Saturday, September 5, 2020

Legal abortion - “အေျဖရွာရခက္တဲ့ ပုစၧာ”

Legal abortion နဲ့ ပတ်သက်ပြီး လူ​ပြောပြန်များ​နေလို့ လွန်ခဲ့တဲ့ ၂ နှစ်​​ကျော်က ​ဆောင်းပါး​လေး ပြန်တင်​ပေးထားတာပါ။ အမျိုးသမီးများအ​ပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်​ရေး ဥပ​ဒေကြမ်းမှာ ဒါကို ခွင့်ပြုမယ် ​ပြောထား​​ပေမဲ့ လက်​တွေ့ လုပ်​​ဆောင်ဖို့မှာ အခက်အခဲ​တွေ ရှိ​​နေပါတယ်။ အဲ့လို အပ်ပ်ဒိတ်​တွေကို​တော့ အချိန်ရမှ Live ​တစ်ခု ​ပြော​ပေးပါမယ်။ စာနဲ့ဆို သိပ်ရှည်သွားမှာ စိုးလို့ပါ။ ​လော​​လောဆယ် ဒါ​လေး ဖတ်ကြည့်​ပေးပါခင်ဗျ။ ​ကျေးဇူးတင်ပါတယ်။


■ ■ ■ ■ ■ ■ ■




“အဖြေရှာရခက်တဲ့ ပုစ္ဆာ”

(ဖတ်ပြီးစဉ်းစားရန် ကြာချိန် ၁၂ မိနစ်)


၁။ အငြင်းပွါးရဆုံး ပြဿနာ


“ရည်းစားနဲ့ မတော်တဆ ကိုယ်ဝန်ရသွားလို့ပါ၊ အိမ်ကသိသွားရင် သတ်မှာ၊ သမီးကို ကူညီပါဦး ဆရာရယ်”


“အဓမ္မအကျင့်ခံရပြီး ကိုယ်ဝန်ရသွားတာလေ၊ ၃ ၄လလောက်ရှိရောပေါ့”


“ဆရာရယ်၊ ကျွန်မတို့အိမ်မှာ ခေါ်ထားတဲ့ ကောင်မလေးပါ၊ သူ့ရည်းစားနဲ့ ကိုယ်ဝန်ရပြီး ဟိုအကောင်က ဘယ်ရောက်သွားမှန်း မသိဘူး၊ အိမ်ထောင်ရှိတယ်လို့လည်း ကြားတယ်၊ ဘယ်လိုလုပ်ရမှန်းလည်း မသိတော့ပါဘူး”


ဒါတွေကတော့ မျိုးဆက်ပွါးကျန်းမာရေးလုပ်ငန်းလုပ်တဲ့သူတွေ မကြာခဏ ကြားရတတ်တဲ့ အသံတွေပဲ ဖြစ်ပါတယ်။ ခပ်ငယ်ငယ်ကတော့ ဒါတွေ ကိုယ့်လာပြောရင် စော်ကားနေသလိုပဲ။ စိတ်မဆိုးပါဘူးဆိုတောင် ခပ်ပြတ်ပြတ်ပဲ ပြောလွှတ်လိုက်တယ်။ နောက်တော့ သူတို့ရဲ့ အခက်အခဲတွေ နည်းနည်းလေး မြင်တတ်လာတယ်။ ကျွန်တော်တို့ ထင်သလောက် မရိုးရှင်းဘူးဆိုတာ သဘောပေါက်လာတယ်။


တကယ်တော့ ဒီပြဿနာတွေမှာ အကြောင်းရင်းခံတွေ အများကြီးရှိတယ်။ မိန်းကလေးတွေ ပညာမတတ်တာ၊ မျိုးဆက်ပွါးကျန်းမာရေးအသိပညာတွေ ပေးမထားတာ၊ သားဆက်ခြားဝန်ဆောင်မှုတွေ လက်လှမ်းမမီတာ စသဖြင့်ပေါ့။


ပြဿနာကို ပိုကြီးစေတဲ့ ကိစ္စတွေလည်း ရှိသေးတယ်၊ ဥပမာဆို ပတ်ဝန်းကျင်က ခံရသူကို ပိုပြီး ကဲ့ရဲ့တတ်တာတွေ၊ ဥပဒေတွေမှာ ကျားမရေးရာအမြင်နဲ့ ရေးဆွဲထားမှု၊ လက်တွေ့ကျင့်သုံးမှု အားနည်းနေတာတွေ။ 


အဲဒီအပြင် လူထုရဲ့အမြင်၊ ကိုယ့်ရဲ့ယဉ်ကျေးမှု၊ ဘာသာရေးယုံကြည်မှုတွေ စသဖြင့် ထည့်စဉ်းစားရမှာတွေလည်း ရှိပါသေးတယ်။


ဒါကြောင့်လည်း ဒီပြဿနာဟာ ကမ္ဘာပေါ်မှာ အငြင်းပွါးရဆုံး Controversial issue တစ်ခု ဖြစ်နေတာပါ။


၂။ ဝတ္ထုနှစ်ပုဒ်


ပထမစာအုပ်က ဆရာမဂျူးရဲ့ ကြယ်ကြွေတို့ရဲ့ အတောင်ပံ။ 


ဆယ်ကျော်သက်အရွယ်မှာ အဓမ္မအကျင့်ခံလိုက်ရတဲ့ ကောင်မလေးတစ်ယောက်အကြောင်း။ ကျွန်တော်တို့အသိုင်းအဝိုင်းရဲ့ ထုံးစံအတိုင်း ပြုကျင့်သွားသူထက် ခံရသူကို ပိုအပြစ်တင်တယ်။ ကာလသားတွေက ရိသဲ့သဲ့လုပ်တယ်။ ပြုကျင့်သွားတဲ့သူက အိမ်ထောင်ရှိတော့ သူ့လက်ရှိမိန်းမက ဒီကောင်မလေးကို လင်ခိုးမဆိုပြီး စွပ်စွဲတယ်။ အမေဖြစ်သူကလည်း သမီးအတွက် ရှက်လို့မဆုံးဘူးပေါ့။


ဒီလိုနဲ့ ရွာမှာ ဆက်မနေနိုင်တော့တဲ့အဆုံး ထွက်ပြေးတယ်။ ဒါပေမယ့် ဒီကိုယ်ဝန်ကိုရအောင် မွေးတယ်။ အဲဒီကလေးက ကြီးလာတော့ ဆရာဝန်တစ်ယောက် ဖြစ်လာခဲ့တယ်။ သူ့အမေက ဘာမှဖုံးကွယ်မထားဘူး။ ငယ်ငယ်ကတည်းက အကုန်ပြောပြထားတယ်။ သူ့ကို ဘယ်လိုကိုယ်ဝန်ဆောင်လာတဲ့အကြောင်းတွေပေါ့။ နောက်ဆုံး သူတို့သားအမိ ရွာပြန်သွားတယ်။ ရွာက အရင်အတိုင်းပဲ။ သူ့ကို အဓမ္မကျင့်ခဲ့သူလည်း ရှိသေးတယ်။ သူတို့အခြေအနေကတော့ တအားပြောင်းသွားပြီ။ ပိုက်ဆံလည်း ချမ်းသာနေသလို၊ သူ့သားကလည်း ဆရာဝန်ဖြစ်နေပြီ။ လွန်ခဲ့တဲ့နှစ်အစိတ်လောက်က ဝေဖန်ကဲ့ရဲ့သူတွေ အကုန်အသံတိတ်။ ပါးစပ်အဟောင်းသားနဲ့ အားတွေကျလို့။


နောက်တစ်အုပ်က ဆရာငြိမ်းကျော်ရဲ့ အပြာရောင်သစ်ခွပွင့်ရဲ့ သမိုင်းအစ။


ဒါကတော့ အယုံကြည်လွန်ပြီး ပုံအပ်လိုက်တာ၊ ချစ်သူက ရှောင်ပြေးသွားလို့ ကိုယ်ဝန်နဲ့ကျန်ခဲ့ရတဲ့ ကောင်မလေးရဲ့အကြောင်း။ ပတ်ဝန်းကျင်က ကဲ့ရဲ့တယ်။ ဒါပေမယ့် မိဘက သူ့ဘက်ကနေ ရပ်တည်ပေးတယ်။ ဒါ သမီးအမှားမဟုတ်ဘူး၊ သမီးရှက်ရမှာ မဟုတ်ဘူး၊ တာဝန်မယူတတ်တဲ့သူကသာ ရှက်ရမှာဆိုပြီး အိမ်ထောင်မကျသေးဘဲ ကိုယ်ဝန်ရသွားတဲ့ သမီးကို အားပေးတယ်။ ဗိုက်ဖုံးအကျီင်္ကအစ စက်ချုပ်ဆရာ အဖေက ကိုယ်တိုင်ချုပ်ပေးတယ်။ ကြာတော့ လူတွေလည်း မကဲ့ရဲ့နိုင်တော့ဘူး။ ဒီကောင်မလေးကို ပုံမှန်ကိုယ်ဝန်ဆောင်လို မြင်လာတယ်။ နောက်ဆုံး သူ့ရည်းစားက ပြန်ရောက်လာတယ်။ တောင်းပန်တယ်။ သူ့ကို လက်ထပ်ဖို့ ပြောတယ်။ ကောင်မလေးက ပြန်ဖြေလိုက်တယ်။ ကျွန်မချစ်တဲ့သူတွေ့ရင် လက်ထပ်ဦးမှာပါ တဲ့။ ဒါပေမယ့် သေချာတာကတော့ အသက်ရှင်နေသရွေ့ အဲဒီလူဟာ ရှင်မဖြစ်နိုင်တော့ဘူး တဲ့။


ဒီဝတ္ထုနှစ်ပုဒ်က မိန်းကလေးတွေရဲ့ ဘဝကို ရေးပြထားတယ်။ ခံရသူကို အပြစ်တင်တတ်တဲ့ ပတ်ဝန်းကျင်ရဲ့ ကဲ့ရဲ့မှုတွေ၊ မမျှတမှုတွေကို မီးမောင်းထိုးပြထားတယ်။ သတ္တိရှိရှိနဲ့ ကျော်ဖြတ်ပြလိုက်တဲ့အခါ အဲဒီပတ်ဝန်းကျင်ရဲ့အမြင်တွေ ပြောင်းကုန်တယ်ဆိုတာမျိုး ပြောပြသွားတယ်။


ဒါကြောင့် လေးစားရတဲ့ ဆရာတစ်ယောက်က ပြောဖူးတယ်။ It’s not the end of the world ကမ္ဘာကြီးပျက်သွားတာ မဟုတ်သေးပါဘူး တဲ့။


ဒီတစ်ခုတည်း အဖြေမဟုတ်ပါဘူး၊ တခြားဖြေရှင်းနည်းတွေ လုပ်လို့ရပါသေးတယ်၊၊ နောက်ပြီး နောင်တစ်ချိန်ကျ ဒါဟာ နောင်တရစရာ ဖြစ်လာနိုင်တယ် မဟုတ်လား၊၊


၃။ Pro-birth attitude


ကိုယ်ဝန်ဖျက်ချခြင်းနဲ့ ပတ်သက်ပြီး ဆွေးနွေးငြင်းခုန်ကြသူတွေကို လူအုပ်စုနှစ်စု ခွဲလို့ရတယ်။ Pro-life နဲ့ Pro-choice


သန္ဓေသားရယ်လို့ ဖြစ်လာရင် အသက်ရှင်သန်ပိုင်ခွင့်ရှိတယ်၊ သူ့ကို ဘယ်သူမှ ဖျက်ဆီးပိုင်ခွင့်မရှိဘူးလို့ ခံယူတဲ့သူတွေဟာ Pro-life attitude ရှိသူတွေ (ကိုဝေလရဲ့ လူဖြစ်ခွင့်ပေးပါ လိုမျိုး)။ 


တကယ်လို့ ကိုယ်ဝန်ရလာတဲ့အခါ ဒါကိုမွေးမယ် မမွေးဘူးဆိုတာဟာ အမျိုးသမီးရဲ့ရွေးချယ်ခွင့်ပဲလို့ ခံယူတယ်ဆိုရင်တော့ အဲဒါကို Pro-choice attitude လို့ခေါ်တယ်။ 


ဘယ်သူမှန်တယ်မှားတယ်ဆိုတာ ငြင်းမရဘူး။ ဒါပေမယ့် Joan Chittister ဆိုတဲ့ အမျိုးသမီးကြီးတစ်ယောက်က ထပ်ဖြည့်သွားတယ်။


အသက်ရှင်သန်ပိုင်ခွင့်ရှိတယ်လို့ ခံယူတာ မှန်ပါတယ်၊ ဒါပေမယ့် အဲဒီလိုခံယူပြီးရင်တော့ ကလေးကို ကောင်းကောင်းစောင့်ရှောက်နိုင်ဖို့လည်း ပြင်ဆင်ထားသင့်တယ်။ ကလေးကို မွေးရုံမွေးပြီး ကျွေးမွေးဖို့၊ ပညာသင်ဖို့၊ နေစရာပေးဖို့ စတဲ့ ကျန်တဲ့ ဘာတာဝန်ကိုမှ ယူမပေးနိုင်ဘူးဆိုရင်တော့ အဲဒါ Pro-life မဟုတ်ဘူး၊ Pro-birth attitude လို့ပဲ ခေါ်ရမှာပါတဲ့။ 


ပြင်းပြင်းထန်ထန်လေး သုံးနှုန်းရရင်တော့ အဲ့ဒါ တာဝန်မဲ့သော ချစ်ခြင်းပါပဲ။


၄။ အမေရိကန်မှာ ဘာကြောင့် မှုခင်းဖြစ်နှုန်းတွေ ကျဆင်းသွားခဲ့သလဲ


၁၉၇၀ ကျော်လောက်က မှုခင်းဖြစ်ပွါးမှုတွေ တအားများနေခဲ့ရာကနေ ၁၉၉၀ နောက်ပိုင်းလောက် ရောက်လာတဲ့အခါ ဖြစ်နှုန်းတွေ သိသိသာသာ ကျလာတယ်။ အဲဒီမှာတင် ပညာရှင်တွေလည်း အဖြေရှာကြရတယ်။ တိုင်းပြည်စီးပွါးရေးကောင်းလာလို့၊ အကျဉ်းထောင်တွေ ပိုအားကိုးလာရလို့၊ လက်နက်ဥပဒေတွေ တင်းကြပ်လိုက်လို့ စသဖြင့် ကောက်ချက်တွေ ထွက်လာတယ်။ အဲဒီထဲက စိတ်ဝင်စားစရာတွေ့ရှိချက်တစ်ခု ရှိတယ်။ ဘာလဲဆိုတော့ ကိုယ်ဝန်ဖျက်ချမှုကို တရားဝင်ခွင့်ပြုခဲ့ခြင်းရဲ့ အကျိုးဆက် ဆိုတာပဲ။


အမေရိကန်နိုင်ငံမှာ ၁၉၇၃ ခုနှစ် ဇန်နဝါရီလ ၂၂ ရက်နေ့မှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကိုယ်ဝန်ဖျက်ချခွင့် တရားဝင်ခွင့်ပြုခဲ့တယ်။ သဘောကတော့ ဒီနှစ်(၂၀)အတွင်းမှာ မိဘကတောင် မလိုချင်ဘဲနဲ့ လူ့လောကထဲ ရောက်လာတဲ့ကလေးတွေ၊ အသက်ရှင်ရုံကလွဲပြီး တခြား ဘာလူ့တန်ဖိုးမှ မရှိတဲ့ ကလေးတွေ ထပ်ပေါ်မလာတော့ဘူး ဆိုတဲ့သဘော။ အများအားဖြင့် မိဘစောင့်ရှောက်ခြင်းကို မခံရတဲ့၊ ပေတေလေလွင့်နေတဲ့ ဆယ်ကျော်သက်လူငယ်တွေဟာ မှုခင်းကျူးလွန်နိုင်ချေ များတယ်။ ဒီလိုကလေးတွေ နည်းသွားတာကြောင့် အမှုအခင်းတွေလည်း ကျဆင်းကုန်သတဲ့။


သူတို့ထပ်ပြတဲ့ အထောက်အထားကတော့ ကိုယ်ဝန်ဖျက်ချခွင့်ကို စောစောခွင့်ပြုခဲ့တဲ့ ပြည်နယ်တွေက မှုခင်းလျော့ကျတာ ပိုပြီးစောသလို၊ ဒီနှစ်တွေမှာ ကိုယ်ဝန်အများဆုံးဖျက်ချခဲ့တဲ့ ပြည်နယ်တွေကလည်း မှုခင်းလျော့ကျမှုအများဆုံး ဖြစ်နေတာပါပဲ။


စိတ်ဝင်စားစရာမို့ ထည့်ရေးလိုက်ပေမယ့် ဒီတွေ့ရှိချက်အပေါ်မှာ ဘောဂဗေဒပညာရှင်တွေ အပြန်အလှန်ငြင်းခုံမှုတွေတော့ ရှိခဲ့ပါတယ်။ ဒါပေမယ့် ဘယ်သူမှငြင်းမရတဲ့ အထောက်အထားကတော့ ကိုယ်ဝန်ဖျက်ချမှုကို တရားဝင်ခွင့်ပြုခဲ့တဲ့ နိုင်ငံတွေမှာ မိခင်သေနှုန်း၊ ကလေးသေနှုန်းလျော့ကျသွားတယ် ဆိုတာပါပဲ။ ကမ္ဘာမှာလည်း ကိုယ်ဝန်ဖျက်ချမှုဟာ ကြီးမားတဲ့ ပြဿနာတစ်ရပ် ဖြစ်သလို၊ ကျွန်တော်တို့နိုင်ငံမှာဆိုလည်း အန္တရာယ်များတဲ့ ကိုယ်ဝန်ဖျက်ချမှုကြောင့် သေဆုံးရခြင်းဟာ မိခင်သေဆုံးမှုတွေရဲ့ တတိယမြောက်အများဆုံး အကြောင်းရင်းဖြစ်ပါတယ်။


၅။ ဒီပြဿနာ ဘယ်လောက်ကြီးလဲ


အချက်အလက်တွေအရတော့ တစ်နှစ်ကို ၂၀၈ သန်းသော အမျိုးသမီးတွေဟာ ကိုယ်ဝန်ဆောင်နေရသတဲ့။ အဲဒီထဲက ၄၁ ရာခိုင်နှုန်းဟာ မရည်ရွယ်ဘဲ ရနေကြတာ ဖြစ်ပါတယ်။ အဲဒီထဲမှာ ရသွားတော့လည်း ယူလိုက်တာပေါ့လို့ တွေးမယ့်လူတွေ ရှိနိုင်တယ်၊ ရှေ့မှာ ပြောခဲ့တဲ့ ဝတ္ထုထဲကလို အမျိုးသမီးတွေလည်း ရှိနိုင်တယ်။ ဖျက်ချပစ်တဲ့သူတွေလည်း ရှိနိုင်တယ်။ ကိုယ်ဝန်ဖျက်ချခြင်းကို တချို့နိုင်ငံတွေမှာ သားဆက်ခြားနည်းတစ်ခုလိုပဲ ခွင့်ပြုထားပေမယ့် ကျွန်တော်တို့လိုနိုင်ငံတွေမှာတော့ ကန့်သတ်ထားတယ်။ သန္ဓေသားရဲ့ အသက်ရှင်သန်ပိုင်ခွင့်ကို ဥပဒေက ကာကွယ်ပေးထားတဲ့သဘော။ (တရားဝင်ခွင့်ပြုထားပါတယ်ဆိုတဲ့ အမေရိကန်လိုနိုင်ငံမှာတောင် တချို့ပြည်နယ်တွေမှာ တစ်ဖက်လှည့်နဲ့ ဒီဝန်ဆောင်မှုတွေ ယူရခက်အောင် စည်းမျဉ်းနဲ့ကန့်သတ်ထားတာမျိုးတွေ ရှိတယ်)


ဒီတော့ ဖျက်ချချင်တယ်ဆိုရင် ဘာလုပ်ရမလဲဆိုတော့ တရားမဝင်တဲ့နေရာတွေမှာ အန္တရာယ်များတဲ့ ဖျက်ချနည်းတွေနဲ့ လုပ်ကြရတယ်။ နှစ်စဉ်နှစ်တိုင်း အန္တရာယ်များသော ကိုယ်ဝန်ဖျက်ချမှု ၂၂ သန်း ရှိပြီး အဲဒီရဲ့ ၉၈% ဟာ ကျွန်တော်တို့လို နိုင်ငံမျိုးတွေမှာ ဖြစ်နေတာကို တွေ့ရတယ်။


လေးစားရတဲ့ ဆရာတစ်ယောက်က သူငယ်စဉ်က အတွေ့အကြုံတစ်ခုကို ပြောသွားတယ်။ သူ့ဆီကို ကောင်မလေးတစ်ယောက် အဲ့လိုလာတိုင်ပင်တော့ သူက ကိုယ်ဝန်ရသွားမှတော့ ယူလိုက်ပေ့ါ ဆိုပြီး ဆွေးနွေးပေးလိုက်တယ်၊ နောက် ရက်နည်းနည်းကြာတော့ ကိုယ်ဝန်ဖျက်ချရင်း ပိုးဝင်သွားတဲ့ အရေးပေါ်လူနာတစ်ယောက် ဆေးရုံကို ရောက်လာတယ်၊ ကြည့်လိုက်တော့ ဟိုနေ့က သူ့ဆီ လာတိုင်ပင်သွားတဲ့ ကောင်မလေး ဖြစ်နေတယ် တဲ့။


၆။ ကျွန်တော်တို့ ဘာလုပ်ကြမှာလဲ


ဖခင်က အဓမ္မကျင့်လိုက်လို့ ကိုယ်ဝန်ရသွားတဲ့ မိန်းကလေးတစ်ယောက်ကို မျက်စိထဲ မြင်ယောင်ကြည့်လိုက်ပါ။ 


အဲဒီကလေးလေးမှာ လူဖြစ်ခွင့်ရှိသတဲ့လား။ ဒါမှမဟုတ် လူ့လောကထဲကို ဒုက္ခခေါ်ပေးသလို ဖြစ်နေတာကမှ ကလေးအတွက် ပိုဆိုးစေတယ်လို့ မြင်သလား။ 


ကောင်မလေးကို စိတ်ဓါတ်မကျဘဲ ကြိုးစားရုန်းကန်ဖို့ အားပေးမလား။ ဒါမှမဟုတ် တစ်နေရာရာမှာ သွားမွေးလိုက်ဖို့ တိုက်တွန်းမလား။ တစ်ချိန်မှာ နောင်တရစရာ ဖြစ်လာမှာတဲ့လား၊၊


ပေတေလေလွင့်ပြီး ကော်ရှူနေတဲ့ ကလေးမှာ အပြစ်ရှိတာလား။ ဒါမှမဟုတ် သူ့ကို လူ့လောကထဲ ခေါ်ဆောင်လာတဲ့ မိဘဆီမှာ အပြစ်ရှိတာလား။ ဒါမှမဟုတ်ရင် တိုင်းပြည်ရဲ့ ဆင်းရဲမွဲတေမှုကြောင့်လား၊ ကျန်းမာရေးစောင့်ရှောက်မှုတွေ လက်လှမ်းမမီလို့လား၊ ပညာရေးအဆင့်အတန်း နိမ့်ကျလို့လား။ ဒါမှမဟုတ် …


Ref: 

၁။ ကြယ်ကြွေတို့ရဲ့ အတောင်ပံ - ဂျူး

၂။ အပြာရောင်သစ်ခွပွင့်ရဲ့ သမိုင်းအစ - ငြိမ်းကျော်

၃။ Freakonomic by Steven D.Levitt and Stephen J.Dubner

၄။ Nationwide cause specific maternal mortality survey (2004-2005) Unicef and Department of Health

၅။ Safe abortion; Technical and policy guidance for health systems (WHO 2012)

၆။ Pro-life VS Pro-birth  – Huffingtonpost


ဒေါက်တာ ဖြိုးသီဟ

၆.၃.၂၀၁၇



 (Zawgyi)

Legal abortion နဲ႔ ပတ္သက္ၿပီး လူ​ေျပာျပန္မ်ား​ေနလို့ လြန္ခဲ့တဲ့ ၂ ႏွစ္​​ေက်ာ္က ​ေဆာင္းပါး​ေလး ျပန္တင္​ေပးထားတာပါ။ အမ်ိဳးသမီးမ်ားအ​ေပၚ အၾကမ္းဖက္မွု တားဆီးကာကြယ္​ေရး ဥပ​ေဒၾကမ္းမွာ ဒါကို ခြင့္ျပဳမယ္ ​ေျပာထား​​ေပမဲ့ လက္​ေတြ႕ လုပ္​​ေဆာင္ဖို့မွာ အခက္အခဲ​ေတြ ရွိ​​ေနပါတယ္။ အဲ့လို အပ္ပ္ဒိတ္​ေတြကို​ေတာ့ အခ်ိန္ရမွ Live ​တစ္ခု ​ေျပာ​ေပးပါမယ္။ စာနဲ႔ဆို သိပ္ရွည္သြားမွာ စိုးလို့ပါ။ ​ေလာ​​ေလာဆယ္ ဒါ​ေလး ဖတ္ၾကည့္​ေပးပါခင္ဗ်။ ​ေက်းဇူးတင္ပါတယ္။


■ ■ ■ ■ ■ ■ ■




“အေျဖရွာရခက္တဲ့ ပုစၧာ”

(ဖတ္ၿပီးစဥ္းစားရန္ ၾကာခ်ိန္ ၁၂ မိနစ္)


၁။ အျငင္းပြါးရဆုံး ျပႆနာ


“ရည္းစားနဲ႔ မေတာ္တဆ ကိုယ္၀န္ရသြားလို့ပါ၊ အိမ္ကသိသြားရင္ သတ္မွာ၊ သမီးကို ကူညီပါဦး ဆရာရယ္”


“အဓမၼအက်င့္ခံရၿပီး ကိုယ္၀န္ရသြားတာေလ၊ ၃ ၄လေလာက္ရွိေရာေပါ့”


“ဆရာရယ္၊ ကၽြန္မတို့အိမ္မွာ ေခၚထားတဲ့ ေကာင္မေလးပါ၊ သူ႔ရည္းစားနဲ႔ ကိုယ္၀န္ရၿပီး ဟိုအေကာင္က ဘယ္ေရာက္သြားမွန္း မသိဘူး၊ အိမ္ေထာင္ရွိတယ္လို့လည္း ၾကားတယ္၊ ဘယ္လိုလုပ္ရမွန္းလည္း မသိေတာ့ပါဘူး”


ဒါေတြကေတာ့ မ်ိဳးဆက္ပြါးက်န္းမာေရးလုပ္ငန္းလုပ္တဲ့သူေတြ မၾကာခဏ ၾကားရတတ္တဲ့ အသံေတြပဲ ျဖစ္ပါတယ္။ ခပ္ငယ္ငယ္ကေတာ့ ဒါေတြ ကိုယ့္လာေျပာရင္ ေစာ္ကားေနသလိုပဲ။ စိတ္မဆိုးပါဘူးဆိုေတာင္ ခပ္ျပတ္ျပတ္ပဲ ေျပာလႊတ္လိုက္တယ္။ ေနာက္ေတာ့ သူတို့ရဲ့ အခက္အခဲေတြ နည္းနည္းေလး ျမင္တတ္လာတယ္။ ကၽြန္ေတာ္တို့ ထင္သေလာက္ မရိုးရွင္းဘူးဆိုတာ သေဘာေပါက္လာတယ္။


တကယ္ေတာ့ ဒီျပႆနာေတြမွာ အေၾကာင္းရင္းခံေတြ အမ်ားႀကီးရွိတယ္။ မိန္းကေလးေတြ ပညာမတတ္တာ၊ မ်ိဳးဆက္ပြါးက်န္းမာေရးအသိပညာေတြ ေပးမထားတာ၊ သားဆက္ျခား၀န္ေဆာင္မွုေတြ လက္လွမ္းမမီတာ စသျဖင့္ေပါ့။


ျပႆနာကို ပိုႀကီးေစတဲ့ ကိစၥေတြလည္း ရွိေသးတယ္၊ ဥပမာဆို ပတ္၀န္းက်င္က ခံရသူကို ပိုၿပီး ကဲ့ရဲ့တတ္တာေတြ၊ ဥပေဒေတြမွာ က်ားမေရးရာအျမင္နဲ႔ ေရးဆြဲထားမွု၊ လက္ေတြ႕က်င့္သုံးမွု အားနည္းေနတာေတြ။ 


အဲဒီအျပင္ လူထုရဲ့အျမင္၊ ကိုယ့္ရဲ့ယဥ္ေက်းမွု၊ ဘာသာေရးယုံၾကည္မွုေတြ စသျဖင့္ ထည့္စဥ္းစားရမွာေတြလည္း ရွိပါေသးတယ္။


ဒါေၾကာင့္လည္း ဒီျပႆနာဟာ ကမၻာေပၚမွာ အျငင္းပြါးရဆုံး Controversial issue တစ္ခု ျဖစ္ေနတာပါ။


၂။ ၀တၳဳႏွစ္ပုဒ္


ပထမစာအုပ္က ဆရာမဂ်ဴးရဲ့ ၾကယ္ေႂကြတို့ရဲ့ အေတာင္ပံ။ 


ဆယ္ေက်ာ္သက္အရြယ္မွာ အဓမၼအက်င့္ခံလိုက္ရတဲ့ ေကာင္မေလးတစ္ေယာက္အေၾကာင္း။ ကၽြန္ေတာ္တို့အသိုင္းအဝိုင္းရဲ့ ထုံးစံအတိုင္း ျပဳက်င့္သြားသူထက္ ခံရသူကို ပိုအျပစ္တင္တယ္။ ကာလသားေတြက ရိသဲ့သဲ့လုပ္တယ္။ ျပဳက်င့္သြားတဲ့သူက အိမ္ေထာင္ရွိေတာ့ သူ႔လက္ရွိမိန္းမက ဒီေကာင္မေလးကို လင္ခိုးမဆိုၿပီး စြပ္စြဲတယ္။ အေမျဖစ္သူကလည္း သမီးအတြက္ ရွက္လို့မဆုံးဘူးေပါ့။


ဒီလိုနဲ႔ ရြာမွာ ဆက္မေနနိုင္ေတာ့တဲ့အဆုံး ထြက္ေျပးတယ္။ ဒါေပမယ့္ ဒီကိုယ္၀န္ကိုရေအာင္ ေမြးတယ္။ အဲဒီကေလးက ႀကီးလာေတာ့ ဆရာ၀န္တစ္ေယာက္ ျဖစ္လာခဲ့တယ္။ သူ႔အေမက ဘာမွဖုံးကြယ္မထားဘူး။ ငယ္ငယ္ကတည္းက အကုန္ေျပာျပထားတယ္။ သူ႔ကို ဘယ္လိုကိုယ္၀န္ေဆာင္လာတဲ့အေၾကာင္းေတြေပါ့။ ေနာက္ဆုံး သူတို့သားအမိ ရြာျပန္သြားတယ္။ ရြာက အရင္အတိုင္းပဲ။ သူ႔ကို အဓမၼက်င့္ခဲ့သူလည္း ရွိေသးတယ္။ သူတို့အေျခအေနကေတာ့ တအားေျပာင္းသြားၿပီ။ ပိုက္ဆံလည္း ခ်မ္းသာေနသလို၊ သူ႔သားကလည္း ဆရာ၀န္ျဖစ္ေနၿပီ။ လြန္ခဲ့တဲ့ႏွစ္အစိတ္ေလာက္က ေဝဖန္ကဲ့ရဲ့သူေတြ အကုန္အသံတိတ္။ ပါးစပ္အေဟာင္းသားနဲ႔ အားေတြက်လို့။


ေနာက္တစ္အုပ္က ဆရာၿငိမ္းေက်ာ္ရဲ့ အျပာေရာင္သစ္ခြပြင့္ရဲ့ သမိုင္းအစ။


ဒါကေတာ့ အယုံၾကည္လြန္ၿပီး ပုံအပ္လိုက္တာ၊ ခ်စ္သူက ေရွာင္ေျပးသြားလို့ ကိုယ္၀န္နဲ႔က်န္ခဲ့ရတဲ့ ေကာင္မေလးရဲ့အေၾကာင္း။ ပတ္၀န္းက်င္က ကဲ့ရဲ့တယ္။ ဒါေပမယ့္ မိဘက သူ႔ဘက္ကေန ရပ္တည္ေပးတယ္။ ဒါ သမီးအမွားမဟုတ္ဘူး၊ သမီးရွက္ရမွာ မဟုတ္ဘူး၊ တာ၀န္မယူတတ္တဲ့သူကသာ ရွက္ရမွာဆိုၿပီး အိမ္ေထာင္မက်ေသးဘဲ ကိုယ္၀န္ရသြားတဲ့ သမီးကို အားေပးတယ္။ ဗိုက္ဖုံးအက်ီကၤအစ စက္ခ်ဳပ္ဆရာ အေဖက ကိုယ္တိုင္ခ်ဳပ္ေပးတယ္။ ၾကာေတာ့ လူေတြလည္း မကဲ့ရဲ့နိုင္ေတာ့ဘူး။ ဒီေကာင္မေလးကို ပုံမွန္ကိုယ္၀န္ေဆာင္လို ျမင္လာတယ္။ ေနာက္ဆုံး သူ႔ရည္းစားက ျပန္ေရာက္လာတယ္။ ေတာင္းပန္တယ္။ သူ႔ကို လက္ထပ္ဖို့ ေျပာတယ္။ ေကာင္မေလးက ျပန္ေျဖလိုက္တယ္။ ကၽြန္မခ်စ္တဲ့သူေတြ႕ရင္ လက္ထပ္ဦးမွာပါ တဲ့။ ဒါေပမယ့္ ေသခ်ာတာကေတာ့ အသက္ရွင္ေနသေရြ႕ အဲဒီလူဟာ ရွင္မျဖစ္နိုင္ေတာ့ဘူး တဲ့။


ဒီ၀တၳဳႏွစ္ပုဒ္က မိန္းကေလးေတြရဲ့ ဘ၀ကို ေရးျပထားတယ္။ ခံရသူကို အျပစ္တင္တတ္တဲ့ ပတ္၀န္းက်င္ရဲ့ ကဲ့ရဲ့မွုေတြ၊ မမၽွတမွုေတြကို မီးေမာင္းထိုးျပထားတယ္။ သတၱိရွိရွိနဲ႔ ေက်ာ္ျဖတ္ျပလိုက္တဲ့အခါ အဲဒီပတ္၀န္းက်င္ရဲ့အျမင္ေတြ ေျပာင္းကုန္တယ္ဆိုတာမ်ိဳး ေျပာျပသြားတယ္။


ဒါေၾကာင့္ ေလးစားရတဲ့ ဆရာတစ္ေယာက္က ေျပာဖူးတယ္။ It’s not the end of the world ကမၻာႀကီးပ်က္သြားတာ မဟုတ္ေသးပါဘူး တဲ့။


ဒီတစ္ခုတည္း အေျဖမဟုတ္ပါဘူး၊ တျခားေျဖရွင္းနည္းေတြ လုပ္လို့ရပါေသးတယ္၊၊ ေနာက္ၿပီး ေနာင္တစ္ခ်ိန္က် ဒါဟာ ေနာင္တရစရာ ျဖစ္လာနိုင္တယ္ မဟုတ္လား၊၊


၃။ Pro-birth attitude


ကိုယ္၀န္ဖ်က္ခ်ျခင္းနဲ႔ ပတ္သက္ၿပီး ေဆြးေႏြးျငင္းခုန္ၾကသူေတြကို လူအုပ္စုႏွစ္စု ခြဲလို့ရတယ္။ Pro-life နဲ႔ Pro-choice


သေႏၶသားရယ္လို့ ျဖစ္လာရင္ အသက္ရွင္သန္ပိုင္ခြင့္ရွိတယ္၊ သူ႔ကို ဘယ္သူမွ ဖ်က္ဆီးပိုင္ခြင့္မရွိဘူးလို့ ခံယူတဲ့သူေတြဟာ Pro-life attitude ရွိသူေတြ (ကိုေဝလရဲ့ လူျဖစ္ခြင့္ေပးပါ လိုမ်ိဳး)။ 


တကယ္လို့ ကိုယ္၀န္ရလာတဲ့အခါ ဒါကိုေမြးမယ္ မေမြးဘူးဆိုတာဟာ အမ်ိဳးသမီးရဲ့ေရြးခ်ယ္ခြင့္ပဲလို့ ခံယူတယ္ဆိုရင္ေတာ့ အဲဒါကို Pro-choice attitude လို့ေခၚတယ္။ 


ဘယ္သူမွန္တယ္မွားတယ္ဆိုတာ ျငင္းမရဘူး။ ဒါေပမယ့္ Joan Chittister ဆိုတဲ့ အမ်ိဳးသမီးႀကီးတစ္ေယာက္က ထပ္ျဖည့္သြားတယ္။


အသက္ရွင္သန္ပိုင္ခြင့္ရွိတယ္လို့ ခံယူတာ မွန္ပါတယ္၊ ဒါေပမယ့္ အဲဒီလိုခံယူၿပီးရင္ေတာ့ ကေလးကို ေကာင္းေကာင္းေစာင့္ေရွာက္နိုင္ဖို့လည္း ျပင္ဆင္ထားသင့္တယ္။ ကေလးကို ေမြး႐ုံေမြးၿပီး ေကၽြးေမြးဖို့၊ ပညာသင္ဖို့၊ ေနစရာေပးဖို့ စတဲ့ က်န္တဲ့ ဘာတာ၀န္ကိုမွ ယူမေပးနိုင္ဘူးဆိုရင္ေတာ့ အဲဒါ Pro-life မဟုတ္ဘူး၊ Pro-birth attitude လို့ပဲ ေခၚရမွာပါတဲ့။ 


ျပင္းျပင္းထန္ထန္ေလး သုံးႏွုန္းရရင္ေတာ့ အဲ့ဒါ တာ၀န္မဲ့ေသာ ခ်စ္ျခင္းပါပဲ။


၄။ အေမရိကန္မွာ ဘာေၾကာင့္ မွုခင္းျဖစ္ႏွုန္းေတြ က်ဆင္းသြားခဲ့သလဲ


၁၉၇၀ ေက်ာ္ေလာက္က မွုခင္းျဖစ္ပြါးမွုေတြ တအားမ်ားေနခဲ့ရာကေန ၁၉၉၀ ေနာက္ပိုင္းေလာက္ ေရာက္လာတဲ့အခါ ျဖစ္ႏွုန္းေတြ သိသိသာသာ က်လာတယ္။ အဲဒီမွာတင္ ပညာရွင္ေတြလည္း အေျဖရွာၾကရတယ္။ တိုင္းျပည္စီးပြါးေရးေကာင္းလာလို့၊ အက်ဥ္းေထာင္ေတြ ပိုအားကိုးလာရလို့၊ လက္နက္ဥပေဒေတြ တင္းၾကပ္လိုက္လို့ စသျဖင့္ ေကာက္ခ်က္ေတြ ထြက္လာတယ္။ အဲဒီထဲက စိတ္၀င္စားစရာေတြ႕ရွိခ်က္တစ္ခု ရွိတယ္။ ဘာလဲဆိုေတာ့ ကိုယ္၀န္ဖ်က္ခ်မွုကို တရား၀င္ခြင့္ျပဳခဲ့ျခင္းရဲ့ အက်ိဳးဆက္ ဆိုတာပဲ။


အေမရိကန္နိုင္ငံမွာ ၁၉၇၃ ခုႏွစ္ ဇန္နဝါရီလ ၂၂ ရက္ေန႔မွာ တစ္နိုင္ငံလုံးအတိုင္းအတာနဲ႔ ကိုယ္၀န္ဖ်က္ခ်ခြင့္ တရား၀င္ခြင့္ျပဳခဲ့တယ္။ သေဘာကေတာ့ ဒီႏွစ္(၂၀)အတြင္းမွာ မိဘကေတာင္ မလိုခ်င္ဘဲနဲ႔ လူ႔ေလာကထဲ ေရာက္လာတဲ့ကေလးေတြ၊ အသက္ရွင္႐ုံကလြဲၿပီး တျခား ဘာလူ႔တန္ဖိုးမွ မရွိတဲ့ ကေလးေတြ ထပ္ေပၚမလာေတာ့ဘူး ဆိုတဲ့သေဘာ။ အမ်ားအားျဖင့္ မိဘေစာင့္ေရွာက္ျခင္းကို မခံရတဲ့၊ ေပေတေလလြင့္ေနတဲ့ ဆယ္ေက်ာ္သက္လူငယ္ေတြဟာ မွုခင္းက်ဴးလြန္နိုင္ေခ် မ်ားတယ္။ ဒီလိုကေလးေတြ နည္းသြားတာေၾကာင့္ အမွုအခင္းေတြလည္း က်ဆင္းကုန္သတဲ့။


သူတို့ထပ္ျပတဲ့ အေထာက္အထားကေတာ့ ကိုယ္၀န္ဖ်က္ခ်ခြင့္ကို ေစာေစာခြင့္ျပဳခဲ့တဲ့ ျပည္နယ္ေတြက မွုခင္းေလ်ာ့က်တာ ပိုၿပီးေစာသလို၊ ဒီႏွစ္ေတြမွာ ကိုယ္၀န္အမ်ားဆုံးဖ်က္ခ်ခဲ့တဲ့ ျပည္နယ္ေတြကလည္း မွုခင္းေလ်ာ့က်မွုအမ်ားဆုံး ျဖစ္ေနတာပါပဲ။


စိတ္၀င္စားစရာမို့ ထည့္ေရးလိုက္ေပမယ့္ ဒီေတြ႕ရွိခ်က္အေပၚမွာ ေဘာဂေဗဒပညာရွင္ေတြ အျပန္အလွန္ျငင္းခုံမွုေတြေတာ့ ရွိခဲ့ပါတယ္။ ဒါေပမယ့္ ဘယ္သူမွျငင္းမရတဲ့ အေထာက္အထားကေတာ့ ကိုယ္၀န္ဖ်က္ခ်မွုကို တရား၀င္ခြင့္ျပဳခဲ့တဲ့ နိုင္ငံေတြမွာ မိခင္ေသႏွုန္း၊ ကေလးေသႏွုန္းေလ်ာ့က်သြားတယ္ ဆိုတာပါပဲ။ ကမၻာမွာလည္း ကိုယ္၀န္ဖ်က္ခ်မွုဟာ ႀကီးမားတဲ့ ျပႆနာတစ္ရပ္ ျဖစ္သလို၊ ကၽြန္ေတာ္တို့နိုင္ငံမွာဆိုလည္း အႏၲရာယ္မ်ားတဲ့ ကိုယ္၀န္ဖ်က္ခ်မွုေၾကာင့္ ေသဆုံးရျခင္းဟာ မိခင္ေသဆုံးမွုေတြရဲ့ တတိယေျမာက္အမ်ားဆုံး အေၾကာင္းရင္းျဖစ္ပါတယ္။


၅။ ဒီျပႆနာ ဘယ္ေလာက္ႀကီးလဲ


အခ်က္အလက္ေတြအရေတာ့ တစ္ႏွစ္ကို ၂၀၈ သန္းေသာ အမ်ိဳးသမီးေတြဟာ ကိုယ္၀န္ေဆာင္ေနရသတဲ့။ အဲဒီထဲက ၄၁ ရာခိုင္ႏွုန္းဟာ မရည္ရြယ္ဘဲ ရေနၾကတာ ျဖစ္ပါတယ္။ အဲဒီထဲမွာ ရသြားေတာ့လည္း ယူလိုက္တာေပါ့လို့ ေတြးမယ့္လူေတြ ရွိနိုင္တယ္၊ ေရွ႕မွာ ေျပာခဲ့တဲ့ ၀တၳဳထဲကလို အမ်ိဳးသမီးေတြလည္း ရွိနိုင္တယ္။ ဖ်က္ခ်ပစ္တဲ့သူေတြလည္း ရွိနိုင္တယ္။ ကိုယ္၀န္ဖ်က္ခ်ျခင္းကို တခ်ိဳ့နိုင္ငံေတြမွာ သားဆက္ျခားနည္းတစ္ခုလိုပဲ ခြင့္ျပဳထားေပမယ့္ ကၽြန္ေတာ္တို့လိုနိုင္ငံေတြမွာေတာ့ ကန္႔သတ္ထားတယ္။ သေႏၶသားရဲ့ အသက္ရွင္သန္ပိုင္ခြင့္ကို ဥပေဒက ကာကြယ္ေပးထားတဲ့သေဘာ။ (တရား၀င္ခြင့္ျပဳထားပါတယ္ဆိုတဲ့ အေမရိကန္လိုနိုင္ငံမွာေတာင္ တခ်ိဳ့ျပည္နယ္ေတြမွာ တစ္ဖက္လွည့္နဲ႔ ဒီ၀န္ေဆာင္မွုေတြ ယူရခက္ေအာင္ စည္းမ်ဥ္းနဲ႔ကန္႔သတ္ထားတာမ်ိဳးေတြ ရွိတယ္)


ဒီေတာ့ ဖ်က္ခ်ခ်င္တယ္ဆိုရင္ ဘာလုပ္ရမလဲဆိုေတာ့ တရားမ၀င္တဲ့ေနရာေတြမွာ အႏၲရာယ္မ်ားတဲ့ ဖ်က္ခ်နည္းေတြနဲ႔ လုပ္ၾကရတယ္။ ႏွစ္စဥ္ႏွစ္တိုင္း အႏၲရာယ္မ်ားေသာ ကိုယ္၀န္ဖ်က္ခ်မွု ၂၂ သန္း ရွိၿပီး အဲဒီရဲ့ ၉၈% ဟာ ကၽြန္ေတာ္တို့လို နိုင္ငံမ်ိဳးေတြမွာ ျဖစ္ေနတာကို ေတြ႕ရတယ္။


ေလးစားရတဲ့ ဆရာတစ္ေယာက္က သူငယ္စဥ္က အေတြ႕အၾကဳံတစ္ခုကို ေျပာသြားတယ္။ သူ႔ဆီကို ေကာင္မေလးတစ္ေယာက္ အဲ့လိုလာတိုင္ပင္ေတာ့ သူက ကိုယ္၀န္ရသြားမွေတာ့ ယူလိုက္ေပ့ါ ဆိုၿပီး ေဆြးေႏြးေပးလိုက္တယ္၊ ေနာက္ ရက္နည္းနည္းၾကာေတာ့ ကိုယ္၀န္ဖ်က္ခ်ရင္း ပိုး၀င္သြားတဲ့ အေရးေပၚလူနာတစ္ေယာက္ ေဆး႐ုံကို ေရာက္လာတယ္၊ ၾကည့္လိုက္ေတာ့ ဟိုေန႔က သူ႔ဆီ လာတိုင္ပင္သြားတဲ့ ေကာင္မေလး ျဖစ္ေနတယ္ တဲ့။


၆။ ကၽြန္ေတာ္တို့ ဘာလုပ္ၾကမွာလဲ


ဖခင္က အဓမၼက်င့္လိုက္လို့ ကိုယ္၀န္ရသြားတဲ့ မိန္းကေလးတစ္ေယာက္ကို မ်က္စိထဲ ျမင္ေယာင္ၾကည့္လိုက္ပါ။ 


အဲဒီကေလးေလးမွာ လူျဖစ္ခြင့္ရွိသတဲ့လား။ ဒါမွမဟုတ္ လူ႔ေလာကထဲကို ဒုကၡေခၚေပးသလို ျဖစ္ေနတာကမွ ကေလးအတြက္ ပိုဆိုးေစတယ္လို့ ျမင္သလား။ 


ေကာင္မေလးကို စိတ္ဓါတ္မက်ဘဲ ႀကိဳးစား႐ုန္းကန္ဖို့ အားေပးမလား။ ဒါမွမဟုတ္ တစ္ေနရာရာမွာ သြားေမြးလိုက္ဖို့ တိုက္တြန္းမလား။ တစ္ခ်ိန္မွာ ေနာင္တရစရာ ျဖစ္လာမွာတဲ့လား၊၊


ေပေတေလလြင့္ၿပီး ေကာ္ရွူေနတဲ့ ကေလးမွာ အျပစ္ရွိတာလား။ ဒါမွမဟုတ္ သူ႔ကို လူ႔ေလာကထဲ ေခၚေဆာင္လာတဲ့ မိဘဆီမွာ အျပစ္ရွိတာလား။ ဒါမွမဟုတ္ရင္ တိုင္းျပည္ရဲ့ ဆင္းရဲမြဲေတမွုေၾကာင့္လား၊ က်န္းမာေရးေစာင့္ေရွာက္မွုေတြ လက္လွမ္းမမီလို့လား၊ ပညာေရးအဆင့္အတန္း နိမ့္က်လို့လား။ ဒါမွမဟုတ္ …


Ref: 

၁။ ၾကယ္ေႂကြတို့ရဲ့ အေတာင္ပံ - ဂ်ဴး

၂။ အျပာေရာင္သစ္ခြပြင့္ရဲ့ သမိုင္းအစ - ၿငိမ္းေက်ာ္

၃။ Freakonomic by Steven D.Levitt and Stephen J.Dubner

၄။ Nationwide cause specific maternal mortality survey (2004-2005) Unicef and Department of Health

၅။ Safe abortion; Technical and policy guidance for health systems (WHO 2012)

၆။ Pro-life VS Pro-birth  – Huffingtonpost


ေဒါက္တာ ၿဖိဳးသီဟ

၆.၃.၂၀၁၇


Photo credit

No comments: