အဝ လွန်နေတဲ့သူတွေ၊ ခန္ဓာကိုယ် မှာ အဆီတွေ များနေလို့ စိတ်ညစ်နေတဲ့ သူတွေ အတွက် အဆီချနည်း(ဝိတ်ချနည်းတွေ) ကို muscle professor group မှာရှိတဲ့ နည်းပြတွေ တော်တော်များများ ရေးသားပြီးဖြစ်ပါတယ်။ ဆရာနိုင်ဦး ရေးထားတဲ့ သိပ္ပံ နည်းကျ အဆီ ချနည်း ဆောင်းပါး ဟာလည်း လွန်စွာမှ ကောင်းမွန်ပြည့်စုံပြီး အသိပညာတွေ များစွာ ရရှိစေပါတယ်။ကျွန်တော့်ရဲ့ ရည်ရွယ်ချက် ဟာလည်း ရိုးရှင်းပါတယ်။ စာသင်ခန်း ထဲမှာ သင်္ချာ တစ်ပုဒ် ကို ဆရာက ရှင်းပြတဲ့အခါ ဆရာရဲ့ ရှင်းပြတဲ့ အာဘော် ကို မူတည်ပြီး နားလည်တဲ့ ကျောင်းသားရှိ သလို၊ နားမလည်သေးတဲ့ ကျောင်းသားလည်းရှိပါတယ်။ဒါပေမဲ့ နောက်ထပ် ဆရာ တစ်ယောက်က နောက်ထပ် တွက်နည်းတစ်မျိုးနဲ့ ထပ်မံ ရှင်းပြတဲ့အခါ မှာ နားမလည်သေးတဲ့ ကျောင်းသားတွေ နားလည်သွားကြသလို ယခင် နာလည်ပြီးသား ကျောင်းသားတွေ ဟာ ပိုပြီး သဘောက်ပေါက်သွား ကြတာ အားလုံးသိပြီးသားပါ။ကျွန်တော်လည်း နားမလည်သေးတဲ့ သူတွေ အတွက် ကျွန်တော်လေ့လာတွေ့ရှိ တာကို ထပ်မံပြီး ဝေမျှ လိုက်ပါတယ်။ သို့သော် ကျွန်တော် သည် ဆရာ တစ်ဆူတော့ မဟုတ်ပါ။ကျွန်တော် လေ့လာမှတ်သားပြီး တွေ့ရှိ ချက်တွေ ကို ကစားသမားများအား ဗဟုသုတ ရရှိစေပြီး၊ သိရှိစေရန် ရည်ရွယ်၍ သာတင်ဆက်ခြင်းဖြစ်ပါတယ်။
လူတစ်ဦး ချင်းစီ၏ ဖွဲ့စည်းတည်ဆောက်ပုံချင်းကမတူညီပါ။ အရိုးအဆစ်ကြီးတဲ့သူ၊ အရေပြားထူတဲ့သူ၊ အရေပြား ပါးတဲ့သူ နှင့် ကြွက်သားဖွဲ့စည်းပုံ စသည်တို့မတူညီပါ။ ဒါကြောင့်ကျွန်တော့်အနေနဲ့ ယေဘူယျ (totally normal) အနေနဲ့ သာ ရေးသားဖော်ပြလိုက်ပါတယ်။
# အစားအစာ ကြောင့် အဝ လွန်ခြင်း
အဆီ ကင်းတဲ့ ခန္ဓာကိုယ် ကို ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ အဆီ ပိုတွေ ကို လောင်ကြွမ်း သွားဖို့ ကိုတော့ စိတ်ရော ကိုယ်ပါ အားစိုက်ပြီး လေ့ကျင့် ယူရပါမယ်။ စားကောင်းလို့ အစားတွေ ကို အများကြီးစားတဲ့ သူတွေ ဟာ အစားစာ နဲ့ အတူ အဆီ ပိုတွေ ကိုပါ စုဆောင်း နေတယ် ဆို တာကို သတိ မထားမိကြတာ များပါတယ်။ အဝ လွန် နေတဲ့ ခန္ဓာကိုယ် ကို ပိုင်ဆိုင်ထားတာ တော့ မကောင်းပါဘူး။ ဝ ချင်းနဲ့ အတူတူ အခြား မလို လားအပ်တဲ့ နောက်ဆက်တွဲ ရောဂါတွေ ကို ပါ မလို ချင်ပဲ ရရှိ နေတတ်ကြပါတယ်။အဲဒီတော့ အစာစား ခြင်းကို လျော့ချရပါ့မယ်။ အစားအစာ လျော့ ချဖို့ စဉ်းစားပြီး စောင့်ဆိုင်းနေတဲ့ အချိန်ကြာလာတာနဲ့ အမျှ ဝိတ်ချဖို့ အတွက် ပိုပြီး ခက်ခဲ လာလေ ဆိုတာ သိထားရပါမယ်။ ကယ်လိုရီ(kcal) ကို လျော့စားဖို့ ဆိုလိုချင်းဖြစ်ပါတယ်။ တစ်နေ့ကို kcal ဘယ်လောက်ပဲ စားရမလဲ ဆိုတာကတော့ တစ်ဦးချင်းစီမှာ ရှိ တဲ့ အဆီ % ပမာဏ ကို သိရှိ မှ တွက်ယူလို့ရပါမယ်။လျော့စား ရမဲ့ kcal ပမာဏ ကတော့ ၅၀၀ ခန့် လျော့စားသင့်ပါတယ်။
# Weight Training လေ့ကျင့်ခန်းများကို ပြုလုပ်ခြင်း
Weight Training လေ့ကျင့်ခန်းများဟု ဆိုရာမှာ power lifting များကဲ့သို့ အလေးများဖြင့် အလွန်အကျွံ့ မ ခြင်းမျိုးကို ဆိုလိုခြင်းမဟုတ်ပါ။ မိမိ နိုင်သော ဝိတ်ဖြင့် compound exe များကိုသာ ရွေးချယ် လေ့ကျင့်ခြင်းကို ဆိုလိုပါတယ်။ Isolstion exe များကို မေ့ထားလိုက်ပါ။တစ်ချို့ အမျိုးသမီး များက ကျွန်မရဲ့ လက်မောင်းနောက်သားတွေဟာ ကြီးနေ လို့ လက်မောင်းနောက်သား ကစားနည်း တစ်မျိုး၊ နှစ်မျိုးလောက် ထည့်ပြီး ကစားချင်တယ် လို့ အများအားဖြင့်ပြောကြတာများပါတယ်။ ထို့အပြင် ကျွန်မရဲ့ နောက်ကြောသားတွေ ဟာ ကြီးနေလို့ သေးချင်ပါတယ်...စသည်ဖြင့်ပါ။ ကျွန်တော် guarantee ပေးချင်တာက compound exe များကိုသာ ဖိဖိစီးစီး ကစားပါ။ ခန္ဓာကိုယ်မှာ ရှိနေတဲ့ အဆီပို တွေ ကြာလာတာနဲ့ အမျှတဖြည်းဖြည်း ချင်းကျသွားပါလိမ်မယ်။ isolation exe များထည့်သွင်းကစားဖို့ မလိုအပ်ပါ။မိမိ လိုချင်တဲ့ အနေအထားရောက်မှ အားနည်းတဲ့ အပိုင်း/ကိတ်ချင်တဲ့ အပိုင်းကို ဖြည့်စွက်ထည့်သွင်းပြီးကစားပါ။weight training ကို တစ်ပတ်မှာ ၂/၃ ကြိမ် ထည့်သွင်းကစားသင့်ပါတယ်။ compound exe များကို ဦးစားပေးပြီး မကစားပဲ မိမိ သေးချင်တဲ့ အပိုင်းကိုပဲ ရွေးချယ်ပြီး ကစားနေတယ်ဆိုရင်တော့ သေချာပါတယ် မိမိလိုချင်တဲ့ ပန်းတိုင် နဲ့ အလှမ်းဝေးနေ အုံးမှာပါ။ compound exe ကစားနည်းတွေ ဟာ များစွာရှိတဲ့ အတွက် အသေးစိတ်ကိုတော့ မဖော်ပြတော့ပါ။
# cardio or aerobic လေ့ကျင့်ခန်းများကို ကစားခြင်း
အဆီပိုများကို လောင်ကျွမ်းဖို့အတွက် cardio exe များ ကိုလည်း မဖြစ်မနေ ထည့်သွင်းပြီး ကစားပေးဖို့ လိုအပ်ပါတယ်။မိနစ် ၃၀-၄၅ ခန့် ကစားမယ်ဆိုရင် heart rate က တစ်မိနစ်ကို ၁၄၀ ခန့်ရှိသင့်ပါတယ်။ယေဘူယျ ဆိုလိုခြင်းဖြစ်ပါတယ်။ တစ်ဦးချင်းစီ ရဲ့ heart rate ကတော့ ကျမ္မာ ကြံ့ခိုင်မှု အပေါ် မူတည်ပြီး မတူညီ နိုင်ပါဘူး။
အကြံပြုချင်တာကတော့ cardio exe တွေကို နံနက် ပိုင်း breakfast မစားခင် ပြုလုပ်သင့်ပါတယ်။လေ့ကျင့်ခန်းလုပ်နေရင်း အဆီ ပိုတွေ ကို လောင်ကျွမ်း စေချင်လို့ပါ။ အစာစား ပြီးမှ cardio လုပ်မယ်ဆိုရင် လေ့ကျင့်ခန်းအတွက် လိုအပ်နေတဲ့ စွမ်းအင်တွေကို စားထားတဲ့ အစာတွေက ရရှိတဲ့ kcal ကိုလောင်ကြွမ်းပြီး အသုံးပြုရတဲ့ အတွက်ကြောင့် ခန္ဓာကိုယ် က အဆီပို fat တွေ ကို မလောင်ကျွမ်းတော့ ပါ။ နောက်တစ်ခုကတော့ နံနက်ပိုင်းမှာ လေ့ကျင့်ခန်းလုပ်ပါက ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ် ဟာ ဘာမှ မစား မသောက်ပဲ နဲ့ ၇/၈ နာရီ လောက် အိပ်စက်ထားတာဖြစ်တဲ့အတွက် လေ့ကျင့်ခန်းလုပ်ရာမှာ လိုအပ်တဲ့ စွမ်းအင် glycogen အား၊ စုဆောင်းထားတဲ့ အဆီ ပိုတွေ ကို လောင်ကျွမ်း ပြီး စွမ်း အင်အဖြစ်ပြန်လည် အသုံးပြုရတဲ့ အတွက်ကြောင့် ပိုမိုပြီး ထိရောက်ပါတယ်။အဆီ ပိုပြီးလောင်ကျွမ်း လို့ အဆီပိုကျစေပါတယ်။သို့သော် မအားတဲ့ သူတွေ အတွက် ညနေပိုင်းမှာ ကစားလို့မရဘူး လားလို့ဆိုရင်ရပါတယ်။ အကောင်းဆုံးကတော့ မကစားခင် အစာနဲ့ ဝေးနေဖို့ အဓိက လိုအပ်ပါတယ်။
နောက်တစ်ခု ကတော့ weight loss ကစားသမား တော်တော်များများဟာ လေ့ကျင့်ခန်းလုပ်နေတဲ့ အချိန်မှာ kcal ဘယ်လောက်လောင်ကျွမ်း သွားပြီ ဆိုပြီး တွက်လေ့ရှိကြပါတယ်။အစား မလျော့ပဲ လောင်ကျွမ်း နေတဲ့ kcal တွေ ဟာ အဆီ ပိုတွေ ဆီက လောင်ကျွမ်း တာမဟုတ်တဲ့ အတွက် ထိရောက်မှု သိပ်ပြီးရှိမှာ မဟုတ်ပါဘူး။အဓိက ပြောချင်တဲ့ point က kcal diet (ကယ်လိုရီ လျော့စားခြင်း) အစားအစာ လျော့စားပြီးမှ လေ့ကျင့်ခန်းလုပ်ရင် လေ့ကျင့်ခန်းလုပ်တဲ့ အချိန်မှာလိုအပ်တဲ့ kcal ကို စုဆောင်းထားတဲ့ အဆီ ပိုတွေ ဆီမှ ယူပြီးသုံးရတဲ့ အတွက် ထိရောက်မှုရှိတာပါ။ဥပမာ...စားလိုက်တဲ့ အစားအစာ မှာ kcal ၅၀၀ ရှိတယ်ဆိုပါစို့။လေ့ကျင့်ခန်းလုပ်လိုက်တယ် kcal ၅၀၀ လောင်ကျွမ်းသွားတယ်။ kcal နဲ့ ကြည့်ရင် ၅၀၀ တောင်လောင်ကျွမ်းသွားတဲ့ အတွက် ကျေနပ်စရာပါ။ဒါပေမဲ့ ရလာဒ်ကတော့ ၀(zero) ပါ။အဆီ ပိုတွေ လုံးဝ လောင်ကျွမ်း မသွားပါဘူး။ အစားအစာ ကို လျော့ပြီး kcal ၂၅၀ ပဲစားလိုက်တယ်။လေ့ကျင့်ခန်းလုပ်လို့ ၅၀၀ kcal လောင်ကျွမ်း သွားရင် လိုအပ်တဲ့ kcal ၂၅၀ ပမာဏ ကို အဆီ ပိုတွေ ဆီ ကယူရတဲ့ အတွက် ရလာဒ်ဟာ positive ပါ။နားလည်လောက်ပြီ ထင်ပါတယ်။
Cardio exe တွေ ကို နံနက်ပိုင်းမှာ လုပ်ပြီး၊ weight training(compound exe) တွေ ကို ညနေပိုင်းမှာ လုပ်သင့်ပါတယ်။ cardio နဲ့ w training တွေကို တစ်ချိန်တည်းမှာ ပေါင်းပြီး ကစားနိုင်သလို၊ w training တစ်ရက် cardio တစ်ရက် ခွဲ ၍လည်း ကစားနိုင်ပါတယ်။မိမိ နှစ်သက်သလို ကစားနိုင်ပါတယ်{နောက်ပိုင်းတွင် အကျယ်တပွင့်ထပ်မံ ရှင်းပြထားပါတယ်}။မအားလို့ တစ်နေ့မှာ တစ်ချိန်ပဲ လေ့ကျင့်မယ်ဆိုရင်တော့ w training တစ်ရက်၊ cardio exe တစ်ရက် ခွဲ၍ ပြုလုပ်သင့်ပါတယ်။ တစ်ပတ်မှာ ၃ ရက်ကစား ၁ ရက်နား၊ ၂ ရက်ကစား ၁ ရက်နား စုစုပေါင်း ၅ ရက်သာ လေ့ကျင့်သင့်ကြောင်း လေ့လာတွေရှိရပါတယ်။ကျွန်တော်ကိုယ်တိုင် အထက်ပါ နည်းအတိုင်း weight loss သမားများအတွက် လေ့ကျင့်ပေးရာ အလွန် အကျိုးထူးကြောင်း တွေ့ရှိရပါတယ်။
* ကျွန်တော် ရဲ့တွေ့ရှိချက်ကို ဖြည့်စွက် တင်ပြခြင်းသာ ဖြစ်ပါတယ်။*
# နေရာကွက်၍ အဆီချခြင်း
ကစားသမား အချို့ ဟာ နေရာကွက်၍ အဆီ ချရင် ကျသွားမယ်လို့ ထင်မြင်နေကြပါတယ်။ဥပမာ..ခါးဆီ၊ ဝမ်းဗိုက်အဆီ၊ နောက်ကြော၊ လက်မောင်းနောက်..စသည်ဖြင့်ပါ။တစ်နေရာတည်း အဆီ ကျဖို့ ကွက်ပြီး လေ့ကျင့်နေတာဟာ အကျိုးထူးမည်မဟုတ်ပါ။အကောင်းဆုံးကတော့ အစား လျော့ပြီး၊ compound exe နဲ့ cardio exe တွေ ကို သေချာ ဖိဖိစီးစီး လေ့ကျင့်ပါ။ခန္ဓာကိုယ် တစ်ခုလုံးမှာ ပိုနေတဲ့ အဆီ တွေ(နေရာအားလုံးမှ) တဖြည်းဖြည်း ချင်းလောင်ကျွမ်းသွားပါလိမ်မယ်။
ဆိုလိုသည်မှာ....six pack ပေါ်ချင်လို့ ဗယ်လီပဲ ရိုက်နေတာမျိုး၊လက်မောင်းနောက်သားသေးချင်လို့ လက်မောင်းနောက်လေ့ကျင့်ခန်းပဲ ဖိလုပ်နေတာမျိုး၊ ခါးဆီ ကျချင်လို့ တစ်ခုတည်းကိုပဲ အားစိုက်ပြီးလုပ်နေတာမျိုးပါ။ကျွန်တော် အထက်မှာ တင်ပြခဲ့သလို isolation exe တွေ ကို weight ချ ဖို့ ဆိုရင် ခေတ္တခဏ မေ့ထားလိုက်ပါ။
* အနှစ်ချုပ်အနေနဲ့ ကတော့ cardio exe တွေ ကို တစ်ချိန်မှာ ၃၀-၄၅ မိနစ် ခန့်ကစားပါ။တစ်ပတ်မှာ ၃/၄ ကြိမ် ကစားပါ။ heart rate ကို ၁၃၀-၁၄၀ bpm ရှိသင့်ပါတယ်။
Cardio ကို နံနက်မှာကစားသင့်ပါတယ်။ ညနေမှာ ကစားမယ်ဆို အစာနဲ့ ဝေးနိုင်သမျှ ဝေးပါစေ။မကစားခင် အစာမစားပါနှင့်။
Compound exe weight training တွေကိုဦးစားပေးပြီး ကစားပါ။ တစ်ပတ်မှာ ၂-၃ ကြိမ် ထည့်သွင်းကစားပါ။တနေရာတည်းကွက်ပြီး ကစားခြင်းကို ရှောင်ရပါမယ်။
အစားအစာ ကို တတ်နိုင်သမျှ kcal ၅၀၀ ခန့် တစ်ရက်ကို လျော့စားပါ။
# Weight trauning နှင့် Cardio exe ကို ကစားချိန်တစ်ချိန်တည်းမှာ တွဲ ၍ ကစားသင့်/မသင့် ?
အထက်ဖော်ပြပါ ခေါင်းစဉ် ကို မဆွေးနွေးမီ ခန္ဓာကိုယ်မှ အဆီ ပိုတွေ လောင်ကျွမ်း မှုကို အရင်ဆုံးတင်ပြချင်ပါတယ်။အရင် post တွေ မှာလည်း ဖော်ပြပြီးသားပါ။
ကျွန်တော်တို့ သိထားပြီးသားဖြစ်တဲ့ အဆီချတော့မယ်ဆိုရင် (၁) diet only (၂) diet + aerobic (၃) diet + aerobic + weights ဆိုတာအားလုံးသိထားပြီးသားပါ။အဲဒီ ၃ မျိုးရဲ့ကွာခြားချက်တွေကိုရှင်းပြပါရစေ။diet only သူတွေအတွက်(၁၂)ပတ်ကြာချိန်မှာအဆီတွေကို(၁၄.၆)ပေါင်လောင်ကြွမ်းပါတယ်။
တစ်ပတ်မှာ (၃)ရက်ကစားပြီး၊ကစားချိန် တစ်ချိန်ကို မိနစ်(၃၀)မှ(၅၀)အတွင်း၊ (၁၂)ပတ်ကစားမယ်ဆိုရင်..diet+aerobic ကစားသမားတွေက(၁၅.၆)ပေါင်လောင်ကြွမ်းပါတယ်၊ နောက် diet+aerobic+weights ကစားသမားတွေဟာ(၂၁.၁)ပေါင်လောင်ကြွမ်းပြီး၄၄%-၃၅% ပိုလောင်ကြွမ်း လို့ အဆီ ချ ချင်တဲ့ သူတွေ အတွက်ပိုပြီး ထိရောက်ပါတယ်။
# Weight training နှင့် cardio exe တွေကို ကစားလျင် အဆီ ပိုတွေ ကို ဘယ်လိုလောင်ကျွမ်း သလဲ ?
တစ်ချို့ ကလည်း w training က fat loss အတွက် ကောင်းတယ်။ တစ်ချို့ ကလည်း cardio က fat loss အတွက်ကောင်းတယ် စသည်ဖြင့် အငြင်းပွား ကြပါတယ်။ ကျွန်တော့်အနေ နဲ့ ကတော့ နှစ်ခုစလုံး ကကောင်းတယ်လို့ ထောက်ခံချင်ပါတယ်။
W training ဟာ ကြွက်သားတွေ ကို တင်းရင်းစေပြီး၊ metabolism ဇီဝကမ္မ ဖြစ်စဉ် ကို တိုးတက်စေပါတယ်။ဆိုလိုသည်မှာ w training ကစားတဲ့ အချိန်မှာ ခွန်အားကို အသုံးပြုပြီး ကစားရတာဖြစ်လို့ kcal အတော်များများကို လောင်ကျွမ်း ပြီး အသုံးပြုရပါတယ်။နောက်ပြီး w training ကို ကစားလျင် metabolism ဇီဝကမ္မ ဖြစ်စဉ်တွေ တိုးတက်စေတယ်ဟု ဖော်ပြပြီးသားဖြစ်ပါတယ်။ဇီဝကမ္မ ဖြစ်စဉ်တွေ ဟာ w training ကစားပြီး နောက်ထပ် ၃၈ နာရီ တိုင်အောင်ဆက်လက်ဖြစ်ပျက်နေပါတယ်။
အဲဒီ လို ဖြစ်နေတာနဲ့အမျှ အဆီ တွေ ကို ဆက်လက် လောင်ကျွမ်း ပေးနေပါတယ်။နောက်တစ်ခု အနေနဲ့ကတော့ ကြွက်သား ၁ ပေါင် ဖြစ်ဖို့အတွက် အဆီ ၃ ပေါင်ခန့် ကို လောင်ကြွမ်းပြီး ဖွဲ့စည်းတည်ဆောက်ရပါတယ်။အဆီ ၁ ပေါင်မှာ ၃၄၃၆ - ၃၇၅၂ kcal ခန့်ရှိပါတယ်။တစ်နေ့ ကို ၅၀၀ kcal လျော့စာတဲ့ သူဟာ တစ်ပတ်မှာ ၃၅၀၀ kcal လျော့သွားတဲ့ အတွက် ၁ ပေါင်ခန့် ဝိတ်ကျပါတယ်။နောက်ပြီး ကြွက်သားတွေဟာ w training နဲ့ကစားတဲ့ အချိန်မှာ အထိုက်အလျောက် ပျက်စီး သွားပြီး အနားယူတဲ့ အချိန်(metabolism state) မှာသာပြန်လည်းစုဖွဲ့ပါတယ်။ကြွက်သားတွေ တင်းရင်းဖို့နဲ့ ကြံ့ခိုင်သန်စွမ်းဖို့ စုဖွဲ့နေသမျှ ကာလပတ်လုံး အဆီတွေ ကို လောင်ကျွမ်း နေတယ်ဆိုတာ သိထားရပါမယ်။ metabolism state ဟာ ၃၈ နာရီ ခန့်ကြာမြင့်တဲ့အတွက် w training လုပ်ပြီးသော်လည်း အဆီတွေ ကို ဆက်လက်လောင်ကျွမ်းနေပါသေးတယ်။နောက်တစ်ခုက w training လုပ်နေတဲ့ အချိန်အတွင်း မှာလည်း ခွန်အားကို သုံးပြီး လုပ်ရတာဖြစ်လို့ kcal တွေ လောင်ကျွမ်း ပါသေးတယ်။ တစ်နာရီ w training လုပ်ရင် kcal ၅၀၀-၆၀၀ ခန့်လောင်ကျွမ်းပါတယ်။ဒါ့ကြောင့် w training ဟာ လေ့ကျင့်ခန်းလုပ်နေစဉ်အတွင်း မှာလည်း kcal လောင်ကျွမ်းသလို လုပ်ပြီး ၃၈ နာရီ အတွင်းမှာပါ အဆီ ပိုတွေ ကိုလောင်ကျွမ်းပါတယ်။
Cardio လေ့ကျင့်ခန်းကတော့ လုပ်နေစဉ် အတွင်း ပဲ kcal လောင်ကျွမ်းပြီး၊လေ့ကျင့်ခန်းပြီးလို့ ရပ်လိုက်တာနဲ့. မလောင်ကျွမ်းတော့ပါ။လောင်ကျွမ်းသေးတယ်ဆိုရင်တောင် w training ကဲ့သို့ နာရီ အတော်ကြာမလောင်ကျွမ်းနိုင်ပါ။နာရီ အနည်းငယ်သာ လောင်ကျွမ်းကောင်း၊လောင်ကျွမ်းနိုင်ပါသည်။ သို့သော် cardio နှင့် w training ကို လေ့ကျင့်တဲ့အချိန်တူ၊ ပြင်းအားတူစွာလေ့ကျင့်ရင်တော့ cardio ဟာ အဆီ ပိုတွေ ကို ပိုပြီးလောင်ကျွမ်းပါတယ်။cardio exe ကတော့ နှလုံး၊သွေးကြောနဲ့ ဆိုင်တဲ့ လေ့ကျင့်ခန်းဖြစ်တဲ့အတွက် အောက်ဆီဂျင်ကို ပိုမိုအသုံးပြုရပါတယ်။အောက်ဆီဂျင်ကို ပိုမိုအသုံးပြုရတာနဲ့အမျှ ခန္ဓာကိုယ် ရှိ သွေးကြောများအတွင်းမှာ အောက်ဆီဂျင်ဟာ ဝင်ရောက်ပြီး အဆီ ပိုတွေ ကို လောင်ကျွမ်း ကာ စွမ်းအင်အဖြစ်ပြန်လည် အသုံးပြု ပါတယ်။ဒါဟာ cardio ရဲ့ အဆီ လောင်ကျွမ်းတဲ့ သဘောတရားပါ။
ဒါ့ကြောင့် အထက်မှာတင်ပြခဲ့ သလို diet+ cardio + w training ကို လေ့ကျင့်သင့်ပါတယ်။
W training နှင့် cardio exe တွေ ကို တစ်ချိန်တည်း မှာ ကစားသင့်/မသင့် ကို ဆက်လက်တင်ပြပါမယ်။တစ်ခုချင်း ခွဲ ၍ ကစားလို့ရသလို၊ တစ်ချိန်တည်းမှာလည်း ကစားနိုင်ပါတယ်။
တစ်ရက်စီ ခွဲကစားတာကို အရင်တင်ပြပါမယ်။ w training နဲ့ cardioကို တစ်ရက်စီ ခွဲ ကစားရင် ခွန်အားနှင့် intensity အပြည့် full workout ကို ကစားနိုင်ပါတယ်။ ကစားချိန်တစ်ချိန်ဟာလည်း ၁ နာရီ ခန့်သာကြာမြင့်ပါတယ်။နှစ်ခု စလုံးကို တစ်ချိန်တည်းမှာ ကစားမယ်ဆိုရင် အားကစားလုံးဝ မလိုက်စားဘူးတဲ့သူ၊ သိပ်ပြီးမသန်စွမ်းတဲ့သူ နဲ့ အသက်ကြီးကစားသမားတွေဟာ တစ်ပြိုင်နက်တည်း ပြီးမြောက်အောင် မကစားနိုင်ပါဘူး။ w training ကို အရင်ကစားမယ် ဆိုရင်လည်း ခွန်အားကို သုံးပြီးကစားရတာ ဖြစ်တဲ့ အတွက် cardio ကစားတဲ့ အခါမှာ မောပြီး မကစားနိုင်ပါဘူး။ပြီးအောင် အားထည့်ပြီး ကစားမယ်ဆိုလည်း intensity က အားမရစရာပါ။cardio ကို အရင်ကစားပြီး w training. ကို နောက်မှ ကစားရင်လည်း ထို့အတူပါပဲ။နောက်တစ်ခုက အချိန်ပါ ။ နှစ်ခုလုံးကို ပြီးအောင်ကစားရင် အချိန်အားဖြင့် အတော်ကို ကြာမြင့်သွားပါတယ်။ ကစားချိန်ကြာလာတာနဲ့ အမျှ ခန္ဓာကိုယ် ဟာ cortisol ဆို တဲ့ hormone တစ်မျိုးကို ထုတ်လွှတ်ပေးပါတယ်။ အဲဒီ ဟော်မုန်းဟာ လိုအပ်တဲ့ စွမ်းအင်ကို အဆီ တွေ ထံမှ မယူပဲ ကြွက်သား tissue တွေ ကို လောင်ကျွမ်းပြီး အသုံးပြုတဲ့အတွက် ကစားချိန်ကြာ တဲ့ ကစားသမားတွေ အတွက်တော့ အနုတ်လက္ခဏာ ပါပဲ။ w training နှင့် cardio ကို တွဲပြီးကစားရင် ကြာလာတာနဲ့ အမျှ ငြီးငွေ့ပြီး ရိုးအီ သွားတတ်ပါတယ်။တစ်လှည့်စီ ကစားတယ်ဆိုရင်တော့ ငြီးငွေ့ မှု အထိုက်လျောက် ကင်းသွားပါတယ်။ မိမိ စိတ်ကြိုက်ရွေး ချယ်ပြီး ကစားနိုင်ပါတယ်။ သိုသော် မည်သို့ပင် ကစားစေကာမူ target က အဆီ ကျဖို့ပါပဲ။
ကျွန်တော်ရိုးသားစွာဖြင့် အသိပေးတင်ပြချင်တာကတော့ fitness နဲ့ bodybuilding နယ်ပယ်မှာ program များနဲ့ ပတ်သက်ပြီး အငြင်းပွါး ဖွယ်များနဲ့ ပြည့်နက် နေပါတယ်။ယခင်အချိန်ကလည်း ငြင်းခုန်နေရပါတယ်။ယ္ခုအချိန်မှာလည်း ငြင်းခုန်းရဆဲပါပဲ။နောင်လည်း ငြင်းခုန်နေရအုံးမှာပါ။ငါ့ program ကမှန်တယ်၊ သူ့ program ကမှန်တယ်...စသည်ဖြင့်ပါ။ ဥပမာ တစ်ခုတင်ပြရရင်...လူတစ်ဦးကို ဒီ program မှာ ပါဝင်တဲ့ ကစားနည်း နဲ့ အကြိမ်၊အကျော့တွေ နဲ့ လေ့ကျင့်တာ အားရစရာ positive တိုးတက်မှုတွေ ကိုတွေ့ရပါတယ်။ဒါပေမဲ့ နောက်လူ တစ်ဦးကို ဒီ program (the same program) နဲ့ အကြိမ်၊အကျော့ တူစွာလေ့ကျင့်ပေးသော်လည်း တိုးတက်မှု ကသိပ်အားမရပါ။ဘာကြောင့်ပါလည်း ?အဖြေကတော့ ရှင်းပါတယ်။ လူတစ်ချင်းစီ ရဲ့ metabolism ဇီဝကမ္မ ဖြစ်စဉ်မတူလို့ပါ။size တွေ၊ ကြွက်သားဖွဲ့စည်းမှု ၊ ဖွံ့ဖြိုးမှု ၊ ကြံ့ခိုင်မှု မတူညီကြလိုပါ။ဒါကြောင့် ဝိတ်ချနေသော်လည်း မတိုးတက်တဲ့ သူတွေ နဲ့ အပြောင်းအလဲ လုပ်ပြီး ကစားချင်တဲ့ သူတွေ အတွက် ကျွန်တော်၏လေ့လာတွေ့ရှိချက်များအား သိရှိစေပြီး၊ ဗဟုသုတ ရရှိရန် ရည်ရွယ် ၍ တင်ပြလိုက်ရပါတယ်။
လေးစားစွာဖြင့်
Htinkyaw Wazi
Olympia Fitness Centre ( သုဝဏ္ဏ )
MFTA Certified Trainer
No comments:
Post a Comment