Friday, March 16, 2018

နာနတ်သီးထမင်းကြော် - မဆလာပင်လယ်စာစုံနဲ့ ထမင်း - မြေအိုးထမင်း

နာနတ်သီးထမင်းကြော်
..............................


ပါဝင်ပစ္စည်းများ
- ထမင်း - တစ်ပွဲစာ
- နာနတ်သီး - အနည်းငယ်
- ပုစွန် - အကောင်အလတ် (၁၀ ကောင်ခန့်)
- ကြက်ဥ - ၁ လုံး
- ကြက်သွန်ဖြူ - ၂ မြွှာ
- ခရမ်းချဉ်သီး - ၁ လုံး
- ကြက်သားမှုန့် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- သကြား - လက်ဖက်ရည်ဇွန်း တစ်ဝက်
- ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း ၁/၃ ဇွန်း
- ဆီ - စားပွဲဇွန်း ၁ ဇွန်း

ပြုလုပ်ပုံအဆင့်ဆင့်
၁။ ကြက်သွန်ဖြူကို ဆီသတ်ပါ။ အနံ့မွှေးလာပြီဆိုလျှင် ကြက်ဥကို မွှေပြီး ထည့်ကြော်ပါ။ ပုစွန်ထည့်ပါ။
၂။ ထမင်းထည့်ပါ။ အရသာများထည့်ပါ။ နာနတ်သီးနှင့် ခရမ်းချဉ်သီးကို အနေတော် အတုံးများတုံးပြီး ထည့်ပေးပါ။
၃။ အနံ့မွှေးလာပြီး အရသာမှာ ချို၊ ချဉ် အရသာလေး ရလာပြီဆိုလျှင် ပန်းကန် ပြင်ပြီး သုံးဆောင်နိုင်ပါပြီ။
............................
အံ့ဝင့်ထွဋ် (MRTV-4)

မဆလာပင်လယ်စာစုံနဲ့ ထမင်း
......................................


 လွယ်ကူလျင်မြန်ပြီး မဆလာနဲ့ ပင်လယ်စာစုံ ထမင်းကြော်ကို ထမင်းပေါင်းအိုးနဲ့ ချက်နည်းလေး ရှယ်ပေးထားပါတယ်။

ပါဝင်ပစ္စည်းများ 
ထမင်းချက်ရန်
- ဆန် - ၂ ခွက်ခွဲ
- ဆား - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- ငရုတ်ကောင်း - အနည်းငယ်
- အသီးအရွက်ပြုတ်ရည် - ၁ ခွက်ခွဲ
ထမင်းဖြင့် အတူတွဲစားရန်
- ကြက်သွန်မြိတ် - ၂ ပင် (အကွင်း ပါးပါး လေးများ လှီးထားပါ)
- သံပရာသီး - ၁ လုံး (ထက်ခြမ်းခြမ်းထားပါ)
- ငရုတ်သီးစိမ်း၊ ငံပြာရည်ဆော့စ် - လိုသလောက်
- ကုံကုမံ - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
 (နွားနို့ စားပွဲဇွန်း ၅ ဇွန်းဖြင့်အရည်ဖျော်ထားပါ)
ဆီသတ်ရန်
- ပင်လယ်စာစုံ - ၅၀ဝ ဂရမ် (အသင့်စားအထုပ်)
- မဆလာမှုန့် - လက်ဖက်ရည်ဇွန်း  ၁ ဇွန်း
- ဇီရာစေ့ - လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲ
- ဖာလာစေ့ - ၅ စေ့
- သစ်ကြံပိုးခေါက် - ၂ ချောင်း
- လေးညှင်းပွင့် - ၅ ပွင့်
- နာနတ်ပွင့် - ၃ ပွင့်
- ကရဝေးရွက် - ၂ ရွက်
- ထောပတ် - စားပွဲဇွန်း  ၅ ဇွန်း
- နေကြာဆီ - စားပွဲဇွန်း ၂ ဇွန်း ခွဲ

ပြုလုပ်နည်းအဆင့်ဆင့်
၁။ မကပ်သော ဒယ်အိုးထဲ ပင်လယ်စာစုံမှလွဲ၍ ဆီသတ်ရန် ပစ္စည်းများထည့်ပြီး ဆီဖြင့် အနံ့မွှေးလာသည်အထိ တည်ပါ။ အနံမွှေး လာလျှင် ပင်လယ်စာစုံထည့်ပြီး ၁-၂ မိနစ် ခန့် တည်ပါ။
၂။ အစုံသုံးထမင်းပေါင်းအိုးအတွင်း အိုးထဲ ထမင်းချက်ရန် ပါဝင်ပစ္စည်းများ အားလုံး ထည့်ပါ။ ပြီးလျှင် ဆီသတ်ထားသော ပင်လယ်စာစုံထည့်ပြီး ဆန်ဖြင့် သေချာနှံ့ အောင် မွှေပါ။ ထမင်းပေါင်းအိုး ရဲ့White Rice  ကို နှိပ်ပြီး မိနစ် ၆၀ ချိန်ကာ Cook  ခလုတ်နှိပ်ပြီး တည်ထားလိုက်ပါ။ ကျက် လျှင် Off/Warm  ခလုတ်လေး မီးစိမ်းပြလျှင် ရပါပြီ။ ပူပူလေး ငရုတ်သီး၊ ငံပြာရည်ဆော့စ် နှင့် သံပရာရည်လေးဖျန်းပြီး သုံးဆောင်လို့ ရပါပြီ။
...............................
Syi Lwin
Foods Garden

မြေအိုးထမင်း - ၅ ပွဲစာ



မြေအိုးထမင်းလုပ်နည်းတင်ပေးပါဆိုလို့တင်ပေးလိုက်တယ်နော်။ မြေအိုးထမင်းမှာ အသားတွေကိုအရင်ချက်ပြီး ပွဲပြင်ခါနီးမှ ထမင်းကိုမြေအိုးထဲထည့်အသား၊ ဝက်အူချောင်း၊ ကြက်ဥ နှင့်ကြိုက်နှစ်သက်ရာအရွက်ကိုထည့်ပြီး မီးဖိုပေါ်ပြန်တင်ပြီးတည်ရပါတယ်။ အဲ့တာမှ မြေအိုးအနံ့သင်းသင်းလေးနဲ့ မြေအိုးထမင်းကိုရပါတယ်။

ပါဝင်သောပစ္စည်းများ
၁။ ဝက်သားသုံးထပ်သား - ၂၅ ကျပ်သား (သို့) ၁ ပေါင်
၂။ ကြက်ဥ - ၅ လုံး
၃။ သကြား - ထမင်းစားဇွန်း ၂ ဇွန်း
၎။ တရုတ်မဆလာ - လက်ဖက်ရည်ဇွန်း တဝက်
၅။ ပဲငံပြာရည်အကြည်(အကျဲ) - ထမင်းစားဇွန်း ၂ ဇွန်း
၆။ ပဲငံပြာရည် အပျစ် (အနောက်) - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
၇။ ခရုဆီ - ထမင်းစားဇွန်း ၁ ဇွန်း
၈။ Lilly's လီလီကြက်သားမှုန့် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
၉။ ကော်မှုန့် - ထမင်းစားဇွန်း ၁ ဇွန်းမောက်မောက်
၁၀။ ကြိုက်နှစ်သက်ရာအရွယ်
၁၁။ ကြော်ထားပြီးသား ဝက်အူချောင်း - အနည်းငယ်

ပြုလုပ်နည်း
၁။ ဝက်သားကိုသန့်စင်ပြီး ကြိုက်နှစ်သက်ရာအရွယ်လှီးထားပါ။ ကြက်ဥကိုပြုတ်ပြီး အခွံခွာထားပါ။ ကြိုက်နှစ်သက်ရာအရွယ်ကို ပြုတ်ထားပါ။
၂။ အိုးတအိုးထဲကို သကြားထည့်ရ်ျ သကြားများညိုလာအောင်လှော်ပါ။ သကြားများညိုလာလျှင် ဝက်သားများကိုထည့်လုံးပါ။ ထို့နောက်မီးဖိုမီးခဏပိတ်ပြီး တရုတ်မဆလာ၊ ပဲငံပြာရည်အကြည်၊ ပဲငံပြာရည်အပျစ်၊ ခရုဆီ၊ လီလီကြက်သားမှုန့်တို့ကိုထည့်ရ်ျလုံးပါ။ ရေများများထည့်ပြီး ကြက်ဥပါထည့်ရ်ျ မီးဖိုပေါ်ပြန်တည်ထားပါ။
၃။ ဝက်သားနူးအိလာသည်အထိတည်ပြီး အိုးထဲမှရေက ဝက်သားရဲ့ တဝက်လောက်ပဲရှိတော့လျှင် အပေါ့အငံမြည်းပြီး ကော်မှုန့်ဖျော်ထားသော အရည်ကိုထည့်ပါ။ ထို့နောက်မီးဖိုပေါ်မှချပါ။
၎။ မြေအိုးထမင်းလုပ်ရန်အတွက် မြေအိုးထဲကို ထမင်းထည့်၊ အသားထည့်၊ ဝက်အူချောင်း၊ ကြက်ဥ၊ ပြုတ်ထားသော အရွက်ကိုထည့်ပြီးလျှင် ဝက်သားအိုးထဲမှ အရည်ကို ထမင်းစားဇွန်း ၅ ဇွန်းထည့်ဆမ်းပါ။ ပြီးလျှင် မီးဖိုပေါ်ကို ၅ မိနစ်လောက်တည်ပါ။
၅။ မြေအိုးအနံ့လေးသင်းလာလျှင် မီးဖိုပေါ်မှ ချပြီးသုံးဆောင်နိုင်ပါပြီရှင်။

ချက်ပြုတ်ပြသူ - အိစံ
#LillyMyanmar #Nomsg


No comments: