Friday, December 20, 2019

ချဉ်စပ်အရသာကြက်ကြော် _ ဒံပေါက်

ချဉ်စပ်အရသာကြက်ကြော်
------------------------------


 ဒီကြက်ကြော်နည်းလေးက မြန်မြန်ဆန်ဆန်ကြော်လို့ရပြီး ချဉ်စပ်အရသာလေးမို့ ထမင်းချိုင့် ထည့်ယူရာမှာ အဆင်ပြေပြီး စားလို့မြိန်စေတဲ့ ဟင်းလျာတစ်မည်ပါ။

ပါဝင်ပစ္စည်းများ
• ကြက်ပေါင်လုံး  -  ၁၅ ကျပ်သား
• မန်ကျည်းမှည့်ရည်  -  စားပွဲဇွန်း ၁ ဇွန်း
• ငရုတ်ခွဲခြမ်း  -  စားပွဲဇွန်း ၁/၂ ဇွန်း
• ဆား  -  လက်ဖက်ရည်ဇွန်း ၁  ၁/၂ ဇွန်း
• သကြား  -  လက်ဖက်ရည်ဇွန်း ၁ ဇွန်း
• ချင်း  -  လက်တစ်ဆစ်
• ကြက်သွန်ဖြူဥသေး  -  ၁ လုံး
• မဆလာ  -  လက်ဖက်ရည်ဇွန်း ၁ ဇွန်း
• ဆီ  -  ၅ ကျပ်သား
• နနွင်းမှုန့်  -  အနည်းငယ်


ပြုလုပ်နည်း
 ဦးစွာ ကြက်ပေါင်လုံးလေးတွေကို ရေမဆေးခင် ဆားအနည်းငယ်နဲ့ နယ်ပြီးမှ ရေဆေးပါ။ အဲဒါဆိုအနံ့အသက်လည်းကင်းပြီး အသားရောင်လည်း ပိုမိုကြည်လင်လှပပါတယ်။ မည်သည့် အသားကိုမဆို အဲဒီနည်းနဲ့ဆေးကြောသန့်စင်နိုင်ပါတယ်။ ရေဆေးပြီးတဲ့ ကြက်ပေါင်ကို နနွင်းမှုန့်၊ ဆား လက်ဖက်ရည်ဇွန်းတစ်ဝက်နှင့် နယ်ပြီးြွကပ်ရွလာအောင် မီးအေးအေးနှင့် ကြော်ပါ။ ကြက်ကြော်ကို ဆယ်ယူပြီး ဆီများနေလျှင် အနည်းငယ် ခပ်ထုတ်ထားပါ။ မန်ကျည်းမှည့်ရည်၊ သကြားနှင့် ဆားတို့ကို ဖျော်ထားပါ။ ချင်းနှင့် ကြက်သွန်ဖြူကို ရောထောင်းပြီး ကျန်ဆီထဲ ထည့် ကြော်ပါ။ြွကပ်ရွမွှေးလာလျှင် မဆလာထည့်ပါ။ ဖျော်ထားသော မန်ကျည်းမှည့်ရည် ထည့်ပါ။ အနှစ်ခြောက်ခြောက်ဖြစ်လာလျှင် ငရုတ်ခွဲခြမ်းထည့်၍ ကြော်ထားသော ကြက်သားထည့်ပြီး ကြက်ကြော်နှင့် အနှစ်များ တစ်သားတည်းဖြစ်သွားလျှင် ရပါပြီ။
-------------------------------
ပန်းခရေ

ဒံပေါက်
--------------


 ဒံပေါက်ချက်နည်းလေးကို အဆင်ပြေပြေ ချက်နိုင်အောင်လို့ ပန်းခရေက မျှဝေရေးသားပေးလိုက်ပါတယ်။

မဆလာပြုလုပ်ရန်အတွက် ပါဝင်ပစ္စည်းများ
• သစ်ကြံပိုးခေါက်  -  အနည်းငယ်
• နာနတ်ပွင့်  -  ၁ ပွင့်
• ဇီရာစေ့  -  လက်ဖက်ရည်ဇွန်း ၃ ဇွန်း
• လေးညှင်းပွင့်  -  ၄ ပွင့်
• ဖာလာစေ့  -  ၂ စေ့
• စမုန်စပါး  -  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း
• ကရဝေးရွက်  -  ၁ ရွက်

ပြုလုပ်နည်း
 အထက်ဖော်ပြပါ အမွှေးအရွက်နှင့် အစေ့အဆန်တို့ကို မီးအေးအေးဖြင့် လှော်ပြီး ကြေညက်အောင် ထောင်းပါ။

ကြက်သားနှပ်ရန်အတွက် ပါဝင်ပစ္စည်းများ
• ကြက်သား  -  ရဝဝ ဂရမ်
• ချင်း  -  ၁၀ ဂရမ်
• ကြက်သွန်ဖြူ  -  ၁ လုံး
• ငရုတ်သီးအစိမ်းမှုန့်  -  လက်ဖက်ရည်ဇွန်း ၁ ဇွန်း
• မဆလာ  -  လက်ဖက်ရည်ဇွန်း ၂ ဇွန်း
• ဂီးထောပတ်  -  စားပွဲဇွန်း ၁ ဇွန်း
• ဒိန်ချဉ်  -  စားပွဲဇွန်း ၃ ဇွန်း
• ကြက်သွန်ကြော်  -  စားပွဲဇွန်း ၂ ဇွန်း
• ဆား  -  အနည်းငယ်
• သကြား  -  အနည်းငယ်
• အရသာမှုန့်  -  အနည်းငယ်

ပြုလုပ်နည်း
 ဇလုံတစ်လုံးထဲ ကြက်သား၊ ထောင်းထားသော ချင်း၊ ကြက်သွန်ဖြူ၊ ငရုတ်သီးအစိမ်းမှုန့်၊ ထောင်းထားသော မဆလာ၊ ဂီးထောပတ်၊ ဒိန်ချဉ်၊ ကြက်သွန်ကြော်၊ ဆား၊ သကြားနှင့် အရသာမှုန့်တို့ကို ထည့်၍ နှံ့စပ်အောင်နယ်ပြီး ၃ နာရီခန့် နှပ်ထားပါ။

ဒံပေါက်ထမင်းအတွက် ပါဝင်ပစ္စည်းများ
• ကုံကုမံ (အရောင်အမှုန့်)  -  အနည်းငယ်
• နို့စိမ်း  -  စားပွဲဇွန်း ၈ ဇွန်း
• မဆလာ  -  လက်ဖက်ရည်ဇွန်း ၂ ဇွန်း
• ကြက်သွန်ကြော်  -  ၃၀ ဂရမ်
• အရသာမှုန့်  -  အနည်းငယ်
• သကြား  -  လက်ဖက်ရည်ဇွန်း ၅ ဇွန်း
• ဆား  -  လက်ဖက်ရည်ဇွန်း ၁ ဇွန်း
• အရသာမှုန့်  -  လက်ဖက်ရည်ဇွန်း ၂ ဇွန်း
• လေးညှင်းပွင့်  -  ၄ ပွင့်
• ကရဝေးရွက်  -  ၁ ရွက်
• ဇီရာစေ့  -  လက်ဖက်ရည်ဇွန်း ၁ ဇွန်း
• သစ်ကြံပိုးခေါက်  -  အနည်းငယ်
• ဖာလာစေ့  -  ၂ စေ့
• ဆန်  -  ၄ ဘူး
• ဂီးထောပတ်  -  ၃၀ ဂရမ်
• ငှက်ပျောရွက်  -  အနည်းငယ်
• ပူဒီနာရွက်  -  ၁ စည်း
• သီဟိုဠ်စေ့  -  ၂၀ ဂရမ်
• စပျစ်ခြောက်  -  ၂၀ ဂရမ်
• ဒိန်ချဉ်  -  ၂၀ ဂရမ်
• ဂျုံမှုန့်  -  ၃၀ ဂရမ်


ပြုလုပ်နည်း
၁။ ဦးစွာ ခွက်ထဲ နို့စိမ်းနှင့် ကုံကုမံ အနည်းငယ်ထည့်ပြီး သမအောင်မွှေထားပါ။
၂။ ဇလုံတစ်လုံးထဲ ကြက်သွန်ကြော်၊ ထောင်းထားသော မဆလာ ၂ ဇွန်း၊ အရသာမှုန့် အနည်းငယ်၊ သကြား အနည်းငယ်နှင့် ဆား အနည်းငယ်တို့ကို ထည့်ပြီး သမအောင် နယ်ထားပါ။
၃။ အိုးကြီးကြီးတစ်လုံးထဲ ရေ ၃ လီတာခန့် ထည့်ပြီး ဆား ၄ ဇွန်း၊ သကြား ၄ ဇွန်း၊ အရသာမှုန့် ၂ ဇွန်း၊ လေးညှင်းပွင့် ၄ ပွင့်၊ ကရဝေးရွက် ၁ ရွက်၊ ဇီရာစေ့ ၁ ဇွန်း၊ သစ်ကြံပိုးခေါက် အနည်းငယ်၊ ဖာလာစေ့ ၂ စေ့နှင့် ဆန် ၄ ဘူးတို့ကို ထည့်ပြီး ဆူအောင် တည်ပါ။ ရေဆူလာပြီး ဆန်သား သုံးပုံနှစ်ပုံခန့် ကျက်သည်အထိတည်ပါ။ ဆန်ခါထဲ ဆန်များ သွန်ချပြီး ရေစစ်ထားပါ။ အငွေ့များ လွင့်မထွက်သွားအောင် အဖုံးတစ်ခုဖြင့် အုပ်ထားပါ။
၎။ ဒံပေါက်ချက်မည့်အိုးကို ထောပတ်သုတ်ပြီး ငှက်ပျောရွက်ခင်းပါ။ ပြုတ်ထားသော ထမင်း အနည်းငယ် ထည့်ပါ။ နှပ်ထားသော ကြက်သားများကို ထမင်းအပေါ်မှာ ထပ်ထည့်ပါ။ ထမင်း ထပ်ထည့်ပြီး အပေါ်မှာ နယ်ထားသော ကြက်သွန်ကြော်များကို ဖြူးပါ။ ဖျော်ထားသော ကုံကုမံအရည်ကို အပေါ်မှာ ဆမ်းပါ။ ဂီးထောပတ်၊ သီဟိုဠ်စေ့၊ စပျစ်ခြောက်၊ ဒိန်ချဉ်နှင့် ပူဒီနာရွက်တို့ကို ထမင်းအပေါ်မှာ ထပ်ဖြူးပါ။ ပြီးလျှင် အပေါ်မှာ ထမင်းထပ်ထည့်ပြီး အဆာ ပလာများအပေါ်မှာ ထပ်ဖြူးပါ။ ထမင်း၊ ကြက်သား၊ အဆာပလာများကို နှစ်ထပ်ခန့် ထည့်
ပြီးလျှင် အငွေ့ လုံစေရန်အတွက် ဂျုံမှုန့်ကို ရေဖြင့်နယ်ပြီး အိုးအနားပတ်ပတ်လည်မှာ ကပ်၍ အဖုံးဖုံးပြီး မီးဖိုပေါ်မှာ စချက်လို့ရပါပြီ။ ဒံပေါက်ထမင်းအိုးကို မီးပြင်းပြင်းဖြင့် ၁၅ မိနစ်၊
မီးအလယ်အလတ်ဖြင့် ၁၅ မိနစ်၊ မီးအေးအေးဖြင့် ၁၅ မိနစ်ခန့် နှပ်ပြီးလျှင် သုံးဆောင်နိုင်ပါပြီ။
------------------------------------------
ပန်းခရေ

No comments: