Tuesday, September 15, 2020

ကြမ်းပိုးဆိုတဲ့ Bed Bugs

ကြမ်းပိုးဆိုတဲ့ Bed Bugs 

(Don’t be Bugged by Those Bugs! — Home Remedies for Bed Bugs)




#Alex_Aung


(လူပေါင်းစုံနေတတ်တဲ့ အဆောင်အခန်းတွေမှာ ကြမ်းပိုးသောင်းကြမ်းရင် နေလို့ထိုင်လို့အဆင်မပြေတာ အမှန်တရားပါ။ သည်ကြမ်းပိုးတွေကို ရှင်းဖို့ဆိုရင် ပိုးသတ်ဆေးဖြန်းတာ မြန်တယ်ဆိုပေမယ့်  ကိုယ့်အိမ်မှာရှိတဲ့ ပစ္စည်းတွေနဲ့ ရှင်းလင်း လို့ရသေးကြောင်း သတိပြုမိရအောင် ရေးသားဝေငှလိုက်ပါတယ်။)


နံနက်ခင်းတိုင်း ယားယံတဲ့အဖုအချို့ရယ် သွေးစို့နေတဲ့ အရာအချို့ရယ်တွေ့မြင်နေရတယ်ဆိုပါစို့။ သူတို့တွေက သွေးစုပ်ဖုတ်ကောင်တော့မဟုတ်ဘူး ဒါပေမဲ့ ကြမ်းပိုးပါ။ သည်အကောင်လေးတွေဟာ အကိုက်ခံရလို့ နေမထိထိုင်မသာ ခံစားရလို့ဆိုတဲ့ အကြောင်းတစ်ခုတည်းတော့မဟုတ်ပါဘူး အတော့်ကို ဂရုတစိုက်အလေးထားရမယ့်ပြဿနာတစ်ခုဖြစ် ပါတယ်။ ဘာကြောင့်လဲဆိုတော့ တစ်အိမ်လုံးကို အလျင်အမြန်ပွားများသွားနိုင်လို့ဖြစ်ပါတယ်။ ပိုးမွှားသန့်ရှင်းရေးကို Pro အဖြစ်လုပ်ဆောင်နေသူများအတွက်ကတော့ တစ်ချက်တည်းနဲ့ရှင်းနိုင်တာပေါ့။ 


သည်လို Pro တွေကိုငှားရမ်းပြုလုပ်စေဖို့ဆိုတာကလည်း အမြဲစျေးမချိုဘူးလေနော်။ သည်ကြမ်းပိုးတွေကြောင့် နေ့စဉ်နဲ့အမျှ စိတ်အနှောင့်အယှက်ဖြစ်ရတယ် အိပ်ရေးဝဝမအိပ်ရဘူးဆိုတာတွေအတွက် သွေးအလဟဿကုန်နေရတာ ဖြေရှင်းဖို့ DIY Solutions အချို့ရှိပါတယ်။ သို့သော် အရင်ဆုံးတော့ ကျွန်တော်တို့အိမ်ရဲ့ ကြမ်းပိုးခိုအောင်းနိုင်တဲ့နေရာ အတော်များများကို ဆန်းစစ်ဖို့လိုပါမယ်။

နံနက်ခင်းတိုင်း အရေပြားမှာ ကိုက်ရာသေးသေးလေးတွေ၊ ခေါင်းအုံးနဲ့ မွေ့ယာကြားတွေမှာ ခပ်သေးသေး အညိုရောင် သို့မဟုတ် အနီရင့်ရောင်အစက်အပျောက်တွေ၊ ကြမ်းပိုးသေအချို့ရဲ့ အရေခွံခြောက်တွေ၊ ပြီးတော့ စုံထောက်ဦးစံရှား ကိုင်နေကြ မှန်ဘီလူး (a magnifying glass) ရှိရင်လည်း ကြမ်းပိုးအရှင်တွေဘယ်ချောင်ဝင်နေလည်းကြည့်ရမယ်လေ။

လတ်တလော အိပ်ရာတဝိုက် ကြမ်းပိုးသောင်းကြမ်းနေတယ် ရှိနေတယ်ဆိုရင်တော့ စွန့်စားရာကျပေမယ့် လူတွေကို မထိခိုက်စေတဲ့ ဆေးအချို့ ဒါမှမဟုတ် နည်းအချို့ကိုသုံးဖို့ဆုံးဖြတ်ရပါတော့မယ်။ ဆေးဖြန်းမယ်ဆိုလည်း လက်အိပ်စွပ်၊ Mask တပ်၊ ဆေးဖြန်းမယ့်နေရာကလွဲလို့ အခြားပစ္စည်းတွေကို ဖုံးအုပ်တန်သည် ဖုံးအုပ်ရပါမယ်။ ပိုက်ဆံသုံးဖို့ အဆင်ပြေမယ်ဆိုရင်တော့ ပိုးမွှားသန့်ရှင်းရေး ဝန်ဆောင်မှုလုပ်ငန်းကိုအပ်လိုက်လို့ရတာပေါ့။


ကိုယ့်ဘာသာကိုယ် ဖြေရှင်းလို့အဆင်ပြေစေမယ့် နည်းလမ်းအချို့ကိုဝေငှလိုက်ပါမယ်။ စမ်းသပ်လုပ်ကြည့်ကြပါဗျို့။

(၁) ကြမ်းပိုးအောင်းတဲ့နေရာကို ချုံ့ရပါမယ်။ အိမ်ဆောက်ပစ္စည်းဆိုင်လေးတွေမှာ အလွယ်တကူဝယ်လို့ရတဲ့ လှေဖာတဲ့ ပွဲညှက်ကို ဝယ်ပြီး အခန်းနံရံနဲ့ ကြမ်းပြင်ကြားတွေကို ပိတ်လိုက်ပါ။ အခန်းထဲ ကယောက်ကယက်ဖြစ်စေတဲ့ဟာတွေကို ဖယ်ရှားဖို့ အိုင်ဒီယာကောင်းတစ်ခုပါပဲ။

(၂) မုန့်ဖုတ်ဆော်ဒါကို ကြမ်းပိုးတွေပုန်းနိုင်မယ့်နေရာတွေကို သေသေချာချာပက်ဖျန်းပေးပါ။ ခဏနေကပြောခဲ့တဲ့ လှေဖာတဲ့ ပွဲညှက်လိုပစ္စည်းမျိုးတွေ ဝယ်လို့မရတာ ဒါမှမဟုတ် အနံ့အသက်မခံစားနိုင်တာမျိုးတွေအတွက် မုန့်ဖုတ်ဆော်ဒါ (baking soda)က အသုံးဝင်ပါတယ်။ ကြမ်းပိုးတွေအောင်းတဲ့ ကြမ်းပိုးသိုက်နေရာကို မုန့်ဖုတ်ဆော်ဒါများများလေးထား လိုက်ခြင်းဖြင့် ကြမ်းပိုးတွေဖယ်ရှားနိုင်တယ်လေ။

(၃) အယ်လ်ကိုဟောနဲ့ ကြမ်းပိုးရှိနေရာတွေကို စိုစွတ်အောင်ပွတ်သုတ်ပေးနိုင်ပါတယ်။ ကိုယ်နဲ့တည့်မတည့် မသိနိုင်တဲ့ ကြမ်းပိုးသတ်ဆေးတွေကို ဝယ်သုံးမိတာထက် အယ်လ်ကိုဟော (alcohol)နဲ့ပွတ်သပ်ပေးခြင်းက ပိုအဆင်ပြေပါတယ်။ ဓာတ်မီးတို့ မှန်ဘီလူးခုံးတို့သုံးပြီးကြမ်းပိုးဥနေရာရှာပြီး အရက်နဲ့စွတ်ပစ်လိုက်ဗျာ။

(၄) ပါကင်ထုပ်ရာမှာသုံးတဲ့ တိပ် (duct tape) ကိုသုံးပြီးလည်း ကြမ်းပိုးတွေကိုဖယ်ရှားလို့ရပါတယ်။ ပြင်ညီမျက်နှာပြင်တွေ အတွက်ကတော့ တိပ်ကို မကြီးမသေးလေးတွေဖြတ်၊ ကြမ်းပိုးရှိတဲ့နေရာမှာ လှမ်းကပ်ယူ၊ တိပ်တွေအားလုံးပြန်စုပြီး အိပ်တစ်လုုံးနဲ့လုံအောင်ထည့်ကာ ခပ်ဝေးဝေးအမှိုက်ပုံးထဲစွန့်ပစ်လို့ရတာပေါ့။

(၅) ရနံ့မွှေးဆီအသုံးပြုတတ်တယ်ဆိုရင်တော့ လာဗင်ဒါအဆီ (Lavender Essential Oil) ကို ကြမ်းပိုးတွေပုန်းနေတဲ့နေရာ မှာ အသုံးချနိုင်ပါတယ်။ လာဗင်ဒါရနံ့ကို ကြမ်းပိုးတွေမကြိုက်ပါဘူး။ လာဗင်ဒါရနံ့ဆီကို မသုံးချင်ဘူးဆိုရင်တော့ လတ်လတ်ဆတ်ဆတ်ခူးထားတဲ့ လာဗင်ဒါပန်းတွေရယ် အရွက်တွေရယ်ကို ပြဿနာဖြစ်နေတဲ့နေရာတွေမှာ ခပ်ကြဲကြဲဖြန့် ထားလိုက်ပါ။

(၆) ပူဒီနာအရွက် (mint leaves) တွေအသုံးပြုပြီးတော့လည်း ကြမ်းပိုးတွေကိုနှင်ထုတ်လို့ရပါသေးတယ်။ ပူဒီနာရနံ့သည် လည်း ကြမ်းပိုးများ မုန်တီးတဲ့ အခြားသောရနံ့တစ်ခုဖြစ်ပါတယ်။ ဒါကြောင့် ကြိတ်ခြေထားသော ပူဒီနာအရွက်တွေကို ကြမ်းပိုးတွေအောင်းနေတဲ့နေရာတွေမှာထားပေးခြင်းဟာလည်း အိုင်ဒီယာကောင်းတစ်ခုပါပဲ။  ဆိုဖာထောင့်တွေလို၊  သေတ္တာထောင့်တွေလိုနေရာမျိုးမှာ ပူဒီနာတွေကိုခြေပြီးထားလိုက်တာပေါ့။

(၇) ကိုယ့်အိမ်မှာဆိုရင်တော့ ဖုန်စုပ်စက်သုံးပြီး သူတို့ကိုရှင်းထုတ်လို့ရတာပါပဲ။ လက်နှိုက်လို့မရတဲ့ ထောင့်ချိုးတွေ၊ နေရာတွေက ကြမ်းပိုးကြီးတွေနဲ့ ကြမ်းပိုးဥတွေကို စုပ်ထုတ်လို့ရတယ်လေ။  ပြီးရင်တော့ ဖုန်စုပ်စက်ကအိတ်ကို   သေချာစည်းနှောင်ပြီး ပလတ်စတစ်အိတ်တစ်ခုထဲ သေချာထည့်ပြီးမှစွန့်ပစ်ရပါမယ်။ တစ်ခါသုံးပစ္စည်းတွေသုံးလို့ရရင်တော့ ကောင်းတာပေါ့နော်။

(၈) ဖုန်စုပ်စက်လိုမျိုးပဲ အိမ်သန့်ရှင်းရေးမှာသုံးတဲ့ Steam Cleaner သုံးပြီး ကြမ်းပိုးကိုနှိမ်နင်းလို့ရပါတယ်။ အဆိုပါပစ္စည်းက အပူချိန်ပြင်းပြင်းကို ကြမ်းပိုးတွေမခံနိုင်ပါဘူး။ အကြိုအကြား လက်မရောက်နိုင်တဲ့နေရာက ကြမ်းပိုးတွေကို နှိမ်နင်းချင်တဲ့အခါ Steam Cleaner ကိုအသုံးပြုနိုင်ပါတယ်။

(၉) Steam Cleaner အိမ်မှမရှိဘူးဆိုရင်လည်း ဆံပင်ခြောက်အောင်သုံးတဲ့ လေပူမှုတ်စက် (hair dryer) ကိုသုံးလို့ရပါတယ်။ အရည်အသွေးကောင်းတဲ့ hair dryer ဖြစ်ဖို့တော့လိုတယ်ဗျ။ ဘာကြောင့်ဆို အပူချိန်အမြင့်ဆုံးခလုပ်ကိုသုံးပြီး ကြမ်းပိုးတွေရှိတဲ့နေရာကို မှုတ်ရမှာမို့ဖြစ်ပါတယ်။

(၁၀) အိပ်ရာခင်းတွေ၊ စောင်တွေ၊ လိုက်ကာတွေ စသဖြင့် ကြမ်းပိုးအောင်းခဲ့တဲ့ ပစ္စည်းပစ္စယတွေကို ရေပူပူနဲ့လျှော်ဖွတ် ပစ်ပါ။ အခြောက်ခံဖို့ဆိုရင်လည်း နေပူပူ နေပြင်းပြင်းထဲလှန်းဖို့ သို့မဟုတ် အခြောက်ခံစက်မယ် အပူချိန် အမြင့်ဆုံးခလုပ် သုံးပြီး အခြောက်ခံဖို့လုပ်ပါ။ စိတ်မချဘူးဆိုရင် နည်းမရှိရင်တော့ အိပ်ရာခင်းတွေ စောင်တွေကို ပလတ်စတစ်အိတ်ထဲ လုံအောင်ထည့်ပိတ်ပြီး နေပူပူမှာထုတ်လှမ်းပေးရပါမယ်။

(၁၁) ကြမ်းပိုးအောင်းခဲ့လို့ရှင်းလင်းထားတဲ့ ပစ္စည်းပစ္စယအစုံကို နေပြင်းပြင်းမှာထုတ်လှမ်းပါ။ ကြမ်းခင်းကော်ဇော၊ ပရိဘောဂအစိတ်အပိုင်းတွေ၊ မွေ့ယာတွေကို နေ့လယ်နေပူထဲ ပစ်ထားလိုက် တနေကုန်။

(၁၂) မွေ့ယာတွေ၊ဆိုဖာတွေကို ပလတ်စတစ်နဲ့ ရက်အနည်းငယ်လောက် ဖုံးအုပ်ထားပေးပါ။ သည်နည်းလမ်းက ကြမ်းပိုးတွေ အထဲမှာ ပိတ်မိနေဖို့လုံလောက်သလို သေဆုံးဖို့လည်း အကြောင်းဖန်ပါလိမ့်မယ်။ ပရိဘောဂ ခပ်သေးသေးတွေကိုလည်း သည်နည်းလမ်းအတိုင်းပြုလုပ်ပေးထားနိုင်ပါတယ်။

ကြမ်းပိုးရှင်းရာမှာ တစ်ရက်တည်း ဆက်တိုက်ရှင်းဖို့လုပ်ဖို့လိုတယ်ဆိုတာ သတိထားရပါမယ်။ ဘယ်အဆင့်ပြီးရင် ဘယ်ဟာ ပြုလုပ်ရမယ်ဆိုတာလည်း ကြိုစဉ်းစားထားရတာမျိုးရှိပါတယ်။ ကြမ်းပိုးကင်းပြီး ကောင်းမွန်စွာ နေထိုင်အိပ်စက် နိုင်ပါစေလို့ ဆန္ဒပြုပါတယ်။

Alex Aung (14 September 2020)


(Zawgyi) 

ၾကမ္းပိုးဆိုတဲ့ Bed Bugs 

(Don’t be Bugged by Those Bugs! — Home Remedies for Bed Bugs)





#Alex_Aung


(လူေပါင္းစံုေနတတ္တဲ့ အေဆာင္အခန္းေတြမွာ ၾကမ္းပိုးေသာင္းၾကမ္းရင္ ေနလို႔ထိုင္လို႔အဆင္မေျပတာ အမွန္တရားပါ။ သည္ၾကမ္းပိုးေတြကို ရွင္းဖို႔ဆိုရင္ ပိုးသတ္ေဆးျဖန္းတာ ျမန္တယ္ဆိုေပမယ့္  ကိုယ့္အိမ္မွာရွိတဲ့ ပစၥည္းေတြနဲ႔ ရွင္းလင္း လို႔ရေသးေၾကာင္း သတိျပဳမိရေအာင္ ေရးသားေ၀ငွလိုက္ပါတယ္။)


နံနက္ခင္းတိုင္း ယားယံတဲ့အဖုအခ်ိဳ႕ရယ္ ေသြးစို႕ေနတဲ့ အရာအခ်ိဳ႕ရယ္ေတြ႕ျမင္ေနရတယ္ဆိုပါစို႔။ သူတို႔ေတြက ေသြးစုပ္ဖုတ္ေကာင္ေတာ့မဟုတ္ဘူး ဒါေပမဲ့ ၾကမ္းပိုးပါ။ သည္အေကာင္ေလးေတြဟာ အကိုက္ခံရလို႔ ေနမထိထိုင္မသာ ခံစားရလို႔ဆိုတဲ့ အေၾကာင္းတစ္ခုတည္းေတာ့မဟုတ္ပါဘူး အေတာ့္ကို ဂရုတစိုက္အေလးထားရမယ့္ျပႆနာတစ္ခုျဖစ္ ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ တစ္အိမ္လံုးကို အလ်င္အျမန္ပြားမ်ားသြားႏိုင္လို႔ျဖစ္ပါတယ္။ ပိုးမႊားသန္႔ရွင္းေရးကို Pro အျဖစ္လုပ္ေဆာင္ေနသူမ်ားအတြက္ကေတာ့ တစ္ခ်က္တည္းနဲ႔ရွင္းႏိုင္တာေပါ့။ 


သည္လို Pro ေတြကိုငွားရမ္းျပဳလုပ္ေစဖို႔ဆိုတာကလည္း အျမဲေစ်းမခ်ိဳဘူးေလေနာ္။ သည္ၾကမ္းပိုးေတြေၾကာင့္ ေန႔စဥ္နဲ႔အမွ် စိတ္အေႏွာင့္အယွက္ျဖစ္ရတယ္ အိပ္ေရး၀၀မအိပ္ရဘူးဆိုတာေတြအတြက္ ေသြးအလဟႆကုန္ေနရတာ ေျဖရွင္းဖို႔ DIY Solutions အခ်ိဳ႕ရွိပါတယ္။ သို႕ေသာ္ အရင္ဆံုးေတာ့ ကၽြန္ေတာ္တို႔အိမ္ရဲ႕ ၾကမ္းပိုးခိုေအာင္းႏိုင္တဲ့ေနရာ အေတာ္မ်ားမ်ားကို ဆန္းစစ္ဖို႔လိုပါမယ္။

နံနက္ခင္းတိုင္း အေရျပားမွာ ကိုက္ရာေသးေသးေလးေတြ၊ ေခါင္းအံုးနဲ႔ ေမြ႕ယာၾကားေတြမွာ ခပ္ေသးေသး အညိဳေရာင္ သို႕မဟုတ္ အနီရင့္ေရာင္အစက္အေပ်ာက္ေတြ၊ ၾကမ္းပိုးေသအခ်ိဳ႕ရဲ႕ အေရခြံေျခာက္ေတြ၊ ျပီးေတာ့ စံုေထာက္ဦးစံရွား ကိုင္ေနၾက မွန္ဘီလူး (a magnifying glass) ရွိရင္လည္း ၾကမ္းပိုးအရွင္ေတြဘယ္ေခ်ာင္၀င္ေနလည္းၾကည့္ရမယ္ေလ။

လတ္တေလာ အိပ္ရာတ၀ိုက္ ၾကမ္းပိုးေသာင္းၾကမ္းေနတယ္ ရွိေနတယ္ဆိုရင္ေတာ့ စြန္႔စားရာက်ေပမယ့္ လူေတြကို မထိခိုက္ေစတဲ့ ေဆးအခ်ိဳ႕ ဒါမွမဟုတ္ နည္းအခ်ိဳ႕ကိုသံုးဖို႔ဆံုးျဖတ္ရပါေတာ့မယ္။ ေဆးျဖန္းမယ္ဆိုလည္း လက္အိပ္စြပ္၊ Mask တပ္၊ ေဆးျဖန္းမယ့္ေနရာကလြဲလို႔ အျခားပစၥည္းေတြကို ဖံုးအုပ္တန္သည္ ဖံုးအုပ္ရပါမယ္။ ပိုက္ဆံသံုးဖို႔ အဆင္ေျပမယ္ဆိုရင္ေတာ့ ပိုးမႊားသန္႔ရွင္းေရး ၀န္ေဆာင္မႈလုပ္ငန္းကိုအပ္လိုက္လို႕ရတာေပါ့။


ကိုယ့္ဘာသာကိုယ္ ေျဖရွင္းလို႕အဆင္ေျပေစမယ့္ နည္းလမ္းအခ်ိဳ႕ကိုေ၀ငွလိုက္ပါမယ္။ စမ္းသပ္လုပ္ၾကည့္ၾကပါဗ်ိဳ႕။

(၁) ၾကမ္းပိုးေအာင္းတဲ့ေနရာကို ခ်ံဳ႕ရပါမယ္။ အိမ္ေဆာက္ပစၥည္းဆိုင္ေလးေတြမွာ အလြယ္တကူ၀ယ္လို႔ရတဲ့ ေလွဖာတဲ့ ပြဲညွက္ကို ၀ယ္ျပီး အခန္းနံရံနဲ႔ ၾကမ္းျပင္ၾကားေတြကို ပိတ္လိုက္ပါ။ အခန္းထဲ ကေယာက္ကယက္ျဖစ္ေစတဲ့ဟာေတြကို ဖယ္ရွားဖို႔ အိုင္ဒီယာေကာင္းတစ္ခုပါပဲ။

(၂) မုန္႔ဖုတ္ေဆာ္ဒါကို ၾကမ္းပိုးေတြပုန္းႏိုင္မယ့္ေနရာေတြကို ေသေသခ်ာခ်ာပက္ဖ်န္းေပးပါ။ ခဏေနကေျပာခဲ့တဲ့ ေလွဖာတဲ့ ပြဲညွက္လိုပစၥည္းမ်ိဳးေတြ ၀ယ္လို႔မရတာ ဒါမွမဟုတ္ အနံ႔အသက္မခံစားႏိုင္တာမ်ိဳးေတြအတြက္ မုန္႔ဖုတ္ေဆာ္ဒါ (baking soda)က အသံုး၀င္ပါတယ္။ ၾကမ္းပိုးေတြေအာင္းတဲ့ ၾကမ္းပိုးသိုက္ေနရာကို မုန္႔ဖုတ္ေဆာ္ဒါမ်ားမ်ားေလးထား လိုက္ျခင္းျဖင့္ ၾကမ္းပိုးေတြဖယ္ရွားႏိုင္တယ္ေလ။

(၃) အယ္လ္ကိုေဟာနဲ႔ ၾကမ္းပိုးရွိေနရာေတြကို စိုစြတ္ေအာင္ပြတ္သုတ္ေပးႏိုင္ပါတယ္။ ကိုယ္နဲ႔တည့္မတည့္ မသိႏိုင္တဲ့ ၾကမ္းပိုးသတ္ေဆးေတြကို ၀ယ္သံုးမိတာထက္ အယ္လ္ကိုေဟာ (alcohol)နဲ႔ပြတ္သပ္ေပးျခင္းက ပိုအဆင္ေျပပါတယ္။ ဓာတ္မီးတို႔ မွန္ဘီလူးခုံးတို႔သံုးျပီးၾကမ္းပိုးဥေနရာရွာျပီး အရက္နဲ႔စြတ္ပစ္လိုက္ဗ်ာ။

(၄) ပါကင္ထုပ္ရာမွာသံုးတဲ့ တိပ္ (duct tape) ကိုသံုးျပီးလည္း ၾကမ္းပိုးေတြကိုဖယ္ရွားလို႔ရပါတယ္။ ျပင္ညီမ်က္ႏွာျပင္ေတြ အတြက္ကေတာ့ တိပ္ကို မၾကီးမေသးေလးေတြျဖတ္၊ ၾကမ္းပိုးရွိတဲ့ေနရာမွာ လွမ္းကပ္ယူ၊ တိပ္ေတြအားလံုးျပန္စုျပီး အိပ္တစ္လုံုးနဲ႔လုံေအာင္ထည့္ကာ ခပ္ေ၀းေ၀းအမႈိက္ပံုးထဲစြန္႔ပစ္လို႕ရတာေပါ့။

(၅) ရနံ႔ေမႊးဆီအသံုးျပဳတတ္တယ္ဆိုရင္ေတာ့ လာဗင္ဒါအဆီ (Lavender Essential Oil) ကို ၾကမ္းပိုးေတြပုန္းေနတဲ့ေနရာ မွာ အသံုးခ်ႏိုင္ပါတယ္။ လာဗင္ဒါရနံ႔ကို ၾကမ္းပိုးေတြမၾကိဳက္ပါဘူး။ လာဗင္ဒါရနံ႔ဆီကို မသံုးခ်င္ဘူးဆိုရင္ေတာ့ လတ္လတ္ဆတ္ဆတ္ခူးထားတဲ့ လာဗင္ဒါပန္းေတြရယ္ အရြက္ေတြရယ္ကို ျပႆနာျဖစ္ေနတဲ့ေနရာေတြမွာ ခပ္ၾကဲၾကဲျဖန္႔ ထားလိုက္ပါ။

(၆) ပူဒီနာအရြက္ (mint leaves) ေတြအသံုးျပဳျပီးေတာ့လည္း ၾကမ္းပိုးေတြကိုႏွင္ထုတ္လို႕ရပါေသးတယ္။ ပူဒီနာရနံ႔သည္ လည္း ၾကမ္းပိုးမ်ား မုန္တီးတဲ့ အျခားေသာရနံ႔တစ္ခုျဖစ္ပါတယ္။ ဒါေၾကာင့္ ၾကိတ္ေျခထားေသာ ပူဒီနာအရြက္ေတြကို ၾကမ္းပိုးေတြေအာင္းေနတဲ့ေနရာေတြမွာထားေပးျခင္းဟာလည္း အိုင္ဒီယာေကာင္းတစ္ခုပါပဲ။  ဆိုဖာေထာင့္ေတြလို၊  ေသတၱာေထာင့္ေတြလိုေနရာမ်ိဳးမွာ ပူဒီနာေတြကိုေျချပီးထားလိုက္တာေပါ့။

(၇) ကိုယ့္အိမ္မွာဆိုရင္ေတာ့ ဖုန္စုပ္စက္သံုးျပီး သူတို႔ကိုရွင္းထုတ္လို႕ရတာပါပဲ။ လက္ႏႈိက္လို႔မရတဲ့ ေထာင့္ခ်ိဳးေတြ၊ ေနရာေတြက ၾကမ္းပိုးၾကီးေတြနဲ႔ ၾကမ္းပိုးဥေတြကို စုပ္ထုတ္လို႔ရတယ္ေလ။  ျပီးရင္ေတာ့ ဖုန္စုပ္စက္ကအိတ္ကို   ေသခ်ာစည္းေႏွာင္ျပီး ပလတ္စတစ္အိတ္တစ္ခုထဲ ေသခ်ာထည့္ျပီးမွစြန္႔ပစ္ရပါမယ္။ တစ္ခါသံုးပစၥည္းေတြသံုးလို႔ရရင္ေတာ့ ေကာင္းတာေပါ့ေနာ္။

(၈) ဖုန္စုပ္စက္လိုမ်ိဳးပဲ အိမ္သန္႔ရွင္းေရးမွာသံုးတဲ့ Steam Cleaner သံုးျပီး ၾကမ္းပိုးကိုႏွိမ္နင္းလို႔ရပါတယ္။ အဆိုပါပစၥည္းက အပူခ်ိန္ျပင္းျပင္းကို ၾကမ္းပိုးေတြမခံႏိုင္ပါဘူး။ အၾကိဳအၾကား လက္မေရာက္ႏိုင္တဲ့ေနရာက ၾကမ္းပိုးေတြကို ႏွိမ္နင္းခ်င္တဲ့အခါ Steam Cleaner ကိုအသံုးျပဳႏိုင္ပါတယ္။

(၉) Steam Cleaner အိမ္မွမရွိဘူးဆိုရင္လည္း ဆံပင္ေျခာက္ေအာင္သံုးတဲ့ ေလပူမႈတ္စက္ (hair dryer) ကိုသံုးလို႕ရပါတယ္။ အရည္အေသြးေကာင္းတဲ့ hair dryer ျဖစ္ဖို႔ေတာ့လိုတယ္ဗ်။ ဘာေၾကာင့္ဆို အပူခ်ိန္အျမင့္ဆံုးခလုပ္ကိုသံုးျပီး ၾကမ္းပိုးေတြရွိတဲ့ေနရာကို မႈတ္ရမွာမို႔ျဖစ္ပါတယ္။

(၁၀) အိပ္ရာခင္းေတြ၊ ေစာင္ေတြ၊ လိုက္ကာေတြ စသျဖင့္ ၾကမ္းပိုးေအာင္းခဲ့တဲ့ ပစၥည္းပစၥယေတြကို ေရပူပူနဲ႔ေလွ်ာ္ဖြတ္ ပစ္ပါ။ အေျခာက္ခံဖို႔ဆိုရင္လည္း ေနပူပူ ေနျပင္းျပင္းထဲလွန္းဖို႔ သို႕မဟုတ္ အေျခာက္ခံစက္မယ္ အပူခ်ိန္ အျမင့္ဆံုးခလုပ္ သံုးျပီး အေျခာက္ခံဖို႔လုပ္ပါ။ စိတ္မခ်ဘူးဆိုရင္ နည္းမရွိရင္ေတာ့ အိပ္ရာခင္းေတြ ေစာင္ေတြကို ပလတ္စတစ္အိတ္ထဲ လံုေအာင္ထည့္ပိတ္ျပီး ေနပူပူမွာထုတ္လွမ္းေပးရပါမယ္။

(၁၁) ၾကမ္းပိုးေအာင္းခဲ့လို႔ရွင္းလင္းထားတဲ့ ပစၥည္းပစၥယအစံုကို ေနျပင္းျပင္းမွာထုတ္လွမ္းပါ။ ၾကမ္းခင္းေကာ္ေဇာ၊ ပရိေဘာဂအစိတ္အပိုင္းေတြ၊ ေမြ႔ယာေတြကို ေန႔လယ္ေနပူထဲ ပစ္ထားလိုက္ တေနကုန္။

(၁၂) ေမြ႕ယာေတြ၊ဆိုဖာေတြကို ပလတ္စတစ္နဲ႔ ရက္အနည္းငယ္ေလာက္ ဖံုးအုပ္ထားေပးပါ။ သည္နည္းလမ္းက ၾကမ္းပိုးေတြ အထဲမွာ ပိတ္မိေနဖို႔လံုေလာက္သလို ေသဆံုးဖို႔လည္း အေၾကာင္းဖန္ပါလိမ့္မယ္။ ပရိေဘာဂ ခပ္ေသးေသးေတြကိုလည္း သည္နည္းလမ္းအတိုင္းျပဳလုပ္ေပးထားႏိုင္ပါတယ္။

ၾကမ္းပိုးရွင္းရာမွာ တစ္ရက္တည္း ဆက္တိုက္ရွင္းဖို႔လုပ္ဖို႔လုိတယ္ဆိုတာ သတိထားရပါမယ္။ ဘယ္အဆင့္ျပီးရင္ ဘယ္ဟာ ျပဳလုပ္ရမယ္ဆိုတာလည္း ၾကိဳစဥ္းစားထားရတာမ်ိဳးရွိပါတယ္။ ၾကမ္းပိုးကင္းျပီး ေကာင္းမြန္စြာ ေနထိုင္အိပ္စက္ ႏိုင္ပါေစလို႔ ဆႏၵျပဳပါတယ္။

Alex Aung (14 September 2020)


No comments: