဆက်ပြီး အသုံးပြုပေးထားတယ် Chin ကတော့ Redmi Note 8 Pro ထက် ပိုထူတယ် သူ့မှာထူးဆန်းတာက Redmi ဆိုတဲ့ စာတန်းလေးက အောက်ဘက်က Chin မှာထည့်ပေးထားပါ Screen to Body Ratio ကတော့ 90% ရှိပါတယ်

Processor အနေနဲ့က တော့ Snapdragon 665 ကိုပဲသူံးပေးထားတယ် RAM ကတော့ 6GB နဲ့ Storage ကတော့ 128 GB ကိုရွေးချယ်နိုင်မှာပါ Battery အနေနဲ့ကတော့ 4000 mAh ပါဝင်ပြီးတော့ 18 W.Fast Chrge စနစ်ကို Support ပြုလုပ်ပါတယ်

Camera ကတော့ Quad Camera ကင်မရာ လေးလုံးပါဝင်တယ် သူ့ရဲ့ Main Camera ကတော့ Sony IMX586 Sensor ကိုအသူံးပြုထားတဲ့ 48 MP နဲ့ပါ ကျန်တဲ့ ကင်မရာ သုံးလုံးကတော့ Redmi Note 8 Pro နဲ့တူတူပါပဲ Front Camera ကတော့ 13 MP ပါဝင်ပါတယ်

Redmi Note 8 Pro ကတော့ September 3 ရက်နေ့မှာ စတင်ရောင်းချပေးမှာဖြစ်ပြီးတော့ Redmi Note 8 ကတော့ September 17 ရက်နေ့မှာ စတင်ရောင်းချမှာပါ

No comments: