Saturday, March 17, 2018

"Mexican (မက္ကဆီကန်) သဘာဝအဆီကျဆေး

"Mexican (မက္ကဆီကန်) သဘာဝအဆီကျဆေး Chia Seed (ချီယာစေ့)"


လက်တင်အမေရိကားကို စပိန်လူမျိုးတို့ မသိမ်းပိုက်ခင် အချိန်ကတည်းက Aztec နှင့် Mayan Indian (ယနေ့ မက္ကဆီကန်) လူမျိုးများသည် ပူဒီနာမျိုးစိတ်ပင် ပန်းပင်၏ အစေ့ “Chia (ချီယာ)” စေ့ကို ၎င်းတို့၏ အဓိကအစားအစာဖြစ်သော (ပြောင်း၊ ပဲ) များကို စားသကဲ့သို့ပင် နှစ်ပေါင်းထောင်ချီ၍ မှီဝဲစားသုံးခဲ့ကြပါသည်။ Chia (ချီယာ) သည် Mayan ဘာသာစကားဖြင့် “အားအင်” ဟု အဓိပ္ပာယ်ရသည်။

ဘီစီ ၃၅၀၀ ခန့်မှစတင်၍ Aztec နှင့် Mayan Indian လူမျိုးတို့သည် ချီယာစေ့ကို အမှုန့်ပြုလုပ်၍လည်းကောင်း၊ ဆီအဖြစ် ပြုလုပ်၍လည်းကောင်း ရေနှင့်ရော၍
သောက်သုံးခဲ့ကြသည်ကို အထောက်အထားများအရ တွေ့ရှိရသည်။ ချီယာသည် Aztec နှင့် Mayan Indian လူမျိုးများ၏ သမိုင်းတွင် အံ့သြဖွယ်ကောင်းအောင် အားအင်ကိုတိုးစေပြီး ကြာရှည်အမောခံနိုင်စွမ်းရှိသည့် အစားအစာအဖြစ်၊ ဆေးဝါး အဖြစ် ယုံကြည်ခဲ့ကြသည်။ ထို့ကြောင့်ပင် Aztec နှင့် Mayan Indian လူမျိုးတို့သည် စစ်တိုက်သည့်အခါ၊ အမဲလိုက်သည့်အခါများတွင် ချီယာကို မှီဝဲစားသုံးခဲ့ကြသည်။

"ပါဝင်သောဓာတ်များ"

အမေရိကန် သိပ္ပံပညာရှင်များနှင့် အာဟာရဆိုင်ရာ ကျွမ်းကျင်ပညာရှင်များသည် အမေရိကန်လူမျိုးများ နေ့စဉ်စားသုံးနေသည့် အစားအစာများကို သုတေသနပြုလုပ် သည့်အခါ ခန္ဓာကိုယ်အတွက် အရေးကြီးသော သဘာဝဓာတ်များ၊ အာဟာရဓာတ် များနှင့် ဗီတာမင်သတ္ထုဓာတ်များ ပြည့်စုံလုံလောက်မှုမရှိသည်ကို တွေ့ရှိခဲ့ကြပါသည်။

ထို့ကြောင့် အာဟာရဓာတ်ချို့တဲ့မှုကို သဘာဝနည်းလမ်းတစ်မျိုးဖြင့် ဖြည့်ဆည်းပေးရန် သုတေသနပြုလုပ်ကြသောအခါ ချီယာစေ့ကို တွေ့ရှိခဲ့ကြပါသည်။ ချီယာစေ့ သည် အခြားသော Super Fruit (အစွမ်းထက်အသီး) များထက် အာဟာရဓာတ်၊ ဗီတာမင်၊ သတ္ထုဓာတ်များ ကြွယ်ဝစွာ ပါဝင်ပါသည်။

သို့သော် ကယ်လိုရီဓာတ် အနည်းဆုံးပါဝင်သော အစေ့အမျိုးအစားဖြစ်ပြီး ကျန်းမာရေးအတွက် အန္တရာယ်ဖြစ်စေနိုင်သည့် ကိုလက်စထရော လုံးဝမပါဝင်ပါ။ အမျှင်ဓာတ်များစွာ ပါဝင်သောကြောင့် အစာချေဖြတ်ခြင်း (Digestion) ကို နှေးစေပြီး ဗိုက်ပြည့်သည့်ခံစားမှုကို ဖြစ်ပေါ်စေပြီး ၀မ်းမှန်စေပါသည်။


"သုံးစွဲရန်ပမာဏနှင့် အသုံးပြုပုံလမ်းညွှန်"

- လက်ဖက်ရည်ဇွန်း (၁) ဇွန်း သို့မဟုတ် ၁၁ ဂရမ်ကို ရေဖြင့် စိမ်၍ ထမင်း မစားမီ (၁၅) မိနစ်အလိုတွင် သောက်သုံးရန်။
- မိမိ၏ အာဟာရဓာတ်လိုအပ်ချက်ပေါ် မူတည်၍ စားသုံးနိုင်ပါသည်။
- ကြိုက်နှစ်သက်ရာ ဖျော်ရည်များဖြင့်လည်း တွဲဖက်သောက်သုံးနိုင်ပါသည်။
- အစားအစာများတွင် ထည့်သွင်း၍လည်း စားသုံးနိုင်ပါသည်။

"အကျိုးအာနိသင်များ"

- အမျှင်ဓာတ်များစွာပါဝင်သည့်အတွက် ခန္ဓာကိုယ်အတွက် လိုအပ်သော အာဟာရဓာတ်များ လျော့ကျခြင်းမရှိဘဲ ကိုယ်အလေးချိန်လျှော့ချလိုသူများအတွက် ချီယာစေ့သည် အကောင်းဆုံး ဖြစ်ပါသည်။ အူလမ်းကြောင်းရောဂါများကို ကာကွယ်ပေးပြီး ၀မ်းမှန်စေပါသည်။ အားအင်ပြည့် အမောခံနိုင်သည်၊ ကိုယ်ခံအားကို ကောင်းစေသည်၊ စိတ်ဖိစီးမှုကို  လျော့ကျစေသည်။

သွေးအတွင်း သကြားဓာတ်ကို ထိန်းညှိပေးပြီး Sugar သကြားဓာတ်၊ Cholesterol ကိုလက်စထရော လုံးဝမပါသဖြင့် နှလုံး၊ သွေးတိုး၊ ဆီးချို ရောဂါများ ကာကွယ်ရန်နှင့် ဝေဒနာခံစားရသူများအတွက် နေ့စဉ်မှီဝဲသုံးစွဲ သင့်သော သဘာဝဆေးကောင်းတစ်လက် ဖြစ်ပါသည်။ နှလုံးကို အားကောင်းစေသည့်အပြင် အသားအရေ၊ ဆံပင်၊ လက်သည်း ခြေသည်းများကိုလည်း ကျန်းမာသန်စွမ်းစေ ပါသည်။ (Antioxidant) များစွာပါဝင်သည့် အတွက် ကင်ဆာရောဂါများကို ကာကွယ်ပေးပါသည်။

Calcium ပါဝင်မှုနှုန်းသည် နွားနို့ထက် ၆ ဆ ပိုမိုမြင့်မားသည့်အတွက် အရိုးနှင့်သွားများ ခိုင်ခံ့စေပြီး အရိုးပါးရောဂါနှင့် အရိုးကျိုးလွယ်စေသော ရောဂါများကို ကာကွယ်ပေးသည်။ အဆစ်အမြစ် ရောင်ရမ်းခြင်းနှင့် ဒူးနာခြင်းများကို သက်သာစေသည်။

 Iron သံဓာတ်ပါဝင်မှုနှုန်းသည် ဟင်းနုနွယ်ရွက်ထက် ၃ ဆ ပိုမိုမြင့်မားသည့် အတွက် သွေးအားနည်းခြင်းကို ကာကွယ်ပေးပြီး အမျိုးသမီးများအတွက် အထူးကောင်းမွန်လှပါသည်။

Chia Seeds သည်Magnesium ပန်းဂေါ်ဖီအစိမ်းထက် (၁၅) ဆ ပိုများ
Phosphorous နွားနို့ထက် (၉) ဆ ပိုများ
Omega 3s ဆဲလ်မွန် (Salmon) ငါးထက် (၈) ဆ ပိုများ
 Calcium နွားနို့ထက် (၆) ဆ ပိုများ
 Protein ပဲကတီပါထက် (၆) ဆ ပိုများ
 Selenium ဓာတ် Flax Seed ထက် (၄) ဆ ပိုများ
 Iron ဓာတ် Spinach ထက် (၃) ဆ ပိုများ
Potassium ဓာတ် ငှက်ပျောသီးထက် (၂) ဆ ပိုများ
 Anti-Oxidants ဓာတ် Blueberry ထက် (၂) ဆ ပိုများ
 Fiber ဓာတ် Flax Seed or Bran Flakes ထက် ပိုများပါတယ်။


ကျေးဇူးတင်ပါတယ်...ကျွန်တော် ဘဝခါးခါးပါ။

ဘဝခါးခါး

No comments: