Sunday, September 20, 2020
အစာတဇွတ်ဇွတ်စားချင်စိတ် နည်းလာစေရန်
 💢 💢 ဝိတ်ကျချင်သူများ အစာတဇွတ်ဇွတ်စားချင်စိတ် နည်းလာစေရန် 💢 💢
🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻
💢 အစာစားချင်စိတ်များခြင်းသည် diet လုပ်နေသူ၏ ရန်သူပင်ဖြစ်ပါသည်။ အထူးသဖြင့် ကြာရှည်ခံအောင်ပြုလုပ်ထားသည့်အစားအစာများ၊ အချိုလွန်ကဲ့သည့်အစားအစာများကို ကျွန်တော်တို့ပိုပြီး စွဲလမ်းတတ်ကြပါသည်။ ဤသို့ဖြစ်ခြင်းမှာ သင်တစ်ယောက်တည်းမဟုတ်ပါ။ gym ကစားသူ ကျွန်တော်တို့အားလုံး ရင်ဆိုင်ရပါသည်။ ထို ကျန်းမာရေးနှင့်မညီညွှတ်သည့်အစားအစာများ စားချင်စိတ် နည်းလာစေရန် အောက်ပါအချက်များကို ပြုလုပ်ပါ။ 
1️⃣ drink water 
ရေဆာခြင်းကို တခါတရံ ဗိုက်ဆာခြင်းနှင့် မှားတတ်ကြပါသည်။ မိမိတမ်းတပြီး စားချင်သည့်အစားအစာများ စိတ်ထဲဖြစ်လာလျှင် ဦးစွာ ရေတဖန်ခွက် အပြည့်သောက်ပေးပါ။ ထိုသို့လုပ်ပေးခြင်းဖြင့် ၄င်းအစာစားချင်စိတ်ပျောက်ကွယ်သွားတတ်ပါသည်။ ဝိတ်ချနေသူများအတွက် အစာမစားမီ ရေတခွက် အမြဲတမ်းသောက်ပေးရန်တိုက်တွန်းပါသည်။ 
2️⃣ eat more protein 
ပရိုတိန်း ခေါ် အသားဓါတ်များများပါအောင်စားပေးခြင်းသည် အစာစားချင်စိတ်ကိုလျှော့ချပေးရုံမက၊ လွန်ကြူးစွာစားခြင်းမှကင်းဝေးစေပါသည်။ အဝလွန်ဆယ်ကျော်သက်များကို မနက်စာတွင် အသားဓါတ်ပိုစားစေခြင်းသည် မကြာခဏအစာစားချင်စိတ်ကို နည်းစေသည်ဟုဆိုပါသည်။ အဝလွန်အမျိုးသားများကို နေ့စဉ်ကယ်လိုရီ၏ ၂၅ % တိုးပြီး အသားဓါတ်စားခိုင်းသည့်အချိန်တွင် အစာစားချင်စိတ် ၆၀ % နည်းလာရုံမက၊ ညအချိန် သရေစားချင်စိတ်ကို ၅၀ % လျှော့နည်းစေသည်ဟု ဆိုပါသည်။ 
3️⃣ distance yourself from the carving 
စားချင်စိတ်ဖြစ်စေခြင်းအနေအထားမှ ကင်းဝေးအောင်နေပါ။ တခါတရံ အိမ်မှာနေလျှင် အစာစားချင်စိတ်တချိန်လုံးဖြစ်တတ်ပါသည်။ စိတ်အပြောင်းအလဲဖြစ်အောင် ရေချိုးခြင်း သို့ ရေဗူးကိုင်ပြီး စိတ်ပြေလက်ပျောက် လမ်းလျှေက်ထွက်ခြင်းများ ပြုလုပ်ပေးပါ။ ပီကေ အပျင်းပြေဝါးခြင်းသည် တခါတရံ အထောက်အကူဖြစ်ပါသည်။ 
4️⃣ plan your meals 
diet လုပ်နေသူ ဝိတ်ချနေသူများအတွက် အစားအစာကြိုတင်ပြင်ဆင်၊ ယူဆောင်စားသောက်ခြင်းသည် အကောင်းဆုံးဖြစ်ပါသည်။ ဗိုက်ဆာနေချိန် ဘာစားလျှင်ကောင်းမလဲ အခြေအနေကိုရောက်ရှိခြင်းသည် unhealthy foods စားရန် ရာခိုင်နုန်းများပါသည်။ အစားအစာကြိုတင်ပြင်ဆင်လုပ်ယူရန်ခက်ပါသည်။ သို့သော် healthy & fit body ကိုရရှိရန် မပျက်မကွက်လုပ်ပေးရန်လိုပါသည်။ 
5️⃣ avoid getting extremely hungry 
ဗိုက်ဆာခြင်းနှင့် စိတ်ဆာခြင်းဖြစ်စေနိုင်ပါသည်။ ဖြစ်နိုင်လျှင် အစာစားသည့်အချိန် ပုံမှတ်သတ်မှတ်ပြီး၊ သတ်မှတ်ချိန်အတိုင်း ပုံမှန်စားပေးပါ။ မနက်စာစားချိန်၊ နေ့လည်စာစားချိန် နှင့် ညနေစာစားသည့် အချိန် အားလုံးကို သတ်မှတ်သည့်အချိန် အတိုင်းစားပေးနိုင်ရန်ကြိုးစားပါ။ ထိုသို့လုပ်ပေးခြင်းဖြင့် သရေစာစားခြင်း၊ အဆာလွန်ခြင်း၊ စိတ်ဆာခြင်းမှ တို့မှ လျှော့နည်းလာပါမည်။ 
6️⃣ fight stress 
လေ့လာချက်အရ စိတ်ဖိစီးခြင်းဖြစ်သည့်အချိန် အထူသဖြင့် အမျိုးသမီးများသည် စားသောက်ပုံပြောင်းလဲသွားတတ်ပြီး၊ ကယ်လိုရီများများ စားမိရုံမက၊ စိတ်ဆာခြင်း ပိုပြီးဖြစ်တတ်ကြပါသည်။ ထိုစိတ်ဖိစီးခြင်းသည် ကော်တီဇော် stress hormones များစေပြီး ဗိုက်ဝန်းကျင်တွင်အဆီပိုများပိုပြီး စုလာစေပါသည်။ ထို့ကြောင့် stress သည် အဆီပိုများလာစေပြီး ဝိတ်တာလာစေပါသည်။ 
7️⃣ get enough sleep 
အိပ်ရေးဝလင်စွာအိပ်ခြင်း၊ အိပ်ရေးပျက်ခြင်း တို့သည့် မိမိအစာစားသည့်ပုံစံကို ပြောင်းစေပါသည်။ အိပ်ရေးပျက်လျှင် အစာစားချင်စိတ်နည်းသည့်အတွက် စိတ်ဆာခြင်းကို ပိုပြီးဖြစ်စေပါသည်။ အိပ်ရေးဝဝလင်လင် မအိပ်ခြင်းသည် အဝလွန်ရောဂါ ဖြစ်ရန် ၅၅ % ထိပါရှိသည်ဟုဆိုပါသည်။ ထို့ကြောင့် အိပ်ရေးဝရန် စောစောအိပ်ရာဝင် အနားယူပေးပါ။ 
8️⃣ eat a proper meals 
မိမိနေ့တိုင်းစားသည့်အစားအစာတွင် အာဟာရဓါတ်ပြည့်ဝစွာ မပါရှိခြင်းသည် စိတ်ဆာခြင်းကို ဖြစ်စေသည့် အဓိက အချက်ဖြစ်ပါသည်။ အစာစားချိန်တွင် whole foods ဖြစ်သည့် နဂိုသဘာဝအတိုင်းအစားအစာများ၊ single ingredient အစားအစာများ ဥပမာ၊ ထောပတ်သီး၊ ကန်စွန်းဥ စသည်တို့၊ လတ်ဆတ်သည့် ဟင်းသီးဟင်းရွက်များ၊ အစေ့အဆန်များပါအောင် စားပေးပါ။ အဓိကအားဖြင့် ပရိုတိန်း၊ ကစီ၊ ကျန်းမာသောအဆီ များမျှတစွာ စားပေးခြင်းသည် စိတ်ဆာခြင်းကို နည်းစေပါသည်။ 
9️⃣ don’t go to supermarket hungry 
စိတ်ဆာခြင်းဖြစ်သည့်အချိန် supermarket သွားခြင်းသည် မီးလောင်ရာလေပင့်သည့် အနေအထားပင်ဖြစ်ပါသည်။ ၁၊ ရွေးချယ်စရာပေါ့လွန်းပါသည်။ ၂။ မျက်စိအရှေ့တွင် ကျန်းမာရေးနှင့် မကိုက်ညီသည့် unhealthy foods များတို့၏ နိဗ္ဗာန်ဘုံပင်ဖြစ်ပါသည်။ ထို့ကြောင့် အစာစားပြီးသည့်အချိန်မှာ super market ကဲ့သို့နေရာများကိုသွားပြီး စျေးဝယ်သင့်ပါသည်။ 
🔟 practice mindful eating 
မိမိစားသည့်အစားအစာကို သတိ၊ အသိနှင့် ယှဉ်ပြီး စားပေးခြင်းသည် ကျန်းမာရေးအတွက်ပိုကောင်းပြီး၊ စိတ်ဆာခြင်းနှင့် ဗိုက်ဆာခြင်းတို့ကို ကွဲပြားစွာသိစေပါသည်။ အစာစားချိန် လောလောနှင့်မစားပါနှင့်၊ အစာကိုကျေညှက်စွာ ဝါးပြီးမှ မျိုချပါ၊ (ဝါးသည့်အကြိမ် ၁၅ မှ ၃၀)၊ အစာစားချိန် လက်ကိုင်ဖုန်းသုံးခြင်း၊ laptop သုံးခြင်းနှင့် tv ကြည့်ပြီး စားပေးခြင်း ရှောင်ကြည်ပါ။
🙏 have a happy & healthy day 🙏 
အားလုံးကျန်းမာကြပါစေ “Health is Wealth
🌈🌈🌈🌈🌈🌈🌈🌈🌈🌈🌈🌈🌈🌈🌈🌈🌈🌈
(Zawgyi) 
🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻
1️⃣ drink water 
2️⃣ eat more protein 
4️⃣ plan your meals 
6️⃣ fight stress 
7️⃣ get enough sleep 
8️⃣ eat a proper meals 
🌈🌈🌈🌈🌈🌈🌈🌈🌈🌈🌈🌈🌈🌈🌈🌈🌈🌈
No comments: