Thursday, September 10, 2020

❓ချိုင်းချွေးနံ့… သင့်ကို စိတ်အနှောက်ယှက်ဖြစ်စေလား ❓

ချိုင်းချွေးနံ့… သင့်ကို စိတ်အနှောက်ယှက်ဖြစ်စေလား 




အဲ့လိုမေးရင် အကုန်လုံး "YES" လို့ ဖြေမယ်ထင်တယ်နော်။ ချိုင်းချွေးနံ့ကြောင့် သင်ကိုယ်တိုင်ကော သူတစ်ပါးကော စိတ်အနောက်အယှက်ဖြစ်မှာ အမှန်ပါပဲ။

ဒီတော့…  ဒီတစ်ပတ်မှာတော့ ကျနော်က စိတ်အနှောက်အယှက်ဖြစ်စေတဲ့ ချိုင်းချွေးနံ့ အကြောင်းကို ပြောပြပေးသွားမှာပါ။


ဒါဆို ပထမဆုံး.. သိထားရမှာက ❤️“ကျနော်တို့ဘာလို့ ချွေးထွက်ကြတာလဲ?" ❤️


ကျနော်တို့ Body မှာ Eccrine and Apocrine glands ဆိုပြီး Sweat Glands နှစ်မျိုးရှိပါတယ်။ ဒီ Glands နှစ်ခု က Sweating (ချွေးထွက်ခြင်း) နှင့် Body Odor (အနံ့)ကို ဖြစ်စေတယ်။


Eccrine glands က Body အစိတ်အပိုင်းတော်တော်များများမှာ ရှိတတ်ကြပြီး Body Temperature မြင့်တက်လာတဲ့ချိန်မှာ ပြန်အေးစေဖို့အတွက် အရည်လေးတွေ အငွေ့ပျံတက်လာတယ်။ အဲ့ဒါကို ကျနော်တို့က ချွေးထွက်တယ်လို့ ခေါ်တာပေါ့နော်။


Apocrine glands တွေကတော့ အမွှေးအမျှင်လေးတွေ ရှိတတ်တဲ့ ချိုင်း(Armpit) တို့၊ ပေါင်ခြံ (Groin) စတဲ့နေရာမှာ ရှိတတ်တယ်။ ဒီ Glands တွေက Puberty ရောက်မှ စပြီး အလုပ်လုပ်ကြတယ်။ သူတို့တွေက ကျနော်တို့ အပူချိန်မြင့်တက်လာတာဖြစ်ဖြစ်၊ စိတ်ဖိစိမှုများလာတာဖြစ်ဖြစ် milky fluid ဖြူနောက်နောက် အရည်လေးတွေ ထုတ်လိုက်တယ်။ ပုံမှန်အားဖြင့် ဒီအရည်လေးတွေက အနံ့မရှိတတ်ကြဘူး။ Skin မှာ ရှိတဲ့ Bacteria လေးနဲ့ ထိတွေ့တဲ့အခါမှာ ကျနော်တို့တွေ ချိုင်းချွေးနံ့ကို စပြီး သတိထားမိလာကြတာပေါ့နော်။


ဆက်ပြီးတော့

✨ချိုင်းချွေး အနံ့ပြင်းစေတဲ့ တခြားအချက်တွေက ဘာတွေဖြစ်မလဲ?✨ ဆိုတာ ကြည့်ရအောင်။


Body Odor ကို မျိုးရိုးဗီဇ၊ ကျန်းမာရေး နှင့် တကိုယ်ရည်သန့်ရှင်းမှုကြောင့် ဆိုပြီး ဒီသုံးချက်က အဓိက ဖြစ်စေတာပေါ့နော်။ နောက်ထပ်ဖြစ်စေတဲ့ အချက်က ကျနော်တို့ စားသောက်တဲ့ အစားအသောက်တွေကြောင့်ပါပဲ။ ကျနော်တို့ စားသောက်တဲ့ အစားအစာတွေပေါ်မူတည်ပြီး ကျနော်တို့ Body က အနံ့အသက်ကို ပြန်ပြီး စွန့်ထုတ်တတ်ကြတယ်။ ကဲ… ဒါဆို ဘယ်လို အစားအသောက်တွေက ကျနော်တို့ body odor ကို ဆိုးစေလဲ ဆက်ကြည့်ရအောင်။


✨ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ၊ ပန်းဂေါ်ဖီစိမ်း စတဲ့ ဂေါ်ဖီမျိုးနွယ်ဝင် ဟင်းသီးဟင်းရွက်များ 🥦

ဒါတွေကို မချက်ပြုတ်ဘဲ အစိမ်း အစားများရင် ကြက်ဥပုပ်ကဲ့သို့သော အနံ့ပြင်းရတတ်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီလိုအမျှင်ဓာတ်များတဲ့အတွက် ကျနော်တို့ body က အကုန်မချေဖျက်နိုင်ပါဘူး။ ဒီအစာတွေက Colon အူမကြီးကို ရောက်တဲ့အခါ bacteria တွေနဲ့ ဓာတ်ပြုပြီး Gas တမျိုးကိုထုတ်ပေးတယ်။ ဒါက ပုံမှန်ဖြစ်စဉ်ပါပဲ။ မတူတဲ့အချက်က ဒီအသီးအနှံတွေမှာ sulphur compounds တွေပါတဲ့အတွက် ဓာတ်ပြုပြီးတဲ့အခါ Hydrogen sulphide အဖြစ်ပြောင်းလဲသွားပြီး rotten egg smell ရတာဖြစ်တယ်။ ဒီတော့ ဒါတွေ ရှောင်ရမလားဆိုတော့ မဟုတ်ပါဘူး။ တန်ဆေးလွန်ဘေး ဆိုသလိုပါပဲ ပမာဏနည်းနည်းကနေ စစားသွားပြီး body က တုံ့ပြန်တဲ့ လက်ခံနိုင်တဲ့ ပမာဏထိစားနိုင်ပါတယ်။ ဒါမှမဟုတ် ဆားရေနွေးလေးနဲ့ ခဏစိမ်ပေးပြီး စားလို့ရပါတယ်။


✨ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ အစပ်ဟင်းလျာ၊ ဆေးဖက်ဝင်တဲ့ Cumin ဇီရာပင်၊ ဇီရာစေ့

ဒါတွေအစာများတဲ့သူက ကျနော်တို့ရဲ့ ခံတွင်းနှင့် ချွေးပေါက်တွေကို သက်ရောက်စေပါတယ်။ လိုအပ်တာထက်ပိုစားမိတဲ့အခါ body ကနေ Sulphur ကဲ့သို့ Compounds တွေ ထုတ်ပေးတဲ့အခါ ကျနော်တို့ရဲ့ ခံတွင်းနံ့ပြင်းစေတယ်။ ချွေးနံ့ပြင်းစေတယ်။


✨ပင်လယ်စာ (seafoods)🍤🦐🦑🦀🦞

Seafood စားတိုင်းဖြစ်တာမဟုတ်ပါဘူး။ ဘယ်လိုလူတွေမှာ ဖြစ်တာများလဲဆိုတော့ Metabolic disorder တမျိုးဖြစ်တဲ့ Trimethylaminuria ရှိတဲ့ လူတချို့မှာ ဖြစ်တတ်ပါတယ်။ သူတို့ body က Seafood ထဲမှာ ပါဝင်တဲ့ trimethylamine ကို break down မလုပ်နိုင်တဲ့ အတွက် seafoods တွေစားပြီး နာရီအနည်းငယ်အတွင်းမှာ Fishy Smell (ငါးညှီနံ့) နံလာတတ်ပါတယ်။ ဒီလို disorder မျိုးရှိတဲ့သူက urine test လုပ်ပြီးသိနိုင်ပါတယ်။ ဒီလို လူတွေကတော့ seafoods နှင့် Trimethylamine ပါတဲ့ အစားအစာတွေဖြစ်တဲ့ ဥ အမျိုးမျိုး၊ အသည်း၊ ပဲတောင့်၊ ပဲသီး နှင့် နွားနို့ ( grass-fed cow) စတာတွေကို ရှောင်သင့်ပါတယ်။


✨အရက် (Alcohol) 🍷🍸🍺🍹🍾🥃

အရက်အလွန်အကြူးသောက်သုံးလေ့ရှိတဲ့သူဆီက ထွက်တဲ့ ခံတွင်းနံ့ နဲ့ ချွေးက အရက်နံ့လို သိသာတဲ့ အနံ့တမျိုး ရနေတတ်ပါတယ်။ ခံတွင်းမှာ ပုံမှန်ရှိရမယ့် Bacteria လေးတွေမရှိတဲ့အတွက် ခံတွင်းနံ့ပြင်းမယ်၊ ခံတွင်းခြောက်မယ်၊ ပိုဆိုးလာရင် သွားဖုံးရောဂါတွေဖြစ်မယ်၊ သွားကြွေတွေ ပျက်စီးလာပြီး ဆွေးမြေ့လာနိုင်ပါတယ်။ အကောင်းဆုံးက အရက်ကို လျှော့သောက်ပြီး ရေများများသောက်ပေးရပါမယ်။


✨အသား (Red Meat) 🥩🥩

ဟင်းသီးဟင်းရွက်စားများတဲ့သူ နှင့် ယှဉ်ရင် အသားစားများတဲ့သူ မှာ body odor ပိုပြင်းတတ်ပါတယ်။  meats တွေကို vegetables နဲ့စာရင် အစာမချေဖျက်နိုင်တဲ့အတွက်  ကျန်ခဲ့တဲ့ amino acid တွေက အနံ့ထွက်စေတယ်လို့ လေ့လာချက်များအရ တွေ့ရှိထားပါတယ်။

အစားအသောက်တွေကြောင့် body အနံ့ပြင်းစေတာတွေက ဒါတွေပါပဲ။


ဒါဆို… ‼️ချိုင်းချွေးနံ့ သက်သာအောင် ဘယ်လိုကာကွယ်ကြမလဲ?‼️


📌ချိုင်း (Armpits) ကို သန့်ရှင်းအောင်ထားရပါမယ်။ ဘယ်လိုထားရမလဲ ဆိုတော့ Anti- Bacterial ပါတဲ့ ဆပ်ပြာ သုံးပေးရပါတယ်။ တနေ့ကို တစ်ကြိမ် သို့ နှစ်ကြိမ် ပုံမှန်ဆေးပေးခြင်းဖြင့် Bacterial ပေါက်ဖွားမှု ကို လျော့ချပေးနိုင်ပါတယ်။ ရေနွေးလေးနဲ့ ဆို ပိုထိရောက်နိုင်ပါတယ်။


📌သန့်စင်ဆေးကြောပေးတာတော့ ဟုတ်ပါပြီ။ ဒါပေမယ့် ချိုင်းမွှေး Armpits Hair များနေရင် လဲ ချွေးတွေ အောင်းနေပြီး ဘတ်တီးရီးယား ကို ပိုပြီး ပေါက်ဖွားစေပြိး ချွေးနံ့ ပြင်းတာ မဆန်းဘူးပေါ့လေ။ အဲ့တော့ Shaving လုပ်ပေးရမယ်။ တစ်လ တကြိမ် သို့ ၃ ပတ် တကြိမ် ချိုင်းမွှေး ကို ပုံမှန်  ရိတ်ပေးခြင်း၊ နုတ်ပေးခြင်းဖြင့် ချိုင်းချွေးထွက်တာ လျော့နည်းစေပြီး ချွေးနံ့ပြင်းတာ သက်သာစေပါတယ်။ ခုနောက်ပိုင်းဆို Hair Removal ကုသမှု လုပ်ပေးခြင်းကလည်း Armpit Hair ဖယ်ပေးရုံကိုသာမက Armpit Skin ကို ကောင်းမွန်စေပါတယ်။


📌အဝတ်အစား ဝတ်တဲ့နေရာမှာလဲ သတိထားရပါ့မယ်။ လေဝင်လေထွက်ကောင်းမွန်တဲ့ ချည်ထည် များကို ဝတ်ဆင်သင့်ပါတယ်။ Cotton , Silk, Wool တို့ ပါတဲ့ အဝတ်အစားများကို လဲ ဝတ်ဆင်လို့ရပါတယ်။ အရမ်းကို ချိုင်းချွေးထွက်တဲ့ သူဆိုရင် တော့ ချွေးမကွက်အောင် အတွင်းမှာ ချည်ထည် တီရှပ် အဖြူလေး တစ်ထည် ဝတ်ထားရင် ချွေးကို စုပ်ယူပေးတဲ့ အတွက် ချိုင်း မှာ ချွေးကွက်နေတာ မမြင်ရတော့ပါဘူး။ ဝတ်ပြီးသား အဝတ်အစား ကို ပြန်မဝတ်ပဲ လျှော်သင့်ပါတယ်။ မဟုတ်ရင် အဖြူကွက် တို့ အဝါကွက်တို့ ကျန်ခဲ့တတ်ပါတယ်။ တချို့တွေကတော့ အမျိုးသမီးလစဉ်သုံးကို ချိုင်းနေရာမှာ ကပ်ထားတာမျိုး လုပ်ပေးခြင်းကလည်း ချွေးကိုစုပ်ယူနိုင်တဲ့အတွက် အနံ့ပြင်းတာ သက်သာစေပါတယ်။


📌Diet Change ပေးရပါမည်။ အပေါ်မှာ ပြောခဲ့တဲ့ အစားအစာတွေကို တက်နိုင်သလောက် လျော့စားပေးပြီး ရေများများသောက်ပေးရပါမယ်။


📌DIY အိမ်တွင်းလုပ်နည်းလမ်းလေးတွေပါ။ Apple Cider Vinegar, Lemon စတာလေးတွေကို သင့်တော်တဲ့ ပမာဏ ကို ရေမချိုးမှီ လိမ်းပေးတာကလည်း သက်သာစေပါတယ်။ တနေ့ကို တကြိမ်၊ နှစ်ကြိမ်ထပ်တော့ ပိုမလုပ်သင့်ပါဘူး။


📌စျေးကွက်ထဲအလွယ်တကူရတဲ့ Deodorants and Antiperspirants လို့ ခေါ်တဲ့ ချိုင်းချွေးလိမ်းတောင့် သုံးရမှာပါ။ Roll On ခေါ် Deodorant ရွေးတဲ့နေရာမှာ Aluminum Chloride or Lime ပါတာ သုံးရပါမယ်။ သုံးတဲ့အခါ ရေခြောက်သွေ့အောင်သုတ်ပြီးမှ လိမ်းပေးရပါမည်။ Roll On ခြောက်သွေ့သွားမှ အဝတ် ဝတ်ပေးတာ ပိုထိရောက်သလို အဝတ်အစားပေါ်စွန်းထင်းတာမျိုး မဖြစ်စေပါဘူး။


📌တချို့က Roll On မသုံးချင်ဘူး။ ချိုင်းချွေးထွက်တာကို ကုသချင်တယ်ဆိုရင် ရပါတယ်။ အဲဒါကတော့ Botox ကို ချိုင်း ကို ထိုးပေးရမှာပါ။ သူ့မှာ ပါတဲ့ Toxin လေးတွေက Brain ကနေ ချွေးထုတ်ဂလန်း (Sweat Glands) ကို သွားတဲ့ Signal ကို Block လိုက်တဲ့ အတွက် ဆေးထိုးတဲ့ နေရာမှာ ချွေးထွက်နည်းသွားခြင်းဖြစ်ပါတယ်။ ချိုင်းချွေး အရမ်းထွက်များတဲ့ သူဆို ပိုပြီး သင့်လျော်ပါတယ်။ permanent result မဟုတ်တဲ့အတွက် ဘယ်လောက်ရေရှည်ခံမလဲဆိုရင်တော့ တစ်ကြိမ် ဆေးထိုးပြီး ၂ လ ကနေ ၈ လ ထိတော့ ချွေးထွက်နှုန်း သက်သာစေပါတယ်။


📌 ရေဓာတ်ပြည့်ဝစွာနေပါ။ ကောင်းမွန်စွာ အိပ်စက်အနားယူပါ။


📌နောက်ဆုံးအချက်ကတော့ Stress စိတ်ဖိစီးမှုကို တတ်နိုင်သမျှ လျှော့ချပေးရပါမယ်။ စိတ်ဖိစီးမှုက ကျနော်တို့ Body Sweating and Odor ကို ပုံမှန်ထက် ပိုဖြစ်စေပါတယ်။

✅✅✅

ချွေးထွက်ကြတာက Normal ပါပဲ။ ဒါပေမယ့် တချို့တွေက လိုအပ်တာထက်ပိုထွက်ရင်တော့ ပုံမှန်မဟုတ်တော့ဘူးပေါ့။ ဒါကို ကျနော်တို့က Hyperhidrosis လို့ခေါ်တယ်။ ဘယ်လိုအခြေအနေမျိုးလဲဆိုရင် ချွေးထွက်စေတဲ့အကြောင်းရင်းမရှိစေဘဲ လှုပ်ရှားမှုမလုပ်ဘဲ ခြေ၊ လက်နှင့် ချိုင်း မှာအများကြီးထွက်နေတာမျိုး ကို ခေါ်ပါတယ်။ ဒီလို အခြေအနေမျိုး အရမ်းဆိုးပြီး ကြာလာပြီဆိုရင် ဒေါက်တာ နှင့် ဆေးခန်းမှာ သေချာတိုင်ပင်ဆွေးနွေးပြီး လိုအပ်တဲ့ ကုသမှုလေးတွေ လုပ်သင့်ပါတယ်။ Hyperhidrosis ကို ဖြစ်စေတာက မျိုးရိုးဗီဇကြောင့် ဖြစ်နိုင်သလို တချို့သောရောဂါ ဥပမာ Hyperthyroidism, Menopause  လိုမျိုးရဲ့ လက္ခဏာတခု ဖြစ်နိုင်တာကြောင့်ပါ။

🥰🥰🥰🥰

ဒီအပတ်အကြောင်းအရာလေးက သူငယ်ချင်းတို့အတွက် အသုံးဝင်မယ်လို့ မျှော်လင့်မိပါတယ်။ Charming Life with Dr Yell မှ အားလုံးပဲ ကျန်းမာလှပနိုင်ကြပါစေလို့ ဆုတောင်းပေးရင်း နှုတ်ဆက်လိုက်ပါတယ်။


𝙻𝚎𝚝 𝚖𝚎 𝚝𝚊𝚔𝚎 𝚌𝚊𝚛𝚎 𝚘𝚏 𝚢𝚘𝚞𝚛 𝙱𝚎𝚊𝚞𝚝𝚢 & 𝙻𝚒𝚏𝚎!

🥰With Loves🥰

Dʀ.Yᴇʟʟ


#charminglifewithdryell

#beautytalk #healthytips #armpitsmell #armpitodor #skinhealthy

 (Zawgyi) 

ခ်ိဳင္းေခၽြးနံ့… သင့္ကို စိတ္အေႏွာက္ယွက္ျဖစ္ေစလား ❓




အဲ့လိုေမးရင္ အကုန္လုံး "YES" လို့ ေျဖမယ္ထင္တယ္ေနာ္။ ခ်ိဳင္းေခၽြးနံ့ေၾကာင့္ သင္ကိုယ္တိုင္ေကာ သူတစ္ပါးေကာ စိတ္အေနာက္အယွက္ျဖစ္မွာ အမွန္ပါပဲ။

ဒီေတာ့…  ဒီတစ္ပတ္မွာေတာ့ က်ေနာ္က စိတ္အေႏွာက္အယွက္ျဖစ္ေစတဲ့ ခ်ိဳင္းေခၽြးနံ့ အေၾကာင္းကို ေျပာျပေပးသြားမွာပါ။


ဒါဆို ပထမဆုံး.. သိထားရမွာက ❤️“က်ေနာ္တို့ဘာလို့ ေခၽြးထြက္ၾကတာလဲ?" ❤️


က်ေနာ္တို့ Body မွာ Eccrine and Apocrine glands ဆိုၿပီး Sweat Glands ႏွစ္မ်ိဳးရွိပါတယ္။ ဒီ Glands ႏွစ္ခု က Sweating (ေခၽြးထြက္ျခင္း) ႏွင့္ Body Odor (အနံ့)ကို ျဖစ္ေစတယ္။


Eccrine glands က Body အစိတ္အပိုင္းေတာ္ေတာ္မ်ားမ်ားမွာ ရွိတတ္ၾကၿပီး Body Temperature ျမင့္တက္လာတဲ့ခ်ိန္မွာ ျပန္ေအးေစဖို့အတြက္ အရည္ေလးေတြ အေငြ႕ပ်ံတက္လာတယ္။ အဲ့ဒါကို က်ေနာ္တို့က ေခၽြးထြက္တယ္လို့ ေခၚတာေပါ့ေနာ္။


Apocrine glands ေတြကေတာ့ အေမႊးအမၽွင္ေလးေတြ ရွိတတ္တဲ့ ခ်ိဳင္း(Armpit) တို့၊ ေပါင္ၿခံ (Groin) စတဲ့ေနရာမွာ ရွိတတ္တယ္။ ဒီ Glands ေတြက Puberty ေရာက္မွ စၿပီး အလုပ္လုပ္ၾကတယ္။ သူတို့ေတြက က်ေနာ္တို့ အပူခ်ိန္ျမင့္တက္လာတာျဖစ္ျဖစ္၊ စိတ္ဖိစိမွုမ်ားလာတာျဖစ္ျဖစ္ milky fluid ျဖဴေနာက္ေနာက္ အရည္ေလးေတြ ထုတ္လိုက္တယ္။ ပုံမွန္အားျဖင့္ ဒီအရည္ေလးေတြက အနံ့မရွိတတ္ၾကဘူး။ Skin မွာ ရွိတဲ့ Bacteria ေလးနဲ႔ ထိေတြ႕တဲ့အခါမွာ က်ေနာ္တို့ေတြ ခ်ိဳင္းေခၽြးနံ့ကို စၿပီး သတိထားမိလာၾကတာေပါ့ေနာ္။


ဆက္ၿပီးေတာ့

✨ခ်ိဳင္းေခၽြး အနံ့ျပင္းေစတဲ့ တျခားအခ်က္ေတြက ဘာေတြျဖစ္မလဲ?✨ ဆိုတာ ၾကည့္ရေအာင္။


Body Odor ကို မ်ိဳးရိုးဗီဇ၊ က်န္းမာေရး ႏွင့္ တကိုယ္ရည္သန႔္ရွင္းမွုေၾကာင့္ ဆိုၿပီး ဒီသုံးခ်က္က အဓိက ျဖစ္ေစတာေပါ့ေနာ္။ ေနာက္ထပ္ျဖစ္ေစတဲ့ အခ်က္က က်ေနာ္တို့ စားေသာက္တဲ့ အစားအေသာက္ေတြေၾကာင့္ပါပဲ။ က်ေနာ္တို့ စားေသာက္တဲ့ အစားအစာေတြေပၚမူတည္ၿပီး က်ေနာ္တို့ Body က အနံ့အသက္ကို ျပန္ၿပီး စြန႔္ထုတ္တတ္ၾကတယ္။ ကဲ… ဒါဆို ဘယ္လို အစားအေသာက္ေတြက က်ေနာ္တို့ body odor ကို ဆိုးေစလဲ ဆက္ၾကည့္ရေအာင္။


✨ေဂၚဖီထုပ္၊ ပန္းေဂၚဖီ၊ ပန္းေဂၚဖီစိမ္း စတဲ့ ေဂၚဖီမ်ိဳးႏြယ္ဝင္ ဟင္းသီးဟင္းရြက္မ်ား 🥦

ဒါေတြကို မခ်က္ျပဳတ္ဘဲ အစိမ္း အစားမ်ားရင္ ၾကက္ဥပုပ္ကဲ့သို့ေသာ အနံ့ျပင္းရတတ္ပါတယ္။ ဘာလို့လဲဆိုေတာ့ ဒီလိုအမၽွင္ဓာတ္မ်ားတဲ့အတြက္ က်ေနာ္တို့ body က အကုန္မေခ်ဖ်က္နိုင္ပါဘူး။ ဒီအစာေတြက Colon အူမႀကီးကို ေရာက္တဲ့အခါ bacteria ေတြနဲ႔ ဓာတ္ျပဳၿပီး Gas တမ်ိဳးကိုထုတ္ေပးတယ္။ ဒါက ပုံမွန္ျဖစ္စဥ္ပါပဲ။ မတူတဲ့အခ်က္က ဒီအသီးအႏွံေတြမွာ sulphur compounds ေတြပါတဲ့အတြက္ ဓာတ္ျပဳၿပီးတဲ့အခါ Hydrogen sulphide အျဖစ္ေျပာင္းလဲသြားၿပီး rotten egg smell ရတာျဖစ္တယ္။ ဒီေတာ့ ဒါေတြ ေရွာင္ရမလားဆိုေတာ့ မဟုတ္ပါဘူး။ တန္ေဆးလြန္ေဘး ဆိုသလိုပါပဲ ပမာဏနည္းနည္းကေန စစားသြားၿပီး body က တုံ႔ျပန္တဲ့ လက္ခံနိုင္တဲ့ ပမာဏထိစားနိုင္ပါတယ္။ ဒါမွမဟုတ္ ဆားေရေႏြးေလးနဲ႔ ခဏစိမ္ေပးၿပီး စားလို့ရပါတယ္။


✨ၾကက္သြန္နီ၊ ၾကက္သြန္ျဖဴ၊ အစပ္ဟင္းလ်ာ၊ ေဆးဖက္ဝင္တဲ့ Cumin ဇီရာပင္၊ ဇီရာေစ့

ဒါေတြအစာမ်ားတဲ့သူက က်ေနာ္တို့ရဲ့ ခံတြင္းႏွင့္ ေခၽြးေပါက္ေတြကို သက္ေရာက္ေစပါတယ္။ လိုအပ္တာထက္ပိုစားမိတဲ့အခါ body ကေန Sulphur ကဲ့သို့ Compounds ေတြ ထုတ္ေပးတဲ့အခါ က်ေနာ္တို့ရဲ့ ခံတြင္းနံ့ျပင္းေစတယ္။ ေခၽြးနံ့ျပင္းေစတယ္။


✨ပင္လယ္စာ (seafoods)🍤🦐🦑🦀🦞

Seafood စားတိုင္းျဖစ္တာမဟုတ္ပါဘူး။ ဘယ္လိုလူေတြမွာ ျဖစ္တာမ်ားလဲဆိုေတာ့ Metabolic disorder တမ်ိဳးျဖစ္တဲ့ Trimethylaminuria ရွိတဲ့ လူတခ်ိဳ့မွာ ျဖစ္တတ္ပါတယ္။ သူတို့ body က Seafood ထဲမွာ ပါဝင္တဲ့ trimethylamine ကို break down မလုပ္နိုင္တဲ့ အတြက္ seafoods ေတြစားၿပီး နာရီအနည္းငယ္အတြင္းမွာ Fishy Smell (ငါးညႇီနံ့) နံလာတတ္ပါတယ္။ ဒီလို disorder မ်ိဳးရွိတဲ့သူက urine test လုပ္ၿပီးသိနိုင္ပါတယ္။ ဒီလို လူေတြကေတာ့ seafoods ႏွင့္ Trimethylamine ပါတဲ့ အစားအစာေတြျဖစ္တဲ့ ဥ အမ်ိဳးမ်ိဳး၊ အသည္း၊ ပဲေတာင့္၊ ပဲသီး ႏွင့္ ႏြားနို့ ( grass-fed cow) စတာေတြကို ေရွာင္သင့္ပါတယ္။


✨အရက္ (Alcohol) 🍷🍸🍺🍹🍾🥃

အရက္အလြန္အၾကဴးေသာက္သုံးေလ့ရွိတဲ့သူဆီက ထြက္တဲ့ ခံတြင္းနံ့ နဲ႔ ေခၽြးက အရက္နံ့လို သိသာတဲ့ အနံ့တမ်ိဳး ရေနတတ္ပါတယ္။ ခံတြင္းမွာ ပုံမွန္ရွိရမယ့္ Bacteria ေလးေတြမရွိတဲ့အတြက္ ခံတြင္းနံ့ျပင္းမယ္၊ ခံတြင္းေျခာက္မယ္၊ ပိုဆိုးလာရင္ သြားဖုံးေရာဂါေတြျဖစ္မယ္၊ သြားေႂကြေတြ ပ်က္စီးလာၿပီး ေဆြးေျမ့လာနိုင္ပါတယ္။ အေကာင္းဆုံးက အရက္ကို ေလၽွာ့ေသာက္ၿပီး ေရမ်ားမ်ားေသာက္ေပးရပါမယ္။


✨အသား (Red Meat) 🥩🥩

ဟင္းသီးဟင္းရြက္စားမ်ားတဲ့သူ ႏွင့္ ယွဥ္ရင္ အသားစားမ်ားတဲ့သူ မွာ body odor ပိုျပင္းတတ္ပါတယ္။  meats ေတြကို vegetables နဲ႔စာရင္ အစာမေခ်ဖ်က္နိုင္တဲ့အတြက္  က်န္ခဲ့တဲ့ amino acid ေတြက အနံ့ထြက္ေစတယ္လို့ ေလ့လာခ်က္မ်ားအရ ေတြ႕ရွိထားပါတယ္။

အစားအေသာက္ေတြေၾကာင့္ body အနံ့ျပင္းေစတာေတြက ဒါေတြပါပဲ။


ဒါဆို… ‼️ခ်ိဳင္းေခၽြးနံ့ သက္သာေအာင္ ဘယ္လိုကာကြယ္ၾကမလဲ?‼️


📌ခ်ိဳင္း (Armpits) ကို သန႔္ရွင္းေအာင္ထားရပါမယ္။ ဘယ္လိုထားရမလဲ ဆိုေတာ့ Anti- Bacterial ပါတဲ့ ဆပ္ျပာ သုံးေပးရပါတယ္။ တေန႔ကို တစ္ႀကိမ္ သို့ ႏွစ္ႀကိမ္ ပုံမွန္ေဆးေပးျခင္းျဖင့္ Bacterial ေပါက္ဖြားမွု ကို ေလ်ာ့ခ်ေပးနိုင္ပါတယ္။ ေရေႏြးေလးနဲ႔ ဆို ပိုထိေရာက္နိုင္ပါတယ္။


📌သန႔္စင္ေဆးေၾကာေပးတာေတာ့ ဟုတ္ပါၿပီ။ ဒါေပမယ့္ ခ်ိဳင္းေမႊး Armpits Hair မ်ားေနရင္ လဲ ေခၽြးေတြ ေအာင္းေနၿပီး ဘတ္တီးရီးယား ကို ပိုၿပီး ေပါက္ဖြားေစၿပိး ေခၽြးနံ့ ျပင္းတာ မဆန္းဘူးေပါ့ေလ။ အဲ့ေတာ့ Shaving လုပ္ေပးရမယ္။ တစ္လ တႀကိမ္ သို့ ၃ ပတ္ တႀကိမ္ ခ်ိဳင္းေမႊး ကို ပုံမွန္  ရိတ္ေပးျခင္း၊ ႏုတ္ေပးျခင္းျဖင့္ ခ်ိဳင္းေခၽြးထြက္တာ ေလ်ာ့နည္းေစၿပီး ေခၽြးနံ့ျပင္းတာ သက္သာေစပါတယ္။ ခုေနာက္ပိုင္းဆို Hair Removal ကုသမွု လုပ္ေပးျခင္းကလည္း Armpit Hair ဖယ္ေပး႐ုံကိုသာမက Armpit Skin ကို ေကာင္းမြန္ေစပါတယ္။


📌အ၀တ္အစား ၀တ္တဲ့ေနရာမွာလဲ သတိထားရပါ့မယ္။ ေလ၀င္ေလထြက္ေကာင္းမြန္တဲ့ ခ်ည္ထည္ မ်ားကို ၀တ္ဆင္သင့္ပါတယ္။ Cotton , Silk, Wool တို့ ပါတဲ့ အ၀တ္အစားမ်ားကို လဲ ၀တ္ဆင္လို့ရပါတယ္။ အရမ္းကို ခ်ိဳင္းေခၽြးထြက္တဲ့ သူဆိုရင္ ေတာ့ ေခၽြးမကြက္ေအာင္ အတြင္းမွာ ခ်ည္ထည္ တီရွပ္ အျဖဴေလး တစ္ထည္ ၀တ္ထားရင္ ေခၽြးကို စုပ္ယူေပးတဲ့ အတြက္ ခ်ိဳင္း မွာ ေခၽြးကြက္ေနတာ မျမင္ရေတာ့ပါဘူး။ ၀တ္ၿပီးသား အ၀တ္အစား ကို ျပန္မ၀တ္ပဲ ေလၽွာ္သင့္ပါတယ္။ မဟုတ္ရင္ အျဖဴကြက္ တို့ အဝါကြက္တို့ က်န္ခဲ့တတ္ပါတယ္။ တခ်ိဳ့ေတြကေတာ့ အမ်ိဳးသမီးလစဥ္သုံးကို ခ်ိဳင္းေနရာမွာ ကပ္ထားတာမ်ိဳး လုပ္ေပးျခင္းကလည္း ေခၽြးကိုစုပ္ယူနိုင္တဲ့အတြက္ အနံ့ျပင္းတာ သက္သာေစပါတယ္။


📌Diet Change ေပးရပါမည္။ အေပၚမွာ ေျပာခဲ့တဲ့ အစားအစာေတြကို တက္နိုင္သေလာက္ ေလ်ာ့စားေပးၿပီး ေရမ်ားမ်ားေသာက္ေပးရပါမယ္။


📌DIY အိမ္တြင္းလုပ္နည္းလမ္းေလးေတြပါ။ Apple Cider Vinegar, Lemon စတာေလးေတြကို သင့္ေတာ္တဲ့ ပမာဏ ကို ေရမခ်ိဳးမွီ လိမ္းေပးတာကလည္း သက္သာေစပါတယ္။ တေန႔ကို တႀကိမ္၊ ႏွစ္ႀကိမ္ထပ္ေတာ့ ပိုမလုပ္သင့္ပါဘူး။


📌ေစ်းကြက္ထဲအလြယ္တကူရတဲ့ Deodorants and Antiperspirants လို့ ေခၚတဲ့ ခ်ိဳင္းေခၽြးလိမ္းေတာင့္ သုံးရမွာပါ။ Roll On ေခၚ Deodorant ေရြးတဲ့ေနရာမွာ Aluminum Chloride or Lime ပါတာ သုံးရပါမယ္။ သုံးတဲ့အခါ ေရေျခာက္ေသြ႕ေအာင္သုတ္ၿပီးမွ လိမ္းေပးရပါမည္။ Roll On ေျခာက္ေသြ႕သြားမွ အဝတ္ ဝတ္ေပးတာ ပိုထိေရာက္သလို အဝတ္အစားေပၚစြန္းထင္းတာမ်ိဳး မျဖစ္ေစပါဘူး။


📌တခ်ိဳ့က Roll On မသုံးခ်င္ဘူး။ ခ်ိဳင္းေခၽြးထြက္တာကို ကုသခ်င္တယ္ဆိုရင္ ရပါတယ္။ အဲဒါကေတာ့ Botox ကို ခ်ိဳင္း ကို ထိုးေပးရမွာပါ။ သူ႔မွာ ပါတဲ့ Toxin ေလးေတြက Brain ကေန ေခၽြးထုတ္ဂလန္း (Sweat Glands) ကို သြားတဲ့ Signal ကို Block လိုက္တဲ့ အတြက္ ေဆးထိုးတဲ့ ေနရာမွာ ေခၽြးထြက္နည္းသြားျခင္းျဖစ္ပါတယ္။ ခ်ိဳင္းေခၽြး အရမ္းထြက္မ်ားတဲ့ သူဆို ပိုၿပီး သင့္ေလ်ာ္ပါတယ္။ permanent result မဟုတ္တဲ့အတြက္ ဘယ္ေလာက္ေရရွည္ခံမလဲဆိုရင္ေတာ့ တစ္ႀကိမ္ ေဆးထိုးၿပီး ၂ လ ကေန ၈ လ ထိေတာ့ ေခၽြးထြက္ႏွုန္း သက္သာေစပါတယ္။


📌 ေရဓာတ္ျပည့္ဝစြာေနပါ။ ေကာင္းမြန္စြာ အိပ္စက္အနားယူပါ။


📌ေနာက္ဆုံးအခ်က္ကေတာ့ Stress စိတ္ဖိစီးမွုကို တတ္နိုင္သမၽွ ေလၽွာ့ခ်ေပးရပါမယ္။ စိတ္ဖိစီးမွုက က်ေနာ္တို့ Body Sweating and Odor ကို ပုံမွန္ထက္ ပိုျဖစ္ေစပါတယ္။

✅✅✅

ေခၽြးထြက္ၾကတာက Normal ပါပဲ။ ဒါေပမယ့္ တခ်ိဳ့ေတြက လိုအပ္တာထက္ပိုထြက္ရင္ေတာ့ ပုံမွန္မဟုတ္ေတာ့ဘူးေပါ့။ ဒါကို က်ေနာ္တို့က Hyperhidrosis လို့ေခၚတယ္။ ဘယ္လိုအေျခအေနမ်ိဳးလဲဆိုရင္ ေခၽြးထြက္ေစတဲ့အေၾကာင္းရင္းမရွိေစဘဲ လွုပ္ရွားမွုမလုပ္ဘဲ ေျခ၊ လက္ႏွင့္ ခ်ိဳင္း မွာအမ်ားႀကီးထြက္ေနတာမ်ိဳး ကို ေခၚပါတယ္။ ဒီလို အေျခအေနမ်ိဳး အရမ္းဆိုးၿပီး ၾကာလာၿပီဆိုရင္ ေဒါက္တာ ႏွင့္ ေဆးခန္းမွာ ေသခ်ာတိုင္ပင္ေဆြးေႏြးၿပီး လိုအပ္တဲ့ ကုသမွုေလးေတြ လုပ္သင့္ပါတယ္။ Hyperhidrosis ကို ျဖစ္ေစတာက မ်ိဳးရိုးဗီဇေၾကာင့္ ျဖစ္နိုင္သလို တခ်ိဳ့ေသာေရာဂါ ဥပမာ Hyperthyroidism, Menopause  လိုမ်ိဳးရဲ့ လကၡဏာတခု ျဖစ္နိုင္တာေၾကာင့္ပါ။

🥰🥰🥰🥰

ဒီအပတ္အေၾကာင္းအရာေလးက သူငယ္ခ်င္းတို့အတြက္ အသုံးဝင္မယ္လို့ ေမၽွာ္လင့္မိပါတယ္။ Charming Life with Dr Yell မွ အားလုံးပဲ က်န္းမာလွပနိုင္ၾကပါေစလို့ ဆုေတာင္းေပးရင္း ႏွုတ္ဆက္လိုက္ပါတယ္။


𝙻𝚎𝚝 𝚖𝚎 𝚝𝚊𝚔𝚎 𝚌𝚊𝚛𝚎 𝚘𝚏 𝚢𝚘𝚞𝚛 𝙱𝚎𝚊𝚞𝚝𝚢 & 𝙻𝚒𝚏𝚎!

🥰With Loves🥰

Dʀ.Yᴇʟʟ


#charminglifewithdryell

#beautytalk #healthytips #armpitsmell #armpitodor #skinhealthy

No comments: