Sunday, September 13, 2020

ဒေါသကြီးသောသူနှင့် ထိရောက်စွာဆက်ဆံနည်း

 ဒေါသကြီးသောသူနှင့် ထိရောက်စွာဆက်ဆံနည်း


+++++++++++++++++++++++++++++++++++





(1) ဒေါသထွက်ရတဲ့ အခြေအနေတွေဟာ ဘယ်လိုမျိုးဖြစ်မလဲ?




လောကမှာ ဒေါသကြီးတဲ့သူနဲ့ မဆက်ဆံဖူးတဲ့သူဆိုတာ မရှိပါဘူး။


ဝန်ဆောင်မှုညံ့ဖျင်းလို့ ဒေါသထွက်တယ်၊ လုပ်ငန်း Orderပြီးရမယ့် ရက်မှာ မပြီးလို့ ဒေါသထွက်တယ်။ နေ့စဉ်မိသားစုထဲမှာလည်း တယောက်နဲ့တယောက် အမြင်မကြည်လို့ဒေါသထွက်တယ်။




 ခုဆိုရင် အွန်လိုင်းပေါ်မှာ စိတ်အခန့်မသင့်လို့ ဒေါသထွက်တယ်။ ဒေါသထွက်စရာ အခြေအနေတွေဟာ နေရာတိုင်း၊ အချိန်တိုင်းမှာ တွေ့နေရပါတယ်။




တချို့ အခြေအနေတွေမှာဆိုရင် ကျွန်တော်တို့ကိုယ်တိုင် ဒေါသထွက်မိတတ်သလို ဒေါသထွက်မိသူတွေနဲ့လည်း နေ့စဉ်လိုလို ကြုံတွေ့နိုင်တာကြောင့် ဒေါသထွက်နေတဲ့သူတွေကို ကိုင်တွယ်တတ်လို့ အရေးကြီးပါတယ်။ ကိုင်တွယ်ရာမှာ မသိနားမလည်ရင် အခြေအနေဟာ ပိုပြီးဆိုးရွားသွားနိုင်ပါတယ်။




ဒေါသထွက်နေတဲ့သူကို တည်တည်ငြိမ်ငြိမ် ထိထိရောက်ရောက် ပရိုဆန်ဆန်တုံ့ပြန်နိုင်မယ်ဆိုရင်တော့ အခြေအနေတွေဟာ များစွာတိုးတက်ပြောင်းလဲလာမှာပဲဖြစ်ပါတယ်။




(2) ဒေါသထွက်တဲ့သူကို တည်ငြိမ်စွာတုံ့ပြန်တတ်ဖို့ ဘာ့ကြောင့်အရေးကြီးရတာလဲ?




(၁) ဒေါသထွက်နေသူကို ငြိမ်သက်သွားအောင်လုပ်တာဟာ အခြေအတင်စကားတွေများပြီး စိတ်အနှောက်အယှက်တွေဖြစ် တနေကုန်နေလို့မကောင်းဖြစ်ရတဲ့ အခြေအနေတွေထက် သာလွန်လို့ပါ။




(၂) လူအများနဲ့ဆက်ဆံတဲ့စီးပွားရေးလုပ်ငန်းတွေမှာ ဒေါသထွက်နေသူကို ဒေါသနဲ့တုံ့ပြန်လိုက်ခြင်းဟာ ဖောက်သည်ပျက်နိုင်ပြီး လုပ်ငန်းအဆင်ပြေမှုကိုပါ ဆိုးရွားစွာထိခိုက်နိုင်ပါတယ်။




(၃) ဒေါသထွက်နေသူကို တည်တည်ငြိမ်ငြိမ်တုံ့ပြန်တတ်ရင် ဘေးအနီးအပါးကလူတွေကို စံပြ ဦးဆောင်လမ်းပြခြင်းဖြင့် အသင်းအဖွဲ့လုပ်ဆောင်မှုပါ တိုးတက်စေပါတယ်။




(3) ဒေါသနှစ်မျိုးရှိပါတယ်။


ဖောက်ခွဲဒေါသနဲ့ မြိုသိပ်ဒေါသ ဖြစ်ပါတယ်။




ဖောက်ခွဲဒေါသဆိုတာကတော့ မကျေမနပ်တဲ့စိတ်နဲ့ ရင်ထဲမှာ ပူလောင်နေတဲ့ဒေါသကို အပြင်ကိုဖွင့်ထုတ်ခြင်းပြုတဲ့ဒေါသမျိုးပါ။ ပျစ်ပျစ်နှစ်နှစ်ဆဲပစ်တာ၊ ကိုယ်ထိလက်ရောက် တုံ့ပြန်တာ၊အော်ကြီးဟစ်ကျယ်သောင်းကျန်းတာမျိုးဖြစ်ပါတယ်။




မြိုသိပ်ဒေါသကတော့ အဲ့သည်လိုမဟုတ်ပါဘူး။ မကျေမနပ်ဖြစ်နေတဲ့စိတ်ကို မဖောက်ခွဲပစ်ဘဲ ရင်ထဲမှာ အောင့်ထားပြီး တဖြည်းဖြည်းချင်း မကျေမနပ်ဖြစ်တဲ့ အပြောအဆို၊ အပြုအမူ၊ မအီမသာမှုတွေနဲ့ တုံ့ပြန်တာမျိုးဖြစ်ပါတယ်။




 ဘယ်လိုအနေအထားလဲဆိုတာ ဥပမာတွေပေးရရင်...


စကားပြန်မပြောဘဲ မသိချင်ယောင်ဆောင်တာ၊ မကြားသလိုနေတာ၊


ဒေါသထွက်အောင်လုပ်တဲ့သူနဲ့ ခပ်ခွာခွာ ခပ်ကင်းကင်းနေတာ၊


မကျေနပ်တဲ့အကြောင်း အခြားလူတွေကို ဖောက်သည်ပြန်ချတာ၊


အလုပ်မလာနိုင်တာ၊ သိုသိုသိပ်သိပ် ခပ်ခွာခွာနေတာ၊ အခြားလူတွေနဲ့ အရင်လိုရောနှောမနေတော့တာ၊


ပြုံးရင်တောင် မအီမသာနဲ့ စိတ်မပါဘဲ ဟန်ဆောင်ပြုံးတာ၊ မချိပြုံးပေါ့


ဘာမဟုတ်တဲ့ အကြောင်းကိစ္စလောက်နဲ့ မခေါ်နိုင်မပြောနိုင်ဖြစ်နေတာ စသည်ဖြင့် အကဲခတ်နိုင်ပါတယ်။




(4) ဒေါသစရိုက်အားကြီးတဲ့သူကို ဘယ်လိုတုံ့ပြန်သင့်သလဲ?


အားလုံးပြီးပြည့်စုံတဲ့ တုံ့ပြန်နည်းမရှိပေမယ့် အောက်ဖော်ပြပါနည်းလမ်းတွေဟာ များစွာအထောက်အကူပြုမှာပဲဖြစ်ပါတယ်။




(၁) လုံခြုံမှုရှိရာဆီသွားပါ။ သက်ဆိုင်ရာကိုအကြောင်းကြားပါ။


အထူးသဖြင့် ဖောက်ခွဲဒေါသအမျိုးအစားဆိုရင် အော်ကြီးဟစ်ကျယ်သောင်းကျန်းနေမယ်၊ ရမ်းကားနေမယ်ဆိုရင် မိတ်ဆွေအနေနဲ့ ဒေါသထွက်နေသူအနားမှာ မနေသင့်ပါဘူး။ ဘေးအန္တရာယ်ကင်းဝေးရာအရပ်ဆီကိုသာ အမြန်ဆုံးသွားပါ။ သက်ဆိုင်ရာ ကြီးကြပ်သူထံအကြောင်းကြားပါ။ အလုပ်ထဲမှာဆိုရင် လုံခြုံရေးခေါ်တာမျိုး၊ ကြီးကြပ်သူထံအကြောင်းကြားတာ စသည်ဖြင့် ဆောင်ရွက်ပါ။




(၂) ဒေါသနဲ့ လုံးဝမတုံ့ပြန်ပါနဲ့။


မိတ်ဆွေစိတ်ကူးကြည့်ပါ။ အမှိုက်ပုံကြီး မီးလောင်ရာနေရာမှာ ရေနဲ့ မငြိမ်းသတ်ဘဲ မီးနဲ့ထပ်ရှို့သလိုဖြစ်နေတဲ့အခြေအနေပေါ့။ လောင်ပြီးရင်းလောင် ကျွမ်းသထက်ကျွမ်း ဘယ်လိုမှ အခြေအနေဟာ မကောင်းနိုင်ပါဘူး။ ဒေါသထွက်နေသူကို ဒေါသနဲ့တုံ့ပြန်ခြင်းဟာ မမှန်ပါဘူး။


ဒေါသထွက်နေသူဟာ ထွက်ပြေးရမလား ပြန်ချရမလားဆိုတဲ့ Fight or flight အခြေအနေမှာ ဖြစ်နေတာပါ။ အဲ့ဒီအခြေအနေမှာ သူ့ကိုယ်သူ ထိန်းချုပ်နိုင်တဲ့အသိဟာ အပြည့်အဝရှိမနေပါဘူး။ ဒါ့ကြောင့်မို့ သူ့ကို ဒေါသနဲ့ပြန်တုံ့ပြန်တာ ဘာနဲ့တူလဲဆိုရင် ဒေါသထွက်နေတဲ့ ခွေးကို ရန်သွားစသလိုဖြစ်နေတာပါ။ (ကန်တော့ပါရဲ့ ထင်သာမြင်သာအောင် ဥပမာ ပြောရတာပါ)။ 




အတတ်နိုင်ဆုံး အတည်ငြိမ်ဆုံးဖြစ်အောင် မိတ်ဆွေဖက်က တကိုယ်လုံး တောင့်တင်းမထားဘဲ ဦးစွာဖြေလျှော့လိုက်ပါ။ အသက်ကို ၀၀ ပြင်းပြင်း ရှူသွင်းရှူထုတ်လုပ်ပါ။ ဒေါသထွက်စရာအခြေအနေကနေ တခဏဆုတ်ခွာလိုက်ပြီး ပြန်တည်ငြိမ်သွားမှာ ဆွေးနွေးစရာဆက်ဆွေးနွေးပါ။ ဒေါသထွက်နေတဲ့အခြေအနေမှာ ဆွေးနွေးလို့ ကောင်းမွန်တဲ့ရလဒ်ထွက်မှာမဟုတ်ပါဘူး။




(၃) ဒေါသထွက်နေသူရဲ့ အပြုအမူတွေကို အတည်မယူပါနဲ့။ လိုက်မခံစားနေပါနဲ့။


အခြေအနေအတော်များများမှာ ကျွန်တော်တို့ဖက်က တဖက်လူကို ဒေါသထွက်အောင် တမင်လုပ်မိတာမဟုတ်ပါဘူး။ အစကတည်းက အထိမခံရွှေပန်းကန်ဖြစ်နေသူဟာ ဘာမှ အရေးမကြီးတဲ့ကိစ္စလေးနဲ့ ဒေါသထွက်ချင်ထွက်နေမှာပါ။ အထူးသဖြင့် အလုပ်ကြောင့် စိတ်ဖိစီးနေတဲ့သူတွေ၊ ဘဝမှာအဆင်မပြေဖြစ်နေတဲ့သူတွေ၊ မိသားစုနဲ့ အဆင်မပြေတဲ့သူတွေ၊ ငွေကြေးအခက်တွေ့နေသူတွေဟာ နေ့စဉ်နဲ့အမျှ ကြုံနေရမှာပါ။ အဲ့သည်လိုလူတွေဟာ အစကတည်းက စိတ်ဖိအားတွေများနေတဲ့အခါ သူတို့မသိစိတ်က ဖိစီးမှုကိုလျှော့ချတဲ့အနေနဲ့ တခြားလူတွေ၊ ပြင်ပအခြေအနေတွေကို အပြစ်တင်တာ ဒေါသထွက်တာမျိုးကို လုပ်မိမှာဖြစ်တဲ့အတွက် ဒေါသထွက်နေသူရဲ့ စိတ်ခံစားချက်တွေ၊ အပြုအမူတွေ တုံ့ပြန်မှုတွေကို အတည်မယူသင့်ပါဘူး။ 


၂၀၁၂က လုပ်ခဲ့တဲ့သုတေသနတခုအရ ဒေါသထွက်နေသူဟာ ကိုယ့်ကို ပုဂ္ဂိုလ် ရေး အရဒေါသထွက်တာမဟုတ်ဘဲ သူတို့ဘဝရဲ့အဆင်မပြေမှုတွေကြောင့် ဒေါသထွက်တာကိုနားလည်သွားတဲ့အခါ အဲ့ဒီအခြေအနေကို အပြုသဘောမျိုး လက်ခံနိုင်ကြတယ်လို့ ဆိုပါတယ်။


ပေးချင်တဲ့ မက်စေ့ချ်က ဒေါသထွက်နေသူရဲ့ ပြုမူတုံ့ပြန်မှုတွေကို အတည်ယူလို့မရဘူးဆိုတာပါပဲ။




(၄) ဒေါသထွက်ရခြင်းရဲ့ အရင်းအမြစ်ကို ရှာဖွေပါ။


အမှိုက်တွေထည့်လိုက်ရင် အမှိုက်တွေ ပြန်ထွက်လာတတ်ပါတယ်။ ဆိုလိုတာက ဒေါသထွက်နေသူကို ဒေါသပိုထွက်စေမယ့် စကားလုံးတွေသုံးပြီး ပြောဆိုလိုက်ရင် ဒေါသပိုကြီးလာမှာပဲဖြစ်ပါတယ်။


ဒေါသထွက်တာ မကောင်းဘူးဆိုပြီး ရွှေပြည်အေးတရားဟောမည့်အစား လက်ရှိသူဘာကို စိတ်တိုင်းမကျဖြစ်ရသလဲ ဆိုတဲ့ အခြေအနေကို ဖော်ထုတ်ဖို့လိုပါတယ်။


ဒေါသထွက်နေသူဖက်က ပြောချင်တာတွေကို ဆုံးအောင်နားထောင်နိုင်ဖို့ သိပ်အရေးကြီးပါတယ်။


ဒေါသထွက်နေသူကို အပြစ်တင်တဲ့စကားတွေ မပြောဘဲ သူ့ကို ဒေါသထွက်စေတဲ့အကြောင်းရင်းကို သေချာသိတဲ့အထိ သည်းညည်းခံပြီး နားထောင်ပေးပါ။အလိုက်သင့်မေးခွန်းမေးခြင်းမှ အပ ကြားဖြတ် ပြောတာမျိုးမလုပ်ပါနဲ့။ ရှေ့မဆက်နိုင်ဖြစ်တတ်ပါတယ်။


ဒေါသထွက်နေသူကို သူ့ဖက်ကပြောချင်တာ အဆုံးထိပြောပြီးနောက် ကိုယ့်အလှည့်ရောက်တဲ့အခါ အတတ်နိုင်ဆုံး တည်တည်ငြိမ်ငြိမ်၊ ချိုချိုသာသာ၊ လေသံပျော့ပျော့နဲ့ပဲ တုံ့ပြန်ရပါမယ်။ သူ့ကို ရန်ပြုမယ့် အပြုအမူမျိုး မလုပ်ရပါဘူး။ ခြိမ်းခြောက်အကျပ်ကိုင်တာမျိုးမလုပ်ရပါဘူး။ အခြေအနေပိုဆိုးသွားတတ်ပါတယ်။


"မင်းခံစားနေရတာ ငါသိပါတယ်"ဆိုတာမျိုးလည်း သွားမပြောပါနဲ့၊ မခံချိမခံသာဖြစ်တတ်လို့ပါ။ ကိုယ့်ရဲ့ဟန်ပန်အမူအရာဟာ သူ့အခြေအနေကို ကိုယ်ချင်းစာတယ်ဆိုတာကိုသာ ပေါ်လွင်ပါစေ။


ဥပမာ လုပ်ဖော်ကိုင်ဖက်က “ နင် ငါ့ကို မနေ့က မခေါ်မပြောနဲ့ မသိချင်ယောင်ဆောင်နေတာမလား” လို့ စိတ်ဆိုးတဲ့ပုံစံနဲ့ပြောလာခဲ့ရင် “မနေ့က ငါ့ရဲ့ အပြုအမူက နင့်ကိုလျစ်လျူရှုတယ်လို့ခံစားရစေသလား?” လို့မေးခွန်းနဲ့ပဲ တုံ့ပြန်လိုက်ပါ။ 




လူနဲ့ အပြုအမူကို ပိုင်းခြားကြည့်ပါ။ ကိုယ့်ဖက်က ဘယ်အခြေအနေကြုံခဲ့ရလို့ (ဥပမာ အလုပ်များနေလို့၊ မမြင်လိုက်လို့ သတိမထားမိလိုက်လို့) စသည်ဖြင့် ကိုယ့်ရဲ့ဘယ်အပြုအမူဟာ သူ့အပေါ်လျစ်လျူရှုတယ်လို ခံစားစေခဲ့သလဲဆိုတာ ပြန်ဆန်းစစ်ပြီး ဖြေရှင်းလိုက်ပါ။ သူ့အခက်အခဲကို ကိုယ်ချင်းစာကြောင်းနဲ့ သူ့ကို လေးစားမှုရှိကြောင်း ပေါ်လွင်ပါစေ။




(၅) ကိုယ့်ဖက်က အလွန်ဖြစ်နေရင် တောင်းပန်လိုက်ပါ။


ဒေါသထွက်နေသူကို ဆင်ခြေပေးတာတွေ၊ ငြင်းခုံတာတွေသွားမလုပ်ပါနဲ့၊ ရလဒ်မကောင်းနိုင်ပါဘူး။




ဆရာဦးတင်ဇံကျော်စကားကို ကိုးကားရရင် 


ဝန်ဆောင်မှုပေးတဲ့ အလုပ်လုပ်ရင် ...ငါဘာကောင်ဆိုတာ မေ့ထားလိုက်။ Service ဆိုတာ Servant ကလာတာ။ ငါဟာ ကျွန် တယောက်။ အောက်ကြို့လိုက်လို့ လူပိမသေတတ်ဘူး။အဲ့ဒီလူကြီးပွားလိမ့်မယ်။ 




ဝန်ဆောင်မှုပေးတဲ့လုပ်ငန်းတွေမှာဆိုရင် သေးသေးဖွဲဖွဲမကျေမနပ်ဖြစ်စရာလေးတွေကို ပုံကြီးချဲ့ပြသနာရှာတဲ့သူတွေကို စောစောစီးစီးတောင်းပန်လိုက်တာမျိုးဟာ ပြသနာကို သေးငယ်သွားစေပါတယ်။ 


ကိုယ့်ဖက်က လုပ်ရမှာက ကြီးသောပြသနာကို သေးငယ်စေဖို့နဲ့ သေးငယ်တဲ့ ပြသနာတွေကို ပပျောက်စေဖို့ ပြသနာရဲ့ အဖြေကိုသာအာရုံစိုက်ပြီး တုံ့ပြန်တတ်ဖို့ပဲဖြစ်ပါတယ်။




(၆) နောက်ကြောင်းပြန်တာမျိုးမလုပ်ပါနဲ့၊ အာရုံလွှဲလိုက်ပါ။


သုတေသနတွေအရ ဖြစ်ပြီးခဲ့တဲ့ မကျေမနပ်ဖြစ်စရာတွေကို စားမြှုံ့ပြန်တာ၊ ချေးခြောက်ရေနှူးလုပ်တာဟာ ဒေါသပိုထွက်စေပြီး ဒေါသဖြစ်စေတဲ့အကြောင်းတွေ ပြောမယ့်အစား အခြားစိတ်ဝင်စားစရာ၊ စိတ်သက်သာရာစရာအကြောင်းတွေကို အာရုံပြောင်းသွားအောင် စကားလမ်းကြောင်းပြောင်းလိုက်ခြင်းဟာ ဒေါသကို ပိုပြီးသက်သာစေတယ်လို့ ဆိုပါတယ်။




ဟာသပြောလိုက်တာ၊ ဆိုးရွားတဲ့အခြေအနေကို ဖော့ပစ်ပြီး ပြောတာတွေဟာလည်း ဒေါသကိုလျော့ပါးစေပါတယ်။ ဒီနည်းလမ်းကတော့ တဖက်လူ ဒေါသအရမ်းဆိုးဆိုးရွားရွားမထွက်နေရင်သုံးလို့ရပါတယ်။ ဒေါသူပုန်ထနေရင်တော့ အသုံးပြုတဲ့အခါ အခက်အခဲဖြစ်နိုင်ပါတယ်။




(၇) ဒေါသထွက်နေသူကို ဒေါသလျော့နည်းအောင် တတ်နိုင်သလောက်ကူညီပေးပါ။


အသင်းအဖွဲ့နဲ့အလုပ်လုပ်တဲ့အခါ ဒေါသကြီးသူတယောက်ပါနေရင် လုပ်ငန်းတိုးတက်မှုနှောင့်နှေးသွားတတ်ပါတယ်။ ကိုယ့်ဖက်က တတ်နိုင်သလောက် လမ်းညွှန်ပေးပါ။ ဒေါသကိုလျော့ပါးအောင်၊ တဖက်ဒေါသကြီးသူက သူ့ရဲ့ဒေါသကြောင့် မလိုလားအပ်သောနောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်လာနိုင်တယ်ဆိုတာကို သတိထားမိအောင် လုပ်ပေးပါ။ ဒေါသကြောင့် သူ့ရဲ့အလုပ်အကိုင်၊ လူမှုဆက်ဆံရေးထိခိုက်တယ်ဆိုတာကို နားလည်အောင် ပြောပြပေးပါ။ 




(၈) ရေရှည်အဆင်ပြေဖို့ နားလည်မှုရယူပါ။


စာဖတ်သူမိတ်ဆွေဟာ ဒေါသကြီးတဲ့ လုပ်ဖော်ကိုင်ဖက် မိသားစု၊ အိမ်ထောင်ဖက်နဲ့ အနီးကပ်နေနေရတဲ့သူ ဖြစ်နိုင်ပါတယ်။ ဒေါသထွက်နေတဲ့အချိန် တဖက်လူကို ဘာပဲပြောပြောနားဝင်မှာမဟုတ်တဲ့အတွက် ဒေါသထွက်ချိန်လွန်မြောက်သွားလို့ စိတ်အနေအထား ပုံမှန်ပြန်ဖြစ်သွားတဲ့အခါ တဖက်လူရဲ့ဒေါသကြောင့် ကိုယ့်ဖက်က ဘယ်လိုခံစားရသလဲဆိုတာ ရှင်းပြဖို့လိုပါတယ်။




 ဒီနေရမှာ အပြစ်တင်တဲ့ပုံစံနဲ့ မပြောမိဖို့လိုပါတယ်။ 


ဥပမာ နင့်ကြောင့် ငါတို့အားလုံး စိတ်ဆင်းရဲရတာ၊ နင့်ဒေါသကြောင့် အလုပ်ပျက်ရပြီ လို့သွားပြောရင် သူ့ဒေါသကို ဆွပေးသလိုဖြစ်နေမှာပါ။




အဲ့ဒီလိုပြောမယ့်အစား


ဘယ်နေ့ ဘယ်ရက်က ခင်ဗျား အဲ့သည်လို ဒေါသနဲ့ အော်ကြီးဟစ်ကျယ် ပြုမူလိုက်တာ ကျွန်တော် စိတ်မကောင်းဖြစ်ရပါတယ်။ ပတ်ဝန်းကျင်အတွက်လည်း စိတ်အနှောက်အယှက်ဖြစ်ရပါတယ်။အစည်းအဝေးလည်း ပျက်သွားလို့ ရလဒ်လည်းမကောင်းခဲ့ပါဘူး။ ကျေးဇူးပြုပြီး နောင်မလုပ်မိအောင် ရှောင်ကြဉ်ပေးစေလိုပါတယ် စသည်ဖြင့် သူ့ကိုဗဟိုပြုပြီး အပြစ်တင်တာမျိုးထက် သူ့ရဲ့ အပြုအမူကြောင့် ပတ်ဝန်းကျင်မှာ ဘယ်လိုဆိုးကျိုးသက်ရောက်မှုတွေ ဖြစ်သွားစေသလဲ မြင်သာထင်သာအောင် အသိပေးဖို့လိုပါတယ်။ သူ့ကိုကြောက်နေတဲ့ပုံစံမျိုးလည်း မဖမ်းပါနဲ့။ သူ့ကို ခြိမ်းခြောက်တဲ့ပုံစံနဲ့လည်း မပြောဘဲ တည်တည်ငြိမ်ငြိမ်နဲ့ လူကြီးလူကောင်းဆန်ဆန်ပဲ ပြောဖို့လိုပါတယ်။




ဒေါသကြီးသူတွေနဲ့ ကြုံရတဲ့အခါ ယခု စာရေးသူမျှဝေသွားတဲ့အချက်(၈)ချက်ကို အသုံးချစေလိုပါတယ်။


အကျိုးရှိမယ်လို့လည်း ယူဆပါတယ်။




စာဖတ်သူတို့ စိတ်ချမ်းသာ ကိုယ်ကျန်းမာရှိကြပါစေ။


မေတ္တာဖြင့်


ဆြာသိန်း




Dealing with angry people by Mind Tools Content Team ကို မှီငြမ်းသည်။


(Zawgyi)


ေဒါသႀကီးေသာသူႏွင့္ ထိေရာက္စြာဆက္ဆံနည္း

+++++++++++++++++++++++++++++++++++




(1) ေဒါသထြက္ရတဲ့ အေျခအေနေတြဟာ ဘယ္လိုမ်ိဳးျဖစ္မလဲ?


ေလာကမွာ ေဒါသႀကီးတဲ့သူနဲ႔ မဆက္ဆံဖူးတဲ့သူဆိုတာ မရွိပါဘူး။

ဝန္ေဆာင္မႈညံ့ဖ်င္းလို႔ ေဒါသထြက္တယ္၊ လုပ္ငန္း Orderၿပီးရမယ့္ ရက္မွာ မၿပီးလို႔ ေဒါသထြက္တယ္။ ေန႔စဥ္မိသားစုထဲမွာလည္း တေယာက္နဲ႔တေယာက္ အျမင္မၾကည္လို႔ေဒါသထြက္တယ္။


 ခုဆိုရင္ အြန္လိုင္းေပၚမွာ စိတ္အခန႔္မသင့္လို႔ ေဒါသထြက္တယ္။ ေဒါသထြက္စရာ အေျခအေနေတြဟာ ေနရာတိုင္း၊ အခ်ိန္တိုင္းမွာ ေတြ႕ေနရပါတယ္။


တခ်ိဳ႕ အေျခအေနေတြမွာဆိုရင္ ကြၽန္ေတာ္တို႔ကိုယ္တိုင္ ေဒါသထြက္မိတတ္သလို ေဒါသထြက္မိသူေတြနဲ႔လည္း ေန႔စဥ္လိုလို ႀကဳံေတြ႕ႏိုင္တာေၾကာင့္ ေဒါသထြက္ေနတဲ့သူေတြကို ကိုင္တြယ္တတ္လို႔ အေရးႀကီးပါတယ္။ ကိုင္တြယ္ရာမွာ မသိနားမလည္ရင္ အေျခအေနဟာ ပိုၿပီးဆိုး႐ြားသြားႏိုင္ပါတယ္။


ေဒါသထြက္ေနတဲ့သူကို တည္တည္ၿငိမ္ၿငိမ္ ထိထိေရာက္ေရာက္ ပ႐ိုဆန္ဆန္တုံ႔ျပန္ႏိုင္မယ္ဆိုရင္ေတာ့ အေျခအေနေတြဟာ မ်ားစြာတိုးတက္ေျပာင္းလဲလာမွာပဲျဖစ္ပါတယ္။


(2) ေဒါသထြက္တဲ့သူကို တည္ၿငိမ္စြာတုံ႔ျပန္တတ္ဖို႔ ဘာ့ေၾကာင့္အေရးႀကီးရတာလဲ?


(၁) ေဒါသထြက္ေနသူကို ၿငိမ္သက္သြားေအာင္လုပ္တာဟာ အေျခအတင္စကားေတြမ်ားၿပီး စိတ္အေႏွာက္အယွက္ေတြျဖစ္ တေနကုန္ေနလို႔မေကာင္းျဖစ္ရတဲ့ အေျခအေနေတြထက္ သာလြန္လို႔ပါ။


(၂) လူအမ်ားနဲ႔ဆက္ဆံတဲ့စီးပြားေရးလုပ္ငန္းေတြမွာ ေဒါသထြက္ေနသူကို ေဒါသနဲ႔တုံ႔ျပန္လိုက္ျခင္းဟာ ေဖာက္သည္ပ်က္ႏိုင္ၿပီး လုပ္ငန္းအဆင္ေျပမႈကိုပါ ဆိုး႐ြားစြာထိခိုက္ႏိုင္ပါတယ္။


(၃) ေဒါသထြက္ေနသူကို တည္တည္ၿငိမ္ၿငိမ္တုံ႔ျပန္တတ္ရင္ ေဘးအနီးအပါးကလူေတြကို စံျပ ဦးေဆာင္လမ္းျပျခင္းျဖင့္ အသင္းအဖြဲ႕လုပ္ေဆာင္မႈပါ တိုးတက္ေစပါတယ္။


(3) ေဒါသႏွစ္မ်ိဳးရွိပါတယ္။

ေဖာက္ခြဲေဒါသနဲ႔ ၿမိဳသိပ္ေဒါသ ျဖစ္ပါတယ္။


ေဖာက္ခြဲေဒါသဆိုတာကေတာ့ မေက်မနပ္တဲ့စိတ္နဲ႔ ရင္ထဲမွာ ပူေလာင္ေနတဲ့ေဒါသကို အျပင္ကိုဖြင့္ထုတ္ျခင္းျပဳတဲ့ေဒါသမ်ိဳးပါ။ ပ်စ္ပ်စ္ႏွစ္ႏွစ္ဆဲပစ္တာ၊ ကိုယ္ထိလက္ေရာက္ တုံ႔ျပန္တာ၊ေအာ္ႀကီးဟစ္က်ယ္ေသာင္းက်န္းတာမ်ိဳးျဖစ္ပါတယ္။


ၿမိဳသိပ္ေဒါသကေတာ့ အဲ့သည္လိုမဟုတ္ပါဘူး။ မေက်မနပ္ျဖစ္ေနတဲ့စိတ္ကို မေဖာက္ခြဲပစ္ဘဲ ရင္ထဲမွာ ေအာင့္ထားၿပီး တျဖည္းျဖည္းခ်င္း မေက်မနပ္ျဖစ္တဲ့ အေျပာအဆို၊ အျပဳအမူ၊ မအီမသာမႈေတြနဲ႔ တုံ႔ျပန္တာမ်ိဳးျဖစ္ပါတယ္။


 ဘယ္လိုအေနအထားလဲဆိုတာ ဥပမာေတြေပးရရင္...

စကားျပန္မေျပာဘဲ မသိခ်င္ေယာင္ေဆာင္တာ၊ မၾကားသလိုေနတာ၊

ေဒါသထြက္ေအာင္လုပ္တဲ့သူနဲ႔ ခပ္ခြာခြာ ခပ္ကင္းကင္းေနတာ၊

မေက်နပ္တဲ့အေၾကာင္း အျခားလူေတြကို ေဖာက္သည္ျပန္ခ်တာ၊

အလုပ္မလာႏိုင္တာ၊ သိုသိုသိပ္သိပ္ ခပ္ခြာခြာေနတာ၊ အျခားလူေတြနဲ႔ အရင္လိုေရာေႏွာမေနေတာ့တာ၊

ၿပဳံးရင္ေတာင္ မအီမသာနဲ႔ စိတ္မပါဘဲ ဟန္ေဆာင္ၿပဳံးတာ၊ မခ်ိၿပဳံးေပါ့

ဘာမဟုတ္တဲ့ အေၾကာင္းကိစၥေလာက္နဲ႔ မေခၚႏိုင္မေျပာႏိုင္ျဖစ္ေနတာ စသည္ျဖင့္ အကဲခတ္ႏိုင္ပါတယ္။


(4) ေဒါသစ႐ိုက္အားႀကီးတဲ့သူကို ဘယ္လိုတုံ႔ျပန္သင့္သလဲ?

အားလုံးၿပီးျပည့္စုံတဲ့ တုံ႔ျပန္နည္းမရွိေပမယ့္ ေအာက္ေဖာ္ျပပါနည္းလမ္းေတြဟာ မ်ားစြာအေထာက္အကူျပဳမွာပဲျဖစ္ပါတယ္။


(၁) လုံၿခဳံမႈရွိရာဆီသြားပါ။ သက္ဆိုင္ရာကိုအေၾကာင္းၾကားပါ။

အထူးသျဖင့္ ေဖာက္ခြဲေဒါသအမ်ိဳးအစားဆိုရင္ ေအာ္ႀကီးဟစ္က်ယ္ေသာင္းက်န္းေနမယ္၊ ရမ္းကားေနမယ္ဆိုရင္ မိတ္ေဆြအေနနဲ႔ ေဒါသထြက္ေနသူအနားမွာ မေနသင့္ပါဘူး။ ေဘးအႏၲရာယ္ကင္းေဝးရာအရပ္ဆီကိုသာ အျမန္ဆုံးသြားပါ။ သက္ဆိုင္ရာ ႀကီးၾကပ္သူထံအေၾကာင္းၾကားပါ။ အလုပ္ထဲမွာဆိုရင္ လုံၿခဳံေရးေခၚတာမ်ိဳး၊ ႀကီးၾကပ္သူထံအေၾကာင္းၾကားတာ စသည္ျဖင့္ ေဆာင္႐ြက္ပါ။


(၂) ေဒါသနဲ႔ လုံးဝမတုံ႔ျပန္ပါနဲ႔။

မိတ္ေဆြစိတ္ကူးၾကည့္ပါ။ အမႈိက္ပုံႀကီး မီးေလာင္ရာေနရာမွာ ေရနဲ႔ မၿငိမ္းသတ္ဘဲ မီးနဲ႔ထပ္ရႈိ႕သလိုျဖစ္ေနတဲ့အေျခအေနေပါ့။ ေလာင္ၿပီးရင္းေလာင္ ကြၽမ္းသထက္ကြၽမ္း ဘယ္လိုမွ အေျခအေနဟာ မေကာင္းႏိုင္ပါဘူး။ ေဒါသထြက္ေနသူကို ေဒါသနဲ႔တုံ႔ျပန္ျခင္းဟာ မမွန္ပါဘူး။

ေဒါသထြက္ေနသူဟာ ထြက္ေျပးရမလား ျပန္ခ်ရမလားဆိုတဲ့ Fight or flight အေျခအေနမွာ ျဖစ္ေနတာပါ။ အဲ့ဒီအေျခအေနမွာ သူ႔ကိုယ္သူ ထိန္းခ်ဳပ္ႏိုင္တဲ့အသိဟာ အျပည့္အဝရွိမေနပါဘူး။ ဒါ့ေၾကာင့္မို႔ သူ႔ကို ေဒါသနဲ႔ျပန္တုံ႔ျပန္တာ ဘာနဲ႔တူလဲဆိုရင္ ေဒါသထြက္ေနတဲ့ ေခြးကို ရန္သြားစသလိုျဖစ္ေနတာပါ။ (ကန္ေတာ့ပါရဲ႕ ထင္သာျမင္သာေအာင္ ဥပမာ ေျပာရတာပါ)။ 


အတတ္ႏိုင္ဆုံး အတည္ၿငိမ္ဆုံးျဖစ္ေအာင္ မိတ္ေဆြဖက္က တကိုယ္လုံး ေတာင့္တင္းမထားဘဲ ဦးစြာေျဖေလွ်ာ့လိုက္ပါ။ အသက္ကို ၀၀ ျပင္းျပင္း ရႉသြင္းရႉထုတ္လုပ္ပါ။ ေဒါသထြက္စရာအေျခအေနကေန တခဏဆုတ္ခြာလိုက္ၿပီး ျပန္တည္ၿငိမ္သြားမွာ ေဆြးေႏြးစရာဆက္ေဆြးေႏြးပါ။ ေဒါသထြက္ေနတဲ့အေျခအေနမွာ ေဆြးေႏြးလို႔ ေကာင္းမြန္တဲ့ရလဒ္ထြက္မွာမဟုတ္ပါဘူး။


(၃) ေဒါသထြက္ေနသူရဲ႕ အျပဳအမူေတြကို အတည္မယူပါနဲ႔။ လိုက္မခံစားေနပါနဲ႔။

အေျခအေနအေတာ္မ်ားမ်ားမွာ ကြၽန္ေတာ္တို႔ဖက္က တဖက္လူကို ေဒါသထြက္ေအာင္ တမင္လုပ္မိတာမဟုတ္ပါဘူး။ အစကတည္းက အထိမခံေ႐ႊပန္းကန္ျဖစ္ေနသူဟာ ဘာမွ အေရးမႀကီးတဲ့ကိစၥေလးနဲ႔ ေဒါသထြက္ခ်င္ထြက္ေနမွာပါ။ အထူးသျဖင့္ အလုပ္ေၾကာင့္ စိတ္ဖိစီးေနတဲ့သူေတြ၊ ဘဝမွာအဆင္မေျပျဖစ္ေနတဲ့သူေတြ၊ မိသားစုနဲ႔ အဆင္မေျပတဲ့သူေတြ၊ ေငြေၾကးအခက္ေတြ႕ေနသူေတြဟာ ေန႔စဥ္နဲ႔အမွ် ႀကဳံေနရမွာပါ။ အဲ့သည္လိုလူေတြဟာ အစကတည္းက စိတ္ဖိအားေတြမ်ားေနတဲ့အခါ သူတို႔မသိစိတ္က ဖိစီးမႈကိုေလွ်ာ့ခ်တဲ့အေနနဲ႔ တျခားလူေတြ၊ ျပင္ပအေျခအေနေတြကို အျပစ္တင္တာ ေဒါသထြက္တာမ်ိဳးကို လုပ္မိမွာျဖစ္တဲ့အတြက္ ေဒါသထြက္ေနသူရဲ႕ စိတ္ခံစားခ်က္ေတြ၊ အျပဳအမူေတြ တုံ႔ျပန္မႈေတြကို အတည္မယူသင့္ပါဘူး။ 

၂၀၁၂က လုပ္ခဲ့တဲ့သုေတသနတခုအရ ေဒါသထြက္ေနသူဟာ ကိုယ့္ကို ပုဂၢိဳလ္ ေရး အရေဒါသထြက္တာမဟုတ္ဘဲ သူတို႔ဘဝရဲ႕အဆင္မေျပမႈေတြေၾကာင့္ ေဒါသထြက္တာကိုနားလည္သြားတဲ့အခါ အဲ့ဒီအေျခအေနကို အျပဳသေဘာမ်ိဳး လက္ခံႏိုင္ၾကတယ္လို႔ ဆိုပါတယ္။

ေပးခ်င္တဲ့ မက္ေစ့ခ်္က ေဒါသထြက္ေနသူရဲ႕ ျပဳမူတုံ႔ျပန္မႈေတြကို အတည္ယူလို႔မရဘူးဆိုတာပါပဲ။


(၄) ေဒါသထြက္ရျခင္းရဲ႕ အရင္းအျမစ္ကို ရွာေဖြပါ။

အမႈိက္ေတြထည့္လိုက္ရင္ အမႈိက္ေတြ ျပန္ထြက္လာတတ္ပါတယ္။ ဆိုလိုတာက ေဒါသထြက္ေနသူကို ေဒါသပိုထြက္ေစမယ့္ စကားလုံးေတြသုံးၿပီး ေျပာဆိုလိုက္ရင္ ေဒါသပိုႀကီးလာမွာပဲျဖစ္ပါတယ္။

ေဒါသထြက္တာ မေကာင္းဘူးဆိုၿပီး ေ႐ႊျပည္ေအးတရားေဟာမည့္အစား လက္ရွိသူဘာကို စိတ္တိုင္းမက်ျဖစ္ရသလဲ ဆိုတဲ့ အေျခအေနကို ေဖာ္ထုတ္ဖို႔လိုပါတယ္။

ေဒါသထြက္ေနသူဖက္က ေျပာခ်င္တာေတြကို ဆုံးေအာင္နားေထာင္ႏိုင္ဖို႔ သိပ္အေရးႀကီးပါတယ္။

ေဒါသထြက္ေနသူကို အျပစ္တင္တဲ့စကားေတြ မေျပာဘဲ သူ႔ကို ေဒါသထြက္ေစတဲ့အေၾကာင္းရင္းကို ေသခ်ာသိတဲ့အထိ သည္းညည္းခံၿပီး နားေထာင္ေပးပါ။အလိုက္သင့္ေမးခြန္းေမးျခင္းမွ အပ ၾကားျဖတ္ ေျပာတာမ်ိဳးမလုပ္ပါနဲ႔။ ေရွ႕မဆက္ႏိုင္ျဖစ္တတ္ပါတယ္။

ေဒါသထြက္ေနသူကို သူ႔ဖက္ကေျပာခ်င္တာ အဆုံးထိေျပာၿပီးေနာက္ ကိုယ့္အလွည့္ေရာက္တဲ့အခါ အတတ္ႏိုင္ဆုံး တည္တည္ၿငိမ္ၿငိမ္၊ ခ်ိဳခ်ိဳသာသာ၊ ေလသံေပ်ာ့ေပ်ာ့နဲ႔ပဲ တုံ႔ျပန္ရပါမယ္။ သူ႔ကို ရန္ျပဳမယ့္ အျပဳအမူမ်ိဳး မလုပ္ရပါဘူး။ ၿခိမ္းေျခာက္အက်ပ္ကိုင္တာမ်ိဳးမလုပ္ရပါဘူး။ အေျခအေနပိုဆိုးသြားတတ္ပါတယ္။

"မင္းခံစားေနရတာ ငါသိပါတယ္"ဆိုတာမ်ိဳးလည္း သြားမေျပာပါနဲ႔၊ မခံခ်ိမခံသာျဖစ္တတ္လို႔ပါ။ ကိုယ့္ရဲ႕ဟန္ပန္အမူအရာဟာ သူ႔အေျခအေနကို ကိုယ္ခ်င္းစာတယ္ဆိုတာကိုသာ ေပၚလြင္ပါေစ။

ဥပမာ လုပ္ေဖာ္ကိုင္ဖက္က “ နင္ ငါ့ကို မေန႔က မေခၚမေျပာနဲ႔ မသိခ်င္ေယာင္ေဆာင္ေနတာမလား” လို႔ စိတ္ဆိုးတဲ့ပုံစံနဲ႔ေျပာလာခဲ့ရင္ “မေန႔က ငါ့ရဲ႕ အျပဳအမူက နင့္ကိုလ်စ္လ်ဴရႈတယ္လို႔ခံစားရေစသလား?” လို႔ေမးခြန္းနဲ႔ပဲ တုံ႔ျပန္လိုက္ပါ။ 


လူနဲ႔ အျပဳအမူကို ပိုင္းျခားၾကည့္ပါ။ ကိုယ့္ဖက္က ဘယ္အေျခအေနႀကဳံခဲ့ရလို႔ (ဥပမာ အလုပ္မ်ားေနလို႔၊ မျမင္လိုက္လို႔ သတိမထားမိလိုက္လို႔) စသည္ျဖင့္ ကိုယ့္ရဲ႕ဘယ္အျပဳအမူဟာ သူ႔အေပၚလ်စ္လ်ဴရႈတယ္လို ခံစားေစခဲ့သလဲဆိုတာ ျပန္ဆန္းစစ္ၿပီး ေျဖရွင္းလိုက္ပါ။ သူ႔အခက္အခဲကို ကိုယ္ခ်င္းစာေၾကာင္းနဲ႔ သူ႔ကို ေလးစားမႈရွိေၾကာင္း ေပၚလြင္ပါေစ။


(၅) ကိုယ့္ဖက္က အလြန္ျဖစ္ေနရင္ ေတာင္းပန္လိုက္ပါ။

ေဒါသထြက္ေနသူကို ဆင္ေျခေပးတာေတြ၊ ျငင္းခုံတာေတြသြားမလုပ္ပါနဲ႔၊ ရလဒ္မေကာင္းႏိုင္ပါဘူး။


ဆရာဦးတင္ဇံေက်ာ္စကားကို ကိုးကားရရင္ 

ဝန္ေဆာင္မႈေပးတဲ့ အလုပ္လုပ္ရင္ ...ငါဘာေကာင္ဆိုတာ ေမ့ထားလိုက္။ Service ဆိုတာ Servant ကလာတာ။ ငါဟာ ကြၽန္ တေယာက္။ ေအာက္ႀကိဳ႕လိုက္လို႔ လူပိမေသတတ္ဘူး။အဲ့ဒီလူႀကီးပြားလိမ့္မယ္။ 


ဝန္ေဆာင္မႈေပးတဲ့လုပ္ငန္းေတြမွာဆိုရင္ ေသးေသးဖြဲဖြဲမေက်မနပ္ျဖစ္စရာေလးေတြကို ပုံႀကီးခ်ဲ႕ျပသနာရွာတဲ့သူေတြကို ေစာေစာစီးစီးေတာင္းပန္လိုက္တာမ်ိဳးဟာ ျပသနာကို ေသးငယ္သြားေစပါတယ္။ 

ကိုယ့္ဖက္က လုပ္ရမွာက ႀကီးေသာျပသနာကို ေသးငယ္ေစဖို႔နဲ႔ ေသးငယ္တဲ့ ျပသနာေတြကို ပေပ်ာက္ေစဖို႔ ျပသနာရဲ႕ အေျဖကိုသာအာ႐ုံစိုက္ၿပီး တုံ႔ျပန္တတ္ဖို႔ပဲျဖစ္ပါတယ္။


(၆) ေနာက္ေၾကာင္းျပန္တာမ်ိဳးမလုပ္ပါနဲ႔၊ အာ႐ုံလႊဲလိုက္ပါ။

သုေတသနေတြအရ ျဖစ္ၿပီးခဲ့တဲ့ မေက်မနပ္ျဖစ္စရာေတြကို စားျမႇဳံ႕ျပန္တာ၊ ေခ်းေျခာက္ေရႏႉးလုပ္တာဟာ ေဒါသပိုထြက္ေစၿပီး ေဒါသျဖစ္ေစတဲ့အေၾကာင္းေတြ ေျပာမယ့္အစား အျခားစိတ္ဝင္စားစရာ၊ စိတ္သက္သာရာစရာအေၾကာင္းေတြကို အာ႐ုံေျပာင္းသြားေအာင္ စကားလမ္းေၾကာင္းေျပာင္းလိုက္ျခင္းဟာ ေဒါသကို ပိုၿပီးသက္သာေစတယ္လို႔ ဆိုပါတယ္။


ဟာသေျပာလိုက္တာ၊ ဆိုး႐ြားတဲ့အေျခအေနကို ေဖာ့ပစ္ၿပီး ေျပာတာေတြဟာလည္း ေဒါသကိုေလ်ာ့ပါးေစပါတယ္။ ဒီနည္းလမ္းကေတာ့ တဖက္လူ ေဒါသအရမ္းဆိုးဆိုး႐ြား႐ြားမထြက္ေနရင္သုံးလို႔ရပါတယ္။ ေဒါသူပုန္ထေနရင္ေတာ့ အသုံးျပဳတဲ့အခါ အခက္အခဲျဖစ္ႏိုင္ပါတယ္။


(၇) ေဒါသထြက္ေနသူကို ေဒါသေလ်ာ့နည္းေအာင္ တတ္ႏိုင္သေလာက္ကူညီေပးပါ။

အသင္းအဖြဲ႕နဲ႔အလုပ္လုပ္တဲ့အခါ ေဒါသႀကီးသူတေယာက္ပါေနရင္ လုပ္ငန္းတိုးတက္မႈေႏွာင့္ေႏွးသြားတတ္ပါတယ္။ ကိုယ့္ဖက္က တတ္ႏိုင္သေလာက္ လမ္းၫႊန္ေပးပါ။ ေဒါသကိုေလ်ာ့ပါးေအာင္၊ တဖက္ေဒါသႀကီးသူက သူ႔ရဲ႕ေဒါသေၾကာင့္ မလိုလားအပ္ေသာေနာက္ဆက္တြဲဆိုးက်ိဳးေတြ ျဖစ္လာႏိုင္တယ္ဆိုတာကို သတိထားမိေအာင္ လုပ္ေပးပါ။ ေဒါသေၾကာင့္ သူ႔ရဲ႕အလုပ္အကိုင္၊ လူမႈဆက္ဆံေရးထိခိုက္တယ္ဆိုတာကို နားလည္ေအာင္ ေျပာျပေပးပါ။ 


(၈) ေရရွည္အဆင္ေျပဖို႔ နားလည္မႈရယူပါ။

စာဖတ္သူမိတ္ေဆြဟာ ေဒါသႀကီးတဲ့ လုပ္ေဖာ္ကိုင္ဖက္ မိသားစု၊ အိမ္ေထာင္ဖက္နဲ႔ အနီးကပ္ေနေနရတဲ့သူ ျဖစ္ႏိုင္ပါတယ္။ ေဒါသထြက္ေနတဲ့အခ်ိန္ တဖက္လူကို ဘာပဲေျပာေျပာနားဝင္မွာမဟုတ္တဲ့အတြက္ ေဒါသထြက္ခ်ိန္လြန္ေျမာက္သြားလို႔ စိတ္အေနအထား ပုံမွန္ျပန္ျဖစ္သြားတဲ့အခါ တဖက္လူရဲ႕ေဒါသေၾကာင့္ ကိုယ့္ဖက္က ဘယ္လိုခံစားရသလဲဆိုတာ ရွင္းျပဖို႔လိုပါတယ္။


 ဒီေနရမွာ အျပစ္တင္တဲ့ပုံစံနဲ႔ မေျပာမိဖို႔လိုပါတယ္။ 

ဥပမာ နင့္ေၾကာင့္ ငါတို႔အားလုံး စိတ္ဆင္းရဲရတာ၊ နင့္ေဒါသေၾကာင့္ အလုပ္ပ်က္ရၿပီ လို႔သြားေျပာရင္ သူ႔ေဒါသကို ဆြေပးသလိုျဖစ္ေနမွာပါ။


အဲ့ဒီလိုေျပာမယ့္အစား

ဘယ္ေန႔ ဘယ္ရက္က ခင္ဗ်ား အဲ့သည္လို ေဒါသနဲ႔ ေအာ္ႀကီးဟစ္က်ယ္ ျပဳမူလိုက္တာ ကြၽန္ေတာ္ စိတ္မေကာင္းျဖစ္ရပါတယ္။ ပတ္ဝန္းက်င္အတြက္လည္း စိတ္အေႏွာက္အယွက္ျဖစ္ရပါတယ္။အစည္းအေဝးလည္း ပ်က္သြားလို႔ ရလဒ္လည္းမေကာင္းခဲ့ပါဘူး။ ေက်းဇူးျပဳၿပီး ေနာင္မလုပ္မိေအာင္ ေရွာင္ၾကဥ္ေပးေစလိုပါတယ္ စသည္ျဖင့္ သူ႔ကိုဗဟိုျပဳၿပီး အျပစ္တင္တာမ်ိဳးထက္ သူ႔ရဲ႕ အျပဳအမူေၾကာင့္ ပတ္ဝန္းက်င္မွာ ဘယ္လိုဆိုးက်ိဳးသက္ေရာက္မႈေတြ ျဖစ္သြားေစသလဲ ျမင္သာထင္သာေအာင္ အသိေပးဖို႔လိုပါတယ္။ သူ႔ကိုေၾကာက္ေနတဲ့ပုံစံမ်ိဳးလည္း မဖမ္းပါနဲ႔။ သူ႔ကို ၿခိမ္းေျခာက္တဲ့ပုံစံနဲ႔လည္း မေျပာဘဲ တည္တည္ၿငိမ္ၿငိမ္နဲ႔ လူႀကီးလူေကာင္းဆန္ဆန္ပဲ ေျပာဖို႔လိုပါတယ္။


ေဒါသႀကီးသူေတြနဲ႔ ႀကဳံရတဲ့အခါ ယခု စာေရးသူမွ်ေဝသြားတဲ့အခ်က္(၈)ခ်က္ကို အသုံးခ်ေစလိုပါတယ္။

အက်ိဳးရွိမယ္လို႔လည္း ယူဆပါတယ္။


စာဖတ္သူတို႔ စိတ္ခ်မ္းသာ ကိုယ္က်န္းမာရွိၾကပါေစ။

ေမတၱာျဖင့္

ၾဆာသိန္း


Dealing with angry people by Mind Tools Content Team ကို မွီျငမ္းသည္။

No comments: