Thursday, March 1, 2018

ကြက်တောင်ရိုက်အားကစားရဲ့စည်းမျဉ်းများ


ကြက်တောင်ရိုက်အားကစားရဲ့စည်းမျဉ်းများနှင့် ပါတ်သက်လို့လွယ်ကူ အောင် ရှင်လင်းချက်ပေး ထားတဲ့စည်းမျဉ်းအတိုချုပ် -

ခုမှစပြီးကစားမဲ့သူတွေ၊ ကစားသက်နုသေးတဲ့သူငယ်ချင်း
များအတွက်ရည်ရွယ်ပြီးရှာဖွေတင်ပြပေးလိုက်ပါတယ်။
( Badminton World Federation Website မှယူပါသည်)

စတင်မကစားခင်ကွင်းရွေးချယ်ခြင်း

- ခေါင်း ပန်းလှန်ပြီး အနိုင်ရသူက ကွင်းဘယ်အခြမ်းကစတင်
ကစားမယ်  ဆိုတာရွေးချယ်ခွင့်ရပါမယ်။ ပထမဆုံးဆားဗစ်ကိုလည်းပေးခွင့်ရပါမယ်

အမှတ်ပေးစနစ် -

- ပြိုင်ပွဲဟာ ၂၁ မှတ် (၃) ပွဲကစားပြီး၊ (၂) ပွဲနိုင်တဲ့သူကနိုင်
ပါတယ်။
- ဆားဗစ်ပေးတဲ့အချိန်ကစလို့ ကြက်တောင်မြေပေါ်တဲ့အချိန်၊
 ပိုက်တိုး တဲ့အချိန်နဲ့ ဖေါင်းဖြစ်တဲ့အချိန်အထိမှာ အမှတ်တစ်မှတ်ရေတွက်မှာဖြစ် ပါတယ်။
- နိုင်တဲ့ဖက်က (၁) မှတ်ရမှာဖြစ်ပါတယ်
- ၂ ဖက်စလုံး အမှတ် (၂၀) တူတူရောက်နေရင် ၊ နောက်ထပ်
 ၂ မှတ် ဆက်တိုက်ရတဲ့ဖက်ကအနိုင်ရမှာဖြစ်ပါတယ်။
- ၂ ဖက်စလုံးဆက်တိုက်ကစားလို့ (၂၉) မှတ်မှာတူနေရင်
 အမှတ်(၃၀) အရင်ပြည့်တဲ့ဖက်ကအနိုင်ရပါမယ်
- အနိုင်ရတဲ့ဖက်က နောက်ထပ်ဆက်ကစားမဲ့ပွဲမှာ အရင်ဆား
ဗစ်ပေး ရပါမယ်
- တစ်ဖက်ကစားသမားရိုက်လိုက်တဲ့ကြက်တောင်ဟာ အကျုံးဝင်
တဲ့ လိုင်း ကိုထိရင်လည်းအမှတ်ရေတွက်ပါတယ်။

ခဏနားချိန် နဲ့ ကစားကွင်းဘက်ပြောင်းခြင်း





- ဦးဆောင်တဲ့ဖက်က (၁၁) ရောက်တဲ့အခါ၊ ကစားသမားတွေဟာ စက္ကန့် ၆၀ အနားရပါမယ်။

- တပွဲနဲ့တပွဲ ကြားမှာ ၂ မိနစ်အနားပေးပါတယ်။ တစ်ပွဲပြီးလို့နောက်တစ်ပွဲပြန်စရမယ်ဆိုရင်လည်းကွင်းဘက်ပြောင်းရပါတယ်။
- တတိယပွဲရဲ့ ဦးဆောင်မှတ် (၁၁) မှတ်ရောက်တဲ့အခါ ၊ ကစား
သမား တွေဟာ ဟိုဖက် ဒီဖက်ကွင်းပြောင်းရပါမယ်။


တစ်ဦးချင်းကစားပွဲ

- နှစ်ဖက်စလုံးအမှတ်မရခင် ပွဲအစဆုံး အမှတ် ( ၀-၀ ) မှာ ပထမ ဆုံး ဆားဗစ်ပေးသူဟာ ကွင်းရဲ့ ညာဖက်ခြမ်းမှစတင်ဆားဗစ်ပေးရ ပါမယ်။

  ဒီအစကို စုံ ဂဏန်းလို့သတ်မှတ်ပါတယ်။ အမှတ်ဟာ မ ဂ ဏန်း ကိုရောက်တဲ့အခါမှာတော့ ကွင်းရဲ့ဘယ်ဖက်ကနေဆားဗစ်ပေး ပါတယ်။

- ဆားဗစ်ပေးတဲ့သူနိုင်ရင်၊ (၁) မှတ်ရပါမယ်။ နောက်တစ်ခါဆား
ဗစ်ပေးတဲ့အခါ ၊အနိုင်ရတဲ့ဆားဗစ်ပေးသူဟာဆားဗစ်ကွင်းရဲ့
အခြားတ စ်ဖက် ကို ပြောင်းပြီးဆားဗစ်ထပ်မံပေးရပါမယ်။ ဆားဗစ်ပေးတဲ့ဖက်က အ မှတ်ရတိုင်း ဆားဗစ်ပေးတဲ့အတွဲဟာ ဆားဗစ်ကွင်းပြောင်းရပြီး၊ အခြား တက်ဖက်ကတော့ မပြောင်းပါ
ဘူး။

- တစ်ပွဲပြီးတိုင်း ကွင်းဘက်ပြောင်းရပါမယ်။ ဥိးဆာင်အမှတ် (၁၁) ဆိုရင် လဲကွင်းဘက်ပြောင်းပါတယ်။

- ဆားဗစ်ယူတဲ့သူကနိုင်ရင်၊ သူ့ဖက်က (၁) မှတ်ရမှာဖြစ်ပြီး၊ အနိုင် ရသူဖက်ကဆားဗစ်ပေးရမှာဖြစ်ပါတယ်။ ဆားဗစ်ကို ရရှိတဲ့အမှတ်စုံ ဂဏန်း ကျရင် ညာဖက်ဆားဗစ်ကွင်းကနေစကားရမှာဖြစ်ပြီး၊ မ ဂဏန်း ဆို ရင် တော့ ဆားဗစ်ကွင်းရဲ့ ဘယ်ဖက်ခြမ်းကနေစကစားရပါမယ်။

- ဆားဗစ်ပေးတဲ့သူနဲ့ ဆာဗစ်ယူတဲ့သူနှစ်ဦးဟာထောင့်ဖြတ်အနေ အထားရှိနေရပါမယ်။ ဆားဗစ်ကွင်းထဲမှာနှစ်ဖက်စလုံးအသင့်အနေ အထား ယူရာမှာ ခြေထောက်တွေဟာမြေကြီးနဲ့ထိနေစေရပြီး လိုင်း တွေ  ကိုမနင်းထားမိစေရပါဘူး။ နှစ်ဖက်စလုံးဟာလဲ မလိုလားအပ် ပဲအချိန် မဆွဲရပါဘူး။ ဆားဗစ်ပေးဖို့ရက်ကက်ကိုနောက်ကိုလွှဲလိုက်ပြီးရှေ့ကိုတိုး အရှိန် ယူလိုက်တာနဲ့ ဆားဗစ်စပေးတယ်လို့ယူပါတယ်။ တုံ့ဆိုင်းခြင်း၊ တ ၀က်တပျက်မှာရပ်ခြင်းမပြုလုပ်ရပါဘူး။ ဆားဗစ်ပေးလိုက်တဲ့ကြက် တောင်ဟာ တဖက်ကွင်းရဲ့ ရှေ့ဆုံးကလိုင်း (Short Service Line )
ကို ကျော်ရပါမယ်။ မကျော်ရင်အမှတ်မရပါဘူး။

- တစ်ဦးချင်းကစားပွဲအတွက် ကွင်းရဲ့ ဘေးတဖက်တချက်အတွင်း  ဘောင် နဲ့ ကွင်းရဲ့နောက်ဆုံးစည်းအထိ အမှတ်ပေးရာမှာအကျိုးဝင်ပါ တယ်။

နှစ်ယောက်တွဲပွဲ

-  တဖက်ကို ဆားဗစ်တစ်ခါပဲပေးရပါမယ်။
- ဆားဗစ်ဟာ ပုံမှာပြထားတဲ့အတိုင်း ဆက်တိုက်ပြောင်းလဲနေ
မှာဖြစ်ပါ တယ်။
- ပွဲအစ နဲ့ အမှတ်ဟာ စုံ ဂဏန်းဖြစ်နေမယ်ဆိုရင်၊ ဆားဗစ်ပေး
တဲ့သူ ဟာ ညာဖက်ဆားဗစ်ကွင်းကိုရောက်နေရမှာဖြစ်ပါတယ်။
 မ ဂဏန်း ဆိုရင်တော့ဆားဗစ်ကွင်းရဲ့ဘယ်ဖက်ကိုရောက်နေမှာ ဖြစ်ပါတယ်။
- ဆားဗစ်ပေးတဲ့သူဖက်ကနိုင်ရင်၊ သူ့ဖက်က(၁) မှတ်ရမှာဖြစ်ပြီး၊
ဆားဗစ်ပေးခဲ့တဲ့သူပဲ ဆားဗစ်ကွင်းနောက်တစ်ခြမ်းကိုပြောင်းပြီး
ဆားဗစ်ပေးဆက်လက်ကစားမှာဖြစ်ပါတယ်။ အခြားတစ်ဖက်ကတော့မပြောင်းရပါဘူး။

- ဆားဗစ်ယူတဲ့ဖက်ကနိုင်ရင်တော့၊ ဆားဗစ်ယူတဲ့ဖက်က (၁)
မှတ်ရမှာ ဖြစ်ပြီး၊ နိုင်တဲ့ဖက်ကနေ ဆားဗစ်ပြောင်းလဲပေးရမှာ
ဖြစ်ပါတယ်။ စုံ ဂဏန်းဆိုညာဖက်ဆားဗစ်ကွင်းကနေစဆားဗစ် ပေးရမှာဖြစ်ပြီး၊ မ ဂဏန်းဆိုရင်တော့ ဘယ်ဖက်ဆားဗစ်ကွင်း
ကနေဆား ဗစ်ပေးရပါမယ်။

- ဆားဗစ်ပေးတဲ့ဖက်က အနိုင်ရလို့ (၁) မှတ်မတက်မခြင်း၊
 ကစားသမား နှစ်ယောက်ဟာ ဆားဗစ်ကွင်းဘက်ခြမ်းမပြောင်း
ရပါဘူး။

- ဆားဗစ်ပေးတဲ့သူနဲ့ ဆာဗစ်ယူတဲ့သူနှစ်ဦးဟာထောင့်ဖြတ်
အနေ အ ထားရှိနေရပါမယ်။ဆားဗစ်ကွင်းထဲမှာနှစ်ဖက်စလုံးအသင့်အနေအ ထား ယူရာမှာ ခြေထောက်တွေဟာမြေကြီးနဲ့ထိနေစေရပြီး လိုင်းတွေ ကိုမနင်းထားမိစေရပါဘူး။ နှစ်ဖက်စလုံးဟာလဲ မလိုလားအပ်ပဲ  အချိန် မဆွဲရပါဘူး။ဆားဗစ်ပေးဖို့ရက်ကက်ကိုနောက်ကိုလွှဲလိုက်ပြီးရှေ့ကိုတိုး အရှိန်ယူလိုက်တာနဲ့ ဆားဗစ်စပေးတယ်လို့ယူပါတယ်။ တုံ့ဆိုင်း ခြင်း၊ တ၀က်တပျက်မှာရပ်ခြင်းမပြုလုပ်ရပါဘူး။ ဆားဗစ်ပေးလိုက် တဲ့ကြက် တောင်ဟာ တဖက်ကွင်းရဲ့ ရှေ့ဆုံးကလိုင်း (short Service
Line ) ကို ကျော်ရပါမယ်။ မကျော်ရင်အမှတ်မရပါဘူး။

- နှစ်ယောက်တွဲကစားပွဲအတွက် ကွင်းရဲ့ ဘေးတဖက်တချက်အပြင် ဘောင် နဲ့ ကွင်းရဲ့နောက်ဆုံးအတွင်းဘောင်စည်းအထိ အမှတ်ပေးရာ မှာအကျိုးဝင်ပါ တယ်။

LETS  (ပွဲ ခေတ္တရပ်ခြင်း)
- ပွဲခေတ္တရပ်ခြင်းကို ဒိုင်သူကြီးကပြုလုပ်ပိုင်ခွင့်ရှိပါတယ်။ ဒိုင်လူကြီး မပါတဲ့ ကစားပွဲဆိုရင်တော့ ကစားသမားတွေကပြုနိုင်ပါတယ်။

- အောက်ပါအပြစ်များကျူးလွန်မိတဲ့အခါ ဒိုင်လူကြီးက ပွဲရပ်နိုင်ပါတယ်။

- ဆားဗစ်ပေးတဲ့သူဟာ ဆားဗစ်ယူတဲ့သူအဆင်သင့်မဖြစ်မှီ ပေးမိခြင်း
- ဆားဗစ်ပေးနေစဉ်အတွင်း ပေးသူရော၊ ယူသူပါနှစ်ယောက်လုံးအပြစ် ဖြစ်နေခြင်း
- ဆားဗစ်ပေးပြီးတစ်ဖက်ကစားသမားပြန်ရိုက်လိုက်တဲ့ကြက်တောင်ဟာ ပိုက်ပေါ်မှာဘဲအောက်မကျဘဲတင်နေခြင်း။
- ကြက်တောင်ဟာ ပိုက်ပေါ်ကကျော်ပေမဲ့ တစ်ဖက်ကွင်းရဲ့ ပိုက်ထဲမှာ အောက်မကျဘဲငြိနေခြင်း
- ကစားနေစဉ်အတွင်း ကြက်တောင်ရဲ့အောက်ခြေက ဖေါ့တစ်ခုလုံး လုံးဝ ပြုတ်ထွက်သွားခြင်း
- ဒိုင်သူကြီးအနေနဲ့ ကစားပွဲအနှောက်အယှက်ဖြစ်နေခြင်း၊ တစ်ဖက် ကစားသမားဟာ သူ့ရဲ့နည်းပြကြောင့်အာရုံမစိုက်နိုင်ခြင်းဖြစ်နေတယ် လို့ယူဆတဲ့အခါ။
- လိုင်းကျပ်ဒိုင်မတွေ့လိုက်တဲ့အခါ နဲ့ ဒိုင်လူကြီးအဆုံးအဖြတ်မပေးနိုင် တဲ့အခါ။
- ကြိုတင်မသိမြင်နိုင်တဲ့အခြေအနေတစ်ရပ်ကြောင့်ဖြစ်စေ၊

အထက်ပါအခြေအနေတွေကြောင့် ပွဲရပ်တဲ့အခါ၊ နောက်ဆုံးဆားဗစ် ကိုထည့်မတွက်တော့ပဲ၊ ဒိမတိုင်ခင်ကနောက်ဆုံးဆားဗစ်ပေးတဲ့သူက တဖန်ပြန်စပြီး ဆားဗစ်ပေးရပါမယ်။

ကြက်တောင်ပွဲရဲ့ဥပဒေအသေးစိတ်ကတော့အများကြီးရှိပါတယ်။ ဒါပေမဲ့ဒီလောက်ဆို ကစားပွဲမှာကစားလို့အဆင်ပြေလောက်ပြီလို့ယူဆပါတယ်။

လက်ရှိပြည်တွင်းမှာလောလောဆယ်ကျင့်သုံးနေတဲ့ နည်းဥပဒေတွေနဲ့ ကွဲလွဲ နေတာလေးတွေရှိရင်လည်းပြင်ပေးစေလိုပါတယ်။ ကြက်တောင်ဝါသနာရှင် မိတ်ဆွေများအားလုံးအတွက်ရည်ရွယ်ပါတယ်။

Credit: ချန်ပီယံ

No comments: