Monday, September 14, 2020

ဆီးချိုနှင့်ကိုရိုနာဗိုင်းရပ်စ်

 #ဆီးချိုနှင့်ကိုရိုနာဗိုင်းရပ်စ်




#ဒေါက်တာယုယုကျော်(#ဆီးချိုနှင့်ဟော်မုန်းအထူးကုဆရာဝန်ကြီး)


#Home_Stay ပဲဖြစ်ဖြစ်၊ #Self_isolationပဲဖြစ်ဖြစ်အဲဒီအချိန်တွေမှာဆီးချိုသမားတွေဘာလုပ်သင့်ပါသလဲ❓❓


သွေးချိုကို ခါတိုင်းထက် ပိုစစ်ဖို့ လိုပါမယ်။ 

အထူးသဖြင့် အရင်က ကောင်းကောင်း မထိန်းနိုင်တဲ့ လူနာများ ပိုစစ်ဖို့ လိုပါမယ်။


ဘာကြောင့်လဲ❓

ဒီရောဂန္တရကပ်ဆိုးကြီးအချိန်မှာ လူတွေဟာ ကြားရ၊ မြင်ရတာနဲ့တင် Stress အရမ်းတက်နေပါပြီ။ အပြင်မထွက်ရတော့ဘဲ အိမ်ထဲမှာ အနေကြာလာတာနဲ့ အမျှ ပျင်းရိခြင်း၊ စိုးရိမ်စိတ်လွန်ကဲခြင်း၊ Comfort Eating ဆိုတဲ့ အလုပ်မရှိ၊ သရေစာ တစွတ်စွတ် စားခြင်း၊ ကိုယ်လက်လှုပ်ရှားမှုနည်းလာခြင်းစသဖြင့် အကြောင်းတွေကြောင့် ဆီးချိုသွေးချိုဟာ ပုံမှန်ထက် များလာ၊ တက်လာပါတယ်။ စိုးရိမ်စိတ်Stress  များလာရင်Stress ဟော်မုန်း ဖြစ်တဲ့Steroid Hormone, Adrenalin တွေ ထွက် လာပြီး အင်ဆူလင်မတိုးတော့ဘဲ (Insulin Resistance) သွေးချိုတွေ ဆောင့်တက်လာနိုင်ပါတယ်။


ဆီးချိုရောဂါတစ်ခုတည်းနဲ့တင် COVID-19 အသေအပျောက်များတဲ့Risk ဖြစ်နေတာမို့ ဒီအချိန်မှာ သွေးချိုကို ကောင်းကောင်းထိန်းဖို့ အရမ်းလိုအပ်ပါ တယ်။ ဒါကြောင့် သွေးချိုကို ပုံမှန်ထက် ပိုစစ်ပြီး လိုအပ်သလို ဆေးဝါးများကို အတိုးအလျှော့လုပ်ပေး ရပါမယ်။


CDC (Centre for Disease Control and Prevention) အရ COVID နဲ့ သေဆုံးသူ ၁ဝဝ မှာ ၇ ယောက်ဟာ ဆီးချိုရှိတဲ့သူဖြစ်လို့ 7% mortality ဖြစ်ပြီး ဆီးချိုမရှိသူ သေဆုံးသူဟာ ဝ.၉% (၁ဝဝဝ မှာ ၉ ယောက်သာ)ရှိလို့ ဆီးချိုသမားတွေဟာ သေဆုံးဖို့ အခွင့်အလမ်းများပါတယ်။ Intensive Care Unit  မှာ တက်ရတဲ့ COVID  လူနာ သုံးယောက်မှာ ၁ ယောက် က ဆီးချိုသမား သို့မဟုတ် အဝလွန်လူနာ ဖြစ်ပါ တယ်။ စံနှုန်းသွေးချို (မနက်အိပ်ရာထထချင်း၊ အစာ မစားခင်၊ မနက်စာ မစားခင်၊ နေ့လယ်စာမစားခင်၊ ညစာမစားခင်)ကတော့ 11-145 mg/ dl (6-8 mmol/li)  ဖြစ်ပါတယ်။ တကယ်လို့ သွေးချိုတွေ တက်နေပြီ ဆို လက်ရှိဆီးချိုဆေးပမာဏကို တိုးသင့်ရင် တိုး၊ ဒါမှမဟုတ် နောက် ဆီးချိုဆေး ထည့်သင့်ရင်ထည့်ရ ပါမယ်။ ဆရာဝန်နှင့် တိုင်ပင်သင့်ပါတယ်။ အင်ဆူ လင်ထိုးနေတဲ့သူတွေဆို အင်ဆူလင်ယူနစ်ကို တိုးသင့် ပါတယ်။ 


✔️ရေများများသောက်သင့်ပါတယ်။ ဒါဆို ဘယ် လောက် သောက်ရမှာလဲဆိုတဲ့ မေးခွန်းထွက်လာပါမယ်။ 

သာမန်လူတစ်ယောက်ဟာ ပုံမှန် နေ့စဉ် ရေ ၂ လီတာ သောက်သင့်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ငါ ရေသောက်တာ နည်းနေလား သိရအောင် အကြမ်း ဖျင်း ဆန်းစစ်ကြည့်လို့ရပါတယ်။ ရေသောက်နည်း ရင် ဆီးထွက်နည်းပါတယ်။ ဆီးတွေ ဝါကျင်ပြီး ပေါက်ရတာ လျှောလျှောရှူရှူ မဖြစ်ပါဘူး။ အာ ခေါင်၊ လျှာတွေ ခြောက်ပါတယ်။ ခေါင်းကိုက်လာ ပါမယ်။ တော်တော်ကို ရေဓာတ်ခန်းခြောက် (severe dehydration) ဖြစ်မယ်ဆိုရင် လူဟာ မူးမော်လာ မယ်။ ရင်တုန်လာမယ်။ သွေးပေါင်ချိန်ကျလာပါမယ်။ ဆီးချိုသမားတွေဟာ Dehydration  ကို အတတ်နိုင်ဆုံး ရှောင်ရပါမယ်။ အသက်အန္တရာယ် ထိခိုက်နိုင်လို့ပါ။


အထူးသဖြင့် မူဆလင်ဘာသာဝင်တွေ ဥပုသ်စောင့်တဲ့အချိန်မှာ ရေကို တတ်နိုင်သရွေ့၊ မှတ်မိသရွေ့ သောက်ပေးရပါမယ်။ သုံးလေးလီတာလောက် ဆီးပုံမှန် သွားရတဲ့အထိ သောက်သင့်ပါတယ်။ အလွန်အကျွံတော့ မဖြစ်သင့်ပါ။


✔️COVID-19  ကြောင့်ပဲဖြစ်ဖြစ် အခြားဗိုင်းရပ်စ်ရောဂါကြောင့်ပဲဖြစ်ဖြစ် နေထိုင်မကောင်းဖြစ်ရင် ဆီးချို သမားတွေ ဘယ်လိုကိုယ့်ကိုယ်ကိုယ် စောင့်ရှောက်ရ ပါမလဲ❓


 

ဒါကို ဒီမှာ "Sick Day Rule" နေထိုင်မကောင်း ရင် လိုက်နာရမယ့်အချက်များလို့ ခေါ်ပါတယ်။ ယူကေမှာတော့ ဆီးချို၊ COVID  သမားတွေ အဖျားတက်၊ ချောင်းဆိုးပေမဲ့ အောက်ဆီဂျင် မလိုအပ် ဘူးဆိုရင် ဆေးရုံ၊ ဆေးခန်းမလာဖို့ အကြံပေးပါတယ်။ လာရင်လည်း အိမ်ပြန်လွှတ်လိုက်ပါတယ်။ ဆီးချို သမားတွေကို ဆီးချိုအထူးကုနာ့စ်က ဖုန်းနဲ့ အကြံပေး ပါတယ်။


အကျဉ်းချုပ်ကတော့ အထက်က ရေးထားတဲ့ အချက်အလက် အကြံပြုချက်တွေပါပဲ။


#လူတိုင်းသိသလိုဖြစ်ပေမဲ့တကယ်ဂရုစိုက်လိုက်နာရမှာပါ။ 


- ရေများများသောက်ပါ။

- အစားမစားချင်လည်း နည်းနည်းနဲ့ ခဏခဏ 

 စားပေးပါ။ စားရင်လည်း ကစီဓာတ်ပါဝင်တဲ့ 

 အစာများကို စားပေးပါ။ ဥပမာ ပေါင်မုန့်၊ ဘီစကစ်၊ နွားနို့။


စာဖတ်သူများက အံ့ဩသွားပါမယ်။ ဟယ်.. ဆီးချိုသမားကို အချိုတွေ စားခိုင်းတယ်ပေါ့။ ပုံမှန် နေကောင်းချိန်မှာ အချို/ ကစီဓာတ်တွေကို ရှောင်သင့် ပေမဲ့ နေမကောင်း၊ ဖျား၊ မကျန်းမာတဲ့အချိန်၊ အစား အစာ ပုံမှန်မစားနိုင်တဲ့၊ စားမဝင်တဲ့အချိန်မှာ ကစီဓာတ် စားပေးရပါမယ်။ အဲဒီလို မစားပေးရင် ခန္ဓာကိုယ်က လိုအပ်တဲ့ အချိုဓာတ်ရဖို့ အသည်းမှာ လှောင်ထားတဲ့ ကစီဓာတ် (glycogen)ကို ဖျက်ပြီး ယူပါတယ်။ ဒါကို glycogenolysisလို့ ခေါ်ပါတယ်။ ခန္ဓာကိုယ်ထဲက အဆီ (lipid)တွေကို ခြေဖျက်ပြီး သုံးပါတယ်။  


ဒါကို Medical Term နဲ့ဆိုရင် Lipolysis လို့ခေါ် ပါတယ်။ အဲဒီဖြစ်စဉ်တွေက ရလာတဲ့ byproduct က ကီတုံး(Ketones)ပါ။ ဒီကီတုံးတွေ ခန္ဓာကိုယ်ထဲမှာ များလာပြီဆိုရင် Ketosis  (လက်သည်းဖျက်ဆေး အနံ့ လို)ဖြစ်ပြီး ဆီးချိုသမား အထူးသဖြင့် အမျိုးအစား ၁ ဆီးချိုသမားတွေကို အသက်အန္တရာယ်ပေးနိုင်တဲ့ အထိ ဆိုးဝါးစေပါတယ်။


#အမျိုးအစား၂ဆီးချိုသွေးချိုသမားတွေမှာတော့=Hyperglycaemic Hyperosmolas State လို့ ခေါ်တဲ့ သွေးချို အလွန်အကျွံများခြင်းဖြစ်စေပြီး အသက်အန္တရာယ် ဖြစ်စေပါတယ်။ ဒီလိုမဖြစ်အောင် ကာဗိုဟိုက်ဒရိတ်နည်းနည်းကို ခဏခဏစားပြီး ဆီးချိုဆေးတွေကို နည်းနည်းတိုး သောက်ခြင်းဖြင့် အထက်ပါ အသက်အန္တရာယ်ထိခိုက် စေခြင်းကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။


ဆီးချိုဆေးတွေကို ဘယ်လိုတိုးမြှင့်သောက်ရ မှာလဲ.❓


✔️ဥပမာ ၁-


Metformin  500 mg အား တစ်လုံး ၂ကြိမ် သောက်နေသော ဆီးချိုသမား ညနေစာ မစားမီ


သွေးချို145 mg/dl (6mmol / li)  အထက် အမြဲရှိလျှင် မနက်Metformin  ကို နှစ်ဆတိုးသောက်ပါ။ 


500 mg အစား 1000 mg သောက်ပါ။ 


မနက်  သွေးချိုတက် လျှင်ညနေ Metformin  တိုးသောက်ပါ။ 


တစ်နေကုန် သွေးချိုတက်နေလျှင် ၅ဝဝ အား တစ်လုံး ၂ကြိမ် အစား၊ ၂ လုံး ၂ ကြိမ် သောက်ပါ။


ဥပမာ ၂- 


Metformin 500 mg ၂ လုံး၊ ၂ ကြိမ် သောက်နေ သော ဆီးချိုသမားဆိုရင် 

သွေးချိုများ တက်နေပါက နောက်ထပ် ဆီးချိုကျဆေး ထပ်ထည့်ဖို့ လိုပါတယ်။ 


ဥပမာ ၃


တစ်နေ့ တစ်ကြိမ် အင်ဆူလင်ထိုးနေသူများ ထိုး နေဆဲပမာဏမှ ၁-၂ ယူနစ် တိုးပြီး ထိုးပါ။ 

ဥပမာLantus  ၂၀ ယူနစ် ထိုးတဲ့လူနာ ၂၂ ယူနစ် ထိုးပေးပါ။ 

သွေးချို တစ်နေ့ ၂ ကြိမ်၊  ၄ ကြိမ် အနည်းဆုံးစစ်ဖို့ လိုပါမယ်။

နေမကောင်းဖြစ်ရင် သွေးချိုသိပ်ထိန်းရခက်ပါ တယ်။ သွေးချိုတွေ ပုံမှန်မဟုတ်ဘဲ တက်လာနိုင်သလို မထင်မှတ်ဘဲ အရမ်းကျသွားတတ်ပါတယ်။ ဒါကို hypo-glycaemia လို့ခေါ်ပါတယ်။


#သွေးချိုကျတဲ့ လက္ခဏာတွေကတော့


ဗိုက်ဆာလာမယ်၊ လက်တွေ ကတုန်ကယင်ဖြစ် မယ်၊ တချို့ဆို ချွေးပြန်လာတယ်၊ လက်ဖျား၊ နှုတ်ခမ်း တွေ ထုံသလို ဖြစ်လာတတ်တယ်၊ ရင်ခုန်မြန်မယ်၊ ဂနာမငြိမ်ဖြစ်လာမယ်၊ မူးမော်လာတတ်ပါတယ်။ ဒီလက္ခဏာအကုန်လုံး ပြချင်မှ ပြမှာပါ။ ဒီလိုခံစားရပြီ ဆိုရင် သွေးချိုမြန်မြန်စစ်ဖို့ လိုပါတယ်။


သွေးချိုဟာ 70 mg/ dl (4 mmol / li) အောက် ရောက်ရင် သွေးချိုကျတယ်လို့ သတ်မှတ်ပါတယ်။ သွေးချို မစစ်ခင် လက်ကို ဆပ်ပြာ၊ ရေတို့နဲ့ စင်ကြယ်စွာ ဆေးဖို့ လိုအပ်ပါတယ်။ နို့မို့ဆိုရင် အထူးသဖြင့် အစားအသောက်ကိုင်ပြီးခါစဆိုရင် လက်ချောင်းတွေ မှာ သကြားလေးတွေ ကပ်နေရင်၊ လက်ထိပ်က သွေးကို စစ်တဲ့ အဖြေဟာ မတိကျပါဘူး။ ရေကို ခြောက်အောင်သုတ်ဖို့လည်း လိုပါတယ်။ 


သွေးချိုလည်း 70 mmg/dl အားထက် ကျတယ်။ သွေးချိုကျတဲ့လက္ခဏာလည်း ရှိရင် ကုသဖို့ လိုပါ တယ်။ သကြားဖြူ ၄ ဇွန်း သို့မဟုတ် လိမ္မော်ရည် 150 ml  သို့မဟုတ် Coca Cola 150 ml  သို့မဟုတ် Jelly babies ၄ လုံး စားပေးရပါမယ်။ တစ်မျိုးချင်းစီ ဟာ Carbohydrate 15 gm  နှင့် ညီမျှပါတယ်။ ဒီ အစားအစာတွေဟာ သွေးချိုကို ချက်ချင်းမြင့်စေပါ တယ်။ ဒါပေမဲ့ ခဏလေးနဲ့ ခန္ဓာကိုယ်က ပျောက် ကွယ်သွားတာမို့ ဒါတွေ စားပြီးရင် ပေါင်မုန့်၊ ကိတ် မုန့်၊ ဘီစကစ်စတဲ့ ကာဗိုဟိုက်ဒရိတ်တွေ စားပေးဖို့ လိုပါတယ်။၁၅ မိနစ်ကြာရင် နောက်တစ်ခေါက် လက်ထိပ် ကနေသွေးချိုထပ်စစ်ရပါမယ်။145mg/dl (8mmol/li)  လောက်ရှိတဲ့အထိ စစ်ပေးပါ။


#တကယ်လို့များအချိန်မီသွေးချိုကျတာမသိလိုက်ရင်သွေးချိုဟာဆက်တိုက်ကျပြီးလက္ခဏာများလည်းပြောင်းလဲသွားပါတယ်။


ခေါင်းကိုက်လာခြင်း၊ စိတ်ကို စုစည်းလို့ မရ ခြင်း၊ အမြင်များ ဝေဝါးခြင်း၊ ကိုယ်အမူအရာ မထိန်း နိုင်ခြင်း (စရိုက်ကြမ်းတမ်းခြင်း၊ အော်ဟစ်ခြင်း) စကား ပြော လေးလံလာခြင်း (လေဖြတ်လူနာများ သကဲ့သို့) နောက်ပိုင်းမှာ သတိလစ်တဲ့အထိ ဖြစ်သွားနိုင်ပါတယ်။


အဲဒီလိုအခြေအနေမျိုးမှာတော့ ကုသပုံ ၂ မျိုး ရှိ ပါတယ်။ လူနာဟာ သတိရှိသေးတယ်၊ စားရင် သောက်ရင် မသီးသေးဘူးဆိုရင်တော့ အထက်ပါ အတိုင်း ကျွေးမွေးပြီး ကုသပေးရပါမယ်။လူနာဟာ သတိလက်လွတ်ဖြစ်နေပြီဆိုရင်တော့ Glucagon လို့ခေါ်တဲ့ ထိုးဆေးကို မိတ်ဆွေ၊ မိသားစု က ထိုးပေးပြီး  Ambulance ခေါ်ပြီး ဆေးရုံ၊ ဆေးခန်း ကို သွားရပါတယ်။


ကားမောင်းနေရင်း သွေးချိုကျတဲ့လက္ခဏာရှိလာ ရင်တော့ အန္တရာယ်ကင်းတဲ့ လမ်းဘေး သို့မဟုတ် ကားရပ်နားရာ တစ်နေရာရာ ထိုးရပ်၊ စက်သတ်ပြီး ကားသော့ကို ဖြုတ်၊ ပါဆင်ဂျာထိုင်ခုံမှာထိုင်၊ သွေးချို စစ်၊ အချိုရည်သောက်ပြီး အနည်းဆုံး ၄၅ မိနစ် စောင့်ပြီးမှ ကားပြန်မောင်းရပါတယ်။ (ယူကေရဲ့  DVLA ကားမောင်းလိုင်စင်ရုံး) ညွှန်ကြားချက်ပါ။


သိပ္ပံပညာရှင်များရဲ့ ခန့်မှန်းချက်ကတော့ COVID-19  ဟာ လူတွေနဲ့အတူ အနည်းဆုံး နောက်ထပ် တစ်နှစ်၊ နှစ်နှစ်လောက် ဆက်ရှိနေမှာဆိုတော့ ဆီးချို သမားတွေဟာ ကိုယ့်ဆီးချို Control ကောင်းအောင် ဆေးသောက်၊ ပြုမူနေထိုင်ပြီး ကာကွယ်သွားရမှာပါ။ ဆီးချိုနဲ့ အဝလွန်ရောဂါဟာ ဒွန်တွဲတတ်တဲ့အတွက် ကိုယ်အလေးချိန် လျှော့ချဖို့က အရမ်းအရေးကြီးပါ တယ်။


စာဖတ်သူများ၊ ဆီးချိုဝေဒနာရှင်များ အပါအဝင်တစ်ကမ္ဘာလုံးရှိလူသားများအားလုံး ကျန်းမာ ပျော်ရွှင်နိုင်ပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါ တယ်။


#ဒေါက်တာယုယုကျော်

#ဆီးချိုနှင့် ဟော်မုန်းအထူးကုဆရာဝန်ကြီး

#drziwakamagazine


(Zawgyi) 

#ဆီးခ်ိဳႏွင့္ကိုရိုနာဗိုင္းရပ္စ္




#ေဒါက္တာယုယုေက်ာ္(#ဆီးခ်ိဳႏွင့္ေဟာ္မုန္းအထူးကုဆရာဝန္ႀကီး)


#Home_Stay ပဲျဖစ္ျဖစ္၊ #Self_isolationပဲျဖစ္ျဖစ္အဲဒီအခ်ိန္ေတြမွာဆီးခ်ိဳသမားေတြဘာလုပ္သင့္ပါသလဲ❓❓


ေသြးခ်ိဳကို ခါတိုင္းထက္ ပိုစစ္ဖို့ လိုပါမယ္။ 

အထူးသျဖင့္ အရင္က ေကာင္းေကာင္း မထိန္းနိုင္တဲ့ လူနာမ်ား ပိုစစ္ဖို့ လိုပါမယ္။


ဘာေၾကာင့္လဲ❓

ဒီေရာဂႏၲရကပ္ဆိုးႀကီးအခ်ိန္မွာ လူေတြဟာ ၾကားရ၊ ျမင္ရတာနဲ႔တင္ Stress အရမ္းတက္ေနပါၿပီ။ အျပင္မထြက္ရေတာ့ဘဲ အိမ္ထဲမွာ အေနၾကာလာတာနဲ႔ အမၽွ ပ်င္းရိျခင္း၊ စိုးရိမ္စိတ္လြန္ကဲျခင္း၊ Comfort Eating ဆိုတဲ့ အလုပ္မရွိ၊ သေရစာ တစြတ္စြတ္ စားျခင္း၊ ကိုယ္လက္လွုပ္ရွားမွုနည္းလာျခင္းစသျဖင့္ အေၾကာင္းေတြေၾကာင့္ ဆီးခ်ိဳေသြးခ်ိဳဟာ ပုံမွန္ထက္ မ်ားလာ၊ တက္လာပါတယ္။ စိုးရိမ္စိတ္Stress  မ်ားလာရင္Stress ေဟာ္မုန္း ျဖစ္တဲ့Steroid Hormone, Adrenalin ေတြ ထြက္ လာၿပီး အင္ဆူလင္မတိုးေတာ့ဘဲ (Insulin Resistance) ေသြးခ်ိဳေတြ ေဆာင့္တက္လာနိုင္ပါတယ္။


ဆီးခ်ိဳေရာဂါတစ္ခုတည္းနဲ႔တင္ COVID-19 အေသအေပ်ာက္မ်ားတဲ့Risk ျဖစ္ေနတာမို့ ဒီအခ်ိန္မွာ ေသြးခ်ိဳကို ေကာင္းေကာင္းထိန္းဖို့ အရမ္းလိုအပ္ပါ တယ္။ ဒါေၾကာင့္ ေသြးခ်ိဳကို ပုံမွန္ထက္ ပိုစစ္ၿပီး လိုအပ္သလို ေဆးဝါးမ်ားကို အတိုးအေလၽွာ့လုပ္ေပး ရပါမယ္။


CDC (Centre for Disease Control and Prevention) အရ COVID နဲ႔ ေသဆုံးသူ ၁၀ဝ မွာ ၇ ေယာက္ဟာ ဆီးခ်ိဳရွိတဲ့သူျဖစ္လို့ 7% mortality ျဖစ္ၿပီး ဆီးခ်ိဳမရွိသူ ေသဆုံးသူဟာ ဝ.၉% (၁၀ဝ၀ မွာ ၉ ေယာက္သာ)ရွိလို့ ဆီးခ်ိဳသမားေတြဟာ ေသဆုံးဖို့ အခြင့္အလမ္းမ်ားပါတယ္။ Intensive Care Unit  မွာ တက္ရတဲ့ COVID  လူနာ သုံးေယာက္မွာ ၁ ေယာက္ က ဆီးခ်ိဳသမား သို့မဟုတ္ အဝလြန္လူနာ ျဖစ္ပါ တယ္။ စံႏွုန္းေသြးခ်ိဳ (မနက္အိပ္ရာထထခ်င္း၊ အစာ မစားခင္၊ မနက္စာ မစားခင္၊ ေန႔လယ္စာမစားခင္၊ ညစာမစားခင္)ကေတာ့ 11-145 mg/ dl (6-8 mmol/li)  ျဖစ္ပါတယ္။ တကယ္လို့ ေသြးခ်ိဳေတြ တက္ေနၿပီ ဆို လက္ရွိဆီးခ်ိဳေဆးပမာဏကို တိုးသင့္ရင္ တိုး၊ ဒါမွမဟုတ္ ေနာက္ ဆီးခ်ိဳေဆး ထည့္သင့္ရင္ထည့္ရ ပါမယ္။ ဆရာဝန္ႏွင့္ တိုင္ပင္သင့္ပါတယ္။ အင္ဆူ လင္ထိုးေနတဲ့သူေတြဆို အင္ဆူလင္ယူနစ္ကို တိုးသင့္ ပါတယ္။ 


✔️ေရမ်ားမ်ားေသာက္သင့္ပါတယ္။ ဒါဆို ဘယ္ ေလာက္ ေသာက္ရမွာလဲဆိုတဲ့ ေမးခြန္းထြက္လာပါမယ္။ 

သာမန္လူတစ္ေယာက္ဟာ ပုံမွန္ ေန႔စဥ္ ေရ ၂ လီတာ ေသာက္သင့္ပါတယ္။ ကိုယ့္ကိုယ္ကိုယ္ ငါ ေရေသာက္တာ နည္းေနလား သိရေအာင္ အၾကမ္း ဖ်င္း ဆန္းစစ္ၾကည့္လို့ရပါတယ္။ ေရေသာက္နည္း ရင္ ဆီးထြက္နည္းပါတယ္။ ဆီးေတြ ဝါက်င္ၿပီး ေပါက္ရတာ ေလၽွာေလၽွာရွူရွူ မျဖစ္ပါဘူး။ အာ ေခါင္၊ လၽွာေတြ ေျခာက္ပါတယ္။ ေခါင္းကိုက္လာ ပါမယ္။ ေတာ္ေတာ္ကို ေရဓာတ္ခန္းေျခာက္ (severe dehydration) ျဖစ္မယ္ဆိုရင္ လူဟာ မူးေမာ္လာ မယ္။ ရင္တုန္လာမယ္။ ေသြးေပါင္ခ်ိန္က်လာပါမယ္။ ဆီးခ်ိဳသမားေတြဟာ Dehydration  ကို အတတ္နိုင္ဆုံး ေရွာင္ရပါမယ္။ အသက္အႏၲရာယ္ ထိခိုက္နိုင္လို့ပါ။


အထူးသျဖင့္ မူဆလင္ဘာသာဝင္ေတြ ဥပုသ္ေစာင့္တဲ့အခ်ိန္မွာ ေရကို တတ္နိုင္သေရြ႕၊ မွတ္မိသေရြ႕ ေသာက္ေပးရပါမယ္။ သုံးေလးလီတာေလာက္ ဆီးပုံမွန္ သြားရတဲ့အထိ ေသာက္သင့္ပါတယ္။ အလြန္အကၽြံေတာ့ မျဖစ္သင့္ပါ။


✔️COVID-19  ေၾကာင့္ပဲျဖစ္ျဖစ္ အျခားဗိုင္းရပ္စ္ေရာဂါေၾကာင့္ပဲျဖစ္ျဖစ္ ေနထိုင္မေကာင္းျဖစ္ရင္ ဆီးခ်ိဳ သမားေတြ ဘယ္လိုကိုယ့္ကိုယ္ကိုယ္ ေစာင့္ေရွာက္ရ ပါမလဲ❓


 

ဒါကို ဒီမွာ "Sick Day Rule" ေနထိုင္မေကာင္း ရင္ လိုက္နာရမယ့္အခ်က္မ်ားလို့ ေခၚပါတယ္။ ယူေကမွာေတာ့ ဆီးခ်ိဳ၊ COVID  သမားေတြ အဖ်ားတက္၊ ေခ်ာင္းဆိုးေပမဲ့ ေအာက္ဆီဂ်င္ မလိုအပ္ ဘူးဆိုရင္ ေဆး႐ုံ၊ ေဆးခန္းမလာဖို့ အႀကံေပးပါတယ္။ လာရင္လည္း အိမ္ျပန္လႊတ္လိုက္ပါတယ္။ ဆီးခ်ိဳ သမားေတြကို ဆီးခ်ိဳအထူးကုနာ့စ္က ဖုန္းနဲ႔ အႀကံေပး ပါတယ္။


အက်ဥ္းခ်ဳပ္ကေတာ့ အထက္က ေရးထားတဲ့ အခ်က္အလက္ အႀကံျပဳခ်က္ေတြပါပဲ။

#လူတိုင္းသိသလိုျဖစ္ေပမဲ့တကယ္ဂ႐ုစိုက္လိုက္နာရမွာပါ။ 


- ေရမ်ားမ်ားေသာက္ပါ။

- အစားမစားခ်င္လည္း နည္းနည္းနဲ႔ ခဏခဏ 

 စားေပးပါ။ စားရင္လည္း ကစီဓာတ္ပါဝင္တဲ့ 

 အစာမ်ားကို စားေပးပါ။ ဥပမာ ေပါင္မုန႔္၊ ဘီစကစ္၊ ႏြားနို့။


စာဖတ္သူမ်ားက အံ့ဩသြားပါမယ္။ ဟယ္.. ဆီးခ်ိဳသမားကို အခ်ိဳေတြ စားခိုင္းတယ္ေပါ့။ ပုံမွန္ ေနေကာင္းခ်ိန္မွာ အခ်ိဳ/ ကစီဓာတ္ေတြကို ေရွာင္သင့္ ေပမဲ့ ေနမေကာင္း၊ ဖ်ား၊ မက်န္းမာတဲ့အခ်ိန္၊ အစား အစာ ပုံမွန္မစားနိုင္တဲ့၊ စားမဝင္တဲ့အခ်ိန္မွာ ကစီဓာတ္ စားေပးရပါမယ္။ အဲဒီလို မစားေပးရင္ ခႏၶာကိုယ္က လိုအပ္တဲ့ အခ်ိဳဓာတ္ရဖို့ အသည္းမွာ ေလွာင္ထားတဲ့ ကစီဓာတ္ (glycogen)ကို ဖ်က္ၿပီး ယူပါတယ္။ ဒါကို glycogenolysisလို့ ေခၚပါတယ္။ ခႏၶာကိုယ္ထဲက အဆီ (lipid)ေတြကို ေျခဖ်က္ၿပီး သုံးပါတယ္။  


ဒါကို Medical Term နဲ႔ဆိုရင္ Lipolysis လို့ေခၚ ပါတယ္။ အဲဒီျဖစ္စဥ္ေတြက ရလာတဲ့ byproduct က ကီတုံး(Ketones)ပါ။ ဒီကီတုံးေတြ ခႏၶာကိုယ္ထဲမွာ မ်ားလာၿပီဆိုရင္ Ketosis  (လက္သည္းဖ်က္ေဆး အနံ့ လို)ျဖစ္ၿပီး ဆီးခ်ိဳသမား အထူးသျဖင့္ အမ်ိဳးအစား ၁ ဆီးခ်ိဳသမားေတြကို အသက္အႏၲရာယ္ေပးနိုင္တဲ့ အထိ ဆိုးဝါးေစပါတယ္။


#အမ်ိဳးအစား၂ဆီးခ်ိဳေသြးခ်ိဳသမားေတြမွာေတာ့=Hyperglycaemic Hyperosmolas State လို့ ေခၚတဲ့ ေသြးခ်ိဳ အလြန္အကၽြံမ်ားျခင္းျဖစ္ေစၿပီး အသက္အႏၲရာယ္ ျဖစ္ေစပါတယ္။ ဒီလိုမျဖစ္ေအာင္ ကာဗိုဟိုက္ဒရိတ္နည္းနည္းကို ခဏခဏစားၿပီး ဆီးခ်ိဳေဆးေတြကို နည္းနည္းတိုး ေသာက္ျခင္းျဖင့္ အထက္ပါ အသက္အႏၲရာယ္ထိခိုက္ ေစျခင္းကို ကာကြယ္နိုင္မွာ ျဖစ္ပါတယ္။


ဆီးခ်ိဳေဆးေတြကို ဘယ္လိုတိုးျမႇင့္ေသာက္ရ မွာလဲ.❓


✔️ဥပမာ ၁-


Metformin  500 mg အား တစ္လုံး ၂ႀကိမ္ ေသာက္ေနေသာ ဆီးခ်ိဳသမား ညေနစာ မစားမီ


ေသြးခ်ိဳ145 mg/dl (6mmol / li)  အထက္ အျမဲရွိလၽွင္ မနက္Metformin  ကို ႏွစ္ဆတိုးေသာက္ပါ။ 


500 mg အစား 1000 mg ေသာက္ပါ။ 


မနက္  ေသြးခ်ိဳတက္ လၽွင္ညေန Metformin  တိုးေသာက္ပါ။ 


တစ္ေနကုန္ ေသြးခ်ိဳတက္ေနလၽွင္ ၅၀ဝ အား တစ္လုံး ၂ႀကိမ္ အစား၊ ၂ လုံး ၂ ႀကိမ္ ေသာက္ပါ။


ဥပမာ ၂- 


Metformin 500 mg ၂ လုံး၊ ၂ ႀကိမ္ ေသာက္ေန ေသာ ဆီးခ်ိဳသမားဆိုရင္ 

ေသြးခ်ိဳမ်ား တက္ေနပါက ေနာက္ထပ္ ဆီးခ်ိဳက်ေဆး ထပ္ထည့္ဖို့ လိုပါတယ္။ 


ဥပမာ ၃


တစ္ေန႔ တစ္ႀကိမ္ အင္ဆူလင္ထိုးေနသူမ်ား ထိုး ေနဆဲပမာဏမွ ၁-၂ ယူနစ္ တိုးၿပီး ထိုးပါ။ 

ဥပမာLantus  ၂၀ ယူနစ္ ထိုးတဲ့လူနာ ၂၂ ယူနစ္ ထိုးေပးပါ။ 

ေသြးခ်ိဳ တစ္ေန႔ ၂ ႀကိမ္၊  ၄ ႀကိမ္ အနည္းဆုံးစစ္ဖို့ လိုပါမယ္။

ေနမေကာင္းျဖစ္ရင္ ေသြးခ်ိဳသိပ္ထိန္းရခက္ပါ တယ္။ ေသြးခ်ိဳေတြ ပုံမွန္မဟုတ္ဘဲ တက္လာနိုင္သလို မထင္မွတ္ဘဲ အရမ္းက်သြားတတ္ပါတယ္။ ဒါကို hypo-glycaemia လို့ေခၚပါတယ္။


#ေသြးခ်ိဳက်တဲ့ လကၡဏာေတြကေတာ့


ဗိုက္ဆာလာမယ္၊ လက္ေတြ ကတုန္ကယင္ျဖစ္ မယ္၊ တခ်ိဳ့ဆို ေခၽြးျပန္လာတယ္၊ လက္ဖ်ား၊ ႏွုတ္ခမ္း ေတြ ထုံသလို ျဖစ္လာတတ္တယ္၊ ရင္ခုန္ျမန္မယ္၊ ဂနာမၿငိမ္ျဖစ္လာမယ္၊ မူးေမာ္လာတတ္ပါတယ္။ ဒီလကၡဏာအကုန္လုံး ျပခ်င္မွ ျပမွာပါ။ ဒီလိုခံစားရၿပီ ဆိုရင္ ေသြးခ်ိဳျမန္ျမန္စစ္ဖို့ လိုပါတယ္။


ေသြးခ်ိဳဟာ 70 mg/ dl (4 mmol / li) ေအာက္ ေရာက္ရင္ ေသြးခ်ိဳက်တယ္လို့ သတ္မွတ္ပါတယ္။ ေသြးခ်ိဳ မစစ္ခင္ လက္ကို ဆပ္ျပာ၊ ေရတို့နဲ႔ စင္ၾကယ္စြာ ေဆးဖို့ လိုအပ္ပါတယ္။ နို့မို့ဆိုရင္ အထူးသျဖင့္ အစားအေသာက္ကိုင္ၿပီးခါစဆိုရင္ လက္ေခ်ာင္းေတြ မွာ သၾကားေလးေတြ ကပ္ေနရင္၊ လက္ထိပ္က ေသြးကို စစ္တဲ့ အေျဖဟာ မတိက်ပါဘူး။ ေရကို ေျခာက္ေအာင္သုတ္ဖို့လည္း လိုပါတယ္။ 


ေသြးခ်ိဳလည္း 70 mmg/dl အားထက္ က်တယ္။ ေသြးခ်ိဳက်တဲ့လကၡဏာလည္း ရွိရင္ ကုသဖို့ လိုပါ တယ္။ သၾကားျဖဴ ၄ ဇြန္း သို့မဟုတ္ လိေမၼာ္ရည္ 150 ml  သို့မဟုတ္ Coca Cola 150 ml  သို့မဟုတ္ Jelly babies ၄ လုံး စားေပးရပါမယ္။ တစ္မ်ိဳးခ်င္းစီ ဟာ Carbohydrate 15 gm  ႏွင့္ ညီမၽွပါတယ္။ ဒီ အစားအစာေတြဟာ ေသြးခ်ိဳကို ခ်က္ခ်င္းျမင့္ေစပါ တယ္။ ဒါေပမဲ့ ခဏေလးနဲ႔ ခႏၶာကိုယ္က ေပ်ာက္ ကြယ္သြားတာမို့ ဒါေတြ စားၿပီးရင္ ေပါင္မုန႔္၊ ကိတ္ မုန႔္၊ ဘီစကစ္စတဲ့ ကာဗိုဟိုက္ဒရိတ္ေတြ စားေပးဖို့ လိုပါတယ္။၁၅ မိနစ္ၾကာရင္ ေနာက္တစ္ေခါက္ လက္ထိပ္ ကေနေသြးခ်ိဳထပ္စစ္ရပါမယ္။145mg/dl (8mmol/li)  ေလာက္ရွိတဲ့အထိ စစ္ေပးပါ။


#တကယ္လို့မ်ားအခ်ိန္မီေသြးခ်ိဳက်တာမသိလိုက္ရင္ေသြးခ်ိဳဟာဆက္တိုက္က်ၿပီးလကၡဏာမ်ားလည္းေျပာင္းလဲသြားပါတယ္။


ေခါင္းကိုက္လာျခင္း၊ စိတ္ကို စုစည္းလို့ မရ ျခင္း၊ အျမင္မ်ား ေဝဝါးျခင္း၊ ကိုယ္အမူအရာ မထိန္း နိုင္ျခင္း (စရိုက္ၾကမ္းတမ္းျခင္း၊ ေအာ္ဟစ္ျခင္း) စကား ေျပာ ေလးလံလာျခင္း (ေလျဖတ္လူနာမ်ား သကဲ့သို့) ေနာက္ပိုင္းမွာ သတိလစ္တဲ့အထိ ျဖစ္သြားနိုင္ပါတယ္။

အဲဒီလိုအေျခအေနမ်ိဳးမွာေတာ့ ကုသပုံ ၂ မ်ိဳး ရွိ ပါတယ္။ လူနာဟာ သတိရွိေသးတယ္၊ စားရင္ ေသာက္ရင္ မသီးေသးဘူးဆိုရင္ေတာ့ အထက္ပါ အတိုင္း ေကၽြးေမြးၿပီး ကုသေပးရပါမယ္။လူနာဟာ သတိလက္လြတ္ျဖစ္ေနၿပီဆိုရင္ေတာ့ Glucagon လို့ေခၚတဲ့ ထိုးေဆးကို မိတ္ေဆြ၊ မိသားစု က ထိုးေပးၿပီး  Ambulance ေခၚၿပီး ေဆး႐ုံ၊ ေဆးခန္း ကို သြားရပါတယ္။


ကားေမာင္းေနရင္း ေသြးခ်ိဳက်တဲ့လကၡဏာရွိလာ ရင္ေတာ့ အႏၲရာယ္ကင္းတဲ့ လမ္းေဘး သို့မဟုတ္ ကားရပ္နားရာ တစ္ေနရာရာ ထိုးရပ္၊ စက္သတ္ၿပီး ကားေသာ့ကို ျဖဳတ္၊ ပါဆင္ဂ်ာထိုင္ခုံမွာထိုင္၊ ေသြးခ်ိဳ စစ္၊ အခ်ိဳရည္ေသာက္ၿပီး အနည္းဆုံး ၄၅ မိနစ္ ေစာင့္ၿပီးမွ ကားျပန္ေမာင္းရပါတယ္။ (ယူေကရဲ့  DVLA ကားေမာင္းလိုင္စင္႐ုံး) ညႊန္ၾကားခ်က္ပါ။

သိပၸံပညာရွင္မ်ားရဲ့ ခန႔္မွန္းခ်က္ကေတာ့ COVID-19  ဟာ လူေတြနဲ႔အတူ အနည္းဆုံး ေနာက္ထပ္ တစ္ႏွစ္၊ ႏွစ္ႏွစ္ေလာက္ ဆက္ရွိေနမွာဆိုေတာ့ ဆီးခ်ိဳ သမားေတြဟာ ကိုယ့္ဆီးခ်ိဳ Control ေကာင္းေအာင္ ေဆးေသာက္၊ ျပဳမူေနထိုင္ၿပီး ကာကြယ္သြားရမွာပါ။ ဆီးခ်ိဳနဲ႔ အဝလြန္ေရာဂါဟာ ဒြန္တြဲတတ္တဲ့အတြက္ ကိုယ္အေလးခ်ိန္ ေလၽွာ့ခ်ဖို့က အရမ္းအေရးႀကီးပါ တယ္။

စာဖတ္သူမ်ား၊ ဆီးခ်ိဳေဝဒနာရွင္မ်ား အပါအဝင္တစ္ကမၻာလုံးရွိလူသားမ်ားအားလုံး က်န္းမာ ေပ်ာ္ရႊင္နိုင္ပါေစလို့ ဆုမြန္ေကာင္း ေတာင္းလိုက္ပါ တယ္။


#ေဒါက္တာယုယုေက်ာ္

#ဆီးခ်ိဳႏွင့္ ေဟာ္မုန္းအထူးကုဆရာဝန္ႀကီး

#drziwakamagazine

No comments: