Saturday, March 3, 2018

Potato Bread - ငှက်ပျောသီးကိတ် - Chiffon Cake

Potato Bread 
(by Chef Saw Sar Mu Lar )


ပါဝင်ပစ္စည်းတွေက -

ပေါင်မုန့်ဂျုံ                 - ၃၀၀ ဂရမ်
အာလူး                     - ၁၀၀ ဂရမ်
Yeast                       - ၁၀ ဂရမ်
Bread improver         - လက်ဖက်ရည်ဇွန်း တစ်ဝက်
သကြား                     - ၇၀ ဂရမ်
ထောပတ်                  - ၅၀ ဂရမ်
ဆား                        - ၇ ဂရမ်
ရေ                          - ၁၂၀ ဂရမ်

ပြုလုပ်နည်း
၁။ဆားကလွဲရင် ကျန်တဲ့ ပါဝင်ပစ္စည်းတွေ အားလုံးရောမွှေပါ။ --မိနစ်နေ ဆားထည့်ပါ။ ရေကို မုန့်သားအပျော့အမာအတွက် အနည်းငယ် အတိုးအလျှော့လုပ်နိုင်ပါသည်။
၂။ ၆မိနစ်ခန့်ကြာလျှင် မုန့်သားတော်မတော်စစ်ဆေးပါ။ မုန့်သားကို ယူ၍ လက်နှင့် ဖြည်းဖြည်းချင်းဖိဆွဲကြည့်ပါ။ ပလတ်စတစ်လိုဆွဲ၍ ပါးပြီးမပြတ် မပြဲထွက်တော့ဘူးဆိုရင် မုန့်နယ်လို့တော်ပါပြီ။ ပြတ်ထွက်၊ ပြဲထွက်လျှင် ထပ်မံ၍ အနည်းငယ်မွှေပေးပါ။
၃။ တစ်လုံး ၃၀၀ ဂရမ် ဖြတ်ချိန်ပြီး ပေါင်မုန့် မိုခွက်ထဲထည့် အပွခံ မိုခွက်ပြည့်ရန် လက်တစ်လုံးအလိုထိ အပွခံပြီး မီးအပူချိန် 180ံC နှင့် ၃၀ မိနစ်ဖုတ်ပါ။ ရွှေဝါရောင်သန်းရင် ရပါပြီ။ လိုအပ်လျှင် မိနစ်အနည်းငယ်ထပ်ဖုတ်ပါ။

ငှက်ပျောသီးကိတ်
(by Chef Saw Sar Mu Lar)



ပါဝင်ပစ္စည်းက -

ငှက်ပျောသီး         - 250 gn
သကြား               - 100 gn
ကြက်ဥ               - 3 လုံး
ကိတ်ဂျုံ              - 150 gn
ဘေကင်ပေါင်ဒါ    - 5 g
ဆား                  - လက်ဖက်ရည်ဇွန်း ၁/၄ ဇွန်း
စပျစ်သီး             - 50 gn
သစ်ကြားသီး        - 50 gn
ဆီ                    - 125 gn

ပြုလုပ်နည်းအဆင့်ဆင့် 
၁။ငှက်ပျောသီး၊ သကြား၊ ဆားရောပြီး ငှက်ပျောသီးကြေသည်အထိမွှေပါ။
၂။ငှက်ပျောသီးကြေလျှင် ကြက်ဥဖြည်းဖြည်းချင်းထည့်မွှေပါ။ သကြားကြေသည်အထိမွှေပါ။
၃။ကိတ်ဂျုံ၊ ဘေကင်ပေါင်ဒါ၊ ဆော်ဒါတို့ကို ဆန်ခါချပြီး စပျစ်သီး၊ သကြားသီးနဲ့ရောမွှေပါ။ အမှတ်စဉ် ၂ ထဲသို့ အားလုံးရောမွှေပါ။
၎။ဆီကို ဖြည်းဖြည်းချင်းထည့်၍ ၁မိနစ်ခန့် ရောမွှေပါ။
၅။အသင့်ပြင်ထားသော မိုခွက်ထဲထည့်၍ မီးအပူချိန် 180ံC နဲ့ 45 မိနစ်ခန့် ဖုတ်ပါ။ မုန့်ကျက်မကျက်ကို ဒုတ်ဖြင့်မုန့်သားအလယ်ကို ထိုးကြည့်ပြီး ဒုတ်ခြောက်နေလျှင် ရပါပြီ။ စိုနေလျှင် အနည်းငယ် ထပ်ဖုတ်ပေးပါ။

Chiffon Cake
(by Chef Saw Sar Mu Lar)


ပါဝင်ပစ္စည်းတွေက -

ကြက်ဥအနှစ်         - ၅ လုံး
သကြား - ၇၀ ဂရမ်
နွားနို့         - ၅၀ ဂရမ်
ဟင်းသီးဟင်းရွက်ဆီ         - ၅၀ ဂရမ်
သံပရိုသီးအရည်        - ၄၀ဂရမ်
သံပရိုသီးအခွန်ခြစ်
ကိတ်ဂျုံ        - ၁၅၀ ဂရမ်
ဘေကင်ပေါင်ဒါ         - ၅ ဂရမ်
ကြက်ဥအကာ        - ၅ လုံး
သကြား -၇၀ ဂရမ်
ဆား

ပြုလုပ်နည်းအဆင့်ဆင့်
-ကြက်ဥအနှစ်နှင့် သကြားတို့ကို ကြက်ဥဖြူအောင် ရိုက်ပေးပါ။
-သံပရိုသီးအရည်၊ ဟင်းသီးဟင်းရွက်ဆီ၊ နွားနို့နှင့် ဆားရောပြီးမွှေပေးပါ။
-ကြက်ဥအကာ ဖြူလာအောင် ရိုက်ပါ။
-သကြားဖြည်းဖြည်းရောကာ ညောင်စေးပေါက်ပြီး ကြွက်မြီးတန်းအောင်ရိုက်ပါ။
-ကိတ်ဂျုံ၊ ဘေကင်ပေါင်ဒါ ဆန်ခါချပါ။ ကြက်ဥအကာ တစ်ဝက်ကို ကိတ်ဂျုံ၊ ကြက်ဥအနှစ်နှင့် လက်ဖြင့်ရောမွှေပေးပါ။
-ကျန်ကြက်ဥအကာ တစ်ဝက်ကို ရောထည့်ပြီး ဖြည်းဖြည်းချင်းရောမွှေပေးပါ။ မုန့်သားများကိုမုန့်ဖုတ်မိုခွက်ထဲထည့်ပြီးအပူချိန်အပေါ်၊အောက် 180ံC နှင့် တစ်နာရီဖုတ်ပေးပါ။ကိတ်ကျက်မကျက်ကိုမုန့်သားအလယ်ဒုတ်နှင့် ထိုးကြည့်ပြီးဒုတ်ခြောက်နေလျှင် မီးဖိုထဲကထုတ်လို့ ရပါပြီ။
Topping
သကြားအမှုန့်        - 200 g
ရေနွေး          - 40 g
သံပရိုသီးအရည်        - အနည်းငယ်
အားလုံးရောမွှေပြီးကိတ်ပေါ်လောင်းပါ။သံပရိုသီးအခွံကိုကိတ်ပေါ်ခြစ်ချပြီးအလှဆင်ပေးပါ။

No comments: