Tuesday, March 13, 2018

✍Over-apologizing✍


ကျွန်တော်တို့  Society မှာ မှားသွားရင် တောင်းပန်
သင့်တယ်ဆိုတာ ငယ်ငယ်တည်းက သင်ခဲ့ကြရပါတယ်။
ဒါပေမယ့် လူတွေမပြောကြတဲ့သို့ မဟုတ် အပြောနည်းတဲ့
အကြောင်းအရာလေး တစ်ခုရှိတယ်ဗျ။ အဲ့ဒါက
Over-apologizing (လွန်လွန်ကျူးကျူး တောင်းပန်ခြင်းပါ)။
တစ်ခါတစ်လေ အရမ်းတောင်းပန်တတ်တဲ့သူတွေ ကြုံဖူး
လား။ သူတို့ တောင်းပန်လွန်းလို့ ကိုယ်တောင်
မနေတတ်မထိုင်တတ်ဖြစ်လာပြီး စိတ်အနှောက်အယှက်ဖြစ်ရ
တာမျိုးကြုံဖူးလား။

ကျွန်တော့်ဘဝမှာတော့ အဲ့ဒီလို လူမျိုးတွေ
အများကြီးကြုံခဲ့ရဖူးပါတယ်။ အဲ့ဒီလို တောင်းပန်တာဟာ
အတောင်းပန်ခံရတဲ့သူအတွက်လည်း အနေရအထိုင်ရခက်
စေပြီး တောင်းပန်တဲ့သူအတွက်လည်း မကောင်းပါဘူး။
ဒီစာလေးရေးတာဟာ အဲ့ဒီလိုတောင်းပန်တတ်တဲ့သူတွေရှိရင်
သူတို့အတွက် ဘာဆိုးကျိုးတွေရှိနေလဲ သူတို့တောင်းပန်လိုက်တဲ့
သူတွေအတွက်ဘာဆိုးကျိုးတွေရှိနေလဲသိအောင်ပါ။ ပြင်လို့
ရအောင်လည်း လုပ်သင့်တဲ့အချက်လေးတွေပါ အကြုံပြုပေး
ထားပါတယ်။

✍ဘာလို့  Over-apologizing ဖြစ်ရတာလဲ

အတောင်းပန်လွန်တတ်တဲ့သူတွေမှာ အောက်ပါ အချက်
လေးတွေရှိတတ်ကြပါတယ်။

(၁)  ခံစားချက်ကိုအလွန်အကျွံ ဦးစားပေးတတ်ခြင်း။ ခံစား
လွယ်တဲ့လူတွေဟာသူများတွေ မကြိုက်တာ လုပ်မိမှာ ကြောက်
တတ်ကြတာရှိပါတယ်။ သူတို့မမှားသည့်တိုင်အောင် သူတို့ပဲ
တောင်းပန်လိုက်ကြတာမျိုး ဖြစ်တတ်ပါတယ်။

(၂) Relationship တစ်ခုမှာ အမြဲတောင်းပန်နေရသူဖြစ်နေခြင်း။ အချို့သူတွေကျတော့ စုံတွဲတစ်တွဲမှာ အမြဲသူကပဲ တောင်းပန်
လေ့ရှိပြီး မှားရင် သူပဲမှားတယ်လို့ ထင်နေတတ်ကြပါတယ်။
ကိုယ့်လက်တွဲဖော် စိတ်ချမ်းသာခြင်း မချမ်းသာခြင်းကို ကြည့်ပြီး
ကိုယ်မှားနေလား၊ မှန်နေလား  ဆုံးဖြတ်တတ်ကြပါတယ်။ မှားနေတဲ့ အယူအဆ တစ်ခုဖြစ်ပြီးလူဆိုတာ ကိုယ်ပိုင်ခံစားချက်၊ လွတ်လပ်ခွင့်အနည်းငယ်တော့ရှိသင့်ပါတယ်။ Relationship တစ်ခုမှာ အဲ့ဒီလို တောင်းပန်နေသူတွေဟာ ပြင်ပလောကမှာလည်း
Over-apologizing လုပ်တတ်ကြပါတယ်။

(၃) သဘောထားကွဲလွဲမှာ ကြောက်ခြင်း။ အချို့ က မိမိစိတ်ထဲက
သဘောမတူညီပေမယ့် ပြင်ပမှာ သဘောထားကွဲလွဲပြီး ရန်ဖြစ်ကြမှာ ကြောက်တာကြောင့် အမြဲတောင်းပန်တတ်ကြပါတယ်။

(၄) မိမိလုပ်နေတာအပေါ်ယုံကြည်မှု မရှိခြင်း။ မိမိလုပ်နေတာကို
ယုံကြည်မှုမရှိတဲ့သူတွေဟာ နည်းနည်းလေး လွဲသွားတာနဲ့ စပြီး
တောင်းပန်ပါတော့တယ်။ အလွန်အကျူးတောင်းပန်ခြင်းဟာ မိမိ
ကိုယ်ကိုယ် ယုံကြည်မှုမရှိခြင်းကို မီးမောင်းထိုးပြနေသလိုဖြစ်တတ်ပါတယ်။

(၅) ထိန်းကွပ်သူများကြောင့်လည်း ဖြစ်တတ်ပါတယ်။ အရမ်း
တင်းကြပ်တဲ့ မိဘများနဲ့ နေလာပြီး အကြောက်တရားနဲ့ အုပ်ချုပ်ခံခဲ့ရတဲ့ ကလေးတွေဟာလည်း Over-apologizing လုပ်တတ်ကြပါတယ်။

(၆) သောကအရမ်းများခြင်း။ အချို့တွေက စိတ်သောက အရမ်း
များပြီး စိုးရိမ်စိတ်အရမ်းများတတ်ကြပါတယ်။ တစ်ခုခုမှားတယ်
လို့ စပြီးထင်တာနဲ့ စပြီးတောင်းပန်ပါတော့တယ်။

✍ဘာလို့  Over-apologizing က သူများတွေအတွက် 
မကောင်းတာလဲ။

အချို့တောင်းပန်ခံရတာ အရမ်းကြိုက်တဲ့သူမျိုးတော့ မပြော
တတ်ပါဘူး။ ကျွန်တော်ဆိုရင်တော့ စိတ်အနှောက်အယှက်ဖြစ်ပါ
တယ်။မှားသွားလို့ တောင်းပန်တာကို လေးစားပါတယ်။
ကျေးဇူးလည်းတင်ပါတယ်။ ကျွန်တော်ကိုယ်တိုင်မှားသွားရင်
တောင်းပန်ပါတယ်။ ဒါပေမယ့် အချို့ကျတော့ တောင်းပန်တာ
လွန်ပါတယ်။ အလွန်အကျူးကြီး တောင်းပန်နေတော့ ကိုယ်က
ပဲ မခွင့်လွှတ်သလိုလို။ ပြီးတော့ တစ်ခါတစ်လေ သူတို့မှားတာ
မဟုတ်တဲ့ဟာကြီးကို လာလာပြီးခဏခဏတောင်းပန်တာ
တော်တော်ဆိုးတယ်။ သူမှားတာ မဟုတ်ဘူးလို့ ကိုယ်ကပြော
လဲ မရဘူး။ ခွင့်လွှတ်တယ်၊ဘာမှမဖြစ်ဘူးပြောလဲမရဘူး။
အဲ့ဒီလိုမျိုး အလွန်အကျူးတောင်းပန်တာကျတော့ တော်တော်
လေး စိတ်အနှောက်အယှက်ဖြစ်ဖို့ကောင်းပါတယ်။

✍ဘာလို့  Over-apologizing လုပ်တာ သူ့အတွက် မကောင်း
တာလဲ။

Over-apologizing အရမ်းလုပ်တဲ့သူကို လူတွေက Confidence နည်းတဲ့သူ အဖြစ်ယူဆတတ်ကြပါတယ်။ မလိုအပ်ပဲ လွန်လွန်ကျူးကျူးတောင်းပန်တဲ့သူတွေဟာ တစ်နည်းအားဖြင့် သူတို့ဟာ မသေချာမရေရာသူ၊ ယုံကြည်မှုမရှိသူ၊ နိမ့်ကျသူ ဖြစ်ကြောင်း ပြောပြနေသလိုပါပဲ။ကိုယ့်ရဲ့ အသက်မွေးဝမ်းကြောင်းမှာလည်း အဲ့ဒီအချက်က ဒုက္ခပေးတတ်ပါတယ်။

✍အဲ့ဒီလို မဖြစ်အောင် ဘယ်လိုလုပ်ရမလဲ

(၁) မတောင်းပန်ခင် သေချာစဉ်းစားပါ။

ငါတကယ်မှားတာလား စဉ်းစားပါ။ မှားရင်တောင်းပန်ပါ။ တစ်ခါ
တစ်လေ သူများမှားတာပေမယ့် ကိုယ့်တာဝန်နဲ့ မလွတ်ကင်း
တာမျိုးရှိတတ်ပါတယ်။ အဲ့ဒါမျိုးဆို တောင်းပန်ပါ။ ဒါပေမယ့် 
ဘယ်တော့မှ လွန်လွန်ကျူးကျူး သူများ စိတ်အနှောက်အယှက်
ဖြစ်သည်အထိ မတောင်းပန်ပါနဲ့။ စဉ်းစားကြည့်ပြီးနောက်
ကိုယ်မှားတာလည်း မဟုတ်ဘူး။ ကိုယ်နဲ့လည်း မဆိုင်တော့ဘူး
ဆိုရင် မတောင်းပန်ပါနဲ့။ သင်နဲ့ဘာမှမဆိုင်ပါဘူး။ သင်တောင်းပန်
လိုက်တာဟာ သင်နဲ့အဲ့ဒီပြဿနာဆိုင်နေသလို ဝန်ခံလိုက်တာပါပဲ။

(၂) ဘာလုပ်နိုင်မလဲစဉ်းစားပါ။

အမှားတစ်ခုကို တကယ်တောင်းပန်တယ်ဆိုတာ ဆောရီးပြောရုံ
နဲ့မပြီးပါဘူး။ အဲ့ဒီအမှားမျိုး နောက်ထပ် မကျူးလွန်မိအောင်ပါ
ထိန်းရပါတယ်။ နောက်မကျူးလွန်အောင် ကြိုးစားတာဟာ
တောင်းပန်တာနဲ့ အတူတူပါပဲ။ ဆောရီးကြီးပဲ ပြောနေမယ့်
အစားကိုယ် ဘာတွေပြင်လို့ ရမလဲ။ ဘာတွေ ပြန်လုပ်ပေး
လို့ရမလဲစဉ်းစားပါ။

(၃)  အခြေအနေကိုကြည့်ပါ။

ကိုယ်တကယ်မှားတဲ့အမှားအတွက် တောင်းပန်တဲ့အခါ
ကိုယ်တောင်းပန်တဲ့သူ စိတ်ကျေနပ်သွားရင် ရပ်ပါတော့။
စိတ်ကျေနပ်တဲ့သူ တစ်ခါပြန်ပြီး စိတ်ညစ်လာလောက်အောင်
အလွန်အကျူးမတောင်းပန်ပါနဲ့။  တစ်ခါတစ်လေ အချိန်တစ်ခု
ပေးပြီးမှ တောင်းပန်ရတာမျိုးတွေလည်း ရှိတတ်ပါတယ်။
သွေးပူတုန်း ခွင့်မလွှတ်ကြပေမယ့် အချိန်အတိုင်းအတာ
တစ်ခုပေးပြီး သူစိတ်အေးတော့မှ ပြန်တောင်းပန်ရတာမျိုး
ရှိတတ်ပါတယ်။ စိတ်တွေအရမ်းဆိုးနေပြီး ခွင့်လွှတ်ဖို့
မတွေးနိုင်သေးတဲ့သူကို အတင်းကြီးတောင်းပန်နေတာ
အေကျိုးမရှိပဲ ဒေါသထွက်တာ  ပိုပြီးဆိုးလာနိုင်ပါတယ်။
အခြေအနေကို ကိုယ့်ဘာသာ ကြည့်တတ်ရပါတယ်။

ဒီစာကိုရေးတာ မတောင်းပန်ဖို့ ရေးတာမဟုတ်ပါဘူး။
မှားနေရင်ကိုယ့်အမှားအတွက် တောင်းပန်တာ လူတော်
လူကောင်းတွေရဲ့အပြုအမူပါ။ ဒါပေမယ့် အလွန်အကျူးကြီး
သူများ စိတ်ညစ်အောင်မတောင်းပန်ဖို့ ရေးတာသာဖြစ်ပါ
တယ်။

#မိုးရှင်း (I.M.T)

(မူရင်းတင်ထားသော Page ကိုသွားကြည့်ချင်လျှင် စာရေးသူနာမည်ကို Click လိုက်ပါ Links ချိတ်ထားပါတယ်။)

No comments: